နေပြည်တော် ဧပြီ ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်၊၊
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ နန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအတွက် အကျိုးရှိမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့သည့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
moi

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံလူငယ်များအကြား ထိတွေ့ဆက်ဆံမှုမြင့်မားလာစေရေးအတွက် နှီးနှောဖလှယ်ပွဲများနှင့် လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၈/၂၀၂၆)
https://www.moi.gov.mm/news/81699

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၇/၂၀၂၆)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၇/၂၀၂၆)
နေပြည်တော် ဧပြီ ၁၀
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အထူးဧည့်သည်တော်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ၊ ဘယ်လာရုစ်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-ool ၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita Cham Prasidh ၊ ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukara တို့အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံတမန်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဥပဒေနှင့်အညီ ဖွဲ့စည်းရွေးချယ်တင်မြှောက်ခြင်းနှင့် သဘောတူညီချက်ရယူခြင်းကိစ္စရပ်များ၊ ယင်းကိစ္စရပ်များအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတထံမှပေးပို့သည့် အကြောင်းပြန်ကြားစာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ကြေညာချက်အမှတ် (၃/၂၀၂၆) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စုဝန်ကြီးများအား ဝန်ကြီးဌာနအလိုက် တာဝန်ချထားမှုအမိန့်များကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို လွှတ်တော်၏ သဘောထားရယူပြီး မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ ဖွဲ့စည်းပေါ်ပေါက် လာသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ လုပ်ငန်းများသည် ယနေ့တွင် ပြီးဆုံးပြီဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယနေ့ကျင်းပပြီးစီးသည့် လွှတ်တော်အစည်းအဝေးများကတစ်ဆင့် အတွေ့အကြုံများရရှိပြီး ပြည်သူ့အကျိုးကို မျှော်ကိုး ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြ ဆွေးနွေးအတည်ပြုကြသည့် ဥပဒေကြမ်းများကို ဥပဒေတစ်ခုဖြစ်လာရန် အပြီးသတ်အတည်ပြုပေးသည့် လွှတ်တော်ကြီးဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ အရ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြုရေး အာဏာရှိပြီး ပုဒ်မ ၉၆ အရ ဇယား (၁) တွင် ပါရှိသည့် ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိခြင်းကြောင့် ဇယား (၁) တွင်ပါရှိသည့် ကဏ္ဍရပ်၊ ကိစ္စရပ်များကို ထဲထဲဝင်ဝင်လေ့လာထားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းရေးဆွဲရေးဆိုင်ရာ သဘောလက္ခဏာများ၊ ဥပဒေရေးထုံးများကိုလည်း လေ့လာထားကြရန်လိုအပ်ပါကြောင်း၊ ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပေးခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်း၊ တရားရေးရာအဖွဲ့အစည်းများ ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားများစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးတွဲဆောင်ရွက်ကြသည့် လွှတ်တော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် လက်တွဲညီညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်ဆိုသည့် ပြဋ္ဌာန်းချက်အရ အချင်းချင်း အပြန်အလှန်ထိန်းကျောင်း သည်ဆိုရာတွင်လည်း ကဏ္ဍရပ်တစ်ခုကို အခြားကဏ္ဍရပ်တစ်ခုက ထိပါးရန်မဟုတ်ဘဲ ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှုရှိရေး အပြုသဘောအမြင်များနှင့် ဆောင်ရွက်သွားကြရန်သာ ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မိမိတို့အရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လိုရာခရီးကို ဘေးမသီရန်မခ၊ ခလုတ်မထိ ဆူးမငြိဘဲ ရောက်ရှိကြပါစေ။ မိမိတို့ကို တင်မြှောက်လိုက်သည့် ပြည်သူများ၏ ဘဝကိုအနီးကပ်လေ့လာပြီး ပြည်သူ့အကျိုးကို သယ်ပိုး စောင့်ရှောက်နိုင်ကြပါစေ ဟု ပြောကြားရင်း နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ပြီးဆုံးကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့ အသိပေးကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ကျင်းပရာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ အထူးဧည့်သည်တော်များ၊ သံတမန်များ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှအစိုးရများ၏အဆင့်မြင့် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် သံအမတ်ကြီးများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်သမ္မတအသစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ၎င်းတို့အား စေလွှတ်သည့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် လွတ်လပ်ပြီး တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို လေးစားလိုက်နာပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ရုရှားဒူးမား (အောက်လွှတ်တော်) ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita CHAM Prasidh၊ နီကာရာဂွါ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Ludwing Jaentschke Whitaker၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh၊ လာအို ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း H.E. Mr. Alounkeo KITI-KHOUN၊ ဂျပန်-မြန်မာအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yusuke WATANAB တို့ အပါအဝင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ဂျပန်၊ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘရာဇီး၊ နီကာရာဂွါ၊ ယူအေအီး၊ ဟိုလီဆီး စသည့်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညစာစားပွဲ တည်ခင်းဧည့်ခံ နေစဉ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက မြန်မာ့ရိုးရာတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၆/၂၀၂၆)

နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မစ္စတာ ရယ်ဂန်းနီး ဂရီဂေါရက်ဖ်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။
စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ
အဆွေတော်
မစ္စတာ မင်းအောင်လှိုင်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် စိန့်ပီတာစဘတ်အစိုးရအဖွဲ့နှင့် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။
ဉာဏ်အမြော်အမြင်ကြီးမားသည့် နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ဦးအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် သိသာထင်ရှားသော ကောင်းကျိုးပြုမှုများကို ဆောင်ရွက်ခဲ့ပါသည်။
ယခု ရွေးကောက်တင်မြှောက်ခံရမှုသည် အဆွေတော်၏ အောင်မြင်မှုများအပေါ် ယုံကြည်အားထားမှုနှင့် လေးစားမှုကို ထင်ရှားစေလျက်ရှိပါသည်။ မြန်မာပြည်သူများအကျိုးကို တာဝန်ယူဆောင်ရွက်ခဲ့သည့်နှစ်များအတွင်း ထူးချွန်ပြောင်မြောက်သည့် ကျွမ်းကျင်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်မှုတို့ကို ပြသခဲ့ပါသည်။
ရုရှားနိုင်ငံနှင့်အဆွေတော်၏ သာယာလှပသောနိုင်ငံတို့အကြား တည်ရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို စိန့်ပီတာစဘတ်အနေဖြင့် ဂုဏ်ယူလျက်ရှိပါသည်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် အဆွေတော်၏ အာရုံစိုက်ကြိုးပမ်းဆောင်ရွက်မှုကို မိမိတို့အလွန်တန်ဖိုးထားပါသည်။ နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကိုရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်နှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် တူညီဆန္ဒမှာ အနာဂတ်အောင်မြင်မှုများအတွက် အာမခံတစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
အဆွေတော် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ရယ်ဂန်းနီး ဂရီဂေါရက်ဖ်
MOI