မိုင်ယာမီမြို့သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး ရွှေရောင် ကမ်းခြေများ၊ သာယာသော အပူပိုင်းရာ သီဥတု၊ ညဘက်ပျော်စရာနေရာများ၊ လက်တင်အမေရိက ယဉ် ကျေးမှုများကြောင့် အမေရိကန်တွင် လာရောက်လည်ပတ်ရန် အကောင်းဆုံးမြို့များထဲမှတစ်မြို့အဖြစ် နာမည်ကျော်ကြားသည်။ မိုင်ယာမီ မြို့တွင်နေထိုင်သူလူဦးရေမှာ (၄၄၂၂၄၁)ဦးရှိပြီး ဖလော်ရီဒါပြည်နယ် တွင် ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ မိုင်ယာမီမြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၆ ဒသမ ၄၆) သန်းရှိပြီး အမေရိကန်နိုင်ငံတွင်းတွင် ခြောက်ခုမြောက်အကြီးဆုံး မြို့ပြ ဧရိယာတစ်ခုဖြစ်ကြောင်းသိရသည်။ ထို့ပြင် မိုင်ယာမီမြို့တွင် အထပ်မြင့်အဆောက်အအုံပေါင်း (၃၀ဝ) ကျော်ရှိပြီး ယင်းတို့အနက် အဆောက်အအုံ(၇၀)မှာ (၄၉၁)ပေကျော်ရှိကြောင်းသိရသည်။
မိုင်ယာမီမြို့သည် ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးတို့တွင် အဓိကအချက်အချာ နေရာနှင့် ဦးဆောင်သူမြို့တစ်မြို့ဖြစ်ပြီး မိုင်ယာမီ မြို့ပြ ဧရိယာသည် ဖလော်ရီဒါပြည်နယ်တွင် အကြီးဆုံး မြို့ပြစီးပွားရေးဖြစ်ကာ (၂၀၁၇)ခုနှစ်တွင် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၃၄၄ ဒသမ ၉) ဘီလျံရှိခဲ့ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင်လုပ်ဆောင်ခဲ့သော UBS ၏ ကမ္ဘာ့မြို့ကြီး (၇၇) မြို့၏လေ့လာမှုတစ်ခုတွင် မိုင်ယာမီမြို့သည် အမေရိကန်တွင် တတိယ မြောက် အချမ်းသာဆုံးမြို့နှင့် ကမ္ဘာပေါ်တွင် ဝယ်ယူနိုင်စွမ်းအရ တတိယမြောက် အချမ်းသာဆုံး မြို့တစ် မြို့ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့လယ်ကောင်သည် အမေရိကန်နိုင်ငံတွင် နိုင်ငံတကာဘဏ်များ အများဆုံးစုဝေးရာ နေရာများထဲမှတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီကြီးများစွာ၏ အခြေစိုက်ရာနေရာတစ်ခု လည်းဖြစ်သည်။ မိုင်ယာမီမြို့၏ ကျန်းမာရေး ခရိုင်တွင် ခုတင်ပေါင်း(၁၅၄၇)လုံးပါသော Jackson Memorial ဆေးရုံ၊ မိုင်ယာမီတက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာစင်တာနှင့် သင်ကြားရေး ဆေးရုံဖြစ်သော Miller School of Medicine ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုနှင့် သုတေသနတွင် ပါဝင်သည့် အခြားဆေးရုံများအပါအဝင် မိုင်ယာ မီတက္ကသိုလ်နှင့်ဆက်စပ်နေသော အဓိကဆေးရုံနှင့် ကျန်းမာရေးဌာနများစွာရှိကြောင်းသိရသည်။
မိုင်ယာမီမြို့၏ဆိပ်ကမ်းဖြစ်သော မိုင်ယာမီ ဆိပ်ကမ်းသည် ခရီးသည်အသွားအလာနှင့် အပျော် စီးသင်္ဘောလိုင်းနှစ်ခုစလုံးတွင် ကမ္ဘာပေါ်၌ အလုပ်အများဆုံး အပျော်စီးသင်္ဘောဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။ မိုင်ယာမီမြို့ပြဧရိယာသည် နယူးယောက်မြို့ပြီးလျှင် အမေရိကန်နိုင်ငံတွင် ဒုတိယ မြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့ပြဧရိယာဖြစ်ပြီး (၂၀၂၂)ခုနှစ်တွင် လာရောက်လည်ပတ်သူ (၄)သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ လက်တင် အမေရိကနှင့်ဆက်စပ်သော ခိုင်မာသောစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကြောင့် မိုင်ယာမီမြို့ကို လက်တင်အမေရိကသို့ဝင်ပေါက် သို့မဟုတ် လက်တင်အမေရိက၏မြို့တော်ဟုခေါ်ဆိုကြကြောင်း သိရသည်။
မိုင်ယာမီမြို့သည် ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး ခိုင်မာသော နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းတစ်ခုရှိကြောင်းသိရသည်။Globalization and World Cities Research Network(GaWC) ၏ (၂၀၂၂)ခုနှစ် ကမ္ဘာ့မြို့ကြီးများ၏အဆင့်သတ်မှတ် ချက်အရ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်ဝန်ဆောင်မှုအဖွဲ့အစည်းများ၏ရှိနေမှုအဆင့် အပေါ်အခြေခံကာ မိုင်ယာမီမြို့ကို အတ္တလန္တာ၊ ဒဲလက်စ်၊ ဟူစတန်မြို့တို့နှင့်အတူ Beta + အဆင့်ရှိ မြို့တစ်မြို့အဖြစ် သတ် မှတ်ခဲ့ကြောင်းသိရသည်။ Akerman LLP ၊ Alienware ၊ Arquitectonica ၊ Brightstar Corporation ၊ Celebrity Cruises ၊ Carnival Corporation ၊ Duany Plater-Zyberk ၊ Greenberg Traurig ၊ Inktel Direct ၊ Lennar Corporation ၊ Norwegian Cruise Line ၊ Oceania Cruises ၊ OPKO Health ၊ Parkjockey ၊ RCTV International ၊ Royal Caribbean International ၊ Sitel ၊ Southern Wine & Spirits ၊ Telemundo ၊ Vector Group ၊ Watsco နှင့် World Fuel Services ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီကြီးများစွာသည် မိုင်ယာမီမြို့တွင် ရုံးချုပ်ရှိကြကြောင်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် hedge fund Citadel LLC ကုမ္ပဏီနှင့် ဈေးကွက်ဖန်တီးသူ Citadel Securities ကုမ္ပဏီတို့သည် ၎င်းတို့၏ရုံးချုပ်ကို ချီ ကာဂိုမြို့မှ မိုင်ယာမီသို့ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတကာကုမ္ပဏီပေါင်း (၁၄၀ဝ) ကျော်သည် မိုင်ယာမီမြို့တွင်တည်ရှိပြီး Walmar ကော်ပိုရေးရှင်းအပါအဝင် အဓိက ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာသည် ၎င်းတို့၏လက်တင်အမေရိကလုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် ဒေသဆိုင်ရာ ရုံးများကို မိုင်ယာမီမြို့တွင်ထားရှိထားကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အဓိကရုပ်မြင်သံကြားထုတ်လုပ်ရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး အမေရိ ကန်နိုင်ငံတွင် စပိန်ဘာသာမီဒီယာအတွက် အရေးအကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ Telemundo နှင့် UniMás ကုမ္ပဏီတို့သည် မိုင်ယာမီမြို့တွင် ၎င်းတို့၏ရုံးချုပ်များရှိပြီး Univisión Studios နှင့် Tele- mundo Global Studios တို့သည် သတင်းများ၊ အားကစားနှင့် စကားပြောရှိုးများကဲ့သို့သော မူရင်းအစီ အစဉ်များစွာကို ၎င်းတို့၏မိခင်ကွန်ရက်များအတွက် ထုတ်လုပ်ပေးကြောင်းသိရသည်။
(၂၀ဝဝ)ပြည့်နှစ်များအတွင်း မိုင်ယာမီမြို့သည် အကြီးမားဆုံး အိမ်ခြံမြေတိုးတက်မှုများကို ကြုံ တွေ့ခဲ့ရပြီး မြို့တွင်အတည်ပြုထားသော အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း(၁၀ဝ)ကျော်ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း လက်တွေ့တွင် အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း (၅၀)ကျော်ကိုသာ တည် ဆောက်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်၌ မိုင်ယာမီတွင် ဖလော်ရီဒါပြည်နယ်ရှိ အမြင့်ဆုံး မိုးမျှော် တိုက်(၇)ခုအပြင် ထိပ်တန်းမိုး မျှော်တိုက်(၂၀)ခုတွင် (၁၅)ခုရှိပြီး အမြင့်ဆုံး မိုးမျှော်တိုက်မှာ (၈၆၈) ပေရှိ သော Panorama Tower မိုးမျှော်တိုက်ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အမျိုးသားဟာရီကိန်း စင်တာနှင့် အလယ်ပိုင်းနှင့်တောင်အမေရိကရှိ စစ်ဆင် ရေးများအတွက်တာဝန်ရှိသော အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ရုံးချုပ်များ အခြေစိုက်ရာ နေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် မိုင်ယာမီမြို့သည် အထူးသဖြင့် ကျောက်တူးဖော်ခြင်း နှင့် ဂိုဒေါင် များအတွက် စက်မှုလုပ်ငန်းအချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ အဆိုပါ စက်မှုလုပ်ငန်းများသည် မိုင်ယာမီမြို့၏ အနောက်ဘက်အစွန်အဖျားတွင် အဓိကအားဖြင့် အခြေစိုက်ကြကြောင်း သိရသည်။
NP News

ကမ္ဘာ့ကုန်းမြေတိုက်ကြီးများမြေပုံကို ခါးလယ်မှပိုင်း၍ မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်ပါက ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများဟူ၍ အုပ်စုနှစ်စုဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထူးခြားသည့်အချက်မှာ ကမ္ဘာ့တောင်ပိုင်းတွင် ပါဝင်သည့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းရေးအရ ဖယ်ကြဉ်ခံထားရမှု၊ မျက်မှောက်ကမ္ဘာ့ရေးရာများတွင် ဂုဏ်သိက္ခာကြီးမားစွာ ပါဝင်ဆောင်ရွက်လိုမှု စသည်တို့နှင့်စပ်လျဉ်း၍ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများနှင့် ခြားနားစွာပင် အများစုက စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရသည်။
ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ပါက ကမ္ဘာတစ်ခွင်ကျူးကျော်နယ်ချဲ့ခဲ့သည့် နိုင်ငံများကို ကမ္ဘာ့မြောက်ပိုင်းတွင် တွေ့ရမည်ဖြစ်ပြီး နယ်ချဲ့ဝါဒအောက် ကျွန်ဘဝရောက်ခဲ့ရသည့် နိုင်ငံများကို ကမ္ဘာ့တောင်ပိုင်းတွင် တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လာခဲ့သည့်နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဝင်ငွေနည်းနိုင်ငံများဖြစ်သည်ဆိုသော ယေဘုယျလက္ခဏာများနှင့် တတိယကမ္ဘာ့နိုင်ငံများ၊ ဘက်မလိုက်နိုင်ငံများဟူ၍လည်း အကြမ်းဖျင်းအားဖြင့်ဆိုနိုင်သည်။ ၁၉ ရာစုနှင့်ယင်းထက် စောသည့်ကာလကတည်းက ကမ္ဘာကိုနယ်ချဲ့ခဲ့သော နိုင်ငံများမှာ ၂၀ ရာစုအတွင်း ကမ္ဘာနှင့်ချီသောစစ်ပွဲကြီးကို နှစ်ကြိမ်ဆင်နွှဲခဲ့ကြပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာ့အစီအစဉ်ကြီးကိုလည်း ၎င်းတို့ကပင် ရေးဆွဲစီစဉ် ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အတတ်ပညာအရ၊ နည်းပညာအရ၊ ရင်းနှီးမြှုပ်နှံမှုပမာဏအရ အင်အားကြီးမားလှသည့် အနောက်အုပ်စု၏ သတင်းမီဒီယာများကသာ ကမ္ဘာတစ်ခွင်ကို လွှမ်းမိုးထားခဲ့ပြီး ကမ္ဘာ့ရေးရာများတွင် ၎င်းတို့လိုသလို ပုံဖော်ထားသည့်အတိုင်းကမ္ဘာကို တွေ့မြင်သိကြားစေခဲ့ကြသည်။ အင်အားကြီးနိုင်ငံတို့ လုပ်သမျှတင့်တယ်အောင် ၎င်းမီဒီယာတို့က မီဒီယာနည်းလမ်း၊ မီဒီယာအတတ်ပညာတို့ဖြင့် ဝိုင်းဝန်းပါဝင်ခဲ့ကြသည်။ အင်အားကြီးနိုင်ငံက နိုင်ငံငယ်ကို ကျူးကျော်ပါကလည်း ၎င်းလုပ်ရပ်မှန်သည်ဟု ကမ္ဘာကထင်အောင်၊ ကျူးကျော်သူကို သူရဲကောင်းဟုထင်၍ ကျူးကျော်ခံရသူကို လူဆိုးဟုမြင်လာအောင်လည်း အနောက်အုပ်စု၏ အင်အားကြီးမီဒီယာတို့က ပုံဖော်ခဲ့ကြသည်။ ဆိုရလျှင် ကမ္ဘာတစ်ဝန်းတွင် လက်တံရှည်လှသည့် အနောက်အုပ်စု၏ မီဒီယာအင်ပါယာကြီးကပါ ကမ္ဘာ့အစီအစဉ်ဟောင်းတွင် အင်အားကြီးမားစွာ လွှမ်းမိုးပါဝင်နေခဲ့ခြင်းပင်ဖြစ်သည်။
၂၁ ရာစုသို့ ရောက်လာချိန်တွင်မူ ကမ္ဘာ့လူဦးရေအများစု နေထိုင်ကြသည့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအနက်မှ အားကောင်းမောင်းသန် နိုင်ငံများပေါ်ထွက်လာခဲ့ပြီး မျက်မှောက်ကမ္ဘာ၏ ပကတိအခြေအနေနှင့် ကိုက်ညီခြင်းမရှိတော့သည့် ကမ္ဘာ့အစီအစဉ်ဟောင်းကြီးကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာပြီဖြစ်သည်။ ကမ္ဘာ့အစီအစဉ် ဟောင်းတွင် ဖိနှိပ်ခံခဲ့ရသောနိုင်ငံများ၊ အခွင့်အလမ်းမသာအောင် ဖန်တီးခံခဲ့ရသော နိုင်ငံများ၊ တန်းတူရည်တူဆက်ဆံခြင်းမခံခဲ့ရသော နိုင်ငံများ၊ ဖယ်ကြဉ်ထားခြင်းခံခဲ့ရသော နိုင်ငံများကလည်း အသစ်ပေါ်ထွက်လာသည့် အင်အားစုများနှင့် ပူးပေါင်းကာ ကမ္ဘာ့အစီအစဉ်သစ်ကို ပါဝင်တည်ဆောက်လာကြသည်။ ယင်းသို့ ကမ္ဘာ့အစီအစဉ်သစ်၊ ကမ္ဘာ့အခင်းအကျင်းသစ် သို့မဟုတ် ဗဟုဝင်ရိုးကမ္ဘာတွင် မီဒီယာကဏ္ဍကလည်း အရေးပါလျက်ရှိရာ အသစ်ပေါ်ထွန်းလာသည့် နည်းပညာများနှင့်အတူ ကမ္ဘာကြီးကို အတွေးသစ်၊ အမြင်သစ်များ ဖြင့် ပုံဖော်သွားရန်လိုသည်။
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲကို စက်တင်ဘာ ၆ ရက်က တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့တွင်ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းနှင့် မီဒီယာအသစ်တို့က မိမိတို့ ယခင်ကြုံတွေ့ခဲ့ရသည့် မီဒီယာဖြင့် လွှမ်းမိုးမှု၊ ခြယ်လှယ်စွက်ဖက်မှုတို့ကိုပါ ဖယ်ရှားနိုင်မည် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို တည်ဆောက်ကာ မီဒီယာပူးပေါင်းဆောင်ရွက်မှုများကို သွက်လက်ထက်မြက်စွာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့အစီအစဉ်သစ်ကို ရှုထောင့်သစ်မှ ပုံဖော်သွားကြရပါမည့်အကြောင်း။ ။

စပိန်အစိုးရက လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ယင်းအစား ဥရောပမှထုတ်လုပ်သည့် အခြားရွေးချယ်စရာ များကို စဉ်းစားလျက်ရှိသည်ဟု ဩဂုတ် ၆ ရက်ထုတ် El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ပဥ္စမမျိုးဆက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား၍ El Pais က ဖော်ပြခဲ့သည်။ စပိန်အနေဖြင့် Eurofighter ဘက်စုံသုံးတိုက်လေယာဉ် သို့မဟုတ် ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် ကာကွယ်ရေးစီမံကိန်းဖြစ်သည့် Future Combat Air System (FCAS) မျိုးဆက်သစ် တိုက်လေယာဉ်တို့အနက်မှ အမျိုးအစား တစ်မျိုးမျိုးဖြင့် ယင်း၏ ကာကွယ်ရေးစွမ်းရည်အား အင်အားဖြည့်တင်းရန် အာရုံစိုက်သွားမည်ဟု သိရသည်။
F-35 တိုက်လေယာဉ်များအား စပိန်ရေတပ်၏ Harrier AV-8B အမျိုးအစား မြေပြင်တိုက်ခိုက်ရေး လေယာဉ်အုပ်၏ နေရာတွင် အစားထိုးရန်အတွက်လည်းကောင်း၊ စပိန်လေတပ်၌ အနားပေး တော့မည့် F-18 တိုက်လေယာဉ်များနှင့် အသစ်ရောက်လာဖွယ်ရှိသည့် FCAS တိုက်လေယာဉ်များ၏ ကွာဟချက်ကို ယာယီထိန်းညှိပေးနိုင်မည့် ဖြေရှင်းနည်းတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ထားခြင်း ဖြစ်သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ၎င်း၏အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ယခုနှစ်အစောပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua

အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသည့်အတွက် UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး လက်ထောက် အဖွဲ့ခေါင်းဆောင် Anna Kelly က ပြောကြားလိုက် ပါသည်။
လွန်ခဲ့သော နိုဝင်ဘာလက ကျင်းပသော သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလက ဒေါ်နယ်ထရမ့် ကတိပြုခဲ့သော မူဝါဒများအရ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးတွင် အမေရိကန်အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုမှာ မိမိ နိုင်ငံ၏ အကျိုးစီးပွားနှင့်ကိုက်ညီမှု မရှိပါက နုတ်ထွက်ရန် အာရုံစိုက် ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ UNESCO မှအမေရိကန် ပြည်ထောင်စု နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Kelly က New York Post သို့ မှတ်ချက်ပြု ပြောကြားထားပါသည်။
အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေး လုပ်ရပ်များ မြှင့်တင်ရန် ယူနက်စကို အမှုဆောင်ဘုတ်အဖွဲ့ အသုံးချခဲ့ပြီး UNESCO ၏ လက်ထောက် အကြီးအကဲ Xing Qu သည် တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပေကျင်း၏ အကျိုးစီးပွားနှင့်ကိုက်ညီမည့် စံနှုန်းများကို မြှင့်တင်ရန် ယူနက်စကို အသုံးချခဲ့သည်ဟု သူမက ယုံကြည်ပါကြောင်း သူမက ထပ်လောင်း ပြောကြားထားပါသည်။
ဖေဖော်ဝါရီ ၄ ရက်က ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (UNHRC) နှင့် အရှေ့အနီးရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) တို့မှ အမေရိကန်အား နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး အမိန့်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ ပါသည်။ ထို့နောက် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ဒေါ်နယ် ထရမ့်က အပြင်းအထန် ဝေဖန်ခဲ့ပါသည်။ ထို့နောက် UNESCO နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်ရန် ညွှန်ကြား ခဲ့ပါသည်။
ယူနက်စကိုမှ အမေရိကန်က နုတ်ထွက်ခြင်းမှာ ယခုမှာ ပထမဆုံး အကြိမ် မဟုတ်ပါ။ ၁၉၈၄ ခုနှစ်တွင် သမ္မတ Ronald Reagan လက်ထက်က နိုင်ငံရေးဩဇာကို အလွန်အကျွံ အသုံးချမှုနှင့် ဘဏ္ဍာငွေ စီမံခန့်ခွဲမှု လွဲမှားမှုတို့ကို အကြောင်းပြ၍ UNESCO မှ နှုတ်ထွက်ခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် ပြန်လည်ပူးပေါင်းခဲ့ပါသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ သမ္မတ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ် တွင် ယူနက်စကို၏ တိုးပွားလာသောကြွေးမြီများ၊ ကြီးမားသော ပြုပြင် ပြောင်းလဲမှုများ လိုအပ်မှုနှင့် အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို အကြောင်းပြ၍ အမေရိကန် က UNESCO မှ ထပ်မံနုတ်ထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည် ပူးပေါင်းခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တိဘက်ကုန်းမြင့် အရှေ့ဘက်ခြမ်းတွင် ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်မည့် ရေကာတာတစ်ခုကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းက ပြောကြားပါကြောင်း ဇူလိုင် ၂၁ ရက်နေ့က ဆင်ဟွာ သတင်းဌာနက တရားဝင် ထုတ်ပြန်ပါသည်။
အဆိုပါဆည်သည် ယန်ဇီမြစ်ပေါ်ရှိ Three Gorges Dam နောက်ပိုင်း တရုတ်နိုင်ငံ၏ အားအထား ရဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်လာနိုင်ပြီး ၂၀၃၀ ပြည့်လွန်နှစ်များတွင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းဆည်တွင် ရေအားလျှပ်စစ် စက်ရုံ ၅ ရုံ တည်ဆောက်မည်ဖြစ်ပြီး Yarlung Zangbo မြစ် အောက်ပိုင်း၌ တည်ရှိပါသည်။ ကီလိုမီတာ ၅၀ (၃၁ မိုင်)ရှိ မြစ်၏ အစိတ်အပိုင်း တစ်ခုအတွင်း မီတာ ၂,၀၀၀ (၆,၅၆၁ ပေ)မှ ရေကျဆင်းမှုအားပြင်းသဖြင့်၊ ကြီးမားသော ရေအား လျှပ်စစ်ထုတ်လုပ်ရန် အလားအလာရှိပါသည်။
သို့ရာတွင် ယင်းမြစ်၏ အောက်တွင် နေထိုင်ကြသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့နိုင်ငံတို့မှ ပြည်သူ သန်းပေါင်းများစွာအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြပြီး၊ မျိုးစိတ်မျိုးကွဲပေါင်းများစွာ ပေါကြွယ်သည့် ကုန်းပြင်မြင့် တစ်ခုဖြစ်သည့် အဆိုပါဒေသနှင့် စပ်လျဉ်း၍ NGO များကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်လာနိုင်သည့် သတိပေးမှုများလည်း ရှိပါသည်။
အဆိုပါရေကာတာမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်-နာရီ ၃၀၀ ဘီလီယံ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း၊ တိဗက်နှင့် ကျန်တရုတ်နိုင်ငံတို့၏ မြစ်အောက်ပိုင်း ရေပေးဝေမှု သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပါကြောင်း ပေကျင်းက ဆိုပါသည်။
Shanghai Zhuozhu Investment Management မှ Wang Zhuo က ယင်းစီမံကိန်းအတွက် ကာလတို၊ ကာလရှည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကို ပြောကြားလျက်၊ ရင်းနှီးမြှုပ်နှံမှုပြုကြရန် ဖိတ်ခေါ်ထားပါသည်။ “ရင်းနှီးမြုပ်နှံမှုရှုထောင့်မှကြည့်လျှင် အားကောင်း ခိုင်မာသော ရေအားလျှပ်စစ်စီမံကိန်းများသည် ငွေချေးစာချုပ်ကဲ့သို့သော အမြတ်ဝေစုများကို ပေးဆောင်နိုင် ပါသည်” ဟု Wang က ပြောကြားပါသည်။ သို့သော် ကြေညာချက်ကြောင့် ဖြစ်ပေါ်လာသဖြင့် စီမံကိန်း နှင့် ဆက်စပ်သည့် တည်ဆောက်ရေးအသုံးအဆောင်များ ထုတ်လုပ်ဖြန့်ဖြူးသည့် စတော့များကို ဝယ်ယူမှု တိုးလာပြီး တန်ဖိုးအတက်အကျ ဖြစ်ပေါ်လာနိုင်သည်ကို ၎င်းက သတိပေးခဲ့သည်။
အဆိုပါဆည်သည် “ရာစုနှစ်၏စီမံကိန်း” ဟု နာမဝိသေသပြုထားကာ၊ "သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ဂေဟစနစ် ထိန်းသိမ်းရေး ထားရှိရမည်" ဟု ဝန်ကြီးချုပ်က ပြောကြားကြောင်း Xinhua သတင်းဌာန၏ စနေနေ့သတင်းတွင် ဖော်ပြထားပါသည်။ တရုတ်က အဆိုပါစီမံကိန်းအတွက် ဖန်တီးပေးနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းကို ခန့်မှန်းထားခြင်းမရှိသေးပေ။
Three Gorges Dam စီမံကိန်းမှာ ပြီးစီးရေးအတွက် ဆယ်စုနှစ် နှစ်စု ကြာမြင့်ခဲ့ပြီး၊ အလုပ်အကိုင် အခွင့်အလမ်း တစ်သန်းခန့် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း နိုင်ငံပိုင် သတင်းမီဒီယာမှ ထုတ်ပြန်ထား သော်လည်း၊ စီမံကိန်းကြီးများသည် အိုးမဲ့အိမ်မဲ့များ များစွာဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုပါသည်။
Yarlung Zangbo စီမံကိန်းနှင့် စပ်လျဉ်း၍ ပြည်သူမည်မျှ အိုးမဲ့အိမ်မဲ့ ဖြစ်စေမည်၊ ဒေသန္တရ ဂေဟ စနစ်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်မည်ကို အာဏာပိုင်များမှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
International Campaign for Tibet အပါအဝင် NGO များက အဆိုပါရေကာတာစီမံကိန်းသည် တိဗက်ကုန်းပြင်မြင့်၏ ဖွံ့ဖြိုးမှုကို နောက်ပြန်ဆုတ်စေကာ ထိခိုက်မှုများဖြစ်စေမည်ဖြစ်ပြီး သန်းနှင့် ချီသော လူသန်းပေါင်းများစွာမှာလည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် အနှောင့်အယှက်ဆိုးများ ကြုံတွေ့ရနိုင်သည်ဟုဆိုသည်။
တရုတ်နိုင်ငံမှ Yarlung Zangbo မြစ်သည် Brahmaputra မြစ်အဖြစ် တိဘက်မှ တောင်ဘက် အိန္ဒိယနိုင်ငံ၏ Arunachal Pradesh နှင့် အာသံပြည်နယ်တို့ကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်သို့ စီးဆင်းသွားပါသည်။ တိဘက် အနောက်မှ အရှေ့သို့ စီးဆင်းသည့် Yarlung Zangbo မြစ်၏ အပေါ် ပိုင်းတွင် ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်က စတင်နေပြီဖြစ်ပါသည်။
ကိုးကား- Reuters
Photo: The Guardian
(Reuters သတင်းဌာနတွင် Farah Master and Samuel Shen ရေးသားသည့် “China embarks on world's largest hydropower dam, capital markets cheer” ကို ဦးခိုင်ထွဋ်လှ ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် လက်ရှိ လူဦးရေဆိုင်ရာ အလေ့ အထများ ဆက်လက်တည်ရှိနေပါက လာမည့်ရာစုနှစ်အတွင်း ၈၅% အထိ ကျဆင်းသွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ အဆိုပါသုတေသနသည် နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အို လူဦးရေ တိုးပွားလာမှုဆိုင်ရာ စိန်ခေါ်မှုများကို သိသာထင်ရှားနေ စေသည်။
Korean Peninsula Population Institute for Future မှ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အကောင်းဆုံး အခြေအနေ တွင်ပင် တောင်ကိုရီးယား၏ လူဦးရေသည် ၁၅.၇၃ သန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ၎င်းမှာ လက်ရှိလူဦးရေ၏ သုံးပုံတစ်ပုံထက်ပင် နည်းပါး သည်။ အလယ်အလတ်ခန့်မှန်းချက်အရ ၂၁၂၅ ခုနှစ်တွင် လူဦးရေ ၁၁.၁၅ သန်းသာ ရှိတော့မည်ဟု ဆိုသည်။
အဆိုးဆုံးအခြေအနေတွင် တောင်ကိုရီးယား၏ လူဦးရေသည် ၇.၅၃ သန်း အထိ ကျဆင်းသွားနိုင်ပြီး ၎င်းမှာ လက်ရှိလူဦးရေ ၅၁.၆၈ သန်းမှ အလွန်များပြားသော ကျဆင်းမှုတစ်ခု ဖြစ်သည်။ ထိုအရေအတွက်မှာ လက်ရှိ ဆိုးလ်မြို့တော်၏ လူဦးရေ ၉.၃ သန်းထက်ပင် နည်းပါးနေမည် ဖြစ်သည်။
အဆိုပါသုတေသနအရ နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော cohort-component နည်းလမ်းကို အသုံးပြု၍ မွေးဖွားနှုန်း၊ သေဆုံးနှုန်း နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အလေ့အထများအပေါ် အခြေခံကာ အနာဂတ်လူဦးရေ ပြောင်းလဲမှုများကို ခန့်မှန်းခဲ့သည်။ အစီရင်ခံစာတွင် တောင်ကိုရီးယား၏ လူဦးရေကျဆင်းမှုနှုန်းမှာ ပုံမှန်ထက် အလွန် မြန်ဆန် နေကြောင်း ဖော်ပြထားသည်။
အဆိုပါကျဆင်းမှုကို မွေးဖွားနှုန်းနိမ့်ကျမှုသာမက ဆက်တိုက် ဖြစ်ပေါ် နေသော အကျိုးသက်ရောက်မှုများကလည်း ဦးတည်စေနေသည်။ မျိုးဆက် တစ်ခုပြီးတစ်ခု ကျဉ်းမြောင်းလာသည်နှင့်အမျှ ဖြစ်နိုင်ခြေရှိသော မိဘ များ၏ အရေအတွက်လည်း လျော့နည်းလာကာ လူဦးရေစုစုပေါင်း ကျဆင်းမှုကို ပိုမိုမြန်ဆန်စေသည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကို တုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ်နိုင်စွမ်းရှိလာသည်။
အေအိုင်ကို Artificial Narrow Intelligence (ANI)၊ Artificial General Intelligence (AGI)၊ Artificial Super Intelligence (ASI) ဟူ၍ ပုံစံသုံးမျိုးခွဲခြားနိုင်သည့်အနက် လက်ရှိအခြေအနေတွင် ANI နည်းပညာက အရှိန်အဟုန်ရရှိနေခြင်းဖြစ်သည်။ ANI သည် ကျဉ်းမြောင်းသည့် အေအိုင်၊ အားနည်းသည့် အေအိုင်ဟုဆိုထားသော်လည်း လုပ်ငန်းတစ်ခုခုအတွက် အထူးဖန်တီးပြုလုပ်ထားသည့် အေအိုင်မျိုးဖြစ်ပြီး လတ်တလောတွင် နယ်ပယ်ကဏ္ဍအများအပြား၌ တွင်ကျယ်နေသည့် အေအိုင်ဖြစ်သည်။ AGI ခေါ် အထွေထွေအေအိုင်ကိုမူ အားကောင်းသည့် အေအိုင် (Strong AI) အဖြစ်သတ်မှတ်ထားပြီး လူသားတစ်ဦး၏ ဦးနှောက်အတိုင်း အလုပ်လုပ်နိုင်သည့် စွမ်းရည်ရှိမည့်အေအိုင်ဖြစ်သည်။ လောလောဆယ်တွင်မူ AGI သည် စိတ်ကူးထည်မျှသာဖြစ်ပြီး အကောင်အထည်ပေါ်မလာသေး။ ထို့အတူလူသားတို့၏ ဉာဏ်စွမ်းရည်ထက် ပိုမိုသည့် မဟာဉာဏ်ကြီးရှင်အေအိုင် (ASI) သည်လည်း အနာဂတ်တွင် ဖြစ်လာမည့်အခြေအနေတစ်ရပ်ဟုဆိုသည်။
လက်ရှိ ANI သည်ပင်လျှင် အားနည်းသည့်အေအိုင်၊ ကျဉ်းမြောင်းသည့်အေအိုင်၊ အလုပ်တစ်ခုကို အထူးပြုသည့် အေအိုင်ဟုဆိုစေကာမူ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုး ဆိုးကျိုးအမျိုးမျိုးဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေစေသည်။ နယ်ပယ်အသီးသီးတွင် အေအိုင်နည်းပညာကို အသုံးပြုနေကြသည်နှင့်အမျှ အေအိုင်သည် လူတို့နှင့် ပို၍ပို၍ပတ်သက်လာနေသည်။ အေအိုင်ကို ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ စီမံခန့်ခွဲခြင်း၊ လူနာစောင့်ရှောက်ခြင်း စသည်တို့တွင် အသုံးချလျက်ရှိသကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုကွန်ရက်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်ငွေကြေးဈေးကွက်များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာသင်ကြားရေးလုပ်ငန်းများ စသည်ဖြင့် နယ်ပယ်များစွာတို့တွင် တစ်နေ့တခြား ပိုမိုသုံးစွဲလာနေသည်။
စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်ရာ တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူပြု အေအိုင်နည်းပညာပြန့်ပွားရေးလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး တောင်သူများအား အေအိုင်နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ မိမိတို့သိရှိလိုသမျှကို အနားတွင် ဆရာတစ်ဆူရှိနေသကဲ့သို့ နေ့ညအချိန်အခါမရွေး အားမနာတမ်းမေးနိုင်သည့် အေအိုင်နည်းပညာကို တောင်သူလယ်သမားတိုင်း ရင်းနှီးကျွမ်းဝင်နေကြဖို့လိုသည်။ တောင်သူတို့ အေအိုင်ကို ကျွမ်းကျွမ်းကျင်ကျင် နေရာကျစွာ သုံးစွဲနိုင်ကြသည်နှင့်အမျှ စိုက်သမျှအထွက်တိုးကာ အကျိုးစီးပွားကြီးမားစွာ ဖြစ်ထွန်းနိုင်ကြပါမည့်အကြောင်း။ ။
MOI
Photo- Cysparks

အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ဆက်လက် မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၁၇ ရက်ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်ကိုတွေ့ရသည်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။
ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နိုင်ငံနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်စေမည့် မှတ်ချက် ပြုစကားပြောပြီးနောက် ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
အထူးသဖြင့် ရေနံဈေးကွက်က ဟော်မု ရေလက်ကြားတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ပိုမိုစိုးရိမ်နေ ရကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦး ကပြောထားသည်။
Ref: RT
Photo - CNBC

တရုတ်နိုင်ငံသည် ၎င်း၏တစ်ဦးတည်းပိုင် ဟိုက်ဘရစ်ကွန်ပြူတာနည်းပညာကို လေကြောင်းနှင့် စက်မှုလုပ်ငန်းစနစ်များအပါအဝင် အရေးပါသောကဏ္ဍများတွင် ပေါင်းစပ်ထည့်သွင်းထားသည့် သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်ကိန်းများကိုရေးသည့်စနစ်ကို မသုံးသော AI ချစ်ပ်များကို ကမ္ဘာ၌ပထမဆုံး အကြိမ်အဖြစ် အများအပြား ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
ပေကျင်းရှိ Beihang တက္ကသိုလ်မှ ပါမောက္ခ လီဟွန်းဂီ ၏ အဖွဲ့က ဦးဆောင်သော ဤအောင်မြင်မှုသည် အမေရိကန် ချစ်ပ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ထိတွေ့မျက်နှာပြင်များနှင့် ပျံသန်းမှုစနစ်များကဲ့သို့ ဉာဏ်ရည်တု ထိန်းချုပ်မှုဆိုင်ရာ အပလီကေးရှင်းများတွင် မကြုံဖူးသော အမှားအယွင်းများကို ရှောင်ရှားခြင်းဖြင့် ရိုးရာကွန်ပြူတာနည်းပညာများ၏ အခြေခံအတားအဆီးများကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ယနေ့ခေတ် ချစ်ပ်နည်းပညာများသည် ပါဝါ အခက်အခဲနှင့် ဗိသုကာပိုင်းဆိုင်ရာ အတားအဆီးဟူသော စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်နေရကြောင်း လီက ပေကျင်း အခြေစိုက် အစိုးရ သတင်းစာ Guangming Daily ကို ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ပါဝါအခက်အခဲသည် အခြေခံကျသော ဆန့်ကျင်ဘက်တစ်ခုမှ ဖြစ်ပေါ်လာသည်။ ဘိုင်နရီစနစ်ဟုခေါ်သော သုညနှင့် တစ်ဂဏန်း နှစ်လုံးတည်းဖြင့် ကိန်းများကို ရေးရသောစနစ်သည် သတင်းအချက်အလက်များကို သယ်ဆောင်ရာတွင် ထိရောက်သော်လည်း စွမ်းအင်ပါဝါအများအပြားကို အသုံးပြုရသည်။ ဗိသုကာ အတားအဆီးမှာ ဆီလီကွန်မဟုတ်သော ချစ်ပ်အသစ်များသည် CMOS (သို့မဟုတ်) ဖြည့်စွက်သတ္တုအောက်ဆိုဒ်-တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အခြေခံ၍ ရိုးရာစနစ်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။
လီ၏အဖွဲ့သည် ၂၀၂၂ ခုနှစ်ကတည်းက အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ၎င်းတို့၏အောင်မြင်မှုများသည် ဒွိနံပါတ်(ဘိုင်နရီ)များကို ရိုးရာ(stochastic) သို့မဟုတ် ဖြစ်နိုင်ခြေရှိသောအခြေခံနံပါတ်များနှင့် ပေါင်းစပ်ထားသည့် ဂဏန်းစနစ်အသစ် – Hybrid Stochastic Number (HSN) ၏ အဆိုပြုချက်နှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ခေတ်တွက်ချက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သော ဘိုင်နရီ လော့ဂျစ်သည်ကိန်းမှန်သမျှကို ၀ နှင့် ၁ တို့ကို သာ အသုံးပြု၍ ကိန်းများကို ကိုယ်စားပြု ရေးသားပြီး တိကျသောဂဏန်းသင်္ချာ တွက်ချက်မှုများကို အသုံးပြုထားသည်။ သို့သော်၊ ပမာဏကြီးမားသောဘိုင်နရီ စနစ်တွက်ချက်မှုများသည် ကျယ်ပြန့်သော ကွန်ပျူတာဆိုင်ရာ ဟာ့ဒ်ဝဲအရင်းအမြစ်ပစ္စည်းများ ကို လိုအပ်သည်။
ဖြစ်တန်စွမ်းသီအိုရီကို သုံး၍တွက်ချက်သောကွန်ပြူတာသည် တန်ဖိုးများကို ကိုယ်စားပြုရန်အတွက် သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း “အဆင့်မြင့်” ဗို့အားလှိုင်းများ၏ ကြိမ်နှုန်းကို အသုံးချပြီး ကွန်ပျူတာဟာ့ဒ်ဝဲသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ၎င်းကို ရုပ်ပုံပြင်ဆင်ခြင်း(image processing)၊ အာရုံကြောကွန်ရက်များ(Neural Networks) နှင့် နက်ရှိုင်းစွာသင်ယူခြင်း(deep learning)ကဲ့သို့သော နယ်ပယ်များတွင် အသုံးပြုနှင့်ထားပြီးဖြစ်သည်။ သို့သော် ကွန်ပျူတာသည် ၎င်း၏ ကြိမ်နှုန်းအခြေခံတန်ဖိုးများကို ကိုယ်စားပြုခြင်းကြောင့် တွက်ချက်မှုတွင် ကာလကြာရှည်စွာ နှောင့်နှေးမှုပြသာနာများကို ကြုံတွေ့နေရသည်။
ယင်းပြသာနာကိုဖြေရှင်းရန်အတွက် လီ၏အဖွဲ့သည် stochastic logic ၏ထိရောက်သော စွမ်းဆောင်ရည်နှင့်အတူ ဒွိစနစ် (binary) တွက်ချက်ခြင်း၏အမြန်နှုန်းကိုပေါင်းစပ်ထားသည့် hybrid probabilistic logic ကိုမိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။
ဤအယူအဆကိုအခြေခံ၍ လီ၏အဖွဲ့သည် ထိတွေ့မှုနှင့် မျက်နှာပြင်အတွက် စမတ်ချစ်ပ်တစ်ခုကို ထိပ်တန်းတရုတ်ချစ်ပ်ထုတ်လုပ်သူ Semiconductor Manufacturing International Corporation ၏ ဆန်းသစ်သော ၁၁၀ နာနိုမီတာ(110-nanometer) လုပ်ငန်းစဉ်နည်းပညာကို အသုံးပြု၍ ၂၀၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။
ပရောဂျက်ရလဒ်များကို IEEE Journal of Solid-State Circuits တွင် လွန်ခဲ့သောနှစ်နှစ်က ထုတ်ဝေခဲ့သည်။ ၎င်းတို့အဖွဲ့သည် ၂၈နာနိုမီတာ (28nm CMOS) လုပ်ငန်းစဉ်ကို အသုံးပြု၍ ဖန်တီးထားသည့် စက်သင်ယူမှုအတွက် အထူးစွမ်းဆောင်ရည်မြင့်ချပ်စ်ကို အမြောက်အမြားထုတ်လုပ် ခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် Microelectronics ဂျာနယ်တွင် ဖော်ပြထားသော ရလဒ်များအရ သိရသည်။
Guangming Daily ၏ အဆိုအရ ဤသုတေသနသည် ဒွိစနစ်(binary)၊ ရိုးရာ stochastic နှင့် hybrid stochastic ဂဏန်းစနစ်များ၏ ပထမဆုံး ပေါင်းစည်းခြင်းဖြစ်ပြီး တစ်ခုချင်းစီ၏ သင်္ချာဆိုင်ရာ ကိုယ်စားပြုမှုများနှင့် အမှားအယွင်းခံနိုင်ရည်ရှိမှု၊ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိမှုနှင့် စွမ်းအင်ထိရောက်မှုတို့တွင် ၎င်းတို့၏ ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်း စသည့်အချက်များကို ဆန်းစစ်သုံးသပ်နိုင်ခဲ့သည်။
၎င်းသည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော ပေါင်းစပ်ချစ်ပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော သီအိုရီအခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။
HSN အပြင် ချစ်ပ်သည် သမားရိုးကျ ဗိသုကာလက်ရာများတွင် မှတ်ဉာဏ်နှင့် ပရိုဆက်ဆာများကြားတွင် စွမ်းအင်အသုံးများသော ဒေတာများ ပိတ်ဆို့ခြင်းကို လျှော့ချပေးသည့် မူလတွက်ချက်မှု အယ်လ်ဂိုရစ်သန် (in-memory computing algorithms) ပါဝင်ပါသည်။
၎င်းတွင် အလုပ်များစွာကို အပြိုင်ကိုင်တွယ်ရန်၊ သမားရိုးကျ တစ်သားတည်းဖြစ်နေသော ဗိသုကာလက်ရာများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်ကာ လုပ်ငန်းမျိုးစုံကို အပြိုင်ကိုင်တွယ်ရန် ကွန်ပြူတာယူနစ်စနစ်အမျိုးမျိုးကို ပေါင်းစပ်ထားသည့် စနစ်-on-chip (SoC) ဒီဇိုင်းလည်း ပါရှိသည်။
အားနည်းသောအချက်ပြမှုများကို သိရှိနိုင်စေရန်နှင့် အသုံးပြုသူ အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် ဆူညံသံများကို စစ်ထုတ်သည့် ထိတွေ့အသိအမှတ်ပြုမှုအပါအဝင် အသိဉာဏ်ရှိသော ထိန်းချုပ်မှုအခြေအနေများတွင် ချစ်ပ်ကို အသုံးပြုထားသည်။
စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန် တိကျသော၊ စွမ်းအင်ပါဝါနည်းပါးသော ဒေတာစီမံဆောင်ရွက်ပေးမှုကို လုပ်ဆောင်နိုင်သည့် ပြသမှုများတွင် ၎င်းကို အသုံးပြုထားပြီး တိကျပြီး တည်ငြိမ်သော လေကြောင်းလမ်းညွှန်မှုအတွက် ခိုင်မာသော တွက်ချက်မှုဆိုင်ရာပံ့ပိုးမှုပေးသည့် ပျံသန်းခြင်းထိန်းချုပ်မှုစနစ်များကိုလည်း အသုံးပြုထားသည်။
လီ၏အဖွဲ့သည် ပေါင်းစပ်ဖြစ်နိုင်ချေရှိသော ကွန်ပျူတာအတွက် အံဝင်ခွင်ကျဖြစ်စေမည့် သီးသန့် ညွှန်ကြားချက် ဗိသုကာ (ISA) နှင့် microarchitecture ကို လုပ်ဆောင်နေကြောင်း လီက Guangming Daily သို့ ပြောကြားခဲ့သည်။ ၎င်းတို့သည် ချစ်ပ်၏စွမ်းဆောင်ရည်များကို တိုးတက်ခြင်းနှင့် ရုပ်ပုံလုပ်ဆောင်ခြင်း၊ ဉာဏ်ရည်တုနည်းပညာကြီးမားသောမော်ဒယ်အရှိန်မြှင့်ခြင်းနှင့် အခြားရှုပ်ထွေးသော ကွန်ပျူတာလုပ်ဆောင်ခြင်းများအတွက် ရည်ရွယ်သည်။
“လက်ရှိ ချစ်ပ်သည် မိုက်ခရိုစက္ကန့် (microsecond) အဆင့်တွင် on-chip computing latency ကိုရရှိထားပြီးဖြစ်ပြီး၊ စွမ်းဆောင်ရည်မြင့် ဟတ်ဝဲအရှိန်မြင့်တင်ခြင်း (hardware acceleration) နှင့် ဆော့ဖ်ဝဲပြောင်းလွယ်ပြင်လွယ်ခြင်း (flexible software programmability) အကြားတွင် ချိန်ညှိ လုပ်ဆောင်နိုင်သည်။
Source: Popular Myanmar

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကမ္ဘာ့ရေခဲတောင်များ အရည်ပျော်မှု မြင့်တက်လျက်ရှိသည်ဖြစ်ရာ ယခုနှုန်းအတိုင်းဆိုလျှင် ရေခဲတောင်များသည် ၂၁ ရာစုကုန်သည်အထိပင် ရှင်သန်နိုင်မည်မဟုတ်ကြောင်း ပညာရှင်များက သတိပေးလိုက်သည်။
ကမ္ဘာပေါ်ရှိ ရေခဲတောင် ၂၇၅၀၀၀ နီးပါးသည် ကမ္ဘာ့ရေချို ၇၀ ရာခိုင်နှုန်းကို ထိန်းသိမ်းပေးထားပြီး လူ သန်း ၂၀၀၀ ကျော် မှီခိုအားထားနေရသည့် တောင်များဖြစ်သည်။ ကမ္ဘာ့မိုးလေဝသဌာနကြီး၏ တွေ့ရှိမှုအရ လွန်ခဲ့သည့်ခြောက်နှစ်အတွင်း ငါးနှစ်မှာ ရေခဲတောင်များ စံချိန်တင်ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။
လက်ရှိအချိန်ထိ ရေချိုတန် ၉၀၀၀ ဘီလီယံကို ဆုံးရှုံးလိုက်ရပြီ
၁၉၇၅ ခုနှစ်မှ စတင်ခဲ့သော မှတ်တမ်းများအရ ရေခဲတောင်များသည် လက်ရှိအချိန်ထိ ရေချိုတန် ၉၀၀၀ ဘီလီယံကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ယင်းမှာ ဂျာမနီနိုင်ငံလောက်ကျယ်ပြီး ဒု ၁၅ မိုင်ရှိသော ရေခဲထုကြီး၏ ပမာဏနှင့် တူညီသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်းမှာပင် ဥရောပ ရေခဲတောင်များသည် ရေပမာဏ ၄၀ ရာခိုင်နှုန်းကို ဆုံးရှုံးထားရပြီဖြစ်ပြီး လက်ရှိဆက်လက် အရည်ပျော်နေသည့်နှုန်းအရ လူ ၁၀ သန်းခန့်မှာ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ဖြစ်လာသည့် ရေကြီးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
၂၀၂၄ ခုနှစ်တွင် ရေခဲတောင်များသည် ရေပမာဏတန်ချိန် ဘီလီယံ ၄၅၀ ကို ဆုံးရှုံးခဲ့ရပြီး ယင်းမှာ နှစ်အလိုက် စတုတ္ထအများဆုံး ပမာဏဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရေခဲတောင်ပျော်ကျမှု အများဆုံး ကာလဖြစ်သည်ဟုလည်း ဆိုသည်။
ပုံမှန်အားဖြင့် ရေခဲတောင်များသည် နွေရာသီတွင် အရည်ပျော်ကြပြီး ဆောင်းရာသီတွင် နှင်းကျမှုနှင့်အတူ ရေခဲများ ပြန်လည်ဖြစ်တည်ကြသည်။ ယခုကြုံနေရသည်မှာ အရည်ပျော်မှုများပြီး ရေခဲပြန်ဖြစ်မှုနည်းသွားခြင်းဖြစ်သည်။ ထိုသို့ ဆက်တိုက်လျော့နည်းလာပါက ၂၁ ရာစု မကုန်ခင်မှာပင် ရေခဲတောင်များ ပျောက်ကွယ်သွားမည်ဟုလည်း ဆိုလိုသည်။
Ref: Daily Mail
Source: ကြေးမုံသတင်းစာ