သတင်းများ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်
နေပြည်တော် မေ ၂၃ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားပါဝင်တက်ရောက်ရန် Korean Wave Culture Industry Forum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကြီးမှူးသည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်ရာ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင့်သူနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။ထို့နောက် ဆိုးလ်မြို့ရှိ Jogyesa Temple ၌ ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong နှင့် လည်းကောင်း၊ Office of the President of the Jogye Order ၌ Jogye Order of Korean Buddhism ၏ ၃၇ ယောက်မြောက်ဥက္ကဋ္ဌ Ven. Jinwoo နှင့် လည်းကောင်းတွေ့ဆုံသည်။Jogyesa Temple သည် ကိုရီးယားနိုင်ငံဗုဒ္ဓဘာသာ Jogye Order ၏ အဓိက ဗဟိုဘုန်းတော် ကြီးကျောင်းဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ကာ ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့်အပြင် ကိုရီးယားရိုးရာ ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရိုးရာမီးပုံးပွဲတော်များကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်ကြသည့်နေရာလည်း ဖြစ်သည်။ယင်းနောက် ဆရာတော်နှင့်အဖွဲ့သည် Dongguk University ၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခြင်း၊ Dongguk University ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။ဆက်လက်၍ Buddhist Broadcasting System (BBS) ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင်ပါဝင်ပြီး တရားဓမ္မဆိုင်ရာမေးမြန်းလျှောက်ထားမှု များအပေါ် မိန့်ကြားသည်။BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယိုကွန်ရက်ဖြစ်ပြီး ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှတစ်ဆင့် ဗုဒ္ဓစာပေ၊ ဝိပဿနာနှင့် ကိုရီးယား နိုင်ငံနှင့် နိုင်ငံတကာဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple ၌ Venerable Jongcheon နှင့် လည်းကောင်း၊ Tongdosa Temple ၌ Venerable Hyeon-deok နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။moi

နေပြည်တော် မေ ၂၃

ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားပါဝင်တက်ရောက်ရန် Korean Wave Culture Industry Forum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကြီးမှူးသည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်ရာ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင့်သူနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် ဆိုးလ်မြို့ရှိ Jogyesa Temple ၌ ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong နှင့် လည်းကောင်း၊ Office of the President of the Jogye Order ၌ Jogye Order of Korean Buddhism ၏ ၃၇ ယောက်မြောက်ဥက္ကဋ္ဌ Ven. Jinwoo နှင့် လည်းကောင်းတွေ့ဆုံသည်။

Jogyesa Temple သည် ကိုရီးယားနိုင်ငံဗုဒ္ဓဘာသာ Jogye Order ၏ အဓိက ဗဟိုဘုန်းတော် ကြီးကျောင်းဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ကာ ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့်အပြင် ကိုရီးယားရိုးရာ ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရိုးရာမီးပုံးပွဲတော်များကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်ကြသည့်နေရာလည်း ဖြစ်သည်။

ယင်းနောက် ဆရာတော်နှင့်အဖွဲ့သည် Dongguk University ၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခြင်း၊ Dongguk University ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ဆက်လက်၍ Buddhist Broadcasting System (BBS) ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင်ပါဝင်ပြီး တရားဓမ္မဆိုင်ရာမေးမြန်းလျှောက်ထားမှု များအပေါ် မိန့်ကြားသည်။

BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယိုကွန်ရက်ဖြစ်ပြီး ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှတစ်ဆင့် ဗုဒ္ဓစာပေ၊ ဝိပဿနာနှင့် ကိုရီးယား နိုင်ငံနှင့် နိုင်ငံတကာဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple ၌ Venerable Jongcheon နှင့် လည်းကောင်း၊ Tongdosa Temple ၌ Venerable Hyeon-deok နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

moi

ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် မေ ၂၀ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့အရှေ့ဘက် အောင်မြေရိပ်သာအုပ်စု အောင်မြေရိပ်သာကျေးရွာအနီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော ဦးအောင်ဇေယျစေတီတော်မြတ်ကြီးသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဘေးကြောင့် ပြိုကျပျက်စီးခဲ့ရာ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်နှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ကြူကြူလှတို့၏ လမ်းညွှန်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ရဲဝင်းဦးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နီလာတို့ဦးဆောင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ စေတနာရှင်ဒေသခံအလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ရှေးမူမပျက် အောင်မြင်စွာတည်ဆောက်ပူဇော်နိုင်ခဲ့ပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ဆက်ကပ်လှူဒါန်းဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက နေမျိုးနွယ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ဦးအောင်ဇေယျစေတီတော်ပုံတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။အမွှေးနံ့သာရည်များ ပက်ဖျန်းယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များကိုပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြကာ ရွှေထီးတော်တင်လှူပူဇော်ပြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ထို့နောက် သံဃာတော်အရှင်သူမြတ်များက ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး အခမ်းအနားအပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။moi

နေပြည်တော် မေ ၂၀

ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့အရှေ့ဘက် အောင်မြေရိပ်သာအုပ်စု အောင်မြေရိပ်သာကျေးရွာအနီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော ဦးအောင်ဇေယျစေတီတော်မြတ်ကြီးသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဘေးကြောင့် ပြိုကျပျက်စီးခဲ့ရာ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်နှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ကြူကြူလှတို့၏ လမ်းညွှန်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ရဲဝင်းဦးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နီလာတို့ဦးဆောင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ စေတနာရှင်ဒေသခံအလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ရှေးမူမပျက် အောင်မြင်စွာတည်ဆောက်ပူဇော်နိုင်ခဲ့ပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက နေမျိုးနွယ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ဦးအောင်ဇေယျစေတီတော်ပုံတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

အမွှေးနံ့သာရည်များ ပက်ဖျန်း

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များကိုပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြကာ ရွှေထီးတော်တင်လှူပူဇော်ပြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များက ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး အခမ်းအနားအပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ
ရန်ကုန် မေ ၁၈ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်လင်းနှင့် ဦးမင်းနိုင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းသား သင်တန်းသူများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း လက်မှတ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ကြသူ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။နိုင်လင်းအောင်(ပြန်/ဆက်)MDN

ရန်ကုန် မေ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်လင်းနှင့် ဦးမင်းနိုင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းသား သင်တန်းသူများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း လက်မှတ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ကြသူ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)

MDN

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော် မေ ၁၈ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဇနီးဒေါ်နီလာ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရတနာစံ ကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်ပြီးစီးမှုများ အား ကြည့်ရှုစစ်ဆေးကြသည်။ အလှူငွေများလှူဒါန်းဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖောင်တော်ဦး ဘုရားရုပ်ပွားတော် မြတ်ငါးဆူအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများလှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး ရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိဇယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ကွဲအက်ပျက်စီးခြင်း၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိက်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိက အဆောက်အအုံများ ပြိုကျပျက်စီး နေမှုများကို မူလလက်ရာမပျက် ပြန်လည်ပြုပြင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ကိန်းဝပ်သီတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိသာသနိက အဆောက်အအုံ အချို့သည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးခဲ့မှုများအား နယ်မြေခံ ပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်၍ မူလလက်ရာမပျက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း ၁၀၀ ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရား မူလ ကျောင်းဆောင်အောက်ခြေ သံကူကွန်ကရစ်ထပ်ပိုးခြင်း ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတော် အရှေ့ဘက်၊ အနောက်ဘက် မုခ်ဦးစောင်းတန်းလှေကားများ ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်း တောင်ဘက် မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်ဆောင်း ၁၀၀ ရာခိုင်နှုန်း၊ ကရဝိက်အဆောင် ၁၀၀ ရာခိုင်နှုန်း၊ မြောက်ဘက်မုခ်ရှိ လှေကားအနေဖြင့် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံရန်အတွက် ပင်မစံကျောင်းတော်မှ ပင့်ဆောင်ရာတွင် အနည်းငယ် မတ်စောက်သည့်အတွက် လှေကားအသစ် ပြန်လည်တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရှိရပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်MDN

နေပြည်တော် မေ ၁၈

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဇနီးဒေါ်နီလာ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရတနာစံ ကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်ပြီးစီးမှုများ အား ကြည့်ရှုစစ်ဆေးကြသည်။

အလှူငွေများလှူဒါန်း

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖောင်တော်ဦး ဘုရားရုပ်ပွားတော် မြတ်ငါးဆူအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများလှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး ရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိဇယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ကွဲအက်ပျက်စီးခြင်း၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိက်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိက အဆောက်အအုံများ ပြိုကျပျက်စီး နေမှုများကို မူလလက်ရာမပျက် ပြန်လည်ပြုပြင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ကိန်းဝပ်သီတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိသာသနိက အဆောက်အအုံ အချို့သည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးခဲ့မှုများအား နယ်မြေခံ ပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်၍ မူလလက်ရာမပျက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း ၁၀၀ ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရား မူလ ကျောင်းဆောင်အောက်ခြေ သံကူကွန်ကရစ်ထပ်ပိုးခြင်း ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတော် အရှေ့ဘက်၊ အနောက်ဘက် မုခ်ဦးစောင်းတန်းလှေကားများ ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်း တောင်ဘက် မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်ဆောင်း ၁၀၀ ရာခိုင်နှုန်း၊ ကရဝိက်အဆောင် ၁၀၀ ရာခိုင်နှုန်း၊ မြောက်ဘက်မုခ်ရှိ လှေကားအနေဖြင့် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံရန်အတွက် ပင်မစံကျောင်းတော်မှ ပင့်ဆောင်ရာတွင် အနည်းငယ် မတ်စောက်သည့်အတွက် လှေကားအသစ် ပြန်လည်တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရှိရပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့်ပလိပ်မြို့ရှိ ဘုရားများပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကြည့်ရှုစစ်ဆေး
မန္တလေး မေ ၁၇ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့်ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော်ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော်ဘုရားလိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ပုလိပ်မြို့ငလျင်ဒဏ်သင့် ရှင်ပင်ဂူလှဘုရားသို့ သွားရောက်ဖူးမြော်ပြီး ရတနာမြိုင် ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာအမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရှင်ပင်ဂူလှဘုရား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်MDN

မန္တလေး မေ ၁၇

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့်ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော်ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော်ဘုရားလိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပုလိပ်မြို့ငလျင်ဒဏ်သင့် ရှင်ပင်ဂူလှဘုရားသို့ သွားရောက်ဖူးမြော်ပြီး ရတနာမြိုင် ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာအမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရှင်ပင်ဂူလှဘုရား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကျောက်ဆည်မြို့ ငလျင်သင့် ရွှေမုဌောစေတီ ပြန်လည် ပြင်ဆင်နေမှု များအား ကြည့်ရှု
ကျောက်ဆည်၊ မေ ၁၇သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်သို့ ရောက်ရှိဖူးမြော်ကာ စေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ကျောက်ဆည်မြို့၊ မဟာရွှေစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဆည်တော်နံရွှေမုဋ္ဌော စေတီတော် ပြန်လည်ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ မေ ၁၇

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်သို့ ရောက်ရှိဖူးမြော်ကာ စေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ကျောက်ဆည်မြို့၊ မဟာရွှေစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဆည်တော်နံရွှေမုဋ္ဌော စေတီတော် ပြန်လည်ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်) 

ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ပုဂံခေတ် တိန်လယ် အလိုတော်ပြည့် ဘုရား (ပဉ္စမအကြိမ်) ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ
ကျောက်ဆည်၊ မေ ၁၆မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရွာဦးရတနာ သိမ်ကျောင်းတိုက် အတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရား (ပဉ္စမအကြိမ်) ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တိန်လယ် အလိုတော်ပြည့်ဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာန နာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီး ကြီးမှူး၍ ပင့်သံဃာ ၇၀ ပါး တို့က ဘုရားအနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခုနစ်ရက်သားသမီး ပြည်သူပြည်သားများစုပေါင်း၍ ပင့်သံဃာ ၇၀ ပါးတို့အား အာရုံဆွမ်းများ ဆက်ကပ်ခဲ့ပြီး ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဝတ္ထုငွေများ လောင်းလှူခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာနနာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဓနာတရား နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရွာဦးရတနာ သိမ်ကျောင်းတိုက် အတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရား (ပဉ္စမအကြိမ်) ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တိန်လယ် အလိုတော်ပြည့်ဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာန နာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီး ကြီးမှူး၍ ပင့်သံဃာ ၇၀  ပါး တို့က ဘုရားအနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခုနစ်ရက်သားသမီး ပြည်သူပြည်သားများစုပေါင်း၍ ပင့်သံဃာ ၇၀ ပါးတို့အား အာရုံဆွမ်းများ ဆက်ကပ်ခဲ့ပြီး ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဝတ္ထုငွေများ လောင်းလှူခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာနနာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဓနာတရား နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်း
နေပြည်တော် မေ ၁၅ပုံနှိပ်ပြီးစီးသော ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။လှူဒါန်းပွဲသို့ ချမ်းမြသာစည်မြို့နယ် ဓမ္မိကာရာမတိုက်မိတ္ထီလာကျောင်း ဆရာတော်နိုင်ငံတော် ဩဝါဒါစရိယဘဒ္ဒန္တသုဇနပီယအမှူးပြုသော သံဃာတော်များ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။moi

နေပြည်တော် မေ ၁၅

ပုံနှိပ်ပြီးစီးသော ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲသို့ ချမ်းမြသာစည်မြို့နယ် ဓမ္မိကာရာမတိုက်မိတ္ထီလာကျောင်း ဆရာတော်နိုင်ငံတော် ဩဝါဒါစရိယဘဒ္ဒန္တသုဇနပီယအမှူးပြုသော သံဃာတော်များ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဓမ္မစကူး ဆရာဖြစ် သင်တန်း ဆင်းပွဲကျင်းပ
ကျောက်ဆည်၊ မေ ၁၃မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ဓမ္မ စကူးဖောင်ဒေးရှင်း(ဗဟို)မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဓမ္မစကူး ဆရာဖြစ် သင်တန်းဆင်းပွဲကို ယမန်နေ့ အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများမှ ကျောက်ဆည်မြို့နယ် စမ္မစကူးကော်မတီဥက္ကဋ္ဌ၊ မင်းကုန်းစာသင်တိုက် ဦးစီးပဓာနနာယက ဒေါက်တာ အရှင် ပညောဘာသ ဆရာတော်ကြီးထံမှ ငါးပါးသီလတရားခံယူဆောက်တည်ခဲ့ပြီး ဘဒ္ဒန္တပညာသာမိ ဆရာတော်မှ ဩဝါဒ စကားချီးမြှင့်သည်။ထို့နောက် အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဓမ္မစကူးဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဖတ်၍ ရုပ်သိမ်းခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ဓမ္မ စကူးဖောင်ဒေးရှင်း(ဗဟို)မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဓမ္မစကူး ဆရာဖြစ် သင်တန်းဆင်းပွဲကို ယမန်နေ့ အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများမှ ကျောက်ဆည်မြို့နယ် စမ္မစကူးကော်မတီဥက္ကဋ္ဌ၊ မင်းကုန်းစာသင်တိုက် ဦးစီးပဓာနနာယက ဒေါက်တာ အရှင် ပညောဘာသ ဆရာတော်ကြီးထံမှ ငါးပါးသီလတရားခံယူဆောက်တည်ခဲ့ပြီး ဘဒ္ဒန္တပညာသာမိ ဆရာတော်မှ ဩဝါဒ စကားချီးမြှင့်သည်။

ထို့နောက် အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဓမ္မစကူးဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဖတ်၍ ရုပ်သိမ်းခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အထူးပြပွဲနောက်ဆုံးနေ့ လေ့လာကြည့်ရှုသူများ အထူးစည်ကား
နေပြည်တော် မေ ၁၀‌ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပတ်လမ်းတွင် ‌မေ ၃ ရက်မှ ၁၀ ရက်အထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ပြသခဲ့သည်။ ယနေ့သည် နောက်ဆုံးနေ့၊ အများပြည်သူ့ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ၊ သီလရှင်စာသင်တိုက်များမှ သီလရှင်များ၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ လှိုင်၊ သန်လျင်၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပေါက္ကံမြို့နယ်တို့မှ လာရောက်ကြည့်ရှုသူပြည်သူများ အထူးစည်ကားလျက်ရှိရာ ပြပွဲနှင့်ပတ်သက်၍ ရှုမြင်သုံးသပ်မှု သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ အရှင်ဝီရိယ ရှင်မတောင်သရက္ခန်ကျောင်း ရေစကြိုမြို့နယ် မကွေးတိုင်းဒေသကြီး ဆဋ္ဌသင်္ဂါယနာတင် (နှစ် ၇၀ ပြည့်) အထိမ်းအမှတ်ပြပွဲမှာ ဆဋ္ဌသင်္ဂါယနာတင်ရာ သမိုင်းဝင်နေရာနဲ့ သာသနာ့သမိုင်း အသေးစိတ်အကြောင်းအရာတွေကို လေ့လာလိုက်ရတဲ့အတွက် လူငယ်တွေအတော်များများ သိသွားတယ်။ သာသနာအတွက်၊ နိုင်ငံအတွက်၊ မျိုးဆက်သစ်လူငယ်တွေအတွက် အလွန်အကျိုးကျေးဇူးကြီးပါတယ်။ ဒီကနေ့ ကမ္ဘာ့အနေအထားအရ တင်းမာမှုတွေ ခံစားချက်တွေအလွန်များနေတဲ့အချိန်မှာ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိရှိလိုက်နာကြမယ်ဆိုရင် မြန်မာပြည်အပါအဝင် တစ်ကမ္ဘာလုံးငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်။ အိန္ဒိယက သာသနာစတင်ခဲ့ ထွန်းကားခဲ့ပေမယ့် မြန်မာနိုင်ငံလိုမျိုး ပရိယတ္တိ၊ ပဋိပတ္တိ အပြည့်အစုံမရှိတော့ဘူး။ မြန်မာနိုင်ငံမှာ သင်္ဂါယနာနှစ်ကြိမ် တင်ခွင့်ရခဲ့တယ်။ နှစ်ကြိမ်စလုံး တန်ဖိုးဖြတ်လို့မရဘူး။ ဘုန်းကံရှိတဲ့ တိုင်းပြည်နဲ့ ဘုန်းကံရှိတဲ့ဒေသမှာ ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဦးဆောင်နိုင်စွမ်းရှိလို့ သာသနာကြီးတည်တာပါ။ ဒါက သာသနာတော်အတွက် အလွန်အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ပါတယ်။ နောင်လာနောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။ ဦးစိန်လင်း ညွှန်ကြားရေးမှူး၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယရေးရာဌာနခွဲ ၊ သာသနာရေးဦးစီးဌာန ပဉ္စမသင်္ဂါယနာနဲ့ ဆဋ္ဌသင်္ဂါယနာကို ​ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်လို့ မြန်မာနိုင်ငံသား ရဟန်းရှင်လူပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ သင်္ဂါယနာ အဆင့်ဆင့်တင်လာတဲ့ အကျိုးဆက်တွေကြောင့် ထေရဝါဒနိုင်ငံအနေနဲ့ ဆဋ္ဌမူအဖြစ် သာသနာတော်ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ​အချုပ်အားဖြင့် ပြောရရင် ဒီဆဋ္ဌသင်္ဂါယနာ နှစ် (၇၀) ပြည့်အောင်ပွဲက ပရိယတ္တိစာပေဆိုင်ရာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွေအနေနဲ့ သာသနာတော်ကို ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမှာဖြစ်တယ်။ ဒီဆဋ္ဌ သင်္ဂါယနာ နှစ် (၇၀) ပြည့် အောင်ပွဲကို နိုင်ငံတော်အကြီးအကဲတွေရဲ့ မျှော်မှန်းမှု၊ သာသနာအတွက် အထင်ကရဖြစ်တာကြောင့် ကျင်းပဖို့ ကုသိုလ်စိတ်တွေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တယ်။ သဘာပတိ ဆရာတော်တွေရဲ့ အမေးအဖြေတွေက လွန်ခဲ့တဲ့ နှစ် (၇၀) ပြည့်က ပုံရိပ်တွေကို ပြန်လည်ထင်ဟပ်စေပြီး ကြည်ညိုစရာ ကြည်နူးကုသိုလ် သဒ္ဓါတရားပွားရပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း ထပ်တူရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဦးတင်သိန်း ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ၊ သာသနာရေးဦးစီးဌာန ကျွန်တော်တို့ သာသနာရေးဦးစီးဌာနက နေ့စဉ်ပြခန်းတွေမှာ တာဝန်ချထားပြီး ပြကွက်တစ်ကွက်ချင်းစီအလိုက် ရဟန်းရှင်လူပြည်သူတွေကို ရှင်းလင်းပြသပေးပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း အားတက်သရော ကြည်ညိုသဒ္ဓါပွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်းတောက်ပပြီး အများပြည်သူတွေ ကြည်ညိုသဒ္ဓါတရားပွားများခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။ ကိုစိုးဝေလွင် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမှာ သင်္ဂါယနာ တင်ခဲ့တဲ့သမိုင်းဝင်နေရာနဲ့ အချက်အလက် ပြခန်းပြကွက်တွေက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီးရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုပြပွဲတွေ ပြသပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒေါ်ဆုနွယ်ဝင်း ဒဂုံဆိပ်ကမ်းမြို့နယ် စာပေထဲမှာ ဖတ်ရတာက ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ ကမ္ဘာအေးကုန်းမြေက ပထမ သင်္ဂါယနာ တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက သတ္တ ပဏ္ဏိလိုဏ်ဂူနဲ့ ပုံစံတူတည်ဆောက်ထားတာဖြစ်တဲ့အတွက် ကျွန်မ တို့အနေနဲ့ ပထမသင်္ဂါယနာကို မမီခဲ့သလို၊ အိန္ဒိယနိုင်ငံကို မသွားရောက်နိုင်သေးတဲ့အတွက် ဒီဆဋ္ဌသင်္ဂါယနာတင် လိုဏ်ဂူကြီးက ပထမသင်္ဂါယနာကိုပါ အမှတ်ရစေပါတယ်။ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ် (၇၀) အထိမ်းအမှတ် အခမ်းအနားမှာ ဆရာတော်ကြီးတွေ ဆဋ္ဌသင်္ဂါယနာတင်တာကို ကျွန်မတို့ ကြည်ညိုခွင့်ရခဲ့တယ်။ ခေတ်အဆက်ဆက် တင်ခဲ့သမျှ သင်္ဂါယနာမှာ ကျွန်မတို့မမီခဲ့ဘူး။ စာပေကနေတစ်ဆင့်ပဲ လေ့လာခဲ့ရတယ်။ အခု ဆရာတော်ကြီးတွေ သင်္ဂါယနာတင်တာ ဒီလိုပါလားဆိုပြီး ကြည်ညိုခွင့်၊ နာယူခွင့်ရတယ်။ အခုလို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတအများကြီး ရပါတယ်။ သတင်းအဖွဲ့MDN

နေပြည်တော် မေ ၁၀

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပတ်လမ်းတွင် ‌မေ ၃ ရက်မှ ၁၀ ရက်အထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ပြသခဲ့သည်။

ယနေ့သည် နောက်ဆုံးနေ့၊ အများပြည်သူ့ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ၊ သီလရှင်စာသင်တိုက်များမှ သီလရှင်များ၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ လှိုင်၊ သန်လျင်၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပေါက္ကံမြို့နယ်တို့မှ လာရောက်ကြည့်ရှုသူပြည်သူများ အထူးစည်ကားလျက်ရှိရာ ပြပွဲနှင့်ပတ်သက်၍ ရှုမြင်သုံးသပ်မှု သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

အရှင်ဝီရိယ ရှင်မတောင်သရက္ခန်ကျောင်း ရေစကြိုမြို့နယ် မကွေးတိုင်းဒေသကြီး

ဆဋ္ဌသင်္ဂါယနာတင် (နှစ် ၇၀ ပြည့်) အထိမ်းအမှတ်ပြပွဲမှာ ဆဋ္ဌသင်္ဂါယနာတင်ရာ သမိုင်းဝင်နေရာနဲ့ သာသနာ့သမိုင်း အသေးစိတ်အကြောင်းအရာတွေကို လေ့လာလိုက်ရတဲ့အတွက် လူငယ်တွေအတော်များများ သိသွားတယ်။ သာသနာအတွက်၊ နိုင်ငံအတွက်၊ မျိုးဆက်သစ်လူငယ်တွေအတွက် အလွန်အကျိုးကျေးဇူးကြီးပါတယ်။ ဒီကနေ့ ကမ္ဘာ့အနေအထားအရ တင်းမာမှုတွေ ခံစားချက်တွေအလွန်များနေတဲ့အချိန်မှာ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိရှိလိုက်နာကြမယ်ဆိုရင် မြန်မာပြည်အပါအဝင် တစ်ကမ္ဘာလုံးငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်။

အိန္ဒိယက သာသနာစတင်ခဲ့ ထွန်းကားခဲ့ပေမယ့် မြန်မာနိုင်ငံလိုမျိုး ပရိယတ္တိ၊ ပဋိပတ္တိ အပြည့်အစုံမရှိတော့ဘူး။ မြန်မာနိုင်ငံမှာ သင်္ဂါယနာနှစ်ကြိမ် တင်ခွင့်ရခဲ့တယ်။ နှစ်ကြိမ်စလုံး တန်ဖိုးဖြတ်လို့မရဘူး။ ဘုန်းကံရှိတဲ့ တိုင်းပြည်နဲ့ ဘုန်းကံရှိတဲ့ဒေသမှာ ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဦးဆောင်နိုင်စွမ်းရှိလို့ သာသနာကြီးတည်တာပါ။ ဒါက သာသနာတော်အတွက် အလွန်အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ပါတယ်။ နောင်လာနောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။

ဦးစိန်လင်း ညွှန်ကြားရေးမှူး၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယရေးရာဌာနခွဲ ၊ သာသနာရေးဦးစီးဌာန

ပဉ္စမသင်္ဂါယနာနဲ့ ဆဋ္ဌသင်္ဂါယနာကို ​ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်လို့ မြန်မာနိုင်ငံသား ရဟန်းရှင်လူပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ သင်္ဂါယနာ အဆင့်ဆင့်တင်လာတဲ့ အကျိုးဆက်တွေကြောင့် ထေရဝါဒနိုင်ငံအနေနဲ့ ဆဋ္ဌမူအဖြစ် သာသနာတော်ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

​အချုပ်အားဖြင့် ပြောရရင် ဒီဆဋ္ဌသင်္ဂါယနာ နှစ် (၇၀) ပြည့်အောင်ပွဲက ပရိယတ္တိစာပေဆိုင်ရာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွေအနေနဲ့ သာသနာတော်ကို ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမှာဖြစ်တယ်။ ဒီဆဋ္ဌ သင်္ဂါယနာ နှစ် (၇၀) ပြည့် အောင်ပွဲကို နိုင်ငံတော်အကြီးအကဲတွေရဲ့ မျှော်မှန်းမှု၊ သာသနာအတွက် အထင်ကရဖြစ်တာကြောင့် ကျင်းပဖို့ ကုသိုလ်စိတ်တွေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တယ်။ သဘာပတိ ဆရာတော်တွေရဲ့ အမေးအဖြေတွေက လွန်ခဲ့တဲ့ နှစ် (၇၀) ပြည့်က ပုံရိပ်တွေကို ပြန်လည်ထင်ဟပ်စေပြီး ကြည်ညိုစရာ ကြည်နူးကုသိုလ် သဒ္ဓါတရားပွားရပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း ထပ်တူရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးတင်သိန်း ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ၊ သာသနာရေးဦးစီးဌာန

ကျွန်တော်တို့ သာသနာရေးဦးစီးဌာနက နေ့စဉ်ပြခန်းတွေမှာ တာဝန်ချထားပြီး ပြကွက်တစ်ကွက်ချင်းစီအလိုက် ရဟန်းရှင်လူပြည်သူတွေကို ရှင်းလင်းပြသပေးပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း အားတက်သရော ကြည်ညိုသဒ္ဓါပွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်းတောက်ပပြီး အများပြည်သူတွေ ကြည်ညိုသဒ္ဓါတရားပွားများခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။

ကိုစိုးဝေလွင် မရမ်းကုန်းမြို့နယ်

မြန်မာနိုင်ငံမှာ သင်္ဂါယနာ တင်ခဲ့တဲ့သမိုင်းဝင်နေရာနဲ့ အချက်အလက် ပြခန်းပြကွက်တွေက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီးရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုပြပွဲတွေ ပြသပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

ဒေါ်ဆုနွယ်ဝင်း ဒဂုံဆိပ်ကမ်းမြို့နယ်

စာပေထဲမှာ ဖတ်ရတာက ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ ကမ္ဘာအေးကုန်းမြေက ပထမ သင်္ဂါယနာ တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက သတ္တ ပဏ္ဏိလိုဏ်ဂူနဲ့ ပုံစံတူတည်ဆောက်ထားတာဖြစ်တဲ့အတွက် ကျွန်မ တို့အနေနဲ့ ပထမသင်္ဂါယနာကို မမီခဲ့သလို၊ အိန္ဒိယနိုင်ငံကို မသွားရောက်နိုင်သေးတဲ့အတွက် ဒီဆဋ္ဌသင်္ဂါယနာတင် လိုဏ်ဂူကြီးက ပထမသင်္ဂါယနာကိုပါ အမှတ်ရစေပါတယ်။ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ် (၇၀) အထိမ်းအမှတ် အခမ်းအနားမှာ ဆရာတော်ကြီးတွေ ဆဋ္ဌသင်္ဂါယနာတင်တာကို ကျွန်မတို့ ကြည်ညိုခွင့်ရခဲ့တယ်။ ခေတ်အဆက်ဆက် တင်ခဲ့သမျှ သင်္ဂါယနာမှာ ကျွန်မတို့မမီခဲ့ဘူး။ စာပေကနေတစ်ဆင့်ပဲ လေ့လာခဲ့ရတယ်။ အခု ဆရာတော်ကြီးတွေ သင်္ဂါယနာတင်တာ ဒီလိုပါလားဆိုပြီး ကြည်ညိုခွင့်၊ နာယူခွင့်ရတယ်။ အခုလို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတအများကြီး ရပါတယ်။

သတင်းအဖွဲ့