လူသားတွေရဲ့ သမိုင်းကာလတစ်လျှောက်လုံးမှာ ကမ္ဘာ့အဆင့် ဩဇာလွှမ်းမိုးမှုရှိတဲ့ အခင်းအကျင်းတွေဟာ သတင်းအချက်အလက်တွေ အလွန်ရှားပါးတဲ့ အခြေအနေမှာပဲ လည်ပတ်ခဲ့ရတာဖြစ်ပါတယ်။ အရင်ကတော့ သတင်းတစ်ခုရဖို့ဆိုတာ ခက်ခဲတဲ့အတွက် ရလာတဲ့သတင်းအချက်အလက် အနည်းငယ်အပေါ်မှာပဲ မူတည်ပြီး လူတွေက ကိုယ့်အမြင်နဲ့ကိုယ် အမျိုးမျိုးအနက်ဖွင့်ဆိုခဲ့ကြရတာပါ။
ဒါပေမဲ့ အခုဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်လာတဲ့အခါမှာတော့ အခြေအနေက လုံးဝဥဿုံ ပြောင်းပြန်ဖြစ်သွားပါပြီ။ သတင်းတွေက ဖောဖောသီသီ ရှိနေလင့်ကစား ဒါဟာ တကယ်အစစ်လား၊ အတုလားဆိုတဲ့ စစ်မှန်မှုကတော့ အလွန်ရှားပါးတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ဉာဏ်ရည်တု AI နည်းပညာကိုသုံးပြီး ဖန်တီးထားတဲ့ Deepfakes တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ “လူထုစကားပြောဆိုမှု” နဲ့ “မျက်မြင်သက်သေ အထောက်အထား” တွေအပေါ် ယုံကြည်မှုကို အခြေခံကနေ လှုပ်ခါဖျက်ဆီးပစ်နေတာပါ။
Deepfake ဆိုတာ AI နည်းပညာသုံးပြီး လူတစ်ယောက်ရဲ့ ရုပ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် အသံကို တခြားလူတစ်ယောက်က လုပ်နေတာ၊ ပြောနေတာမျိုးဖြစ်အောင် ဖန်တီးထားတဲ့ အတုအယောင်ဖြစ်ပါတယ်။ ဒီ Deepfake ဗီဒီယိုတွေ၊ ပုံတွေနဲ့ အသံတုတွေဟာအရင်ကထက် ကုန်ကျစရိတ် သိသိသာသာ သက်သာလာရုံသာမကဖန်တီးရတာလည်း လွယ်ကူလာတဲ့အတွက် ဘယ်သူမဆို လက်နက်တစ်ခုလို သုံးနိုင်လာနေကြတာဖြစ်ပါတယ်။
ဒီနေ့ခေတ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒီလို AI နဲ့ လုပ်ထားတဲ့ အတုအယောင်တွေဟာ နေရာအနှံ့ ပျံ့နှံ့နေပါပြီ။ စစ်တမ်းတွေအရဆိုရင် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ဟာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း Deepfake ဗီဒီယိုတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ဖူးကြတယ်လို့ သိရပါတယ်။
အချို့သော ဖန်တီးမှုတွေကတော့ ကြည့်လိုက်ရင် အန္တရာယ်မရှိသလိုပါပဲ။ ရယ်စရာမောစရာ အဆင့်ပဲ ရှိပါတယ်။ ဥပမာ ရုရှားနိုင်ငံ ကမ်ချက်ကာဒေသမှာ ကိုးထပ်တိုက်အမြင့်လောက်ရှိတဲ့ နှင်းပုံကြီးတွေ ရှိနေတယ်ဆိုပြီး အမေရိကန်မှာပါ ပျံ့နှံ့သွားတဲ့ AI ပုံတွေလိုမျိုးပေါ့။
ဒါတွေက အပေါ်ယံကြည့်ရင် အပျော်သဘောလို့ ထင်ရပေမယ့်တကယ်တမ်းမှာ လူတွေရဲ့အမှန်နဲ့အမှား ခွဲခြားနိုင်စွမ်းကို တဖြည်းဖြည်းဝါးမျိုလာနေတာဖြစ်ပါတယ်။ ဒီနည်းပညာဟာ အခုဆိုရင် အပျော်သဘောအဆင့်ကနေ ပြင်းထန်တဲ့ နိုင်ငံရေးတင်းမာမှုတွေကို ပိုမိုလောင်စာဖြည့်ပေးလာတဲ့ လက်နက်တစ်ခုအဖြစ် ရောက်ရှိလာနေပါပြီ။
Deepfake တွေရဲ့ အန္တရာယ်က နိုင်ငံရေးတင်းမာမှုတွေကို မီးလောင်ရာလေပင့်ဖြစ်စေတဲ့အထိ ရောက်လာတာကို ၂၀၂၅ ခုနှစ် မေလမှာတုန်းက ဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် အကျပ်အတည်းမှာ အထင်အရှား မြင်ခဲ့ရပါတယ်။ အဲဒီတုန်းက တိုက်လေယာဉ် နှစ်စင်း
ပျက်ကျသွားပြီလို့ ပြထားတဲ့ ဗီဒီယိုအတုတစ်ခုဟာ နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းမှာ တောမီးလိုပျံ့သွားပါတယ်။ အစိုးရတွေဘက်က ဒါဟာ အတုကြီးပါလို့တရားဝင်ငြင်းဆိုချက်တွေ ထုတ်ပြန်ဖို့ ကြိုးစားနေတုန်းမှာတင် လူထုကြားမှာ စစ်လိုလားတဲ့ စိတ်ဓာတ်တွေက အထွတ်အထိပ် ရောက်ကုန်ပါပြီ။
ဒီဖြစ်ရပ်က ဘာကိုပြလဲဆိုရင် Deepfake ဆိုတာ ဖျော်ဖြေရေး သက်သက်မဟုတ်တော့ဘဲ နိုင်ငံတစ်ခုရဲ့ တည်ငြိမ်ရေးနဲ့ အမျိုးသားလုံခြုံရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ လက်နက်ဖြစ်လာပြီဆိုတာပါပဲ။ ဒါကြောင့်လည်း ၂၀၂၅ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကမ္ဘာတစ်ဝန်း AI အသုံးပြုမှုဆိုင်ရာစည်းမျဉ်းအသစ်တွေက လှိုင်းလုံးတစ်ခုလို ပေါ်ထွက်လာတာပါ။ နိုင်ငံတွေဟာ AI အတုအယောင်တွေကို နည်းပညာအသစ်တစ်ခုလိုမမြင်တော့ဘဲ နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့အရာတစ်ခုအဖြစ် သတ်မှတ်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာကြပါတယ်။
အာရှနိုင်ငံတွေကိုကြည့်ရင် ဥပဒေနဲ့ ချက်ချင်းလက်ငင်း အရေးယူတာကို ပိုတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုရင် ဇန်နဝါရီလ ၁၀ ရက်မှာ Grok ပလက်ဖောင်းကို ယာယီပိတ်ဆို့လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပလက်ဖောင်းကိုသုံးပြီး ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာ Deepfake တွေ ဖန်တီးနေကြလို့ပါ။ ဂျကာတာအစိုးရရဲ့တုံ့ပြန်ပုံက စံနှုန်းတွေသတ်မှတ်ဖို့ စောင့်မနေတော့ဘဲ ပြဿနာဖြစ်တာနဲ့ ဖြန့်ဝေတဲ့ လမ်းကြောင်းကို ချက်ချင်းဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံကတော့ ပိုပြီးတင်းကျပ်လှတဲ့ ရာဇဝတ်မှုဆိုင်ရာချဉ်းကပ်ပုံကို သုံးတာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်အကုန်မှာ နိုင်ငံတော်ဆန့်ကျင်ရေး AI ပုံရိပ်တွေ၊ ဗီဒီယိုတွေဖြန့်တဲ့သူများကို မျက်ကွယ်မှာတင်တရားစီရင်ပြီး ဖမ်းဝရမ်းတွေထုတ်ခဲ့ပါတယ်။
ဒါဟာ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာကို ကာကွယ်တာဖြစ်ပြီး အွန်လိုင်းပေါ်ကနေ ပြည်ပမှတိုက်ခိုက်တာမျိုးကို ခွင့်မပြုဘူးဆိုတဲ့ ပြတ်သားရှင်းလင်းတဲ့ သတင်းစကားပေးလိုက်တာပါ။
အိန္ဒိယမှာလည်း ဇန်နဝါရီလ ၁၉ ရက်မှာ အိန္ဒိယရဲတပ်ဖွဲ့က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို အသရေဖျက်ဖို့ ကြိုးစားတဲ့ AI ပုံရိပ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ ဒီနေရာမှာ သတိထားရမှာက သူတို့ရဲ့ရည်ရွယ်ချက်ဟာ ကြီးမားတဲ့ လှည့်ဖြားမှုထက် လူထုကြားမှာ ချက်ချင်းလက်ငင်းဆူပူအုံကြွမှု ဖြစ်စေဖို့ပဲဖြစ်ပါတယ်။
ဥရောပသမဂ္ဂ EU ကတော့ ဥပဒေကြောင်းအရ စနစ်တကျ မူဘောင်တွေ ချမှတ်နေပါပြီ။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်မှာ ဥရောပကော်မရှင်က AI နဲ့ဖန်တီးထားတဲ့ အကြောင်းအရာတွေကို အညွှန်းပါရမယ်ဆိုတဲ့ ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာAI အက်ဥပဒေပါ ပွင့်လင်းမြင်သာမှု မူဝါဒတွေကို လက်တွေ့ကျင့်သုံးနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေအဖြစ် ပြောင်းလဲလိုက်တာပါ။
ဂျာမနီတရားရေးဝန်ကြီးဌာနကလည်း ဇန်နဝါရီလ ၉ ရက်မှာ AI နဲ့ ပုံရိပ်တုပြုပြင်တာတွေကို ဒစ်ဂျစ်တယ် အကြမ်းဖက်မှုလို့သတ်မှတ်ပြီး ရာဇဝတ်မှုအဖြစ်အရေးယူဖို့ ပြင်ဆင်လာပါတယ်။ အမေရိကန်နိုင်ငံမှာတော့ သမ္မတဒေါ်နယ်ထရမ့်က Take It Down Act ကို ၂၀၂၅ မှာ လက်မှတ်ထိုးခဲ့တာကြောင့် ပလက်ဖောင်းတွေအနေနဲ့ ခွင့်ပြုချက်မရှိတဲ့ AI ပုံရိပ်ကို ချက်ချင်းဖယ်ရှားပေးဖို့ တာဝန်ရှိလာစေပါတယ်။ အထက်လွှတ်တော်ကလည်း DEFIANCE Act ကို အတည်ပြုခဲ့သလို၊ လူတစ်ဦးချင်းစီရဲ့ ပုံရိပ်နဲ့ အသံကို ကာကွယ်ပေးမယ့် No Fakes Act ကိုလည်း ဆက်လက်ဆွေးနွေးနေကြပါတယ်။
ရုရှားနိုင်ငံဟာလည်း ဒီလှိုင်းထဲမှာ နောက်ကျကျန်နေခဲ့ခြင်းမရှိဘဲကိုယ်ပိုင်လမ်းစဉ်ကို ဖော်ဆောင်နေပါတယ်။ ဇန်နဝါရီလ ၂၀ ရက်မှာ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဦးဆောင်ပြီး အထူးလုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းအရ AI နဲ့ လုပ်ထားတဲ့ ဗီဒီယိုမှန်သမျှ အညွှန်းမပါရင် ဒါမှမဟုတ် အညွှန်းမှားရင် အုပ်ချုပ်ရေးနည်းလမ်းအရ ဒဏ်ကြေးတွေရိုက်မယ့်အစီအစဉ်ကို ၂၀၂၆ မတ်လကျရင် လွှတ်တော်မှာ စတင်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးပမ်းနေသလို နိုင်ငံတကာအဆင့်မှာလည်း C2PA လိုမျိုး နည်းပညာစံနှုန်းတွေ ဖော်ဆောင်ပြီး သတင်းတစ်ခုရဲ့ မူရင်းဇာစ်မြစ်ကို စစ်ဆေးနိုင်အောင် လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေးသမဂ္ဂ ITU လိုမျိုး အဖွဲ့အစည်းတွေမှာလည်း AI ပွင့်လင်းမြင်သာမှုအတွက် ဆွေးနွေးနေကြပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ယနေ့ကမ္ဘာကြီးဟာ အခုဆိုရင် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုဆိုတာကို စနစ်တကျစစ်ဆေးရမယ့်ခေတ်ကိုရောက်နေပါပြီ။ အစိုးရတွေအတွက် Deepfake ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုနဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နိုင်စွမ်းကို စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။
အခုအချိန်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများက နည်းပညာတိုက်ပွဲတင် မဟုတ်တော့ပါဘူး။ “မြင်ရမှယုံ”ဆိုတဲ့ စကားအလုပ် မဖြစ်တော့တဲ့ ခေတ်မှာ စစ်မှန်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးယုံကြည်မှုတွေကို ဘယ်လိုမျိုး ဆက်လက်ထိန်းသိမ်းမလဲဆိုတာဟာ လူသားတွေအားလုံးရဲ့တာဝန် ဖြစ်လာပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်ရေးဟာ ဒီအတုအယောင်တွေကို ဘယ်လောက်အထိ ထိထိရောက်ရောက်နဲ့ ပညာသားပါပါ တားဆီးနိုင်မလဲ ဆိုတဲ့အပေါ်မှာသာမူတည်နေတော့မှာ ဖြစ်ပါတယ်။
Ref: RT
MWD

AI ဒေတာစင်တာများမှ အဆင့်မြင့် Memory Chip များအတွက် ဝယ်လိုအားနှင့် နေ့စဉ်သုံးပစ္စည်းများ အတွက် အမြတ်နည်းသော Chip များထုတ်လုပ်မှု လျှော့ချခြင်းတို့ကြောင့် ကမ္ဘာအနှံ့ Memory Chip ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကာ ဖုန်း၊ ကွန်ပျူတာနှင့် ဒေတာစင်တာများအတွက် အဓိက ပါဝင်ပစ္စည်းများ ရရှိရန် ခက်ခဲလာသည်။
ကမ္ဘာလုံးဆိုင်ရာ Memory Chip အကျပ်အတည်း
ကမ္ဘာပေါ်တွင် စက်ပစ္စည်းများအား ဒေတာများ သိုလှောင်ရန်နှင့် လျင်မြန်စွာ ရယူနိုင်ရန် စွမ်းဆောင် ပေးသည့် Memory Chip များ ပြတ်တောက်မှု ကြုံနေရသည်။ ၎င်းတို့သည် စမတ်ဖုန်းနှင့် လက်ပ်တော့ များမှသည် ဆာဗာများ၊ ကားများနှင့် Cloud အခြေခံအဆောက်အအုံများအထိ အရာအားလုံးနီးပါးတွင် တပ်ဆင်ထားသည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထောက်ပံ့မှုသည် အလွန်လျော့နည်းလာသောကြောင့် အချို့သောဈေးကွက်များတွင် ဈေးနှုန်းများသည် တစ်ပတ်ပြီးတစ်ပတ် မြင့်တက်လာပြီး ကုမ္ပဏီကြီး များက ခွဲတမ်းများရရှိရန် အသည်းအသန် ကြိုးပမ်းနေကြသည်။
အဆိုပါ ပြတ်လပ်မှုသည် အဓိက အုပ်စုနှစ်ခုလုံးတွင် ဖြစ်ပွားနေပြီး ဖုန်းများ၊ PC များ၊ ဆာဗာများတွင် အသုံးပြုသည့် RAM အမျိုးအစား Chip များနှင့် SSD များ၊ စက်ပစ္စည်း Memory များတွင် အသုံးပြုသည့် သိုလှောင်မှု Chip များဖြစ်သည်။ AI စနစ်များအတွက် ထုတ်လုပ်သည့် အဆင့်မြင့် RAM ပုံစံသည် ဖိအား ပိုများစေပြီး ၎င်းသည် ပုံမှန်လည်ပတ်မှုသံသရာနှင့်မတူဘဲ ယခု အကျပ်အတည်းကို ကွဲပြားစေသည်။
ကမ္ဘာတစ်ဝန်း RAM ဈေးနှုန်းများ မြင့်တက်လာခြင်း
ဈေးကွက်တစ်ခုလုံးတွင် ဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်နေပါသည်။ လုပ်ငန်းနယ်ပယ်မှ စောင့်ကြည့် လေ့လာမှုများအရ အချို့သော ကဏ္ဍများတွင် ကုန်ကျစရိတ်သည် နှစ်ဆ မြင့်တက်ခဲ့ကြောင်း ပြသ နေသည်။ လူကြိုက်များသော RAM modules များ၏ လက်ငင်းဈေးနှုန်းများသည် ယခုနှစ်အတွင်း သုံးဆ ခန့် မြင့်တက်လာခဲ့သည်။ ထိုပြောင်းလဲမှုသည် အရောင်းဆိုင်များတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ နွေရာသီနှင့် နှိုင်းယှဉ်ပါက တွင်ကျယ်စွာ ရောင်းချနေသော PC Memory Kits အများအပြားသည် ယခုအခါ ၅၀% မှ ၁၀၀% ပိုမိုကုန်ကျနေပြီးအဓိကလက်လီဈေးကွက်များတွင် စံသတ်မှတ်ချက် 32GB အဆင့် မြှင့်တင်မှု အချို့၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၄၀၀ ခန့် ရှိနေသည်။
ဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အကြောင်းရင်း
ဈေးနှုန်းမြင့်တက်ရခြင်းအတွက် ရှင်းလင်းသော တွန်းအားတစ်ခုရှိသည်။ AI ဒေတာစင်တာများသည် သာမန်စနစ်များထက် AI ဆာဗာများက Memory ပိုမိုလိုအပ်သောကြောင့် Memory Chip များကို အတိုင်းအတာအသစ်ဖြင့် ဝယ်ယူနေပြီး အကြီးဆုံး နည်းပညာကုမ္ပဏီများသည် ထောက်ပံ့မှုကို လုံခြုံ စေရန် အတွက်သာ အရွယ်အစားကြီးမားသောမှာယူမှုများ ပြုလုပ်နေသည်။
တစ်ချိန်တည်းမှာပင် Memory ထုတ်လုပ်သူ သုံးခုဖြစ်သည့် Samsung Electronics ၊ SK Hynix နှင့် Micron Technology တို့သည် AI အရှိန်မြှင့်စက်ပစ္စည်းများအတွက် တည်ဆောက်ထားသော အဆင့်မြင့် ၊ အလွန်မြန်သော အမျိုးအစား (High-Bandwidth Memory, သို့မဟုတ် HBM) ကို ဦးစားပေးနေပြီး ၎င်းတို့၏ အဆင့်အမြင့်ဆုံး ထုတ်လုပ်မှုကို ယင်းဘက်သို့ လမ်းကြောင်းပြောင်းနေခြင်းကြောင့် ဖုန်းများ ၊ PC များ ၊ စားသုံးသူ သိုလှောင်မှုများအတွက် “နေ့စဉ်သုံး” Chip များ ပိုမိုနည်းပါးလာစေသည်။ ထို့အပြင် ထုတ်လုပ်မှုလုပ်ငန်းသည် ၂၀၂၂-၂၀၂၃ စီးပွားရေးကျဆင်းမှုကာလမှ ပြန်လည်ရုန်းကန်ရဆဲဖြစ်ပြီး ထို ကာလက ထုတ်လုပ်သူများသည် ကုန်ကျစရိတ်အောက် ရောင်းချပြီးနောက် ထုတ်လုပ်မှုကို လျှော့ချခဲ့ ကြသည်။ AI ဝယ်လိုအား အပြည့်အဝ စတင်လာချိန်တွင် ထိုလျှော့ချမှုမှ ထောက်ပံ့မှု ပြန်လည် ကောင်းမွန် လာရန် အချိန်ယူနေရဆဲဖြစ်သည်။ စက်ရုံအသစ်များ ဆောက်လုပ်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်ရာ ထောက်ပံ့မှုက လျင်မြန်စွာ လိုက်မီနိုင်ခြင်းမရှိပေ။
ထောက်ပံ့မှုအတွက် လူတိုင်း တောင်းဆိုနေ
အခြေအနေ မည်မျှတင်းကျပ်နေကြောင်းကို ရှင်းလင်းစွာပြသသည့် အချက်တစ်ခုမှာ Micron မှ ၎င်း၏ Crucial စားသုံးသူထုတ်ကုန်လိုင်းကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရပ်ဆိုင်းရန်နှင့် ၎င်း၏ ထုတ်လုပ်မှုကို ပိုမိုမြင့်မားစွာ ပေးချေနိုင်သော AI နှင့် ဒေတာစင်တာ ဖောက်သည်များဘက်သို့ လမ်းကြောင်းပြောင်းရန် ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။ ယခုအခါ အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ဖြစ်ကြသည့် Microsoft နှင့် Google တို့က Micron ကို ၎င်းတို့ တင်ပို့နိုင်သမျှ Memory ပမာဏ အများဆုံးပေးပို့ရန် တောင်းဆို နေကြောင်း ဆိုသည်။ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ၊ အထူးသဖြင့် ByteDance ဦးဆောင်သောသူများက Samsung နှင့် SK Hynix တို့ကို ပိုမိုကြီးမားသော ခွဲတမ်းများအတွက် တွန်းအားပေးလျက်ရှိသည်။ Samsung သည် ၎င်း၏ ကိုယ်ပိုင်စမတ်ဖုန်း ယူနစ်နှင့်ပင်လျှင် ရေရှည်စာချုပ်များ ချုပ်ဆိုမည့်အစား သုံးလတစ်ကြိမ် Memory ပေးပို့မှုများအတွက် ညှိနှိုင်းနေသည်။ Reuters မှ ကိုးကားထားသော လုပ်ငန်း အရင်းအမြစ်များက လက်ရှိအခြေအနေကို ရိုးရှင်းစွာပင် "ထောက်ပံ့မှုအတွက် လူတိုင်း တောင်းဆိုနေ ကြသည်" ဟု ဖော်ပြထားသည်။
AI ၏ လွှမ်းမိုးမှုကြောင့် Memory ဈေးကွက်ပုံစံ ပြောင်းလဲလာ
AI က ဝယ်လိုအားကို ထပ်တိုးရုံသာမကဘဲ မှတ်ဉာဏ် အဆင့်အတန်း အစီအစဉ်ကိုပါ ပြန်လည် စီစဥ်ပေး နေပါသည်။ AI စနစ်များအတွက် ထုတ်လုပ်သည့် HBM (High-Bandwidth Memory) ကို PC များ၊ ဖုန်းများအတွက် သာမန် RAM နှင့် SSD များအတွက် သိုလှောင်မှု Chip များကိုလည်း ထုတ်လုပ်သည့် တူညီသော ခေတ်မီလိုင်းများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထုတ်လုပ်သူများသည် HBM ထဲသို့ ဝေဖာများ ပိုမိုတွန်းပို့သောအခါ၊ စံအစိတ်အပိုင်းများ ပိုမိုနည်းပါးစွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးသည် အမြင့်ဆုံးအဆင့်သို့ ဆွဲတင်ခံရပြီး အများသုံးဈေးကွက်တွင် ပြတ်လပ်မှု ဖြစ်လာသည်။ AI အခြေခံအဆောက်အအုံများထဲသို့ စီးဝင်နေသော ကြီးမားသည့် ငွေကြေး ပမာဏများသည် ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းကားလာနေသလားဟု ရင်းနှီးမြှုပ်နှံသူများက ငြင်းခုံနေချိန် တွင် ယခု အကျပ်အတည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းသည် အခြားအရာအားလုံးကို ကျဉ်းမြောင်း စေ နေသည့်တိုင် လုပ်ငန်းသည် AI ကို မည်မျှအားကိုးနေကြောင်း ပြသနေသည်။
အဆိုးရွားဆုံး ထိခိုက်သူများ
စားသုံးသူများသည် နေ့စဉ်သုံးပစ္စည်းများမှတစ်ဆင့် အဆိုပါအကျပ်အတည်းကို စတင်ခံစားလာရသည်။ တရုတ်နိုင်ငံမှ Xiaomi နှင့် Realme တို့သည် Memory Chip ကုန်ကျစရိတ်များ အလွန်လျင်မြန်စွာမြင့်တက်နေသောကြောင့် စမတ်ဖုန်းဈေးနှုန်းများကို မြှင့်တင်ရနိုင်ကြောင်း သတိပေးထားသည်။ PC ဝယ်သူများနှင့် အထူးသဖြင့် ဂိမ်းကစားသူများသည်လည်း ဖိအားပေးခံနေရသည်။ နွေရာသီကတည်းက RAM ဈေးနှုန်းများ အလွန်မြင့်တက်လာသောကြောင့် အချို့သော အများသုံး high-end 64GB ကိရိယာ များသည် PlayStation 5 ထက်ပင် ဈေးပိုလာကြောင်း နည်းပညာဆိုင်ရာ ထုတ်ဝေမှုများက ဖော်ပြသည်။နေ့စဉ်ဝယ်ယူသူများအတွက် ထိုအချက်သည် ဈေးသက်သာသော ရွေးချယ်စရာများ နည်းပါးလာခြင်းနှင့် ဈေးနှုန်းမြင့်မားမှုကာလ ပိုရှည်ကြာလာခြင်းကို ဆိုလိုသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ
ခေတ်ပြိုင် ဈေးနှုန်းမြင့်တက်မှုထက် အဆိုပါပြတ်လပ်မှုက ပိုကြာမြင့်လိမ့်မည်ဟု စက်မှုလုပ်ငန်း သုံးသပ် သူများက ခန့်မှန်းကြသည်။ Memory chip စက်ရုံအသစ်များနှင့် အဆင့်မြင့် ထုပ်ပိုးမှုလိုင်းများ တည်ဆောက်ခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းတို့သည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီး လက်ရှိ ခန့်မှန်းချက်များ အရ ၂၀၂၇ ခုနှစ်အထိ ထောက်ပံ့မှုကျဉ်းမြောင်းပြီး ဈေးနှုန်းမြင့်မားမှု ဆက်လက်ရှိနေမည်ဟု ညွှန်ပြ နေသည်။
AI နှင့် ကလောက်(Cloud) ဒေတာစင်တာများမှ ဝယ်လိုအားသည် ထုတ်လုပ်မှုထက် ပိုမိုမြန်ဆန်စွာ ကြီးထွားနေဆဲဖြစ်ပြီး ထောက်ပံ့သူများသည် စာချုပ်ဈေးနှုန်းများကို မြှင့်တင်နေကြသဖြင့် လာမည့်နှစ် ပထမနှစ်ဝက်အထိ ရရှိနိုင်မှုအခြေအနေ ကျဉ်းမြောင်းနေဦးမည်ဟု ညွှန်ပြနေသည်။ မညီမျှမှု ဆက်လက် တည်ရှိနေပါက ဖြစ်ပွားမည့် အကျိုးဆက်များသည် ဈေးကြီးသော ပစ္စည်းများထက် ပိုကျယ်ပြန့်သည်။ Memory chip ထောက်ပံ့မှု ကန့်သတ်ချက်များသည် Data Center စီမံကိန်းကြီးများကို နှောင့်နှေးစေ နိုင်ပြီး AI မိတ်ဆက်မှုအချို့ကို နှေးကွေးစေနိုင်သည်။ ပစ္စည်းအစိတ်အပိုင်း ကုန်ကျစရိတ်မြင့်မားမှုကလည်း စမတ်ဖုန်း၊ PC နှင့် ကလောက်(Cloud) ဝန်ဆောင်မှုဈေးနှုန်းများထဲသို့ ဆက်လက်စီးဝင်ကာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာဈေးကွက်တစ်ခုလုံးကို ဖိအားပေးနေမည် ဖြစ်သည်။
(RT တွင် ဖော်ပြထားသည့် “AI driving global memory chip crisis” အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန(၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

“ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို ဖြစ်ထွန်း အောင်လုပ်တတ်တဲ့၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူသားတွေဖြစ်တယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ပေးထားတဲ့ အနှစ်သာရတွေကို ဆော့ဖ်ဝဲ ဒါမှ မဟုတ် အယ်လ်ဂိုရစ်သမ်အဖြစ် ပြောင်းလဲလိုက် နိုင်ရင် ဘာဖြစ်မလဲ"
ထိုမေးခွန်းမှာ ဉာဏ်ရည်တုနည်းပညာကို စမလုပ်ခင် သူ့ကိုယ်သူမေးခဲ့မိသည့် မေးခွန်းဖြစ် သည်ဟု ယနေ့ခေတ်၏အေအိုင် ရှေ့ဆောင်ဦးရွက် များထဲမှ တစ်ယောက်ဖြစ်သူ မူစတာဖာ ဆူလီမန်က ၂၀၂၃ ခုနှစ်ထုတ် The Coming Wave စာအုပ်ထဲတွင် ရေးထားသည်။ ထိုစဉ်က အေအိုင်ကုမ္ပဏီလေးတစ်ခု ကို ကမ်းမမြင်လမ်းမမြင် အနေအထားတွင် စတင် ထူထောင်ခဲ့ရာမှ သူသည် ယခု မိုက်ခရိုဆော့ဖ်၏ အေအိုင် စီအီးအိုဖြစ်နေပြီ။ သို့သော် ထိုမေးခွန်းမှာ ၂၁ ရာစုတွင်မှ၊ နည်းပညာအခြေခံရှိပြီး စွန့်ဦးတီထွင် လုပ်တတ်သူ တစ်ယောက်ထံတွင်မှ ပေါ်ထွက်လာ သော မေးခွန်းမဟုတ်။ အလားတူ မေးခွန်းမျိုးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ရနေး ဒေးကားတို့လို၊ သောမတ် ဟော့ဘ်တို့လို၊ အလန် ကျူရင်တို့လို အသိဉာဏ်ပညာရှင် အဆက်ဆက်က ထုတ်ခဲ့ကြပြီးသား။
ဗြိတိသျှ သင်္ချာပညာရှင် အလန်ကျူရင်က ၁၉၅ဝ ပြည့်နှစ်ထုတ် သူ့စာတမ်း Computing Machinery and Intelligence တွင် 'စက်တွေက တွေးနိုင်သလား' ဟု မေးခွန်းထုတ်ခဲ့သည်။ ထိုမေးခွန်းကိုပင် ယနေ့ခေတ် ဉာဏ်ရည်တု နည်းပညာ၏ အခြေခံအုတ်မြစ်ဟု ပညာရှင်များက ယူဆထားကြသည်။ ကျူရင်ကပင် စမ်းသပ်ချက် တစ်ခုကို အဆိုပြုသည်။ သူ့စမ်းသပ်ချက်တွင် လူနှစ်ယောက်နှင့် စက်တစ်လုံး ပါဝင်သည်။ လူတစ်ယောက်က အကဲဖြတ်သူ။ သူနှင့် စက်ကြား တွင်ရော၊ သူနှင့် အခြားလူကြားတွင်ရော လက်နှိပ် စက်လိုစက်မျိုးဖြင့် စာရိုက်ပြီး ပို့နိုင်သည့် ကြားခံ စက်တစ်ခုရှိမည်။ ယခုခေတ်လို ဖုန်းဖြင့် စာပို့၍ ရနေသော အချိန်အခါမျိုးတွင် ထိုသို့သောဆက်သွယ်ရေးနည်းမှာ နေ့စဉ်သုံးဖြစ်နေသော်လည်း ကျူရင်တို့ . ခေတ်ကမူ အနာဂတ်နည်းပညာတစ်ခု။ အကဲဖြတ်မည့်သူသည် ဘယ်သူက လူလဲ၊ ဘယ်သူက စက်လဲ မသိ။ သို့သော် အပြန်အလှန် စာပေးပို့စကားပြောရင်း လူလား စက်လား အကဲဖြတ်နိုင်မည်ဖြစ်သည်။
ထိုသို့ အကဲဖြတ်နေရင်း လူလား၊ စက်လားခွဲမရတော့ သည့် အနေအထားရောက်လျှင် ထိုစက်သည် စာမေးပွဲအောင်ပြီ။ ယင်းကို ကျူရင် စမ်းသပ်ချက်ဟု ခေါ်ပြီး စက်၏အသိဉာဏ်နှင့်ပတ်သက်၍ အခြေခံ အဆင့်တစ်ခုအဖြစ် သဘောထားကာ နောက်ပိုင်း သုတေသီများက ထိုစမ်းသပ်ချက်ကို ကျော်လွန်နိုင် ရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။
အေအိုင်နည်းပညာဆိုသည့် နယ်ပယ်တစ်ခု တရားဝင်ပေါ်ပေါက်လာသည်ကတော့ ၁၉၅၆ ခုနှစ် နွေရာသီတွင်ဟု ဆိုနိုင်သည်။ ဆိုနိုင်သည်။ ထိုနွေရာသီတွင် ကွန်ပျူတာ သိပ္ပံပညာရှင်များဖြစ်ကြသော ဂျွန် မက္ကာသီ၊ မာဗင်မင်စကီး၊ နေသန်နီယယ် ရိုချက် စတာ၊ ကလောက်ရှန်နွန်တို့ ဦးဆောင်သည့် ဘာသာရပ်ဆိုင်ရာ ညီလာခံတစ်ခု ကျင်းပခဲ့သည်။ ထိုညီလာခံသည် စက်၏အသိဉာဏ်ကို ဖော်ထုတ်ရန် ဦးစားပေးသော ညီလာခံ၊ ဒါ့တ်မောက် ညီလာခံဟု အမည်တွင်သည်။ ထိုညီလာခံတွင် အသိဉာဏ်တု သို့မဟုတ် အေအိုင် ဟု ယနေ့ခေတ် ခေါ်တွင်သော Artificial Intelligence ဆိုသည့် စကားလုံးကို မင်စကီးက စတင်အသုံးပြုခဲ့သည်။ ထိုညီလာခံမှ သုတေသီအကျော်အမော်တို့၏ ဟောကိန်းမှာ စိတ်ဝင်စားဖို့ကောင်းသည်။ “ဘယ်သင်ယူမှုမျိုးကို ဒါမှမဟုတ် အသိဉာဏ်ပညာရဲ့ တခြား ဘယ်လက္ခဏာရပ်ကိုမဆို သဘောတရားအားဖြင့် တိတိပပ ဖော်ပြနိုင်တဲ့အတွက် စက်တစ်လုံးဟာ အဲဒါကိုတူအောင် လုပ်ယူလို့ရတယ်”။ ထိုခေတ် ထိုအခါက နည်းပညာများနှင့်ဆိုလျှင် အကောင်းမြင် လွန်းခြင်း သို့မဟုတ် ရည်မှန်းချက်ကြီးလွန်းခြင်း ဟုပင် ဆိုနိုင်သည်။ သို့သော် ယနေ့ခေတ်တွင် ထိုစကားမှာ လွန်သည်ဟု မဆိုသာတော့ပေ။
ယခုဆောင်းပါးအစတွင် ဖော်ပြထားသည့် ဆူလီမန်၏ မေးခွန်းထဲမှ “လူသားတို့ကို ယခုလိုဖြစ်လာအောင် လုပ်ပေးထားသော အနှစ်သာရ” ဆိုသည်မှာ ထိုအသိဉာဏ်ပညာကို ဆိုလိုသည်။ ကျွန်တော်တို့ကို လူသားဟူဿ ဖြစ်စေသည့်အချက်ထဲတွင် အသိဉာဏ်ပညာအပြင် ခံစားချက်တို့ကိုလည်း မထည့်၍မရ။ သို့သော် အသိဉာဏ်ပညာနှင့် ခံစားချက်တို့သည် လက်ရှိအချိန်ထိတော့ မတူ ကွဲပြားသည့်အရာနှစ်ခုအဖြစ် မြင်နေရဆဲ။ကွဲပြားသည်ကခံစားချက်ကို သဘောတရားအားဖြင့် တိတိပပပြော၍မရ။ ဒဿနဆရာတို့က အမျိုးမျိုး ကြိုးစားခဲ့ကြသည့်တိုင် ဂန္ထဝင်၊ ခေတ်ပြိုင်၊ မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်အဆက်ဆက်တွင် ခံစားချက်တို့ကို ပုံဖော်၍ မဆုံးနိုင်။ သို့သော် ဒါ့တ်မောက် ညီလာခံက အသိဉာဏ်ပညာ၏မည်သည့်သဘောလက္ခဏာရပ် ကိုမဆို သဘောတရားအားဖြင့် တိတိပပဖော်ဆောင် နိုင်သောကြောင့် စက်သည် ယင်းကိုတုပနိုင်သည်ဟု ရဲရဲတင်းတင်း အဆိုပြုသည်။ ထိုအဆိုပြုချက်သည် ယနေ့ခေတ် အေအိုင်ဆိုသည့် နည်းပညာအထိရောက်လာအောင် သုတေသီတို့ကို အားသစ်လောင်း ပေးသောစကားဆိုသည်မှာ ငြင်း၍မရပေ။ ယနေ့ ခေတ် လူသား အသိဉာဏ်ပညာကို အတိုင်းအတာ တစ်ခုအထိ ထည့်သွင်းထားနိုင်ပြီဖြစ်သော အေအိုင် တို့တွင် ခံစားချက်ရှိလားဆိုသည့်မေးခွန်းမှာ တစ်ကျော့ပြန် ပေါ်ထွက်လာသည်။ ထိုအကြောင်းကိုတော့ နောက်မှ သီးခြားဆွေးနွေးပါမည်။
၁၉၉၀ ပြည့်နှစ်လွန်များတွင် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာသည်။ ဆရာသမားတို့၏ အပြောအတိုင်း လိုက်ပြောရလျှင် ပါရာဒိုင်း အရွေ့တစ်ခုဟု ဆိုနိုင်သည်။ ယင်းမှာ စက်လေ့လာ သင်ယူမှုဟု ဆိုနိုင်သော Machine Learning နည်းပညာ။ စက်က ဘယ်လို လေ့လာသင်ယူသလဲ။ ရှေ့ပိုင်းက စက်တို့သည် လူသားတို့က ရေးပေးထားသည့် ကုဒ်များအတိုင်းသာ အလုပ်လုပ်သည်။ ထိုသို့သောစက်များက ဆုံးဖြတ်ချက်ရမှတ်မှုများကို လုပ်နေသည် ဟု ထင်ရာသော်လည်း တကယ်တမ်းတွင် လူသားပရိုဂရမ်ရေးသူတို့က ကြိုတင်ဆုံးဖြတ်ချက်ချထားပေးခြင်းသာ။ စက်လေ့လာသင်ယူမှုတွင်မူ ထိုသို့ မဟုတ်တော့။ အယ်လ်ဂိုရစ်သမ်ချင်း မတူတော့။
ဥပမာပြောရလျှင် ထုံးတမ်းစဉ်လာ အယ်လ်ဂို ရစ်သမ်တစ်ခု၌ အခန်းတွင်းအပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်ထက် ကျော်လျှင် လေအေးပေးစက်ကို ဖွင့်ပါဟု ရေးထားသည်ဆိုပါစို့။ စက်သင်ယူမှု အယ်လ်ဂိုရစ်သမ်တွင် ထိုသို့မဟုတ်။ အခန်းတွင်း အပူချိန်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပေးထားသည်။ လေအေးပေးစက် ဖွင့်လေ့ပိတ်လေ့ရှိသည့် အနေအထားတို့ကို အချက် အလက်အဖြစ် ထည့်သွင်းပေးထားသည်။ အယ်လ်ဂို ရစ်သမ်က ထိုအချက်အလက်များကို ယူသည်။ အပူချိန်ဘယ်လောက်တွင် ဖွင့်လဲ၊ ဘယ်လောက်တွင် ပိတ်လဲဆိုသည့် အချက်အလက်တို့ကို စိစစ် တွက်ချက်သည်။ ယင်းကို မှတ်သားထားပြီး အပူချိန် ဘယ်လောက်တွင် လေအေးပေးစက်ဖွင့်ရမလဲဆို သည်ကို အယ်လ်ဂိုရစ်သမ်က ဆုံးဖြတ်သည်။ ထို့ကြောင့် နောက်ဆုံး အဆုံးအဖြတ်သည် စက်ပေါ် တွင် မူတည်သွားသည်။
ထိုသဘောတရားဖြင့် တည်ဆောက်ထားသည့် ဒီဘလူးကွန်ပျူတာသည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့ စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စပါးရော့ကို အနိုင် ကစားလိုက်သည်။ ထိုပြိုင်ပွဲ၏ စာချုပ်ပါအချက်အလက်များနှင့် နောက်ပိုင်း အနန်း၏ စိန်ခေါ်မှုကို လက်မခံခြင်းလိုမျိုး အငြင်းပွားဖွယ်ကိစ္စအချို့ကို ဖယ်ထားလိုက်ပါ။ မည်သို့ပင်ဖြစ်စေ ထိုဖြစ်ရပ်သည် စက်သင်ယူမှု၏ လုပ်နိုင်စွမ်းကို အတိုင်းအတာတစ်ခု အထိ ပြသလိုက်သည်။ ယင်းမှာ ခေတ်သစ်အေအိုင်၏ ပင်မအရင်းအမြစ်တစ်ခုဖြစ်သော စက်သင်ယူမှု သဘောတရားကို စတင်ကိုင်တွယ်လာနိုင်ခြင်း ဖြစ်သည်။ ကျန်အပိုင်းများကို နောက်အပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။
ကြေးမုံ

ယခုအခါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိရေးအတွက် ဆိုလာနည်းပညာသည် ရေပန်းစားလာခဲ့ပြီး နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ဆိုလာများကို တီထွင်ဖန်တီး ထုတ်လုပ်လျက်ရှိကြသည်။ ထိုသို့ဆိုလာပြားအမျိုးအစားများစွာထဲတွင် ရေပန်းအစားဆုံးမှာ Monocrystalline ဆိုလာပြားများဖြစ်သည်။ ၎င်းတို့၏ မြင့်မားသောစွမ်းဆောင်ရည်နှင့် တာရှည်ခံသက်တမ်းအတွက် လူသိများပြီး နေရာအကန့်အသတ်ရှိသောနေရာများအတွက် သင့်လျော်စေသည်။ Polycrystalline ဆိုလာပြားများသည် Monocry Stalline Panels များထက် အနည်းငယ်ဈေး သက်သာသောကြောင့် လူကြိုက်များသော ရွေးချယ်မှုတစ်ခုဖြစ်ခဲ့သည်။ ပါးလွှာသောဖလင် ဆိုလာပြားများသည် အချို့သော သီးခြားအသုံးချမှုများတွင် အားသာချက်များရှိသော်လည်း ယေဘုယျအားဖြင့် ဈေးကွက်ဝေစု သေးငယ်နေသေးသည်။
ဆိုလာပြားများတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ထုတ်လုပ်သည့် လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ အဓိကအမျိုးအစားများ ခွဲခြားထားလေ့ရှိသည်။ ဈေးကွက်တွင် အများဆုံးတွေ့ရလေ့ရှိသော ဆိုလာပြားသုံးမျိုးမှာ Monocrystalline Silicon၊ Polycrystalline Silicon နှင့် Thin-Film ဆိုလာပြားများသာဖြစ်သည်။ Monocrystalline ဆိုလာပြားများကို သန့်စင်မှုမြင့်သောတစ်ခုတည်းသော သလင်းကျောက်ဆီလီကွန်ဖြင့်ပြုလုပ်ထားကာ ပုံမှန်အားဖြင့် ၁၅ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းကြား သို့မဟုတ် ပိုမိုကောင်းမွန်သော Photoelectric ပြောင်းလဲခြင်းတွင် ထိရောက်မှုအလွန်ရှိသည့်ဝန်ဆောင်မှုသက်တမ်းသည် အများအားဖြင့် ၂၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ရောက်ရှိနိုင်ပြီး ထုတ်လုပ်သူအများစုမှ ရေရှည်အာမခံချက်ပေးသည်။ Monocrystalline ဆီလီကွန်ပြားများသည် ပတ်ဝန်းကျင်အခြေအနေများကို အလွန်ခံနိုင်ရည်ရှိပြီး ရာသီဥတုအမျိုးမျိုးအတွက် သင့်လျော်သည်။ ၎င်းတို့သည် အများအားဖြင့် အနက်ရောင်အသွင်အပြင်နှင့် လှပသော အသွင်အပြင်ဖြင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများအတွက် သင့်လျော်သည်။ Polycrystalline ဆီလီကွန်ဆိုလာပြားများ သည် ဆီလီကွန်အပိုင်းအစများကိုရောနှောပြီး အရည်ပျော်ကာ Monocrystalline Panels များနှင့် နှိုင်းယှဉ်ပါက တစ်ပုံစံတည်းပုံသဏ္ဌာန်နည်းပါးသည်။ အဓိကအင်္ဂါရပ်မှာ ကုန်ကျစရိတ်သက်သာမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးသောကြောင့် ဈေးနှုန်းသည် အများအားဖြင့်ပိုမိုတတ်နိုင်ကာ ဘတ်ဂျက်အကန့်အသတ်ရှိသောသုံးစွဲသူများအတွက် အထူးသင့်လျော်သည်။ ၎င်း၏စွမ်းဆောင်ရည်သည် ယေဘုယျအားဖြင့် ၁၃ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းအကြားတွင်ရှိပြီး Monocrystalline Silicon Panels များထက် အနည်းငယ်နိမ့်သော်လည်း ပါဝါအထွက်အားကောင်းမွန်နေဆဲဖြစ်သည်။ Polycrystalline Silicon Panels များသည် မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော ပုံဆောင်ခဲဖွဲ့စည်းပုံများဖြင့် အပြာရောင် သို့မဟုတ် နက်ပြာရောင်ပေါ်လာပြီး ၎င်းတို့၏အသွင်အပြင်သည် Monocrystalline Silicon Panels များနှင့်ကွဲပြားသည်။
ပါးလွှာသောဖလင်ဆိုလာပြားများကို ကြေးနီအင်ဒီယမ်ဂယ်လီယမ်ဆလင်နိုက် (CIGS)၊ ကက်မီယမ် တယ်လိုရိုက်(CdTe)နှင့် အော်ဂဲနစ် ဓာတ်ပုံဗိုလ်တာနစ်ပစ္စည်းများအပါအဝင် ပါးလွှာသော ဓာတ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ၎င်း၏အဓိကအင်္ဂါရပ်များမှာ အမိုးများနှင့်အဆောက်အအုံ မျက်နှာပြင်များကဲ့သို့သော အသုံးချမှုအခြေအနေ အမျိုးမျိုးအတွက် သင့်လျော်သောပေါ့ပါးမှုနှင့် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်။ ပါးလွှာသောဖလင်ပြားများသည် ထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပါးပြီး အများအားဖြင့် Monocrystalline နှင့် Polycrystalline Silicon Panel များထက်ဈေးနည်းကြသည်။ သို့သော် ၎င်းတို့၏စွမ်းဆောင်ရည်သည် ပုံမှန်အားဖြင့် ၁၀ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းကြားတွင်ရှိကာ နည်းပါးသော်လည်း ၎င်းတို့သည် အလင်းရောင်နည်းသော အခြေအနေများတွင် ပိုမိုကောင်းမွန်ပြီး တိမ်ထူသော သို့မဟုတ် အလင်းရောင်နည်းသော ပတ်ဝန်းကျင်များအတွက် သင့်လျော်သည်။ Monocrystalline Panels များသည် အထိရောက်ဆုံးဖြစ်သော်လည်း ဈေးနှုန်းမြင့်သည်။ Polycrystalline သည် ကုန်ကျစရိတ်နှင့် ထိရောက်မှု မျှတမှုကိုကောင်းမွန်စွာ ပေးစွမ်းသော်လည်း နေရာပိုလိုအပ်သည်။ ပါးလွှာသောဖလင်ပြားများသည် ပေါ့ပါးပြီး လိုက်လျောညီထွေရှိသောကြောင့် ၎င်းတို့ကို စွယ်စုံသုံးနိုင်သော်လည်း ၎င်းတို့သည် ထိရောက်မှုအနည်းဆုံးနှင့် သက်တမ်းအတိုဆုံးဖြစ်သည်။
ဆိုလာပြားများ၏ဈေးနှုန်းများကို အမေရိကန် ဒေါ်လာပေါက်ဈေးဖြင့် နှိုင်းယှဉ်ကြည့်သောအခါMonocrystalline Panels များသည် ပုံမှန်အားဖြင့် $0.80 $1.50 per watt မှ $0.70 အကြားရှိကြပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် တာရှည်ခံမှု ကြောင့် ၎င်းတို့အား ဈေးအကြီးဆုံး ရွေးချယ်မှုဖြစ်လာစေသည်။ Polycrystalline Panels များသည် တစ်ဝပ်လျှင် $1.20 နှင့် $ 50.50 ကြားတွင် ဈေးနှုန်းအနည်းငယ်ပို၍ တက်နိုင်ကြသောကြောင့် ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည်မျှတမှုကို ပေးဆောင်သည်။
ပါးလွှာသောဖလင်ပြားများသည် တစ်ဝပ်လျှင် $1.00 မှ အောက်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ဈေးအနည်းဆုံးဖြစ်ပြီး သို့သော် ၎င်းတို့တွင် စွမ်းဆောင်ရည်နိမ့်ကျပြီး သက်တမ်းတိုသည်။ ကြီးမားသောစွမ်းအင်ထောက်ပံ့မှု လိုအပ်ပါက ကုန်ကျစရိတ်သက်သာသော Polycrystalline ဆိုလာပြားများသည် ပိုမိုသင့်လျော်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် စွမ်းအင်ထိရောက်မှု အတွက်မြင့်မားသော လိုအပ်ချက်ရှိပါက Monocrystalline ဆိုလာပြားများ၏ တည်ငြိမ်သော စွမ်းဆောင်ရည်သည်သာ ပိုမိုကောင်းမွန်သည်။
နေရောင်ခြည်လုံလောက်စွာရရှိသောနေရာများတွင် Monocrystalline ဆိုလာပြားများကို ရွေးချယ်ခြင်းဖြင့် အလင်းရောင်အရင်းအမြစ်များကို အများ ဆုံးအသုံးပြုနိုင်သည်။ နေရောင်အားနည်းသော သို့မဟုတ် မကြာခဏမိုးရွာသော နေရာများတွင် Polycrystalline ဆိုလာပြားများ၏ အလင်းရောင်အားနည်းသော စွမ်းဆောင်ရည်အားသာချက်မှာ ပိုမိုထင်ရှားသည်။ ပါးလွှာသော ဖလင်ဆိုလာပြားများသည် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်သာ ပိုမိုမြင့်မားလာမည်ဆိုပါက အသုံးပြုရန်အတွက် ပိုမိုသင့်လျော်သည်။ Monocrystalline မှ Polycrystalline နှင့် ပါးလွှာသော ဖလင်ပြားများအထိ အမျိုးအစားတစ်ခုစီသည် စိတ်ကြိုက်ရွေးချယ်မှုများနှင့်အတူ ကိုက်ညီသော ထူးခြားသော ဝိသေသ လက္ခဏာများနှင့် အားသာချက်များကိုပေးစွမ်းသည်။ ထိရောက်မှု၊ တာရှည်ခံမှုနှင့် ကုန်ကျစရိတ်သက်သာမှု စသည့်အကြောင်းရင်းများကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ခြင်းဖြင့် သုံးစွဲသူများသည် ၎င်းတို့၏စွမ်းအင် လိုအပ်ချက်နှင့် ဘတ်ဂျက်ကန့်သတ်ချက်များနှင့် အညီ အံဝင်ခွင်ကျရှိသော ဆုံးဖြတ်ချက်များကို ချနိုင်ကြမည်ဖြစ်သည်။ ပါးလွှာသောဖလင်ပြား အမျိုးအစားကိုပိုမို လွယ်ကူသက်သာစေပြီး စွမ်းဆောင်ရည်မြင့်မားအောင် အမျိုးမျိုးကြိုးစား တီထွင်ဖန်တီးလျက်ရှိနေရာ အိမ်ခေါင်မိုး၊ ကား သို့မဟုတ် အဆောက်အအုံများ၏နံရံများပေါ်ကို ဆေးသုတ်လိုက်ရုံနှင့် လျှပ်စစ်ဓာတ်အားထုတ် နိုင်တော့မည်ဟုဆိုလျှင် ဆိုလာစွမ်းအင်သုံးစွဲကြဖို့ကို များစွာစိတ်ဝင်စားလာကြပြီး စိတ်အားထက်သန်လာကြတော့မည်ဖြစ်သည်။ ကနေဒါနိုင်ငံမှ အင်ဂျင်နီယာတစ်စု၏ တီထွင်ဖန်တီးမှုအသစ်တစ်ခုကြောင့် မကြာခင်က အဆိုပါပါးလွှာသောဆိုလာအသစ်တစ်မျိုးသည် လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်သည်။ အဆိုပါဆိုလာမှာ မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ဖျန်းလိုက်ရုံဖြင့် ဆိုလာပြားအဖြစ် ပြောင်းလဲပေးနိုင်သည့် ဖလင်လွှာအရည်တစ်မျိုးကို ဖန်တီးတီထွင် လိုက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါနည်းပညာအသစ်၏ လျှို့ဝှက်ချက်သည် “ပရိုဗ်စကိုက် (perovskite)”ဟုခေါ်သည့် နာနိုအမှုန်လေးများကို ပေါ်လီမာအရည်ထဲတွင် ရောစပ်ပြုလုပ်ထားခြင်းသာဖြစ်သည်။ အဆိုပါအရည်ကို သာမန်စက်မှုလုပ်ငန်းသုံး ဖျန်းဆေးခေါင်းများဖြင့် မျက်နှာပြင်များပေါ် ဖျန်းလိုက်သည်နှင့်ပေါ့ပါးပြီး ကွေးညွတ်နိုင်သည့် ဆိုလာပြားတစ်ချပ်ဖြစ်သွားစေမည်ဖြစ်သည်။
အဆိုပါနည်းပညာသစ်၏ အံ့အားသင့်စရာ အကောင်းဆုံးအချက်သည် သမားရိုးကျဆီလီကွန် ဆိုလာပြားများထက် ထုတ်လုပ်မှုကုန်ကျစရိတ် ၈၅ ရာခိုင်နှုန်းအထိ သက်သာလာစေခြင်းပင်ဖြစ်သည်။ ထို့ပြင် အရင်ဆိုလာပြားများကဲ့သို့ အလေးချိန်စီးသည့် သံပေါင်အကြီးကြီးများဖြင့် တပ်ဆင်စရာမလိုတော့သည့်အတွက် ဘယ်လိုအဆောက်အအုံတွင်မဆို အလွယ်တကူအသုံးပြုလာနိုင်တော့မည်ဖြစ်သည်။ ဈေးသက်သာသည်ဆိုသော်လည်း စွမ်းဆောင်ရည်က လျှော့တွက်လို့မရပါ။ စွမ်းအင်ပြောင်းလဲပေးနိုင်စွမ်း(efficiency)က ၁၆ ရာခိုင်နှုန်းအထိရှိပြီး လက်ရှိဈေးကွက်ထဲမှ ခေါင်မိုးပေါ်တင်ဆိုလာပြားများနှင့် တန်းတူယှဉ်ပြိုင်နိုင်သည့် အဆင့်တွင်ရှိနေပြီဖြစ်သည်။ ကုန်လှောင်ရုံခေါင်မိုးများပေါ်တွင် လက်တွေ့စမ်းသပ်ခဲ့ရာ၌ အဆောက်အအုံတစ်ခုလုံး၏ လျှပ်စစ်လိုအပ်ချက် ၆၀ ရာခိုင်နှုန်းအထိကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ နောက်ထပ်အားသာချက် တစ်ခုကတော့ မနက်စောစောနဲ့ညနေခင်းလို အလင်းရောင်နည်း သည့်အချိန်များမှာပါ စွမ်းအင်ထုတ်လုပ်ပေးနိုင်တာကြောင့် တစ်နေ့တာလုံးမှာ လျှပ်စစ်ဓာတ်အားကို အချိန်ပိုကြာကြာရရှိစေမည်ဖြစ်သည်။ ရေစိုခံပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည့် အဆိုပါဖလင်လွှာများသည် သက်တမ်း ၁၅ နှစ်ကျော်အထိ အသုံးခံမည်ဟုလည်း သုတေသီများကခန့်မှန်းထားကြသည်။
အချုပ်အားဖြင့်ဆိုရသော် အဆိုပါနည်းပညာသည် သမားရိုးကျဆိုလာပြားများ တပ်ဆင်ရန် ခက်ခဲသည့် ကုန်ကျစရိတ်အလွန်များစေသည့် နေရာများတွင် တပ်ဆင်နိုင်မည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အလွယ်တကူရရှိစေမည့် အလွန်အသုံးဝင်သောနည်းပညာ တစ်ခုဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်ဖြစ်ရာ ပါးလွှာသော ဆိုလာဖျန်းဆေးနည်းပညာ အသစ်သည် အနာဂတ်ကာလအတွက် အလွန်ရေပန်းစားထင်ရှားလာမည့် နည်းပညာသစ်တစ်ခု ဖြစ်လာနိုင်ပါကြောင်း ဗဟုသုတ ရနိုင်ရန်အလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။ ။

အနောက်နိုင်ငံများသည် ရိုးရိုးအမြန်ရထားများကို မိတ်ဆက်ရန် အခက်အခဲရှိနေဆဲဖြစ်သော်လည်း ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် မြန်နှုန်းမြင့်သံလိုက်စွမ်းအင်သုံးရထားများ (Maglev Trains) ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရာတွင် လျင်မြန်သောခြေလှမ်းများဖြင့် အမြန်နှုန်းစံချိန်တင်မှုများကို ဆက်လက် ရရှိနေသည်။
အမြန်ရထားမှ Maglev ရထားသို့ ဖွံ့ဖြိုးတိုးတက်မှု
Interesting Engineering ၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံသည် ၁၉၆၄ ခုနှစ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားဖြင့် အာရှတွင် အမြန်ရထား စတင်မိတ်ဆက်ခဲ့ပြီး မြန်ဆန်၊ စိတ်ချရပြီး ထိရောက်သော ရထားခရီးသွားလာမှုများဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အမြန်ရထားလမ်းကွန်ယက်ကို တည်ဆောက်ခဲ့ပြီး ပိုမိုတိုးတက် လာခဲ့သည်။ ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အမြန်ရထားစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ကို ပိုင်ဆိုင်ထားပြီး အမြန်နှုန်း ၃၀၀-၃၅၀ ကီလိုမီတာ/နာရီဖြင့် ပြေးဆွဲနေသည်။
ဤအောင်မြင်မှုသည် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သည့် သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားစနစ်အတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံ သည် ပထမဆုံး ပုံမှန်လုပ်ငန်းသုံး သံလိုက်စွမ်းအင်သုံး စီးပွားဖြစ်ရထားလိုင်းဖြစ်သည့် ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလိုင်းကို ဖွင့်လှစ်ခဲ့သည်။ ဂျာမန်နည်းပညာဖြင့် ဖွံ့ဖြိုးတည်ဆောက်ထားသော ယင်းမော်ဒယ်သည် ပုဒေါင်လေဆိပ်နှင့် ရှန်ဟိုင်းမြို့တော်ကို ဆက်သွယ်ပေးထားပြီး ၃၀ ကီလိုမီတာ ခရီးကို ၇.၅ မိနစ်အတွင်း ရောက်ရှိစေသည်။ အမြင့်ဆုံးအမြန်နှုန်း ၄၃၁ ကီလိုမီတာ/နာရီဖြင့်ဖြစ်ပြီး ၎င်းသည် ယနေ့ထက်တိုင် ကမ္ဘာ့အမြန်ဆုံး စီးပွားဖြစ်ရထားအဖြစ် ရှိနေဆဲဖြစ်သည်။
ဂျပန်နိုင်ငံသည်လည်း ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက Superconducting Maglev (SCMaglev) Project ဟုခေါ်သော ၎င်း၏ကိုယ်ပိုင် သံလိုက်စွမ်းအင်သုံးရထားလိုင်းပုံစံကို လုပ်ဆောင်လျက် ရှိပြီး ၂၀၁၅ ခုနှစ်တွင် စမ်းသပ်ရထားတစ်စီးကို ၆၀၃ ကီလိုမီတာ/နာရီဖြင့် ပြေးဆွဲနိုင်ခဲ့ကာ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့သည်။ တိုကျိုနှင့်နာဂိုယာကြားတွင် သံလိုက်စွမ်းအင်သုံးရထားလိုင်း တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ ပြည့်လွန်နှစ်များတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ပြီးစီးချိန်တွင် အဆိုပါလိုင်းသည် မြို့နှစ်မြို့ကြား ခရီးသွားချိန်ကို ၁၀၀ မိနစ်မှ ၄၀ မိနစ်သို့ လျှော့ချပေးနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် အင်ချွန်းတွင် သေးငယ်သော သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့် မြို့ပြ ရထားလိုင်းတစ်ခုကို တည်ဆောက်နေသော်လည်း တရုတ်နှင့် ဂျပန်တို့သည် နည်းပညာပိုင်း တွင် သာလွန်နေဆဲဖြစ်သည်။
ထူးချွန်သော နည်းပညာ
ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနေသော သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားလိုင်း စနစ်အဓိကနှစ်မျိုး ရှိပြီး Electromagnetic Suspension (EMS) နှင့် Electrodynamic Suspension (EDS) တို့ ဖြစ်သည်။
Electromagnetic Suspension System (EMS) ကို ရှန်ဟိုင်း၏ Transrapid ရထားများတွင် အသုံးပြု လျက်ရှိသည်။ EMS ရထားများတွင် ရထားအောက်တွင် ထားရှိထားသော Electromagnets များ ပါရှိပြီး ၎င်းတို့က ရထားကိုသံမဏိလမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးသည်။ ရထားကို မြှင့်ပေးထားသော အကွာအဝေးသည် ၁၅ မီလီမီတာအထိသေးငယ်ပြီး အဆင့်မြင့် အာရုံခံကိရိယာများက ရထားကို တည်ငြိမ်စေရန် သံလိုက်အားကို အဆက်မပြတ်ညှိပေးနေသည်။ ဤစနစ်သည် ရထားရပ်နေသည့် အချိန်တွင်ပင် ရထားကို မြှောက်ပေးထားနိုင်သည်။
ဂျပန်၏ SCMaglev ရထားများရှိ Electrodynamic Suspension (EDS) System သည် အလွန်နိမ့်သော အပူချိန်သို့ အအေးခံထားသော Superconducting Magnets များကို အသုံးပြုသည်။ အမြန်နှုန်း နိမ့်စဉ်တွင် ဘီးများက ရထားကိုထောက်ပံ့ပေးသော်လည်း အမြန်နှုန်း ၁၅၀ ကီလိုမီတာ/နာရီထက် ကျော်လွန်သွားသောအခါ သံလိုက်များက ရထားကိုလမ်းကြောင်းအထက် ၁၀ စင်တီမီတာခန့် မြှင့်ပေး သော တွန်းအားကို ဖန်တီးပေးသည်။ သမုဒ္ဒရာလှိုင်းများသည် လှိုင်းစီးသူအား ကမ်းခြေသို့ သယ်ဆောင်သကဲ့သို့ လမ်းကြောင်းမှ ဖန်တီးသော သံလိုက်လှိုင်းများကလည်း ရထားကိုချောမွေ့စွာ ရှေ့သို့တွန်းပို့ ပေးသည်။
စနစ်နှစ်ခုစလုံးတွင် သံလိုက်ဒီဇိုင်းနှင့် ရထားပေါ်ရှိ ထိန်းချုပ်ရေးဘုတ်များက တည်ငြိမ်မှုကို သေချာ စေသည်။ ၃၀၀ မိုင်နှုန်း (၄၈၃ ကီလိုမီတာ/နာရီ) ထက်မြင့်သော အမြန်နှုန်းဖြင့်ပင် သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားများသည် ပြေပြစ်ချောမွေ့စွာ ပြေးဆွဲနိုင်သည်။ ခရီးသည်များအနေဖြင့် သံလိုက် စွမ်းအင်သုံးရထားများသည် လမ်းကြောင်းနှင့်ထိမှုရှိသော ဘီးများမရှိသောကြောင့် ထူးခြားသော အတွေ့အကြုံကိုပေးစွမ်းနိုင်ပြီး ပုံမှန်ကြုံတွေ့ရသည့် အသံများနှင့်တုန်ခါမှုများကို သိသိသာသာ လျှောချပေးနိုင်သည်။ ရထားများသည် ညင်သာစွာ အရှိန်မြှင့်တင်ပြီး တည်ငြိမ်စွာကွေ့နိုင်ကာ လေခွင်းအား (air resistance) ကသာ အဓိက ဟန့်တားမှုအဖြစ်ရှိသည်။ ဘီးများ သို့မဟုတ် ဝင်ရိုးများ ပျက်စီးခြင်းမရှိသောကြောင့် ထိန်းသိမ်းမှုတွင်ပိုမိုလွယ်ကူပြီး အစားထိုးရမည့် အစိတ်အပိုင်းများ နည်းပါးသည်။
အာရှသည် အနောက်နိုင်ငံများထက် သာလွန်နေသည်
အမေရိကန်ပြည်ထောင်စုတွင် လော့စ်အိန်ဂျလိစ်နှင့် ဆန်ဖရန်စစ္စကိုကြားရှိ ကယ်လီဖိုးနီးယား အမြန်ရထားစီမံကိန်းသည် နှစ်ပေါင်းများစွာနောက်ကျနေဆဲဖြစ်သည်။ ထိုစီမံကိန်း၏ ကုန်ကျစရိတ်သည် ကနဦးခန့်မှန်းခြေ ဒေါ်လာ ၃၃ ဘီလီယံမှ ဒေါ်လာ ၁၂၈ ဘီလီယံထက်မက မြင့်တက်လာခဲ့သည်။ Central Valley တွင် လမ်းပိုင်းတစ်ခုကို တည်ဆောက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်အထိ လည်ပတ် နိုင်မည်မဟုတ်ပေ။ ဂျပန်၏ SCMaglev စီမံကိန်းကို အခြေခံသော ဝါရှင်တန် DC နှင့် ဘော်တီမိုး ကြားရှိ သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားလိုင်းတစ်ခုကို အရာရှိများက အဆိုပြုထားပြီး ၁၅ မိနစ်သာကြာမြင့်မည့်ခရီးစဉ်အဖြစ် ကတိပြုထားသည်။ သို့သော် ၂၂၀၅ ခုနှစ်တွင် အမေရိကန် အစိုးရသည် ၎င်း၏ပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ချက်ကို ရပ်ဆိုင်းလိုက်ပြီး စီမံကိန်းကို ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းခဲ့သည်။
ဥရောပတွင်လည်း UK ၏ High Speed 2 (HS2) စီမံကိန်းသည် ကုန်ကျစရိတ် ဒေါ်လာ ၄၅ ဘီလီယံမှဒေါ်လာ ၁၃၆ ဘီလီယံထက်မက မြင့်တက်လာခြင်းကဲ့သို့သော အခက်အခဲများ ကြုံတွေ့နေရသည်။ ဂျာမနီနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် မြူးနစ်လေဆိပ်စီမံကိန်း ဖျက်သိမ်းခံရပြီးနောက်တွင် လည်ပတ် နေသော သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားလိုင်းများ မရှိတော့ပေ။
အာရှ၏ အမြန်ရထား ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ရောက်နေရခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံသည် အမြန်ရထားကို အမျိုးသားဦးစားပေးအဖြစ် သတ်မှတ်ကာ ၎င်း၏ တည်ဆောက်မှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဂျပန်နိုင်ငံသည်လည်း ဆယ်စုနှစ်များစွာကြာ အမြန်ရထားနည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့အပြင် အာရှရှိ အဓိက မြို့ကြီးများ၏ လူဦးရေသိပ်သည်းမှု မြင့်မားခြင်းသည် ဒေသခံအချင်းချင်း ခရီးသွားလာမှု လိုအပ်ချက်မြင့်မားနေရသည်ဟုဆိုလိုပြီး အမြန်ရထားစီမံကိန်း များကို စီးပွားရေးအရ ဖြစ်ထွန်းစေသည်။
ကုန်ကျမှုများမြင့်မားခြင်း၊ အသံနှင့် သံလိုက်စက်ကွင်း၏သက်ရောက်မှုများအပေါ် စိုးရိမ်မှုများနှင့် လုံးဝအသစ်ဖြစ်သောတည်ဆောက်မှုလိုအပ်ချက်များ ရှိနေသော်လည်း အာရှရှိ သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားလိုင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးလာမည့် လက္ခဏာများ မရှိပေ။ CGTN ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ၆၀၀ ကီလိုမီတာ/နာရီထက်မက မြန်ဆန်နိုင်သော လေဟာနယ် ပြွန်အတွင်းရှိ သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားအတွက် ဒီဇိုင်းတစ်ခုကို စမ်းသပ်နေသည်။ ဂျပန်နိုင်ငံသည် SCMaglev လိုင်းကို တိုကျိုမှ အိုဆာကာသို့ ဆက်လက်တည်ဆောက်ရန်စီစဉ်ထား သည်။ ၂၀၃၀ ပြည့်လွန်နှစ်များမတိုင်မီတွင် အာရှရှိ ခရီးသည်များသည် လေယာဉ်နှင့် နှိုင်းယှဉ်နိုင်သော အမြန်နှုန်းဖြင့် မြေပြင်ပေါ်တွင်ခရီးသွားလာကြရမည်ဟု မျှော်လင့်ရသည်။
VN Express တွင် An Khang (Theo Interesting Engineering) ရေးသားသည့် “The race for high-speed train technology in Asia” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

မီးကြိုးမလိုဘဲ မီးထွန်းလို့ရနိုင်ပါသလားဟု ဆိုပါက မကြာခင် အနာဂတ်ကာလမှာ ရနိုင်လာလိမ့်မည်ဟုသာ ဖြေရပါလိမ့်မည်။ ယခင်က WiFi ခေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ် ပေါ်ပေါက်ခဲ့ပြီး အင်တာနက်ဆက်သွယ်ရေး လောကကို တစ်ခေတ်ဆန်းသစ်စေခဲ့သည်။
ယခုအခါ LiFi ခေါ် မြန်နှုန်းမြင့်ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပင် စတင်ပေါ်ပေါက်လာနေပါပြီ။ ကြိုးမဲ့လျှပ်စစ်ပို့ဆောင်သည့်စနစ် Wi Tricity ပေါ်ပေါက်လာဖို့လည်း လမ်းစများ စတင်ရရှိနေပါပြီ။ ဝိုင်ယာလက် Wireless မှ Wi ကို အတိုကောက်ယူထားပြီး လျှပ်စစ်ဆိုတဲ့ အီလက်ထရစ်စီးတီး Electricity မှ Tricity ကိုယူ၍ နှစ်မျိုးပေါင်းပြီး WiTricity ဟု နည်းပညာသစ်ကို အမည်ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု အမ်အိုင်တီမက်ဆက်ချူးဆက် နည်းပညာ တက္ကသိုလ်က ပါမောက္ခမာရင်းဆိုရာချီ၏ တီထွင်မှုဖြစ်သည်။ ပါမောက္ခ မာရင်းဦးဆောင်သည့် နည်းပညာအဖွဲ့သည် ၆၀ ဝပ်အားရှိသော မီးလုံးတစ်လုံးကို မည်သည့်မီးကြိုးမှ မဆက်သွယ်ထားဘဲ မီးပလတ်နေရာမှ ၇ ပေအကွာမှာထားပြီး မီးလင်းအောင် ၂၀၁၇ ခုနှစ် ကတည်းကပင် လုပ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ မိုဘိုင်းဖုန်းရုပ်မြင်သံကြားနဲ့ လျှပ်စစ်ကား အပါအဝင် အီလက်ထရွန်နစ်ပစ္စည်း အားလုံးမှာ မီးကြိုးတပ်စရာမလို မီးအားပေးနိုင်အောင် ဆက်လက်ကြိုးစား တီထွင်လျက်ရှိကြောင်းနှင့် မကြာမီ အိမ်တွင်းလျှပ်စစ်ပစ္စည်းများကို ကြိုးမဲ့လျှပ်စစ်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း အမေရိကန်နိုင်ငံမှ မြန်မာကြိုးမဲ့ဆက်သွယ်ရေး နည်းပညာရှင်ပါမောက္ခ ဒေါက်တာဆန်းမော်က မကြာသေးခင်ကမှ ပြောကြားခဲ့သည်။ Wireless Electricity သို့မဟုတ် Wireless Power Transfer ဟု ယခင်ကလူသိများခဲ့သော ကြိုးမဲ့လျှပ်စစ် နည်းပညာဆိုသည်မှာ ဝိုင်ယာကြိုးများ၊ ကေဘယ်ကြိုးများမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။ အဆိုပါနည်းပညာမှာ ယခုမှပေါ်ပေါက်လာသော နည်းပညာမဟုတ်ဘဲ ၁၉ ရာစုနှစ်အကုန်ပိုင်းကတည်းက ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla မှစတင်ခဲ့ပြီး လက်ရှိအချိန်တွင်မှ ခေတ်စား၍ အသုံးပြုလာနေခြင်းသာဖြစ်သည်။
အဆိုပါကြိုးမဲ့ လျှပ်စစ်နည်းပညာသည် Electromagnetic Induction နှင့် Resonance နိယာမများအပေါ် အခြေခံပြီး အလုပ်လုပ်ခြင်းဖြစ်သည်။ Electromagnetic Induction (လျှပ်စစ်သံလိုက်ညှိယူခြင်း)ဆိုသည်မှာ သံလိုက်မှတစ်ဆင့် လျှပ်ကူးပစ္စည်း(ဥပမာ-ဝိုင်ယာကြိုး)လို ကြားခံများမှတစ်ဆင့် လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်သံလိုက်စက်ကွင်းမှ လျှပ်စီးကြောင်းကို လုံးဝထုတ်မပေးနိုင်ပါ။ ပြောင်းလဲနေသည့် သံလိုက်စက်ကွင်းမှသာ လျှပ်စီးကြောင်းကို ထုတ်ပေးခြင်းဖြစ်သည်။ သီအိုရီနည်းအရ ရွေ့လျားနေသည့် သံလိုက်မှပြောင်းလဲ သံလိုက်စက်ကွင်း၏ အနားကို လျှပ်ကူးပစ္စည်း(Conductor)တစ်ခုခုထားသည့်အခါမှာ လျှပ်ကူးပစ္စည်းထဲက လျှပ်စစ်ဆောင်အမှုန်တွေကို ပြောင်းလဲသံလိုက်စက်ကွင်းက ညှို့ယူပြီး ဦးတည်ဘက်တစ်ခုစီကို ရွေ့လျားစေသည်။ သံလိုက်စက်ကွင်း ပြောင်းလဲမှုမှတစ်ဆင့် ဝိုင်ယာကြိုးထဲမှာ လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စီးကြောင်းများကို ဖြစ်ပေါ်စေသည်။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် အခြေအနေမှာ လျှပ်စစ်စွမ်းအင်ကို ပါဝါအရင်းအမြစ် (အားသွင်းခုံ)မှ လက်ခံသူ(စမတ်ဖုန်း သို့မဟုတ် လျှပ်စစ်ကား) ဆီသို့ လွှဲပြောင်းပေးနိုင်ရန် လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုခြင်းဖြစ်သည်။
လက်ခံမည့်ပစ္စည်းအတွင်းမှာရှိသည့် ဝိုင်ယာကြိုးတစ်ခုအတွင်း လျှပ်စီးကြောင်းကို တွန်းပို့နိုင်သည့် ပါဝါရင်းမြစ်နားတွင် သံလိုက်စက်ကွင်းတစ်ခုဖန်တီးပြီး လျှပ်စစ်စီးကြောင်းကို စက်ပစ္စည်းအတွက် ပါဝါပေးဖို့ သို့မဟုတ် ဘက်ထရီအားသွင်းဖို့အတွက် အသုံးပြုနိုင်ခြင်းဖြစ်သည်။ Resonance ဆိုသည်မှာ အရာ၀တ္ထုတစ်ခုခု အချိန်အပိုင်းအခြားအလိုက် အားတစ်ခုခုနှင့်ထိတွေ့သည့်အခါမှာ သီးခြားကြိမ်နှုန်း တစ်ခုစီတုန်ခါစေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကြိုးမဲ့လျှပ်စစ်ကို အသုံးပြုသည့်အခြေအနေမှာ ပါဝါအရင်းအမြစ်နှင့် လက်ခံပစ္စည်းကြား စွမ်းအင်လွှဲပြောင်းနိုင်သည့် ပမာဏကို တိုးမြှင့်ဖို့အတွက် Resonance ကိုအသုံးပြုရခြင်းဖြစ်သည်။ အမြင့်ဆုံးစွမ်းအင်လွှဲပြောင်းခြင်းကို အသုံးပြုနိုင်သည့် စက်နှစ်လုံး၏ Resonance ကို တူညီစေခြင်းမှ Process ကို လုပ်ဆောင်သည်။ ထို့ကြောင့် ကြိုးမဲ့လျှပ်စစ်ဓာတ်အား သဘောတရားရှိနေခဲ့သည်မှာ ရာစုနှစ်တစ်ခုလောက် ရှိနေခဲ့ပြီဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် Tesla က မီတာများစွာ အကွာအဝေးမှ လျှပ်စစ်စွမ်းအင်ကို ကြိုးမဲ့နည်းပညာနှင့် ပို့လွှတ်ခဲ့ပြီး Wireless Power Transfer စနစ်ကို လက်တွေ့သရုပ်ပြ နိုင်ခဲ့သည်။ သို့သော်လည်း နည်းပညာ ကန့်သတ်ချက်များနှင့်အတူ နည်းပညာကို အသုံးပြုနိုင်သည့် Infrastructure များမရှိခြင်းကြောင့် အဆိုပါနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားပေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါသည့် အခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည့် အခြားသိပ္ပံပညာရှင်တစ်ဦးမှာ လျှပ်စစ်သံလိုက်လှိုင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် လူသိများခဲ့သည့် ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ပဲဖြစ်သည်။ ၁၈၈၇ ခုနှစ်မှာ Hertz ကကြိုးမဲ့လျှပ်စစ် ပို့လွှတ်နိုင်ဖို့ မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်သံလိုက်လှိုင်းများ ရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး စမ်းသပ်မှု အများအပြားကို ပြုလုပ်ပြသခဲ့သည်။ စမ်းသပ်ချက်များ အောင်မြင်သွားပြီး နောက်ပိုင်းမှသာ ကြိုးမဲ့လျှပ်စစ်နည်းပညာ ဆက်လက်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ကြိုးမဲ့လျှပ်စစ်နယ်ပယ်သည် အစောပိုင်းမှာ အောင်မြင်မှုတွေရှိခဲ့သည်ဟု ဆိုသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းမရှိခဲ့ပါ။ ၁၉၀၀ ပြည့်နှစ်အစောပိုင်းမှာ Tesla က Wardenclyffe Tower စီမံကိန်းဟုခေါ်သည့် ကြိုးမဲ့ပါဝါပို့လွှတ်မှု စနစ်တစ်ခုကို တည်ဆောက်ဖို့အတွက် ကြိုးစားခဲ့သော်လည်း ရန်ပုံငွေမရှိသဖြင့် စီမံကိန်းမအောင်မြင်ခဲ့ပါ။ သိပ္ပံပညာရှင်များနှင့် တီထွင်သူများက ၁၉ ရာစုအစောပိုင်း ကတည်းက စတင်စမ်းသပ်ခဲ့သော်လည်း ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းတွေအထိ သိသာထင်ရှားသည့် တိုးတက်မှုများ မရရှိခဲ့ပါ။
နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အတားအဆီးများပါရှိခဲ့သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ဖို့အတွက် လက်ရှိ Infrastructure များကို ကြိုးနှင့် သွယ်တန်းပြီး ဒီဇိုင်းထုတ်ထားခြင်းကြောင့် ကြိုးမဲ့စနစ်ကို ကူးပြောင်းရန်အတွက် ပိုမိုခက်ခဲစေခဲ့သည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်သည့်နေရာမှာလည်း ကုန်ကျစရိတ်အလွန်မြင့်မားသည်ကလည်း အတားအဆီး တစ်ခုလိုဖြစ်နေခဲ့သည်။
သို့သော်လည်း စိန်ခေါ်မှုတွေကြားထဲမှ ကြိုးမဲ့လျှပ်စစ်နည်းပညာက ၂၀ ရာစုတစ်လျှောက်လုံး ဆက်လက်တိုးတက် လာနေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှာ Massachusetts Institute of Technology (MIT)မှ သုတေသီတွေက Resonant Coil တွေကိုအသုံးပြုပြီးတော့ကြိုးမဲ့ ပါဝါပို့လွှတ်ခြင်းအတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပြီး တိုတောင်းတဲ့ အကွာအဝေးအတွင်းမှာ ပိုပြီးများပြားတဲ့ စွမ်းအင်လွှဲပြောင်းမှုတွေ ပြုလုပ်စေနိုင်ခဲ့သည်။ အဆိုပါနည်းပညာက မော်ဒန်ခေတ်ကြိုးမဲ့ အားသွင်းစနစ်အတွက် လမ်းခင်းပေးခဲ့ပြီး ယခုအချိန်မှာဆိုရင် လူသုံးအီလက်ထရွန်နစ်ပစ္စည်းများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ယခုအချိန်အထိ Wireless Electricity နဲ့ Charging နည်းပညာများက အသုံးမများကြသေးပါ။ လက်လှမ်းမီနိုင်သည့်အဆင့်အနေဖြင့် ဖုန်းကို Wireless ဖြင့် အားသွင်းနိုင်သည့်အဆင့်သာ ရှိနေပါသေးသည်။ များများစားစားအသုံးပြုရန် မထုတ်လုပ်နိုင်သေးခြင်း၏ နောက်ကွယ်တွင် ကုန်ကျစရိတ် မြင့်မားမှုများနှင့်အတူ အားနည်းချက်အချို့ ရှိနေသေးသည်။ သို့သော်လည်း လက်ရှိစမ်းသပ်တွေ့ရှိမှုများအရ မကြာခင်နေအိမ်များတွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို အသုံးပြုလာနိုင်သည့် အလားအလာရှိနေသည်။ ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အဓိကအားသာချက်တစ်ခုမှာ Flexible ဖြစ်ခြင်းဖြစ်ပြီး ကြိုးမဲ့လျှပ်စစ် နည်းပညာကို အသုံးပြုခြင်းကြောင့် လျှပ်စစ်ပေးဖို့လိုအပ်သည့် ပစ္စည်းများကို နံရံမှာပလတ်ထိုးထားစရာလိုမည် မဟုတ်တော့ပါ။ အိမ်တွေမှာ ရှုပ်ထွေးသည့်ဝိုင်ယာကြိုးလိုင်းများကို အသုံးပြုခြင်းထက် ပိုမိုအမြင်ရှင်းလင်းပြီး သုံးရလွယ်ကူသွားစေမည်ဖြစ်သည်။ ထို့ပြင် Safe ဖြစ်သည့် အပိုင်းတွင်လည်း အားသာချက်များ ရှိနေပါသေးသည်။ လက်ရှိအသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများ အထူးသဖြင့် ဝိုင်ယာကြိုးများတွင် ပွန်းပဲ့ပျက်စီးနေလျှင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းများနှင့် မီးလောင်နိုင်ခြင်းများရှိသည်။ ကြိုးမဲ့လျှပ်စစ် နည်းပညာမှာ အဆိုပါ အန္တရာယ်လုံးဝ မရှိတော့ဘဲ ပို၍ Safe ဖြစ်သည်။ သို့သော် ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အားနည်းချက်မှာ လက်ရှိအချိန်အထိ လျှပ်စစ်ပို့လွှတ်နိုင်သည့် ပမာဏနည်းနေသေးပြီး လွှဲပြောင်းသည့် နေရာတွင်လည်း လျှပ်စစ်ဆုံးရှုံးမှုများ နေဆဲဖြစ်သည်။ ထို့ကြောင့် ပုံမှန်လျှပ်စစ်ဓာတ်အား ပေးခြင်းထက်ထိရောက်မှုနည်းနိုင်ပြီး လျှပ်စစ်အတွက် ကုန်ကျစရိတ်ကိုလည်း မြင့်မားစေနိုင်သည်။ အဆိုပါအချက်များသည် လက်ရှိအချိန်တွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးခြင်း၏ အဓိကအချက်များဖြစ်သော်လည်း မဝေးလှသည့် အနာဂတ်ကာလတွင် ပြဿနာများကို ဖြေရှင်းနိုင်လာပြီး ပိုမို Flexible ဖြစ်လာစေမည့် ကြိုးမဲ့လျှပ်စစ်နည်းပညာ အနာဂတ်တစ်ခုကို ဦးတည်စေလိမ့်မည်ဖြစ်ပါကြောင်း ဗဟုသုတအနေဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ ။

ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားကို ထုတ်ယူရရှိနိုင်ဖို့အတွက် ပညာရှင်များ က နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးပမ်းလာနေကြတာပါ။ ပြည့်ဖြိုးမြဲစွမ်းအင်တွေထဲမှာ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင် အစရှိသဖြင့်ပါဝင်ပါတယ်။ လက်ရှိအသုံးပြုမှုအများဆုံး ပြည့်ဖြိုးမြဲစွမ်းအင်က နေရောင်ခြည်စွမ်းအင်နဲ့ ရေ စွမ်းအင်ပါ။ လေစွမ်းအင်ကိုတော့ အတိုင်းအတာ တစ်ခုအထိသာ အသုံးပြုနိုင်ပါသေးတယ်။
လေစွမ်းအင်ကို အများဆုံး ရယူနိုင်တဲ့နေရာတွေက ကွင်းပြင်ကျယ်လိုနေရာမျိုးတွေ၊ လေတိုက်နှုန်း မြင့်မားတဲ့ ပင်လယ်ပြင်လို နေရာမျိုးတွေဖြစ်ပါတယ်။ ကွင်းပြင်ကျယ်လိုနေရာမျိုးက ရံဖန်ရံခါ လေတိုက်ခတ်မှု နည်းပါးနိုင်ပါတယ်။ ပင်လယ်ပြင်ထဲမှာ ကျတော့လည်း ကုန်ကျစရိတ်က အင်မတန်များပြားပါတယ်။ တကယ်လို့များ ပင်လယ်ပြင်ထဲမှာ ကုန်ကျစရိတ်နည်းပါးတဲ့ လေတာဘိုင်ကိုထားနိုင်မယ်ဆိုရင် ဒါဟာ ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုအတွက် ခုန်ပျံ ကျော်လွှားမှုကြီးတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
ဒီလိုခုန်ပျံကျော်လွှားမှုကြီးကို လုပ်ဆောင်လိုက်သူက တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ ကမ္ဘာ့စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော လေတာဘိုင်ကြီးကို ဖန်တီးလိုက်ပါတယ်။ အဲဒီတာဘိုင်ကြီးက သမားရိုးကျအတိုင်း ပင်လယ်ပြင်ထဲက ရေအောက်ထဲမှာ စိုက်ထားတာမျိုး မဟုတ်ပါဘူး။ ရေပေါ်အမျိုးအစားဖြစ်ပါတယ်။ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားက ၁၇ မဂ္ဂါဝပ်ဖြစ်ပြီး တရုတ် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းစု များဖြစ်တဲ့ China Hua-neng Group နဲ့ Dongfang Electric Corporation တို့က ပူးပေါင်း တည်ဆောက်ထားတာဖြစ်ပါတယ်။
အဲဒီလေတာဘိုင်ကြီးက အရွယ်အစားအားဖြင့် ကြီးမားရုံသာမကဘဲ ထုထည်အားဖြင့်လည်း အလွန်ကြီးမားပါတယ်။ သူ့ရဲ့အမြင့်က ၄၉၈ ပေရှိတာဖြစ် တဲ့အတွက် အထပ် ၅၀ ရှိတဲ့ တိုက်တစ်လုံးလောက် ကိုကြီးမားပါတယ်။ ပန်ကာဒလက်ရဲ့ အရွယ်အစား မှာ ၈၅၉ ပေရှိတာကြောင့် သူ့အတွက် လိုအပ်တဲ့နေရာအကျယ်က စတုရန်းမီတာ ၅၃၀၀၀ ဝန်းကျင်ရှိ ပါတယ်။ ဒါဟာ ဘောလုံးကွင်းကြီး ခုနစ်ကွင်းခွဲလောက် ရှိတာဖြစ်ပါတယ်။
ဒီလိုကြီးမားလှတဲ့အတွက် လေတာဘိုင်တစ်ခု တည်းကနေပဲ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ် အားပမာဏက တစ်နှစ်ကို ကီလိုဝပ်နာရီသန်းပေါင်း ၆၈ သန်းရှိပါတယ်။ ဒါဟာအိမ်ခြေပေါင်း ၄၀၀၀၀ ကို စွမ်းအင်ပေးနိုင်တဲ့ အထိဖြစ်ပါတယ်။ သူ့ကို ကွမ်တုံ ပြည်နယ်မှာ လက်တွေ့စမ်းသပ်မှုနဲ့ နေရာချထားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ရေပေါ်လေတာဘိုင်ဖြစ်တဲ့အတွက် သူ့ရဲ့လိုအပ်ချက်က အင်မတန်မြင့်မားပါတယ်။ အဓိကအားဖြင့် အကြမ်းခံနိုင်စွမ်း ရှိမှုမှာဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲ မှာချထားမှာဖြစ်တဲ့အတွက် အရင်ဆုံးရင်ဆိုင်ရမှာက လှိုင်းကြီးမှုပါ။ တရုတ်ပညာရှင်များက အမြင့် ၇၈ ပေအထိရှိတဲ့ လှိုင်းများကိုပင် ခံနိုင်စွမ်းရှိစေအောင် လေတာဘိုင်ကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆင့် ၁၇ လောက်အထိရှိတဲ့ မုန်တိုင်းအဆင့် လေတိုက်နှုန်းကိုလည်း ကောင်းစွာ ခံနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
သူ့ရဲ့နောက်ထပ်ထူးခြားချက်က လှိုင်းကြီးလေ ကြီးမှုကြောင့် ရေပေါ်လေတာဘိုင်က စောင်းသွား တယ်ဆိုရင်တောင် လျှပ်စစ်စွမ်းအင်ကို ပုံမှန်အတိုင်း ထုတ်လုပ်ပေးနိုင်စေမှာ ဖြစ်တဲ့အတွက် အင်မတန် ခေတ်ရှေ့ပြေးတဲ့ စနစ်ကြီးတစ်ခု ဖြစ်ပါတယ်။
MWD Web Portal

လီသီယံအိုင်းယွန်း ဘက်ထရီများဟာ စွမ်းအင်သိုလှောင်မှုအတွက် အာမခံချက်ရှိ တဲ့ ဘက်ထရီတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုပြီး စွမ်းအင်သိုလှောင်နိုင်စွမ်းပိုများတာ က လီသီယံသတ္တုဘက်ထရီပါ။ သူက လီသီယံအိုင်း ယွန်းထက် စွမ်းအင်ပမာဏ ၁၀ ပိုများပါတယ်။ ဒါ ကြောင့်လည်း သူ့ကို လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် သိပ် ကိုကောင်းမွန်လှတဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာတာ တွေ့ရပါတယ်။
အဲဒီဘက်ထရီတွေက စွမ်းအင်သိုလှောင်နိုင်မှု ပမာဏမြင့်မားတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း မီးလောင်နိုင်စွမ်းက အလွန်မြင့်မားလှတာကိုတွေ့ရ ပါတယ်။ အကြောင်းရင်းကတော့ အပူလွန်ကဲမှုနဲ့အတူ ပေါက်ကွဲနိုင်မှု ကြောင့်ပါပဲ။ ဒီလိုမျိုးဖြစ်ရတာဟာ သူ့မှာပေါင်းစပ်ထည့်သွင်းထားတဲ့ ကုန်ကြမ်းပစ္စည်းများ ကြောင့်ဖြစ်ပါတယ်။
အခုတော့ တရုတ်သိပ္ပံအကယ်ဒမီ ဓာတုဗေဒဌာနမှ သုတေသနပညာရှင်များက ဒီလိုမျိုးမီးလောင်လွယ်နိုင်တဲ့ ဘက်ထရီများအတွက် ဖြေရှင်းမှုတစ်ခုကိုထုတ် ပေးလိုက်ပါတယ်။ အဲဒီဖြေရှင်းမှုကတော့ မီးသတ်စနစ် တစ်ပါတည်း ပါဝင်တဲ့ လီသီယံသတ္တုဘက်ထရီများကို ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ သူတို့က ရှေ့ပြေးပုံစံကိုပဲ ဖန်တီးနိုင်ပါသေးတယ်။ အဲဒီရှေ့ပြေးပုံစံထဲမှာ ပေါ်လီမာတစ်မျိုးကို ထည့်ပေးထားပါတယ်။ သူက အပူချိန်မြင့်မားလာတဲ့အခါမှာ မီးငြှိမ်းသတ်ပေးနိုင်တဲ့ ဓာတုပစ္စည်းများကိုထုတ် ပေးပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် မီးသတ်ဆေး ဘူးအငယ်စားနဲ့ သဏ္ဌာန်တူပါတယ်။
သုတေသနပညာရှင်များက မီးလောင်မှုကို ဟန့်တားပေးနိုင်တဲ့ ပေါ်လီမာကို ဘက်ထရီရဲ့အမလျှပ် ခေါင်းမှာ တစ်ပါတည်း တပ်ဆင်ထားတာပါ။ သူက ပုံမှန်အပူချိန်မှာဆိုရင် ဘယ်လိုမှ အလုပ်မလုပ်ပါဘူး။ ဒါပေမဲ့ ဘက်ထရီရဲ့ အပူချိန်က ၁၀၀ ဒီဂရီစင်တီ ဂရိတ်ကိုရောက်လာပြီဆိုရင် ပေါ်လီမာကပြိုကွဲပြီး အဖိုလျှပ်ခေါင်းမှာ ဓာတုဓာတ်ပြုမှုကို နှိမ်နင်းပေးတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မီးလောင်မှုဖြစ်မှာကို ဟန့် တားလိုက်တာပါ။ အခုလိုမျိုး ဆန်းသစ် တီထွင်မှုက လျှပ်စစ်စွမ်းအင်သုံး ယာဉ်များရဲ့ ဘေးကင်းစိတ်ချရ မှုအတွက်လည်း အရေးပါတဲ့ တီထွင်မှုဖြစ်လာမှာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) ဈေးကွက်မှာတော့ တရုတ်နိုင်ငံရဲ့ BYD က မြင့် မားတဲ့စွမ်းဆောင်ရည်နဲ့အတူ အာမခံချက် အရှိဆုံးသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာ နေပါတယ်။ အခုနောက်ဆုံးအနေနဲ့ BYD ကုမ္ပဏီက God's Eye လို့ခေါ်တဲ့ အဆင့်မြင့်ယာဉ်မောင်းထောက် ပံ့ရေးစနစ်ကိုဖန်တီးထားပါတယ်။ ဒီဖန်တီးမှုရဲ့တစ် စိတ်တစ်ပိုင်းအဖြစ် L4-level မောင်းသူမဲ့စနစ်လည်း ပါဝင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ BYD က သူတို့ရဲ့ထုတ်ကုန်ကိုအာမခံတဲ့အနေနဲ့ အလုံးစုံအာ မခံကိုပါ ထည့်သွင်းပေးထားတာပါ။
ဒီစနစ်ထဲမှာ အဆင့်မြင့်မားလှတဲ့ ပါကင်ထိုးစနစ် များပါဝင်ပြီး အရှိန်နှုန်းသုံးမျိုးနဲ့ပါကင်ထိုးတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ အသုံးပြုသူရဲ့ အတွေ့အကြုံကိုလည်း မြှင့်တင်ထားပါတယ်။ ဒီအတွက်အသုံးပြုထားတဲ့ L4 စနစ်ဆိုတာကတော့ ယာဉ်တစ်စီးအနေနဲ့ ယာဉ်မောင်းသူရဲ့လုပ် ဆောင်ချက်တစ်စုံတစ်ရာ မလိုအပ်ဘဲ ယာဉ်မောင်းနှင်မှုလုပ်ငန်းများအားလုံးကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတာပါ။ ဒါ့အပြင် ကြိုတင် သတ်မှတ်ချက်ပေးထားပြီးတော့လည်း သူ့ကိုခိုင်းစေနိုင်ပါတယ်။
BYD ကုမ္ပဏီက သူ့ရဲ့ God's EYE စနစ်အပေါ် သိပ်ကိုယုံကြည်ထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မကြာသေးမီကထွက်ပေါ်လာတဲ့ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုအရ အသုံးပြုသူတွေအနေနဲ့ BYD ရဲ့ God's EYE B နဲ့ C စနစ်တွေကို မကြာခင်မှာ အဆင့်မြှင့်တင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။
BYD က သူတို့ရဲ့ L4 ပါကင်ထိုးစနစ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ သီးခြားအခြေအနေတွေမှာ ကားအနေနဲ့ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက် လုံးဝမလိုအပ်ပါဘဲ ပါကင်ထိုးခြင်းအလုပ်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့များ သူတို့စနစ်ကိုအသုံးပြုပြီး ပါကင်ထိုးတဲ့နေရာမှာ မှားယွင်းမှုတစ်ခုခုဖြစ်သွားတယ်ဆိုရင် ယာဉ်မောင်းသူအစား ကားကသာ တာဝန်အပြည့်အဝယူသွားမှာပါလို့ BYD ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြန်ပါတယ်။
အဲဒီလိုမျိုးတာဝန်ယူမှုထဲမှာ God's EYE စနစ်ကို အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြုပြင်မှုကုန်ကျ စရိတ်များအားလုံး၊ တတိယအဖွဲ့ရဲ့ ပျက်စီးမှုအားလုံး၊ လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လျော်ကြေးငွေအားလုံးကို BYD က ပေးလျော်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စနစ်ရဲ့မှားယွင်း မှုကြောင့် ဒီလိုမျိုးမတော်တဆမှု ဖြစ်လာခဲ့တယ်ဆိုရင်ပေါ့လေ။
အကယ်၍ ဒီလိုမတော်တဆမှုဖြစ်လာခဲ့တယ်ဆိုရင် ယာဉ်မောင်းသူအနေနဲ့ အာမခံကုမ္ပဏီကနေ တစ်ဆင့်လျှောက်ထားစရာမလိုဘဲ BYD ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုးဆက်သွယ်လာရင် ဘယ်လိုအာမခံငွေသားကိုမျှ ထိခိုက်မှုမရှိဘဲ သီးခြားအာမခံအနေနဲ့ ပေးလျော်မှု တွေလုပ်သွားမယ်လို့ ပြောပါတယ်။
BYD အနေနဲ့ God's EYE အဆင့်မြင့်ယာဉ်မောင်းသူ အထောက်အပံ့ပေးစနစ်ကို ယခုနှစ်ဖေဖော်ဝါရီလမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ထုတ်လုပ်ထားတဲ့ မော်တော်ကားတွေအားလုံး ဒီစနစ်ကို အသုံးပြုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ဒီကနေ့ခေတ်မှာ အင်မတန်မှ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစား တွက်ချက်ရတဲ့အထိ ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ကား လောကဆိုတာ လောင်စာဆီကို အများအပြား အသုံးပြုရတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ကြည့်မယ်ဆိုရင် ပြိုင်ကားလောကနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတဲ့ အရာလို့ဆိုရမှာပါ။
ဒါပေမဲ့ အမေရိကန်မှအင်ဂျင်နီယာ ကျောင်းသား ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က အမေရိကန်ပြိုင်ကား ကလပ်ရဲ့ကူညီမှုနဲ့အတူ စနစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူတို့ဖန်တီးလိုက်တဲ့စနစ်က ပြိုင်ကားတွေကို အသုံးပြုပေမယ့် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်းဖြစ်ပါ တယ်။ အခြေခံသဘော တရားကတော့ လောင်စာဆီသုံးပြိုင်ကားတွေမှာ စွမ်းအင်နှစ်မျိုးပေါင်းစပ် အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
သူတို့ဖန်တီးလိုက်တဲ့ပြိုင်ကားက လေးဘီးယက်စနစ်နဲ့ပြိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံတော့မဟုတ်ပါဘူး။ ရှေ့နှစ်ဘီးအတွက်ကို လျှပ်စစ်မော်တာ အသုံးပြုထားပြီး နောက်နှစ်ဘီးအတွက်ကိုသာ လောင်စာဆီသုံးအင်ဂျင် အသုံးပြုထားတာဖြစ်ပါတယ်။ ဒီစနစ်ရဲ့နောက်ထပ် ထူးခြားမှုတစ်ခုက ကား အတွင်းပိုင်းမှာ ရှေ့ဘီးယက်စနစ်နဲ့ နောက်ဘီးယက် စနစ်တို့ကြား ဘယ်လိုမျိုးဆက်သွယ် ချိတ်ဆက်မှုမှ မရှိခြင်းဘဲဖြစ်ပါတယ်။
သူ့မှာ ဘရိတ်ဖမ်းစနစ်ကနေ တစ်ဆင့်လျှပ်စစ်စွမ်းအင်ကို ဘက်ထရီထဲအား ပြန်သွင်းတဲ့စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သိုလှောင်သိမ်းဆည်းထားတဲ့ စွမ်းအင်ကို လောင်စာဆီသုံးအင်ဂျင်ရဲ့စွမ်းအင်ကို မြှင့်တင်ပေးဖို့အတွက်လည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်အနေနဲ့လောင်စာဆီကိုအသုံးပြု ထားရပေမယ့်လည်း ဆီစားသက်သာတဲ့အပြင် အရှိန်တင်မှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အခုဖန်တီးလိုက်တဲ့ကားက လျင်မြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူယှဉ်တွဲ တည်ရှိနိုင်တယ်ဆိုတာကို သက်သေပြ လိုက်တာဖြစ်ပါတယ်။