လူသားတိုင်းတွင် နောက်ဆုံးဖြစ်ချင်ကြသည့်ဆန္ဒလေးတစ်ခုရှိသည်။ ဤသည်ကား အသက်အရွယ်အိုမင်းလာချိန်တွင် ဘဝကိုအေးအေးချမ်းချမ်းဖြင့် အဆုံးသတ်လိုခြင်းပင်ဖြစ်၏။ စာရေးသူတို့ မြန်မာ့လူမှုနယ်ပယ်တွင် အိုဇာတာဟုသုံးနှုန်းတတ်ကြစမြဲပင်။ ဆိုရလျှင် လူသားတိုင်း အိုဇာတာကောင်းချင်ကြသည်ဟု အားလုံးကိုယ်စား စာရေးသူဖြေပေးရလိမ့်မည်။ အိုဇာတာကောင်းလိုလျှင် စာဖတ်သူအားလုံးမဖြစ်မနေ လုပ်ရမည်မှာ တစ်ချက်တော့ရှိသည်။ ဤသည်ကား ပညာရေးကို အားပေးခြင်းပင်။ အားမပေးမိခဲ့လျှင်မည်သို့ဖြစ်နိုင်ပါသနည်း။
“အိုဇာတာကောင်းဖို့ မသေချာပါဘူး” ဟုလည်း အဖြေတစ်ခုကား အသင့်ရှိနေပါသေးသည်။
နိုင်ငံများ၏ အသက်အရွယ်အလိုက် ရပ်တည် လည်ပတ်နေမှုများကို ပြန်လည်ဆန်းစစ်ကြည့်ကြမည်။ နိုင်ငံတိုင်းတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံဖြင့်လည်ပတ်နေကြ၏။ အသက် ၅ နှစ်မှ ၂၂နှစ်ထိအရွယ်များသည် ပညာသင်ယူကြဆဲအရွယ်များဖြစ်သည်။ အသက် ၂၃နှစ်နှင့် ၂၅ နှစ်အရွယ်များသည် ကဏ္ဍစုံတွင် အလုပ်သင်သဘောဖြင့် လုပ်ငန်းခွင်စတင်ဝင်ရောက်ကြသည့် အရွယ် များဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍစုံလည်ပတ်ရေး ယန္တရားတွင် အဓိကစွမ်းဆောင်နေသည့် ဇာတ်လိုက်များသဖွယ် ရုန်းကန်ကြိုးစားနေသည့် အရွယ်များမှာ အသက် ၃၀ မှ ၄၀ကျော်အရွယ်များဖြစ်၏။ အသက် ၅၀ မှ ၆၀ ထိအရွယ်များသည် ဦးစီးဦးဆောင်အဖြစ် ထိန်းမတ်ပေးသူများအဖြစ်နှင့်သာရှိတော့သည်။
ယနေ့ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ပျမ်းမျှသက်တမ်းအရဆိုလျှင် အသက် ၆၀ မှ ၇၀ ကျော်အရွယ်များသည် ထိပ်ဆုံးမှဦးဆောင်ကြပ်မတ်နေသူ ခေါင်းဆောင်များအဖြစ်နှင့်သာ ရပ်တည်နေတော့သည်ကို ပျမ်းမျှတွေ့ရှိရမှာဖြစ်၏။ အိမ်တစ်အိမ်တွင်လည်း ထိုသဘောကိုတွေ့ရသည်။ နိုင်ငံတစ်နိုင်ငံတွင်လည်း ထိုသဘောကိုတွေ့ရသည်။ ဤအသက်အပိုင်းအခြားအုပ်စုကြီးသည် ယန္တရားကြီးသဖွယ် သင်္ခါရတရားနှင့်အညီ လည်ပတ်နေသည်ကိုတွေ့မြင်ကြရမည်ဖြစ်သည်။ နောက်ဆုံးအသက်အပိုင်းအခြားသည် လူ့သက်တမ်း၏ အိုဇာတာအချိန်ပင်ဖြစ်၏။
နောက်ဆုံးအသက်အပိုင်းအခြားအတွက် အိုဇာတာကောင်းလိုလျှင် ပညာသင်အရွယ်မှအစပြု၍ အသိပညာ၊ အတတ်ပညာဟူသော ပညာမွန်ကို ထည့်ပေးနိုင်ရမည်။ ဤသည်ကား မဖြစ်မနေလုပ်ဆောင်ရမည့် လက်တွေ့ကျသော ပေးအပ်နှင်းဆက်ခြင်းပင်ဖြစ်၏။ ထိုသို့သော ပညာမွန်ကို မပေးအပ်နိုင်လျှင် အသက်အပိုင်းအခြားအလိုက် မည်သို့မည်ပုံဖြစ်လာမည်နည်း။ တွေးဆကြည့်လျှင် ရင်လေးစရာအဖုံဖုံကို ဆက်စပ်တွေ့မြင်ရမှာဖြစ်သည်။
ရှေးခေတ်မြန်မာဘုရင်များလက်ထက်တွင် လူငယ်များ ပညာရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှတစ်ဆင့် ပညာသင်ကြားရေးကို စတင်ခဲ့ကြသည်။ အရွယ်ရောက်လာသူ မင်းညီမင်းသားများကို တက္ကသိလာဟူသည့် တက္ကသိုလ်များတွင် ပညာရပ်အသွယ်သွယ်ကိုသင်ကြားစေသည်။
တိုင်းပြည်အလိုက် မင်းညီမင်းသားများအနေဖြင့် တတ်မြောက်သင့်သောအဋ္ဌာရသများကို တတ်မြောက်စေပြီးလျှင် အိမ်ရှေ့စံအဖြစ်တင်မြှောက်ကြ၏။
နောင်အခါဝယ် တိုင်းပြည်အတွက် အားကိုးအားထားရသည့် ဘုရင်များအဖြစ် တင်မြှောက်ကြသည်။ ပညာဟူသောအရာကို ဘုန်းတော်ကြီးကျောင်းများမှ မစတင်မိခဲ့လျှင် တိုင်းပြည်အတွက် မင်းကောင်းမင်းမြတ်ပင် ဖြစ်မလာနိုင်သည်ဟူသောအချက်ကိုတွေ့မြင်ရမှာဖြစ်သည်။ ဤသည်ကား ရှေးခေတ်မှအစပြုခဲ့သည့် ပညာရေးပင်ဖြစ်၏။
စာရေးသူတို့နိုင်ငံ၏ ပညာရေးခရီးလမ်းကိုကြည့်လျှင် နိမ့်ကျခဲ့ရသည့်အခြေအနေများကို သမိုင်းအဆစ် အချိုးအကွေ့များတွင် တွေ့မြင်ခဲ့ရမည်ဖြစ်၏။ကိုလိုနီလက်အောက်ခံဘဝတွင် စာရေးသူတို့နိုင်ငံ၏ ပညာရေးများစွာနိမ့်ပါးခဲ့သည်။ မိမိနိုင်ငံ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဟူသေ
နိုင်ငံ၏နိဒါန်းအစတွင်လည်း ဖြစ်ပေါ်ခဲ့သော ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပညာရေးမှာအားနည်းချက်များဖြင့်သာရှိနေခဲ့ရသည်။ ပြည်တွင်းသောင်းကျန်းမှုသည် နိုင်ငံရေးအယူဝါဒ ကွဲပြားမှုကြောင့်ဟုဆိုရမည်။ နိုင်ငံရေးအယူဝါဒ မတူညီသည်ကားအပြစ်မဟုတ်။ အယူဝါဒမတူညီသည်ကို စွဲကိုင်၍ အတ္တကိုရှေ့တန်းတင်မိပြီး လက်နက်ကိုင်လမ်းစဉ်ကို ခြေစုံချမိခြင်းသာ အပြစ်ဖြစ်သည်ဟုဆိုရမည်။
ထိုသာဓကသည် ပညာရေးရေချိန်နိမ့်ပါးမှုကို ညွှန်းဆိုလေ၏။ တစ်နည်းဆိုသော် ကိုလိုနီခေတ်၏ ပညာရေးနိမ့်ကျမှုကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးဟုဆိုရပေမည်။
ခေတ်အလိုက် နိုင်ငံတော်အစိုးရများက နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင်ခဲ့ကြသည်။ နိုင်ငံရေးတည်ငြိမ်မှုကတစ်ဖက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကတစ်ဖက်၊ နိုင်ငံတော်စီးပွားရေး ကောင်းမွန်ရေးကတစ်ဖက်၊ ပြည်တွင်းသောင်းကျန်းမှုများကို
နှိမ်နင်းနေရသည်ကတစ်ဖက်နှင့် ပညာရည်မြင့်မားရေးကား မျှော်မှန်းသည်ထက် နောက်ကျခဲ့ရသည်။
အခြားသောပြည်ပနိုင်ငံများကား ပညာကိုအခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ကုန်ကျပြီ။ မိမိတို့မှာကြိုးစားဆဲသာဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအစိုးရခေတ်သို့ရောက်လာခဲ့သည်။ အခမဲ့မသင်မနေရပညာရေး စနစ်ကိုကျင့်သုံးခဲ့သည်။ အတိတ်သမိုင်းများကို သင်ခန်းစာယူပြီး ပညာရေးကဏ္ဍကို ဦးတည်ချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော် ပြည်တွင်းသောင်းကျန်းမှုများကား မဆိတ်သုဉ်းသေး။ တိုင်းရင်းသားလူငယ်အချို့ ကွန်ပျူတာကိုင်ပြီး ပညာသင်၊ လုပ်ငန်းခွင်ဝင်နေရမည့်အရွယ်တွင် သေနတ်ကိုင်ပြီး ထင်ရာစိုင်းနေကြသည်။ သို့သော် နိုင်ငံ၏ပညာရေး မျှော်မှန်းချက်မှာ ယခင်ကာလများထက် ပိုမိုတိုးတက်လာသည့် လက္ခဏာရပ်များကို တွေ့မြင်ခဲ့ရသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း NLD ပါတီ အစိုးရလက်ထက်တွင် အံ့အားသင့်စရာများကို တစ်ပွေ့တစ်ပိုက်တွေ့မြင်ခဲ့ရသည်။ နိုင်ငံရေးအယူဝါဒမတူညီခြင်းဟုခေါင်းစဉ်တပ်ကာ ပုဂ္ဂိုလ်တစ်ဦးအပေါ် အလွန်အမင်းကိုးကွယ်မိရာကတစ်ဆင့် စာသင်ကျောင်း၊ တက္ကသိုလ်များကို ကျောခိုင်းခဲ့သည့် ဆရာ၊ ဆရာမများကိုတွေ့လိုက်ရသည်။ တစ်တိုင်းတစ်ပြည်လုံး ကိုဗစ်-၁၉ ရောဂါကို အသက်လုတမျှခံစားနေရချိန်တွင် ကျန်းမာရေးကဏ္ဍကို ကျောခိုင်းခဲ့သည့်ဆရာဝန်များကို မျက်ဝါးထင်ထင်တွေ့မြင်ရပြန်သည်။ မိမိပညာထက် လူပုဂ္ဂိုလ်ကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ပုံများက ပညာဆိုသည်မှာ မည်သို့အဓိပ္ပာယ်နှင့်မျှ ပြည့်စုံမည်နည်းဆိုသည်ကို တွေးခေါ်ဆန်းစစ်စရာဖြစ်ခဲ့ရသည်။
အစိုးရယန္တရားရပ်တန့်ဖို့၊ လုပ်ငန်းခွင်များကို စွန့်ခွာဖို့၊ ကလေးငယ်တွေကို ကျောင်းမတက်ဖို့ စသည်ဖြင့်လှုံ့ဆော်ခဲ့ကြသည်။ ခေတ်စကားအရခေါ်ဆိုကြသည့် ပညာတတ်ဟူသော လူတန်းစားများကပါ ဤသို့လှုံ့ဆော်ခဲ့ကြ၏။ နဂိုပညာရည်နိမ့်ပါးခြင်း မီးကြွင်းမီးကျန်များကို ပညာတတ်များ၏ လှုံ့ဆော်မှုများက အားမြှင့်ပေးခဲ့သည်။ မီးကုန်ယမ်းကုန်လောင်မြိုက်ခဲ့ရသည်။ ဤသည်တွင် ပညာတတ်များဖျက်ဆီးသော တိုင်းပြည်သည် ပိုမိုပျက်စီးသည်ဟူသော စာတစ်ကြောင်းကို အဓိပ္ပာယ်ဖွင့်ဆိုပေးသလိုဖြစ်ခဲ့ရသည်။ နောက်ဆုံးအကျိုးရလဒ်မှာ ကျောင်းမသွားခိုင်းဘဲ လမ်းပေါ်ထွက် ဆန္ဒပြခိုင်းခဲ့သည့် လူငယ်များဒုက္ခအတိရောက်ခဲ့ကြရသည်။
ထို့ကြောင့် ပညာဟူသည်မှာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ခွဲခြားနိုင်ခြင်းသည်သာ ပညာအစစ်ဖြစ်သည်ဟု ခံယူထားကြရမည်။ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များကို မွေးထုတ်အားပေးနိုင်ရမည်။ ဆိုရလျှင် အတန်းပညာမှ အတတ်ပညာ၊ အသိပညာသို့ ချောမွေ့စွာကူးပြောင်း ပေးနိုင်ရမည်ဖြစ်သည်။ အတန်းပညာမရှိခဲ့သူ၏ နေထိုင်မှုစရိုက်လက္ခဏာနှင့် အတန်းပညာရှိသူ၏ နေထိုင်မှုစရိုက်လက္ခဏာ ကွာခြားမှုရှိသည်။ အတန်းပညာ၊ အတတ်ပညာမရှိသူ၏ ဆင်ခြင်တွေးခေါ်ဆုံးဖြတ်မှုနှင့် အတန်းပညာ၊ အတတ် ပညာ၊ အသိပညာရှိသူ၏ ဆင်ခြင်တွေးခေါ်ဆုံးဖြတ်မှုတို့သည်လည်း ကွာခြားနေပါသေးသည်။
လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိသည်။ အတန်းပညာအတွက် စာသင်ကျောင်းများ၊ တက္ကသိုလ်များ အဆင့်မြှင့်တင်ခြင်း၊ သင်ရိုးများမွမ်းမံခြင်း၊ သင်ကြားသူဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးများမြင့်မားစေခြင်းတို့ကို စဉ်ဆက်မပြတ်အားပေး ဆောင်ရွက်လျက်ရှိသည်။ သင်ကြားသူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်ခံယူချက်မြင့်မားစေရေးအတွက် အားကစားကဏ္ဍ၊ လူငယ်ကဏ္ဍကဲ့သို့သော အစီအမံများဖြင့် စနစ်တကျ ဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဘဝလမ်းတစ်ဆစ်ချိုး၌ အကြောင်းတစ်စုံတစ်ရာကြောင့် အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သူများအတွက် အတတ်ပညာသင်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်ပေးထားသည်။ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှု အထက်တန်းကျောင်းများ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များသည် သက်သေပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဤကဏ္ဍကို နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ယင်းလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို ဒေသထွက် ကုန်ထုတ်လုပ်ငန်းများအဖြစ် ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများဟူ၍ အဆင့်ဆင့်မျှော်မှန်း ဆောင်ရွက်ထားသည်ကို တွေ့မြင်ရမည်ဖြစ်၏။ အစိုးရက လမ်းခင်းပေးထားသည်။ ပြည်သူများက လျှောက်လှမ်းနိုင်ဖို့သာလိုပါသည်။ တစ်နေ့အိုဇာတာအချိန်အတွက် မိတ်ဆွေတို့ပညာကိုမည်သို့အသုံးချမည်နည်း။ အပျက်တရားများနှင့် ပကတိအဖြစ်တရားများကြားတွင် ဆက်စပ်တွေးခေါ်နိုင်ကြဖို့ အရေးကြီးလေပြီ။
လယ်ဝေးမြို့နယ် သစ်ကြိမ်းဟူသော ရွာလေးတစ်ရွာသို့ရောက်သွားခဲ့သည်။ ရွာကားအိမ်ခြေ ၅၀၀ နီးပါးခန့်ရှိမည်ထင်သည်။ အလယ်တန်းကျောင်းခွဲတစ်ကျောင်းရှိ၏။ ကြံစိုက်၊ ပဲစိုက်လုပ်ငန်းများဖြင့် အဓိကအသက်မွေးကြသည်။ ရွာလေးမှာ ရေနီမြို့နှင့်မိုင်အနည်းငယ်ကွာဝေး၏။ ရွာရှိကျောင်းမှာ ကိုးတန်းအထိရှိသည်။ ထိုအထိကားပြဿနာမဟုတ်။ ပြဿနာကား ကိုးတန်းပြီးလျှင် ကျောင်းပြီးပြီဟုဆိုရိုးက ဆန်းလှသည်။ အထက်တန်းပညာအတွက် သူတို့ရွာတွင်သင်မရ၊ ရေနီမြို့သို့ကျောင်း သွားတက်ရသည်။ ရေနီမြို့အထက်တန်းကျောင်းတွင် ပညာဆက်သင်ရန်သူတို့ အသက်မွေးဝမ်းကျောင်းဝင်ငွေနှင့် လူတိုင်းမလောက်ငကြ။ အဆောင်စရိတ်၊စားစရိတ်၊ အသုံးစရိတ်အားလုံးကို တစ်နှစ်စာသူတို့တွက်ပြသည်။ ဟုတ်တော့လည်းဟုတ်သည်။ သူတို့မစွမ်းသာကြ။ တတ်နိုင်သူများက ရေနီမြို့တွင်ဆက်ထားကြသည်။ ပညာဆုံးခန်းတိုင်သူတွေ အနည်းအကျဉ်းရှိသည်။ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိဘများကွယ်ရာမို့ ပညာရေးထက်အချစ်ရေးကို ဦးစားပေးပြီး အိမ်ထောင်ကျကုန်ကျသည်။ မိဘများဝမ်းနည်းပက်လက်ဖြစ်ကုန်ကြရပြန်သည်။
ကိုးတန်းပြီးကျောင်းပြီးပြီဆိုသော ရွာတွင်ကျန်ခဲ့သည့်လူငယ်များကပိုဆိုးသည်။ အများစုမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျကုန်ကြသည်။ စာရေးသူနေသခိုက် မင်္ဂလာပွဲတစ်ပွဲနှင့်ကြုံသည်။
မဏ္ဍပ်ဆောက်သည့်နေရာတွင် ဆိုင်ကယ်တဝီဝီ၊ ဖုန်းတစ်ကိုင်ကိုင်ဖြင့် ကောင်လေးနှင့်ကောင်မလေးကို သတို့သားဖခင်က သတို့သားနှင့်သတို့သမီးဟု လက်ညှိုးထိုးပြသည်။ ရင်လေးစွာဖြင့် တည်းခိုရာ ကျေးရွာလူကြီးအိမ်သို့ပြန်ခဲ့သည်။
“ခက်တာပဲဆရာရေ ဘယ်လိုလုပ်ပြီး ရွာလူကြီးကခွင့်ပြုချက်ပေးလို့ရမှာလဲ၊ သတို့သား၊ သတို့သမီးက အသက်ကမပြည့်သေးဘူးဗျာ” ဟု ကျေးရွာလူကြီး၏ လေးလေးပင်ပင်ငြီးသံကြီးကို အထင်းသားကြားလိုက်ရသည်။ အခြားသောအိမ်များတွင်လည်း သားသမီးများက ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျပြီး မိဘများထံပြန်မှီခိုကြသည့်စုံတွဲများကိုလည်း အများအပြားတွေ့ခဲ့ရသည်။ လက်လုပ်လက်စားမိဘများမို့ ချူချူပါအောင်ငြီးကြပြန်သည်။ ပညာရေးနိမ့်ကျမှုများကတစ်ဆင့် ဥပဒေရေးရာ၊ လူမှုဘဝများထိ ထိခိုက်ပွန်းပဲ့ကုန်သည်ကိုတွေ့မြင်ခဲ့ရသည်။ ဤမျှမက ကဏ္ဍစုံထိ စွန်းထင်းပွန်းပဲ့နိုင်သေး၏။ ထို့ကြောင့် သူတို့လည်း အိုဇာတာမကောင်းကြပါဟုသာ ကောက်ချက်ချမိ၏။ စာရေးသူလည်း မိဘတစ်ဦးပေမို့ သူတို့ဘဝအထွေထွေကို စိုးရိမ်တကြီးဖြင့် သင်ခန်းစာအမိအရ ယူခဲ့မိပါသည်။ နိုင်ငံတွင် ဤသို့သော ရွာမျိုးဘယ်နှရွာပင်ရှိနေမည်နည်း။ နိုင်ငံတစ်နိုင်ငံအတွက် Strong Government တစ်ရပ်၏ တာဝန်များကို တွေးမြင်မိသေးသည်။ ဤသည်ကား စာရေးသူ၏ တဒင်္ဂအတွေးပျံ့လွင့်မိခြင်းသာ။
ယနေ့လူငယ်မျိုးဆက်သစ်များကို အသိပညာ၊အတတ်ပညာဟူသော မြတ်ပညာမွန်ပေးစွမ်းနိုင်မှသာ ယနေ့နိုင်ငံ့တာဝန်၊ အိမ်ထောင့်တာဝန်၊ ကဏ္ဍအသွယ်သွယ်ရဲ့တာဝန်တွေကို အဓိကပခုံးထမ်းယူထားသော မျိုးဆက်များမှာ အိုဇာတာကောင်းချိန်ကို စံစားရမည်သာဖြစ်သည်။ ပညာသင်အရွယ်၊ လုပ်ငန်းခွင်ဝင်စအရွယ်၊ လုပ်ငန်းခွင်အဓိကလည်ပတ်နိုင်ရေး ဇာတ်လိုက်သဖွယ် မျိုးဆက်သစ်များအရွယ်များကြား၌ ပညာဟူသောအမွေကို မပြတ်ပေးစွမ်းနိုင်ဖို့လိုအပ်နေပါပြီ။ ထိုမှသာ မိမိတို့အရွယ်အလိုက် အိုဇာတာကောင်းချိန်နှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုများဖြင့် နုပျိုချိန်များကား တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာမည်ဟု အသိထုံးကိုစာစီမှုန်း၍ ခြယ်သလိုက်ရပါတော့သည်။ ။
MWD

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ၇ ရက်အထိ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ စာတမ်းရှင်များက စာတမ်းဖတ်ကြား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့သည် ယင်းအချိန်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် မီးရှူးတန်ဆောင်အဖြစ် သုတေသနညီလာခံကြီးများကျင်းပလာခဲ့သည်မှာ ယခုအချိန်တွင် (၂၅) ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်သည်။
ငွေရတုညီလာခံအား “လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေး” ဟူသည့် ဦးတည်ချက်နှင့် ကျင်းပဆောင်ရွက်ခဲ့သည်။ ယခုနှစ်ညီလာခံတွင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသနစာတမ်းပေါင်း ၃၁၂ စောင်နှင့် နိုင်ငံခြားစာတမ်း ၁၅ စောင်ဖတ်ကြားခဲ့ရာ ပညာရေးတက္ကသိုလ်တို့မှ ပညာရေးဘာသာရပ်များဖြစ်သော သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်း၊ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှုနှင့် ပညာရေးစိတ်ပညာဘာသာတို့မှ စာတမ်းပေါင်း ၈၅ စောင်ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ယင်းစာတမ်းများတွင် ကာယပညာနှင့် ကျောင်းကျန်းမာရေးဘာသာရပ်မှ ကာယပညာဖြင့် ဆရာဖြစ်လာမည့် ကျောင်းသားဆရာများ၏ ကာယပညာစာပေအပေါ် လေ့လာခြင်းစာတမ်းတစ်စောင်၊ ကျောင်းကျန်းမာရေးဖြင့် အခြေခံပညာကျောင်းများ၏ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုအပေါ် လေ့လာခြင်းစာတမ်းတစ်စောင်တို့ ဖတ်ကြားဆွေးနွေးခဲ့ကြသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နေပြည်တော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အခြေခံကျောင်းများအတွက် ကာယနည်းပြများ လိုအပ်သောကြောင့် ကာယပညာနည်းပြများ လေ့ကျင့်ခန့်အပ်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်းများတွင် မုန့်များရောင်းချရာ၌ သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာများကိုသာ ရောင်းချစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း” လမ်းညွှန်ပြောကြားခဲ့သည်။
ထို့ကြောင့် ကာယပညာနှင့်ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ အဆိုပါသုတေသန စာတမ်းနှစ်စောင်သည် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပညာရေးကဏ္ဍအား အထူးအလေးပေး ဆောင်ရွက်နေသည့်အားလျော်စွာ အနာဂတ်ခေါင်းဆောင်လူငယ်များအား ပြုစုပျိုးထောင်သည့် ဆရာများမွေးထုတ်ပေးနေသော ပညာရေးတက္ကသိုလ်များ၏ ပညာရေးဘာသာရပ် သုတေသနစာတမ်းများသည် အားရဖွယ်ကောင်းလှသည်။
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်သည်။ သုတေသနဆောင်ရွက်မှုများမှ တစ်ဆင့် ကိုယ်တိုင်လေ့လာသင်ယူနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာမည်ဖြစ်သည်။ ထို့ပြင် သုတေသနများမှရရှိလာသည့် ရှာဖွေဖော်ထုတ်တွေ့ရှိမှု အသစ်၊ နည်းပညာအသစ်များအား ပညာရေးတွင်လက်တွေ့အသုံးချပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရသော အရည်အသွေးရှိ ဆရာကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
မြန်မာ့ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ခေတ်မီသော သင်ကြားသင်ယူမှုစနစ်တစ်ခု တည်ဆောက်ရန်အတွက် သုတေသနပြုလုပ်ခြင်းနှင့် ၎င်း၏ရလဒ်များကို လက်တွေ့အသုံးချခြင်းနှင့်ပတ်သက်၍ ဖွင့်ပွဲအခမ်းအနား၌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်
ကြသည်ကိုတွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် “ယခု (၂၅) ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်မှပေါ်ထွက်လာမည့် အထောက်အထားအခြေပြု သုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ဒေသအလိုက် အကျိုးဖြစ်ထွန်းစေမည့်မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
သုတေသနလုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ရှေးဦးရလဒ်ကိုအခြေပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် သုတေသနဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင်မည်ဖြစ်သည်။ သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှုအသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည်ဖြစ်သည်။
ပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲရာတွင် ခိုင်လုံသော အထောက်အထားမပါဘဲ ဆောင်ရွက်ခြင်းသည် မှားယွင်းသောဆုံးဖြတ်ချက်များဆီသို့ ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့် မြန်မာ့ပညာရေးလောကတွင် သုတေသနလုပ်ငန်းများသည် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အမှန်တကယ်ဖြစ်ပျက်နေသော ပြဿနာများကို ပညာရေးသုတေသနပြုလုပ်ရှာဖွေနိုင်ခြင်းဖြင့် စာသင်ခန်းအတွင်းရှိ ကလေးများ၏သင်ယူမှု အခက်အခဲများ၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုဆိုင်ရာ အခြေအနေအရပ်ရပ်အား သုတေသနပြုခြင်းဖြင့်သာ အတိအကျသိရှိနိုင်မည်ဖြစ်သည်။
အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်းများ ပေါ်ထွက်လာစေရန် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး မြန်မာ့ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် သင်ရိုးများဖြစ်လာစေရန် သုတေသန အချက်အလက်များက အထောက်အကူပြုသည်။ ပညာရေးမူဝါဒများချမှတ်ရာတွင် တိကျခြင်းနှင့် ပညာရေးဆိုင်ရာမူဝါဒများကို ခန့်မှန်းချက်များဖြင့် မဆုံးဖြတ်ဘဲ သုတေသနရလဒ်များအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်းဖြင့် ပိုမိုထိရောက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်သည်။
သုတေသနရလဒ်များအား သုတေသနပြုလုပ်ရုံသာမက ၎င်းမှထွက်ပေါ်လာသော အကြံပြုချက်များကိုလည်း လက်တွေ့အသုံးချသုတေသနအဖြစ် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏စာသင်ခန်းအတွင်း ကြုံတွေ့ရသောပြဿနာများကို ကိုယ်တိုင်သုတေသနပြုပြီး ရရှိလာသောရလဒ်များဖြင့် သင်ကြားမှုနည်းစနစ်ကို ချက်ချင်းပြုပြင်ပြောင်းလဲနိုင်သည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) ကဲ့သို့သော စီမံကိန်းများတွင် သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဘတ်ဂျက်ခွဲဝေခြင်းနှင့် ဦးစားပေးလုပ်ငန်းများသတ်မှတ်နိုင်ပြီး သုတေသနပြုချက်များအရ လိုအပ်နေသော သင်ကြားမှုစွမ်းရည်များကို ဆရာအတတ်ပညာမြှင့်တင်ရေး အဖြစ် ဆရာဖြစ်သင်တန်းများတွင် အဓိကထား သင်ကြားပေးနိုင်သည်။
အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်း အဆင့်မြင့်မားမှု၊ အရည်အသွေးပြည့်မီမှုတို့ကို ရှေးရှုလျက် နိုင်ငံတကာအဆင့်မီသော သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် တွန်းအားပေးသည့်အနေဖြင့် စာတမ်းများတင်ပြ ဆွေးနွေး၍ အကောင်းဆုံးသုတေသနစာတမ်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးသုတေသနညီလာခံမှ ဘာသာရပ်အလိုက် အဆင့်မီသောသုတေသနစာတမ်းများကို စုစည်းတည်းဖြတ်၍ ဂျာနယ်များထုတ်ဝေဖြန့်ချိခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားလာစေရန်အတွက် သုတေသနယဉ်ကျေးမှု (Research Culture) ကိုမြှင့်တင်ရမည်ဖြစ်ပြီး သုတေသန ရလဒ်များကို စနစ်တကျအသုံးချခြင်းဖြင့်သာ ကျောင်းသားဗဟိုပြု သင်ယူမှုနှင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄) ရပ်အနက် တတိယအချက်ဖြစ်သော နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်၌ နေပြည်တော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် “အခြေခံကျောင်းများအတွက် ကာယနည်းပြများလိုအပ်သောကြောင့် ကာယပညာနည်းပြများ လေ့ကျင့်ခန့်အပ်သွားရန် လိုကြောင်း”လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ် KG+12 သင်ရိုးညွှန်းတမ်းတွင် ကာယပညာဘာသာရပ်ကို ယခင်က တွဲဖက်ဝင်သင်ရိုးအဖြစ်သာထည့်သွင်းခဲ့ရာမှ ယနေ့သင်ရိုးသစ် စာသင်ချိန်များတွင် မသင်မနေရ ဘာသာရပ်အဖြစ်သင်ကြားပါရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများဖြစ်စေရန် ကာယပညာဘာသာရပ်သည် မရှိမဖြစ်လိုအပ်သည်။
ယနေ့ခေတ်တွင် ကာယပညာနှင့် အားကစားသည် ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကာယပညာသည် ပညာရေးတစ်ခုလုံး၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ လှုပ်ရှားမှုစွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှု စွမ်းရည်၊ လူမှုဆက်ဆံရေးစွမ်းရည်၊ ဆင်ခြင်တုံတရား၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ဆောင်ချက်များ၊ ကျန်းမာသော လူနေမှုပုံစံစသည့်ကဏ္ဍများနှင့် သန့်ရှင်းသော ပတ်ဝန်းကျင်ကိုမိတ်ဆက်ရန်အတွက် ရည်ရွယ်သည်။ အမျိုးသားပညာရေး ရည်မှန်းချက် အောင်မြင်စေရန်အတွက် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းတို့ကို ကျန်းမာရေးအတွက် စနစ်တကျရွေးချယ် လုပ်ဆောင်ရမည်ဖြစ်သည်။
ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းအတွက် ကာယပညာသည် အကျိုးကျေးဇူးများစွာရှိသည်။ ကျောင်းအသိုက်အဝန်းအတွင်း၊ ကာယပညာအစီအစဉ်များကိုသင့်လျော်စွာအကောင်အထည်ဖော်ပြီးအသုံးချပါက လူ့အဖွဲ့အစည်းကို နည်းလမ်းများစွာဖြင့် အကျိုးပြုစေနိုင်သည်။ ကာယပညာသည် ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သည့် နယ်ပယ်များစွာရှိပြီး အရှိန်၊ သွက်လက်မှု၊ တုံ့ပြန်မှုအချိန်၊ ဟန်ချက်ညီမှု၊ ညှိနှိုင်းမှုနှင့်အခြေခံလှုပ်ရှားမှုပုံစံများကဲ့သို့သော ကျွမ်းကျင်မှုဆိုင်ရာ အစိတ်အပိုင်းများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်သည်။
ကာယပညာသည် ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းကို ခွန်အား၊ ခံနိုင်ရည်၊ ပြောင်းလွယ်ပြင်လွယ်နှင့်နှလုံးသွေးကြော/အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ်တွင် အထောက်အကူဖြစ်စေသည်။
(၂၁) ရာစုတွင် ကိုယ်လက်လှုပ်ရှားမှု၏ အရေးပါမှုကို ကျယ်ပြန့်စွာအသိအမှတ်ပြုခဲ့သည်။ ကာယလှုပ်ရှားမှုများသည် ကျန်းမာရေးအတွက် လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းမှုနှင့် ကျန်းမာသောလူနေမှုပုံစံ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကာယလှုပ်ရှားမှုကို ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။
အရည်အသွေးပြည့်မီသော ကာယပညာအစီအစဉ်များသည် တစ်သက်တာလုံးနှင့် ကျန်းမာရေးအတွက်အကာအကွယ်ပေးသည့် အကျိုးကျေးဇူးများအပြင် နေ့စဉ်ဘဝ၏ ရုပ်ပိုင်းဆိုင်ရာ အဓိကအချက်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် အားလပ်ချိန်များကို အသုံးပြုခြင်းအတွက် ရွေးချယ်စရာများကိုပံ့ပိုးပေးသည်။ ကာယပညာသည် လုပ်ဆောင်စရာလောကကြီးတွင် အပြည့်အ၀ပါဝင်မှုနှင့် အပြုသဘောဆောင်သော နိုင်ငံသားဖြစ်မှုတို့အတွက် အဓိပ္ပာယ်ရှိသော နည်းလမ်းများဖြင့် ကလေးများကိုပံ့ပိုးပေးသည်။
ကာယပညာသည် ဘဝ၏နယ်ပယ်အားလုံးတွင် အောင်မြင်မှုအတွက် အခြေခံဖြစ်သော ကျန်းမာသောလူနေမှုပုံစံများနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကို မြှင့်တင်ပေးသည်။
ကာယပညာအစီအစဉ်များသည် ကြံ့ခိုင်မှုဆိုင်ရာဖြစ်ရပ်များကို တိုက်ရိုက်အကျိုးပြုသည်။ ရုပ်ပိုင်းဆိုင်ရာတက်ကြွသော နေထိုင်မှုပုံစံနှင့်နေထိုင်ရန်နည်းလမ်းကို ကလေးများသတိရှိစေရန်လည်း ကူညီပေးသည်။ ကျန်းမာပြီးရုပ်ပိုင်းဆိုင်ရာ တက်ကြွသော လူငယ်များသည် ပညာရပ်ဆိုင်ရာလှုံ့ဆော်မှု၊ အာရုံစူးစိုက်မှုနှင့် မျှော်လင့်ချက်များဖြစ်လာမည်ဖြစ်သည်။
ပညာရေးနှင့် အားကစားသည် အမျိုးမျိုးသော သင်ရိုးညွှန်းတမ်းအများစု အတွက်သာဖြစ်ပြီး ၎င်းသည် ကလေးများအား လှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်မှု၊ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုမြှင့်တင်ရန် အခွင့်အရေးပေးသည့် တစ်ခုတည်းသော အစီအစဉ်ဖြစ်သည်။ ပညာရေးသည် ကလေးများအား ကိုယ်ကာယလှုပ်ရှားမှုမှရရှိသော အကျိုးကျေးဇူးအားလုံးကို လုံခြုံစိတ်ချရသော၊ စိတ်ကျေနပ်မှုဖြစ်စေသော ကိုယ်လက်လှုပ်ရှားမှုများကို ၎င်းတို့၏ဘဝထဲသို့ ထည့်သွင်းနိုင်စေမည့် ကျွမ်းကျင်မှုနှင့်အသိပညာတို့ကြောင့် အခြားသူများနှင့် မည်ကဲ့သို့ဆက်ဆံရမည်ကို ပုံဖော်ပေးသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
ကာယပညာ၏ ရည်ရွယ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ လှုပ်ရှားသွားလာမှုဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဟူ၍ လေးမျိုးခွဲခြားနိုင်သည်။
ကိုယ်လက်လှုပ်ရှားမှုသည် အရေးကြီးပြီး ကလေးများနှင့်ဆယ်ကျော်သက်များအား တက်ကြွသောနေထိုင်မှုပုံစံဖြင့် နေထိုင်ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ဤအကျိုးကျေးဇူးများတွင် နှလုံးသွေးကြောဆိုင်ရာကြံ့ခိုင်မှုအဆင့်မြင့်မားခြင်း၊ ကြွက်သားများသန်မာခြင်း၊ အရိုးများသန်မာလာခြင်း၊ ခန္ဓာကိုယ်အဆီနည်းခြင်းဖြစ်နိုင်ခြေနှင့် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း၏လက္ခဏာများကို လျော့ကျစေခြင်းတို့ပါဝင်သည်။ အရွယ်ရောက်ပြီးသူအများစုသည် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးအကျိုးကျေးဇူးများကို ခံစားသိရှိကြပြီး သူတို့၏နေထိုင်မှုပုံစံနှင့်အညီ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ကြသည်။
“သမ္ပဇဉ်စိတ်သည် သမ္ပဇဉ်ခန္ဓာ၌ရှိ၏။”
လူတိုင်းကျန်းမာသောစိတ်ရှိရမည်၊ ကျန်းမာသောစိတ်ရှိရန် ကျန်းမာသောကိုယ်ခန္ဓာရှိရမည်ဖြစ်သည်။
ကျန်းမာသောလူများသည် ကျန်းမာသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်သည်။ ကာယပညာသည် မှန်ကန်သောဦးတည်ချက်နှင့် လိုအပ်သောလုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည့် အသိုက်အဝန်း၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်ကမ္ဘာတို့တွင်လည်း အဖွဲ့ဝင်များ၏ ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် ကျန်းမာရေး၏ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာများကို လွှမ်းခြုံထားသည့် ပညာရေးစနစ်သည် ကလေးများ၏ပတ်ဝန်းကျင်တွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မရှိမဖြစ်လိုအပ်လာကာ ကျန်းမာသောလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လမ်းခင်းပေးနိုင်မည်ဖြစ်သည်။
ကာယပညာသည် ပညာရေးလုပ်ငန်းစဉ်တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် သုခချမ်းသာကိုမြှင့်တင်ပေးနိုင်သည့်အတွက် ကလေးများ၏ လှုပ်ရှားကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူနေစဉ်တွင် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်နှင့် ယုံကြည်မှုကိုဖွံ့ဖြိုးစေသည်။ ကျောင်း၏သင်ရိုးညွှန်းတမ်းနှင့် ကျောင်းအစီအစဉ်များအတွက် မရှိမဖြစ်လိုအပ်သော ကာယပညာအစီအစဉ်သည် အခြားသင်ကြားရေးနယ်ပယ်များမှ အသိပညာများကို ကာယလှုပ်ရှားမှုများနှင့် လှုပ်ရှားကျွမ်းကျင်မှုဆိုင်ရာ နားလည်မှုတို့ကို ပေါင်းစပ်ပေးပြီး ကာယပညာသည် မိမိကိုယ်ကိုလေးစားမှုမြှင့်တင်ရန် မျှဝေထားသော သင်ရိုးညွှန်းတမ်း ပန်းတိုင်များအတွက် ထူးခြားသောပံ့ပိုးပေးမှုလည်းဖြစ်သည်။ မိမိကိုယ်ကိုဦးတည်ဆောင်ရွက်မှု၊ အပြုသဘောဆောင်သော လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်သော အပြုအမူများအပြင် ရုပ်ပိုင်းဆိုင်ရာ တက်ကြွပြီး ကြံ့ခိုင်သောကလေးများအဖြစ် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအဆင့်အတန်းတို့ကို မြှင့်တင်ပေးသောကြောင့် ကိုယ်ကာယလှုပ်ရှားမှုများသည် ကြံ့ခိုင်မှုနည်းသူများထက် ပျမ်းမျှအမှတ်ပိုများနိုင်သည်။
ကျောင်းများတွင် ကာယပညာသည် ကျောင်းသားများ၏ သက်ဆိုင်ရာကိုယ်လက်လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန်အတွက် ကျွမ်းကျင်မှု၊ အသိပညာနှင့်သိမြင်မှုဆိုင်ရာ ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်သည်။ ကာယပညာကို အသုံးချခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် တက်ကြွနေစေရန်နှင့် ၎င်းတို့၏ဘဝတစ်လျှောက်လုံး လှုပ်ရှားမှုများကို ထိန်းသိမ်းနိုင်စေရန်ဖြစ်သည်။ ကာယပညာဆိုင်ရာပညာရေးတွင် ကျောင်းသားများ၏ ပါဝင်မှုအခန်းကဏ္ဍသည် ကျောင်းသားများ၏ လှုပ်ရှားမှုကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးနှင့် သိမြင်မှုအဆင့်ကို တိုးမြှင့်ရာတွင် အလွန်အကျိုးရှိသည်။ ဤအားသာချက်သည် မိမိကိုယ်ကိုနှင့် ကျောင်းသားများ၏အမူအကျင့်များ ပြောင်းလဲခြင်းအတွက် ပံ့ပိုးပေးသည့် ကျန်းမာသောလူနေမှုပုံစံတွင်ပါဝင်ခြင်း၏ အရေးပါမှုကိုသတိပြုမိစေသည်။ ထို့ပြင် ကျောင်းသားများ၏ ကျွမ်းကျင်မှုကိုပံ့ပိုးရာတွင် ဆရာများ၏တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုများ လိုအပ်သည်။
ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်များ မြှင့်တင်ခြင်းသည် ပညာရေးတွင်အရေးကြီးသော ပန်းတိုင်တစ်ခုဖြစ်သည်။ ငယ်ရွယ်သော ကလေးများ၏ သဘာဝလှုပ်ရှားမှုများ အားလုံးသည် အားထုတ်မှုနှင့်လေ့ကျင့်မှုတို့ဖြင့် တဖြည်းဖြည်းပိုမို ရှင်းလင်းလာသည်။
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ ပစ်ခြင်း၊ ဖမ်းခြင်းနှင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီစေခြင်းစသည့် အခြေခံလှုပ်ရှားမှုများကို လွယ်ကူပြေပြစ်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက စနစ်တကျလမ်းညွှန်ပြသထားသော ကလေးများသည် ၎င်းတို့၏ ကြွက်သားများနှင့် အာရုံကြောစနစ်ကြားဆက်စပ်မှုကို တိုးတက်စေပြီး အထက်ဖော်ပြပါအခြေခံ လုပ်ဆောင်ချက်များကိုမကြာခဏလုပ်ဆောင်ခြင်းဖြင့် ကျွမ်းကျင်လာမည်ဖြစ်သည်။
ကာယပညာကိုလေ့လာသင်ယူခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ မလွဲဧကန်ရရှိမည်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတိုးတက်စေခြင်း-
ကာယပညာသည် ကလေးများ၏ ကြွက်သားကြံ့ခိုင်မှု၊ ပျော့ပျောင်းမှု၊ ကြွက်သားခံနိုင်ရည်၊ ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာခံနိုင်ရည်တို့ကို တိုးတက်စေသည်။
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ခြင်း- ကာယပညာသည် ကာယလှုပ်ရှားမှုများတွင် ဘေးကင်းသော၊ အောင်မြင်ပြီး စိတ်ကျေနပ်ဖွယ်ပါဝင်မှုကို ခွင့်ပြုပေးသော လှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတက်စေသည်။
ပုံမှန်ကျန်းမာသော ကိုယ်လက်လှုပ်ရှားနိုင်ခြင်း- ကာယပညာသည် ကလေးတိုင်းအတွက် ကောင်းမွန်သော ကိုယ်လက်လှုပ်ရှားမှုများကို ပံ့ပိုးပေးသည်။
အခြားဘာသာရပ်နယ်ပယ်များအား ပံ့ပိုးကူညီခြင်း- သင်ရိုးညွှန်းတမ်းအတွင်း သင်ယူခဲ့သော အသိပညာကို အားကောင်းစေသည်။
ပိုမိုကောင်းမွန်သော အကဲဖြတ်နိုင်ခြင်း- အရည်အသွေးရှိသောပညာရေးသည် စာရိတ္တဖွံ့ဖြိုးတိုးတက်မှုကိုသက်ရောက်စေနိုင်သည်။ ကျောင်းသားများသည် ခေါင်းဆောင်မှုခံယူရန်၊ အခြားသူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခွင့်အရေးရှိသည်။ လုပ်ဆောင်ချက်များနှင့် စည်းမျဉ်းများဆိုင်ရာ မေးခွန်းများမေးပြီး ၎င်း၏ကိုယ်ပိုင်အပြုအမူအတွက် တာဝန်ရှိကြောင်း လက်ခံနိုင်ရမည်။
စိတ်ဖိစီးမှုလျှော့ချနိုင်ခြင်း- ကိုယ်လက်လှုပ်ရှားမှုများသည်စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုများကို သက်သာစေပြီးစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနှင့် လိုက်လျော ညီထွေဖြစ်စေရန်အတွက် လွယ်ကူချောမွေ့စေသည်။
ခိုင်မာသောရွယ်တူချင်းဆက်ဆံရေး- ကာယပညာသည် များသောအားဖြင့် ကလေးများအား အခြားသူများနှင့် အောင်မြင်စွာပေါင်းစည်းနိုင်စေပြီး လူတို့အား အပြုသဘောဆောင်သော စွမ်းရည်များရရှိစေရန် ကူညီပေးသောအရေးကြီးသော စွမ်းအားတစ်ခုဖြစ်သည်။ အထူးသဖြင့် ကလေးဘဝနှောင်းပိုင်းနှင့် ဆယ်ကျော်သက်အရွယ်များတွင် အက၊ အားကစားနှင့် ဂိမ်းများတွင် ပါဝင်နိုင်သည့် စွမ်းအားရှိခြင်းသည် မွန်မြတ်သောယဉ်ကျေးမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
မိမိကိုယ်မိမိယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုမြှင့်တင်ခြင်း- ကာယပညာသည် ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်နှင့် စိတ်ကူးစိတ်သန်းများကို ကျွမ်းကျင်သောကလေးများအတွက် မိမိကိုယ်ကို တန်ဖိုးရှိစေမည့်နည်းလမ်းများကို ထည့်သွင်းပေးထားခြင်းဖြင့် ကလေးများအား ယုံကြည်မှုပိုမိုခိုင်မာလာစေပြီး အမှီအခိုကင်းစွာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။
သတ်မှတ်ထားသော ရည်မှန်းချက်များ- ကာယပညာသည် ကလေးများအား ကိုယ်ပိုင်အောင်မြင်နိုင်သော ပန်းတိုင်များအတွက် စနစ်တကျ ရုန်းကန်နိုင်စေသည်။
National Association of Sport and Physical Education နှင့် American Heart Association တို့သည် ကာယပညာတွင် ပါဝင်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ အောင်မြင်သည်ဟု ယုံကြည်ကြပြီး လူတစ်ဦး၏အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေကာ နာတာရှည်ရောဂါများစွာနှင့် ဆက်စပ်နေသော သိသာထင်ရှားသော ကျန်းမာရေးပြဿနာများ၏ အကောင်းဆုံးကာကွယ်မှုတစ်ခုဖြစ်သည် (ဥပမာ-အဝလွန်ခြင်း၊ သွေးပေါင်ချိန်မြင့်မားခြင်းနှင့် ကိုလက်စထရောများ) ဤကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အခြားကျောင်းသင်ဘာသာရပ်မရှိပါ။ ကျောင်းများသည် ကျွန်ုပ်တို့ ကလေးများ၏ ကျန်းမာရေးကို ယခုနှင့်အနာဂတ်တွင်အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုဖြစ်စေမည်ဆိုပါက ကာယပညာကို ကျောင်းများတွင်
သင်ကြားရမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသောဆရာများမှ သင်ကြားပေးမည်ဆိုပါက ကျန်းမာသောအမူအကျင့်များကို ကလေးများ အာရုံစိုက်နိုင်မည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုနှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာရေး၊KG+12 ပညာရေးစနစ်ကို စနစ်တကျအထောက်အကူဖြစ်စေရေးနှင့် အခြေခံပညာကျောင်းများတွင် လစ်လပ်နေသည့် အရည်အချင်းပြည့်မီသော ကာယပညာ ဆရာ၊ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရေးတို့အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။
ယနေ့ကျောင်းသားလူငယ်များသည်ပစ္စုပ္ပန်ကာလတွင်သာမက နောင်အနာဂတ်ကာလ၌တွင်ပါ နိုင်ငံတော်အတွက် အရေးပါသောအင်အားတစ်ရပ်ဖြစ်သည်။ ထို့ပြင် ကျောင်းသားလူငယ်များသည် တိုင်းပြည်ရှိ လူဦးရေတစ်ရပ်လုံးအနက် အချက်အချာအကျဆုံးနှင့် အရေးကြီးဆုံးအုပ်စုလည်းဖြစ်သည်။ ယင်းကျောင်းသားလူငယ်များအား နိုင်ငံတော်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာကြစေရန်အတွက် ကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးကြီးသည်။ ကျောင်းသား၊ ကျောင်းသူများအား အလုံးစုံကျန်းမာကြံ့ခိုင်စေရန်အတွက် အခြေခံပညာကျောင်းများ၏ ကာယပညာသင်ကြားမှုနှင့် လှုပ်ရှားမှုများတွင် ဆရာ၊ ဆရာမများ၏ ဦးဆောင်သင်ကြားမှုဖြင့်ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်နိုင်ကြစေရန် အတွက် “KG+12ပညာရေးစနစ်နှင့် ကာယပညာအခန်းကဏ္ဍ” ဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသည်။ ။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရေးစနစ်အားကောင်းမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပညာရေးစနစ်အားကောင်းမှုတို့၏ကွာဟမှုများအရ ပညာရေးစနစ်အားကောင်းမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသည်ဟု ပညာရေးသုတေသီများက လေ့လာသုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံတွင်အဓိကအားဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။
“ပညာ”ဟုဆိုရာ၌ အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်ပိုင်းရှိပေမည်။ “အသိပညာ”ဆိုသည်မှာ ပညာရှိသူ၊ အတွေ့အကြုံရှိသူများ ပြောဆိုဆုံးမစကားများမှလည်းကောင်း၊ စာအုပ်စာပေများမှလည်းကောင်း သိသင့်သိထိုက်သည့်အသိတရားများကိုရရှိခြင်းသည် အသိပညာပင်ဖြစ်ပေသည်။
“အတတ်ပညာ”ဆိုသည်မှာ လုပ်ငန်းတစ်ခုခု၊ ဘာသာရပ်တစ်ခုခုကိုအခြေပြု၍ အသက်မွေး ဝမ်းကျောင်းအဖြစ် မှီခိုရပ်တည်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်ခြင်းကို “အတတ်ပညာ”ဟုခေါ်ပေမည်။ သို့သော် အသိပညာကိုအခြေခံသည့် အတတ်ပညာသည် အသိပညာမရှိဘဲ အတတ်ပညာတစ်ခုတည်း တတ်နေသူနှင့်နှိုင်းယှဉ်ပါက သာလွန်ပိုကဲသည်။
သို့ပါ၍ ပညာနှင့်တူသောအလင်းရောင်မရှိ၊ ပညာသာလျှင် တုနှိုင်းမဲ့ဖြစ်ကြောင်းကို “ပညာသမာ အာဘာနတ္ထိ”ဟု ဗုဒ္ဓဘုရားရှင်က ဟောဖော်ညွှန်ပြမိန့်မှတ်ခဲ့သည်။ စာရေးသူတို့ငယ်စဉ်က အခြေခံပညာမူလတန်း ဖတ်စာတွင် ဆုံးမစာအဖြစ် “ပညာသမာ၊ အာဘာနတ္ထိ၊ မြတ်မုနိဟောရှိ ကျမ်းကိုကိုး၊ ထို့ကြောင့်များစွာ၊ လူတကာ၊ ပညာရအောင်ကြိုး၊ ပညာထဲမှာ၊ ပဒေသာ၊ သုံးရာ မကုန်နိုး”ဟူ၍ မှတ်သားခဲ့ဖူးသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ “ပညာရေးနှင့်ပတ်သက်၍ အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ်ပညာသည် လူတော်ဖြစ်စေကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်းပညာရှိရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေမြေ၊ တောတောင် ရာသီဥတု သဘောသဘာဝအရ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ဒေသအလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံအမျိုးအစားကို ရွေးချယ်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း သို့မဟုတ် ဒေသနှင့်ကိုက်ညီသည့် တိရစ္ဆာန်အမျိုးအစားကိုရွေးချယ်၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်သည့် အခြေခံကောင်းများရှိသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုနေသူများပင်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိရိုးဖလာအတိုင်းမွေးမြူနေခြင်းသည် သမားရိုးကျမွေးမြူရေးလုပ်ငန်းဟုပင်ဆိုချင်သည်။ ဤစကားရပ်သည် မိရိုးဖလာမွေးမြူသူများအား ချိုးနှိမ်လိုသောသဘောမဟုတ်ပါ။ ဆိုလိုသည်မှာ သမားရိုးကျမွေးမြူခြင်းသည် မိမိ၏မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အစာအာဟာရလိုအပ်ချက်၊ ရောဂါကာကွယ်နှိမ်နင်းမှု၊ မျိုးပွားခြင်း၊ အသားတိုးခြင်း၊ ကုန်ကျစရိတ်နှင့်ထုတ်လုပ်မှု၊ ဈေးကွက်စသည်တို့ကို တွက်ဆဆန်းစစ်နိုင်သည့် အသိပညာနည်းပါးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွေးမြူရေးနှင့်စပ်လျဉ်းသည့် အသိပညာများကိုကျယ်ကျယ်ပြန့်ပြန့် မသိရှိသူများသည် မိမိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်၊ ဈေးကွက် စသည့်သဘောတရားတို့ကိုလည်း နားမလည်သဖြင့် ရေရှည်မတည်တံ့နိုင်ပါ။
ထို့ကြောင့် ရေရှည်တည်တံ့သည့် မွေးမြူရေးနည်းစနစ်များ ဖြစ်ပေါ်စေရေးအတွက် မွေးမြူသူများအနေဖြင့် ပုံမှန်မိရိုးဖလာမွေးမြူခြင်းလုပ်ငန်းများထက် ခေတ်နှင့်လျော်ညီသော မွေးမြူရေးနည်းစနစ်များကို ဖန်တီးတည်ထောင်နိုင်ပြီး ထုတ်ကုန်များလည်း တိုးမြင့်လာပြီး ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။
အသိပညာကိုရယူရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ မိမိစိတ်ကြိုက်အသိပညာများကို လေ့လာဆည်းပူးနိုင်သည်။
အသိပညာရှိသူတို့မည်သည် တစ်ပါးသူတွေ့ကြုံခဲ့ရသည့်အခက်အခဲများ၊ လွဲမှားသောအယူအဆများနှင့် လွဲမှားသောလုပ်ရပ်များကို သင်ခန်းစာယူ၍ မိမိကိုယ်တိုင်အတွေးမှား၊ အယူအဆမှားများကြောင့် လုပ်ရပ်မှားသည်အထိ မကျူးလွန်မိတော့ပေ။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ အခြားသောစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒနှင့်အညီ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်ရန် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာအထက်တန်းကျောင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၈၉ ကျောင်းဖွင့်လှစ်ထားပြီး စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍတို့အတွက် အခြေခိုင်မာစေရေးအတွက် စီမံဆောင်ရွက်ထားသည်။ အဆိုပါကျောင်းများတွင် မိမိတို့ဝါသနာနှင့် စိတ်ပါဝင်စားမှုကိုအခြေခံ၍ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဘာသာရပ်များကို အထူးပြုလေ့လာပြီး ဆက်လက်၍ ပညာလေ့လာဆည်းပူးနိုင်ရေးအတွက် စက်မှု၊ လက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုး၊ မွေးမြူရေးသိပ္ပံကျောင်းများလည်း စီစဉ်ဖွင့်လှစ်ထားရှိသည်။
ထိုကဲ့သို့သော သိပ္ပံကျောင်းများမှအောင်မြင်ပြီးသူများအနေဖြင့် ဌာန၊ ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများရှိ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်သည်။ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်ပညာရပ်များ ဆက်လက်ဆည်းပူး လိုပါကလည်း ဆက်လက်တက်ရောက်နိုင်မည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား နေပြည်တော်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ကိုလည်း ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည်။ အထက်တွင် တင်ပြခဲ့သည့် အသိပညာနှင့်ယှဉ်တွဲသော အတတ်ပညာကိုအခြေခံ၍ အောင်မြင်နေသည့် မွေးမြူရေးလုပ်ငန်းများကို လေ့လာကြည့်ပါက အသိပညာရရှိရန် အခြေခံပညာသည် အလွန်အရေးကြီးသည်။ ထိုသို့သော အသိပညာများရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ၊ သိပ္ပံကျောင်းများနှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန် အနည်းဆုံးအဆင့် အခြေခံပညာနဝမတန်း(Grade-9)အောင်မြင်ပြီးမှစတင်၍ အဆင့်ဆင့် ကြိုးစားသင်ယူကြရသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနိုင်ငံတော်မှအားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။
အခြေခံပညာမူလတန်း၏ ပထမနှစ်ဖြစ်သော KG တန်းတွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာနဝမတန်း(Grade-9)သို့ရောက်ရှိရန် အလွန်အရေးကြီးသည်။
ထို့အတွက် နိုင်ငံတော်အစိုးရ၊ အဖွဲ့အစည်း၊ ဌာနတစ်ခုတည်းကချည်း ဆောင်ရွက်နေ၍မရပါ။ ကျောင်းသားမိဘ၊ အုပ်ထိန်းသူများကလည်း မိမိတို့ရင်သွေးများ၏ပညာရေးကဏ္ဍကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး ကြိုးပမ်းအားထုတ်ရမည်။ သို့မှသာ ပညာတတ်များပေါများ၍ ပညာကိုအခြေခံသည့်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နိုင်ငံတော်သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သို့ပါ၍ နိုင်ငံတော်ကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်သည့် ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပါဝင်လက်တွဲကူညီနိုင်ရန် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ဟူ၍ လှုံ့ဆော်တိုက်တွန်းအပ်ပါသည်။ ။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံအတွင်းနေ နိုင်ငံသားတစ်ဦးချင်းစီ၏ ပညာရည်မြင့်မားရေးသည်လည်း အဓိကအခန်းကဏ္ဍ တစ်ခုတွင် ပါဝင်နေသည်။ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်သည်။ ပညာရည်အဆင့်အတန်းမြင့်မားမှုသည် နိုင်ငံတော်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်မည့် ယုံကြည်ချက်ကို ကိုယ်စားပြုသည်။ လူ့စွမ်းအားအရင်းအမြစ်ကောင်းကို မွေးထုတ်ပေးနိုင်မှုကိုလည်း အထောက်အကူပြုစေသည်။ အလားတူ ပညာရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးအစရှိသော လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေသည်။
ပညာဟုဆိုရာတွင် အတန်းပညာသာမက အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား ဆန်းစစ်သိမြင်နိုင်သည့် ပညာကိုဆိုလိုသည်။ အရှင်းဆုံးဖွင့်ဆိုရလျှင် ပညာရေးဆိုသည်မှာ စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားကောင်းများ ကောင်းမွန်လာအောင် သင်ကြားပေးခြင်းပင်ဖြစ်သည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများနှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းရပ်များကိုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့်အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။
သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းကျင်စေရန် ကြိုးပမ်းအားထုတ်နေကြရုံမျှမက ထိုပညာရပ်များကို ကောင်းမကောင်း၊ မှန်မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း ပညာဟူ၍ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်စွမ်း “ပန်းတိုင်” လည်း ရှိရမည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေးဆိုင်ရာပြဿနာများနှင့်ရင်ဆိုင်နေရမှုသည် ပို၍ကြီးမားသည်။ စီးပွားရေးဖိအားကြောင့် ပညာရေးကို အလေးမမူသောသူများသဖြင့် မိမိတို့သားသမီးများကို ငွေရှာသူများဘဝသို့တွန်းပို့ကြသည်။ ရေရှည်ပညာသင်ကြားရေးထက် ရေတိုစားဝတ်နေရေးပြဿနာများကို ဖြေရှင်းရန် အဓိကထားနေကြရသဖြင့် ပညာရေးကို ရှောင်လွှဲနေကြရသည်။ အကယ်၍ လက်ရှိစားဝတ်နေရေးပြဿနာများ ပြေလည်ကြမည်ဆိုလျှင် မည်သည့်မိဘမဆို ကိုယ့်သားသမီးများအား အတန်းပညာရေးပြီးဆုံးသည်အထိ ကျောင်းထားကြမည်မှာ အမှန်ပင်ဖြစ်သည်။
ပညာရေးကို အလေးမထားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ယိုယွင်းပြိုဆင်းခြင်းကိုဖြစ်စေသည်။ နိုင်ငံအတွင်း ပညာတတ်လူဦးရေနည်းပါးလာခြင်းသည် လူဆိုး၊ လူမိုက်၊ လူရမ်းကားများ ပေါများလာစေကာ အမှားကို အမှန်ထင်၊ အမှန်ကိုအမှားမြင်ကာ သူခိုး၊ ဓားပြများပေါများလာမည်ဖြစ်သည်။ လူတစ်ဦး၏အနာဂတ်လှပကောင်းမွန်ရေးတွင် ပညာရေးသည် အခြေခံကျသည်။ ပညာကိုကြိုးစားကာ သင်ယူခဲ့သူ၏ အနာဂတ်သည် ပန်းခင်းသောလမ်းကို လျှောက်လှမ်းနေနိုင်သကဲ့သို့ဖြစ်ပြီး ပညာကို တန်ဖိုးမထားခဲ့သူ၏ အနာဂတ်သည် ဆူးခင်းလမ်းကိုလျှောက်လှမ်းရသကဲ့သို့ ဖြစ်နေမည်။ ကျောင်းနေသင့်သည့် အရွယ်တွင် ကျောင်းမတက်ရခြင်းသည် ကလေးများ၏ဘဝကို များစွာနစ်နာစေသည့်အပြင် ဒေသနှင့် နိုင်ငံတိုးတက်ရေးကိုပါ ထိခိုက်စေသည်။
ထို့ကြောင့် နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးအားလုံးကျောင်းနေပြီး ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ အားလုံးပူးပေါင်း၍ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ အားပေးပံ့ပိုးခြင်း စသည့်နည်းလမ်းများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဤသည်မှာ လူငယ်များ၏ အနာဂတ်သာယာလှပရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်သည်။ ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် လူငယ်တို့၏ ပညာရေး၊ ကျန်းမာရေးကို အထူးပင်အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် ပညာရေးကဏ္ဍတွင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးနေသည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ဝါသနာနှင့်ကိုက်ညီသည့် ပညာရေးလမ်းသွယ်ကို ရွေးချယ်သင်ကြားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀၊ မြို့နယ် ၅၁ မြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။ ထို့ပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းလေးကျောင်း တိုးချဲ့ဖွင့်လှစ်ကာ စုစုပေါင်း ၈၉ကျောင်းဖွင့်လှစ်ထားနိုင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်း စားရေရိက္ခာဖူလုံစွာ ရရှိရေးသည် လွန်စွာအရေးပါလှသည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရာတွင် မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်များ၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများလည်း မွေးထုတ်နိုင်ရန်များစွာ လိုအပ်လျက်ရှိသည်။
ထိုသို့နိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်လျက်ရှိသော မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်၊ မွေးမြူရေးကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာနိုင်စေရေးရည်ရွယ်ကာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။ ယခုလက်ရှိ ဖွင့်လှစ်ထားသော တက္ကသိုလ်များမှာ နေပြည်တော်ကောင်စီနယ်မြေရေဆင်းရှိ “မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်”၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ “စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)”၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်
ရှိ “တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်း”နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ “အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း” များပင်ဖြစ်သည်။ ထိုတက္ကသိုလ်နှင့်ကျောင်းများမှ တက်ရောက်အောင်မြင်ခဲ့ပါက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝကာ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလယ်အလတ်ကျွမ်းကျင်ပညာရှင်များလည်းများစွာ ပေါ်ထွန်းလာမည်ဖြစ်သည်။
နိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည့် ပညာတတ်လူတော်လူကောင်းများ ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ မွေးမြူရေးအထူးပြု ကျောင်းသားသည် အထူး(Credit)အောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine)ငါးနှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(Bachelor of Animal Science) လေးနှစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်သည်။
အဆင့်မီ(Qualified)အောင်ဖြင့် အောင်မြင်သူသည် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် သင်ကြားလျက်ရှိသည့် မွေးမြူရေးဒီပလိုမာ(Diploma in Animal Husbandry) သုံးနှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ ငါးလုပ်ငန်းဒီပလိုမာ (Diploma in Fisheries and Aquaculture) သုံးနှစ်သင်တန်းသို့ တက်ရောက်နိုင်မည်ဖြစ်သည်။ မွေးမြူရေးဒီပလိုမာ (Diploma in Animal Science) သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်လေးနှစ် သင်တန်းမွေးမြူရေး ပညာဘွဲ့(Bachelor of Animal Science)၏ တတိယနှစ်(ပထမနှစ်ဝက်)သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။ ငါးလုပ်ငန်းဒီပလိုမာ (Diploma in Fisheries and Aquacture)သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။
ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာအထက်တန်းအောင်လက်မှတ်ရရှိမည်ဖြစ်ပြီး မွေးမြူရေးနှင့်သက်ဆိုင်သော အခန်းကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်သည်။ ထို့ပြင် “အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း” သို့ တက်ရောက်သူတိုင်း အထူးအခွင့်အရေးအနေဖြင့် ကျောင်းတက်နေစဉ်အတွင်း လစဉ်လတိုင်း ပညာသင်ချီးမြှင့်ငွေများကိုလည်း နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည်။
ပညာရေးသည် ကျောင်းသား၊ ကျောင်းသူကလေးလူငယ်တစ်ဦးချင်းစီ၏ အနာဂတ်အတွက် နိုင်ငံတော်အတွက်ပါ လွန်စွာအရေးကြီးလှသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာသည်အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ တွေးခေါ်မြော်မြင်မှု၊ ကျွမ်းကျင်မှုတို့နှင့်ပြည့်စုံသည့် နိုင်ငံသားတို့၏အားဖြင့် နိုင်ငံကို ပုံဖော်တည်ဆောက်သွားကြမည်ဖြစ်ရာ ပညာရေးအားကောင်းမောင်းသန်ဖြစ်ရန်လိုအပ်ပေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးကို မြင့်မားအားကောင်းလာစေရန် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင်ပါဝင်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” အတွက် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များထွန်းကားလာစေရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို အစဉ်ဦးတည်ကြိုးပမ်းနေရမည် ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပညာရေးကိုအားပေးခြင်းသည် နိုင်ငံသားအားလုံး ကျရာကဏ္ဍမှ ထမ်းဆောင်ကြရမည့် တာဝန်တစ်ရပ်ပင်ဖြစ်သည်။ သို့မှသာ ပညာရေးကိုအခြေခံကာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ။

အခြေခံပညာကျောင်းများ၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက်တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဟူ၍ အဆင့်အလိုက် အသီးသီးသတ်မှတ်ကျင်းပ လျက်ရှိသည်။ ပညာရေးစုံညီပွဲတော်ဆိုသည်မှာ ဆရာ၊ မိဘ၊ ကျောင်းသားစုံညီစွာ ပူးပေါင်းဆင်နွှဲသော ပညာရေးပွဲတော်တစ်ခုဖြစ်သည်။ ဆရာ၊ မိဘ၊ ကျောင်းသားတို့သည် သုံးနားညီပညာရေးတြိဂံတွင် ညီညွတ်မျှတစွာရှိနေရမည့် အနားများဖြစ်သည်။ သို့ဖြစ်ရာ ပညာရေးစုံညီပွဲတော်ကျင်းပခြင်းဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား ပိုမိုစည်းလုံးညီညွတ်မှုရရှိစေပြီး ဟန်ချက်ပိုမိုညီညွတ်သော ကြိုးပမ်းမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ မြို့နယ်နှင့်ကျောင်းအသီးသီးသို့ ပြပွဲပြိုင်ပွဲအသုံးစရိတ်များခွင့်ပြုထားသည်။ ရရှိသောအသုံးစရိတ်များကို အဆင့်ဆင့်သောပညာရေးဝန်ထမ်းများ(တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ)က အကျိုးရှိအောင် စီမံကွပ်ကဲဆောင်ရွက်လျက်ရှိသည်။
ပညာရေးစုံညီပွဲတော်ကျင်းပရေးရည်ရွယ်ချက် (၄) ရပ်ကို အောက်ပါအတိုင်းချမှတ်၍ အစဉ်အလာမပျက်စီစဉ်ဆောင်ရွက်သည်။ ယင်းရည်ရွယ်ချက်(၄)ရပ်မှာ -
(၁) ပညာရေးမြှင့်တင်မှုအစီအစဉ်အရ ကျောင်း၏ တိုးတက်ဖြစ်ပေါ်မှုများ၊ အောင်မြင်မှုများကို မိဘပြည်သူများအား အသိပေးရန်။
(၂) မိဘ၊ ဆရာ၊ ကျောင်းသားပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်။
(၃) မိဘပြည်သူများက ကျောင်းအပေါ်ပိုမိုစိတ်ဝင်စားမှု၊ စေတနာထားလာမှုတို့ဖြင့် ကျောင်းသံယောဇဉ် ပိုမိုတိုးမြင့်လာစေရန်။
(၄) မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအောင်မြင်လာစေရန်တို့ဖြစ်သည်။
ကျွန်တော်တို့သည် ပညာရေးစုံညီပွဲတော်ကို ကျင်းပဆောင်ရွက်ကြရာတွင် ဆရာ၊ မိဘ၊ ကျောင်းသား တွေ့ဆုံရုံသက်သက် မဟုတ်ပေ။ ကျောင်းပညာသင်နှစ်အတွင်း ကာယ၊ ဉာဏပညာရေးကဏ္ဍတို့တွင် ထူးချွန်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခြင်းများလည်း ပါဝင်သည်။
ပညာရေးစုံညီပွဲတော်ကို ပျော်ရွှင်ဂုဏ်ယူဖွယ်ဖြစ်အောင်စီစဉ်ကျင်းပ၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာလက်ရာများကို ဖော်ထုတ်ပြသထားသည့်ကဏ္ဍများကိုပါတွေ့မြင်ခံစားခွင့်ရသည်။ ဘက်စုံပညာရေးကို ဖွံ့ဖြိုးတိုးတက်စေသော တီထွင်ဖန်တီးမှုပြခန်းများ၊ အဆို၊ အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ တင်ဆက်ပြသကြသည်။ ကာယဖွံ့ဖြိုးမှုအတွက် အားကစားပြိုင်ပွဲများ ကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများ၏ ဇွဲ၊ လုံ့လ၊ ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးရသည်။
ပညာရေးစုံညီပွဲတော်၏ အနှစ်သာရသည် သာမန်ပျော်ပွဲရွှင်ပွဲသက်သက်သဘောမျိုးမဟုတ်ဘဲ ဘက်စုံပညာရေးကို ဖော်ဆောင်သည့် အစီအစဉ်အထောက်အပံ့ကောင်းဖြစ်စေရန် ဦးတည်သည်။
မြန်မာ့ပညာရေးစနစ်သည် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့်ပညာရေးစနစ်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်သည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဟူသော ကဏ္ဍစုံဖွံ့ဖြိုးရေးကို သင်ကြားလေ့ကျင့်ဆောင်ရွက်ပေးသော ပညာရေးစနစ်ဖြစ်သည်။ ထိုသို့ကဏ္ဍစုံကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှသာ ခေတ်နှင့်အညီ ပညာရေးစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ပညာအရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ထွန်းကားလာမည်ဖြစ်သည်။ ယနေ့ပညာရေးသည် စာသင်ရုံသက်သက်မဟုတ်သည်ကို မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး သိရှိ
နားလည်ထားရမည်ဖြစ်သည်။ ပညာဟူသည်မှာ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ လက်တွေ့အသုံးပြု နိုင်စွမ်းရှိခြင်းကို ခေါ်သည်။ ကြက်တူရွေးကျက်လုပ်နိုင်ရုံနှင့်မရ။ ကိုယ်ပိုင်တွေးခေါ်၍ တီထွင်ဖန်တီးနိုင်စွမ်းရှိရမည်။ ထိုအဆင့်အထိရောက်အောင် သင်ကြားလေ့ကျင့်ပေးရမည်။ ကျောင်းသား၊ ကျောင်းသူများကလည်း ကိုယ်တိုင်ကြိုးစားရယူအသုံးပြု
နိုင်စွမ်းရှိသည်အထိ သင်ယူလေ့ကျင့်ရပေမည်။
ပညာရေးစုံညီပွဲတော်တွင် မိဘ၊ ဆရာတို့တွေ့ဆုံ၍ ပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖန်တီးနိုင်မည်ဖြစ်သည်။ ကျောင်းတက်ခြင်း၊ ပညာသင်ယူခြင်းသည် အတတ်ပညာများကို သင်ယူရုံနှင့်မလုံလောက်ပေ။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်နှင့် ပြည့်စုံအောင်ဆောင်ရွက်နိုင်မှ ပြည့်စုံလုံလောက်သည်။
ပညာတတ်ပြီး ကိုယ်ကာယပိန်လှီချည့်နဲ့နေ၍မဖြစ်၊ ကိုယ်ကာယသန်မာဖွံ့ဖြိုးပြီး ပညာဉာဏ်နည်းပါး၍လည်း မဖြစ်ပေ။ ကာယဗလ၊ ဉာဏဗလနှင့်ပြည့်စုံနေရုံမျှနှင့်လည်း မပြီးမြောက်သေးပေ။ ပညာရေးရည်ရွယ်ချက်သည် လူတော်လူကောင်းဖြစ်လာရေးအထိ ရည်ရွယ်သည်။ အတတ်ပညာများ တတ်ကျွမ်းနေရုံမျှနှင့်မပြီးသေး၊ လူကောင်းတစ်ယောက်ဖြစ်လာရန် အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်သည်။ တစ်ဖန် လူဟူသည် တစ်ဦးတစ်ယောက်တည်းနေထိုင်၍မရဘဲ အသင်းအဖွဲ့နှင့်စုပေါင်းနေထိုင်ရသည်ဖြစ်ရာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု မိတ္တဗလနှင့်ပြည့်စုံအောင် ကြိုးစားလေ့ကျင့်ရန်လိုအပ်သည်။ ရှေ့ဆုံးဗလလေးတန်နှင့် ညီညွတ်အောင် ကြိုးစားနိုင်သူသည် ကြွယ်ဝပြည့်စုံမှု ဘောဂဗလနှင့်လည်း ပြည့်စုံလာပေမည်။ထိုသို့ ပြည့်စုံသောလူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်နိုင်ပြီဆိုလျှင် ဖွံ့ဖြိုးတိုးတက်၍ သာယာသော လူ့ဘောင်လောကကိုတည်ဆောက်နိုင်မည်ဖြစ်သည်။
ယနေ့လူငယ်များသည် စာဖတ်အားနည်းလာကြသည်။ လက်တွေ့လေ့လာမှုလည်းအားနည်းသည်။ ထို့ကြောင့် အတတ်ပညာ၊ အသိပညာအားနည်းလာသည်။ အတတ်ပညာပိုင်းတွင် တော်သည်ဆိုဦးအံ့၊ အသိပညာပိုင်းတွင် အားနည်းသဖြင့် ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့နည်းလာသည်။ ထိုအခါ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်း ပညာအားနည်းလာသည်။ အမှားအမှန်ခွဲခြားနိုင်စွမ်း အားနည်းသူသည် အမှားကိုအမှန်ထင်၊ အမှန်ကိုအမှားထင်၍ လွဲမှားသောအတွေး၊ လွဲမှားသော လုပ်ဆောင်
ချက်တို့ကို တွေးမိလုပ်မိကြသည်။ မှန်ကန်သောအသိပညာရှိပါမှ အလိမ္မာရှိသည်။ အလိမ္မာရှိပါမှ မှန်ကန်စွာတွေးခေါ် ဆောင်ရွက်နိုင်သည်။ အသိပညာအလိမ္မာရှိသူသည် ဆရာ၊ ဆရာမ၏သွန်သင်ဆုံးမမှုကိုခံယူသည်။ မိဘ၏သွန်သင်ဆုံးမမှုကို နားထောင်သည်။ ဆရာမိဘလမ်းညွှန်သည့်အတိုင်း လိုက်နာဆောင်ရွက်သည်။ ထိုသူသည် ဘဝလမ်းတစ်လျှောက် အမှားပြုမိခြင်းနည်းပါးပြီး အမှန်လမ်းကြောင်းပေါ်တွင်သာ တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်သည်။
ယနေ့ပညာရေးသည် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် ပညာရေးဖြစ်သည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ယဉ်ကျေးမှု ခေါင်းပါးသည့် ရိုင်းစိုင်းသောအပြောအဆို၊ အပြုအမူများ၊ အမှန်နှင့်သွေဖည်သည့် အတွေးအခေါ်မှားများမဖြစ်အောင် မိဘ၊ ဆရာတို့က ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးကြရပေမည်။ မိုက်မဲမှုမှန်သမျှသည် ပညာ၏ ဆန့်ကျင်ဘက်များသာဖြစ်ကြောင်း ကျောင်းသားလူငယ်ထုတွင်း စိမ့်ဝင်ပျံ့နှံ့သိရှိအောင် ကြိုးပမ်းကြရပေမည်။
ပညာရေးစုံညီပွဲတော်ကျင်းပခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပတ်ဝန်းကျင်ကောင်း၊ နည်းလမ်းကောင်းများ ဖန်တီးဆောင်ကြဉ်းပေးခြင်းဟုရှုမြင်မိသည်။ လူငယ်သည် နုပျိုဖျတ်လတ်သည်။ သင်ယူနိုင်စွမ်းအားကောင်းသည်။ စူးစမ်းလေ့လာလိုစိတ်ရှိသည်။ ထိုသို့သော လူငယ်ကျောင်းသားများကို မှန်ကန်စွာတွေးခေါ်ဆောင်ရွက်နိုင်သော ပညာများရရှိအောင် ဆရာ၊ မိဘပြည်သူတစ်ရပ်လုံးက လမ်းပြသင်ကြားပေးရပေလိမ့်မည်။ အနာဂတ်နိုင်ငံ့တာဝန်များကို ကောင်းမွန်စွာ လက်လွှဲယူနိုင်ပြီး ကောင်းမွန်စွာဦးဆောင်ကြိုးပမ်းနိုင်သော မျိုးဆက်သစ်များဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးရပေလိမ့်မည်။ တပည့်မှားနေလျှင် ဆရာကပြုပြင်ပေးရန်တာဝန်ရှိပြီး သားသမီးမှားနေလျှင် မိဘကပြုပြင်ပေးရန်တာဝန်ရှိသည်။ အမှားသည်မည်မျှပင် ကြာညောင်းစေကာမူ အမှန်မဖြစ်နိုင်ကြောင်း၊ အမှန်၏ဇာစ်မြစ်ကို ပညာဖြင့်သာဖော်ထုတ်နိုင်ကြောင်း သွန်သင်ညွှန်ပြကြရပေမည်။
စာရေးသူ၏တွေ့မြင်သုံးသပ်ချက်ကို တင်ပြရလျှင် ပညာရေးစုံညီပွဲတော်သို့ လာရောက်ကြသော မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများတွင် ကောင်းသောလက္ခဏာများကို တွေ့ရသည်။ ထိုလက္ခဏာများမှာ ပညာကိုကောင်းစွာဖြန့်ဖြူးလိုခြင်း၊ သင်ယူလိုခြင်း၊ အေးချမ်းပျော်ရွှင်မှုကို လိုလားနှစ်ခြိုက်ခြင်း၊ အတူတကွမျှတကြည်ဖြူစွာ ပေါင်းသင်းဆက်ဆံလိုခြင်း၊ ရိုးသားကြိုးစားမှုကိုပြသလိုခြင်း၊ ကောင်းသောယှဉ်ပြိုင်ခြင်းကိုသာလိုလားခြင်း စသော လက္ခဏာများဖြစ်သည်။
ယခုနှစ်တွင် ပညာရေးအချိန်အခါအခွင့်ကောင်းများရရှိ၍ အစဉ်အလာမပျက်ပြန်လည်ကျင်းပနိုင်ပြီဖြစ်သည်။
စာရေးသူ၏ ဒေသကျောင်းများတွင် ပညာရေးစုံညီပွဲတော်ကို ရှိသည့်အင်အားနှင့် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စုံလင်စွာ တက်ရောက်ကြသည်။ ကလေးများ၏ ကြိုးစားယှဉ်ပြိုင်မှု၊ ထူးချွန်ထက်မြက်မှု၊ မိဘပြည်သူများ၏အားပေးမှုကို တွေ့ရသောအခါ အထူး၀မ်းသာပီတိဖြစ်ရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ တက်ကြွဖျတ်လတ်မှု၊ ဆရာ၊ ဆရာမများ၏ ဝိုင်းဝန်းကြိုးပမ်းမှု၊ မိဘ
ပြည်သူများ၏ စိတ်ဝင်တစားပါဝင်မှုတို့သည် အားတက်စရာဖြစ်ရသည်။ ထို့ကြောင့် အစဉ်အလာကောင်းသော၊ ရလဒ်ကောင်းသော ပညာရေး စုံညီပွဲတော်များကို နှစ်စဉ် နှစ်တိုင်းကျင်းပ၍ မြန်မာ့ပညာရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်အောင် အားသစ်များ ဆက်လက်မွေးကြပါစို့ဟု နှိုးဆော်ရေးသားလိုက်ရပေသည်။ ။

မျိုးဆက်သစ်လူငယ်များသည် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ပြည့်စုံပြီး လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းသမီးမွန်များဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများပြည့်စုံနိုင်ရန် စာကောင်းပေမွန်များကို စဉ်ဆက်မပြတ်ဖတ်ရှုသွားရန်လိုအပ်သည်။
စာရိတ္တကောင်းမွန်ရေး
မျိုးဆက်သစ်လူငယ်များသည် ဗလငါးတန်နှင့် ပြည့်စုံနေမှသာလျှင် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် စာရိတ္တသည် လူသားအားလုံးအတွက်များစွာ အရေးပါလျက်ရှိသည်။ ကျွန်တော်တို့၏ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသည် လူသားများအကျင့်စာရိတ္တမြင့်မားရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရေးတို့အတွက် ကုသိုလ်နှင့်အကုသိုလ်တို့၏ အကျိုးအပြစ်များကို ခွဲခြားဟောကြားတော်မူသည်။ အထူးသဖြင့် သီလစောင့်ထိန်းရန် တိုက်တွန်းဟောကြားတော်မူခဲ့သည်။
ထို့ပြင် သီတဂူဆရာတော်ကြီးကလည်း "Character is Power " ဟူ၍ ဟောကြားတော်မူထားသည်။ လူတစ်ဦးသည် အကျင့်စာရိတ္တဟူသော ကိုယ်ကျင့်တရားသာကောင်းမွန်နေမည်ဆိုလျှင် အဘက်ဘက်မှ ပြည့်စုံနေမည်ဖြစ်သည်။ စာရိတ္တကောင်းမွန်သော သူသည် မိသားစု၊ လူ့အသိုက်အဝန်းနှင့် နိုင်ငံတော်ကို အကျိုးပြုနိုင်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် စာရိတ္တယိုယွင်းသောသူသည် လူ့အသိုက်အဝန်းကိုအန္တရာယ်ပြုနိုင်သည်။ ထို့ကြောင့် စာရိတ္တသည် လူတစ်ဦးအတွက် အသက်တမျှပင်အရေးပါလျက်ရှိသည်။
မျိုးဆက်သစ်လူငယ်များသည် ဗလငါးတန်ပြည့်စုံနေရန်အတွက် ကျောင်းသင်ခန်းစာများ ထူးချွန်နေရန်အပြင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန်၊ ယဉ်ကျေးလိမ္မာရန်၊ သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံနေထိုင်တတ်စေရန်၊ စာရိတ္တကောင်းမွန်၍ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်တတ်စေရန် စဉ်ဆက်မပြတ်လေ့လာ သင်ယူကြိုးပမ်းနေရန် လိုအပ်သည်။ အထူးသဖြင့် စာကောင်းပေမွန်များ၊ သုတ၊ ရသစာပေများကို ဖတ်မှတ်သွားရန် လိုအပ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းပြည်တည်ဆောက်ရေး၌ ဦးဆောင်ခဲ့သူများသည် စာဖတ်အားကောင်းသူများပင်ဖြစ်သည်။
နေ့စဉ်စာဖတ်ရန်လို
“စာပေမြင့်မှလူမျိုးတင့်မည်” ဆိုသောစကားသည် နိုင်ငံတစ်နိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် တိုက်တွန်းထားသော ဆောင်ပုဒ်ပင်ဖြစ်သည်။ “စာအုပ်စာပေလူ့မိတ်ဆွေ”၊ “အလိမ္မာစာမှာရှိ” ၊ “ပညာရွှေအိုး လူမခိုး”၊ “အလှအတွက်မှန်ကြည့်သလို ဘဝအတွက်စာဖတ်ပါ”ဆိုသော ဆောင်ပုဒ်များသည် မျိုးဆက်သစ်လူငယ်တစ်ဦး၏ ဘဝတိုးတက် အောင်မြင်ရေးတွင် မရှိမဖြစ်အရေးပါလှသော ဗဟုသုတ၊ အသိပညာနှင့် အတွေးအခေါ်တို့ကို စာအုပ်စာပေများမှသာ တူးဆွရှာဖွေရရှိနိုင်သည်။ သို့သော် မျက်မှောက်ခေတ်တွင်မူ လူကြီး၊ လူလတ်၊ လူငယ်အားလုံးသည် စာဖတ်နှုန်းတဖြည်းဖြည်း ကျဆင်းလာကြသည်။
ဆိုရလျှင် “စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာမဖတ်သည့်သူသည် ရပ်နေသည့်လူနှင့်တူကြောင်းနှင့် စာတတ်ပြီး စာလည်းဖတ်သည့်သူသည် လမ်းလျှောက်နေသည့် လူနှင့်တူကြောင်း” ဆိုသောစကားသည် ဘဝတိုးတက် အောင်မြင်ရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှုသွားရန် လိုအပ်ကြောင်းကို တိုက်တွန်းထားခြင်းပင်ဖြစ်သည်။ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသူများစွာ ရှိနေသည်။ ထို့ကြောင့် လူငယ်များ အပါအဝင်ပြည်သူ အားလုံးအနေဖြင့် သုတ၊ ရသစာပေများကိုစဉ်ဆက်မပြတ်ဖတ်ရှုသွားရန် လိုအပ်သည်။ ဤနေရာတွင် စာကြည့်တိုက်များသည် တစ်နိုင်ငံလုံးလွှမ်းခြုံစာဖတ်နိုင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။
အမှန်တော့ မျိုးဆက်သစ်လူငယ်များအနေဖြင့် ညစဉ်အိပ်ရာမဝင်မီ ကုန်ဆုံးသွားသော တစ်နေ့တာအချိန်အတွင်း မည်သည့် ဗဟုသုတများကို လေ့လာဖတ်ရှုခဲ့သလဲဟု ပြန်လည်စဉ်းစားသုံးသပ်သင့်သည်။ စာမဖတ်ရသေးဘူးဆိုလျှင် ၁၅ မိနစ်ခန့်ဖတ်ရှု လေ့လာပြီးမှသာ အိပ်စက်အနားယူသင့်သည်။ ထို့ကြောင့် စာအုပ်ကောင်းများကို လက်တစ်ကမ်းအလို အိပ်ရာဘေးနှင့် ဧည့်ခန်းတို့တွင် အရန်သင့်ထားရှိသင့်သည်။
တိုးတက်အောင်မြင်လိုသောသူများသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသော ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များအား အချိန်မီသိရှိနိုင်ရန်၊ ဗဟုသုတရှာမှီးရန်၊ အသိပညာတိုးပွားစေရန်၊ အတွေးအခေါ်မြင့်မားစေရန်နှင့် စိတ်အာဟာရဖြည့်ဆည်းရန် တို့အတွက် စာအုပ်စာပေများကို နေ့စဉ်ဖတ်ရှုလေ့လာနေကြရသည်။ စာဖတ်လိုစိတ်များသော မိသားစုများ၊ လူ့အသိုက်အဝန်းများနှင့် နိုင်ငံများသည် ပဋိပက္ခများလျှော့ချနိုင်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီမှသည် လူ့အသိုက်အဝန်းကြီးတစ်ခုလုံးတိုးတက်မှုကို ဖော်ဆောင်နိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် စာဖတ်လိုစိတ်နည်းသောသူများဖြင့် ဖွဲ့စည်းထားသော လူ့အသိုက်အဝန်း တစ်ခုသည် ရေရှည်တွင်ဆုတ်ယုတ်မှု၊ ဆင်းရဲမှု၊ ပဋိပက္ခများ ကြီးထွားလာမှုတို့နှင့်သာ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။
စာဖတ်ခြင်းသည် လူတစ်ဦးတိုးတက်စေရန် အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွားတိုးတက်သူအများစုသည် စာဖတ်သူ
များဖြစ်ကြသည်။ စာကောင်းပေမွန်များကိုဖတ်ရှုပြီး သတင်းအချက်အလက်နှင့် ဗဟုသုတများစုဆောင်းကာ ဘဝတိုးတက်မှု အတွက် အကျိုးရှိစွာ အသုံးချနိုင်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများနှင့် သူဌေးကြီးများသည် အတွေးအခေါ်များကို စာအုပ်ထဲမှရှာဖွေကြသည်။ စာဖတ်ခြင်းသည် လူတစ်ဦးကို စိတ်ချမ်းမြေ့မှု၊ ဖျော်ဖြေမှု၊ ပညာပေးမှုနှင့် တိုးတက်မှုများကို ပေးစွမ်းနိုင်သည်။
စင်စစ်အားဖြင့် တိုးတက်သော နိုင်ငံများမှ နိုင်ငံသားများသည် စာဖတ်အားကောင်းကြသည်။ ခရီးသွားနေသည့် အချိန်မျိုးမှာပင်လျှင်
လက်ထဲ၌ စာအုပ်တစ်အုပ် ကိုင်ထားလေ့ရှိကြသည်။ လေဆိပ်နှင့် ဘူတာရုံများတွင် ခရီးတစ်ထောက်နားသည့် အချိန်မျိုး၌ပင်လျှင်
စာအုပ်ဖတ်နေတတ်ကြသည်။ လေယာဉ်၊ ရထား၊ ကား၊ သင်္ဘောများပေါ်ရောက်သည်နှင့် စာအုပ်ဖွင့်ကာဖတ်ရှုကြသည်။ အောင်မြင်သူအများစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်းခန့်ကိုစာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။ ပုံမှန်စာဖတ်သူများသည် ကြွယ်ဝချမ်းသာပြီး အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားလေ့ရှိကြသည်။
အကျိုးကျေးဇူးများပြား
စာဖတ်ခြင်းသည် အာရုံစူးစိုက်မှု စွမ်းဆောင်ရည် မြင့်တက်လာစေသည်။ သုတ၊ ရသမည်သည့်စာအုပ်ကိုဖတ်ရှုသည်ဖြစ်စေ စာဖတ်ခြင်းသည် ဗဟုသုတကြွယ်ဝစေသည်။ စာဖတ်ခြင်းသည် စိတ်ခွန်အားဖြစ်ပြီး အခက်အခဲများကိုကျော်လွှားနိုင်စေသည်။ စာအုပ်များသည် စာရေးသူတို့အား ကမ္ဘာ့နေရာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ အလေ့အထပေါင်းစုံတို့နှင့် မိတ်ဆက်ပေးနိုင်သည်။ ထို့ကြောင့် တခြားသူများ၏ ယဉ်ကျေးမှု၊ အလေ့အထနှင့် ရိုးရာအစဉ်အလာတို့ကို နားလည်ခံစားနိုင်မည် ဖြစ်သည်။
အမှန်တော့စာဖတ်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများရရှိခြင်း၊ ဦးနှောက်ကိုရင့်ကျက်အောင်လေ့ကျင့်ပေးနိုင်ခြင်း၊ စိတ်အပန်းပြေခြင်း၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တိုးတက်လာခြင်း၊ စိတ်ခွန်အားတိုးတက်လာခြင်း၊ တွေးခေါ်မြော်မြင် နိုင်စွမ်းတိုးတက်လာခြင်း၊ ခွဲခြမ်းစိတ်ဖြာဆန်းစစ်နိုင်စွမ်းမြင့်မားလာခြင်း၊ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားမြင့်မားလာခြင်း၊ စိတ်ကူးစိတ်သန်း ကောင်းမွန်လာခြင်း စသည်ဖြင့်များစွာသော အကျိုးကျေးဇူးများကို ရရှိစေသည်။
သာဓကအနေဖြင့် နေ့စဉ်ထုတ် သတင်းစာတစ်စောင်လောက်ကို ပုံမှန်ဖတ်သူသည် တခြားသူများထက် ဗဟုသုတပိုမိုကြွယ်ဝလာပြီး
မျက်မှောက်ပကတိ အခြေအနေမှန်များကို သိရှိနိုင်မည်ဖြစ်သည်။
စင်စစ်အားဖြင့် စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေများဖြစ်ကြသည်။ မျိုးဆက်သစ်လူငယ်များသည် စာကောင်း ပေမွန်များကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်းအားဖြင့် ဗဟုသုတများကြွယ်ဝလာမည်ဖြစ်သည်။ ထိုဗဟုသုတများမှသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာအဆင့်အထိ တိုးတက်လာမည် ဖြစ်သည်။ စာဖတ်အားများသော လူငယ်များပေါများသည့်နိုင်ငံသည် တိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိနေမည်မှာ ဧကန်မုချပင်ဖြစ်သည်။ အမှန်တော့နေ့စဉ် စာဖတ်နေခြင်းသည် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ လူမှုဘဝမြင့်မားရေးအတွက် စာကောင်းပေမွန်များ စဉ်ဆက်မပြတ်ဖတ်ရှုနေရန် လိုအပ်သည်။
ဆိုရလျှင် စာဖတ်သူသည် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ခွဲခြားဆန်းစစ်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာဖတ်သော သူများသည် နှလုံးသားနူးညံ့ကြသည်။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ်ရှိကြသည်။ အတ္တနည်းပါးကြသည်။ အပြုသဘောဆောင်စွာ တွေးခေါ်တတ်ကြသည်။ လူကြီးမိဘများအပေါ် သိတတ်ကြသည်။ လူ့အသိုက်အဝန်းကို အကျိုးပြုလိုစိတ်ရှိကြသည်။ အထူးသဖြင့် စာဖတ်သောသူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုကြသည်။ မျိုးဆက်သစ်လူငယ်များ အနေဖြင့် ငယ်စဉ်ကတည်းက စာကောင်းပေမွန်များနှင့် ရင်းနှီးကျွမ်းဝင် နေမည်ဆိုလျှင် ကိုယ်ပိုင်အနာဂတ်ကို ပုံဖော်ထုဆစ်တည်ဆောက်နိုင်စွမ်းရှိပြီး တိုးတက်မှုကို ရှာဖွေနိုင်ကြမည်ဖြစ်သည်။ ဘဝခရီးလမ်းတွင် ကြုံတွေ့ရနိုင်သည့် ကျရှုံးမှုများ၊ အခက်အခဲများကို ကျော်လွှားနိုင်သည့်နည်းလမ်းများကို စာအုပ်စာပေများမှ တူးဆွရှာဖွေနိုင်သည်။ ထို့ပြင် အရေးကြီးသောဆုံးဖြတ်ချက်များကိုလည်း တွေဝေမှုမရှိဘဲ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။
ကျောင်းစာကြည့်တိုက်များ
အထူးသဖြင့် မျိုးဆက်သစ်များသည် ကျောင်းပိတ်ရက်များတွင် မိဘအုပ်ထိန်းသူများ၊ သူငယ်ချင်းများနှင့်အတူ စာကြည့်တိုက်သွားပြီး
စာဖတ်၊ စာအုပ်ရှာ၊ စာအုပ်ငှားသည့် အလေ့အထကို မွေးမြူထားသင့်သည်။ စာကြည့်တိုက်များတွင် ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအသက်အရွယ်ပေါင်းစုံတို့အတွက် စာအုပ်မျိုးစုံရှိသည်။ အမှန်တော့ကျောင်းစာကြည့်တိုက်များသည် ကျောင်းနေအရွယ် ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရေးတွင် များစွာအရေးပါလျက်ရှိသည်။ တတ်နိုင်ပါက ကျောင်းစာကြည့်တိုက်များတွင် မျိုးဆက်သစ်လူငယ်များ ကြိုက်နှစ်သက်သည့် ရုပ်ပြစာအုပ်စာစောင်များ၊ ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ တက်ကျမ်းစာအုပ်များ စသည်ဖြင့် ကဏ္ဍစုံစွာတင်ထားသင့်သည်။
ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူများ၏ အရွယ်၊ အတန်းတို့နှင့်ကိုက်ညီသည့် စာကောင်းပေမွန်များ ပြည့်စုံစွာထားရှိပေးရန်နှင့် ကလေးများ၏စိတ်ဝင်စားမှု ရရှိစေရန်အတွက်လည်း ပုံမှန်စာကြည့်တိုက်၏ လှုပ်ရှားမှုများ ပြုလုပ်ပေးရန်လိုသည်။
ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ခန်းစာအပြင် ပြင်ပဗဟုသုတများဖြန့်ဝေပေးရာ ပင်မနေရာများဖြစ်သင့်သည်။
ထို့ပြင်ကျောင်းစာကြည့်တိုက်များကို အချိန်ပြည့်ဖွင့်ပေးထားသင့်သည်။ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်
များကို ဗဟုသုတဖြစ်ဖွယ်စာအုပ်များ ငှားရမ်းပေးသင့်သည်။ လစဉ် စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပေးမည်ဆိုလျှင် မျိုးဆက်သစ်လူငယ်များ၏ စာဖတ်နှုန်းသည် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
သာဓကအနေဖြင့် ဟားဗတ်တက္ကသိုလ်ရှိစာကြည့်တိုက်တွင် နံနက် ၃ နာရီထိ စာဖတ်သူများရှိနေသည်ဟုဆိုသည်။ ထို့ကြောင့်လည်း
တိုးတက်အောင်မြင်နေခြင်း ဖြစ်သည်။
ဗလငါးတန်ပြည့်စုံဖို့ စာကြည့်တိုက်ကိုသွားကြစို့
စာဖတ်ခြင်းသည် အသက်အရွယ်ပေါင်းစုံကို အရည်အသွေးတိုးတက်စေခြင်း၊ သတင်းအချက်အလက်သိရှိနိုင်ခြင်း၊ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်သည့်အပြင် လုပ်ငန်းတာဝန်အပေါ်တွင်လည်း အာရုံစူးစိုက်နိုင်စေသည်။ စာဖတ်ခြင်းသည် လူတစ်ဦးကိုမတူညီသော ရှုထောင့်ပေါင်းစုံမှ တွေးခေါ်မြော်မြင်နိုင်စေသည်။ ထို့ကြောင့် စာဖတ်သူတစ်ဦးသည် အကန့်အသတ်မရှိ လေ့လာနိုင်သဖြင့် အသိပညာဗဟုသုတ ပိုမိုကြွယ်ဝလာကာ တိုးတက်မှုများ ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သည်။
လူတစ်ဦးချင်းစီ၏ စာဖတ်နှုန်းတိုးတက်လာမှုကြောင့် လူ့အဖွဲ့အစည်းအတွင်း ဒုစရိုက်လုပ်ငန်းများလျော့ကျလာနိုင်သည့်အပြင် တိုင်းပြည်တိုးတက်ရေး အတွက်လည်း များစွာအထောက်အကူပြုစေသည်။ စာကောင်းပေမွန်များဖတ်ရှုမှတ်သားလေ့လာမှု အားကောင်းသူများဖြင့်သာ စုစည်းတည်ဆောက်ထားသော လူ့အသိုက်အဝန်းသည် တစ်နေ့တခြားတိုးတက်မှုရှိနေမည်မှာ ငြင်းဆို၍မရသောပကတိအရှိတရားပင်ဖြစ်သည်။ အထူးသဖြင့် စာပေဝါသနာထုံသော လူငယ်များသည်ဘဝပန်းတိုင်အတွက် အခက်အခဲများကို ကျော်လွှားရာတွင် မှန်ကန်စွာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာကောင်းပေမွန်များသည် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်ဘဝ ပြောင်းလဲတိုးတက်မှုကို ဖော်ဆောင်ရာ၌ များစွာအရေးပါလျက်ရှိသည်။
အမှန်တော့ ခေတ်မီတိုးတက်သော အနာဂတ်အမိမြန်မာနိုင်ငံတော်ကြီးကို မျိုးဆက်သစ်လူငယ်များစုပေါင်းအားဖြင့် စုစည်းတည်ဆောက် သွားမည်ဆိုလျှင် တိုးတက်မှုရှိနေမည်မှာ ငြင်းဆို၍မရသော ပကတိအရှိတရားပင် ဖြစ်သည်။ မျိုးဆက်သစ် လူငယ်များသည် တိုင်းပြည်၏အနာဂတ်ပင်ဖြစ်သည်။ အနာဂတ်တွင် သုတ၊ ရသ စာပေမျိုးစုံကိုဖတ်ရှုထားသော လူငယ်များသာလျှင် ဦးဆောင်မှုနေရာကို ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်အားလုံးအနေဖြင့် ဗလငါးတန်ပြည့်စုံရေးအတွက် စာကြည့်တိုက်များသို့ သွားရောက်ကာ တန်ဖိုးရှိသော စာကောင်းပေမွန်များကို အကျိုးရှိစွာ ဖတ်မှတ်သွားနိုင်ရန် စစ်မှန်သော စေတနာဖြင့် ဆန္ဒပြု ရေးသားအပ်ပါသည်။ ။
MWD
Photo Credit to The American College of Greece

ကမ္ဘာ့နိုင်ငံအတော်များများတွင် လူငယ်များကို မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးကာ အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးသည့်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားများဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လူငယ်များကို အရည်အသွေးမြင့်မားအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် အနာဂတ်တွင် နိုင်ငံအတွက် ကောင်းကျိုးဆုလာဘ်များ ရရှိနိုင်မည်မှာအမှန်ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရေမြေဒေသနှင့်ကိုက်ညီသော လူငယ်များပြုစုပျိုးထောင်ရေး အတွက် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ပညာရေး၏အခြေခံဖြစ်သော အခြေခံပညာကဏ္ဍတွင် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူနိုင်မှု၊ စစ်ဆေးအကဲဖြတ်မှုနှင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဟန်ချက်ညီဆောင်ရွက် အကောင်အထည်ဖော်နေသည်။ အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင်ပြီး စနစ်သစ်သင်ကြားရေးဖြင့် သင်ကြားလေ့ကျင့်ကာ အကဲဖြတ်နည်းလမ်းများဖြင့် စနစ်တကျစစ်ဆေးအကဲဖြတ်ပြီး လူငယ်များအတွက် အခွင့်အလမ်းများ ရရှိလာအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို မူလတန်းမှ အထက်တန်းအထိ ပုံမှန်သင်ကြားခဲ့သည့် သင်ကြားရေးအပြင် နိုင်ငံ၏ရေခံမြေခံနှင့် လျော်ညီသည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာများကို တွဲဖက်သင်ကြားနိုင်ရန် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြားခဲ့သည်။ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းပညာကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်အထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းအထိဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်သည်။ အဆိုပါအထက်တန်းကျောင်းများတွင် အထက်တန်းပညာနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ပြီး နိုင်ငံရေမြေနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။
နိုင်ငံတော်၏အနာဂတ်သည် လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ အနာဂတ်သည် ပညာရေးပင်ဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်(၄)ရပ်ချမှတ်ခဲ့သည်။ ယင်းဦးတည်ချက်၏ တတိယအချက်တွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဟုသတ်မှတ်ကာ ပညာရေးကဏ္ဍ အဆင့်အတန်းမြင့်မားလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှသာ စက်မှုကောလိပ်တက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ မွေးမြူရေးတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင်သည်။
ယခုအခါ အခြေခံပညာအလယ်တန်းဆင့် Grade -9 အောင်မြင်သူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်သင်ကြားခွင့်ပေးထားသည်။ ထိုသို့ သင်ယူခွင့်ပေးခြင်းဖြင့် ပုံမှန်အထက်တန်းပညာကို သင်ယူနိုင်သည့်အပြင် အသက်မွေးဝမ်းကျောင်းအတွက် များစွာ အသုံးဝင်သော စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊ မွေးမြူရေးနည်းပညာများကို သင်ယူရရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှင့်သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိလုပ်ကိုင်နိုင်မည်ဖြစ်သည်။ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် အောင်မြင်သော ဘာသာတွဲအလိုက် သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ ကောလိပ်များတွင် ဆက်လက်ပညာသင်ကြားခွင့်ရရှိသည်။
စက်မှုနည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းပညာနှင့်အတူ စက်မှုနည်းပညာများဖြစ်သော အဆောက်အအုံနည်းပညာ၊လျှပ်စစ်နည်းပညာနှင့် စက်မှုအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ ဘာသာရပ်များကို စာတွေ့လက်တွေ့သုံးနှစ်သင်ယူခွင့်ရရှိသည်။
စက်မှုနည်းပညာအထက်တန်းကျောင်းမှ Credit ဖြင့်အောင်မြင်သူများသည် BE အင်ဂျင်နီယာဘွဲ့ပေးအပ်မည့် ခြောက်နှစ်သင်နည်းပညာတက္ကသိုလ်နှင့် B.Tech နည်းပညာဘွဲ့ပေးအပ်မည့် လေးနှစ်သင်အစိုးရနည်းပညာကောလိပ်များသို့ ဆက်လက်တက်ရောက် သင်ကြားခွင့်ရရှိသည်။ စက်မှုနည်းပညာ အထက်တန်းကျောင်းမှ ရိုးရိုးအောင်မြင်သူများသည် သင်ကြားပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိပြီး ပြင်ပလုပ်ငန်းခွင်များ၊ ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးထားသည်။
ထို့အတူ စိုက်ပျိုးရေးအတတ်ပညာ အထက်တန်းကျောင်းများတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များနှင့် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့သုံးနှစ်သင်ကြားနိုင်ပြီး Credit ဖြင့် အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ပေးအပ်မည့် ငါးနှစ်သင်တန်းများကို တက်ရောက်ခွင့်ရရှိသည်။ အဆင့်မီ Qualified ဖြင့်အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် သုံးနှစ်တက်ရောက်ကာ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရရှိသည်။ ၎င်းသင်တန်းမှ ထူးချွန်စွာအောင်မြင်သူများကိုလည်း ငါးနှစ်သင်စိုက်ပျိုးရေး တက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)မှစတင် တက်ရောက်ခွင့်ရသည်။ စိုက်ပျိုးရေးအတတ်ပညာ အထက်တန်းကျောင်းမှ ရိုးရိုးအောင်မြင်သူများသည်ပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိပြီး ၎င်းနှင့်သက်ဆိုင်သည့် အလုပ်အကိုင်နှင့် အခွင့်အလမ်းများရရှိသည်။
မွေးမြူရေးအတတ်ပညာ အထက်တန်းကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး Credit ဖြင့်အောင် မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှဖွင့်လှစ်သည့် ခြောက်နှစ်သင်တိရစ္ဆာန် ဆေးပညာဘွဲ့နှင့် လေးနှစ်သင်မွေးမြူရေးပညာဘွဲ့ သင်တန်းများသို့ တက်ရောက်ခွင့်ရရှိသည်။ အဆင့်မီ Qualified ဖြင့်အောင်မြင်သူများသည် သုံးနှစ်သင်မွေးမြူရေး ဒီပလိုမာသင်တန်းများသို့ တက်ရောက်နိုင်သည်။ထိုသင်တန်းမှ ထူးချွန်စွာအောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်လေးနှစ် သင်တန်းသို့ တက်ရောက်သင်ကြားခွင့်ရရှိသည်။ ရိုးရိုးအောင်မြင်သူများသည် မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်ရရှိပြီး မွေးမြူရေးနှင့် သက်ဆိုင်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိသည်။ ဤသို့ မြန်မာနိုင်ငံ၏ ရေမြေဒေသအခြေအနေနှင့်ဆီလျော်သော ပညာရေး အခွင့်အလမ်းများကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ဆောင်ရွက်ပေးမှုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ရသည့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုရရှိလာမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်ဘက်စုံပညာ ထက်မြက်ထူးချွန်သော လူငယ်များလိုအပ်သဖြင့် နိုင်ငံတော် အစိုးရက ဘက်စုံပညာရည်ထူးချွန်သူများပြုစုပျိုးထောင်ရန် လူရည်ချွန်များကို မွေးထုတ်ပေးလျက်ရှိသည်။
အခြေခံပညာအလယ်တန်းဆင့် Grade - 9 နှင့် အခြေခံပညာအထက်တန်းဆင့် Grade -10၊ Grade -11၊ Grade -12 တို့မှ ဘက်စုံပညာထူးချွန်သူ လူရည်ချွန်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပြီး ၎င်းတို့ကို ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ဆောင်ပေးလျက်ရှိသည်။ တစ်ဖန်ပညာရပ်အလိုက် ထူးချွန်ထက်မြက်သူများကို နိုင်ငံခြားပညာတော်သင်ဝင်ခွင့် စာမေးပွဲများကျင်းပ၍ ရွေးချယ်စေလွှတ်သင်ကြားစေလျက်ရှိသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာပြီးဆုံးအောင် သင်ကြားနိုင်စေရန် အခမဲ့ပညာရေးစနစ်ကို အခြေခံပညာမူလတန်းမှ အထက်တန်း (တက္ကသိုလ်ဝင်တန်း)အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်က အခမဲ့ပေးအပ်သော ကျောင်းသုံးစာအုပ်များ၊ ဝတ်စုံများ၊ စာရေးကိရိယာများဖြင့် စိတ်အေးချမ်းသာ ပညာသင်ယူနိုင်ကြသည်။ ထို့ပြင် ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ချီးမြှင့်ငွေများ ရွေးချယ်ပေးအပ်လျက်ရှိသည်။ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးကိစ္စအဝဝကို အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ကျောင်းအလိုက် ကျောင်းသားဦးရေအလိုက် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရန်ပုံငွေများကို ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်ခွဲ၍ ပံ့ပိုးချီးမြှင့်ပေးလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ပညာရေးကဏ္ဍ အဆင့်မြင့်မားရေးနှင့် လူငယ်များ၏ပညာရည်ပြည့်ဝရေး၊ ပညာရေးအခွင့်အလမ်းများ ရရှိရေးတို့အတွက် နိုင်ငံတော်အပိုင်းက ရင်းနှီးမြှုပ်နှံမှုများ၊အားပေးမြှင့်တင်မှုများပြုလုပ်လျက်ရှိရာ အခွင့်သာသည့်အလျောက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများကလည်း ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းကြိုးစားပေးကြရမည်ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပွဲတွင် “ပညာရေးနှင့်ပတ်သက်၍ “အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ်ပညာသည် လူတော်ဖြစ်စေ”ကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်းပညာရှိရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း”လမ်းညွှန်ပြောကြားခဲ့သည်။
ထို့ကြောင့် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင် ရန်အတွက်လည်း ပညာအရည်အချင်းပြည့်ဝသော၊ အသိအလိမ္မာပြည့်ဝ၍ နှလုံးလှသော၊ စည်းကမ်းရှိသော လူသားအရင်းအမြစ်များ လိုအပ်သည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှုများကို သိနားလည်လျက် အားလုံးတက်ညီလက်ညီပါဝင်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ကျွန်ုပ်တို့ရည်မျှော်မှန်းသော ပညာရေးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် အမှန်တကယ် တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။

ပညာရေးသည် တစ်ဦးချင်းတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေး၍ ပိုမိုမျှတပြီး သာယာဝပြောသောကမ္ဘာကို တည်ဆောက်နိုင်သည်။
ပညာရေး၏ အရေးပါမှုသည် ဘဝ၏ကဏ္ဍ အသီးသီးကို လွှမ်းခြုံထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်မှုမှသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအထိ အရေးပါသည်။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအကျိုးပြုသဖြင့် နိုင်ငံများစွာသည် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကြီးစွာ ပြုလုပ်ကြသည်။ နိုင်ငံတစ်နိုင်ငံအတွက် ရေရှည်နှင့်တန်ဖိုးအရှိဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးသည်။ ပညာရေးကို အားပေးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို အမှန်တကယ်တည်ဆောက်နိုင်သည်။ ပညာတတ်လူ့အဖွဲ့အစည်း တစ်ခုသည် ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်ပြီး စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်သည်။ ပညာရေးသည် ဆင်းရဲမှုကို တိုက်ဖျက်နိုင်သည့် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ပြီး လူမှုဘဝ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးသည်။
နိုင်ငံတော်တိုးတက်ရေး အတွက် အခြေခံအုတ်မြစ်
နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက်ပါ အရေးပါဆုံးသော အုတ်မြစ်တစ်ခုဖြစ်သည်။ ပညာရေးသည် လူသားတစ်ဦးကို မှန်ကန်သော အတွေးအခေါ်၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်တရားတို့ဖြင့် ပြည့်စုံစေပြီး ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ် လူတို့၏အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အမြင်တို့ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သဖြင့် လူငယ်များသည် မိမိတို့၏ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကိုဆည်းပူးလေ့လာရန် လိုအပ်သည်။ ယနေ့ခေတ်တွင် ပညာရေးသည် ပုံသေသင်ကြားနည်းများမှသည် နည်းပညာအခြေပြု သင်ကြားနည်းများဆီသို့ တိုးတက်ပြောင်းလဲလာသည်။ အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာများကြောင့် အွန်လိုင်းသင်တန်းများ၊ အဝေးသင်ပညာရေးစနစ်များ ပေါ်ပေါက်လာပြီး ပညာသင်ယူခွင့်ကို ပိုမိုကျယ်ပြန့်လာစေသည်။ ထို့ပြင် ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်လျော်ညီစွာ ပညာရေးသည် ရိုးရာစာအံသင်ကြားမှုမှသည် ခေတ်၏လိုအပ်ချက်အရ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာအသုံးပြုနိုင်စွမ်း တို့ကို အလေးပေးသည့်စနစ်ဆီသို့ မလွဲမသွေပြောင်းလဲနေပြီဖြစ်သည်။ဘဝတစ်သက်တာ သင်ယူလေ့လာရေးသည် အသိပညာရှင်နှင့် အတတ်ပညာရှင်များအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်လာသည်။
မြန်မာ့ပညာရေးသမိုင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ ခုနှစ်မှစ၍ လေးနှစ်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ လူထုပညာရေးစီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံတတ်မြောက်ရေးအတွက် “အ” သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မတိုင်မီ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့်မဟာဌာနများကို တက္ကသိုလ်များတွင်ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။
၁၉၇၁ ခုနှစ်မှစ၍ ပညာရေးလေးနှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာကဏ္ဍတွင် ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ပညာရေးသုတေသနလုပ်ငန်းများ၊ ပညာရေးစစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီးစာတတ်မြောက်ရေး “အ” သုံးလုံးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာနှစ်အထိ အမျိုးသားပညာရည်မြင့်မားရေး အထူးလေးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ်(၃၀) နှစ်ရှည်စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာနှစ်အထိသတ်မှတ်၍ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိသည်။
ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်
ပညာရေး တိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲသည် “နိုင်ငံတစ်ခုကို အဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများ ပေါများရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကိုရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုး ထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက် ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာ လိုအပ်လျက်ရှိနေဆဲ ဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်ကစီမံ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်တွင် အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ လည်းကောင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက မိန့်ခွန်းပြောကြားရာ၌ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ် နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသည် စီးပွားရေး၊ နည်းပညာ သို့မဟုတ် အခြေခံအဆောက်အဦတို့တွင်သာမက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အခြေခံသည်။ ပညာရေးသည် ထိုအရင်းအမြစ်ကို မွေးထုတ်ပေးသော ဗဟိုချက်မဖြစ်သည်။ စနစ်ကောင်း် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝသော၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော နိုင်ငံသားများကို မွေးထုတ်ပေးပြီး နိုင်ငံတော်အား စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ကျော်လွှားရန်၊ စီးပွားရေးပြိုင်ဆိုင်မှုများတွင် ရပ်တည်နိုင်ရန်နှင့် လူမှုအသိုက်အဝန်း သာယာဝပြောရန် စွမ်းအားပေးသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် နည်းပညာတတ်မြောက်သော၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ရှိသော နိုင်ငံ့သားကောင်းများ လိုအပ်သည်။
သို့ဖြစ်၍ ပညာရေးကို ရင်းနှီးမြှုပ်နှံခြင်း၊ ဆရာများ၏ အဆင့်အတန်းမြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီပြင်ဆင်ခြင်းနှင့် ပညာသင်ယူမှုအခွင့်အလမ်းများ ညီမျှစွာဖြန့်ဝေခြင်းတို့သည် နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ နိုင်ငံသားတိုင်း၏ ပညာရေးအတွက် ဝိုင်းဝန်းအားပေးမှသာလျှင် ကျွန်ုပ်တို့၏ နိုင်ငံတော်သည် ပိုမိုဖွံ့ဖြိုးတိုးတက်သော၊ တရားမျှတပြီး ခိုင်မြဲသောအနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ပညာကိုအားပေးခြင်းသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ခြင်းပင်ဖြစ်ရာ အားလုံးလက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ရာ ပညာရေးကို အားပေးကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Photo Credit to OASIS

“နိုင်ငံကို ဖိုးသုညတွေ၊ မယ်သုညတွေနဲ့ တည်ဆောက်လို့မရဘူး” ဆိုတဲ့စကားကို ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတွေပြောခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်လောက်ကြာခဲ့ပါပြီ။ ဒီစကားဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့အတွက် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုလိုတာဖြစ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။
တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်တဲ့ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို မဖြစ်မနေ ပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးခဲ့တာ နှစ်ပေါင်း ၈၀ နီးနီးလောက် ရောက်ရှိပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ ဘယ်လိုအဆင့်အတန်းကို ရောက်ရှိခဲ့ပြီလဲလို့ကြည့်လိုက်မယ်ဆိုရင် အားရစရာမကောင်းဘူးလို့ ဆိုရမှာဖြစ်သလို မျှော်လင့်ချက်ကင်းမဲ့လောက်တဲ့ အခြေအနေမျိုးမဟုတ်ဘူးလို့လည်း ဆိုရမှာဖြစ်ပါတယ်။
ပညာရေးအပေါ် ဘယ်လိုသဘောထားကြသလဲ
လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မြန်မာနိုင်ငံအလယ်ပိုင်း ရွာလေးတစ်ရွာကို ကျွန်တော်ရောက်သွားခဲ့တယ်။ ရွာရဲ့အခြေခံစီးပွားရေးဟာ စိုက်ပျိုးရေးဆိုပေမယ့် စိုက်ပျိုးရေးကရတဲ့ဝင်ငွေကို ခေတ်လူငယ်တွေက စိတ်မဝင်စားကြတော့ဘူးလို့ ရွာခံတချို့နဲ့ စကားစမြည်ပြောရင်း သိခဲ့ရပါတယ်။ ရာသီသီးနှံတစ်ခုခုက ရမယ့်ဝင်ငွေဟာ ကျိန်းသေ အကျိုးအမြတ်ရမယ်လို့ အာမမခံနိုင်ဘူး။ မသေချာဘူး။ ရွာမှာအိမ်ကောင်းကောင်းနဲ့၊ ပြည့်ပြည့်စုံစုံနေနိုင်တဲ့သူတွေကိုကြည့်ရင်အများစုက နိုင်ငံခြားမှာ သွားအလုပ်လုပ်နေကြသူတွေရှိတဲ့ မိသားစုအိမ်တွေပဲတဲ့။ ဒီလိုနဲ့စမတ်ဖုန်းကောင်းကောင်းတွေကိုင်နိုင်ဖို့၊ ဆိုင်ကယ်ကောင်းကောင်းစီးနိုင်ဖို့၊ ဝိုင်းကျယ်ကျယ်၊ အိမ်ကောင်းကောင်း၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်ပြည့်ပြည့်စုံစုံနဲ့ နေနိုင်ဖို့ အစရှိတဲ့ လူငယ်တွေရဲ့အိပ်မက်တွေအတွက် အဓိကလိုအပ်ချက်က ပညာတတ်ကြီးဖြစ်အောင် အချိန်ကုန်၊ ငွေကုန်ခံပြီးသင်ဖို့မဟုတ်ဘဲ နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ဖြစ်လာတယ်တဲ့။
ရွာထဲကလမ်းဆုံလမ်းခွတွေမှာ ကိုရီးယားစကားပြောသင်တန်း၊ ဂျပန်စကားပြောသင်တန်းစတဲ့ ကြော်ငြာစာရွက်တွေကပ်ထားတာကို တွေ့ရတတ်သလို တရားဝင်သလား၊ မဝင်သလားမသိရတဲ့ နိုင်ငံခြားအလုပ်အကိုင်ပွဲစားဆိုသူတွေ၊ လူခေါ်သူတွေကလည်း ရွာကိုရောက်ရောက်လာတတ်တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်လာတဲ့ လူငယ်၊ အထူးသဖြင့် ယောကျ်ားလေးတွေအတွက် ဇာတိရပ်ရွာကို စွန့်ခွာဖို့၊ ပညာသင်လက်စကျောင်းကနေထွက်ဖို့ တွန်းအားတွေဖြစ်လာတယ်။ မိဘတွေ စုဆောင်းထားသမျှ ငွေကြေးတွေ၊ မစုဆောင်းနိုင်ခဲ့ရင်လည်း လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ် ဝိုင်းခြံ မြေ၊ ကျွဲ၊ နွားတွေကို ပေါင်နှံရောင်းချ အရင်းအနှီးလုပ်ပြီး နိုင်ငံခြားမှာသွားအလုပ်လုပ်ဖို့ကိုပဲ စိတ်အားထက်သန်လာကြတယ်တဲ့။
အဲဒီလို သွားအလုပ်လုပ်နိုင်ဖို့ ဘယ်ဘာသာစကားမှ အပိုတတ်ကျွမ်းဖို့ မလိုအပ်သလို ဘာကျွမ်းကျင်မှုမှလည်း မလိုဘူး၊ ပင်ပန်းတာချင်းတူရင် နိုင်ငံခြားမှာက မြန်မာနိုင်ငံမှာထက် လုပ်ခလစာပိုရတယ်ဆိုပြီး ဆွယ်တဲ့သူတွေကလည်း ဆွယ်နေကြတယ်တဲ့။ မြန်မြန်သွားနိုင်ရင်၊ မြန်မြန်အကျိုးရှိတယ်လို့ ထင်မှတ်နေကြတယ်။ ဒါနဲ့ပဲများပြားလှတဲ့ အရွယ်ကောင်းလူငယ်တွေ တရားဝင်နည်းနဲ့ရော၊ တရားမဝင်နည်းနဲ့ပါ ပြည်ပနိုင်ငံတွေ ဆီကိုထွက်သွားကြတယ်။ ကိုယ့်နိုင်ငံကပညာတတ်တွေ တခြားနိုင်ငံတွေဆီထွက်သွားတာကို ဦးနှောက်ယိုစီးမှု(Brain Drain)လို့ဆိုရင် အလုပ် လုပ်နိုင်တဲ့လူငယ်တွေ ထွက်သွားခြင်းကလည်း ကြွက်သားယိုစီးမှု ဒါမှမဟုတ် လုပ်အားယိုစီးမှု (Muscle Drain)လို့ ဆိုရမှာဖြစ်ပါတယ်။ အခုဆိုရင် ပြည်ပရောက်မှ “သားမှားပြီ အမေရဲ့၊ သမီးမှားပြီ အမေရဲ့” ဆိုပြီး အွန်လိုင်းပေါ်တက်လာတဲ့ နောင်တသံတွေ မကြာခဏတွေ့မြင်ရပေမယ့် လောလောဆယ် ဆင်းရဲမွဲတေတဲ့ဘဝကနေ ရုန်းထွက်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ဇွတ်တိုးဝင်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိနေသေးတာမို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုတွေ လိုနေသေးတယ်လို့လည်း ရွာခံတချို့က ပြောပြတယ်။
နာဝါလှေငယ်နဲ့ အဏ္ဏဝါရေပြင်ကျယ်
မြန်မာ့လူ့အဖွဲ့အစည်းဟာ အစဉ်အလာအားဖြင့် ပညာသင်ယူမှုကိုအားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ ရှေးကတည်းက ရဟန်းပညာရှိ၊ လူပညာရှိတွေရဲ့ ဆုံးမစာတွေ၊ နီတိကျမ်းတွေမှာ ပညာသင်ယူကြဖို့ တိုက်တွန်းထားတာတွေကို အများအပြားတွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း ခေတ်ကာလအလိုက်ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားဘဝပတ်ဝန်းကျင်အခြေအနေတွေထဲမှာ အဆုံးအမတွေ၊ နီတိတွေလည်း မေ့လျော့ပစ်ပယ်ခံကြရပါတယ်။ “သေစာရှင်စာလောက်တတ်ရင် တော်ရောပေါ့” ဆိုတဲ့ စကားမျိုးကို ရှေးယခင်က ကျေးလက်ဒေသတွေမှာ အထူးသဖြင့် မိန်းကလေးတွေကို မိဘဆွေမျိုးတွေက ပြောလေ့ရှိကြတယ်လို့ ကြားဖူးပါတယ်။
သေစာရှင်စာဆိုတာ လိုအပ်လာရင်ရေးတတ်၊ ဖတ်တတ်ရုံလောက်ကိုပဲ ပြောတာဖြစ်ပါတယ်။ သူတို့ဘဝတစ်လျှောက် လုပ်ကိုင်ဆောင်ရွက်ကြရမယ့် အိမ်မှုကိစ္စတွေ၊ မိရိုးဖလာစီးပွားရေးဖြစ်တဲ့ လယ်ယာကိုင်းကျွန်းနဲ့ ကုန်ရောင်းကုန်ဝယ် အလုပ်အကိုင်တွေအတွက် ပညာကိုမြင့်မြင့်မားမား တတ်မြောက်နေစရာမလိုဘူးလို့ ခံယူထားကြလို့ပဲဖြစ်ပါတယ်။ တကယ်တော့ ပညာနည်းနည်း မဆိုစလောက်လေးနဲ့ဘဝကို ရှင်သန်နေထိုင်သွားဖို့ဆိုတာ လှေငယ်လေးတစ်စင်းနဲ့ ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်သန်းကြသလို အန္တရာယ်ကြီးလွန်းလှတယ်ဆိုတာကို နားမလည်နိုင်ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံသားတွေ ပညာတတ်မြောက်မှု နည်းပါးနိမ့်ကျတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ လည်း တိုက်ရိုက်အချိုးကျနေတာကြောင့် ပညာမတတ်လို့ မဖွံ့ဖြိုး၊ မဖွံ့ဖြိုးလို့ ပညာမတတ်တဲ့ သံသရာထဲကျမသွားအောင် အားစိုက်ရုန်းထွက်ကြဖို့လည်း လိုပြန်ပါတယ်။ ဒါကြောင့် ကျောင်းမထွက်နဲ့ ကျောင်းတက်ကြဖို့ အားလုံးက တိုက်တွန်းနှိုးဆော်နေကြရမှာဖြစ်သလို ကျောင်းတက်နိုင်အောင် အခြေအနေကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးတည်ဆောက်ပေးကြရမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်က ပျမ်းမျှကျောင်းတက်နှစ်
ပျမ်းမျှကျောင်းတက်နှစ် (The average years of schooling) ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေက သင်ယူပြီးမြောက်တဲ့ တရားဝင်ပညာရေးနှစ် ပျမ်းမျှအရေအတွက်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ အဲဒီကိန်းဂဏန်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးအလားအလာ (national development and economic potential) ကို အကဲဖြတ်ရာမှာ အသုံးပြုပြီး လူ့စွမ်းအားအရင်းအမြစ်ရဲ့ အဓိကညွှန်ပြချက် (key indicator)လည်း ဖြစ်ပါတယ်။
နိုင်ငံအချို့ရဲ့ ပျမ်းမျှကျောင်းတက်နှစ်တွေကို ကြည့်မယ်ဆိုရင် ဂျာမနီ ၁၄ ဒသမ ၁၊ ကနေဒါ ၁၃ ဒသမ ၈၊ အိုက်စ်လန် ၁၃ ဒသမ ၈၊ အမေရိကန် ၁၃ ဒသမ ၇၊ ဂျပန် ၁၃ ဒသမ ၄၊ ယူကေ ၁၃ ဒသမ ၄၊ နိုင်ဂျာ ၂ ဒသမ ၁ စသည် ဖြင့်တွေ့နိုင်ပါတယ်။ ပျမ်းမျှကျောင်းတက်နှစ် အမြင့်ဆုံးနိုင်ငံတွေကိုကြည့်ရင် ပျမ်းမျှ ၁၄ နှစ် ဝန်းကျင်မှာတွေ့နိုင်ပြီး အနိမ့်ဆုံးနိုင်ငံတွေထဲမှာ မာလီ၊ ဂီနီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာစတဲ့ ဆာဟာရ အောက်ပိုင်း အာဖရိကနိုင်ငံတွေပါဝင်ပါတယ်။ အနိမ့်ဆုံး ပျမ်းမျှ နှစ်နှစ်၊ သုံးနှစ်ဝန်းကျင်ခန့်သာ ရှိပါတယ်။ တောင်အာရှနိုင်ငံအများစုက ခုနစ်နှစ်အောက်ဖြစ်ပြီး ဝင်ငွေမြင့်မားတဲ့ နိုင်ငံအများစုက ၁၀ နှစ်အထက်မှာ ရှိပါတယ်။
နိုင်ငံတွေရဲ့ ပျမ်းမျှကျောင်းတက်နှစ်တွေဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့ ပျမ်းမျှပညာအရည် အချင်းဖြစ်ပါတယ်။ ဂျာမနီ၊ ကနေဒါ၊ အိုက်စ်လန်၊ အမေရိကန်၊ ဂျပန်၊ ယူကေနိုင်ငံသားတွေရဲ့ ပျမ်းမျှ အရည်အချင်းဟာ တက္ကသိုလ်အဆင့်မှာရှိနေတာကိုတွေ့နိုင်ပြီး မြန်မာနိုင်ငံသားတွေဟာ အလယ်တန်း အောက်အဆင့်၊ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံတွေက နိုင်ငံသားတွေရဲ့ ပျမ်းမျှပညာအရည်အချင်းက မူလတန်းအောက်အဆင့် စသည်ဖြင့်တွေ့နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ လူနေမှုအဆင့်အတန်းတွေနဲ့ နှိုင်းယှဉ်အကဲခတ်လေ့လာ ကြည့်နိုင်ပါတယ်။
မျက်မှောက်ကာလ မြန်မာ့ပညာရေးအခြေအနေ
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြည်ထောင်စုအစီရင်ခံစာ အခန်း(၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးအခြေအနေကို ပညာရေး၊ လုပ်သားအင်အားနဲ့ မသန်စွမ်းမှုဆိုတဲ့ ခေါင်းစဉ်များနဲ့ အပိုင်းသုံးပိုင်းခွဲခြားဖော်ပြထားပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေနဲ့ပတ်သက်လို့ ဖော်ပြထားတဲ့ထဲက အနည်းငယ်မျှကောက်နုတ်ပြီး ပြန်လည်တင်ပြလိုပါတယ်။ အပြည့်အစုံကိုတော့ သန်းခေါင်စာရင်းအစီရင်ခံစာမှာ ကြည့်ရှုလေ့လာကြဖို့ စာဖတ်သူတို့ကို တိုက်တွန်းလိုပါတယ်။
စာတတ်မြောက်မှုနဲ့ တွက်ချက်နိုင်မှုအခြေအနေက ပြည်ထောင်စုအဆင့်မှာ အသက် ၁၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၁၀ ဦးလျှင် ကိုးဦး စာရေးနိုင်၊ ဖတ်နိုင်ပြီး စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ အခြေခံသင်္ချာတွက်ချက်နိုင်မှုအနေနဲ့ ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ မြို့မှာနေသူ ၁၀၀ မှာ ၉၅ ယောက်နှုန်း၊ ကျေးလက်မှာနေသူ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းစာတတ်ကြတဲ့အတွက် မြို့မှာနေသူစာတတ်မြောက်နှုန်းကပိုပါတယ်။
ကျောင်းတက်ရောက်မှုအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံရှိ အသက် ၃ နှစ်မှ ၂၅ နှစ်ကြား လူဦးရေ ၁၀ ဒသမ ၅ သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းက လက်ရှိကျောင်းတက်နေကြပါတယ်။ ၃၄ ဒသမ ၁ ရာခိုင်နှုန်းက အရင်တုန်းက ကျောင်းတက်ခဲ့ဖူးတဲ့သူတွေဖြစ်ပြီး ကျောင်းလုံးဝမတက်ဖူး သူ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။
အသက်အရွယ်အလိုက် ကျောင်းတက်နှုန်းလျော့ကျ
မြန်မာနိုင်ငံမှာ အတန်းကျောင်းစနေကြရတဲ့အရွယ်က အသက် ၅ နှစ်အရွယ်ဖြစ်ပြီး အသက် ၅-၉ နှစ်အရွယ် ၁၀ ဦးမှာ ကိုးဦးကျောင်းတက်ကြပါတယ်။ ၁၀-၁၄ နှစ်အရွယ်မှာ ၈၄ ဒသမ ၂ ရာခိုင် နှုန်းနဲ့ ကျဆင်းစပြုလာပါတယ်။ ၁၅-၁၉ နှစ်အရွယ် မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ထက်ဝက်လောက် ကျဆင်းသွားပြီး အသက် ၂၀ - ၂၄ နှစ်မှာ ၁၅ ရာခိုင် နှုန်းအထိ သိသိသာသာလျော့ကျသွားပါတယ်။ အသက် ၂၅ နှစ်နောက်ပိုင်းမှာ ကျောင်းတက်နှုန်းမရှိသလောက်နည်းသွားပြီး သက်လတ်ပိုင်း အဆင့်မြင့်ပညာဆက်သင်သူ၊ ကျောင်းပြန်တက်သူ အနည်းငယ်သာ ရှိပါတော့တယ်။
လက်ရှိလူငယ်တွေကြားမှာ ကျောင်းလုံးဝမတက်ဖူးသူ အနည်းငယ်သာရှိနေပါတယ်။ အသက် ၁၀-၁၄ နှစ်အရွယ် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၅-၁၉ နှစ်အရွယ် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀-၂၄ နှစ်အရွယ် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျောင်းလုံးဝမတက်ဖူးကြတာကို တွေ့ရပါတယ်။ အသက် ၃၀၊ ၄၀၊ ၅၀ စတဲ့ အရွယ်တွေမှာ ကျောင်းလုံးဝမတက်ဖူးသူရာခိုင်နှုန်းဟာ အသက်ကြီးလေပိုမြင့်လေတွေ့ရတာမို့ မြန်မာနိုင်ငံမှာ အခြေခံပညာရေးမြှင့်တင်မှုကို ကာလရှည်ကြိုးပမ်းနေတဲ့ သက်သေသာဓကအဖြစ် တွေ့ရှိနိုင်ပါတယ်။
ဘာကြောင့်ကျောင်းဆက်မတက်ကြတာလဲ
ကျောင်းသူ ကျောင်းသားအများစု ကျောင်းထွက်ရခြင်းဟာ ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်ကြောင်း သန်းခေါင်စာရင်းပါအချက်အလက်တွေက ဖော်ပြနေတယ်လို့ ၂၀၂၄ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာက ဆိုထားပါတယ်။
အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ မိသားစုကိုကူညီရန်၊ အိမ်အလုပ်များလုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်အတွက် ကျောင်းထွက်ရခြင်းက ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိနေတယ်။ အိမ်မှုကိစ္စနဲ့ ပြုစုစောင့်ရှောက်မှုတာဝန်တွေက ကလေးများနဲ့ ဆယ်ကျော်သက်များကို ကျောင်းထွက်ဖို့ တွန်းအားပေးတာကို ပြဆိုနေတယ်လို့ဆိုပါတယ်။
ဒုတိယအရေးပါတဲ့အကြောင်းရင်းက စီးပွားရေးနဲ့သက်ဆိုင်နေပြီး ကျောင်းစရိတ်မတတ်နိုင်လို့ ၂၀ ဒသမ ၆ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်လိုအပ်ချက်များ (စိုက်ပျိုးရေး ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ အခြားလုပ်ငန်းများ ၁၃ ဒသမ ၁ ရာခိုင်နှုန်း) တို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျောင်းဆက်မနေနိုင် သူတွေရဲ့ထက်ဝက်ခန့်ဟာ မိသားစုလိုအပ်ချက်ကြောင့် ဒါမှမဟုတ် ပညာရေးအတွက် တိုက်ရိုက်/သွယ်ဝိုက်စရိတ်တွေကို မတတ်နိုင်ခြင်းကြောင့်ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
အသက်မွေးမှုတစ်ခုပညာ
ငယ်တုန်းရွယ်တုန်း ခွန်အားဗလနဲ့ တက်ကြွတဲ့အရွယ်မှာ ကာယလုပ်အားကို အခြေပြုပြီး အသက်မွေးဝမ်းကျောင်းပြုကြရတာဟာ အကန့်အသတ်တွေရှိနေမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြေလည်မှုရနိုင်ပေမယ့် အကြောင်းကြောင်းကြောင့် အလုပ်မလုပ်နိုင်တော့တဲ့အခါ မူလအခြေအနေ ဒါမှမဟုတ် ပိုပြီးဆိုးရွားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ကာယလုပ်အားကို အခြေပြုပြီးရရှိတဲ့ လုပ်ခ၊ လစာဆိုတာတွေကလည်း ရေရှည်မှာ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ကြဖို့ကိုပဲ နှိုးဆော်တိုက်တွန်းကြရမှာ ဖြစ်ပါတယ်။ ဆင်းဆင်းရဲရဲနဲ့ ပညာသင်ကြားရတာဟာ ပိုပြီး ရုန်းကန်အားထုတ်ကြိုးစားကြဖို့၊ ပိုပြီးလုံ့လဝီရိယ စိုက်ထုတ်ကြဖို့လိုတာ အမှန်ပါပဲ။
အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ရှာဖွေသင်ယူကြပြီး လယ်ထဲကိုင်းထဲက၊ ရထားလမ်းဘေး၊ မြစ်ကမ်းနံဘေးရွာလေးတွေက၊ ဝေးလံခေါင်ဖျား တောင်ပေါ်ရွာလေးတွေက၊ မြို့ပြဆင်ခြေဖုံးကျူးကျော်ရပ်ကွက်ထဲက စတဲ့နေရာတွေကနေ ထွက်ပေါ်လာတဲ့လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ဆရာဝန်ကြီးတွေ၊ အရာရှိအရာခံတွေ အများအပြားရှိနေတာ ပါးစပ်ပြောပုံပြင်တွေ မဟုတ်ပါဘူး။ ဆင်းရဲတွင်းက လွတ်အောင်ပျံတက်ဖို့ ခွန်အားကောင်းတဲ့ တောင်ပံတစ်စုံလိုတယ်ဆိုရင် အဲဒါဟာ ပညာနဲ့လုံ့လဝီရိယပါပဲ။
ဒီဆောင်းပါးကို လိုရင်းအနှစ်ချုပ်ရရင်တော့ ပညာသင်ကြရမယ့်အရွယ်မှာ ပညာကိုမဖြစ်မနေ သင်ယူကြဖို့ပါပဲ။ KG ကနေ ၉ တန်းအထိ နိုင်ငံတော်က အခမဲ့သင်ကြားပေးနေတာဖြစ်တဲ့အတွက် လူ့ဘဝရဲ့ အနည်းဆုံးလိုအပ်ချက်အဖြစ် ၉ တန်းအောင်တဲ့ အထိ မဖြစ်ဖြစ်အောင် သင်ယူကြရမှာပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒီထက်ပိုအဆင့်မြင့်ချင်တယ်၊ အဆင်ပြေချင်တယ်ဆိုရင် အခြေခံပညာအထက်တန်းပြီးအောင် ဆက်သင် ဒါမှမဟုတ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ယူ၊ လူဖြစ် ကျိုးနပ်ချင်တယ်ဆိုရင်တော့ တက္ကသိုလ်တက်၊ အဆင့်မြင့်ပညာတွေသင် ကြိုးစားရင်ကြိုးစား သလောက်ထွန်းပေါက်ပြီး ပညာရဲရင့်ပွဲလယ်တင့်နိုင်ကြပြီပေါ့။ အဲဒီလိုအခြေအနေရောက်လာပြီဆိုရင် ကိုယ့်အတွက်ရော၊ နိုင်ငံအတွက်ရောအဖိုးတန်တဲ့ လူသားအရင်းအမြစ် ဖြစ်လာပါပြီ။
အသက် ၅ နှစ်ကစတဲ့ ပညာရေးခရီးဟာ အသက် ၂၅ နှစ်လောက်မှာ ပြီးဆုံးသွားတယ်လို့ ဆိုရပေမယ့် ယနေ့ခေတ်မှာတော့ ဘွဲ့တစ်ခုခုရပြီး ရင်လည်းရပ်ထားလို့မရပါဘူး။ ဘဝတစ်သက်တာ မှာ မိမိဘာသာ ပညာကို ဆက်လက်သင်ယူခြင်းဖြင့် ဆက်လက်ရှင်သန်ကြရမှာဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ လုံ့လဝီရိယ တောင်ပံတစ်စုံ အားကောင်းသန်မာကြတာနဲ့အမျှ ကောင်းကင်အမြင့်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျံသန်းနိုင်ကြမှာဖြစ်တဲ့အကြောင်း ပညာသင်အရွယ်လူငယ်များကို တိုက်တွန်းအားပေးလိုက်ပါတယ်ခင်ဗျား။ ။
MOI