မေ ၂၅
ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုဝင်ငွေသည် ယခုနှစ် ပထမငါးလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇ ဘီလီယံကျော်လွန်ခဲ့ပြီး ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
တရုတ်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု အများဆုံးနိုင်ငံများအဖြစ် ဆက်လက်တည်ရှိလျက် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယ်သာလန်၊ ဂျာမနီနှင့် မလေးရှားနိုင်ငံတို့အပါအဝင် ဈေးကွက်များသို့ တင်ပို့မှုများတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရှေ့လများတွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
MDN

ဗန်ကောက် မေ ၂၅
ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုနှုန်းမှာ ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။
အီရန်စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ပို့ကုန်လုပ်ငန်းများ ထိခိုက်ပျက်စီးမှုနှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၏ ယခုနှစ် ဧပြီလ ကားထုတ်လုပ်မှုနှုန်းမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကား ၁၀၃၇၉၄ စီးသာ ထုတ်လုပ်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံ၏ ယခုနှစ်မတ်လ ကားထုတ်လုပ်မှုနှုန်းသည် ယမန်နှစ် မတ်လကထက် ၂ ဒသမ ၆၉ ရာခိုင်နှုန်းပိုမြင့်မားခဲ့သည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးကားထုတ်လုပ်မှုဗဟိုချက်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ တိုယိုတာ၊ ဟွန်ဒါ၊ ဘီဝိုင်ဒီ၊ ဂရိတ်ဝေါလ်ကဲ့သို့ ထိပ်တန်းကားထုတ်လုပ်မှုကုမ္ပဏီကြီးများက ထုတ်လုပ်ရေးစက်ရုံများ ဖွင့်လှစ်ထားကြကြောင်း သိရသည်။
ရတနာပုံ

အဒစ္စအဘာဘာ မေ ၂၄
အီသီယိုးပီးယားလေကြောင်းလိုင်းသည် အာဖရိကအတွင်း ထိပ်တန်းလေကြောင်းလိုင်းအဖြစ် ကြီးထွားလာခဲ့ပြီး လွန်ခဲ့သည့်ရှစ်နှစ်အတွင်း ခရီးသည်အရေအတွက် ၈၀ ရာခိုင်နှုန်းတိုးလာကြောင်း အမှုဆောင်အရာရှိချုပ် မက်စ်ဖင် တက်စ်ဆော်က မေ ၂၂ ရက်တွင် ပြောကြားသည်။
အမျိုးသားလေကြောင်းလိုင်းသည် ယခုအခါ ခေတ်မီလေယာဉ် ၁၄၇ စင်းရှိ၍ တိုက်ကြီးငါးခုကို ပြေးဆွဲလျက်ရှိပြီး နိုင်ငံတကာခရီးစဉ် ၁၄၅ ခုကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နိုင်ငံ၏မြို့တော် အဒစ္စ အဘာဘာ၌ လေကြောင်းလိုင်း၏ နှစ်(၈၀)မြောက် နှစ်ပတ်လည် တစ်လကြာအခမ်းအနား၏ ပိတ်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားသည်။
လွန်ခဲ့သည့်ရှစ်နှစ်အတွင်း ခရီးသည်အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအထိ များပြားလာခဲ့ပြီး ကုန်တင်ဝန်ဆောင်မှုများမှာ ၉၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ နှစ်စဉ်ဝင်ငွေမှာ ၁၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး အကျိုးအမြတ်မှာ သုံးဆတိုးပွားလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဆက်လက်၍ အဆိုပါလေကြောင်းလိုင်းသည် ယခုအခါ နှစ်စဉ်ခရီးသည် သန်း ၂၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အီသီယိုးပီးယားနိုင်ငံ အဒစ္စအဘာဘာ ဘိုလီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝန်ဆောင်မှုပေးနိုင်သည့်ပမာဏမှာ လွန်ခဲ့သည့်ရှစ်နှစ်က ကိုးသန်းမှ ၂၅ သန်း အထိတိုးလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၃၄ ခုနှစ်တွင် လေကြောင်းလိုင်းသည် ခေတ်မီလေယာဉ်သစ် ၁၁၇ စင်း ထပ်တိုးရန်စီစဉ်ထားပြီး နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်လာရန်စီစဉ်လျက်ရှိကြောင်း အီသီယိုး ပီးယားလေကြောင်းလိုင်းစီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ရီလ်မာ မာဒါဆာက ပြောကြား သည်။
ဆင်ဟွာ

ဘန်ကောက် မေ ၂၁
ထိုင်းနိုင်ငံသည် ယခုနှစ် မေလ ၁၆ ရက်အထိ အနီးဝန်းကျင်ဒေသများမှ အချိန်တိုခရီးစဉ်ဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ၈ ဒသမ ၂၄ သန်း ကို ကြိုဆိုလက်ခံခဲ့ပြီး တရုတ်ခရီးသွားအများဆုံးဖြင့် ဦးဆောင်လျက်ရှိသည်။
နိုင်ငံခြားခရီးသွား ပြန်လည်ဝင်ရောက်မှုတွင် အရှေ့အာရှက ၃ ဒသမ ၇၃ သန်း၊ ဒေသတွင်းနိုင်ငံများ၊ တောင်အာရှနှင့် တောင်ပစိဖိတ်နိုင်ငံများက ၄ ဒသမ ၅ သန်းဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဖော်ပြထားသည်။
ယခုကဲ့သို့ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုတိုးတက်လာခြင်းသည် အရည်အသွေးမြင့်ခရီးသွား လုပ်ငန်းများနှင့် အထူးစိတ်ဝင်စားမှုရှိသည့် ခရီးသွားအုပ်စုများကို ရည်ရွယ်သည့်စည်းရုံးရေး အစီအစဉ်များကြောင့်ဟု ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ ထို့ပြင် ထိုင်းနွေရာသီခရီးသွားမြှင့်တင်ရေး အစီအစဉ်ဖြစ်သည့် Thailand Summer Blast အစီအစဉ်ကလည်း စင်းလုံးငှားလေယာဉ်များနှင့် အွန်လိုင်းကြော်ငြာများမှတစ်ဆင့် လေကြောင်းခရီးစဉ်များ ပိုမိုချိတ်ဆက်နိုင်ရန် ကူညီပေးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
တတိယသုံးလပတ်ကာလကို ကြည့်မည်ဆိုပါက ဒေသတွင်း နိုင်ငံများတွင် မေလမှ ဩဂုတ်လအထိ ကျောင်းပိတ်ရက်ရာသီများနှင့် နွေရာသီအားလပ်ရက်များကြောင့် ထိုင်းနိုင်ငံသို့ အချိန်တိုခရီးစဉ်ဖြင့် လာရောက်လည်ပတ်မည့် နိုင်ငံတကာခရီးသွား ဝင်ရောက်မှုမှာ ဆက်လက်တည်ငြိမ်မှုရှိမည် သို့မဟုတ် အနည်းငယ်တိုးတက်လာမည်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
လေယာဉ်လက်မှတ်ဈေးနှုန်းကြီးမြင့်မှုများက ခရီးသွားများကို ပိုမိုတိုတောင်းသည့် ဒေသတွင်း ခရီးစဉ်များကို သွားလာစေရန် တွန်းအားတစ်ခုဖြစ်စေခဲ့သည်ဟု ပတ်ထရာနွန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဝယ်လ်လင်တန် မေ ၂၁
နယူးဇီလန်နိုင်ငံသည် ဧပြီလအတွင်း နိုင်ငံခြားကုန်တင်ပို့မှု စုစုပေါင်းမှာ နယူးဇီလန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံရှိရာ ယမန်နှစ် ကထက် ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ အဓိကတင်ပို့သည့် ပစ္စည်းများမှာ အသား၊ နို့ထွက်ပစ္စည်း၊ ရွှေနှင့် ရေနံစိမ်းတို့ဖြစ်ကြောင်း တရားဝင် အချက်အလက် အေဂျင်စီက မေ ၂၁ ရက်တွင် ဖော်ပြထားသည်။
နယူးဇီလန်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း နယူးဇီလန် ဒေါ်လာ ၉၄၃ သန်းအထိ တိုးလာကြောင်း တရားဝင်အချက်အလက် အေဂျင်စီဖြစ်သည့် Stats NZ က ပြောကြားသည်။
အမဲသားနှင့် သိုးသားတို့၏ အဓိကတင်ပို့မှုကြောင့် အသားတင်ပို့မှုမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နယူးဇီလန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိရာ ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းဌာနက ပြောကြားသည်။
အလားတူ နို့မုန့်၊ ထောပတ်နှင့် ဒိန်ခဲအပါအဝင် နို့ထွက်ပစ္စည်း တင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၃ ဘီလံယံရှိရာ ၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရွှေတင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၂၆၂ သန်း ရှိရာ ၁၄၅ ရာခိုင်နှုန်းတိုးလာပြီး ရေနံစိမ်းတင်ပို့မှုမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နယူးဇီလန်ဒေါ်လာ ၁၅၁ သန်းရှိရာ ယမန်နှစ်ကထက် ၃၈၈ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

မေ ၂၂
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံတကာခရီးသွား ၁ ဒသမ ၀၁ သန်း ဝင်ရောက်မှုရှိရာ ယမန်နှစ်အလားတူကာလကထက် ၄၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီမှ မတ်လအတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှခရီးသွားများ အများဆုံးဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ခရီးသွားဝင်ရောက်မှုသည် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနည်းပညာနှင့် သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး သွန် မန်ဒေးဗစ်က နိုင်ငံတကာခရီးသွားများဝင်ရောက်မှု ကျဆင်းခြင်းသည် ဒေသတွင်းစီးပွားရေး နှေးကွေးမှုနှင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခ၏ သက်ရောက်မှုများကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ တင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအပြင် နိုင်ငံ၏စီးပွားရေးကို ပံ့ပိုးပေးသည့် အဓိကအချက်လေးချက်အနက် တစ်ခုဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၅ ဒသမ ၅၇ သန်း ဝင်ရောက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ရီယိုဒီဂျနေးယိုး မေ ၂၂
ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် ဘရာဇီးနိုင်ငံသည် ရာသီဥတု ကောင်းမွန်ခြင်းနှင့် စိုက်ပျိုးဧရိယာတိုးချဲ့ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစံချိန်တင်ရန် ခန့်မှန်းထားကြောင်း နိုင်ငံပိုင်အမျိုးသားထောက်ပံ့ရေးကုမ္ပဏီ(CONAB) က မေ ၂၁ ရက်တွင် ပြောကြားသည်။
လက်ရှိရာသီစက်ဝန်းတွင် ဘရာဇီးနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်အိတ် ၆၆ ဒသမ ၇ သန်း ရရှိနိုင်ကာ ယခင်ကော်ဖီရိတ်သိမ်းသည့် ကာလကထက် ၁၈ ရာခိုင်နှုန်းတိုးလာပြီး အမြင့်ဆုံး ပမာဏအဖြစ် စံချိန်တင်ကြောင်း သိရသည်။
ကမ္ဘာ့ထိပ်တန်း ကော်ဖီပေးသွင်းသူအဖြစ် တည်ရှိနေဆဲဖြစ်သည့် ဘရာဇီးနိုင်ငံသည် စိုက်ပျိုးရေး ဆိုင်ရာ ကုန်ထုတ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံတကာဈေးကွက်အတွင်း ဘရာဇီးနိုင်ငံ၏ ခိုင်မာသည့် အနေအထားကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်လာခြင်း ဖြစ်ကြောင်း သိရသည်။

မေ ၂၁
တောင်ကိုရီးယားနိုင်ငံ၌ ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် မေလ ပထမ ၂၀ ရက်အတွင်း ပို့ကုန်များ ဂဏန်းနှစ်လုံး မြင့်တက်လာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
ကိုရီးယား အကောက်ခွန်ဌာန၏ ပြောကြားချက်အရ မေလ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပတင်ပို့မှုသည် ယခင်နှစ်ကထက် ၆၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆၅ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။
၂၀ ရက်တာကာလအတွင်း နေ့စဉ်ပျမ်းမျှ ပို့ကုန် ၅၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ရှိခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ပို့ကုန်မှာ ၂၀၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉၅ ဘီလီယံ ရှိခဲ့သော်လည်း မော်တော်ကား တင်ပို့မှုမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများကြောင့် ရေနံစိမ်းဈေးတက်ကာ ရေနံထွက်ကုန် ပို့ကုန်မှာ ၄၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
မေလ ပထမ ၂၀ ရက်အတွင်း တင်သွင်းမှုများသည် ယခင်နှစ်ကထက် ၂၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေါ်လာ ၄၁ ဒသမ ၆၂ ဘီလီယံ ရှိကာ ကုန်သွယ်မှုပိုငွေသည် ဒေါ်လာ ၁၁ ဒသမ ၀၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများအတွက် တင်သွင်းမှုများသည် ဂဏန်းသုံးလုံး မြင့်တက်လာခဲ့ပြီး ရေနံစိမ်း၊ ချစ်ပ်များ၊ စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ ကားများ၊ ကျောက်မီးသွေးနှင့် မိုဘိုင်းစက်ပစ္စည်းများအတွက် တင်သွင်းမှုများသည် ဖော်ပြထားသော ကာလအတွင်း ဂဏန်းနှစ်လုံး တိုးလာခဲ့သည်ဟု သိရသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း အနှောင့်အယှက်များကြောင့် ထိခိုက်မှုများနှင့်ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို ပိုမိုရောင်းချရန် ကြိုးပမ်းလျက်ရှိသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်တင်သွင်းမှုကဏ္ဍတွင် အရင်းအမြစ်များကို ပုံစံမျိုးစုံ ခွဲခြားတင်သွင်းခြင်းအပေါ် လိုလိုလားလား ရှိနေကြောင်း၊ ယင်းမှာ အမေရိကန်စွမ်းအင်များကို ပိုမိုဝယ်ယူခြင်းကိုဆိုလိုကြောင်းအမေရိကန် သံအမတ်ကြီး ဆာဂျီယို ဂေါရ် (Sergio Gor) က Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ "လူတွေဟာ အမေရိကန်ဆီကနေ ဝယ်ယူဖို့ တော်တော်လေး လိုလိုလားလားရှိကြပြီး ဒါကိုလည်း ကျွန်တော်တို့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်" ဟု ဂေါရ်က ပြောကြားခဲ့ကြောင်း Bloomberg တွင် ဖော်ပြထားသည်။
သံအမတ်ကြီး ဂေါရ်၏ မှတ်ချက်စကားများသည် လာမည့် သီတင်းပတ်အတွင်း နယူးဒေလီမြို့သို့ သွားရောက်ရန်ရှိသည့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်ကတည်းက အိန္ဒိယ၏ အကြီးမားဆုံး စွမ်းအင်ပံ့ပိုးသူ ဖြစ်လာခဲ့သည့် ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းမှုများကို ရပ်တန့်ရန် အမေရိကန်က အိန္ဒိယအပေါ် ကာလရှည်ကြာ ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။
ယခုနှစ်အစောပိုင်းက ထရမ့်အစိုးရသည် ရုရှားနှင့်ကုန်သွယ်မှု ပြုလုပ်ခြင်းကို အကြောင်းပြ၍ အပြစ်ပေးသည့်အနေဖြင့် အိန္ဒိယကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ထရမ့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီတို့ ကြေညာခဲ့သည့် သဘောတူညီချက်တစ်ခု ၏ အစိတ်အပိုင်းအဖြစ် အဆိုပါအခွန်တိုးမြှင့်မှုများကို နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကနဦး ကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယက ရုရှားရေနံဝယ်ယူမှုများကိုရပ်တန့်ရန် အလဲအလှယ်ပြုလုပ်သည့် အနေဖြင့် အမေရိကန်က အိန္ဒိယကုန်စည်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် မိမိတို့၏ စီးပွားရေးကို ကာကွယ်ရန်အတွက် ရနိုင်သမျှသော အရင်းအမြစ်အားလုံးမှ စွမ်းအင်များကို ဆက်လက် ဝယ်ယူသွားမည်ဟု ပြတ်ပြတ်သားသား ပြောဆိုထားပြီး ရုရှားရေနံတင်သွင်းမှုကိုရပ်တန့်မည်ဟု လူသိရှင်ကြား တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်မက်ပြုမှုများကြောင့် ဟော်မုဇ်ရေလက်ကြားတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေစဉ်အတွင်း စွမ်းအင်တင်သွင်းမှုကို အာမခံချက်ရှိစေရေး လုပ်ဆောင်ရန် အိန္ဒိယ အစိုးရသည် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ပဋိပက္ခနှင့်ဆက်နွှယ်ပြီး ရေနံစျေးနှုန်းများ ထိုးတက်လာခြင်းမှ မိမိတို့၏ နိုင်ငံခြားအရန်ငွေကို ကာကွယ်ရန်အတွက် နယူးဒေလီအစိုးရသည် စက်သုံးဆီစျေးနှုန်း မြှင့်တင်ခြင်းနှင့် မရှိမဖြစ်မဟုတ်သောအသုံးစရိတ်များကို ကန့်သတ်ခြင်းအပါအဝင် အစီအမံများစွာကို စဉ်းစားလုပ်ဆောင်လျက်ရှိသည်။
စစ်ပွဲကြောင့် အိန္ဒိယအပေါ်သက်ရောက်လာသည့် ဖိအားများနှင့်ပတ်သက်သော မေးခွန်းတစ်ခုကို တုံ့ပြန်ရာတွင် ဂေါရ်က အဆိုပါရေလက်ကြားကို ပိတ်ပစ်ခဲ့သည့်အတွက် အီရန်တွင်သာ တာဝန်ရှိကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ "ဒါဟာ အမေရိကန်ရဲ့ အပြစ်မဟုတ်ပါဘူး" ဟု ၎င်းက Bloomberg သို့ ပြောကြားခဲ့ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယကို ရုရှားရေနံဝယ်ယူခွင့် ပေးထားကြောင်း၊သို့မဟုတ်ပါက အဆိုပါဝယ်ယူမှုများသည် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံဝယ်ယူသူဖြစ်သည့် အိန္ဒိယ နိုင်ငံသည် ၎င်း၏ ရေနံလိုအပ်ချက် ၈၅ ရာခိုင်နှုန်းခန့်အတွက် တင်သွင်းမှုအပေါ် မှီခိုနေ ရသဖြင့် စွမ်းအင်စျေးနှုန်း မြင့်တက်လာမှုများနှင့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားရနိုင်ခြေ ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ပေကျင်း မေ ၂၁
တရုတ်နိုင်ငံက ၎င်း၏ လေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အပေါ် အခြေခံ၍ ဘိုးရင်းလေယာဉ် အစင်း ၂၀၀ ကို လုပ်ငန်းစည်းမျဉ်းများနှင့်အညီ ဝယ်ယူမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်က တရုတ်နိုင်ငံကို လုံလောက်သော အင်ဂျင်နှင့် အပိုပစ္စည်းများ ထောက်ပံ့ပေးရန် အာမခံမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မကြာသေးမီက ကျင်းပခဲ့သော တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်၏ ပဏာမရလဒ်များကို ကိုးကားပြီး ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်