ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခု နှစ်ဟောင်းကုန်ဆုံးသောနေ့ဖြစ်သည်။ မြန်မာလူမျိုးတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသည်ကို အလေးအမြတ်ထားကြသည်။ ထို့ကြောင့် နှစ်သစ်သို့မကူးပြောင်းမီ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို အကြို၊ အကျ၊ အကြတ်၊ အတက်ဟူ၍ လေးရက်တိုင်ခြိမ့်ခြိမ့်သဲဆင်နွှဲကြသည်။ မင်္ဂလာအခါတော် အချိန်အခါကာလတွင် သင်္ကြန်ရေဖြင့် သွန်းလောင်းပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဆောင်ကြဉ်းကြသည်။
ရိုးရာယဉ်ကျေးမှု ရှေးထုံးအစဉ်အလာကို မပျက်မယွင်းထိန်းသိမ်းစောင့်ရှောက် ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်တန်းဟုဆိုချင်သည်။ နှစ်သစ်ကို ကောင်းခြင်းအဖြာဖြာဖြင့်ကြိုဆိုသည့် မင်္ဂလာအခါတော်တွင် တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်ကြည်နူးစွာရေပက်ကစားကြခြင်းသည် စိတ်နှလုံးအေးမြကြည်လင်လန်းဆန်းခြင်း၊ အညစ်အကြေးတို့ကို ရေဖြင့်ဆေးကြောခြင်း၊ ရေသည် အကြားမထင်ဆက်စပ်ခြင်းဟူသည့် ရေနိမိတ်အရ နှစ်ဟောင်းမှမကောင်းမှုများကို ဆေးကြောပြီး ကောင်းခြင်းများကိုနှစ်သစ်သို့ ဆက်လက်စီးမျောစေခြင်း၊ အများပြည်သူတို့၏ စိတ်ဓာတ်များနှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေလိုခြင်း၊ အများပြည်သူတို့ အချင်းချင်းကြား ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းလုံး ချစ်ခင်စွာဆက်ဆံနေထိုင်ခြင်းစသည့် မွန်မြတ်သောရည်ရွယ်ချက်များကို တစ်စိတ်တစ်ဝမ်းတည်း ဖော်ဆောင်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဖြစ်ပေါ်လာသောအခြေအနေအရ ခက်ခဲကြမ်းတမ်းသောဘဝများ၊ အနှောင့်အယှက် အဖျက်အဆီးစိန်ခေါ်မှုများကို နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ လက်ရှိကာလတွင် ရာသီဥတုသဘာဝအရ ပူလောင်ပြင်းပြသည့်အပူရှိန်ကို ခံစားကြရသည်။ ယင်းသို့သော အခြေအနေအရပ်ရပ်တို့ကို ယခုကဲ့သို့ အတာသင်္ကြန်ပွဲတော်ကာလ၌ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအကြား အတာရေစင်ပက်ဖျန်းပြီး ပျော်ပွဲသဘင်ဆင်နွှဲကြသဖြင့် စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းပေးနိုင်သလို အတာရေစင်၏ အေးမြစေသည့်သဘောအရ အပူဒဏ်ပါ လျော့နည်းသက်သာသွားသည်ဟု ထင်ရသည်။ တိုင်းရင်းသားပြည်သူအားလုံး အကြွင်းမဲ့အလုံးစုံ နှစ်သက်ပျော်ရွှင်လန်းဆန်းစေမည်ဟု မျှော်လင့်မိသည်။
မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် အထူးခြားဆုံးနှင့် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ အများပြည်သူတို့သည် သင်္ကြန်ပွဲတော်တွင် အခြားရာသီပွဲတော်များထက် နှစ်သက်ပျော်ရွှင်ချမ်းမြေ့ကြသည်။ ဤသို့ ပျော်ရွှင်ချမ်းမြေ့ကြသလို ကုသိုလ်ရေးကိုလည်း မမေ့ကြဖို့လိုသည်။ အပျော်အရွှင်လည်းစုံလင် ကုသိုလ်ကောင်းမှုများလည်း အထူးပြုကြဖို့လိုသည်။ ဤသည်မှာ မြန်မာတို့၏ နှစ်လိုဖွယ်ကောင်းသည့် အနှစ်သာရပြည့်ဝသော ယဉ်ကျေးမှုဓလေ့ပင်ဖြစ်သည်။ နှစ်သစ်ကူးပြောင်းသည့် မင်္ဂလာရှိသောအချိန်ကာလ တွင်ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်များထက်ထူးကဲပြီး နိုင်ငံတော်အစိုးရသစ်၊ လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့်အတူ ပြည်သူများ အားလုံးပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာဆင်နွှဲနိုင်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်တာဝန်များကို ကျရာအခန်းကဏ္ဍမှ စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်ဟူသည့် ရည်ရွယ်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အထိမ်းအမှတ်ပွဲတော်ဖြစ်သည်။ ရှေးအစဉ်အဆက် လက်ဆင့်ကမ်းအမွေပေးခဲ့သော မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဖြစ်သည်။ ထို့ပြင် ပျော်ပွဲသက်သက်မဟုတ်သည့် ကောင်းကျိုးဆောင်သော ရိုးရာယဉ်ကျေးမှုပွဲတော်လည်းဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်သည့် လွတ်လပ်သောပွဲတော်ဖြစ်သည်။ အားလုံးတစည်းတလုံးတည်း ပျော်ရွှင်ချမ်းမြေ့ကြမည်ဆိုသည့် ကိုယ်စီခံယူချက်များကို ထုတ်ဖော်ပြသကြသည့် အတာသင်္ကြန်ပွဲတော်မှသည် နိုင်ငံတော်သစ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆက်လက်ဆောင်ကြဉ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
moi

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်သည် ယခုမြန်မာနှစ်သစ်အဖို့ ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားသည့်ပွဲတော်ကြီးအဖြစ် ရှုမြင်နေရပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီနိုင်ငံရေးအခင်းအကျင်းသစ် စတင်အကောင်အထည်ဖော်သည့် ပြည်သူကရွေးချယ်တင်မြှောက်ခဲ့သော နိုင်ငံတော်အစိုးရအဖွဲ့သစ် စတင်တာဝန်ယူဆောင်ရွက်မှုနှင့်အတူ နိုင်ငံတော်နှင့်ပြည်သူ အေးချမ်းသာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း နှစ်သစ်မင်္ဂလာကို သင်္ကြန်အတာရေစင်ပက်ဖျန်းပြီး ဖွင့်လှစ်ကြိုဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလဆုတ် ၁၂ ရက် (ဧပြီလ ၁၃ ရက်နေ့) သင်္ကြန်အကြိုနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ယခုနှစ်ကျင်းပသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်သည် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး စိတ်သစ်လူသစ်၊ နိုင်ငံရေးအခင်းအကျင်းအသစ်တွင် အစိုးရနှင့်ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းညီညွတ်မှုကို ညွှန်းဆိုဖော်ပြလိုက်သည့် ပွဲတော်ဖြစ်သည်။ အလားတူ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များအားလုံးတွင်လည်း အစိုးရနှင့်ပြည်သူ လက်တွဲကြည်ဖြူ ပျော်ရွှင်ချမ်းမြေ့မှုများကို တွေ့မြင်နေရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စွာဆင်နွှဲနေကြပြီဖြစ်သည်။ နေပြည်တော်သင်္ကြန်ပွဲတော်တွင် ဝန်ကြီးဌာနများအလိုက် သင်္ကြန်ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာရေကစားမဏ္ဍပ်များ၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်၊ လက်ဖက်ပွဲတော်မဏ္ဍပ်နှင့် ထမနဲမဏ္ဍပ်များ၊ စတုဒိသာ အကျွေးအမွေးမဏ္ဍပ်များ၊ ယိမ်းအကအဖွဲ့များနှင့် နာမည်ကျော်အဆိုတော်များ၏ သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန်၊ စက်ဘီးသင်္ကြန်၊ မြို့မတေးဂီတအဖွဲ့နှင့် ယိမ်းအကအလှ ဖျော်ဖြေတင်ဆက်မှုများသည် ကြည့်မဝနိုင်ဖြစ်ရသည်။
ယခင်က အစည်ကားဆုံးဖြစ်ခဲ့သည့် ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အဖြစ် ရေပက်ကစားကြပြီး သနပ်ခါးလူးပွဲတော်ကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်သည့် ထူးခြားသောယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုကို ညစ်နွမ်းစေသောအပြုအမူ လုပ်ကိုင်ဆောင်ရွက်မှုများကို ရှောင်ရှားကြရမည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာဆင်နွှဲကြခြင်းသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းဖြစ်သည်။
၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့ကြောင့် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားဖျော်ဖြေခြင်းများကို ပြုလုပ်ခြင်းမပြုဘဲ လမ်းလျှောက်သင်္ကြန်အဖြစ် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ မဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ အာဟာရကျွေးမွေးခြင်း၊ စေတီဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ငါးလွှတ်ခြင်းကဲ့သို့ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းစသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အစဉ်အလာမပျက်ပြုလုပ်ကြရာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း အေးချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းပေးမည့်သဘောဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်လွန်ခဲ့သောနှစ်ဟောင်းတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ စသည့်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အခက်အခဲများကြားမှ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော်အစိုးရနှင့်ပြည်သူ လက်တွဲညီညီ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် အချိန်အခါကာလတွင် နိုင်ငံတစ်ဝန်းကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲနှင့်မတူသော နိုင်ငံတော်အစိုးရသစ်၊ ပြည်သူက ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွအားလုံးပျော်ရွှင်စွာ ဆင်နွှဲကြသည့်၊ အနှစ်သာရပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကြီးတစ်ခုဟု ရှုမြင်ရမည်ဖြစ်ပါကြောင်း။ ။

တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး။” ဟူ၍ မဟာအတုလမင်းကြီးက တန်ခူးလကို ဖွဲ့ဆိုခဲ့သည်။
တန်ခူးလတွင် စိတြနက္ခတ်သည် လမင်းနှင့်အပြိုင် ထွန်းလင်းသည်။ ရာသီအားဖြင့် မိဿရာသီဖြစ်ရာ မိဿသည် ပါဠိလို မေသကို မြန်မာလိုခေါ်ဆိုခြင်းဖြစ်ပြီး အနက်အဓိပ္ပာယ်မှာ ဆိတ်ကိုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် တန်ခူးလ၏ ရာသီရုပ်သည် ဆိတ်ရုပ်ဖြစ်သည်။ တန်ခူးလ၏ ရာသီပွဲအားဖြင့် နှစ်သစ်ကူးအတာရေသွန်းသည့် သင်္ကြန်ပွဲဖြစ်ပြီး နိုင်ငံတစ်ဝန်း ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။
နှစ်သစ်ကူးတွင် ပျော်မြူးရွှင်လန်းစွာ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းသွန်းလောင်းသည့် အစဉ်အလာယဉ်ကျေးမှုဓလေ့မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု မြန်မာတို့ ယုံကြည် ကြသည်။ ရှေးအခါက မဇ္ဈိမဒေသ ကပိလဝတ်ပြည်တွင် နေထိုင်ခဲ့ကြသည့် သာကီဝင်မင်းများသည် အတာကူးသည့် တန်ခူးလအခါ၌ ကြည်နူးဖွယ်ရာသာယာလှပသော ဒေဝဒဟ ရေအိုင်ကြီးအနီး မင်းတဲဆောက်ကာ ရေဖျန်းသဘင် ပျော်ရွှင်ဆင်နွှဲခဲ့ကြသည့်အကြောင်း သာသနာဝင်ကျမ်းများ၌ပါရှိသည်။ ထိုနည်းတူ ပုဂံခေတ် တွင်လည်း နွေကာလတွင် နန်းတော်မှသည် မြစ်ဆိပ်အထိ တစ်ဆက်တစ်စပ်တည်း တဲနန်းဥမင် ယာယီဆောက်ကာ ဘုရင်နှင့်တကွ နန်းတော်သူ နန်းတော်သားတို့ ရေကစားခဲ့ကြကြောင်း ရာဇဝင်ကျမ်း၌ပါရှိရာ နွေရာသီတွင် ရေကန်၊ မြစ်ဆိပ်တို့၌ ရေပက်ဖျန်းကစားခဲ့ကြသည့် အစဉ်အလာသည် ရှေးနှစ်ပေါင်း များစွာကတည်းကပင်ရှိခဲ့ပြီး ယင်းအစဉ်အလာမှ သင်္ကြန်ရေကစားသည့်ဓလေ့ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ယူနက်စ်ကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of the Intangible Cultural Heritage of Humanity) အဖြစ် တရားဝင်သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက် ပထမဆုံး ယူနက်စ်ကို စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် ရေသဘင်ပွဲတော်ဖြစ်သော ဆွန်ခရမ်ကိုလည်း ၂၀၂၃ ခုနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်အဖြစ် ယူနက်စ်ကိုက အသိအမှတ်ပြုခဲ့ရာ ထိုင်းက ၂၀၂၄ ခုနှစ် ဆွန်ခရမ်ပွဲတော်ကို ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုတစ်ရပ်အဖြစ် အကြီးအကျယ် ကျင်းပခဲ့သည်ဟု သိရသည်။
ယူနက်စ်ကိုအဖွဲ့သည် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ၂၀၀၉ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အစဉ်အလာထုံးဓလေ့များ၊ ပွဲတော်များ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု အမွေအနှစ်စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စ်ကိုသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ တင်ပြချက်များကိုသာ အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး နိုင်ငံများ၏အစိုးရများကမူ ထိုသို့အဆိုပြုတင်သွင်းသည့် အဖွဲ့အစည်းအား သံတမန်ရေးရာအကူအညီနှင့် အခြားလိုအပ်သည့် အကူအညီများကို ကူညီထောက်ပံ့ပေးခြင်းသာ ပြုနိုင်သည်ဟု သိရသည်။
ယခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတို့ကို မမေ့မလျော့ ဖော်ထုတ်ကြရမည့်အပြင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ယူနက်စ်ကိုသို့ မြန်မာနိုင်ငံမှ နောက်ထပ်တင်သွင်းသွားမည့် လက်ဖက်စို၊ သနပ်ခါး၊ ထမနဲ စသည် တို့ကိုလည်း မှတ်မှတ်ရရ ဝိုင်းဝန်းဖော်ထုတ်သွားကြရန်လိုသည်။
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး အတူတကွ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖြစ်သည့် မိမိတို့မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုထားသည့် အမွေအနှစ်ပေါင်း ၂၂၈၉ ခုရှိသည်။ ထိုယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက်ရေးနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အဓိကထိန်းသိမ်းစောင့်ရှောက်ကြရမည့်သူများမှာ ပြည်သူများသာဖြစ်သည်။ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပြီးဖြစ်သော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကြီး၏ဂုဏ်ဒြပ်ကို ပျော်ရွှင်ကြည်နူးမှု၊ ယဉ်ကျေးသိမ်မွေ့မှုပုံရိပ်များဖြင့် မြှင့်တင်ထိန်းသိမ်းကြရပါမည့်အကြောင်း။ ။

မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်းသိရှိရသည်။ အာရှနိုင်ငံများမှစကာ ကမ္ဘာအနှံ့လက်ဖက်ကို လက်ဖက်ခြောက်အဖြစ် သုံးစွဲကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ ရှေးနှစ်ပေါင်းများစွာကပင် လက်ဖက်ခြောက်ကိုသာမက လက်ဖက်စိုကိုပါ ထူးထူးခြားခြား စားသုံးခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရာတွင် လက်ဖက်စိုယဉ်ကျေးမှုအဖြစ် တင်သွင်းသွားမည်ဖြစ်သည်ဟုသိရသည်။
မြန်မာနိုင်ငံတွင် လက်ဖက်သည် မြေပြန့်တွင် ပေါက်ရောက်ခြင်းမရှိ၊ စိုက်ပျိုး၍လည်းမဖြစ်။ တောင်ပေါ်ဒေသမှထွက်သော လက်ဖက်စို၊ လက်ဖက်ခြောက်တို့မှာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ရှေးကစ၍ ယနေ့ခေတ်ထိတိုင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်။ ဧည့်သည်လာလျှင် ဧည့်ခံနိုင်ရန်အတွက် လက်ဖက်စို၊ လက်ဖက်ခြောက်တို့ကို အိမ်တိုင်းမှာ ဆောင်ထားတတ်ကြသည်။ ရှေးကဆိုလျှင် လက်ဖက်သည် အလှူမင်္ဂလာ ဖိတ်ကြားမှုအတွက် အကမ်းအလှမ်း ပစ္စည်းတစ်မျိုးဖြစ်သည်။ တရားတပေါင်ဖြစ်နေ ကြသူတို့ နှစ်ဖက်စေ့စပ်ကျေအေးကြသည့်အခါ လက်ဖက်အတူ စားခြင်းဖြင့် အထိမ်းအမှတ်ပြုကြသည်။ ရိုးရာဓလေ့ထုံးစံအရ ပူဇော်သမှုပြုကြသည့်အခါ အုန်းသီး၊ ငှက်ပျောသီး၊ မုန့်ဆန်း၊ ကွမ်း၊ ဆေး စသည်တို့နှင့်အတူ လက်ဖက်သည်လည်း ပူဇော်ဝတ္ထုပစ္စည်းဖြစ်သည်။ လက်ဖက်ရွက်၏အရသာမှာ ခါးသည်ဟုဆိုသည့်တိုင် လက်ဖက်စို၊ လက်ဖက်ခြောက်အဖြစ် ပြုပြင်ဖန်တီးထုတ်လုပ်လိုက် သည့်အခါ ထိုအခါးဓာတ်မှာ စား၍၊ သောက်၍ မညည်းစတမ်း စွဲလမ်းဖွယ်ရာဖြစ်လာသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှုအစောဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် လက်ဖက်အများဆုံး စိုက်ပျိုးရာဒေသဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လွယ်ဆိုင်းတောင်တွင် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော လက်ဖက်ပင်တည်ရှိသည်ဟု သိရသည်။ သို့ဖြစ်ရာ လက်ဖက်ပင်ပေါက်ရောက်ရာဒေသဖြစ်သကဲ့သို့ နှစ်ပရိစ္ဆေဒများစွာ ရှည်ကြာသည့်တိုင် ဆက်လက်တည်တံ့နေသည့် လက်ဖက်ယဉ်ကျေးမှုသည် မိမိတို့နိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်ပင်ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် နှုတ်ပြောအစဉ်အလာများ၊ ဖျော်ဖြေမှုအနုပညာများ၊ ပေါင်းသင်းဆက်ဆံမှု ထုံးဓလေ့များ၊ ရိုးရာပွဲတော်များ၊ လက်မှုပညာများအပါအဝင် ဆက်လက်ရှင်သန်နေဆဲ အစဉ်အလာများ၊ ဖော်ပြချက်များ၊ အသိပညာများနှင့် ကျွမ်းကျင်မှုများ စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပြီး မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းမြှင့်တင်ခြင်းနှင့် ကုလသမဂ္ဂသို့ အမည်စာရင်းများတင်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၂၂၈၉ ခုရှိပြီး အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုမှတ်ပုံတင်စာရင်း ပထမအကြိမ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု သိရှိရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ၂၀၂၄ ခုနှစ်က ပါဝင်ခဲ့ပြီးနောက် မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုကို ဆက်လက်တင်သွင်းထားသည်။ ဆက်လက်၍ လက်ဖက်စိုယဉ်ကျေးမှုကို လူသားမျိုးနွယ်ကိုယ်စားပြု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းသွားနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ရာ ၂၂၈၉ ခုအထိရှိနေသည့် မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကအသိအမှတ်ပြုလာနိုင်ရေးအတွက် မိမိတို့သားစဉ် မြေးဆက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး၏ ဝိသေသလက္ခဏာဖြစ်သော ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုများ မပျောက်မပျက် ရေရှည်တည်တံ့ရေး လူတိုင်းကိုယ်စီ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ကြရပါမည့်အကြောင်း။ ။

ဒေသနာနယ၊ နက္ခတ္တနယ၊ ဘေသဇ္ဇနယနှင့် ဝိဇ္ဇာဓရနယဟူသော နယကြီးလေးပါးအနက် တစ်ပါးပါးနှင့် အကျုံးဝင်၍ အသက်ရှည်ရာ အနာမဲ့ကြောင်း ပြုစုနိုင်သည့် ဆေးပညာမှာ မြန်မာ့တိုင်းရင်းဆေးပညာပင်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်စသည့် ခေတ်အဆက်ဆက်တွင် ထွန်းကားလာခဲ့ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အားထားယုံကြည်သုံးစွဲခဲ့ကြသည့် ဆေးပညာလည်း ဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သည်ဆိုသည့်တိုင် ၎င်းအဆိုကို သက်သေပြနိုင်သည့် ခိုင်မာသော အထောက်အထား တစ်စုံတစ်ရာမတွေ့ရသေးဘဲ အစောဆုံး အထောက်အထားအဖြစ် ပုဂံဒေသရှိ အင်းဝခေတ်ထိုး ကျောက်စာတစ်ချပ်တွင် တွေ့ရသည်။ ၎င်းကျောက်စာကို တက်နွယ် ကျောင်း ကျောက်စာဟုခေါ်ပြီး ဝက်ကြီးအင်းအရပ်၊ အရှေ့ကုန်းရွာ၊ မိုးညှင်းကျောင်းတိုက်မြောက်ဘက်၌ တွေ့ရှိနိုင်သည်ဟု သိရသည်။ အဆိုပါကျောက်စာတွင် နရပတိမင်းလက်ထက် တောင်တွင်းမင်း သီရိဇေယျသူရဇနီးမောင်နှံတို့လှူဒါန်းသည့် ပစ္စည်းစာရင်း၌ ဗုဒ္ဓပိဋကတ်တော်များအပြင် အာယုဗ္ဗေဒဆေးကျမ်းအများအပြားကိုပါ ပေးလှူကြောင်း ဆေးကျမ်းအမည်များနှင့်တကွ ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ၎င်းတို့၏ ရေ၊ မြေ၊ ရာသီ ဥတုနှင့် ရိုးရာဓလေ့ထုံးစံများအလိုက် တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးကုထုံးများ ကိုယ်စီရှိကြရာ လူမျိုးအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များပင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ရေ၊ မြန်မာ့မြေပေါ်တွင် နှစ်ပေါင်းရှည်ကြာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး သိမ်မွေ့နက်နဲသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် ဆေးကျမ်းများ၊ အာနိသင်ထက်မြက်သည့် ဆေးဝါးများ၏ အနှစ်သာရအဆီအနှစ်များကို စုစည်းပြီး အမျိုးသားအမွေအနှစ်ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေရန် တိုင်းရင်းဆေးလောကသားများ၏ စုပေါင်းစွမ်းအားဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကို ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ဆောင်းရာသီအခါသမယ၌ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၄) ကြိမ်မြောက်အဖြစ် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းသည် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းဆေးသမားတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း စသည့်ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်များ ဆုံစည်းဆွေးနွေးနှီးနှောဖလှယ်ခွင့်ရကြပြီး မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
မြန်မာ့တိုင်းရင်းဆေးလောကသားများ၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် အစွမ်းထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်းကုထုံးများ ထွက်ပေါ်လာရေး၊ အစွမ်းထက်မြန်မာ့ တိုင်းရင်းဆေးဝါးများဖြင့် ပြည်သူလူထုကို အကျိုးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် စွမ်းဆောင်နိုင်ကြပါစေကြောင်း။ ။
MOI

မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်း ညီညွတ်သည့်စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေးနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့်အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့်ရည်ရွယ်ချက်များဖြင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသော နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာကျင်းပခဲ့သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်မှုများကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့်အတွက် အနုပညာကဏ္ဍအသီးသီးမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို အောက်တိုဘာလ ၁၃ ရက်နေ့(ယနေ့)တွင် ကျင်းပပြုလုပ်နေပြီဖြစ်ရာ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မြင့်မားလာအောင် စွမ်းဆောင်နိုင်မှုများကို ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်တွေ့ကြရမည်ဖြစ်သည်။မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို အနုသုခုမပညာရှင်များက လက်ဆင့်ကမ်းအမွေပေးဝေနိုင်ခဲ့ခြင်းသည် နိုင်ငံအတွက်ဂုဏ်ယူစရာပင်ဖြစ်သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို အဆင့်) ပြိုင်ပွဲကြီးကို ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ထားသည့်နေရာ အသီးသီးတွင် ခမ်းနားထည်ဝါစွာကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့်အပြင် မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များက ကိုယ်တိုင်လာရောက်ကြည့်ရှုကြသလို နိုင်ငံတစ်ဝန်းမှ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးကြသူများနှင့် ဝါသနာရှင်များက ရုပ်မြင်သံကြားဖန်သားပြင်များ ပေါ်မှတစ်ဆင့် တစ်ခဲနက်အားပေးခဲ့ကြသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ရှင်သန်ထွန်းကားနေသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်မိသည်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ညွှန်းဆိုဖော်ပြ ရာတွင် ယင်းနိုင်ငံ၊ ယင်းလူမျိုးပိုင်ဆိုင်ခဲ့သော အနုသုခုမပညာရပ်များ၏ ယဉ်ကျေးမှုအဆင့်အတန်းကို သက်တမ်းမည်မျှရှည်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့မှုနှင့် ရှေးအစဉ်အလာယဉ်ကျေးမှုကို အစဉ်အလာမပျက် ဖော်ထုတ်ပြသနိုင် ခြင်းရှိ/ မရှိတို့အပေါ်တွင် သတ်မှတ်ညွှန်ပြကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံတည်ထွန်းစ အချိန်ကတည်းကစတင်၍ ပေါ်ထွန်းလာခဲ့သည့် ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ယနေ့ထက်တိုင် တည်တံ့ဖြစ်ထွန်းလျက်ရှိပြီး ရှေးမူဟန်၊ ရှေးမူမပျက် ထိန်းသိမ်းဖော်ထုတ်ပြသနိုင်မှုများအား ယခုကျင်းပခဲ့သည့် အမျိုးသားယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက သက်သေထူပြလျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အောင်မြင်ဖြစ်ထွန်းမှု အရှိန်အဟုန်ကို ထပ်ဆင့်မြှင့်တင်နိုင်စေရန်နှင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုကြရမည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုပြိုင်ပွဲကြီး အောင်မြင်စွာအကောင်အထည်ပေါ်လာစေရန် သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိသူများ၊ ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများ၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အနုသုခုမပညာရပ်များကို မြတ်နိုးချစ်ခင်သောပရိသတ်များအားလုံးက တူညီသည့်စိတ်ထားများနှင့် တက်ညီလက်ညီပါဝင်ခဲ့ကြသည်ကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများ ခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် အနုပညာစွမ်းပကားများဖြင့် ဆက်လက်စွမ်းဆောင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးခြင်းမရှိစေရန်၊ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာစေရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ အစဉ်ထာဝရနိုးကြားရှင်သန်နေစေရန် အနုပညာစွမ်းပကားများဖြင့် ဆက်လက်စွမ်းဆောင်ပေးကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကခုန်ခြင်းတို့မှာ သဘင်ပညာတွင်ပါဝင်၍ တေးသီချင်းသီဆိုနိုင်ရန် ရေးဖွဲ့ခြင်းမှာလည်း အပါအဝင်ပင်ဖြစ်သည်။ မြန်မာ့သဘင်ပညာသည် ၅ ရာစုခေတ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် သထုံ၊ ဟံသာဝတီစသော မွန်တို့၏ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် သရေခေတ္တရာပျူတို့၏ဒေသ စသည်တို့၌ ဝေဝေဆာဆာထွန်းကားနေခဲ့ပြီဖြစ်သည်။ အဆိုပါဒေသများတွင် သုတေသနပြု တူးဖော်မှုများမှ သီဆိုဟန်၊ တီးမှုတ်ဟန်၊ ကခုန်ဟန်တို့ပါဝင်သည့် စဉ့်ကွင်းများကိုတွေ့ရှိခဲ့ရာ အရပ်သူ၊ အရပ်သားပြည်သူများအတွင်း၌ပါ သီဆိုတီးမှုတ်ကခုန်သည့် အလေ့အထတို့ရှိနေပြီဟု သုတေသီတို့က ယူဆကြသည်။
၈ ရာစုခေတ်တွင် ပျူယဉ်ကျေးမှုအဖွဲ့တစ်ခု တရုတ်နိုင်ငံ၏ မင်းနေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်းရေးမှတ်ထားသည့် တရုတ်မှတ်တမ်းများမှာမူ ခိုင်မာတိကျလှသည့် မှတ်တမ်းများဖြစ်ပြီး မှတ်တမ်းပါအချက်အလက်များအရ ပျူယဉ်ကျေးမှုအဖွဲ့သည် အဆင့်အတန်းမြင့်မားပြီး အဆန်းတကြယ်တင်ဆက် ဖျော်ဖြေနိုင်သည့်အဖွဲ့ဖြစ်သည်ဟု သိရှိကြရသည်။ ပျူယဉ်ကျေးမှုအဖွဲ့၏ တူရိယာတီးမှုတ်မှုများတွင် ကြေးဖြင့်ပြုလုပ်သော တူရိယာ၊ ခရုသင်းစသောအရာဝတ္ထုဖြင့်ပြုလုပ်သော တူရိယာ၊ ကြိုးတပ်တူရိယာ၊ ဆင်စွယ်ဖြင့်ပြုလုပ်သော တူရိယာ၊ ဘူးသီးဖြင့်ပြုလုပ်သော တူရိယာ၊ ဦးချိုဖြင့်ပြုလုပ်သော တူရိယာစသည်ဖြင့် အမျိုးမျိုးအပြားပြားသော တူရိယာများပါရှိသည်။
ကချေသည်များသည် ပန်းနုရောင်ခါးဝတ်၊ ပန်းနုရောင် တဘက်၊ ကျောက်စီလက်ကောက်၊ လက်ကြပ်တို့ကို ဆင်ယင်ကြပြီး ရွှေမကိုဋ်၊ ရွှေစည်းပုံတို့ကို ဆောင်းထားကြကာ နှစ်ယောက်တွဲ၊ လေးယောက်တွဲမှသည် ဆယ်ယောက်တွဲအထိ ဂီတစည်းချက်နှင့်အညီ၊ ဘယ်ညာယိမ်းနွဲ့ မြှောက်ချီကော့ညွတ်၍ ကကြိုးစုံလင်၊ လှပစွာတညီတညာတည်း ကကြသည်ဟု မှတ်တမ်းတွင် ဆိုထားသည်။ သီဆိုသောသီချင်း တစ်ဆယ့်နှစ်မျိုးရှိပြီး အများ အားဖြင့် ဘုရားဂုဏ်တော်ကို ချီးကျူးပူဇော်သည့် သီချင်းများ ဖြစ်ကြသည်။ ထို့အပြင် အင်ကြင်းပန်းဘွဲ့၊ ဥချိုးငှက်ဘွဲ့၊ ကြိုးကြာငှက်ဘွဲ့၊ အောင်တော်မူခြင်းဘွဲ့၊ ဘုန်းတော်ဘွဲ့၊ ဥဒေါင်း မင်းဘွဲ့၊ ဟင်္သာဘွဲ့၊ စားတော်ခေါ်ခြင်းဘွဲ့၊ ပျော်တော်မူခြင်းဘွဲ့ဟူ၍လည်း ရှိကြသည်ဟုဆိုသည်။ ပျူယဉ်ကျေးမှုအဖွဲ့၏ အဆန်းတကြယ်သီဆိုတီးမှုတ်ကခုန်ဖျော်ဖြေမှုများက တရုတ် မင်းဧကရာဇ်နှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား တော်ဝင်အသိုင်းအဝိုင်းကြီးကိုပါ အနုပညာစွမ်းပကားဖြင့် ညှို့ယူဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။
ဤသို့လျှင် မြန်မာ့ယဉ်ကျေးမှု အနုပညာသည် တရုတ်နှင့် အိန္ဒိယကဲ့သို့သော အဆင့်အတန်းမြင့်မားလှသည့် ယဉ်ကျေးမှုကိုပိုင်ဆိုင်ထားကြသည့် နိုင်ငံကြီးများကြားတွင် ကိုယ့်ရေကိုယ့်မြေမှကိုယ်ပိုင်ဟန်ဖြင့် ပေါ်ပေါက်ထွန်းကားလာခြင်းဖြစ်သည်။ ကိုယ်ခံစွမ်းအားကောင်းသည့် မြန်မာ့ယဉ်ကျေးမှု အနုပညာသည် နှစ်ပေါင်း ၁၅၀၀ ကျော် သမိုင်းတစ်လျှောက် အိမ်နီးချင်းနိုင်ငံများမှ ယဉ်ကျေးမှုအနုပညာများ၊ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာများ၊ နိုင်ငံရပ်ခြားမှဝင်ရောက်လာသည့် အနုပညာများကိုပါ မြန်မာမှုပြုကာ ပေါင်းစည်းစေလျက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာများကို ပိုမိုပြည့်စုံကြွယ်ဝလာစေခဲ့ သည်။ ထို့အပြင် ယဉ်ကျေးမှုအနုသုခုမပညာရပ်များ မပျောက်မပျက်အောင်၊ ရှေးမူရှေးဟန် မပျက်တည်တံ့ခိုင်မြဲအောင်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်မျိုးဆက်သစ်များ ပိုမိုများပြားလာသကဲ့သို့ အနုပညာအရည်အသွေးအားဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်မြင့်မားလာကြောင်း သိရှိရသည်။ ထို့အပြင် မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုး ပိုင်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုအနုပညာများ ကို မိမိတို့ထိန်းသိမ်းစောင့်ရှောက်ရမည်ဟူသော အသိတရားများကိုလည်း မျိုးဆက်သစ်လူငယ်များက စွဲမြဲစွာခံယူလျက်ရှိကြရာ ဆို က ရေး တီးပြိုင်ပွဲကြီးများ နှစ်စဉ်မပြတ် ဂုဏ်သိက္ခာကြီး သည်ထက်ကြီးစွာ ဆင်ယင်ကျင်းပခြင်းဖြင့် တွန်းအားပေး မြှင့်တင်သွားကြရပါမည့်အကြောင်း။ ။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အနာဂတ်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရေးစသည်တို့ကို ပြည်သူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ရည်မှန်းချက်လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသူ နိုင်ငံသားအားလုံး အမျိုးသားရေးအားမာန်များ မြင့်မားခိုင်ကျည်နေစေရန် လိုအပ်သည်။ အမျိုးသားရေးစွမ်းပကားများ၊ ကိုယ်ခံအားများ အားကောင်းနေစေရန်အတွက် မြန်မာတို့၏ အစဉ်အလာကြီးမားသော အမျိုးသားရေးစရိုက်လက္ခဏာများ၊ ယဉ်ကျေးမှုအစဉ်အလာများ ရှင်သန်ထွန်းကားနေစေရန် လိုအပ်သည်။ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါက နိုင်ငံနှင့်လူမျိုး တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိသည်။ ရိုးရာယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားလျှင် နိုင်ငံတကာက မိမိနိုင်ငံအပေါ် အထင်ကြီးလေးစားမှုများ လျော့နည်းသွားပြီး အမျိုးသားရေးအားမာန်များပါ ထိခိုက်နိုင်သည်။
ထို့ကြောင့် ရှေးဘိုးဘွားအစဉ်အဆက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရန် အားလုံးတွင် တာဝန်ရှိသည်။ ဘိုးဘွားအမွေအနှစ်များဖြစ်သည့် မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင်အောင် တည်တံ့ခိုင်မြဲနေခြင်းမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသော မျိုးဆက်သစ်လူငယ်များ၏ စွမ်းပကားများကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အနုသုခုမပညာရပ်များ မည်သို့ပင် ကွဲပြားခြားနားကြသည်ဖြစ်စေ တစုတစည်းတည်း တူညီစွာပါဝင်လျက်ရှိသည်။
မျက်မှောက်ကာလတွင် အမျိုးသားရေးကိုယ်ခံစွမ်းအားများ လျော့နည်းကျဆင်းသွားစေရန်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် ပြည်တွင်း၊ ပြည်ပက နည်းအမျိုးမျိုးအဖုံဖုံ ကြံစည်အားထုတ်လျက်ရှိရာတွင် တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများကို အထင်ကြီးပြီး ကိုယ်ပိုင်ယဉ်ကျေးမှု အမျိုးသားရေးစရိုက်လက္ခဏာများကို အထင်သေးစိတ်များဖြစ်လာစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။ ခေတ်မီနည်းပညာများ ဖြစ်ထွန်းလာမှုနှင့်အတူ ယင်းတို့ကို အသုံးချ၍ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများသည် နိုင်ငံနှင့် လူမျိုးအတွက် အရေးကြီးသော စွမ်းပကားများဖြစ်၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။
ယနေ့ကျင်းပပြုလုပ်နေပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် မြန်မာတို့၏အားမာန်များကို နိုးကြားတက်ကြွ ရှင်သန်စေသည့် အမျိုးသားရေးလက္ခဏာများဖြစ်သည်။ အဆိုပါအမျိုးသားရေးစရိုက်လက္ခဏာများကို မြန်မာ့ယဉ်ကျေးမှုအား မြတ်နိုးတန်ဖိုးထားသည့် မျိုးဆက်သစ်အနုသုခုမရှင်များနှင့် အားကြိုးမာန်တက် ထုတ်ဖော်ပြသလျက်ရှိသလို မြန်မာ့ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်လာကြသော ပညာရှင်များက အားပေးမြှင့်တင်ပေးလျက်ရှိသည်။ ပြိုင်ပွဲဝင်များအားလုံးသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် အကောင်းဆုံးယှဉ်ပြိုင်ခဲ့ကြပြီးနောက် ယခု နိုင်ငံတော်ဗဟိုအဆင့်တွင် ဂုဏ်ယူဝင့်ကြွားဖွယ် ယှဉ်ပြိုင်နေကြပြီဖြစ်သည်။
တစ်နည်းဆိုလျှင် ပြည်ထောင်စုတစ်ဝန်းမှ အနုသုခုမပညာရပ်ဆိုင်ရာ လက်ရွေးစင်များ ပေါ်ထွန်းလာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပေါင်းစုပေါ်ထွန်းလာသော အနုပညာစွမ်းပကားဖြင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့ယဉ်ကျေးမှုကို ရှင်သန်ထွန်းကားလာအောင် ဆောင်ကြဉ်းပေးနေကြသည်။ ပြိုင်ပွဲဝင်များသည် အနုပညာဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ကြပြီး အုပ်ချုပ်သူနည်းပြများနှင့်အတူ တစ်ဦးချင်းပြိုင်ပွဲတွင်ဖြစ်စေ၊ အဖွဲ့လိုက်ပြိုင်ပွဲတွင်ဖြစ်စေ အစွမ်းကုန် ယှဉ်ပြိုင်မည်ဆိုသည့် ရည်မှန်းချက်ထားကာ အားမာန်အပြည့်ဖြင့် ထုတ်ဖော်ပြသနေပြီဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်၊ ကိုယ့်လူမျိုးကို ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်များဖြင့် အစဉ်အလာကြီးမားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် အစွမ်းကုန်ထုတ်ဖော်ပြသယှဉ်ပြိုင်ကြပြီး ဂုဏ်ယူဝင့်ကြွားခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အဓွန့်ရှည်တည်တံ့ခိုင်မြဲနိုင်စေအောင် အနုပညာစွမ်းပကားများဖြင့် တစ်တပ်တစ်အား ဆောင်ကြဉ်းပေးနေပြီဖြစ်ပါကြောင်း။ ။

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ၏ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်-
မောင်ကောင်းခန့်ကျော်
ကယားပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအဆို(မဟာဂီတ)
ကယားပြည်နယ်ကနေ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ ကျွန်တော့်အကြိုက်ဆုံးသီချင်းဖြစ်တဲ့ သာဆန်းရဂုံဘွေ (ပတ်ပျိုး) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဗဟိုအဆင့်ပြိုင်ပွဲကြီးကို (၂၄) ကြိမ်၊ (၂၅) ကြိမ်မြောက်နဲ့ ဒီနှစ် (၂၆) ကြိမ်မြောက်မှာပါ သုံးကြိမ်အထိ ယှဉ်ပြိုင်ခဲ့ဖူးပါပြီ။ ရှေ့နှစ်တွေမှာ ဆုတွေ မရရှိခဲ့သေးပါဘူး။ ဆုမရရှိခဲ့တဲ့အတွက် အမှားတွေကို သင်ခန်းစာယူပြီး ဒီနှစ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ မဟာဂီတကို သီဆိုနေရရင်ပဲ ကျွန်တော့်အတွက်က ပျော်ရွှင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေပါတယ်။ အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် ဆုတံဆိပ်တွေရှေ့နှစ်မှာ မရခဲ့လို့ဆိုပြီး စိတ်ဓာတ်ကျသွားတာမျိုးမဖြစ်ဘဲ လူငယ်တွေအနေနဲ့ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိစိတ်က မဟာဂီတကို ပိုပြီး မြတ်နိုးတန်ဖိုးထားတတ်လာပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ ရေပေါ်ဆီတေးသီချင်းတွေလိုမျိုးမဟုတ်ပါဘူး။ အနှစ်သာရ အများကြီးရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မဟာဂီတကနေစပြီး ကာလပေါ်တွေ ဒီနေ့ခေတ် အထိ မျိုးဆက်သစ်တွေ နားယဉ်လာအောင် ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ လွှင့်ပေးနေတာဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ တစ်ချိန်ချိန်ကြရင် မျိုးဆက်သစ်လူငယ်တွေကို ကျွန်တော့်အနေနဲ့ သင်ကြားပေးတာ၊ ပြသပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မောင်စစ်နိုင်
မွန်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအဆို (ခေတ်ဟောင်း၊ ကာလပေါ်)
ဒီနှစ်ပြိုင်ပွဲကြီးမှာ ရိပ်မြိုင်ရေချမ်းမေတ္တာစမ်း (စန္ဒရားထွန်းညွန့်) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ လေ့ကျင့်တဲ့အခါ ဆရာတွေရဲ့သွန်သင်မှုအောက်မှာ အသံအနေအထားအမျိုးမျိုးကို စနစ်တကျနဲ့သင်ယူ လေ့ကျင့်ပြီး ဒီနေ့ ဒီနေရာ ဒီပြိုင်ပွဲကြီးကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက် သီချင်းလေးပုဒ် လေ့ကျင့်ရပါတယ်။ ဗြောသံ၊ ရိပ်မြိုင်ရေချမ်းမေတ္တာ စမ်း၊ မဟာဗန္ဓုလ၊ အလွမ်းပြေအမေ့စာဆိုတဲ့ သီချင်းလေးပုဒ်ဖြစ်ပါတယ်။ အဲဒီထဲက ရိပ်မြိုင်ရေချမ်းမေတ္တာ စမ်းသီချင်းက ပြိုင်ပွဲမှာ ဒီသီချင်းနဲ့ ယှဉ်ပြိုင်ချင်ခဲ့တာပါ။ ကျွန်တော်ဆုတောင်းတဲ့ အတိုင်းလည်း ဒီသီချင်းနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်တွေလည်း သီဆိုကြတာ တော်ကြပါတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ ကျော်ဖြတ်ပြီး ဗဟိုကို ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့အတိုင်း အားလုံးက တော်ကြပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံးလည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံခွင့်ရကြပါတယ်။ ဒါက ဒီပြိုင်ပွဲကြီးက ရရှိလာတဲ့ အကျိုးအမြတ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီထက်မကတဲ့ အကျိုးအမြတ်ကတော့ ကမ္ဘာတည်သရွေ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေလည်း ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကြီးတွေကနေ တည်ရှိနေအောင် ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
ဆိုင်းဖိုးချစ်(ခ)နိုင်ပြည့်အောင်
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအတီး(အသက်၁၀-၁၅)
ဆိုင်းတစ်ဦးချင်း
အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ခဲ့တဲ့အထဲမှာမှ အပိုင်နိုင်ဆုံးထဲက သီချင်းနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်အားရပါတယ်၊ ကျွန်တော်က တစ်ဦးချင်းရော အဖွဲ့လိုက်မှာပါ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်၊ မန္တလေးနဲ့ စစ်ကိုင်းကလည်း ကောင်းကြတဲ့အတွက် ဆုရဖို့ ပိုပြီးကြိုးစားလေ့ကျင့်ခဲ့ပါတယ်။
မောင်လင်းပြည့်ဖြိုးမောင်
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအတီး(အသက်၁၀-၁၅)
ဆိုင်းတစ်ဦးချင်း
ယှဉ်ပြိုင်ရမယ့်သီချင်းက အပိုင်နိုင်ဆုံး လေ့ကျင့်ထားတဲ့အထဲ ပါပါတယ်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းဒေသကြီးကလည်း ကောင်းကြတဲ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်ဘက်ဖြစ်မယ်လို့ ထင်ပါတယ်၊ (၂၃) ကြိမ်မြောက် အဖွဲ့လိုက်ယှဉ်ပြိုင်တုန်းက တတိယဆု ရရှိခဲ့ဖူးပါတယ်၊ နှစ်ကြိမ်မြောက် လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။
မကြည်ကြည်သာ
မွန်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအတီး(ဆိုင်းတစ်ဦးချင်း)
အရင်က (၆) တန်းလောက်ထိ ရန်ကုန်မှာကတည်းက ပြိုင်ခဲ့ဖူးပါတယ်၊ အခု နည်းပညာတက္ကသိုလ်တက်မှထပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ရန်ကုန်မှာ ကြေးနှစ်ဆုရခဲ့ပြီး နေပြည်တော်မှာ ငွေနှစ်ဆုရပြီးပါပြီ၊ ဒီနှစ်တော့ ရွှေမှန်းထားပြီး မုံရွာထိကိုသွားပြီး သင်ယူခဲ့ပါတယ်၊ ဆက်လက်ပြီးတော့လည်း အခြားဘာသာရပ်တွေကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မောင်စွမ်းထက်အောင်(ခ)သက်နိုင်ဦး
ကရင်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအတီး (ဆိုင်းတစ်ဦးချင်း)
မဲကျတဲ့ သီချင်းကတော့ ပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ထားခဲ့တာ ဖြစ်ပါတယ်၊ ကိုယ်တိုင်ပြိုင်တာကတော့ အခုပထမဆုံးပါ၊ အရင်က ပံ့ပိုးအဖြစ် နှစ်ကြိမ် လိုက်တီးခဲ့ပါတယ်၊ အခုလို ပညာချင်းဖလှယ်ရတဲ့ပွဲကို အလွန်သဘောကျပါတယ်၊ စီစဉ်ပေးတဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်မိပါတယ်။
မောင်အောင်ဘိုဘို(၂)
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
အဆင့်မြင့်ပညာအတီး (ဆိုင်းတစ်ဦးချင်း)
မနှစ်က စပြိုင်ခဲ့ပါတယ်၊ ဆိုင်းအဖွဲ့လိုက် အိုးစည်ဒိုးပတ်မှာ ရွှေ ၃ ခု၊ ဆိုင်းတစ်ဦးချင်းမှာ ငွေတစ်ခုရခဲ့ ပါတယ်၊ ဒီနှစ်တော့ ရွှေဆုရအောင် အများကြီး အချိန်ပေးပြီး ကြိုးစားထားပါတယ်၊ ဆိုင်းဆရာတစ်ယောက်ဖြစ်ဖို့က ဆိုင်းဝိုင်းထဲက တူရိယာတွေကို အကုန်တီးတတ်မှဖြစ်တာကြောင့် အကုန်လုံးတီးတတ်အောင် သင်ယူထားပါတယ်။
မအိအိဖြိုးဇင်
ကချင်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအက
ပြိုင်ခဲ့တာ ဒီနှစ်နဲ့ဆို သုံးကြိမ်ရှိပါပြီ၊ ဒီနှစ်အတွက်တော့ အကောင်းဆုံး အစွမ်းကုန်ပြင်ဆင်လေ့ကျင့်ထားပါတယ်၊ ပြိုင်ပွဲဝင်ဖို့အတွက်ပဲ သီးသန့်လေ့ကျင့် ခဲ့တာကြောင့် အများကြီး ရင်ခုန်စိတ်လှုပ်ရှား မိပါတယ်။
မောင်သူရိန်ဇော်
တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၅-၂၀)
ပထမဆုံး ဗဟိုမှာ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်၊ ယှဉ်ပြိုင်ခဲ့တဲ့နေရာမှာ အများကြီးအားရ ကျေနပ်ပါတယ်၊ ၅ လပိုင်းလောက်ကတည်းက အကကို လေ့ကျင့်ခဲ့တာဖြစ်ပါတယ်၊ ဒီမှာလာရောက်ပြီး ယှဉ်ပြိုင်ရတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။
မောင်ကျော်ဆန်းလင်း
ကချင်ပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၅-၂၀)
အရင်နှစ်ကတည်းက ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဆုမရခဲ့ပေမယ့်လည်း ကိုယ့်ထက်တော်တဲ့သူတွေ ဆုရကြလို့ ကျေနပ်ခဲ့ပါတယ်၊ ဒီနှစ်အတွက်တော့ အကောင်းဆုံးလေ့ကျင့်ခဲ့ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်၊ ကချင်ပြည်နယ်ဂုဏ်ကိုဆောင် နိုင်ဖို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
မောင်ဟိန်းဝေဖြိုး
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၅-၂၀)
အခုလာရောက်ယှဉ်ပြီုင်တာက သုံးကြိမ်မြောက်ဖြစ်ပါတယ်၊ ဆုတော့ မရခဲ့သေးပေမယ့် ဒီနှစ်အတွက်တော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်၊ နှစ်လ သုံးလလောက်ကို ကြိုပြီးလေ့ကျင့်ခဲ့ပါတယ်၊ ကိုယ့်တိုင်းအတွက် အကောင်းဆုံးဂုဏ်ဆောင်နိုင်ချင်ပါတယ်၊ ကျောင်းပြီးသွားရင် အနုပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။
မောင်သူဆက်အောင်
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၅-၂၀)
မနှစ်ကလည်း ပြိုင်ခဲ့ဖူးပါတယ်၊ နေပြည်တော်လည်း ရောက်ခဲ့ဖူးပါတယ်၊ မနှစ်က ဆုတော့မရခဲ့ဘူး၊ ဒီနှစ်တော့ ဆုရဖို့ ရည်မှန်းထားပါတယ်၊ အများကြီးလည်း ပြင်ဆင်ထားခဲ့ပါတယ်၊ လက်ရှိမှာ အနုပညာ ကျောင်းတက်နေပြီး ရှေ့ဆက်၍ ဘိုးဘွားတွေထားခဲ့တဲ့ ဆို၊ ငို၊ ပြော အနုပညာတွေကို လက်ဆင့်ကမ်းသွားမှာ ဖြစ်ပါတယ်။
မင်းထောရွတ်ပိုင်
ချင်းပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက(အသက် ၁၅-၂၀)
အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ အချိန်ပေးပြီး လေ့ကျင့်ခဲ့ပါတယ်၊ ဆုရရှိအောင်လည်း ကကွက်တွေကို အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်၊ အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့အတွက် အများကြီးရင်ခုန်ရပြီး စိတ်လှုပ်ရှားမိပါတယ်။ စီစဉ်ပေးသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မောင်ဝေဘုန်းလျှံ
ရှမ်းပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၅-၂၀)
အခုလို လာရောက်ယှဉ်ပြိုင်ရတာကြောင့် ရင်ခုန်ရသလို စိတ်လည်းလှုပ်ရှားမိပါတယ်၊ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်၊ အခြားတိုင်းဒေသကြီး ပြည်နယ်တွေက ကိုယ့်လို အကပြိုင်ပွဲဝင်တွေနဲ့ ဆုံတွေ့ရတာလည်း ပျော်စရာ ကောင်းပြီး ကျေနပ်ပီတိဖြစ်ရပါတယ်။
မောင်ဟိန်းလင်းမာန်သွေး
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက(အသက် ၁၀-၁၅)
မနှစ်က အထူးဆုရရှိခဲ့ပါတယ်၊ ဒီနှစ်အတွက်တော့ တစ်လလောက် ကြိုပြီး လေ့ကျင့်ခဲ့ပါတယ်၊ လာပြိုင်ရတဲ့အတွက် ပျော်ပါတယ်၊ ကရတာကို ဝါသနာပါလို့ အခုလို လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါ တယ်။
စောသိန်းမင်းထက်
မွန်ပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက (အသက် ၁၀-၁၅)
ဒီနှစ်မှ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်၊ အများကြီးပြင်ဆင်ထားပါတယ်၊ နောက်နှစ် ၅ တန်းဆိုတော့ အစိုးရစစ်စာမေးပွဲကြောင့် နောက်နှစ်မှာမှ ဆက်ပြီး ဝင်ပြိုင်မှာဖြစ်ပါတယ်၊ အခုလို လာပြီး ယှဉ်ပြိုင်ရလို့ ပျော်ပါတယ်၊ ရင်လည်းခုန်ပါတယ်။
မောင်မင်းသန့်ဖြိုး
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက(အသက် ၁၀-၁၅)
မနှစ်ကလည်း ပြိုင်ခဲ့ပါတယ်၊ ဒီနှစ်အတွက် အများကြီး ပြင်ဆင်ထားပါတယ်၊ ဆက်လက်ပြီးလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်၊ ဒီအကပညာရပ်ကို ၅ နှစ်သားကတည်းက ဝါသနာပါခဲ့တာ ဖြစ်ပါတယ်။
သတင်းအဖွဲ့

၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၁) မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ (၂) ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့်စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ (၃) မြန်မာ့ရိုးရာ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေးနှင့် (၄) နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဦးတည်ချက်(၄)ရပ်ဖြင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် စတင်ကျင်းပနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများ၏ ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများကို ရှေးအစဉ် အဆက်မှ ယနေ့ထက်တိုင် မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်လာသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ သိမ်မွေ့နက်နဲပြီး နှစ်လိုဖွယ်ကောင်းသော မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကြားတွင်သာမက နိုင်ငံတကာကပါ တန်ဖိုးထားနှစ်သက်မြတ်နိုးကြသဖြင့် ယနေ့ထက်တိုင်အောင် လက်ဆင့်ကမ်းအမွေပေးဝေ၍ ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်နေသည်ကို မြင်တွေ့နိုင်သည်။
အဆင့်အတန်းမြင့်မားသော မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာကောင်းသလို မြန်မာဆိုသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို ရှင်သန်ထွန်းကားစေသည့် ယဉ်ကျေးမှုအမွေအနှစ် လက္ခဏာများဖြစ်သည်။ ယင်းတို့ကို မပျောက်ပျက်စေရန်အတွက် မြန်မာ့အနုသုခုမပညာရပ်များကို မြတ်နိုးတန်ဖိုးထားသည့် အနုပညာရှင်အဆက်ဆက်တို့က ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးခဲ့သလို နိုင်ငံတော်အစိုးရအဆက်ဆက်ကလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖော်ထုတ်ပေးလျက်ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပလာခဲ့ပြီး ယခုအခါ (၂၆)ကြိမ်မြောက် နိုင်ငံတော်အဆင့်ပြိုင်ပွဲအဖြစ် ဆင်နွှဲနေပြီဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ် မှစတင်ကျင်းပလာခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကြောင်းအမျိုးမျိုးဖြင့် ကျင်းပနိုင်ခြင်းမရှိဘဲ ခေတ္တရပ်ဆိုင်းသွားခဲ့သည်။ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို နှစ်စဉ်မပျက်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကြားတွင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ရှင်သန်ဖွံ့ဖြိုးပြီး မြန်မာကို တန်ဖိုးထားသည့်၊ ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ထက်သန်လာ ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာစရိုက်လက္ခဏာများ ငါးနှစ်ကြာကင်းဝေးသွားသည့်အခါ အနောက်တိုင်းယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိုးဖောက်ဝင်ရောက်လွှမ်းမိုးပြီး မြန်မာနိုင်ငံနှင့် မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာများကို တန်ဖိုးထားမြတ်နိုးသည့်စိတ်ဓာတ်များ လျော့ပါးမှေးမှိန်သွားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ပြန်လည်ကျင်းပပေးခဲ့ပြီး မြန်မာတို့၏ယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် အမျိုးသားရေးစွမ်းပကားများ ပြန်လည်ရှင်သန်နိုးကြားလာအောင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မြန်မာလူမျိုးတို့၏သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံ၊ ယဉ်ကျေးမှုအစဉ်အလာများကို မြတ်နိုးတန်ဖိုးထားသည့်နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးဝေလျက်ရှိသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ဖော်ထုတ်ပေးပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ အစဉ်ရှင်သန်ထွန်းကားလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။