ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

တစ်ကမ္ဘာလုံးရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒကို ပြန်လည်ချိန်ဆရစေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခ
-
ဖေဖော်ဝါရီလကုန်ကတည်းက ဖြစ်ပွားလျက်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုတွေဟာ သာမန်ရိုးရိုးပဋိပက္ခအဆင့်ကနေ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောအဖြစ် တည်ရှိနေတဲ့စွမ်းအင်ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ အနေအထား ရောက်လာခဲ့ပါပြီ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့အတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေအနေနဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ခံရတာဟာ အမေရိကန်-အစ္စရေးပူးပေါင်းအင်အားစုနဲ့ အီရန်တို့ကြားအားပြိုင်မှုကို ကမ္ဘာ့ရေနံလမ်းကြောင်း တွေရဲ့မဏ္ဍိုင်ဆီ ဆွဲခေါ်သွားသလိုဖြစ်နေပါတယ်။ဒီအခြေအနေကြောင့်ပဲ ကမ္ဘာ့နိုင်ငံများစွာအနေနဲ့ သူတို့ရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒတွေကို အရင်ကထက် ပိုမိုတင်းကျပ်ပြီး အသစ်တစ်ဖန် ပြန်လည်ရေးဆွဲဖို့ တွန်းအားပေးခြင်း ခံနေရတာပါ။ လွန်ခဲ့တဲ့ သုံးပတ်အတွင်းမှာတင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က ပင်လယ်ကွေ့ဒေသဟာ အန္တရာယ်ရှိနိုင်တယ်လို့ မှန်းဆထားတဲ့ ဇုန်တစ်ခုအဖြစ်သာရှိပေမယ့်လည်း အခုတော့ ကမ္ဘာ့စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်သင်္ဘောလိုင်းတွေအတွက် တကယ့်ကိုထိပ်တိုက်ရင်ဆိုင်နေရတဲ့လုံခြုံရေးအရ အစိုးရိမ်ရဆုံး ဗဟိုချက်ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုဟာ ရေနံဈေးနှုန်းတွေအပေါ် တင်မကဘဲ နိုင်ငံတကာရဲ့ စွမ်းအင်ဖြန့်ဖြူးမှုစနစ်တစ်ခုလုံးကိုပါ အကြီးအကျယ်ရိုက်ခတ် နေတာတွေ့ရပါတယ်။အထူးသဖြင့် ကမ္ဘာ့လောင်စာစွမ်းအင်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေရတဲ့ ဟော်မု ရေလက်ကြားဟာ အရင်ကနောက်ကွယ်ကနေ စိုးရိမ်ရုံလောက်သာရှိခဲ့ရာကနေ အခုတော့ အထင်အရှားကို အန္တရာယ်ရှိတဲ့လမ်းကြောင်းကြီး ဖြစ်လာပါပြီ။ အာမခံကုမ္ပဏီတွေကလည်း လက်ရှိအခြေအနေတွေကို အသည်းအသန် ပြန်သုံးသပ်နေကြသလို ရေနံတင်သင်္ဘောတွေ သွားလာမှုလည်း တုံ့ဆိုင်းနှေးကွေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရေလက်ကြားဟာ ပထဝီနိုင်ငံရေး မီးပွားတွေမှတစ်ဆင့် စွမ်းအင်ဈေးကွက်ဆီသို့ ကူးစက်လောင်ကျွမ်းစေတဲ့ အဓိကအချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ရပါတယ်။ ပဋိပက္ခဖြစ်ပြီး တစ်ပတ်အကြာမှာ အမေရိကန်က ရေတပ်ရဲ့ အစောင့်အရှောက်တွေနဲ့ ထောက်ပံ့ရေးအစီအမံတွေ လုပ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် ဥရောပမဟာမိတ်တွေဆီကနေ စစ်ရေးအရ ပါဝင်ဖို့ ထောက်ခံမှုမရခဲ့ပါဘူး။ မတ်လ ၁၉ ရက်မှာဥရောပနိုင်ငံ တော်တော်များများအပြင် ဂျပန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က ရေလက်ကြားမှာ ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့ ကြိုးပမ်းမှုတွေမှာပါဝင်ဖို့ အသင့်ရှိကြောင်း ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ကတော့ သေနတ်သံတွေတိတ်သွားမှပဲ ဂျာမနီအနေနဲ့ ဒီဒေသမှာပါဝင်ပတ်သက်နိုင်မယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။အစီရင်ခံစာအချို့ကိုကြည့်မယ်ဆိုရင် ပါကစ္စတန်၊ တရုတ်၊ အီရတ်နဲ့ မလေးရှားတို့က အီရန်နဲ့ဆွေးနွေးပြီး သင်္ဘောအချို့ ဖြတ်သန်းနိုင်နေပြီလို့ ဆိုပေမယ့် လမ်းကြောင်းတစ်ခုလုံးကတော့ အပြည့်အဝဘေးမကင်းသေးပါဘူး။ ဈေးကွက်ကလည်း သံတမန်ရေးအရ ပြောရုံနဲ့တော့ စက်သုံးဆီစီးဆင်းမှု ပြန်မှန်လာမယ်လို့ မယုံကြည်ကြပါဘူး။ ရေနံဈေးကွက်မှာလည်း ချက်ချင်းဆိုသလို တုံ့ပြန်မှုဖြစ်ပေါ်ပြီး ဘရန့်ရေနံစိမ်းဈေးဟာ မတ်လ ၁၉ ရက်မှာ တစ်စည်ကို ၁၁၉ ဒေါ်လာအထိ တက်သွားခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒူဘိုင်းရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၆၆ ဒသမ ၈၀ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားတာက ရေနံအမှန်တကယ်လိုအပ်ချက်ဟာ ကြိုတင်ရောင်းဝယ်တဲ့ဈေးကွက်ထက်တောင် ပိုမြန်နေတာကိုပြနေပါတယ်။ပင်လယ်ရေကြောင်းပိတ်ဆို့မှု လုံးဝမဖြစ်သေးရင်တောင်မှ သင်္ဘောခတွေ၊ အာမခံကြေးတွေ မြင့်တက်လာတာနဲ့ လမ်းကြောင်းလွှဲရတာတွေကြောင့် ရေနံဈေးနှုန်းမှာ စစ်ပွဲကြောင့်တက်တဲ့ အပိုဈေးနှုန်းက ကြာရှည်ကပ်ပါလာမှာဖြစ်ပါတယ်။ ဒါဟာ OPEC+ ရဲ့ အခန်းကဏ္ဍ အထူးသဖြင့် ဆော်ဒီ-ရုရှား ပူးပေါင်းမှုကို ရေနံဈေးထိန်းသူတွေတင်မဟုတ်ဘဲ ပင်လယ်ကွေ့ ရေကြောင်းလုံခြုံရေးကိုပါ စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ ရေနံစက်ရုံတွေနဲ့သင်္ဘောတွေ တိုက်ခိုက်ခံရတာထက် ပိုဆိုးတဲ့ဈေးကွက်တုန်လှုပ်မှုကတော့ ပင်လယ်ကွေ့တစ်ခုလုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ သင်္ဘောလမ်းကြောင်းတွေ၊ အာမခံဈေးကွက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ပျက်စီးသွားတာပဲ ဖြစ်ပါတယ်။ လေကြောင်းပိုင်နက်၊ ဆိပ်ကမ်း၊ သင်္ဘောအာမခံနဲ့ လမ်းကြောင်းတွေအားလုံးက ပဋိပက္ခဇုန်ထဲ တိုက်ရိုက်ဆွဲသွင်းခံလိုက်ရပါတယ်။ပဋိပက္ခစတင်ကတည်းက ပါရှန်းပင်လယ်ကွေ့နဲ့ဟော်မုရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေအပါအဝင် အရပ်ဘက်သင်္ဘော အနည်းဆုံးအစင်း ၂၀ ကျော်တိုက်ခိုက်ခံခဲ့ရပါတယ်။ သင်္ဘောကိုခြေရာခံအချက်အလက်တွေအရ အန္တရာယ်ရှိရေပြင်ထဲမဝင်ရဲဘဲ အပြင်မှာစောင့်နေရတဲ့သင်္ဘောတွေ ဒါဇင်နဲ့ချီရှိနေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ဟော်မုရေလက်ကြားမှာ တန်းစီစောင့်ဆိုင်းနေတဲ့ သင်္ဘောတန်းတွေ ပိုရှည်လာခဲ့ပါတယ်။ ဘေးကင်းတဲ့လမ်းကြောင်းကို ညှိနှိုင်းလို့ရသွားရင်တောင်မှ ပျက်စီးသွားတဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို ပြန်ပြင်ဖို့က လူတွေထင်ထားတာထက်ကို ပိုကြာနိုင်ပါတယ်။အခုလို အခြေအနေမဆိုးခင်ကတည်းက ဘရန့်ရေနံစိမ်းဈေးဟာ ဒေါ်လာ ၇၀ ဝန်းကျင်ရှိနေတာပါ။ အခုပြောင်းလဲတာက လက်တွေ့ရေနံအမှန်တကယ် ပို့ဆောင်နိုင်မှုက စက္ကူပေါ်ကဈေးကွက်ထက် ပိုပြီး ကျပ်တည်းလာတာပဲဖြစ်ပါတယ်။ Petro-Logistics ရဲ့ အဆိုအရ ရေနံစိမ်းစီးဆင်းမှုက တစ်ရက်ကို စည်ပေါင်း ၁၂ သန်းလောက်လျော့ကျသွားပြီး ဒါဟာကမ္ဘာ့နေ့စဉ် လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာကမ္ဘာ့ရေနံထောက်ပံ့မှုစာရင်းဇယားနဲ့ တကယ့်လက်တွေ့ပို့ဆောင်နိုင်မှုကြားက ကွာဟချက်ကို ပိုသိသာစေပါတယ်။ စာရင်းဇယားတွေအရတော့ ၂၀၂၆ ခုနှစ်မှာ ရေနံပိုလျှံမယ်လို့ ခန့်မှန်းထားကြပေမယ့်လက်တွေ့မှာတော့ အဲဒီရေနံတွေကို ဘေးကင်းကင်းနဲ့အချိန်မီပို့နိုင်ပါ့မလားဆိုတာက ပိုအရေးကြီးလာပါတယ်။ ကမ္ဘာ့ရေနံရဲ့ငါးပုံတစ်ပုံဟာ ဟော်မုရေလက်ကြားကို ဖြတ်နေရဆဲဖြစ်လို့ ဒီလမ်းကြောင်းပိတ်ဆို့တာဟာ ပိုလျှံမယ့်ရေနံပမာဏကိုပါ ဝါးမျိုသွားနိုင်ပါတယ်။စာရင်းဇယားအရ ဟော်မုရေလက်ကြားကို ပိတ်လိုက်ရင် တစ်ရက်ကို ရေနံစည် ၂၁ သန်းလောက် ပိတ်မိသွားမှာပါ။ ဆော်ဒီနဲ့ ယူအေအီး ရေနံပိုက်လိုင်းတွေက တစ်ရက်ကို စည် ၆ သန်းကနေ ၈ သန်းလောက်ပဲ လွှဲပို့နိုင်တာကြောင့် ကျန်တဲ့စည်ကတော့ လုံးဝပိတ်မိနေမှာဖြစ်ပါတယ်။ အရေးပေါ် ရေနံသိုလှောင်မှုတွေကို ထုတ်သုံးရင်တောင်မှ ဒီလိုအကျပ်အတည်းမျိုးမှာ တစ်ရက်ကို ရေနံစည် ၈ သန်းကနေ ၁၀ သန်းလောက်အထိ အသားတင်လျော့နည်းသွားနိုင်ပါတယ်။ ဒါဟာ၂၀၂၆ ခုနှစ်မှာ ပိုလျှံမယ့် ရေနံပမာဏကို အကုန်ဖျက်ဆီးပစ်နိုင်ပြီး ရေနံဈေးကိုလည်း အကြီးအကျယ် မြင့်တက်စေမှာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ OPEC+ အဖွဲ့က ဈေးနှုန်းထိန်းညှိသူအဆင့်ကနေ စုပေါင်းစီမံခန့်ခွဲသူအဆင့်ကို ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ဖြစ်လာတာပါ။ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အတွက်တော့ ဒါဟာရေနံထုတ်လုပ်မှုပမာဏကို ချိန်ညှိရုံတင်မဟုတ်ဘဲ ပထဝီနိုင်ငံရေးအရပါ ဩဇာသက်ရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ဆော်ဒီနဲ့ ယူအေအီးတို့မှာပိုလျှံနေတဲ့ ထုတ်လုပ်နိုင်စွမ်းဟာ အကျပ်အတည်းကို တည်ငြိမ်အောင် လုပ်နိုင်မယ့် အဓိကလက်နက် ဖြစ်လာပါတယ်။ ဒါပေမဲ့ OPEC+ အနေနဲ့ သင်္ဘောတွေကိုအာမခံပေးတာ ဒါမှမဟုတ် စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားတာမျိုးတော့ မလုပ်နိုင်ပါဘူး။ သူတို့လုပ်နိုင်တာက ရေနံထုတ်ပေးနိုင်တဲ့ပမာဏကို ချိန်ညှိပေးရုံပဲရှိပါတယ်။ ရုရှားရဲ့ ရေနံလမ်းကြောင်းတွေကတော့ ဟော်မုရေလက်ကြားနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် အိန္ဒိယလို အာရှနိုင်ငံတွေအတွက်တော့ ရုရှားရေနံကတည်ငြိမ်မှု ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ရုရှားတို့ ဘယ်လိုညှိနှိုင်းမလဲဆိုတာက ရေနံဈေးနှုန်း တည်ငြိမ်မလား၊ မြင့်တက်နေမလားဆိုတာကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ အခုလိုအခြေအနေကြောင့် ပင်လယ်ကွေ့ အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ဖော်ပြနေပါတယ်။ အဓိကအချက်က ရေနံပမာဏတစ်ခုတည်းသာ မဟုတ်ဘဲ သင်္ဘောလမ်းကြောင်းတွေ တည်ငြိမ်ဖို့နဲ့ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ် ပေးနိုင်မလဲဆိုတာ ဖြစ်လာပါတယ်။အချုပ်အားဖြင့်ဆိုရရင် အခုဖြစ်ပွားနေတဲ့ ပင်လယ်ကွေ့အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ အဓိက အချက်က ရေနံဘယ်လောက်ထွက်သလဲဆိုတာထက် ရေနံသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေက ဘယ်လောက်တည်ငြိမ်သလဲ၊ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ်ပေးနိုင်မလဲဆိုတာ ပိုပြီးအရေးပါလာတာဖြစ်ပါတယ်။ ရေနံစက်ရုံတွေ မပျက်စီးရင်တောင်မှ လမ်းကြောင်းတွေမှာ တင်းမာမှုရှိနေသရွေ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေဦးမှာဖြစ်သလို စွမ်းအင်ဖူလုံရေးအတွက်လည်း စိန်ခေါ်မှုတွေရှိနေဦးမှာပါ။ ဒါကြောင့် OPEC+ လို အဖွဲ့အစည်းတွေဟာ ဈေးနှုန်းထိန်းကျောင်းတဲ့ အဆင့်ကနေ စွမ်းအင်ဖူလုံရေးကို ဝိုင်းဝန်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲလာနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ရေနံတင်သွင်းတဲ့ အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စွမ်းအင်မူဝါဒတွေကို ရေနံရရှိဖို့တင်မကတော့ဘဲ လမ်းကြောင်းတွေ ဘေးကင်းဖို့၊ လမ်းကြောင်းအသစ်တွေရှာဖွေဖို့နဲ့ အရေးပေါ်အရန်စနစ်တွေ ထားရှိဖို့အထိပါ အလေးပေးစဉ်းစားလာရပါတယ်။ ဒါဟာ ကမ္ဘာ့စွမ်းအင်အခင်းအကျင်းအသစ်ရဲ့ အစောပိုင်း စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာအခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရေနံပြတ်လပ်တာ မဟုတ်ဘဲ ဘေးကင်းစွာ ရယူနိုင်ခွင့် ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ရေကြောင်းအင်အားကြီးနိုင်ငံတွေ အားလုံးအတွက် စိန်ခေါ်မှုကရေနံကို လိုသလောက်ထုတ်လုပ်နိုင်ဖို့တင် မဟုတ်တော့ဘဲ အဲဒီရေနံတွေဖြတ်သန်းသွားမယ့် လမ်းကြောင်းတွေကို ယုံကြည်စိတ်ချမှုရှိအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပဲဖြစ်ပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ့စွမ်းအင်ဖူလုံရေးကို အဆုံးအဖြတ်ပေးမယ့် အဓိကအချက် ဖြစ်လာပါလိမ့်မယ်။ ။ Ref: RTMWD

ဖေဖော်ဝါရီလကုန်ကတည်းက ဖြစ်ပွားလျက်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုတွေဟာ သာမန်ရိုးရိုးပဋိပက္ခအဆင့်ကနေ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောအဖြစ် တည်ရှိနေတဲ့စွမ်းအင်ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ အနေအထား ရောက်လာခဲ့ပါပြီ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့အတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေအနေနဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ခံရတာဟာ အမေရိကန်-အစ္စရေးပူးပေါင်းအင်အားစုနဲ့ အီရန်တို့ကြားအားပြိုင်မှုကို ကမ္ဘာ့ရေနံလမ်းကြောင်း တွေရဲ့မဏ္ဍိုင်ဆီ ဆွဲခေါ်သွားသလိုဖြစ်နေပါတယ်။

ဒီအခြေအနေကြောင့်ပဲ ကမ္ဘာ့နိုင်ငံများစွာအနေနဲ့ သူတို့ရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒတွေကို အရင်ကထက် ပိုမိုတင်းကျပ်ပြီး အသစ်တစ်ဖန် ပြန်လည်ရေးဆွဲဖို့ တွန်းအားပေးခြင်း ခံနေရတာပါ။ လွန်ခဲ့တဲ့ သုံးပတ်အတွင်းမှာတင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က ပင်လယ်ကွေ့ဒေသဟာ   အန္တရာယ်ရှိနိုင်တယ်လို့ မှန်းဆထားတဲ့ ဇုန်တစ်ခုအဖြစ်သာရှိပေမယ့်လည်း အခုတော့ ကမ္ဘာ့စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်သင်္ဘောလိုင်းတွေအတွက်  တကယ့်ကိုထိပ်တိုက်ရင်ဆိုင်နေရတဲ့လုံခြုံရေးအရ အစိုးရိမ်ရဆုံး ဗဟိုချက်ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုဟာ ရေနံဈေးနှုန်းတွေအပေါ် တင်မကဘဲ နိုင်ငံတကာရဲ့ စွမ်းအင်ဖြန့်ဖြူးမှုစနစ်တစ်ခုလုံးကိုပါ အကြီးအကျယ်ရိုက်ခတ် နေတာတွေ့ရပါတယ်။

အထူးသဖြင့် ကမ္ဘာ့လောင်စာစွမ်းအင်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေရတဲ့ ဟော်မု ရေလက်ကြားဟာ အရင်ကနောက်ကွယ်ကနေ စိုးရိမ်ရုံလောက်သာရှိခဲ့ရာကနေ အခုတော့ အထင်အရှားကို   အန္တရာယ်ရှိတဲ့လမ်းကြောင်းကြီး ဖြစ်လာပါပြီ။ အာမခံကုမ္ပဏီတွေကလည်း လက်ရှိအခြေအနေတွေကို အသည်းအသန် ပြန်သုံးသပ်နေကြသလို ရေနံတင်သင်္ဘောတွေ သွားလာမှုလည်း တုံ့ဆိုင်းနှေးကွေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရေလက်ကြားဟာ ပထဝီနိုင်ငံရေး မီးပွားတွေမှတစ်ဆင့် စွမ်းအင်ဈေးကွက်ဆီသို့ ကူးစက်လောင်ကျွမ်းစေတဲ့ အဓိကအချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ရပါတယ်။ ပဋိပက္ခဖြစ်ပြီး တစ်ပတ်အကြာမှာ အမေရိကန်က ရေတပ်ရဲ့ အစောင့်အရှောက်တွေနဲ့ ထောက်ပံ့ရေးအစီအမံတွေ လုပ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် ဥရောပမဟာမိတ်တွေဆီကနေ စစ်ရေးအရ ပါဝင်ဖို့ ထောက်ခံမှုမရခဲ့ပါဘူး။ မတ်လ ၁၉ ရက်မှာဥရောပနိုင်ငံ တော်တော်များများအပြင် ဂျပန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က ရေလက်ကြားမှာ ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့ ကြိုးပမ်းမှုတွေမှာပါဝင်ဖို့ အသင့်ရှိကြောင်း ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ကတော့ သေနတ်သံတွေတိတ်သွားမှပဲ ဂျာမနီအနေနဲ့ ဒီဒေသမှာပါဝင်ပတ်သက်နိုင်မယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

အစီရင်ခံစာအချို့ကိုကြည့်မယ်ဆိုရင် ပါကစ္စတန်၊ တရုတ်၊ အီရတ်နဲ့ မလေးရှားတို့က အီရန်နဲ့ဆွေးနွေးပြီး သင်္ဘောအချို့ ဖြတ်သန်းနိုင်နေပြီလို့ ဆိုပေမယ့် လမ်းကြောင်းတစ်ခုလုံးကတော့ အပြည့်အဝဘေးမကင်းသေးပါဘူး။ ဈေးကွက်ကလည်း သံတမန်ရေးအရ ပြောရုံနဲ့တော့ စက်သုံးဆီစီးဆင်းမှု ပြန်မှန်လာမယ်လို့ မယုံကြည်ကြပါဘူး။ ရေနံဈေးကွက်မှာလည်း ချက်ချင်းဆိုသလို တုံ့ပြန်မှုဖြစ်ပေါ်ပြီး ဘရန့်ရေနံစိမ်းဈေးဟာ  မတ်လ ၁၉ ရက်မှာ  တစ်စည်ကို ၁၁၉ ဒေါ်လာအထိ တက်သွားခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒူဘိုင်းရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၆၆ ဒသမ ၈၀ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားတာက  ရေနံအမှန်တကယ်လိုအပ်ချက်ဟာ ကြိုတင်ရောင်းဝယ်တဲ့ဈေးကွက်ထက်တောင် ပိုမြန်နေတာကိုပြနေပါတယ်။

ပင်လယ်ရေကြောင်းပိတ်ဆို့မှု လုံးဝမဖြစ်သေးရင်တောင်မှ သင်္ဘောခတွေ၊ အာမခံကြေးတွေ မြင့်တက်လာတာနဲ့ လမ်းကြောင်းလွှဲရတာတွေကြောင့် ရေနံဈေးနှုန်းမှာ စစ်ပွဲကြောင့်တက်တဲ့ အပိုဈေးနှုန်းက ကြာရှည်ကပ်ပါလာမှာဖြစ်ပါတယ်။ ဒါဟာ OPEC+  ရဲ့ အခန်းကဏ္ဍ အထူးသဖြင့် ဆော်ဒီ-ရုရှား ပူးပေါင်းမှုကို ရေနံဈေးထိန်းသူတွေတင်မဟုတ်ဘဲ ပင်လယ်ကွေ့ ရေကြောင်းလုံခြုံရေးကိုပါ စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ ရေနံစက်ရုံတွေနဲ့သင်္ဘောတွေ တိုက်ခိုက်ခံရတာထက် ပိုဆိုးတဲ့ဈေးကွက်တုန်လှုပ်မှုကတော့ ပင်လယ်ကွေ့တစ်ခုလုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ သင်္ဘောလမ်းကြောင်းတွေ၊ အာမခံဈေးကွက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ပျက်စီးသွားတာပဲ ဖြစ်ပါတယ်။ လေကြောင်းပိုင်နက်၊ ဆိပ်ကမ်း၊ သင်္ဘောအာမခံနဲ့ လမ်းကြောင်းတွေအားလုံးက ပဋိပက္ခဇုန်ထဲ တိုက်ရိုက်ဆွဲသွင်းခံလိုက်ရပါတယ်။

ပဋိပက္ခစတင်ကတည်းက ပါရှန်းပင်လယ်ကွေ့နဲ့ဟော်မုရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေအပါအဝင်  အရပ်ဘက်သင်္ဘော အနည်းဆုံးအစင်း ၂၀ ကျော်တိုက်ခိုက်ခံခဲ့ရပါတယ်။ သင်္ဘောကိုခြေရာခံအချက်အလက်တွေအရ အန္တရာယ်ရှိရေပြင်ထဲမဝင်ရဲဘဲ အပြင်မှာစောင့်နေရတဲ့သင်္ဘောတွေ ဒါဇင်နဲ့ချီရှိနေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ဟော်မုရေလက်ကြားမှာ တန်းစီစောင့်ဆိုင်းနေတဲ့ သင်္ဘောတန်းတွေ ပိုရှည်လာခဲ့ပါတယ်။ ဘေးကင်းတဲ့လမ်းကြောင်းကို ညှိနှိုင်းလို့ရသွားရင်တောင်မှ ပျက်စီးသွားတဲ့  ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို ပြန်ပြင်ဖို့က လူတွေထင်ထားတာထက်ကို ပိုကြာနိုင်ပါတယ်။

အခုလို အခြေအနေမဆိုးခင်ကတည်းက ဘရန့်ရေနံစိမ်းဈေးဟာ ဒေါ်လာ ၇၀ ဝန်းကျင်ရှိနေတာပါ။ အခုပြောင်းလဲတာက လက်တွေ့ရေနံအမှန်တကယ် ပို့ဆောင်နိုင်မှုက စက္ကူပေါ်ကဈေးကွက်ထက် ပိုပြီး ကျပ်တည်းလာတာပဲဖြစ်ပါတယ်။ Petro-Logistics ရဲ့ အဆိုအရ ရေနံစိမ်းစီးဆင်းမှုက တစ်ရက်ကို စည်ပေါင်း ၁၂ သန်းလောက်လျော့ကျသွားပြီး ဒါဟာကမ္ဘာ့နေ့စဉ် လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာကမ္ဘာ့ရေနံထောက်ပံ့မှုစာရင်းဇယားနဲ့ တကယ့်လက်တွေ့ပို့ဆောင်နိုင်မှုကြားက ကွာဟချက်ကို ပိုသိသာစေပါတယ်။ စာရင်းဇယားတွေအရတော့ ၂၀၂၆ ခုနှစ်မှာ ရေနံပိုလျှံမယ်လို့ ခန့်မှန်းထားကြပေမယ့်လက်တွေ့မှာတော့ အဲဒီရေနံတွေကို ဘေးကင်းကင်းနဲ့အချိန်မီပို့နိုင်ပါ့မလားဆိုတာက ပိုအရေးကြီးလာပါတယ်။ 

ကမ္ဘာ့ရေနံရဲ့ငါးပုံတစ်ပုံဟာ ဟော်မုရေလက်ကြားကို ဖြတ်နေရဆဲဖြစ်လို့ ဒီလမ်းကြောင်းပိတ်ဆို့တာဟာ ပိုလျှံမယ့်ရေနံပမာဏကိုပါ ဝါးမျိုသွားနိုင်ပါတယ်။

စာရင်းဇယားအရ   ဟော်မုရေလက်ကြားကို ပိတ်လိုက်ရင် တစ်ရက်ကို ရေနံစည် ၂၁ သန်းလောက် ပိတ်မိသွားမှာပါ။ ဆော်ဒီနဲ့ ယူအေအီး ရေနံပိုက်လိုင်းတွေက တစ်ရက်ကို စည် ၆ သန်းကနေ ၈ သန်းလောက်ပဲ လွှဲပို့နိုင်တာကြောင့် ကျန်တဲ့စည်ကတော့ လုံးဝပိတ်မိနေမှာဖြစ်ပါတယ်။ အရေးပေါ် ရေနံသိုလှောင်မှုတွေကို ထုတ်သုံးရင်တောင်မှ ဒီလိုအကျပ်အတည်းမျိုးမှာ တစ်ရက်ကို ရေနံစည် ၈ သန်းကနေ ၁၀ သန်းလောက်အထိ အသားတင်လျော့နည်းသွားနိုင်ပါတယ်။ ဒါဟာ၂၀၂၆  ခုနှစ်မှာ ပိုလျှံမယ့် ရေနံပမာဏကို အကုန်ဖျက်ဆီးပစ်နိုင်ပြီး ရေနံဈေးကိုလည်း  အကြီးအကျယ် မြင့်တက်စေမှာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ OPEC+ အဖွဲ့က ဈေးနှုန်းထိန်းညှိသူအဆင့်ကနေ စုပေါင်းစီမံခန့်ခွဲသူအဆင့်ကို ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ဖြစ်လာတာပါ။ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အတွက်တော့ ဒါဟာရေနံထုတ်လုပ်မှုပမာဏကို ချိန်ညှိရုံတင်မဟုတ်ဘဲ ပထဝီနိုင်ငံရေးအရပါ ဩဇာသက်ရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။

ဆော်ဒီနဲ့ ယူအေအီးတို့မှာပိုလျှံနေတဲ့ ထုတ်လုပ်နိုင်စွမ်းဟာ အကျပ်အတည်းကို တည်ငြိမ်အောင် လုပ်နိုင်မယ့် အဓိကလက်နက် ဖြစ်လာပါတယ်။ ဒါပေမဲ့ OPEC+ အနေနဲ့ သင်္ဘောတွေကိုအာမခံပေးတာ ဒါမှမဟုတ် စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားတာမျိုးတော့ မလုပ်နိုင်ပါဘူး။ သူတို့လုပ်နိုင်တာက ရေနံထုတ်ပေးနိုင်တဲ့ပမာဏကို ချိန်ညှိပေးရုံပဲရှိပါတယ်။ ရုရှားရဲ့ ရေနံလမ်းကြောင်းတွေကတော့ ဟော်မုရေလက်ကြားနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် အိန္ဒိယလို အာရှနိုင်ငံတွေအတွက်တော့ ရုရှားရေနံကတည်ငြိမ်မှု ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ရုရှားတို့ ဘယ်လိုညှိနှိုင်းမလဲဆိုတာက ရေနံဈေးနှုန်း တည်ငြိမ်မလား၊ မြင့်တက်နေမလားဆိုတာကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ အခုလိုအခြေအနေကြောင့် ပင်လယ်ကွေ့ အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ဖော်ပြနေပါတယ်။ အဓိကအချက်က ရေနံပမာဏတစ်ခုတည်းသာ မဟုတ်ဘဲ သင်္ဘောလမ်းကြောင်းတွေ တည်ငြိမ်ဖို့နဲ့ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ် ပေးနိုင်မလဲဆိုတာ ဖြစ်လာပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အခုဖြစ်ပွားနေတဲ့ ပင်လယ်ကွေ့အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ အဓိက အချက်က ရေနံဘယ်လောက်ထွက်သလဲဆိုတာထက် ရေနံသယ်ယူပို့ဆောင်တဲ့  လမ်းကြောင်းတွေက ဘယ်လောက်တည်ငြိမ်သလဲ၊ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ်ပေးနိုင်မလဲဆိုတာ ပိုပြီးအရေးပါလာတာဖြစ်ပါတယ်။ ရေနံစက်ရုံတွေ မပျက်စီးရင်တောင်မှ လမ်းကြောင်းတွေမှာ တင်းမာမှုရှိနေသရွေ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေဦးမှာဖြစ်သလို စွမ်းအင်ဖူလုံရေးအတွက်လည်း စိန်ခေါ်မှုတွေရှိနေဦးမှာပါ။ ဒါကြောင့် OPEC+ လို အဖွဲ့အစည်းတွေဟာ ဈေးနှုန်းထိန်းကျောင်းတဲ့ အဆင့်ကနေ စွမ်းအင်ဖူလုံရေးကို ဝိုင်းဝန်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲလာနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ရေနံတင်သွင်းတဲ့ အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စွမ်းအင်မူဝါဒတွေကို ရေနံရရှိဖို့တင်မကတော့ဘဲ လမ်းကြောင်းတွေ ဘေးကင်းဖို့၊ လမ်းကြောင်းအသစ်တွေရှာဖွေဖို့နဲ့ အရေးပေါ်အရန်စနစ်တွေ ထားရှိဖို့အထိပါ အလေးပေးစဉ်းစားလာရပါတယ်။ ဒါဟာ ကမ္ဘာ့စွမ်းအင်အခင်းအကျင်းအသစ်ရဲ့ အစောပိုင်း စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာအခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရေနံပြတ်လပ်တာ မဟုတ်ဘဲ ဘေးကင်းစွာ ရယူနိုင်ခွင့် ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ရေကြောင်းအင်အားကြီးနိုင်ငံတွေ အားလုံးအတွက် စိန်ခေါ်မှုကရေနံကို လိုသလောက်ထုတ်လုပ်နိုင်ဖို့တင် မဟုတ်တော့ဘဲ အဲဒီရေနံတွေဖြတ်သန်းသွားမယ့် လမ်းကြောင်းတွေကို ယုံကြည်စိတ်ချမှုရှိအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပဲဖြစ်ပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ့စွမ်းအင်ဖူလုံရေးကို အဆုံးအဖြတ်ပေးမယ့် အဓိကအချက် ဖြစ်လာပါလိမ့်မယ်။     ။

 Ref: RT

MWD

ထက်မြက်

အမေရိကန်-အိန္ဒိယကုန်သွယ်ရေးအလှည့်အပြောင်းနဲ့အကောက်ခွန်စစ်ပွဲရဲ့နိဂုံး
-
ပြီးခဲ့တဲ့လပိုင်းအတွင်းမှာအမေရိကန်နဲ့အိန္ဒိယတို့ကြားကကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးဟာတော်တော်လေးကို တင်းမာ ခက်ခဲခဲ့တာလူတိုင်းအသိပဲဖြစ်ပါတယ်။နှစ်နိုင်ငံကြားမှာ အကောက်ခွန်တွေအပြန်အလှန်တိုးမြှင့်ပြီးစီးပွားရေးအရ စစ်အေးတိုက် နေသလိုဖြစ်နေရာကနေအခုအခါတစ်ကမ္ဘာလုံးကိုအံ့အားသင့်သွားစေမယ့်သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အဲဒီ သတင်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ သူတို့ကြားကပဲ့ကြွေလုနီးပါး ဖြစ်နေတဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ အရေးကြီးတဲ့ကုန်သွယ်ရေးသဘောတူညီချက်အသစ်တစ်ခုကိုလက်မှတ်ရေးထိုး လိုက်နိုင်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ အိန္ဒိယရဲ့စီးပွားရေးအတွက် အသက်ရှူချောင်စေမယ့် ဆေးတစ်ခွက်ဖြစ်လာသလိုအမေရိကန်အတွက်လည်း သူ့ရဲ့“အမေရိကန်ဦးစားပေး” မူဝါဒကို လက်တွေ့အကောင်အထည် ဖော်ပြလိုက်တာလို့ဆိုရမှာပါ။ဒီသဘောတူညီချက်ရဲ့နောက်ကွယ်မှာနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ပါးနပ်တဲ့နိုင်ငံရေးကစားကွက်တွေနဲ့စီးပွားရေးဆိုင်ရာ အပေးအယူတွေအများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဩဂုတ်လကစလို့ အမေရိကန်က အိန္ဒိယနိုင်ငံမှပို့ကုန်တွေ အပေါ်သွင်းကုန်အခွန်၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တာကြောင့်အိန္ဒိယရဲ့ အလုပ်သမားအခြေပြုလုပ်ငန်းတွေဟာတော်တော်လေးအထိနာခဲ့ရပါတယ်။ရူပီးငွေတန်ဖိုးဟာလည်းအာရှမှာအဆိုးရွားဆုံးကျဆင်းခဲ့ရသလိုရင်းနှီးမြှုပ်နှံသူတွေကြား မှာလည်းစိုးရိမ်မှုတွေက တိမ်တိုက်ကြီးလိုဖုံးလွှမ်းနေခဲ့တာပါ။အခုရရှိလိုက်တဲ့သဘောတူညီချက်ဟာဒီလိုမရေမရာဖြစ်နေတဲ့ အခြေအနေတွေကိုတစ်ခန်းရပ်သွားစေပြီးနှစ်နိုင်ငံကြားက စီးပွားရေးဆက်ဆံရေးကို အရှိန်အဟုန်နဲ့ပြန်လည် စတင်လိုက်တာပဲဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ကျွန်တော်တို့သိထားသမျှအချက်အလက်တွေကိုပေါင်းစပ်ပြီးဒီသဘောတူညီချက်က အိန္ဒိယရဲ့ကဏ္ဍအသီး သီးအပေါ်ဘယ်လိုမျိုးသက်ရောက်မှုတွေရှိလာမလဲ၊ဘယ်သူတွေအကျိုးအမြတ်ရပြီးဘယ်လိုစိန်ခေါ်မှုတွေကျန်နေသေးသလဲ ဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့်စိုက်ပျိုးရေး၊ နည်းပညာနဲ့ ရေနံကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ဘယ်လိုအပေး အယူတွေလုပ်ခဲ့ကြသလဲဆိုတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေဖြစ်ပါတယ်။ကုန်သွယ်ရေးသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ရင်အမေရိကန်က အိန္ဒိယကုန်စည်တွေအပေါ် ကောက်ခံနေတဲ့အခွန်နှုန်းထားကို၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာ အရင်ဆုံးတွေ့ရပါလိမ့်မယ်။ဒါဟာ အာရှဒေသရှိတခြားပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်ဒါမှမဟုတ် ပါကစ္စတန်တို့ထက်တောင်မှပိုပြီးသက်သာတဲ့နှုန်းထားဖြစ် တာကြောင့် အိန္ဒိယပို့ကုန်တွေအတွက်တော့အမေရိကန်စျေးကွက်ထဲမှာအသာစီးရသွားစေမှာပါ။ နောက်ပြီး ရုရှားဆီကနေ ရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး ထပ်ဆောင်းကောက်ခံထားတဲ့အခွန်၂၅ ရာခိုင်နှုန်းကိုလည်း လုံးဝပယ်ဖျက်ပေးလိုက်ပါတယ်။အပြန်အလှန်အနေနဲ့ အိန္ဒိယကအမေရိကန်ဆီကနေ ဒေါ်လာဘီလီယံ ၅၀၀ ဖိုးရှိမယ့် စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ ကျောက်မီးသွေးစတဲ့ထုတ်ကုန်တွေကိုဝယ်ယူဖို့ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ရုရှားဆီကရေနံဝယ်ယူမှုကိုရပ်တန့်ပြီးအမေရိကန်နဲ့ ဗင်နီဇွဲလားတို့ဆီကနေ အစားထိုးပြီးဝယ်ယူဖို့သဘောတူခဲ့တာကလည်းဒီသဘောတူညီချက်ရဲ့ အပြောင်းအလဲအကြီးဆုံးအပိုင်းလို့ဆိုရမှာဖြစ်ပါတယ်။တကယ်တော့အခုရရှိလိုက်တဲ့သွင်းကုန်အခွန်၁၈ ရာခိုင်နှုန်းဆိုတာ ဂျပန်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံကအာရှမှာ ဒုတိယ အသက်သာဆုံးဖြစ်သွားတာပါ။အရင်တုန်းက အိန္ဒိယဟာ အာရှတိုက်မှာ အမြင့်ဆုံးနှုန်းထားဖြစ်တဲ့သွင်းကုန်အခွန် ၅၀ ရာခိုင်နှုန်း အထိ သတ်မှတ်ခံထားရဖူးတာကြောင့် အခုပြောင်းလဲမှုဟာ အိန္ဒိယရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို တရုတ်နိုင်ငံရဲ့ အစားထိုး ဗဟိုချက်ဖြစ်လာအောင်တွန်းပို့ပေးနိုင်မယ့်အလားအလာရှိပါတယ်။ အိန္ဒိယရဲ့အဓိကစီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကလည်း အကောက်ခွန်မရေမရာမှုတွေကြောင့်ရပ်တန့်နေတဲ့ "China+1" ဆိုတဲ့လုပ်ငန်းစဉ်ဟာ အခုဆိုရင် အရှိန်အဟုန်နဲ့ပြန်လည် စတင်နိုင်တော့မယ်လို့ယုံကြည်နေကြပါတယ်။ အထူးသဖြင့် အလုပ်သမားအင်အားအများကြီးသုံးရတဲ့အထည်အလိပ်၊ သားရေလုပ်ငန်း၊ ဖိနပ်နဲ့ လက်ဝတ်ရတနာကဏ္ဍတွေဟာ အရင်က အကောက်ခွန်တွေကြောင့် ကြီးကြီးမားမားထိခိုက်ခဲ့ရပေမယ့်အခုတော့အသက်ရှူချောင်သွားကြပါပြီ။အထည်အလိပ်လုပ်ငန်းမှာဆိုရင်အိန္ဒိယနိုင်ငံရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ထက် အကောက်ခွန်နှုန်းထား ပိုသက်သာသွားတာကြောင့် အမေရိကန်စျေးကွက်မှာ အိန္ဒိယအထည်တွေ ပိုပြီးနေရာရလာဖို့ရှိနေပါတယ်။ကျောက်မျက်ရတနာကဏ္ဍဆိုရင်လည်းပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အမေရိကန်နိုင်ငံကို တင်ပို့မှု၅ ရာခိုင်နှုန်းခန့်ကျ ဆင်းခဲ့တာဟာ အကောက်ခွန်မြင့်မားမှုကြောင့်ဖြစ်ပြီးအခုအဲဒီအဟန့်အတားတွေ ဖယ်ရှားလိုက်ပြီဖြစ်လို့ လုပ်ငန်းရှင်တွေက အားတက်နေကြပါတယ်။မော်တော်ကားအပိုပစ္စည်းထုတ်လုပ်တဲ့ကဏ္ဍမှာဆိုရင် တာတာမော်တာရဲ့လက်အောက်ခံဖြစ်တဲ့ဂျာဂွားလန်းရိုဗာလိုလုပ်ငန်း တွေဟာ သူတို့ရဲ့ပို့ကုန် ၃၃ ရာခိုင်နှုန်းလောက်ကို အမေရိကန်စျေးကွက်ကို မှီခိုနေရတာကြောင့် ဒီသဘောတူညီချက်က သူတို့အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူး။ဘဏ္ဍာရေးစျေးကွက်ဘက်ကိုကြည့်မယ်ဆိုရင်လည်းသဘောတူညီချက်သတင်းထွက်လာတာနဲ့တစ်ပြိုင်နက် အိန္ဒိယစတော့စျေးကွက်ဟာ၅ ရာခိုင်နှုန်းအထိခုန်တက်သွားပြီးရူပီးငွေတန်ဖိုးက ၁ ရာခိုင်နှုန်းကျော်ပြန်တက်လာခဲ့ပါတယ်။ ဒါဟာ လပေါင်းများစွာ စိုးရိမ်ထိတ်လန့်နေခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက်အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။ဒါပေမဲ့စိုက်ပျိုးရေးကဏ္ဍမှာတော့နှစ်နိုင်ငံစလုံးက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ကြိုးစားနေကြတုန်းပါပဲ။အိန္ဒိယဟာ ဂျုံနဲ့ ဆန်လို အခြေခံသီးနှံတွေမှာ ပြည်တွင်းဖူလုံမှုရှိနေတဲ့အပြင်မျိုးရိုးဗီဇပြုပြင်ထားတဲ့ (GMO) သီးနှံတွေအပေါ်မှာ တင်းကျပ်တဲ့ကန့်သတ်ချက်တွေထားရှိထားပါတယ်။ အမေရိကန်နိုင်ငံဘက်ကတော့ သူတို့ရဲ့ GMO ပဲပုပ်နဲ့ ပြောင်းတွေကို အိန္ဒိယစျေးကွက်ထဲသွင်းချင်နေတာပါ။အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးကအထိအခိုက်မခံတဲ့ စိုက်ပျိုးရေးနဲ့ နို့ထွက်ပစ္စည်း ကဏ္ဍတွေကိုသဘောတူညီချက်ထဲမှာ ကာကွယ်ထားနိုင်ခဲ့တယ်လို့ ပြောပေမယ့် အမေရိကန်ကလည်း သူတို့လယ်သမားတွေ အတွက် အခွင့်အလမ်းတွေပိုရလာမယ်လို့ဆိုနေတာကြောင့် အသေးစိတ်အပေးအယူကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်က စက်မှုကဏ္ဍနဲ့နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပါတယ်။အမေရိကန် အရာရှိတွေရဲ့ပြောဆိုချက်အရ ဒီသဘောတူညီချက်ဟာ ကုန်သွယ်ရေးတင်မကဘဲ ကာကွယ်ရေးပိုင်းနဲ့ အဆင့်မြင့်နည်း ပညာပိုင်းမှာပါနှစ်နိုင်ငံကိုပိုမိုနီးကပ်သွားစေမယ်လို့ဆိုပါတယ်။အထူးသဖြင့် Quad အဖွဲ့ကြီးအတွက်လည်းဒီသဘောတူညီချက်က တွန်းအားအသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။အိန္ဒိယအီလက်ထ ရွန်နစ် ဝန်ကြီးကနှစ်နိုင်ငံပေါင်းပြီးကမ္ဘာကြီးအတွက်လိုအပ်တဲ့နည်းပညာသစ်တွေကိုအတူတကွဖန်တီးသွားမယ်လို့အကောင်း မြင် စကားဆိုထားပါတယ်။ဒီသဘောတူညီချက်ဟာရုတ်တရက်ထွက်ပေါ်လာတာလို့ထင်ရပါတယ်။တကယ်တော့ စက်တင်ဘာလ ဝန်ကြီးချုပ်မိုဒီရဲ့မွေးနေ့မှာသမ္မတထရမ့်က ဖုန်းဆက်ပြီးနှုတ်ဆက်ခဲ့ရာကနေနှစ်နိုင်ငံကြားက တင်းမာမှုတွေစတင်လျော့ကျခဲ့တာလို့နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူတွေကတော့ထောက်ပြပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်သံအမတ်အသစ်အဖြစ် ထရမ့်ရဲ့ယုံကြည်ရသူဖြစ်တဲ့ ဆာဂျီယိုဂေါ ရောက်ရှိလာတာကလည်း ညှိနှိုင်းမှုတွေကို ပိုပြီးမြန်ဆန်ချောမွေ့သွားစေခဲ့တာပါ။နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်အမေရိကန်-အိန္ဒိယကုန်သွယ်ရေးသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအတွက် "Win-Win" လို့ခေါ်ဆိုနိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအတွက်အကောက်ခွန်ဝန်ထုပ်ဝန်ပိုးတွေကနေလွတ်မြောက်ပြီး စီးပွားရေးပြန်လည်ဦးမော့လာဖို့ လမ်းစပွင့်သွားသလို အမေရိကန်အတွက်လည်း သူ့ရဲ့ကုန်ပစ္စည်းတွေကို အိန္ဒိယရဲ့ ကြီးမားတဲ့စျေးကွက်ထဲ ဒေါ်လာဘီလီယံနဲ့ချီ တင်ပို့ခွင့်ရမယ့်အခွင့်အရေးကိုဆုပ်ကိုင်နိုင်တာပါ။ဒါပေမဲ့တစ်ဖက်မှာလည်း သတိထားစရာအချက်အချို့ ကျန်နေပါသေးတယ်။ အဲဒါကတော့ ထရမ့်ရဲ့ စိတ်ပြောင်းလွယ်တတ်တဲ့ သဘာဝနဲ့ အခုသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုတရားဝင်ပူးတွဲထုတ်ပြန်ချက်အဖြစ်မတွေ့ရသေး တာပဲဖြစ် ပါတယ်။စီးပွားရေးလေ့လာဆန်းစစ်သူအချို့ကတော့ အစိုးရချင်းသဘောတူတဲ့စာသားတွေနဲ့အကောင်အထည်ဖော်မှု ဆိုင်ရာရှင်းလင်းချက်တွေ ထွက်မလာမချင်းတော့ ဒါကို နိုင်ငံရေးအရ အချက်ပြမှုတစ်ခုအဖြစ်ပဲ ရှုမြင်သင့်တယ်လို့ သတိပေးနေကြပါတယ်။ ဘာပဲဖြစ်ဖြစ်အခုလက်ရှိအချိန်မှာတော့အိန္ဒိယနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးအဖုအထစ်တွေ တော်တော်လေးကို ပြေလည်သွားခဲ့ပါပြီ။ ဥရောပသမဂ္ဂနဲ့ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအတွင်းမှာပဲအမေရိကန်နဲ့ပါ သဘောတူညီချက် ထပ်ရလိုက်တာကြောင့် အိန္ဒိယဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေဆက်လက်ရပ်တည်နိုင် တော့မှာဖြစ်ပါတယ်။ ယခုသဘောတူညီချက်ကနေတစ်ဆင့်နှစ်နိုင်ငံကြားက ယုံကြည်မှုတွေပြန်လည်တည်ဆောက်နိုင်ပြီးပိုမိုခိုင်မာတဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆီတက်လှမ်းနိုင်ပါစေလို့ပဲမျှော်လင့်ရပါတယ်။ နှစ်နိုင်ငံစလုံးကလုပ် ငန်းရှင်တွေနဲ့တောင်သူလယ်သမားတွေအတွက်တကယ်ကိုအကျိုးရှိစေမယ့်ရလဒ်ကောင်းတွေထွက်ပေါ်လာဖို့ကတော့အစိုးရနှစ် ရပ်ဆက်လက်အကောင်အထည်ဖော်မယ့်ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲ မူတည်နေတော့မှာဖြစ်ပါတယ်။ ။Ref: RT, BloombergMWD

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာအမေရိကန်နဲ့အိန္ဒိယတို့ကြားကကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးဟာတော်တော်လေးကို တင်းမာ ခက်ခဲခဲ့တာလူတိုင်းအသိပဲဖြစ်ပါတယ်။နှစ်နိုင်ငံကြားမှာ အကောက်ခွန်တွေအပြန်အလှန်တိုးမြှင့်ပြီးစီးပွားရေးအရ စစ်အေးတိုက် နေသလိုဖြစ်နေရာကနေအခုအခါတစ်ကမ္ဘာလုံးကိုအံ့အားသင့်သွားစေမယ့်သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အဲဒီ သတင်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ သူတို့ကြားကပဲ့ကြွေလုနီးပါး ဖြစ်နေတဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ အရေးကြီးတဲ့ကုန်သွယ်ရေးသဘောတူညီချက်အသစ်တစ်ခုကိုလက်မှတ်ရေးထိုး လိုက်နိုင်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ အိန္ဒိယရဲ့စီးပွားရေးအတွက် အသက်ရှူချောင်စေမယ့် ဆေးတစ်ခွက်ဖြစ်လာသလိုအမေရိကန်အတွက်လည်း သူ့ရဲ့အမေရိကန်ဦးစားပေးမူဝါဒကို လက်တွေ့အကောင်အထည် ဖော်ပြလိုက်တာလို့ဆိုရမှာပါ။

ဒီသဘောတူညီချက်ရဲ့နောက်ကွယ်မှာနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ပါးနပ်တဲ့နိုင်ငံရေးကစားကွက်တွေနဲ့စီးပွားရေးဆိုင်ရာ အပေးအယူတွေအများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဩဂုတ်လကစလို့ အမေရိကန်က အိန္ဒိယနိုင်ငံမှပို့ကုန်တွေ အပေါ်သွင်းကုန်အခွန်၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တာကြောင့်အိန္ဒိယရဲ့ အလုပ်သမားအခြေပြုလုပ်ငန်းတွေဟာတော်တော်လေးအထိနာခဲ့ရပါတယ်။ရူပီးငွေတန်ဖိုးဟာလည်းအာရှမှာအဆိုးရွားဆုံးကျဆင်းခဲ့ရသလိုရင်းနှီးမြှုပ်နှံသူတွေကြား မှာလည်းစိုးရိမ်မှုတွေက တိမ်တိုက်ကြီးလိုဖုံးလွှမ်းနေခဲ့တာပါ။အခုရရှိလိုက်တဲ့သဘောတူညီချက်ဟာဒီလိုမရေမရာဖြစ်နေတဲ့ အခြေအနေတွေကိုတစ်ခန်းရပ်သွားစေပြီးနှစ်နိုင်ငံကြားက စီးပွားရေးဆက်ဆံရေးကို အရှိန်အဟုန်နဲ့ပြန်လည် စတင်လိုက်တာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ကျွန်တော်တို့သိထားသမျှအချက်အလက်တွေကိုပေါင်းစပ်ပြီးဒီသဘောတူညီချက်က အိန္ဒိယရဲ့ကဏ္ဍအသီး သီးအပေါ်ဘယ်လိုမျိုးသက်ရောက်မှုတွေရှိလာမလဲ၊ဘယ်သူတွေအကျိုးအမြတ်ရပြီးဘယ်လိုစိန်ခေါ်မှုတွေကျန်နေသေးသလဲ ဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့်စိုက်ပျိုးရေး၊ နည်းပညာနဲ့ ရေနံကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ဘယ်လိုအပေး အယူတွေလုပ်ခဲ့ကြသလဲဆိုတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေဖြစ်ပါတယ်။

ကုန်သွယ်ရေးသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ရင်အမေရိကန်က အိန္ဒိယကုန်စည်တွေအပေါ်   ကောက်ခံနေတဲ့အခွန်နှုန်းထားကို၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာ အရင်ဆုံးတွေ့ရပါလိမ့်မယ်။ဒါဟာ အာရှဒေသရှိတခြားပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်ဒါမှမဟုတ် ပါကစ္စတန်တို့ထက်တောင်မှပိုပြီးသက်သာတဲ့နှုန်းထားဖြစ် တာကြောင့် အိန္ဒိယပို့ကုန်တွေအတွက်တော့အမေရိကန်စျေးကွက်ထဲမှာအသာစီးရသွားစေမှာပါ။ နောက်ပြီး ရုရှားဆီကနေ ရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး ထပ်ဆောင်းကောက်ခံထားတဲ့အခွန်၂၅ ရာခိုင်နှုန်းကိုလည်း လုံးဝပယ်ဖျက်ပေးလိုက်ပါတယ်။အပြန်အလှန်အနေနဲ့ အိန္ဒိယကအမေရိကန်ဆီကနေ ဒေါ်လာဘီလီယံ ၅၀၀ ဖိုးရှိမယ့် စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ ကျောက်မီးသွေးစတဲ့ထုတ်ကုန်တွေကိုဝယ်ယူဖို့ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ရုရှားဆီကရေနံဝယ်ယူမှုကိုရပ်တန့်ပြီးအမေရိကန်နဲ့ ဗင်နီဇွဲလားတို့ဆီကနေ အစားထိုးပြီးဝယ်ယူဖို့သဘောတူခဲ့တာကလည်းဒီသဘောတူညီချက်ရဲ့ အပြောင်းအလဲအကြီးဆုံးအပိုင်းလို့ဆိုရမှာဖြစ်ပါတယ်။

တကယ်တော့အခုရရှိလိုက်တဲ့သွင်းကုန်အခွန်၁၈ ရာခိုင်နှုန်းဆိုတာ ဂျပန်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံကအာရှမှာ ဒုတိယ အသက်သာဆုံးဖြစ်သွားတာပါ။အရင်တုန်းက အိန္ဒိယဟာ အာရှတိုက်မှာ အမြင့်ဆုံးနှုန်းထားဖြစ်တဲ့သွင်းကုန်အခွန် ၅၀ ရာခိုင်နှုန်း အထိ သတ်မှတ်ခံထားရဖူးတာကြောင့် အခုပြောင်းလဲမှုဟာ အိန္ဒိယရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို တရုတ်နိုင်ငံရဲ့ အစားထိုး ဗဟိုချက်ဖြစ်လာအောင်တွန်းပို့ပေးနိုင်မယ့်အလားအလာရှိပါတယ်။ အိန္ဒိယရဲ့အဓိကစီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကလည်း အကောက်ခွန်မရေမရာမှုတွေကြောင့်ရပ်တန့်နေတဲ့ "China+1" ဆိုတဲ့လုပ်ငန်းစဉ်ဟာ အခုဆိုရင် အရှိန်အဟုန်နဲ့ပြန်လည် စတင်နိုင်တော့မယ်လို့ယုံကြည်နေကြပါတယ်။ အထူးသဖြင့် အလုပ်သမားအင်အားအများကြီးသုံးရတဲ့အထည်အလိပ်၊ သားရေလုပ်ငန်း၊ ဖိနပ်နဲ့ လက်ဝတ်ရတနာကဏ္ဍတွေဟာ အရင်က အကောက်ခွန်တွေကြောင့် ကြီးကြီးမားမားထိခိုက်ခဲ့ရပေမယ့်အခုတော့အသက်ရှူချောင်သွားကြပါပြီ။

အထည်အလိပ်လုပ်ငန်းမှာဆိုရင်အိန္ဒိယနိုင်ငံရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ထက် အကောက်ခွန်နှုန်းထား ပိုသက်သာသွားတာကြောင့် အမေရိကန်စျေးကွက်မှာ အိန္ဒိယအထည်တွေ ပိုပြီးနေရာရလာဖို့ရှိနေပါတယ်။ကျောက်မျက်ရတနာကဏ္ဍဆိုရင်လည်းပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အမေရိကန်နိုင်ငံကို တင်ပို့မှု၅ ရာခိုင်နှုန်းခန့်ကျ ဆင်းခဲ့တာဟာ   အကောက်ခွန်မြင့်မားမှုကြောင့်ဖြစ်ပြီးအခုအဲဒီအဟန့်အတားတွေ ဖယ်ရှားလိုက်ပြီဖြစ်လို့ လုပ်ငန်းရှင်တွေက အားတက်နေကြပါတယ်။

မော်တော်ကားအပိုပစ္စည်းထုတ်လုပ်တဲ့ကဏ္ဍမှာဆိုရင်   တာတာမော်တာရဲ့လက်အောက်ခံဖြစ်တဲ့ဂျာဂွားလန်းရိုဗာလိုလုပ်ငန်း တွေဟာ သူတို့ရဲ့ပို့ကုန် ၃၃ ရာခိုင်နှုန်းလောက်ကို အမေရိကန်စျေးကွက်ကို မှီခိုနေရတာကြောင့် ဒီသဘောတူညီချက်က သူတို့အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူး။ဘဏ္ဍာရေးစျေးကွက်ဘက်ကိုကြည့်မယ်ဆိုရင်လည်းသဘောတူညီချက်သတင်းထွက်လာတာနဲ့တစ်ပြိုင်နက်  အိန္ဒိယစတော့စျေးကွက်ဟာ၅ ရာခိုင်နှုန်းအထိခုန်တက်သွားပြီးရူပီးငွေတန်ဖိုးက ရာခိုင်နှုန်းကျော်ပြန်တက်လာခဲ့ပါတယ်။ ဒါဟာ လပေါင်းများစွာ စိုးရိမ်ထိတ်လန့်နေခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက်အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။

ဒါပေမဲ့စိုက်ပျိုးရေးကဏ္ဍမှာတော့နှစ်နိုင်ငံစလုံးက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို  ကာကွယ်ဖို့ကြိုးစားနေကြတုန်းပါပဲ။အိန္ဒိယဟာ ဂျုံနဲ့ ဆန်လို အခြေခံသီးနှံတွေမှာ ပြည်တွင်းဖူလုံမှုရှိနေတဲ့အပြင်မျိုးရိုးဗီဇပြုပြင်ထားတဲ့ (GMO) သီးနှံတွေအပေါ်မှာ တင်းကျပ်တဲ့ကန့်သတ်ချက်တွေထားရှိထားပါတယ်။ အမေရိကန်နိုင်ငံဘက်ကတော့ သူတို့ရဲ့ GMO ပဲပုပ်နဲ့ ပြောင်းတွေကို အိန္ဒိယစျေးကွက်ထဲသွင်းချင်နေတာပါ။အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးကအထိအခိုက်မခံတဲ့ စိုက်ပျိုးရေးနဲ့ နို့ထွက်ပစ္စည်း ကဏ္ဍတွေကိုသဘောတူညီချက်ထဲမှာ ကာကွယ်ထားနိုင်ခဲ့တယ်လို့ ပြောပေမယ့် အမေရိကန်ကလည်း သူတို့လယ်သမားတွေ အတွက်      အခွင့်အလမ်းတွေပိုရလာမယ်လို့ဆိုနေတာကြောင့် အသေးစိတ်အပေးအယူကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်က  စက်မှုကဏ္ဍနဲ့နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပါတယ်။အမေရိကန် အရာရှိတွေရဲ့ပြောဆိုချက်အရ ဒီသဘောတူညီချက်ဟာ ကုန်သွယ်ရေးတင်မကဘဲ ကာကွယ်ရေးပိုင်းနဲ့ အဆင့်မြင့်နည်း ပညာပိုင်းမှာပါနှစ်နိုင်ငံကိုပိုမိုနီးကပ်သွားစေမယ်လို့ဆိုပါတယ်။

အထူးသဖြင့် Quad အဖွဲ့ကြီးအတွက်လည်းဒီသဘောတူညီချက်က  တွန်းအားအသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။အိန္ဒိယအီလက်ထ ရွန်နစ် ဝန်ကြီးကနှစ်နိုင်ငံပေါင်းပြီးကမ္ဘာကြီးအတွက်လိုအပ်တဲ့နည်းပညာသစ်တွေကိုအတူတကွဖန်တီးသွားမယ်လို့အကောင်း မြင် စကားဆိုထားပါတယ်။

ဒီသဘောတူညီချက်ဟာရုတ်တရက်ထွက်ပေါ်လာတာလို့ထင်ရပါတယ်။တကယ်တော့ စက်တင်ဘာလ ဝန်ကြီးချုပ်မိုဒီရဲ့မွေးနေ့မှာသမ္မတထရမ့်က ဖုန်းဆက်ပြီးနှုတ်ဆက်ခဲ့ရာကနေနှစ်နိုင်ငံကြားက တင်းမာမှုတွေစတင်လျော့ကျခဲ့တာလို့နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူတွေကတော့ထောက်ပြပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်သံအမတ်အသစ်အဖြစ် ထရမ့်ရဲ့ယုံကြည်ရသူဖြစ်တဲ့ ဆာဂျီယိုဂေါ ရောက်ရှိလာတာကလည်း   ညှိနှိုင်းမှုတွေကို  ပိုပြီးမြန်ဆန်ချောမွေ့သွားစေခဲ့တာပါ။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်အမေရိကန်-အိန္ဒိယကုန်သွယ်ရေးသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအတွက် "Win-Win" လို့ခေါ်ဆိုနိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။   အိန္ဒိယအတွက်အကောက်ခွန်ဝန်ထုပ်ဝန်ပိုးတွေကနေလွတ်မြောက်ပြီး  စီးပွားရေးပြန်လည်ဦးမော့လာဖို့ လမ်းစပွင့်သွားသလို အမေရိကန်အတွက်လည်း သူ့ရဲ့ကုန်ပစ္စည်းတွေကို အိန္ဒိယရဲ့ ကြီးမားတဲ့စျေးကွက်ထဲ ဒေါ်လာဘီလီယံနဲ့ချီ တင်ပို့ခွင့်ရမယ့်အခွင့်အရေးကိုဆုပ်ကိုင်နိုင်တာပါ။

ဒါပေမဲ့တစ်ဖက်မှာလည်း သတိထားစရာအချက်အချို့ ကျန်နေပါသေးတယ်။ အဲဒါကတော့ ထရမ့်ရဲ့ စိတ်ပြောင်းလွယ်တတ်တဲ့ သဘာဝနဲ့  အခုသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုတရားဝင်ပူးတွဲထုတ်ပြန်ချက်အဖြစ်မတွေ့ရသေး တာပဲဖြစ် ပါတယ်။စီးပွားရေးလေ့လာဆန်းစစ်သူအချို့ကတော့   အစိုးရချင်းသဘောတူတဲ့စာသားတွေနဲ့အကောင်အထည်ဖော်မှု ဆိုင်ရာရှင်းလင်းချက်တွေ ထွက်မလာမချင်းတော့ ဒါကို နိုင်ငံရေးအရ အချက်ပြမှုတစ်ခုအဖြစ်ပဲ ရှုမြင်သင့်တယ်လို့ သတိပေးနေကြပါတယ်။ 

ဘာပဲဖြစ်ဖြစ်အခုလက်ရှိအချိန်မှာတော့အိန္ဒိယနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးအဖုအထစ်တွေ တော်တော်လေးကို ပြေလည်သွားခဲ့ပါပြီ။   ဥရောပသမဂ္ဂနဲ့ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုပြီး    ရက်ပိုင်းအတွင်းမှာပဲအမေရိကန်နဲ့ပါ သဘောတူညီချက် ထပ်ရလိုက်တာကြောင့် အိန္ဒိယဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ   အရေးပါတဲ့အခန်းကဏ္ဍကနေဆက်လက်ရပ်တည်နိုင် တော့မှာဖြစ်ပါတယ်။  ယခုသဘောတူညီချက်ကနေတစ်ဆင့်နှစ်နိုင်ငံကြားက ယုံကြည်မှုတွေပြန်လည်တည်ဆောက်နိုင်ပြီးပိုမိုခိုင်မာတဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆီတက်လှမ်းနိုင်ပါစေလို့ပဲမျှော်လင့်ရပါတယ်။ နှစ်နိုင်ငံစလုံးကလုပ် ငန်းရှင်တွေနဲ့တောင်သူလယ်သမားတွေအတွက်တကယ်ကိုအကျိုးရှိစေမယ့်ရလဒ်ကောင်းတွေထွက်ပေါ်လာဖို့ကတော့အစိုးရနှစ် ရပ်ဆက်လက်အကောင်အထည်ဖော်မယ့်ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲ မူတည်နေတော့မှာဖြစ်ပါတယ်။       

Ref: RT, Bloomberg

MWD

ထက်မြတ်

အတ္တလန္တိတ်ကောင်စီ ကမ္ဘာ့စွမ်းအင်ဌာနမှ Joseph Webster နှင့် David Goldwyn တို့၏ “How a Venezuela shock could raise global oil and food prices”
-
မာဒူရိုတစ်ယောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်ရန် ပျက်ကွက် သည်ဟု ဒေါ်နယ်ထရန့်က ပြောပြီးကတည်းက ဝါရှင်တန်နှင့် ကာရာကတ်စ်အကြား တင်းမာမှုများ က မကြာခင်အထွတ်အထိပ်သို့ ရောက်ရှိလာနိုင်ပါသည်။ အမေရိကန်စစ်တပ်၏ USS Gerald Ford လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘောဒါဇင်ခန့်နှင့် စစ်သားထောင်ချီကာ ဗင်နီဇွဲလား ပတ်ဝန်းကျင်တွင် တပ်စွဲထားလျက်ရှိပါသည်။ ယခုအချိန်မှာ ဗင်နီဇွဲလားအတွက် ရေရှည်မျှော်လင့်ခဲ့သော ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သော်လည်း စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် ကမ္ဘာ့စွမ်းအင်နှင့် အစားအစာဈေးကွက်များအတွက် ပထမအဆင့်နှင့် ဒုတိယအဆင့် အန္တရာယ်များရှိနေပါသည်။ဗင်နီဇွဲလားသည် လက်ရှိတွင်ရေနံဈေးကွက်အတွက် Hugo Chávez ခေတ်မတိုင်မီကလောက် အရေးမပါတော့သော်လည်း တစ်နေ့လျှင် ရေနံစည် ၈၀၀,၀၀၀ (ကမ္ဘာ့စုစုပေါင်းရေနံသုံးစွဲမှု၏ ၁% အောက်) တင်ပို့နေဆဲ ဖြစ်ပါသည်။ အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုဖြစ်ပါကဗင်နီဇွဲလား၏ ထုတ်လုပ်မှုနှင့် တင်ပို့မှုများ သိသိသာသာကျဆင်းသွားမည်မှာ အသေအချာပင်။ သို့ရာတွင် အမေရိကန်၏ ပြည်တွင်းရေနံထုတ်လုပ်မှုမြင့်မားခြင်း၊ ကာရစ်ဘီယံဒေသရှိ အပိုထုတ်လုပ်နိုင်စွမ်းနှင့် အမေရိကန်နိုင်ငံ၏မဟာဗျူဟာမြောက်ရေနံသိုလှောင်ရုံများ ပြည့်နှက်နေခြင်းတို့ကြောင့် ဗင်နီဇွဲလား ထုတ်လုပ်မှု ပြတ်တောက်သွားသည့်တိုင် ရေတိုကာလမှာ ကမ္ဘာ့ရေနံစျေးနှုန်းများ အဆမတန် တက်လာနိုင်မည်တော့ မဟုတ်ပေ။သို့သော် ရေရှည်တွင် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှုပြန်လည်နလံထူရန် နှစ်များစွာကြာမြင့်နိုင်ပါ သည်။ အီရတ်နှင့်လစ်ဗျားနိုင်ငံများ၏ အတွေ့အကြုံများအရ စစ်ပြီးကာလ ရေနံထုတ်လုပ်မှုပြန်လည် စတင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ကြာရှည်စွာပြတ်တောက်သွားပါက ဒီဇယ်စျေးနှုန်းများ တက်လာနိုင် ပါသည်။ ဗင်နီဇွဲလား၏ heavy-sour ရေနံအမျိုးအစားများသည် ဒီဇယ်ထုတ်လုပ်ရန်အတွက် အလွန် သင့်လျော်ပြီး ဒီဇယ်ဈေးနှုန်းမြင့်တက်မှုသည် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို မြင့်တက်စေနိုင်ပါသည်။အမေရိကန်စစ်ရေးဝင်ရောက်စွက်ဖက်မှုသည် မာဒူရိုအစိုးရအား အခြားနိုင်ငံများသို့ ပဋိပက္ခပြန့်ပွား စေရန် လှုံ့ဆော်နိုင်စေပါသည်။ ဥပမာ ကိုလံဘီယာနှင့် ထရီနီဒက်နှင့် တိုဘာဂို နိုင်ငံ။ ကာရာကတ်စ် နှင့် ELN တော်လှန်ရေးအုပ်စုတို့၏ ဆက်နွယ်မှုကြောင့် ကိုလံဘီယာနိုင်ငံရှိ စွမ်းအင်အခြေခံ အဆောက်အဦများ (ပိုက်လိုင်းများ) သည်ပစ်မှတ်ဖြစ်လာနိုင်ပါသည်။ ကိုလံဘီယာ၏ရေနံထုတ် လုပ်မှု ပြတ်တောက်ပါက ဗင်နီဇွဲလား၏ထောက်ပံ့မှု ဆုံးရှုံးမှုအပေါ် တစ်ပူပေါ် နှစ်ဆင့်ဆိုသလို အခြေအနေကို ပိုမိုဆိုးရွားစေလာနိုင်ပြီး အမေရိကန် ရေနံချက်စက်ရုံများ၏ စီးပွားရေးကို ထိခိုက်စေ နိုင်ပါသည်။ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံသည်လည်း ကမ္ဘာ့ အမိုးနီးယားပမာဏ (၁၅-၂၀%) ထုတ်လုပ်နေသည့် နိုင်ငံဖြစ်သကဲ့သို့ အမေရိကန်သို့ဒုတိယအများဆုံးတင်ပို့သူလည်း ဖြစ်သည်။ Point Lisas စက်မှုဇုန်မှာ ဗင်နီဇွဲလားနှင့် ၅၀ ကီလိုမီတာခန့်သာ ကွာဝေးသောကြောင့် ပဋိပက္ခတွင်ထိခိုက်လွယ်နေသည့်အနေအထားတွင် ရှိနေပါသည်။ အမိုးနီးယားထုတ်လုပ်မှု ပြတ်တောက်ပါက အမေရိကတိုက်တစ်ခွင်လုံးရှိ မြေသြဇာဈေးကွက်များကို ထိခိုက်စေပြီး အစားအစာဈေးနှုန်းများ တက်လာစေနိုင်ပါသည်။မာဒူရိုအစိုးရအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးသင့်သည်မှာ မှန်နေသော်လည်း အမေရိကန်မူဝါဒ ချမှတ်သူများအနေဖြင့် စစ်ရေးအင်အားသုံးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို သေချာစဉ်းစား သင့်ပါသည်။ ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ပြန်လည်နလံထူရန်မှာ ကြာမြင့်နိုင်ပြီး အခြားရေနံ ထုတ်လုပ်သောနိုင်ငံများသို့ပဋိပက္ခပြန့်ပွားနိုင်ခြေများသည် ငွေကြေးဖောင်းပွမှုဆိုင်ရာ အန္တရာယ် များကို ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အခွင့်အလမ်းများလည်း ရှိနေပြီးသမ္မတဒေါ်နယ်ထရန့်က လည်း မာဒူရိုနှင့် တိုက်ရိုက်စကားပြောဆိုရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေ ပါသည်။ အချုပ်ဆိုရသော် ဗင်နီဇွဲလားအရေးတွင် အမေရိကန်အနေဖြင့် စစ်ရေးအင်အားသုံးခြင်းမှာ ရိုးရှင်းသောဖြေရှင်းချက်မဟုတ်ပါ။ နိုင်ငံတကာစွမ်းအင်ဈေးကွက်၊ ဒေသဆိုင်ရာတည်ငြိမ်ရေးနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးတို့အပေါ် ကျယ်ပြန့်သောသက်ရောက်မှုများ ရှိလာနိုင်သည်။ ဝါရှင်တန် သည် မာဒူရိုအစိုးရအပေါ် ဖိအားများဆက်လက်ပေးသင့်သော်လည်း စစ်ရေးအရဝင်ရောက်စွက်ဖက်မှု မပြုမီ ဂရုပြုစဉ်းစားရမည့် နောက်ဆက်တွဲဆိုးကျိုးများကို အပြည့်အဝတွက်ချက်ထားရန် လိုအပ် ပါသည်။ သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရေးသည်သာ ဗင်နီဇွဲလားပြည်သူများအတွက်သာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်နိုင်ပါသည်။ကျော်ဇေယျ၂-၁၂-၂၀၂၅

မာဒူရိုတစ်ယောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်ရန် ပျက်ကွက် သည်ဟု ဒေါ်နယ်ထရန့်က ပြောပြီးကတည်းက  ဝါရှင်တန်နှင့် ကာရာကတ်စ်အကြား တင်းမာမှုများ က မကြာခင်အထွတ်အထိပ်သို့ ရောက်ရှိလာနိုင်ပါသည်။ အမေရိကန်စစ်တပ်၏ USS Gerald Ford လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘောဒါဇင်ခန့်နှင့် စစ်သားထောင်ချီကာ ဗင်နီဇွဲလား ပတ်ဝန်းကျင်တွင် တပ်စွဲထားလျက်ရှိပါသည်။ ယခုအချိန်မှာ ဗင်နီဇွဲလားအတွက် ရေရှည်မျှော်လင့်ခဲ့သော ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သော်လည်း စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် ကမ္ဘာ့စွမ်းအင်နှင့် အစားအစာဈေးကွက်များအတွက် ပထမအဆင့်နှင့် ဒုတိယအဆင့် အန္တရာယ်များရှိနေပါသည်။

ဗင်နီဇွဲလားသည် လက်ရှိတွင်ရေနံဈေးကွက်အတွက် Hugo Chávez ခေတ်မတိုင်မီကလောက် အရေးမပါတော့သော်လည်း တစ်နေ့လျှင် ရေနံစည် ၈၀၀,၀၀၀ (ကမ္ဘာ့စုစုပေါင်းရေနံသုံးစွဲမှု၏ အောက်) တင်ပို့နေဆဲ ဖြစ်ပါသည်။ အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုဖြစ်ပါကဗင်နီဇွဲလား၏ ထုတ်လုပ်မှုနှင့် တင်ပို့မှုများ သိသိသာသာကျဆင်းသွားမည်မှာ အသေအချာပင်။ သို့ရာတွင် အမေရိကန်၏ ပြည်တွင်းရေနံထုတ်လုပ်မှုမြင့်မားခြင်း၊ ကာရစ်ဘီယံဒေသရှိ အပိုထုတ်လုပ်နိုင်စွမ်းနှင့် အမေရိကန်နိုင်ငံ၏မဟာဗျူဟာမြောက်ရေနံသိုလှောင်ရုံများ ပြည့်နှက်နေခြင်းတို့ကြောင့် ဗင်နီဇွဲလား ထုတ်လုပ်မှု ပြတ်တောက်သွားသည့်တိုင် ရေတိုကာလမှာ ကမ္ဘာ့ရေနံစျေးနှုန်းများ အဆမတန် တက်လာနိုင်မည်တော့ မဟုတ်ပေ။

သို့သော် ရေရှည်တွင် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှုပြန်လည်နလံထူရန် နှစ်များစွာကြာမြင့်နိုင်ပါ သည်။ အီရတ်နှင့်လစ်ဗျားနိုင်ငံများ၏ အတွေ့အကြုံများအရ စစ်ပြီးကာလ ရေနံထုတ်လုပ်မှုပြန်လည် စတင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။

ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ကြာရှည်စွာပြတ်တောက်သွားပါက ဒီဇယ်စျေးနှုန်းများ တက်လာနိုင် ပါသည်။ ဗင်နီဇွဲလား၏ heavy-sour ရေနံအမျိုးအစားများသည် ဒီဇယ်ထုတ်လုပ်ရန်အတွက် အလွန် သင့်လျော်ပြီး ဒီဇယ်ဈေးနှုန်းမြင့်တက်မှုသည် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို မြင့်တက်စေနိုင်ပါသည်။

အမေရိကန်စစ်ရေးဝင်ရောက်စွက်ဖက်မှုသည် မာဒူရိုအစိုးရအား အခြားနိုင်ငံများသို့ ပဋိပက္ခပြန့်ပွား စေရန် လှုံ့ဆော်နိုင်စေပါသည်။ ဥပမာ ကိုလံဘီယာနှင့် ထရီနီဒက်နှင့် တိုဘာဂို နိုင်ငံ။  ကာရာကတ်စ် နှင့် ELN တော်လှန်ရေးအုပ်စုတို့၏ ဆက်နွယ်မှုကြောင့် ကိုလံဘီယာနိုင်ငံရှိ စွမ်းအင်အခြေခံ အဆောက်အဦများ (ပိုက်လိုင်းများသည်ပစ်မှတ်ဖြစ်လာနိုင်ပါသည်။ ကိုလံဘီယာ၏ရေနံထုတ် လုပ်မှု ပြတ်တောက်ပါက ဗင်နီဇွဲလား၏ထောက်ပံ့မှု ဆုံးရှုံးမှုအပေါ် တစ်ပူပေါ် နှစ်ဆင့်ဆိုသလို အခြေအနေကို ပိုမိုဆိုးရွားစေလာနိုင်ပြီး အမေရိကန် ရေနံချက်စက်ရုံများ၏ စီးပွားရေးကို ထိခိုက်စေ နိုင်ပါသည်။ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံသည်လည်း ကမ္ဘာ့ အမိုးနီးယားပမာဏ (၁၅-၂၀%) ထုတ်လုပ်နေသည့် နိုင်ငံဖြစ်သကဲ့သို့ အမေရိကန်သို့ဒုတိယအများဆုံးတင်ပို့သူလည်း ဖြစ်သည်။ Point Lisas စက်မှုဇုန်မှာ ဗင်နီဇွဲလားနှင့် ၅၀ ကီလိုမီတာခန့်သာ ကွာဝေးသောကြောင့် ပဋိပက္ခတွင်ထိခိုက်လွယ်နေသည့်အနေအထားတွင် ရှိနေပါသည်။  အမိုးနီးယားထုတ်လုပ်မှု ပြတ်တောက်ပါက အမေရိကတိုက်တစ်ခွင်လုံးရှိ မြေသြဇာဈေးကွက်များကို ထိခိုက်စေပြီး အစားအစာဈေးနှုန်းများ တက်လာစေနိုင်ပါသည်။

မာဒူရိုအစိုးရအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးသင့်သည်မှာ မှန်နေသော်လည်း အမေရိကန်မူဝါဒ ချမှတ်သူများအနေဖြင့် စစ်ရေးအင်အားသုံးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို သေချာစဉ်းစား သင့်ပါသည်။ ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ပြန်လည်နလံထူရန်မှာ ကြာမြင့်နိုင်ပြီး အခြားရေနံ ထုတ်လုပ်သောနိုင်ငံများသို့ပဋိပက္ခပြန့်ပွားနိုင်ခြေများသည် ငွေကြေးဖောင်းပွမှုဆိုင်ရာ အန္တရာယ် များကို ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။

သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အခွင့်အလမ်းများလည်း ရှိနေပြီးသမ္မတဒေါ်နယ်ထရန့်က လည်း မာဒူရိုနှင့် တိုက်ရိုက်စကားပြောဆိုရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေ ပါသည်။ 

အချုပ်ဆိုရသော် ဗင်နီဇွဲလားအရေးတွင် အမေရိကန်အနေဖြင့် စစ်ရေးအင်အားသုံးခြင်းမှာ ရိုးရှင်းသောဖြေရှင်းချက်မဟုတ်ပါ။ နိုင်ငံတကာစွမ်းအင်ဈေးကွက်၊ ဒေသဆိုင်ရာတည်ငြိမ်ရေးနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးတို့အပေါ် ကျယ်ပြန့်သောသက်ရောက်မှုများ ရှိလာနိုင်သည်။ ဝါရှင်တန် သည် မာဒူရိုအစိုးရအပေါ် ဖိအားများဆက်လက်ပေးသင့်သော်လည်း စစ်ရေးအရဝင်ရောက်စွက်ဖက်မှု မပြုမီ ဂရုပြုစဉ်းစားရမည့် နောက်ဆက်တွဲဆိုးကျိုးများကို အပြည့်အဝတွက်ချက်ထားရန် လိုအပ် ပါသည်။ သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရေးသည်သာ ဗင်နီဇွဲလားပြည်သူများအတွက်သာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်နိုင်ပါသည်။

ကျော်ဇေယျ

၂-၁၂-၂၀၂၅

Joseph Webster နှင့် David Goldwyn

ဂိုင်ယာနာ သို့မဟုတ် ကမ္ဘာ့စားနပ်ရိက္ခာ အပြည့်ဝဆုံး နိုင်ငံ
-
Nature Food ဂျာနယ်မှ လတ်တလော ဖော်ပြခဲ့သော လေ့လာမှုတစ်ရပ်အရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံ အနက် ဂိုင်ယာနာနိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်မှုတွင် မိမိနိုင်ငံအတွက် ပြည့်စုံလုံလောက်မှု အရှိဆုံးဖြစ်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ရပ်တည်နိုင်သော နိုင်ငံဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံစိုက်ပျိုးရေး ထွက်ကုန်များ သည် သွင်းကုန်များအပေါ် မှီခိုခြင်း လုံးဝမရှိဘဲ ၎င်း၏လူဦးရေ၏ အာဟာရလိုအပ်ချက်များကို ပြည့်စုံလုံလောက်စွာ ဖြည့်ဆည်းနိုင်စွမ်းရှိခြင်းဖြစ်ပါသည်။CARICOM ၏ 'Vision 25 by 2025' ဆိုင်ရာလုပ်ငန်းစဉ်မှာ ကာရေဘီယံဒေသ၏ စားနပ်ရိက္ခာ တင်သွင်းမှု ကုန်ကျစရိတ်ကို လျှော့ချရန် ရည်ရွယ်ပြီး ဒေသတွင်း၏ "ပေါင်မုန့်ခြင်းတောင်း" ဟု ခေါ်တွင်သည့် ဂိုင်ယာနာ နိုင်ငံက‌ အဆိုပါကြိုးပမ်းမှုကို ဦးဆောင်လျက် ရှိပါသည်။ဂိုင်ယာနာနိုင်ငံက စားနပ်ရိက္ခာဖူလုံရေးကို မည်သို့ အောင်မြင်အောင် ဆောင်ရွက်နေသလဲဂိုင်ယာနာ၏ တိုးတက်လာမှုမှာ အစိုးရ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများပေါ်တွင် အခြေခံထားသည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များသည် ၄၆၈ ရာခိုင်နှုန်းခန့် မြင့်တက် လာခဲ့သည်ဟု သိရပါသည်။ဆန်စပါးထုတ်လုပ်မှု၂၀၂၅ ခုနှစ်တွင် အစိုးရသည် ဆန်စပါးကဏ္ဍအတွက် ဂိုင်ယာနာ ဒေါ်လာ ၄၃၀.၉ သန်း သတ်မှတ်ခဲ့ပါသည်။ မျိုးစေ့ထုတ်လုပ်မှု စွမ်းရည်ကို တိုးမြှင့်ခဲ့ပြီး နှစ်စဉ် ဆန်အိတ်ပေါင်း ၁၅၂,၀၀၀ အထိ ရောက်ရှိခဲ့ကာ ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ပါသည်။မွေးမြူရေးနှင့် ရေလုပ်ငန်းတိုးတက်လာသော မွေးမြူရေးနှင့် ရေလုပ်ငန်းများကို ပံ့ပိုးရန်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ Broiler Breeder Project ကို စတင်ခဲ့ပြီး ထိုစီမံကိန်းမှ လယ်သမား ၅,၅၀၀ ကျော်အား ပံ့ပိုးပေးနိုင်ခဲ့သည်။ Mon Repos ရှိ Satyadeow Sawh Aquaculture Station ကို ဧက ၁၄ အထိ ချဲ့ထွင်ခဲ့ပြီး အမှတ် ၂၊ ၃၊ ၄၊ ၅ နှင့် ၆ ရှိ ငါးဖမ်းဆိပ်ကမ်းများကို ဂိုင်ယာနာဒေါ်လာ ၃၀၀ သန်းခန့် ကုန်ကျမှုဖြင့် အဆင့်မြှင့်တင်ပေးခဲ့ပါသည်။ အစိုးရ သည် မွေးမြူရေးလုပ်ငန်းကို အားဖြည့်ရန်အတွက် ဂိုင်ယာနာ ဒေါ်လာ ၁.၇ ဘီလီယံ သတ်မှတ်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အဆိုပါကဏ္ဍသည် ၂၄.၆% ကြီးထွားမှုရှိခဲ့ပြီး ကြက်၊ ဝက်၊ အမဲနှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင် သိသာစွာ တိုးတက်မှုများ ရှိခဲ့သည်။ အဆိုပါတိုးတက်မှုသည် မျိုးရိုးမွေးမြူရေး အစီအစဉ်များ မြှင့်တင်ခြင်းနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ထိရောက်မှုတို့ကြောင့် ဖြစ်ပါသည်။ ထို့ပြင် ရေငန်ရေလုပ်ငန်းမှာလည်း ၁၃.၇% ချဲ့ထွင် နိုင်ခဲ့ပါသည်။ပျားမွေးမြူရေးပျားမွေးမြူရေးကဏ္ဍတွင် ပျားအိမ်ပေါင်း ၅၀၀ ကို ပျားမွေးမြူသူ ၁,၃၄၄ ဦးထံ ဖြန့်ဝေပေး နိုင်ခဲ့ခြင်းမှာ သိသာ ထင်ရှားသော တိုးတက်မှုဟု ဆိုရပါမည်။ ပျားရည်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်က ၂,၆၀၀ ဂါလန်ရှိခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ဂါလန် ၃၀,၀၀၀ နီးပါးအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။ပြောင်းနှင့် ပဲပုပ်စိုက်ပျိုးရေး၂၀၂၃ ခုနှစ်တွင် ပြောင်းနှင့် ပဲပုပ်စိုက်ပျိုးရန်အတွက် ဧက ၁၀,၀၀၀ ခန့် သတ်မှတ်ခဲ့ ပါသည်။ ထိုပမာဏမှာ ၂၀၂၅ ခုနှစ်မတိုင်မီ ဧက ၂၅,၀၀၀ အထိ တိုးမြှင့်သွားရန် မျှော်မှန်း ထားပြီး တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးရန် အစီအစဉ်များ ရှိပါသည်။ ထိုသို့ချဲ့ထွင်မှုကို အထောက်အကူပြု ပံ့ပိုးရန်အတွက် ကားလမ်း ၄၀ ကီလိုမီတာ ဖောက်လုပ်ခြင်း အပါအဝင် အခြေခံအဆောက်အအုံများအတွက် ဂိုင်ယာနာ ဒေါ်လာ ၁.၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။မူဝါဒဆိုင်ရာ အစီအမံများနှင့် လယ်သမားများအား ပံ့ပိုးမှုများစိုက်ပျိုးရေးကဏ္ဍတိုးတက်လာမှုကို ပိုမိုထိရောက်စေရန်အတွက် အစိုးရက စိုက်ပျိုးရေး စက်ကိရိယာများမှ စျေးကွက်ရောင်းချမှုအခွန် (VAT) ကို ရုပ်သိမ်းပေးခဲ့ပါသည်။ ထို့ပြင် ဂိုင်ယာနာသမ္မတ Dr. Mohamed Irfaan Ali က ထုတ်လုပ်မှုတိုးတက်စေရန်အတွက် လယ်သမားများအား တစ်ဧကလျှင် မြေဩဇာတစ်အိတ် ပေးအပ်ခြင်းဖြင့် ဂိုင်ယာနာ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ မြေဩဇာပံ့ပိုးမှု အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါသည်။ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုလယ်သမားများ၏ ဝင်ငွေလမ်းကြောင်းများ ရရှိလာစေရန်အတွက် သမ္မတ Ali က Berbice မြစ်ဝှမ်းဒေသတွင် အနီရောင်ပဲနှင့် black-eyed peas ပဲများ စိုက်ပျိုးရန်အတွက် ၂၀၂၅ ခုနှစ် ကုန်ခါနီးတွင် မြေယာ ၁,၀၀၀ ဧက လုပ်ငန်းလည်ပတ်စေမည့် အစီအစဉ်များ ကြေညာခဲ့ပါသည်။ လက်ရှိတွင် Ebini၊ Kimbia နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ လယ်သမား ၇၇ ဦးသည် အနီရောင်ပဲ ၆၆၃ ဧက စိုက်ပျိုးလျက်ရှိပါသည်။သမ္မတက အစပိုင်းအဆင့်တွင် နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အနည်းဆုံး ဧက ၈,၀၀၀ လိုအပ်ကြောင်း ပြောကြားထားပါသည်။ ဧကတစ်ခုလျှင် အနီရောင်ပဲ ၁,၆၀၀ ပေါင်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းရပြီး နှစ်စဉ်ထုတ်လုပ်မှုတွင် ၁.၆ သန်းပေါင် ထပ်တိုးနိုင်လာမည်ဖြစ်ပါသည်။လူငယ်များ ပါဝင်မှုလူငယ်များ ပါဝင်ဆောင်ရွက်မှုသည် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းစဉ်၏ အခြေခံ အုတ်မြစ်ဖြစ်နေဆဲဖြစ်ပါသည်။ စိုက်ပျိုးရေးဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးလုပ်ငန်း ဖော်ဆောင်မှု အစီအစဉ် (AIEP) မှတစ်ဆင့် လူငယ်အစီအစဉ် ပါဝင်သူ ၇၀ ရာခိုင်နှုန်း ကျော်သည် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ပြောင်းလဲလာခဲ့ကြ ပါသည်။ အစီအစဉ်တွင် ပန်းဂေါ်ဖီ၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းကဲ့သို့သော မြင့်မား တန်ဖိုးရှိသော သီးနှံများ အတွက် အရိပ်ရအိမ် ၂၀၀ ကျော် ဆောက်လုပ်ရာတွင် ပံ့ပိုးပေး ခဲ့သည်။၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဂိုင်ယာနာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် နည်းဗျူဟာကျသော ရင်းနှီး မြှုပ်နှံမှုများနှင့် ခိုင်မာသော မူဝါဒကြောင့် တည်တံ့ခိုင်မြဲသော တိုးတက်မှုနှင့်အတူ စုံလင်ကွဲပြားသော အောင်မြင်မှု များကို ရရှိခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစနစ်များ ဖိအားပိုမိုကြုံတွေ့နေရချိန်တွင် ဂိုင်ယာနာ၏ စားနပ် ရိက္ခာ ကိုယ်တိုင်ပြည့်ဝမှု ပုံစံသည်ကား ဒေသတွင်းနှင့် ဒေသပြင်ပတွင် ဦးဆောင်သော နမူနာ တစ်ရပ်အဖြစ် မျက်ဝါးထင်ထင် တွေ့မြင်ရပါမည်။ဆောင်းပါးရှင် - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၃)ကိုးကား- ဂိုင်ယာနာနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန

Nature Food ဂျာနယ်မှ လတ်တလော ဖော်ပြခဲ့သော လေ့လာမှုတစ်ရပ်အရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံ အနက် ဂိုင်ယာနာနိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်မှုတွင် မိမိနိုင်ငံအတွက် ပြည့်စုံလုံလောက်မှု အရှိဆုံးဖြစ်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ရပ်တည်နိုင်သော နိုင်ငံဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံစိုက်ပျိုးရေး ထွက်ကုန်များ သည် သွင်းကုန်များအပေါ် မှီခိုခြင်း လုံးဝမရှိဘဲ ၎င်း၏လူဦးရေ၏ အာဟာရလိုအပ်ချက်များကို ပြည့်စုံလုံလောက်စွာ ဖြည့်ဆည်းနိုင်စွမ်းရှိခြင်းဖြစ်ပါသည်။

CARICOM ၏ 'Vision 25 by 2025' ဆိုင်ရာလုပ်ငန်းစဉ်မှာ ကာရေဘီယံဒေသ၏ စားနပ်ရိက္ခာ တင်သွင်းမှု ကုန်ကျစရိတ်ကို လျှော့ချရန် ရည်ရွယ်ပြီး ဒေသတွင်း၏ "ပေါင်မုန့်ခြင်းတောင်း" ဟု ခေါ်တွင်သည့် ဂိုင်ယာနာ နိုင်ငံက‌ အဆိုပါကြိုးပမ်းမှုကို ဦးဆောင်လျက် ရှိပါသည်။

ဂိုင်ယာနာနိုင်ငံက စားနပ်ရိက္ခာဖူလုံရေးကို မည်သို့ အောင်မြင်အောင် ဆောင်ရွက်နေသလဲ

ဂိုင်ယာနာ၏ တိုးတက်လာမှုမှာ အစိုးရ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများပေါ်တွင် အခြေခံထားသည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များသည် ၄၆၈ ရာခိုင်နှုန်းခန့် မြင့်တက် လာခဲ့သည်ဟု သိရပါသည်။

ဆန်စပါးထုတ်လုပ်မှု

၂၀၂၅ ခုနှစ်တွင် အစိုးရသည် ဆန်စပါးကဏ္ဍအတွက် ဂိုင်ယာနာ ဒေါ်လာ ၄၃၀.၉ သန်း သတ်မှတ်ခဲ့ပါသည်။ မျိုးစေ့ထုတ်လုပ်မှု စွမ်းရည်ကို တိုးမြှင့်ခဲ့ပြီး နှစ်စဉ် ဆန်အိတ်ပေါင်း ၁၅၂,၀၀၀ အထိ ရောက်ရှိခဲ့ကာ ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ပါသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း

တိုးတက်လာသော မွေးမြူရေးနှင့် ရေလုပ်ငန်းများကို ပံ့ပိုးရန်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ Broiler Breeder Project ကို စတင်ခဲ့ပြီး ထိုစီမံကိန်းမှ လယ်သမား ၅,၅၀၀ ကျော်အား ပံ့ပိုးပေးနိုင်ခဲ့သည်။ Mon Repos ရှိ Satyadeow Sawh Aquaculture Station ကို ဧက ၁၄ အထိ ချဲ့ထွင်ခဲ့ပြီး အမှတ် ၂၊ ၃၊ ၄၊ ၅ နှင့် ၆ ရှိ ငါးဖမ်းဆိပ်ကမ်းများကို ဂိုင်ယာနာဒေါ်လာ ၃၀၀ သန်းခန့် ကုန်ကျမှုဖြင့် အဆင့်မြှင့်တင်ပေးခဲ့ပါသည်။ အစိုးရ သည် မွေးမြူရေးလုပ်ငန်းကို အားဖြည့်ရန်အတွက် ဂိုင်ယာနာ ဒေါ်လာ ၁.၇ ဘီလီယံ သတ်မှတ်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အဆိုပါကဏ္ဍသည် ၂၄.၆% ကြီးထွားမှုရှိခဲ့ပြီး ကြက်၊ ဝက်၊ အမဲနှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင် သိသာစွာ တိုးတက်မှုများ ရှိခဲ့သည်။ အဆိုပါတိုးတက်မှုသည် မျိုးရိုးမွေးမြူရေး အစီအစဉ်များ မြှင့်တင်ခြင်းနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ထိရောက်မှုတို့ကြောင့် ဖြစ်ပါသည်။ ထို့ပြင် ရေငန်ရေလုပ်ငန်းမှာလည်း ၁၃.၇% ချဲ့ထွင် နိုင်ခဲ့ပါသည်။

ပျားမွေးမြူရေး

ပျားမွေးမြူရေးကဏ္ဍတွင် ပျားအိမ်ပေါင်း ၅၀၀ ကို ပျားမွေးမြူသူ ၁,၃၄၄ ဦးထံ ဖြန့်ဝေပေး နိုင်ခဲ့ခြင်းမှာ သိသာ ထင်ရှားသော တိုးတက်မှုဟု ဆိုရပါမည်။ ပျားရည်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်က ၂,၆၀၀ ဂါလန်ရှိခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ဂါလန် ၃၀,၀၀၀ နီးပါးအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။

ပြောင်းနှင့် ပဲပုပ်စိုက်ပျိုးရေး

၂၀၂၃ ခုနှစ်တွင် ပြောင်းနှင့် ပဲပုပ်စိုက်ပျိုးရန်အတွက် ဧက ၁၀,၀၀၀ ခန့် သတ်မှတ်ခဲ့ ပါသည်။ ထိုပမာဏမှာ ၂၀၂၅ ခုနှစ်မတိုင်မီ ဧက ၂၅,၀၀၀ အထိ တိုးမြှင့်သွားရန် မျှော်မှန်း ထားပြီး တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးရန် အစီအစဉ်များ ရှိပါသည်။ ထိုသို့ချဲ့ထွင်မှုကို အထောက်အကူပြု ပံ့ပိုးရန်အတွက် ကားလမ်း ၄၀ ကီလိုမီတာ ဖောက်လုပ်ခြင်း အပါအဝင် အခြေခံအဆောက်အအုံများအတွက် ဂိုင်ယာနာ ဒေါ်လာ ၁.၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

မူဝါဒဆိုင်ရာ အစီအမံများနှင့် လယ်သမားများအား ပံ့ပိုးမှုများ

စိုက်ပျိုးရေးကဏ္ဍတိုးတက်လာမှုကို ပိုမိုထိရောက်စေရန်အတွက် အစိုးရက စိုက်ပျိုးရေး စက်ကိရိယာများမှ စျေးကွက်ရောင်းချမှုအခွန် (VAT) ကို ရုပ်သိမ်းပေးခဲ့ပါသည်။ ထို့ပြင် ဂိုင်ယာနာသမ္မတ Dr. Mohamed Irfaan Ali က ထုတ်လုပ်မှုတိုးတက်စေရန်အတွက် လယ်သမားများအား တစ်ဧကလျှင် မြေဩဇာတစ်အိတ် ပေးအပ်ခြင်းဖြင့် ဂိုင်ယာနာ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ မြေဩဇာပံ့ပိုးမှု အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု

လယ်သမားများ၏ ဝင်ငွေလမ်းကြောင်းများ ရရှိလာစေရန်အတွက် သမ္မတ Ali က Berbice မြစ်ဝှမ်းဒေသတွင် အနီရောင်ပဲနှင့် black-eyed peas ပဲများ စိုက်ပျိုးရန်အတွက် ၂၀၂၅ ခုနှစ် ကုန်ခါနီးတွင် မြေယာ ၁,၀၀၀ ဧက လုပ်ငန်းလည်ပတ်စေမည့် အစီအစဉ်များ ကြေညာခဲ့ပါသည်။ လက်ရှိတွင် Ebini၊ Kimbia နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ လယ်သမား ၇၇ ဦးသည် အနီရောင်ပဲ ၆၆၃ ဧက စိုက်ပျိုးလျက်ရှိပါသည်။

သမ္မတက အစပိုင်းအဆင့်တွင် နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အနည်းဆုံး ဧက ၈,၀၀၀ လိုအပ်ကြောင်း ပြောကြားထားပါသည်။ ဧကတစ်ခုလျှင် အနီရောင်ပဲ ၁,၆၀၀ ပေါင်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းရပြီး နှစ်စဉ်ထုတ်လုပ်မှုတွင် ၁.၆ သန်းပေါင် ထပ်တိုးနိုင်လာမည်ဖြစ်ပါသည်။

လူငယ်များ ပါဝင်မှု

လူငယ်များ ပါဝင်ဆောင်ရွက်မှုသည် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းစဉ်၏ အခြေခံ အုတ်မြစ်ဖြစ်နေဆဲဖြစ်ပါသည်။ စိုက်ပျိုးရေးဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးလုပ်ငန်း ဖော်ဆောင်မှု အစီအစဉ် (AIEP) မှတစ်ဆင့် လူငယ်အစီအစဉ် ပါဝင်သူ ၇၀ ရာခိုင်နှုန်း ကျော်သည် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ပြောင်းလဲလာခဲ့ကြ ပါသည်။ အစီအစဉ်တွင် ပန်းဂေါ်ဖီ၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းကဲ့သို့သော မြင့်မား တန်ဖိုးရှိသော သီးနှံများ အတွက် အရိပ်ရအိမ် ၂၀၀ ကျော် ဆောက်လုပ်ရာတွင် ပံ့ပိုးပေး ခဲ့သည်။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဂိုင်ယာနာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် နည်းဗျူဟာကျသော ရင်းနှီး မြှုပ်နှံမှုများနှင့် ခိုင်မာသော မူဝါဒကြောင့် တည်တံ့ခိုင်မြဲသော တိုးတက်မှုနှင့်အတူ စုံလင်ကွဲပြားသော အောင်မြင်မှု များကို ရရှိခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစနစ်များ ဖိအားပိုမိုကြုံတွေ့နေရချိန်တွင် ဂိုင်ယာနာ၏ စားနပ် ရိက္ခာ ကိုယ်တိုင်ပြည့်ဝမှု ပုံစံသည်ကား ဒေသတွင်းနှင့် ဒေသပြင်ပတွင် ဦးဆောင်သော နမူနာ တစ်ရပ်အဖြစ် မျက်ဝါးထင်ထင် တွေ့မြင်ရပါမည်။

ဆောင်းပါးရှင် - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၃)

ကိုးကား- ဂိုင်ယာနာနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန

စက်မှုစုစည်းမှုဖြင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်ခြင်း
-
အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် Industrial Zones (စက်မှုဇုန်များ) တည်ရှိရုံမျှဖြင့် မလုံလောက်တော့ဘဲ Industrial Cluster (စက်မှုစုစည်းမှု) သည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။စက်မှုလုပ်ငန်းများ တစ်နေရာတည်းတွင် စုစည်းတည်ရှိရုံမျှမက လုပ်ငန်းများ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်ပါသည်။ “တစ်ခုတည်းသော စက်မှုလုပ်ငန်းပုံစံမဟုတ်ဘဲ ဆက်စပ်လုပ်ငန်းအမျိုးမျိုး ပူးပေါင်းပြီး စက်မှုစုစည်းမှုပုံစံ” ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတစ်ခုနှင့်တစ်ခု ပစ္စည်းရောင်းဝယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အလေ့အကျင့်ကောင်းများ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အကျိုးတူရရှိကြမည် ဖြစ်ပါသည်။Industrial Cluster (စက်မှုစုစည်းမှု) ဆောင်ရွက်မှုပုံစံကို ဂျပန်နိုင်ငံတွင် ၁၉ ရာစုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့ပြီး ဂျပန်နိုင်ငံ၏ MEIJI ခေတ်အလွန်ပေါ်ပေါက်ခဲ့သော Zaibatsu သည် စက်မှုစုစည်းမှုဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းစီမံခန့်ခွဲမှုပုံစံ ပြောင်းလဲ လာခြင်းနှင့်အတူ Keiretsu ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။စက်မှုစုစည်းမှုပုံစံသည် တည်ရှိပြီးသော ပုံစံတစ်ခုဖြစ်ပြီး လိုက်ပါဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း အခြေခံအဆောက်အအုံ ကောင်းမွန်စေခြင်း၊ နည်းပညာပြည့်ဝစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေခြင်းသာမက လုပ်ငန်းများ အကြား ယုံကြည်မှုတည်ဆောက်ခြင်းလည်း လိုအပ်မည်ဖြစ်ပါသည်။Zaibatsuဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို စုပေါင်းတည်ထောင်ထားသော ကော်ပိုရေးရှင်းကို Zaibatsu ဟုခေါ်ပါသည်။ ၁၈၆၈ ခုနှစ် MEIJI ခေတ်ကို ကျော်လွန်ပြီးနောက် Zaibatsu စနစ်ကို ကျင့်သုံးပြီးလုပ်ငန်းရှင်များက ယင်းတို့၏ စွမ်းအားကိုချဲ့ထွင်ခြင်း၊ ကိုယ်ပိုင်တိုးတက်မှုအတွက် စက်မှုလုပ်ငန်းဆိုင်ရာ အခြေအနေအသစ်များကို အသုံးပြုခြင်းဖြင့် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြသည်။ Zaibatsu သည် ၁၉ ရာစုနှစ်နောက်ပိုင်းမှ ဒုတိယကမ္ဘာစစ်အထိ ဂျပန်နိုင်ငံ၏ တိုးတက်မှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။Zaibatsu သည် ကော်ပိုရေးရှင်းလုပ်ငန်းများအသွင်ပြောင်းလဲဖြစ်ပေါ်လာပြီး အရင်းအနှီးများကို မိသားစုတစ်ခု သို့မဟုတ် မိသားစုလုပ်ဖော်ကိုင်ဖက်များမှ ပိုင်ဆိုင်သော်လည်း မိခင်ကုမ္ပဏီက ဗဟို အချက်အချာအာဏာချုပ်ကိုင်၍ ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းအသီးသီးကို ထိန်းချုပ်ခဲ့ပါသည်။ ကုမ္ပဏီခွဲများကို စက်မှုလုပ်ငန်းကဏ္ဍ အမျိုးမျိုးတွင် လူနည်းစုအုပ်ချုပ်သောစနစ် (Oligopoly) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။အကြီးဆုံး Zaibatsu ရှစ်ခု၏ မူလစီးပွားရေး လုပ်ငန်းများမှာ-- Mitsui: ဘဏ်လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊- Mitsubishi: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊- Sumitomo: သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊- Yasuda: ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊- Asao: ဘိလပ်မြေလုပ်ငန်း၊ ရေကြောင်း ဆိုင်ရာကုန်သွယ်မှုလုပ်ငန်း၊- Furukawa: သတ္တုတူးဖော်ရေးလုပ်ငန်း၊ လျှပ်စစ် ကြေးနန်းလုပ်ငန်း၊- Okura: ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊- Kawasaki: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း တို့ ဖြစ်ပါ သည်။၁၉၂၀ ပြည့်နှစ်များက Zaibatsu စီးပွားရေး လုပ်ငန်းများက ဘဏ္ဍာရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍနှင့် စက်မှုကဏ္ဍ လုပ်ငန်းအများအပြားအပေါ် လွှမ်းမိုးခဲ့သည်။ Zaibatsu အုပ်စုတွင် Mitsubishi၊ Mitsui နှင့် Sumitomo တို့သည် အကြီးဆုံးလုပ်ငန်း သုံးခုဖြစ်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုသည် ဂျပန်နိုင်ငံရှိ လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိပါသည်။ Zaibatsu ၏ ဖွဲ့စည်းပုံသည် လုပ်ငန်းများ၏ ထိပ်ပိုင်းနေရာများကို မိသားစုဝင်များက ထိန်းချုပ်ထားသော်လည်း စီးပွားရေးစီမံခန့်ခွဲမှုအပိုင်းများတွင် မိသားစုဝင်နှင့်ဆက်စပ်မှုမရှိသော ကျွမ်းကျင်သည့် မန်နေဂျာများကို ခန့်အပ်တာဝန်ပေးထားပါသည်။ပိုင်ဆိုင်သူများ၏ သွင်ပြင်လက္ခဏာများဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေအနေတစ်ခုသည် မိသားစုပိုင်ဆိုင်မှုကို အထူးသီးသန့်ထိန်းသိမ်းထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် ဖြစ်ပါသည်။ ကုန်သည်များသည် ၎င်းတို့၏ အဖိုးတန်အရည်အချင်းများကို ၎င်းတို့၏ ဘိုးဘေးဘီဘင်များထံမှ ခြေရာလက်ရာမပျက် လက်ခံရရှိခဲ့ပြီး ထိုအဖိုးတန်အရည်အချင်းများကို မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးခြင်းဖြစ်ပါသည်။ ထို့အပြင် မိဘများထံမှ နည်းပညာသာမက မြေနှင့် ပိုင်ဆိုင်မှုများကို ရရှိခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများကို တည်ငြိမ်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ Zaibatsu ကို အောင်မြင်စေသည့် အချက်တစ်ချက်မှာ ပိုင်ရှင်၏ ရှေးရိုးစွဲဝါဒနှင့် လိုက်ဖက်ညီခြင်းနှင့် စီမံခန့်ခွဲ ရေးနည်းလမ်းများ အသစ်တီထွင်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။Zaibatsu ပြိုကွဲခြင်းဒုတိယကမ္ဘာစစ်အတွင်း အဓိကကျသည့် Zaibatsu ၁၀ ခု၏ရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည် ရင်းနှီးမြှုပ်နှံမှု၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပါသည်။ ထို့ကြောင့် Zaibatsu ကို လက်ဝါးကြီးအုပ် လုပ်ဆောင်သော ကုမ္ပဏီများအဖြစ် ရှုမြင်ကြပြီး ၎င်းတို့ကိုဖြိုခွဲရန် ဆုံးဖြတ်ခဲ့ကြပါသည်။၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်များအထိ ဂျပန်နိုင်ငံသည် စီးပွားရေးကျဆင်းခဲ့ပြီး ပြည်သူအများ အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် Zaibatsu မိသားစုများကို နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီမိသားစုများက ထိပ်ပိုင်းနေရာများမှ နုတ်ထွက်ခဲ့ကြပြီး ပိုင်ဆိုင်မှုများကို ရိုးရှင်းသော စီမံခန့်ခွဲသည့် အဖွဲ့အစည်းများပုံစံအဖြစ် ပြောင်းလဲခဲ့ကြသည်။ဒုတိယကမ္ဘာစစ်ပြီးနောက် Zaibatsuဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးစနစ်သည် ပူးပေါင်းစီမံခန့်ခွဲ မှုစနစ်ကို ဦးတည်လာသောကြောင့် Zaibatsu ၏ အကြီးဆုံးသောကုမ္ပဏီများ ပြိုကွဲသွားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပြီး Mitsui ၊ Mitsubishi နှင့် Sumitomo တို့ ပြန်လည် ပေါ်ပေါက်လာခဲ့သော်လည်း အချို့သောကုမ္ပဏီကြီးများ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။Keiretsu ပေါ်ပေါက်လာခြင်းZaibatsu ပြိုကွဲသွားပြီးနောက် ပြည်တွင်း၊ ပြည်ပ အပြောင်းအလဲများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ်ထားရှိသည့် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပါသည်။ Zaibatsu ပုံစံမှ သွေဖည်လာပြီး ပိုင်ဆိုင်မှုပုံစံသည် ဝါစဉ်လိုက်ပိုင်ဆိုင်မှုစနစ် (Hierarchical System)မှ လုပ်ငန်း တွင်းပိုင်ဆိုင်မှု (Inter-locking Ownership) ပုံစံသို့ပြောင်းလဲလာခဲ့သည်။ လုပ်ငန်းအုပ်ချုပ်မှုသည် ဥက္ကဋ္ဌကြီးကြပ်သည့်အဖွဲ့ပုံစံ ဖြစ်လာပြီး အုပ်စုတစ်ခုချင်းစီတွင် အထွေထွေကုန်သွယ်မှုကုမ္ပဏီ (General Trading Company) တစ်ခုနှင့်ဘဏ်လုပ်ငန်း (Major In-house Bank) တစ်ခုအပါအဝင် ဖြင့် ဖွဲ့စည်းလာကြသည်။အမေရိကန်နိုင်ငံ၏ ဂျပန်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒကလည်း ဂျပန်နိုင်ငံ၏ စီးပွားရေးစွမ်းပကားများကို မြှင့်တင်ပေးခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ စက်မှုဆိုင်ရာဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ် မှုစွမ်းအားများ မြင့်တက်လာမှုများသည် ကိုရီးယားနှင့် စစ်ဖြစ်နေသည့်ကာလတွင်ပင် အမေရိကန် နိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်းတွင်လည်း ၁၉၄၉ ခုနှစ် ဥပဒေနှင့် ၁၉၅၃ ခုနှစ် Antimonopoly Act တို့ဖြင့် ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများက ဘဏ္ဍာရေးနှင့် မသက်ဆိုင်သောကုမ္ပဏီများ၏ ရှယ်ယာ များကို ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်နိုင်ခွင့် ခွင့်ပြုထားပြီး Stocks ကိုင်ဆောင်ထားသည့် ကုမ္ပဏီများအပေါ် တားမြစ်ချက်များကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစိုးရမူဝါဒများက တိုးတက်နေသည့်ကာလအတွင်း အရင်းအနှီးများကို အရန်သင့်ထားရှိစေခြင်းနှင့် လုပ်ငန်းများအုပ်စုဖွဲ့ခြင်းများကို တိုးမြှင့်လုပ်ဆောင် စေခဲ့ပါသည်။ ကိုရီးယားစစ်ပွဲပြီးဆုံးသွားပြီးနောက် အချို့စက်မှုလုပ်ငန်းကုမ္ပဏီကြီးများ၏ စွမ်းဆောင် ရည်နည်းပါးမှုကိုဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များအကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအုပ်စုများ (Corporate Groups) ကိုလည်း ရှင်းလင်းတိကျစေရန် အစိုးရမူဝါဒများ ရေးဆွဲဆောင်ရွက်ပေးခဲ့သည့်အတွက် Keiretsu စတင်ပေါ်ထွန်းလာခဲ့ပါသည်။ Keiretsu ဆိုသည်မှာ ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ဘဏ္ဍာ ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ပါသည်။ပေါင်းစည်းဆောင်ရွက်သော အုပ်စုများဖွဲ့စည်းခြင်း၁၉၅၂ ခုနှစ်နောက်ပိုင်းတွင် ပေါင်းစည်းဆောင်ရွက်မှုများအဖြစ် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပထမနည်းလမ်းမှာ အသင်းများဖွဲ့စည်းပြီး အသင်းဝင်များနှင့် ပေါင်းစည်းဆောင် ရွက်သောကုမ္ပဏီကြီးများ၊ ဒုတိယနည်းလမ်းမှာ ပေါင်းစည်းဆောင်ရွက်သော ကုမ္ပဏီများ၏ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တတိယနည်းလမ်းမှာ ငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ Keiretsu ငွေရေးကြေးရေးမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ရလဒ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သော အုပ်စုများက သမားရိုးကျဆောင်ရွက်သော လုပ်ဆောင်မှုပုံစံဖြစ်သည့် ပွင့်လင်းမှုမရှိသော ရှေးရိုးဆန်သော အုပ်စုဟောင်းများကိုဖျက်သိမ်းပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး တိုးတက်မှုရှိခဲ့သည့်ပုံစံ ကျင့်သုံးခဲ့ပါသည်။ ဤသည်မှာ စစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်မားလာခြင်း၏ အဓိကအချက်ဖြစ်ပါသည်။ အဓိကကျသော ပူးပေါင်းဆောင်ရွက်မှုအုပ်စု ခြောက်ခုမှာ Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo ၊ Dai-ichi Kangin နှင့် Sanwa တို့ ဖြစ်ပါသည်။၁၉၆၀ ပြည့်နှစ် ဥပဒေအရ စစ်ပြီးခေတ် Zaibatsu ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးများ ဖြစ်သည့် Mitsui ၊ Mitsubishi နှင့် Sumitomo ကုမ္ပဏီများပါဝင်သည့် Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo၊ Sanwa နှင့် Dai-ichi ကုမ္ပဏီများပူးပေါင်းထားသည့် “Big Six Keiretsu” အုပ်စုပေါ်ထွက်လာခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ကြီးမားသောအဖွဲ့ အစည်းများသည် ပူးပေါင်းဆောင်ရွက်သည့်အုပ်စုများ၏ အုပ်ချုပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။Kieretsu ကုမ္ပဏီအုပ်စုများတွင် ပါဝင်သည့် ကုမ္ပဏီများက ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှု သာမက အလျားလိုက်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပါ အရင်းအနှီးနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်နွှယ်ဆောင်ရွက်ကြပါသည်။"Big Six" လုပ်ငန်းအုပ်စု (Mitsui ၊ Mitsubishi ၊ Sumitomo၊ Fuyo ၊ Sanwa နှင့် Dai-ichi) ၏ အလျား လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံသည် အရင်းအနှီးများကို အတူတကွထည့်ဝင်ကြပြီး ကြီးမားသည့် ကုန်ထုတ်လုပ်မှုကုမ္ပဏီအုပ်စုပုံစံအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ကုမ္ပဏီများသည် လုပ်ငန်းဆက်စပ်မှု ပုံသဏ္ဌာန်များဖြင့် တစ်ခုနှင့်တစ်ခုဆက်နွှယ်နေသည်။လုပ်ငန်းကြီး ခြောက်ခုတွင်ပါဝင်သော ကုမ္ပဏီတစ်ခုချင်းစီတွင် ဘဏ်၊ အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီနှင့် အာမခံကုမ္ပဏီများရှိကြသည်။ ကုမ္ပဏီများအတွက် အရင်းအနှီးများမှာ ဘဏ်ချေးငွေများ ဖြစ်သည်။ Keiretsu အများစုသည် ကိုယ်ပိုင်ဘဏ်များရှိသောကြောင့် Stocks များပေါ်တွင် မှီခိုမှု လျော့နည်းပြီး ဘဏ်ချေးငွေများ၌သာ မှီခိုနေသည့်အတွက် ကုမ္ပဏီကို အာမခံပြု၍ ငွေချေးယူခြင်း (Leverage Ratio)ကို ပိုမိုမြင့်မားစေသည်။Toyota Group၊ Nissan Group၊ Honda Group၊ Diahatsu Motors နှင့် Isuzu တို့၏ ဆောင်ရွက်မှုသည် ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ပြီး အုပ်စုများ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် Share များ အပြန်အလှန်ကိုင်ဆောင်ထားခြင်း၊ ဈေးကွက်ခွဲဝေပေးခြင်း၊ လုပ်ငန်းကြီးထုတ်လုပ်ခြင်းနှင့် ကုမ္ပဏီအကြီးအကဲများ အစည်းအဝေးကျင်းပခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ဂျပန်နိုင်ငံ၏ ကုမ္ပဏီအချို့ ကမ္ဘာ့စျေးကွက်တွင် အောင်မြင်မှုရရှိနေခြင်းမှာ Keiretsu စနစ်အရ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ Keiretsu စနစ်သည် အရောင်းအဝယ်ပုံစံများထဲမှ ပုံစံတစ်ခု ဖြစ်ပြီး ရောင်းသူများပူးပေါင်းဆောင်ရွက်မှု (Supplier Relationship) မှာ ပိုမိုကောင်းမွန်သည့် အရောင်းအဝယ်ပုံစံကို သတ်မှတ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ မော်တော်ကား ထုတ်လုပ်သည့်ကုမ္ပဏီများသည် ၎င်းတို့၏ကိုယ်ပိုင် Keiretsu Network များကိုအသုံးပြု၍ ကမ္ဘာ့ စျေးကွက်ကို လွှမ်းမိုးသူဖြစ်လာစေရန် ကြိုးစား အားထုတ်ခဲ့သည်။ ဥပမာအားဖြင့် Nissan Motor သည် ကမ္ဘာ့စျေးကွက်သို့ ဦးတည်နေသော Supplier နှင့် Value-adding Supplier အများစုဆီသို့ ၎င်း၏ Supplier Relationship နည်းဗျူဟာကို ထိထိရောက်ရောက်အသုံးပြုခဲ့ကြသည်။Keiretsu Network ကို မြှင့်တင်နိုင်ရန် ထုတ်ကုန်ပစ္စည်း အရည်အသွေးကောင်းမွန်မှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မှု၊ တည်ငြိမ်မှုနှင့် ကောင်းမွန်သော ဆက်ဆံမှုများကို ရေရှည်ထိန်းသိမ်းထားနိုင်မှု စသည်တို့လိုအပ်သည့်အတွက် Keiretsu စနစ်သည် ကမ္ဘာ့လိုအပ်ချက်များကို ရရှိစေနိုင်သည့် အမှန်တကယ် ပြီးပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။Keiretsu စနစ်သည် အုပ်စုအဖွဲ့ဝင်များဖြစ်သည့် အထောက်အကူပြုကုမ္ပဏီများအနေဖြင့် မိခင်ကုမ္ပဏီ၏ ထိန်းချုပ်မှုအောက်တွင် အလိုအလျောက်တည်ရှိစေသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီကြီးများအနေဖြင့် သီးသန့်ထိန်းချုပ်ရမည့် ပြဿနာကို ဖြေရှင်းပြီးဖြစ်နေသည်။"Big Six" လုပ်ငန်းအုပ်စု၏ ဘဏ္ဍာရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု များတွင် အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့် နည်းဗျူဟာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေရုံသာမက ပြည်ပနိုင်ငံများကိုပါ အကျိုးကျေးဇူးများဖြစ်ပေါ် စေခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။References:Artur F. Tomeczek, “The evolution of Japanese keiretsu networks: A review and text network analysis of their perceptions in economics” — Japan and the World Economy Vol. 62 (2022)David A. C. Addicott, “The Rise and Fall of the Zaibatsu: Japan’s Industrial and Economic Modernization” —Global Tides Vol. 11 (2017)Eichengreen Barry / Tang Jiuping, “The Role of Financial Conglomerates in Industry Formation: Evidence from Early Modern Japan”Hideaki Miyajima, “The transformation of zaibatsu to postwar corporate groups — from hierarchically integrated groups to horizontally integrated groups”James R. Lincoln & Masahiro Shimotani, “Whither the Keiretsu, Japan’s Business Networks? How Were They Structured? What Did They Do? Why Are They Gone?”Shibagaki Kazuo, “The Early History of the Zaibatsu”Steven Ericson, “The Wealth of Zaibatsu Owner Families: The Impact of Zaibatsu-Busting in Occupied Japan”MOI

အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် Industrial Zones (စက်မှုဇုန်များ) တည်ရှိရုံမျှဖြင့် မလုံလောက်တော့ဘဲ Industrial Cluster (စက်မှုစုစည်းမှု) သည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။

စက်မှုလုပ်ငန်းများ တစ်နေရာတည်းတွင် စုစည်းတည်ရှိရုံမျှမက လုပ်ငန်းများ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်ပါသည်။ “တစ်ခုတည်းသော စက်မှုလုပ်ငန်းပုံစံမဟုတ်ဘဲ ဆက်စပ်လုပ်ငန်းအမျိုးမျိုး ပူးပေါင်းပြီး စက်မှုစုစည်းမှုပုံစံ” ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတစ်ခုနှင့်တစ်ခု ပစ္စည်းရောင်းဝယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အလေ့အကျင့်ကောင်းများ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အကျိုးတူရရှိကြမည် ဖြစ်ပါသည်။

Industrial Cluster (စက်မှုစုစည်းမှု) ဆောင်ရွက်မှုပုံစံကို ဂျပန်နိုင်ငံတွင် ၁၉ ရာစုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့ပြီး ဂျပန်နိုင်ငံ၏ MEIJI ခေတ်အလွန်ပေါ်ပေါက်ခဲ့သော Zaibatsu သည် စက်မှုစုစည်းမှုဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းစီမံခန့်ခွဲမှုပုံစံ ပြောင်းလဲ လာခြင်းနှင့်အတူ Keiretsu ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။

စက်မှုစုစည်းမှုပုံစံသည် တည်ရှိပြီးသော ပုံစံတစ်ခုဖြစ်ပြီး လိုက်ပါဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း အခြေခံအဆောက်အအုံ ကောင်းမွန်စေခြင်း၊ နည်းပညာပြည့်ဝစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေခြင်းသာမက လုပ်ငန်းများ အကြား ယုံကြည်မှုတည်ဆောက်ခြင်းလည်း လိုအပ်မည်ဖြစ်ပါသည်။

Zaibatsu

ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို စုပေါင်းတည်ထောင်ထားသော ကော်ပိုရေးရှင်းကို Zaibatsu ဟုခေါ်ပါသည်။ ၁၈၆၈ ခုနှစ် MEIJI ခေတ်ကို ကျော်လွန်ပြီးနောက် Zaibatsu စနစ်ကို ကျင့်သုံးပြီးလုပ်ငန်းရှင်များက ယင်းတို့၏ စွမ်းအားကိုချဲ့ထွင်ခြင်း၊ ကိုယ်ပိုင်တိုးတက်မှုအတွက် စက်မှုလုပ်ငန်းဆိုင်ရာ အခြေအနေအသစ်များကို အသုံးပြုခြင်းဖြင့် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြသည်။ Zaibatsu သည် ၁၉ ရာစုနှစ်နောက်ပိုင်းမှ ဒုတိယကမ္ဘာစစ်အထိ ဂျပန်နိုင်ငံ၏ တိုးတက်မှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

Zaibatsu သည် ကော်ပိုရေးရှင်းလုပ်ငန်းများအသွင်ပြောင်းလဲဖြစ်ပေါ်လာပြီး အရင်းအနှီးများကို မိသားစုတစ်ခု သို့မဟုတ် မိသားစုလုပ်ဖော်ကိုင်ဖက်များမှ ပိုင်ဆိုင်သော်လည်း မိခင်ကုမ္ပဏီက ဗဟို အချက်အချာအာဏာချုပ်ကိုင်၍ ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းအသီးသီးကို ထိန်းချုပ်ခဲ့ပါသည်။ ကုမ္ပဏီခွဲများကို စက်မှုလုပ်ငန်းကဏ္ဍ အမျိုးမျိုးတွင် လူနည်းစုအုပ်ချုပ်သောစနစ် (Oligopoly) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

အကြီးဆုံး Zaibatsu ရှစ်ခု၏ မူလစီးပွားရေး လုပ်ငန်းများမှာ-

-         Mitsui: ဘဏ်လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊

-         Mitsubishi: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊

-         Sumitomo: သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊

-         Yasuda: ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊

-         Asao: ဘိလပ်မြေလုပ်ငန်း၊ ရေကြောင်း ဆိုင်ရာကုန်သွယ်မှုလုပ်ငန်း၊

-         Furukawa: သတ္တုတူးဖော်ရေးလုပ်ငန်း၊ လျှပ်စစ် ကြေးနန်းလုပ်ငန်း၊

-         Okura: ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊

-         Kawasaki: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း တို့ ဖြစ်ပါ သည်။

၁၉၂၀ ပြည့်နှစ်များက Zaibatsu စီးပွားရေး လုပ်ငန်းများက ဘဏ္ဍာရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍနှင့် စက်မှုကဏ္ဍ လုပ်ငန်းအများအပြားအပေါ် လွှမ်းမိုးခဲ့သည်။ Zaibatsu အုပ်စုတွင် Mitsubishi၊ Mitsui နှင့် Sumitomo တို့သည် အကြီးဆုံးလုပ်ငန်း သုံးခုဖြစ်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုသည် ဂျပန်နိုင်ငံရှိ လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိပါသည်။ Zaibatsu ၏ ဖွဲ့စည်းပုံသည် လုပ်ငန်းများ၏ ထိပ်ပိုင်းနေရာများကို မိသားစုဝင်များက ထိန်းချုပ်ထားသော်လည်း စီးပွားရေးစီမံခန့်ခွဲမှုအပိုင်းများတွင် မိသားစုဝင်နှင့်ဆက်စပ်မှုမရှိသော ကျွမ်းကျင်သည့် မန်နေဂျာများကို ခန့်အပ်တာဝန်ပေးထားပါသည်။

ပိုင်ဆိုင်သူများ၏ သွင်ပြင်လက္ခဏာများ

ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေအနေတစ်ခုသည် မိသားစုပိုင်ဆိုင်မှုကို အထူးသီးသန့်ထိန်းသိမ်းထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် ဖြစ်ပါသည်။ ကုန်သည်များသည် ၎င်းတို့၏ အဖိုးတန်အရည်အချင်းများကို ၎င်းတို့၏ ဘိုးဘေးဘီဘင်များထံမှ ခြေရာလက်ရာမပျက် လက်ခံရရှိခဲ့ပြီး ထိုအဖိုးတန်အရည်အချင်းများကို မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးခြင်းဖြစ်ပါသည်။ ထို့အပြင် မိဘများထံမှ နည်းပညာသာမက မြေနှင့် ပိုင်ဆိုင်မှုများကို ရရှိခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများကို တည်ငြိမ်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ Zaibatsu ကို အောင်မြင်စေသည့် အချက်တစ်ချက်မှာ ပိုင်ရှင်၏ ရှေးရိုးစွဲဝါဒနှင့် လိုက်ဖက်ညီခြင်းနှင့် စီမံခန့်ခွဲ ရေးနည်းလမ်းများ အသစ်တီထွင်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

Zaibatsu ပြိုကွဲခြင်း

ဒုတိယကမ္ဘာစစ်အတွင်း အဓိကကျသည့် Zaibatsu ၁၀ ခု၏ရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည် ရင်းနှီးမြှုပ်နှံမှု၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပါသည်။ ထို့ကြောင့် Zaibatsu ကို လက်ဝါးကြီးအုပ် လုပ်ဆောင်သော ကုမ္ပဏီများအဖြစ် ရှုမြင်ကြပြီး ၎င်းတို့ကိုဖြိုခွဲရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်များအထိ ဂျပန်နိုင်ငံသည် စီးပွားရေးကျဆင်းခဲ့ပြီး ပြည်သူအများ အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် Zaibatsu မိသားစုများကို နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီမိသားစုများက ထိပ်ပိုင်းနေရာများမှ နုတ်ထွက်ခဲ့ကြပြီး ပိုင်ဆိုင်မှုများကို ရိုးရှင်းသော စီမံခန့်ခွဲသည့် အဖွဲ့အစည်းများပုံစံအဖြစ် ပြောင်းလဲခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် Zaibatsu

ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးစနစ်သည် ပူးပေါင်းစီမံခန့်ခွဲ မှုစနစ်ကို ဦးတည်လာသောကြောင့် Zaibatsu ၏ အကြီးဆုံးသောကုမ္ပဏီများ ပြိုကွဲသွားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပြီး Mitsui ၊ Mitsubishi နှင့် Sumitomo တို့ ပြန်လည် ပေါ်ပေါက်လာခဲ့သော်လည်း အချို့သောကုမ္ပဏီကြီးများ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။

Keiretsu ပေါ်ပေါက်လာခြင်း

Zaibatsu ပြိုကွဲသွားပြီးနောက် ပြည်တွင်း၊ ပြည်ပ အပြောင်းအလဲများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ်ထားရှိသည့် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပါသည်။ Zaibatsu ပုံစံမှ သွေဖည်လာပြီး ပိုင်ဆိုင်မှုပုံစံသည် ဝါစဉ်လိုက်ပိုင်ဆိုင်မှုစနစ် (Hierarchical System)မှ လုပ်ငန်း တွင်းပိုင်ဆိုင်မှု (Inter-locking Ownership) ပုံစံသို့ပြောင်းလဲလာခဲ့သည်။ လုပ်ငန်းအုပ်ချုပ်မှုသည် ဥက္ကဋ္ဌကြီးကြပ်သည့်အဖွဲ့ပုံစံ ဖြစ်လာပြီး အုပ်စုတစ်ခုချင်းစီတွင် အထွေထွေကုန်သွယ်မှုကုမ္ပဏီ (General Trading Company) တစ်ခုနှင့်ဘဏ်လုပ်ငန်း (Major In-house Bank) တစ်ခုအပါအဝင် ဖြင့် ဖွဲ့စည်းလာကြသည်။

အမေရိကန်နိုင်ငံ၏ ဂျပန်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒကလည်း ဂျပန်နိုင်ငံ၏ စီးပွားရေးစွမ်းပကားများကို မြှင့်တင်ပေးခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ စက်မှုဆိုင်ရာဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ် မှုစွမ်းအားများ မြင့်တက်လာမှုများသည် ကိုရီးယားနှင့် စစ်ဖြစ်နေသည့်ကာလတွင်ပင် အမေရိကန် နိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်းတွင်လည်း ၁၉၄၉ ခုနှစ် ဥပဒေနှင့် ၁၉၅၃ ခုနှစ် Antimonopoly Act တို့ဖြင့် ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများက ဘဏ္ဍာရေးနှင့် မသက်ဆိုင်သောကုမ္ပဏီများ၏ ရှယ်ယာ များကို ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်နိုင်ခွင့် ခွင့်ပြုထားပြီး Stocks ကိုင်ဆောင်ထားသည့် ကုမ္ပဏီများအပေါ် တားမြစ်ချက်များကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။

စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစိုးရမူဝါဒများက တိုးတက်နေသည့်ကာလအတွင်း အရင်းအနှီးများကို အရန်သင့်ထားရှိစေခြင်းနှင့် လုပ်ငန်းများအုပ်စုဖွဲ့ခြင်းများကို တိုးမြှင့်လုပ်ဆောင် စေခဲ့ပါသည်။ ကိုရီးယားစစ်ပွဲပြီးဆုံးသွားပြီးနောက် အချို့စက်မှုလုပ်ငန်းကုမ္ပဏီကြီးများ၏ စွမ်းဆောင် ရည်နည်းပါးမှုကိုဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များအကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအုပ်စုများ (Corporate Groups) ကိုလည်း ရှင်းလင်းတိကျစေရန် အစိုးရမူဝါဒများ ရေးဆွဲဆောင်ရွက်ပေးခဲ့သည့်အတွက် Keiretsu စတင်ပေါ်ထွန်းလာခဲ့ပါသည်။ Keiretsu ဆိုသည်မှာ ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ဘဏ္ဍာ ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ပါသည်။

ပေါင်းစည်းဆောင်ရွက်သော အုပ်စုများဖွဲ့စည်းခြင်း

၁၉၅၂ ခုနှစ်နောက်ပိုင်းတွင် ပေါင်းစည်းဆောင်ရွက်မှုများအဖြစ် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပထမနည်းလမ်းမှာ အသင်းများဖွဲ့စည်းပြီး အသင်းဝင်များနှင့် ပေါင်းစည်းဆောင် ရွက်သောကုမ္ပဏီကြီးများ၊ ဒုတိယနည်းလမ်းမှာ ပေါင်းစည်းဆောင်ရွက်သော ကုမ္ပဏီများ၏ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တတိယနည်းလမ်းမှာ ငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ Keiretsu ငွေရေးကြေးရေးမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ရလဒ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သော အုပ်စုများက သမားရိုးကျဆောင်ရွက်သော လုပ်ဆောင်မှုပုံစံဖြစ်သည့် ပွင့်လင်းမှုမရှိသော ရှေးရိုးဆန်သော အုပ်စုဟောင်းများကိုဖျက်သိမ်းပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး တိုးတက်မှုရှိခဲ့သည့်ပုံစံ ကျင့်သုံးခဲ့ပါသည်။ ဤသည်မှာ စစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်မားလာခြင်း၏ အဓိကအချက်ဖြစ်ပါသည်။ အဓိကကျသော ပူးပေါင်းဆောင်ရွက်မှုအုပ်စု ခြောက်ခုမှာ Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo ၊ Dai-ichi Kangin နှင့် Sanwa တို့ ဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ် ဥပဒေအရ စစ်ပြီးခေတ် Zaibatsu ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးများ ဖြစ်သည့် Mitsui ၊ Mitsubishi နှင့် Sumitomo ကုမ္ပဏီများပါဝင်သည့် Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo၊ Sanwa နှင့် Dai-ichi ကုမ္ပဏီများပူးပေါင်းထားသည့် “Big Six Keiretsu” အုပ်စုပေါ်ထွက်လာခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ကြီးမားသောအဖွဲ့ အစည်းများသည် ပူးပေါင်းဆောင်ရွက်သည့်အုပ်စုများ၏ အုပ်ချုပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။

Kieretsu ကုမ္ပဏီအုပ်စုများတွင် ပါဝင်သည့် ကုမ္ပဏီများက ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှု သာမက အလျားလိုက်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပါ အရင်းအနှီးနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်နွှယ်ဆောင်ရွက်ကြပါသည်။

"Big Six" လုပ်ငန်းအုပ်စု (Mitsui ၊ Mitsubishi ၊ Sumitomo၊ Fuyo ၊ Sanwa နှင့် Dai-ichi) ၏ အလျား လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံသည် အရင်းအနှီးများကို အတူတကွထည့်ဝင်ကြပြီး ကြီးမားသည့် ကုန်ထုတ်လုပ်မှုကုမ္ပဏီအုပ်စုပုံစံအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ကုမ္ပဏီများသည် လုပ်ငန်းဆက်စပ်မှု ပုံသဏ္ဌာန်များဖြင့် တစ်ခုနှင့်တစ်ခုဆက်နွှယ်နေသည်။

လုပ်ငန်းကြီး ခြောက်ခုတွင်ပါဝင်သော ကုမ္ပဏီတစ်ခုချင်းစီတွင် ဘဏ်၊ အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီနှင့် အာမခံကုမ္ပဏီများရှိကြသည်။ ကုမ္ပဏီများအတွက် အရင်းအနှီးများမှာ ဘဏ်ချေးငွေများ ဖြစ်သည်။ Keiretsu အများစုသည် ကိုယ်ပိုင်ဘဏ်များရှိသောကြောင့် Stocks များပေါ်တွင် မှီခိုမှု လျော့နည်းပြီး ဘဏ်ချေးငွေများ၌သာ မှီခိုနေသည့်အတွက် ကုမ္ပဏီကို အာမခံပြု၍ ငွေချေးယူခြင်း (Leverage Ratio)ကို ပိုမိုမြင့်မားစေသည်။

Toyota Group၊ Nissan Group၊ Honda Group၊ Diahatsu Motors နှင့် Isuzu တို့၏ ဆောင်ရွက်မှုသည် ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ပြီး အုပ်စုများ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် Share များ အပြန်အလှန်ကိုင်ဆောင်ထားခြင်း၊ ဈေးကွက်ခွဲဝေပေးခြင်း၊ လုပ်ငန်းကြီးထုတ်လုပ်ခြင်းနှင့် ကုမ္ပဏီအကြီးအကဲများ အစည်းအဝေးကျင်းပခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ ကုမ္ပဏီအချို့ ကမ္ဘာ့စျေးကွက်တွင် အောင်မြင်မှုရရှိနေခြင်းမှာ Keiretsu စနစ်အရ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ Keiretsu စနစ်သည် အရောင်းအဝယ်ပုံစံများထဲမှ ပုံစံတစ်ခု ဖြစ်ပြီး ရောင်းသူများပူးပေါင်းဆောင်ရွက်မှု (Supplier Relationship) မှာ ပိုမိုကောင်းမွန်သည့် အရောင်းအဝယ်ပုံစံကို သတ်မှတ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ မော်တော်ကား ထုတ်လုပ်သည့်ကုမ္ပဏီများသည် ၎င်းတို့၏ကိုယ်ပိုင် Keiretsu Network များကိုအသုံးပြု၍ ကမ္ဘာ့ စျေးကွက်ကို လွှမ်းမိုးသူဖြစ်လာစေရန် ကြိုးစား အားထုတ်ခဲ့သည်။ ဥပမာအားဖြင့် Nissan Motor သည် ကမ္ဘာ့စျေးကွက်သို့ ဦးတည်နေသော Supplier နှင့် Value-adding Supplier အများစုဆီသို့ ၎င်း၏ Supplier Relationship နည်းဗျူဟာကို ထိထိရောက်ရောက်အသုံးပြုခဲ့ကြသည်။

Keiretsu Network ကို မြှင့်တင်နိုင်ရန် ထုတ်ကုန်ပစ္စည်း အရည်အသွေးကောင်းမွန်မှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မှု၊ တည်ငြိမ်မှုနှင့် ကောင်းမွန်သော ဆက်ဆံမှုများကို ရေရှည်ထိန်းသိမ်းထားနိုင်မှု စသည်တို့လိုအပ်သည့်အတွက် Keiretsu စနစ်သည် ကမ္ဘာ့လိုအပ်ချက်များကို ရရှိစေနိုင်သည့် အမှန်တကယ် ပြီးပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။

Keiretsu စနစ်သည် အုပ်စုအဖွဲ့ဝင်များဖြစ်သည့် အထောက်အကူပြုကုမ္ပဏီများအနေဖြင့် မိခင်ကုမ္ပဏီ၏ ထိန်းချုပ်မှုအောက်တွင် အလိုအလျောက်တည်ရှိစေသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီကြီးများအနေဖြင့် သီးသန့်ထိန်းချုပ်ရမည့် ပြဿနာကို ဖြေရှင်းပြီးဖြစ်နေသည်။

"Big Six" လုပ်ငန်းအုပ်စု၏ ဘဏ္ဍာရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု များတွင် အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့် နည်းဗျူဟာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေရုံသာမက ပြည်ပနိုင်ငံများကိုပါ အကျိုးကျေးဇူးများဖြစ်ပေါ် စေခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

References:

Artur F. Tomeczek, “The evolution of Japanese keiretsu networks: A review and text network analysis of their perceptions in economics” — Japan and the World Economy Vol. 62 (2022)

David A. C. Addicott, “The Rise and Fall of the Zaibatsu: Japan’s Industrial and Economic Modernization” —Global Tides Vol. 11 (2017)

Eichengreen Barry / Tang Jiuping, “The Role of Financial Conglomerates in Industry Formation: Evidence from Early Modern Japan”

Hideaki Miyajima, “The transformation of zaibatsu to postwar corporate groups — from hierarchically integrated groups to horizontally integrated groups”

James R. Lincoln & Masahiro Shimotani, “Whither the Keiretsu, Japan’s Business Networks? How Were They Structured? What Did They Do? Why Are They Gone?”

Shibagaki Kazuo, “The Early History of the Zaibatsu”

Steven Ericson, “The Wealth of Zaibatsu Owner Families: The Impact of Zaibatsu-Busting in Occupied Japan”

MOI

သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)

BRICS အဖွဲ့၏ လာရာနှင့် လားရာ
-
၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံရှိ Yekaterinburg မြို့၌ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုကို တရားဝင်ဖွဲ့စည်းခဲ့သည်။ တစ်နှစ်အကြာတွင် တောင်အာဖရိက နိုင်ငံပါ ပူးပေါင်းလာခဲ့ပြီး ယခုအခါ လူသိများထင်ရှားသည့် BRICS အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားမှာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G7 အဖွဲ့ကို ဟန်ချက်ချိန်ညှိရန်နှင့် ကမ္ဘာ့စီးပွားရေးကို မည်သို့စီမံသင့်သည်ဆိုသည့် မတူညီသောအမြင်သစ်များကို မြှင့်တင်ရန်ဖြစ်သည်။BRICS အဖွဲ့သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများအတွင်း၌ စီမံခန့်ခွဲရေးဆိုင်ရာ မကျေနပ်ချက်များကို ထုတ်ဖော်ပြောကြားလျက် ရှိသည်။ BRICS ၏ အဆိုအရ ထိုအဖွဲ့အစည်းများအတွင်း၌ ပေါ်ထွန်းစ ဈေးကွက်နိုင်ငံများ၏ အသံများကို ဦးစားမပေးခြင်းကြောင့်ဟုဆိုသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ လွှမ်းမိုးနေသည့် အခန်းကဏ္ဍကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျားမရေးရာ ဆိုင်ရာမူဝါဒများကိုလည်းကောင်း မမျှတဟု ယူဆထားသည့်အတွက် ပွင့်လင်းစွာ ဝေဖန်ခဲ့သည်။အစပိုင်းတွင် BRICS အဖွဲ့အား အပြည်ပြည်ဆိုင်ရာဟစ်တိုင်တစ်ခုအဖြစ် အလေးအနက် မထားခဲ့ကြပေ။ ၂၀၁၀ ပြည့်နှစ်က BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းခန့်သာ ကိုယ်စား ပြုခဲ့ပြီး G7 နှင့်နှိုင်းယှဉ်လျှင် ပြောအားဆိုအားမှာ မပြောပလောက်သော အဆင့်သာရှိခဲ့သည်။ ထို့အပြင် BRICS အဖွဲ့သည် ခိုင်မာသည့်အဆိုပြုချက်များကို တရားဝင်ပြောကြားရန် အခက်တွေ့ နေခဲ့ပြီး ကန့်ကွက်ချက်များနှင့် စောဒကတက်နေသည့်အဖွဲ့အဖြစ်သာ ရှုမြင်ခံရကာ အပြုသဘော ဆောင်သော အပြန်အလှန်ဆွေးနွေးမှုများ သို့မဟုတ် မျှော်မှန်းချက်အသစ်များ ပေးစွမ်းနိုင်ခြင်း မရှိဟု ယူဆခံခဲ့ရသည်။ ဤအချက်များကြောင့်ပင် G20 ၏ လုပ်ငန်းစဉ်များတွင် G7 ၏ ဦးစားပေး ချက်များကိုသာ ပိုမိုတွေ့ရှိရပြီး BRICS ၏ အမြင်များ ပါဝင်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။BRICS အဖွဲ့သည် အကြောင်းအရင်းမရှိဘဲ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဤအဖွဲ့၏ စိတ်ပါဝင်စားမှုများသည် IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိကစီမံခန့်ခွဲရေးအဖွဲ့များတွင် ကိုယ်စားပြုမှု ဆိုင်ရာ ကာလရှည်ကြာပြဿနာများမှ အမြစ်တွယ်လာခြင်းဖြစ်သည်။ ပထမဆုံး ထိပ်သီးညီလာခံ ကျင်းပစဉ်က BRICS နိုင်ငံများသည် IMF ဝေစု၏ ၁၀% ခန့်သာ ပိုင်ဆိုင်ထားခဲ့ပြီး စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်မှု မရှိခဲ့ပေ။ BRICS အထူးသဖြင့် တရုတ်နိုင်ငံသည် IMF ဝေစုကို သတ်မှတ် ထားသည့် ပုံသေနည်းလမ်းအတိုင်း အပြည့်အဝပြန်လည်သုံးသပ်ရန် ကာလရှည်တောင်းဆိုခဲ့ပြီး ၎င်းတို့၏စီးပွားရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများစွာထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးနေကြောင်းဆိုခဲ့သည်။ သို့ရာတွင် ဤကြိုးပမ်းမှုများကို "အနောက်နိုင်ငံများ" (အထူးသဖြင့် အမေရိကန်ထက် ဥရောပသမဂ္ဂ) မှ အဆက်မပြတ် တားဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဩဇာလွှမ်းမိုးမှု အထူးသဖြင့် ဥရောပသမဂ္ဂ၏အခန်းကဏ္ဍ သိသိသာသာ ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ၁၅ နှစ်အကြာတွင် အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်သည်။ BRICS ၏ ကြီးထွားလာမှုသည် မငြင်းနိုင်သောအချက်ဖြစ်လာကာ အဖွဲ့ဝင်နိုင်ငံများလည်း တိုးပွားလျက်ရှိသည်။ အီဂျစ်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ပါ ပူးပေါင်းလာခြင်းဖြင့် ဤအဖွဲ့သည် ပေါ်ထွန်းစ ဈေးကွက်နိုင်ငံ အားလုံးနီးပါးအတွက် ပလက်ဖောင်းတစ်ခုဖြစ်လာသည်။ မူလ BRICS နိုင်ငံများကိုသာ ကမ္ဘာ့ GDP ၊ စွမ်းအင်အရင်းအမြစ်နှင့် လူဦးရေတို့ဖြင့် တိုင်းတာပါကလည်း ဤအဖွဲ့သည် အနောက်နိုင်ငံများကို လွှမ်းမိုးနိုင်လုနီးပါးရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။G7 နှင့် BRICS နိုင်ငံများ၏ မြေရှားသတ္တုအရန်ထားရှိမှုကို နှိုင်းယှဉ်လေ့လာပါက အံ့ဩဖွယ် ကောင်းလောက်သည့် ကွာခြားမှုများကို တွေ့မြင်ရပါမည်။ မြေရှားသတ္တုဒြပ်စင်များသည် မျက်မှောက် ခေတ်စီးပွားရေးအတွက် အလွန်အရေးပါပြီး စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် စစ်ရေးစနစ်များကဲ့သို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များတွင် အဓိကပါဝင်သည်။ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဘက်သို့ ဦးတည်လာသည် နှင့်အမျှ မြေရှားသတ္တုလိုအပ်ချက်မှာ တဖြည်းဖြည်းတိုးပွားလျက်ရှိပြီး ၎င်းတို့သည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ဤနယ်ပယ်တွင် BRICS နိုင်ငံများက ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းချုပ်ထားသည်။လက်တွေ့အားဖြင့် G7 အုပ်စု၏ စီးပွားရေးညွှန်းကိန်းများတွင် အနည်းငယ်သာ သာလွန်သည့် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုသာဖြစ်သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကနေဒါတွင် ကျင်းပသော G7 ထိပ်သီးညီလာခံတွင် အခြားခေါင်းဆောင်များနှင့် သဘောထားကွဲလွဲမှုကြောင့် စိတ်ပျက်ကာ ထွက်ခွာသွားခဲ့ပြီး တောင်အာဖရိကနှင့် နိုင်ငံရေးအမြင်ကွဲလွဲမှုများကြောင့် ယခုနှစ် G20 ညီလာခံကိုပါ သပိတ်မှောက်ခဲ့သည်။ ဤအခြေအနေသည် BRICS အုပ်စုအတွက် ရွှေအခွင့် အလမ်းတစ်ရပ် ဖြစ်ပေါ်စေသည်။ မည်မျှကြီးမားသည့် အခွင့်အရေးဖြစ်ပါသနည်း? အမေရိကန်သည် G7 မှ နုတ်ထွက်ပါက G7 ၏ ကမ္ဘာ့ GDP သည် ၅၄% မှ ၂၇% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ရေနံ ထုတ်လုပ်မှုအနေဖြင့် ၂၈% မှ ၇% အထိ လျော့နည်းသွားမည်ဖြစ်သည်။BRICS အဖွဲ့ဝင်နိုင်ငံများသည် အချိန်နှင့်အမျှ ပိုမိုစုစည်းညီညွတ်လာပြီး နည်းဗျူဟာ ကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ ယခုအခါ ၎င်းတို့သည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြင်ကွင်းသစ်များနှင့်စပ်လျဉ်း၍ အပြောသက်သက်မဟုတ်တော့ဘဲ အနောက်နိုင်ငံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာများကို ဖန်တီးလျက်ရှိသည်။ ထိပ်သီးအစည်း အဝေးများနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများ အခါခါကျင်းပခြင်းမှတစ်ဆင့် ၎င်းတို့သည် အနောက် နိုင်ငံများဦးဆောင်သော အဖွဲ့အစည်းများတွင် ကိုယ်စားပြုပါဝင်မှုနည်းပါးခြင်းဆိုင်ရာ အများ သဘောတူညီချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အဖြေကို ရှာဖွေ တွေ့ရှိခဲ့ပါသနည်း။ပထမဦးစွာ BRICS သည် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအကြား ကုန်သွယ်ရေးကို လွယ်ကူမြန်ဆန်စေရန် ဒေါ်လာစနစ်လျှော့ချရေး (De-dollarization) နှင့် BRICS ဘုံငွေပေးချေမှု စနစ်ကို စတင်မိတ်ဆက်အကောင်အထည်ဖော်လျက်ရှိသည်။ Atlantic Council ၏ GeoEconomics Center မှ လက်ထောက်ညွှန်ကြားရေးမှူး Alisha Chhangani ဖန်တီးထားသည့် "ဒေါ်လာလွှမ်းမိုးမှု စောင့်ကြည့်စနစ် (Dollar Dominance Monitor)" အရ ကမ္ဘာ့ဘဏ္ဍာရေးအရန်ငွေ၏ ၅၇% နှင့် ပို့ကုန်ငွေတောင်းခံလွှာ၏ ၅၄% တို့သည် ဒေါ်လာဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ဒေါ်လာသည် ကမ္ဘာ့အဓိကငွေကြေးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ဒုတိယအနေဖြင့် BRICS Pay(Blockchain အခြေပြုစနစ်)၊ BRICS Clear (ငွေပေးချေမှုပလက်ဖောင်း) နှင့် BRICS Bridge(အနောက်တိုင်း ငွေပေးချေမှုစနစ်များကို အစားထိုးမည့်စနစ်) ကဲ့သို့သော အစီအမံများမှတစ်ဆင့် လွတ်လပ်သော ငွေပေးချေမှုအခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။ တတိယ အနေဖြင့် BRICS အဖွဲ့သည် IMF နှင့် ကမ္ဘာ့ဘဏ်တို့အား အစားထိုးနိုင်ရန်အတွက် ဖွံ့ဖြိုးရေး ဘဏ်သစ် (New Development Bank) နှင့် အရေးပေါ်ငွေကြေးအရန်အစီအစဉ် (Contingent Reserve Arrangement) တို့ကို အားဖြည့်လျက် အဖွဲ့ဝင်နိုင်ငံများတိုးချဲ့ခြင်းနှင့် ဒေသတွင်း ငွေကြေးများဖြင့် ချေးငွေထုတ်ပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။BRICS အဖွဲ့သည် မူဝါဒရေးဆွဲခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့ ကူးပြောင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်သမ္မတက BRICS လုပ်ငန်း စဉ်များကို ထောက်ခံသည့်နိုင်ငံများအပေါ် အပို ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်နေခြင်းကလည်း အခြေအနေကိုပိုမိုရှုပ်ထွေးစေသည်။ သို့ရာတွင် BRICS သမိုင်း တစ်လျှောက် ယခုကဲ့သို့ စီးပွားရေးအင်အား တောင့်တင်းစွာပိုင်ဆိုင်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုနိုဝင်ဘာလတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် BRICS အဖွဲ့သည် ဤအင်အားကိုအသုံးချ၍ ပိုမိုကြီးမားသောဩဇာလွှမ်းမိုးမှုကို ရယူနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ G20 ညီလာခံကို သပိတ်မှောက်ထားသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ဤအခွင့်အလမ်းမှာ ပိုမိုထင်ရှားလာသည်။ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေး သည် ဤအဖွဲ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ခဲ့သည်။ BRICS သည် အနောက်နိုင်ငံ များ၏ အနုတ်လက္ခဏာဆောင်သည့် ကျရှုံးမှုများကို အခွင့်ကောင်းယူကာ ၎င်း၏မူဝါဒများကို ရှေ့တန်းတင်၍ ကမ္ဘာ့ဦးဆောင်မှုအစစ်အမှန်ကိုပြသရန် အခွင့်အရေးရခဲ့သည်။ သို့သော် ထိုအခွင့် အရေးကို လက်လွှတ်ခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း လက်တွေ့ကျသော တိုးတက်မှုများကို မဖော်ဆောင်နိုင်ခဲ့ပေ။ ဤအချက်က BRICS အဖွဲ့သည် အကျိုးရှိမှုထက် သင်္ကေတ သက်သက်သာ ဖြစ်နေဆဲဟူသော အမြင်ကိုသာ ပိုမိုခိုင်မာစေခဲ့သည်။ အထူးသဖြင့် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် အဖွဲ့၏ ယုံကြည်စိတ်ချရမှုကို သိသိသာသာ ထိခိုက်စေခဲ့သည်။ အခြားခေါင်းဆောင်များနှင့်အတူ ၎င်းမတက်ရောက်ခဲ့ခြင်းသည် ဤအဖွဲ့ကိုယ်တိုင်ဦးဆောင်သည်ဟု ကြွေးကြော်ထားသော နိုင်ငံတကာအစီအစဉ်များအပေါ် အဖွဲ့၏ ကတိကဝတ်များနှင့် ထိုနိုင်ငံတကာအစီအစဉ်များကို ပုံဖော်ရာတွင် BRICS အဖွဲ့၏ အထင်ရှားဆုံး နိုင်ငံတကာပလက်ဖောင်းအဖြစ် ယုံကြည်စိတ်ချရမှုတို့နှင့်ပတ်သက်၍ လေးနက်သောမေးခွန်းများကို ဆက်လက်ပေါ်ပေါက်နေစေမည် ဖြစ်ပေသည်။https://www.atlanticcouncil.org/blogs/econographics/building-brics-2/Atlantic Council တွင် စာရေးသူ Bart Piasecki ရေးသားထားသည့် “Building BRICS” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံရှိ Yekaterinburg မြို့၌ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုကို တရားဝင်ဖွဲ့စည်းခဲ့သည်။ တစ်နှစ်အကြာတွင် တောင်အာဖရိက နိုင်ငံပါ ပူးပေါင်းလာခဲ့ပြီး ယခုအခါ လူသိများထင်ရှားသည့် BRICS အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားမှာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G7 အဖွဲ့ကို ဟန်ချက်ချိန်ညှိရန်နှင့် ကမ္ဘာ့စီးပွားရေးကို မည်သို့စီမံသင့်သည်ဆိုသည့် မတူညီသောအမြင်သစ်များကို မြှင့်တင်ရန်ဖြစ်သည်။

BRICS အဖွဲ့သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများအတွင်း၌ စီမံခန့်ခွဲရေးဆိုင်ရာ မကျေနပ်ချက်များကို ထုတ်ဖော်ပြောကြားလျက် ရှိသည်။ BRICS ၏ အဆိုအရ ထိုအဖွဲ့အစည်းများအတွင်း၌ ပေါ်ထွန်းစ ဈေးကွက်နိုင်ငံများ၏ အသံများကို ဦးစားမပေးခြင်းကြောင့်ဟုဆိုသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ လွှမ်းမိုးနေသည့် အခန်းကဏ္ဍကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျားမရေးရာ ဆိုင်ရာမူဝါဒများကိုလည်းကောင်း မမျှတဟု ယူဆထားသည့်အတွက် ပွင့်လင်းစွာ ဝေဖန်ခဲ့သည်။

အစပိုင်းတွင် BRICS အဖွဲ့အား အပြည်ပြည်ဆိုင်ရာဟစ်တိုင်တစ်ခုအဖြစ် အလေးအနက် မထားခဲ့ကြပေ။ ၂၀၁၀ ပြည့်နှစ်က BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းခန့်သာ ကိုယ်စား ပြုခဲ့ပြီး G7 နှင့်နှိုင်းယှဉ်လျှင် ပြောအားဆိုအားမှာ မပြောပလောက်သော အဆင့်သာရှိခဲ့သည်။ ထို့အပြင် BRICS အဖွဲ့သည် ခိုင်မာသည့်အဆိုပြုချက်များကို တရားဝင်ပြောကြားရန် အခက်တွေ့ နေခဲ့ပြီး ကန့်ကွက်ချက်များနှင့် စောဒကတက်နေသည့်အဖွဲ့အဖြစ်သာ ရှုမြင်ခံရကာ အပြုသဘော ဆောင်သော အပြန်အလှန်ဆွေးနွေးမှုများ သို့မဟုတ် မျှော်မှန်းချက်အသစ်များ ပေးစွမ်းနိုင်ခြင်း မရှိဟု ယူဆခံခဲ့ရသည်။ ဤအချက်များကြောင့်ပင် G20 ၏ လုပ်ငန်းစဉ်များတွင် G7 ၏ ဦးစားပေး ချက်များကိုသာ ပိုမိုတွေ့ရှိရပြီး BRICS ၏ အမြင်များ ပါဝင်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။

BRICS အဖွဲ့သည် အကြောင်းအရင်းမရှိဘဲ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဤအဖွဲ့၏ စိတ်ပါဝင်စားမှုများသည် IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိကစီမံခန့်ခွဲရေးအဖွဲ့များတွင် ကိုယ်စားပြုမှု ဆိုင်ရာ ကာလရှည်ကြာပြဿနာများမှ အမြစ်တွယ်လာခြင်းဖြစ်သည်။ ပထမဆုံး ထိပ်သီးညီလာခံ ကျင်းပစဉ်က BRICS နိုင်ငံများသည် IMF ဝေစု၏ ၁၀% ခန့်သာ ပိုင်ဆိုင်ထားခဲ့ပြီး စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်မှု မရှိခဲ့ပေ။ BRICS အထူးသဖြင့် တရုတ်နိုင်ငံသည် IMF ဝေစုကို သတ်မှတ် ထားသည့် ပုံသေနည်းလမ်းအတိုင်း အပြည့်အဝပြန်လည်သုံးသပ်ရန် ကာလရှည်တောင်းဆိုခဲ့ပြီး ၎င်းတို့၏စီးပွားရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများစွာထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးနေကြောင်းဆိုခဲ့သည်။ သို့ရာတွင် ဤကြိုးပမ်းမှုများကို "အနောက်နိုင်ငံများ" (အထူးသဖြင့် အမေရိကန်ထက် ဥရောပသမဂ္ဂ) မှ အဆက်မပြတ် တားဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဩဇာလွှမ်းမိုးမှု အထူးသဖြင့် ဥရောပသမဂ္ဂ၏အခန်းကဏ္ဍ သိသိသာသာ ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ၁၅ နှစ်အကြာတွင် အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်သည်။ BRICS ၏ ကြီးထွားလာမှုသည် မငြင်းနိုင်သောအချက်ဖြစ်လာကာ အဖွဲ့ဝင်နိုင်ငံများလည်း တိုးပွားလျက်ရှိသည်။ အီဂျစ်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ပါ ပူးပေါင်းလာခြင်းဖြင့် ဤအဖွဲ့သည် ပေါ်ထွန်းစ ဈေးကွက်နိုင်ငံ အားလုံးနီးပါးအတွက် ပလက်ဖောင်းတစ်ခုဖြစ်လာသည်။ မူလ BRICS နိုင်ငံများကိုသာ ကမ္ဘာ့ GDP ၊ စွမ်းအင်အရင်းအမြစ်နှင့် လူဦးရေတို့ဖြင့် တိုင်းတာပါကလည်း ဤအဖွဲ့သည် အနောက်နိုင်ငံများကို လွှမ်းမိုးနိုင်လုနီးပါးရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။

G7 နှင့် BRICS နိုင်ငံများ၏ မြေရှားသတ္တုအရန်ထားရှိမှုကို နှိုင်းယှဉ်လေ့လာပါက အံ့ဩဖွယ် ကောင်းလောက်သည့် ကွာခြားမှုများကို တွေ့မြင်ရပါမည်။ မြေရှားသတ္တုဒြပ်စင်များသည် မျက်မှောက် ခေတ်စီးပွားရေးအတွက် အလွန်အရေးပါပြီး စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် စစ်ရေးစနစ်များကဲ့သို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များတွင် အဓိကပါဝင်သည်။ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဘက်သို့ ဦးတည်လာသည် နှင့်အမျှ မြေရှားသတ္တုလိုအပ်ချက်မှာ တဖြည်းဖြည်းတိုးပွားလျက်ရှိပြီး ၎င်းတို့သည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ဤနယ်ပယ်တွင် BRICS နိုင်ငံများက ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းချုပ်ထားသည်။

လက်တွေ့အားဖြင့် G7 အုပ်စု၏ စီးပွားရေးညွှန်းကိန်းများတွင် အနည်းငယ်သာ သာလွန်သည့် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုသာဖြစ်သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကနေဒါတွင် ကျင်းပသော G7 ထိပ်သီးညီလာခံတွင် အခြားခေါင်းဆောင်များနှင့် သဘောထားကွဲလွဲမှုကြောင့် စိတ်ပျက်ကာ ထွက်ခွာသွားခဲ့ပြီး တောင်အာဖရိကနှင့် နိုင်ငံရေးအမြင်ကွဲလွဲမှုများကြောင့် ယခုနှစ် G20 ညီလာခံကိုပါ သပိတ်မှောက်ခဲ့သည်။ ဤအခြေအနေသည် BRICS အုပ်စုအတွက် ရွှေအခွင့် အလမ်းတစ်ရပ် ဖြစ်ပေါ်စေသည်။ မည်မျှကြီးမားသည့် အခွင့်အရေးဖြစ်ပါသနည်း? အမေရိကန်သည် G7 မှ နုတ်ထွက်ပါက G7 ၏ ကမ္ဘာ့ GDP သည် ၅၄% မှ ၂၇% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ရေနံ ထုတ်လုပ်မှုအနေဖြင့် ၂၈% မှ ၇% အထိ လျော့နည်းသွားမည်ဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် အချိန်နှင့်အမျှ ပိုမိုစုစည်းညီညွတ်လာပြီး နည်းဗျူဟာ ကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ ယခုအခါ ၎င်းတို့သည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြင်ကွင်းသစ်များနှင့်စပ်လျဉ်း၍ အပြောသက်သက်မဟုတ်တော့ဘဲ အနောက်နိုင်ငံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာများကို ဖန်တီးလျက်ရှိသည်။ ထိပ်သီးအစည်း အဝေးများနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများ အခါခါကျင်းပခြင်းမှတစ်ဆင့် ၎င်းတို့သည် အနောက် နိုင်ငံများဦးဆောင်သော အဖွဲ့အစည်းများတွင် ကိုယ်စားပြုပါဝင်မှုနည်းပါးခြင်းဆိုင်ရာ အများ သဘောတူညီချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အဖြေကို ရှာဖွေ တွေ့ရှိခဲ့ပါသနည်း။

ပထမဦးစွာ BRICS သည် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအကြား ကုန်သွယ်ရေးကို လွယ်ကူမြန်ဆန်စေရန် ဒေါ်လာစနစ်လျှော့ချရေး (De-dollarization) နှင့် BRICS ဘုံငွေပေးချေမှု စနစ်ကို စတင်မိတ်ဆက်အကောင်အထည်ဖော်လျက်ရှိသည်။ Atlantic Council ၏ GeoEconomics Center မှ လက်ထောက်ညွှန်ကြားရေးမှူး Alisha Chhangani ဖန်တီးထားသည့် "ဒေါ်လာလွှမ်းမိုးမှု စောင့်ကြည့်စနစ် (Dollar Dominance Monitor)" အရ ကမ္ဘာ့ဘဏ္ဍာရေးအရန်ငွေ၏ ၅၇% နှင့် ပို့ကုန်ငွေတောင်းခံလွှာ၏ ၅၄% တို့သည် ဒေါ်လာဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ဒေါ်လာသည် ကမ္ဘာ့အဓိကငွေကြေးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ဒုတိယအနေဖြင့် BRICS Pay(Blockchain အခြေပြုစနစ်)၊ BRICS Clear (ငွေပေးချေမှုပလက်ဖောင်း) နှင့် BRICS Bridge(အနောက်တိုင်း ငွေပေးချေမှုစနစ်များကို အစားထိုးမည့်စနစ်) ကဲ့သို့သော အစီအမံများမှတစ်ဆင့် လွတ်လပ်သော ငွေပေးချေမှုအခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။ တတိယ အနေဖြင့် BRICS အဖွဲ့သည် IMF နှင့် ကမ္ဘာ့ဘဏ်တို့အား အစားထိုးနိုင်ရန်အတွက် ဖွံ့ဖြိုးရေး ဘဏ်သစ် (New Development Bank) နှင့် အရေးပေါ်ငွေကြေးအရန်အစီအစဉ် (Contingent Reserve Arrangement) တို့ကို အားဖြည့်လျက် အဖွဲ့ဝင်နိုင်ငံများတိုးချဲ့ခြင်းနှင့် ဒေသတွင်း ငွေကြေးများဖြင့် ချေးငွေထုတ်ပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။

BRICS အဖွဲ့သည် မူဝါဒရေးဆွဲခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့ ကူးပြောင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်သမ္မတက BRICS လုပ်ငန်း စဉ်များကို ထောက်ခံသည့်နိုင်ငံများအပေါ် အပို ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်နေခြင်းကလည်း အခြေအနေကိုပိုမိုရှုပ်ထွေးစေသည်။ သို့ရာတွင် BRICS သမိုင်း တစ်လျှောက် ယခုကဲ့သို့ စီးပွားရေးအင်အား တောင့်တင်းစွာပိုင်ဆိုင်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုနိုဝင်ဘာလတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် BRICS အဖွဲ့သည် ဤအင်အားကိုအသုံးချ၍ ပိုမိုကြီးမားသောဩဇာလွှမ်းမိုးမှုကို ရယူနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ G20 ညီလာခံကို သပိတ်မှောက်ထားသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ဤအခွင့်အလမ်းမှာ ပိုမိုထင်ရှားလာသည်။

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေး သည် ဤအဖွဲ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ခဲ့သည်။ BRICS သည် အနောက်နိုင်ငံ များ၏ အနုတ်လက္ခဏာဆောင်သည့် ကျရှုံးမှုများကို အခွင့်ကောင်းယူကာ ၎င်း၏မူဝါဒများကို ရှေ့တန်းတင်၍ ကမ္ဘာ့ဦးဆောင်မှုအစစ်အမှန်ကိုပြသရန် အခွင့်အရေးရခဲ့သည်။ သို့သော် ထိုအခွင့် အရေးကို လက်လွှတ်ခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း လက်တွေ့ကျသော တိုးတက်မှုများကို မဖော်ဆောင်နိုင်ခဲ့ပေ။ ဤအချက်က BRICS အဖွဲ့သည် အကျိုးရှိမှုထက် သင်္ကေတ သက်သက်သာ ဖြစ်နေဆဲဟူသော အမြင်ကိုသာ ပိုမိုခိုင်မာစေခဲ့သည်။ အထူးသဖြင့် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် အဖွဲ့၏ ယုံကြည်စိတ်ချရမှုကို သိသိသာသာ ထိခိုက်စေခဲ့သည်။ အခြားခေါင်းဆောင်များနှင့်အတူ ၎င်းမတက်ရောက်ခဲ့ခြင်းသည် ဤအဖွဲ့ကိုယ်တိုင်ဦးဆောင်သည်ဟု ကြွေးကြော်ထားသော နိုင်ငံတကာအစီအစဉ်များအပေါ် အဖွဲ့၏ ကတိကဝတ်များနှင့် ထိုနိုင်ငံတကာအစီအစဉ်များကို ပုံဖော်ရာတွင် BRICS အဖွဲ့၏ အထင်ရှားဆုံး နိုင်ငံတကာပလက်ဖောင်းအဖြစ် ယုံကြည်စိတ်ချရမှုတို့နှင့်ပတ်သက်၍ လေးနက်သောမေးခွန်းများကို ဆက်လက်ပေါ်ပေါက်နေစေမည် ဖြစ်ပေသည်။

https://www.atlanticcouncil.org/blogs/econographics/building-brics-2/

Atlantic Council တွင် စာရေးသူ Bart Piasecki ရေးသားထားသည့် “Building BRICS” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

Bart Piasecki

အမေရိကန်၏ အကောက်အခွန်နှုန်းထားများ ရှိနေသော်လည်း ဒုတိယ သုံးလပတ်အတွင်း တရုတ်၏ စီးပွားရေးမှာ ၅.၂ % တိုးတက်လာ
-
အစိုးရ၏ လှုံ့ဆော်မှုကြောင့်လည်းကောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တ ရပ်နားထားချိန် ဖြစ်သောကြောင့်လည်းကောင်း ပို့ကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှုန်း ထားသစ် မတိုင်မီ ထုတ်ကုန်တင်ပို့မှုကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း DW သတင်းတွင် ဖော်ပြပါရှိပါသည်။တရုတ်၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စုနှင့် တင်းမာမှုများ ရှိနေလင့်ကစား ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ယမန်နှစ်ကထက် ၅.၂ % တိုးတက်ခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) က အစိုးရ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားပါသည်။ပထမနှစ်ဝက်တိုးတက်မှုသည် အစိုးရ၏ အားပေးမှုနှင့် အရှိန်အဟုန် မြင့်တက်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တရပ်နားနေချိန်ဖြစ်၍ အကောက်အခွန်နှုန်းထား တက်ရိပ်ရှိနေသည့် အလားအလာမစတင်မီ ပို့ကုန်လုပ်ငန်းရှင်များက ကုန်စည်တင်ပို့မှုကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ Pinpoint Asset Management မှ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သူ Zhiwei Zhang က “အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ % ကို ဒုတိယ သုံးလပတ်အတွင်း အနည်းငယ် ကျော်လွန်ခဲ့ခြင်းမှာ ပို့ကုန်များကြိုပို့ထားနိုင်ခြင်းကြောင့်ဖြစ်ပါသည်” ဟု ပြောကြားပါသည်။လေ့လာသုံးသပ်သူများက ယင်းသို့ တိုးတက်မှုသည် စဉ်ဆက်မပြတ် မဖြစ်နိုင်ကြောင်း သတိပေး ပြောကြားပါသည်။ စားသုံးသူ ယုံကြည်မှုအားနည်းခြင်း၊ ကုန်ဈေးနှုန်းကျဆင်းခြင်း နှင့် ပိုင်ဆိုင်မှုအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ဝယ်လိုအားအပေါ် ဆက်လက် ဖိအား ဖြစ်နေပါသည်။“အိမ်၊ ခြံမြေ အကျပ်အတည်းသည်လည်း ဒေသန္တရအစိုးရများ၏ ဘတ်ဂျက်အပေါ် အဓိက အလယ်အလတ်တန်းစား ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်” ဟု The Eurasia Group ၏ စီးပွားရေးပညာရှင် Dan Wang က ဆိုပါသည်။တစ်ချိန်တည်းမှာ ရင်းနှီးမြှုပ်နှံသူများက ဇူလိုင်လအတွင်းကျင်းပမည့် ပေါ်လစ်ဗျူရို အစည်း အဝေးတွင် အားပျော့လာနေသော ဒုတိယနှစ်ဝက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထပ်ဆောင်း ထောက်ပံ့မှုများကို မျှော်ကိုးလျက် အရှိန်မြင့် လုပ်ဆောင်ရန် အင်အားဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။စီးပွားရေးသုတေသနနှင့် အတိုင်ပင်ခံ Prognos Institute ၏ အဆိုအရ ယခုအခါ တရုတ် ကုမ္ပဏီများသည် ကမ္ဘာ့ပို့ကုန်၏ ၁၆ % ရှိရာ၊ ယင်းသည် ဂျာမနီ နိုင်ငံထက် နှစ်ဆဖြစ်ကာ၊ ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းတွင် ပြိုင်ဆိုင်မှုပြင်းထန် မြင့်မားလျက်ရှိသည်ဟု ဆိုပါသည်။ထိုင်ဝမ်အရေး၊ နည်းပညာအသစ်အဆန်းများအရေး၊ အဓိကအားဖြင့် ကုန်သွယ်ရေးစသည့် အကျပ်အတည်း အမျိုးမျိုးအကြား ဝါရှင်တန်နှင့် ပေကျင်းကြား နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင် တင်းမာမှုများမှာလည်း တရိပ်ရိပ် မြင့်တက်လျက် ရှိနေပါသည်။ကုန်သွယ်ရေးတင်းမာမှုမြင့်တက်နေစဉ် ဧပြီလ၌ အမေရိကန် သမ္မတက တရုတ်ကုန်စည် များကို အကောက်အခွန် ၁၄၅ % ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် မေလအတွင်း နှစ်ဖက် စီးပွားရေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရက် ၉၀ ကြာ အမေရိကန်၏ တရုတ်ကုန်စည်များအပေါ် အကောက်အခွန်နှုန်းထားကို ၃၀ % ထားရှိ၍ တရုတ်ကလည်း အမေရိကန်ကုန်စည်များကို ၁၂၅ % မှ ၁၀ % သို့ လျော့ချခဲ့ပါသည်။အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများရှိနေ ပါသည်။ တစ်ဖန် အမေရိကန်သည် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု မှတစ်ဆင့် အီးယူ ထုတ်ကုန်ပစ္စည်းများကိုလည်း တရုတ်ထုတ်ကုန်များအဖြစ် သတ်မှတ်နိုင်ပြီး အီးယူစီးပွားရေး လုပ်ငန်းများထံမှ အခွန်ပိုမိုတောင်းခံနိုင်သည်။တစ်ချိန်တည်းမှာပင် တရုတ်၏ ဩဇာသက်ရောက်သော တောင်အမေရိကရှိ နိုင်ငံအချို့သို့ လည်း အမေရိကန်၏ ကုန်သွယ်ရေးကန့်သတ်မှုများကို တင်းကျပ်စွာချမှတ်ခဲ့ပါသည်။ကိုးကား: DW DW တွင် Saim Dušan Inayatullah ရေးသားသည့် “China's economy grows 5.2% in Q2 despite US tariffs” ဆောင်းပါးအား ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

အစိုးရ၏ လှုံ့ဆော်မှုကြောင့်လည်းကောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တ ရပ်နားထားချိန် ဖြစ်သောကြောင့်လည်းကောင်း ပို့ကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှုန်း ထားသစ် မတိုင်မီ ထုတ်ကုန်တင်ပို့မှုကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း DW သတင်းတွင် ဖော်ပြပါရှိပါသည်။

တရုတ်၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စုနှင့် တင်းမာမှုများ ရှိနေလင့်ကစား ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ယမန်နှစ်ကထက် ၅.၂ % တိုးတက်ခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) က အစိုးရ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားပါသည်။

ပထမနှစ်ဝက်တိုးတက်မှုသည် အစိုးရ၏ အားပေးမှုနှင့် အရှိန်အဟုန် မြင့်တက်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တရပ်နားနေချိန်ဖြစ်၍ အကောက်အခွန်နှုန်းထား တက်ရိပ်ရှိနေသည့် အလားအလာမစတင်မီ ပို့ကုန်လုပ်ငန်းရှင်များက ကုန်စည်တင်ပို့မှုကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ 

Pinpoint Asset Management မှ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သူ Zhiwei Zhang က “အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ % ကို ဒုတိယ သုံးလပတ်အတွင်း အနည်းငယ် ကျော်လွန်ခဲ့ခြင်းမှာ ပို့ကုန်များကြိုပို့ထားနိုင်ခြင်းကြောင့်ဖြစ်ပါသည်” ဟု ပြောကြားပါသည်။

လေ့လာသုံးသပ်သူများက ယင်းသို့ တိုးတက်မှုသည် စဉ်ဆက်မပြတ် မဖြစ်နိုင်ကြောင်း သတိပေး ပြောကြားပါသည်။ စားသုံးသူ ယုံကြည်မှုအားနည်းခြင်း၊ ကုန်ဈေးနှုန်းကျဆင်းခြင်း နှင့် ပိုင်ဆိုင်မှုအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ဝယ်လိုအားအပေါ် ဆက်လက် ဖိအား ဖြစ်နေပါသည်။

“အိမ်၊ ခြံမြေ အကျပ်အတည်းသည်လည်း ဒေသန္တရအစိုးရများ၏ ဘတ်ဂျက်အပေါ် အဓိက အလယ်အလတ်တန်းစား ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်” ဟု The Eurasia Group ၏ စီးပွားရေးပညာရှင် Dan Wang က ဆိုပါသည်။

တစ်ချိန်တည်းမှာ ရင်းနှီးမြှုပ်နှံသူများက ဇူလိုင်လအတွင်းကျင်းပမည့် ပေါ်လစ်ဗျူရို အစည်း အဝေးတွင် အားပျော့လာနေသော ဒုတိယနှစ်ဝက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထပ်ဆောင်း ထောက်ပံ့မှုများကို မျှော်ကိုးလျက် အရှိန်မြင့် လုပ်ဆောင်ရန် အင်အားဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။

စီးပွားရေးသုတေသနနှင့် အတိုင်ပင်ခံ Prognos Institute ၏ အဆိုအရ ယခုအခါ တရုတ် ကုမ္ပဏီများသည် ကမ္ဘာ့ပို့ကုန်၏ ၁၆ % ရှိရာ၊ ယင်းသည် ဂျာမနီ နိုင်ငံထက် နှစ်ဆဖြစ်ကာ၊  ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းတွင် ပြိုင်ဆိုင်မှုပြင်းထန် မြင့်မားလျက်ရှိသည်ဟု ဆိုပါသည်။

ထိုင်ဝမ်အရေး၊ နည်းပညာအသစ်အဆန်းများအရေး၊  အဓိကအားဖြင့် ကုန်သွယ်ရေးစသည့်  အကျပ်အတည်း အမျိုးမျိုးအကြား ဝါရှင်တန်နှင့် ပေကျင်းကြား နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်  တင်းမာမှုများမှာလည်း  တရိပ်ရိပ် မြင့်တက်လျက် ရှိနေပါသည်။

ကုန်သွယ်ရေးတင်းမာမှုမြင့်တက်နေစဉ် ဧပြီလ၌ အမေရိကန် သမ္မတက တရုတ်ကုန်စည် များကို အကောက်အခွန် ၁၄၅ % ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် မေလအတွင်း နှစ်ဖက် စီးပွားရေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရက် ၉၀ ကြာ အမေရိကန်၏ တရုတ်ကုန်စည်များအပေါ် အကောက်အခွန်နှုန်းထားကို ၃၀ % ထားရှိ၍ တရုတ်ကလည်း အမေရိကန်ကုန်စည်များကို ၁၂၅ % မှ ၁၀ % သို့ လျော့ချခဲ့ပါသည်။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများရှိနေ ပါသည်။ တစ်ဖန် အမေရိကန်သည် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု မှတစ်ဆင့် အီးယူ ထုတ်ကုန်ပစ္စည်းများကိုလည်း တရုတ်ထုတ်ကုန်များအဖြစ် သတ်မှတ်နိုင်ပြီး အီးယူစီးပွားရေး လုပ်ငန်းများထံမှ အခွန်ပိုမိုတောင်းခံနိုင်သည်။

တစ်ချိန်တည်းမှာပင် တရုတ်၏ ဩဇာသက်ရောက်သော တောင်အမေရိကရှိ နိုင်ငံအချို့သို့ လည်း အမေရိကန်၏ ကုန်သွယ်ရေးကန့်သတ်မှုများကို တင်းကျပ်စွာချမှတ်ခဲ့ပါသည်။

ကိုးကား: DW 

DW တွင် Saim Dušan Inayatullah ရေးသားသည့် “China's economy grows 5.2% in Q2 despite US tariffs” ဆောင်းပါးအား ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Saim Dušan Inayatullah

သဘာဝအလှအပများသာမက စီးပွားရေးအချက်အချာကျ အတွင်းမွန်ဂိုလီးယားဒေသ
-
လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ကိုးကား- MOI

လေတိုက်နှုန်းမြင့်မားသည့်အတွက် အဖြူရောင်တိမ်တိုက်တို့လွင့်ပါးသွားရပြီး ကောင်းကင်က မိုးပြာရောင် တောက်ပနေတတ်ကာ အစဉ်ကြည်လင်နေသည့်အတွက် ညအချိန်တွင် ကြယ်ကြည့်ရသည့် အရသာ၊ စိတ်မွန်းကျပ်မှုတို့မှ လွတ်မြောက်ပြီး စိတ်အစဉ်က အရိပ်ထင်သမျှကို လွင့်မျောခံစားနိုင်သည့် ဒေသဖြစ်သည်။

ထူးခြားသော သဘာဝရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရှားပါးဂေဟစနစ်တို့ဖြင့် လှပသောဒေသဖြစ်ပြီး မွန်ဂိုလီးယားကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်းတွင်တည်ရှိသော အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦလန်ခပ်(Ulanqab) မြို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center - CIPCC)မှ နိုင်ငံတကာသတင်းထောက်များ လေ့လာရေးနှင့် သတင်းရယူတင်ဆက်ရေးအစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယားဒေသ ဦလန်ခပ်မြို့သို့ အာရှနှင့်ပစိဖိတ်ဒေသမှ သတင်းထောက်များအဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည်။

ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သဘာဝအလှတရားများနှင့် ကျော်ကြားသည့် Ulanqab မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၆၀၀ တွင်ရှိပြီး နွေနှင့် ဆောင်းရာသီတွင် လေတိုက်နှုန်း ပိုမိုမြင့်မားတတ်ကာ အထူးသဖြင့် ဆောင်းရာသီကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတို့တွင် လေပြင်းတိုက်ခတ်မှုများရှိတတ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထိုသို့ သဘာဝတရားကပေးအပ်ထားသော အားသာချက်ဖြစ်သည့် လေတိုက်နှုန်းမြင့်မားမှုကို အသုံးပြု၍ စွမ်းအင်ထုတ်ယူနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးလေစွမ်းအင် နည်းပညာကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Windey လေအားလျှပ်စစ်စီမံကိန်းတည်ရှိရာသို့လည်း ရောက်ရှိခဲ့သည်။ မြေတွင်စိုက်ထားသော အဖြူရောင်သံမဏိတိုင်၏ အလယ်ဝင်ရိုးနှင့် တွဲဆက်ထားသည့် ပန်ကာ (Wind Turbines) များသည် လေတိုက်နှုန်းအလိုက် လည်ပတ်နေကြသည်။

နည်းပညာအဆင့်မြင့် (Wind Turbine Generators) ကို အသုံးပြုထားပြီး တစ်နှစ်လျှင် မဂ္ဂါဝပ်သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေပါသည်။ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အတွက် လောင်စာသုံးဓာတ်အားပေးစက်ရုံများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။

ထိုသို့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းကို လေ့လာပြီးသည့်အခါ Chouqian Banner Cold-Tolerant Vegetable Academician Workstation သို့ ရောက်ရှိပြီး အံ့မခန်းနည်းပညာများဖြင့် ခရမ်းချဉ်၊ ငရုတ်၊ သခွားမွှေး၊ မုန်လာဥနီစသဖြင့် ဟင်းသီးဟင်းရွက် မျိုးစိတ်သစ်များကို သုတေသနပြုလုပ်ထားမှု၊ စိုက်ပျိုးရေးနည်းပညာသစ်များကို လက်တွေ့အသုံးချနေမှု၊ ပလတ်စတစ်များဖြင့် ဖုံးအုပ်စိုက်ပျိုးနေမှုနှင့် ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု (Green-house Farming) များကို လက်တွေ့ပြသပါသည်။

ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးနည်းပညာများကို လက်ဆင့်ကမ်း ဖြန့်ဝေလေ့ကျင့် သင်ကြားပေးနေသည့်အပြင် လိုအပ်သော သွင်းအားစုအထောက်အပံ့ဆိုင်ရာများကို ကူညီပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများဈေးကွက်ရရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းစင်တာများနှင့် ဒေသတွင်းဈေးကွက်များသို့ တိုက်ရိုက်ရောင်းချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း စင်တာမှ သိရသည်။

ထို့ကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံ‌ရေးမှသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၌ ဝင်ငွေနှစ်ဆမှသုံးဆအထိ တိုးတက်လာကာ တစ်ဆက်တစ်စပ်တည်း ဒေသဖွံ့ဖြိုးရေးအထိပါ ဦးတည်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) များကို အားပေးကာ စိုက်ပျိုးရေနည်းနည်းဖြင့် အထွက်နှုန်းမြင့်မားစေသော စိုက်ပျိုးရေးနည်းလမ်းများ၊ အေးမြသောဒေသတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်သော နည်းပညာများကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လေ့လာအတုယူစရာပင်ဖြစ်သည်။

ထိုမှတစ်ဖန် အာရှ-ပစိဖိတ်ဒေသ သတင်းထောက်များအဖွဲ့သည် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming)၊ ဖန်လုံအိမ်စနစ်ဖြင့်စိုက်ပျိုးရေး (Green-house Farming) များတွင် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်နှင့် စတော်ဘယ်ရီစိုက်ခင်းများကိုလည်း လေ့လာခဲ့ကြသည်။ ခရမ်းချဉ်သီးအရောင်မှာ အနီရောင်၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်းစသဖြင့် အရောင်အသွေးစုံလင်သလို အရသာကွဲပြားမှုကို မြည်းစမ်းခွင့်ရခဲ့ကြသည်။

စတော်ဘယ်ရီအဖြူရောင်မှာ မိမိတို့ဒေသတွင် မြင်တွေ့နေရသည့် စတော်ဘယ်ရီထက် အရသာအချိုဘက်ပိုကဲပြီး အစေ့နည်းနည်းအသားထူထူက သတင်းထောက်များအတွက် ပန်းကန်ထဲတွင် စတော်ဘယ်ရီသီးများကုန်မှသာ နေရာမှခွာကြသည်အထိ အကြိုက်တွေ့ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားဒေသ ဦလန်ခပ် (Ulanqab) မြို့သည် ခေတ်မီနည်းပညာများဖြင့် တစ်ခေတ်ဆန်းခဲ့သည်မှာ ပြောကုန်နိုင်ဖွယ်မရှိတော့ပြီ။ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတတ်မှု၊ မြတ်နိုးတန်ဖိုးထားမှုတို့မှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လိုက်ပါနိုင်စွမ်းရှိလှသည်။ စီးပွားရေးအချက်အချာဒေသဖြစ်သလို သဘာဝအလှတရားတို့ စုံလင်စွာပေါင်းစပ်ထားသော မြို့တစ်မြို့အဖြစ် အားကျအတုဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

ကိုးကား- MOI

လင်းလင်း

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရ အခွန်ဥပဒေ အတည်ပြု ပြင်ဆင်မလား
-
ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance costs) များအပေါ်တွင် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။ ယင်းအခွန်စနစ်သစ်အရ ထိုင်းအစိုးရသည် အခွန်ဥပဒေ ပုဒ်မ ၄၁ ကို ပြောင်းလဲပြီး ထိုင်းနိုင်ငံသားများ၏ ကမ္ဘာတစ်ဝန်းတွင် ရရှိသော ဝင်ငွေအားလုံးအပေါ် အခွန်ကောက်ခံနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော မည်သည့် နိုင်ငံသားမဆို ရရှိသည့် ဝင်ငွေ (ဝင်ငွေအား ပြင်ပမှ ရရှိပြီး ထိုင်းနိုင်ငံသို့ ငွေပြန် လွှဲသည့် ဝင်ငွေများအပါအဝင်) အပေါ် အခွန်ကောက်ခံမည် ဖြစ်ပါသည်။ဖော်ပြပါ အခွန်စနစ်သစ်အား ၂၀၂၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဟု လျာထားသော်လည်း ထိုင်းနိုင်ငံပြင်ပတွင် နေထိုင်သည့် နိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသားများအကြား ၎င်းတို့၏ ပြည်ပတွင် နေထိုင်သည့် ကာလနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိပါသည်။ သို့ပါ၍ အဆိုပါ ဥပဒေမူကြမ်းအား အတည်ပြုထုတ်ပြုခြင်းမပြုမီ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ပြန်လည်ချင့်ချိန်သုံးသပ်ရမည်ဖြစ်ပါသည်။၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အခွန်စနစ် အပြောင်းအလဲ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် တွင် ထိုင်းအစိုးရသည် ပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမှုအား ပြောင်းလဲခဲ့ပါသည်။ အခွန်စနစ်ဟောင်း အရ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက်နေထိုင်သူများ၏ နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေသည် ဝင်ငွေရရှိသည့်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်းမှသာ ယင်းနိုင်ငံခြားဝင်ငွေအပေါ် အခွန် ကောက်ခံခဲ့ပါသည်။၂၀၂၄ ခုနှစ်၊ အခွန်စနစ်ပြောင်းလဲမှုအရ မည်သူမဆို ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ငွေ ရရှိသည့်နှစ်အတွင်း ဝင်ငွေလွှဲပြောင်းသည်ဖြစ်စေ၊ မဖြစ်စေ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းနိုင်ငံခြား မှ ရရှိသည့်ဝင်ငွေအပေါ် အခွန်ကောက်ခံခဲ့ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများမှ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေ ပမာဏ (Taxable Income) သည် သိသာစွာ တိုးတက်ခဲ့ပါသည်။ကိုးကား- ASEAN BriefingPhoto: pimaccounting.comဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အခွန်စနစ်ကို ထပ်မံ ပြောင်းလဲမည်ဟု ရည်မှန်းထားပြီး အဆိုပါ အခွန်စနစ်သစ်အရ နိုင်ငံအနှံ့တွင် ထိုင်း နိုင်ငံသားများ အလုပ်လုပ်၍ရသော ဝင်ငွေအပေါ် အခွန်အပြည့်အဝ ကောက်ခံခြင်းနှင့် နိုင်ငံပေါင်းစုံမှ ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှ  ကော်ပရိတ်ခွန် (Corporate Tax) ၁၅ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံမည်ဟု ရည်မှန်းထားပါသည်။ ယင်းအခွန်စနစ်သစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အခွန်ရငွေအခြေခံ (Tax Base) ကို ချဲ့ထွင်နိုင်မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ပေးဆောင်ရန်စရိတ်များ (Compliance costs) များအပေါ်တွင် သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။ 

ယင်းအခွန်စနစ်သစ်အရ ထိုင်းအစိုးရသည် အခွန်ဥပဒေ ပုဒ်မ ၄၁ ကို ပြောင်းလဲပြီး ထိုင်းနိုင်ငံသားများ၏ ကမ္ဘာတစ်ဝန်းတွင် ရရှိသော ဝင်ငွေအားလုံးအပေါ် အခွန်ကောက်ခံနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော မည်သည့် နိုင်ငံသားမဆို ရရှိသည့် ဝင်ငွေ (ဝင်ငွေအား ပြင်ပမှ ရရှိပြီး ထိုင်းနိုင်ငံသို့ ငွေပြန် လွှဲသည့် ဝင်ငွေများအပါအဝင်) အပေါ် အခွန်ကောက်ခံမည် ဖြစ်ပါသည်။

ဖော်ပြပါ အခွန်စနစ်သစ်အား ၂၀၂၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဟု လျာထားသော်လည်း ထိုင်းနိုင်ငံပြင်ပတွင် နေထိုင်သည့် နိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသားများအကြား ၎င်းတို့၏ ပြည်ပတွင် နေထိုင်သည့် ကာလနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိပါသည်။ 

သို့ပါ၍ အဆိုပါ ဥပဒေမူကြမ်းအား အတည်ပြုထုတ်ပြုခြင်းမပြုမီ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ပြန်လည်ချင့်ချိန်သုံးသပ်ရမည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အခွန်စနစ် အပြောင်းအလဲ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် တွင် ထိုင်းအစိုးရသည် ပြင်ပမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမှုအား ပြောင်းလဲခဲ့ပါသည်။ အခွန်စနစ်ဟောင်း အရ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက်နေထိုင်သူများ၏ နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေသည် ဝင်ငွေရရှိသည့်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်းမှသာ ယင်းနိုင်ငံခြားဝင်ငွေအပေါ် အခွန် ကောက်ခံခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အခွန်စနစ်ပြောင်းလဲမှုအရ မည်သူမဆို ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ငွေ ရရှိသည့်နှစ်အတွင်း ဝင်ငွေလွှဲပြောင်းသည်ဖြစ်စေ၊ မဖြစ်စေ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းနိုင်ငံခြား မှ ရရှိသည့်ဝင်ငွေအပေါ် အခွန်ကောက်ခံခဲ့ပါသည်။ ထိုသို့ ပြောင်းလဲခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများမှ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေ ပမာဏ (Taxable Income) သည် သိသာစွာ တိုးတက်ခဲ့ပါသည်။

ကိုးကား- ASEAN Briefing

Photo: pimaccounting.com

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

Giulia

တရုတ်ထုတ် ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် “လက်တွေ့မကျသော ဖြေရှင်းနည်း" ဟု ကန့်ကွက်ခံရခြင်း
-
သတင်းထုတ်ပြန်သည့်ရက်စွဲ - ၂၀ မေ ၂၀၂၅တရုတ်အခြေစိုက် ကရိန်းကုမ္ပဏီများမှ တရုတ်ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် အမေရိကန်ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အဆိုပါမှတ်ချက်အား အမေရိကန်ဆိပ်ကမ်း အသင်းမှလည်း သဘောတူညီခဲ့သည်။တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ ကရိန်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Shanghai Zhenhua Heavy Industries (ZPMC) က အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ်ရုံး (USTR) ထံ သုံးသပ်ချက်တင်သွင်းရာတွင် ၎င်းတို့ထုတ်ကုန်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိပါကြောင်းနှင့် တရုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းသည် အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် အထောက်အကူမဖြစ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ZPMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံထုတ် သင်္ဘောဆိပ်ကမ်းကရိန်းများတွင် စွပ်စွဲထားသည့် ဆိုက်ဘာလုံခြုံရေးအန္တရာယ်မရှိပါ။ အဆိုပါ အကောက်ခွန်များသည် တရားဝင် ဖြေရှင်းနည်းလည်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းများက ကန့်ကွက်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရုတ်ထုတ် ကရိန်းများအပေါ် အကောက်ခွန် ၁၀၀% တိုးမြှင့်ရန် အဆိုပြုချက်အား ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ဆိပ်ကမ်းများအသင်းကလည်း အဆိုပြုချက်အား ကန့်ကွက်ခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ဧပြီလကုန်တွင် တရုတ်ထုတ် ကွန်တိန်နာနှင့် တပ်ဆင်ပြီး မော်တော်ယာဉ်အောက်ပိုင်းများအပေါ် ၂၀% မှ ၁၀၀% ထိ စည်းကြပ်ခွန် ကောက်ခံရန် စတင်အဆိုပြုခဲ့သည်။ အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်အားကောင်းစေရန်နှင့် ရေကြောင်းကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှု အားနည်းစေရန်အတွက် တရုတ်သင်္ဘောများကို ပစ်မှတ်ထား၍ ဆိပ်ကမ်းအခကြေးငွေများကို မြှင့်တင်ကောက်ခံခဲ့ခြင်းဖြစ်သည်။သို့သော် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် လွန်ခဲ့သည့် တစ်လခန့်က ပြည်သူများထံမှ အကြံပြုချက်များကို စတင်တောင်းခံပြီး ကန့်ကွက်သူများပြားကြောင်း၊ ရှန်ဟိုင်း Zhenhua က “ထိုအကောက်ခွန် များသည် အမေရိကန်ဆိပ်ကမ်းများ၏ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။ အမေရိကန်ဆိပ်ကမ်းများအသင်းကြီးက တရုတ်ထုတ်ကရိန်းများအပေါ် အကောက်ခွန် တိုးမြှင့်မှုအား ကန့်ကွက်သည့် အစီရင်ခံစာတင်သွင်း အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်း(AAPA)က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးထံ ပေးပို့သည့် အစီရင်ခံစာတွင် “ဈေးကွက်၌ တရုတ်ထုတ်ကရိန်းများအား အစားထိုးနိုင်သည့် အခြားရွေးချယ်စရာ မရှိခြင်းကြောင့် အဆိုပါအကောက်ခွန်များ အောင်မြင်မည်မဟုတ်” ဟု သတိပေးခဲ့သည်။ အသင်းက “အဆိုပါ အကောက်ခွန် များသည် အမေရိကန်တွင် ကရိန်းထုတ်လုပ်မှုလုပ်ငန်းကို မြန်ဆန်စွာ ပေါ်ပေါက်လာစေမည်မဟုတ်ဘဲ၊ အများပိုင် ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်” ဟု ထောက်ပြခဲ့သည်။ အမေရိကန် ဆိပ်ကမ်း အာဏာပိုင်အသင်းမှ လက်ရှိတွင် အမေရိကန်၌ ဆိပ်ကမ်းကရိန်း ထုတ်လုပ်သည့် ကုမ္ပဏီမရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် တရုတ်ကုမ္ပဏီ မဟုတ်သည့် ဂျပန်မှ Mitsui နှင့် ဥရောပကုမ္ပဏီများဖြစ်သည့် Konecranes နှင့် Liebherr ကုမ္ပဏီများသာ ထုတ်လုပ်ကြသည်။သို့သော် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းရည်ကို အစားထိုးရန် လိုအပ်ချက်ရှိကြကြောင်း အသင်းမှ ပြောကြားခဲ့သည်။ZPMC ၏ ကမ္ဘာ့ဈေးကွက်လွှမ်းမိုးမှုသတင်းများအရ ရှန်ဟိုင်း Zhenhua (ZPMC) သည် ကမ္ဘာ့ဆိပ်ကမ်းကရိန်းဈေးကွက်၏ ၇၀% ခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၈ သို့ ရောင်းချလျက်ရှိသည်။ ကုမ္ပဏီ၏ ၂၀၂၃ ဘဏ္ဍာရေးအစီရင်ခံစာအရ မြောက်အမေရိကတွင် အမြတ်ငွေ ၄.၈% ရရှိခဲ့သော်လည်း ယခင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ Joe Biden အစိုးရက တရုတ်ထုတ် STS ကရိန်းများအပေါ် အကောက်ခွန် ၂၅% စတင်ကောက်ခံခဲ့သည်။ ဆယ်စုနှစ်အတွင်း ဘီလီယံချီကုန်ကျနိုင် အမေရိကန် ဆိပ်ကမ်းအာဏာပိုင်အသင်း၏ အဆိုအရ အမေရိကန်ဆိပ်ကမ်းများတွင် အသုံးပြုရန် ကရိန်း ၅၅ လုံး မှာယူထားပြီး လာမည့် ၆ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် ၁၅၁ လုံး လိုအပ်မည်ဖြစ်သည်။ အကောက်ခွန်သစ်များ အတည်ပြုခဲ့ပါက လာမည့် ၁၀ နှစ် အတွင်း ဒေါ်လာ ၆.၇ ဘီလီယံအထိ ပိုမိုကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။ ဥပမာအား ဖြင့် တက္ကဆက်ပြည်နယ်ရှိ Houston ဆိပ်ကမ်းသည် ZPMC ထုတ် ကရိန်း ၈ လုံးကို ၂၀၂၆ ခုနှစ် နွေဦးတွင် ဒေါ်လာ ၁၄ သန်းစီဖြင့် မှာယူထားပြီး၊ ၁၀၀% အကောက်ခွန်စည်းကြပ်ပါက အခွန်ဒေါ်လာ ၃၀၂.၄ သန်း အပိုပေးရမည်ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တည်ဆောက်ရန် အခက်အခဲများအမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်းက အမေရိကန်နိုင်ငံတွင် ကရိန်း ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်စတင်ရန် အားပေးသော်လည်း၊ ပြည်တွင်းသံမဏိစျေးနှုန်းမြင့်မားခြင်း၊ ဂဟေဆက်ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းနှင့် ကရိန်းအစိတ်အပိုင်းများရှားပါးခြင်း စသည့် အကြောင်းအရင်းများကြောင့် ပြန်လည်တည်ဆောက်ရန် အချိန် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အသင်းက အမေရိကန် ကွန်ဂရက်အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးသည့် အခွန်ကင်းလွတ်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အကြံပြုခဲ့ပြီး၊ ထိုသို့သော ဥပဒေများ မပြဋ္ဌာန်းမီအထိ ကရိန်းများအပေါ် ထပ်မံ၍ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်း မပြုရန် အကြံပြုထားသည်။ ထို့အပြင် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်မတိုင်မီ မှာယူထားသော ကရိန်းများအား အကောက်ခွန် ကင်းလွတ်ခွင့် ပေးရန်နှင့် ၁၀၀% အကောက်ခွန်ကို ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းပေးရန် အသင်းက တောင်းဆိုထားသည်။ကိုးကား- South China Morining PostSouth China Morning Post တွင် Carol Yang ရေးသားသည့် Chinese crane maker raises questions over US tariff plans: ‘not a real remedy’ ဆောင်းပါးအား ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစကမှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

သတင်းထုတ်ပြန်သည့်ရက်စွဲ - ၂၀ မေ ၂၀၂၅

တရုတ်အခြေစိုက် ကရိန်းကုမ္ပဏီများမှ တရုတ်ကရိန်းများအပေါ် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်မည့် အစီအစဉ်သည် အမေရိကန်ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အဆိုပါမှတ်ချက်အား အမေရိကန်ဆိပ်ကမ်း အသင်းမှလည်း သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်တိန်နာ ကရိန်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Shanghai Zhenhua Heavy Industries (ZPMC) က အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ်ရုံး (USTR) ထံ သုံးသပ်ချက်တင်သွင်းရာတွင် ၎င်းတို့ထုတ်ကုန်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိပါကြောင်းနှင့် တရုတ် ထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းသည် အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် အထောက်အကူမဖြစ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

ZPMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံထုတ် သင်္ဘောဆိပ်ကမ်းကရိန်းများတွင် စွပ်စွဲထားသည့် ဆိုက်ဘာလုံခြုံရေးအန္တရာယ်မရှိပါ။ အဆိုပါ အကောက်ခွန်များသည် တရားဝင် ဖြေရှင်းနည်းလည်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ 

 ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းများက ကန့်ကွက်

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရုတ်ထုတ် ကရိန်းများအပေါ် အကောက်ခွန် ၁၀၀% တိုးမြှင့်ရန် အဆိုပြုချက်အား ဆိပ်ကမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ဆိပ်ကမ်းများအသင်းကလည်း အဆိုပြုချက်အား ကန့်ကွက်ခဲ့သည်။ 

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ဧပြီလကုန်တွင် တရုတ်ထုတ် ကွန်တိန်နာနှင့် တပ်ဆင်ပြီး မော်တော်ယာဉ်အောက်ပိုင်းများအပေါ် ၂၀% မှ ၁၀၀% ထိ စည်းကြပ်ခွန် ကောက်ခံရန် စတင်အဆိုပြုခဲ့သည်။ အမေရိကန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်အားကောင်းစေရန်နှင့် ရေကြောင်းကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှု အားနည်းစေရန်အတွက် တရုတ်သင်္ဘောများကို ပစ်မှတ်ထား၍ ဆိပ်ကမ်းအခကြေးငွေများကို မြှင့်တင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် လွန်ခဲ့သည့် တစ်လခန့်က ပြည်သူများထံမှ အကြံပြုချက်များကို စတင်တောင်းခံပြီး ကန့်ကွက်သူများပြားကြောင်း၊ ရှန်ဟိုင်း Zhenhua က “ထိုအကောက်ခွန် များသည် အမေရိကန်ဆိပ်ကမ်းများ၏ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေကာ ပို့ဆောင်ရေးကွင်းဆက်တစ်လျှောက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။ 

အမေရိကန်ဆိပ်ကမ်းများအသင်းကြီးက တရုတ်ထုတ်ကရိန်းများအပေါ် အကောက်ခွန် တိုးမြှင့်မှုအား ကန့်ကွက်သည့် အစီရင်ခံစာတင်သွင်း 

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်း(AAPA)က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးထံ ပေးပို့သည့် အစီရင်ခံစာတွင် “ဈေးကွက်၌ တရုတ်ထုတ်ကရိန်းများအား အစားထိုးနိုင်သည့် အခြားရွေးချယ်စရာ မရှိခြင်းကြောင့် အဆိုပါအကောက်ခွန်များ အောင်မြင်မည်မဟုတ်” ဟု သတိပေးခဲ့သည်။  အသင်းက “အဆိုပါ အကောက်ခွန် များသည် အမေရိကန်တွင် ကရိန်းထုတ်လုပ်မှုလုပ်ငန်းကို မြန်ဆန်စွာ ပေါ်ပေါက်လာစေမည်မဟုတ်ဘဲ၊ အများပိုင် ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ကိုသာ မြင့်တက်စေမည်” ဟု ထောက်ပြခဲ့သည်။ အမေရိကန် ဆိပ်ကမ်း အာဏာပိုင်အသင်းမှ လက်ရှိတွင် အမေရိကန်၌ ဆိပ်ကမ်းကရိန်း ထုတ်လုပ်သည့် ကုမ္ပဏီမရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် တရုတ်ကုမ္ပဏီ မဟုတ်သည့် ဂျပန်မှ Mitsui နှင့် ဥရောပကုမ္ပဏီများဖြစ်သည့် Konecranes နှင့် Liebherr ကုမ္ပဏီများသာ ထုတ်လုပ်ကြသည်။သို့သော် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းရည်ကို အစားထိုးရန် လိုအပ်ချက်ရှိကြကြောင်း အသင်းမှ ပြောကြားခဲ့သည်။

ZPMC ၏ ကမ္ဘာ့ဈေးကွက်လွှမ်းမိုးမှု

သတင်းများအရ ရှန်ဟိုင်း Zhenhua (ZPMC) သည် ကမ္ဘာ့ဆိပ်ကမ်းကရိန်းဈေးကွက်၏ ၇၀% ခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ထုတ်ကုန်များကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၈ သို့ ရောင်းချလျက်ရှိသည်။ ကုမ္ပဏီ၏ ၂၀၂၃ ဘဏ္ဍာရေးအစီရင်ခံစာအရ မြောက်အမေရိကတွင် အမြတ်ငွေ ၄.၈% ရရှိခဲ့သော်လည်း ယခင်နှစ်ကထက် ၃၀% ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ Joe Biden အစိုးရက တရုတ်ထုတ် STS ကရိန်းများအပေါ် အကောက်ခွန် ၂၅% စတင်ကောက်ခံခဲ့သည်။ 

ဆယ်စုနှစ်အတွင်း ဘီလီယံချီကုန်ကျနိုင် 

အမေရိကန် ဆိပ်ကမ်းအာဏာပိုင်အသင်း၏ အဆိုအရ အမေရိကန်ဆိပ်ကမ်းများတွင် အသုံးပြုရန် ကရိန်း ၅၅ လုံး မှာယူထားပြီး လာမည့် ၆ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် ၁၅၁ လုံး လိုအပ်မည်ဖြစ်သည်။ အကောက်ခွန်သစ်များ အတည်ပြုခဲ့ပါက လာမည့် ၁၀ နှစ် အတွင်း ဒေါ်လာ ၆.၇ ဘီလီယံအထိ ပိုမိုကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။   ဥပမာအား ဖြင့် တက္ကဆက်ပြည်နယ်ရှိ Houston ဆိပ်ကမ်းသည် ZPMC ထုတ် ကရိန်း ၈ လုံးကို ၂၀၂၆ ခုနှစ် နွေဦးတွင် ဒေါ်လာ ၁၄ သန်းစီဖြင့် မှာယူထားပြီး၊ ၁၀၀% အကောက်ခွန်စည်းကြပ်ပါက အခွန်ဒေါ်လာ ၃၀၂.၄ သန်း အပိုပေးရမည်ဖြစ်သည်။ 

ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တည်ဆောက်ရန် အခက်အခဲများ

အမေရိကန်ဆိပ်ကမ်းအာဏာပိုင်အသင်းက အမေရိကန်နိုင်ငံတွင် ကရိန်း ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်စတင်ရန် အားပေးသော်လည်း၊ ပြည်တွင်းသံမဏိစျေးနှုန်းမြင့်မားခြင်း၊ ဂဟေဆက်ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းနှင့် ကရိန်းအစိတ်အပိုင်းများရှားပါးခြင်း စသည့် အကြောင်းအရင်းများကြောင့် ပြန်လည်တည်ဆောက်ရန် အချိန် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အသင်းက အမေရိကန် ကွန်ဂရက်အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးသည့် အခွန်ကင်းလွတ်ခွင့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အကြံပြုခဲ့ပြီး၊ ထိုသို့သော ဥပဒေများ မပြဋ္ဌာန်းမီအထိ ကရိန်းများအပေါ် ထပ်မံ၍ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်း မပြုရန် အကြံပြုထားသည်။ 

ထို့အပြင် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်မတိုင်မီ မှာယူထားသော ကရိန်းများအား အကောက်ခွန် ကင်းလွတ်ခွင့် ပေးရန်နှင့် ၁၀၀% အကောက်ခွန်ကို ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းပေးရန် အသင်းက တောင်းဆိုထားသည်။

ကိုးကား- South China Morining Post

South China Morning Post တွင် Carol Yang ရေးသားသည့် Chinese crane maker raises questions over US tariff plans: ‘not a real remedy’ ဆောင်းပါးအား ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစကမှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

Carol Yang