ကဏ္ဍများ

အီရန်စစ်ပွဲသုံးပတ်အတွင်း ပြီးဆုံးမည်ဟု ထရမ့်ပြော
အီရန်စစ်ပွဲသည် သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်အတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်မလိုကြောင်း ၎င်းက ပြောသည်။အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi)က အမေရိကန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သတင်းစကားများ အပြန်အလှန်ဖလှယ်မှုများရှိနေသော်လည်း မည်သည့်ညှိနှိုင်း ဆွေးနွေးမှု မျိုးမျှ ပြုလုပ်နေခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာ ခြင်းဖြစ်သည်။ယခင်က အီရန်သည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရန် တောင်းပန်နေသည်ဟု ထရမ့်က ပြောကြားခဲ့ဖူးသော်လည်း မတ်လ ၃၁ ရက်တွင်မူ ၎င်း၏ လေသံကို ပြောင်းလဲခဲ့သည်။ပဋိပက္ခများကို ရပ်တန့်ရန်အတွက် အမေရိကန်အနေဖြင့် အောင်မြင်သော သံတမန်ရေးရာ ရလဒ်တစ်ခုရှိရန် လိုအပ် မလိုအပ် သတင်းထောက်များက အိမ်ဖြူတော်တွင် မေးမြန်းရာ ထရမ့်က “ အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု လုပ်စရာမလိုပါဘူး၊ မလိုအပ်ပါဘူး။ မကြာခင် အချိန်မှာပဲ... ဖြစ်နိုင်ရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်းမှာပဲ အမေရိကန်က တိုက်ခိုက်မှုတွေ အဆုံးသတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။“သူတို့ ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလို့ ကျွန်တော်တို့ ယူဆနိုင်မယ့်အချိန်၊ သူတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်း မရှိတော့မယ့် အချိန်မျိုးကျရင် ကျွန်တော်တို့ တိုက်ခိုက်မှုတွေကို အဆုံးသတ် သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။အီရန်နိုင်ငံကမူ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းသော ရည်ရွယ်ချက် အတွက်သာဖြစ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ရန် မည်သည့်အခါကမျှ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း အစဉ်တစိုက် တုန့်ပြန်ပြောဆိုထားသည်။လက်ရှိတွင် ဒေသတွင်း ကူးစက်ပျံ့နှံ့နေပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခ အတွင်းမှ ထရမ့် အနေဖြင့် အလွယ်တကူ ခေါင်းရှောင်ပြီး ထွက်ခွာသွားရန် မလွယ်ကူကြောင်း ကွင်စီ အင်စတီကျု (Quincy Institute)မှ အီရန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ထရီတာ ပါစီ (Trita Parsi) က ပြောကြားခဲ့သည်။ထို့ပြင်ထရမ့်သည် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အတွင်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ရရှိရေးအတွက် စစ်ရေးအရ ကူညီပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြသည့် မဟာမိတ်နိုင်ငံများအား ပြစ်တင်ဝေဖန်ခဲ့သည်။“ခင်ဗျားတို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်လိုတိုက်ပွဲ ဝင်ရမလဲဆိုတာကို စတင်သင်ယူရတော့မယ်။ ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာ မရှိခဲ့သလိုမျိုးပဲ၊ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ နောက်ထပ် ရှိနေတော့မှာ မဟုတ်ဘူး။ အီရန်ကတော့ အခြေခံအားဖြင့် ပျက်စီးသွားပါပြီ။ ခက်ခဲတဲ့အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ်ပဲ ရေနံတွေကို ရှာကြပေတော့” ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ကိုးကား - CNI International News

အီရန်စစ်ပွဲသည် သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်အတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်မလိုကြောင်း ၎င်းက ပြောသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi)က အမေရိကန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သတင်းစကားများ အပြန်အလှန်ဖလှယ်မှုများရှိနေသော်လည်း မည်သည့်ညှိနှိုင်း ဆွေးနွေးမှု မျိုးမျှ ပြုလုပ်နေခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယခင်က အီရန်သည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရန် တောင်းပန်နေသည်ဟု ထရမ့်က ပြောကြားခဲ့ဖူးသော်လည်း မတ်လ ၃၁ ရက်တွင်မူ ၎င်း၏ လေသံကို ပြောင်းလဲခဲ့သည်။

ပဋိပက္ခများကို ရပ်တန့်ရန်အတွက် အမေရိကန်အနေဖြင့် အောင်မြင်သော သံတမန်ရေးရာ ရလဒ်တစ်ခုရှိရန် လိုအပ် မလိုအပ် သတင်းထောက်များက အိမ်ဖြူတော်တွင် မေးမြန်းရာ ထရမ့်က အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု လုပ်စရာမလိုပါဘူး၊ မလိုအပ်ပါဘူး။ မကြာခင် အချိန်မှာပဲ... ဖြစ်နိုင်ရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်းမှာပဲ အမေရိကန်က တိုက်ခိုက်မှုတွေ အဆုံးသတ်သွားမှာပါဟု ပြောကြားခဲ့သည်။

သူတို့ ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလို့ ကျွန်တော်တို့ ယူဆနိုင်မယ့်အချိန်၊ သူတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်း မရှိတော့မယ့် အချိန်မျိုးကျရင် ကျွန်တော်တို့ တိုက်ခိုက်မှုတွေကို အဆုံးသတ် သွားမှာပါဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်နိုင်ငံကမူ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းသော ရည်ရွယ်ချက် အတွက်သာဖြစ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ရန် မည်သည့်အခါကမျှ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း အစဉ်တစိုက် တုန့်ပြန်ပြောဆိုထားသည်။

လက်ရှိတွင် ဒေသတွင်း ကူးစက်ပျံ့နှံ့နေပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခ အတွင်းမှ ထရမ့် အနေဖြင့် အလွယ်တကူ ခေါင်းရှောင်ပြီး ထွက်ခွာသွားရန် မလွယ်ကူကြောင်း ကွင်စီ အင်စတီကျု (Quincy Institute)မှ အီရန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ထရီတာ ပါစီ (Trita Parsi) က ပြောကြားခဲ့သည်။

ထို့ပြင်ထရမ့်သည် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အတွင်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ရရှိရေးအတွက် စစ်ရေးအရ ကူညီပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြသည့် မဟာမိတ်နိုင်ငံများအား ပြစ်တင်ဝေဖန်ခဲ့သည်။

ခင်ဗျားတို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်လိုတိုက်ပွဲ ဝင်ရမလဲဆိုတာကို စတင်သင်ယူရတော့မယ်။ ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာ မရှိခဲ့သလိုမျိုးပဲ၊ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ နောက်ထပ် ရှိနေတော့မှာ မဟုတ်ဘူး။ အီရန်ကတော့ အခြေခံအားဖြင့် ပျက်စီးသွားပါပြီ။ ခက်ခဲတဲ့အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ်ပဲ ရေနံတွေကို ရှာကြပေတော့ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ကိုးကား - CNI International News

အမေရိကန်၏ မြို့ကြီးများတွင် ဘုရင်မရှိဟု ဆန္ဒပြ
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်လပြည့်ချိန်တွင် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများတွင် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် “No Kings” (ဘုရင် မရှိစေရ) ဆန္ဒပြပွဲများသည် တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ထိုကဲ့သို့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများသည် သမ္မတထရမ့် ဒုတိယသက်တမ်း စတင်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယမြောက် ပြုလုပ်သည့် ဆန္ဒပြပွဲများဖြစ်ပြီး ယခုတစ်ကြိမ်တွင် အီရန်စစ်ပွဲ ကို ဆန့်ကျင်သည့် အသံများ ပိုမိုကျယ်လောင်လာခဲ့သည်။အာဏာရှင်နှင့် သက်ဦးဆံပိုင် ဘုရင်စနစ်တို့ကို ဆန့်ကျင်ရန် ရည်ရွယ်လှုပ်ရှားခဲ့သည့် “No Kings” ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြပွဲ စုစုပေါင်း ၃၃၀၀ ကျော်ကို ကျင်းပရန် စီစဉ်ထားသည်။ထိုဆန္ဒပြပွဲများအနက် နယူးယောက် (New York) ၊ လော့စ်အိန်ဂျလိစ် (Los Angeles) နှင့် ဝါရှင်တန်ဒီစီ (Washington, DC) ကဲ့သို့သော မြို့ကြီးများတွင် လူအင်အား အမြောက်အမြား တက်ရောက်ကြမည်ဟု မျှော်လင့် ရသည်။ထို့ပြင် ရောမ (Rome) ၊ ပဲရစ် (Paris)နှင့် ဘာလင်(Berlin)ကဲ့သို့သော ဥရောပမှ မြို့ကြီးများတွင်လည်း တစ်ပြိုင်နက်တည်း ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ပွဲစီစဉ်သူများသည် ကွန်ဆာဗေးတစ်ဝါဒီများ အားကောင်းသည့် အမေရိကန်မြို့ကြီးများ၏ ပြင်ပဒေသများတွင် နေထိုင်သူများကို စည်းရုံးရန် ရည်ရွယ်ထားကြသည်။ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်မှာ မြို့လယ်ခေါင်နေရာများတွင် မဟုတ်သော ပြင်ပ ဒေသများရှိ ဆန္ဒပြပွဲများတွင် ပါဝင်ကြလိမ့်မည်ဟု ပွဲစီစဉ်သူများကဆိုသည်။“ဒီစနေနေ့ လူထုလှုပ်ရှားမှုရဲ့ ထူးခြားတဲ့အချက်က လူဘယ်လောက်များများ ဆန္ဒပြနေကြတာလဲ ဆိုတာတင် မဟုတ်ဘဲ ဘယ်နေရာတွေမှာ ဆန္ဒပြနေကြတာလဲ ဆိုတာပါပဲ” ဟု ပြီးခဲ့သည့်နှစ်က No Kings လှုပ်ရှားမှုကို စတင်ခဲ့သည့် Indivisible အမည်ရှိ အကျိုးအမြတ် မယူသည့်အဖွဲ့၏ ပူးတွဲ တည်ထောင်သူ လီယာဂရင်းဘာ့ချ် (Leah Greenberg) က ပြောကြားခဲ့သည်။သို့သော် အဓိက ဆန္ဒပြပွဲကို မင်နီဆိုးတား (Minnesota) ပြည်နယ်ရှိ Twin Cities ဟု လူသိများသော မင်နီယာ ပိုလစ် - စိန့်ပေါလ် (Minneapolis-St Paul) ဒေသတွင် ကျင်းပရန် စီစဉ်ထားသည်။အမေရိကန် အလယ်ပိုင်းတွင်ရှိသည့် မင်နီဆိုးတားပြည်နယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သမ္မတ ထရမ့်၏ ရွှေ့ပြောင်းများနှိမ်နင်းသည့် Operation Metro Surge စစ်ဆင်ရေး၏ အချက်အခြာကျသည့် နေရာတစ်ခု ဖြစ်လာ ခဲ့သည်။အဆိုပါ စစ်ဆင်ရေးအတွင်း ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်ပေါင်း ၃၀၀၀ ကျော်သည် Twin Cities ဒေသသို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး လူပေါင်းများစွာကို အင်အားအလွန်အကျွံ အသုံးပြုပြီး ဖမ်းဆီးခဲ့ကြောင်းဟု စွပ်စွဲခံခဲ့ရသည်။ ကိုးကား - CNI International News

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်လပြည့်ချိန်တွင် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများတွင် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် “No Kings” (ဘုရင် မရှိစေရ) ဆန္ဒပြပွဲများသည် တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများသည် သမ္မတထရမ့် ဒုတိယသက်တမ်း စတင်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယမြောက် ပြုလုပ်သည့် ဆန္ဒပြပွဲများဖြစ်ပြီး ယခုတစ်ကြိမ်တွင် အီရန်စစ်ပွဲ ကို ဆန့်ကျင်သည့် အသံများ ပိုမိုကျယ်လောင်လာခဲ့သည်။

အာဏာရှင်နှင့် သက်ဦးဆံပိုင် ဘုရင်စနစ်တို့ကို ဆန့်ကျင်ရန် ရည်ရွယ်လှုပ်ရှားခဲ့သည့် “No Kings” ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြပွဲ စုစုပေါင်း ၃၃၀၀ ကျော်ကို ကျင်းပရန် စီစဉ်ထားသည်။

ထိုဆန္ဒပြပွဲများအနက် နယူးယောက် (New York) ၊ လော့စ်အိန်ဂျလိစ် (Los Angeles) နှင့် ဝါရှင်တန်ဒီစီ (Washington, DC) ကဲ့သို့သော မြို့ကြီးများတွင် လူအင်အား အမြောက်အမြား တက်ရောက်ကြမည်ဟု မျှော်လင့် ရသည်။

ထို့ပြင် ရောမ (Rome) ၊ ပဲရစ် (Paris)နှင့် ဘာလင်(Berlin)ကဲ့သို့သော ဥရောပမှ မြို့ကြီးများတွင်လည်း တစ်ပြိုင်နက်တည်း ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

ပွဲစီစဉ်သူများသည် ကွန်ဆာဗေးတစ်ဝါဒီများ အားကောင်းသည့် အမေရိကန်မြို့ကြီးများ၏ ပြင်ပဒေသများတွင် နေထိုင်သူများကို စည်းရုံးရန် ရည်ရွယ်ထားကြသည်။

ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်မှာ မြို့လယ်ခေါင်နေရာများတွင် မဟုတ်သော ပြင်ပ ဒေသများရှိ ဆန္ဒပြပွဲများတွင် ပါဝင်ကြလိမ့်မည်ဟု ပွဲစီစဉ်သူများကဆိုသည်။

ဒီစနေနေ့ လူထုလှုပ်ရှားမှုရဲ့ ထူးခြားတဲ့အချက်က လူဘယ်လောက်များများ ဆန္ဒပြနေကြတာလဲ ဆိုတာတင် မဟုတ်ဘဲ ဘယ်နေရာတွေမှာ ဆန္ဒပြနေကြတာလဲ ဆိုတာပါပဲဟု ပြီးခဲ့သည့်နှစ်က No Kings လှုပ်ရှားမှုကို စတင်ခဲ့သည့် Indivisible အမည်ရှိ အကျိုးအမြတ် မယူသည့်အဖွဲ့၏ ပူးတွဲ တည်ထောင်သူ လီယာဂရင်းဘာ့ချ် (Leah Greenberg) က ပြောကြားခဲ့သည်။

သို့သော် အဓိက ဆန္ဒပြပွဲကို မင်နီဆိုးတား (Minnesota) ပြည်နယ်ရှိ Twin Cities ဟု လူသိများသော မင်နီယာ ပိုလစ် - စိန့်ပေါလ် (Minneapolis-St Paul) ဒေသတွင် ကျင်းပရန် စီစဉ်ထားသည်။

အမေရိကန် အလယ်ပိုင်းတွင်ရှိသည့် မင်နီဆိုးတားပြည်နယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သမ္မတ ထရမ့်၏ ရွှေ့ပြောင်းများနှိမ်နင်းသည့် Operation Metro Surge စစ်ဆင်ရေး၏ အချက်အခြာကျသည့် နေရာတစ်ခု ဖြစ်လာ ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်ပေါင်း ၃၀၀၀ ကျော်သည် Twin Cities ဒေသသို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး လူပေါင်းများစွာကို အင်အားအလွန်အကျွံ အသုံးပြုပြီး ဖမ်းဆီးခဲ့ကြောင်းဟု စွပ်စွဲခံခဲ့ရသည်။ 

မျက်မှောက်ကာလ အီရန်နှင့်အရှေ့အလယ်ပိုင်းရေးရာ
အမေရိကန်နှင့်အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားဟုဆိုလာသည့်အီရန်အီရန်အနေဖြင့် လက်ရှိတွင် နိုင်ငံ၏နယ်စပ်များကို ထိန်းချုပ်ထားပြီး အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော် ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားကြောင်း အီရန်အစိုးရ သတင်းပြန်ကြားရေးကောင်စီအကြီးအကဲ အီလီယက်ဟက်ရာတီက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။အီရန်အစိုးရသည် နိုင်ငံ၏နယ်စပ်များကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် အမေရိကန်နှင့် အစ္စရေးမြေပြင်တပ်ဖွဲ့များ၏ ဝင်ရောက်ကျူးကျော်မှုကိုရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ဟက်ရာတီ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းဌာနတစ်ခုက ဖော်ပြထားသည်။ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး ကာ့ဒ်လက်နက်ကိုင်အဖွဲ့များက စစ်ပွဲအတွင်းပါဝင်လာနိုင်သည့် အလားအလာကိုလည်း ကြိုတင်တွက်ဆလျက်ရှိသည်ကို တွေ့ရသည်။ အကြောင်းမှာ အဆိုပါ ကာ့ဒ်တပ်ဖွဲ့များသည် စစ်သွေးကြွတိုက်ဖျက်ရေး စစ်ဆင်မှုများအတွင်း အမေရိကန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောကြောင့်ဖြစ်သည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမေရိကန်တို့နှင့် ဆက်ဆံရေးကောင်းမွန်နေသည့် အဆိုပါကာ့ဒ်တပ်များသည် အီရန်နိုင်ငံ အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာချိန်မှစ၍ အီရန်နိုင်ငံက သတိထားလာခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ထိုသို့သော အခြေအနေများအတွင်းမှာပင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ထွက်ပေါ်လာနိုင်သည့် ပြင်းထန်သောစစ်ပွဲများအား အနည်းဆုံးခြောက်လကြာ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက်နာအီနီက ပြောကြားထားသည်။ထို့အတူ လက်ရှိတွင် အီရန်နိုင်ငံ၏ လက်နက်သိုလှောင်ရုံများအတွင်း၌ ပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် တာဝေးပစ်ဒုံးကျည်များအပါအဝင် ဒုံးကျည်အမြောက်အမြားရှိနေသေးကြောင်း နာအီနီက ဆက်လက်ပြောကြားထားသည်။ လက်ရှိတွင် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်လျက်ရှိသော်လည်း အီရန်တပ်မတော်အနေဖြင့် လက်နက်အဖြစ်ထုတ်လုပ်နိုင်သည့် ယူရေနီယံသတ္တုများကို သန့်စင်နိုင်ခြင်းမပြုမီ အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် စီစဉ်နေသည်။ အမေရိကန်သတင်းဌာနကြီးတစ်ခု၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံသည် ၆၀ ရာခိုင်နှုန်း သန့်စင်ပြီးယူရေနီယံများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့အားအသုံးပြုခြင်းအားဖြင့် သီတင်းပတ်အနည်းငယ်အတွင်းမှာပင် နျူကလီးယားဗုံး ၁၁ လုံးထုတ်လုပ်နိုင်သည်ဟုဆိုထားသည်။ ထို့ကြောင့် လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက အမေရိကန်နှင့်အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသော်လည်း စိုးရိမ်မကင်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေသည်ကို ရှင်းလင်းစွာတွေ့ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်၏ အစွမ်းထက်ဒုံးကျည်များက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏မဟာမိတ်နိုင်ငံ များအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို အဓိကပစ်မှတ်ထားနေခြင်းကြောင့် အီရန်အနေဖြင့် တစ်စိတ်တစ်ပိုင်းသန့်စင်ပြီး ယူရေနီယံများကို အသုံးမပြုနိုင်ရေးအတွက် အမေရိကန်နှင့် အစ္စရေးတို့က မြေပြင်တပ်ဖွဲ့များကို အီရန်သို့ စေလွှတ်ရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။သို့သော် အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် ထိုသို့လုပ်ဆောင်မည်ဆိုပါက သတိကြီးစွာထားရှိရန် စစ်ရေးကျွမ်းကျင်သူများက သတိပေးထားသည့်အပြင် အမေရိကန်စီအိုင်အေမှ အရာရှိဟောင်းတစ်ဦးကလည်း အီရန်အပေါ်တိုက်ခိုက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမေရိကန်နှင့်အပေါင်းအပါတို့အား သတိထားပြီးလုပ်ဆောင်ရန် အစောပိုင်းကတည်းက အကြံပြုထားသည်။ ထို့ကြောင့် အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်မည်ဆိုပါက မည်သို့မည်ပုံ ဆက်လက်ဖြစ်ပွားမည်ကို အမေရိကန်၏ ဥရောပ မဟာမိတ်နိုင်ငံများအပြင် အရှေ့အလယ်ပိုင်းရှိ မဟာမိတ်အာရပ်နိုင်ငံများက စိတ်ဝင်တစားစောင့်ကြည့်နေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။Ref: Iv, JpMWD

အမေရိကန်နှင့်အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားဟုဆိုလာသည့်အီရန်

အီရန်အနေဖြင့် လက်ရှိတွင် နိုင်ငံ၏နယ်စပ်များကို ထိန်းချုပ်ထားပြီး အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော် ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားကြောင်း     အီရန်အစိုးရ သတင်းပြန်ကြားရေးကောင်စီအကြီးအကဲ အီလီယက်ဟက်ရာတီက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

အီရန်အစိုးရသည် နိုင်ငံ၏နယ်စပ်များကို  ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် အမေရိကန်နှင့် အစ္စရေးမြေပြင်တပ်ဖွဲ့များ၏ ဝင်ရောက်ကျူးကျော်မှုကိုရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု    ဟက်ရာတီ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး ကာ့ဒ်လက်နက်ကိုင်အဖွဲ့များက စစ်ပွဲအတွင်းပါဝင်လာနိုင်သည့် အလားအလာကိုလည်း ကြိုတင်တွက်ဆလျက်ရှိသည်ကို တွေ့ရသည်။  အကြောင်းမှာ အဆိုပါ  ကာ့ဒ်တပ်ဖွဲ့များသည် စစ်သွေးကြွတိုက်ဖျက်ရေး စစ်ဆင်မှုများအတွင်း အမေရိကန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်  ရက်ပိုင်းအတွင်းကလည်း အမေရိကန်တို့နှင့် ဆက်ဆံရေးကောင်းမွန်နေသည့်  အဆိုပါကာ့ဒ်တပ်များသည် အီရန်နိုင်ငံ အတွင်းသို့   ဝင်ရောက်လာပြီဖြစ်သည်ဟူသော  သတင်းများလည်း ထွက်ပေါ်လာချိန်မှစ၍  အီရန်နိုင်ငံက သတိထားလာခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုသို့သော အခြေအနေများအတွင်းမှာပင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ထွက်ပေါ်လာနိုင်သည့် ပြင်းထန်သောစစ်ပွဲများအား အနည်းဆုံးခြောက်လကြာ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက်နာအီနီက ပြောကြားထားသည်။

ထို့အတူ လက်ရှိတွင်  အီရန်နိုင်ငံ၏ လက်နက်သိုလှောင်ရုံများအတွင်း၌ ပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် တာဝေးပစ်ဒုံးကျည်များအပါအဝင်    ဒုံးကျည်အမြောက်အမြားရှိနေသေးကြောင်း နာအီနီက ဆက်လက်ပြောကြားထားသည်။ 

လက်ရှိတွင် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်လျက်ရှိသော်လည်း     အီရန်တပ်မတော်အနေဖြင့် လက်နက်အဖြစ်ထုတ်လုပ်နိုင်သည့် ယူရေနီယံသတ္တုများကို သန့်စင်နိုင်ခြင်းမပြုမီ အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် စီစဉ်နေသည်။ 

အမေရိကန်သတင်းဌာနကြီးတစ်ခု၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံသည် ၆၀ ရာခိုင်နှုန်း   သန့်စင်ပြီးယူရေနီယံများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့အားအသုံးပြုခြင်းအားဖြင့် သီတင်းပတ်အနည်းငယ်အတွင်းမှာပင် နျူကလီးယားဗုံး ၁၁ လုံးထုတ်လုပ်နိုင်သည်ဟုဆိုထားသည်။ 

ထို့ကြောင့်  လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက အမေရိကန်နှင့်အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသော်လည်း စိုးရိမ်မကင်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေသည်ကို ရှင်းလင်းစွာတွေ့ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်၏ အစွမ်းထက်ဒုံးကျည်များက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏မဟာမိတ်နိုင်ငံ များအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို အဓိကပစ်မှတ်ထားနေခြင်းကြောင့် အီရန်အနေဖြင့် တစ်စိတ်တစ်ပိုင်းသန့်စင်ပြီး ယူရေနီယံများကို   အသုံးမပြုနိုင်ရေးအတွက် အမေရိကန်နှင့် အစ္စရေးတို့က   မြေပြင်တပ်ဖွဲ့များကို အီရန်သို့ စေလွှတ်ရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။

သို့သော် အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် ထိုသို့လုပ်ဆောင်မည်ဆိုပါက သတိကြီးစွာထားရှိရန် စစ်ရေးကျွမ်းကျင်သူများက    သတိပေးထားသည့်အပြင် အမေရိကန်စီအိုင်အေမှ အရာရှိဟောင်းတစ်ဦးကလည်း အီရန်အပေါ်တိုက်ခိုက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမေရိကန်နှင့်အပေါင်းအပါတို့အား သတိထားပြီးလုပ်ဆောင်ရန် အစောပိုင်းကတည်းက အကြံပြုထားသည်။ 

ထို့ကြောင့်   အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ  စေလွှတ်မည်ဆိုပါက မည်သို့မည်ပုံ ဆက်လက်ဖြစ်ပွားမည်ကို အမေရိကန်၏  ဥရောပ မဟာမိတ်နိုင်ငံများအပြင် အရှေ့အလယ်ပိုင်းရှိ မဟာမိတ်အာရပ်နိုင်ငံများက စိတ်ဝင်တစားစောင့်ကြည့်နေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

Ref: Iv, Jp

MWD

ဂျေဒီဗန့်မှာ နောင် အမေရိကန်သမ္မတ ဖြစ်လာမည်ဟု အီလွန်မက် ပြောကြား
အမေရိကန် ဘီလီယံနာ သူဌေးကြီး အီလွန်မက်က လက်ရှိ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်သည် နောင်တွင် အမေရိကန်သမ္မတ ဖြစ်လာ လိမ့်မည်ဟု ပြောကြားလိုက်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ Politico သတင်းစာက က ဖော်ပြထားပါသည်။အီလွန်မက်သည် နိုဝင်ဘာ ၂၂ ရက်က အမေရိကန် အစိုးရ၏ စွမ်းဆောင်ရည် ထိရောက်မှုမြှင့်တင်ရေးဌာန (DOGE) ဝန်ထမ်းများကို ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ပြောကြားရာတွင် အဆိုပါအကြောင်းအရာ ပြောပြခဲ့ခြင်း ဖြစ်သည် ဟု သတင်းအရင်းအမြစ်က ဆိုထားပါသည်။ အီလွန်မက်သည် ယခုနှစ်အစောပိုင်းက လအနည်းငယ်ကြာ DOGE ဌာန ၏ လုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး စေတနာ့ဝန်ထမ်းအနေဖြင့် အထူး အဆင့်အတန်းရှိ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦးဖြစ်ခဲ့သလို လက်ရှိ မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတွင်းရေး အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်ပါသည်။Politico သတင်းစာဖော်ပြချက်အရ မက်နှင့် ဗန့် တို့ကြား ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ နောက်လာမည့် သမ္မတရွေးကောက်ပွဲကို ၂၀၂၈ ခုနှစ်မှာ ကျင်းပမှာဖြစ်ကြောင်း၊ ဗန့်အနေဖြင့် လာမည့်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါကြောင်း သိရပါသည်။ကိုးကား- TASSဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

အမေရိကန် ဘီလီယံနာ သူဌေးကြီး အီလွန်မက်က လက်ရှိ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်သည် နောင်တွင် အမေရိကန်သမ္မတ ဖြစ်လာ လိမ့်မည်ဟု ပြောကြားလိုက်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ Politico သတင်းစာက က ဖော်ပြထားပါသည်။

အီလွန်မက်သည် နိုဝင်ဘာ ၂၂ ရက်က အမေရိကန် အစိုးရ၏ စွမ်းဆောင်ရည် ထိရောက်မှုမြှင့်တင်ရေးဌာန (DOGE) ဝန်ထမ်းများကို ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ပြောကြားရာတွင် အဆိုပါအကြောင်းအရာ ပြောပြခဲ့ခြင်း ဖြစ်သည် ဟု သတင်းအရင်းအမြစ်က ဆိုထားပါသည်။ 

အီလွန်မက်သည် ယခုနှစ်အစောပိုင်းက လအနည်းငယ်ကြာ DOGE ဌာန ၏ လုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး စေတနာ့ဝန်ထမ်းအနေဖြင့် အထူး အဆင့်အတန်းရှိ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦးဖြစ်ခဲ့သလို လက်ရှိ မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတွင်းရေး အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်ပါသည်။

Politico သတင်းစာဖော်ပြချက်အရ မက်နှင့် ဗန့် တို့ကြား ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ နောက်လာမည့် သမ္မတရွေးကောက်ပွဲကို ၂၀၂၈ ခုနှစ်မှာ ကျင်းပမှာဖြစ်ကြောင်း၊ ဗန့်အနေဖြင့် လာမည့်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

မြန်မာတို့ သင်ခန်းစာယူသင့်သည့် အမေရိကန်ဒီမိုကရေစီပြဿနာ
အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အသက် (၃၄)နှစ်သာရှိသေးသည့် ဇိုရန်မမ်ဒါနီက နိုဝင်ဘာ (၄) ရက်ကအနိုင်ရရှိပြီး မြို့ တော်ဝန်ရာထူးကို ရွေးချယ်ခံခဲ့ရသည်။အမေရိကန်သမ္မတ ထရမ့်က နယူးယောက်မြို့ တော်ဝန်နေရာကို မမ်ဒါနီကိုမရစေချင်ကြောင်း အတိ အလင်း သဘောထားထုတ်ပြန်ပြောဆိုထားသော်လည်း မတားဆီးနိုင်ခဲ့ပေ။ မမ်ဒါနီသည် နယူး ယောက် မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရသည့် ပထမဆုံး အာရှတောင်ပိုင်းအနွယ် မွတ်စလင် တစ် ယောက်လည်းဖြစ်သည်။ သူသည် အိန္ဒိယအနွယ်မိဘများက ယူဂန္ဓာ၌မွေးဖွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့သူဖြစ်သည်။ ထူးခြားမှုက မမ်ဒါနီသည် လက်ဝဲယိမ်း ဆိုရှယ်လစ် အတွေးအခေါ်ရှိသူ တစ်ယောက်အဖြစ်လူသိများသည်။ ၎င်းကိုယ်တိုင်လည်း သူသည် ဒီမိုကရေစီ ဆိုရှယ်လစ်သမားဖြစ် သည်ဟု ထုတ်ဖော်ကြွေးကြော်ထားသည်။ နယူးယောက်မြို့တွင် အရင်းရှင် ဘီလျံနာလုပ်ငန်းရှင်ကြီးများ၊ သူဌေးကြီးများက မမ်ဒါနီ နယူးယောက်မြို့တော်ဝန်ရာထူး မရရှိစေရေးအတွက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့သဖြင့် ဘီလျံနာသူဌေးအများစုက နယူးယောက်မြို့မှထွက်ခွာရန် စိုင်းပြင်းနေကြပြီ ဖြစ် သည်။ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကြောင့် ယခုသတင်းပတ်တွင် ဤသ တင်းက တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အံဩစရာကောင်းသည့်ရလဒ်နှင့်အတူ နယူး ယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီ၏ အောင်မြင်မှုကြွေးကြော်သံများကိုလည်းကြည့်လိုက်ရသည်။ အလွန် အမင်း ယုံကြည်မှုလွန်ကဲနေပြီး သူ့ကိုယ်သူလည်း စကြဝတေးမင်းဟုပင် ထင်မှတ်နေပုံရသည်ကို တွေ့ လိုက်ရသည်။ သမ္မတထရမ့်ကိုတောင် “အမေရိကန်ကိုသစ္စာဖောက်တဲ့ ထရမ့်၊ အမေရိကန်ကိုလှည့်ဖြား ပြီးအမြတ်ထုတ်တဲ့ထရမ့်” စသဖြင့် ထုတ်ပြောလာသည်။ ဇိုရန်မမ်ဒါနီအကြောင်းကို ပြန်ဆန်းစစ်သည့် အခါတော်တော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သည့် မမ်ဒါနီ အရေးသည် အမေရိကန်ဒီမိုကရေစီအပေါ် များစွာမေးခွန်းထုတ်စရာဖြစ်ရသည်။မမ်ဒါနီက ဆိုရှယ်လစ်ဇင်(Socialism) တစ်ယောက်ဖြစ်၍ ကွန်မြူနစ်အယူရှိသူဟုဆိုရမည်ဖြစ် သည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီယားတို့ကို ကွန်မြူ နစ်အာဏာရှင်နိုင်ငံဆိုပြီး တစ်ချိန်လုံး ဖြိုချရန် လုပ်နေသည့်အမေရိကန်သည် ယခုအခါတွင် ၎င်းတို့ကိုယ်တိုင်အတွင်းစည်းက စဖြိုခံလိုက်ရသည်ဟု မြင်မိသည်။ မမ်ဒါနီသည် ဒီမိုကရက်တစ်ဦးဖြစ်သည်နှင့် အညီ ဒီမိုကရက်တို့၏ထုံးစံအတိုင်း လူပိန်း ကြိုက် စကားများဖြင့်မဲဆွယ်ခဲ့သည်။ သူပြောခဲ့သည့်မဲဆွယ် စကားများတွင် အခွန်တိုး၍ကောက်မည်၊ အခမဲ့အစား အသောက်များဝေပေးမည်ဟု မဲဆွယ်ထားသည့်အပြင် ခိုးဝင်များကိုလက်ခံမည်ဟုပင် မဲဆွယ်ထားသေးသည်။ ထို့ကြောင့် သူအနိုင်ရသွားသော်လည်း တာဝန် မယူရသေးခင် နယူးယောက်ကသူဌေးများ သိန်းချီ ပြောင်းရွှေ့ရန်လုပ်နေကြပြီဖြစ်သည်။ အမှန်စင်စစ် မမ်ဒါနီသည် မြို့တော်ဝန်အဆင့်သာဖြစ်၍ အခွန်တိုးကောက်၍မရသလို လုပ်ပိုင်ခွင့်မရှိပေ။ သို့သော် ဒီမိုကရက်များသည် သမ္မတထရမ့်နှင့် ရီပါ ပလစ်ကန်များကို မကြိုက်၍ အရွဲ့တိုက်လိုစိတ်ဖြင့် ပြောချင်ရာပြောပြီး မဲဆွယ်ခဲ့ခြင်းသာဖြစ်သည်။ တစ်ဖက်မှာလည်း စဉ်းစားစရာကောင်းသည်မှာ နယူးယောက်ပြည်သူများက ရီပါပလစ်ကန် မဟုတ်လျှင်ပြီးရောဆိုပြီး ထရမ့်နှင့် ရီပါပလီကန်ပါတီကိုဆန့်ကျင်ပြီးမဲပေးလိုက်ကြသလား၊ ကွန်မြူနစ် အယူဖြစ်သည့် အလုပ်သမားလူတန်းစားကိုအခြေခံပြီး သူဌေးများကိုဆန့်ကျင်ရမည်ဆိုသည့်အယူအဆ ကိုလက်ခံ၍ မဲပေးလိုက်သလားဆိုသည်ကိုတော့ မဲပေးခဲ့သူများမှအပ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ ဆိုရှယ်လစ် အယူဝါဒကိုလက်ကိုင်ထားသည့် မွတ်စလင်တစ်ယောက် နယူးယောက်မြို့တော်ဝန်ဖြစ်လာ ခြင်းနှင့်ပတ်သက်၍ စေ့စေ့တွေးကြည့်လျှင် ကျောချမ်းစရာကောင်းပါသည်။ မွတ်စလင်လူမျိုးက ကြာ လေများလေဖြစ်သဖြင့် ဒီမိုကရေစီစနစ်အရ လူများသူက မဲများများပေးနိုင်ခြင်းကြောင့် မမ်ဒါနီသည် နယူးယောက်တွင် သက်တော်ရှည်မြို့တော်ဝန်လည်း ဖြစ်လာနိုင်သည်။မည်သို့ပင်ဆိုစေကာမူ မမ်ဒါနီ မြို့တော်ဝန်ဖြစ်လာခြင်းသည် အမေရိကန်နိုင်ငံအတွက်တော့ တုန်လှုပ်ဖွယ်ရာဖြစ်ရသည်။ မမ်ဒါနီက အမေရိကန်၏ နတ်နေကိုင်း အစ္စရေးဂျူးများအပေါ်ကိုပင် အလွတ်မပေးဘဲ တိုက်ခိုက်သည့်စကားလုံးများဖြင့် စကားစစ် ထိုးလာပါသည်။ မမ်ဒါနီက နယူးယောက် ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုခြေချသည်နှင့် ဖမ်းမည်ဟုလည်း ထုတ်ပြောထားသလို သမ္မတ ထရမ့်ကိုပါ အမေရိကန်ကိုသစ္စာဖောက်သူဟု ထုတ်ပြောထားသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ ရေး၊ အမေရိကန် ဒီမိုကရေစီသည် သဘာဝလွန် ဒီမိုကရေစီအဖြစ် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။ထိုကဲ့သို့ အမေရိကန်သမ္မတကိုပင် ပြောင်ပြောင် တင်းတင်းစိန်ခေါ်ပြီး ပြင်းထန်သည့် စကားလုံး များဖြင့် တိုက်ခိုက်နေသော အမေရိကန်ဒီမိုကရေစီကို အမေ ရိကန်ဖွဲ့စည်းအခြေခံဥပဒေက သမ္မတကို စော်ကားခွင့်ပေးထားသည်လားဆိုပြီးလည်း စဉ်းစားစရာဖြစ်မိသည်။ အမှန်စင်စစ် အမေရိကန်သည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံဖြစ်သည်နှင့်အညီ အမေရိကန်သမ္မတ ကိုလည်း တစ်ကမ္ဘာလုံးက လေးစား ခန့်ညားကြရပါသည်။သို့သော် ယခုအခါတွင် သူတို့မြို့တော်ဝန်ကပဲ စော်ကားပြလိုက်တာမို့ အမေရိကန် ပုံရိပ်ထိခိုက် တာတော့ အမှန်ပင်ဖြစ်သည်။ မမ်ဒါနီ၏ သမ္မတအပေါ် စော်ကားတုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့ကလည်း အမေရိကန်ဒီမိုကရေစီသည် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲထားသောကြောင့်ဖြစ်သည်ဟုဆိုသည်။ သို့သော် လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသား ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်လည်း (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄)(က)တွင် ပြဋ္ဌာန်းထားသည့်တိုင် နိုင်ငံ့အကြီးအကဲကိုတော့ လက်အောက်က ယခုလိုစော်ကားခွင့်မရှိပေ။သားကအဖေကိုစော်ကားသလိုဖြစ်နေသည့် အမေရိကန်ဒီမိုကရေစီကြောင့် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုက ရေစီစနစ်ကျင့်သုံးကြခြင်းဖြစ်ပါလိမ့်မည်။ ဥပမာ မြန်မာနိုင်ငံတွင် နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်တွေ့ရသည်။ စာရေးသူ မှတ်မိပါသေး သည်။ (၂၀ဝ၈) ခုနှစ်က အိုဘားမား ပထမသက်တမ်းသမ္မတ အရွေးခံတော့ လူငယ်တွေဆီကမဲရရန် အတွက် သူသမ္မတဖြစ်လျှင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုနိုင်ရေး လက်မှတ်ထိုးပေးမည်ဟု ဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်။ အိုဘားမားသည် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းဖြစ်သည်။ တစ်ဖက် သူ့ပြိုင်ဘက်ကမူ သမ္မတလောင်း ဂျွန်မက်ကိန်းနှင့် အမျိုးသမီး ဒုသမ္မတလောင်း ဆာရာပင်လင်တို့ ဖြစ် ပြီး သူတို့က ဤလုပ်ရပ်မှာ ခရစ်ယာန်ဘာသာအရ လက်ခံ၍မရသဖြင့် သူတို့က လက်မခံကြောင်း ပြော ၍မဲဆွယ်ခဲ့သည်။ဤမျှမကသေးဘဲ ဒုသမ္မတလောင်း ဆာရာပင်လင်က သူတို့ကတိတည်ကြောင်း သက်သေပြ သည့်အနေဖြင့် သူ့သမီးကို မည်သူနှင့်ရထားမှန်းမသိသည့် ကိုယ်ဝန်ဆောင်ထားရသည်ကို ဖျက်ချခွင့် မပေးဘဲ မွေးစေခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ်ထွက်လာသည့်အခါ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည်ဆို သည့် အိုဘားမားတို့အုပ်စုကအနိုင်ရသွားပြီး ကတိအတိုင်း အဆိုပါဥပဒေကို လက်မှတ်ထိုးပေးလိုက်ရ သည်။ယခုလည်း မြို့တော်ဝန်အသစ်က သမ္မတကို စိန်ခေါ်စော်ကားနေမှုကို မည်သို့မျှ လုပ်မရ ကိုင်မရ ဖြစ်နေသည်ကိုကြည့်လျှင် အမေရိကန်ဒီမိုကရေစီ၏လွတ်လပ်မှုက အလွန်အန္တရာယ်များသည်ဟု စဉ်း စားစရာဖြစ်မိသည်။ အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုကရေစနစ်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ခိုးဝင်၊ ရွှေပြောင်းနှင့် မွတ်စလင် ဘာသာဝင် လူဦးရေ တိုးပွားလာမှုပြဿနာများကြောင့် ဒီမိုကရေစီစနစ်၏အားနည်းချက်များစွာကိုလည်း တွေ့လာရပါသည်။ အင်္ဂလန်နိုင်ငံတွင် မွတ်စလင်ဘာသာဝင်အများအပြား မြို့တော်ဝန်ဖြစ်လာပြီး မွတ် စလင်ဘာသာဝင်တို့ လမ်းပေါ်တက်ဝတ်ပြုသည်ကို ထိန်းရခက်လာသည်ကိုကြည့်နေရင်းက အမေရိ ကန်၏အကြီးဆုံးမြို့ နယူးယောက်မှာ ဒီမိုကရက်ဆိုရှယ်လစ် မွတ်စလင် မြို့တော်ဝန်တစ်ယောက် ဖြစ် လာသည်မှာ လုံးဝပြောင်းလဲမှု (Totally changed) တစ်ခုဖြစ်ပြီး စိတ်ဝင်တစားစောင့်ကြည့်ရမည့်ကိစ္စ တခုဖြစ်လာသည်ကလည်း ငြင်းမရပါ။ အမေရိကန်၊ အင်္ဂလန်နှင့်အပါအဝင် ဥရောပနိုင်ငံများသည် ယခု အခါ လူ့အခွင့်အရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ၏အားနည်းချက်ကိုအခွင့်ကောင်းယူကာ နေရာယူလာ ကြသည့် မွတ်စလင်များကြောင့် လစ်ဘရယ် ဒီမိုကရေစီစနစ်ကို ပြန်လည်ဆန်းစစ်သင့်ပြီဟု မြင်မိသည်။အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဘင်္ဂါလီ အများအပြားလက်ခံရမည်ဟုဖိအားပေးနေသည့် အချိန်တွင် ၎င်းတို့နိုင်ငံထဲ အများကြီးရောက်နေပြီးဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း အတွင်းစည်း ကစပြို၍ နယူးယောက်မြို့တော်ဝန်လို အရေးပါသည့် ရာထူးများကို မူလဌာနေနိုင်ငံသားများက ဖယ်ပေး နေရသည်ကို မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများကပါ သင်ခန်းစာယူသင့်ပါသည်။အမေရိကန်နှင့် ဥရောပတွင်ရင်ဆိုင်နေရသည့်ပြဿနာသည် လူများ၊ မဲများလျှင် အနိုင်ရမည်ဟူ သော ဒီမိုကရေစီစနစ်၏အားနည်းချက်များကို ထင်ထင်ရှား ရှားတွေ့မြင်လာရပါသည်။ အမေရိကန်လို နိုင်ငံစုံက လူများနှင့်ဖွဲ့စည်းထားသည့်နိုင်ငံတစ်ခုအနေဖြင့် လူများရာ အနိုင်ရသည်ဆိုသည့် ဒီမိုကရေစီ က ပြဿနာ မဖြစ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည့် အခြားကမ္ဘာ့နိုင်ငံများအတွက် အခြားဘာသာ များအတွက်တော့ ဒီမိုကရေစီ၏အားနည်းချက်နှင့်အတူ ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သည် ဟု သုံးသပ် မိပါသည်။မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရှိသည့် ရောင်စုံပန်းဥယျာဉ်ကြီးနှင့်တူသည့်နိုင်ငံတွင် တွေးခေါ်စဉ်းစားဉာဏ်နည်းသည့် Generation များကြောင့် အမေရိကန်လို ဒီမိုကရေစီစနစ်မျိုးကျင့်သုံးမိ ပါက အလွန်အန္တရာယ်ကြီးလှသည်။ အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိနှင့်ယှဉ်ပြီး မကျင့်သုံးမိပါ က ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာတို့ပျောက်ပြီး ခေါင်းမြီးခြုံနေရမည့်ဘဝကို ရောက်သွားနိုင် သည်။ထို့ကြောင့် သတိထားရန်လိုပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အလွန်ရှုပ်ထွေးနေပါ သည်။ စာမဖတ်ဘဲ ဂိုဏ်းကစားသည့်လူငယ်များ၊ ကိုယ်ဘာလုပ်နေမှန်းမသိသည့်လူငယ်များ အလွန် များပြားနေသည်။ ဤသည်ကိုအခွင့်ယူပြီး ရခိုင်ဒေသဘက်တွင် လှုပ်ရှားမှုအများအပြားဖြစ်လာနေသည်။ အာဏာရရေးကလွဲပြီး ဘာဖြစ်ဖြစ်ဆိုသည့် ပြည်ပရောက်အဖွဲ့များကလည်း ရခိုင်ဒေသက ဘင်္ဂါလီများ နှင့်ပေါင်းနေသည်။ တစ်ဖန် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ဌာနေတိုင်းရင်းသားများအချင်းချင်းဖြစ် ကြရသဖြင့် ကိုယ့်တိုင်းပြည်လူဦးရေကို ကိုယ်တိုင်လျှော့ချနေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် အမေရိ ကန် နယူးယောက်စ်မြို့တော်ဝန်အရေးကိုယှဉ်တွေးပြီး ကိုယ့်တိုင်းပြည်အရေးကို အမြန်ဆုံးပြင်ဆင်သွား ကြရန်လိုသည်။အချုပ်ဆိုရလျှင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏အရေးနှင့်ယှဉ်ပြီး မြန်မာ့အရေးတွင် စဉ်း စားစရာများ၊ သင်ခန်းစာယူစရာများနှင့်သတိပြုစရာ များစွာရှိသည်။ အမေရိကန်တွင် ထရမ့်အာဏာ ရရှိ မှုနှင့် ဒီမိုကရက်များအပေါ် နှိပ်ကွပ်လာမှုအပေါ် မကျေနပ်ကြသည့်ဒီမိုကရက်များက ထရမ့်ကိုဆန့်ကျင် လျှင်ပြီး ရောဆိုသည့်ပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လာကြသည်။ တစ်နည်းဆိုရသော် အမေရိကန်တွင် ဒီမိုကရက် အင်အားစုနှင့် ရီပါပလစ်ကန်အင်အားစုများ အကြား အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲသွားသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မွတ်စလင်ဘာ သာဝင်၊ အာရှတောင်ပိုင်းနွယ်ဖွား ဆိုရှယ်လစ်တစ်ဦးက နယူးယောက်မြို့တော်ဝန်ဖြစ်လာခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့်လည်း ပြည်တွင်းအင်အားစုအချင်းချင်း မတည့်ကြသည့်အခါ နိုင်လျှင်ပြီးရော၊ အာဏာ ရလျှင် ပြီးရောပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လုပ်ဆောင်လာကြသဖြင့် တိုင်းပြည်အမျိုးသားလုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေး အတွင်းစည်းအဖြိုခံခဲ့ရသည်ကို မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူသင့်သည်။ တစ်ဖက်တွင်လည်း ချီးကျူးဖွယ်ရာမြင်ရသည်။ထိုအချက်က အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေကိုသုံးသပ်ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ် သည့် ရီပါပလစ်ကန်ပါတီအင်အားစုများနှင့် ဒီမိုကရက်ပါတီ အင်အားစုများအကြား အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲနေသည့်တိုင် လူထုက ကိုယ်ကြိုက်ရာ၊ ကိုယ်သန်ရာ ပါတီနောက်လိုက်ပြီး နိုင်ငံရေး ပဋိပက္ခမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခဆီသို့ ကူးပြောင်းမသွားခြင်းပင်ဖြစ်သည်။ ယခုနှစ်တွင် အမေရိ ကန်၌ ကြီးစွာသောဆန္ဒပြမှုများကို မြို့ပေါင်းရာနှင့်ချီ ၍ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြသူများကို လည်း အာဏာပိုင်များက ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သလို သမ္မတအမိန့်ဖြင့် ကြည်းတပ် မရိန်းတပ်များ ခေါ်သွင်းပြီး နှိမ်နင်းခဲ့သည်။ သို့သော် လေးစားစရာကောင်းသည်က ထိုဆန္ဒပြလူအုပ်စုကြီးသည် ထိုကဲ့ သို့ နှိမ်နင်းရကောင်းလားဆိုပြီး မြန်မာနိုင်ငံမှာလို တော်လှန်ရေးခေါင်းစဉ်အောက်ကနေ လက်နက်ကိုင် ပြီး တော်လှန်ပုန်ကန်မှုမပြုခြင်းပင်ဖြစ်သည်။ဤအချက်ကို မြန်မာလူထုအနေဖြင့် အတုယူသင့်သည်။ ထို့ကြောင့် အမေရိကန်ဒီမိုကရေစီပြဿ နာများ၏ အားနည်းချက် အားသာချက်များကို ရှာဖွေလေ့လာပြီး မိမိတို့နိုင်ငံအတွက် အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။Np News

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အသက် (၃၄)နှစ်သာရှိသေးသည့် ဇိုရန်မမ်ဒါနီက နိုဝင်ဘာ (၄) ရက်ကအနိုင်ရရှိပြီး မြို့ တော်ဝန်ရာထူးကို ရွေးချယ်ခံခဲ့ရသည်။
အမေရိကန်သမ္မတ ထရမ့်က နယူးယောက်မြို့ တော်ဝန်နေရာကို မမ်ဒါနီကိုမရစေချင်ကြောင်း အတိ အလင်း သဘောထားထုတ်ပြန်ပြောဆိုထားသော်လည်း မတားဆီးနိုင်ခဲ့ပေ။ မမ်ဒါနီသည် နယူး ယောက် မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရသည့် ပထမဆုံး အာရှတောင်ပိုင်းအနွယ် မွတ်စလင် တစ် ယောက်လည်းဖြစ်သည်။ သူသည် အိန္ဒိယအနွယ်မိဘများက ယူဂန္ဓာ၌မွေးဖွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့သူဖြစ်သည်။ ထူးခြားမှုက မမ်ဒါနီသည် လက်ဝဲယိမ်း ဆိုရှယ်လစ် အတွေးအခေါ်ရှိသူ တစ်ယောက်အဖြစ်လူသိများသည်။ ၎င်းကိုယ်တိုင်လည်း သူသည် ဒီမိုကရေစီ ဆိုရှယ်လစ်သမားဖြစ် သည်ဟု ထုတ်ဖော်ကြွေးကြော်ထားသည်။ နယူးယောက်မြို့တွင် အရင်းရှင် ဘီလျံနာလုပ်ငန်းရှင်ကြီးများ၊ သူဌေးကြီးများက မမ်ဒါနီ နယူးယောက်မြို့တော်ဝန်ရာထူး မရရှိစေရေးအတွက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့သဖြင့် ဘီလျံနာသူဌေးအများစုက နယူးယောက်မြို့မှထွက်ခွာရန် စိုင်းပြင်းနေကြပြီ ဖြစ် သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကြောင့် ယခုသတင်းပတ်တွင် ဤသ တင်းက တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အံဩစရာကောင်းသည့်ရလဒ်နှင့်အတူ နယူး ယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီ၏ အောင်မြင်မှုကြွေးကြော်သံများကိုလည်းကြည့်လိုက်ရသည်။ အလွန် အမင်း ယုံကြည်မှုလွန်ကဲနေပြီး သူ့ကိုယ်သူလည်း စကြဝတေးမင်းဟုပင် ထင်မှတ်နေပုံရသည်ကို တွေ့ လိုက်ရသည်။ သမ္မတထရမ့်ကိုတောင် “အမေရိကန်ကိုသစ္စာဖောက်တဲ့ ထရမ့်၊ အမေရိကန်ကိုလှည့်ဖြား ပြီးအမြတ်ထုတ်တဲ့ထရမ့်” စသဖြင့် ထုတ်ပြောလာသည်။ ဇိုရန်မမ်ဒါနီအကြောင်းကို ပြန်ဆန်းစစ်သည့် အခါတော်တော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သည့် မမ်ဒါနီ အရေးသည် အမေရိကန်ဒီမိုကရေစီအပေါ် များစွာမေးခွန်းထုတ်စရာဖြစ်ရသည်။
မမ်ဒါနီက ဆိုရှယ်လစ်ဇင်(Socialism) တစ်ယောက်ဖြစ်၍ ကွန်မြူနစ်အယူရှိသူဟုဆိုရမည်ဖြစ် သည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီယားတို့ကို ကွန်မြူ နစ်အာဏာရှင်နိုင်ငံဆိုပြီး တစ်ချိန်လုံး ဖြိုချရန် လုပ်နေသည့်အမေရိကန်သည် ယခုအခါတွင် ၎င်းတို့ကိုယ်တိုင်အတွင်းစည်းက စဖြိုခံလိုက်ရသည်ဟု မြင်မိသည်။ မမ်ဒါနီသည် ဒီမိုကရက်တစ်ဦးဖြစ်သည်နှင့် အညီ ဒီမိုကရက်တို့၏ထုံးစံအတိုင်း လူပိန်း ကြိုက် စကားများဖြင့်မဲဆွယ်ခဲ့သည်။ သူပြောခဲ့သည့်မဲဆွယ် စကားများတွင် အခွန်တိုး၍ကောက်မည်၊ အခမဲ့အစား အသောက်များဝေပေးမည်ဟု မဲဆွယ်ထားသည့်အပြင် ခိုးဝင်များကိုလက်ခံမည်ဟုပင် မဲဆွယ်ထားသေးသည်။ 
ထို့ကြောင့် သူအနိုင်ရသွားသော်လည်း တာဝန် မယူရသေးခင် နယူးယောက်ကသူဌေးများ သိန်းချီ ပြောင်းရွှေ့ရန်လုပ်နေကြပြီဖြစ်သည်။ အမှန်စင်စစ် မမ်ဒါနီသည် မြို့တော်ဝန်အဆင့်သာဖြစ်၍ အခွန်တိုးကောက်၍မရသလို လုပ်ပိုင်ခွင့်မရှိပေ။ သို့သော် ဒီမိုကရက်များသည် သမ္မတထရမ့်နှင့် ရီပါ ပလစ်ကန်များကို မကြိုက်၍ အရွဲ့တိုက်လိုစိတ်ဖြင့် ပြောချင်ရာပြောပြီး မဲဆွယ်ခဲ့ခြင်းသာဖြစ်သည်။ 
တစ်ဖက်မှာလည်း စဉ်းစားစရာကောင်းသည်မှာ နယူးယောက်ပြည်သူများက ရီပါပလစ်ကန် မဟုတ်လျှင်ပြီးရောဆိုပြီး ထရမ့်နှင့် ရီပါပလီကန်ပါတီကိုဆန့်ကျင်ပြီးမဲပေးလိုက်ကြသလား၊ ကွန်မြူနစ် အယူဖြစ်သည့် အလုပ်သမားလူတန်းစားကိုအခြေခံပြီး သူဌေးများကိုဆန့်ကျင်ရမည်ဆိုသည့်အယူအဆ ကိုလက်ခံ၍ မဲပေးလိုက်သလားဆိုသည်ကိုတော့ မဲပေးခဲ့သူများမှအပ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ ဆိုရှယ်လစ် အယူဝါဒကိုလက်ကိုင်ထားသည့် မွတ်စလင်တစ်ယောက် နယူးယောက်မြို့တော်ဝန်ဖြစ်လာ ခြင်းနှင့်ပတ်သက်၍ စေ့စေ့တွေးကြည့်လျှင် ကျောချမ်းစရာကောင်းပါသည်။ မွတ်စလင်လူမျိုးက ကြာ လေများလေဖြစ်သဖြင့် ဒီမိုကရေစီစနစ်အရ လူများသူက မဲများများပေးနိုင်ခြင်းကြောင့် မမ်ဒါနီသည် နယူးယောက်တွင် သက်တော်ရှည်မြို့တော်ဝန်လည်း ဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မမ်ဒါနီ မြို့တော်ဝန်ဖြစ်လာခြင်းသည် အမေရိကန်နိုင်ငံအတွက်တော့ တုန်လှုပ်ဖွယ်ရာဖြစ်ရသည်။ မမ်ဒါနီက အမေရိကန်၏ နတ်နေကိုင်း အစ္စရေးဂျူးများအပေါ်ကိုပင် အလွတ်မပေးဘဲ တိုက်ခိုက်သည့်စကားလုံးများဖြင့် စကားစစ် ထိုးလာပါသည်။ မမ်ဒါနီက နယူးယောက် ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုခြေချသည်နှင့် ဖမ်းမည်ဟုလည်း ထုတ်ပြောထားသလို သမ္မတ ထရမ့်ကိုပါ အမေရိကန်ကိုသစ္စာဖောက်သူဟု ထုတ်ပြောထားသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ ရေး၊ အမေရိကန် ဒီမိုကရေစီသည် သဘာဝလွန် ဒီမိုကရေစီအဖြစ် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။
ထိုကဲ့သို့ အမေရိကန်သမ္မတကိုပင် ပြောင်ပြောင် တင်းတင်းစိန်ခေါ်ပြီး ပြင်းထန်သည့် စကားလုံး များဖြင့် တိုက်ခိုက်နေသော အမေရိကန်ဒီမိုကရေစီကို အမေ ရိကန်ဖွဲ့စည်းအခြေခံဥပဒေက သမ္မတကို စော်ကားခွင့်ပေးထားသည်လားဆိုပြီးလည်း စဉ်းစားစရာဖြစ်မိသည်။ အမှန်စင်စစ် အမေရိကန်သည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံဖြစ်သည်နှင့်အညီ အမေရိကန်သမ္မတ ကိုလည်း တစ်ကမ္ဘာလုံးက လေးစား ခန့်ညားကြရပါသည်။
သို့သော် ယခုအခါတွင် သူတို့မြို့တော်ဝန်ကပဲ စော်ကားပြလိုက်တာမို့ အမေရိကန် ပုံရိပ်ထိခိုက် တာတော့ အမှန်ပင်ဖြစ်သည်။ မမ်ဒါနီ၏ သမ္မတအပေါ် စော်ကားတုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့ကလည်း အမေရိကန်ဒီမိုကရေစီသည် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲထားသောကြောင့်ဖြစ်သည်ဟုဆိုသည်။ သို့သော် လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသား ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်လည်း (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄)(က)တွင် ပြဋ္ဌာန်းထားသည့်တိုင် နိုင်ငံ့အကြီးအကဲကိုတော့ လက်အောက်က ယခုလိုစော်ကားခွင့်မရှိပေ။
သားကအဖေကိုစော်ကားသလိုဖြစ်နေသည့် အမေရိကန်ဒီမိုကရေစီကြောင့် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုက ရေစီစနစ်ကျင့်သုံးကြခြင်းဖြစ်ပါလိမ့်မည်။ ဥပမာ မြန်မာနိုင်ငံတွင် နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်တွေ့ရသည်။ စာရေးသူ မှတ်မိပါသေး သည်။ (၂၀ဝ၈) ခုနှစ်က အိုဘားမား ပထမသက်တမ်းသမ္မတ အရွေးခံတော့ လူငယ်တွေဆီကမဲရရန် အတွက် သူသမ္မတဖြစ်လျှင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုနိုင်ရေး လက်မှတ်ထိုးပေးမည်ဟု ဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်။ အိုဘားမားသည် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းဖြစ်သည်။ တစ်ဖက် သူ့ပြိုင်ဘက်ကမူ သမ္မတလောင်း ဂျွန်မက်ကိန်းနှင့် အမျိုးသမီး ဒုသမ္မတလောင်း ဆာရာပင်လင်တို့ ဖြစ် ပြီး သူတို့က ဤလုပ်ရပ်မှာ ခရစ်ယာန်ဘာသာအရ လက်ခံ၍မရသဖြင့် သူတို့က လက်မခံကြောင်း ပြော ၍မဲဆွယ်ခဲ့သည်။
ဤမျှမကသေးဘဲ ဒုသမ္မတလောင်း ဆာရာပင်လင်က သူတို့ကတိတည်ကြောင်း သက်သေပြ သည့်အနေဖြင့် သူ့သမီးကို မည်သူနှင့်ရထားမှန်းမသိသည့် ကိုယ်ဝန်ဆောင်ထားရသည်ကို ဖျက်ချခွင့် မပေးဘဲ မွေးစေခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ်ထွက်လာသည့်အခါ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည်ဆို သည့် အိုဘားမားတို့အုပ်စုကအနိုင်ရသွားပြီး ကတိအတိုင်း အဆိုပါဥပဒေကို လက်မှတ်ထိုးပေးလိုက်ရ သည်။
ယခုလည်း မြို့တော်ဝန်အသစ်က သမ္မတကို စိန်ခေါ်စော်ကားနေမှုကို မည်သို့မျှ လုပ်မရ ကိုင်မရ ဖြစ်နေသည်ကိုကြည့်လျှင် အမေရိကန်ဒီမိုကရေစီ၏လွတ်လပ်မှုက အလွန်အန္တရာယ်များသည်ဟု စဉ်း စားစရာဖြစ်မိသည်။ အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုကရေစနစ်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။
အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ခိုးဝင်၊ ရွှေပြောင်းနှင့် မွတ်စလင် ဘာသာဝင် လူဦးရေ တိုးပွားလာမှုပြဿနာများကြောင့် ဒီမိုကရေစီစနစ်၏အားနည်းချက်များစွာကိုလည်း တွေ့လာရပါသည်။ အင်္ဂလန်နိုင်ငံတွင် မွတ်စလင်ဘာသာဝင်အများအပြား မြို့တော်ဝန်ဖြစ်လာပြီး မွတ် စလင်ဘာသာဝင်တို့ လမ်းပေါ်တက်ဝတ်ပြုသည်ကို ထိန်းရခက်လာသည်ကိုကြည့်နေရင်းက အမေရိ ကန်၏အကြီးဆုံးမြို့ နယူးယောက်မှာ ဒီမိုကရက်ဆိုရှယ်လစ် မွတ်စလင် မြို့တော်ဝန်တစ်ယောက် ဖြစ် လာသည်မှာ လုံးဝပြောင်းလဲမှု (Totally changed) တစ်ခုဖြစ်ပြီး စိတ်ဝင်တစားစောင့်ကြည့်ရမည့်ကိစ္စ တခုဖြစ်လာသည်ကလည်း ငြင်းမရပါ။ အမေရိကန်၊ အင်္ဂလန်နှင့်အပါအဝင် ဥရောပနိုင်ငံများသည် ယခု အခါ လူ့အခွင့်အရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ၏အားနည်းချက်ကိုအခွင့်ကောင်းယူကာ နေရာယူလာ ကြသည့် မွတ်စလင်များကြောင့် လစ်ဘရယ် ဒီမိုကရေစီစနစ်ကို ပြန်လည်ဆန်းစစ်သင့်ပြီဟု မြင်မိသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဘင်္ဂါလီ အများအပြားလက်ခံရမည်ဟုဖိအားပေးနေသည့် အချိန်တွင် ၎င်းတို့နိုင်ငံထဲ အများကြီးရောက်နေပြီးဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း အတွင်းစည်း ကစပြို၍ နယူးယောက်မြို့တော်ဝန်လို အရေးပါသည့် ရာထူးများကို မူလဌာနေနိုင်ငံသားများက ဖယ်ပေး နေရသည်ကို မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများကပါ သင်ခန်းစာယူသင့်ပါသည်။
အမေရိကန်နှင့် ဥရောပတွင်ရင်ဆိုင်နေရသည့်ပြဿနာသည် လူများ၊ မဲများလျှင် အနိုင်ရမည်ဟူ သော ဒီမိုကရေစီစနစ်၏အားနည်းချက်များကို ထင်ထင်ရှား ရှားတွေ့မြင်လာရပါသည်။ အမေရိကန်လို နိုင်ငံစုံက လူများနှင့်ဖွဲ့စည်းထားသည့်နိုင်ငံတစ်ခုအနေဖြင့် လူများရာ အနိုင်ရသည်ဆိုသည့် ဒီမိုကရေစီ က ပြဿနာ မဖြစ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည့် အခြားကမ္ဘာ့နိုင်ငံများအတွက် အခြားဘာသာ များအတွက်တော့ ဒီမိုကရေစီ၏အားနည်းချက်နှင့်အတူ ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သည် ဟု သုံးသပ် မိပါသည်။
မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရှိသည့် ရောင်စုံပန်းဥယျာဉ်ကြီးနှင့်တူသည့်နိုင်ငံတွင် တွေးခေါ်စဉ်းစားဉာဏ်နည်းသည့် Generation များကြောင့် အမေရိကန်လို ဒီမိုကရေစီစနစ်မျိုးကျင့်သုံးမိ ပါက အလွန်အန္တရာယ်ကြီးလှသည်။ အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိနှင့်ယှဉ်ပြီး မကျင့်သုံးမိပါ က ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာတို့ပျောက်ပြီး ခေါင်းမြီးခြုံနေရမည့်ဘဝကို ရောက်သွားနိုင် သည်။
ထို့ကြောင့် သတိထားရန်လိုပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အလွန်ရှုပ်ထွေးနေပါ သည်။ စာမဖတ်ဘဲ ဂိုဏ်းကစားသည့်လူငယ်များ၊ ကိုယ်ဘာလုပ်နေမှန်းမသိသည့်လူငယ်များ အလွန် များပြားနေသည်။ ဤသည်ကိုအခွင့်ယူပြီး ရခိုင်ဒေသဘက်တွင် လှုပ်ရှားမှုအများအပြားဖြစ်လာနေသည်။ အာဏာရရေးကလွဲပြီး ဘာဖြစ်ဖြစ်ဆိုသည့် ပြည်ပရောက်အဖွဲ့များကလည်း ရခိုင်ဒေသက ဘင်္ဂါလီများ နှင့်ပေါင်းနေသည်။ တစ်ဖန် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ဌာနေတိုင်းရင်းသားများအချင်းချင်းဖြစ် ကြရသဖြင့် ကိုယ့်တိုင်းပြည်လူဦးရေကို ကိုယ်တိုင်လျှော့ချနေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် အမေရိ ကန် နယူးယောက်စ်မြို့တော်ဝန်အရေးကိုယှဉ်တွေးပြီး ကိုယ့်တိုင်းပြည်အရေးကို အမြန်ဆုံးပြင်ဆင်သွား ကြရန်လိုသည်။
အချုပ်ဆိုရလျှင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏အရေးနှင့်ယှဉ်ပြီး မြန်မာ့အရေးတွင် စဉ်း စားစရာများ၊ သင်ခန်းစာယူစရာများနှင့်သတိပြုစရာ များစွာရှိသည်။ အမေရိကန်တွင် ထရမ့်အာဏာ ရရှိ မှုနှင့် ဒီမိုကရက်များအပေါ် နှိပ်ကွပ်လာမှုအပေါ် မကျေနပ်ကြသည့်ဒီမိုကရက်များက ထရမ့်ကိုဆန့်ကျင် လျှင်ပြီး ရောဆိုသည့်ပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လာကြသည်။ 
တစ်နည်းဆိုရသော် အမေရိကန်တွင် ဒီမိုကရက် အင်အားစုနှင့် ရီပါပလစ်ကန်အင်အားစုများ အကြား အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲသွားသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မွတ်စလင်ဘာ သာဝင်၊ အာရှတောင်ပိုင်းနွယ်ဖွား ဆိုရှယ်လစ်တစ်ဦးက နယူးယောက်မြို့တော်ဝန်ဖြစ်လာခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့်လည်း ပြည်တွင်းအင်အားစုအချင်းချင်း မတည့်ကြသည့်အခါ နိုင်လျှင်ပြီးရော၊ အာဏာ ရလျှင် ပြီးရောပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လုပ်ဆောင်လာကြသဖြင့် တိုင်းပြည်အမျိုးသားလုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေး အတွင်းစည်းအဖြိုခံခဲ့ရသည်ကို မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူသင့်သည်။ တစ်ဖက်တွင်လည်း ချီးကျူးဖွယ်ရာမြင်ရသည်။
ထိုအချက်က အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေကိုသုံးသပ်ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ် သည့် ရီပါပလစ်ကန်ပါတီအင်အားစုများနှင့် ဒီမိုကရက်ပါတီ အင်အားစုများအကြား အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲနေသည့်တိုင် လူထုက ကိုယ်ကြိုက်ရာ၊ ကိုယ်သန်ရာ ပါတီနောက်လိုက်ပြီး နိုင်ငံရေး ပဋိပက္ခမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခဆီသို့ ကူးပြောင်းမသွားခြင်းပင်ဖြစ်သည်။ ယခုနှစ်တွင် အမေရိ ကန်၌ ကြီးစွာသောဆန္ဒပြမှုများကို မြို့ပေါင်းရာနှင့်ချီ ၍ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြသူများကို လည်း အာဏာပိုင်များက ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သလို သမ္မတအမိန့်ဖြင့် ကြည်းတပ် မရိန်းတပ်များ ခေါ်သွင်းပြီး နှိမ်နင်းခဲ့သည်။ သို့သော် လေးစားစရာကောင်းသည်က ထိုဆန္ဒပြလူအုပ်စုကြီးသည် ထိုကဲ့ သို့ နှိမ်နင်းရကောင်းလားဆိုပြီး မြန်မာနိုင်ငံမှာလို တော်လှန်ရေးခေါင်းစဉ်အောက်ကနေ လက်နက်ကိုင် ပြီး တော်လှန်ပုန်ကန်မှုမပြုခြင်းပင်ဖြစ်သည်။
ဤအချက်ကို မြန်မာလူထုအနေဖြင့် အတုယူသင့်သည်။ ထို့ကြောင့် အမေရိကန်ဒီမိုကရေစီပြဿ နာများ၏ အားနည်းချက် အားသာချက်များကို ရှာဖွေလေ့လာပြီး မိမိတို့နိုင်ငံအတွက် အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

Np News

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
နေပြည်တော် နိုဝင်ဘာ ၄ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးယန်ကျင်ကန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား လုပ်သားပြည်သူတစ်ရပ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ကျွန်တော်ကတော့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးသို့ ဖတ်ကြားတင်ပြသွားမယ့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ ယန်ကျင်ကန် ဖြစ်ပါတယ်။ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-ကျွန်တော်တို့ရဲ့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီကို ၁၉၈၉ ခုနှစ် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုခဲ့စဉ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စတင်ဖွဲ့စည်းပေါ်ပေါက် တည်ထောင်လာခဲ့ရတာ ဖြစ်ပါတယ်။ထိုမှတစ်ဆင့် နိုင်ငံရေးလိုအပ်ချက်အရ ပါတီကို ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများနဲ့အညီ အကြိမ်ကြိမ်ပြန်လည်မှတ်ပုံတင်ပြီး နိုင်ငံရေးခရီးကို လျှောက်လှမ်းလာခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများကိုလည်း အတော်အတန်ရရှိခဲ့ပြီးဖြစ်တဲ့ တိုင်းရင်းသားပါတီတစ်ရပ် ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ လားရှိုး၊ သိန္နီ၊ ကွမ်းလုံမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိခဲ့လို့ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံများကိုလည်း အထိုက်အလျောက်ရရှိနေပြီးတဲ့ပါတီ ဖြစ်ပါတယ်။ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်၊ ရပ်တည်ချက်၊ မျှော်မှန်းချက်များကို တင်ပြရမည်ဆိုလျှင် -ကိုးကန့်တိုင်းရင်းသားများဟာ နယ်စပ်ဒေသတောင်ပေါ်နေ တိုင်းရင်းသားများဖြစ်ကြပြီး ယခုအခါ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ရောက်ရှိ နေထိုင်ကြသော်လည်း အများစုမှာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများမှာ နောက်ကျနိမ့်ပါးနေဆဲဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်ကြပါသော်လည်း မိမိတို့ထမ်းရွက်ရမည့် နိုင်ငံ့တာဝန်နှင့် မိမိတို့ရရှိသင့်တဲ့ တိုင်းရင်းသားအခွင့် အရေးများကို မှန်ကန်စွာ သိမြင်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။တခြားညီနောင်တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သွားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများမှာ အသိအမြင်မှန်ကန်ရေး၊ ရရှိသင့်သည့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဆောင်ရွက်စရာ လိုအပ်ချက်များစွာ ရှိနေသေးတဲ့ ကိုးကန့်တိုင်းရင်းသားများအတွက် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ပေါ်ပေါက်ရပ်တည်လာခဲ့ရတာဖြစ်ပါ တယ်။ကိုးကန့်တိုင်းရင်းသားများဟာ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား တစ်ရပ်လုံးနဲ့ အတူယှဉ်တွဲနေထိုင်ကြတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအစရှိတဲ့ လူမှုဘဝများကို မြှင့်တင်နိုင်မှသာလျှင် နိုင်ငံတော်ကို စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်အစိုးရက မျှော်မှန်းဖော်ဆောင်နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို ချီတက်လျှောက်လှမ်းရာမှာ ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်မနေစေဘဲ အခြားညီနောင်တိုင်းရင်းသားပြည်သူများနဲ့အတူ လက်ရည်တစ်ပြင်တည်း အတူယှဉ်တွဲရပ်တည်လျှောက်လှမ်းပြီး နိုင်ငံအတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါ တယ်။အထူးသဖြင့် ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ တည့်မတ်မှန်ကန်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအမြင်နဲ့ အတွေးအခေါ်အယူအဆများ ရှိကြရမှာဖြစ်ပါတယ်။ထို့အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ဝိသေသဖြစ်တဲ့ နိုင်ငံတော် မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် သာယာဝပြောပြီး လူမှုဘဝဖူလုံတဲ့ လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့အတူ ထမ်းရွက်နိုင်ဖို့ ပါတီရဲ့ မူဝါဒလမ်းစဉ်၊ သဘောထားများကို လက်ခံယုံကြည်တဲ့ ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ထမ်းရွက်နိုင်ဖို့ ရပ်တည်နေပါကြောင်း အလေးအနက်ခံယူထားပါတယ်။ထို့အတူ နိုင်ငံရေးကိုလည်း အဂတိတရားကင်းစွာ ရပ်တည်လျှောက်လှမ်း နိုင်ရေး အခြေခံအကြောင်းတရားများအပေါ် ခိုင်မာစွာ ရပ်တည်လျှောက်လှမ်း သွားရေးများသည်လည်း ပါတီရဲ့ မျှော်မှန်းချက်များဖြစ်ပါတယ်။အထက်တင်ပြချက်များသည် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များနှင့် မျှော်မှန်းချက်များဖြစ်ကြောင်း ရိုးသားစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ပြည်ထောင်စုဖွား ကိုးကန့်တိုင်းရင်းသားများအားလုံးနဲ့ တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှလုံးငြိမ်းအေးကြပါစေ။MOI

နေပြည်တော် နိုဝင်ဘာ ၄

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးယန်ကျင်ကန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား လုပ်သားပြည်သူတစ်ရပ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။

ကျွန်တော်ကတော့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးသို့ ဖတ်ကြားတင်ပြသွားမယ့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ ယန်ကျင်ကန် ဖြစ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ရဲ့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီကို ၁၉၈၉ ခုနှစ် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုခဲ့စဉ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စတင်ဖွဲ့စည်းပေါ်ပေါက် တည်ထောင်လာခဲ့ရတာ ဖြစ်ပါတယ်။

ထိုမှတစ်ဆင့် နိုင်ငံရေးလိုအပ်ချက်အရ ပါတီကို ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများနဲ့အညီ အကြိမ်ကြိမ်ပြန်လည်မှတ်ပုံတင်ပြီး နိုင်ငံရေးခရီးကို လျှောက်လှမ်းလာခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများကိုလည်း အတော်အတန်ရရှိခဲ့ပြီးဖြစ်တဲ့ တိုင်းရင်းသားပါတီတစ်ရပ် ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ လားရှိုး၊ သိန္နီ၊ ကွမ်းလုံမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိခဲ့လို့ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံများကိုလည်း အထိုက်အလျောက်ရရှိနေပြီးတဲ့ပါတီ ဖြစ်ပါတယ်။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်၊ ရပ်တည်ချက်၊ မျှော်မှန်းချက်များကို တင်ပြရမည်ဆိုလျှင် -

ကိုးကန့်တိုင်းရင်းသားများဟာ နယ်စပ်ဒေသတောင်ပေါ်နေ တိုင်းရင်းသားများဖြစ်ကြပြီး ယခုအခါ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ရောက်ရှိ နေထိုင်ကြသော်လည်း အများစုမှာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများမှာ နောက်ကျနိမ့်ပါးနေဆဲဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်ကြပါသော်လည်း မိမိတို့ထမ်းရွက်ရမည့် နိုင်ငံ့တာဝန်နှင့် မိမိတို့ရရှိသင့်တဲ့ တိုင်းရင်းသားအခွင့် အရေးများကို မှန်ကန်စွာ သိမြင်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။

တခြားညီနောင်တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သွားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများမှာ အသိအမြင်မှန်ကန်ရေး၊ ရရှိသင့်သည့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဆောင်ရွက်စရာ လိုအပ်ချက်များစွာ ရှိနေသေးတဲ့ ကိုးကန့်တိုင်းရင်းသားများအတွက် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ပေါ်ပေါက်ရပ်တည်လာခဲ့ရတာဖြစ်ပါ တယ်။

ကိုးကန့်တိုင်းရင်းသားများဟာ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား တစ်ရပ်လုံးနဲ့ အတူယှဉ်တွဲနေထိုင်ကြတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအစရှိတဲ့ လူမှုဘဝများကို မြှင့်တင်နိုင်မှသာလျှင် နိုင်ငံတော်ကို စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်အစိုးရက မျှော်မှန်းဖော်ဆောင်နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို ချီတက်လျှောက်လှမ်းရာမှာ ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်မနေစေဘဲ အခြားညီနောင်တိုင်းရင်းသားပြည်သူများနဲ့အတူ လက်ရည်တစ်ပြင်တည်း အတူယှဉ်တွဲရပ်တည်လျှောက်လှမ်းပြီး နိုင်ငံအတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါ တယ်။

အထူးသဖြင့် ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ တည့်မတ်မှန်ကန်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအမြင်နဲ့ အတွေးအခေါ်အယူအဆများ ရှိကြရမှာဖြစ်ပါတယ်။

ထို့အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ဝိသေသဖြစ်တဲ့ နိုင်ငံတော် မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် သာယာဝပြောပြီး လူမှုဘဝဖူလုံတဲ့ လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့အတူ ထမ်းရွက်နိုင်ဖို့ ပါတီရဲ့ မူဝါဒလမ်းစဉ်၊ သဘောထားများကို လက်ခံယုံကြည်တဲ့ ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ထမ်းရွက်နိုင်ဖို့ ရပ်တည်နေပါကြောင်း အလေးအနက်ခံယူထားပါတယ်။

ထို့အတူ နိုင်ငံရေးကိုလည်း အဂတိတရားကင်းစွာ ရပ်တည်လျှောက်လှမ်း နိုင်ရေး အခြေခံအကြောင်းတရားများအပေါ် ခိုင်မာစွာ ရပ်တည်လျှောက်လှမ်း သွားရေးများသည်လည်း ပါတီရဲ့ မျှော်မှန်းချက်များဖြစ်ပါတယ်။

အထက်တင်ပြချက်များသည် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များနှင့် မျှော်မှန်းချက်များဖြစ်ကြောင်း ရိုးသားစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ပြည်ထောင်စုဖွား ကိုးကန့်တိုင်းရင်းသားများအားလုံးနဲ့ တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှလုံးငြိမ်းအေးကြပါစေ။

MOI

ပူတင်အနေဖြင့် ဒုံးကျည်များ စမ်းသပ်ပစ်ပြနေမည့်အစား စစ်ပွဲ ဦးစွာ ရပ်အောင် လုပ်သင့်သည် ဟု ထရမ့် ပြောကြား
ဗလာဒီမာပူတင်အနေဖြင့် ဒုံးကျည်တွေ စမ်းသပ်ပစ်ပြနေမည့်အစား တစ်ပတ်နှင့်မပြီး တစ်လနှင့်မပြီး လေးနှစ်ထဲ ဝင်ရောက်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို ဦးစွာ အဆုံးသတ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၇ ရက်က မလေးရှားမှ အပြန် Air Force One လေယာဉ်ပေါ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။ရုရှားသမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြားလိုက်သည့် မိုင် ၈၀၀၀ ကျော် ပစ်ခတ်နိုင်သော Burevestnik ခရုဇ် နျူကလီးယား ဒုံးကျည်သစ် တစ်မျိုးကို စမ်းသပ်ပစ်လွှတ်နိုင်ပြီဆိုသည့်အချက်အပေါ် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ဒေါ်နယ်ထရမ့်က ယင်းသို့ ဖြေဆိုလိုက်ခြင်း ဖြစ်ပါသည်။“ရုရှားကမ်းရိုးတန်းမှာ အမေရိကန်၏ အကောင်းဆုံး နျူကလီးယားရေငုပ်သင်္ဘော ရှိနေကြောင်း ရုရှားက သိနှင့်ပြီးဖြစ်သဖြင့် မိုင် ၈၀၀၀ တွေ ဘာတွေ ပျံသန်းနေစရာ မလို” ဟု ဒေါ်နယ်ထရမ့်က ဆိုထားပါသည်။ အမေရိကန်အနေဖြင့် ဒုံးကျည်နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် တီထွင် စမ်းသပ်နေသလို ဗလာဒီမာပူတင်အနေဖြင့်လည်း အဆိုပါ ဒုံးကျည်များ အကြောင်း ပြောနေစရာ မလိုဟု ထင်ကြောင်း၊ တစ်ပတ်အတွင်း ပြီးဆုံး သင့်သည့် စစ်ပွဲက ယခုအခါ လေးနှစ်ထဲ ဝင်လာနေပြီဖြစ်သလို စစ်ပွဲ ဦးစွာ ရပ်သင့်သည်ဟု ထင်ပါကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ကိုးကား- Washington Postဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ဗလာဒီမာပူတင်အနေဖြင့် ဒုံးကျည်တွေ စမ်းသပ်ပစ်ပြနေမည့်အစား တစ်ပတ်နှင့်မပြီး တစ်လနှင့်မပြီး လေးနှစ်ထဲ ဝင်ရောက်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို ဦးစွာ အဆုံးသတ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၇ ရက်က မလေးရှားမှ အပြန် Air Force One လေယာဉ်ပေါ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြားလိုက်သည့် မိုင် ၈၀၀၀ ကျော် ပစ်ခတ်နိုင်သော Burevestnik ခရုဇ် နျူကလီးယား ဒုံးကျည်သစ် တစ်မျိုးကို စမ်းသပ်ပစ်လွှတ်နိုင်ပြီဆိုသည့်အချက်အပေါ် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ဒေါ်နယ်ထရမ့်က ယင်းသို့ ဖြေဆိုလိုက်ခြင်း ဖြစ်ပါသည်။

ရုရှားကမ်းရိုးတန်းမှာ အမေရိကန်၏ အကောင်းဆုံး နျူကလီးယားရေငုပ်သင်္ဘော ရှိနေကြောင်း ရုရှားက သိနှင့်ပြီးဖြစ်သဖြင့် မိုင် ၈၀၀၀ တွေ ဘာတွေ ပျံသန်းနေစရာ မလို” ဟု ဒေါ်နယ်ထရမ့်က ဆိုထားပါသည်။ 

အမေရိကန်အနေဖြင့် ဒုံးကျည်နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် တီထွင် စမ်းသပ်နေသလို ဗလာဒီမာပူတင်အနေဖြင့်လည်း အဆိုပါ ဒုံးကျည်များ အကြောင်း ပြောနေစရာ မလိုဟု ထင်ကြောင်း၊ တစ်ပတ်အတွင်း ပြီးဆုံး သင့်သည့် စစ်ပွဲက ယခုအခါ လေးနှစ်ထဲ ဝင်လာနေပြီဖြစ်သလို စစ်ပွဲ ဦးစွာ ရပ်သင့်သည်ဟု ထင်ပါကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား- Washington Post

ဩစတြေးလျနိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်
ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ" ဟု အာမခံထားကြောင်း Albanese က ဖြည့်စွက် ပြောကြားခဲ့သည်။"ဤသည်မှာ ကောင်းသောအခွင့်အရေးဖြစ်ပြီး ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်းကာ ထိုအခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံနှစ်နိုင်ငံ အဖြေရှာ ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ရန်နှင့် ဂါဇာတွင် ပဋိပက္ခ၊ ဒုက္ခနှင့် အငတ်ဘေးများကို အဆုံးသတ်ရန် လူသားတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။နယူးဇီလန်နိုင်ငံကလည်း ဩစတြေးလျနှင့်အတူ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေကြောင်း ယနေ့ (ဩဂုတ် ၁၁) ပင် ကြေညာလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး Winston Peters က စက်တင်ဘာလတွင် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ကာ ကုလသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံမည့် သီတင်းပတ်တွင် ပြည့်စုံခိုင်မာသော ချဉ်းကပ်မှုပုံစံကို တင်ပြမည်ဟု ပြောကြားခဲ့သည်။နိုင်ငံနှစ်နိုင်ငံ အဖြေရှာခြင်းဆိုသည်မှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် သီးခြားနယ်မြေများ သတ်မှတ်ပေးရန် အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂက ဗြိတိသျှ အုပ်ချုပ်မှု အောက်ရှိ ပါလက်စတိုင်းဒေသကို ပါလက်စတိုင်းနှင့် ဂျူးလူမျိုးများအတွက် နှစ်ပိုင်းခွဲခြားပေးရန် စတင်ခဲ့သည်။သို့သော် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ပေါ်ပေါက်ပြီးနောက် ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သောပဋိပက္ခများက ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။၁၉၉၃ ခုနှစ်တွင် အမေရိကန်ကြားဝင်ညှိနှိုင်းပေးခဲ့သော အော်စလိုသဘောတူညီချက်အရ အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များက အနောက်ဘက်ကမ်းဒေသ (West Bank) နှင့် ဂါဇာကို ပါလက်စတိုင်းက အုပ်ချုပ်ရန် သဘောတူခဲ့သော်လည်း အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနေထိုင်မှုများ တိုးချဲ့လာ ခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းနယ်မြေငြင်းဆိုမှုများက အဆိုပါအဖြေကို ဝေးကွာစေခဲ့သည်။ဇူလိုင်လ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က "အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကို အလေးထားသည့်အနေဖြင့် " စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီတို့ကလည်း ဇူလိုင်လကုန်တွင် အလားတူ ရည်ရွယ်ချက်များ ထုတ်ဖော်ပြောကြားခဲ့သည်။ပေါ်တူဂီနိုင်ငံကလည်း "လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် အစ္စရေး၏ ပါလက်စတိုင်း နယ်မြေများကို သိမ်းပိုက်ရန် အကြိမ်ကြိမ်ပြောဆိုမှုများကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေသော ပဋိပက္ခ” တို့အပေါ် တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၈၀ ကြိမ် မြောက်အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် စီစဉ်ထားသည်။ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့၏ ထိုလှုပ်ရှားမှုမှာ အထူးသတိထားစရာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ယခင်က အနောက်နိုင်ငံများက နယ်နိမိတ်နှင့် ဂျေရုဆလင်အခြေအနေကဲ့သို့သော အချက် များတွင် သဘောတူညီမှုရပြီးမှသာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ယေဘုယျအားဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့၏ သဘောထားပြောင်းလဲလာမှုကို မြင်တွေ့ရသော ကြောင့် ဖြစ်သည်။အစ္စရေးက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ယင်းက ဂါဇာတွင် စစ်ပြေငြိမ်းရေးညှိနှိုင်းမှုနှင့် အကျဉ်းချထားခံရသူများ လွတ်မြောက်ရေးအားထုတ်မှုများကို အားနည်းစေသည်ဟု ဆိုသည်။လေ့လာသူများက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အဓိကအားဖြင့် သင်္ကေတ သဘောသာဖြစ်သည်ဟု သုံးသပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတပ်မတော်က အနောက် ဘက်ကမ်း၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေး အတွက် ရည်မှန်းထားသော နယ်မြေအများစုကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့သော်အနောက်နိုင်ငံကြီးများ၏ ထိုလှုပ်ရှားမှုက အစ္စရေးကို နိုင်ငံတကာမြင်ကွင်းတွင် တစ်စတစ်စ အထီးကျန် စေလိမ့်မည်ဟု ခန့်မှန်းကြသည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ" ဟု အာမခံထားကြောင်း Albanese က ဖြည့်စွက် ပြောကြားခဲ့သည်။

"ဤသည်မှာ ကောင်းသောအခွင့်အရေးဖြစ်ပြီး ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်းကာ ထိုအခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံနှစ်နိုင်ငံ အဖြေရှာ ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ရန်နှင့် ဂါဇာတွင် ပဋိပက္ခ၊ ဒုက္ခနှင့် အငတ်ဘေးများကို အဆုံးသတ်ရန် လူသားတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံကလည်း ဩစတြေးလျနှင့်အတူ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေကြောင်း ယနေ့ (ဩဂုတ် ၁၁) ပင် ကြေညာလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး Winston Peters က စက်တင်ဘာလတွင် အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ကာ ကုလသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံမည့် သီတင်းပတ်တွင် ပြည့်စုံခိုင်မာသော ချဉ်းကပ်မှုပုံစံကို တင်ပြမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံနှစ်နိုင်ငံ အဖြေရှာခြင်းဆိုသည်မှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် သီးခြားနယ်မြေများ သတ်မှတ်ပေးရန် အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂက ဗြိတိသျှ အုပ်ချုပ်မှု အောက်ရှိ ပါလက်စတိုင်းဒေသကို ပါလက်စတိုင်းနှင့် ဂျူးလူမျိုးများအတွက် နှစ်ပိုင်းခွဲခြားပေးရန် စတင်ခဲ့သည်။

သို့သော် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ပေါ်ပေါက်ပြီးနောက် ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သောပဋိပက္ခများက ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။၁၉၉၃ ခုနှစ်တွင် အမေရိကန်ကြားဝင်ညှိနှိုင်းပေးခဲ့သော အော်စလိုသဘောတူညီချက်အရ အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များက အနောက်ဘက်ကမ်းဒေသ (West Bank) နှင့် ဂါဇာကို ပါလက်စတိုင်းက အုပ်ချုပ်ရန် သဘောတူခဲ့သော်လည်း အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနေထိုင်မှုများ တိုးချဲ့လာ ခြင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းနယ်မြေငြင်းဆိုမှုများက အဆိုပါအဖြေကို ဝေးကွာစေခဲ့သည်။

ဇူလိုင်လ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က "အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကို အလေးထားသည့်အနေဖြင့် " စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီတို့ကလည်း ဇူလိုင်လကုန်တွင် အလားတူ ရည်ရွယ်ချက်များ ထုတ်ဖော်ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံကလည်း "လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် အစ္စရေး၏ ပါလက်စတိုင်း နယ်မြေများကို သိမ်းပိုက်ရန် အကြိမ်ကြိမ်ပြောဆိုမှုများကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေသော ပဋိပက္ခ” တို့အပေါ် တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၈၀ ကြိမ် မြောက်အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် စီစဉ်ထားသည်။

ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့၏ ထိုလှုပ်ရှားမှုမှာ အထူးသတိထားစရာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ယခင်က အနောက်နိုင်ငံများက နယ်နိမိတ်နှင့် ဂျေရုဆလင်အခြေအနေကဲ့သို့သော အချက် များတွင် သဘောတူညီမှုရပြီးမှသာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ယေဘုယျအားဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့၏ သဘောထားပြောင်းလဲလာမှုကို မြင်တွေ့ရသော ကြောင့် ဖြစ်သည်။

အစ္စရေးက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ယင်းက ဂါဇာတွင် စစ်ပြေငြိမ်းရေးညှိနှိုင်းမှုနှင့် အကျဉ်းချထားခံရသူများ လွတ်မြောက်ရေးအားထုတ်မှုများကို အားနည်းစေသည်ဟု ဆိုသည်။

လေ့လာသူများက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အဓိကအားဖြင့် သင်္ကေတ သဘောသာဖြစ်သည်ဟု သုံးသပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတပ်မတော်က အနောက် ဘက်ကမ်း၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေး အတွက် ရည်မှန်းထားသော နယ်မြေအများစုကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့သော်အနောက်နိုင်ငံကြီးများ၏ ထိုလှုပ်ရှားမှုက အစ္စရေးကို နိုင်ငံတကာမြင်ကွင်းတွင် တစ်စတစ်စ အထီးကျန် စေလိမ့်မည်ဟု ခန့်မှန်းကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂

မကြာမီတွင် ရုရှား-ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ထရမ့်ဆို
အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့ သည်။ဇီလန်စကီးက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် သဘောတူခြင်း ရှိ၊ မရှိကို မီဒီယာ သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး လမ်းကြောင်းသည် “အလွန်ရှည်လျားလျက်ရှိ” ကြောင်း၊ “သို့သော် မကြာမီ တွေ့ဆုံဆွေးနွေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိကြောင်း” ပြောကြားခဲ့သည်။ထရမ့်က ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားပြီး ယင်းနောက် ၎င်းတို့နှစ်ဦးနှင့် ဇီလန်စကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါနေ့တွင် ဥရောပခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ သည်ဟု “The New York Times” နှင့် CNN က အိမ်ဖြူတော်အရာရှိများအား သတင်းအရင်းအမြစ်အဖြစ် သတ်မှတ်၍ ထုတ်ပြန်ထားသောသတင်းအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း ရှိ၊ မရှိမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေတိုးတက်မှု မည်ကဲ့သို့ရှိခြင်း၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ ကိုယ်စီ၏ ရပ်တည်ချက်များ “လုံလောက်စွာ တူညီနီးစပ်မှု” ရှိ၊ မရှိခြင်းအပေါ်မူတည်ကြောင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “ရလဒ်များ ကြွယ်ဝ” ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းနောက် မီဒီယာများ၏ မေးမြန်းမှုတွင် ၎င်းက စတိဗ်ဝစ်ကော့ဖ်၏ ယခုအကြိမ် ခရီးစဉ်သည် “ထိုးဖောက်မှု” တစ်ကြိမ် ဖြစ်သည်ဟု ပြောရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အကျိုးရှိပြီး များစွာ အပြုသဘောဆောင်ကြောင်း”၊ နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အမေရိကန် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ စသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် ပြောကြားခဲ့သည်။ ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီခန့် ကြာမြင့် ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။အမေရိကန်၏ ရုရှားအပေါ် ဖိအားပေးမှုသည် ရလဒ်များပေါ်ထွက်လာပြီး လက်ရှိတွင် ရုရှားဘက်က အပစ်ရပ်ရန် ပို၍အားသာကြောင်း ဇီလန်စကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “အဓိကကတော့ အသေးစိတ် အချက်အလက်တွေမှာ သူတို့က (ရုရှား-အမေရိကန်) ကျွန်တော်တို့ကို မလိမ်လည်ဖို့ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ၎င်းက စတိဗ်ဝစ်ကော့ဖ် ရုရှား ခရီးစဉ်နှင့်စပ်လျဉ်း၍ ထရမ့်နှင့်ဆွေးနွေးခဲ့ဖူးပြီး ယူကရိန်းသည် “တရားမျှတမှုရှိသော ငြိမ်းချမ်းရေး” ကို အဆိုပြုကြောင်း အလေးထားပြောကြားခဲ့သည်။ရုရှားအနေဖြင့် ဩဂုတ် ၈ ရက်မတိုင်မိ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်၏ တစ်ဆင့်တိုး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု ထရမ့် အစိုးရက လတ်တလောတွင် သတိပေးခဲ့သည်။ ရုရှားဘက်က ယူကရိန်းနှင့် ပဋိပက္ခဖြစ်ပွားမှုကို ရပ်တန့်လာစေရန် ထရမ့်က ၎င်းအနေဖြင့် “ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ” ကို မကြာမီ ကြေညာနိုင်ကြောင်း ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ကိုးကား- Xinhua

အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့ သည်။

ဇီလန်စကီးက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် သဘောတူခြင်း ရှိ၊ မရှိကို မီဒီယာ သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး လမ်းကြောင်းသည် “အလွန်ရှည်လျားလျက်ရှိ” ကြောင်း၊ “သို့သော် မကြာမီ တွေ့ဆုံဆွေးနွေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိကြောင်း” ပြောကြားခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားပြီး ယင်းနောက် ၎င်းတို့နှစ်ဦးနှင့် ဇီလန်စကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါနေ့တွင် ဥရောပခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ သည်ဟု “The New York Times” နှင့် CNN က အိမ်ဖြူတော်အရာရှိများအား သတင်းအရင်းအမြစ်အဖြစ် သတ်မှတ်၍ ထုတ်ပြန်ထားသောသတင်းအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း ရှိ၊ မရှိမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေတိုးတက်မှု မည်ကဲ့သို့ရှိခြင်း၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ ကိုယ်စီ၏ ရပ်တည်ချက်များ “လုံလောက်စွာ တူညီနီးစပ်မှု” ရှိ၊ မရှိခြင်းအပေါ်မူတည်ကြောင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “ရလဒ်များ ကြွယ်ဝ” ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းနောက် မီဒီယာများ၏ မေးမြန်းမှုတွင် ၎င်းက စတိဗ်ဝစ်ကော့ဖ်၏ ယခုအကြိမ် ခရီးစဉ်သည် “ထိုးဖောက်မှု” တစ်ကြိမ် ဖြစ်သည်ဟု ပြောရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အကျိုးရှိပြီး များစွာ အပြုသဘောဆောင်ကြောင်း”၊ နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အမေရိကန် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ စသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် ပြောကြားခဲ့သည်။ ပူတင်နှင့် စတိဗ်ဝစ်ကော့ဖ်၏ တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီခန့် ကြာမြင့် ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။

အမေရိကန်၏ ရုရှားအပေါ် ဖိအားပေးမှုသည် ရလဒ်များပေါ်ထွက်လာပြီး လက်ရှိတွင် ရုရှားဘက်က အပစ်ရပ်ရန် ပို၍အားသာကြောင်း ဇီလန်စကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “အဓိကကတော့ အသေးစိတ် အချက်အလက်တွေမှာ သူတို့က (ရုရှား-အမေရိကန်) ကျွန်တော်တို့ကို မလိမ်လည်ဖို့ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ၎င်းက စတိဗ်ဝစ်ကော့ဖ် ရုရှား ခရီးစဉ်နှင့်စပ်လျဉ်း၍ ထရမ့်နှင့်ဆွေးနွေးခဲ့ဖူးပြီး ယူကရိန်းသည် “တရားမျှတမှုရှိသော ငြိမ်းချမ်းရေး” ကို အဆိုပြုကြောင်း အလေးထားပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ဩဂုတ် ၈ ရက်မတိုင်မိ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်၏ တစ်ဆင့်တိုး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု ထရမ့် အစိုးရက လတ်တလောတွင် သတိပေးခဲ့သည်။ ရုရှားဘက်က ယူကရိန်းနှင့် ပဋိပက္ခဖြစ်ပွားမှုကို ရပ်တန့်လာစေရန် ထရမ့်က ၎င်းအနေဖြင့် “ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ” ကို မကြာမီ ကြေညာနိုင်ကြောင်း ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ကိုးကား- Xinhua

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော
ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့ သည်။ နေတန်ယာဟုအနေဖြင့် ဂါဇာအား အလုံးစုံ ပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ် ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါတို့က စားနပ်ရိက္ခာများ ပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာဒေသသို့ ဩဂုတ် ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင် လာခြင်းဖြစ်ကြောင်း သိရသည်။ဂျော်ဒန်တော်ဝင်မိသားစုပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်း စာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်း တစ်ခုမှာ ဩဂုတ် ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ် ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိနိုင်ရန် ကနဦးစီစဉ်ထားသော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ် အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသကဲ့သို့ ရှာဖွေစစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။ ဟားမက်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ် ၃ ရက်တွင် ဂါဇာသို့ အကူအညီ ပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင် ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်းထရပ်ကား အရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေ သည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက်များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာ ငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။ကိုးကား-Xinhua

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့ သည်။
 
နေတန်ယာဟုအနေဖြင့် ဂါဇာအား အလုံးစုံ ပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ် ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါတို့က စားနပ်ရိက္ခာများ ပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာဒေသသို့ ဩဂုတ် ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင် လာခြင်းဖြစ်ကြောင်း သိရသည်။ဂျော်ဒန်တော်ဝင်မိသားစုပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်း စာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်း တစ်ခုမှာ ဩဂုတ် ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ် ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိနိုင်ရန် ကနဦးစီစဉ်ထားသော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ် အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသကဲ့သို့ ရှာဖွေစစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။
 
ဟားမက်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ် ၃ ရက်တွင် ဂါဇာသို့ အကူအညီ ပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင် ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်းထရပ်ကား အရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေ သည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက်များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာ ငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။

ကိုးကား-Xinhua