သတင်းများ

ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားတက်ရောက်
နေပြည်တော် မေ ၂၃စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။ဦးစွာ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဌာနက “ပိုးလမ်းမထက်က လက်ဖက်ရနံ့နှင့် အနာဂတ်စိုက်ပျိုးရေးနည်းပညာဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဌာနတာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘော ဒီးယား၊လာအို၊မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားသည်။ယင်းနောက် Liyuan international Conference Center ၌ ခင်းကျင်းပြသထားသည့် ဒေသအသီးသီးမှ လက်ဖက်ခြောက် မျိုးစုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီးနန်နင်းမြို့မှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသည့် ဟန်ကျိုးမြို့တော် National Modern Agricultural Industrial Park ၌ တည်ရှိသော စံပယ်ပန်းရနံ့ လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စံပယ်ပန်းစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။မေ ၂၁ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံ သိပ္ပံဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်း စင်တာသို့ သွားရောက်၍ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍအသီးသီး၌ သိပ္ပံဉာဏ်ရည်တုကို အသုံးချနိုင်ရန် တီထွင်စမ်းသပ်မှုများ၊ တရုတ်နှင့် အာဆီယံဒေသများအကြား သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းနိုင်စေရန် စီမံဆောင်ရွက်ထားရှိမှုများကို လေ့လာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင်လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။moi

နေပြည်တော် မေ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဌာနက “ပိုးလမ်းမထက်က လက်ဖက်ရနံ့နှင့် အနာဂတ်စိုက်ပျိုးရေးနည်းပညာဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဌာနတာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘော ဒီးယား၊လာအို၊မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားသည်။

ယင်းနောက် Liyuan international Conference Center ၌ ခင်းကျင်းပြသထားသည့် ဒေသအသီးသီးမှ လက်ဖက်ခြောက် မျိုးစုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီးနန်နင်းမြို့မှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသည့် ဟန်ကျိုးမြို့တော် National Modern Agricultural Industrial Park ၌ တည်ရှိသော စံပယ်ပန်းရနံ့ လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စံပယ်ပန်းစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။

မေ ၂၁ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံ သိပ္ပံဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်း စင်တာသို့ သွားရောက်၍ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍအသီးသီး၌ သိပ္ပံဉာဏ်ရည်တုကို အသုံးချနိုင်ရန် တီထွင်စမ်းသပ်မှုများ၊ တရုတ်နှင့် အာဆီယံဒေသများအကြား သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းနိုင်စေရန် စီမံဆောင်ရွက်ထားရှိမှုများကို လေ့လာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင်လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။

moi

ပုဂံဘုရား၊ စေတီများရှိ နံရံဆေးရေးပန်းချီများအား သုတေသနပြု လေ့လာခြင်းဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်
ရန်ကုန် မေ ၃ အေဒီ ၁၁ ရာစု ပုဂံမင်းများ လက်ထက်၌ စည်ကားဖွံ့ဖြိုးခဲ့သည့် ပုဂံဒေသတွင် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဂူများအတွင်း နံရံဆေးရေးပန်းချီများကို ရေးဆွဲခဲ့ကြရာ အဆိုပါနံရံဆေးရေးပန်းချီများနှင့် ရှေးဟောင်းလက်ရာများကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွေ့‌လေ့လာ သုတေသနပြုနိုင်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နိုင်ငံအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ သိရသည်။ ပုဂံ ဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့ ပုဂံခေတ်နံရံဆေးရေးပန်းချီများကို မြင်းကပါ ဂူပြောက်ကြီးဘုရား၊ စူဠာမဏိစေတီ၊ အပယ်ရတနာ၊ လောကထိပ်ပန်၊ သမ္ဘူလဘုရား၊ ဝက်ကြီးအင်းဂူပြောက်၊ အာနန္ဒာအုတ်ကျောင်း၊ စိတ္တဂုတ်ဂူ၊ ရွှေရန်ပြေစေတီ၊ ရန်ဝင်း (တောင်တံခါး)၊ ဆားလယ်ရွာ၊ နန္ဒာမင်းရံအပါအဝင် ပုဂံဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့သည်။ ထိုသို့ နံရံဆေးရေးပန်းချီများကို ရေးဆွဲခြင်းသည် ဘာသာသာသနာပြန့်ပွားစေရေးနှင့် ကုသိုလ်ရရှိရန် ရည်စူး၍ နှစ်ကျိတ်ရှစ်ဆူ၊ ၅၅၀ နိပါတ်တော်၊ ဗုဒ္ဓဝင်ရှစ်ခန်းအပါအဝင် ဗုဒ္ဓသမိုင်းတို့ကို ဘုရား၊ စေတီ၊ ဂူများ၏ နံရံနှင့် မျက်နှာကြက်တို့တွင် အကြားအလပ်မရှိ ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲရာတွင် အုတ်နံရံပေါ်၌ ရေရှည်ခံနိုင်မည့်ဆေးကို တီထွင်အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်တွင် အုတ်နံရံအပေါ်ပိုင်းဆေးများ ပျက်သွားသော်လည်း အောက်ခံဆေးများကို ယနေ့တိုင်တွေ့မြင်ရမှုအပေါ် ဖော်စပ်အသုံးပြုခဲ့သည့် နည်းစနစ်ကို သုတေသနပညာရှင်များက အသိအမှတ်ပြု ချီးကျူးလျက်ရှိသည်။ “ ပုဂံဒေသမှာ နံရံဆေးရေးပန်းချီတွေရှိတဲ့ စေတီ၊ ပုထိုးတွေကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေအပြင် တက္ကသိုလ်ကျောင်းသားတွေနဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူတွေ ဒီဇင်ဘာလဆိုရင် အများဆုံးလာရောက်လေ့လာလေ့ရှိပါတယ်။ လက်တွေ့ကွင်းဆင်းခြင်းနဲ့ သုတေသနစာတမ်းအတွက် လာကြတာများပါတယ်။ အထူးသဖြင့် ကျောင်းသားတွေက ပုဂံခေတ်ဦးနဲ့ခေတ်နှောင်းမှာ ရေးဆွဲခဲ့တဲ့ ဆေးရောင်တွေမတူတာ၊ ရေးဆွဲတဲ့ဆေးကို ဘယ်လိုရကြသလဲ၊ စုတ်တံကို ဘယ်လိုသုံးလဲ၊ နံရံဆေးရေးပန်းချီရေးဆွဲ တဲ့စေတီတွေမှာ ရေးဆွဲတဲ့လက်ရာတွေ‌ ပြောင်းလဲသွားတာ ဘာကြောင့်လဲစသဖြင့် မေးမြန်းကြတာများတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေက နံရံဆေးရေးပန်းချီရေးဆွဲထားတဲ့ စေတီ၊ ပုထိုးရဲ့ သမိုင်းကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို ကျွမ်းကျင်တဲ့ စကားပြန်တွေ အထူးလိုအပ်ပါတယ်။ ဘယ်နိုင်ငံမှာမှမရှိတဲ့ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ သတင်းစကားကို နိုင်ငံခြားသားတွေမှတစ်ဆင့် ပြန်လည်မျှဝေကြသလို ကိုယ့်နိုင်ငံက ကျောင်းသား ကျောင်းသူတွေ လေ့လာသုတေသနပြုနိုင်တာဟာ ရှေးဟောင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းတာဖြစ်တဲ့အတွက် နိုင်ငံအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပုဂံရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူမြို့ဟောင်းသုံးခုအား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တမ္ပဒီပဟုခေါ်ဆိုသည့် ပုဂံစေတီ၊ ပုထိုးများအား မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ ကျော် တည်ရှိခဲ့သည့် ပုဂံဒေသမှ ဘုရား၊ စေတီ၊ ပုထိုးများနှင့် နံရံဆေးရေးပန်းချီများသည် မြန်မာတို့၏ တန်ဖိုးဖြတ်၍မရသော ယဉ်ကျေးမှုမြင့်မားသည့် အမွေအနှစ်များဖြစ်ကြောင်း သိရသည်။ သတင်း - ဥဿ၊ ဓာတ်ပုံ - ကိုလွင်MDN

ရန်ကုန် မေ ၃

အေဒီ ၁၁ ရာစု ပုဂံမင်းများ လက်ထက်၌ စည်ကားဖွံ့ဖြိုးခဲ့သည့် ပုဂံဒေသတွင် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဂူများအတွင်း နံရံဆေးရေးပန်းချီများကို ရေးဆွဲခဲ့ကြရာ အဆိုပါနံရံဆေးရေးပန်းချီများနှင့် ရှေးဟောင်းလက်ရာများကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွေ့‌လေ့လာ သုတေသနပြုနိုင်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နိုင်ငံအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ သိရသည်။

ပုဂံ ဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့

ပုဂံခေတ်နံရံဆေးရေးပန်းချီများကို မြင်းကပါ ဂူပြောက်ကြီးဘုရား၊ စူဠာမဏိစေတီ၊ အပယ်ရတနာ၊ လောကထိပ်ပန်၊ သမ္ဘူလဘုရား၊ ဝက်ကြီးအင်းဂူပြောက်၊ အာနန္ဒာအုတ်ကျောင်း၊ စိတ္တဂုတ်ဂူ၊ ရွှေရန်ပြေစေတီ၊ ရန်ဝင်း (တောင်တံခါး)၊ ဆားလယ်ရွာ၊ နန္ဒာမင်းရံအပါအဝင် ပုဂံဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့သည်။

ထိုသို့ နံရံဆေးရေးပန်းချီများကို ရေးဆွဲခြင်းသည် ဘာသာသာသနာပြန့်ပွားစေရေးနှင့် ကုသိုလ်ရရှိရန် ရည်စူး၍ နှစ်ကျိတ်ရှစ်ဆူ၊ ၅၅၀ နိပါတ်တော်၊ ဗုဒ္ဓဝင်ရှစ်ခန်းအပါအဝင် ဗုဒ္ဓသမိုင်းတို့ကို ဘုရား၊ စေတီ၊ ဂူများ၏ နံရံနှင့် မျက်နှာကြက်တို့တွင် အကြားအလပ်မရှိ ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲရာတွင် အုတ်နံရံပေါ်၌ ရေရှည်ခံနိုင်မည့်ဆေးကို တီထွင်အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်တွင် အုတ်နံရံအပေါ်ပိုင်းဆေးများ ပျက်သွားသော်လည်း အောက်ခံဆေးများကို ယနေ့တိုင်တွေ့မြင်ရမှုအပေါ် ဖော်စပ်အသုံးပြုခဲ့သည့် နည်းစနစ်ကို သုတေသနပညာရှင်များက အသိအမှတ်ပြု ချီးကျူးလျက်ရှိသည်။

“ ပုဂံဒေသမှာ နံရံဆေးရေးပန်းချီတွေရှိတဲ့ စေတီ၊ ပုထိုးတွေကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေအပြင် တက္ကသိုလ်ကျောင်းသားတွေနဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူတွေ ဒီဇင်ဘာလဆိုရင် အများဆုံးလာရောက်လေ့လာလေ့ရှိပါတယ်။ လက်တွေ့ကွင်းဆင်းခြင်းနဲ့ သုတေသနစာတမ်းအတွက် လာကြတာများပါတယ်။ အထူးသဖြင့် ကျောင်းသားတွေက ပုဂံခေတ်ဦးနဲ့ခေတ်နှောင်းမှာ ရေးဆွဲခဲ့တဲ့ ဆေးရောင်တွေမတူတာ၊ ရေးဆွဲတဲ့ဆေးကို ဘယ်လိုရကြသလဲ၊ စုတ်တံကို ဘယ်လိုသုံးလဲ၊ နံရံဆေးရေးပန်းချီရေးဆွဲ တဲ့စေတီတွေမှာ ရေးဆွဲတဲ့လက်ရာတွေ‌ ပြောင်းလဲသွားတာ ဘာကြောင့်လဲစသဖြင့် မေးမြန်းကြတာများတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေက နံရံဆေးရေးပန်းချီရေးဆွဲထားတဲ့ စေတီ၊ ပုထိုးရဲ့ သမိုင်းကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို ကျွမ်းကျင်တဲ့ စကားပြန်တွေ အထူးလိုအပ်ပါတယ်။ ဘယ်နိုင်ငံမှာမှမရှိတဲ့ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ သတင်းစကားကို နိုင်ငံခြားသားတွေမှတစ်ဆင့် ပြန်လည်မျှဝေကြသလို ကိုယ့်နိုင်ငံက ကျောင်းသား ကျောင်းသူတွေ လေ့လာသုတေသနပြုနိုင်တာဟာ ရှေးဟောင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းတာဖြစ်တဲ့အတွက် နိုင်ငံအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပုဂံရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူမြို့ဟောင်းသုံးခုအား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တမ္ပဒီပဟုခေါ်ဆိုသည့် ပုဂံစေတီ၊ ပုထိုးများအား မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ ကျော် တည်ရှိခဲ့သည့် ပုဂံဒေသမှ ဘုရား၊ စေတီ၊ ပုထိုးများနှင့် နံရံဆေးရေးပန်းချီများသည် မြန်မာတို့၏ တန်ဖိုးဖြတ်၍မရသော ယဉ်ကျေးမှုမြင့်မားသည့် အမွေအနှစ်များဖြစ်ကြောင်း သိရသည်။

သတင်း - ဥဿ၊ ဓာတ်ပုံ - ကိုလွင်

MDN

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီက ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတက်ရောက်
နေပြည်တော် ဧပြီ ၁၇နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာမှနေ၍ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမအကောင်ရေ စုစုပေါင်း ၁၈၀၀၀ ကို ကန်ရေပြင်အတွင်းသို့ ဘေးမဲ့လွှတ်လှူကာ ဇီဝိတဒါန ကုသိုလ်ယူကြသည်။ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သတ္တဝါဝေနေယျတို့ ဘေးမဲ့လုံခြုံရာရရှိစေရန်၊ ကုသိုလ်ကောင်းမှု ပွားများစေရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်းရာရောက်သည့်အပြင် မင်္ဂလာကန်အတွင်း ငါးသယံဇာတများ ပိုမိုတိုးပွား လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲသို့ တက်ရောက်သည်။ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘိုးဘွားများထံ ကန်တော့ခံပစ္စည်းများပေးအပ်၍ ကန်တော့ချိုးဖြင့် ကန်တော့ကြရာ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက မေတ္တာစကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၀ အား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။အောင်သူရဦး(ဒက္ခိဏ)MDN

နေပြည်တော်    ဧပြီ    ၁၇

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့်   ဇီဝိတဒါနငါးလွှတ်ပွဲကို  ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဇမ္ဗူသီရိမြို့နယ်ရှိ  မင်္ဂလာကန်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊  နေပြည်တော် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာမှနေ၍ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမအကောင်ရေ စုစုပေါင်း ၁၈၀၀၀ ကို ကန်ရေပြင်အတွင်းသို့ ဘေးမဲ့လွှတ်လှူကာ ဇီဝိတဒါန ကုသိုလ်ယူကြသည်။

ယခုကဲ့သို့  ငါးမျိုးစိုက်ထည့်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သတ္တဝါဝေနေယျတို့ ဘေးမဲ့လုံခြုံရာရရှိစေရန်၊ ကုသိုလ်ကောင်းမှု ပွားများစေရန်နှင့်  သဘာဝပတ်ဝန်းကျင်  ဂေဟစနစ်ထိန်းသိမ်းရာရောက်သည့်အပြင်  မင်္ဂလာကန်အတွင်း  ငါးသယံဇာတများ ပိုမိုတိုးပွား လာစေရန်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်  ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘိုးဘွားများထံကန်တော့ခံပစ္စည်းများပေးအပ်၍ ကန်တော့ချိုးဖြင့်  ကန်တော့ကြရာ  ကန်တော့ခံဘိုးဘွားများကိုယ်စား  အဘိုးတစ်ဦးက မေတ္တာစကား  ပြန်လည် ပြောကြားကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် နေပြည်တော်အတွင်းရှိ  အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၀ အား  တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါနငါးနှင့် ငှက်ဘေးမဲ့လွှတ်
ရန်ကုန် ဧပြီ ၁၇ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့သည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်ကန်အတွင်း ရွှေဝါငါးကြင်းကောင် ရေ ၃၀၀၀၀၊ စာကလေး ငှက်ကောင်ရေ ၁၀၀၀ နှင့် ချိုးငှက် ၃၆ ကောင်ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။ယင်းနောက် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးဆက်ကပ်လှူဒါန်းကြပြီး ဘုရားရင်ပြင်ပေါ်တွင် စာကလေးငှက်အကောင် ၁၀၀ နှင့် ချိုးငှက် ၁၀ ကောင်တို့ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ သီရိရတနာခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုဘွားများအား ပူဇော်ကန်တော့ပွဲသို့ တက်ရောက်ပြီး ကန်တော့ခံ သက်ကြီးဘိုးဘွားများအား စုပေါင်းကန်တော့ကြပြီး ဂါရဝပြုအလှူငွေ နှင့် ဂါရဝပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ဇွဲထက်ကို(ပြန်/ဆက်)MDN

ရန်ကုန်    ဧပြီ    ၁၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့သည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်ကန်အတွင်း ရွှေဝါငါးကြင်းကောင် ရေ ၃၀၀၀၀၊ စာကလေး ငှက်ကောင်ရေ ၁၀၀၀ နှင့် ချိုးငှက် ၃၆  ကောင်ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

ယင်းနောက် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့်  ဆီမီးဆက်ကပ်လှူဒါန်းကြပြီး ဘုရားရင်ပြင်ပေါ်တွင်  စာကလေးငှက်အကောင် ၁၀၀ နှင့် ချိုးငှက် ၁၀ ကောင်တို့ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ သီရိရတနာခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုဘွားများအား   ပူဇော်ကန်တော့ပွဲသို့ တက်ရောက်ပြီး ကန်တော့ခံ သက်ကြီးဘိုးဘွားများအား စုပေါင်းကန်တော့ကြပြီး ဂါရဝပြုအလှူငွေ နှင့် ဂါရဝပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ
ဟိုပုံး ဧပြီ ၁၇ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပသည်။ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ကြပြီး အသက် ၈၀ နှင့်အထက် သက်ကြီးဘိုးဘွား ၈၇ ဦးတို့အား ကန်တော့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ပအိုဝ်းဒေသ(ပြန်/ဆက်)MDN

ဟိုပုံး    ဧပြီ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား  ရှိခိုးကန်တော့ကြပြီး  အသက် ၈၀ နှင့်အထက်  သက်ကြီးဘိုးဘွား  ၈၇ ဦးတို့အား ကန်တော့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)

ကျောက်ဆည်မြို့၌ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ
ကျောက်ဆည်၊ ဧပြီ - ၁၇မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ယနေ့နံနက် ၈ နာရီက ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲကို ဇော်ဂျီမြစ် မင်းရဲဆည်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။စုပေါင်းငါးလွှတ်ပွဲ၌ ရွှေဝါငါးကြင်းကောင်ရေ ၄၀,၀၀၀ ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ ကူမဲ ငါးသားဖောက်စခန်းမှ ဝန်ထမ်းများမှ စုပေါင်း၍ ဇီဝိတဒါန ငါးလွှတ်ခဲ့ကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ ဧပြီ - ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ယနေ့နံနက် ၈ နာရီက ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲကို ဇော်ဂျီမြစ် မင်းရဲဆည်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းငါးလွှတ်ပွဲ၌ ရွှေဝါငါးကြင်းကောင်ရေ ၄၀,၀၀၀ ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ ကူမဲ ငါးသားဖောက်စခန်းမှ ဝန်ထမ်းများမှ စုပေါင်း၍ ဇီဝိတဒါန ငါးလွှတ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်) 

ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွား ၂၇၁ ဦးအား ပူဇော်ကန်တော့ပွဲ ပြုလုပ်
ကျောက်ဆည်၊ ဧပြီ-၁၇မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘုရား၊ပုထိုးများအား ရေသပ္ပယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒီသာ ကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာဒေသ အသီးသီး တွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီး ဘိုးဘွား ၂၇၁ ဦးအား ပွဲဇော်ပွဲကို ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ ဘိုးဘွားများအား ပူဇော်ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွား ၂၇၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ရာ မင်းရပ် ရပ်ကွက်မှ ကန်တော့ခံအဘိုး ဦးလှက ဆုတောင်း မေတ္တာ စကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ ဧပြီ-၁၇

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘုရား၊ပုထိုးများအား ရေသပ္ပယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒီသာ ကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာဒေသ အသီးသီး တွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီး ဘိုးဘွား ၂၇၁ ဦးအား ပွဲဇော်ပွဲကို ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ  ဘိုးဘွားများအား ပူဇော်ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွား ၂၇၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ရာ မင်းရပ် ရပ်ကွက်မှ ကန်တော့ခံအဘိုး ဦးလှက ဆုတောင်း မေတ္တာ စကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌   မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
ကျောက်ဆည်၊ ဧပြီ-၁၇မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီ က ကံဦးရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ဦးစွာ ယိမ်းအကအဖွဲ့များမှ ဟိန်းသူဆိုင်းအဖွဲ့နှင့်အတူ မြူးကြွသည့်တေးသီးချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ အဖွဲ့ဝင် ဦးအောင်သူနှင့် ဦးမြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုး၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်ဦးကို တို့က ယိမ်းအဖွဲ့ ၈ ဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။ထို့နောက် ယိမ်းအကအဖွဲ့များမှ“မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ပြီး ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။သက်မောင် (ကျောက်ဆည်)

ကျောက်ဆည်၊ ဧပြီ-၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီ က ကံဦးရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ယိမ်းအကအဖွဲ့များမှ ဟိန်းသူဆိုင်းအဖွဲ့နှင့်အတူ မြူးကြွသည့်တေးသီးချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ အဖွဲ့ဝင် ဦးအောင်သူနှင့် ဦးမြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုး၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်ဦးကို တို့က ယိမ်းအဖွဲ့ ၈ ဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။

ထို့နောက် ယိမ်းအကအဖွဲ့များမှ“မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ပြီး ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်) 

သင်္ကြန်အကြတ်နေ့တွင် မန္တလေးမြို့ရှိ လမ်းလျှောက်သင်္ကြန်များနှင့် မဏ္ဍပ်များ၌ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား
မန္တလေး ဧပြီ ၁၅ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့တွင် မန္တလေးမြို့ရှိ လမ်းလျှောက်သင်္ကြန်များနှင့်မဏ္ဍပ်များ၌ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ပျော်ရွှင်စွာဆင်နွှဲနံနက်ပိုင်းမှစတင်ကာ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နိုင်ငံကျော်တေးသံရှင်များ၏ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု၊ ဝန်ကြီးဌာနနှင့် ဝါသနာရှင် ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေမှုတို့ကို သင်္ကြန်ချစ်သူ ပြည်သူအများအပြားက အားပေးကြည့်ရှုရင်း အတူလိုက်ပါ သီဆိုကခုန်ကာ သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာဆင်နွှဲကြသည်။ထို့ပြင် သင်္ကြန်ချစ်သူပြည်သူများသည် တိုင်းရင်းသားများ၏ ရိုးရာရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားကြရင်း တိုင်းရင်းသားတိုင်းရင်းသူများ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး စတုဒိသာအဖြစ်ကျွေးမွေးသည့် ဒေသအစားအစာများကို နှစ်သက်စွာသုံးဆောင်ကြသည်။ကျုံးပတ်လည်တစ်လျှောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ထူးခြားဆန်းသစ်စွာ ပုံဖော်တည်ဆောက်ထားသည့် သင်္ကြန်မဏ္ဍပ်များ၌လည်း မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ ရေကစားကြပြီး မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန်ရှိ Floating Street ဇုန်၊ Star Light Streetဇုန်၊ Flower Street ဇုန်နှင့် Water Street ဇုန်စသည့် ဇုန်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြသည့် ပြည်သူများဖြင့် ပြည့်နှက်စည်ကားလျက်ရှိသည်။မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ် ပါဝင်ဆင်နွှဲကြသည့် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ရေသဘင်ပွဲဆင်နွှဲရင်း အမောပြေသုံးဆောင်နိုင်ရန်အတွက် စတုဒိသာအကျွေးအမွေးများကိုလည်း လှူဒါန်းကျွေးမွေးလျက်ရှိသည်။ထို့အတူ မန္တလေးကျုံးအနောက်ဘက်ရှိ ဈေးချိုသူရေကစားမဏ္ဍပ်တွင် ပရိသတ်အကြိုက် ဖျော်ဖြေရေး အစီအစဉ်များဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်လျက်ရှိသည့်အတွက် လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် စည်ကားခဲ့သည်။အလားတူ မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မဏ္ဍပ်ငယ်များတွင် လူငယ်များ၊ ကလေးငယ်များက ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်အကြတ်နေ့ကို ပါဝင်ဆင်နွှဲလျက်ရှိသည်။ညပိုင်းတွင် မန္တလေးမြို့‌တော် မဟာသင်္ကြန်မဏ္ဍပ်၌ ယိမ်းအကများ၊ တေးသီချင်းများဖြင့် သင်္ကြန်ချစ်သူပြည်သူများကို ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။မင်းထက်အောင်(မန်းကိုယ်ပွား)moi

မန္တလေး ဧပြီ ၁၅

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့တွင် မန္တလေးမြို့ရှိ လမ်းလျှောက်သင်္ကြန်များနှင့်မဏ္ဍပ်များ၌ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ပျော်ရွှင်စွာဆင်နွှဲ

နံနက်ပိုင်းမှစတင်ကာ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နိုင်ငံကျော်တေးသံရှင်များ၏ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု၊ ဝန်ကြီးဌာနနှင့် ဝါသနာရှင် ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေမှုတို့ကို သင်္ကြန်ချစ်သူ ပြည်သူအများအပြားက အားပေးကြည့်ရှုရင်း အတူလိုက်ပါ သီဆိုကခုန်ကာ သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့ပြင် သင်္ကြန်ချစ်သူပြည်သူများသည် တိုင်းရင်းသားများ၏ ရိုးရာရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားကြရင်း တိုင်းရင်းသားတိုင်းရင်းသူများ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး စတုဒိသာအဖြစ်ကျွေးမွေးသည့် ဒေသအစားအစာများကို နှစ်သက်စွာသုံးဆောင်ကြသည်။

ကျုံးပတ်လည်တစ်လျှောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ထူးခြားဆန်းသစ်စွာ ပုံဖော်တည်ဆောက်ထားသည့် သင်္ကြန်မဏ္ဍပ်များ၌လည်း မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ ရေကစားကြပြီး မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန်ရှိ Floating Street ဇုန်၊ Star Light Streetဇုန်၊ Flower Street ဇုန်နှင့် Water Street ဇုန်စသည့် ဇုန်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြသည့် ပြည်သူများဖြင့် ပြည့်နှက်စည်ကားလျက်ရှိသည်။

မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ် ပါဝင်ဆင်နွှဲကြသည့် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ရေသဘင်ပွဲဆင်နွှဲရင်း အမောပြေသုံးဆောင်နိုင်ရန်အတွက် စတုဒိသာအကျွေးအမွေးများကိုလည်း လှူဒါန်းကျွေးမွေးလျက်ရှိသည်။

ထို့အတူ မန္တလေးကျုံးအနောက်ဘက်ရှိ ဈေးချိုသူရေကစားမဏ္ဍပ်တွင် ပရိသတ်အကြိုက် ဖျော်ဖြေရေး အစီအစဉ်များဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်လျက်ရှိသည့်အတွက် လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် စည်ကားခဲ့သည်။

အလားတူ မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မဏ္ဍပ်ငယ်များတွင် လူငယ်များ၊ ကလေးငယ်များက ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်အကြတ်နေ့ကို ပါဝင်ဆင်နွှဲလျက်ရှိသည်။

ညပိုင်းတွင် မန္တလေးမြို့‌တော် မဟာသင်္ကြန်မဏ္ဍပ်၌ ယိမ်းအကများ၊ တေးသီချင်းများဖြင့် သင်္ကြန်ချစ်သူပြည်သူများကို ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် မဟာသင်္ကြန်အကြတ်နေ့၌ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြား
ရန်ကုန် ဧပြီ ၁၅ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ယနေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့၌ နံနက်ပိုင်းမှစတင်ကာ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဒဂုံမြို့နယ်ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်သို့ရောက်ရှိကြပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ထို့နောက် Royal-Apex မဏ္ဍပ်၌ အောင်ဇမ္ဗူနှင့်အဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသည့် သင်္ကြန်သီချင်းများ၊ အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းလျှောက်သင်္ကြန်ပွဲသို့ ရောက်ရှိရာ ယိမ်းအဖွဲ့များအား သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ထို့အပြင် ဒဂုံမြို့နယ် ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိ သင်္ကြန်မဏ္ဍပ်များနှင့် ဈေးဆိုင်တန်းများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။ထို့အတူ ရန်ကုန် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်သူများက လိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။အလားတူ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အနုပညာရှင်များနှင့် DJ အဖွဲ့ တို့၏ မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ သင်္ကြန်ချစ်သူပြည်သူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မဏ္ဍပ်ငယ်များတွင် လူငယ်များ၊ ကလေးများကစုဖွဲ့၍ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။ယနေ့ သင်္ကြန်အကြတ်နေ့တွင် တိုင်းဒေသကြီးအတွင်း ဘုရားစေတီများတွင် ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မဏ္ဍပ်များ၊ ရပ်ကွက်၊ လမ်းများတွင် ထမင်းနှင့်ဟင်း၊ မြန်မာ့ရိုးရာအစား အစာများကို စတုဒိသာအဖြစ်‌ ကျွေးမွေးကြရာ လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။ သတင်း-နေဇော်ဓာတ်ပုံ-ဇော်မင်းလတ်moi

ရန်ကုန် ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ယနေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့၌ နံနက်ပိုင်းမှစတင်ကာ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဒဂုံမြို့နယ်ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်သို့ရောက်ရှိကြပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် Royal-Apex မဏ္ဍပ်၌ အောင်ဇမ္ဗူနှင့်အဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသည့် သင်္ကြန်သီချင်းများ၊ အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းလျှောက်သင်္ကြန်ပွဲသို့ ရောက်ရှိရာ ယိမ်းအဖွဲ့များအား သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထို့အပြင် ဒဂုံမြို့နယ် ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိ သင်္ကြန်မဏ္ဍပ်များနှင့် ဈေးဆိုင်တန်းများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ရန်ကုန် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်သူများက လိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

အလားတူ      ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အနုပညာရှင်များနှင့် DJ အဖွဲ့ တို့၏ မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ သင်္ကြန်ချစ်သူပြည်သူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မဏ္ဍပ်ငယ်များတွင် လူငယ်များ၊ ကလေးများကစုဖွဲ့၍ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။

ယနေ့ သင်္ကြန်အကြတ်နေ့တွင် တိုင်းဒေသကြီးအတွင်း ဘုရားစေတီများတွင် ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မဏ္ဍပ်များ၊ ရပ်ကွက်၊ လမ်းများတွင် ထမင်းနှင့်ဟင်း၊ မြန်မာ့ရိုးရာအစား အစာများကို စတုဒိသာအဖြစ်‌ ကျွေးမွေးကြရာ လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။       

သတင်း-နေဇော်

ဓာတ်ပုံ-ဇော်မင်းလတ်