ငွေဆောင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်ကြီး အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ဇန်နဝါရီလ အစမှ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၁၂၉၃၆ ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကြည့်ရှုခံစားနိုင်
ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေကြည်လင်ခြင်း၊ ကမ်းခြေသဲသောင်ပြင် သန့်ရှင်းသပ်ရပ်ခြင်း၊ လုံခြုံမှုစိတ်ချရခြင်းတို့ကြောင့် ရေကူးခြင်း၊ လှိုင်း ကစားခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ခြင်း၊ Jet Ski၊ Banana Boat၊ Speed boat စသည့် ရေယာဉ်များဖြင့်လည်း ပင်လယ်၏အလှအပနှင့် ကျွန်းများ၏ အလှအပကို အနီးကပ်ကြည့်ရှုခံစားနိုင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၈ လုံး၊ တည်းခိုရိပ်သာအလုံး ၇၀ ဖြင့် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)
MDN

ရန်ကုန် မတ် ၂၈
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုတွင် ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်၌ ဝန်ဆောင်မှုကုမ္ပဏီများက ရေခဲတောင်တက်အတွေ့အကြုံမရှိသော ခရီးသွားများအား ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်ပြီးမှသာ အခြားသောရေခဲတောင်များကို တက်ရောက်ရန် အကြံပြုဝန်ဆောင်မှုပေးနေကြောင်း ပူတာအို ရေခဲတောင်ခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
ရေခဲတောင်ခရီးစဉ်အတွေ့အကြုံမရှိသူများအား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level – 1 ဟု သတ်မှတ်ထားသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်စေပြီး အောင်မြင်ခဲ့ပါက ခရီးလမ်းပန်းကြမ်းသော အခြားရေခဲတောင်များသို့ တက်ရောက်ရန် တိုက်တွန်းအကြံပြုထားခြင်းဖြစ်သည်။
ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၈ ပေရှိ၍ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်အဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးစဉ်ပထမဆုံးနေ့၌ ပူတာအိုမြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီကျော်ကြာမောင်းနှင်၍ အထက်ဆန်ဂေါင်ရွာလမ်း၊ ကျောက်စိမ်းတောင် ရှိန်းလိန်းလျက်လမ်းသို့ ဖြတ်ကျော်ပြီး ထိုမှ မူလာချောင်းနား ကျားခုန်တံတားသို့ ရောက်ရှိကာ ဝမ်လိုင်ဒမ်းရွာ၊ လုံးနဒမ်းရွာ၊ ခါးလန်ရွာမှ ဇီယာဒမ်းရွာ(ရေခဲတောင်ခြေရွာ)သို့ ရောက်ရှိပြီး ခရီးစဉ်ပထမညအဖြစ် အိပ်စက်ရပ်နားသည်။
ဒုတိယနေ့တွင် ဇီယာဒမ်းရွာမှ သစ်ပင်ကြီးစခန်းသို့ ခုနစ်မိုင်ခရီး ခြေကျင်ခရီးစတင်ကြပြီး ချောင်းများ၊ ကြိုးတံတားများကို ဖြတ်ကျော်၍ မွန်းလွဲပိုင်းတွင် ဖုန်ကန်ချောင်းဆုံနေရာ၌ အနားယူကာ သစ်ပင်ကြီးစခန်းသို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဒုတိယနေ့ညအဖြစ် စခန်းချ ရပ်နားကြလေ့ရှိသည်။
တတိယနေ့တွင် သစ်ပင်ကြီးစခန်းမှ ခုနစ်မိုင်ရှိသော ခမ်းတောက်မြစ်စခန်းသို့ ခြေကျင်တက်ကြပြီး လေးမိုင်ခန့် ရောက်ပါက ဖုန်ကန်ရာဇီရေခဲတောင်ကို စတင်မြင်တွေ့ရကာ ထိုင်ခုံရပ်နားစခန်း တွင် ခေတ္တနား၍ ထိုမှ တစ်မိုင်ခန့်တက်ပါက ခမ်းတောက်မြစ်စခန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
စတုတ္ထနေ့တွင် ခမ်းတောက်မြစ်စခန်းမှ ခြောက်နာရီကြာ ခြေကျင်ခရီးတက်ပြီးပါက ရေခဲပြင်များကို စတင်တွေ့ရှိရာ ရေခဲစပ်(ဖုန်ကန်ရာဇီတောင်ခြေ) စခန်းသို့ ရောက်ရှိပြီး ထိုနေရာမှ နှစ်မိုင်ကျော် ခန့်ဝေးကွာသည့် ဖုန်ကန်ရာဇီတောင်ထိပ်ကို တွေ့မြင်ရသော ရေခဲစပ်စခန်း၌ ညအိပ် ရပ်နားသည်။ ပဉ္စမနေ့တွင် အတက်အဆင်းမတ်စောက်သော ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီတောင်ထိပ်သို့ တက်ရောက်ကြပြီး မြန်မာပြည်မြောက်ဖျား၏ ရေခဲတောင်များအလှကို အားပါးတရ ကြည့်ရှု ခံစားကြကာ နေ့ချင်းပြန်အဖြစ် ရေခဲစပ် စခန်းသို့ ပြန်ဆင်း၍ ညအိပ်ရပ်နားကြသည်။
ဆဋ္ဌမနေ့တွင် ရေခဲစပ်စခန်းမှ ရှစ်နာရီကြာခရီးအဖြစ် ဇီယာဒမ်းရွာသို့ ခရီးသွား များ ပြန်ဆင်းလာကြပြီး ညအိပ်ရပ်နားသည်။ သတ္တမနေ့တွင် ဇီယာဒမ်းရွာမှ ဆိုင်ကယ်ခရီးစဉ်ဖြင့် ပူတာအိုမြို့သို့ တောင်တက်ခရီးသွားများ ပြန်လည်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးထားသည်။
“ဒီမှာ မတ်လဆိုရင် ရေခဲတောင် ခရီးသွားတွေကို စပြီး ဝန်ဆောင်မှုပေးနေပါပြီ။ မနှစ်ကတည်းက ကြိုပြီး ခရီးစဉ်တွေကို လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရတာပါ။ မတ်လတတိယပတ် အကုန်မှာ ရာသီဥတုပြောင်းလဲသွားတာကြောင့် ဒီရက်ပိုင်းလေးမှာ ခရီးစဉ်အချို့ကို ခေတ္တရပ်ထားတာရှိပေမယ့် ရာသီဥတု ကောင်းတာနဲ့ ဆက်ထွက်မှာပါ။ ခရီးသွား တွေရဲ့ အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်၊ အန္တရာယ်ကင်းအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်ခရီးစဉ် အတွေ့အကြုံကောင်း တွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ခရီးသွားတွေနှစ်ခြိုက်အောင်၊ ကိုယ့်နိုင်ငံရဲ့ ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်မှာ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစား ဖမ်းဆုပ်လို့ရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီလကုန်ပိုင်း မှာ နှင်းမိုးတွေရွာတဲ့အတွက် အထူးသတိထားပြီး ခရီးသွားတွေ စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပူတာအိုမြို့မှ ELSSM ရေခဲတောင် ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ ဦးဒမ်ရိမ်းက ပြောသည်။
ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင် ခုနစ်ရက်ခရီးစဉ်တွင် လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ၁၇ ရက်ကြာ ခရီးစဉ်တွင် လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးထားသည်။ ရေခဲတောင် ခရီးစဉ်တက်ကြမည့် ခရီးသွားများ အနေဖြင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီး ရေခဲတောင်ခရီးစဉ် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင် သော ဗဟုသုတ လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ကြိုတင်အသိပေးထားသည်။ မိုးရာသီ၌ ရေခဲတောင်တန်းဒေသတွင် မိုးရွာသွန်းမှုမရှိ၍ ရေခဲတောင်ခရီးစဉ်များကို ဇူလိုင်လ ဒုတိယအပတ်အထိ ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်

ရန်ကုန် ဇန်နဝါရီ ၇
၂၀၂၆ ခုနှစ်၏ နှစ်သစ်ကူးပိတ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သော ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၂၂၀၀၀ ကျော် လာရောက်အပန်းဖြေခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နှစ်သစ်ကူးပိတ်ရက်ဖြစ်သော ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ပိတ်ရက်များအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွား ၁၂၀၀၀ ကျော်၊ ပြည်ပခရီးသွား ၃၉၀ ကျော်၊ ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွား ၉၄၀၀ ကျော်၊ ပြည်ပခရီးသွား ၃၇ ဦး၊ ရွှေသောင်ယံကမ်းခြေသို့ ပြည်တွင်းခရီးသွား ၅၀၀ ကျော်၊ ပြည်ပခရီးသွား ၁၉ ဦး၊ ဂေါ်ရန်ဂျီကျွန်းသို့ ပြည်တွင်းခရီးသွား ၃၂ ဦးတို့ဖြင့် စုစုပေါင်း နှစ်သစ်ဦး ခရီးသွား၂၂၀၀၀ ကျော် လာရောက်အပန်းဖြေခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်တွင်းခရီးသွား ၁၅ သိန်း ၂၆၆၃ ဦး၊ ပြည်ပ ခရီးသွား ၁၈၉၅၆ ဦးဖြင့် စုစုပေါင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၁၅ သိန်းကျော် ဝင်ရောက်ခဲ့သည်။ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခို ခန်းအလုံး ၇၀၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် ခြောက်လုံး၊ တည်းခိုခန်းသုံးလုံးနှင့် ပုသိမ်မြို့နှင့်အခြားဒေသများ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးထံမှ သိရသည်။
နှစ်သစ်ကူးပိတ်ရက်ရှည်ကာလ၌ ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများသို့ ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားခရီးသွားများ လာရောက်အပန်းဖြေခဲ့ကြပြီး အထူးသဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံး ဝင်ရောက်ခဲ့သည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)
moi

နေပြည်တော် ဇန်နဝါရီ ၁
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါပန်းခြံရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင် ဒေသထွက် ပန်းမျိုးစိတ်များကို ပြသထားရှိကြောင်း၊ ထို့ပြင်ပွဲတော်တွင် သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားများစွာကိုအသုံးပြု၍ မြေယာရှုခင်းအလှများ ပုံဖော်ပြသထားကြောင်း၊ လာရောက်လည်ပတ်သူများအတွက် စာအုပ်စာစောင်များ အနားယူဖတ်ရှုနိုင်မည့် စာကြည့်တိုက်ပါဝင်ပြီး အလှဓာတ်ပုံရိုက်ကူးရန် နေရာများစွာကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊ အားကစားကွင်းနှင့် ကလေးကစားကွင်းများ၊ ဒေသထွက် အစားအစာအရောင်းဆိုင်များလည်း ပါဝင်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအနေဖြင့် ကလောမြို့ ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ် အပန်းဖြေ လေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပန်းပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်(ခေတ္တ) ကျောင်းအုပ်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေပေးကြသည့် ဘင်ခရာတပ်ဖွဲ့နှင့် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကြပြီး ပန်းပွဲတော် ကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

ညောင်ဦး ဒီဇင်ဘာ ၂၂
ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရားပုထိုး သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံမှ သိရသည်။
ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်း ဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင် ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့တွင် လာရောက် လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေး မှုနယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ်သည့်မြို့ဖြစ်သည်။ သီတင်းကျွတ် ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်/ကျောင်းပိတ် ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်း ပြည်ပခရီးသွားများကို အလွန်ပင်ဆွဲဆောင်လှကြောင်း၊ ပုဂံဒေသသို့ ဘယ်နှခေါက်ရောက်ရောက် ထပ်ကာထပ်ကာ လာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူး လာရောက်သည့် မရီရီလွင်ကပြောသည်။ ဘုရားဖူးများ၊ ပြည်တွင်း ပြည်ပခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦး ရှေးဟောင်းနယ်မြေအား တန်ဖိုးထား၍သာဖြစ်ကြောင်း လားရှိုးမြို့မှလာရောက်သည့် ဒေါ်နန်းအိလှိုင်က ပြောသည်။
ဒီပါလင်း

မင်းဘူး ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောပြ၍ သိရသည်။
မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓ ပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲ လဆန်း ၅ ရက်မှစတင်ကာ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ထိ အစဉ်အလာမပျက် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ရက်ပေါင်း ၈၆ ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ထံမှ သိရသည်။
"မန်းရွှေစက်တော်ဘုရားရဲ့ ဗုဒ္ဓ ပူဇနိယပွဲတော်ကို အစဉ်အလာ မပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ဖို့ ပင့်သံဃာဆရာတော်တွေနဲ့ ဌာနဆိုင်ရာတွေကို ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးနဲ့ဝေယျာဝစ္စလုပ်ငန်းတွေ၊ ဘုရားပွဲတော် မုခ်ဦးနဲ့ ဖွင့်ပွဲအခမ်းအနားပြင်ဆင်ရေး၊ ဘုရားပွဲမြေနေရာ(မန်းချောင်း သောင်ပြင်)ပြင်ဆင်ဖို့၊ အဆောက်အအုံ၊ အထူးတံတား၊ ဈေးဆိုင်ခန်း၊ တည်းခိုဆောင်တွေ နေရာချထားရေးနဲ့ ပွဲတော်နဲ့ပတ်သက်တဲ့တင်ဒါ၊ လေလံခေါ်ယူရောင်းချရေးလုပ်ငန်းတွေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘုရားပွဲတော်လုံခြုံရေးစသည့် ကဏ္ဍအလိုက် စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်"ဟု ဦးအေးကိုကပြောပြသည်။
မန်းရွှေစက်တော်ဘုရား ပွဲတော် ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း ၈ဝဝ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၄ဝဝ ခန့်ကို ဆောက်လုပ် ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများ ကို ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း၊ မန်းရွှေစက်တော်ဘုရား ပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ခရီးသွားများလည်ပတ်နိုင်သည့်နေရာအချို့တွင် ဒေသတွင်းအခြေအနေကြောင့် တိမ်ပင်လယ်ကိုသာ အားထားနေရကြောင်း Cloudy Villa ပိုင်ရှင် ဦး ပြည့်စုံအောင်က NP News ကို ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဇွန်လ (၂၅)ရက်မှစတင်ကာ နောင်ချိုမြို့နှင့် မြို့လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ရင်းနှင့် တပ်ဖွဲ့၊ ဌာနချုပ်များကို အကြမ်းဖက်သောင်းကျန်းသူများက အင်အား အလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါတိမ်ပင်လယ်အနီးရှိ စခန်းများကို တစ်နှစ်ခန့်ကြာ အောင်ပိတ်ထားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်က နောင်ချို-ကျောက်မဲ-သီပေါကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်အတိုင်းသွားလာနိုင်ပြီး နယ်မြေအခြေအနေအေးချမ်း လျက် ရှိကြောင်းသိရသည်။ “လက်ရှိကတော့ နောင်ချိုတိမ်ပင်လယ် တစ်ခုပဲရှိတာ။ ကျောက်မဲတို့သီပေါတို့ကျ တော့ ကျွန်တော်တို့ကဝေးသွားတာပေါ့။ နောင်ချိုတိမ်ပင်လယ်လေးတစ်ခုကိုပဲစည်ကားအောင် ကြိုးစား ပြီးတော့ဖွင့်နေရတာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါနောင်ချိုတိမ်ပင်လယ်သို့ လာရောက်လည်ပတ်ရန် စိတ်ဝင်စားသူများနေသော်လည်း ယခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့်အတွက် လည် ပတ်သောခရီးသွားနည်းပါးနေသည့်အပြင် လည်ပတ် သူများ တည်းခိုနိုင်ရန်အတွက် စခန်း(၃)ခုခန့်သာ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“အရင်တုန်းကတော့ နောင်ချိုထဲမှာဆို ဘန့်ဘွေးကျင်းရေတံခွန်ရှိမယ်။ မုန်ဟုံ မုန်ပုံဆိုပြီး တော့ ဒုဋ္ဌဝတီမြစ်ထဲမှာ လှေစီးတဲ့နေရာလေးတစ်ခုရှိတယ်။ ဂုတ်ထိပ်အောက်ကိုဆင်းတဲ့ လမ်းကြောင်းတွေ ရှိ တယ်။ ဒါတွေက နယ်မြေအခြေအနေကြောင့်မို့လို့ လက်ရှိ အဲဒါတွေက တော့မလုပ်နိုင်သေးဘူး။ လော လောဆယ်မှာ သွားရေးလာရေး အဆင်ပြေလွယ်ကူတဲ့ နောင်ချိုတိမ်ပင်လယ်လေးပဲဖွင့်ထားတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်း ပိုင်းကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ကျောက်မီးသွေးသုံးမီး ရထား စက်ခေါင်းများဖြင့်ပြေးဆွဲနိုင်ရေးဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ဖူးသည်။
Np News

နေပြည်တော် နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် သောင်းကျန်းသူများ၏ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့တွင် ဂုတ်ထိပ်တံတားကြီးပေါ်၌ ရထားစမ်းသပ်မောင်းနှင်နေခြင်းအား သွားရောက်စစ်ဆေးသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/76920

မန္တလေး စက်တင်ဘာ ၂၂
မန္တလေး - ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်ဂိတ်မှ ငါးမိုင်ခန့်အကွာရှိ အရိပ်အာဝါသကောင်းမွန်ပြီး အေးချမ်းစွာ အပန်းဖြေအနားယူနိုင်သည့်အပြင် ဆင်များဖြင့်ဝန်ဆောင်မှုပေးနေသည့် ဝါးနက်ဆင်စခန်းသို့ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များပြားလာကြောင်း ဝါးနက်ဆင်စခန်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဆင်စခန်းတွင် ဆင်ကြီးရှစ်ကောင်နှင့် ဆင်ပေါက်လေးသုံးကောင်ရှိပြီး ဆင်များအား ဆင်စာဘူဖေးကျွေးသူများ၊ တစ်နိုင်တစ်ပိုင် ဆင်စာကျွေးသူများနှင့် ဆင်ပေါက်လေးသုံးကောင်ကို လာရောက်ကြည့်ရှုသူများဖြင့် လည်ပတ်သူများပြားလာကြောင်း သိရသည်။
“ပွင့်လင်းရာသီရောက်ပြီ ဖြစ်သလို မကြာခင်သီတင်းကျွတ်ကျောင်းပိတ်ရက် ရုံးပိတ်ရက်ရှည် ရောက်တော့မှာပါ။ အဲဒီအချိန်ဆိုရင် ဆင်စခန်းကို လာတဲ့သူပိုများတယ်။ လာရောက်လည်ပတ်သူက တစ်လကို ၁၀၀၀-၁၅၀၀ ဝန်းကျင်လောက်ရှိပြီး တချို့က ဆင်ပေါက်ကလေးတွေကို သဘောကျလို့ လာတာလည်းရှိတော့ ဧည့်သည်ပိုများလာတာပါ။ ဝင်ကြေးက ပြည်တွင်းဆိုရင် ငွေကျပ် ၁၀၀၀၊ ပြည်ပ ဧည့်သည်ဆိုရင် ငွေကျပ် ၁၀၀၀၀၊ ဆင်စီးခက ပြည်တွင်းဆိုရင် ငွေကျပ် ၅၀၀၀နဲ့ ပြည်ပဧည့်သည်ဆိုရင် ငွေကျပ် ၁၀၀၀၀ ပါ” ဟု ၎င်းကပြောသည်။
ဆင်စခန်းတွင် ဆင်အထီးသုံးကောင်နှင့် အမငါးကောင်အပြင် ဆင်ပေါက်ကလေးများရှိရာ တစ်နှစ်ရှစ်လသား အရွယ်ရှိ ငြိမ်းချမ်းဦး(အထီး)၊ ကိုးလသားအရွယ်ရှိ ငြိမ်းချမ်းအောင်(အထီး)နှင့် ငါးလသားအရွယ်ရှိ ငြိမ်းချမ်းမေ(အမ)ဟူ၍ သုံးကောင်ရှိရာ အဆိုပါဆင်ပေါက်ကလေးများ၏ ပြုမူဆော့ကစားနေမှုများကို ဧည့်သည်များ သဘောကျနှစ်သက်ကြကြောင်း သိရသည်။
အပန်းဖြေအနားယူနိုင်
ဒီနှစ် ခရီးသွားရာသီမှာ ဆင်စခန်းအနီးက သုံးထပ်ရေတံခွန်ကို ဆင်စီးပြီးလမ်းတစ်ဝက်အထိ အလည်အပတ်ပို့မယ့် ဝန်ဆောင်မှုအစီအစဉ်ရှိတယ်။ တော်တော်သာယာပြီး စခန်းကနေ တစ်နာရီလောက် သွားရတဲ့နေရာပါ။ မကြာခင်ခရီးသွားရာသီနဲ့၊ ကျောင်းနဲ့ ရုံးပိတ်ရက်ရှည်ရောက်တော့မှာဆိုတော့ လာရောက်လည်ပတ်ကြမယ့် ဧည့်သည်များမှာဖြစ်လို့ အေးအေးချမ်းချမ်းအနားယူအပန်းဖြေနိုင်ဖို့ စီစဉ်ထားပါတယ်ဟု ဆက်လက်ပြောကြားသည်။
ဆင်စခန်းဝန်းကျင်တွင် စားပင်နှင့်အရိပ်ရအပင်များ စိုက်ပျိုးထားပြီး နားနေရန်အဆောင်များ ပြင်ဆင်ထားရှိခြင်း၊ အရိပ်ကောင်းသည့်နေရာများတွင် ခုံတန်းလျားများထားရှိခြင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များအားဆင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး မိနစ် ၃၀ ဆင်စီးခရီးဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ဆင်များအားအစာကျွေးခြင်း စသည်ဖြင့် အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
MOI

ညောင်ဦး စက်တင်ဘာ ၇
မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူများပြားလျက်ရှိရာ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ သဗ္ဗညုဘုရား၊ ငှက်ပစ်တောင်ဘုရား၊ မဟာဗောဓိဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်စေတီ၊ မနုဟာဘုရား၊ မြစေတီဘုရားများတွင်သာ ဘုရားဖူးလာရောက်သူများပြားသည်သာမကဘဲ ရှင်အဇ္ဇဂေါဏဘုရား၊ ဝိနည်းဓိုလ်ဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ ဆင်ဖြူ ရှင်အုတ်ကျောင်းတိုက်၊ ရင်မနားဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ ခေမင်္ဂဘုရားစု၊ ဝတ္တနထောဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရား၊ တာမဏီဆုတောင်းပြည့်ဘုရား၊ မလုံးဖြစ်၊ မလာဖြစ်ဘုရားတို့တွင်လည်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။ ဘုရားဖူးလာရောက်သူများသည် မြင်းလှည်းစီးခြင်း၊ လက်အလှပန်းချီဆွဲခြင်း၊ ရိုးရာသနပ်ခါး လိမ်းခြယ်ကြခြင်း၊ ပုဂံဒေသထွက် တူညီဝတ်စုံများဝတ်၍ ဘုရားဖူးထွက်ကြခြင်းများကြောင့် အီးဗိုက်အငှားလိုက်သူများ၊ မီနီအိုးဝေအငှား လိုက်သူများ၊ ဧည့်ကားအငှားလိုက်သူများ၊ စားသောက်ဆိုင်များ ဝင်ငွေတွက်ခြေကိုက်လျက်ရှိပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများလည်း တည်းခိုသူများပြားလျက်ရှိနေကာ ရုံးပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။