၅၁ ဒသမ ၃ သန်းကျော်သော နိုင်ငံ့လူဦးရေတွင် လူငယ်ဦးရေက သုံးပုံတစ်ပုံကျော်ရှိသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အရွယ်ရှိသော လူဦးရေအချိုးအစားများပြားခြင်းကြောင့် လူဦးရေဆိုင်ရာဆုလာဘ်ကို ရရှိနေသည်ဟူ၍ပင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင်ရော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာကပါဆိုထားသည်။ မြန်မာနိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းအရွယ်ရှိ နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်ရာ ဤမျှများပြားသည့် အားသစ်မာန်သစ်နှင့် တက်ကြွသည့် လူငယ်အင်အားများက နိုင်ငံအတွက် အဖိုးတန်အင်အားများပင်ဖြစ်သည်။
လက်ရှိအချိန်အခါသည် မိမိတို့နိုင်ငံအဖို့ သမိုင်းဝင်အကူးအပြောင်းကာလတစ်ရပ်ကို ရောက်ရှိနေသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပလျက်ရှိရာ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး မကြာမီ အပိုင်း (၃) ကျင်းပပြီးစီးပြီးနောက် လာမည့်မတ်လတွင် လွှတ်တော်များ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ယင်းနောက် ဧပြီလတွင် ပြည်သူက ရွေးကောက်တင်မြှောက်ပေးလိုက်သည့် အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာခြင်းနှင့်အတူ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးတို့သည်လည်း သမိုင်းစာမျက်နှာသစ်တစ်ရပ်ကို ရေးထိုးကြရမည်ဖြစ်သည်။ ဤတွင် သမိုင်းစာမျက်နှာသစ်ဟူသည် ပြီးခဲ့သည့် သမိုင်းစာမျက်နှာများ၏ အဆက်ပင်ဖြစ်ရာ မိမိတို့ဆောင်ရွက်ကြရမည့်လုပ်ငန်းများကို ကြိုတင်မှန်းဆကြည့်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ မဖြစ်မနေလိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရမည် ဆိုသည်ကို တွေ့ရှိနိုင်သည်။ အဆိုပါလုပ်ငန်းစဉ်များကို တစ်မျိုးသားလုံးက ဆောင်ရွက်ကြရာတွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံရှိသော အင်အားစုကြီးဖြစ်သည့် လူငယ်များ မဖြစ်မနေပါဝင်ကြရမည်ဖြစ်သည်။
မဝေးတော့သည့် အနာဂတ်ကာလ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးရန်အလို့ငှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု နှင့် နေပြည်တော်ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်များအပြင် ပဋိပက္ခဘေးသင့်ရာဒေသများမှ လူငယ်များ၊ အဆင့်မြင့်ပညာရေးတက္ကသိုလ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ကြပြီး အနာဂတ်ကာလတွင် လူငယ်များပါဝင်နိုင်မည့် ကဏ္ဍများနှင့် လုပ်ငန်းများကို သုံးရက်ကြာရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြပြီး ကြေညာစာတမ်းတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ လူငယ်များကို ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စုပေါင်းပါဝင်လာရေးနှင့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်ပေါ်လာရန်အတွက် လူငယ်များအား ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်ဟူသော ဖိုရမ်၏ဦးတည်ချက်လည်း အောင်မြင်ခဲ့သည်။
၂၀၂၆ ခုနှစ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကြေညာစာတမ်းပါ သန္နိဋ္ဌာန် (၅) ရပ်အရ နိုင်ငံတော်၏ အနာဂတ်ကာလတွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုလားကြသော လူငယ်များနှင့် ဖွဲ့စည်းထားသည့် လူငယ်ကွန်ရက်များ ပါဝင်ဆောင်ရွက်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာစီမံကိန်းများ၊ စီမံချက်များပေါ်ထွက်လာပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမီဒီယာရပ်တည်ချက်များကို ပြည်တွင်းလူငယ်များ၏ အမြင်နှင့် ပုံရိပ်တို့ပြောင်းလဲလာမည်ဖြစ်သည်။ အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်နှင့် ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာစာတမ်း (Youth Peace Policy Paper) တစ်ရပ်လည်း ပေါ်ထွက်လာမည်ဖြစ်သည်။
ငြိမ်းချမ်းရေးသည် နိုင်ငံ၏အနာဂတ်အတွက်ရောအနာဂတ်ကို ပိုင်စိုးသည့် လူငယ်များအတွက်ပါ လိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသည့်နိုင်ငံ၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် စွမ်းရည်မြင့်မား၍ ထက်မြက်တက်ကြွသော လူငယ်အင်အားစုကြီး ပါဝင်လာခြင်းသည် ခရီးပန်းတိုင်ကို လျင်မြန်စွာရောက်ရှိရေးအတွက် ကြီးမားသည့် အင်အားကို ဖြစ်ထွန်းစေပါမည့်အကြောင်း။ ။
moi

မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ် မှ ၃၅နှစ်အတွင်းရှိ နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ ကျော်၊ ခန့်မှန်းခြေအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်တို့မှာ လူငယ်များဖြစ်ရာ ကြီးမားလှသည့် အင်အားစုဖြစ်သည့်အလျောက် နိုင်ငံတည်ဆောက်ရေးအတွက် လူစွမ်းအားအရင်းအမြစ်ကောင်းဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသောအင်အားစုကြီးကို ရရှိနိုင်မည်ဖြစ်သည်။
လက်ရှိကာလ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများက လူငယ်များ၏ နေ့စဉ်လူမှုဘဝများနှင့် အနာဂတ်ရည်မှန်းချက်များအပေါ်တွင် ထိခိုက်ဆုံးရှုံးမှုများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းစသည့် ကဏ္ဍအများအပြားတို့တွင် ဖြည့်ဆည်းပေးရန်၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ချက်များ အများအပြားရှိနေသည်။ အထူးသဖြင့် အေးချမ်းတည်ငြိမ်မှုကင်းမဲ့သည့် ဒေသများတွင် ရှိနေကြသည့် လူငယ်များမှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှု၊ ခြိမ်းခြောက်မှု၊ သွေးဆောင်စည်းရုံးမှုများကြောင့် ဆန့်ကျင်ဘက်အဖျက်အင်အားအဖြစ် ရောက်ရှိ သွားမည့်အန္တရာယ်နှင့် အချိန်ပြည့်ရင်ဆိုင်နေကြရသည်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့သည့် အခြေအနေများကြောင့် အမျိုးသမီးငယ်များ၏ ဘဝလုံခြုံရေးမှာလည်း ရေရာမှုကင်းမဲ့သည့် အနေအထားတို့ကို တွေ့ရှိနိုင်သည်။ ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍသည် အပြန်အလှန်ဆက်စပ်လျက်ရှိရာ လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်စေရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း ခိုင်ခိုင်မာမာဖြစ်ပေါ်လာမှသာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလည်း လိုက်ပါဖြစ်ထွန်းလာမည်ဖြစ်သည်။
ငြိမ်းချမ်းရေးတွင် အရေးကြီးသည့် လူငယ်ကဏ္ဍကို ပုံဖော်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို နိုင်ငံအတွက် အနှစ်သာရရှိစွာ ကျင်းပသွားမည်ဖြစ်ရာ လူငယ်များသည် နိုင်ငံတည်ဆောက်ရေး တွင် အရေးပါခြင်းကို ပြသခြင်းလည်းဖြစ်သည်။ ဖိုရမ်အတွင်း ပဋိပက္ခကို ဖြစ်ပေါ်စေသည့်အချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ လုံခြုံရေးနှင့် အကာအကွယ်၊ ကျား/မ ကဏ္ဍအလိုက် မတူညီသော ထိလွယ်ရှလွယ်သည့်အခြေအနေ၊ အားနည်းချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပူးပေါင်းပါဝင်နိုင်မှုအတွက် စိန်ခေါ်မှုများနှင့် ကျော်လွှားနိုင်မည့်နည်းလမ်းများ၊ စီးပွားရေးစိန်ခေါ်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းကိစ္စရပ်များ၊ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် ပညာရေးအတွက် ကွာဟချက် များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဉာဏ်ရည်တု နည်းပညာ (Al)၊ ဆိုက်ဘာ (Cyber)၊ လူမှုကွန်ရက် (Social Media) များတွင် လူငယ်များ ပါဝင်ဦးဆောင်နိုင်သောအခြေအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့အတွက် လူငယ်များ၏ သဘောထားဆန္ဒအသံများကို လေ့လာဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်မည့် လူငယ်လုပ်ငန်းစဉ်အစီအစဉ်များကို ရယူဖော်ထုတ်သွားမည်ဖြစ်သည်။
နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ထူးချွန်ထက်မြက်၍ တက်ကြွသော၊ ရိုးသားဖြောင့်မတ်သော လူငယ်တို့၏အားမာန်သည် ငြိမ်းချမ်းရေးကို ပုံဖော်တည်ဆောက်ရာတွင် အရေးပါသည့်အလျောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ထွက်ပေါ်လာသည့် လူငယ်တို့၏အသံက တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်နိုင်ပါစေကြောင်း။ ။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မဲပေးရာတွင် ပထမဆုံးအကြိမ်အဖြစ် မဲပေးကြသည့် လူငယ်များလည်း ပါဝင်သည်။ မီဒီယာက ရွေးကောက်ပွဲတွင် မဲပေးကြသည့် လူငယ်အချို့ကို တွေ့ဆုံမေးမြန်းရာတွင် ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံအတွက် ခေါင်းဆောင်ကောင်းပေါ်ထွက်လာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးတို့ကို ဖော်ဆောင်ပေးရေးနှင့် ကောင်းမွန်သည့် အနာဂတ်တို့ကို မျှော်လင့်ထားကြပြီး ရွေးကောက်ပွဲအပေါ် ယုံကြည်မှုအပြည့်အဝထားရှိကြသည်ကို တွေ့ရသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံသူ နိုင်ငံသားတို့၏ အတွေးအခေါ်အယူအဆများ၊ ဓလေ့ထုံးစံနှင့် အစဉ်အလာများက ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အထောက်အကူပြုရန်၊ လိုက်လျောညီထွေရှိရန်လိုသည်။ ဤသို့မဟုတ်ဘဲ ဆန့်ကျင်သည့်အခြေအနေတွင်ရှိနေပါက ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းဆောင်ရွက်ကြရသည်။ အတွေးအခေါ်အယူအဆများနှင့် ဓလေ့ထုံးစံများဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း ရာစုနှစ်နှင့်ချီ၍ ဖွဲ့စည်းဖြစ်ပေါ်လာရခြင်းဖြစ်ရာ ယင်းတို့ကို ပြုပြင် ပြောင်းလဲမည်ဆိုပါက လူမှုရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် အချိန်ယူ၍ ပြုပြင်ကြရသည်။ ထို့အပြင် နိုင်ငံ၏အရေးအရာတို့တွင် ပြည်သူတို့ တက်ကြွစွာ ပါဝင်လိုစိတ်အားနည်းခြင်းနှင့် လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းတို့မှာ ပြည်သူ တို့၏ နိုင်ငံရေးပျိုးထောင်မှု (Political Culture) အပေါ်တွင် တည်မှီလျက်ရှိသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က ဆိုသည်။
နိုင်ငံရေးပျိုးထောင်မှုဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူတို့၏ နိုင်ငံရေးဆိုင်ရာ သဘောထားနှင့် လက်တွေ့လုပ်ရပ်အစုအပေါင်းကို လွှမ်းခြုံခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံရေး ပျိုးထောင်မှုသည် နိုင်ငံတစ်နိုင်ငံတွင် သမိုင်းနှင့်ယှဉ်၍ ဖွဲ့စည်းဖြစ်ပေါ်ခြင်းဖြစ်ပြီး မိမိတို့နိုင်ငံကဲ့သို့သော ကိုလိုနီနိုင်ငံဘဝ ကျရောက်ခဲ့ရဖူးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေးပျိုးထောင်မှုမှာ ကိုလိုနီစနစ်၏ ဩဇာလွှမ်းမိုးမှုကို ခံကြရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံရေးပျိုးထောင်မှုအပေါ်တွင် တည်မှီလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေမည့် နိုင်ငံရေးအခြေအနေများရရှိအောင် ပြုလုပ်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသူနိုင်ငံသားများအတွင်း နိုင်ငံရေးပျိုးထောင်မှုကို လူငယ်ဘဝကပင် စတင်နိုင်ရန်လိုသည်။
ထို့အပြင် ဘဝနှင့် အလုပ်အပေါ်တွင် သဘောထားမမှန်ကန်ခြင်းနှင့် ဘဝတွင် ကြီးမားသော ရည်မှန်းချက်မထားတတ် ခြင်းတို့သည် ပျင်းရိခြင်း၊ ရောင့်ရဲတတ်ခြင်းနှင့် စွမ်းဆောင်လို စိတ်အားနည်းခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည့်အတွက် လူငယ်များကို ဘဝနှင့် အလုပ်အပေါ်တွင် သဘောထားမှန်ကန်စွာ ထားတတ်စေရန်၊ ဘဝတွင် ကြီးမားသည့် ရည်မှန်းချက်ပန်းတိုင် ထားတတ်ကြရန်လည်း လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုသည်။ လူ့ဘဝတွင် အသက်ရှင်ရပ်တည်နေရုံထက် ပို၍ မည်သည့်မြင့်မားသော ရည်မှန်းချက်မျှ မထားရှိပါက စွမ်းဆောင်လိုစိတ်အားနည်းခြင်းနှင့် အပြောင်းအလဲကို စိတ်မဝင်စားခြင်းတို့ ဖြစ်ပေါ်စေသည်။ အချို့သော ရှေးရိုးအစဉ်အလာအစွဲအလမ်းများ၊ ဓလေ့ထုံးတမ်းများနှင့် အကောက်အယူလွဲမှားမှုများက ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှုများကို တားဆီးပိတ်ပင်တတ်သည့်သဘောရှိရာ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် စွန့်ပယ်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်ဦးရေမှာ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိနေသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနှင့် ဆက်စပ်၍ နိုင်ငံရေးသမားတို့၏ ဝါဒမှိုင်းတိုက် သွေးထိုးလှုံ့ဆော်အသုံးချမှုတွင် လမ်းမှားလိုက်သွားသည့်လူငယ်များ အများအပြားရှိရာ ၎င်းတို့မှာ နိုင်ငံအတွက် အနုတ်လက္ခဏာကိုသာ ဖြစ်ပေါ်စေသည်။ နိုင်ငံ၏အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ရာတွင် စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များ၏အားကို လိုအပ်သည့်အလျောက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည့်စုံအောင် စနစ်တကျ မှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်သွားကြရပါမည့်အကြောင်း။ ။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားဆိုင်ရာ အရင်းအနှီးတိုးတက်ကောင်းမွန်ရေးမှာ များစွာအရေးပါသည်ဟု ပညာရှင်များက ဆိုသည်။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူတို့၏ အတွေးအခေါ် အယူအဆနှင့် သဘောထားများ၊ အသိပညာ အတတ်ပညာနှင့် ကျွမ်းကျင်မှုတို့၏ ကဏ္ဍမှာလည်း အရေးကြီးလှသည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့ပိုင်ဆိုင်ထားသည့် ရုပ်ဝတ္ထု အင်အား၊ ငွေကြေးအင်အား၊ လူအင်အား စသည်တို့ကို ထိရောက်စွာ စီမံခန့်ခွဲပြီး နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရခြင်းဖြစ်ရာ အင်အားသုံးရပ်အနက် လူအင်အားက ကျန်အင်အားနှစ်ရပ်ကို အသုံးချ၍ အလုပ်လုပ်ကြရခြင်းဖြစ်သည်။ ယင်းသို့လုပ်ကိုင်ဆောင် ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်ကို စွမ်းရည်မြှင့်တင်ပေး နိုင်ရမည်ဖြစ်ပြီး စနစ်တကျအသုံးပြု နိုင်ရန်လည်း လိုအပ်သည်။ လူသားအရင်းအမြစ်ကို စနစ်တကျလေ့ကျင့်ပြုစုပျိုးထောင်ပေးပြီး ထိထိရောက် ရောက် ပြန်လည်အသုံးချခြင်းအားဖြင့် ဖွံ့ဖြိုးတိုး တက်မှုအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
“ကမ္ဘာ့နိုင်ငံတော်တော်များများတွင် လူငယ်များကို မြေတောင် မြှောက် ပြုစုပျိုးထောင်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးသည့်အခါတွင် ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားများဖြစ် လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ ယနေ့မိမိတို့ လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အနာဂတ် တွင် လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ကြောင်း” ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များကို ငယ်စဉ်ကတည်းကပင် နိုင်ငံသားကောင်း ပီသအောင် သင်ကြားလေ့ကျင့်ပေးပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံသားကောင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သူများဖြစ်လာအောင် ပြုစု ပျိုးထောင်ကြရမည်ဖြစ်သည်။ ယင်းသို့ ပြုစုပျိုးထောင်ပေးရာတွင် ပညာသည် အဓိကဖြစ်ရာ မျိုးဆက်သစ်လူငယ်များအား အသိပညာ၊ အတတ်ပညာ၊ နည်းပညာ ကျွမ်းကျင်တတ်မြောက်သူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရန်လိုသည်။ ပညာကို တန်ဖိုးထား သင်ယူလာကြစေရန် နှိုးဆော်တိုက်တွန်းသွားရမည်ဖြစ်သကဲ့သို့ ပညာကို လူတိုင်းလက်လှမ်းတမီ သင်ယူနိုင်စေရန် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားရမည်ဖြစ်သည်။ ထို့အပြင်ပညာသင် ယူတတ်မြောက်လာသည့် လူငယ်များအား ၎င်းတို့တတ်မြောက်သည့် အသိပညာ၊ အတတ်ပညာများနှင့် ကိုက်ညီသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်လည်း ဆောင်ရွက်ပေးနိုင်ရန်လိုအပ်သည်။
မိမိတို့ နိုင်ငံသည်လက်ရှိအခြေအနေတွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်လူဦးရေများပြားနေဆဲဖြစ်ပြီး Demographic Bonus ခေါ် လူဦးရေဆုလာဘ်ကို ရရှိနေဆဲကာလဖြစ်သည်။ လူဦးရေဆုလာဘ်ကို ရရှိနိုင်သည့်အချိန်ကာလသည် နှစ် ၂၀ ဖြစ်ရာ ယင်း အချိန်ကာလအတွင်း မိမိတို့ ပိုင်ဆိုင်ထားသည့် လူသားအရင်းအမြစ်ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးရှိအောင် ထိထိရောက်ရောက် အသုံးပြုသွားရန်လိုသည်။ လူသားအရင်းအမြစ်ကို အသုံးပြုနိုင်ရေးအတွက်လည်း လူသားအရင်းအမြစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မဖြစ်မနေပြုလုပ်ပြီး လေ့ကျင့်သင်ကြားပြုစုပျိုးထောင်သွားကြရ မည်ဖြစ်သည်။ သို့မဟုတ်ဘဲ လျစ်လျူရှုထားခဲ့မိပါက လူဦးရေဆုလာဘ်သည်ပင်လျှင် အကျိုးသက်ရောက်မှုပြောင်းပြန်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်လာနိုင်ကာ ဆိုးရွားသည့်အခြေအနေများဆီသို့ ဦးတည်သွားနိုင်ကြောင်းဖြင့်လည်း နိုင်ငံတော်အကြီးအကဲ က သတိပေးပြောကြားထားသည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ရရှိထားသည့် အလုပ်လုပ်နိုင်သော လူဦးရေများပြားသည့် “လူဦးရေဆိုင်ရာ ဆုလာဘ်”ကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် လူငယ်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်ပြုစုပျိုးထောင်မှုများကို နိုင်ငံသားအားလုံးက အလေးအနက်ထား ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
MOI

လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် သားကောင်းရတနာများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးစသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်အရွယ်အချိုးအစားအလိုက် ဟန်ချက်ညီမျှတစွာ ဆိုင်ရာကဏ္ဍများအလိုက် ကျေပွန်စွာထမ်းဆောင်နိုင်ရန် ဆောင်ရွက်ကြရာတွင် လူငယ်လူရွယ်များ၏ အချိုးအစားများ လုံလောက်စွာရှိနေစေရန် လိုအပ်သည်။
၂၀၂၄ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များသည် မြန်မာနိုင်ငံ၏ အခွင့်အလမ်းများနှင့် အတူယှဉ်တွဲပြီး လုပ်ဆောင်ရမည့်တာဝန်များကို တစ်ပါတည်း ညွှန်းဆိုဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းဆ သိသိသာသာနည်းပါးနေသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရသည်။
ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုများ မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသလို အခွင့်အလမ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။ လူငယ်လူရွယ်များ၏ အချိုးအစားလျော့နည်းခြင်းသည် ရွှေ့ပြောင်းသွားလာမှုနှင့် အဓိကသက်ဆိုင်နေသည်။ ထို့ကြောင့် လူငယ်လူရွယ်တို့၏အင်အားဖြင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်ထိန်းညှိနိုင်မည့် ရေရှည်စီမံချက်များကို ဆောင်ရွက်သွားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူငယ်လူရွယ်များကြားတွင် ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများ မြင့်မားနေသော်လည်း တစ်ချိန်သောကာလက မွေးဖွားနှုန်းမြင့်မားခဲ့သည့် အကျိုးဆက် ကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေသည် ယခုအခါ များပြားနေသေးသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေဆုလာဘ်ရှိနေဆဲကာလဖြစ်သည်။ ထို့ကြောင့် လူဦးရေဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ လူငယ်လူရွယ်များအတွက် မက်လုံးများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မှန်ကန်ထိရောက်စွာ အကျိုးရှိရှိ အသုံးချနိုင်ရန် စီမံဖန်တီးအကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။
“ယနေ့ မိမိတို့လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အနာဂတ်တွင် လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ အသိပေးပြောကြားခဲ့သည်။
လူငယ်လူရွယ်များသည် အရေးပါသော တန်ဖိုးထားရမည့်အသိုက်အဝန်းဖြစ်သည်။ လူငယ်လူရွယ်များကို လျစ်လျူရှုထားပါက ၎င်းတို့၏ အသိုက်အဝန်း အတွက်သာမက နိုင်ငံအတွက်ပင် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်လူရွယ်များကို မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးထားပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးနေသည့်အခါတွင် ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားများဖြစ်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် ရှိသင့်ရှိထိုက်သည့် လူဦးရေအချိုးအစားများ ပေါ်ထွန်းလာစေရန် နိုင်ငံနှင့် ကိုက်ညီမည့် လူဦးရေမူဝါဒကိုရေးဆွဲကာ မျိုးဆက်တစ်ဆက်စာ ကြိုတင်မြော်တွေး၍ ပြင်ဆင်ဆောင်ရွက်သွားရန်လိုပေမည်။
ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာသုံးသပ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖော်ဆောင်ရာတွင် လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးကြရန် ပညာရေးနှင့်ချိန်ညှိပြီး ခိုင်မာသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာများ ပျိုးထောင်ပေးကာ အနာဂတ်နိုင်ငံတော်အတွက် မောင်းနှင်အားများဖြစ်ပေါ်လာအောင် ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။ ။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ မြို့လယ်ကောင်နှင့် မြို့ဆင်ခြေဖုံးဒေသတို့တွင် အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့သည့် သီးခြားစီဖြစ်သော ရာဇဝတ်မှုကြီးနှစ်မှုတို့မှာ လူအများ စိတ်ဝင်စားခဲ့ကြသည့် မှုခင်းများဖြစ်သည်။ သတင်းများတွင်ပါရှိသော အချက်အလက်များအရ ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သူများမှာ စာသင်ခန်းတွင် ရှိနေကြရမည့်အရွယ် လူငယ်များဖြစ်နေသည်။ ထို့အပြင် အဆိုပါသတင်းများတွင် အမိအဖအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး သင်ခန်းစာယူဖွယ်၊ သတိပြုဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။
လူငယ်များအတွင်း ပြစ်မှုကျူးလွန်သူများ ပေါ်ပေါက်ရခြင်းသည် ၎င်းတို့၏မိဘများနှင့် မိသားစုအခြေ အနေ၊ ၎င်းတို့၏လူမှု စီးပွားဘဝ၊ ၎င်းတို့၏ပတ်ဝန်းကျင်၊ ၎င်းတို့၏ပညာရေး၊ ၎င်းတို့၏ အလုပ်အကိုင် စသည်တို့နှင့်ဆက်နွှယ်နေသည်ဟုဆိုသည်။ လူငယ်တစ်ဦးအဖို့ ၎င်းမွေးဖွားကြီးပြင်းခဲ့ရာ မိသားစု၏ စရိုက် သဘာဝ၊ အမူအကျင့်များ၏ လွှမ်းမိုးမှုအတိုင်း အကျင့်စရိုက်၊ စိတ်နေစိတ်ထား ဖြစ်ပေါ်နိုင်သည် ဖြစ်ရာ မိဘတို့၏ မှန်ကန်သော ဆုံးမပဲ့ပြင်မှု အလေးထားမှုတို့မခံခဲ့ရခြင်း၊ အိမ်တွင်း မိသားစုပြဿနာများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ရှိနေခြင်း၊ ဆင်းရဲနွမ်းပါးခြင်း စသည်တို့က လူငယ်များကို ရန်လိုတတ်သူ၊ အကြမ်းဖက်တတ်သူများ ဖြစ်လာနိုင်စေသည်။ အတ္တဆန်သူများ၊ မိမိလုပ်ရပ်အပေါ် အပြစ်မရှိဟု ယူဆသူများ၊ မိမိအပြုအမူ၏ အကျိုးဆက်ကို မမျှော်မှန်းနိုင်သူများလည်း ဖြစ်လာစေနိုင်သည်။
လူငယ်များ ပညာရေးနိမ့်ကျခြင်း၊ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခြင်း၊ အရက်မူးယစ်ဆေးဝါး စသည်တို့ သုံးစွဲလာသည့်အပြင် ရာဇဝတ်မှုကျူးလွန်သူများ၊ အကျင့်စာရိတ္တမကောင်းသူများနှင့် ဆက်သွယ်ဆက်ဆံမိပြီး ၎င်းတို့၏လွှမ်းမိုးမှုခံရခြင်း စသည်တို့ကလည်း ဆယ်ကျော်သက်အရွယ် လူငယ်များကို ပြစ်မှုကျူးလွန်မှုဖြစ်စေနိုင်သည်။ အထူးသဖြင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲသည့်ဆယ်ကျော် သက်အရွယ်များကို လမ်းလွဲလမ်းမှားသို့ လိုက်ပါမသွားစေရန် မိဘအုပ်ထိန်းသူများနှင့် ဆရာ ဆရာမ များက ဂရုတစိုက်မျက်ခြည်မပြတ် လမ်းမှန်ကိုတည့်မတ်ပေးရန်လိုသည်။ ပင်ကိုဗီဇအားဖြင့် ကြမ်းတမ်းခြင်း၊ ရန်လိုတတ်ခြင်း၊ ဆုံးမပဲ့ပြင်မှုကို မနာခံခြင်း၊ စည်းကမ်းချိုးဖောက်ခြင်း၊ အနီးရှိ လူများကို အနှောင့်အယှက်ပေးခြင်း စသည့်အမူအကျင့်များရှိနေလျှင်ပင် အမိအဖတို့က မေတ္တာတရားနှင့် တော်တည့် မှန်ကန်စွာဆုံးမပဲ့ပြင်ပေးခြင်းဖြင့် ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိမသွားအောင် ထိန်းကျောင်းပေးနိုင်သည်။
ပညာရေးနိမ့်ကျခြင်း (သို့မဟုတ်) သက်မွေးဝမ်းကျောင်း ပညာတစ်စုံတစ်ရာ တတ်မြောက်မှုမရှိခြင်း တို့ကလည်း ဥပဒေ ချိုးဖောက်သူ၊ ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်လာစေနိုင်သည့် အကြောင်းရင်းများ ထဲတွင် ပါဝင်နေသည်။ ကျောင်းနေအရွယ်တွင် လူငယ်များ ကျောင်းတက်နေကြခြင်းက စာပေပညာ သင်ကြားခြင်းနှင့်အတူ ဘဝတွင်လူတစ်လုံးသူတစ်လုံး ဖြစ်လာစေရန်၊ လိမ္မာရေးခြားရှိသူများ ဖြစ်လာစေရန် ဆရာ ဆရာမများ၏ ဆုံးမပဲ့ပြင်မှုများကိုပါ ခံယူရရှိစေသည်။ လူ့အသိုက်အဝန်းတွင် လူအများနှင့် သဟဇာတရှိစွာ နေထိုင်တတ်လာစေသည့်အပြင် စုပေါင်းနေထိုင်၊ စုပေါင်းလုပ်ကိုင်သည့် အလေ့အကျင့်၊ သည်းခံသည့် အလေ့အကျင့်များကိုလည်း ရရှိလာစေသည်။
သို့ဖြစ်ရာ လူငယ်များအတွင်း ပြစ်မှုကျူးလွန်သူများ ဖြစ်လာရခြင်းမှာ ၎င်းတို့၏ဗီဇ၊ ပတ်ဝန်းကျင်၊ ပညာရေး၊ မူးယစ်သေစာသောက်စားသုံးစွဲမှု စသည်တို့နှင့်ဆက်နွှယ်လျက်ရှိရာ ယင်းအချက်များကို မှန်ကန်စွာသိရှိကြပြီး ဝိုင်းဝန်းပြုပြင် တည့်မတ်ခြင်း၊ ဖြည့်ဆည်းကူညီခြင်း၊ ဝန်းရံစောင့်ရှောက်ခြင်း စသည်တို့အားဖြင့် လမ်းမှားသို့ရောက်မသွားအောင် တားဆီး ကာကွယ်ပေးနိုင်သည်။ လူငယ်မှုခင်းများ တားဆီးရေးသည် “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဟူသော ကျန်းမာရေးဆောင်ပုဒ် ကဲ့သို့ပင် မဖြစ်ခင်က ကြိုတင်ကာကွယ်ကြရန် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်း ကာကွယ်ဆောင်ရွက်ကြရမည့် အလေးထားအပ်သော ကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း။ ။

စာရိတ္တဟူသော ကိုယ်ကျင့်တရားသည် လူတစ်ဦးတစ်ယောက်အတွက် အသက်ဝိညာဉ်ဖြစ်သည်။ စာရိတ္တကောင်းမွန်သောသူသည် လူကောင်းလူမွန်ဖြစ်၍ မိသားစုနှင့် နိုင်ငံတော်ကအားထားရမည့် သူဖြစ်သည်။ စာရိတ္တယိုယွင်းသူသည် လူဆိုးလူသွမ်းဖြစ်၍ မိသားစုကိုသာမက အများပြည်သူကို အနှောင့်အယှက်ပေး နိုင်သူ၊ နိုင်ငံတော်ကို အန္တရာယ်ပြုနိုင်သူဖြစ်သည်။ ထို့ကြောင့် စာရိတ္တကောင်းမွန်သူ ဖြစ်စေရေး ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မိဘဆရာသမားများက ပြုစုပျိုးထောင်ပေးရ မည်ဖြစ်သည်။
လူငယ်လူရွယ်တစ်ဦးချင်းစီအနေဖြင့် ပြုစုပျိုးထောင်ရမည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတည်းဟူသော ဗလငါးတန်တို့တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးနှင့် အရေးအကြီးဆုံးမဏ္ဍိုင်ဖြစ်သည်။ လက်ချောင်း ငါးချောင်းတွင် လက်ခလယ်သည် အမြင့်ဆုံးဖြစ်သကဲ့သို့ လက်ခလယ်နှင့်တူသော စာရိတ္တမဏ္ဍိုင် မြင့်မားခြင်းနှင့်အတူ အခြားမဏ္ဍိုင်တို့သည်လည်း အားကောင်းပြီး နိုင်ငံအကျိုးကို ပြုနိုင်ပေမည်။ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်အားနည်းနေလျှင် ကျန်ဗလ လေးတန်တို့ ခွန်အားယုတ်လျော့ပြီး မကောင်းမှုဒုစရိုက်နှင့် အဖျက်လုပ်ရပ်ဆီသို့ ဦးတည်သွားကြ ပေလိမ့်မည်။
ယနေ့လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို လွှဲပြောင်းတာဝန်ယူကြ မည့်သူများဖြစ်၍ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ရန် အထူးလိုအပ်သည်။ နိုင်ငံတော်က မျှော်လင့်နေသော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်မြောက်လာရေးအတွက် ကျောင်းသားကျောင်းသူ ကလေးသူငယ် အရွယ်မှစ၍ အသိပညာ၊ အတတ်ပညာများကို ဆည်းပူးရင်း စာရိတ္တမဏ္ဍိုင် မြင့်မားတိုးတက်လာအောင် ကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်သည်။ လူငယ်တိုင်း စာရိတ္တတန်ဖိုးကိုသိမြင်ကာ စာရိတ္တကို ချစ်မြတ်နိုး၍ စာရိတ္တကောင်းခြင်းဂုဏ်နှင့် ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယနေ့လူငယ်လူရွယ်များသည် မင်္ဂလာတရားတော်များကို လိုက်နာကျင့်ကြံရ ကောင်းမှန်း မသိကြ တော့ပေ။ မြန်မာတို့၏ ကောင်းမြတ်သောယဉ်ကျေးမှုတို့ကို မသိကြသောအခါ၊ တိုင်းတစ်ပါးမှ မြန်မာ့ယဉ်ကျေးမှုနှင့်မဆီလျော်သည့် အပြုအမူအသိအမြင်များ၊ နည်းပညာ၊ အနုပညာလွှမ်းမိုးမှုများ ထိုးဖောက်ဝင်ရောက်လာသောအခါ ဟီရိဩတ္တပ္ပကင်းမဲ့သော ဝတ်စားဆင်ယင်မှုမှအစ အပြုအမူအပြောအဆို လုပ်ကိုင်ဆောင်ရွက်မှုများ လူငယ်များ၏ သဘာဝအရ တုပပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် နည်းပညာတိုးတက်လာမှုနှင့်အတူ လွှမ်းမိုးထိုးဖောက်လာသော စရိုက်လက္ခဏာဆိုးများ လူငယ်လူရွယ်များကြားတွင် ထိုးဖောက်လာသောအခါ တိုင်းပြည်အတွင်းပင် အန္တရာယ်ရှိသောအခြေအနေများ ပေါ်ပေါက်လာနိုင်သည်။
ယနေ့အခါကာလတွင် လမ်းမှားရောက်သွားကြသော အသက်မပြည့်သေးသည့် လူငယ်လူရွယ်များသည်ပင် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းနှင့် မကောင်းမှုဒုစရိုက်များ ကျူးလွန်လာကြသည်ကိုတွေ့ရသည်။ သူတစ်ပါး၏ အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ သယ်ဆောင်ခြင်းစသည့် တရားဥပဒေချိုးဖောက်သည့် ဒုစရိုက်မှုများကို ကျူးလွန် လာကြသည်။ ဤဒုစရိုက်မှုများသည် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်စေသည်။ ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးရေးအတွက် ပြည်သူအပေါင်းတို့သည် မင်းမဲ့စရိုက် များကိုရှောင်ရှား၍ မကောင်းမှုဒုစရိုက်မှု မှန်သမျှတို့ကို တားဆီးကာကွယ်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည့်နည်းတူ မကောင်းမှုဒုစရိုက်အမှုများကို အကောင်းဆုံးကာကွယ်တားဆီးပေးနိုင်သည့် နည်းလမ်းဖြစ်သည့် ကလေးသူငယ် လူငယ်လူရွယ်များ စာရိတ္တမပျက်ယွင်းစေရေးအတွက် လူငယ်များ၏နှလုံးသည်းပွတ်များတွင် ဘာသာတရား၏ အဆုံးအမများ ကိန်းဝပ်လာအောင် နုစဉ်ကပင် လုပ်ဆောင်ပေးရန်လိုအပ်သည်။ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ဤလိုအပ်ချက်များကို မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတို့က လမ်းပြဆောင်ကြဉ်းပေးကြရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုယ်ကျင့်တရားနှင့် စာရိတ္တပျက်ပြားစေသည့် မကောင်းမှုဒုစရိုက်များ လျော့နည်းပပျောက် စေရန်အတွက် ကျူးလွန်သူများကို အာဏာစက်ဖြင့် တားဆီးနှိမ်နင်းရမည်ဖြစ်သလို လိမ္မာရေးခြား ဓမ္မတရားများ နိုင်ငံတစ်ဝန်းတွင် လွှမ်းခြုံနိုင်ရေး၊ စာရိတ္တမဏ္ဍိုင်ပြဋ္ဌာန်းချက်များ အခြေခံပညာ အဆင့်တွင် ထုံမွမ်းနေစေရေး၊ ကိုယ်ကျင့်တရားနှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ မြန်မာ့အသိုက် အဝန်းများကြားတွင် ကျယ်ပြန့်စွာ စိမ့်ဝင်နေစေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုကြရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်။ လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်တည်ဆောက်ကြမည့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များလည်းဖြစ်သည်။ လူငယ်မောင်မယ်များသည် အနာဂတ်ကို စောင့်ဆိုင်းနေကြသူများမဟုတ်ဘဲ ပစ္စုပ္ပန်တွင် မောင်းနှင်နေကြသူများဖြစ်သလို အနာဂတ်ကို ပုံဖော်ထုဆစ်နေကြသည့် ဗိသုကာပညာရှင်များလည်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် “လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်” ဟူသည့် သဘောတရားနှင့်အညီ ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းအဖြစ်သတ်မှတ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်မျိုးဆက်များသည် အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စတို့တွင် ထူးချွန်ထက်မြက်နေရန် လိုအပ်သည်။ ထိုသို့ဖြစ်စေရန် လူငယ်များ၏ ကြိုးစားအားထုတ်မှုအခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးကဏ္ဍများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ်ရှိနေစေရန် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရက လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်ပေးလျက်ရှိရာတွင် ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပခဲ့သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သည် ကြီးကျယ်ခမ်းနားပြီး အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်စုံကောင်းမွန်အောင် စီစဉ်ပေးထားသော အခမ်းအနားအဖြစ် တွေ့မြင်ခဲ့ရသည်။ အခမ်းအနားတွင် နိုင်ငံတော်၏ တန်ဖိုးအထားရဆုံးသားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ၏ လန်းဆန်းတက်ကြွသည့် အသွင်သဏ္ဌာန်များ၊ ယုံကြည်ရဲရင့်သည့် စိတ်ဓာတ်ခွန်အားများကို မြင်တွေ့ခဲ့ရသဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိသည်။
နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့် ပတ်သက်သည့် အခြေခံဗဟုသုတများရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် လူမှုဆက်ဆံရေးကျွမ်းကျင်မှု အရည်အချင်းများမြှင့်တင်ရန်၊ ဖိုရမ်တွင် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပေါ်လာမည့် အနာဂတ်လမ်းကြောင်းများကို လူငယ်များကိုယ်တိုင် ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် ဆောင်ရွက်ကြမည့် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ရက်ကို ဖန်တီးပေးရန်ဟူသည့် ရည်ရွယ်ချက်ငါးရပ်ဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ကို အောင်မြင်စွာ ကျင်းပခဲ့သည်။
ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြပြီး လူငယ်ပေါင်း ၄၀၀ ခန့်အား မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာသတိမပြတ်မှုများ လေ့ကျင့်ပေးနိုင်ခြင်း၊ ဖိုရမ်တွင် ပညာရှင်များနှင့် လိုက်ပါဆွေးနွေးရင်း တက်ရောက်လာကြသော လူငယ်များအနေဖြင့် မိမိတို့၏ အတွေးအမြင်များ၊ စိတ်ကူးစိတ်သန်းများနှင့် အနာဂတ်စီမံကိန်းများအပေါ် အဆိုပြုပေးနိုင်ခြင်း၊ စုပေါင်းခေါင်းဆောင်မှု ၊ စုပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် “မြန်မာလူငယ်ကြေညာစာတမ်း - ၂၀၄၀ (Youth Declaration for Myanmar 2040)” တစ်ခုကို ပူးတွဲထုတ်ပြန်နိုင်ခြင်း၊ ဖိုရမ်သို့ တက်ရောက်လာသည့် လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူငယ်ကွန်ရက်တစ်ခုရရှိလာနိုင်ခြင်း၊ အဆင့်မြင့်ခေါင်းဆောင်မှုသင်တန်းများနှင့် အသိပညာပေးဝေမှုများကို ဆက်လက်ဆောင်ရွက်၍ လူငယ်များ၏လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ လာမည့်ရွေးကောက်ပွဲအောင်မြင်ရေးအတွက် လူငယ်များ တက်ကြွစွာပါဝင်လာစေခြင်း အလားအလာများ ရရှိစေပါသည်။
သို့ဖြစ်ရာ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်ခေတ်တွင် နည်းပညာများ တစ်နေ့တခြား တိုးတက်နေသကဲ့သို့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်းအကျင်းများလည်း အမြဲမပြတ် ရွေ့လျားပြောင်းလဲနေကြသည်ကို ကျင်းပခဲ့သော မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ မှတစ်ဆင့် လူငယ်မောင်မယ်များ သိရှိနားလည်ခဲ့ကြပြီး အဆိုပါလူငယ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များဖြင့် အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးပုံဖော်ထုဆစ်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

မြန်မာကိုကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် တစ်နည်းအားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ရောက်ရှိစေရန်အတွက် အားလုံးဆောင်ရွက်ကြရမည့် လုပ်ငန်းများမှာ ပမာဏကြီးမားကျယ်ပြန့်လှသည်။ လက်ရှိဆောင်ရွက်လုပ်ကိုင်နေကြသည်ထက် လေး၊ ငါး၊ ဆယ်ဆ ပို၍ ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြမည်ဆိုလျှင်ပင် နှစ်ပေါင်း ၂၀၊ ၃၀ စသည်ဖြင့် အချိန်ကာလတစ်ရပ်ကိုဖြတ်သန်းကာ ဇွဲလုံ့လဝီရိယအားတို့ဖြင့် မဆုတ်မနစ် အလုပ်လုပ်ကြရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရင်းအမြစ်ကောင်း၊ အလားအလာကောင်း၊ အခြေအနေကောင်းများ ပိုင်ဆိုင်ထားသလို စိန်ခေါ်မှုများစွာတို့ကလည်း တင်းကျမ်းပြည့်နှက်နေသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နှစ်စဉ်ဖြစ်နိုင်ခြေမြင့်မားသည့် သဘာဝဘေးအန္တရာယ်များ၊ မဖြစ်မနေမြှင့်တင်ရန်လိုအပ်နေသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာနိမ့်ကျနေမှုများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြီးကြီးမားမားအန္တရာယ်ပြုနိုင်သည့် အဂတိလိုက်စားမှုများ၊ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများ စသည်တို့မှာ နိုင်ငံသူနိုင်ငံသားတို့၏ ပြည်တွင်းအားဖြင့် စုပေါင်းဖြေရှင်းကြရမည့် လုပ်ငန်းတာဝန်များပင်ဖြစ်သည်။ မျက်မှောက်ကာလ၏ ကမ္ဘာ့နိုင်ငံရေးနောက်ခံမြင်ကွင်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာနှင့် လွန်စွာကွာခြားသွားခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ အုပ်စုနှစ်စု-ဝင်ရိုးနှစ်ခု ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သည့်ကာလ၊ ယင်းနောက်အနိုင်ရသည့်အုပ်စုက ကမ္ဘာ့ရေးရာများတွင် တစ်ဖက်သတ်လွှမ်းမိုးခဲ့သည့် ဝင်ရိုးတစ်ခု ဝါ ဧကဝင်ရိုးကမ္ဘာ ကာလနှင့် မကြာသေးမီက ကမ္ဘာတစ်ခွင်စတင်ပြောင်းလဲခဲ့ပြီဖြစ်သော ဝင်ရိုးစုံကမ္ဘာခေါ် ဗဟုဝင်ရိုးကမ္ဘာကာလတို့ကို တွေ့မြင်ကြရသည်။ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏နောက်လိုက်နောက်ပါ နိုင်ငံတစ်ခုတို့က လွှမ်းမိုးကြီးစိုးမှုနေရာတွင် အင်အားတောင့်တင်းလာပြီး ဩဇာသက်ရောက်မှုရှိလာသည့် နိုင်ငံများဒေသဆိုင်ရာအဖွဲ့အစည်းများက အစားထိုးဝင်ရောက်လာပြီဖြစ်သည်။ ဗဟုဝင်ရိုးကမ္ဘာတွင် ကမ္ဘာ့အချက်အချာသည် အာရှသို့ရွေ့လျားလာပြီး ကမ္ဘာ့အစီအစဉ်သစ်၏ အရေးပါသော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့၏ကြားတွင် မြန်မာနိုင်ငံက နယ်နိမိတ်ထိစပ်တည်ရှိနေခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်သည့် ရေပိုင်နက်ရှိခြင်း စသည်တို့မှာ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့အပေါ် ကြီးမားသည့် သက်ရောက်မှုများဖြစ်ပေါ်စေနိုင်သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများမှ အခွင့်အလမ်းများ ရှာဖွေရယူကာ အနာဂတ်နိုင်ငံတော်ကို ကောင်းစွာတည်ဆောက်နိုင်ရန်အတွက် အနာဂတ်ကိုပိုင်စိုးသည့် လူငယ်များအား အရည်အချင်းမြင့်မားစေရမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေကို မှန်ကန်စွာနားလည်သဘောပေါက်နိုင်ရန် လိုအပ်သကဲ့သို့ ပြောင်းလဲလာသည့် ဗဟုဝင်ရိုးကမ္ဘာနှင့် စပ်လျဉ်း၍လည်း ကျယ်ကျယ်ပြန့်ပြန့်၊ ခြေခြေမြစ်မြစ် သိရှိနိုင်ကြရန်လိုသည်။ မြန်မာနှင့်ကမ္ဘာကို ကောင်းစွာသိရှိနားလည်ခြင်းမှတစ်ဆင့် နိုင်ငံ့အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်သည်များကို မှန်ကန်စွာ သိရှိနားလည်လာကြမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်ရှိလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူငယ်များဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သောအင်အားစုများပင်ဖြစ်သည်။ အနာဂတ်အတွက် နိုင်ငံ့အင်အားလူငယ်များကို အရည်အသွေးမြှင့်တင်ပြုစုပျိုးထောင်ကာ လူစွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် နိုင်ငံတည်ဆောက်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်စေခြင်းဖြင့် အနာဂတ်နိုင်ငံတော်တွင် ပခုံးပြောင်းတာဝန်ပေးအပ်ကြရပါမည့်အကြောင်း။ ။

အစဉ်အလာဓလေ့ထုံးတမ်းများနှင့် မိမိဘာသာကြံဆထားသော ဆင်ခြင်တုံတရားတို့ကို အထပ်ထပ်ကာရံ၍ လူကြီးများကမှေးစက်နေကြချိန်တွင် လူငယ်များက ကမ္ဘာကြီးကိုပြောင်းလဲလာခဲ့ကြသည်မှာ ခေတ်အဆက်ဆက်ကပင်ဖြစ်သည်။ လူတိုင်းလူငယ်ဘဝကို ဖြတ်သန်းပြီးမှ ကြီးပြင်းကြရခြင်းဖြစ်သော်လည်း အချို့က သာမန်၊ အချို့မူ သာမန်အထက်၊ အချို့သည်ကား ထူးခြားလှစွာ ဖြတ်သန်းခဲ့ကြခြင်းဖြစ်သည်။ သေချာသည့်အချက်မှာ လူငယ်တို့၏ ငယ်ဘဝအိပ်မက်များကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာကြီးတွင် မြင်ကွင်းအသစ်များ ထွက်ပေါ်လာရခြင်းပင်ဖြစ်သည်။
သောမတ်စ်အက်ဒီဆင် တီထွင်ခဲ့သော လျှပ်စစ်မီးလုံးကြောင့် ကမ္ဘာကြီး၏ အမှောင်ညများ ထွန်းလင်းတောက်ပခဲ့ရသည်။ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်က တယ်လီဖုန်းကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ရပ်ဝေးကလူအချင်းချင်း စကားပြောနိုင်ခဲ့ကြသည်။ ရိုက်ညီနောင်တို့၏ ကောင်းကင်ပေါ်တွင် ပျံသန်းလိုသော ငယ်ဘဝစိတ်ကူးအိပ်မက်များကိုအစပြု၍ လေယာဉ်ပျံပေါ်လာသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကာလ ဘီစီ ၆ ရာစုက မင်းပျိုမင်းလွင်ဘဝတွင် ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ သစ္စာတရားကို ရှာဖွေခဲ့သည့် သိဒ္ဓတ္ထဂေါတမ မင်းသား၊ လူငယ်ဘဝတစ်လျှောက်လုံး နိုင်ငံနှင့်လူမျိုး လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ပြီး အသက်စွန့်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းစသည် စသည်ဖြင့် ငယ်ရွယ်နုပျိုခြင်း၏ စွမ်းပကားတို့မှာစာဖွဲ့၍ ကုန်နိုင်ဖွယ်ပင်မရှိလောက်အောင်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှာ လူငယ်များဖြစ်ပြီး လူငယ်ထုအင်အားများခြင်းနှင့်အတူ လုပ်သားအင်အားများပြားသည့် အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ခေါင်းဆောင်များလည်း ပါဝင်လျက်ရှိသည်။
သို့ဖြစ်ရာ လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပြီး အဖိုးတန်လူသားအရင်းအမြစ်များအဖြစ် မြှင့်တင်နိုင်မှသာ အနာဂတ်နိုင်ငံတော်ကိုလည်း ၎င်းတို့က မြင့်မြင့်မားမားတည်ဆောက်နိုင်ကြမည်ဖြစ်သည်။ လူငယ်အင်အားစုများအနက်မှ စိတ်ဓာတ်နှင့်အတွေးအခေါ်မြင့်မားသူ၊ မှန်ကန်သူများ၊ စွမ်းရည်ပြည့်စုံထက်မြက်သူများ၊ ရိုးသားဖြောင့်မတ်သူများဖြင့်သာ နိုင်ငံကိုကောင်းမွန်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်ရာ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရန်လိုသည်။
မျိုးဆက်သစ်မြန်မာလူငယ်များ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့် ပတ်သက်သည့် အခြေခံဗဟုသုတများရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းများမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန်၊ လူငယ်များ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ရက်ကို ဖန်တီးပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် ‘‘မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar: Youth Strategy Forum-2025)” ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ပြည်ပပညာရှင်များပါ တက်ရောက်ဆွေးနွေးကြမည့် အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်များလည်း တက်ရောက်ပါဝင် ဆွေးနွေးကြမည်ဖြစ်ပြီး ဖိုရမ်နောက်ဆုံးရက်တွင် လူငယ်များ၏ ဆွေးနွေးပွဲရလဒ်များကို ကြေညာချက်စာတမ်းတစ်ရပ် ထုတ်ပြန်သွားမည်ဟု သိရသည်။ နိုင်ငံ့အနာဂတ်ကို တာဝန်ယူကြရမည့် ထူးချွန်ထက်မြက်သော လူငယ်များ၏ စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များက အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို တင့်တင့်တယ်တယ်၊ ခမ်းခမ်းနားနား တည်ဆောက်ဖန်တီးနိုင်ကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။