ကဏ္ဍများ

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး အတတ်ပညာ၊ နည်းပညာမြှင့်တင်
မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများကိုလေ့လာပါက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန်နှင့် ရရှိလာကြသည်ကို တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်အရင်း အမြစ်များအဖြစ် ငွေကြေးအရင်းအနှီး (capital)၊ လူတို့၏လုပ်အား (labour) နှင့် မြေ သို့မဟုတ် သဘာဝသယံဇာတများ (land) တို့သာမက အတတ်ပညာနည်းပညာ (technology) သည်လည်း အရေးပါသည်။ စီးပွားရေးသမိုင်းအမြင်အရ ခေတ်သစ်နှင့် ခေတ်သစ်မတိုင်မီကာလကို ပိုင်းခြားထားသည့် အဓိကအခြင်းအရာမှာ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးပင်ဖြစ်သည်။လူတို့၏ တီထွင်ဖန်တီးမှုများသည် လွန်ခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာပေါ်ရှိနိုင်ငံအများအပြား အထူးသဖြင့် အနောက်နိုင်ငံများကို ခေတ်မီနိုင်ငံများအဖြစ် ရောက်ရှိစေခဲ့သည်။ ကုန်ထုတ်လုပ်မှုတစ်ခုကို ဆောင်ရွက်ရာတွင် ငွေကြေးအရင်းအနှီးကိုသာ တိုးချဲ့မြှုပ်နှံပြီး အတတ်ပညာနှင့် လူတို့၏ အသိတရားနယ်ပယ် တိုးတက်ပြောင်းလဲမှုမရှိပါက ကုန်ထုတ်လုပ်ငန်းများတွင် ဆုတ်ယုတ်သည့် အကျိုးတရားကို ကြုံတွေ့ရမည်သာဖြစ်သည်ဟု ပညာရှင်များကသိရှိခဲ့ကြသည်။ ငွေကြေးအရင်းအနှီးနှင့် လူ့လုပ်အားသည် အကန့်အသတ်များရှိနေပြီး နည်းပညာပေါင်းစပ်ခြင်းဖြင့်သာ အကန့်အသတ်များကို ကျော်လွှားနိုင်စေသည်။မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုတွင် အစဉ်အလာလုပ်ကိုင်ခဲ့ကြသည့် နည်းလမ်းများဖြင့် စိုက်ပျိုးသည်ထက် ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးခြင်းက ထုတ်လုပ်နိုင်စွမ်းကို များစွာကွာခြားသွားစေသည်။ ခေတ်မီနည်းပညာများကို တွင်ကျယ်စွာ သုံးစွဲနိုင်စွမ်းမရှိခြင်းကြောင့် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် မြေတစ်ဧကချင်းအရလည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးချင်းအရလည်းကောင်း နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးတို့တွင်လည်း ခေတ်မီနည်းပညာများသုံးစွဲပြီး အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ နိုင်ငံများအကြား အတတ်ပညာ နည်းပညာကွာဟချက် ကြီးမားနေမည်ဆိုပါက နည်းပညာသာသည့်နိုင်ငံက ကုန်ပစ္စည်းများကို အရည်အသွေးကောင်းကောင်း၊ ဈေးနှုန်းချိုချိုနှင့် အမြောက်အမြား ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး နည်းပညာနိမ့်ကျသည့် နိုင်ငံကမူ အဆင့်နိမ့်ပြီး ဈေးကြီးသည့်ကုန်ပစ္စည်းကို အနည်းငယ်သာ ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေမည်ဖြစ်သည်။နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် စီးပွားရေးကို မောင်းနှင်လုပ်ဆောင်နိုင်မည့် အတတ်ပညာရှင်များ အများအပြား လိုအပ်မည်ဖြစ်ရာ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပညာရေးကို မဖြစ်မနေအားပေးကြရန်လိုသည်။ နိုင်ငံ၏အနာဂတ်အတွက် အတတ်ပညာရှင် လူငယ်များ အများအပြားပေါ်ထွက်လာစေရန် Polytechnic တက္ကသိုလ်များ ဖွင့်လှစ်ထားပြီးဖြစ်သလို စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးကို ဆက်လက်အားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ထို့အပြင် နည်းပညာနှင့် ဒစ်ဂျစ်တယ် အချုပ်အခြာပိုင်ဆိုင်မှု ကဏ္ဍများတွင်လည်း ပိုမို၍ရင်းနှီးမြှုပ်နှံမှုပြုပြီး ဝင်ရိုးစုံကမ္ဘာ၏ ယှဉ်ပြိုင်မှုကြီးထဲတွင် နောက်ကျမကျန်ရစ်စေရန် ကြိုးပမ်းကြရန်လိုသည်။ အထူးသဖြင့် ဉာဏ်ရည်တု (AI) နည်းပညာ၊ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ ဆိုက်ဘာလုံခြုံရေး စသည်တို့တွင် ပြည်တွင်းနည်းပညာစွမ်းရည်များ တိုးတက်သည်ထက်တိုးတက်အောင် မြှင့်တင်လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် အခြေခံအဆောက်အအုံများအပေါ် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးခြင်းဖြင့် နိုင်ငံရပ်ခြားနည်းပညာအပေါ် မှီခိုမှုကိုလျှော့ချပြီး ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်ကာကွယ်ရေး၊ စွမ်းအင်နှင့် အရင်းအမြစ်လုံခြုံရေး၊ ရှားပါးသတ္တုနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း စိတ်ချရအောင် စီမံဆောင်ရွက်သွားကြရန်လိုသည်။မိမိတို့နိုင်ငံတွင် ယနေ့ချိန်ခါသည် စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်များဖြင့် သမိုင်းစာမျက်နှာသစ်ကိုရေးကြရမည့် အချိန်အခါဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အတတ်ပညာ နည်းပညာနယ်ပယ်ကို အားပေးမြှင့်တင် ချဲ့ထွင်သွားကြရမည်ဖြစ်သည်။ ယင်းအတွက် လိုအပ်လာမည့် လူသားအရင်းအမြစ်ကို ပညာရေးကဏ္ဍမှ ပြုစုပျိုးထောင်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ အတတ်ပညာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကိုတည်ဆောက်ကြရပါမည့်အကြောင်း။ ။MOI

မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများကိုလေ့လာပါက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန်နှင့် ရရှိလာကြသည်ကို တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်အရင်း အမြစ်များအဖြစ် ငွေကြေးအရင်းအနှီး (capital)၊ လူတို့၏လုပ်အား (labour) နှင့် မြေ သို့မဟုတ် သဘာဝသယံဇာတများ (land) တို့သာမက အတတ်ပညာနည်းပညာ (technology) သည်လည်း အရေးပါသည်။ စီးပွားရေးသမိုင်းအမြင်အရ ခေတ်သစ်နှင့် ခေတ်သစ်မတိုင်မီကာလကို ပိုင်းခြားထားသည့် အဓိကအခြင်းအရာမှာ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးပင်ဖြစ်သည်။

လူတို့၏ တီထွင်ဖန်တီးမှုများသည် လွန်ခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာပေါ်ရှိနိုင်ငံအများအပြား အထူးသဖြင့် အနောက်နိုင်ငံများကို ခေတ်မီနိုင်ငံများအဖြစ် ရောက်ရှိစေခဲ့သည်။ ကုန်ထုတ်လုပ်မှုတစ်ခုကို ဆောင်ရွက်ရာတွင် ငွေကြေးအရင်းအနှီးကိုသာ တိုးချဲ့မြှုပ်နှံပြီး အတတ်ပညာနှင့် လူတို့၏ အသိတရားနယ်ပယ် တိုးတက်ပြောင်းလဲမှုမရှိပါက ကုန်ထုတ်လုပ်ငန်းများတွင် ဆုတ်ယုတ်သည့် အကျိုးတရားကို ကြုံတွေ့ရမည်သာဖြစ်သည်ဟု ပညာရှင်များကသိရှိခဲ့ကြသည်။ ငွေကြေးအရင်းအနှီးနှင့် လူ့လုပ်အားသည် အကန့်အသတ်များရှိနေပြီး နည်းပညာပေါင်းစပ်ခြင်းဖြင့်သာ အကန့်အသတ်များကို ကျော်လွှားနိုင်စေသည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုတွင် အစဉ်အလာလုပ်ကိုင်ခဲ့ကြသည့် နည်းလမ်းများဖြင့် စိုက်ပျိုးသည်ထက် ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးခြင်းက ထုတ်လုပ်နိုင်စွမ်းကို များစွာကွာခြားသွားစေသည်။ ခေတ်မီနည်းပညာများကို တွင်ကျယ်စွာ သုံးစွဲနိုင်စွမ်းမရှိခြင်းကြောင့် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် မြေတစ်ဧကချင်းအရလည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးချင်းအရလည်းကောင်း နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးတို့တွင်လည်း ခေတ်မီနည်းပညာများသုံးစွဲပြီး အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ နိုင်ငံများအကြား အတတ်ပညာ နည်းပညာကွာဟချက် ကြီးမားနေမည်ဆိုပါက နည်းပညာသာသည့်နိုင်ငံက ကုန်ပစ္စည်းများကို အရည်အသွေးကောင်းကောင်း၊ ဈေးနှုန်းချိုချိုနှင့် အမြောက်အမြား ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး နည်းပညာနိမ့်ကျသည့် နိုင်ငံကမူ အဆင့်နိမ့်ပြီး ဈေးကြီးသည့်ကုန်ပစ္စည်းကို အနည်းငယ်သာ ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေမည်ဖြစ်သည်။

နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် စီးပွားရေးကို မောင်းနှင်လုပ်ဆောင်နိုင်မည့် အတတ်ပညာရှင်များ အများအပြား လိုအပ်မည်ဖြစ်ရာ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပညာရေးကို မဖြစ်မနေအားပေးကြရန်လိုသည်။ နိုင်ငံ၏အနာဂတ်အတွက် အတတ်ပညာရှင် လူငယ်များ အများအပြားပေါ်ထွက်လာစေရန် Polytechnic တက္ကသိုလ်များ ဖွင့်လှစ်ထားပြီးဖြစ်သလို စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးကို ဆက်လက်အားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ထို့အပြင် နည်းပညာနှင့် ဒစ်ဂျစ်တယ် အချုပ်အခြာပိုင်ဆိုင်မှု ကဏ္ဍများတွင်လည်း ပိုမို၍ရင်းနှီးမြှုပ်နှံမှုပြုပြီး ဝင်ရိုးစုံကမ္ဘာ၏ ယှဉ်ပြိုင်မှုကြီးထဲတွင် နောက်ကျမကျန်ရစ်စေရန် ကြိုးပမ်းကြရန်လိုသည်။ အထူးသဖြင့် ဉာဏ်ရည်တု (AI) နည်းပညာ၊ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ ဆိုက်ဘာလုံခြုံရေး စသည်တို့တွင် ပြည်တွင်းနည်းပညာစွမ်းရည်များ တိုးတက်သည်ထက်တိုးတက်အောင် မြှင့်တင်လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် အခြေခံအဆောက်အအုံများအပေါ် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးခြင်းဖြင့် နိုင်ငံရပ်ခြားနည်းပညာအပေါ် မှီခိုမှုကိုလျှော့ချပြီး ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်ကာကွယ်ရေး၊ စွမ်းအင်နှင့် အရင်းအမြစ်လုံခြုံရေး၊ ရှားပါးသတ္တုနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း စိတ်ချရအောင် စီမံဆောင်ရွက်သွားကြရန်လိုသည်။

မိမိတို့နိုင်ငံတွင် ယနေ့ချိန်ခါသည် စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်များဖြင့် သမိုင်းစာမျက်နှာသစ်ကိုရေးကြရမည့် အချိန်အခါဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အတတ်ပညာ နည်းပညာနယ်ပယ်ကို အားပေးမြှင့်တင် ချဲ့ထွင်သွားကြရမည်ဖြစ်သည်။ ယင်းအတွက် လိုအပ်လာမည့် လူသားအရင်းအမြစ်ကို ပညာရေးကဏ္ဍမှ ပြုစုပျိုးထောင်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ အတတ်ပညာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကိုတည်ဆောက်ကြရပါမည့်အကြောင်း။ ။

MOI

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် အားလုံးပါဝင်အကောင်အထည်ဖော်
အစိုးရ၏အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဒစ်ဂျစ်တယ်မြန်မာနည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး “မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း(Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် ဂေဟစနစ် (Trusted Digital Ecosystem)၊ ဆန်းသစ်တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ယခုအခါ ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာကို အထူးအလေးထားဆောင်ရွက်နေသည်။ အာဆီယံနိုင်ငံအချင်းချင်း AI ဆိုင်ရာကျင့်ဝတ်စံနှုန်းများကို ညှိနှိုင်းပြီး ဘေးကင်းသည့် AI အသုံးချမှု ဖော်ဆောင်နေသည်ကို တွေ့ရသည်။ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာသည်ကို တွေ့ရသည်။ ယင်းတို့ကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်းကွန်ရက်ကို ယခင်ထက်ပိုမိုခိုင်မာအောင် တည်ဆောက်နေသည်ကိုတွေ့ရသည်။ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီများ၏ ဒစ်ဂျစ်တယ်နည်းပညာသစ်များကို အမြင် ချင်းဖလှယ်တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရသဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းများပင်ဖြစ်သည်။မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်သည့် စွမ်းရည်များရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်လူရွယ်များ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းပကားကို လမ်းဖွင့်ပေးပြီး အားပေးကူညီလျက်ရှိသဖြင့် နိုင်ငံတော်၏အနာဂတ် မြင့်မားတိုးတက်လာမည့် အလားအလာကောင်းများရှိနေ သည်။ ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်လူရွယ်များပါဝင်သည့် နည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတစ်ဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်ပြီး ကျောင်းသားလူငယ်များ၏ Project များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်လာမည်ဟု မျှော်လင့်သည်။တီထွင်ဆန်းသစ်ထားသော နည်းပညာများကိုအသုံးချ၍ အာဆီယံနိုင်ငံများကြားတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ AI ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် AI ဆိုင်ရာဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရေး၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရေး၊ အဆင့်မြင့် နည်းပညာဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း နည်းပညာ အသုံးချမှုကို တိုးမြှင့်ပေးရေး၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးရေး စသည်တို့ကို အကောင်အထည်ဖော်သွားကြရမည်ဖြစ်သည်။ယခုနည်းပညာနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင်ကျောင်းသား ကျောင်းသူများအကြား အခွင့်အလမ်းသစ်များဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြုဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ်စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများလည်းရရှိမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသည် အဓိကစွမ်းပကားဖြစ်သည်။ “နည်းပညာသည် အနာဂတ်ကိုပုံဖော်သူ”ဟူသည့်စကားနှင့်အညီ ယခုရရှိလာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။ ။moi

အစိုးရ၏အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဒစ်ဂျစ်တယ်မြန်မာနည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး “မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း(Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် ဂေဟစနစ် (Trusted Digital Ecosystem)၊ ဆန်းသစ်တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာကို အထူးအလေးထားဆောင်ရွက်နေသည်။ အာဆီယံနိုင်ငံအချင်းချင်း AI ဆိုင်ရာကျင့်ဝတ်စံနှုန်းများကို ညှိနှိုင်းပြီး ဘေးကင်းသည့် AI အသုံးချမှု ဖော်ဆောင်နေသည်ကို တွေ့ရသည်။ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာသည်ကို တွေ့ရသည်။ ယင်းတို့ကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်းကွန်ရက်ကို ယခင်ထက်ပိုမိုခိုင်မာအောင် တည်ဆောက်နေသည်ကိုတွေ့ရသည်။ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီများ၏ ဒစ်ဂျစ်တယ်နည်းပညာသစ်များကို အမြင် ချင်းဖလှယ်တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရသဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းများပင်ဖြစ်သည်။

မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်သည့် စွမ်းရည်များရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်လူရွယ်များ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းပကားကို လမ်းဖွင့်ပေးပြီး အားပေးကူညီလျက်ရှိသဖြင့် နိုင်ငံတော်၏အနာဂတ် မြင့်မားတိုးတက်လာမည့် အလားအလာကောင်းများရှိနေ သည်။ ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်လူရွယ်များပါဝင်သည့် နည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတစ်ဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်ပြီး ကျောင်းသားလူငယ်များ၏ Project များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်လာမည်ဟု မျှော်လင့်သည်။

တီထွင်ဆန်းသစ်ထားသော နည်းပညာများကိုအသုံးချ၍ အာဆီယံနိုင်ငံများကြားတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ AI ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် AI ဆိုင်ရာဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရေး၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရေး၊ အဆင့်မြင့် နည်းပညာဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း နည်းပညာ အသုံးချမှုကို တိုးမြှင့်ပေးရေး၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးရေး စသည်တို့ကို အကောင်အထည်ဖော်သွားကြရမည်ဖြစ်သည်။

ယခုနည်းပညာနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင်ကျောင်းသား ကျောင်းသူများအကြား အခွင့်အလမ်းသစ်များဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြုဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ်စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများလည်းရရှိမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသည် အဓိကစွမ်းပကားဖြစ်သည်။ “နည်းပညာသည် အနာဂတ်ကိုပုံဖော်သူ”ဟူသည့်စကားနှင့်အညီ ယခုရရှိလာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

moi

စတုတ္ထမျိုးဆက် စက်မှုခေတ်နှင့်အညီ လူတိုင်းဒစ်ဂျစ်တယ် နားလည်တတ်မြောက်ရေး
ယနေ့ခေတ်သည် စတုတ္ထမျိုးဆက် စက်မှုခေတ် (Industry 4.0) ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန်ရေး (Industrial Revolution 4.0) ခေတ်ဟုလည်း ဆိုကြသည်။ ၁၈ ရာစု ဒုတိယပိုင်းဟု ဆိုရမည့် ၁၇၆၀ ပြည့်လွန်နှစ်များတွင် အနောက်နိုင်ငံများ၌ ပထမစက်မှုတော်လှန်ရေး ပေါ်ပေါက်လာသည်။ ပထမစက်မှုတော်လှန်ရေးသည် ရေနွေးငွေ့စွမ်းအားကိုထုတ်လုပ်ပေးနိုင်သည့် ဘွိုင်လာများ တီထွင်လာနိုင်ခြင်းနှင့်အတူ မီးရထားများ၊ မီးသင်္ဘောများ၊ စက်ယန္တရားများ ပေါ်ပေါက်လာပြီး အနောက်နိုင်ငံကြီးများ အရှိန်အဟုန်နှင့် တိုးတက်လာသည့်ကာလဖြစ်သည်။၁၉ ရာစုနောက်ပိုင်းသည် စက်မှုလုပ်ငန်းများ နောက်တစ်ဆင့်တက်လှမ်းသည့် ကာလဖြစ်ပြီး လျှပ်စစ်စွမ်းအားအသုံးပြုမှုနှင့် အလိုလျောက်မောင်းနှင်နိုင်သည့် စက်ယန္တရားများ ပေါ်ပေါက်လာသည့် ထိုခေတ်ကို ဒုတိယစက်မှုတော်လှန်ရေးဟု သတ်မှတ်သည်။ ၂၀ ရာစု ဒုတိယပိုင်းတွင် အီလက်ထရွန်နစ် (Electronic) နှင့် အိုင်တီခေါ် (Information Technology) သတင်းအချက်အလက်နည်းပညာ တိုးတက်ထွန်းကားလာခဲ့ရာ ထိုခေတ်ကို တတိယစက်မှုတော်လှန်ရေး သို့မဟုတ် တတိယမျိုးဆက်စက်မှုခေတ်အဖြစ် ခေါ်ဆိုခြင်းဖြစ်သည်။ ၂၁ ရာစုသို့ အဝင်လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်မှစတင်၍ စတုတ္ထစက်မှုတော်လှန်ရေး ပေါ်ပေါက်လာသည်။ တတိယစက်မှုတော်လှန်ရေး၏ အဆက်ဖြစ်သည့် စတုတ္ထစက်မှုတော်လှန်ရေးမှာ စမတ်နည်းပညာ၊ အလိုလျောက်စနစ်၊ အချက်အလက်ဖလှယ်မှုများပေါင်းစပ်၍ ထုတ်လုပ်မှုကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဖြစ်သည်။ စက်ရုံများတွင် လူပါဝင်သည့်ကဏ္ဍအနည်းဆုံးနှင့် လည်ပတ်ကာ ကိုယ်တိုင်အကောင်းဆုံးထုတ်လုပ်နိုင်ကြသည်။ IOT, AI, Cloud computing နှင့် 3D printing တို့မှာ စတုတ္ထမျိုးဆက်စက်မှုခေတ်၏ အဓိကနည်းပညာများဖြစ်သည်။စတုတ္ထမျိုးဆက် စက်မှုခေတ်တွင် တိုးတက်ပြောင်းလဲမှုများမှာ လွန်စွာမြန်ဆန်သည့်အလျောက် သမားရိုးကျသင်ကြားမှုပုံစံအတိုင်း ပညာသင်နှစ်တစ်နှစ်ပြီးတစ်နှစ် ကျောင်းတက်၊ ဘွဲ့ယူ စသည့် ပညာရေးစနစ်မျိုးဖြင့် လိုက်၍မီနိုင်မည်မဟုတ်ဘဲ ကဏ္ဍအလိုက် ပေါ်လာနေသည့် နည်းပညာသစ်များကို စဉ်ဆက်မပြတ်လေ့လာနေရန်လိုအပ်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။ ယင်းသို့ သင်ယူလေ့လာနိုင်ရန် အင်တာနက်ကို အဓိကမှီခိုအားထားရမည်ဖြစ်သကဲ့သို့ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝများဆီသို့ စဉ်ဆက်မပြတ်ဆိုသလို တစ်ခုပြီးတစ်ခုရောက်ရှိလာနေသည့် နည်းပညာသစ်များကို မဖြစ်မနေအသုံးပြုရန်လည်း လိုအပ်လျက်ရှိရာ Digital Literacy ခေါ် မသိမဖြစ် သိအပ်ဖွယ်ရာ ဒစ်ဂျစ်တယ်နည်းပညာကို လူတိုင်းသိရန်၊ တတ်ရန် လိုအပ်လာသည်။ အကယ်၍ ဒစ်ဂျစ်တယ်ကိုမသိ၊ မတတ်၊ နားမလည်၊ မသုံးနိုင်ပါက အရေး၊ အဖတ်၊ အတွက် အသုံးလုံးမကြေ၊ စာမတတ်သူတစ်ဦးကဲ့သို့ပင် လူဖြစ်ရှုံးသည့်အခြေအနေသို့ ရောက်ရှိသွားမည်ဟုပင်ဆိုထားသည်။ သို့ဖြစ်ရာ စတုတ္ထစက်မှုတော်လှန်ရေးတွင် လူတစ်ဦးချင်းအနေဖြင့်ရော နိုင်ငံအနေဖြင့်ပါ နောက်ကျမကျန်ရစ်စေရန် အားထုတ်ကြိုးပမ်းကြဖို့လိုသည်။မကြာမီ နွေကျောင်းပိတ်ရက်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အားလပ်ရက်ရှည်တွင် အချိန်ကို အကျိုးရှိစွာအသုံးချကုန်လွန်နိုင်ရေးအတွက် ပုံမှန်အတိုင်း နွေသင်တန်းများ ဖွင့်လှစ်ကြတော့မည်ဖြစ်သည်။ ပန်းချီ၊ ဂီတ အနုပညာသင်တန်းများ၊ နိုင်ငံခြားဘာသာစကား သင်တန်းများ၊ အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ စသည်ဖြင့် ကလေးသူငယ်များ၊ လူငယ်များအတွက် အသက်အရွယ်အလိုက် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားသည့်နည်းတူ Digital Literacy သင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခြေအနေပေးပါက မိမိတို့ဘာသာ လေ့လာသင်ယူကြခြင်းအားဖြင့် ဒစ်ဂျစ်တယ်သိနားလည်မှုမြင့်မားလာမည်ဖြစ်သည်။ကျောင်းသားအရွယ် ကလေးသူငယ်၊ လူငယ်များသာမက ဒစ်ဂျစ်တယ်ခေတ်တွင် ရှင်သန်လှုပ်ရှားနေကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့သည်လည်း ကွန်ပျူတာ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာ၊ စမတ်ဖုန်း စသည့်နည်းပညာကိရိယာများကို ကိုင်တွယ်အသုံးပြုခြင်း၊ အင်တာနက်ပေါ်မှ အချက်အလက်များကို ရှာဖွေခြင်း၊ မှန်ကန်မှု၊ ယုံကြည်ရမှု ရှိမရှိ ဆန်းစစ်ခြင်း၊ e - Mail, Post, blog, video စသည်တို့ စနစ်တကျ ဖန်တီးဝေမျှ ခြင်း၊ မိမိကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်း စသည်တို့ကို မိမိတို့ဘာသာ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်ကြရေး ဒစ်ဂျစ်တယ်ကမ္ဘာတွင် ခေတ်နှင့်အညီ ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရပါမည့်အကြောင်း။ ။moi

ယနေ့ခေတ်သည် စတုတ္ထမျိုးဆက် စက်မှုခေတ် (Industry 4.0) ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန်ရေး (Industrial Revolution 4.0) ခေတ်ဟုလည်း ဆိုကြသည်။ ၁၈ ရာစု ဒုတိယပိုင်းဟု ဆိုရမည့် ၁၇၆၀ ပြည့်လွန်နှစ်များတွင် အနောက်နိုင်ငံများ၌ ပထမစက်မှုတော်လှန်ရေး ပေါ်ပေါက်လာသည်။ ပထမစက်မှုတော်လှန်ရေးသည် ရေနွေးငွေ့စွမ်းအားကိုထုတ်လုပ်ပေးနိုင်သည့် ဘွိုင်လာများ တီထွင်လာနိုင်ခြင်းနှင့်အတူ မီးရထားများ၊ မီးသင်္ဘောများ၊ စက်ယန္တရားများ ပေါ်ပေါက်လာပြီး အနောက်နိုင်ငံကြီးများ အရှိန်အဟုန်နှင့် တိုးတက်လာသည့်ကာလဖြစ်သည်။

၁၉ ရာစုနောက်ပိုင်းသည် စက်မှုလုပ်ငန်းများ နောက်တစ်ဆင့်တက်လှမ်းသည့် ကာလဖြစ်ပြီး လျှပ်စစ်စွမ်းအားအသုံးပြုမှုနှင့် အလိုလျောက်မောင်းနှင်နိုင်သည့် စက်ယန္တရားများ ပေါ်ပေါက်လာသည့် ထိုခေတ်ကို ဒုတိယစက်မှုတော်လှန်ရေးဟု သတ်မှတ်သည်။ ၂၀ ရာစု ဒုတိယပိုင်းတွင် အီလက်ထရွန်နစ် (Electronic) နှင့် အိုင်တီခေါ် (Information Technology) သတင်းအချက်အလက်နည်းပညာ တိုးတက်ထွန်းကားလာခဲ့ရာ ထိုခေတ်ကို တတိယစက်မှုတော်လှန်ရေး သို့မဟုတ် တတိယမျိုးဆက်စက်မှုခေတ်အဖြစ် ခေါ်ဆိုခြင်းဖြစ်သည်။ ၂၁ ရာစုသို့ အဝင်လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်မှစတင်၍ စတုတ္ထစက်မှုတော်လှန်ရေး ပေါ်ပေါက်လာသည်။ တတိယစက်မှုတော်လှန်ရေး၏ အဆက်ဖြစ်သည့် စတုတ္ထစက်မှုတော်လှန်ရေးမှာ စမတ်နည်းပညာ၊ အလိုလျောက်စနစ်၊ အချက်အလက်ဖလှယ်မှုများပေါင်းစပ်၍ ထုတ်လုပ်မှုကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဖြစ်သည်။ စက်ရုံများတွင် လူပါဝင်သည့်ကဏ္ဍအနည်းဆုံးနှင့် လည်ပတ်ကာ ကိုယ်တိုင်အကောင်းဆုံးထုတ်လုပ်နိုင်ကြသည်။ IOT, AI, Cloud computing နှင့် 3D printing တို့မှာ စတုတ္ထမျိုးဆက်စက်မှုခေတ်၏ အဓိကနည်းပညာများဖြစ်သည်။

စတုတ္ထမျိုးဆက် စက်မှုခေတ်တွင် တိုးတက်ပြောင်းလဲမှုများမှာ လွန်စွာမြန်ဆန်သည့်အလျောက် သမားရိုးကျသင်ကြားမှုပုံစံအတိုင်း ပညာသင်နှစ်တစ်နှစ်ပြီးတစ်နှစ် ကျောင်းတက်၊ ဘွဲ့ယူ စသည့် ပညာရေးစနစ်မျိုးဖြင့် လိုက်၍မီနိုင်မည်မဟုတ်ဘဲ ကဏ္ဍအလိုက် ပေါ်လာနေသည့် နည်းပညာသစ်များကို စဉ်ဆက်မပြတ်လေ့လာနေရန်လိုအပ်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။ ယင်းသို့ သင်ယူလေ့လာနိုင်ရန် အင်တာနက်ကို အဓိကမှီခိုအားထားရမည်ဖြစ်သကဲ့သို့ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝများဆီသို့ စဉ်ဆက်မပြတ်ဆိုသလို တစ်ခုပြီးတစ်ခုရောက်ရှိလာနေသည့် နည်းပညာသစ်များကို မဖြစ်မနေအသုံးပြုရန်လည်း လိုအပ်လျက်ရှိရာ Digital Literacy ခေါ် မသိမဖြစ် သိအပ်ဖွယ်ရာ ဒစ်ဂျစ်တယ်နည်းပညာကို လူတိုင်းသိရန်၊ တတ်ရန် လိုအပ်လာသည်။ အကယ်၍ ဒစ်ဂျစ်တယ်ကိုမသိ၊ မတတ်၊ နားမလည်၊ မသုံးနိုင်ပါက အရေး၊ အဖတ်၊ အတွက် အသုံးလုံးမကြေ၊ စာမတတ်သူတစ်ဦးကဲ့သို့ပင် လူဖြစ်ရှုံးသည့်အခြေအနေသို့ ရောက်ရှိသွားမည်ဟုပင်ဆိုထားသည်။ သို့ဖြစ်ရာ စတုတ္ထစက်မှုတော်လှန်ရေးတွင် လူတစ်ဦးချင်းအနေဖြင့်ရော နိုင်ငံအနေဖြင့်ပါ နောက်ကျမကျန်ရစ်စေရန် အားထုတ်ကြိုးပမ်းကြဖို့လိုသည်။

မကြာမီ နွေကျောင်းပိတ်ရက်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အားလပ်ရက်ရှည်တွင် အချိန်ကို အကျိုးရှိစွာအသုံးချကုန်လွန်နိုင်ရေးအတွက် ပုံမှန်အတိုင်း နွေသင်တန်းများ ဖွင့်လှစ်ကြတော့မည်ဖြစ်သည်။ ပန်းချီ၊ ဂီတ အနုပညာသင်တန်းများ၊ နိုင်ငံခြားဘာသာစကား သင်တန်းများ၊ အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ စသည်ဖြင့် ကလေးသူငယ်များ၊ လူငယ်များအတွက် အသက်အရွယ်အလိုက် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားသည့်နည်းတူ Digital Literacy သင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခြေအနေပေးပါက မိမိတို့ဘာသာ လေ့လာသင်ယူကြခြင်းအားဖြင့် ဒစ်ဂျစ်တယ်သိနားလည်မှုမြင့်မားလာမည်ဖြစ်သည်။

ကျောင်းသားအရွယ် ကလေးသူငယ်၊ လူငယ်များသာမက ဒစ်ဂျစ်တယ်ခေတ်တွင် ရှင်သန်လှုပ်ရှားနေကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့သည်လည်း ကွန်ပျူတာ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာ၊ စမတ်ဖုန်း စသည့်နည်းပညာကိရိယာများကို ကိုင်တွယ်အသုံးပြုခြင်း၊ အင်တာနက်ပေါ်မှ အချက်အလက်များကို ရှာဖွေခြင်း၊ မှန်ကန်မှု၊ ယုံကြည်ရမှု ရှိမရှိ ဆန်းစစ်ခြင်း၊ e - Mail, Post, blog, video စသည်တို့ စနစ်တကျ ဖန်တီးဝေမျှ ခြင်း၊ မိမိကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်း စသည်တို့ကို မိမိတို့ဘာသာ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်ကြရေး ဒစ်ဂျစ်တယ်ကမ္ဘာတွင် ခေတ်နှင့်အညီ ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရပါမည့်အကြောင်း။ ။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာရေး နျူကလီးယားကဏ္ဍမြှင့်တင်ရေးဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတအနေဖြင့် ရုရှားနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ စက်တင်ဘာ ၂၅ ရက်ကကျင်းပသော ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်၏ “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးရာတွင် “မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ROSATOM နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အခြေခံအဆောက်အအုံများနှင့် အခြားကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကိုဆက်လက်အကူအညီပေးပါရန် အလေးအနက်ထားမေတ္တာရပ်ခံအပ်ပါကြောင်း” ပြောကြားခဲ့သည်။“အလားတူ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကူအညီပေးရန်လည်း အလေးအနက်မေတ္တာရပ်ခံအပ်ပါကြောင်း၊ ကမ္ဘာ့အဏုမြူသီတင်းပတ်ကို တက်ရောက်လာကြသည့် နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့်ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း” ယာယီသမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)သည် ပြည်တွင်းနျူကလီးယားစက်မှုလုပ်ငန်း၏ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာအသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန်ရည်ရွယ်ပြီး World Atomic Week Forum 2025 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ပြပွဲကျင်းပရေးစင်တာတွင် ကျင်းပခြင်းဖြစ်သည်။ World Atomic Week 2025 ဖိုရမ်တွင် နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံများမှခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်ပညာရှင်များ၊ ကုမ္ပဏီအကြီးအကဲများ၊ CIS၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များ၊ နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ သန့်ရှင်းသောစွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သောပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းမှတ်တိုင်သုံးခု၊ လုပ်ငန်းအဆင့်သုံးခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန်ရည်ရွယ်၍ ပြုလုပ်လျက်ရှိသော အစီအစဉ်များတွင် နျူကလီးယားနည်းပညာပိုင်ဆိုင်သည့် နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ယခင်ထက်ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။MOI

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတအနေဖြင့် ရုရှားနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ စက်တင်ဘာ ၂၅ ရက်ကကျင်းပသော ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်၏ “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးရာတွင် “မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ROSATOM နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အခြေခံအဆောက်အအုံများနှင့် အခြားကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကိုဆက်လက်အကူအညီပေးပါရန် အလေးအနက်ထားမေတ္တာရပ်ခံအပ်ပါကြောင်း” ပြောကြားခဲ့သည်။

“အလားတူ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကူအညီပေးရန်လည်း အလေးအနက်မေတ္တာရပ်ခံအပ်ပါကြောင်း၊ ကမ္ဘာ့အဏုမြူသီတင်းပတ်ကို တက်ရောက်လာကြသည့် နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့်ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း” ယာယီသမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)သည် ပြည်တွင်းနျူကလီးယားစက်မှုလုပ်ငန်း၏ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာအသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန်ရည်ရွယ်ပြီး World Atomic Week Forum 2025 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ပြပွဲကျင်းပရေးစင်တာတွင် ကျင်းပခြင်းဖြစ်သည်။ World Atomic Week 2025 ဖိုရမ်တွင် နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံများမှခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်ပညာရှင်များ၊ ကုမ္ပဏီအကြီးအကဲများ၊ CIS၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များ၊ နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ သန့်ရှင်းသောစွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သောပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းမှတ်တိုင်သုံးခု၊ လုပ်ငန်းအဆင့်သုံးခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန်ရည်ရွယ်၍ ပြုလုပ်လျက်ရှိသော အစီအစဉ်များတွင် နျူကလီးယားနည်းပညာပိုင်ဆိုင်သည့် နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ယခင်ထက်ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးပြုအဏုမြူစွမ်းအင်
အဏုမြူစွမ်းအင်ဟုဆိုသည်နှင့် မိမိတို့၏စိတ်အာရုံတွင် ပထမဆုံးပေါ်လာသည့် ပုံရိပ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့မှ ကြောက်မက်ဖွယ်အနိဋ္ဌာရုံများပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် စစ်အေးခေတ်လက်နက်ယှဉ်ပြိုင်မှုများတွင်လည်း အဏုမြူလက်နက် ဝါ နျူကလီးယားလက်နက်များက ကမ္ဘာကို ခြိမ်းခြောက်နေသည့် အဖျက်စွမ်းအားအကြီးမားဆုံးလက်နက်များအဖြစ် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။ ထို့အပြင် အဏုမြူမတော်တဆမှုများ၊ ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများစသည်တို့နှင့်ပတ်သက်၍လည်း မှန်ကန်စွာ သိနားလည်ခွင့်ရရှိခြင်းထက် အကြောက်တရားပိုစေသည့် သတင်းအချက်အလက်များနှင့် ဇာတ်လမ်းများကိုသာ အများဆုံးသိရှိခဲ့ကြရခြင်းဖြစ်သည်။အဏုမြူစွမ်းအင်၏အစသည် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏ အထူးနှိုင်းရသီအိုရီ (Special Relativity Theory) မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် အိုင်စတိုင်း တင်ပြခဲ့သည့် ၎င်းသီအိုရီအရ ဒြပ်ထုနှင့် စွမ်းအင်တို့မှာ အတူတူပင်ဖြစ်ပြီး ဒြပ်ထုကို ဖြိုခွဲလိုက်ပါက လွန်စွာပမာဏကြီးမားများပြား လှစွာသော စွမ်းအင်ရရှိနိုင်မည်ဟူ၍ဖြစ်သည်။ ယင်းကို သင်္ချာပုံစံဖြင့် ဖော်ပြထားသည့် E = mc2 ဟူသော ညီမျှခြင်းကလေးမှာလည်း ကမ္ဘာကျော်ခဲ့သည်။ အဆိုပါညီမျှခြင်းတွင် E သည် စွမ်းအင်ကိုလည်းကောင်း၊ m သည် ဒြပ်ထုကိုလည်းကောင်း၊ c သည် အလင်း၏ အလျင်ကိုလည်းကောင်း ကိုယ်စားပြုခြင်းဖြစ်ပြီး ၎င်း၏သီအိုရီကို အသုံးပြုကာ ကမ္ဘာဖျက်လက်နက်များ ပေါ်လာနိုင်သည်ကို ကြိုတင်သိမြင်သည့် အိုင်စတိုင်းက အဏုမြူလက်နက်များ အကောင်အထည်ဖော်ရန် အမေရိကန်ကို တိုက်တွန်းခြင်းဖြင့် ဒုတိယကမ္ဘာစစ်တွင် လက်ဦးမှုရယူစေခဲ့သည်။ဤသို့လျှင် အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာသည် ကမ္ဘာစစ်ကြီးနှစ်ခုကြားကာလတွင် ပေါ်ပေါက်လာရခြင်းဖြစ်သည့်အားလျော်စွာ အခြေအနေအချိန်အခါအရ စစ်လက်နက်အဖြစ် ပွဲဦးထွက်ခဲ့ရသော်လည်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် နယ်ပယ်ကဏ္ဍများစွာရှိနေပြီး မျက်မှောက်ခေတ်တွင် လက်တွေ့သုံးစွဲလျက်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအပါအဝင် ကဏ္ဍအများအပြားတို့တွင် အကျိုးရှိစွာ အသုံးပြုနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) တို့အကြား နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် နျူကလီးယားနည်းပညာအသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။“နျူကလီးယားစွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သောလျှပ်စစ် ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် - ၂၀၂၅” ၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။မိမိတို့နိုင်ငံတွင် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန် နှစ်ပေါင်းများစွာကပင် ကြိုးပမ်းခဲ့ရာ ယခုအခါ မိတ်ဆွေ နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံ၏အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုဖြင့် တိုးတက်မှုများသိသာစွာ ရရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံကို ပညာဖြင့်တည်ဆောက်၊ ပညာဖြင့် မြှင့်တင်ကြရခြင်းဖြစ်ရာ နည်းပညာနယ်ပယ်များတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် မိမိတို့အားလုံး ကျရာကဏ္ဍအသီးသီးမှ ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။MOI

အဏုမြူစွမ်းအင်ဟုဆိုသည်နှင့် မိမိတို့၏စိတ်အာရုံတွင် ပထမဆုံးပေါ်လာသည့် ပုံရိပ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့မှ ကြောက်မက်ဖွယ်အနိဋ္ဌာရုံများပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် စစ်အေးခေတ်လက်နက်ယှဉ်ပြိုင်မှုများတွင်လည်း အဏုမြူလက်နက် ဝါ နျူကလီးယားလက်နက်များက ကမ္ဘာကို ခြိမ်းခြောက်နေသည့် အဖျက်စွမ်းအားအကြီးမားဆုံးလက်နက်များအဖြစ် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။ ထို့အပြင် အဏုမြူမတော်တဆမှုများ၊ ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများစသည်တို့နှင့်ပတ်သက်၍လည်း မှန်ကန်စွာ သိနားလည်ခွင့်ရရှိခြင်းထက် အကြောက်တရားပိုစေသည့် သတင်းအချက်အလက်များနှင့် ဇာတ်လမ်းများကိုသာ အများဆုံးသိရှိခဲ့ကြရခြင်းဖြစ်သည်။

အဏုမြူစွမ်းအင်၏အစသည် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏ အထူးနှိုင်းရသီအိုရီ (Special Relativity Theory) မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် အိုင်စတိုင်း တင်ပြခဲ့သည့် ၎င်းသီအိုရီအရ ဒြပ်ထုနှင့် စွမ်းအင်တို့မှာ အတူတူပင်ဖြစ်ပြီး ဒြပ်ထုကို ဖြိုခွဲလိုက်ပါက လွန်စွာပမာဏကြီးမားများပြား လှစွာသော စွမ်းအင်ရရှိနိုင်မည်ဟူ၍ဖြစ်သည်။ ယင်းကို သင်္ချာပုံစံဖြင့် ဖော်ပြထားသည့် E = mc2 ဟူသော ညီမျှခြင်းကလေးမှာလည်း ကမ္ဘာကျော်ခဲ့သည်။ အဆိုပါညီမျှခြင်းတွင် E သည် စွမ်းအင်ကိုလည်းကောင်း၊ m သည် ဒြပ်ထုကိုလည်းကောင်း၊ c သည် အလင်း၏ အလျင်ကိုလည်းကောင်း ကိုယ်စားပြုခြင်းဖြစ်ပြီး ၎င်း၏သီအိုရီကို အသုံးပြုကာ ကမ္ဘာဖျက်လက်နက်များ ပေါ်လာနိုင်သည်ကို ကြိုတင်သိမြင်သည့် အိုင်စတိုင်းက အဏုမြူလက်နက်များ အကောင်အထည်ဖော်ရန် အမေရိကန်ကို တိုက်တွန်းခြင်းဖြင့် ဒုတိယကမ္ဘာစစ်တွင် လက်ဦးမှုရယူစေခဲ့သည်။

ဤသို့လျှင် အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာသည် ကမ္ဘာစစ်ကြီးနှစ်ခုကြားကာလတွင် ပေါ်ပေါက်လာရခြင်းဖြစ်သည့်အားလျော်စွာ အခြေအနေအချိန်အခါအရ စစ်လက်နက်အဖြစ် ပွဲဦးထွက်ခဲ့ရသော်လည်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် နယ်ပယ်ကဏ္ဍများစွာရှိနေပြီး မျက်မှောက်ခေတ်တွင် လက်တွေ့သုံးစွဲလျက်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအပါအဝင် ကဏ္ဍအများအပြားတို့တွင် အကျိုးရှိစွာ အသုံးပြုနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) တို့အကြား နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် နျူကလီးယားနည်းပညာအသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

“နျူကလီးယားစွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သောလျှပ်စစ် ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် - ၂၀၂၅” ၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန် နှစ်ပေါင်းများစွာကပင် ကြိုးပမ်းခဲ့ရာ ယခုအခါ မိတ်ဆွေ နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံ၏အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုဖြင့် တိုးတက်မှုများသိသာစွာ ရရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံကို ပညာဖြင့်တည်ဆောက်၊ ပညာဖြင့် မြှင့်တင်ကြရခြင်းဖြစ်ရာ နည်းပညာနယ်ပယ်များတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် မိမိတို့အားလုံး ကျရာကဏ္ဍအသီးသီးမှ ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။