ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အပြာရောင် မျက်လုံးပိုင်ရှင် ဥရောပရဲ့ လျှို့ဝှက်ရတနာ - ဘယ်လာရုစ်
-
ဥရောပဒေသရဲ့ ခရီးသွားမြေပုံပေါ်မှာ လူသိနည်းနေသေးပေမယ့် တကယ်တမ်းခြေချကြည့်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အလှတရားတွေနဲ့ ဆီးကြိုနေမယ့် နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဲဒါကတော့ “ဥရောပရဲ့ အဆုတ်” လို့ တင်စားခံရပြီး သန့်ရှင်းစိမ်းလန်းတဲ့ သဘာဝတရား၊ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတွေနဲ့ ဖော်ရွေပျူငှာတဲ့ ဒေသခံတွေရှိရာ “ဘယ်လာရုစ်နိုင်ငံ” ပဲ ဖြစ်ပါတယ်။ဥရောပအရှေ့ပိုင်းမှာတည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း ဘယ်လာရုစ်ဟာ ရေကန်ပေါင်း ၁၁၀၀၀ ကျော်နဲ့ မြစ်ချောင်းပေါင်း ၂၀၀၀၀ ကျော် စီးဆင်းနေတာကြောင့် “အပြာရောင်မျက်လုံးပိုင်ရှင် နိုင်ငံ” (The Blue-Eyed Country) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ အေးချမ်းဆိတ်ငြိမ်မှုကို ရှာဖွေနေကြသူတွေအတွက် ဘယ်လာရုစ်နိုင်ငံက အကောင်းဆုံး ခိုနားရာတစ်ခုပါပဲ။ဘယ်လာရုစ်နိုင်ငံကို ရောက်တာနဲ့ ပထမဆုံး သတိထားမိမယ့်အရာက သန့်ရှင်းသပ်ရပ်မှုနဲ့အတူ ခေတ်ဟောင်းအငွေ့အသက်တွေ ဖုံးလွှမ်းရာနေရာတစ်ခုဖြစ်တဲ့ မင့်(စ်)မြို့ပါပဲ။ ဘယ်လာရုစ်နိုင်ငံရဲ့မြို့တော်ဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်မှုရှိပြီး လမ်းမကျယ်ကြီးတွေ၊ စနစ်ကျတဲ့ ပန်းခြံကြီးတွေနဲ့ ဆိုဗီယက်ခေတ် ဗိသုကာလက်ရာတွေက ခေတ်မီအဆောက်အအုံတွေနဲ့အတူ ယှဉ်တွဲနေတာဖြစ်ပါတယ်။မင့်(စ်)မြို့ရဲ့မြို့လယ်ကောင်က အဓိကလမ်းမကြီးဖြစ်ပြီး ဥရောပရဲ့အရှည်လျားဆုံး လမ်းမတွေထဲမှာ ပါဝင်ပါတယ်။ လမ်းမကြီးတစ်လျှောက်ကို လျှောက်လှမ်းကြည့်ရင် ခမ်းနားလှပတဲ့ ဂန္ထဝင်အဆောက်အအုံတွေကို ငေးမောနိုင်မှာပါ။စိန်တုံးပုံစံနဲ့တည်ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကြီးက မင့်(စ်)မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ညဘက်မှာဆိုရင် မီးရောင်စုံတွေနဲ့ ထိန်ထိန်လင်းနေပြီး အပေါ်ဆုံးထပ်ကနေကြည့်ရင် တစ်မြို့လုံးရဲ့ ရှုခင်းကို ပသာဒဖြစ်ဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။မြစ်ကမ်းဘေးမှာရှိတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရှေးဟောင်းရပ်ကွက်လေးကတော့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပါပဲ။ ကော်ဖီဆိုင်လေးတွေ၊ အနုပညာပြခန်းလေးတွေနဲ့ ပြည့်နှက်နေပြီး ၁၉ ရာစုအငွေ့အသက်ကို ခံစားရစေပါတယ်။ နေရာကတော့ Trinity Suburb ဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံကိုရောက်ရင်မသွားမဖြစ် သွားရမယ့်နေရာကတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရဲတိုက်ကြီးနှစ်ခုဖြစ်ပါတယ်။ အဲဒီရဲတိုက်ကြီးတွေက နတ်သမီးပုံပြင်ဆန်တဲ့ ရဲတိုက်ကြီးများလို့ပြောရင်လည်းမမှားပါဘူး။ရဲတိုက်နှစ်ခုအနက်တစ်ခုက မီယာရဲတိုက်ဖြစ်ပါတယ်။ ၁၆ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးဖြစ်ပြီး ဂေါသစ်၊ ဘာရော့နဲ့ ရီနေးဆွန်း ဗိသုကာလက်ရာတွေ ပေါင်းစပ်ထားပါတယ်။ ရဲတိုက်ရဲ့ရှေ့ကရေကန်ထဲမှာ ရဲတိုက်ပုံရိပ်ထင်ဟပ်နေတာက ပန်းချီကားတစ်ချပ်သဖွယ် လှပလှပါတယ်။နောက်ထပ်ရဲတိုက်တစ်ခုက နက်စဗီရဲတိုက်ဖြစ်ပါတယ်။ ဥရောပရဲ့ အလှဆုံးနန်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးက ရတ်ဇီဝေး မိသားစုရဲ့နေအိမ်ဖြစ်ခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်တွေက ရွှေရောင်ဝင်းလက်ကာ အင်မတန်ခမ်းနားပါတယ်။ ရဲတိုက်ပတ်လည်က ဥယျာဉ်ကြီးထဲမှာ လမ်းလျှောက်ရင်း ရှေးခေတ်မင်းညီမင်းသားတွေရဲ့ ဘဝကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။ဥရောပရဲ့ ရှေးအကျဆုံးသစ်တောကြီးဖြစ်တဲ့ Belovezhskaya Pushcha က သဘာဝကြီးကိုချစ်ခင်မြတ်နိုးသူတွေအတွက် တကယ့်ကိုသုခဘုံပါပဲ။ ဒီသစ်တောကြီးဟာ ဥရောပရဲ့ရှေးအကျဆုံးနဲ့ အကြီးဆုံးသော သစ်တောကြီးတစ်ခုဖြစ်ပါတယ်။ ဒီတောအုပ်ထဲမှာ ဥရောပကျွဲရိုင်းလို့ခေါ်တဲ့ တိရစ္ဆာန်တွေကို သဘာဝအတိုင်း တွေ့မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် စက်ဘီးစီးတာ၊ တောတွင်းလမ်းလျှောက်တာတွေ ပြုလုပ်နိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ နှင်းမှုန်ဖွေးဖွေးကြားမှာ သစ်တောအလှကိုခံစားရင်း “Father Frost” (ဘယ်လာရုစ် စန်တာကလော့) ရဲ့ အိမ်တော်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ရိုးရာအစားအစာနဲ့ ဧည့်ဝတ်ကျေပွန်မှု အကြောင်းပြောရရင် ဘယ်လာရုစ်နိုင်ငံသားတွေက အာလူးကို အင်မတန်နှစ်သက်ကြပါတယ်။ သူတို့ဆီမှာ အာလူးနဲ့လုပ်တဲ့ ဟင်းလျာအမျိုးပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အာလူးကိုအခြေခံတဲ့ အထင်ရှားဆုံးဟင်းလျာတချို့ကတော့ Draniki လို့ခေါ်တဲ့ အာလူးကို ခြစ်ပြီးကြော်ထားတဲ့ အာလူးကပ်ကြော်ဖြစ်ပါတယ်။နောက်တစ်ခုက Machanka လို့ခေါ်တဲ့ ဝက်သား၊ ဝက်အူချောင်းတို့ကို အနှစ်နဲ့ချက်ပြီး ပန်ကိတ်နဲ့တို့စားရတဲ့ဟင်းလျာဖြစ်ပါတယ်။ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ်မှာ အလွန်ဖော်ရွေပြီး ကူညီတတ်ကြပါတယ်။ ဘာသာစကား အခက်အခဲရှိနိုင်ပေမယ့် သူတို့ရဲ့နွေးထွေးတဲ့ အပြုံးတွေကြောင့်ပဲ စိတ်လုံခြုံမှုကိုရရှိစေမှာဖြစ်ပါတယ်။ပဲရစ်တို့ ရောမတို့က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတွေဖြစ်တာကြောင့် စိတ်ရှုပ်ရတာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လာရုစ်ကတော့ ဒီလိုစိတ်ရှုပ်စရာတွေနဲ့ ကင်းဝေးပြီး ခရီးသွားတွေနဲ့ ကျပ်ညပ်မနေဘဲ အေးအေးလူလူ လည်ပတ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်း ဥရောပရဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နေစရိတ်၊ စားစရိတ်မှာ အများကြီးသက်သာပါတယ်။ လုံခြုံမှုရှိရဲ့လားလို့ဆိုလာရင်လည်း ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့အလုံခြုံဆုံး နိုင်ငံများစာရင်းထဲမှာ ပါဝင်လေ့ရှိပြီး ညဘက်တွေမှာ လမ်းလျှောက်ထွက်ရင်တောင် အလွန်စိတ်ချရတဲ့ အနေအထားရှိပါတယ်။ဘယ်လာရုစ်ဆိုတာ သတင်းခေါင်းစဉ်တွေထဲမှာ တွေ့ရတာထက် ပိုမိုနက်ရှိုင်းတဲ့ အလှတရားတွေ ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သမိုင်းကြောင်း၊ယဉ်ကျေးမှု၊ သဘာဝတရားနဲ့ ရိုးသားအေးဆေးတဲ့ လူနေမှုဘဝကို မြတ်နိုးသူတွေအတွက်ဆိုရင်တော့ ဘယ်လာရုစ်နိုင်ငံဟာ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ “လျှို့ဝှက်ရတနာ” ကြီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။MWD

ဥရောပဒေသရဲ့ ခရီးသွားမြေပုံပေါ်မှာ လူသိနည်းနေသေးပေမယ့် တကယ်တမ်းခြေချကြည့်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အလှတရားတွေနဲ့ ဆီးကြိုနေမယ့် နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဲဒါကတော့ “ဥရောပရဲ့ အဆုတ်” လို့ တင်စားခံရပြီး သန့်ရှင်းစိမ်းလန်းတဲ့ သဘာဝတရား၊ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတွေနဲ့ ဖော်ရွေပျူငှာတဲ့ ဒေသခံတွေရှိရာ “ဘယ်လာရုစ်နိုင်ငံ” ပဲ ဖြစ်ပါတယ်။

ဥရောပအရှေ့ပိုင်းမှာတည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း ဘယ်လာရုစ်ဟာ ရေကန်ပေါင်း ၁၁၀၀၀ ကျော်နဲ့ မြစ်ချောင်းပေါင်း ၂၀၀၀၀ ကျော် စီးဆင်းနေတာကြောင့် “အပြာရောင်မျက်လုံးပိုင်ရှင် နိုင်ငံ” (The Blue-Eyed Country) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ အေးချမ်းဆိတ်ငြိမ်မှုကို ရှာဖွေနေကြသူတွေအတွက် ဘယ်လာရုစ်နိုင်ငံက အကောင်းဆုံး ခိုနားရာတစ်ခုပါပဲ။

ဘယ်လာရုစ်နိုင်ငံကို ရောက်တာနဲ့   ပထမဆုံး သတိထားမိမယ့်အရာက သန့်ရှင်းသပ်ရပ်မှုနဲ့အတူ ခေတ်ဟောင်းအငွေ့အသက်တွေ  ဖုံးလွှမ်းရာနေရာတစ်ခုဖြစ်တဲ့ မင့်(စ်)မြို့ပါပဲ။ ဘယ်လာရုစ်နိုင်ငံရဲ့မြို့တော်ဖြစ်တာနဲ့အညီ  သန့်ရှင်းသပ်ရပ်မှုရှိပြီး လမ်းမကျယ်ကြီးတွေ၊ စနစ်ကျတဲ့ ပန်းခြံကြီးတွေနဲ့ ဆိုဗီယက်ခေတ် ဗိသုကာလက်ရာတွေက ခေတ်မီအဆောက်အအုံတွေနဲ့အတူ  ယှဉ်တွဲနေတာဖြစ်ပါတယ်။

မင့်(စ်)မြို့ရဲ့မြို့လယ်ကောင်က အဓိကလမ်းမကြီးဖြစ်ပြီး ဥရောပရဲ့အရှည်လျားဆုံး လမ်းမတွေထဲမှာ ပါဝင်ပါတယ်။ လမ်းမကြီးတစ်လျှောက်ကို လျှောက်လှမ်းကြည့်ရင် ခမ်းနားလှပတဲ့ ဂန္ထဝင်အဆောက်အအုံတွေကို ငေးမောနိုင်မှာပါ။

စိန်တုံးပုံစံနဲ့တည်ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကြီးက မင့်(စ်)မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ညဘက်မှာဆိုရင် မီးရောင်စုံတွေနဲ့ ထိန်ထိန်လင်းနေပြီး အပေါ်ဆုံးထပ်ကနေကြည့်ရင် တစ်မြို့လုံးရဲ့ ရှုခင်းကို ပသာဒဖြစ်ဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။

မြစ်ကမ်းဘေးမှာရှိတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရှေးဟောင်းရပ်ကွက်လေးကတော့   ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပါပဲ။    ကော်ဖီဆိုင်လေးတွေ၊ အနုပညာပြခန်းလေးတွေနဲ့ ပြည့်နှက်နေပြီး ၁၉ ရာစုအငွေ့အသက်ကို ခံစားရစေပါတယ်။ နေရာကတော့ Trinity Suburb ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံကိုရောက်ရင်မသွားမဖြစ် သွားရမယ့်နေရာကတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရဲတိုက်ကြီးနှစ်ခုဖြစ်ပါတယ်။ အဲဒီရဲတိုက်ကြီးတွေက နတ်သမီးပုံပြင်ဆန်တဲ့ ရဲတိုက်ကြီးများလို့ပြောရင်လည်းမမှားပါဘူး။

ရဲတိုက်နှစ်ခုအနက်တစ်ခုက မီယာရဲတိုက်ဖြစ်ပါတယ်။ ၁၆ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးဖြစ်ပြီး ဂေါသစ်၊ ဘာရော့နဲ့ ရီနေးဆွန်း ဗိသုကာလက်ရာတွေ ပေါင်းစပ်ထားပါတယ်။ ရဲတိုက်ရဲ့ရှေ့ကရေကန်ထဲမှာ ရဲတိုက်ပုံရိပ်ထင်ဟပ်နေတာက ပန်းချီကားတစ်ချပ်သဖွယ် လှပလှပါတယ်။

နောက်ထပ်ရဲတိုက်တစ်ခုက    နက်စဗီရဲတိုက်ဖြစ်ပါတယ်။  ဥရောပရဲ့ အလှဆုံးနန်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးက ရတ်ဇီဝေး မိသားစုရဲ့နေအိမ်ဖြစ်ခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်တွေက ရွှေရောင်ဝင်းလက်ကာ အင်မတန်ခမ်းနားပါတယ်။ ရဲတိုက်ပတ်လည်က ဥယျာဉ်ကြီးထဲမှာ လမ်းလျှောက်ရင်း ရှေးခေတ်မင်းညီမင်းသားတွေရဲ့ ဘဝကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။

ဥရောပရဲ့ ရှေးအကျဆုံးသစ်တောကြီးဖြစ်တဲ့ Belovezhskaya Pushcha က    သဘာဝကြီးကိုချစ်ခင်မြတ်နိုးသူတွေအတွက်   တကယ့်ကိုသုခဘုံပါပဲ။ ဒီသစ်တောကြီးဟာ ဥရောပရဲ့ရှေးအကျဆုံးနဲ့ အကြီးဆုံးသော  သစ်တောကြီးတစ်ခုဖြစ်ပါတယ်။ ဒီတောအုပ်ထဲမှာ ဥရောပကျွဲရိုင်းလို့ခေါ်တဲ့ တိရစ္ဆာန်တွေကို သဘာဝအတိုင်း တွေ့မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် စက်ဘီးစီးတာ၊ တောတွင်းလမ်းလျှောက်တာတွေ ပြုလုပ်နိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ နှင်းမှုန်ဖွေးဖွေးကြားမှာ သစ်တောအလှကိုခံစားရင်း “Father Frost” (ဘယ်လာရုစ် စန်တာကလော့) ရဲ့ အိမ်တော်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ရိုးရာအစားအစာနဲ့ ဧည့်ဝတ်ကျေပွန်မှု အကြောင်းပြောရရင် ဘယ်လာရုစ်နိုင်ငံသားတွေက အာလူးကို အင်မတန်နှစ်သက်ကြပါတယ်။ သူတို့ဆီမှာ အာလူးနဲ့လုပ်တဲ့ ဟင်းလျာအမျိုးပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အာလူးကိုအခြေခံတဲ့ အထင်ရှားဆုံးဟင်းလျာတချို့ကတော့ Draniki လို့ခေါ်တဲ့ အာလူးကို ခြစ်ပြီးကြော်ထားတဲ့ အာလူးကပ်ကြော်ဖြစ်ပါတယ်။

နောက်တစ်ခုက Machanka လို့ခေါ်တဲ့ ဝက်သား၊ ဝက်အူချောင်းတို့ကို အနှစ်နဲ့ချက်ပြီး    ပန်ကိတ်နဲ့တို့စားရတဲ့ဟင်းလျာဖြစ်ပါတယ်။

ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ်မှာ အလွန်ဖော်ရွေပြီး ကူညီတတ်ကြပါတယ်။ ဘာသာစကား အခက်အခဲရှိနိုင်ပေမယ့် သူတို့ရဲ့နွေးထွေးတဲ့ အပြုံးတွေကြောင့်ပဲ စိတ်လုံခြုံမှုကိုရရှိစေမှာဖြစ်ပါတယ်။

ပဲရစ်တို့ ရောမတို့က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတွေဖြစ်တာကြောင့် စိတ်ရှုပ်ရတာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လာရုစ်ကတော့ ဒီလိုစိတ်ရှုပ်စရာတွေနဲ့ ကင်းဝေးပြီး ခရီးသွားတွေနဲ့ ကျပ်ညပ်မနေဘဲ အေးအေးလူလူ လည်ပတ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်း ဥရောပရဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နေစရိတ်၊ စားစရိတ်မှာ အများကြီးသက်သာပါတယ်။ လုံခြုံမှုရှိရဲ့လားလို့ဆိုလာရင်လည်း ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့အလုံခြုံဆုံး နိုင်ငံများစာရင်းထဲမှာ ပါဝင်လေ့ရှိပြီး ညဘက်တွေမှာ လမ်းလျှောက်ထွက်ရင်တောင် အလွန်စိတ်ချရတဲ့ အနေအထားရှိပါတယ်။

ဘယ်လာရုစ်ဆိုတာ သတင်းခေါင်းစဉ်တွေထဲမှာ တွေ့ရတာထက် ပိုမိုနက်ရှိုင်းတဲ့ အလှတရားတွေ ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သမိုင်းကြောင်း၊ယဉ်ကျေးမှု၊ သဘာဝတရားနဲ့ ရိုးသားအေးဆေးတဲ့ လူနေမှုဘဝကို မြတ်နိုးသူတွေအတွက်ဆိုရင်တော့ ဘယ်လာရုစ်နိုင်ငံဟာ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ “လျှို့ဝှက်ရတနာ” ကြီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

MWD

ထက်မြတ်

တစ်ခေါက်တစ်ခါ လှမ်းလာခဲ့ပါ ဖိတ်ခေါ် တောင်ကြီးတန်ဆောင်တိုင်နှင့် မီးပုံးပျံပြိုင်ပွဲတော်
-
တန်ဆောင်မုန်းလဆန်းသို့ ရောက်ပြီဆိုလျှင် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၏ ဝေဟင်ထက်၌ ပျံတက်နေသည့် မီးပုံးပျံများ၊ တိရစ္ဆာန်အရုပ်မျိုးစုံ ရောင်စုံမီးပုံးပျံ အလှအပများကို တန်ဆောင်မုန်းလပြည့်ညအထိ ရှုမြင်ခံစားရစမြဲ ဖြစ်သည်။ဆောင်းနှင်းတို့ဝေသည့် ထိုကာလတွင် “ပွဲတော် ည... ပွဲတော် ည... တောင်ကြီးမြို့၏ တန်ဆောင်တိုင် ပွဲတော်ည” ဟူသည့် တေးသီချင်းသံများကလည်း တောင်ကြီးမြို့တစ်ခွင် ဘဝဂ်ညံလျက်ရှိလေသည်ကို ခံစားရသူတိုင်းက တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိနားလည်စေပါသည်။ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခု ဖြစ်သည့် တောင်ကြီးမြို့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကြီးကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော့မည် ဖြစ်ပေသည်။ ဤပွဲတော်ကြီးကို တောင်ကြီးမြို့ရှိ တိုင်းရင်းသားများအားလုံးက စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် ရှေးအစဉ်အလာမပျက် ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ပွဲတော်ကျင်းပခြင်းရည်ရွယ်ချက်တောင်ကြီးသူ တောင်ကြီးသားတို့သည် မိမိတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ရန်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်ကန်တော့ရန်နှင့် မျိုးဆက်သစ် (မီးပုံးပျံ) လူငယ်များ မွေးထုတ်သွားနိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ကြောင်းသိရှိရပါသည်။ တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံး ပျံပွဲတော်ကြီးသည် အဆန်းတကြယ် အံ့သြဖွယ်ရာမြင်ကွင်းများကို တွေ့မြင်ခံစားနိုင်သောကြောင့် ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားကြရသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာလှည့် ခရီးသွားများနွှဲပျော်ရာ ပွဲတော်ကြီးလည်းဖြစ်သည်။မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာ အထင်ကရနေရာများစွာရှိသည့် အနက် ဤတောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကြီးမှာ ၎င်းတို့အတွက် ထူးဆန်းအံ့ဖွယ်၊ အမှတ် တရဖြစ်ဖွယ်များစွာ ဖော်ထုတ်ပေးသည့် ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သမိုင်းအစတောင်ကြီးမြို့ရှိ ရိုးရာမီးပုံးပျံပညာရှင်များ၏ အဆိုများအရ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ၁၉၄၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု အကျော် ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် ပွဲတော်တစ်ခုအဖြစ် ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ်တွင် သက်တမ်း ၈၄ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပနှစ်စဉ်နှစ်တိုင်း နေ့ခင်းလွှတ် အရုပ်မီးပုံးပျံ ခြေနှစ်ချောင်း၊ ခြေလေးချောင်း စသည်တို့ကို တစ်ကောင်ချင်း၊ နှစ်ကောင်ချင်း သို့တည်းမဟုတ် သုံးကောင်နှင့်အထက် အုပ်စုအလိုက် အရုပ်အမျိုးမျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြသည်။ ဖွင့်ပွဲညမှပွဲတော် နောက်ဆုံးညအထိ မီးပုံးပျံပညာရှင်များ ပြုလုပ်ထားသည့် စိန်နားပန်မီးပုံးပျံ (ရောင်စုံမီးပုံးငယ်လေး များဖြင့် ပုံဖော်အလှဆင်ချိတ်ဆွဲထားသည့် မီးပုံးပျံ)များနှင့် ညမီးကြီး(ခေါ်)ယမ်း မီးပုံးပျံအလှများအား တစ်ညလျှင် အနည်းဆုံး ၁၀ လုံးမှ ၁၄ လုံးခန့်အထိ အဖွဲ့လိုက် လွှတ်တင်ပြိုင်ပွဲဝင်လေ့ရှိကြသည့် မြင်ကွင်း များကို ရင်သပ်ရှုမောခံစားကြရမည်ဖြစ်သည်။တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပကြရာတွင် မီးပုံးပျံပြိုင်ပွဲများ သာမက နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မြို့တွင်းမီးပဒေသာ လှည့်လည် ပူဇော်ပွဲ၊ မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲ စသည်တို့မှာလည်း တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ပိုမိုခမ်းနားတင့်တယ် စည်ကား သိုက်မြိုက်ပေါ်လွင် စေပါသည်။တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနားမှ ပွဲတော်အစအလယ်အဆုံး ဆင်နွှဲပုံအဆင့်ဆင့် လှုပ်ရှားမှုတို့၏ ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ၌ အသုံးပြုသွားမည့် တေးသီချင်း ပြိုင်ပွဲအစရှိသည်တို့အပြင် တောင်ကြီးတန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ထို့အပြင် ဌာနဆိုင်ရာများအလိုက်ပြခန်းများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ရှမ်းပြည်နယ်ရှမ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း၊ တိုးနရားအက၊ ကိန္နရီကိန္နရာ အကနှင့် ဓားသိုင်းအကအလှများလည်း နှစ်စဉ် ထည့်သွင်းကျင်းပရာ ပွဲတော်ကြီးကို ပိုမိုမြိုင်ဆိုင် စည်ကားစေပါသည်။တောင်ကြီးဒေသတစ်ဝိုက် အေးအတူပူအမျှ အတူလက်တွဲ၍ မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ရိုးရာအကအလှများ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုး၊ စျေးရောင်းပွဲတော်များ ပါမကျန် စုံစုံလင်လင် ပါဝင်ကျင်းပလျက်ရှိရာ ဒေသ ၏ ယဉ်ကျေးမှုပွဲ တော်ကြီးဟုလည်း ဆိုနိုင်ပါသည်။အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၌ စတင်ကျင်းပတောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စူဠာမုနိ စေတီကုန်းတော်အခြေရှိ မီးပုံးပျံကွင်းနေရာ၌ ကျင်းပခဲ့ရာမှ လက်ရှိအဝေရာကုန်းသာယာမီးပုံးပျံကွင်းကြီးသို့ ၂၀၀၇ ခုနှစ်တွင် စတင်ပြောင်းရွှေ့လာ ကာ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါသည်။ ထိုမှပွဲတော်ကို သုံးနှစ်ခန့်ခေတ္တရပ်ဆိုင်းထားခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်ကြီးကို ပြန်လည်ကျင်းပလာခဲ့သည်မှာ ယနေ့ တိုင် ဖြစ်ပါသည်။အနယ်နယ်အရပ်ရပ်မှ လာရောက်ပွဲတော်ကျင်းပသည့်နှစ်တိုင်း တောင်ကြီးမြို့သူမြို့သားများ၊ တောင်ကြီးနယ်တစ်ဝိုက်ရှိ ဒေသ အသီးသီးနေ တိုင်းရင်းသားပြည်သူများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမြို့မြို့အနယ်နယ်မှ ပြည်သူအပေါင်းတို့က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ ဖွင့်ပွဲနေ့မှစကာ တစ်ခဲနက် လာရောက် ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလှပါသည်။အထင်ကရနေရာများသို့လည်း လည်ပတ်နိုင်အထူးသဖြင့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပစဉ်ကာလအတွင်း ပွဲလာရောက် လည်ပတ်ရင်း တောင်ကြီးမြို့တွင်းသာမက ပတ်ဝန်း ကျင်အနီးရှိ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဟိုက်ပါ ရေတံခွန်၊ နောင်ဖာကန် အစရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်းရှိ) သဘာဝအလှ အထင် ကရနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ပွဲတော်ရက်ကာလအတွင်း တောင်ကြီးမြို့ အတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုရိပ်သာ များ အသီးသီးတို့၌လည်း တန်ဆောင်တိုင်ပွဲလာ ဧည့်သည်များ သွားလာလှုပ်ရှားကြသည်မှာလည်း ကြက်ပျံမကျ စည်ကားလှပါသည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ မရောက်ဖူးသေးသူများ လည်းလာသကဲ့သို့ ရောက်ဖူးပြီးသူများကလည်း ထပ်အရောက်လာကြသည်။ အချို့က နှစ်စဉ်မပျက် လာရောက်ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့တိုင် ကျင်းပ လာသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တိုင်းရင်း သားလူမျိုးများ၏ စည်းလုံးညီညွတ်ခြင်းအားကို ဖော်ဆောင်သည့်ပွဲတော်၊ ရိုးရာဓလေ့ ရှေးအစဉ် အလာမပျက် ဆင်နွှဲသည့်ပွဲတော်၊ ပြည်တွင်းသာမက နိုင်ငံတကာခရီးသွား ဧည့်သည်များ အံ့သြစေသည့် ပွဲတော်ကြီးဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့၏ မကြာမီကျင်းပတော့မည့် “ထာဝရလှသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ တစ်ခေါက်တစ်ခါအရောက်လှမ်းလာခဲ့ပါ”ဟု ဖိတ်ခေါ်ရေးသား လိုက်ရပါသည်။ ။MOI

တန်ဆောင်မုန်းလဆန်းသို့ ရောက်ပြီဆိုလျှင် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၏ ဝေဟင်ထက်၌ ပျံတက်နေသည့် မီးပုံးပျံများ၊ တိရစ္ဆာန်အရုပ်မျိုးစုံ ရောင်စုံမီးပုံးပျံ အလှအပများကို တန်ဆောင်မုန်းလပြည့်ညအထိ ရှုမြင်ခံစားရစမြဲ ဖြစ်သည်။

ဆောင်းနှင်းတို့ဝေသည့် ထိုကာလတွင် “ပွဲတော် ည... ပွဲတော် ည... တောင်ကြီးမြို့၏ တန်ဆောင်တိုင် ပွဲတော်ည ဟူသည့် တေးသီချင်းသံများကလည်း တောင်ကြီးမြို့တစ်ခွင် ဘဝဂ်ညံလျက်ရှိလေသည်ကို ခံစားရသူတိုင်းက တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိနားလည်စေပါသည်။

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခု ဖြစ်သည့် တောင်ကြီးမြို့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကြီးကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော့မည် ဖြစ်ပေသည်။ ဤပွဲတော်ကြီးကို တောင်ကြီးမြို့ရှိ တိုင်းရင်းသားများအားလုံးက စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် ရှေးအစဉ်အလာမပျက် ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ပွဲတော်ကျင်းပခြင်းရည်ရွယ်ချက်

တောင်ကြီးသူ တောင်ကြီးသားတို့သည် မိမိတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ရန်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်ကန်တော့ရန်နှင့် မျိုးဆက်သစ် (မီးပုံးပျံ) လူငယ်များ မွေးထုတ်သွားနိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ကြောင်းသိရှိရပါသည်။ တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံး ပျံပွဲတော်ကြီးသည် အဆန်းတကြယ် အံ့သြဖွယ်ရာမြင်ကွင်းများကို တွေ့မြင်ခံစားနိုင်သောကြောင့် ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားကြရသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာလှည့် ခရီးသွားများနွှဲပျော်ရာ ပွဲတော်ကြီးလည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာ အထင်ကရနေရာများစွာရှိသည့် အနက် ဤတောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကြီးမှာ ၎င်းတို့အတွက် ထူးဆန်းအံ့ဖွယ်၊အမှတ် တရဖြစ်ဖွယ်များစွာ ဖော်ထုတ်ပေးသည့် ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သမိုင်းအစ

တောင်ကြီးမြို့ရှိ ရိုးရာမီးပုံးပျံပညာရှင်များ၏ အဆိုများအရ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ၁၉၄၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု အကျော် ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် ပွဲတော်တစ်ခုအဖြစ် ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ်တွင် သက်တမ်း ၈၄ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပ

နှစ်စဉ်နှစ်တိုင်း နေ့ခင်းလွှတ် အရုပ်မီးပုံးပျံ ခြေနှစ်ချောင်း၊ ခြေလေးချောင်း စသည်တို့ကို တစ်ကောင်ချင်း၊ နှစ်ကောင်ချင်း သို့တည်းမဟုတ် သုံးကောင်နှင့်အထက် အုပ်စုအလိုက် အရုပ်အမျိုးမျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြသည်။ ဖွင့်ပွဲညမှပွဲတော် နောက်ဆုံးညအထိ မီးပုံးပျံပညာရှင်များ ပြုလုပ်ထားသည့် စိန်နားပန်မီးပုံးပျံ (ရောင်စုံမီးပုံးငယ်လေး များဖြင့် ပုံဖော်အလှဆင်ချိတ်ဆွဲထားသည့် မီးပုံးပျံ)များနှင့် ညမီးကြီး(ခေါ်)ယမ်း မီးပုံးပျံအလှများအား တစ်ညလျှင် အနည်းဆုံး ၁၀ လုံးမှ ၁၄ လုံးခန့်အထိ အဖွဲ့လိုက် လွှတ်တင်ပြိုင်ပွဲဝင်လေ့ရှိကြသည့် မြင်ကွင်း များကို ရင်သပ်ရှုမောခံစားကြရမည်ဖြစ်သည်။

တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပကြရာတွင် မီးပုံးပျံပြိုင်ပွဲများ သာမက နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မြို့တွင်းမီးပဒေသာ လှည့်လည် ပူဇော်ပွဲ၊ မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲ စသည်တို့မှာလည်း တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ပိုမိုခမ်းနားတင့်တယ် စည်ကား သိုက်မြိုက်ပေါ်လွင် စေပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနားမှ ပွဲတော်အစအလယ်အဆုံး ဆင်နွှဲပုံအဆင့်ဆင့် လှုပ်ရှားမှုတို့၏ ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထု၊ ကဗျာ၊ဆောင်းပါး ပြိုင်ပွဲ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားများ၌ အသုံးပြုသွားမည့် တေးသီချင်း ပြိုင်ပွဲအစရှိသည်တို့အပြင် တောင်ကြီးတန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ထို့အပြင် ဌာနဆိုင်ရာများအလိုက်ပြခန်းများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ရှမ်းပြည်နယ်ရှမ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း၊ တိုးနရားအက၊ ကိန္နရီကိန္နရာ အကနှင့် ဓားသိုင်းအကအလှများလည်း နှစ်စဉ် ထည့်သွင်းကျင်းပရာ ပွဲတော်ကြီးကို ပိုမိုမြိုင်ဆိုင် စည်ကားစေပါသည်။

တောင်ကြီးဒေသတစ်ဝိုက် အေးအတူပူအမျှ အတူလက်တွဲ၍ မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ရိုးရာအကအလှများ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုး၊ စျေးရောင်းပွဲတော်များ ပါမကျန် စုံစုံလင်လင် ပါဝင်ကျင်းပလျက်ရှိရာ ဒေသ ၏ ယဉ်ကျေးမှုပွဲ တော်ကြီးဟုလည်း ဆိုနိုင်ပါသည်။

အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၌ စတင်ကျင်းပ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စူဠာမုနိ စေတီကုန်းတော်အခြေရှိ မီးပုံးပျံကွင်းနေရာ၌ ကျင်းပခဲ့ရာမှ လက်ရှိအဝေရာကုန်းသာယာမီးပုံးပျံကွင်းကြီးသို့ ၂၀၀၇ ခုနှစ်တွင် စတင်ပြောင်းရွှေ့လာ ကာ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါသည်။ ထိုမှပွဲတော်ကို သုံးနှစ်ခန့်ခေတ္တရပ်ဆိုင်းထားခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်ကြီးကို ပြန်လည်ကျင်းပလာခဲ့သည်မှာ ယနေ့ တိုင် ဖြစ်ပါသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်

ပွဲတော်ကျင်းပသည့်နှစ်တိုင်း တောင်ကြီးမြို့သူမြို့သားများ၊ တောင်ကြီးနယ်တစ်ဝိုက်ရှိ ဒေသ အသီးသီးနေ တိုင်းရင်းသားပြည်သူများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမြို့မြို့အနယ်နယ်မှ ပြည်သူအပေါင်းတို့က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ ဖွင့်ပွဲနေ့မှစကာ တစ်ခဲနက် လာရောက် ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလှပါသည်။

အထင်ကရနေရာများသို့လည်း လည်ပတ်နိုင်

အထူးသဖြင့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပစဉ်ကာလအတွင်း ပွဲလာရောက် လည်ပတ်ရင်း တောင်ကြီးမြို့တွင်းသာမက ပတ်ဝန်း ကျင်အနီးရှိ ညောင်ရွှေ၊ အင်းလေး၊ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဟိုက်ပါ ရေတံခွန်၊ နောင်ဖာကန် အစရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်းရှိ) သဘာဝအလှ အထင် ကရနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။

ပွဲတော်ရက်ကာလအတွင်း တောင်ကြီးမြို့ အတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုရိပ်သာ များ အသီးသီးတို့၌လည်း တန်ဆောင်တိုင်ပွဲလာ ဧည့်သည်များ သွားလာလှုပ်ရှားကြသည်မှာလည်း ကြက်ပျံမကျ စည်ကားလှပါသည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ မရောက်ဖူးသေးသူများ လည်းလာသကဲ့သို့ ရောက်ဖူးပြီးသူများကလည်း ထပ်အရောက်လာကြသည်။ အချို့က နှစ်စဉ်မပျက် လာရောက်ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့တိုင် ကျင်းပ လာသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တိုင်းရင်း သားလူမျိုးများ၏ စည်းလုံးညီညွတ်ခြင်းအားကို ဖော်ဆောင်သည့်ပွဲတော်၊ ရိုးရာဓလေ့ ရှေးအစဉ် အလာမပျက် ဆင်နွှဲသည့်ပွဲတော်၊ ပြည်တွင်းသာမက နိုင်ငံတကာခရီးသွား ဧည့်သည်များ အံ့သြစေသည့် ပွဲတော်ကြီးဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့၏ မကြာမီကျင်းပတော့မည့် “ထာဝရလှသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ တစ်ခေါက်တစ်ခါအရောက်လှမ်းလာခဲ့ပါဟု ဖိတ်ခေါ်ရေးသား လိုက်ရပါသည်။ ။

တစ်ခေါက်တစ်ခါ လှမ်းလာခဲ့ပါ ဖိတ်ခေါ် တောင်ကြီးတန်ဆောင်တိုင်နှင့် မီးပုံးပျံပြိုင်ပွဲတော်

MOI

အမည်မသိ

ရိုးရာယဉ်ကျေးမှုနဲ့ သဘာဝအလှတို့ ထိတွေ့ဖို့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့သို့
-
ရွှေဝါရောင်ကြီးမားထင်ရှားတဲ့မျက်နှာဖုံးနဲ့ ခြင်္သေ့ခေါင်းကိုတစ်ဦးကမြှောက်၍ အဝါရောင်၊ အနီရောင်ပိတ်စအမျှင်တွေနဲ့ အလှဆင်ထားတဲ့ ခန္ဓာကိုယ်နဲ့ အမြီးကို တစ်ဦးကကိုင်ကာ စည်တီးသံနဲ့ စည်းချက်ညီအောင် သရုပ်ဖော်ကပြနေပါတယ်။ခြင်္သေ့အကက ပရိသတ်တွေကို စိတ်လှုပ်ရှားစေခြင်္သေ့ပုံစံတစ်ခုမှာ အကသမားနှစ်ဦးပါဝင်ပြီး ခြင်္သေ့လေးကောင်က ခေါင်းကိုအပေါ်အောက်၊ ဘယ်ညာလှည့်ကာ၊ ခုန်ကာ၊ ပြေးလွှားကာနဲ့ စည်တီးသံ၊ လင်းကွင်းသံ၊ ခရာသံတွေနဲ့အညီလှုပ်ရှားနေပါတယ်။ ခြင်္သေ့အကမှာ လှုပ်ရှားမှုတွေက အားမာန်အပြည့်နဲ့ ခြင်္သေ့ရဲ့ စိတ်ခံစားမှုစွမ်းအင်ကို ဖော်ပြနေပါတယ်။ တူရိယာတီးမှုတ်သံတွေက ခြင်္သေ့ရဲ့လှုပ်ရှားမှုကို ပိုမိုသက်ဝင်စေပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။တီယန်ကျင်းရိုးရာ ခြင်္သေ့အက (Tianjin Traditional Lion Dance) ဖြစ်ပြီး ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ သာယာဝပြောခြင်း၊ မကောင်းသောစွမ်းအင်တွေကို ဖယ်ရှားခြင်း အဓိပ္ပာယ်တွေကို ပေးစွမ်းပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတစ်ခုဖြစ်ပြီး ပွဲတော်တွေ၊ အထူးအခမ်းအနားတွေမှာ ကပြလေ့ရှိပါတယ်။တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center -CIPCC) အစီအစဉ်နဲ့ တီယန်ကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ မှသတင်းထောက်တွေကို တီယန်ကျင်းရိုးရာခြင်္သေ့အကနဲ့ ကပြဖျော်ဖြေနေခြင်း ဖြစ်ပါတယ်။ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ယှဉ်တွဲတည်ရှိနေတဲ့ တီယန်ကျင်း (Tianjin) မြို့က ပေကျင်းမြို့အနီး ၁၃၇ ကီလိုမီတာ (၈၅မိုင်)ခန့်အကွာမှာ တည်ရှိပါတယ်။ အမြန်ရထားနဲ့ဆိုရင် မိနစ် ၃၀ လောက်သာသွားရပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ မြို့ကြီးလေးမြို့ထဲက တစ်မြို့ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေနဲ့ ဆက်သွယ်သွားလာနိုင်တဲ့ ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။၁၄၀၄ ခုနှစ်မှာ စတင်တည်ထောင် ခဲ့ပြီး “Tianjin”က“ကူးတို့ဆိပ်" အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။ ၁၈၆၀ ပြည့်နှစ်မှာ ကုန်သွယ်ဆိပ်ကမ်းမြို့အဖြစ် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းရဲ့အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်သမိုင်းနဲ့ယဉ်ကျေးမှု ဗဟိုချက်ဖြစ်သလို တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်းဟီမြစ်(Haihe River) ကမ်းပါးမှာ တည်ရှိပြီး ဘိုဟိုင်ပင်လယ်(Bohai)နဲ့ လည်း နီးပါတယ်။ မြစ်နဲ့ပင်လယ်တွေ့ဆုံရာမှာ တည်ရှိတဲ့အတွက် Tianjin Port ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာ့အဆင့်မြင့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်၊ ဒေသပေါင်း ၈၀၀ ကျော်မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ကုန်သွယ်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ရေကြောင်း - ရထားပေါင်းစပ် သယ်ယူပို့ဆောင်ရေးလိုင်း ၄၀ ကျော်၊ ကွန်တိန်နာသင်္ဘောလိုင်း ၁၄၇ ခုနဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါတယ်။၂၀၂၄ ခုနှစ်မှာ Jin Gang Tong ပလက်ဖောင်း (tjgportnet.com) ကို မိတ်ဆက်ခဲ့ပြီး Global Shipping Busi-ness Network (GSBN)နဲ့ ချိတ်ဆက်ကာ အမေရိကန်အရှေ့ကမ်းရိုးတန်းနဲ့ တောင်အမေရိက အရှေ့ကမ်းရိုးတန်းကို တိုက်ရိုက်သင်္ဘောလိုင်းအသစ်တွေ စတင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ကုန်စည်သယ်ယူမှုပမာဏတန်ချိန် ၁၆၂သန်းနဲ့ ကွန်တိန်နာသယ်ယူမှုပမာဏ ၇ ဒသမ ၇၁၄ သန်း(TEU) ရှိခဲ့တယ်လို့ သိရပါတယ်။တီယန်ကျင်းမြို့မှာ နောက်ထပ်လေ့လာစရာနေရာကတော့ဟိုင်ဟီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ တီယန်ကျင်းရှေးဟောင်းယဉ်ကျေးမှုလမ်းဖြစ်ပြီး မြို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ကျင်(Jin)၊ ယွမ်(Yaun)၊မင်း (Ming)၊ ချင်း (Qing) မင်းဆက်တွေက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားပြီး သမိုင်းဝင်အဆောက်အအုံများစွာတည်ရှိပါတယ်။ ဒေသထွက်အစားအစာတွေ၊ ရိုးရာပြပွဲတွေ၊ အနုပညာလက်ရာတွေကို တွေ့မြင်ခံစားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ခရီးသွားအများစု စိတ်ဝင်စားညနေပိုင်းမှာ ဟိုင်ဟီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောနဲ့ လှည့်လည်တဲ့ ခရီးစဉ်ကလည်း ခရီးသွားအများစု စိတ်ဝင်စားကြပါတယ်။ တီယန်ကျင်းမြို့ရဲ့ မြစ်ကမ်းပါးတစ်လျှောက် မြစ်ပြင်မြင်ကွင်းရှုခင်းတွေ၊ သမိုင်းဝင်ဗိသုကာလက်ရာတွေနဲ့ ခေတ်မီမိုးမျှော်တိုက်ကို ရောင်စုံမီးတွေနဲ့လှပစွာ ယှဉ်တွဲပေါင်းစပ်ထားပါတယ်။ တရုတ်နှင့် အနောက်တိုင်း ဗိသုကာပုံစံပေါင်းစပ်ထားပြီး မိုးမျှော်တိုက်တွေဆီက ဖြာထွက်တောက်ပနေတဲ့ ရောင်စုံမီးရောင်စုံတွေက မြစ်ပြင်ကို ဖြန့်ကြက်ထားတဲ့အတွက် ညနေခင်းရဲ့အမှောင်နဲ့ လိုက်ဖက်သက်ဝင်နေပါတယ်။ဖြတ်သန်းသွားလာရာ မြစ်ကြောင်းတစ်လျှောက် ၃၂ ကီလိုမီတာရှိပြီး အဆောက်အအုံ ၂၁၆ ခု၊ တံတား ၁၃ စင်းရှိပါတယ်။ မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းခုနစ်ခုရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပလျက်ရှိတာကို တွေ့ရပါတယ်။ တီယန်ကျင်းမြို့ “ဟိုင်ဟီ မြစ်ရဲ့ ညအလှ”က မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေနဲ့အတူ တေးသွားနဲ့ မီးရောင်စုံတွေကြောင့် ရေအစဉ်ကပါ လိုက်ပါကနေသယောင်ငေးမော၍ မဆုံးနိုင်အောင် ဖြစ်ရပါတယ်။မြစ်ကမ်းဘေးတစ်လျှောက်မှာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေသူတွေ၊ မိသားစုနဲ့ အပန်းဖြေ လမ်းလျှောက်နေသူတွေ၊ ပြေးလွှားကစားနေတဲ့ကလေးငယ်တွေနဲ့ မိဘတွေကို တွေ့မြင်ရပါတယ်။ သူတို့မြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဖော်ရွေပျူငှာစွာ ကြိုဆိုတဲ့အနေနဲ့ လက်ပြနှုတ်ဆက်နေကြပါတယ်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သလို တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းတွေ စတင်ရာနေရာဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံမှုရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် ခန့်မှန်းချက်အရ တီယန်ကျင်းရဲ့ လူဦးရေဟာ ၁၄ သန်းကျော်ရှိပါတယ်။ တီယန်ကျင်းဆိပ်ကမ်းနဲ့ ကမ်းလွန် အင်ဂျင်နီယာကုမ္ပဏီတွေ တည်ရှိနေပြီး မော်တော်ကားစက်ရုံတွေ၊ ဓာတုဗေဒ၊ သံမဏိနဲ့ အီလက်ထရောနစ်လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာ၊ ခေတ်မီဆေးပညာဆိုင်ရာလုပ်ငန်းတွေ စုစည်းတည်ရှိနေပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အထူးအခွန်လျှော့ပေါ့မှု၊ သက်သာတဲ့ကုန်သွယ်မှု စည်းမျဉ်း၊ လုပ်ငန်းလည်ပတ်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့စနစ်တွေကို ဖန်တီးပေးထားတဲ့ ကုန်သွယ်မှုဇုန် (Tianjin Free Trade Zone) တည်ရှိပြီး နိုင်ငံတကာမှ နာမည်ကျော်ကုမ္ပဏီများစွာ လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိတယ်လို့ သိရပါတယ်။တီယန်ကျင်းမြို့ရဲ့ စီးပွားရေးတိုးတက်မှု မောင်းနှင်အားက တရုတ်နိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန်တွေထဲက တစ်ခုဖြစ်တဲ့ ဘင်ဟိုင်းစီးပွားရေးဇုန်သစ်ဖြစ်ပါတယ်။ တီယန်ကျင်းမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ပေကျင်းမြို့နဲ့နီးတဲ့အတွက် မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှု ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်ပိုင်းနဲ့ အနောက် မြောက်ဒေသတွေအတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးတံခါးပေါက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သမိုင်းကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝအလှတရားတွေကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်တဲ့နေရာတစ်ခုအဖြစ် ခံစားမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။MOI

ရွှေဝါရောင်ကြီးမားထင်ရှားတဲ့မျက်နှာဖုံးနဲ့ ခြင်္သေ့ခေါင်းကိုတစ်ဦးကမြှောက်၍ အဝါရောင်၊ အနီရောင်ပိတ်စအမျှင်တွေနဲ့ အလှဆင်ထားတဲ့ ခန္ဓာကိုယ်နဲ့ အမြီးကို တစ်ဦးကကိုင်ကာ စည်တီးသံနဲ့ စည်းချက်ညီအောင် သရုပ်ဖော်ကပြနေပါတယ်။

ခြင်္သေ့အကက ပရိသတ်တွေကို စိတ်လှုပ်ရှားစေ

ခြင်္သေ့ပုံစံတစ်ခုမှာ အကသမားနှစ်ဦးပါဝင်ပြီး ခြင်္သေ့လေးကောင်က ခေါင်းကိုအပေါ်အောက်၊ ဘယ်ညာလှည့်ကာ၊ ခုန်ကာ၊ ပြေးလွှားကာနဲ့ စည်တီးသံ၊ လင်းကွင်းသံ၊ ခရာသံတွေနဲ့အညီလှုပ်ရှားနေပါတယ်။ ခြင်္သေ့အကမှာ လှုပ်ရှားမှုတွေက အားမာန်အပြည့်နဲ့ ခြင်္သေ့ရဲ့ စိတ်ခံစားမှုစွမ်းအင်ကို ဖော်ပြနေပါတယ်။ တူရိယာတီးမှုတ်သံတွေက ခြင်္သေ့ရဲ့လှုပ်ရှားမှုကို ပိုမိုသက်ဝင်စေပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။

တီယန်ကျင်းရိုးရာ ခြင်္သေ့အက (Tianjin Traditional Lion Dance) ဖြစ်ပြီး ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ သာယာဝပြောခြင်း၊ မကောင်းသောစွမ်းအင်တွေကို ဖယ်ရှားခြင်း အဓိပ္ပာယ်တွေကို ပေးစွမ်းပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတစ်ခုဖြစ်ပြီး ပွဲတော်တွေ၊ အထူးအခမ်းအနားတွေမှာ ကပြလေ့ရှိပါတယ်။

တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံများအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာသတင်းဆက်သွယ်ရေးစင်တာ (China International Press Communication Center -CIPCC) အစီအစဉ်နဲ့ တီယန်ကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ မှသတင်းထောက်တွေကို တီယန်ကျင်းရိုးရာခြင်္သေ့အကနဲ့ ကပြဖျော်ဖြေနေခြင်း ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ယှဉ်တွဲတည်ရှိနေတဲ့ တီယန်ကျင်း (Tianjin) မြို့က ပေကျင်းမြို့အနီး ၁၃၇ ကီလိုမီတာ (၈၅မိုင်)ခန့်အကွာမှာ တည်ရှိပါတယ်။ အမြန်ရထားနဲ့ဆိုရင် မိနစ် ၃၀ လောက်သာသွားရပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ မြို့ကြီးလေးမြို့ထဲက တစ်မြို့ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေနဲ့ ဆက်သွယ်သွားလာနိုင်တဲ့ ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။

၁၄၀၄ ခုနှစ်မှာ စတင်တည်ထောင် ခဲ့ပြီး “Tianjin”က“ကူးတို့ဆိပ်" အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။ ၁၈၆၀ ပြည့်နှစ်မှာ ကုန်သွယ်ဆိပ်ကမ်းမြို့အဖြစ် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းရဲ့အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။

အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်

သမိုင်းနဲ့ယဉ်ကျေးမှု ဗဟိုချက်ဖြစ်သလို တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်းဟီမြစ်(Haihe River) ကမ်းပါးမှာ တည်ရှိပြီး ဘိုဟိုင်ပင်လယ်(Bohai)နဲ့ လည်း နီးပါတယ်။ မြစ်နဲ့ပင်လယ်တွေ့ဆုံရာမှာ တည်ရှိတဲ့အတွက် Tianjin Port ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်မြင့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်၊ ဒေသပေါင်း ၈၀၀ ကျော်မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ကုန်သွယ်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ရေကြောင်း - ရထားပေါင်းစပ် သယ်ယူပို့ဆောင်ရေးလိုင်း ၄၀ ကျော်၊ ကွန်တိန်နာသင်္ဘောလိုင်း ၁၄၇ ခုနဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၂၄ ခုနှစ်မှာ Jin Gang Tong ပလက်ဖောင်း (tjgportnet.com) ကို မိတ်ဆက်ခဲ့ပြီး Global Shipping Busi-ness Network (GSBN)နဲ့ ချိတ်ဆက်ကာ အမေရိကန်အရှေ့ကမ်းရိုးတန်းနဲ့ တောင်အမေရိက အရှေ့ကမ်းရိုးတန်းကို တိုက်ရိုက်သင်္ဘောလိုင်းအသစ်တွေ စတင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ကုန်စည်သယ်ယူမှုပမာဏတန်ချိန် ၁၆၂သန်းနဲ့ ကွန်တိန်နာသယ်ယူမှုပမာဏ ၇ ဒသမ ၇၁၄ သန်း(TEU) ရှိခဲ့တယ်လို့ သိရပါတယ်။

တီယန်ကျင်းမြို့မှာ နောက်ထပ်လေ့လာစရာနေရာကတော့ဟိုင်ဟီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ တီယန်ကျင်းရှေးဟောင်းယဉ်ကျေးမှုလမ်းဖြစ်ပြီး မြို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ကျင်(Jin)၊ ယွမ်(Yaun)၊မင်း (Ming)၊ ချင်း (Qing) မင်းဆက်တွေက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားပြီး သမိုင်းဝင်အဆောက်အအုံများစွာတည်ရှိပါတယ်။ ဒေသထွက်အစားအစာတွေ၊ ရိုးရာပြပွဲတွေ၊ အနုပညာလက်ရာတွေကို တွေ့မြင်ခံစားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ခရီးသွားအများစု စိတ်ဝင်စား

ညနေပိုင်းမှာ ဟိုင်ဟီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောနဲ့ လှည့်လည်တဲ့ ခရီးစဉ်ကလည်း ခရီးသွားအများစု စိတ်ဝင်စားကြပါတယ်။ တီယန်ကျင်းမြို့ရဲ့ မြစ်ကမ်းပါးတစ်လျှောက် မြစ်ပြင်မြင်ကွင်းရှုခင်းတွေ၊ သမိုင်းဝင်ဗိသုကာလက်ရာတွေနဲ့ ခေတ်မီမိုးမျှော်တိုက်ကို ရောင်စုံမီးတွေနဲ့လှပစွာ ယှဉ်တွဲပေါင်းစပ်ထားပါတယ်။ တရုတ်နှင့် အနောက်တိုင်း ဗိသုကာပုံစံပေါင်းစပ်ထားပြီး မိုးမျှော်တိုက်တွေဆီက ဖြာထွက်တောက်ပနေတဲ့ ရောင်စုံမီးရောင်စုံတွေက မြစ်ပြင်ကို ဖြန့်ကြက်ထားတဲ့အတွက် ညနေခင်းရဲ့အမှောင်နဲ့ လိုက်ဖက်သက်ဝင်နေပါတယ်။

ဖြတ်သန်းသွားလာရာ မြစ်ကြောင်းတစ်လျှောက် ၃၂ ကီလိုမီတာရှိပြီး အဆောက်အအုံ ၂၁၆ ခု၊ တံတား ၁၃ စင်းရှိပါတယ်။ မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းခုနစ်ခုရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပလျက်ရှိတာကို တွေ့ရပါတယ်။ တီယန်ကျင်းမြို့ “ဟိုင်ဟီ မြစ်ရဲ့ ညအလှ”က မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေနဲ့အတူ တေးသွားနဲ့ မီးရောင်စုံတွေကြောင့် ရေအစဉ်ကပါ လိုက်ပါကနေသယောင်ငေးမော၍ မဆုံးနိုင်အောင် ဖြစ်ရပါတယ်။

မြစ်ကမ်းဘေးတစ်လျှောက်မှာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေသူတွေ၊ မိသားစုနဲ့ အပန်းဖြေ လမ်းလျှောက်နေသူတွေ၊ ပြေးလွှားကစားနေတဲ့ကလေးငယ်တွေနဲ့ မိဘတွေကို တွေ့မြင်ရပါတယ်။ သူတို့မြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဖော်ရွေပျူငှာစွာ ကြိုဆိုတဲ့အနေနဲ့ လက်ပြနှုတ်ဆက်နေကြပါတယ်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သလို တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းတွေ စတင်ရာနေရာဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံမှုရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ခန့်မှန်းချက်အရ တီယန်ကျင်းရဲ့ လူဦးရေဟာ ၁၄ သန်းကျော်ရှိပါတယ်။ တီယန်ကျင်းဆိပ်ကမ်းနဲ့ ကမ်းလွန် အင်ဂျင်နီယာကုမ္ပဏီတွေ တည်ရှိနေပြီး မော်တော်ကားစက်ရုံတွေ၊ ဓာတုဗေဒ၊ သံမဏိနဲ့ အီလက်ထရောနစ်လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာ၊ ခေတ်မီဆေးပညာဆိုင်ရာလုပ်ငန်းတွေ စုစည်းတည်ရှိနေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အထူးအခွန်လျှော့ပေါ့မှု၊ သက်သာတဲ့ကုန်သွယ်မှု စည်းမျဉ်း၊ လုပ်ငန်းလည်ပတ်ရာမှာ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့စနစ်တွေကို ဖန်တီးပေးထားတဲ့ ကုန်သွယ်မှုဇုန် (Tianjin Free Trade Zone) တည်ရှိပြီး နိုင်ငံတကာမှ နာမည်ကျော်ကုမ္ပဏီများစွာ လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိတယ်လို့ သိရပါတယ်။

တီယန်ကျင်းမြို့ရဲ့ စီးပွားရေးတိုးတက်မှု မောင်းနှင်အားက တရုတ်နိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန်တွေထဲက တစ်ခုဖြစ်တဲ့ ဘင်ဟိုင်းစီးပွားရေးဇုန်သစ်ဖြစ်ပါတယ်။ တီယန်ကျင်းမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ပေကျင်းမြို့နဲ့နီးတဲ့အတွက် မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်မှု ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

တီယန်ကျင်းမြို့က တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်ပိုင်းနဲ့ အနောက် မြောက်ဒေသတွေအတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးတံခါးပေါက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သမိုင်းကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝအလှတရားတွေကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်တဲ့နေရာတစ်ခုအဖြစ် ခံစားမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။

MOI

လင်းလင်း

ပုဂံဒေသရှိ ရှေးဟောင်းရေအရင်းအမြစ်ဆိုင်ရာ ရေကန်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းကြပါစို့
-
ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့် အကြံပြုချက် ၁၉ ချက်ကိုလည်း တစ်ပါတည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့ပါသည်။ ယင်းအကြံပြုချက်များထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများအား သုတေသနပြုပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပါရှိပါသည်။မြကန်တွင် ရေသိုလှောင်၍ အသုံးပြုခဲ့ကြပုဂံခေတ်၏ ရေစီမံခန့်ခွဲအသုံးချမှုကို လေ့လာရာတွင် ပုဂံမြို့သည် ဧရာဝတီမြစ်၏ ဘေးကပ်လျက် ရှိသော်လည်း ရေကို ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ တုရင်တောင်ခြေရင်းမှ မြကန်တွင် ရေသိုလှောင်၍ ၎င်းမှတစ်ဆင့် ရေကို အသုံးပြုခဲ့ကြပါသည်။ တုရင်တောင်နှင့် ပုပ္ပားတောင်တို့မှ စီးဆင်းလာသောရေများနှင့် ၎င်းအနီးရှိ ချောင်းတို့မှ စီးဆင်းလာသော ရေတို့ကို မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဆည်တာပေါင်ဖို့၍ ရေစုဆောင်းခဲ့ကြပြီး ၎င်းမှတစ်ဆင့် ပုဂံမြို့ဟောင်း ကန်အတွင်းသို့ ရေစစ်ကန်၊ ရေစုကန် အဆင့်ဆင့်ဖြင့် သွယ်တန်းသုံးစွဲခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါ သည်။ယနေ့အချိန်အထိ ထင်ရှားစွာတွေ့ရှိရသော ရေလမ်းကြောင်းမှာ မြကန်မှတစ်ဆင့် အလံပုဂံ (အလံပြကန်)၊ အလယ်ကန် (မရိုးကန်)၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)၊ ရွှေထီးကန်တို့မှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေသွယ်ယူသုံးစွဲခဲ့ကြပါသည်။ မြကန်သည် ပုဂံမြို့ဟောင်းကျုံးမှ အထက်အမြင့်ပေ ၂၅၀ ကျော်တွင် တည်ရှိသည့်အတွက် ရေကို ကောင်းစွာ စီးဆင်းသွယ်တန်းနိုင်ပေသည်။ ရေသွယ်ယူရာ စီးဆင်းရာ ရေလမ်းကြောင်းများရှိ ပအိန်းကန်၊ ချောင်းထိပ်ကန်၊ ဇေယျသွပ်ကန်၊ ဘုရားကြီးကန်၊ မင်္ဂလာကန် (၃)၊ မင်္ဂလာကန်(၂)၊ သမထီးကန်၊ ချိုးကန်၊ သူဌေးကန်၊ ကုသိနာရုံကန်၊ ကန်သစ်ကန်၊ ကြပ်ကန်၊ မြင်းကပါအင်းနှင့် ဝက်ကြီးအင်းတို့သည်လည်း ထင်ရှားသည့်ရေကန်များ ဖြစ်ကြပါသည်။ပုဂံခေတ်က ရေကန်များတူးဖော်ခြင်းနှင့်ပတ်သက်၍ မြကန်ကျောက်စာ၊ အလံပုဂံကျောက်စာ၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ၊ မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ စသည်တို့တွင် ရေးသားထားသည့် အထောက်အထားများ တွေ့ရှိရပါသည်။ မြကန်ကျောက်စာတွင် -“ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများ ခြင်းအကျိုးငှာ ရေမရှိသော လယ်မြေမရှိသော ထွန်ယက်စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌၊ အတို့သခင်အရှင်တရားမင်းသည် ရေကို မြဲမြံစွာ ဆည်စေ၏ ရေကန်ကိုတူးစေ၏ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏ ထိုအခါ ဗုဒ္ဓဘုရားသခင် ထံမှ ဗျာဒိတ်ရသော ဆင်ဖြူကို ယာဉ်ပြုထသော မြတ်သော အရှင်ဂြီတြိ ဘုဝနာ ဒိတျာဓမ္မရာဇာ ဓိရာဇ စကြာဝတေးမင်းဖြစ်သော သဗ္ဗညုတဉာဏ်ကို ဆုတောင်းသော ဘုရားလောင်းသည် [၁၀] ဤ ရေကန်ကို တရားပြီးလျှင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန်လက်တွေခိရေဟရသောအမည်ကို ပေးတော်မူ၏ [သု] လူအပေါင်းတို့သည် သိကြကုန်လော့” ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်ကို လေ့လာတွေ့ရှိရပေသည်။မဟာသေနာပတိ အနန္တမောင်နှံကျောက်စာ (သက္ကရာဇ် ၅၈၅ ခု၊ (၅၇၄ ခု) တွင်လည်းကောင်း၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ (သက္ကရာဇ် ၆၃၇) တွင်လည်းကောင်း၊ ဝပေသူကြီး ကျောက်စာ (သက္ကရာဇ် ၇၄၃ ခု) တွင်လည်းကောင်း ကန်တူးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကျောက်စာအထောက်အထားများတွင် တွေ့ရှိရပါသည်။ပုဂံခေတ်၏ ရေကိုကောင်းစွာစီမံခန့်ခွဲမှုကို ထင်ဟပ်မြကန်မှရေကို ပုဂံမြို့ဟောင်းသို့ သွယ်တန်းသုံးစွဲခြင်းဖြင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် အဆောက်အအုံများ၊ ဘုရားပုထိုးစေတီများ တည်ဆောက်ကြသည့်အခါများတွင် အသုံးပြုရန်ရည်ရွယ်၍ ဤကဲ့သို့ ရေအသုံးချမှုကို စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ပုဂံခေတ်၏ ရေကိုကောင်းစွာ စီမံခန့်ခွဲမှုကို ထင်ဟပ်စေပါသည်။ ပုဂံဒေသ၏ မြေအမျိုးအစားသည် သဲဆန်သောမြေဖြစ်သဖြင့် ရေစီးဆင်းမှုနှင့်အတူ သဲနုန်းများ ပါဝင်လာလေ့ရှိသဖြင့် ရေစုကန်၊ ရေစစ်ကန်များကို ရေစီးကြောင်းတစ်‌လျှောက်တွင်ထား၍ အဆင့်ဆင့် ရေကိုသန့်စင်ပြီး သွယ်တန်းရယူအသုံးပြုခဲ့ကြပေသည်။ ရေကန်များအတွင်းရှိ သဲနုန်းများ အနည်ကျ၍ ရေကန်တိမ်ကောမသွားစေရန်လည်း ဒေသခံပြည်သူတို့က နှစ်စဉ်ကန်ဆယ်သန့်စင်ခြင်း လုပ်ခဲ့ကြသည့် အစဉ်အလာသည် ယနေ့တိုင် ပုဂံဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကန်ဆယ်ခြင်းဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရပါသည်။ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံခေတ် ရေစီမံခန့်ခွဲမှုသုတေ သနလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံ Trent University မှ ပညာရှင်များနှင့် ပူးပေါင်း၍ တုရင်တောင်အနီး ကတက်ကန်နှင့် နတ်ရေကန်တို့တွင် ရေစီမံခန့်ခွဲမှုတူးဖော်သုတေသန ပြုလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်လည်းပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်မှ ယနေ့အထိ ရှေးခေတ်ရေလမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်သုတေသနပြု လေ့လာလျက်ရှိကြပါသည်။ ဤသို့ ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့လည်း ၂၀၁၉ ခုနှစ်က ပေးပို့တင်ပြခဲ့ပါသည်။ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၇ ဒသမ ၄၀ အထိ ရွာသွန်းခဲ့သဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် မိုးရေချိန်လက်မ ၁၇ ဒသမ ၄၅ အထိ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများတွင် မိုးရေများဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံ ၅၉ ခု ထိခိုက်မှုဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ မြေအောက်ရေနှင့် ဧရာဝတီမြစ်ရေကို အဓိကအသုံးပြုလာကြပြီး ရေကန်များမှာ အသုံးပြုမှု အားနည်းလာခြင်းကြောင့် မူလရေစီးလမ်းကြောင်းနှင့် ရေကန်များမှာ အနည်များပို့ချလာခြင်း၊ ရေစီးလမ်းကြောင်းများတွင် လူနေအိမ်များ တိုးချဲ့လာခြင်း၊ သီးနှံစိုက်ပျိုးမှုများ၊ ရေစီးလမ်းကြောင်းများကိုဖြတ်၍ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်းစသည့် ဆောင်ရွက်မှုများကြောင့် မိုးများသည့်နှစ်များတွင် မိုးရေစီးဆင်းရန် ရေလမ်းကြောင်းများ ပျက်စီးသဖြင့် မြေနိမ့်သည့် နေရာများ၊ လမ်းများနှင့် ရှေးဟောင်းအဆောက်အအုံများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီး၊ ရေလျှံ၊ ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ ၁၅-၅-၂ဝ၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီး၊ ရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့်ဌာန များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။ယခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရေကန်များ၊ ရှေးခေတ်ရေလမ်းကြောင်းများကို မြေပြင်ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကောင်းကင်မှတ်တမ်းများ (Aerial Photo)၊ Drone မှတ်တမ်းဓာတ်ပုံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေကန် ၁ဝ၆ ကန်ကို အသေးစိတ်မှတ်တမ်း (Detail Assessment Survey) တင်နိုင်ခဲ့ပါသည်။ ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအရ ၁၀ ဧကနှင့်အထက် ရေကန် ငါးကန်၊ ၁ဝ ဧကနှင့် ငါးဧကကြားရှိ ရေကန် ခြောက်ကန်နှင့် ငါးဧကအောက် ရေကန် ၉၅ ကန်တို့ ဖြစ်ပါသည်။ ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof;Dr.Massimo Sarti ၏ အကြံပြုချက်များနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) ဆောင်ရွက်ခြင်း၊ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity) မပျက်မယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများကို ထိခိုက်မှုမရှိစေခြင်း၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းသုတေသနတန်ဖိုး မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ချက် ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှုရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit Excavation) ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ရှေးခေတ်ရေလမ်းကြောင်းများ၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ရာတွင် အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြုချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့်ပတ်သက်၍ အသုံးချမှုအလိုက် အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ်လေ့လာဆန်းစစ်မှု (Detail Assess-ment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှု ပြုလုပ် ရာတွင် ရေဝင်၊ ရေထွက်လမ်းကြောင်းများပါသော မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသတို့အတွင်းရှိ သဘာဝရေကန်၊ ဆည်၊ ချောင်းများ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏ မြေမျက်နှာအသွင်အပြင်အနေအထားကို ဖော်ပြသည့် Topo-graphic Map (0.25 Meter Interval) ရေးဆွဲခြင်းလုပ်ငန်းများကို ဦးစားပေးအပိုင်းလိုက် တိုင်းတာပြုစုရန် စသည့်အကြံပြုချက်များကို ရေကြီး၊ ရေလျှံဖြစ်ပွားခဲ့သည့်နေရာများ၊ ဘုရားများတွင် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) လုပ်ငန်းကိုလည်း ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သော အဖွဲ့လေးဖွဲ့ခွဲ၍လည်း ဆောင်ရွက်လျက်ရှိပါသည်။ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity)မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ/မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit) တို့လည်း တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ စနစ်တကျရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း (ကန်ဆယ်ခြင်း) ကြောင့် ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများအနီး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ဘုရားတံတိုင်းအတွင်း ရေဝင်ရောက်မှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ ပြန်လည် ဖော်ထုတ်ရာတွင် ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ နားလည်တတ်ကျွမ်းသည့် ဌာနများ၊ ဒေသခံများ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် Hydrological Expert Prof; Dr. Massimo Sarti နှင့် ရန်ကုန်မြို့တွင် ၉-၃-၂၀၂၄ ရက်နေ့က ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပညာရှင်၏ ရေလမ်းကြောင်းဆိုင်ရာ အကြံပြုချက်များနှင့်အညီ အမွေအနှစ်ထိခိုက်မှုမရှိစေဘဲ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ကန်ဆယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။နည်းပညာပိုင်းဆိုင်ရာဆွေးနွေးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံဒေသသို့ သွားရောက်၍ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ် ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန (ရန်ကုန်) နှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့က နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ဤကဲ့သို့ ရှေးဟောင်းရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ရေစီး၊ ရေလာကောင်းမွန်လာခြင်း၊ ရေကြီးသည့်အခါများတွင် ရှေးဟောင်းအဆောက်အအုံများတွင် ရေကြီး၊ ရေလျှံမှု လျော့နည်း၍ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ ကျေးငှက်၊ တိရစ္ဆာန်နှင့်လူတို့ သောက်ရေ၊ သုံးရေ ပိုမိုရရှိလာပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေကာ ပူပြင်းသည့်ဒေသ၏ ရာသီဥတုဒဏ်၊ ရေရှားပါးပြတ်လပ်သည့် သဘာဝဘေးဒဏ်များကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချရာ အထောက်အကူလည်း ဖြစ်စေနိုင်ပါသည်။ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ အမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း ခြင်းများ ဆောင်ရွက်သည့်အခါ ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရပါသည်။ ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်သည့်အခါ တစ်ဦးတစ်ယောက်တည်း တစ်ဌာနတည်းက ဆောင်ရွက်၍မရပါ။ ယခုကဲ့သို့ ပုဂံဒေသ၏ အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်သည့်အခါ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်း၍လည်းကောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti သည် ၁၀-၃-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ ပုဂံဒေသသို့ လာရောက်၍ ရေလမ်းကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းအကြံပြုပါသည်။ ၎င်းပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာဆွေးနွေးခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန(ရန်ကုန်)၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြေလွှာစမ်းသပ်သုတေသနပြုခြင်း(Test Pit)၊ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA)၊ မြေပြင်အနေအထားပြမြေပုံ (Topographic Map)၊ ဘူမိဗေဒနှင့် ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနမှ ပုဂံဒေသတစ်ခုလုံးအတွက် ဘူမိဗေဒမြေပုံ၊ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြု ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ရေကန်များပြန်လည်ဖော်ထုတ်ပြုပြင်ထိန်သိမ်းခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက် နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment- HIA) လုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လေးဦးက ဦးဆောင်၍ အဖွဲ့လေးဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရေကန်များ တူးဖော်ပြုပြင်ခြင်း မဆောင်ရွက်မီ မြေလွှာစမ်းသပ်သုတေသန(Test pit)ပြုလုပ်၍ ရေထိန်းသိမ်းနိုင်သည့် သဘာဝရေနေအလွှာ ထိခိုက်မှုမရှိစေရေး ကြိုတင်သုတေသနလုပ်ငန်း ဆောင်ရွက်ပါသည်။ ရေဝင်လမ်းကြောင်းနှင့် ရေကန်၏ မြေမျက်နှာသွင်ပြင်အနေအထားသိရှိနိုင်ရန်အတွက် မြေပြင်အနေအထားပြမြေပုံ (Topographic Map) ရေးဆွဲဆောင်ရွက်ပြီးမှသာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါသည်။၂၀၂၃ ခုနှစ်တွင် အလံပုဂံကန်(အလံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)တို့ကို ကန်ပေါင်မြှင့်တင်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေခေါ်မြောင်း ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်(မင်းနန်သူ) တို့တွင် ကန်ဆယ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်ပေါင်မြှင့်တင်ခြင်းနှင့် ရေခေါ်လမ်းကြောင်းများ၊ ရေလာရိုးများနှင့် ချိတ်ဆက်ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေးဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖျောက်ဆိပ်ပင်ကန် ၁၊ ၂၊ ၃၊ ဖိုးသူတော်ကန် (စူဠာမဏိကန်)နှင့် မြောက်တဝက်ကန်တို့ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မနူကန်၊ မရွဲကန်၊ ငှက်ပစ်တောင်ကန်၊ တောင်ကျောင်းကန် (တောရကျောင်းကန်)၊ ကန်သစ်ကန် (ပြဿဒ်ကန်) နှင့် မြေဘုံသာဘုရားလှကန်တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝက်ကြီးအင်းကန်၊ ချိုးကန်၊ မင်္ဂလာကန် ၁၊ ၂၊ တာမဏီကန် ၁၊ ၂ တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေနန်းရင်‌တော ၁ (ထိန်ကန်)၊ ၂ နှင့် ၃ တို့ကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများဖြင့် ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန် (မင်းနန်သူ)တို့နှင့် အလှူရှင်များက ရေကန်များ ပြန်လည်ဖောက်ထုတ်ခြင်း (ကန်ဆယ်ခြင်း)၊ ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေးခြင်း၊ ရေဝင်ရိုးများ ပြန်လည်ဖော်ထုတ်ခြင်း၊ Topographic Map ရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှု အထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံးအချိန်ကာလတွင် နည်းလမ်းမျိုးစုံဖြင့် ရေကိုစနစ်ကျစွာ စီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့် ရေကန်များက သက်သေပြလျက်ရှိပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများအား ရှာဖွေဖော်ထုတ်သုတေသနပြု ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီနှင့် ICOMOS တို့၏ အကြံပြုချက်များ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးခေတ်ရေကန်များ၏ သဘာဝရှုခင်းအလှတို့ဖြင့် ချိတ်ဆက်၍ ပုဂံဒေသအတွက် ခရီးစဉ်အသစ်များ ဖော်ဆောင်၍ ပုဂံခေတ်ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းများ၊ စေတီ၊ ပုထိုးများသာမက ရေစီမံခန့်ခွဲမှုဆိုင်ရာ သဘာဝအလှအပရှုခင်းများကို လာရောက်ခံစား လေ့လာကြပါဟု ဖိတ်ခေါ်လိုက်ရပါသည်။ ။ Source- Myawady Webportal

ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့် အကြံပြုချက် ၁၉ ချက်ကိုလည်း တစ်ပါတည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့ပါသည်။ ယင်းအကြံပြုချက်များထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများအား သုတေသနပြုပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပါရှိပါသည်။

မြကန်တွင် ရေသိုလှောင်၍ အသုံးပြုခဲ့ကြ

ပုဂံခေတ်၏ ရေစီမံခန့်ခွဲအသုံးချမှုကို လေ့လာရာတွင် ပုဂံမြို့သည် ဧရာဝတီမြစ်၏ ဘေးကပ်လျက် ရှိသော်လည်း ရေကို ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ တုရင်တောင်ခြေရင်းမှ မြကန်တွင် ရေသိုလှောင်၍ ၎င်းမှတစ်ဆင့် ရေကို အသုံးပြုခဲ့ကြပါသည်။ တုရင်တောင်နှင့် ပုပ္ပားတောင်တို့မှ စီးဆင်းလာသောရေများနှင့် ၎င်းအနီးရှိ ချောင်းတို့မှ စီးဆင်းလာသော ရေတို့ကို မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဆည်တာပေါင်ဖို့၍ ရေစုဆောင်းခဲ့ကြပြီး ၎င်းမှတစ်ဆင့် ပုဂံမြို့ဟောင်း ကန်အတွင်းသို့ ရေစစ်ကန်၊ ရေစုကန် အဆင့်ဆင့်ဖြင့် သွယ်တန်းသုံးစွဲခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါ သည်။

ယနေ့အချိန်အထိ ထင်ရှားစွာတွေ့ရှိရသော ရေလမ်းကြောင်းမှာ မြကန်မှတစ်ဆင့် အလံပုဂံ (အလံပြကန်)၊ အလယ်ကန် (မရိုးကန်)၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)၊ ရွှေထီးကန်တို့မှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေသွယ်ယူသုံးစွဲခဲ့ကြပါသည်။ မြကန်သည် ပုဂံမြို့ဟောင်းကျုံးမှ အထက်အမြင့်ပေ ၂၅၀ ကျော်တွင် တည်ရှိသည့်အတွက် ရေကို ကောင်းစွာ စီးဆင်းသွယ်တန်းနိုင်ပေသည်။ ရေသွယ်ယူရာ စီးဆင်းရာ ရေလမ်းကြောင်းများရှိ ပအိန်းကန်၊ ချောင်းထိပ်ကန်၊ ဇေယျသွပ်ကန်၊ ဘုရားကြီးကန်၊ မင်္ဂလာကန် (၃)၊ မင်္ဂလာကန်(၂)၊ သမထီးကန်၊ ချိုးကန်၊ သူဌေးကန်၊ ကုသိနာရုံကန်၊ ကန်သစ်ကန်၊ ကြပ်ကန်၊ မြင်းကပါအင်းနှင့် ဝက်ကြီးအင်းတို့သည်လည်း ထင်ရှားသည့်ရေကန်များ ဖြစ်ကြပါသည်။

ပုဂံခေတ်က ရေကန်များတူးဖော်ခြင်းနှင့်ပတ်သက်၍ မြကန်ကျောက်စာ၊ အလံပုဂံကျောက်စာ၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ၊ မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ စသည်တို့တွင် ရေးသားထားသည့် အထောက်အထားများ တွေ့ရှိရပါသည်။ မြကန်ကျောက်စာတွင် -

“ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများ ခြင်းအကျိုးငှာ ရေမရှိသော လယ်မြေမရှိသော ထွန်ယက်စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌၊ အတို့သခင်အရှင်တရားမင်းသည် ရေကို မြဲမြံစွာ ဆည်စေ၏ ရေကန်ကိုတူးစေ၏ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏ ထိုအခါ ဗုဒ္ဓဘုရားသခင် ထံမှ ဗျာဒိတ်ရသော ဆင်ဖြူကို ယာဉ်ပြုထသော မြတ်သော အရှင်ဂြီတြိ ဘုဝနာ ဒိတျာဓမ္မရာဇာ ဓိရာဇ စကြာဝတေးမင်းဖြစ်သော သဗ္ဗညုတဉာဏ်ကို ဆုတောင်းသော ဘုရားလောင်းသည် [၁၀] ဤ ရေကန်ကို တရားပြီးလျှင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန်လက်တွေခိရေဟရသောအမည်ကို ပေးတော်မူ၏ [သု] လူအပေါင်းတို့သည် သိကြကုန်လော့” ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်ကို လေ့လာတွေ့ရှိရပေသည်။

မဟာသေနာပတိ အနန္တမောင်နှံကျောက်စာ (သက္ကရာဇ် ၅၈၅ ခု၊ (၅၇၄ ခု) တွင်လည်းကောင်း၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ (သက္ကရာဇ် ၆၃၇) တွင်လည်းကောင်း၊ ဝပေသူကြီး ကျောက်စာ (သက္ကရာဇ် ၇၄၃ ခု) တွင်လည်းကောင်း ကန်တူးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကျောက်စာအထောက်အထားများတွင် တွေ့ရှိရပါသည်။

ပုဂံခေတ်၏ ရေကိုကောင်းစွာစီမံခန့်ခွဲမှုကို ထင်ဟပ်

မြကန်မှရေကို ပုဂံမြို့ဟောင်းသို့ သွယ်တန်းသုံးစွဲခြင်းဖြင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် အဆောက်အအုံများ၊ ဘုရားပုထိုးစေတီများ တည်ဆောက်ကြသည့်အခါများတွင် အသုံးပြုရန်ရည်ရွယ်၍ ဤကဲ့သို့ ရေအသုံးချမှုကို စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ပုဂံခေတ်၏ ရေကိုကောင်းစွာ စီမံခန့်ခွဲမှုကို ထင်ဟပ်စေပါသည်။ ပုဂံဒေသ၏ မြေအမျိုးအစားသည် သဲဆန်သောမြေဖြစ်သဖြင့် ရေစီးဆင်းမှုနှင့်အတူ သဲနုန်းများ ပါဝင်လာလေ့ရှိသဖြင့် ရေစုကန်၊ ရေစစ်ကန်များကို ရေစီးကြောင်းတစ်‌လျှောက်တွင်ထား၍ အဆင့်ဆင့် ရေကိုသန့်စင်ပြီး သွယ်တန်းရယူအသုံးပြုခဲ့ကြပေသည်။ ရေကန်များအတွင်းရှိ သဲနုန်းများ အနည်ကျ၍ ရေကန်တိမ်ကောမသွားစေရန်လည်း ဒေသခံပြည်သူတို့က နှစ်စဉ်ကန်ဆယ်သန့်စင်ခြင်း လုပ်ခဲ့ကြသည့် အစဉ်အလာသည် ယနေ့တိုင် ပုဂံဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကန်ဆယ်ခြင်းဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံခေတ် ရေစီမံခန့်ခွဲမှုသုတေ သနလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံ Trent University မှ ပညာရှင်များနှင့် ပူးပေါင်း၍ တုရင်တောင်အနီး ကတက်ကန်နှင့် နတ်ရေကန်တို့တွင် ရေစီမံခန့်ခွဲမှုတူးဖော်သုတေသန ပြုလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်လည်းပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်မှ ယနေ့အထိ ရှေးခေတ်ရေလမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်သုတေသနပြု လေ့လာလျက်ရှိကြပါသည်။ ဤသို့ ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့လည်း ၂၀၁၉ ခုနှစ်က ပေးပို့တင်ပြခဲ့ပါသည်။

ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့

ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၇ ဒသမ ၄၀ အထိ ရွာသွန်းခဲ့သဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် မိုးရေချိန်လက်မ ၁၇ ဒသမ ၄၅ အထိ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများတွင် မိုးရေများဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံ ၅၉ ခု ထိခိုက်မှုဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ မြေအောက်ရေနှင့် ဧရာဝတီမြစ်ရေကို အဓိကအသုံးပြုလာကြပြီး ရေကန်များမှာ အသုံးပြုမှု အားနည်းလာခြင်းကြောင့် မူလရေစီးလမ်းကြောင်းနှင့် ရေကန်များမှာ အနည်များပို့ချလာခြင်း၊ ရေစီးလမ်းကြောင်းများတွင် လူနေအိမ်များ တိုးချဲ့လာခြင်း၊ သီးနှံစိုက်ပျိုးမှုများ၊ ရေစီးလမ်းကြောင်းများကိုဖြတ်၍ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်းစသည့် ဆောင်ရွက်မှုများကြောင့် မိုးများသည့်နှစ်များတွင် မိုးရေစီးဆင်းရန် ရေလမ်းကြောင်းများ ပျက်စီးသဖြင့် မြေနိမ့်သည့် နေရာများ၊ လမ်းများနှင့် ရှေးဟောင်းအဆောက်အအုံများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီး၊ ရေလျှံ၊ ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ ၁၅-၅-၂ဝ၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီး၊ ရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့်ဌာန များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။

ယခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရေကန်များ၊ ရှေးခေတ်ရေလမ်းကြောင်းများကို မြေပြင်ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကောင်းကင်မှတ်တမ်းများ (Aerial Photo)၊ Drone မှတ်တမ်းဓာတ်ပုံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေကန် ၁ဝ၆ ကန်ကို အသေးစိတ်မှတ်တမ်း (Detail Assessment Survey) တင်နိုင်ခဲ့ပါသည်။ ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအရ ၁၀ ဧကနှင့်အထက် ရေကန် ငါးကန်၊ ၁ဝ ဧကနှင့် ငါးဧကကြားရှိ ရေကန် ခြောက်ကန်နှင့် ငါးဧကအောက် ရေကန် ၉၅ ကန်တို့ ဖြစ်ပါသည်။ 

ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof;Dr.Massimo Sarti ၏ အကြံပြုချက်များနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) ဆောင်ရွက်ခြင်း၊ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity) မပျက်မယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများကို ထိခိုက်မှုမရှိစေခြင်း၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းသုတေသနတန်ဖိုး မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ချက် ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှုရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit Excavation) ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ရှေးခေတ်ရေလမ်းကြောင်းများ၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ရာတွင် အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြုချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့်ပတ်သက်၍ အသုံးချမှုအလိုက် အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ်လေ့လာဆန်းစစ်မှု (Detail Assess-ment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှု ပြုလုပ် ရာတွင် ရေဝင်၊ ရေထွက်လမ်းကြောင်းများပါသော မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသတို့အတွင်းရှိ သဘာဝရေကန်၊ ဆည်၊ ချောင်းများ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏ မြေမျက်နှာအသွင်အပြင်အနေအထားကို ဖော်ပြသည့် Topo-graphic Map (0.25 Meter Interval) ရေးဆွဲခြင်းလုပ်ငန်းများကို ဦးစားပေးအပိုင်းလိုက် တိုင်းတာပြုစုရန် စသည့်အကြံပြုချက်များကို ရေကြီး၊ ရေလျှံဖြစ်ပွားခဲ့သည့်နေရာများ၊ ဘုရားများတွင် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။ 

ယင်းသို့ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) လုပ်ငန်းကိုလည်း ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သော အဖွဲ့လေးဖွဲ့ခွဲ၍လည်း ဆောင်ရွက်လျက်ရှိပါသည်။ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity)မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ/မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit) တို့လည်း တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ စနစ်တကျရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း (ကန်ဆယ်ခြင်း) ကြောင့် ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများအနီး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ဘုရားတံတိုင်းအတွင်း ရေဝင်ရောက်မှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ ပြန်လည် ဖော်ထုတ်ရာတွင် ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ နားလည်တတ်ကျွမ်းသည့် ဌာနများ၊ ဒေသခံများ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် Hydrological Expert Prof; Dr. Massimo Sarti နှင့် ရန်ကုန်မြို့တွင် ၉-၃-၂၀၂၄ ရက်နေ့က ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပညာရှင်၏ ရေလမ်းကြောင်းဆိုင်ရာ အကြံပြုချက်များနှင့်အညီ အမွေအနှစ်ထိခိုက်မှုမရှိစေဘဲ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ကန်ဆယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

နည်းပညာပိုင်းဆိုင်ရာဆွေးနွေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံဒေသသို့ သွားရောက်၍ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ် ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန (ရန်ကုန်) နှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့က နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဤကဲ့သို့ ရှေးဟောင်းရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ရေစီး၊ ရေလာကောင်းမွန်လာခြင်း၊ ရေကြီးသည့်အခါများတွင် ရှေးဟောင်းအဆောက်အအုံများတွင် ရေကြီး၊ ရေလျှံမှု လျော့နည်း၍ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ ကျေးငှက်၊ တိရစ္ဆာန်နှင့်လူတို့ သောက်ရေ၊ သုံးရေ ပိုမိုရရှိလာပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေကာ ပူပြင်းသည့်ဒေသ၏ ရာသီဥတုဒဏ်၊ ရေရှားပါးပြတ်လပ်သည့် သဘာဝဘေးဒဏ်များကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချရာ အထောက်အကူလည်း ဖြစ်စေနိုင်ပါသည်။

ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ အမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း ခြင်းများ ဆောင်ရွက်သည့်အခါ ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရပါသည်။ ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်သည့်အခါ တစ်ဦးတစ်ယောက်တည်း တစ်ဌာနတည်းက ဆောင်ရွက်၍မရပါ။ ယခုကဲ့သို့ ပုဂံဒေသ၏ အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်သည့်အခါ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်း၍လည်းကောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ 

အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti သည် ၁၀-၃-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ ပုဂံဒေသသို့ လာရောက်၍ ရေလမ်းကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းအကြံပြုပါသည်။ ၎င်းပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာဆွေးနွေးခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန(ရန်ကုန်)၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြေလွှာစမ်းသပ်သုတေသနပြုခြင်း(Test Pit)၊ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA)၊ မြေပြင်အနေအထားပြမြေပုံ (Topographic Map)၊ ဘူမိဗေဒနှင့် ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနမှ ပုဂံဒေသတစ်ခုလုံးအတွက် ဘူမိဗေဒမြေပုံ၊ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြု ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

ရေကန်များပြန်လည်ဖော်ထုတ်ပြုပြင်ထိန်သိမ်းခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက် နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment- HIA) လုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လေးဦးက ဦးဆောင်၍ အဖွဲ့လေးဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရေကန်များ တူးဖော်ပြုပြင်ခြင်း မဆောင်ရွက်မီ မြေလွှာစမ်းသပ်သုတေသန(Test pit)ပြုလုပ်၍ ရေထိန်းသိမ်းနိုင်သည့် သဘာဝရေနေအလွှာ ထိခိုက်မှုမရှိစေရေး ကြိုတင်သုတေသနလုပ်ငန်း ဆောင်ရွက်ပါသည်။ ရေဝင်လမ်းကြောင်းနှင့် ရေကန်၏ မြေမျက်နှာသွင်ပြင်အနေအထားသိရှိနိုင်ရန်အတွက် မြေပြင်အနေအထားပြမြေပုံ (Topographic Map) ရေးဆွဲဆောင်ရွက်ပြီးမှသာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် အလံပုဂံကန်(အလံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)တို့ကို ကန်ပေါင်မြှင့်တင်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေခေါ်မြောင်း ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်(မင်းနန်သူ) တို့တွင် ကန်ဆယ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်ပေါင်မြှင့်တင်ခြင်းနှင့် ရေခေါ်လမ်းကြောင်းများ၊ ရေလာရိုးများနှင့် ချိတ်ဆက်ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။

ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေး

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖျောက်ဆိပ်ပင်ကန် ၁၊ ၂၊ ၃၊ ဖိုးသူတော်ကန် (စူဠာမဏိကန်)နှင့် မြောက်တဝက်ကန်တို့ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မနူကန်၊ မရွဲကန်၊ ငှက်ပစ်တောင်ကန်၊ တောင်ကျောင်းကန် (တောရကျောင်းကန်)၊ ကန်သစ်ကန် (ပြဿဒ်ကန်) နှင့် မြေဘုံသာဘုရားလှကန်တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝက်ကြီးအင်းကန်၊ ချိုးကန်၊ မင်္ဂလာကန် ၁၊ ၂၊ တာမဏီကန် ၁၊ ၂ တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေနန်းရင်‌တော ၁ (ထိန်ကန်)၊ ၂ နှင့် ၃ တို့ကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများဖြင့် ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန် (မင်းနန်သူ)တို့နှင့် အလှူရှင်များက ရေကန်များ ပြန်လည်ဖောက်ထုတ်ခြင်း (ကန်ဆယ်ခြင်း)၊ ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေးခြင်း၊ ရေဝင်ရိုးများ ပြန်လည်ဖော်ထုတ်ခြင်း၊ Topographic Map ရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှု အထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံးအချိန်ကာလတွင် နည်းလမ်းမျိုးစုံဖြင့် ရေကိုစနစ်ကျစွာ စီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့် ရေကန်များက သက်သေပြလျက်ရှိပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများအား ရှာဖွေဖော်ထုတ်သုတေသနပြု ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီနှင့် ICOMOS တို့၏ အကြံပြုချက်များ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးခေတ်ရေကန်များ၏ သဘာဝရှုခင်းအလှတို့ဖြင့် ချိတ်ဆက်၍ ပုဂံဒေသအတွက် ခရီးစဉ်အသစ်များ ဖော်ဆောင်၍ ပုဂံခေတ်ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းများ၊ စေတီ၊ ပုထိုးများသာမက ရေစီမံခန့်ခွဲမှုဆိုင်ရာ သဘာဝအလှအပရှုခင်းများကို လာရောက်ခံစား လေ့လာကြပါဟု ဖိတ်ခေါ်လိုက်ရပါသည်။ ။ 

Source- Myawady Webportal

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)