နေပြည်တော် မေ ၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်ဆောက်လုပ်မည့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းနှင့် မြတ်မင်္ဂလာလမ်းထောင့်ရှိ မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အင်ဂျင်နီယာချုပ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောက်လုပ်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ဗဟိုပန္နက်တိုင်ကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့က သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တိုင်များကိုလည်းကောင်း မင်္ဂလာပန္နက်တော်တင်ကြပြီး မင်္ဂလာပန်းကြဲခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန တည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုသည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန နှစ်ထပ်အဆောက်အအုံသစ်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ကျခံသုံးစွဲတည်ဆောက်ခြင်းဖြစ်ပြီး မြေဧက ၈ ဒသမ ၅ ဧက အကျယ်အဝန်းရှိကြောင်း၊ အဆောက်အအုံ၏ ပထမထပ်တွင် စုစုပေါင်းအခန်း ၄၁ ခန်းနှင့် မြေညီထပ်တွင် အစည်းအဝေးများပြုလုပ်နိုင်ရန် အင်အား ၁၈၀ ခန့် ဝင်ဆံ့သည့် ခန်းမတစ်ခန်း၊ ၂၀၀ ခန့်ဝင်ဆံ့သည့် ထမင်းစားခန်းတစ်ခန်းအပါအဝင် စုစုပေါင်း ၄၂ ခန်း ပါဝင်ကြောင်းနှင့် ငလျင်ဒဏ်ခံ နှစ်ထပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
MOI

ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာနကမိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ မျိုးစပါးနှင့်သဘာဝမြေဩဇာပေးအပ်ပွဲ အခမ်းအနားကို မေ ၂၂ ရက်နံနက်ပိုင်းတွင် မြို့နယ် သမဝါယမအသင်းစုခန်းမ၌ ကျင်းပသည်။
ဦးစွာ မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနွေအောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်က အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးကျော်လင်းဇော်နှင့် တာဝန်ရှိသူများက သမဝါယမအသင်းများအား မျိုးစပါးနှင့် သဘာဝဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
MDN

ကျောက်ပန်းတောင်း မေ ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ပေါက်သစ်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မေ ၂၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး ဒေသထွက်ကုန်များအား ရာသီမရွေးသယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကောင်းဆက်

ပြည် မေ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ (ဇီးအုပ်) တောင်သူလယ်သမား သင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာရပ်များကို မေ ၂၅ ရက်မှ ၂၇ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

ပူတာအို မေ ၂၅
ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် အတွင်း နမ့်ထွမ်ချောင်းရေ တိုက်စားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေတိုက်စားမှု ကာကွယ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အဆိုပါရပ်ကွက်အတွင်း စူပါဝမ်း ဝါးတူထုတ်လုပ်ရေး လုပ်ငန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းတိုးချဲ့ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရည်မှန်းချက်များ ပြည့်မီစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံသည်။ ဌာနဆိုင်ရာ များနှင့် ဒေသခံများက လုပ်ငန်း ဆောင်ရွက်မှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဘာသာရေးအသင်းအဖွဲ့များအတွက် ငွေကျပ် ၆၅ သိန်း နှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ဆက်လက်၍ မန်စေခွန်ကျေးရွာ အုပ်စု နမ်မခူးနမ်ဆည်နှင့် အထက် ဘက်ရှိ အကျိုးပြုလယ်ဧက ၂၀၀ ကျော်အတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ချောင်းရေ တိုက်စားမှု ကာကွယ်ရေး အတွက် ရေကာတန်းနှင့် သဲနုန်း တူးဖော်နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးပြီး ငွေကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

တံတားဦး မေ ၂၅
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံးဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ အမှတ်(၁) ရပ်ကွက် ဘူတာရပ်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်ကို တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်နှင့် တာဝန်ရှိသူများက မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြပြီး မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

ဘားအံ မေ ၂၅
ကရင်ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်းနှင့် တာဝန်ရှိသူများသည် မေ ၂၄ ရက်နံနက်ပိုင်းက ဘားအံမြို့နယ် အိန္ဒုကျေးရွာအုပ်စုနှင့် လှာကာကျေးရွာအုပ်စုတို့သို့ကွင်းဆင်း၍ ဥပဒေအသိပညာပေး ဆွေးနွေးဟောပြောသည်။
ထိုသို့ဆွေးနွေးဟောပြောရာတွင် ပြည်နယ်ဥပဒေချုပ်က တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးနိုင်ဝင်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ သိကောင်းစရာများကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်က လောင်းကစား ဥပဒေပါ သိကောင်းစရာများကို လည်းကောင်း၊ လက်ထောက်ပြည်နယ် ဥပဒေအရာရှိ ဒေါ်ဖြူဖြူသင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပါသိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

တောင်ကြီး မေ ၂၅
ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန သီးသန့်မီးသတ် တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြသည်။
ထို့မှတစ်ဆင့် တောင်ကြီးမြို့ ရွိုင်ရယ်တောင်ကြီး ဟိုတယ်၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းသုံးမျိုး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း သုံးမျိုးကို သင်တန်းကာလ ရက်သတ္တလေးပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

မူဆယ် မေ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကြီးမှူး၍ ရပ်ကွက်အတွင်းမှ သင်တန်းသား ၅၈ ဦးအား ၁၀ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လားရှိုး မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကို ယနေ့တွင် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းကို မေ ၂၅ ရက်မှ ဇွန် ၅ ရက်အထိ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ခေတ်မီမီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်းသင်ခန်းစာများကို လေ့ကျင့်ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)