ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ
-
တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။အဏုဇီဝမြေသြဇာများအကြောင်းယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့ သည့် စိုက်ပျိုးမွေးမြူရေးအခြေအနေသို့ ရောက်ရှိ လာပါသည်။ ယခုဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းတို့ကို အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရေး အခြားနည်းလမ်း များကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပါသည်။ဇီဝမြေသြဇာဆိုသည်မှာ အကျိုးပြုအဏုဇီဝ ပိုးများ ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝဖြစ်စဉ်များကို ပြန်လည် ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင် ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါ သည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များကို ပျော်ဝင် စေခြင်း၊ ဖော့စဖော့ရပ်ဓာတ်များ စုပ်ယူပေးနိုင်ခြင်း၊ အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင် ပါသည်။ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များဇီဝမြေသြဇာများကို ယင်းတို့ လုပ်ဆောင်ပေးသော အဓိကအာဟာရဓာတ်အလိုက် ခွဲခြားနိုင်ပါသည်။ အဓိကအားဖြင့် ဗက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင်ဆီးတီးစ် (Actino-mycetes) များ ပါဝင်တတ်ကြပါသည်။အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင် မြေလွှာအတွင်း အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။ရိုင်ဇိုဘီယမ် (Rhizobium) နှင့်ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွှယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle)တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ဥပမာ - ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲတီစိမ်း၊ စားကျက်ပဲမျိုး များ စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာ လျှင် လေထဲမှ နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဗက်တီး ရီးယားကြားတွင် ရှုပ်ထွေးသော မော်လီကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က ဖလေဗိုလ်နိုက် (Flavo-noids) ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ် ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဗက်တီး ရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nodfactors) ဟု ခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည် ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။ရိုင်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)ရိုင်ဇိုဘီယမ်မျိုးစိတ်များသည် စိုက်ပျိုးရေး တွင် အရေးကြီးသော ပဲမျိုးတစ်မျိုးချင်းနှင့် သီးသန့် သဟဇာတဆက်နွှယ်မှုကို လေ့လာနိုင်ပါသည်။ဇီဝမြေဩဇာများ အသုံးပြုမှုဆိုင်ရာစိန်ခေါ်မှုများနှင့် အားနည်းချက်၊ အကန့်အသတ်များ၁။ သက်တမ်းတိုခြင်းနှင့် အသက်ရှင်နိုင်မှုလျော့နည်းခြင်းဇီဝမြေဩဇာများသည် အသက်ရှင်သော မိုက်ခရိုတ်များ၊ သေးငယ်သော အဏုဇီဝ သက်ရှိများ (Living Microbial Organisms) ပါဝင်သောကြောင့် လွယ်ကူစွာသေဆုံးနိုင်ပါသည်။အပူချိန်မြင့်ခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်း၊ စိုထိုင်းဆမြင့်ခြင်းတို့ကြောင့် မိုက်ခရိုတ်များ သေဆုံး နိုင်သည်။ အသုံးမပြုမီတိုင်အောင်ပင် အာနိသင် လျော့နည်းသွားနိုင်သည်။ ရေခဲသေတ္တာ သို့မဟုတ် အေးမြသောနေရာများ မရှိခြင်းကြောင့် သိမ်းဆည်း မှု မကောင်းခြင်း ဖြစ်လေ့ရှိသည်။ (မြန်မာနိုင်ငံရှိတောင်သူဦးကြီးများ၊ ကျေးလက်ဒေသများအတွက် အဓိကပြဿနာဖြစ်နိုင်ပါသည်။)အကျိုးဆက်။ လယ်သမားများ အသုံးပြုသော်လည်း အကျိုးသက်ရောက်မှု မမြင်ရခြင်း၊ အထွက်တိုးမလာခြင်းဖြစ်ပေါ်နိုင်ပါသည်။၂။ ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်လွယ်ခြင်းအဏုဇီဝသက်ရှိများသည် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်ထိခိုက် လွယ်ပါသည်။မြေချဉ်ငန်ဓာတ် ( pH) (အက်စစ်/အာလကလီ များလွန်းခြင်း)၊ ရေဓာတ် (ခြောက်သွေ့လွန်းခြင်းသို့မဟုတ် ရေများလွန်းခြင်း)၊ အပူချိန်မြင့်/နိမ့်ခြင်း၊ ဆားဓာတ်များခြင်း။အကျိုးဆက်။ အရည်အသွေးကောင်းသော ဇီဝ မြေဩဇာများပင် မသင့်လျော်သော မြေများတွင် မအောင်မြင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။၃။ မူလမြေကြီးအတွင်းရှိ အဏုဇီဝပိုးများနှင့် ယှဉ်ပြိုင်မှုအသစ်ထည့်သွင်းသော အဏုဇီဝပိုး၊ မိုက်ခရိုတ် များသည် မြေထဲရှိ မူလမိုက်ခရိုတ်များနှင့် ယှဉ်ပြိုင် ရသည်။ မူလ အဏုဇီဝပိုးများက ထိန်းချုပ်နိုင်ပါ သည်။ အကျိုးမရှိသော မျိုးကွဲများရှိနိုင်သည်။အကျိုးဆက်။ အသုံးပြုသော အဏုဇီဝပိုးများသည် အပင်အမြစ်တွင် မစွဲမြဲဘဲ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှု အားနည်းသွားနိုင်ခြင်း ဖြစ်နိုင်ပါသည်။ ၄။ တောင်သူလယ်သမားများ၏ နည်းပညာအပေါ် နားလည်မှုအားနည်းခြင်းတစ်ဧကလျှင် ဇီဝမြေဩဇာ အသုံးပြုရမည့် အရေအတွက်၊ ပမာဏနှုန်းထားများ မှားယွင်း တွက်ချက်မိခြင်း၊ မြေဩဇာအသုံးပြုချိန်မမှန်ခြင်း (ဥပမာ – နေရောင်ထဲတွင် အသုံးပြုခြင်း)၊ မြေဩဇာ များကို မျိုးစေ့လူးနယ်မှု နည်းစနစ်မမှန်ခြင်း၊ ဓာတု ပစ္စည်းများ၊ ဓာတုမြေဩဇာများနှင့် မသင့်လျော်စွာ ရောစပ်အသုံးပြုခြင်း။အကျိုးဆက်။ ဇီဝမြေဩဇာအကျိုးသက်ရောက်မှု လျော့နည်းခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သွားနိုင်ပါသည်။၅။ ဓာတုဆေးပစ္စည်းများနှင့် မကိုက်ညီမှုပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အကျိုးပြု အဏုဇီဝပိုး၊ မိုက်ခရိုတ်များကို သေစေနိုင်ပါသည်။ တောင်သူလယ်သမားများက တစ်ပြိုင်နက် ရောစပ်အသုံးပြုတတ်သည်။အကျိုးဆက်။ အကျိုးပြု အဏုဇီဝပိုးမိုက်ခရိုတ်များ နိုက်ထရိုဂျင်၊ ဖော့စဖော့ရပ်တို့ ဖမ်းယူမပေးနိုင်ခင်၊ အလုပ်မလုပ်မီ သေဆုံးသွားခြင်းဖြစ်နိုင်ပါသည်။၆။ အကျိုးသက်ရောက်မှု နှေးကွေးခြင်းဤဇီဝမြေဩဇာများသည် ဓာတုဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ချက်ချင်း မထင်ရှားပါ။ (ဥပမာ- အပင်များချက်ချင်း စိမ်းလန်း မလာပါ။) သက်ရောက်မှု အကျိုးကျေးဇူးများကို အချိန်ယူရသည်။အကျိုးဆက်။ လယ်သမားများက ဤဇီဝမြေဩဇာများက ထိရောက်မှုမရှိ၊ အလုပ်မလုပ်ဘူးဟု ထင်မြင်နိုင်ပါသည်။၇။ အရည်အသွေးထိန်းချုပ်မှု ပြဿနာများဇီဝမြေဩဇာအတု သို့မဟုတ် အရည်အသွေးနိမ့် ထုတ်ကုန်များရှိနိုင်ခြင်း၊ အဏုဇီဝ မိုက်ခရိုတ် အရေအတွက် မလုံလောက်ခြင်း၊ မလိုအပ်သော အခြားအဏုဇီဝပိုးများနှင့် ရောနှောနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။အကျိုးဆက်။ တောင်သူများ ယုံကြည်မှုလျော့နည်း လာနိုင်ပါသည်။၈။ သိုလှောင်နှင့် သယ်ယူပို့ဆောင်မှု ပြဿနာများအထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဇီဝမြေဩဇာများအသုံးပြုရန် အအေး ခန်းစနစ် မရှိခြင်း၊ နေပူအောက်တွင် သယ်ယူ ပို့ဆောင်နေရခြင်းတို့ ရှိပါသည်။အကျိုးဆက်။ တောင်သူလယ်သမားများထံ ရောက်ရှိ ချိန်တွင် အဏုဇီဝပိုးများ သေဆုံးပြီး မြေဩဇာက အာနိသင်မရှိ၊ အကျိုးမရှိဖြစ်နိုင်ပါသည်။၉။ သီးနှံအလိုက် သတ်မှတ်မှုလိုအပ်ခြင်းBiofertilizer အချို့သည် သီးနှံအလိုက် သီးသန့် အသုံးပြုရသည်။ဥပမာ - ရိုင်ဇိုဘီယမ် (Rhizobium) မြေဩဇာ သည် သီးသန့်ပဲသီးနှံ၊ စားကျက်ပဲအပင်များ ပဲလွမ်း၊ ကုလားပဲ၊ ကလိုဗာ၊ အယ်လဖာဖာ စသည်တို့ အတွက်သာ သီးသန့်သဟဇာတဖြစ်၊ သင့်လျော်ပါ သည်။ တောင်သူဦးကြီးများအနေဖြင့် မမှန်ကန် သော မျိုးကွဲရွေးချယ်မိနိုင်ပါသည်။အကျိုးဆက်။ လေထဲမှနိုက်ထရိုဂျင်ဖမ်းယူမှု မရရှိ နိုင်တော့ဘဲ အကျိုးမရှိဖြစ်သွားနိုင်ပါသည်။၁၀။ လယ်ယာတွင် အသုံးပြုရာ အခက်အခဲများဇီဝမြေဩဇာများနှင့် မျိုးစေ့ကို လူးနယ်ရာတွင် အရိပ်အောက်တွင် အသုံးပြုရန် လိုအပ်ပါသည်။ အစိုဓာတ်၊ ရေဓာတ် အမြဲရရှိနေရန် ထိန်းသိမ်းနိုင်ရ ပါမည်။ ဇီဝမြေဩဇာများ မျိုးစေ့တွင် ကပ်နေရန် မျိုးစေ့ကပ်လုပ်ငန်းများ အလုပ်ရှုပ်နိုင်ပါသည်။အကျိုးဆက် ။ ထို့ကြောင့် တောင်သူလယ်သမားများ သည် အသုံးပြုရန်လွယ်ကူသော ဓာတုဓာတ်မြေ ဩဇာကို ရွေးချယ်ခြင်းဖြစ်သွားနိုင်ပါသည်။၁၁။ စီးပွားရေးအကျိုးအမြတ် ချက်ချင်းမရရှိခြင်းဤဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ရေရှည် အကျိုးကျေးဇူးများ (မြေဆီလွှာကောင်းမွန်မှု) ရရှိလာနိုင်သော်လည်း သီးနှံအထွက်တိုးမှု ချက်ချင်း မမြင်ရခြင်း ဖြစ်တတ်ပါသည်။အကျိုးဆက်။ တောင်သူများအသုံးပြုလိုမှု နည်းပါး လာနိုင်ပါသည်။၁၂။ အထောက်အပံ့နှင့် လမ်းညွှန်မှု နည်းပါးခြင်းဤနည်းပညာအသုံးပြုရန် တောင်သူပညာပေး လုပ်ငန်းများ မလုံလောက်ပါ၊ တောင်သူများရှိရာ ကျေးရွာများတွင် သရုပ်ပြစမ်းသပ်ကွက်များ နည်းပါးခြင်း၊ မရှိခြင်းတို့ ဖြစ်နိုင်ပါသည်။အကျိုးဆက်။ နောက်ဆုံးတော့ တောင်သူများက ဤနည်းပညာအပေါ် ယုံကြည်မှုမရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။စာရေးသူ၏အတွေးစိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီ/လုပ်ငန်းများက ဇီဝမြေဩဇာများ အနေဖြင့် အီးအမ်မြေဩဇာ(EM-Effective Microorganisms Fertilizer)၊ ဘာမထီစမ်း-တြိုင်ဂို ဒါးမားအရည် (Liquid Trichoderma) စသည်ဖြင့် ရောင်းချနေသည်ကိုတော့ သတိထားမိပါသည်။လေ့လာချက်အရ ခေတ်မီစိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံ လယ်ယာမြေများ၊ ဩစတြေးလျတောင်သူများ ၂၀ - ၃၀ ရာခိုင်နှုန်း လောက်က ဤနည်းပညာကို ဓာတ်မြေဩဇာ အစားထိုးမဟုတ်ဘဲ အထွက်တိုး၊ မြေဆီလွှာ၊ မြေဆီ ဩဇာ ပြန်လည်ကောင်းမွန်လာရန် ပူးတွဲအသုံးပြုနေ သည်ကို တွေ့ရှိရပါသည်။၁၉၈၇ - ၈၈ ခုနှစ် စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးပညာ သင်တန်းတက်ရောက်စဉ်ကတည်းက တောင်သူ ဦးကြီးတိုင်း မိမိလယ်ယာမြေ အိမ်ထဲတွင် ရေခဲ သေတ္တာ အပိုရှိပြီး ရိုင်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထား ကာ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်းစိုက်ပျိုး သည့် ဓလေ့ကို သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုးများ၊ သီးနှံမျိုးစေ့များနှင့် သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။မြန်မာ့တောင်သူဦးကြီးများ ရေရှည်အကျိုးရှိစေ ရန်အတွက် ဤနည်းပညာများကို ကွင်းသုတေသနများစွာ၊ တောင်သူစိုက်ကွင်းများထဲ သရုပ်ပြစိုက်ခင်းများစွာပြုလုပ်သင့်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။moiPhoto: Gemini

တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။

အဏုဇီဝမြေသြဇာများအကြောင်း

ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့ သည့် စိုက်ပျိုးမွေးမြူရေးအခြေအနေသို့ ရောက်ရှိ လာပါသည်။ ယခုဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းတို့ကို အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရေး အခြားနည်းလမ်း များကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပါသည်။

ဇီဝမြေသြဇာဆိုသည်မှာ အကျိုးပြုအဏုဇီဝ ပိုးများ ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝဖြစ်စဉ်များကို ပြန်လည် ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင် ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါ သည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များကို ပျော်ဝင် စေခြင်း၊ ဖော့စဖော့ရပ်ဓာတ်များ စုပ်ယူပေးနိုင်ခြင်း၊ အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင် ပါသည်။

ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ

ဇီဝမြေသြဇာများကို ယင်းတို့ လုပ်ဆောင်ပေးသော အဓိကအာဟာရဓာတ်အလိုက် ခွဲခြားနိုင်ပါသည်။ အဓိကအားဖြင့် ဗက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင်ဆီးတီးစ် (Actino-mycetes) များ ပါဝင်တတ်ကြပါသည်။

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ

အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင် မြေလွှာအတွင်း အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။

ရိုင်ဇိုဘီယမ် (Rhizobium) နှင့်

ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံ

ရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွှယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle)တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ဥပမာ - ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲတီစိမ်း၊ စားကျက်ပဲမျိုး များ စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာ လျှင် လေထဲမှ နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။

အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်

အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဗက်တီး ရီးယားကြားတွင် ရှုပ်ထွေးသော မော်လီကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က ဖလေဗိုလ်နိုက် (Flavo-noids) ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ် ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဗက်တီး ရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nodfactors) ဟု ခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည် ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။

ရိုင်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)

ရိုင်ဇိုဘီယမ်မျိုးစိတ်များသည် စိုက်ပျိုးရေး တွင် အရေးကြီးသော ပဲမျိုးတစ်မျိုးချင်းနှင့် သီးသန့် သဟဇာတဆက်နွှယ်မှုကို လေ့လာနိုင်ပါသည်။

ဇီဝမြေဩဇာများ အသုံးပြုမှုဆိုင်ရာ

စိန်ခေါ်မှုများနှင့် အားနည်းချက်၊ အကန့်အသတ်များ

၁။ သက်တမ်းတိုခြင်းနှင့် အသက်ရှင်နိုင်မှုလျော့နည်းခြင်း

ဇီဝမြေဩဇာများသည် အသက်ရှင်သော မိုက်ခရိုတ်များ၊ သေးငယ်သော အဏုဇီဝ သက်ရှိများ (Living Microbial Organisms) ပါဝင်သောကြောင့် လွယ်ကူစွာသေဆုံးနိုင်ပါသည်။

အပူချိန်မြင့်ခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်း၊ စိုထိုင်းဆမြင့်ခြင်းတို့ကြောင့် မိုက်ခရိုတ်များသေဆုံး နိုင်သည်။ အသုံးမပြုမီတိုင်အောင်ပင် အာနိသင် လျော့နည်းသွားနိုင်သည်။ ရေခဲသေတ္တာ သို့မဟုတ် အေးမြသောနေရာများ မရှိခြင်းကြောင့် သိမ်းဆည်း မှု မကောင်းခြင်း ဖြစ်လေ့ရှိသည်။ (မြန်မာနိုင်ငံရှိတောင်သူဦးကြီးများ၊ ကျေးလက်ဒေသများအတွက် အဓိကပြဿနာဖြစ်နိုင်ပါသည်။)

အကျိုးဆက်။ လယ်သမားများ အသုံးပြုသော်လည်း အကျိုးသက်ရောက်မှု မမြင်ရခြင်း၊ အထွက်တိုးမလာခြင်းဖြစ်ပေါ်နိုင်ပါသည်။

၂။ ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်လွယ်ခြင်း

အဏုဇီဝသက်ရှိများသည် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်ထိခိုက် လွယ်ပါသည်။

မြေချဉ်ငန်ဓာတ် ( pH) (အက်စစ်/အာလကလီ များလွန်းခြင်း)၊ ရေဓာတ် (ခြောက်သွေ့လွန်းခြင်းသို့မဟုတ် ရေများလွန်းခြင်း)၊ အပူချိန်မြင့်/နိမ့်ခြင်း၊ ဆားဓာတ်များခြင်း။

အကျိုးဆက်။ အရည်အသွေးကောင်းသော ဇီဝ မြေဩဇာများပင် မသင့်လျော်သော မြေများတွင် မအောင်မြင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။

၃။ မူလမြေကြီးအတွင်းရှိ အဏုဇီဝပိုးများနှင့် ယှဉ်ပြိုင်မှု

အသစ်ထည့်သွင်းသော အဏုဇီဝပိုး၊ မိုက်ခရိုတ် များသည် မြေထဲရှိ မူလမိုက်ခရိုတ်များနှင့် ယှဉ်ပြိုင် ရသည်။ မူလ အဏုဇီဝပိုးများက ထိန်းချုပ်နိုင်ပါ သည်။ အကျိုးမရှိသော မျိုးကွဲများရှိနိုင်သည်။

အကျိုးဆက်။ အသုံးပြုသော အဏုဇီဝပိုးများသည် အပင်အမြစ်တွင် မစွဲမြဲဘဲ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှု အားနည်းသွားနိုင်ခြင်း ဖြစ်နိုင်ပါသည်။

၄။ တောင်သူလယ်သမားများ၏ နည်းပညာအပေါ် နားလည်မှုအားနည်းခြင်း

တစ်ဧကလျှင် ဇီဝမြေဩဇာ အသုံးပြုရမည့် အရေအတွက်၊ ပမာဏနှုန်းထားများ မှားယွင်း တွက်ချက်မိခြင်း၊ မြေဩဇာအသုံးပြုချိန်မမှန်ခြင်း (ဥပမာ – နေရောင်ထဲတွင် အသုံးပြုခြင်း)၊ မြေဩဇာ များကို မျိုးစေ့လူးနယ်မှု နည်းစနစ်မမှန်ခြင်း၊ ဓာတု ပစ္စည်းများ၊ ဓာတုမြေဩဇာများနှင့် မသင့်လျော်စွာ ရောစပ်အသုံးပြုခြင်း။

အကျိုးဆက်။ ဇီဝမြေဩဇာအကျိုးသက်ရောက်မှု လျော့နည်းခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သွားနိုင်ပါသည်။

၅။ ဓာတုဆေးပစ္စည်းများနှင့် မကိုက်ညီမှု

ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အကျိုးပြု အဏုဇီဝပိုး၊ မိုက်ခရိုတ်များကို သေစေနိုင်ပါသည်။ တောင်သူလယ်သမားများက တစ်ပြိုင်နက် ရောစပ်အသုံးပြုတတ်သည်။

အကျိုးဆက်။ အကျိုးပြု အဏုဇီဝပိုးမိုက်ခရိုတ်များ နိုက်ထရိုဂျင်၊ ဖော့စဖော့ရပ်တို့ ဖမ်းယူမပေးနိုင်ခင်၊ အလုပ်မလုပ်မီ သေဆုံးသွားခြင်းဖြစ်နိုင်ပါသည်။

၆။ အကျိုးသက်ရောက်မှု နှေးကွေးခြင်း

ဤဇီဝမြေဩဇာများသည် ဓာတုဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ချက်ချင်း မထင်ရှားပါ။ (ဥပမာ- အပင်များချက်ချင်း စိမ်းလန်း မလာပါ။) သက်ရောက်မှု အကျိုးကျေးဇူးများကို အချိန်ယူရသည်။

အကျိုးဆက်။ လယ်သမားများက ဤဇီဝမြေဩဇာများက ထိရောက်မှုမရှိ၊ အလုပ်မလုပ်ဘူးဟုထင်မြင်နိုင်ပါသည်။

၇။ အရည်အသွေးထိန်းချုပ်မှု ပြဿနာများ

ဇီဝမြေဩဇာအတု သို့မဟုတ် အရည်အသွေးနိမ့် ထုတ်ကုန်များရှိနိုင်ခြင်း၊ အဏုဇီဝ မိုက်ခရိုတ် အရေအတွက် မလုံလောက်ခြင်း၊ မလိုအပ်သော အခြားအဏုဇီဝပိုးများနှင့် ရောနှောနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

အကျိုးဆက်။ တောင်သူများ ယုံကြည်မှုလျော့နည်း လာနိုင်ပါသည်။

၈။ သိုလှောင်နှင့် သယ်ယူပို့ဆောင်မှု ပြဿနာများ

အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဇီဝမြေဩဇာများအသုံးပြုရန် အအေး ခန်းစနစ် မရှိခြင်း၊ နေပူအောက်တွင် သယ်ယူ ပို့ဆောင်နေရခြင်းတို့ ရှိပါသည်။

အကျိုးဆက်။ တောင်သူလယ်သမားများထံရောက်ရှိ ချိန်တွင် အဏုဇီဝပိုးများ သေဆုံးပြီး မြေဩဇာက အာနိသင်မရှိ၊ အကျိုးမရှိဖြစ်နိုင်ပါသည်။

၉။ သီးနှံအလိုက် သတ်မှတ်မှုလိုအပ်ခြင်း

Biofertilizer အချို့သည် သီးနှံအလိုက် သီးသန့် အသုံးပြုရသည်။

ဥပမာ - ရိုင်ဇိုဘီယမ် (Rhizobium) မြေဩဇာ သည် သီးသန့်ပဲသီးနှံ၊ စားကျက်ပဲအပင်များ ပဲလွမ်း၊ ကုလားပဲ၊ ကလိုဗာ၊ အယ်လဖာဖာ စသည်တို့ အတွက်သာ သီးသန့်သဟဇာတဖြစ်၊ သင့်လျော်ပါ သည်။ တောင်သူဦးကြီးများအနေဖြင့် မမှန်ကန် သော မျိုးကွဲရွေးချယ်မိနိုင်ပါသည်။

အကျိုးဆက်။ လေထဲမှနိုက်ထရိုဂျင်ဖမ်းယူမှု မရရှိ နိုင်တော့ဘဲ အကျိုးမရှိဖြစ်သွားနိုင်ပါသည်။

၁၀။ လယ်ယာတွင် အသုံးပြုရာ အခက်အခဲများ

ဇီဝမြေဩဇာများနှင့် မျိုးစေ့ကို လူးနယ်ရာတွင် အရိပ်အောက်တွင် အသုံးပြုရန် လိုအပ်ပါသည်။ အစိုဓာတ်၊ ရေဓာတ် အမြဲရရှိနေရန် ထိန်းသိမ်းနိုင်ရ ပါမည်။ ဇီဝမြေဩဇာများ မျိုးစေ့တွင် ကပ်နေရန် မျိုးစေ့ကပ်လုပ်ငန်းများ အလုပ်ရှုပ်နိုင်ပါသည်။

အကျိုးဆက် ။ ထို့ကြောင့် တောင်သူလယ်သမားများ သည် အသုံးပြုရန်လွယ်ကူသော ဓာတုဓာတ်မြေ ဩဇာကို ရွေးချယ်ခြင်းဖြစ်သွားနိုင်ပါသည်။

၁၁။ စီးပွားရေးအကျိုးအမြတ် ချက်ချင်းမရရှိခြင်း

ဤဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ရေရှည် အကျိုးကျေးဇူးများ (မြေဆီလွှာကောင်းမွန်မှု) ရရှိလာနိုင်သော်လည်း သီးနှံအထွက်တိုးမှု ချက်ချင်း မမြင်ရခြင်း ဖြစ်တတ်ပါသည်။

အကျိုးဆက်။ တောင်သူများအသုံးပြုလိုမှု နည်းပါး လာနိုင်ပါသည်။

၁၂။ အထောက်အပံ့နှင့် လမ်းညွှန်မှု နည်းပါးခြင်း

ဤနည်းပညာအသုံးပြုရန် တောင်သူပညာပေး လုပ်ငန်းများ မလုံလောက်ပါ၊ တောင်သူများရှိရာ ကျေးရွာများတွင် သရုပ်ပြစမ်းသပ်ကွက်များ နည်းပါးခြင်း၊ မရှိခြင်းတို့ ဖြစ်နိုင်ပါသည်။

အကျိုးဆက်။ နောက်ဆုံးတော့ တောင်သူများက ဤနည်းပညာအပေါ် ယုံကြည်မှုမရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။

စာရေးသူ၏အတွေး

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီ/လုပ်ငန်းများက ဇီဝမြေဩဇာများ အနေဖြင့် အီးအမ်မြေဩဇာ(EM-Effective Microorganisms Fertilizer)၊ ဘာမထီစမ်း-တြိုင်ဂို ဒါးမားအရည် (Liquid Trichoderma) စသည်ဖြင့် ရောင်းချနေသည်ကိုတော့ သတိထားမိပါသည်။

လေ့လာချက်အရ ခေတ်မီစိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံ လယ်ယာမြေများ၊ ဩစတြေးလျတောင်သူများ ၂၀ - ၃၀ ရာခိုင်နှုန်း လောက်က ဤနည်းပညာကို ဓာတ်မြေဩဇာ အစားထိုးမဟုတ်ဘဲ အထွက်တိုး၊ မြေဆီလွှာ၊ မြေဆီ ဩဇာ ပြန်လည်ကောင်းမွန်လာရန် ပူးတွဲအသုံးပြုနေ သည်ကို တွေ့ရှိရပါသည်။

၁၉၈၇ - ၈၈ ခုနှစ် စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးပညာ သင်တန်းတက်ရောက်စဉ်ကတည်းက တောင်သူ ဦးကြီးတိုင်း မိမိလယ်ယာမြေ အိမ်ထဲတွင် ရေခဲ သေတ္တာ အပိုရှိပြီး ရိုင်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထား ကာ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်းစိုက်ပျိုး သည့် ဓလေ့ကို သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုးများ၊ သီးနှံမျိုးစေ့များနှင့် သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။

မြန်မာ့တောင်သူဦးကြီးများ ရေရှည်အကျိုးရှိစေ ရန်အတွက် ဤနည်းပညာများကို ကွင်းသုတေသနများစွာ၊ တောင်သူစိုက်ကွင်းများထဲ သရုပ်ပြစိုက်ခင်းများစွာပြုလုပ်သင့်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။

moi

Photo: Gemini

မောင်ပြေ (ဆင်ပေါင်ဝဲ)

EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့
-
(ယမန်နေ့မှအဆက်) ၂။ EV အားသွင်းနည်းလမ်းမှန်များ ၂။ (က) အားသွင်းစဉ် EV ရပ်တန့်ထားခြင်း ဘက်ထရီကိုအားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှုစတင်ပြီးလျှင် ကားရှိပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကိုသုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ်ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ်လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။ ၂။ (ခ) မောင်းနှင်ပြီးခါစ အားမသွင်းခြင်း EV မောင်းနေစဉ်ဘက်ထရီများသည် ပူနွေးတတ်ပြီး ရပ်တန့်ခါစတွင် ဆက်လက်ပူနေတတ်ရာ ချက်ချင်းအားသွင်းခြင်းက ဘက်ထရီကိုဒဏ်ဖြစ်စေ၍ ပျက်စီးမှုကိုမြန်စေနိုင်၏။ မောင်းပြီးစ EV ကို အားမသွင်းသင့်ပါ။ ခရီးဝေးမောင်းပြီး အားမသွင်းမီ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် အပူချိန်လျှော့ချရပါမည်။ အချို့ EV များတွင် ဘက်ထရီအပူချိန်ကို အလိုအလျောက်ထိန်းညှိပေးသည့် ဘက်ထရီအအေးခံစနစ်များ တပ်ဆင်ထား၏။ ၂။ (ဂ) ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းခြင်း ဘက်ထရီစွမ်းအင်အားလုံး ကုန်အောင်သုံးပြီးမှ အားပြန်သွင်းလျှင် သက်တမ်းတိုစေ၏။ ဘက်ထရီစွမ်းအင်ကို ၁၀ ရာခိုင်နှုန်းအောက် ရောက်သည်အထိ မကြာခဏသုံးခြင်းသည် ဘက်ထရီဆဲလ်များကို ဒဏ်ဖြစ်ပေါ်စေရာ ရေရှည်ထိခိုက်မှုများမဖြစ်ရေးအတွက် အမြန်ဆုံးအားပြန်သွင်းပါ။ ယေဘုယျအားဖြင့် ဘက်ထရီစွမ်းအင်ကို ၂၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားတွင် ထားရှိသင့်ရာ ပိုမိုစိတ်ချမှုရှိရန် ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းသင့်၏။ ၂။ (ဃ) ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်သွင်းခြင်း လူ့စိတ်လူ့သဘောအရ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ ရာနှုန်းပြည့်ဖြစ်ခြင်းကိုသာ နှစ်သက်ကြပြီး အကောင်းဆုံးဟု သတ်မှတ်လေ့ရှိကြ၏။ သို့သော် EV ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းခြင်းသည် အကောင်းဆုံးမဟုတ်ဘဲ ဘက်ထရီကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လီသီယမ်အိုင်းယွန်းဘက်ထရီများ ဖြစ်၍ ဘက်ထရီရာနှုန်းပြည့်ဖြင့် ကြာရှည်ထားလျှင် ပျက်စီးယိုယွင်းစေနိုင်၏။ ခရီးဝေးသွားလျှင် ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းသင့်သော်လည်း မြို့တွင်းအတွက် ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းသင့်၏။ သို့မှသာ သက်တမ်းပိုမိုကြာရှည်ခံနိုင်စေပြီး ဘရိတ်အုပ်ရင်း အားသွင်းခြင်းမှရရှိသည့် ထပ်တိုးစွမ်းအင်ကို သိုလှောင်ဖို့ ချန်လှပ်ပြီး ဖြစ်ကာ EV သုံးစွဲမှုမှ အကျိုးကျေးဇူးပိုမိုရရှိစေနိုင် ၏။ EV ၌ အားသွင်းလိုသော အတိုင်းအတာကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်လက်စွဲစာအုပ်တွင် အားသွင်းရမည့် အသင့်တော်ဆုံးရာခိုင်နှုန်းလည်း ပါရှိပြီးဖြစ်ရာ ၈၀ ရာခိုင်နှုန်းကိုသာ သတ်မှတ်၍အားသွင်းသင့်၏။ သာဓကအားဖြင့် ဘက်ထရီ စွမ်းအင်နှုန်း ၇၉.၉၀၄ kWh (ကီလိုဝပ်နာရီ) ဖြစ်လျှင် ၈၀ ရာခိုင်နှုန်းဖြစ်သော ၆၃.၉၂၃၂ kWh (ကီလိုဝပ်နာရီ)အထိသာ အားသွင်းသင့်ပါသည်။ ၂။ (င) အနှေးအားသွင်းစနစ်ကိုသာ အဓိကအသုံးပြုခြင်း တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစနစ်ဖြင့် အားသွင်းခြင်းသည် ခရီးဝေးသွားရန်အတွက် ကောင်းမွန်သော်လည်း ၎င်းကိုအဓိကအားသွင်းနည်းလမ်းအဖြစ် အမြဲမသုံးသင့်ပေ။ အမှန်တကယ်အဓိကအားပြုသုံးစွဲရမည်မှာ Level 1 (သို့မဟုတ်) Level 2 အနှေးအားသွင်းစနစ်များသာ ဖြစ်ပါ၏။ ၂။ (စ) အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲခြင်း အမြန်အားသွင်းခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့သည် ဘက်ထရီအတွင်းရှိ လီသီယမ်များ၏ သဘာဝဂုဏ်သတ္တိဓာတ်များအားကုန်ခန်းစေသည့် ဓာတ်ပြုမှုများကိုပိုမိုမြန်ဆန်စေပါမည်။ အမြန်အားသွင်းစက်များက စွမ်းအင်ကိုအလျင်အမြန် တွန်းပို့လျှင် ဘက်ထရီဆဲလ်များအတွင်းရှိ အပူနှင့်ဖိအားတို့ကြောင့် မလိုလားအပ်သော ဓာတုဓာတ်ပြုမှုများနှင့် ဆင့်ကဲဖိအားဖြစ်စဉ်များကို ဖြစ်စေ၏။ ဆက်လက်၍ ဘက်ထရီကိုဝန်ပိုမိုဖိစီးမှုနှင့် အပူလွန်ကဲမှုတို့ကို ဖြစ်ပေါ်ရာက ပိုမိုလျင်မြန်စွာ သက်တမ်းတိုစေ၏။ တိုက်ရိုက်လျှပ်စီးဖြင့် အမြန်အားသွင်းခြင်းသည် ရှစ်နှစ်အတွင်း အိမ်သုံး Level 2 အားသွင်းစက်ဖြင့် အားသွင်းခြင်းထက် ဘက်ထရီသက်တမ်း ၁၀ ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါ သည်။ အားသွင်းချိန်ပေးရခြင်းထက် တန်ဖိုးကြီးမားလှသော ဘက်ထရီမပျက်စီးအောင် ဂရုတစိုက်ထိန်းသိမ်းသုံးစွဲရမည်ဖြစ်ရာ ရေရှည်သက်တမ်းပြည့်သုံးစွဲနိုင်ရန်အတွက် အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲရပါမည်။ ၂။ (ဆ) အားသွင်းချိန်ကို ချိန်ညှိခြင်း EV ပိုင်ရှင်အများစုသည် မိမိတို့၏နေအိမ်၌ ညဘက်အိပ်ရာဝင်ချိန်တွင် EV ကို အားသွင်းလေ့ ရှိကြ၏။ ဘက်ထရီသိုလှောင်စွမ်းအင် ကြီးမားနေချိန်တွင် ဆဲလ်၏ဗို့အားမှာ မြင့်တက်နေသဖြင့် ကားရပ်ထားစဉ်မှာပင် ဓာတုဓာတ်ပြုမှုနှင့် ဆင့်ကဲကွင်းဆက်ဖြစ်စဉ်များက ဘက်ထရီအတွင်းရှိ အခြေခံပစ္စည်းများကို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်းစေသည်။ ထို့ကြောင့် ညလုံးပေါက် အားအပြည့်သွင်းထားခြင်းကို ရှောင်ကြဉ်ကာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းရန်ချိန်ညှိထားသင့်၏။ ယင်းအပြင် ဘက်ထရီသက်တမ်းရှည်အောင် ဆဲလ်ချိန်ညှိခြင်း (Cell Balancing)လုပ်ငန်းသည် အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိရာ ၎င်းကိုခေါင်းစဉ်ခွဲ ၄(က)တွင် တင်ပြသွားပါမည်။ ၃။ EV ကားရပ်နားစဉ် လိုက်နာရမည့် အချက်များ ၃။ (က) အရိပ်ရနေရာတွင် ရပ်ခြင်း EV လီသီယမ်အိုင်းရွန်း ဘက်ထရီများသည် ပြင်းထန်သောအပူနှင့် အအေးဒဏ်များကို ခံစားလွယ်ရာ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော အစွန်းနှစ်ဖက်ကို ရှောင်ရှားရပါမည်။ ဘက်ထရီအပူချိန်လွန်ကဲပါက ဘက်ထရီဆဲလ်များအတွင်းရှိ ဓာတုဓာတ်ပြုမှုဖြစ်စဉ်များကို ပိုမိုမြန်ဆန်စေပါမည်။ အကျိုးဆက်ကား ဘက်ထရီကို လျင်လျင်မြန်မြန် ပျက်စီးစေပါမည်။ သို့ဖြစ်ရာ ရာသီဥတုပူပါက ကားဂိုဒေါင်အတွင်း (သို့မဟုတ်) အရိပ်ရနေရာ၊ အမိုးအကာရှိသော နေရာတို့တွင်သာ ရွေးချယ်ရပ်ထားပါ။ အလားတူ လွန်ကဲစွာအေးခြင်းက ဘက်ထရီစွမ်းရည်ကို ကျဆင်းစေပြီး အားသွင်းချိန်ကို ပိုမိုကြာမြင့်စေနိုင်ရာ သတိပြုရှောင်ရှားရပါမည်။ ၃။ (ခ) စနစ်တကျ ရေရှည်ရပ်ထားခြင်း EV ကို သီတင်းပတ် (သို့မဟုတ်) လအနည်းငယ်ကြာ အသုံးမပြုဘဲထားမည်ဆိုပါက စနစ်တကျ မသိမ်းဆည်းခြင်းက ဘက်ထရီကိုပျက်စီးစေနိုင်၏။ မမောင်းဘဲရေရှည်ရပ်ထားပါက လွန်ကဲစွာပူခြင်း၊ အေးခြင်းမရှိသော ကားဂိုဒေါင်အတွင်းထား၍ ဘက်ထရီစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ထိန်းထားရမည်ဖြစ်ပြီး အားသွင်းကြိုးကို အကန့်အသတ်မရှိတပ်မထားပါနှင့်။ EV အားသွင်းသည့် အလေ့အထများကဘက်ထရီ၏ အိုမင်းရင့်ရော်လာမှုကို အတိအကျ ပုံဖော်လျက်ရှိသည်။ အစွန်းရောက်အားသွင်းမှုဖြစ်သည့် ရာနှုန်းပြည့်အမြဲသွင်းခြင်းက ဘက်ထရီ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစွန်းရောက်သုံးစွဲမှုဖြစ်သည့် စွမ်းအင်ကုန်ခန်းသွားသည်အထိ သုံးစွဲခြင်းသည်လည်း ဘက်ထရီ၏ ပျက်စီးယိုယွင်းမှုကို ပိုမိုမြန်ဆန်စေပါသည်။ EV သက်တမ်းရှည်စေရေးအတွက် EV အားသွင်းခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ရာ ဤနေရာတွင် အနှစ်ချုပ်ပုံကိုတင်ပြပါမည်။ ဘက်ထရီကျန်းမာရေးအခြေအနေ ကောင်းမွန်ရန်နှင့် မလိုလားအပ်သောအန္တရာယ်များ ကင်းဝေးစေရန်အတွက် ဖော်ပြပါ ပုံ (၇) အတိုင်း သုံးစွဲမှုအခြေအနေပေါ် မူတည်၍ ဘက်ထရီအားသွင်းခြင်းကို ဆောင်ရွက်သင့်ပါသည်။ (ဆက်လက်ဖော်ပြပါမည်)MDN

(ယမန်နေ့မှအဆက်)

၂။ EV အားသွင်းနည်းလမ်းမှန်များ

၂။ (က) အားသွင်းစဉ် EV ရပ်တန့်ထားခြင်း

ဘက်ထရီကိုအားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှုစတင်ပြီးလျှင် ကားရှိပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကိုသုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ်ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ်လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။

၂။ (ခ) မောင်းနှင်ပြီးခါစ အားမသွင်းခြင်း

EV မောင်းနေစဉ်ဘက်ထရီများသည် ပူနွေးတတ်ပြီး ရပ်တန့်ခါစတွင် ဆက်လက်ပူနေတတ်ရာ ချက်ချင်းအားသွင်းခြင်းက ဘက်ထရီကိုဒဏ်ဖြစ်စေ၍ ပျက်စီးမှုကိုမြန်စေနိုင်၏။ မောင်းပြီးစ EV ကို အားမသွင်းသင့်ပါ။ ခရီးဝေးမောင်းပြီး အားမသွင်းမီ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် အပူချိန်လျှော့ချရပါမည်။ အချို့ EV များတွင် ဘက်ထရီအပူချိန်ကို အလိုအလျောက်ထိန်းညှိပေးသည့် ဘက်ထရီအအေးခံစနစ်များ တပ်ဆင်ထား၏။

၂။ (ဂ) ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းခြင်း

ဘက်ထရီစွမ်းအင်အားလုံး ကုန်အောင်သုံးပြီးမှ အားပြန်သွင်းလျှင် သက်တမ်းတိုစေ၏။ ဘက်ထရီစွမ်းအင်ကို ၁၀ ရာခိုင်နှုန်းအောက် ရောက်သည်အထိ မကြာခဏသုံးခြင်းသည် ဘက်ထရီဆဲလ်များကို ဒဏ်ဖြစ်ပေါ်စေရာ ရေရှည်ထိခိုက်မှုများမဖြစ်ရေးအတွက် အမြန်ဆုံးအားပြန်သွင်းပါ။ ယေဘုယျအားဖြင့် ဘက်ထရီစွမ်းအင်ကို ၂၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားတွင် ထားရှိသင့်ရာ ပိုမိုစိတ်ချမှုရှိရန် ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းသင့်၏။

၂။ (ဃ) ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်သွင်းခြင်း

လူ့စိတ်လူ့သဘောအရ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ ရာနှုန်းပြည့်ဖြစ်ခြင်းကိုသာ နှစ်သက်ကြပြီး အကောင်းဆုံးဟု သတ်မှတ်လေ့ရှိကြ၏။ သို့သော် EV ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းခြင်းသည် အကောင်းဆုံးမဟုတ်ဘဲ ဘက်ထရီကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လီသီယမ်အိုင်းယွန်းဘက်ထရီများ ဖြစ်၍ ဘက်ထရီရာနှုန်းပြည့်ဖြင့် ကြာရှည်ထားလျှင် ပျက်စီးယိုယွင်းစေနိုင်၏။ ခရီးဝေးသွားလျှင် ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းသင့်သော်လည်း မြို့တွင်းအတွက် ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းသင့်၏။ သို့မှသာ သက်တမ်းပိုမိုကြာရှည်ခံနိုင်စေပြီး ဘရိတ်အုပ်ရင်း အားသွင်းခြင်းမှရရှိသည့် ထပ်တိုးစွမ်းအင်ကို သိုလှောင်ဖို့ ချန်လှပ်ပြီး ဖြစ်ကာ EV သုံးစွဲမှုမှ အကျိုးကျေးဇူးပိုမိုရရှိစေနိုင် ၏။ EV ၌ အားသွင်းလိုသော အတိုင်းအတာကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်လက်စွဲစာအုပ်တွင် အားသွင်းရမည့် အသင့်တော်ဆုံးရာခိုင်နှုန်းလည်း ပါရှိပြီးဖြစ်ရာ ၈၀ ရာခိုင်နှုန်းကိုသာ သတ်မှတ်၍အားသွင်းသင့်၏။ သာဓကအားဖြင့် ဘက်ထရီ စွမ်းအင်နှုန်း ၇၉.၉၀၄ kWh (ကီလိုဝပ်နာရီ) ဖြစ်လျှင် ၈၀ ရာခိုင်နှုန်းဖြစ်သော ၆၃.၉၂၃၂ kWh (ကီလိုဝပ်နာရီ)အထိသာ အားသွင်းသင့်ပါသည်။

၂။ (င) အနှေးအားသွင်းစနစ်ကိုသာ အဓိကအသုံးပြုခြင်း

တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစနစ်ဖြင့် အားသွင်းခြင်းသည် ခရီးဝေးသွားရန်အတွက် ကောင်းမွန်သော်လည်း ၎င်းကိုအဓိကအားသွင်းနည်းလမ်းအဖြစ် အမြဲမသုံးသင့်ပေ။ အမှန်တကယ်အဓိကအားပြုသုံးစွဲရမည်မှာ Level 1 (သို့မဟုတ်) Level 2 အနှေးအားသွင်းစနစ်များသာ ဖြစ်ပါ၏။

၂။ (စ) အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲခြင်း

အမြန်အားသွင်းခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့သည် ဘက်ထရီအတွင်းရှိ လီသီယမ်များ၏ သဘာဝဂုဏ်သတ္တိဓာတ်များအားကုန်ခန်းစေသည့် ဓာတ်ပြုမှုများကိုပိုမိုမြန်ဆန်စေပါမည်။ အမြန်အားသွင်းစက်များက စွမ်းအင်ကိုအလျင်အမြန် တွန်းပို့လျှင် ဘက်ထရီဆဲလ်များအတွင်းရှိ အပူနှင့်ဖိအားတို့ကြောင့် မလိုလားအပ်သော ဓာတုဓာတ်ပြုမှုများနှင့် ဆင့်ကဲဖိအားဖြစ်စဉ်များကို ဖြစ်စေ၏။ ဆက်လက်၍ ဘက်ထရီကိုဝန်ပိုမိုဖိစီးမှုနှင့် အပူလွန်ကဲမှုတို့ကို ဖြစ်ပေါ်ရာက ပိုမိုလျင်မြန်စွာ သက်တမ်းတိုစေ၏။ တိုက်ရိုက်လျှပ်စီးဖြင့် အမြန်အားသွင်းခြင်းသည် ရှစ်နှစ်အတွင်း အိမ်သုံး Level 2 အားသွင်းစက်ဖြင့် အားသွင်းခြင်းထက် ဘက်ထရီသက်တမ်း ၁၀ ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါ သည်။ အားသွင်းချိန်ပေးရခြင်းထက် တန်ဖိုးကြီးမားလှသော ဘက်ထရီမပျက်စီးအောင် ဂရုတစိုက်ထိန်းသိမ်းသုံးစွဲရမည်ဖြစ်ရာ ရေရှည်သက်တမ်းပြည့်သုံးစွဲနိုင်ရန်အတွက် အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲရပါမည်။

၂။ (ဆ) အားသွင်းချိန်ကို ချိန်ညှိခြင်း

EV ပိုင်ရှင်အများစုသည် မိမိတို့၏နေအိမ်၌ ညဘက်အိပ်ရာဝင်ချိန်တွင် EV ကို အားသွင်းလေ့ ရှိကြ၏။ ဘက်ထရီသိုလှောင်စွမ်းအင် ကြီးမားနေချိန်တွင် ဆဲလ်၏ဗို့အားမှာ မြင့်တက်နေသဖြင့် ကားရပ်ထားစဉ်မှာပင် ဓာတုဓာတ်ပြုမှုနှင့် ဆင့်ကဲကွင်းဆက်ဖြစ်စဉ်များက ဘက်ထရီအတွင်းရှိ အခြေခံပစ္စည်းများကို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်းစေသည်။ ထို့ကြောင့် ညလုံးပေါက် အားအပြည့်သွင်းထားခြင်းကို ရှောင်ကြဉ်ကာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းရန်ချိန်ညှိထားသင့်၏။ ယင်းအပြင် ဘက်ထရီသက်တမ်းရှည်အောင် ဆဲလ်ချိန်ညှိခြင်း (Cell Balancing)လုပ်ငန်းသည် အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိရာ ၎င်းကိုခေါင်းစဉ်ခွဲ ၄(က)တွင် တင်ပြသွားပါမည်။

၃။ EV ကားရပ်နားစဉ် လိုက်နာရမည့် အချက်များ

၃။ (က) အရိပ်ရနေရာတွင် ရပ်ခြင်း

EV လီသီယမ်အိုင်းရွန်း ဘက်ထရီများသည် ပြင်းထန်သောအပူနှင့် အအေးဒဏ်များကို ခံစားလွယ်ရာ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော အစွန်းနှစ်ဖက်ကို ရှောင်ရှားရပါမည်။ ဘက်ထရီအပူချိန်လွန်ကဲပါက ဘက်ထရီဆဲလ်များအတွင်းရှိ ဓာတုဓာတ်ပြုမှုဖြစ်စဉ်များကို ပိုမိုမြန်ဆန်စေပါမည်။ အကျိုးဆက်ကား ဘက်ထရီကို လျင်လျင်မြန်မြန် ပျက်စီးစေပါမည်။ သို့ဖြစ်ရာ ရာသီဥတုပူပါက ကားဂိုဒေါင်အတွင်း (သို့မဟုတ်) အရိပ်ရနေရာ၊ အမိုးအကာရှိသော နေရာတို့တွင်သာ ရွေးချယ်ရပ်ထားပါ။ အလားတူ လွန်ကဲစွာအေးခြင်းက ဘက်ထရီစွမ်းရည်ကို ကျဆင်းစေပြီး အားသွင်းချိန်ကို ပိုမိုကြာမြင့်စေနိုင်ရာ သတိပြုရှောင်ရှားရပါမည်။

၃။ (ခ) စနစ်တကျ ရေရှည်ရပ်ထားခြင်း

EV ကို သီတင်းပတ် (သို့မဟုတ်) လအနည်းငယ်ကြာ အသုံးမပြုဘဲထားမည်ဆိုပါက စနစ်တကျ မသိမ်းဆည်းခြင်းက ဘက်ထရီကိုပျက်စီးစေနိုင်၏။ မမောင်းဘဲရေရှည်ရပ်ထားပါက လွန်ကဲစွာပူခြင်း၊ အေးခြင်းမရှိသော ကားဂိုဒေါင်အတွင်းထား၍ ဘက်ထရီစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ထိန်းထားရမည်ဖြစ်ပြီး အားသွင်းကြိုးကို အကန့်အသတ်မရှိတပ်မထားပါနှင့်။

EV အားသွင်းသည့် အလေ့အထများကဘက်ထရီ၏ အိုမင်းရင့်ရော်လာမှုကို အတိအကျ ပုံဖော်လျက်ရှိသည်။ အစွန်းရောက်အားသွင်းမှုဖြစ်သည့် ရာနှုန်းပြည့်အမြဲသွင်းခြင်းက ဘက်ထရီ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစွန်းရောက်သုံးစွဲမှုဖြစ်သည့် စွမ်းအင်ကုန်ခန်းသွားသည်အထိ သုံးစွဲခြင်းသည်လည်း ဘက်ထရီ၏ ပျက်စီးယိုယွင်းမှုကို ပိုမိုမြန်ဆန်စေပါသည်။

EV သက်တမ်းရှည်စေရေးအတွက် EV အားသွင်းခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ရာ ဤနေရာတွင် အနှစ်ချုပ်ပုံကိုတင်ပြပါမည်။ ဘက်ထရီကျန်းမာရေးအခြေအနေ ကောင်းမွန်ရန်နှင့် မလိုလားအပ်သောအန္တရာယ်များ ကင်းဝေးစေရန်အတွက် ဖော်ပြပါ ပုံ (၇) အတိုင်း သုံးစွဲမှုအခြေအနေပေါ် မူတည်၍ ဘက်ထရီအားသွင်းခြင်းကို ဆောင်ရွက်သင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

MDN

အောင်ဇေယျဟိန်း

ကလေးသူငယ်များနှင့် ဖန်သားမျက်နှာပြင်ကြည့်ရှုချိန် (Screen Time)
-
ဖန်သားမျက်နှာပြင်ကြည့်ရှုချိန်(Screen Time) Screen Time ဆိုသည်မှာ စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ Tablet နှင့် Video Game စက်များကဲ့သို့ ဖန်သားမျက်နှာပြင်ပါဝင်သော ဒစ်ဂျစ်တယ်ကိရိယာများကိုကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်းတွင် ကုန်ဆုံးသည့်အချိန်ပမာဏကို ဆိုလိုသည်။ ထိုအချိန်အတွင်း တီဗွီကြည့်ခြင်း၊ ဗီဒီယိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်း စသည့်လှုပ်ရှားမှုများပါဝင်သည်။ ထို့ပြင် ပညာရေးဆိုင်ရာ Application များနှင့် အွန်လိုင်းသင်ခန်းစာများကို လေ့လာခြင်းလည်း ပါဝင်သည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာခြင်းကြောင့် ကလေးများသည် စမတ်ဖုန်းများ၊ တီဗွီများ၊ ကွန်ပျူတာ များနှင့်အတူ ကြီးပြင်းလာကြသည်။ အိမ်များတွင် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုမှုပိုမိုများပြားလာပြီး ကျောင်းပညာရေး စနစ်များတွင်လည်း နည်းပညာကို တဖြည်းဖြည်းအသုံးပြုလာကြသည်။ ထို့ကြောင့် Screen Time သည် ကလေးများ၏ နေ့စဉ်ဘဝတွင် အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် Screen Time များလာသည်နှင့်အမျှ ကလေးများ၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများကိုလည်း ပိုမိုစိုးရိမ်လာကြသည်။ ထို့ကြောင့် ကလေးများ၏ Screen Time ကို ထိန်းသိမ်းစီမံနိုင်ရေးသည် မိဘများနှင့်အုပ်ထိန်းသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ မှန်ကန်မျှတသော Screen Time ၏ အကျိုးကျေးဇူးများScreen Media များတွင် ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ အကျိုးကျေးဇူးများစွာရှိသည်။ဥပမာအားဖြင့် ကျောင်းများတွင် Blog များကို ပညာရေးကိရိယာအဖြစ်အသုံးပြုကာ ကလေးများ၏ စာအရေးအသား စွမ်းရည်များ တိုးတက်စေရန် ကူညီပေးနိုင်သည်။ အင်တာနက်သည် ကူးစက်ရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အပါအဝင် ကျန်းမာရေးပညာများကိုလည်း ပံ့ပိုးပေးနိုင်သည်။ အသက်နှစ်နှစ်အထက် ကလေးများအတွက် ပညာရေး ရည်ရွယ်ချက်ဖြင့် ဒီဇိုင်းထုတ်ထားသော အရည်အသွေးမြင့် ရုပ်မြင်သံကြားအစီအစဉ်များသည် ဘာသာစကားနှင့် စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။ ထိုအစီအစဉ်များက ကလေးများ၏ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးနိုင်ပြီး လူမှုရေး အပြုအမူများကိုလည်း ကောင်းမွန်စေနိုင်သည်။ ထို့ပြင် စိတ်ကူးယဉ်ကစားခြင်းနှင့် ဖန်တီးမှုစွမ်းရည်များကိုလည်း မြှင့်တင်ပေးနိုင်သည်။ e-books နှင့် စာဖတ်လေ့ကျင့်ရေး Application များသည် ကလေးများ၏ စာဖတ်စွမ်းရည်များကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် Screen Media ကို ပညာရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းသည် ကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလာသည်။ ကလေးသူငယ်များ၏ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်အကျိုးသက်ရောက်မှုများScreen Media များသည် ပညာရေးနှင့်သင်ယူမှုအတွက် အခွင့်အလမ်းများပံ့ပိုးပေးနိုင်သည်။ သို့သော် Screen Time ကို အလွန်အကျွံအသုံးပြုပါက ဉာဏ်ရည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတချို့ကို ထိခိုက်စေနိုင်သည်။ ထို့ပြင် Screen Media အသုံးပြုမှုများလာခြင်းကြောင့် ပညာရေးဆိုင်ရာစွမ်းဆောင်ရည်များကို လျော့နည်းစေနိုင်သည်။ ထို့ပြင် Screen Time များလာခြင်းကြောင့် သင်္ချာနှင့် တခြားဘာသာရပ်များတွင် စွမ်းဆောင်ရည်လျော့နည်းလာနိုင်သည်။ Screen Time များလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုများလျော့နည်းလာပြီး အဝလွန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ စမတ်ဖုန်းကို အသက် ၁၂ နှစ်မတိုင်မီ အသုံးပြုသောကလေးများတွင် အိပ်စက်ချိန်မလုံလောက်ခြင်းဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းခန့်၊ အဝလွန်ခြင်းဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့်၊ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မျက်လုံးပင်ပန်းနွမ်းနယ်မှုနှင့် လည်ပင်းနာကျင်မှုကဲ့သို့သော ခန္ဓာကိုယ်ဆိုင်ရာပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် Screen Media အသုံးပြုမှုကို စနစ်တကျထိန်းသိမ်းရန် လိုအပ်သည်။ ကလေးသူငယ်များ၏ဘာသာစကားလူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ်အကျိုးသက်ရောက်မှုများဘာသာစကားဖွံ့ဖြိုးတိုးတက်မှုသည် ကလေးဘဝ အစောပိုင်းကာလတွင် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကလေးများသည် ဝေါဟာရကြွယ်ဝမှုနှင့် အသံထွက်မှန်ကန်မှုကဲ့သို့သော ဘာသာစကားကျွမ်းကျင်မှုများ တဖြည်းဖြည်းဖွံ့ဖြိုးလာကြသည်။ ထိုကျွမ်းကျင်မှုများကို အများအားဖြင့် မိဘများ၊ အရွယ်ရောက်သူများနှင့် ဆက်ဆံပြောဆိုခြင်းမှတစ်ဆင့် သင်ယူကြရသည်။ သို့သော် Screen Time များလာခြင်းကြောင့် မိဘနှင့် ကလေးကြားဆက်ဆံပြောဆိုမှုလျော့နည်းလာနိုင်သည်။ ထိုအခြေအနေသည် ကလေးများ၏ ဘာသာစကားလေ့လာမှုအခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်။ ထို့ပြင် Screen Time များလွန်းပါက စကားလုံးဖွံ့ဖြိုးတိုးတက်မှုနည်းပါးနိုင်သည်။ လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုး တိုးတက်မှုအပေါ်လည်း သက်ရောက်မှုများရှိနိုင်သည်။ Screen Time များလာခြင်းသည် အိပ်စက်မှုပြဿနာများ၊ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်းတို့နှင့် ဆက်စပ်နိုင်သည်။ အကြမ်းဖက်မှုပါဝင်သောမီဒီယာများကို ကြည့်ရှုခြင်းသည် ကြမ်းတမ်းခက်ထန်သောအပြုအမူများကို တိုးပွားစေနိုင်သည်။ လူမှုဆက်ဆံရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် Screen Time ကို သင့်လျော်စွာစီမံခြင်းသည် ကလေးများ၏လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်။ မိဘများအတွက် ကလေးသူငယ်များ၏ Screen Time ကို စီမံခန့်ခွဲရန်အကြံပြုချက်များကလေးများ၏ Screen Time ကို စီမံခန့်ခွဲရာတွင် မိဘများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ မိဘများသည် Screen အသုံးပြုမှုအပေါ် အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ပေးနိုင်သည်။ Screen Time ကို ဆုအဖြစ် အသုံးပြုခြင်းထက် ကလေးများ၏ကျန်းမာရေးကို အဓိကထားစီမံခန့်ခွဲ သင့်သည်။ Parental Control စနစ်များနှင့် Password ကာကွယ်မှုများ အသုံးပြုရန်လိုအပ်သည်။ Google Family Link ကဲ့သို့သော မိဘထိန်းချုပ်မှုကိရိယာများကို အသုံးပြုခြင်းဖြင့် Screen Time ကို စောင့်ကြည့်နိုင်သည်။ ကလေးအိပ်ခန်းအတွင်း တီဗွီနှင့်ဖုန်းများမထားရှိခြင်းသည် Screen Time လျော့နည်းစေကြောင်း သုတေသနများကဖော်ပြထားသည်။ အစားအစာစားချိန်နှင့် အိပ်ရာဝင်မည့်အချိန်မတိုင်မီ တစ်နာရီခန့်တွင် ဖုန်းအသုံးမပြုရန် စည်းမျဉ်းသတ်မှတ်နိုင်သည်။ သုတေသနများအရ အသက်အလိုက် Screen Time ကို ကန့်သတ်သင့်ပြီး အသက် ၃ နှစ်မှ ၇ နှစ်တွင် ၃၀ မိနစ်မှ တစ်နာရီ၊ အသက် ၇ နှစ်မှ ၁၂ နှစ်တွင် တစ်နာရီ၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်တွင် တစ်နာရီ ၃၀ မိနစ်နှင့် အသက် ၁၆ နှစ်အထက် လူငယ်များအတွက် နှစ်နာရီခန့်ကသင့်လျော်သည်ဟု အကြံပြုထားသည်။ မိဘများကိုယ်တိုင် Screen အသုံးပြုမှု နမူနာကောင်းပြသခြင်းသည် ကလေးများ၏ Screen Time အပေါ် များစွာသက်ရောက်မှုရှိသည်။ တီဗွီကြည့်ခြင်းကို အားပေးသည့်အိမ်ပတ်ဝန်းကျင် (ဥပမာ−ထမင်းစားချိန်တွင် တီဗွီကြည့်ခြင်း)တွင် နေထိုင်သောကလေးများသည် Screen Time ပိုများလေ့ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကလေးများနှင့်အတူ ကစားခြင်း၊ စာဖတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက Screen Time ကို လျော့နည်းစေနိုင်မည်ဖြစ်သည်။ နည်းပညာတတ်မြောက်မှု (Digital Literacy)ကို အားပေးခြင်းကလေးများတွင် နည်းပညာတတ်မြောက်မှု (Digital Literacy) ကို တိုးတက်လာစေရန် မိဘဆရာသမားများက အားပေးသင်ကြားပေးရန် အရေးကြီးသည်။ ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများသည် မိဘများနှင့်အရေးပေါ်အချိန်တွင် ဆက်သွယ်နိုင်ခြင်း၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးထိန်းသိမ်းနိုင်ခြင်း၊ ပညာရေးဆိုင်ရာအချက်အလက်များကို လေ့လာနိုင်ခြင်းနှင့် ဖျော်ဖြေရေးများရရှိနိုင်ခြင်းတို့ကြောင့် ကလေးများအတွက် အသုံးဝင်သောကိရိယာတစ်ခုဖြစ်လာသည်။ သို့သော် တစ်ချိန်ချိန်တွင် ကလေးများသည် မိဘဆရာသမားများမလိုလားသည့် အွန်လိုင်းအကြောင်းအရာများနှင့် တွေ့ကြုံနိုင်သည်။ ထိုအခြေအနေများကို ကြိုတင်ရှင်းပြထားပြီး မည်သို့ပြုမူသင့်ကြောင်း အသိပညာပေးထားသင့်သည်။ ကလေးများအား အွန်လိုင်းပေါ်တွင် မြင်တွေ့ရသောအကြောင်းအရာများကို မှန်၊ မမှန်စဉ်းစားသုံးသပ်နိုင်အောင် လေ့ကျင့်ပေးရမည်။ ထို့ပြင် အင်တာနက်ပေါ်တွင် ကြော်ငြာများနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်း ရှင်းပြရမည်။ မသမာသူများက နည်းပညာကိုအသုံးပြု၍ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူနိုင်ကြောင်း လည်း သိရှိစေရန် လိုအပ်သည်။ သို့မှသာ ကလေးများသည် အင်တာနက်ကိုအသုံးပြုရာတွင် သတိထားပြီးအသုံးပြု တတ်လာမည်ဖြစ်သည်။အွန်လိုင်းပေါ်က လူမှုဆက်ဆံရေးယနေ့ခေတ်တွင် လူမှုမီဒီယာနှင့်အွန်လိုင်းဆက်ဆံရေးများသည် ဆယ်ကျော်သက်ဘဝ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ ပညာရှင်များက ကလေးများအား အနည်းဆုံး အသက် ၁၂ နှစ်ခန့်အထိ ဖုန်းအသုံးမပြုရန် အကြံပြုကြသည်။ ဆယ်ကျော်သက်များအနေဖြင့် အင်တာနက်ပေါ်တွင် မသင့်လျော်သောစာများနှင့် ပုံများမျှဝေခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အင်တာနက်ပေါ်တွင် သတိမထားဘဲပြုလုပ်မိသည့်အရာများကို လူအများက မိမိတို့၏ဘဝတစ်လျှောက်လုံး မြင်တွေ့သွားနိုင်ကြောင်း သတိပေးရမည်။ ကလေးများအနေဖြင့် မီဒီယာကိုအသုံးပြုရာတွင် အလေးမထား၊ ဂရုမစိုက်ပါက မိမိနှင့် တခြားသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သည့်အပြင် ဥပဒေချိုးဖောက်မှုများအထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မိဘဆရာသမားများသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာဆက်ဆံပြီး Screen Time အသုံးပြုမှုမှ အကျိုးရှိသောအသိအမြင်များ ရရှိနိုင်အောင် ကူညီရမည်။ ထို့ပြင် မိမိ၏ Screen Time ကိုလည်း ကလေးကကြည့်ရှုနေကြောင်း သတိထားကာ မည်သို့အသုံးပြုသင့်သည်ကို စံနမူနာကောင်းပြသသင့်သည်။ ကလေးများ၏ Screen Time နှင့် ဒစ်ဂျစ်တယ်မီဒီယာအသုံးပြုမှုကို ထိန်းသိမ်းခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်နေသော်လည်း အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကလေးကြီးပြင်း လာသည်နှင့်အမျှ ထိုစည်းမျဉ်းများကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဖြင့် လုံခြုံပြီးအကျိုးရှိသော Screen Time အသုံးပြုမှုဖြစ်အောင် စီမံနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။MWD

ဖန်သားမျက်နှာပြင်ကြည့်ရှုချိန်(Screen Time)

 Screen Time   ဆိုသည်မှာ   စမတ်ဖုန်း၊  တီဗွီ၊ ကွန်ပျူတာ၊ Tablet နှင့် Video Game စက်များကဲ့သို့ ဖန်သားမျက်နှာပြင်ပါဝင်သော ဒစ်ဂျစ်တယ်ကိရိယာများကိုကြည့်ရှုခြင်း  သို့မဟုတ် အသုံးပြုခြင်းတွင် ကုန်ဆုံးသည့်အချိန်ပမာဏကို ဆိုလိုသည်။ ထိုအချိန်အတွင်း   တီဗွီကြည့်ခြင်း၊ ဗီဒီယိုကြည့်ရှုခြင်း၊  ဂိမ်းကစားခြင်း၊  အင်တာနက်အသုံးပြုခြင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်း     စသည့်လှုပ်ရှားမှုများပါဝင်သည်။ ထို့ပြင်  ပညာရေးဆိုင်ရာ Application  များနှင့်  အွန်လိုင်းသင်ခန်းစာများကို လေ့လာခြင်းလည်း ပါဝင်သည်။   ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာခြင်းကြောင့်  ကလေးများသည် စမတ်ဖုန်းများ၊ တီဗွီများ၊ ကွန်ပျူတာ များနှင့်အတူ ကြီးပြင်းလာကြသည်။ အိမ်များတွင် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုမှုပိုမိုများပြားလာပြီး   ကျောင်းပညာရေး စနစ်များတွင်လည်း နည်းပညာကို တဖြည်းဖြည်းအသုံးပြုလာကြသည်။ ထို့ကြောင့် Screen Time သည် ကလေးများ၏ နေ့စဉ်ဘဝတွင် အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။   သို့သော်  Screen Time များလာသည်နှင့်အမျှ  ကလေးများ၏ကျန်းမာရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုအပေါ်   သက်ရောက်မှုများကိုလည်း  ပိုမိုစိုးရိမ်လာကြသည်။ ထို့ကြောင့်  ကလေးများ၏ Screen Time ကို ထိန်းသိမ်းစီမံနိုင်ရေးသည် မိဘများနှင့်အုပ်ထိန်းသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ 

မှန်ကန်မျှတသော Screen Time ၏ အကျိုးကျေးဇူးများ

Screen Media များတွင်  ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ အကျိုးကျေးဇူးများစွာရှိသည်။

ဥပမာအားဖြင့် ကျောင်းများတွင် Blog များကို ပညာရေးကိရိယာအဖြစ်အသုံးပြုကာ ကလေးများ၏ စာအရေးအသား စွမ်းရည်များ တိုးတက်စေရန်   ကူညီပေးနိုင်သည်။ အင်တာနက်သည်  ကူးစက်ရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အပါအဝင် ကျန်းမာရေးပညာများကိုလည်း  ပံ့ပိုးပေးနိုင်သည်။ အသက်နှစ်နှစ်အထက် ကလေးများအတွက် ပညာရေး ရည်ရွယ်ချက်ဖြင့်    ဒီဇိုင်းထုတ်ထားသော  အရည်အသွေးမြင့်     ရုပ်မြင်သံကြားအစီအစဉ်များသည် ဘာသာစကားနှင့် စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။ ထိုအစီအစဉ်များက ကလေးများ၏ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးနိုင်ပြီး လူမှုရေး အပြုအမူများကိုလည်း  ကောင်းမွန်စေနိုင်သည်။  ထို့ပြင်   စိတ်ကူးယဉ်ကစားခြင်းနှင့် ဖန်တီးမှုစွမ်းရည်များကိုလည်း မြှင့်တင်ပေးနိုင်သည်။ e-books နှင့်  စာဖတ်လေ့ကျင့်ရေး  Application များသည် ကလေးများ၏ စာဖတ်စွမ်းရည်များကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် Screen Media ကို ပညာရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းသည် ကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလာသည်။ 

ကလေးသူငယ်များ၏ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်အကျိုးသက်ရောက်မှုများ

Screen Media များသည် ပညာရေးနှင့်သင်ယူမှုအတွက် အခွင့်အလမ်းများပံ့ပိုးပေးနိုင်သည်။ သို့သော် Screen Time ကို အလွန်အကျွံအသုံးပြုပါက ဉာဏ်ရည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတချို့ကို ထိခိုက်စေနိုင်သည်။  ထို့ပြင် Screen Media  အသုံးပြုမှုများလာခြင်းကြောင့်  ပညာရေးဆိုင်ရာစွမ်းဆောင်ရည်များကို လျော့နည်းစေနိုင်သည်။ ထို့ပြင်  Screen  Time များလာခြင်းကြောင့် သင်္ချာနှင့်  တခြားဘာသာရပ်များတွင်    စွမ်းဆောင်ရည်လျော့နည်းလာနိုင်သည်။ 

Screen Time များလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုများလျော့နည်းလာပြီး  အဝလွန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ စမတ်ဖုန်းကို အသက် ၁၂ နှစ်မတိုင်မီ အသုံးပြုသောကလေးများတွင်    အိပ်စက်ချိန်မလုံလောက်ခြင်းဖြစ်နိုင်ခြေ  ၆၀ ရာခိုင်နှုန်းခန့်၊ အဝလွန်ခြင်းဖြစ်နိုင်ခြေ  ၄၀ ရာခိုင်နှုန်းခန့်၊ စိတ်ကျရောဂါဖြစ်နိုင်ခြေ  ၃၀ ရာခိုင်နှုန်းခန့်တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မျက်လုံးပင်ပန်းနွမ်းနယ်မှုနှင့် လည်ပင်းနာကျင်မှုကဲ့သို့သော ခန္ဓာကိုယ်ဆိုင်ရာပြဿနာများလည်း  ဖြစ်ပေါ်လာနိုင်သည်။  ထို့ကြောင့် Screen Media   အသုံးပြုမှုကို    စနစ်တကျထိန်းသိမ်းရန်  လိုအပ်သည်။ 

ကလေးသူငယ်များ၏ဘာသာစကား

လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ်အကျိုးသက်ရောက်မှုများဘာသာစကားဖွံ့ဖြိုးတိုးတက်မှုသည် ကလေးဘဝ အစောပိုင်းကာလတွင်  အလွန်အရေးကြီးသော  လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကလေးများသည် ဝေါဟာရကြွယ်ဝမှုနှင့် အသံထွက်မှန်ကန်မှုကဲ့သို့သော ဘာသာစကားကျွမ်းကျင်မှုများ တဖြည်းဖြည်းဖွံ့ဖြိုးလာကြသည်။ ထိုကျွမ်းကျင်မှုများကို အများအားဖြင့် မိဘများ၊ အရွယ်ရောက်သူများနှင့် ဆက်ဆံပြောဆိုခြင်းမှတစ်ဆင့်    သင်ယူကြရသည်။  သို့သော် Screen Time များလာခြင်းကြောင့်  မိဘနှင့် ကလေးကြားဆက်ဆံပြောဆိုမှုလျော့နည်းလာနိုင်သည်။ ထိုအခြေအနေသည် ကလေးများ၏ ဘာသာစကားလေ့လာမှုအခွင့်အလမ်းများကို   ထိခိုက်စေနိုင်သည်။   ထို့ပြင် Screen Time များလွန်းပါက စကားလုံးဖွံ့ဖြိုးတိုးတက်မှုနည်းပါးနိုင်သည်။  လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုး တိုးတက်မှုအပေါ်လည်း      သက်ရောက်မှုများရှိနိုင်သည်။  Screen Time များလာခြင်းသည် အိပ်စက်မှုပြဿနာများ၊  စိုးရိမ်ပူပန်မှုများ၊  စိတ်ဓာတ်ကျခြင်းတို့နှင့်  ဆက်စပ်နိုင်သည်။ အကြမ်းဖက်မှုပါဝင်သောမီဒီယာများကို ကြည့်ရှုခြင်းသည် ကြမ်းတမ်းခက်ထန်သောအပြုအမူများကို  တိုးပွားစေနိုင်သည်။  လူမှုဆက်ဆံရေး ဆိုင်ရာပြဿနာများ   ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့်  Screen Time  ကို သင့်လျော်စွာစီမံခြင်းသည် ကလေးများ၏လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်။ 

မိဘများအတွက် ကလေးသူငယ်များ၏ Screen Time ကို စီမံခန့်ခွဲရန်အကြံပြုချက်များ

ကလေးများ၏ Screen Time ကို စီမံခန့်ခွဲရာတွင် မိဘများ၏အခန်းကဏ္ဍသည်     အလွန်အရေးကြီးသည်။ မိဘများသည် Screen  အသုံးပြုမှုအပေါ် အိမ်တွင်းစည်းမျဉ်းများ     သတ်မှတ်ပေးနိုင်သည်။ Screen Time ကို ဆုအဖြစ်  အသုံးပြုခြင်းထက် ကလေးများ၏ကျန်းမာရေးကို  အဓိကထားစီမံခန့်ခွဲ သင့်သည်။ Parental Control စနစ်များနှင့် Password ကာကွယ်မှုများ အသုံးပြုရန်လိုအပ်သည်။ Google Family Link ကဲ့သို့သော မိဘထိန်းချုပ်မှုကိရိယာများကို အသုံးပြုခြင်းဖြင့် Screen Time ကို စောင့်ကြည့်နိုင်သည်။  ကလေးအိပ်ခန်းအတွင်း  တီဗွီနှင့်ဖုန်းများမထားရှိခြင်းသည်    Screen Time လျော့နည်းစေကြောင်း သုတေသနများကဖော်ပြထားသည်။ အစားအစာစားချိန်နှင့်      အိပ်ရာဝင်မည့်အချိန်မတိုင်မီ တစ်နာရီခန့်တွင်  ဖုန်းအသုံးမပြုရန်  စည်းမျဉ်းသတ်မှတ်နိုင်သည်။ သုတေသနများအရ အသက်အလိုက် Screen Time ကို ကန့်သတ်သင့်ပြီး  အသက် ၃ နှစ်မှ ၇ နှစ်တွင် ၃၀ မိနစ်မှ တစ်နာရီ၊  အသက် ၇ နှစ်မှ ၁၂ နှစ်တွင် တစ်နာရီ၊  အသက် ၁၂ နှစ်မှ ၁၅ နှစ်တွင် တစ်နာရီ   ၃၀  မိနစ်နှင့် အသက် ၁၆ နှစ်အထက် လူငယ်များအတွက် နှစ်နာရီခန့်ကသင့်လျော်သည်ဟု အကြံပြုထားသည်။   မိဘများကိုယ်တိုင်  Screen အသုံးပြုမှု   နမူနာကောင်းပြသခြင်းသည်  ကလေးများ၏ Screen  Time အပေါ် များစွာသက်ရောက်မှုရှိသည်။  တီဗွီကြည့်ခြင်းကို အားပေးသည့်အိမ်ပတ်ဝန်းကျင်   (ဥပမာ−ထမင်းစားချိန်တွင်  တီဗွီကြည့်ခြင်း)တွင်  နေထိုင်သောကလေးများသည် Screen Time ပိုများလေ့ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကလေးများနှင့်အတူ   ကစားခြင်း၊   စာဖတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက Screen Time ကို လျော့နည်းစေနိုင်မည်ဖြစ်သည်။ 

နည်းပညာတတ်မြောက်မှု (Digital Literacy)ကို အားပေးခြင်း

ကလေးများတွင် နည်းပညာတတ်မြောက်မှု (Digital Literacy) ကို တိုးတက်လာစေရန် မိဘဆရာသမားများက အားပေးသင်ကြားပေးရန် အရေးကြီးသည်။ ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများသည် မိဘများနှင့်အရေးပေါ်အချိန်တွင် ဆက်သွယ်နိုင်ခြင်း၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးထိန်းသိမ်းနိုင်ခြင်း၊ ပညာရေးဆိုင်ရာအချက်အလက်များကို  လေ့လာနိုင်ခြင်းနှင့် ဖျော်ဖြေရေးများရရှိနိုင်ခြင်းတို့ကြောင့် ကလေးများအတွက် အသုံးဝင်သောကိရိယာတစ်ခုဖြစ်လာသည်။ 

သို့သော်  တစ်ချိန်ချိန်တွင်  ကလေးများသည် မိဘဆရာသမားများမလိုလားသည့် အွန်လိုင်းအကြောင်းအရာများနှင့် တွေ့ကြုံနိုင်သည်။ ထိုအခြေအနေများကို ကြိုတင်ရှင်းပြထားပြီး  မည်သို့ပြုမူသင့်ကြောင်း အသိပညာပေးထားသင့်သည်။     ကလေးများအား အွန်လိုင်းပေါ်တွင်   မြင်တွေ့ရသောအကြောင်းအရာများကို မှန်၊ မမှန်စဉ်းစားသုံးသပ်နိုင်အောင် လေ့ကျင့်ပေးရမည်။ ထို့ပြင် အင်တာနက်ပေါ်တွင် ကြော်ငြာများနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်း    ရှင်းပြရမည်။  မသမာသူများက နည်းပညာကိုအသုံးပြု၍ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို  ခိုးယူနိုင်ကြောင်း လည်း သိရှိစေရန် လိုအပ်သည်။ သို့မှသာ ကလေးများသည် အင်တာနက်ကိုအသုံးပြုရာတွင် သတိထားပြီးအသုံးပြု တတ်လာမည်ဖြစ်သည်။

အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး

ယနေ့ခေတ်တွင် လူမှုမီဒီယာနှင့်အွန်လိုင်းဆက်ဆံရေးများသည် ဆယ်ကျော်သက်ဘဝ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ ပညာရှင်များက ကလေးများအား  အနည်းဆုံး အသက် ၁၂ နှစ်ခန့်အထိ ဖုန်းအသုံးမပြုရန်  အကြံပြုကြသည်။ ဆယ်ကျော်သက်များအနေဖြင့် အင်တာနက်ပေါ်တွင် မသင့်လျော်သောစာများနှင့် ပုံများမျှဝေခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊  အင်တာနက်ပေါ်တွင်   သတိမထားဘဲပြုလုပ်မိသည့်အရာများကို  လူအများက မိမိတို့၏ဘဝတစ်လျှောက်လုံး မြင်တွေ့သွားနိုင်ကြောင်း သတိပေးရမည်။ ကလေးများအနေဖြင့် မီဒီယာကိုအသုံးပြုရာတွင် အလေးမထား၊ ဂရုမစိုက်ပါက မိမိနှင့် တခြားသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သည့်အပြင် ဥပဒေချိုးဖောက်မှုများအထိ ဖြစ်စေနိုင်သည်။   ထို့ကြောင့်  မိဘဆရာသမားများသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာဆက်ဆံပြီး Screen  Time အသုံးပြုမှုမှ အကျိုးရှိသောအသိအမြင်များ ရရှိနိုင်အောင် ကူညီရမည်။ ထို့ပြင်  မိမိ၏  Screen Time ကိုလည်း ကလေးကကြည့်ရှုနေကြောင်း  သတိထားကာ မည်သို့အသုံးပြုသင့်သည်ကို စံနမူနာကောင်းပြသသင့်သည်။  ကလေးများ၏ Screen  Time နှင့် ဒစ်ဂျစ်တယ်မီဒီယာအသုံးပြုမှုကို    ထိန်းသိမ်းခြင်းသည်   စိန်ခေါ်မှုတစ်ခုဖြစ်နေသော်လည်း  အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကလေးကြီးပြင်း လာသည်နှင့်အမျှ ထိုစည်းမျဉ်းများကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဖြင့်   လုံခြုံပြီးအကျိုးရှိသော Screen Time အသုံးပြုမှုဖြစ်အောင် စီမံနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

MWD

ဒေါက်တာဇင်ဇေယျာလင်း

ဒေါက်တာဒီဘိုနို၊ ဘောင်ခြောက်ခုတွေးခေါ်နည်းနှင့် သတင်းတု သတင်းမှား တိုက်ဖျက်ခြင်း
-
တစ်လောက စာရေးဆရာ ဒေါက်တာအက်ဒ်ဝပ်ဒီဘိုနို (Edward de Bono) ရေးသည့်စာအုပ်တစ်အုပ်ကို အီးဘုတ်ခ်အဖြစ် ဖတ်ရှုလိုက်ရသည်။ စာအုပ်အမည်က Six Frames: For Thinking about Information ဆိုသည့်စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် “သတင်းအချက်အလက်များအကြောင်း စဉ်းစားတွေးခေါ်ရန် ဘောင်ခြောက်ခု” ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။သူ့ကိုအများက ဒီဘိုနိုဟု အတိုကောက်ခေါ်ကြသည်။ မှတ်သားကြသည်။ ဆရာကြီး ဒီဘိုနို၏ စာအုပ်များက မြန်မာပရိသတ်များအတွက် ရင်းနှီးပြီးသားဖြစ်သည်။ ဆရာကြီး ဒီဘိုနို၏ Six Thinking Hat ကို ဦးထုပ်ခြောက်လုံး တွေးခေါ်နည်းဟူ၍လည်းကောင်း၊ Six Action Shoes ကို ဖိနပ်ခြောက်ရန် ဆောင်ရွက်နည်းဟူ၍လည်းကောင်း ဆရာမြတ်ငြိမ်းက ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဆရာမြတ်ငြိမ်းသာဆိုလျှင် ယခုစာအုပ်ကို “သတင်းအချက်အလက်အတွက် ဘောင်ခြောက်ခု တွေးခေါ်နည်း” ဟု ဘာသာပြန်မည်လားမသိ။ကမ္ဘာကျော်တွေးခေါ်ပညာရှင် ဆရာကြီး ဒေါက်တာ Edward de Bono ရေးသားခဲ့သော အဆိုပါ "Six Frames: For Thinking about Information" စာအုပ်ကို ၂၀၀၈ ခုနှစ်တွင် Ver-milion စာအုပ်တိုက်မှ စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကြီး ဒီဘိုနိုသည် တီထွင်ကြံဆတွေးခေါ်နည်းနှင့် ဖြန့်ထွက်တွေးခေါ်နည်းနယ်ပယ်တွင် ရှေ့ဆောင်လမ်းပြအဖြစ် ကမ္ဘာက အသိအမှတ် ပြုထားသူပညာရှင်ကြီးလည်း ဖြစ်သည်။သူသည် ‘‘လူသားတို့၏ ဦးနှောက်အတွက် ဆော့ဖ်ဝဲလ်ရေးသားပေးသူ’’ အဖြစ် တင်စားခံရသူ ဖြစ်သည်။ သူ၏ တွေးခေါ်မှုပညာရပ်များကို IBM၊ Microsoft၊ Nokia၊ Siemens ကဲ့သို့သော ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးများက အသုံးပြုကြပြီး ထိပ်တန်းအတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သော Acce-nture က သူ့ကို မျက်မှောက်ခေတ်လွှမ်းမိုးမှုအရှိဆုံး စီးပွားရေးအတွေးအခေါ်ပညာရှင် ၅၀ စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ တောင်အာဖရိကပညာရှင်များအဖွဲ့ကလည်း လူသားသမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅၀ တွင် သူ့ကို ထည့်သွင်းခဲ့ပါသည်။အချိန်ကာလကို ကျော်လွန်၍ အသုံးဝင်ဆဲဖြစ်သော ဘောင်ခြောက်ခု တွေးခေါ်မှုဤမျှ နိဒါန်းရှည်ရှည်ပျိုးနေရခြင်းမှာ အကြောင်းရှိပါသည်။ ဆရာကြီးဒီဘိုနို၏ လွန်ခဲ့သော ၁၈ နှစ်က စာအုပ်သည် ယခုမျက်မှောက်သတင်းအချက် အလက် ထွေပြား၊ ဝေဝါးများပြားနေသောခေတ်၊ တစ်နည်းအားဖြင့်ဆိုရလျှင် သတင်းအချက်အလက်များဖြင့် ပိနေသော မျက်မှောက်လူသားများအတွက် အမှောင်ထဲမှ အလင်းတစ်စကဲ့သို့ အားထားစရာဖြစ်သည်သာမက စာအုပ်ပါဘောင်ခြောက်ခုတွေးခေါ်မှုမှာ လက်တွေ့တွင် လွန်စွာအသုံးကျနေသောကြောင့် ဖြစ်ပါသည်။မျက်မှောက်လူသားများသည် သတင်းအချက် အလက်ခေတ်တွင် နေထိုင်နေကြပြီး သတင်းအချက်အလက်များကို လိုအပ်သည်ထက် အလွန်အမင်းလွယ်ကူစွာရရှိနေကြသည်။ သတင်းအချက်အလက်များကို ကွန်ပျူတာများအတွင်း ထည့်သွင်းကာ ခွဲခြမ်းစိတ်ဖြာခိုင်းသည့် အလေ့အထ ထွန်းကားလာခဲ့သော်လည်း ဤသည်မှာ စိတ်မချရသော  အလေ့အထတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာများက သတင်းတစ်ခု၏ တိကျမှန်ကန်မှု၊ စိတ်ဝင်စားမှု၊ ဘက်မလိုက်မှုနှင့် တန်ဖိုးတို့ကို ကောင်းစွာအကဲဖြတ်မပေးနိုင်ဘဲ လူသားတို့၏ တွေးခေါ်မှုဖြင့်သာလျှင် ထိရောက်စွာ လုပ်ဆောင်နိုင်သော ကိစ္စရပ်ဖြစ်နေသည်။ယခုစာအုပ်တွင် စာရေးဆရာကြီး ဒီဘိုနိုက "Truth Paste" ဟူသော ဝေါဟာရတစ်ခုကို မိတ်ဆက်တင်စားသုံးနှုန်းထားသည်။ ဆိုလိုသည်မှာ အမှန်တရားကဲ့သို့ ထင်ရအောင် ဖန်တီးထားခြင်းဟူသော အယူအဆဖြစ်ပြီး ယနေ့ခေတ်သတင်းတု ဖြန့်ဝေသူများသည် ဤလှည့်ကွက်ကို အဓိကအသုံးပြုနေကြသည်။ အရာရာကို ချဲ့ကားရေးသားခြင်း၊ “အတ္တကြီးသော”၊ “ကြောက်မက်ဖွယ်ကောင်းသော” စသည့် နာမဝိသေသနများကို အလွန်အကျွံအသုံးပြုခြင်းတို့မှာ သတင်းအချက်အလက်မဟုတ်ဘဲရေးသားသူ၏ ထင်မြင်ချက်များသာဖြစ်သည်ဟု ဆရာကြီး ဒီဘိုနိုက ရေးသားသည်။ထိုအခြင်းအရာများကို သတိပြုမိရန်နှင့် မျက်မှောက်ခေတ်အကြီးမားဆုံးစိန်ခေါ်မှုထဲမှ တစ်ခုဖြစ်သော သတင်းတု သတင်းမှား တိုက်ဖျက်ရေးအတွက် ဒီဘိုနို၏ ဘောင်ခြောက်ခုကို အောက်ပါအတိုင်း အသုံးချနိုင်ပါသည်-သတင်းများကို ဘောင်ခြောက်ခုဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း၁။ တြိဂံဘောင် (The Triangle Frame)ပထမဆုံးဘောင်မှာ တြိဂံဘောင်ဖြစ်သည်။ စာရေးဆရာက တြိဂံသည် မြားခေါင်းတစ်ခုနှင့် တူသဖြင့် ရည်ရွယ်ချက်ကို ကိုယ်စားပြုသည်ဟုဆိုသည်။ သတင်းတစ်ခုကို မြင်တွေ့ဖတ်ရှုလိုက်ရသည့်အခါ ‘‘ဤသတင်းကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေသနည်း’’ ကို ပထမဆုံးစဉ်းစားရမည်ဟူသည့် တွေးခေါ်မှုဖြစ်သည်။ ဤသတင်းက ဘာကိုပြောချင်တာလဲ (What)။ ဘာဖြစ်လို့ ဒီသတင်းလိုအပ်ရသလဲ၊ ဘာကြောင့်တန်ဖိုးရှိတာလဲ။ ဘာကြောင့် သက်ရောက်မှုရှိတာလဲ (Why)။ ဤသတင်းအချက်အလက်ကို ဘယ်နေရာမှာ ရှာဖွေသင့်သလဲ၊ ရှာဖွေနေသည့်နေရာ မှန်ကန်ရဲ့လား (Where)။သတင်းတုအများစုသည် စာဖတ်သူကို အသိပညာပေးရန်ထက် လူထုကို ထိတ်လန့်စေရန် သို့မဟုတ် လမ်းမှားသို့ပို့ဆောင်ရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီးထားတတ်ကြသည့်အတွက် တြိဂံဘောင်ဖြင့် ဆန်းစစ်ရာတွင် အထက်ပါအချက်သုံးချက် လိုအပ်လာခြင်းဖြစ်သည်။၂။ စက်ဝိုင်းဘောင် (The Circle Frame)စက်ဝိုင်းသည် ပစ်မှတ်၏အလယ်ဗဟိုကို ကိုယ်စားပြုသည့်အတွက် စက်ဝိုင်းဘောင်သည် တိကျမှန်ကန်မှု စစ်ဆေးခြင်းကို ကိုယ်စားပြုထားသည်။ စက်ဝိုင်းဘောင်အသုံးပြုရာတွင် အောက်ပါအချက်များကို အခြေခံသင့်သည်ဟု ဆရာကြီး ဒီဘိုနိုက အကြံပြုထားသည်-ခိုင်မာမှု/အခွင့်ရှိမှု (Authority)- ဤသတင်းကို ရေးသားသူသည် ယုံကြည်ရသောအဖွဲ့အစည်း သို့မဟုတ် ပညာရှင်ဟုတ်သလား။ သူသည် ထိုကိစ္စ နှင့်ပတ်သက်၍ ပြောဆိုနိုင်သည့်အခွင့် သို့မဟုတ် ဆက်နွှယ်သက်ဆိုင်မှုရှိပါသလား။တိုက်ဆိုင်စစ်ဆေးခြင်း (Comparative Accuracy)- အခြားခိုင်မာသော သတင်းဌာနများနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ရန် လိုအပ်သည်။သံသယများ (Doubts)- ထို့အပြင် ရရှိသော သတင်းအချက်အလက်များကိုယ်နှိုက်က သံသယဖြစ်စရာ အချက်အလက်များပါဝင်နေသလား မေးခွန်းထုတ်ရမည်။၃။ စတုရန်းဘောင် (The Square Frame)စတုရန်းတစ်ခုတွင် အနားလေးဖက်လုံးညီမျှသည်။ စတုရန်းသည် ဘက်အသီးသီးမှ ပြဿနာကို ချဉ်းကပ်ရမည့် သဘောလည်းဖြစ်သည်။ စတုရန်းဘောင်သည် ရှုထောင့်အမြင်ကို ကိုယ်စားပြုထားသည်။ သို့သော် သတင်းတိုင်းသည် ထိုသို့ အဘက်ဘက်မှ မျှတစွာ ရေးသားထားခြင်းမျိုးမရှိနိုင်ပါ။ သတင်းအချက်အလက်များက ဘက်လိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိနေသလဲ သို့မဟုတ် မျှတမှုရှိသလားဆိုသည်ကို စတုရန်းဘောင်ဖြင့် ဆန်းစစ်ခိုင်းခြင်းဖြစ်သည်။ဘက်လိုက်မှု (Bias)- သတင်းတစ်ခုသည် ကြော်ငြာတစ်ခုကဲ့သို့ တစ်ဖက်သတ်ဆွဲဆောင်လိုသော ရည်ရွယ်ချက်ရှိနေသလားဆိုသည်ကို သတိပြုရမည်။ ဘက်လိုက်မှုကို သတင်းတွင် ရှာဖွေဖော်ထုတ်ရမည်။နာမဝိသေသနများ (Adjectives)- စကားလုံး အသုံးအနှုန်းများတွင် နာမဝိသေသနအများစုသည် ရေးသားသူ၏ ကိုယ်ပိုင်အမြင်များ ဖြစ်နေတတ်သည်။ ထိုအခါ သတင်းသည် အချက်အလက် မဟုတ်တော့ဘဲ အမြင် (Opinion) သာ ဖြစ်နေတတ်သည်ကို သတိပြုရမည်။၄။ အသည်းနှလုံးဘောင် (The Heart Frame)အသည်းနှလုံးဟု ဆိုလိုက်သည်နှင့် အသည်းနှလုံးပိုင်ဆိုင်သည့် မည်သူမဆို အကြီးအကျယ်စိတ်ဝင်စားကြသည်။ ထို့ကြောင့်ပင် ဤစာအုပ်ထဲ၌ အသည်းနှလုံးကို စိတ်ဝင်စားမှု၏ သင်္ကေတအဖြစ် ကိုယ်စားပြုထားသည်။စိတ်ဝင်စားမှုဆိုသည့်သဘောကိုက ဆွဲဆောင်မှုနှင့် နှစ်သက်စေမှုရှိသည်။ စိတ်ဝင်စားမှုကိုလည်း ယေဘုယျဆန်ဆန်စိတ်ဝင်စားမှုနှင့် အထူးသီးသန့်စိတ်ဝင်စားမှုများဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။သတင်းတု သတင်းမှားများသည် လူတို့၏ စိတ်ဝင်စားမှုကို အလွယ်တကူရရှိစေရန် အံ့သြစရာ၊ ထိတ်လန့်စရာ သတင်းခေါင်းစဉ်များဖြင့် အမြဲဖန်တီးလေ့ရှိသည်။သတင်းတစ်ခုက မိမိ၏ စိတ်ခံစားချက်ကို အလွန်အမင်း လှုံ့ဆော်ပေးနေပြီဆိုလျှင် ‘‘ယင်းက ငါ့ကိုစိတ်လှုပ်ရှားအောင်သက်သက် ပြုလုပ်ထားခြင်းလား’’ ဟု မေးခွန်းထုတ်ရန် လိုအပ်သည်။၅။ စိန်ပွင့်ဘောင် (The Diamond Frame)စိန်ကို လူသားများက တန်ဖိုးမြင့်မားစွာထားကြသည်။ ထို့ကြောင့်ပင် စိန်ပွင့်ဘောင်သည် တန်ဖိုးကို ကိုယ်စားပြုသော သင်္ကေတဖြစ်လာသည်။ ဤသတင်းက မိမိအတွက် သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် မည်သို့သော စစ်မှန်သည့် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သနည်းဆိုသည်ကို ဆန်းစစ်ရမည်။ သတင်း၏တန်ဖိုးကဘာလဲ။ ဒီသတင်းက မိမိ၏လိုအပ်ချက်များနှင့် မေးခွန်းများကို ဖြေပေးနိုင်သလား။ ဘယ်လိုတန်ဖိုးမျိုးလဲ။ တန်ဖိုးဘယ်လောက်ရှိသလဲ။ သတင်းတုအများစုသည် ဖတ်လိုက်လျှင် စိတ်လှုပ်ရှားစရာကောင်းသော်လည်း လက်တွေ့တွင် တန်ဖိုးအစစ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတတ်ပါ။ မိမိယုံကြည်ထားသည်ကို ထောက်ခံပေးရုံသက်သက်သာ ဖြစ်နေတတ်သည်ကို သတိပြုသင့်သည်။၆။ ခုံပြားဘောင် (The Slab Frame)နောက်ဆုံးအဆင့်မှာ ခုံပြား (Slab) ပေါ် ဘာတွေ နေရာချရမလဲ။ ရလဒ်ကဘာလဲ။ အဆုံးသတ်က ဘာလဲ။ အခင်းပြားသည် ပလက်ဖောင်းသဘောဖြစ်သည်။ ဤစာအုပ်တွင် အခင်းပြားဘောင်ကို ရလဒ်အဖြစ် သင်္ကေတပြုထားသည်။ နောက်ဆုံးအဆင့်တွင် အရာအားလုံးကို ခုံပြားပေါ်တင်၍ ပွင့်လင်းမြင်သာစွာ ရလဒ်ထုတ်ခြင်းဖြစ်သည်။ ခုံပြားဘောင်ကို ရလဒ်များနှင့် သုံးသပ်ချက်/ ကောက်ချက်များချရာတွင် အသုံးပြုသည်။ရရှိသည့် သတင်းအချက်အလက်များက ကျေနပ်စရာကောင်းရဲ့လား။ ဘယ်လိုကျေနပ်စရာ ကောင်းတာလဲ။ သတင်းအချက်အလက် ထပ်လိုသေးသလား။ သတင်းအချက်အလက်တွေရဲ့ တိကျမှန်ကန်မှုကို ကျေနပ်ရဲ့လား။ ဒီသတင်းကြောင့် ဘာတွေမေးစရာပေါ်လာသလဲ။ ယင်းတို့သည် ခုံပြားဘောင်တွေးခေါ်မှုဖြင့် ဆန်းစစ်ရမည့်အချက်များဖြစ်သည်။နေ့စဉ်အသုံးချသင့်သည့် သတင်းမှားစစ်ဆေးရန် ဘောင်ခြောက်ခု Checklist များဘောင်ခြောက်ခုတွေးခေါ်နည်းစာအုပ်ကို အခြေခံ၍ မူရင်းအာဘော်နှင့် မူရင်းစာ၏ ပင်ကိုသဘောကို မပျက်ယွင်းစေဘဲ အဆိုပါဘောင်ခြောက်ခုကို သတင်းတု သတင်းမှားစစ်ဆေးရာတွင် အသုံးပြုနိုင်အောင် ဆင့်ပွားတွေးခေါ်မှုပြုလိုပါသည်။၁။ ရည်ရွယ်ချက် (တြိဂံဘောင်)ဤသတင်းသည် သတင်းအချက်အလက်ပေးရန်လား (သို့မဟုတ်) ကြောက်ရွံ့မှု၊ ဒေါသကို ဖန်တီးရန် တမင်ရည်ရွယ်ထားသလား။၂။ တိကျမှု (စက်ဝိုင်းဘောင်)သတင်းရင်းမြစ်ခိုင်မာသလား။ တရားဝင် သတင်းဌာန အခြားတစ်ခုခုတွင်ရော ဖော်ပြထားသလား။၃။ ရှုထောင့် (စတုရန်းဘောင်)သတင်းတွင် အချက်အလက်သက်သက်ကို ရေးထားတာလား၊ ခံစားချက်ပါသော စကားလုံးများ၊ စွပ်စွဲချက်များဖြင့် တစ်ဖက်သတ် သို့မဟုတ် ဘက်လိုက်ရေးသားထားသလား။၄။ စိတ်လှုပ်ရှားမှု (အသည်းနှလုံးဘောင်)ခေါင်းစဉ်က အလွန်အံ့သြစရာကောင်းအောင် ကလစ်ရအောင် မြှူဆွယ်ထားသလား။ မိမိ၏ စိတ်ခံစားချက်ကို တမင်ဆွပေးနေသလား။၅။ တန်ဖိုး (စိန်ပွင့်ဘောင်)သတင်းသည် လက်တွေ့အသုံးဝင်သလား။ ဒါမှ မဟုတ် မိမိယုံချင်သည်များကို အတင်းထောက်ခံပေးနေသည့် သတင်းမျိုးဖြစ်နေသလား။ စိန်အစစ် လား၊ စိန်အတုလား။၆။ ကောက်ချက် (ခုံပြားဘောင်)အထက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် ဤသတင်းကို ယုံကြည်သင့်သလား။ ထပ်ဆင့်မျှဝေဖို့ တကယ်သင့်တော်ရဲ့လား။နိဂုံးဒေါက်တာ အက်ဒ်ဝပ်ဒီဘိုနို၏ “ဘောင်ခြောက်ခု (Six Frames)” တွေးခေါ်မှုမှတစ်ဆင့် ရရှိသည့် ဆင့်ပွားတွေးခေါ်မှုသည် သတင်းများ ဖတ်ရှုရာတွင် မျက်စိစုံမှိတ်ယုံကြည်မသွားစေရန် တားဆီးပေးသည့် ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ ဆန်ခါတစ်ခုဖြစ်လာနိုင်ပါသည်။အချုပ်အားဖြင့်ဆိုရသော် သတင်းတု သတင်းမှား တိုက်ဖျက်ရေးဆိုသည်မှာ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ရုံဖြင့် မလုံလောက်ဘဲ လူတစ်ဦးချင်းစီ၏ စနစ်တကျတွေးခေါ်စဉ်းစားနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့်သာ ရေရှည်အောင်မြင်နိုင်မည်ဖြစ်သည်။ အမှန်တရားလို့ထင်ရအောင် လှည့်စား ဖန်တီးထားမှုများကို အလွယ်တကူ သတိပြုမိစေရန်နှင့် နေ့စဉ်စီးဆင်းနေသော သတင်းလှိုင်းလုံးကြီးများကြားတွင် လွင့်စဉ်လမ်းပျောက်မသွားဘဲ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်အတွက် ယခု “ဘောင်ခြောက်ခု” သည် ထိရောက်သည့် လက်စွဲကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ။ကိုးကား-Six Frames: For Thinking about Infor-mation by Edward de Bonomoi

တစ်လောက စာရေးဆရာ ဒေါက်တာအက်ဒ်ဝပ်ဒီဘိုနို (Edward de Bono) ရေးသည့်စာအုပ်တစ်အုပ်ကို အီးဘုတ်ခ်အဖြစ် ဖတ်ရှုလိုက်ရသည်။ စာအုပ်အမည်က Six Frames: For Thinking about Information ဆိုသည့်စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် “သတင်းအချက်အလက်များအကြောင်း စဉ်းစားတွေးခေါ်ရန် ဘောင်ခြောက်ခု” ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။

သူ့ကိုအများက ဒီဘိုနိုဟု အတိုကောက်ခေါ်ကြသည်။ မှတ်သားကြသည်။ ဆရာကြီး ဒီဘိုနို၏ စာအုပ်များက မြန်မာပရိသတ်များအတွက် ရင်းနှီးပြီးသားဖြစ်သည်။ ဆရာကြီး ဒီဘိုနို၏ Six Thinking Hat ကို ဦးထုပ်ခြောက်လုံး တွေးခေါ်နည်းဟူ၍လည်းကောင်း၊ Six Action Shoes ကို ဖိနပ်ခြောက်ရန် ဆောင်ရွက်နည်းဟူ၍လည်းကောင်း ဆရာမြတ်ငြိမ်းက ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဆရာမြတ်ငြိမ်းသာဆိုလျှင် ယခုစာအုပ်ကို “သတင်းအချက်အလက်အတွက် ဘောင်ခြောက်ခု တွေးခေါ်နည်း” ဟု ဘာသာပြန်မည်လားမသိ။

ကမ္ဘာကျော်တွေးခေါ်ပညာရှင် ဆရာကြီး ဒေါက်တာ Edward de Bono ရေးသားခဲ့သော အဆိုပါ "Six Frames: For Thinking about Information" စာအုပ်ကို ၂၀၀၈ ခုနှစ်တွင် Ver-milion စာအုပ်တိုက်မှ စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကြီး ဒီဘိုနိုသည် တီထွင်ကြံဆတွေးခေါ်နည်းနှင့် ဖြန့်ထွက်တွေးခေါ်နည်းနယ်ပယ်တွင် ရှေ့ဆောင်လမ်းပြအဖြစ် ကမ္ဘာက အသိအမှတ် ပြုထားသူပညာရှင်ကြီးလည်း ဖြစ်သည်။

သူသည် ‘‘လူသားတို့၏ ဦးနှောက်အတွက် ဆော့ဖ်ဝဲလ်ရေးသားပေးသူ’’ အဖြစ် တင်စားခံရသူ ဖြစ်သည်။ သူ၏ တွေးခေါ်မှုပညာရပ်များကို IBM၊ Microsoft၊ Nokia၊ Siemens ကဲ့သို့သော ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးများက အသုံးပြုကြပြီး ထိပ်တန်းအတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သော Acce-nture က သူ့ကို မျက်မှောက်ခေတ်လွှမ်းမိုးမှုအရှိဆုံး စီးပွားရေးအတွေးအခေါ်ပညာရှင် ၅၀ စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ တောင်အာဖရိကပညာရှင်များအဖွဲ့ကလည်း လူသားသမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅၀ တွင် သူ့ကို ထည့်သွင်းခဲ့ပါသည်။

အချိန်ကာလကို ကျော်လွန်၍ အသုံးဝင်ဆဲဖြစ်သော ဘောင်ခြောက်ခု တွေးခေါ်မှု

ဤမျှ နိဒါန်းရှည်ရှည်ပျိုးနေရခြင်းမှာ အကြောင်းရှိပါသည်။ ဆရာကြီးဒီဘိုနို၏ လွန်ခဲ့သော ၁၈ နှစ်က စာအုပ်သည် ယခုမျက်မှောက်သတင်းအချက် အလက် ထွေပြား၊ ဝေဝါးများပြားနေသောခေတ်၊ တစ်နည်းအားဖြင့်ဆိုရလျှင် သတင်းအချက်အလက်များဖြင့် ပိနေသော မျက်မှောက်လူသားများအတွက် အမှောင်ထဲမှ အလင်းတစ်စကဲ့သို့ အားထားစရာဖြစ်သည်သာမက စာအုပ်ပါဘောင်ခြောက်ခုတွေးခေါ်မှုမှာ လက်တွေ့တွင် လွန်စွာအသုံးကျနေသောကြောင့် ဖြစ်ပါသည်။

မျက်မှောက်လူသားများသည် သတင်းအချက် အလက်ခေတ်တွင် နေထိုင်နေကြပြီး သတင်းအချက်အလက်များကို လိုအပ်သည်ထက် အလွန်အမင်းလွယ်ကူစွာရရှိနေကြသည်။ သတင်းအချက်အလက်များကို ကွန်ပျူတာများအတွင်း ထည့်သွင်းကာ ခွဲခြမ်းစိတ်ဖြာခိုင်းသည့် အလေ့အထ ထွန်းကားလာခဲ့သော်လည်း ဤသည်မှာ စိတ်မချရသော  အလေ့အထတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာများက သတင်းတစ်ခု၏ တိကျမှန်ကန်မှု၊ စိတ်ဝင်စားမှု၊ ဘက်မလိုက်မှုနှင့် တန်ဖိုးတို့ကို ကောင်းစွာအကဲဖြတ်မပေးနိုင်ဘဲ လူသားတို့၏ တွေးခေါ်မှုဖြင့်သာလျှင် ထိရောက်စွာ လုပ်ဆောင်နိုင်သော ကိစ္စရပ်ဖြစ်နေသည်။

ယခုစာအုပ်တွင် စာရေးဆရာကြီး ဒီဘိုနိုက "Truth Paste" ဟူသော ဝေါဟာရတစ်ခုကို မိတ်ဆက်တင်စားသုံးနှုန်းထားသည်။ ဆိုလိုသည်မှာ အမှန်တရားကဲ့သို့ ထင်ရအောင် ဖန်တီးထားခြင်းဟူသော အယူအဆဖြစ်ပြီး ယနေ့ခေတ်သတင်းတု ဖြန့်ဝေသူများသည် ဤလှည့်ကွက်ကို အဓိကအသုံးပြုနေကြသည်။ အရာရာကို ချဲ့ကားရေးသားခြင်း၊ “အတ္တကြီးသော”၊ “ကြောက်မက်ဖွယ်ကောင်းသော” စသည့် နာမဝိသေသနများကို အလွန်အကျွံအသုံးပြုခြင်းတို့မှာ သတင်းအချက်အလက်မဟုတ်ဘဲရေးသားသူ၏ ထင်မြင်ချက်များသာဖြစ်သည်ဟု ဆရာကြီး ဒီဘိုနိုက ရေးသားသည်။

ထိုအခြင်းအရာများကို သတိပြုမိရန်နှင့် မျက်မှောက်ခေတ်အကြီးမားဆုံးစိန်ခေါ်မှုထဲမှ တစ်ခုဖြစ်သော သတင်းတု သတင်းမှား တိုက်ဖျက်ရေးအတွက် ဒီဘိုနို၏ ဘောင်ခြောက်ခုကို အောက်ပါအတိုင်း အသုံးချနိုင်ပါသည်-

သတင်းများကို ဘောင်ခြောက်ခုဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း

၁။ တြိဂံဘောင် (The Triangle Frame)

ပထမဆုံးဘောင်မှာ တြိဂံဘောင်ဖြစ်သည်။ စာရေးဆရာက တြိဂံသည် မြားခေါင်းတစ်ခုနှင့် တူသဖြင့် ရည်ရွယ်ချက်ကို ကိုယ်စားပြုသည်ဟုဆိုသည်။ သတင်းတစ်ခုကို မြင်တွေ့ဖတ်ရှုလိုက်ရသည့်အခါ ‘‘ဤသတင်းကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေသနည်း’’ ကို ပထမဆုံးစဉ်းစားရမည်ဟူသည့် တွေးခေါ်မှုဖြစ်သည်။ ဤသတင်းက ဘာကိုပြောချင်တာလဲ (What)။ ဘာဖြစ်လို့ ဒီသတင်းလိုအပ်ရသလဲ၊ ဘာကြောင့်တန်ဖိုးရှိတာလဲ။ ဘာကြောင့် သက်ရောက်မှုရှိတာလဲ (Why)။ ဤသတင်းအချက်အလက်ကို ဘယ်နေရာမှာ ရှာဖွေသင့်သလဲ၊ ရှာဖွေနေသည့်နေရာ မှန်ကန်ရဲ့လား (Where)။

သတင်းတုအများစုသည် စာဖတ်သူကို အသိပညာပေးရန်ထက် လူထုကို ထိတ်လန့်စေရန် သို့မဟုတ် လမ်းမှားသို့ပို့ဆောင်ရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီးထားတတ်ကြသည့်အတွက် တြိဂံဘောင်ဖြင့် ဆန်းစစ်ရာတွင် အထက်ပါအချက်သုံးချက် လိုအပ်လာခြင်းဖြစ်သည်။

၂။ စက်ဝိုင်းဘောင် (The Circle Frame)

စက်ဝိုင်းသည် ပစ်မှတ်၏အလယ်ဗဟိုကို ကိုယ်စားပြုသည့်အတွက် စက်ဝိုင်းဘောင်သည် တိကျမှန်ကန်မှု စစ်ဆေးခြင်းကို ကိုယ်စားပြုထားသည်။ စက်ဝိုင်းဘောင်အသုံးပြုရာတွင် အောက်ပါအချက်များကို အခြေခံသင့်သည်ဟု ဆရာကြီး ဒီဘိုနိုက အကြံပြုထားသည်-

ခိုင်မာမှု/အခွင့်ရှိမှု (Authority)- ဤသတင်းကို ရေးသားသူသည် ယုံကြည်ရသောအဖွဲ့အစည်း သို့မဟုတ် ပညာရှင်ဟုတ်သလား။ သူသည် ထိုကိစ္စ နှင့်ပတ်သက်၍ ပြောဆိုနိုင်သည့်အခွင့် သို့မဟုတ် ဆက်နွှယ်သက်ဆိုင်မှုရှိပါသလား။

တိုက်ဆိုင်စစ်ဆေးခြင်း (Comparative Accuracy)- အခြားခိုင်မာသော သတင်းဌာနများနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ရန် လိုအပ်သည်။

သံသယများ (Doubts)- ထို့အပြင် ရရှိသော သတင်းအချက်အလက်များကိုယ်နှိုက်က သံသယဖြစ်စရာ အချက်အလက်များပါဝင်နေသလား မေးခွန်းထုတ်ရမည်။

၃။ စတုရန်းဘောင် (The Square Frame)

စတုရန်းတစ်ခုတွင် အနားလေးဖက်လုံးညီမျှသည်။ စတုရန်းသည် ဘက်အသီးသီးမှ ပြဿနာကို ချဉ်းကပ်ရမည့် သဘောလည်းဖြစ်သည်။ စတုရန်းဘောင်သည် ရှုထောင့်အမြင်ကို ကိုယ်စားပြုထားသည်။ သို့သော် သတင်းတိုင်းသည် ထိုသို့ အဘက်ဘက်မှ မျှတစွာ ရေးသားထားခြင်းမျိုးမရှိနိုင်ပါ။ သတင်းအချက်အလက်များက ဘက်လိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိနေသလဲ သို့မဟုတ် မျှတမှုရှိသလားဆိုသည်ကို စတုရန်းဘောင်ဖြင့် ဆန်းစစ်ခိုင်းခြင်းဖြစ်သည်။

ဘက်လိုက်မှု (Bias)- သတင်းတစ်ခုသည် ကြော်ငြာတစ်ခုကဲ့သို့ တစ်ဖက်သတ်ဆွဲဆောင်လိုသော ရည်ရွယ်ချက်ရှိနေသလားဆိုသည်ကို သတိပြုရမည်။ ဘက်လိုက်မှုကို သတင်းတွင် ရှာဖွေဖော်ထုတ်ရမည်။

နာမဝိသေသနများ (Adjectives)- စကားလုံး အသုံးအနှုန်းများတွင် နာမဝိသေသနအများစုသည် ရေးသားသူ၏ ကိုယ်ပိုင်အမြင်များ ဖြစ်နေတတ်သည်။ ထိုအခါ သတင်းသည် အချက်အလက် မဟုတ်တော့ဘဲ အမြင် (Opinion) သာ ဖြစ်နေတတ်သည်ကို သတိပြုရမည်။

၄။ အသည်းနှလုံးဘောင် (The Heart Frame)

အသည်းနှလုံးဟု ဆိုလိုက်သည်နှင့် အသည်းနှလုံးပိုင်ဆိုင်သည့် မည်သူမဆို အကြီးအကျယ်စိတ်ဝင်စားကြသည်။ ထို့ကြောင့်ပင် ဤစာအုပ်ထဲ၌ အသည်းနှလုံးကို စိတ်ဝင်စားမှု၏ သင်္ကေတအဖြစ် ကိုယ်စားပြုထားသည်။

စိတ်ဝင်စားမှုဆိုသည့်သဘောကိုက ဆွဲဆောင်မှုနှင့် နှစ်သက်စေမှုရှိသည်။ စိတ်ဝင်စားမှုကိုလည်း ယေဘုယျဆန်ဆန်စိတ်ဝင်စားမှုနှင့် အထူးသီးသန့်စိတ်ဝင်စားမှုများဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

သတင်းတု သတင်းမှားများသည် လူတို့၏ စိတ်ဝင်စားမှုကို အလွယ်တကူရရှိစေရန် အံ့သြစရာ၊ ထိတ်လန့်စရာ သတင်းခေါင်းစဉ်များဖြင့် အမြဲဖန်တီးလေ့ရှိသည်။

သတင်းတစ်ခုက မိမိ၏ စိတ်ခံစားချက်ကို အလွန်အမင်း လှုံ့ဆော်ပေးနေပြီဆိုလျှင် ‘‘ယင်းက ငါ့ကိုစိတ်လှုပ်ရှားအောင်သက်သက် ပြုလုပ်ထားခြင်းလား’’ ဟု မေးခွန်းထုတ်ရန် လိုအပ်သည်။

၅။ စိန်ပွင့်ဘောင် (The Diamond Frame)

စိန်ကို လူသားများက တန်ဖိုးမြင့်မားစွာထားကြသည်။ ထို့ကြောင့်ပင် စိန်ပွင့်ဘောင်သည် တန်ဖိုးကို ကိုယ်စားပြုသော သင်္ကေတဖြစ်လာသည်။ ဤသတင်းက မိမိအတွက် သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် မည်သို့သော စစ်မှန်သည့် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သနည်းဆိုသည်ကို ဆန်းစစ်ရမည်။ သတင်း၏တန်ဖိုးကဘာလဲ။ ဒီသတင်းက မိမိ၏လိုအပ်ချက်များနှင့် မေးခွန်းများကို ဖြေပေးနိုင်သလား။ ဘယ်လိုတန်ဖိုးမျိုးလဲ။ တန်ဖိုးဘယ်လောက်ရှိသလဲ။ သတင်းတုအများစုသည် ဖတ်လိုက်လျှင် စိတ်လှုပ်ရှားစရာကောင်းသော်လည်း လက်တွေ့တွင် တန်ဖိုးအစစ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတတ်ပါ။ မိမိယုံကြည်ထားသည်ကို ထောက်ခံပေးရုံသက်သက်သာ ဖြစ်နေတတ်သည်ကို သတိပြုသင့်သည်။

၆။ ခုံပြားဘောင် (The Slab Frame)

နောက်ဆုံးအဆင့်မှာ ခုံပြား (Slab) ပေါ် ဘာတွေ နေရာချရမလဲ။ ရလဒ်ကဘာလဲ။ အဆုံးသတ်က ဘာလဲ။ အခင်းပြားသည် ပလက်ဖောင်းသဘောဖြစ်သည်။ ဤစာအုပ်တွင် အခင်းပြားဘောင်ကို ရလဒ်အဖြစ် သင်္ကေတပြုထားသည်။ နောက်ဆုံးအဆင့်တွင် အရာအားလုံးကို ခုံပြားပေါ်တင်၍ ပွင့်လင်းမြင်သာစွာ ရလဒ်ထုတ်ခြင်းဖြစ်သည်။ ခုံပြားဘောင်ကို ရလဒ်များနှင့် သုံးသပ်ချက်/ ကောက်ချက်များချရာတွင် အသုံးပြုသည်။

ရရှိသည့် သတင်းအချက်အလက်များက ကျေနပ်စရာကောင်းရဲ့လား။ ဘယ်လိုကျေနပ်စရာ ကောင်းတာလဲ။ သတင်းအချက်အလက် ထပ်လိုသေးသလား။ သတင်းအချက်အလက်တွေရဲ့ တိကျမှန်ကန်မှုကို ကျေနပ်ရဲ့လား။ ဒီသတင်းကြောင့် ဘာတွေမေးစရာပေါ်လာသလဲ။ ယင်းတို့သည် ခုံပြားဘောင်တွေးခေါ်မှုဖြင့် ဆန်းစစ်ရမည့်အချက်များဖြစ်သည်။

နေ့စဉ်အသုံးချသင့်သည့် သတင်းမှားစစ်ဆေးရန် ဘောင်ခြောက်ခု Checklist များ

ဘောင်ခြောက်ခုတွေးခေါ်နည်းစာအုပ်ကို အခြေခံ၍ မူရင်းအာဘော်နှင့် မူရင်းစာ၏ ပင်ကိုသဘောကို မပျက်ယွင်းစေဘဲ အဆိုပါဘောင်ခြောက်ခုကို သတင်းတု သတင်းမှားစစ်ဆေးရာတွင် အသုံးပြုနိုင်အောင် ဆင့်ပွားတွေးခေါ်မှုပြုလိုပါသည်။

၁။ ရည်ရွယ်ချက် (တြိဂံဘောင်)

ဤသတင်းသည် သတင်းအချက်အလက်ပေးရန်လား (သို့မဟုတ်) ကြောက်ရွံ့မှု၊ ဒေါသကို ဖန်တီးရန် တမင်ရည်ရွယ်ထားသလား။

၂။ တိကျမှု (စက်ဝိုင်းဘောင်)

သတင်းရင်းမြစ်ခိုင်မာသလား။ တရားဝင် သတင်းဌာန အခြားတစ်ခုခုတွင်ရော ဖော်ပြထားသလား။

၃။ ရှုထောင့် (စတုရန်းဘောင်)

သတင်းတွင် အချက်အလက်သက်သက်ကို ရေးထားတာလား၊ ခံစားချက်ပါသော စကားလုံးများ၊ စွပ်စွဲချက်များဖြင့် တစ်ဖက်သတ် သို့မဟုတ် ဘက်လိုက်ရေးသားထားသလား။

၄။ စိတ်လှုပ်ရှားမှု (အသည်းနှလုံးဘောင်)

ခေါင်းစဉ်က အလွန်အံ့သြစရာကောင်းအောင် ကလစ်ရအောင် မြှူဆွယ်ထားသလား။ မိမိ၏ စိတ်ခံစားချက်ကို တမင်ဆွပေးနေသလား။

၅။ တန်ဖိုး (စိန်ပွင့်ဘောင်)

သတင်းသည် လက်တွေ့အသုံးဝင်သလား။ ဒါမှ မဟုတ် မိမိယုံချင်သည်များကို အတင်းထောက်ခံပေးနေသည့် သတင်းမျိုးဖြစ်နေသလား။ စိန်အစစ် လား၊ စိန်အတုလား။

၆။ ကောက်ချက် (ခုံပြားဘောင်)

အထက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် ဤသတင်းကို ယုံကြည်သင့်သလား။ ထပ်ဆင့်မျှဝေဖို့ တကယ်သင့်တော်ရဲ့လား။

နိဂုံး

ဒေါက်တာ အက်ဒ်ဝပ်ဒီဘိုနို၏ “ဘောင်ခြောက်ခု (Six Frames)” တွေးခေါ်မှုမှတစ်ဆင့် ရရှိသည့် ဆင့်ပွားတွေးခေါ်မှုသည် သတင်းများ ဖတ်ရှုရာတွင် မျက်စိစုံမှိတ်ယုံကြည်မသွားစေရန် တားဆီးပေးသည့် ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ ဆန်ခါတစ်ခုဖြစ်လာနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် သတင်းတု သတင်းမှား တိုက်ဖျက်ရေးဆိုသည်မှာ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ရုံဖြင့် မလုံလောက်ဘဲ လူတစ်ဦးချင်းစီ၏ စနစ်တကျတွေးခေါ်စဉ်းစားနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့်သာ ရေရှည်အောင်မြင်နိုင်မည်ဖြစ်သည်။ အမှန်တရားလို့ထင်ရအောင် လှည့်စား ဖန်တီးထားမှုများကို အလွယ်တကူ သတိပြုမိစေရန်နှင့် နေ့စဉ်စီးဆင်းနေသော သတင်းလှိုင်းလုံးကြီးများကြားတွင် လွင့်စဉ်လမ်းပျောက်မသွားဘဲ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်အတွက် ယခု “ဘောင်ခြောက်ခု” သည် ထိရောက်သည့် လက်စွဲကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ။

ကိုးကား-

Six Frames: For Thinking about Infor-mation by Edward de Bono

moi

ဒေါက်တာဒီဘိုနို၊ ဘောင်ခြောက်ခုတွေးခေါ်နည်းနှင့် သတင်းတု သတင်းမှား တိုက်ဖျက်ခြင်း

ဒေါက်တာဒီဘိုနို၊ ဘောင်ခြောက်ခုတွေးခေါ်နည်းနှင့် သတင်းတု သတင်းမှား တိုက်ဖျက်ခြင်း

ကိုကို (စက်မှုတက္ကသိုလ်)

ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ပေးမည့် နိုင်ငံတော်၏ ခံစစ်တံတိုင်း CEIR စနစ်
-
မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းအားနဲ့ တည်ငြိမ်အေးချမ်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ကာကွယ်ရုံတင်သာမကပါဘူး၊ ဒစ်ဂျစ်တယ် နယ်ပယ်ရဲ့လုံခြုံရေးအပေါ်မှာပါ များစွာမူတည်နေပြီဖြစ်ပါတယ်။ နည်းပညာတွေ အလျင်အမြန်တိုးတက်လာတာနဲ့အမျှ ဆိုက်ဘာရာဇဝတ်မှုတွေဟာလည်း နည်းမျိုးစုံနဲ့ အသွင်ပြောင်းလဲပြီး ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဆက်သွယ်ရေးကွန်ရက် လုံခြုံစေဖို့ရန် SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေပေမယ့် တစ်ဖက်မှာ အွန်လိုင်းလိမ်လည်မှု(Online Scams)တွေ၊ Call Center အယောင်ဆောင် ငွေကြေးလိမ်လည်မှုတွေနဲ့ ခေတ်မီ Video Clone နည်းပညာသုံး လိမ်လည်မှုတွေက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ခြိမ်းခြောက်လျက်ရှိတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရခြင်းတွေကို နိုင်ငံတော်အစိုးရက အလေးအနက်ထား စောင့်ကြည့်လျက်ရှိပြီး ဒီလိုခြိမ်းခြောက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်းတွေကိုလည်း အစဉ်တစိုက် ရှာဖွေလျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ CEIR (Central Equipment Identity Register) လို့ခေါ်တဲ့ ဗဟိုစက်ပစ္စည်းမှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးအတွက်သာမက ပြည်သူတစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။CEIR ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲCEIR ဆိုတာ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့ သီးသန့်မှတ်ပုံတင်နံပါတ်ဖြစ်တဲ့ IMEI (International Mobile Equipment Identity) ကို ဗဟိုဒေတာဘေ့စ်တစ်ခုမှာ စနစ်တကျမှတ်တမ်းတင်ချိတ်ဆက်ထားတဲ့ အဆင့်မြင့်နည်းပညာစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဂဏန်း ၁၅ လုံး ပါဝင်တဲ့ IMEI နံပါတ်ကို သိရှိလိုတယ်ဆိုရင် မိမိတို့ မိုဘိုင်းဖုန်းတွေမှာ *#06# ကို ရိုက်နှိပ်လို့ဖြစ်စေ၊ ဖုန်းရဲ့ Setting အတွင်း ဝင်ရောက်ပြီးဖြစ်စေ အလွယ်တကူစစ်ဆေးနိုင်ပါတယ်။အရင်က SIM Card တွေကိုသာ မှတ်ပုံတင်ခဲ့ရာက အခုအခါမှာ ဖုန်းစက်ပစ္စည်း (Handset) တွေကိုပါ မှတ်ပုံတင်လိုက်ခြင်းဖြင့် ကွန်ရက်လုံခြုံရေးကို အလွှာနှစ်ထပ်နဲ့ ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားမဝင် လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ ဖုန်းတွေ၊ ပြည်သူတွေထံက ခိုးယူခံထားရတဲ့ ဖုန်းတွေနဲ့ ရာဇဝတ်မှုကျူးလွန်ရာမှာ အသုံးပြုမယ့်ဖုန်းတွေကို နိုင်ငံ အတွင်းရှိ ဘယ်ဆက်သွယ်ရေးကွန်ရက် (Telecom Network) မှာ မဆို အသုံးမပြုနိုင်အောင်လို့ အလိုအလျောက်ပိတ်ဆို့ (Block) ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို သန့်စင်ပေးပြီး ရာဇဝတ်ကောင်တွေအသုံးပြုနိုင်မယ့် လက်နက် (စက်ပစ္စည်း) ကို ဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့ မျက်ရည်ကို ရပ်တန့်ပေးနိုင်ဖို့ Online Scams နဲ့ Love Scams တွေကို အဟန့်အတားပြုလုပ်ပေးခြင်းလက်ရှိအချိန် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကောင့်တုတွေဖွင့်ပြီး ယုံကြည်မှုနဲ့အချစ်ကို အလွဲသုံးစားလုပ်ကာ ငွေကြေးလိမ်လည်တဲ့ Love Scams တွေကြောင့် ပြည်သူအများအပြား အထူးသဖြင့် အမျိုးသမီးတွေနဲ့ သက်ကြီးအရွယ်တွေ များစွာနစ်နာလျက်ရှိပါတယ်။ လိမ်လည်သူတွေဟာ ဖုန်းစက်ပစ္စည်းအမြောက်အမြားနဲ့ SIM Card တွေကို တစ်ခါသုံးအဖြစ် စိတ်ကြိုက်အသုံးပြုပြီး ဥပဒေလက်တွင်းကနေ လွတ်ကင်းအောင် သဲလွန်စဖျောက်လေ့ရှိကြပါတယ်။ နိုင်ငံတော် အစိုးရက CEIR စနစ်ကို အသက်သွင်းလိုက်မယ်ဆိုရင် လိမ်လည်သူတွေ အသုံးပြုနေတဲ့ ဖုန်းစက်ပစ္စည်း(Device)ကို ခြေရာခံထိန်းချုပ်နိုင်သွားမှာဖြစ်ပါတယ်။ လူလိမ်တွေအနေနဲ့ SIM Card အသစ်လဲလှယ်ရုံနဲ့ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘဲ သူတို့အသုံးပြုခဲ့တဲ့ ဖုန်းစက်ပစ္စည်းကိုပါ Blacklist (အမည်ပျက်စာရင်း) သွင်းကာ အပြီးတိုင်ပိတ်ဆို့ပစ်နိုင်မှာဖြစ်လို့ လိမ်လည်မှုကွင်းဆက်တွေကို အရင်းအမြစ်ကစလို့ ဖြတ်တောက်နိုင်တော့မှာဖြစ်တဲ့အတွက် အလွန်ထိရောက်တဲ့ ပြည်သူ့အကာအကွယ်စနစ်ကြီး ဖြစ်လာတော့မှာပါ။ငွေကြေးဝန်ဆောင်မှု (KPay/Wave) အယောင်ဆောင်မှုများမှ ပြည်သူ့ဘဏ္ဍာကို ကာကွယ်ပေးခြင်းပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ KPay ၊ Wave Money စတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေရဲ့ Call Center ဝန်ထမ်းအဖြစ် အယောင်ဆောင်ပြီး ငွေလွှဲယူခြင်း၊ ဆုမဲပေါက်တယ်လို့ မက်လုံးပေး လိမ်လည်ခြင်းတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ဒုက္ခပေးနေပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် CEIR စနစ်ဟာ အဓိကအခန်းကဏ္ဍကနေပြီး ပါဝင်လာတော့မှာဖြစ်ပါတယ်။ CEIR စနစ်မှာဆိုရင် ဖုန်းစက်ပစ္စည်းတွေကို စနစ်တကျ မှတ်ပုံတင်ထားတော့မှာဖြစ်တဲ့အတွက်ကြောင့် လိမ်လည်သူတစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးကိုအသုံးပြုပြီး ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်တာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေက အဲဒီစက်ပစ္စည်းရဲ့ IMEI ကို ခြေရာခံနိုင်တော့မှာ ဖြစ်ပါတယ်။အဲဒီခြေရာခံလို့ရတဲ့ ဖုန်းစက်ပစ္စည်းကို အမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ အခြားပြည်သူတစ်ဦးတစ်ယောက်ကို ထပ်မံလိမ်လည်ဖို့ ကြိုးစားခွင့်မရနိုင်တော့အောင် အမြစ်ပြတ်တားဆီးပေးမှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာငွေကို ခေတ်မီနည်းပညာနဲ့ ကာကွယ်စောင့်ရှောက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ခေတ်သစ် AI / Video Clone လိမ်လည်မှုများကို တုံ့ပြန်ခြင်းယနေ့ခေတ်မှာ ရိုးရှင်းတဲ့လိမ်လည်မှုတွေကိုသာမက AI နည်းပညာကို အလွဲသုံးစားလုပ်ပြီး ရင်းနှီးသူ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ မျက်နှာနဲ့အသံကို တုပကာငွေလိမ်တဲ့ Deepfake သို့မဟုတ် Video Clone တွေဟာ အကြီးအကျယ်ပျံ့နှံ့လာပြီး တစ်ကမ္ဘာလုံးမှာ ထိတ်လန့်စရာအနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလိုအဆင့်မြင့်နည်းပညာသုံး ကျူးလွန်သူတွေဟာ များသောအားဖြင့် တရားမဝင် ခိုးသွင်းလာတဲ့ သို့မဟုတ် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အလွယ်တကူမသိနိုင်စေမယ့် မှတ်ပုံတင်မထားတဲ့ ဖုန်းတွေကို အသုံးပြုနေကြပါတယ်။ CEIR စနစ်ဟာ တရားဝင်တင်သွင်းလာပြီး ပိုင်ရှင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တိကျစွာသိရှိနိုင်မယ့် ဖုန်းတွေကိုသာ ဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြုခွင့်ပေးတော့မှာဖြစ်လို့ ပြည်တွင်းမှာ ဒီလိုမျိုးအဆင့်မြင့်ဆိုက်ဘာရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အလွန်ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် လုံခြုံတဲ့ဆိုက်ဘာဂေဟစနစ်တစ်ခုကို  ဖန်တီးပေးတာလည်း ဖြစ်ပါတယ်။လူငယ်များ၏ အနာဂတ်နှင့် ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ပေးခြင်းအွန်လိုင်းလောင်းကစားမှုတွေဟာ လူငယ်တွေရဲ့ အနာဂတ်၊ အချိန်နဲ့ ခွန်အားတွေကို ဖျက်ဆီးနေတဲ့ ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အမည်ဝှက် (Anonymous) ဖုန်းစက်ပစ္စည်း တွေကို အကာအကွယ်ယူပြီး လူမှုကွန်ရက်တွေပေါ်မှာ ဘာသာရေး၊ လူမျိုးရေးနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို စော်ကားတဲ့အကြောင်းအရာတွေ လွှင့်တင်ကာ လူ့အဖွဲ့အစည်းအတွင်း သွေးခွဲမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေသူတွေလည်း ရှိနေပါတယ်။CEIR စနစ်ဟာ အဲဒီယဉ်ကျေးမှုဖျက်ဆီးသူတွေနဲ့ လောင်းကစားဒိုင်တွေကို ဆက်သွယ်ရေးကွန်ရက်စနစ်အတွင်းကနေ အပြီးတိုင်ဖယ်ထုတ်ဖို့နဲ့ သူတို့ကျူးလွန်ခဲ့တဲ့ သဲလွန်စတွေကို တိကျစွာဖော်ထုတ် အရေးယူနိုင်ဖို့ အကောင်းဆုံးသော ဥပဒေစိုးမိုးရေး လက်နက်တစ်ခု ဖြစ်ပါတယ်။ ပြည်သူ့နီတိနဲ့ကိုက်ညီပြီး ကျန်းမာတက်ကြွတဲ့ အွန်လိုင်း လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ နိုင်ငံတော်က မားမားမတ်မတ် ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။နိုင်ငံတကာစံနှုန်းများနဲ့အညီ နိုင်ငံ့စီးပွားကို အကာအကွယ်ပေးခြင်းCEIR စနစ်ဟာ မြန်မာနိုင်ငံအတွက်သာ သီးသန့်တီထွင်ထားတဲ့စနစ်မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကျင့်သုံးနေတဲ့ နိုင်ငံတကာစံချိန်မီ လုံခြုံရေးစနစ်တစ်ခု ဖြစ်ပါတယ်။ အိန္ဒိယ၊ တူကီယဲ၊ အင်ဒိုနီးရှားနဲ့ ဥရောပနိုင်ငံအချို့မှာ ဒီစနစ်ကို အောင်မြင်စွာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့အတွက်ကြောင့်ပဲ အဲဒီနိုင်ငံတွေမှာ ဖုန်းခိုးယူမှု၊ လုယက်မှုတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရားမဝင် ဖုန်းမှောင်ခိုတင်သွင်းမှုတွေကို တားဆီးနိုင်ခဲ့တာကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးမသွားအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ နိုင်ငံ့စီးပွားရေးယန္တရားအတွက် အလွန်အရေးပါတဲ့စနစ် တစ်ခုဖြစ်ပါတယ်။ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ခြင်းနှင့် အကျိုးကျေးဇူးများအပြောင်းအလဲတစ်ခုစတင်ချိန်မှာ အချို့သောပြည်သူတွေဟာ မိမိတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် (Privacy) တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနိုင်တာကို နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းစွာနားလည်သဘောပေါက်ပါတယ်။ တကယ်တော့ CEIR စနစ်ဆိုတာ သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်တွေ သို့မဟုတ် အင်တာနက် အသုံးပြုမှုတွေကို ထောက်လှမ်းတာမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ “စက်ပစ္စည်း(Device)၏ မှန်ကန်တရားဝင်မှု” ကိုသာ အဓိကစစ်ဆေးတဲ့ စနစ်ဖြစ်ကြောင်းကို ပြည်သူလူထုကို ရှင်းရှင်း လင်းလင်း သိမြင်စေလိုပါတယ်။ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးကြီးမားတဲ့ မိုဘိုင်းဖုန်း ပျောက်ဆုံးသွားမယ် သို့မဟုတ် ခိုးယူခံရမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး CEIR စနစ်ကနေတစ်ဆင့် ဖုန်းကိုချက်ချင်း Block ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ဖုန်းတစ်လုံး ပျောက်ဆုံး၊ အခိုးခံရမယ်ဆိုရင် SIM Card ကို ပိတ်သိမ်းရုံကလွဲပြီး အခြားထိရောက်တဲ့ တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ခိုးယူသူတွေအနေနဲ့ SIM Card ကို လွှင့်ပစ်ပြီး ဖုန်းကို Firmware အသစ်ပြန်တင်ကာ လွယ်ကူစွာ ပြန်လည် အသုံးပြုနိုင်ခဲ့ကြပါတယ်။အခုအခါမှာတော့ ဖုန်းခိုးယူသွားသူတွေအနေနဲ့ အဲဒီဖုန်းကို ဘယ်ဆက်သွယ်ရေး ကွန်ရက်တွေမှာမှ ပြန်လည်အသုံးပြုလို့ရနိုင်တော့မှာမဟုတ်တဲ့အတွက် ဖုန်းခိုးယူခြင်း၊ လုယက်ခြင်းလိုမျိုး ဒုစရိုက်မှုတွေဟာ အလိုအလျောက်ပပျောက်သွားမှာဖြစ်ပါတယ်။ YBS ယာဉ်တွေပေါ်မှာ နေ့ခင်းကြောင်တောင် သောင်းကျန်းနေတဲ့ ဖုန်းခါးပိုက်နှိုက်တွေနဲ့ ဖုန်းသူခိုးတွေရဲ့ ရန်ကနေ ပြည်သူတွေကို အပြည့်အဝကာကွယ်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ထားခြင်းမရှိဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတကာမှာ တွင်ကျယ်စွာအသုံးပြုနေတဲ့ CEIR စနစ်ကို စိုးရိမ်ကြောက်ရွံ့နေစရာမလိုတဲ့အပြင် မိမိပိုင်ဆိုင်တဲ့ ဖုန်းပစ္စည်းကို တရားဝင်မှတ်ပုံတင်ထားတာဟာ အလုံခြုံဆုံးသော အကာအကွယ်ရရှိနေတာဖြစ်ကြောင်းကို အသိပေးလိုပါတယ်။နိုင်ငံတော်တည်ငြိမ်ရေးနှင့် ခေတ်သစ်ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty)ခေတ်သစ်ကမ္ဘာမှာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်သွယ်ရေးကွန်ရက်ဟာ အသက်သွေးကြောပမာ အရေးကြီးလှပါတယ်။ နိုင်ငံတော်ရဲ့ စွမ်းအားကို တည်ဆောက်ရာမှာ ခိုင်မာတောင့်တင်းတဲ့ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံရှိဖို့ဆိုတာဟာလည်း တစ်ထောင့်တစ်နေရာက လိုအပ်လျက်ရှိတဲ့ စွမ်းအားတစ်ရပ်ပါ။ CEIR စနစ်ဟာ နိုင်ငံ အတွင်းအသုံးပြုနေတဲ့ မိုဘိုင်းစက်ပစ္စည်းတိုင်းကို စိစစ်နိုင်စွမ်းရှိတာကြောင့် ပြည်ပမှဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို အချိန်မီကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty) ကို မယိမ်းမယိုင်ရလေအောင် အခိုင်အမာ ပံ့ပိုးပေးခြင်းလည်းဖြစ်ပါတယ်။ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအစိုးရရဲ့ ဘယ်လိုပင်ကောင်းမွန်တဲ့စနစ်ပဲဖြစ်နေစေကာမူ ပြည်သူလူထုရဲ့ နားလည်သဘောပေါက်မှုနဲ့ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိဘူးဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်သူတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့ CEIR စနစ်ကို ၂၀၂၆ ခုနှစ် မတ်လပထမပတ်မှစလို့ စတင်အသုံးပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အများပြည်သူတွေ လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အခွန်ပေးဆောင်ဖို့ မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ဖို့အတွက် CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) မှာ အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုစာရင်းမှာ ပါရှိနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေအတွင်း မှာ ပြည်တွင်းဆက်သွယ်ရေးကွန်ရက် (MPT, ATOM, U9, Mytel) များရဲ့ SIM Card များကို ထည့်သွင်းဖွင့်လှစ်အသုံးပြုထားဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ခွင့်ပြုစာရင်းမှာမပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက်တွေနဲ့ စတင်ချိတ်ဆက်ချိန်မှစလို့ ရက်ပေါင်း ၃၀ အတွင်းသာ ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်း ကျသင့်တဲ့အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသူများအနေနဲ့လည်း ဝက်ဘ်ဆိုက်မှာ ကြည့်ရှုလို့ဖြစ်စေ၊ CEIR Call Center နံပါတ်တွေဖြစ်တဲ့ ၁၅၇၇ နဲ့ ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလို့ဖြစ်စေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် CEIR စနစ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့အသုံးပြုနေတဲ့ဖုန်းတွေကို သတ်မှတ်ထားတဲ့ကာလအတွင်း စနစ်တကျ မှတ်ပုံတင်ခြင်း၊ ဖုန်းအသစ်ဝယ်ယူရာမှာလည်း အခွန်ဆောင်ထားတဲ့ တရားဝင်တင်သွင်းထားတဲ့ဖုန်းတွေကိုသာ ရွေးချယ်ဝယ်ယူခြင်းတို့ဖြင့် နိုင်ငံတော်ရဲ့ မေတ္တာ၊ စေတနာထား ကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီပေးကြဖို့ အထူးလိုအပ်လှပါတယ်။CEIR စနစ်ဆိုတာဟာ ပြည်သူလူထုအတွက် ကန့်သတ်ချက်တစ်ခု မဟုတ်ဘဲ ခေတ်သစ်ဆိုက်ဘာရာဇဝတ်မှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်မြင့်ကာကွယ်ရေးတံတိုင်းကြီးတစ်ခုသာဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုအမျိုးမျိုးကြောင့် ပြည်သူလူထုရဲ့ ဘဝတွေ၊ မိသားစုတွေ ပျက်စီးဆုံးရှုံးနေရတာကို ရပ်တန့်နိုင်ဖို့နဲ့ လူတိုင်းယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ကသာ နိုင်ငံတော်အစိုးရရဲ့ အဓိကရည်မှန်းချက်စေတနာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတော်ရဲ့စေတနာကို နားလည်လက်ခံပြီး CEIR စနစ်ကြီးကို လက်ကမ်းကြိုဆိုမှုဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်ရေးသားတင်ပြလိုက်ရပါတယ်။ ။moi

မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းအားနဲ့ တည်ငြိမ်အေးချမ်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ကာကွယ်ရုံတင်သာမကပါဘူး၊ ဒစ်ဂျစ်တယ် နယ်ပယ်ရဲ့လုံခြုံရေးအပေါ်မှာပါ များစွာမူတည်နေပြီဖြစ်ပါတယ်။ နည်းပညာတွေ အလျင်အမြန်တိုးတက်လာတာနဲ့အမျှ ဆိုက်ဘာရာဇဝတ်မှုတွေဟာလည်း နည်းမျိုးစုံနဲ့ အသွင်ပြောင်းလဲပြီး ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဆက်သွယ်ရေးကွန်ရက် လုံခြုံစေဖို့ရန် SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေပေမယ့် တစ်ဖက်မှာ အွန်လိုင်းလိမ်လည်မှု(Online Scams)တွေ၊ Call Center အယောင်ဆောင် ငွေကြေးလိမ်လည်မှုတွေနဲ့ ခေတ်မီ Video Clone နည်းပညာသုံး လိမ်လည်မှုတွေက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ခြိမ်းခြောက်လျက်ရှိတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရခြင်းတွေကို နိုင်ငံတော်အစိုးရက အလေးအနက်ထား စောင့်ကြည့်လျက်ရှိပြီး ဒီလိုခြိမ်းခြောက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်းတွေကိုလည်း အစဉ်တစိုက် ရှာဖွေလျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ CEIR (Central Equipment Identity Register) လို့ခေါ်တဲ့ ဗဟိုစက်ပစ္စည်းမှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးအတွက်သာမက ပြည်သူတစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

CEIR ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ

CEIR ဆိုတာ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့ သီးသန့်မှတ်ပုံတင်နံပါတ်ဖြစ်တဲ့ IMEI (International Mobile Equipment Identity) ကို ဗဟိုဒေတာဘေ့စ်တစ်ခုမှာ စနစ်တကျမှတ်တမ်းတင်ချိတ်ဆက်ထားတဲ့ အဆင့်မြင့်နည်းပညာစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဂဏန်း ၁၅ လုံး ပါဝင်တဲ့ IMEI နံပါတ်ကို သိရှိလိုတယ်ဆိုရင် မိမိတို့ မိုဘိုင်းဖုန်းတွေမှာ *#06# ကို ရိုက်နှိပ်လို့ဖြစ်စေ၊ ဖုန်းရဲ့ Setting အတွင်း ဝင်ရောက်ပြီးဖြစ်စေ အလွယ်တကူစစ်ဆေးနိုင်ပါတယ်။

အရင်က SIM Card တွေကိုသာ မှတ်ပုံတင်ခဲ့ရာက အခုအခါမှာ ဖုန်းစက်ပစ္စည်း (Handset) တွေကိုပါ မှတ်ပုံတင်လိုက်ခြင်းဖြင့် ကွန်ရက်လုံခြုံရေးကို အလွှာနှစ်ထပ်နဲ့ ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားမဝင် လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ ဖုန်းတွေ၊ ပြည်သူတွေထံက ခိုးယူခံထားရတဲ့ ဖုန်းတွေနဲ့ ရာဇဝတ်မှုကျူးလွန်ရာမှာ အသုံးပြုမယ့်ဖုန်းတွေကို နိုင်ငံ အတွင်းရှိ ဘယ်ဆက်သွယ်ရေးကွန်ရက် (Telecom Network) မှာ မဆို အသုံးမပြုနိုင်အောင်လို့ အလိုအလျောက်ပိတ်ဆို့ (Block) ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို သန့်စင်ပေးပြီး ရာဇဝတ်ကောင်တွေအသုံးပြုနိုင်မယ့် လက်နက် (စက်ပစ္စည်း) ကို ဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်။

ပြည်သူတွေရဲ့ မျက်ရည်ကို ရပ်တန့်ပေးနိုင်ဖို့ Online Scams နဲ့ Love Scams တွေကို အဟန့်အတားပြုလုပ်ပေးခြင်း

လက်ရှိအချိန် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကောင့်တုတွေဖွင့်ပြီး ယုံကြည်မှုနဲ့အချစ်ကို အလွဲသုံးစားလုပ်ကာ ငွေကြေးလိမ်လည်တဲ့ Love Scams တွေကြောင့် ပြည်သူအများအပြား အထူးသဖြင့် အမျိုးသမီးတွေနဲ့ သက်ကြီးအရွယ်တွေ များစွာနစ်နာလျက်ရှိပါတယ်။ လိမ်လည်သူတွေဟာ ဖုန်းစက်ပစ္စည်းအမြောက်အမြားနဲ့ SIM Card တွေကို တစ်ခါသုံးအဖြစ် စိတ်ကြိုက်အသုံးပြုပြီး ဥပဒေလက်တွင်းကနေ လွတ်ကင်းအောင် သဲလွန်စဖျောက်လေ့ရှိကြပါတယ်။ နိုင်ငံတော် အစိုးရက CEIR စနစ်ကို အသက်သွင်းလိုက်မယ်ဆိုရင် လိမ်လည်သူတွေ အသုံးပြုနေတဲ့ ဖုန်းစက်ပစ္စည်း(Device)ကို ခြေရာခံထိန်းချုပ်နိုင်သွားမှာဖြစ်ပါတယ်။ လူလိမ်တွေအနေနဲ့ SIM Card အသစ်လဲလှယ်ရုံနဲ့ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘဲ သူတို့အသုံးပြုခဲ့တဲ့ ဖုန်းစက်ပစ္စည်းကိုပါ Blacklist (အမည်ပျက်စာရင်း) သွင်းကာ အပြီးတိုင်ပိတ်ဆို့ပစ်နိုင်မှာဖြစ်လို့ လိမ်လည်မှုကွင်းဆက်တွေကို အရင်းအမြစ်ကစလို့ ဖြတ်တောက်နိုင်တော့မှာဖြစ်တဲ့အတွက် အလွန်ထိရောက်တဲ့ ပြည်သူ့အကာအကွယ်စနစ်ကြီး ဖြစ်လာတော့မှာပါ။

ငွေကြေးဝန်ဆောင်မှု (KPay/Wave) အယောင်ဆောင်မှုများမှ ပြည်သူ့ဘဏ္ဍာကို ကာကွယ်ပေးခြင်း

ပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ KPay ၊ Wave Money စတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေရဲ့ Call Center ဝန်ထမ်းအဖြစ် အယောင်ဆောင်ပြီး ငွေလွှဲယူခြင်း၊ ဆုမဲပေါက်တယ်လို့ မက်လုံးပေး လိမ်လည်ခြင်းတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ဒုက္ခပေးနေပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် CEIR စနစ်ဟာ အဓိကအခန်းကဏ္ဍကနေပြီး ပါဝင်လာတော့မှာဖြစ်ပါတယ်။ CEIR စနစ်မှာဆိုရင် ဖုန်းစက်ပစ္စည်းတွေကို စနစ်တကျ မှတ်ပုံတင်ထားတော့မှာဖြစ်တဲ့အတွက်ကြောင့် လိမ်လည်သူတစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးကိုအသုံးပြုပြီး ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်တာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေက အဲဒီစက်ပစ္စည်းရဲ့ IMEI ကို ခြေရာခံနိုင်တော့မှာ ဖြစ်ပါတယ်။

အဲဒီခြေရာခံလို့ရတဲ့ ဖုန်းစက်ပစ္စည်းကို အမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ အခြားပြည်သူတစ်ဦးတစ်ယောက်ကို ထပ်မံလိမ်လည်ဖို့ ကြိုးစားခွင့်မရနိုင်တော့အောင် အမြစ်ပြတ်တားဆီးပေးမှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာငွေကို ခေတ်မီနည်းပညာနဲ့ ကာကွယ်စောင့်ရှောက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ခေတ်သစ် AI / Video Clone လိမ်လည်မှုများကို တုံ့ပြန်ခြင်း

ယနေ့ခေတ်မှာ ရိုးရှင်းတဲ့လိမ်လည်မှုတွေကိုသာမက AI နည်းပညာကို အလွဲသုံးစားလုပ်ပြီး ရင်းနှီးသူ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ မျက်နှာနဲ့အသံကို တုပကာငွေလိမ်တဲ့ Deepfake သို့မဟုတ် Video Clone တွေဟာ အကြီးအကျယ်ပျံ့နှံ့လာပြီး တစ်ကမ္ဘာလုံးမှာ ထိတ်လန့်စရာအနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီလိုအဆင့်မြင့်နည်းပညာသုံး ကျူးလွန်သူတွေဟာ များသောအားဖြင့် တရားမဝင် ခိုးသွင်းလာတဲ့ သို့မဟုတ် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အလွယ်တကူမသိနိုင်စေမယ့် မှတ်ပုံတင်မထားတဲ့ ဖုန်းတွေကို အသုံးပြုနေကြပါတယ်။ CEIR စနစ်ဟာ တရားဝင်တင်သွင်းလာပြီး ပိုင်ရှင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တိကျစွာသိရှိနိုင်မယ့် ဖုန်းတွေကိုသာ ဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြုခွင့်ပေးတော့မှာဖြစ်လို့ ပြည်တွင်းမှာ ဒီလိုမျိုးအဆင့်မြင့်ဆိုက်ဘာရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အလွန်ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် လုံခြုံတဲ့ဆိုက်ဘာဂေဟစနစ်တစ်ခုကို  ဖန်တီးပေးတာလည်း ဖြစ်ပါတယ်။

လူငယ်များ၏ အနာဂတ်နှင့် ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ပေးခြင်း

အွန်လိုင်းလောင်းကစားမှုတွေဟာ လူငယ်တွေရဲ့ အနာဂတ်၊ အချိန်နဲ့ ခွန်အားတွေကို ဖျက်ဆီးနေတဲ့ ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အမည်ဝှက် (Anonymous) ဖုန်းစက်ပစ္စည်း တွေကို အကာအကွယ်ယူပြီး လူမှုကွန်ရက်တွေပေါ်မှာ ဘာသာရေး၊ လူမျိုးရေးနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို စော်ကားတဲ့အကြောင်းအရာတွေ လွှင့်တင်ကာ လူ့အဖွဲ့အစည်းအတွင်း သွေးခွဲမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေသူတွေလည်း ရှိနေပါတယ်။

CEIR စနစ်ဟာ အဲဒီယဉ်ကျေးမှုဖျက်ဆီးသူတွေနဲ့ လောင်းကစားဒိုင်တွေကို ဆက်သွယ်ရေးကွန်ရက်စနစ်အတွင်းကနေ အပြီးတိုင်ဖယ်ထုတ်ဖို့နဲ့ သူတို့ကျူးလွန်ခဲ့တဲ့ သဲလွန်စတွေကို တိကျစွာဖော်ထုတ် အရေးယူနိုင်ဖို့ အကောင်းဆုံးသော ဥပဒေစိုးမိုးရေး လက်နက်တစ်ခု ဖြစ်ပါတယ်။ ပြည်သူ့နီတိနဲ့ကိုက်ညီပြီး ကျန်းမာတက်ကြွတဲ့ အွန်လိုင်း လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ နိုင်ငံတော်က မားမားမတ်မတ် ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းများနဲ့အညီ နိုင်ငံ့စီးပွားကို အကာအကွယ်ပေးခြင်း

CEIR စနစ်ဟာ မြန်မာနိုင်ငံအတွက်သာ သီးသန့်တီထွင်ထားတဲ့စနစ်မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကျင့်သုံးနေတဲ့ နိုင်ငံတကာစံချိန်မီ လုံခြုံရေးစနစ်တစ်ခု ဖြစ်ပါတယ်။ အိန္ဒိယ၊ တူကီယဲ၊ အင်ဒိုနီးရှားနဲ့ ဥရောပနိုင်ငံအချို့မှာ ဒီစနစ်ကို အောင်မြင်စွာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့အတွက်ကြောင့်ပဲ အဲဒီနိုင်ငံတွေမှာ ဖုန်းခိုးယူမှု၊ လုယက်မှုတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရားမဝင် ဖုန်းမှောင်ခိုတင်သွင်းမှုတွေကို တားဆီးနိုင်ခဲ့တာကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးမသွားအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ နိုင်ငံ့စီးပွားရေးယန္တရားအတွက် အလွန်အရေးပါတဲ့စနစ် တစ်ခုဖြစ်ပါတယ်။

ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ခြင်းနှင့် အကျိုးကျေးဇူးများ

အပြောင်းအလဲတစ်ခုစတင်ချိန်မှာ အချို့သောပြည်သူတွေဟာ မိမိတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် (Privacy) တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနိုင်တာကို နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းစွာနားလည်သဘောပေါက်ပါတယ်။ တကယ်တော့ CEIR စနစ်ဆိုတာ သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်တွေ သို့မဟုတ် အင်တာနက် အသုံးပြုမှုတွေကို ထောက်လှမ်းတာမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ “စက်ပစ္စည်း(Device)၏ မှန်ကန်တရားဝင်မှု” ကိုသာ အဓိကစစ်ဆေးတဲ့ စနစ်ဖြစ်ကြောင်းကို ပြည်သူလူထုကို ရှင်းရှင်း လင်းလင်း သိမြင်စေလိုပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးကြီးမားတဲ့ မိုဘိုင်းဖုန်း ပျောက်ဆုံးသွားမယ် သို့မဟုတ် ခိုးယူခံရမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး CEIR စနစ်ကနေတစ်ဆင့် ဖုန်းကိုချက်ချင်း Block ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ဖုန်းတစ်လုံး ပျောက်ဆုံး၊ အခိုးခံရမယ်ဆိုရင် SIM Card ကို ပိတ်သိမ်းရုံကလွဲပြီး အခြားထိရောက်တဲ့ တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ခိုးယူသူတွေအနေနဲ့ SIM Card ကို လွှင့်ပစ်ပြီး ဖုန်းကို Firmware အသစ်ပြန်တင်ကာ လွယ်ကူစွာ ပြန်လည် အသုံးပြုနိုင်ခဲ့ကြပါတယ်။

အခုအခါမှာတော့ ဖုန်းခိုးယူသွားသူတွေအနေနဲ့ အဲဒီဖုန်းကို ဘယ်ဆက်သွယ်ရေး ကွန်ရက်တွေမှာမှ ပြန်လည်အသုံးပြုလို့ရနိုင်တော့မှာမဟုတ်တဲ့အတွက် ဖုန်းခိုးယူခြင်း၊ လုယက်ခြင်းလိုမျိုး ဒုစရိုက်မှုတွေဟာ အလိုအလျောက်ပပျောက်သွားမှာဖြစ်ပါတယ်။ YBS ယာဉ်တွေပေါ်မှာ နေ့ခင်းကြောင်တောင် သောင်းကျန်းနေတဲ့ ဖုန်းခါးပိုက်နှိုက်တွေနဲ့ ဖုန်းသူခိုးတွေရဲ့ ရန်ကနေ ပြည်သူတွေကို အပြည့်အဝကာကွယ်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ထားခြင်းမရှိဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတကာမှာ တွင်ကျယ်စွာအသုံးပြုနေတဲ့ CEIR စနစ်ကို စိုးရိမ်ကြောက်ရွံ့နေစရာမလိုတဲ့အပြင် မိမိပိုင်ဆိုင်တဲ့ ဖုန်းပစ္စည်းကို တရားဝင်မှတ်ပုံတင်ထားတာဟာ အလုံခြုံဆုံးသော အကာအကွယ်ရရှိနေတာဖြစ်ကြောင်းကို အသိပေးလိုပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ခေတ်သစ်ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty)

ခေတ်သစ်ကမ္ဘာမှာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်သွယ်ရေးကွန်ရက်ဟာ အသက်သွေးကြောပမာ အရေးကြီးလှပါတယ်။ နိုင်ငံတော်ရဲ့ စွမ်းအားကို တည်ဆောက်ရာမှာ ခိုင်မာတောင့်တင်းတဲ့ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံရှိဖို့ဆိုတာဟာလည်း တစ်ထောင့်တစ်နေရာက လိုအပ်လျက်ရှိတဲ့ စွမ်းအားတစ်ရပ်ပါ။ CEIR စနစ်ဟာ နိုင်ငံ အတွင်းအသုံးပြုနေတဲ့ မိုဘိုင်းစက်ပစ္စည်းတိုင်းကို စိစစ်နိုင်စွမ်းရှိတာကြောင့် ပြည်ပမှဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို အချိန်မီကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty) ကို မယိမ်းမယိုင်ရလေအောင် အခိုင်အမာ ပံ့ပိုးပေးခြင်းလည်းဖြစ်ပါတယ်။

ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု

အစိုးရရဲ့ ဘယ်လိုပင်ကောင်းမွန်တဲ့စနစ်ပဲဖြစ်နေစေကာမူ ပြည်သူလူထုရဲ့ နားလည်သဘောပေါက်မှုနဲ့ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိဘူးဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်သူတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့ CEIR စနစ်ကို ၂၀၂၆ ခုနှစ် မတ်လပထမပတ်မှစလို့ စတင်အသုံးပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အများပြည်သူတွေ လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အခွန်ပေးဆောင်ဖို့ မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ဖို့အတွက် CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) မှာ အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုစာရင်းမှာ ပါရှိနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေအတွင်း မှာ ပြည်တွင်းဆက်သွယ်ရေးကွန်ရက် (MPT, ATOM, U9, Mytel) များရဲ့ SIM Card များကို ထည့်သွင်းဖွင့်လှစ်အသုံးပြုထားဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ခွင့်ပြုစာရင်းမှာမပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက်တွေနဲ့ စတင်ချိတ်ဆက်ချိန်မှစလို့ ရက်ပေါင်း ၃၀ အတွင်းသာ ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်း ကျသင့်တဲ့အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသူများအနေနဲ့လည်း ဝက်ဘ်ဆိုက်မှာ ကြည့်ရှုလို့ဖြစ်စေ၊ CEIR Call Center နံပါတ်တွေဖြစ်တဲ့ ၁၅၇၇ နဲ့ ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလို့ဖြစ်စေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် CEIR စနစ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့အသုံးပြုနေတဲ့ဖုန်းတွေကို သတ်မှတ်ထားတဲ့ကာလအတွင်း စနစ်တကျ မှတ်ပုံတင်ခြင်း၊ ဖုန်းအသစ်ဝယ်ယူရာမှာလည်း အခွန်ဆောင်ထားတဲ့ တရားဝင်တင်သွင်းထားတဲ့ဖုန်းတွေကိုသာ ရွေးချယ်ဝယ်ယူခြင်းတို့ဖြင့် နိုင်ငံတော်ရဲ့ မေတ္တာ၊ စေတနာထား ကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီပေးကြဖို့ အထူးလိုအပ်လှပါတယ်။

CEIR စနစ်ဆိုတာဟာ ပြည်သူလူထုအတွက် ကန့်သတ်ချက်တစ်ခု မဟုတ်ဘဲ ခေတ်သစ်ဆိုက်ဘာရာဇဝတ်မှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်မြင့်ကာကွယ်ရေးတံတိုင်းကြီးတစ်ခုသာဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုအမျိုးမျိုးကြောင့် ပြည်သူလူထုရဲ့ ဘဝတွေ၊ မိသားစုတွေ ပျက်စီးဆုံးရှုံးနေရတာကို ရပ်တန့်နိုင်ဖို့နဲ့ လူတိုင်းယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ကသာ နိုင်ငံတော်အစိုးရရဲ့ အဓိကရည်မှန်းချက်စေတနာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတော်ရဲ့စေတနာကို နားလည်လက်ခံပြီး CEIR စနစ်ကြီးကို လက်ကမ်းကြိုဆိုမှုဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်ရေးသားတင်ပြလိုက်ရပါတယ်။ ။

moi

ဝေယံလူ

ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့
-
လူသားတို့၏ သမိုင်းစဉ်တစ်လျှောက် အင်ဂျင်နီယာပညာသည် ယဉ်ကျေးမှုတည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ ကျောက်ခေတ်မှ ဒစ်ဂျစ်တယ်ခေတ်အထိ လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တီထွင်ဆန်းသစ်မှု၏ ရှေ့ဆောင်လမ်းပြအဖြစ် အမြဲတမ်းရပ်တည်ခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day for Sustainable Development)သည် ဤအရေးပါသော ပညာရပ်၏အနာဂတ်ကို ပြန်လည်အကဲဖြတ်ရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သည်။ ထိုနေ့သည် ကမ္ဘာတစ်ဝန်းရှိ အင်ဂျင်နီယာများ၏ အခန်းကဏ္ဍနှင့် လူ့အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးပေးနေသော အင်အားကို ဂုဏ်ပြုပေးသည့် အထိမ်းအမှတ်နေ့လည်းဖြစ်သည်။ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံအသုံးချ၍ တည်တံ့မြဲမြံသော အနာဂတ်ကို ဖန်တီးတည်ဆောက်ရန် စမတ်အင်ဂျင်နီယာပညာအား မြှင့်တင်အသုံးချရမည်ကို ရည်ညွှန်းထားခြင်းပင်ဖြစ်သည်။အင်ဂျင်နီယာပညာဆိုသည်မှာ သိပ္ပံနည်းကျအယူအဆများနှင့် လက်တွေ့ကမ္ဘာ၏ ပြဿနာများကို ဖြေရှင်းရန် အသုံးချခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ရိုးရိုးသာမန်အင်ဂျင်နီယာပညာထက် ကျော်လွန်သော “စမတ်အင်ဂျင်နီယာပညာ” (Smart Engineering) ဟူသည့် အသုံးအနှုန်းမှာ ပိုမိုအရေးပါလာသည်။ စမတ်အင်ဂျင်နီယာပညာဆိုသည်မှာ ပြဿနာတစ်ရပ် သို့မဟုတ် ရည်မှန်းချက်တစ်ရပ်အတွက် သင့်လျော်သောဖြေရှင်းချက်ကို စနစ်တကျရှာဖွေဖော်ထုတ်ကာ အကောင်အထည်ဖော်သည့် အင်ဂျင်နီယာနည်းလမ်းတစ်ရပ်ဖြစ်သည်။ ယင်းတွင် အမြင်ကျယ်စွာ စဉ်းစားတီထွင်ခြင်း၊ မော်ဒယ်ဖန်တီးစမ်းသပ်ခြင်း၊ အကျယ်တဝင့်အသုံးချနိုင်ရန် တိုးချဲ့အကောင်အထည်ဖော်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သည်။ ဤလုပ်ငန်းစဉ်တွင် သိပ္ပံပညာဆိုင်ရာ ဗဟုသုတများ၊ စီးပွားရေးဆိုင်ရာ အသိပညာများ၊ လူမှုရေးဆိုင်ရာနားလည်မှုများနှင့် လက်တွေ့အသုံးချနိုင်သောကျွမ်းကျင်မှုများကို ပေါင်းစပ်အသုံးချခြင်းဖြင့် ထုတ်ကုန်တစ်ခုဖန်တီးခြင်းသာမက လူသားဘဝအရည်အသွေး မြှင့်တင်ရေးကိုပါ ရည်ရွယ်သည်။ ထို့ကြောင့် စမတ်အင်ဂျင်နီယာပညာသည် အသုံးပြုသူများ၏စိတ်ထဲတွင် အလွန်ပင်အံ့အားသင့်သွားစေလောက်သော အတွေ့အကြုံများကို ဖန်တီးပေးနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ စမတ်အင်ဂျင်နီယာပညာ၏ မောင်းနှင်အား(၁၀)ရပ် ခေတ်ကာလအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အင်ဂျင်နီယာပညာ (Need-of-the-Hour Engineering)သမိုင်းတစ်လျှောက် အင်ဂျင်နီယာပညာ၏ ဦးတည်ချက်သည် ခေတ်ကာလ၏ လိုအပ်ချက်အရ ပြောင်းလဲခဲ့ကြရသည်။ ဘီစီခေတ်က လယ်ယာစိုက်ပျိုးရေးအတွက် ရေသွင်းစနစ်များနှင့် မြေဆီလွှာလေ့လာမှုကို အဓိကထားခဲ့ရာမှ ကျောက်ခေတ်မှ သတ္တုခေတ်သို့ ကူးပြောင်းလာသည်နှင့်အမျှ အစားအစာချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ထုတ်လုပ်ခြင်းနည်းပညာများ ပြောင်းလဲလာခဲ့သည်။ ယနေ့ခေတ်တွင် အင်တာနက်နှင့် မိုဘိုင်းနည်းပညာများကြောင့် ကမ္ဘာကြီးသည် “ကမ္ဘာလုံးဆိုင်ရာ ရွာငယ်လေး” တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူတို့၏ထုတ်လုပ်မှုစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုအခါ အသံဖြင့်ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းတို့မှ အချိန်နှင့်တစ်ပြေးညီ စာပို့စနစ်များ၊ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုများအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ယနေ့ခေတ်၏လိုအပ်ချက်မှာ Broadband နှင့် Connectivity များကို ကျယ်ပြန့်စွာ ဖြန့်ကြက်အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အကောင်းဆုံးထိန်းညှိတိုးတက်အောင် ပြုလုပ်နိုင်ရေးပင်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်အရ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်သည် ဤလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ ဥပမာအားဖြင့် 5G ကွန်ရက်များ ဖြန့်ကြက်ခြင်းသည် ကျေးလက်ဒေသများအပါအဝင် နေရာအနှံ့မြန်နှုန်းမြင့်အင်တာနက်ရရှိရေးအတွက် အရေးပါသည့် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် Connectivity နှင့် Digital Infrastructure (Broadband, Smart Grid, Data Center, 5G စနစ်များ)သည် အရေးပါဆုံး လိုအပ်ချက်များဖြစ်သည်။တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)တူညီသောရည်ရွယ်ချက်ကို ပိုမိုခေတ်မီသည့် နည်းပညာများဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)၏ အဓိကအချက်ဖြစ်သည်။ ရှေးခေတ်ကအချိန်ကိုတိုင်းတာရန် တုတ်၏အရိပ်ကိုသာအားကိုးခဲ့ကြရာမှ Sun Dial နှင့် Jantar Mantar ကဲ့သို့သောကိရိယာများပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် အိုလံပစ်ပြိုင်ပွဲ၌ စက္ကန့်၏ အစိတ်အပိုင်းလေးများကိုပင် တိကျစွာဖမ်းယူနိုင်သည့် အလွန်တိကျသော အချိန်တိုင်းတာရေး ကိရိယာများရှိလာခဲ့ပြီဖြစ်သည်။အလားတူ ပုံနှိပ်နည်းပညာသည်လည်း Offset Printing မှ Digital Printer များ၊ Dot Matrix မှ Laser Jet သို့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ယခုအခါ 3D Printing နည်းပညာသည် ပစ္စည်းကို ဖြတ်တောက်ဖယ်ရှားသည့် Subtractive နည်းလမ်းမှ ပစ္စည်းကိုအလွှာလိုက် ထည့်သွင်းတည်ဆောက်သည့် Additive နည်းလမ်းသို့ ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးလျက်ရှိသည်။ ဤပြောင်းလဲမှုသည် ဆန်းသစ်တီထွင်မှု၏ သက်သေသာဓကတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ် (Digitalization) သည် ဤတိုးတက်မှုအားလုံး၏ ကျောရိုးမကြီးအဖြစ် ရပ်တည်နေသည်။အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်နိုင်သော အင်ဂျင်နီယာပညာ (Strip-Down Engineering)အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်နိုင်သော အင်ဂျင်နီယာပညာ (Strip-Down Engineering) သည် ပြန်လည်ဆန်းသစ် တီထွင်သော အင်ဂျင်နီယာပညာ (Reverse Engineering) နှင့် ချွေတာသုံးစွဲသည့် အင်ဂျင်နီယာပညာ (Frugal Engineering) တို့၏ အားသာချက်များကို ပေါင်းစပ်ထားသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းကာ ကုန်ကျစရိတ်လျှော့ချသော နည်းလမ်းဖြစ်သည်။ Pareto ၏ ၈၀:၂၀ သဘောတရားကို အခြေခံကာ မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းထားနိုင်ရန် ဆန်းစစ်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အသုံးပြုသူများ၏ အမြင်အရ အရေးပါဆုံးသော လုပ်ဆောင်ချက်များ ၈၀ ရာခိုင်နှုန်းကိုရွေးချယ်ကာ ကုန်ကျစရိတ်ကို ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်အောင် အကောင်အထည်ဖော်ခြင်းဖြစ်သည်။ဥပမာအားဖြင့် ဈေးနှုန်းချိုသာသော ကားတစ်စီးကို ဒီဇိုင်းဆွဲရာတွင် ဘီးနပ်ခေါင်းလေးလုံးအစား သုံးလုံးသာသုံး၍ရမလားဟူသော မေးခွန်းထုတ်ခြင်းမျိုးဖြစ်သည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးတို့၏အချိုးကို အမြဲတမ်းချိန်ဆသုံးသပ်နေပြီး လူမှုအလွှာအောက်ဆုံး (bottom of the pyramid) လူထုအတွက် သင့်လျော်သည့် ထုတ်ကုန်များဖန်တီးရာတွင် အလွန်ထိရောက်မှု ရှိသည်။ ဤသည်မှာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအချက်တစ်ချက်ဖြစ်သည့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းနှင့်ကိုက်ညီသည်။စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance Boosting Engineering)ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ အောင်မြင်မှုသည် ၎င်း၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်သည်။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance-Boosting Engineering) သည် ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားထားကာ ဖြေရှင်းချက်၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်ရည်ရွယ်သည်။ မိုဘိုင်းဖုန်းများတွင် Singlecore မှ Octacore ပရိုဆက်ဆာများအထိ တိုးတက်လာခြင်းသည် အပြိုင်လုပ်ဆောင်မှု (Parallel Processing) များကို အသုံးချနိုင်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်သည်။Heterogeneous Processing Environment တွင် Code များကို ASIC, DSP, CPU, GPU အစရှိသည့် ချစ်ပ်များအကြား သင့်လျော်စွာ ခွဲဝေတင်ဆက်နိုင်ခြင်းသည် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်သည်။ ထို့ပြင် Multi-resolution Systems များဖန်တီးခြင်းလည်းပါဝင်သည်။ ဥပမာ ကင်မရာအရည်အသွေးအမျိုးမျိုးရှိသော ဖုန်းများ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤကဏ္ဍသည် ဆန်းသစ်တီထွင်မှု (Innovation)၏ တိုက်ရိုက်သက်ရောက်မှုကိုပြသပြီး ဒစ်ဂျစ်တယ်စနစ်၏အကူအညီဖြင့် ပိုမိုရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်စေရန်နှင့် တုံ့ပြန်ချိန်ကိုလျှော့ချနိုင်စေရန် ဆောင်ရွက်ပေးသည်။ ဉာဏ်ရည်ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering)ဉာဏ်ရည်ထက်မြက်သော စက်ပစ္စည်းများသည် အာရုံခံကိရိယာ (Sensor)၊ လှုပ်ရှားမှုထိန်းချုပ်ကိရိယာ (Actuator) နှင့် ထိန်းချုပ်ကိရိယာ (Controller) များမှတစ်ဆင့် အာရုံခံခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်ခြင်း စသည့်လုပ်ဆောင်ချက်များကို အသုံးချကြသည်။ ဉာဏ်ရည်ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering)သည် ဉာဏ်ရည်ထက်မြက်စေသည့်စနစ်များကို အားပေးတည်ဆောက်ပေးပြီး ပြန်လည်တုံ့ပြန်မှု ထိန်းချုပ်စနစ် (Closed-loop Control) အပေါ်အခြေခံသည့် အလိုအလျောက်လည်ပတ်မှု၊ စွမ်းအင်ထိရောက်မှု နှင့် ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ကို ပံ့ပိုးပေးသည်။ဥပမာအားဖြင့် Smart Home Platform ကိုတည်ဆောက်ခြင်းတွင် အိမ်တစ်အိမ်၏ စွမ်းအင်သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီတိုင်းတာပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားအလိုက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမျိုးဖြစ်သည်။ Connected Car Platform တွင်လည်း ကားတာယာ၏ Pressure Sensor များက ဘီးလေလျော့ခြင်းကို ကြိုတင်သိရှိနိုင်ပြီး ယာဉ်မောင်းအားသတိပေးနိုင်သည်။ ယနေ့ခေတ် အင်ဂျင်နီယာပညာ၏ အဓိကကျသောအစိတ်အပိုင်းမှာ ဉာဏ်ရည်တု (AI)နှင့် စက်သင်ယူမှု (Machine Learning) နည်းပညာများကို အသုံးချကာ အချက်အလက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်ဖြစ်သည်။ဤသည်မှာ ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ပါ ဒစ်ဂျစ်တယ်စနစ် (Digitalization) ၏ အနှစ်သာရပင်ဖြစ်သည်။ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering)ယနေ့ခေတ်တွင် နယ်ပယ်အသစ်များ အမြဲပေါ်ပေါက်လျက်ရှိပြီး ပြဿနာအချို့ကို ဖြေရှင်းရာတွင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်မှုများလိုအပ်လာသည်။ ဤသည်မှာ ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering) ဖြစ်သည်။ ဘူမိဗေဒ (Geology) နှင့် ဇီဝဗေဒ (Biology) ကို ပေါင်းစပ်ခြင်းဖြင့် Geo-microbiology နယ်ပယ်အသစ်ပေါ်ပေါက်လာပြီး မြေဆီလွှာမှတစ်ဆင့် အစားအစာသို့ ပိုးမွှားများကူးစက်ခြင်းကို လေ့လာနိုင်သည်။ ပထဝီဗေဒ (Geography) နှင့် သတင်းအချက်အလက်ပညာတို့ပေါင်းစပ်ခြင်းသည် Geographic Information System (GIS) ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းဖွင့်ပေးခဲ့သည်။Optical Physics နှင့် Telecommunication ကိုပေါင်းစပ်ကာ Fiber Optic Communication နယ်ပယ်အသစ်ဖြစ်ပေါ်လာသည်။ ဤသို့ နယ်ပယ်ပေါင်းစုံမှ အတွေးအခေါ်များနှင့် နည်းပညာများကို ပေါင်းစည်းခြင်းသည် ဆန်းသစ်တီထွင်မှု၏ အဓိကအရင်းအမြစ်ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းတွင် 3D ပုံနှိပ်စက်နည်းပညာကိုအသုံးပြု၍ အိမ်များဆောက်လုပ်လာနိုင်ပြီဖြစ်သည်။ ဤသည်မှာ ပစ္စည်းဆိုင်ရာသိပ္ပံပညာ (Material Science) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတို့ ပေါင်းစည်းခြင်း၏ရလဒ်ဖြစ်သည်။အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာပညာ (Smart-Auxiliary Engineering)အင်ဂျင်နီယာပညာသည် သိပ္ပံရှာဖွေတွေ့ရှိမှုများကို ထုတ်ကုန်များအဖြစ် တိုးချဲ့ဖော်ဆောင်ပေးရုံသာမက သိပ္ပံပရောဂျက်များအတွက် နောက်ခံအထောက်အကူအဖြစ်လည်း ပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံ CERN ရှိ Large Hadron Collider (LHC) ခေါ် ဧရာမအမှုန်အစုအဝေး အရှိန်မြှင့်စက်ကြီးကို အသုံးပြုပြီး စကြဝဠာ၏ ပြင်းထန်ပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်အပြီး စက္ကန့်သန်းပေါင်းများစွာ၏ တစ်သန်းပုံတစ်ပုံအကြာအခြေအနေကို အတုယူစမ်းသပ်နေခြင်းသည် အင်ဂျင်နီယာပညာ၏ အံ့မခန်းအောင်မြင်မှုတစ်ရပ်ဖြစ်ကာ Big Bang ဖြစ်စဉ်ကို စမ်းသပ်လေ့လာနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။အင်ဂျင်နီယာပညာ၏ အထောက်အကူပြုအခန်းကဏ္ဍကို အသေးအဖွဲဟုမထင်သင့်ပါ။ Boeing 787 Dreamliner လေယာဉ်တွင် Nickel Hydride ဘက်ထရီများအစာ စွမ်းအင်နှစ်ဆ ထုတ်လုပ်နိုင်ပြီး နေရာတစ်ဝက်သာယူသော Lithiumion ဘက်ထရီများကိုအသုံးပြုခဲ့သည်။ သို့သော် Lithiumion ဘက်ထရီများသည် ဖိအားနှင့်အပူချိန်မြင့်မားမှုကြောင့် လျှပ်စစ်ပတ်လမ်းအတွင်း Short-Circuit ဖြစ်ကာ မီးလောင်မှုအန္တရာယ်ဖြစ်ပွားခဲ့သည်။ ဤပြဿနာကြောင့် Dreamliner လေယာဉ်များကို ကမ္ဘာတစ်ဝန်းရပ်နားခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ ဤဖြစ်ရပ်သည် Smart Auxiliary Engineering ၏အရေးပါမှုကို ထင်ရှားစွာပြသခဲ့သည်။ အရန်စနစ်များ၏ လုံခြုံရေး၊ ထိရောက်မှုနှင့် ယုံကြည်စိတ်ချရမှုသည် ပင်မစနစ်၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်သည်။တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering)ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ အဓိကကျသော အကြောင်းအရာဖြစ်သည်။ တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering) သည် ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီညီ တည်တံ့မြဲမြံစေရေးကို အဓိကရည်ရွယ်သည်။ ယနေ့ခေတ်တွင် အပူဓာတ်အခြေပြုစွမ်းအင် အသုံးပြုမှုကိုလျှော့ချပြီး နေရောင်ခြည်စွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့သို့ ကူးပြောင်းအသုံးပြုလာကြသည်။ စွမ်းအင်ထုတ်လုပ်မှုသာမက ပိုမိုထိရောက်သော လျှပ်စစ်ဖြန့်ဝေမှုအတွက် Smart Grid စနစ်များကိုလည်း တီထွင်ဖန်တီးနေကြသည်။ဥပမာအားဖြင့် အီလက်ထရောနစ်ဆားကစ်များတွင် ယခင်က 3V သို့မဟုတ် 5V ဖြင့် လည်ပတ်ခဲ့သည့် ဒစ်ဂျစ်တယ်ချစ်ပ်များကို ယနေ့တွင် 1.8V ဖြင့်လည်ပတ်နိုင်အောင် တိုးတက်ဖန်တီးနိုင်ခဲ့သည်။ စွမ်းအင်သုံးစွဲမှုကို သတိပြုစီမံသော (energy-aware) ပရိုတိုကောများကိုလည်း ဒီဇိုင်းထုတ်ခဲ့ကြသည်။ ထို့ပြင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ (recycled materials) ကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲခြင်းတို့သည်လည်း Sustainable Engineering ၏ အဓိကအစိတ်အပိုင်းများဖြစ်သည် ။သဘာဝအခြေပြု အင်ဂျင်နီယာပညာ (Nature-Inspired Engineering)သဘာဝတရားသည် အင်ဂျင်နီယာများအတွက် အကောင်းဆုံးသင်ခန်းစာဖြစ်သည်။ Nature-Inspired Engineering သည် သဘာဝရှိသတ္တဝါများနှင့် အပင်များမှ လှုံ့ဆော်မှုရယူကာ ထုတ်ကုန်များကို ဒီဇိုင်းဆွဲခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ မြန်နှုန်းမြင့်မီးရထား Bullet Train သည် ဥမင်လိုဏ်ခေါင်းမှ ထွက်လာချိန်တွင် အလွန်ကျယ်လောင်သောအသံ ပြဿနာရှိခဲ့ရာ ရေထဲသို့ ထိုးဆင်းရာတွင် ရေမျက်နှာပြင်ကိုမထိခိုက်စေဘဲ လျှောကျဝင်နိုင်သော Kingfisher ၏ နှုတ်သီးပုံစံကိုအတုယူကာ ရထား၏ဦးခေါင်းပုံစံကို ပြန်လည်ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ Mercedes-Benz ၏ Bionic Concept Vehicle ကို Boxfish ငါး၏ လေဆန်မှုနည်းသော ကိုယ်လုံးပုံစံနှင့် ခိုင်မာသော အပြင်အလွှာ (exo-skeleton) ကိုလေ့လာကာ ဒီဇိုင်းဆွဲထားသည်။ ကြာပန်း (Lotus) ၏အရွက်များသည် ရေစက်နှင့်ဖုန်မှုန့်များကို လွယ်ကူစွာဖယ်ရှားနိုင်သော ဂုဏ်သတ္တိရှိရာ ထိုသဘောတရားကို အပြင်အလွှာသုတ်ဆေးများ၊ အထည်အလိပ်များတွင် အသုံးချခဲ့ကြသည်။ ဤနည်းလမ်းသည် ဆန်းသစ်တီထွင်မှု၏ နောက်ထပ်မျက်နှာစာတစ်ခုကို ဖွင့်ပြထားခြင်းပင်ဖြစ်သည်။အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering)အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) သည် အနာဂတ်ကို မြော်တွေးပြီး သိပ္ပံအယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်သည်။ ယနေ့ခေတ်တွင် ရုပ်ပိုင်းဆိုင်ရာကမ္ဘာနှင့် ဒစ်ဂျစ်တယ်ကမ္ဘာတို့ ပေါင်းစည်းလာနေသည်။ ဒစ်ဂျစ်တယ်ကမ္ဘာ (Virtual Reality)မှ မြှင့်တင်ထားသော လက်တွေ့ကမ္ဘာ (Augmented Reality) သို့ တိုးတက်ရွေ့လျားလာကာ အသုံးပြုသူများ၏ဆက်ဆံရေး (User Interaction) များလည်း ထိတွေ့ခြင်းအခြေပြု (Touch-based) မှ လက်ဟန်အခြေပြု (Gesture-controlled) အဆင့်သို့ ပြောင်းလဲလာနေသည်။ကွမ်တမ်ကုဒ်သွင်းစနစ် (Quantum Cryptography) သည် အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) ၏ ထင်ရှားသောဥပမာတစ်ခုဖြစ်သည်။ ကွမ်တမ်တွက်ချက်ရေးပညာ (Quantum Computing) သည် တစ်ပြိုင်နက်တည်ရှိခြင်း (Superposition) နှင့် ဆက်စပ်ယှက်နွှယ်ခြင်း (Entanglement) သဘောတရားများကို အသုံးပြု သော ကွမ်တမ်ကွန်ပျူတာ၏ အခြေခံအကျဆုံး သတင်းအချက်အလက်ယူနစ် (Qubit) များအပေါ်တွင်အခြေခံထားသည်။ သိပ္ပံစိတ်ကူးယဉ် (Science Fiction) အတွေးအခေါ်များကိုပင် လက်တွေ့အသုံးချနိုင်သည့် နည်းပညာအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန် အင်ဂျင်နီယာများက ကြိုးပမ်းနေကြသည်။ ဥပမာအားဖြင့် လူသားများ လကမ္ဘာသို့ ပြန်လည်သွားရောက်ခြင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်ရန် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ၏ စိန်ခေါ်မှုများပင်ဖြစ်သည်။အနာဂတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ခရီးလမ်းယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အခက်အခဲ၊ အရင်းအမြစ်ရှားပါးမှုနှင့် ဒစ်ဂျစ်တယ်ကွာဟမှုတို့သည် အရေးကြီးသော စိန်ခေါ်မှုများဖြစ်သည်။ စမတ်အင်ဂျင်နီယာပညာ (Smart Engineering) သည် ထိရောက်မှုမြှင့်တင်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတိုးချဲ့ခြင်း၊ လူမှုအကျိုးပြုဖြေရှင်းချက်များ ဖန်တီးခြင်းတို့မှတစ်ဆင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်နိုင်သည်။၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော “Smart Engineering for Sustainable Future through Innovation and Digitalization” သည် ကျွန်ုပ်တို့အား လမ်းကြောင်းမှန်ကိုညွှန်ပြနေသည်။ အထက်တွင်ဖော်ပြခဲ့သော စမတ်အင်ဂျင်နီယာပညာ၏ အခြေခံမောင်းနှင်အား (၁၀)ချက်သည် ဤခရီးလမ်းတွင် မီးပြတိုက်များသဖွယ် အရှေ့သို့အလင်းပြလျက်ရှိသည်။ခေတ်ကာလအလိုက် လိုအပ်ချက်ကိုဖြည့်ဆည်းခြင်းဖြင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုနားလည်ရန်ကူညီပေးမည်ဖြစ်သည်။ တိုးတက်ပြုပြင်ခြင်းနှင့် အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်ခြင်းတို့သည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချတတ်စေသည်။ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ဉာဏ်ရည်ထက်မြက်စနစ်များ တည်ဆောက်ခြင်းတို့သည် ဒစ်ဂျစ်တယ်စနစ်၏အစွမ်းကို ဖော်ထုတ်ပေးမည်ဖြစ်သည်။ ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှုနှင့် အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာတို့သည် ဆန်းသစ်တီထွင်မှု၏ အုတ်မြစ်များပင်ဖြစ်သည်။ တည်တံ့မြဲမြံခြင်းနှင့် သဘာဝအခြေပြုခြင်းတို့သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကြီးကို ကာကွယ်ရန် လမ်းညွှန်ချက်များပင်ဖြစ်ပြီး အနာဂတ်ကို ဦးတည်ခြင်းဖြင့် ကျွန်ုပ်တို့၏အိပ်မက်များကို အကောင်အထည်ဖော်ရန် သတ္တိတို့ကိုရှိစေသည်။မြန်မာနိုင်ငံအနေဖြင့်လည်း ဤအခြေခံမောင်းနှင်အားများကိုအသုံးချကာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်ရန် အင်ဂျင်နီယာပညာရပ်ကို အားပေးမြှင့်တင်ရာတွင် အခြေခံအဆောက်အအုံများခိုင်မာစေရေး၊ စွမ်းအင်ထိရောက်စွာအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဦးစားပေး ကဏ္ဍများဖြစ်သည်။အင်ဂျင်နီယာပညာသည် အတိတ်ကိုတည်ဆောက်နိုင်ခဲ့သကဲ့သို့ အနာဂတ်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးပူးပေါင်း၍ “စမတ်အင်ဂျင်နီယာ”၏အစွမ်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ ခြေလှမ်းများရဲဝံ့စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့အား ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ။MWD

လူသားတို့၏ သမိုင်းစဉ်တစ်လျှောက် အင်ဂျင်နီယာပညာသည် ယဉ်ကျေးမှုတည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ ကျောက်ခေတ်မှ ဒစ်ဂျစ်တယ်ခေတ်အထိ  လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တီထွင်ဆန်းသစ်မှု၏ ရှေ့ဆောင်လမ်းပြအဖြစ် အမြဲတမ်းရပ်တည်ခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day for Sustainable Development)သည် ဤအရေးပါသော ပညာရပ်၏အနာဂတ်ကို ပြန်လည်အကဲဖြတ်ရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သည်။ ထိုနေ့သည် ကမ္ဘာတစ်ဝန်းရှိ အင်ဂျင်နီယာများ၏ အခန်းကဏ္ဍနှင့် လူ့အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးပေးနေသော အင်အားကို ဂုဏ်ပြုပေးသည့် အထိမ်းအမှတ်နေ့လည်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံအသုံးချ၍ တည်တံ့မြဲမြံသော အနာဂတ်ကို ဖန်တီးတည်ဆောက်ရန် စမတ်အင်ဂျင်နီယာပညာအား မြှင့်တင်အသုံးချရမည်ကို ရည်ညွှန်းထားခြင်းပင်ဖြစ်သည်။

အင်ဂျင်နီယာပညာဆိုသည်မှာ   သိပ္ပံနည်းကျအယူအဆများနှင့် လက်တွေ့ကမ္ဘာ၏ ပြဿနာများကို ဖြေရှင်းရန် အသုံးချခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ရိုးရိုးသာမန်အင်ဂျင်နီယာပညာထက် ကျော်လွန်သော   စမတ်အင်ဂျင်နီယာပညာ (Smart  Engineering) ဟူသည့် အသုံးအနှုန်းမှာ ပိုမိုအရေးပါလာသည်။ 

စမတ်အင်ဂျင်နီယာပညာဆိုသည်မှာ ပြဿနာတစ်ရပ် သို့မဟုတ် ရည်မှန်းချက်တစ်ရပ်အတွက် သင့်လျော်သောဖြေရှင်းချက်ကို စနစ်တကျရှာဖွေဖော်ထုတ်ကာ အကောင်အထည်ဖော်သည့် အင်ဂျင်နီယာနည်းလမ်းတစ်ရပ်ဖြစ်သည်။ ယင်းတွင် အမြင်ကျယ်စွာ  စဉ်းစားတီထွင်ခြင်း၊ မော်ဒယ်ဖန်တီးစမ်းသပ်ခြင်း၊ အကျယ်တဝင့်အသုံးချနိုင်ရန် တိုးချဲ့အကောင်အထည်ဖော်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သည်။

 ဤလုပ်ငန်းစဉ်တွင် သိပ္ပံပညာဆိုင်ရာ ဗဟုသုတများ၊ စီးပွားရေးဆိုင်ရာ အသိပညာများ၊ လူမှုရေးဆိုင်ရာနားလည်မှုများနှင့်  လက်တွေ့အသုံးချနိုင်သောကျွမ်းကျင်မှုများကို ပေါင်းစပ်အသုံးချခြင်းဖြင့် ထုတ်ကုန်တစ်ခုဖန်တီးခြင်းသာမက လူသားဘဝအရည်အသွေး မြှင့်တင်ရေးကိုပါ ရည်ရွယ်သည်။ 

ထို့ကြောင့် စမတ်အင်ဂျင်နီယာပညာသည် အသုံးပြုသူများ၏စိတ်ထဲတွင်  အလွန်ပင်အံ့အားသင့်သွားစေလောက်သော အတွေ့အကြုံများကို ဖန်တီးပေးနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ 

စမတ်အင်ဂျင်နီယာပညာ၏ မောင်းနှင်အား(၁၀)ရပ် ခေတ်ကာလအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော  အင်ဂျင်နီယာပညာ (Need-of-the-Hour Engineering)

သမိုင်းတစ်လျှောက်   အင်ဂျင်နီယာပညာ၏ ဦးတည်ချက်သည် ခေတ်ကာလ၏ လိုအပ်ချက်အရ ပြောင်းလဲခဲ့ကြရသည်။  ဘီစီခေတ်က လယ်ယာစိုက်ပျိုးရေးအတွက် ရေသွင်းစနစ်များနှင့် မြေဆီလွှာလေ့လာမှုကို အဓိကထားခဲ့ရာမှ ကျောက်ခေတ်မှ သတ္တုခေတ်သို့    ကူးပြောင်းလာသည်နှင့်အမျှ အစားအစာချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ထုတ်လုပ်ခြင်းနည်းပညာများ ပြောင်းလဲလာခဲ့သည်။ ယနေ့ခေတ်တွင် အင်တာနက်နှင့် မိုဘိုင်းနည်းပညာများကြောင့် ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ရွာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူတို့၏ထုတ်လုပ်မှုစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ 

ယခုအခါ  အသံဖြင့်ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းတို့မှ အချိန်နှင့်တစ်ပြေးညီ စာပို့စနစ်များ၊ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုများအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယနေ့ခေတ်၏လိုအပ်ချက်မှာ Broadband နှင့် Connectivity များကို ကျယ်ပြန့်စွာ ဖြန့်ကြက်အသုံးပြုနိုင်ရေးနှင့်   လိုအပ်သည့်  အခြေခံအဆောက်အအုံများကို   အကောင်းဆုံးထိန်းညှိတိုးတက်အောင် ပြုလုပ်နိုင်ရေးပင်ဖြစ်သည်။ ၂၀၂၆  ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်အရ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်သည် ဤလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ ဥပမာအားဖြင့် 5G ကွန်ရက်များ ဖြန့်ကြက်ခြင်းသည် ကျေးလက်ဒေသများအပါအဝင် နေရာအနှံ့မြန်နှုန်းမြင့်အင်တာနက်ရရှိရေးအတွက် အရေးပါသည့် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် Connectivity နှင့် Digital Infrastructure (Broadband, Smart Grid, Data Center, 5G စနစ်များ)သည် အရေးပါဆုံး လိုအပ်ချက်များဖြစ်သည်။

တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)

တူညီသောရည်ရွယ်ချက်ကို ပိုမိုခေတ်မီသည့် နည်းပညာများဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)၏ အဓိကအချက်ဖြစ်သည်။ ရှေးခေတ်ကအချိန်ကိုတိုင်းတာရန်   တုတ်၏အရိပ်ကိုသာအားကိုးခဲ့ကြရာမှ   Sun Dial  နှင့် Jantar Mantar ကဲ့သို့သောကိရိယာများပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် အိုလံပစ်ပြိုင်ပွဲ၌ စက္ကန့်၏ အစိတ်အပိုင်းလေးများကိုပင် တိကျစွာဖမ်းယူနိုင်သည့် အလွန်တိကျသော အချိန်တိုင်းတာရေး ကိရိယာများရှိလာခဲ့ပြီဖြစ်သည်။

အလားတူ ပုံနှိပ်နည်းပညာသည်လည်း Offset Printing မှ Digital Printer များ၊ Dot Matrix မှ Laser Jet သို့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ယခုအခါ 3D Printing နည်းပညာသည် ပစ္စည်းကို ဖြတ်တောက်ဖယ်ရှားသည့် Subtractive နည်းလမ်းမှ  ပစ္စည်းကိုအလွှာလိုက် ထည့်သွင်းတည်ဆောက်သည့် Additive နည်းလမ်းသို့ ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးလျက်ရှိသည်။ ဤပြောင်းလဲမှုသည် ဆန်းသစ်တီထွင်မှု၏ သက်သေသာဓကတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ် (Digitalization) သည် ဤတိုးတက်မှုအားလုံး၏ ကျောရိုးမကြီးအဖြစ် ရပ်တည်နေသည်။

အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်နိုင်သော  အင်ဂျင်နီယာပညာ (Strip-Down Engineering)

အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်နိုင်သော  အင်ဂျင်နီယာပညာ (Strip-Down Engineering) သည် ပြန်လည်ဆန်းသစ် တီထွင်သော အင်ဂျင်နီယာပညာ (Reverse Engineering) နှင့် ချွေတာသုံးစွဲသည့် အင်ဂျင်နီယာပညာ (Frugal Engineering) တို့၏ အားသာချက်များကို ပေါင်းစပ်ထားသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းကာ ကုန်ကျစရိတ်လျှော့ချသော နည်းလမ်းဖြစ်သည်။ Pareto ၏ ၈၀:၂၀ သဘောတရားကို အခြေခံကာ မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းထားနိုင်ရန် ဆန်းစစ်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အသုံးပြုသူများ၏ အမြင်အရ အရေးပါဆုံးသော လုပ်ဆောင်ချက်များ ၈၀ ရာခိုင်နှုန်းကိုရွေးချယ်ကာ ကုန်ကျစရိတ်ကို ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်အောင် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဈေးနှုန်းချိုသာသော ကားတစ်စီးကို ဒီဇိုင်းဆွဲရာတွင်    ဘီးနပ်ခေါင်းလေးလုံးအစား သုံးလုံးသာသုံး၍ရမလားဟူသော မေးခွန်းထုတ်ခြင်းမျိုးဖြစ်သည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးတို့၏အချိုးကို အမြဲတမ်းချိန်ဆသုံးသပ်နေပြီး လူမှုအလွှာအောက်ဆုံး (bottom of the pyramid) လူထုအတွက် သင့်လျော်သည့် ထုတ်ကုန်များဖန်တီးရာတွင်  အလွန်ထိရောက်မှု ရှိသည်။ ဤသည်မှာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအချက်တစ်ချက်ဖြစ်သည့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းနှင့်ကိုက်ညီသည်။

စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance Boosting Engineering)

ထုတ်ကုန်   သို့မဟုတ်   ဝန်ဆောင်မှုတစ်ခု၏ အောင်မြင်မှုသည် ၎င်း၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်သည်။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance-Boosting Engineering) သည်  ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားထားကာ ဖြေရှင်းချက်၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်ရည်ရွယ်သည်။ မိုဘိုင်းဖုန်းများတွင် Singlecore မှ Octacore ပရိုဆက်ဆာများအထိ တိုးတက်လာခြင်းသည် အပြိုင်လုပ်ဆောင်မှု (Parallel Processing) များကို အသုံးချနိုင်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်သည်။

Heterogeneous Processing Environment တွင် Code များကို ASIC, DSP, CPU, GPU အစရှိသည့် ချစ်ပ်များအကြား သင့်လျော်စွာ ခွဲဝေတင်ဆက်နိုင်ခြင်းသည် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်သည်။ ထို့ပြင် Multi-resolution Systems များဖန်တီးခြင်းလည်းပါဝင်သည်။ ဥပမာ ကင်မရာအရည်အသွေးအမျိုးမျိုးရှိသော ဖုန်းများ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤကဏ္ဍသည် ဆန်းသစ်တီထွင်မှု (Innovation)၏ တိုက်ရိုက်သက်ရောက်မှုကိုပြသပြီး ဒစ်ဂျစ်တယ်စနစ်၏အကူအညီဖြင့် ပိုမိုရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်စေရန်နှင့် တုံ့ပြန်ချိန်ကိုလျှော့ချနိုင်စေရန် ဆောင်ရွက်ပေးသည်။      

ဉာဏ်ရည်ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering)

ဉာဏ်ရည်ထက်မြက်သော စက်ပစ္စည်းများသည် အာရုံခံကိရိယာ (Sensor)၊ လှုပ်ရှားမှုထိန်းချုပ်ကိရိယာ (Actuator) နှင့် ထိန်းချုပ်ကိရိယာ (Controller) များမှတစ်ဆင့် အာရုံခံခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်ခြင်း စသည့်လုပ်ဆောင်ချက်များကို အသုံးချကြသည်။     ဉာဏ်ရည်ထက်မြက်စနစ်  အင်ဂျင်နီယာပညာ (IntelliSys Engineering)သည် ဉာဏ်ရည်ထက်မြက်စေသည့်စနစ်များကို အားပေးတည်ဆောက်ပေးပြီး ပြန်လည်တုံ့ပြန်မှု ထိန်းချုပ်စနစ် (Closed-loop Control)   အပေါ်အခြေခံသည့် အလိုအလျောက်လည်ပတ်မှု၊   စွမ်းအင်ထိရောက်မှု နှင့် ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ကို ပံ့ပိုးပေးသည်။

ဥပမာအားဖြင့် Smart Home Platform ကိုတည်ဆောက်ခြင်းတွင် အိမ်တစ်အိမ်၏ စွမ်းအင်သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီတိုင်းတာပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားအလိုက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမျိုးဖြစ်သည်။     Connected   Car Platform တွင်လည်း ကားတာယာ၏ Pressure Sensor များက ဘီးလေလျော့ခြင်းကို  ကြိုတင်သိရှိနိုင်ပြီး   ယာဉ်မောင်းအားသတိပေးနိုင်သည်။ 

ယနေ့ခေတ်   အင်ဂျင်နီယာပညာ၏   အဓိကကျသောအစိတ်အပိုင်းမှာ  ဉာဏ်ရည်တု (AI)နှင့် စက်သင်ယူမှု (Machine Learning) နည်းပညာများကို အသုံးချကာ အချက်အလက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်ဖြစ်သည်။

ဤသည်မှာ ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ပါ ဒစ်ဂျစ်တယ်စနစ် (Digitalization) ၏ အနှစ်သာရပင်ဖြစ်သည်။

ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering)

ယနေ့ခေတ်တွင် နယ်ပယ်အသစ်များ အမြဲပေါ်ပေါက်လျက်ရှိပြီး ပြဿနာအချို့ကို ဖြေရှင်းရာတွင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်မှုများလိုအပ်လာသည်။ ဤသည်မှာ   ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering) ဖြစ်သည်။ ဘူမိဗေဒ (Geology) နှင့် ဇီဝဗေဒ (Biology) ကို ပေါင်းစပ်ခြင်းဖြင့် Geo-microbiology နယ်ပယ်အသစ်ပေါ်ပေါက်လာပြီး    မြေဆီလွှာမှတစ်ဆင့် အစားအစာသို့ ပိုးမွှားများကူးစက်ခြင်းကို လေ့လာနိုင်သည်။ ပထဝီဗေဒ (Geography) နှင့် သတင်းအချက်အလက်ပညာတို့ပေါင်းစပ်ခြင်းသည် Geographic Information System (GIS) ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းဖွင့်ပေးခဲ့သည်။

Optical Physics နှင့် Telecommunication ကိုပေါင်းစပ်ကာ Fiber Optic Communication နယ်ပယ်အသစ်ဖြစ်ပေါ်လာသည်။ ဤသို့ နယ်ပယ်ပေါင်းစုံမှ အတွေးအခေါ်များနှင့် နည်းပညာများကို ပေါင်းစည်းခြင်းသည် ဆန်းသစ်တီထွင်မှု၏ အဓိကအရင်းအမြစ်ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းတွင် 3D ပုံနှိပ်စက်နည်းပညာကိုအသုံးပြု၍   အိမ်များဆောက်လုပ်လာနိုင်ပြီဖြစ်သည်။ ဤသည်မှာ ပစ္စည်းဆိုင်ရာသိပ္ပံပညာ (Material Science) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတို့ ပေါင်းစည်းခြင်း၏ရလဒ်ဖြစ်သည်။

အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာပညာ (Smart-Auxiliary Engineering)

အင်ဂျင်နီယာပညာသည် သိပ္ပံရှာဖွေတွေ့ရှိမှုများကို ထုတ်ကုန်များအဖြစ် တိုးချဲ့ဖော်ဆောင်ပေးရုံသာမက သိပ္ပံပရောဂျက်များအတွက် နောက်ခံအထောက်အကူအဖြစ်လည်း ပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံ CERN ရှိ Large Hadron Collider (LHC) ခေါ် ဧရာမအမှုန်အစုအဝေး    အရှိန်မြှင့်စက်ကြီးကို    အသုံးပြုပြီး စကြဝဠာ၏ ပြင်းထန်ပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်အပြီး စက္ကန့်သန်းပေါင်းများစွာ၏ တစ်သန်းပုံတစ်ပုံအကြာအခြေအနေကို အတုယူစမ်းသပ်နေခြင်းသည် အင်ဂျင်နီယာပညာ၏  အံ့မခန်းအောင်မြင်မှုတစ်ရပ်ဖြစ်ကာ Big Bang ဖြစ်စဉ်ကို စမ်းသပ်လေ့လာနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။

အင်ဂျင်နီယာပညာ၏   အထောက်အကူပြုအခန်းကဏ္ဍကို   အသေးအဖွဲဟုမထင်သင့်ပါ။ Boeing 787 Dreamliner လေယာဉ်တွင် Nickel Hydride ဘက်ထရီများအစာ စွမ်းအင်နှစ်ဆ ထုတ်လုပ်နိုင်ပြီး နေရာတစ်ဝက်သာယူသော Lithiumion ဘက်ထရီများကိုအသုံးပြုခဲ့သည်။ သို့သော် Lithiumion ဘက်ထရီများသည် ဖိအားနှင့်အပူချိန်မြင့်မားမှုကြောင့် လျှပ်စစ်ပတ်လမ်းအတွင်း Short-Circuit ဖြစ်ကာ မီးလောင်မှုအန္တရာယ်ဖြစ်ပွားခဲ့သည်။     ဤပြဿနာကြောင့် Dreamliner လေယာဉ်များကို ကမ္ဘာတစ်ဝန်းရပ်နားခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ ဤဖြစ်ရပ်သည် Smart Auxiliary Engineering  ၏အရေးပါမှုကို  ထင်ရှားစွာပြသခဲ့သည်။  အရန်စနစ်များ၏ လုံခြုံရေး၊ ထိရောက်မှုနှင့် ယုံကြည်စိတ်ချရမှုသည် ပင်မစနစ်၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်သည်။

တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering)

ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ အဓိကကျသော အကြောင်းအရာဖြစ်သည်။ တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering) သည် ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီညီ တည်တံ့မြဲမြံစေရေးကို အဓိကရည်ရွယ်သည်။ ယနေ့ခေတ်တွင် အပူဓာတ်အခြေပြုစွမ်းအင် အသုံးပြုမှုကိုလျှော့ချပြီး နေရောင်ခြည်စွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့သို့ ကူးပြောင်းအသုံးပြုလာကြသည်။  စွမ်းအင်ထုတ်လုပ်မှုသာမက ပိုမိုထိရောက်သော လျှပ်စစ်ဖြန့်ဝေမှုအတွက် Smart Grid  စနစ်များကိုလည်း တီထွင်ဖန်တီးနေကြသည်။

ဥပမာအားဖြင့် အီလက်ထရောနစ်ဆားကစ်များတွင် ယခင်က 3V သို့မဟုတ် 5V ဖြင့် လည်ပတ်ခဲ့သည့် ဒစ်ဂျစ်တယ်ချစ်ပ်များကို ယနေ့တွင် 1.8V ဖြင့်လည်ပတ်နိုင်အောင် တိုးတက်ဖန်တီးနိုင်ခဲ့သည်။ 

စွမ်းအင်သုံးစွဲမှုကို သတိပြုစီမံသော (energy-aware) ပရိုတိုကောများကိုလည်း ဒီဇိုင်းထုတ်ခဲ့ကြသည်။ 

ထို့ပြင်    ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ (recycled materials) ကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲခြင်းတို့သည်လည်း Sustainable Engineering ၏ အဓိကအစိတ်အပိုင်းများဖြစ်သည် ။

သဘာဝအခြေပြု အင်ဂျင်နီယာပညာ (Nature-Inspired Engineering)

သဘာဝတရားသည် အင်ဂျင်နီယာများအတွက် အကောင်းဆုံးသင်ခန်းစာဖြစ်သည်။ Nature-Inspired Engineering သည် သဘာဝရှိသတ္တဝါများနှင့်  အပင်များမှ လှုံ့ဆော်မှုရယူကာ ထုတ်ကုန်များကို ဒီဇိုင်းဆွဲခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ မြန်နှုန်းမြင့်မီးရထား Bullet Train သည် ဥမင်လိုဏ်ခေါင်းမှ ထွက်လာချိန်တွင်  အလွန်ကျယ်လောင်သောအသံ ပြဿနာရှိခဲ့ရာ ရေထဲသို့ ထိုးဆင်းရာတွင် ရေမျက်နှာပြင်ကိုမထိခိုက်စေဘဲ လျှောကျဝင်နိုင်သော Kingfisher ၏ နှုတ်သီးပုံစံကိုအတုယူကာ  ရထား၏ဦးခေါင်းပုံစံကို ပြန်လည်ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ Mercedes-Benz ၏ Bionic Concept Vehicle ကို Boxfish ငါး၏ လေဆန်မှုနည်းသော ကိုယ်လုံးပုံစံနှင့် ခိုင်မာသော အပြင်အလွှာ (exo-skeleton) ကိုလေ့လာကာ ဒီဇိုင်းဆွဲထားသည်။ ကြာပန်း (Lotus) ၏အရွက်များသည် ရေစက်နှင့်ဖုန်မှုန့်များကို  လွယ်ကူစွာဖယ်ရှားနိုင်သော ဂုဏ်သတ္တိရှိရာ ထိုသဘောတရားကို အပြင်အလွှာသုတ်ဆေးများ၊ အထည်အလိပ်များတွင် အသုံးချခဲ့ကြသည်။ ဤနည်းလမ်းသည် ဆန်းသစ်တီထွင်မှု၏ နောက်ထပ်မျက်နှာစာတစ်ခုကို ဖွင့်ပြထားခြင်းပင်ဖြစ်သည်။

အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering)

အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) သည် အနာဂတ်ကို မြော်တွေးပြီး သိပ္ပံအယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်သည်။ ယနေ့ခေတ်တွင် ရုပ်ပိုင်းဆိုင်ရာကမ္ဘာနှင့် ဒစ်ဂျစ်တယ်ကမ္ဘာတို့ ပေါင်းစည်းလာနေသည်။ ဒစ်ဂျစ်တယ်ကမ္ဘာ (Virtual Reality)မှ    မြှင့်တင်ထားသော   လက်တွေ့ကမ္ဘာ (Augmented Reality) သို့ တိုးတက်ရွေ့လျားလာကာ အသုံးပြုသူများ၏ဆက်ဆံရေး (User Interaction) များလည်း ထိတွေ့ခြင်းအခြေပြု (Touch-based) မှ လက်ဟန်အခြေပြု (Gesture-controlled) အဆင့်သို့ ပြောင်းလဲလာနေသည်။

ကွမ်တမ်ကုဒ်သွင်းစနစ် (Quantum Cryptography) သည် အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) ၏ ထင်ရှားသောဥပမာတစ်ခုဖြစ်သည်။ ကွမ်တမ်တွက်ချက်ရေးပညာ (Quantum Computing) သည် တစ်ပြိုင်နက်တည်ရှိခြင်း (Superposition) နှင့် ဆက်စပ်ယှက်နွှယ်ခြင်း (Entanglement) သဘောတရားများကို အသုံးပြု သော  ကွမ်တမ်ကွန်ပျူတာ၏   အခြေခံအကျဆုံး သတင်းအချက်အလက်ယူနစ် (Qubit) များအပေါ်တွင်အခြေခံထားသည်။ သိပ္ပံစိတ်ကူးယဉ် (Science Fiction) အတွေးအခေါ်များကိုပင် လက်တွေ့အသုံးချနိုင်သည့် နည်းပညာအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန် အင်ဂျင်နီယာများက ကြိုးပမ်းနေကြသည်။ ဥပမာအားဖြင့် လူသားများ လကမ္ဘာသို့ ပြန်လည်သွားရောက်ခြင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်ရန် အခြေခံအဆောက်အအုံများ    တည်ဆောက်ခြင်းတို့သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ၏ စိန်ခေါ်မှုများပင်ဖြစ်သည်။

အနာဂတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ခရီးလမ်း

ယနေ့ကမ္ဘာကြီးတွင်  ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အခက်အခဲ၊   အရင်းအမြစ်ရှားပါးမှုနှင့် ဒစ်ဂျစ်တယ်ကွာဟမှုတို့သည်    အရေးကြီးသော စိန်ခေါ်မှုများဖြစ်သည်။ စမတ်အင်ဂျင်နီယာပညာ (Smart Engineering) သည် ထိရောက်မှုမြှင့်တင်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတိုးချဲ့ခြင်း၊ လူမှုအကျိုးပြုဖြေရှင်းချက်များ ဖန်တီးခြင်းတို့မှတစ်ဆင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရာတွင်  အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်နိုင်သည်။

၂၀၂၆  ခုနှစ်  ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော  “Smart Engineering for Sustainable Future through Innovation and Digitalization” သည် ကျွန်ုပ်တို့အား လမ်းကြောင်းမှန်ကိုညွှန်ပြနေသည်။  အထက်တွင်ဖော်ပြခဲ့သော စမတ်အင်ဂျင်နီယာပညာ၏ အခြေခံမောင်းနှင်အား (၁၀)ချက်သည် ဤခရီးလမ်းတွင် မီးပြတိုက်များသဖွယ် အရှေ့သို့အလင်းပြလျက်ရှိသည်။

ခေတ်ကာလအလိုက်  လိုအပ်ချက်ကိုဖြည့်ဆည်းခြင်းဖြင့်    ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုနားလည်ရန်ကူညီပေးမည်ဖြစ်သည်။ တိုးတက်ပြုပြင်ခြင်းနှင့် အခြေခံအထိ အသေးစိတ်လေ့လာချုံ့ကြည့်ခြင်းတို့သည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချတတ်စေသည်။  စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ဉာဏ်ရည်ထက်မြက်စနစ်များ တည်ဆောက်ခြင်းတို့သည် ဒစ်ဂျစ်တယ်စနစ်၏အစွမ်းကို ဖော်ထုတ်ပေးမည်ဖြစ်သည်။ ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှုနှင့် အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာတို့သည် ဆန်းသစ်တီထွင်မှု၏ အုတ်မြစ်များပင်ဖြစ်သည်။ တည်တံ့မြဲမြံခြင်းနှင့် သဘာဝအခြေပြုခြင်းတို့သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကြီးကို ကာကွယ်ရန် လမ်းညွှန်ချက်များပင်ဖြစ်ပြီး အနာဂတ်ကို ဦးတည်ခြင်းဖြင့် ကျွန်ုပ်တို့၏အိပ်မက်များကို အကောင်အထည်ဖော်ရန် သတ္တိတို့ကိုရှိစေသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဤအခြေခံမောင်းနှင်အားများကိုအသုံးချကာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့   လျှောက်လှမ်းနိုင်ရန် အင်ဂျင်နီယာပညာရပ်ကို အားပေးမြှင့်တင်ရာတွင်   အခြေခံအဆောက်အအုံများခိုင်မာစေရေး၊  စွမ်းအင်ထိရောက်စွာအသုံးပြုရေး၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်    ဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဦးစားပေး ကဏ္ဍများဖြစ်သည်။

အင်ဂျင်နီယာပညာသည်   အတိတ်ကိုတည်ဆောက်နိုင်ခဲ့သကဲ့သို့     အနာဂတ်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။   ကျွန်ုပ်တို့အားလုံးပူးပေါင်း၍ စမတ်အင်ဂျင်နီယာ၏အစွမ်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ ခြေလှမ်းများရဲဝံ့စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့အား  ဂုဏ်ပြုဖော်ပြအပ်ပါသည်။     ။

MWD

ကိုချင်း

လူသားတို့၏ သမိုင်းစဉ်တစ်လျှောက် အင်ဂျင်နီယာပညာသည် ယဉ်ကျေးမှုတည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါသည်။ ကျောက်ခေတ်မှ ဒစ်ဂျစ်တယ်ခေတ်အထိ လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တီထွင်ဆန်းသစ်မှု၏ ရှေ့ဆောင်လမ်းပြအဖြစ် အမြဲတမ်းရပ်တည်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day for Sustainable Development)သည် ဤအရေးပါသော ပညာရပ်၏အနာဂတ်ကို ပြန်လည်အကဲဖြတ်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ထိုနေ့သည် ကမ္ဘာတစ်ဝန်းရှိ အင်ဂျင်နီယာများ၏ အခန်းကဏ္ဍနှင့် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနေသော အင်အားကို ဂုဏ်ပြုပေးသည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါသည်။ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံအသုံးချ၍ တည်တံ့မြဲမြံသောအနာဂတ်ကို ဖန်တီးတည်ဆောက်ရန် စမတ်အင်ဂျင်နီယာပညာကို မြှင့်တင်အသုံးချရမည်ကို ရည်ညွှန်းထားခြင်းပင်ဖြစ်သည်။အင်ဂျင်နီယာပညာဆိုသည်မှာ သိပ္ပံနည်းကျ အယူအဆများနှင့် လက်တွေ့ကမ္ဘာ၏ ပြဿနာများကိုဖြေရှင်းရန် အသုံးချခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ရိုးရိုးသာမန် အင်ဂျင်နီယာပညာထက်ကျော်လွန်သော “စမတ်အင်ဂျင်နီယာပညာ” (Smart Engineering) ဟူသည့် အသုံးအနှုန်းမှာ ပိုမိုအရေးပါလာသည်။စမတ်အင်ဂျင်နီယာပညာဆိုသည်မှာ ပြဿနာတစ်ရပ် သို့မဟုတ် ရည်မှန်းချက်တစ်ရပ်အတွက် သင့်လျော်သောဖြေရှင်းချက်ကို စနစ်တကျရှာဖွေဖော်ထုတ်ကာ အကောင်အထည်ဖော်သည့် အင်ဂျင်နီယာနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ ယင်းတွင် အမြင်ကျယ်စွာ စဉ်းစားတီထွင်ခြင်း၊ မော်ဒယ်ဖန်တီးစမ်းသပ်ခြင်း၊ အကျယ်တဝင့်အသုံးချနိုင်ရန် တိုးချဲ့အကောင်အထည်ဖော်ခြင်းတို့ကို ပေါင်းစပ် ဆောင်ရွက်ပါသည်။ဤလုပ်ငန်းစဉ်တွင် သိပ္ပံပညာဆိုင်ရာ ဗဟုသုတများ၊ စီးပွားရေးဆိုင်ရာ အသိပညာများ၊ လူမှုရေးဆိုင်ရာ နားလည်မှုများနှင့် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများကို ပေါင်းစပ်အသုံးချခြင်းဖြင့် ထုတ်ကုန်တစ်ခု ဖန်တီးခြင်းသာမက လူသားဘဝ အရည်အသွေးမြှင့်တင်ရေးကိုပါရည်ရွယ်ပါသည်။ထို့ကြောင့် စမတ်အင်ဂျင်နီယာပညာသည် အသုံးပြုသူများ၏ စိတ်ထဲတွင် အလွန်ပင်အံ့ဩသင့်စေလောက်သော အတွေ့အကြုံများကို ဖန်တီးပေးနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်။စမတ်အင်ဂျင်နီယာပညာ၏ မောင်းနှင်အား (၁၀) ရပ်၁။ ခေတ်ကာလအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အင်ဂျင်နီယာပညာ (Need-of-the-Hour Engineering)သမိုင်းတစ်လျှောက် အင်ဂျင်နီယာပညာ၏ ဦးတည်ချက်သည် ခေတ်ကာလ၏ လိုအပ်ချက်အရ ပြောင်းလဲခဲ့ကြရပါသည်။ ဘီစီခေတ်က လယ်ယာ စိုက်ပျိုးရေးအတွက် ရေသွင်းစနစ်များနှင့် မြေဆီလွှာလေ့လာမှုကို အဓိကထားခဲ့ရာမှ ကျောက်ခေတ်မှ သတ္တုခေတ်သို့ ကူးပြောင်းလာသည်နှင့်အမျှ အစားအစာချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ထုတ်လုပ်ခြင်း နည်းပညာများ ပြောင်းလဲလာခဲ့ပါသည်။ ယနေ့ခေတ်တွင် အင်တာနက်နှင့် မိုဘိုင်းနည်းပညာများကြောင့် ကမ္ဘာကြီးသည် “ကမ္ဘာလုံးဆိုင်ရာ ရွာငယ်လေး” တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူတို့၏ ထုတ်လုပ်မှုစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုအခါ အသံဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းတို့မှ အချိန်နှင့်တစ်ပြေးညီ စာပို့စနစ်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ယနေ့ခေတ်၏ လိုအပ်ချက်မှာ Broadband နှင့် Connectivity များကို ကျယ်ပြန့်စွာ ဖြန့်ကြက်အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အကောင်းဆုံး ထိန်းညှိတိုးတက်အောင် ပြုလုပ်နိုင်ရေးပင်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်အရ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်သည် ဤလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ဥပမာအားဖြင့် 5G ကွန်ရက်များ ဖြန့်ကြက်ခြင်းသည် ကျေးလက်ဒေသများအပါအဝင် နေရာအနှံ့မြန်နှုန်းမြင့် အင်တာနက်ရရှိရေးအတွက် အရေးပါသည့် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် Connectivity နှင့် Digital Infra-structure (Broadband, Smart Grid, Data Center, 5G စနစ်များ) သည် အရေးပါဆုံးလိုအပ်ချက်များ ဖြစ်သည်။၂။ တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)တူညီသောရည်ရွယ်ချက်ကို ပိုမိုခေတ်မီသည့် နည်းပညာများဖြင့် အောင်မြင်အောင်ဆောင်ရွက်ခြင်းသည် တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering) ၏ အဓိကအချက်ဖြစ်သည်။ ရှေးခေတ်က အချိန်ကိုတိုင်းတာရန်တုတ်၏ အရိပ်ကိုသာ အားကိုးခဲ့ရရာမှ Sun Dial နှင့် Jantar Mantar ကဲ့သို့သော ကိရိယာများပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် အိုလံပစ်ပြိုင်ပွဲ၌ စက္ကန့်၏ အစိတ်အပိုင်းလေးများကိုပင် တိကျစွာဖမ်းယူနိုင်သည့် အလွန်တိကျသော အချိန်တိုင်းတာရေးကိရိယာများရှိလာခဲ့ပြီဖြစ်ပါသည်။အလားတူ ပုံနှိပ်နည်းပညာသည်လည်း Offset Printing မှ Digital Printer များ၊ Dot Matrix မှ Laser Jet သို့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ယခုအခါ 3D Printing နည်းပညာသည် ပစ္စည်းကို ဖြတ်တောက်ဖယ်ရှားသည့် Subtractive နည်းလမ်းမှပစ္စည်းကို အလွှာလိုက် ထည့်သွင်းတည်ဆောက်သည့် Additive နည်းလမ်းသို့ ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးလျက်ရှိပါသည်။ ဤပြောင်းလဲမှုသည် ဆန်းသစ်တီထွင်မှု၏ သက်သေသာဓကတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ် (Digitalization) သည် ဤတိုးတက်မှု အားလုံး၏ ကျောရိုးမကြီးအဖြစ် ရပ်တည်နေပါသည်။၃။ အခြေခံအထိ အသေးစိတ်လေ့လာ ချုံ့ကြည့်နိုင် သော အင်ဂျင်နီယာပညာ (Strip-Down Engineering)အခြေခံအထိ အသေးစိတ်လေ့လာ ချုံ့ကြည့်နိုင်သော အင်ဂျင်နီယာပညာ (Strip-Down Engineer-ing) သည် ပြန်လည်ဆန်းစစ်တီထွင်သော အင်ဂျင်နီယာပညာ (Reverse Engineering) နှင့် ချွေတာ သုံးစွဲသည့် အင်ဂျင်နီယာပညာ (Frugal Engineer-ing) တို့၏ အားသာချက်များကို ပေါင်းစပ်ထားသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းကာ ကုန်ကျစရိတ်လျှော့ချသောနည်းလမ်းဖြစ်သည်။ ပရေတို၏ ၈၀:၂၀ သဘောတရားကိုအခြေခံကာ မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းထားနိုင်ရန် ဆန်းစစ်ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အသုံးပြုသူများ၏အမြင်အရ အရေးပါဆုံးသော လုပ်ဆောင်ချက်များ ၈၀ ရာခိုင်နှုန်းကိုရွေးချယ်ကာ ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်အောင် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။ဥပမာအားဖြင့် ဈေးနှုန်းချိုသာသော ကားတစ်စီးကို ဒီဇိုင်းဆွဲရာတွင် ဘီးနပ်ခေါင်းလေးလုံးအစား သုံးလုံးသာသုံး၍ရမလားဟူသော မေးခွန်းထုတ်ခြင်း မျိုးဖြစ်ပါသည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးတို့၏အချိုးကို အမြဲတမ်းချိန်ဆသုံးသပ်နေပြီး လူမှုအလွှာအောက်ဆုံး (bottom-of-the-pyramid) လူထုအတွက် သင့်လျော်သည့်ထုတ်ကုန်များ ဖန်တီးရာတွင် အလွန်ထိရောက်မှုရှိပါသည်။ ဤသည်မှာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအချက်တစ်ချက်ဖြစ်သည့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းနှင့် ကိုက်ညီပါသည်။၄။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာ ပညာ (Performance-Boosting Engineering)ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏အောင်မြင်မှုသည် ၎င်း၏စွမ်းဆောင်ရည်အပေါ်တွင်မူတည်ပါသည်။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance-Boosting Engineering) သည် ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားထားကာ ဖြေရှင်းချက်၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် ရည်ရွယ်ပါသည်။ မိုဘိုင်းဖုန်းများတွင် Single-core မှ Octa-core ပရိုဆက်ဆာများအထိ တိုးတက်လာခြင်းသည် အပြိုင်လုပ်ဆောင်မှု (Parallel Processing) များကို အသုံးချနိုင်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်သည်။Heterogeneous Processing Environment တွင် Code များကို ASIC, DSP, CPU, GPU အစရှိသည့် ချစ်ပ်များအကြား သင့်လျော်စွာ ခွဲဝေတင်ဆက်နိုင်ခြင်းသည် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါသည်။ ထို့အပြင် Multi-resolution Systems များ ဖန်တီးခြင်းလည်းပါဝင်ပါသည်။ ဥပမာ ကင်မရာအရည်အသွေးအမျိုးမျိုးရှိသော ဖုန်းများထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤကဏ္ဍသည် ဆန်းသစ်တီထွင်မှု (Innovation) ၏ တိုက်ရိုက်သက်ရောက်မှုကိုပြသပြီး ဒစ်ဂျစ်တယ်စနစ်၏ အကူအညီဖြင့် ပိုမိုရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်စေရန်နှင့် တုံ့ပြန်ချိန်ကို လျှော့ချနိုင်စေရန် ဆောင်ရွက်ပေးပါသည်။၅။ ဉာဏ်ရည်ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering)ဉာဏ်ရည်ထက်မြက်သော စက်ပစ္စည်းများ သည် အာရုံခံကိရိယာ(Sensor)၊ လှုပ်ရှားမှုထိန်းချုပ် ကိရိယာ(Actuator)နှင့် ထိန်းချုပ်ကိရိယာ (Con-troller) များမှတစ်ဆင့် အာရုံခံခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်ခြင်းစသည့်လုပ်ဆောင်ချက်များကို အသုံးချကြပါသည်။ ဉာဏ်ရည် ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering) သည် ဉာဏ်ရည်ထက်မြက်စေသည့် စနစ်များကို အားပေးတည်ဆောက်ပေးပြီး ပြန်လည်တုံ့ပြန်မှုထိန်းချုပ်စနစ် (Closed-loop Control) အပေါ်အခြေခံသည့် အလိုအလျောက်လည်ပတ်မှု၊ စွမ်းအင်ထိရောက်မှုနှင့် ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ကို ပံ့ပိုးပေးပါသည်။ဥပမာအားဖြင့် Smart Home Platform ကို တည်ဆောက်ခြင်းတွင် အိမ်တစ်အိမ်၏ စွမ်းအင်သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီတိုင်းတာပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားအလိုက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမျိုးဖြစ်ပါသည်။ Connected Car Platform တွင်လည်း ကားတာယာ၏ Pressure Sensor များက ဘီးလေလျော့ခြင်းကို ကြိုတင်သိရှိနိုင်ပြီး ယာဉ်မောင်းအား သတိပေးနိုင်ပါသည်။ ယနေ့ခေတ် အင်ဂျင်နီယာပညာ၏ အဓိကကျသော အစိတ်အပိုင်းမှာ ဉာဏ်ရည်တု (AI) နှင့် စက်သင်ယူမှု (Machine Learning) နည်းပညာများကို အသုံး ချကာ အချက်အလက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်ဖြစ်ပါသည်။ ဤသည်မှာ ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ပါဒစ်ဂျစ်တယ်စနစ် (Digitalization) ၏ အနှစ်သာရပင်ဖြစ်ပါသည်။၆။ ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering)ယနေ့ခေတ်တွင် နယ်ပယ်အသစ်များ အမြဲပေါ်ပေါက်လျက်ရှိပြီး ပြဿနာအချို့ကို ဖြေရှင်းရာတွင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်မှုများလိုအပ်လာပါသည်။ ဤသည်မှာ ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering) ဖြစ်ပါသည်။ ဘူမိဗေဒ (Geology) နှင့် ဇီဝဗေဒ (Biology) ကို ပေါင်းစပ်ခြင်းဖြင့် Geo-microbiology နယ်ပယ်အသစ် ပေါ်ပေါက်လာပြီး မြေဆီလွှာမှတစ်ဆင့် အစားအစာသို့ ပိုးမွှားများကူးစက်ခြင်းကို လေ့လာနိုင်ပါသည်။ ပထဝီဗေဒ (Geography) နှင့် သတင်းအချက်အလက်ပညာတို့ ပေါင်းစပ်ခြင်းသည် Geographic Information System (GIS) ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းဖွင့်ပေးခဲ့ပါသည်။Optical Physics နှင့် Telecommunication ကို ပေါင်းစပ်ကာ Fiber Optic Communication နယ်ပယ်အသစ် ဖြစ်ပေါ်လာပါသည်။ ဤသို့ နယ်ပယ်ပေါင်းစုံမှ အတွေးအခေါ်များနှင့် နည်းပညာများကို ပေါင်းစည်းခြင်းသည် ဆန်းသစ်တီထွင်မှု၏ အဓိကအရင်းအမြစ်ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းတွင် 3D ပုံနှိပ် စက်နည်းပညာကိုအသုံးပြု၍ အိမ်များ ဆောက်လုပ် လာနိုင်ပြီ ဖြစ်ပါသည်။ ဤသည်မှာ ပစ္စည်းဆိုင်ရာ သိပ္ပံပညာ (Material Science) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတို့ ပေါင်းစည်းခြင်း၏ ရလဒ် ဖြစ်ပါ သည်။၇။ အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင် နီယာပညာ (Smart-Auxiliary Engineering)အင်ဂျင်နီယာပညာသည် သိပ္ပံရှာဖွေတွေ့ရှိမှုများကို ထုတ်ကုန်များအဖြစ် တိုးချဲ့ဖော်ဆောင်ပေးရုံသာမက သိပ္ပံပရောဂျက်များအတွက် နောက်ခံ အထောက်အကူအဖြစ်လည်းပါဝင်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ CERN ရှိ Large Hadron Collider (LHC) ခေါ် ဧရာမအမှုန်အစုအဝေးအရှိန်မြှင့်စက်ကြီးကို အသုံးပြုပြီးစကြဝဠာ၏ ပြင်းထန်ပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်အပြီး စက္ကန့်သန်းပေါင်းများစွာ၏ တစ်သန်းပုံတစ်ပုံအကြာ အခြေအနေကို အတုယူစမ်းသပ်နေခြင်းသည် အင်ဂျင်နီယာပညာ၏ အံ့မခန်းအောင်မြင်မှုတစ်ရပ်ဖြစ်ပြီး Big Bang ဖြစ်စဉ်ကို စမ်းသပ်လေ့လာနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပါသည်။အင်ဂျင်နီယာပညာ၏ အထောက်အကူပြု အခန်းကဏ္ဍကို အသေးအဖွဲဟုမထင်သင့်ပါ။ Boeing 787 Dreamliner လေယာဉ်တွင် Nickel Hydride ဘက်ထရီများအစား စွမ်းအင်နှစ်ဆထုတ်လုပ်နိုင်ပြီး နေရာတစ်ဝက်သာယူသော Lithium-ion ဘက်ထရီများကို အသုံးပြုခဲ့ပါသည်။ သို့သော် Lithium-ion ဘက်ထရီများသည် ဖိအားနှင့် အပူချိန်မြင့်မားမှုကြောင့် လျှပ်စစ်ပတ်လမ်းအတွင်း Short-Circuit ဖြစ်ကာ မီးလောင်မှုအန္တရာယ်ဖြစ်ပွားခဲ့ပါသည်။ ဤပြဿနာကြောင့် Dreamliner လေယာဉ်များကို ကမ္ဘာတစ်ဝန်း ရပ်နားခဲ့ရသည်အထိဖြစ်ခဲ့ရပါသည်။ ဤဖြစ်ရပ် သည် Smart-Auxiliary Engineering ၏ အရေးပါမှုကို ထင်ရှားစွာပြသခဲ့ပါသည်။ အရန်စနစ်များ၏ လုံခြုံရေး၊ ထိရောက်မှုနှင့် ယုံကြည်စိတ်ချရမှုသည် ပင်မစနစ်၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်ပါသည်။၈။ တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering)ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ အဓိကကျသော အကြောင်းအရာဖြစ်ပါသည်။ တည်တံ့ မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering) သည် ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီညီ တည်တံ့မြဲမြံစေရေးကို အဓိကရည်ရွယ်ပါသည်။ ယနေ့ခေတ်တွင် အပူဓာတ်အခြေပြု စွမ်းအင်အသုံးပြုမှုကိုလျှော့ချပြီး နေရောင်ခြည်စွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့သို့ ကူးပြောင်းအသုံးပြုလာကြပါသည်။ စွမ်းအင်ထုတ်လုပ်မှုသာမက ပိုမိုထိရောက်သော လျှပ်စစ်ဖြန့်ဝေမှုအတွက် Smart Grid စနစ်များကိုလည်း တီထွင်ဖန်တီးနေကြပါသည်။ဥပမာအားဖြင့် အီလက်ထရွန်နစ် ဆားကစ်များတွင် ယခင်က 3V သို့မဟုတ် 5V ဖြင့် လည်ပတ်ခဲ့သည့် ဒစ်ဂျစ်တယ်ချစ်ပ်များကို ယနေ့တွင် 1.8V ဖြင့် လည်ပတ်နိုင်အောင် တိုးတက်ဖန်တီးနိုင်ခဲ့ပါသည်။ စွမ်းအင်သုံးစွဲမှုကို သတိပြုစီမံသော (energy-aware) ပရိုတိုကောများကိုလည်း ဒီဇိုင်းထုတ်ခဲ့ကြပါသည်။ ထို့အပြင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ (recycled materials) ကို အသုံး ပြုခြင်း၊ စွန့်ပစ်ပစ္စည်း အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲခြင်းတို့သည်လည်း Sustainable Engineering ၏ အဓိကအစိတ်အပိုင်းများ ဖြစ်ပါသည်။၉။ သဘာဝအခြေပြု အင်ဂျင်နီယာပညာ (Nature-Inspired Engineering)သဘာဝတရားသည် အင်ဂျင်နီယာများအတွက် အကောင်းဆုံးသင်ခန်းစာဖြစ်ပါသည်။ Nature-Inspired Engineering သည် သဘာဝရှိ သတ္တဝါများနှင့် အပင်များမှ လှုံ့ဆော်မှုရယူကာ ထုတ်ကုန်များကို ဒီဇိုင်းဆွဲခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏မြန်နှုန်းမြင့် မီးရထား Bullet Train သည် ဥမင်လိုဏ်ခေါင်းမှ ထွက်လာချိန်တွင် အလွန်ကျယ်လောင်သောအသံပြဿနာရှိခဲ့ရာ ရေထဲသို့ထိုးဆင်းရာတွင် ရေမျက်နှာပြင်ကို မထိခိုက်စေဘဲ လျှောကျဝင်နိုင်သော Kingfisher ၏ နှုတ်သီးပုံစံကိုအတုယူကာ ရထား၏ဦးခေါင်းပုံစံကို ပြန်လည် ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်ပါသည်။ Mercedes-Benz ၏ Bionic Concept Vehicle ကို Boxfish ငါး၏ လေဆန်မှုနည်းသော ကိုယ်လုံးပုံစံနှင့်ခိုင်မာသော အပြင်အလွှာ (exo-skeleton) ကို လေ့လာကာ ဒီဇိုင်းဆွဲထားပါသည်။ ကြာပန်း (Lotus) ၏ အရွက်များသည် ရေစက်နှင့် ဖုန်မှုန့်များကို လွယ်ကူစွာဖယ်ရှားနိုင်သော ဂုဏ်သတ္တိရှိရာ ထိုသဘောတရားကို အပြင်အလွှာသုတ်ဆေးများ၊ အထည်အလိပ်များတွင် အသုံးချခဲ့ကြပါသည်။ ဤနည်းလမ်းသည် ဆန်းသစ်တီထွင်မှု၏ နောက်ထပ် မျက်နှာစာတစ်ခုကို ဖွင့်ပြထားခြင်းပင်ဖြစ်ပါသည်။၁၀။ အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာ ပညာ (Forward-Looking Engineering)အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) သည် အနာဂတ်ကိုမြော်တွေးပြီး သိပ္ပံအယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။ ယနေ့ခေတ်တွင် ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာနှင့်ဒစ်ဂျစ်တယ်ကမ္ဘာတို့ ပေါင်းစည်းလာနေပါသည်။ ဒစ်ဂျစ်တယ်ကမ္ဘာ (Virtual Reality) မှ မြှင့်တင်ထားသော လက်တွေ့ကမ္ဘာ (Augmented Reality) သို့ တိုးတက်ရွေ့လျားလာကာ အသုံးပြုသူများ၏ဆက်ဆံရေး (User Interaction)များလည်း ထိတွေ့ခြင်းအခြေပြု (Touch-based) မှ လက်ဟန်အခြေပြု (Gesture-controlled) အဆင့်သို့ ပြောင်းလဲလာနေပါသည်။ကွမ်တမ် ကုဒ်သွင်းစနစ် (Quantum Cryp-tography)သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engin-eering) ၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ ကွမ်တမ်တွက်ချက်ရေးပညာ (Quantum Compu-ting) သည် တစ်ပြိုင်နက်တည်ရှိခြင်း (Super-position) နှင့် ဆက်စပ်ယှက်နွှယ်ခြင်း (Entan-glement) သဘောတရားများကိုအသုံးပြုသော ကွမ်တမ်ကွန်ပျူတာ၏ အခြေခံအကျဆုံး သတင်း အချက်အလက်ယူနစ် (Qubit) များအပေါ်တွင် အခြေခံထားသည်။ သိပ္ပံစိတ်ကူးယဉ် (Science Fiction) အတွေးအခေါ်များကိုပင် လက်တွေ့အသုံးချနိုင်သည့် နည်းပညာအဖြစ် ပြောင်းလဲအကောင် အထည်ဖော်ရန်အင်ဂျင်နီယာများက ကြိုးပမ်းနေကြသည်။ ဥပမာအားဖြင့် လူသားများလကမ္ဘာသို့ ပြန်လည်သွားရောက်ခြင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင်နေထိုင်ရန် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ၏ စိန်ခေါ်မှုများပင်ဖြစ်သည်။အနာဂတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ခရီးလမ်းယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အခက်အခဲ၊ အရင်းအမြစ်ရှားပါးမှုနှင့် ဒစ်ဂျစ်တယ်ကွာဟမှုတို့သည် အရေးကြီးသော စိန်ခေါ်မှုများဖြစ်ပါသည်။ စမတ်အင်ဂျင်နီယာပညာ (Smart Engineering) သည် ထိရောက်မှုမြှင့်တင်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတိုးချဲ့ခြင်း၊ လူမှုအကျိုးပြုဖြေရှင်းချက်များ ဖန်တီးခြင်းတို့မှတစ်ဆင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်နိုင်ပါသည်။၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ကျွန်ုပ်တို့အား လမ်းကြောင်းမှန်ကို ညွှန်ပြနေပါသည်။ အထက်တွင်ဖော်ပြခဲ့သော စမတ်အင်ဂျင်နီယာပညာ၏ အခြေခံ မောင်းနှင်အား (၁၀) ချက်သည် ဤခရီးလမ်းတွင် မီးပြတိုက်များသဖွယ် အရှေ့သို့ အလင်းပြလျက်ရှိပါသည်။ခေတ်ကာလအလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဖြင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နားလည်ရန်ကူညီပေးမည် ဖြစ်ပါသည်။ တိုးတက်ပြုပြင်ခြင်းနှင့် အခြေခံအထိ အသေးစိတ် လေ့လာချုံ့ကြည့်ခြင်းတို့သည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချတတ်စေပါသည်။ စွမ်းဆောင် ရည်မြှင့်တင်ခြင်းနှင့် ဉာဏ်ရည်ထက်မြက်စနစ်များ တည်ဆောက်ခြင်းတို့သည် ဒစ်ဂျစ်တယ်စနစ်၏ အစွမ်းကို ဖော်ထုတ်ပေးမည်ဖြစ်သည်။ ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှုနှင့် အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာတို့သည် ဆန်းသစ် တီထွင်မှု၏ အုတ်မြစ်များပင်ဖြစ်သည်။ တည်တံ့မြဲမြံခြင်းနှင့် သဘာဝအခြေပြုခြင်းတို့သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကြီးကို ကာကွယ်ရန် လမ်းညွှန်ချက်များပင်ဖြစ်ပြီး အနာဂတ်ကိုဦးတည်ခြင်းဖြင့် ကျွန်ုပ်တို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သတ္တိတို့ကို ရှိစေပါသည်။မြန်မာနိုင်ငံအနေဖြင့်လည်း ဤအခြေခံမောင်းနှင်အားများကို အသုံးချကာရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်း နိုင်ရန် အင်ဂျင်နီယာပညာရပ်ကို အားပေးမြှင့်တင်ရာတွင် အခြေခံအဆောက်အအုံများ ခိုင်မာစေရေး၊ စွမ်းအင်ထိရောက်စွာအသုံးပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဦးစား ပေးကဏ္ဍများ ဖြစ်ပါသည်။အင်ဂျင်နီယာပညာသည် အတိတ်ကို တည်ဆောက်နိုင်ခဲ့သကဲ့သို့ အနာဂတ်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးပူးပေါင်း၍ ‘‘စမတ်အင်ဂျင်နီယာ’’ ၏အစွမ်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ခြေလှမ်းများ ရဲဝံ့စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ အင်ဂျင်နီယာများနေ့အား ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ။moi

လူသားတို့၏ သမိုင်းစဉ်တစ်လျှောက် အင်ဂျင်နီယာပညာသည် ယဉ်ကျေးမှုတည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါသည်။ ကျောက်ခေတ်မှ ဒစ်ဂျစ်တယ်ခေတ်အထိ လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တီထွင်ဆန်းသစ်မှု၏ ရှေ့ဆောင်လမ်းပြအဖြစ် အမြဲတမ်းရပ်တည်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day for Sustainable Development)သည် ဤအရေးပါသော ပညာရပ်၏အနာဂတ်ကို ပြန်လည်အကဲဖြတ်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ထိုနေ့သည် ကမ္ဘာတစ်ဝန်းရှိ အင်ဂျင်နီယာများ၏ အခန်းကဏ္ဍနှင့် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနေသော အင်အားကို ဂုဏ်ပြုပေးသည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံအသုံးချ၍ တည်တံ့မြဲမြံသောအနာဂတ်ကို ဖန်တီးတည်ဆောက်ရန် စမတ်အင်ဂျင်နီယာပညာကို မြှင့်တင်အသုံးချရမည်ကို ရည်ညွှန်းထားခြင်းပင်ဖြစ်သည်။

အင်ဂျင်နီယာပညာဆိုသည်မှာ သိပ္ပံနည်းကျ အယူအဆများနှင့် လက်တွေ့ကမ္ဘာ၏ ပြဿနာများကိုဖြေရှင်းရန် အသုံးချခြင်းဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ရိုးရိုးသာမန် အင်ဂျင်နီယာပညာထက်ကျော်လွန်သော “စမတ်အင်ဂျင်နီယာပညာ (Smart Engineering) ဟူသည့် အသုံးအနှုန်းမှာ ပိုမိုအရေးပါလာသည်။

စမတ်အင်ဂျင်နီယာပညာဆိုသည်မှာ ပြဿနာတစ်ရပ် သို့မဟုတ် ရည်မှန်းချက်တစ်ရပ်အတွက် သင့်လျော်သောဖြေရှင်းချက်ကို စနစ်တကျရှာဖွေဖော်ထုတ်ကာ အကောင်အထည်ဖော်သည့် အင်ဂျင်နီယာနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ ယင်းတွင် အမြင်ကျယ်စွာ စဉ်းစားတီထွင်ခြင်း၊ မော်ဒယ်ဖန်တီးစမ်းသပ်ခြင်း၊ အကျယ်တဝင့်အသုံးချနိုင်ရန် တိုးချဲ့အကောင်အထည်ဖော်ခြင်းတို့ကို ပေါင်းစပ် ဆောင်ရွက်ပါသည်။

ဤလုပ်ငန်းစဉ်တွင် သိပ္ပံပညာဆိုင်ရာ ဗဟုသုတများ၊ စီးပွားရေးဆိုင်ရာ အသိပညာများ၊ လူမှုရေးဆိုင်ရာ နားလည်မှုများနှင့် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများကို ပေါင်းစပ်အသုံးချခြင်းဖြင့် ထုတ်ကုန်တစ်ခု ဖန်တီးခြင်းသာမက လူသားဘဝ အရည်အသွေးမြှင့်တင်ရေးကိုပါရည်ရွယ်ပါသည်။

ထို့ကြောင့် စမတ်အင်ဂျင်နီယာပညာသည် အသုံးပြုသူများ၏ စိတ်ထဲတွင် အလွန်ပင်အံ့ဩသင့်စေလောက်သော အတွေ့အကြုံများကို ဖန်တီးပေးနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်။

စမတ်အင်ဂျင်နီယာပညာ၏ မောင်းနှင်အား (၁၀) ရပ်

၁။ ခေတ်ကာလအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အင်ဂျင်နီယာပညာ (Need-of-the-Hour Engineering)

သမိုင်းတစ်လျှောက် အင်ဂျင်နီယာပညာ၏ ဦးတည်ချက်သည် ခေတ်ကာလ၏ လိုအပ်ချက်အရ ပြောင်းလဲခဲ့ကြရပါသည်။ ဘီစီခေတ်က လယ်ယာ စိုက်ပျိုးရေးအတွက် ရေသွင်းစနစ်များနှင့်မြေဆီလွှာလေ့လာမှုကို အဓိကထားခဲ့ရာမှ ကျောက်ခေတ်မှ သတ္တုခေတ်သို့ ကူးပြောင်းလာသည်နှင့်အမျှ အစားအစာချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ထုတ်လုပ်ခြင်း နည်းပညာများ ပြောင်းလဲလာခဲ့ပါသည်။ ယနေ့ခေတ်တွင် အင်တာနက်နှင့် မိုဘိုင်းနည်းပညာများကြောင့် ကမ္ဘာကြီးသည် “ကမ္ဘာလုံးဆိုင်ရာ ရွာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူတို့၏ ထုတ်လုပ်မှုစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုအခါ အသံဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းတို့မှ အချိန်နှင့်တစ်ပြေးညီ စာပို့စနစ်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယနေ့ခေတ်၏ လိုအပ်ချက်မှာ Broadband နှင့် Connectivity များကို ကျယ်ပြန့်စွာ ဖြန့်ကြက်အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အကောင်းဆုံး ထိန်းညှိတိုးတက်အောင် ပြုလုပ်နိုင်ရေးပင်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ဆောင်ပုဒ်အရ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်သည် ဤလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ဥပမာအားဖြင့် 5G ကွန်ရက်များ ဖြန့်ကြက်ခြင်းသည် ကျေးလက်ဒေသများအပါအဝင် နေရာအနှံ့မြန်နှုန်းမြင့် အင်တာနက်ရရှိရေးအတွက် အရေးပါသည့် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် Connectivity နှင့် Digital Infra-structure (Broadband, Smart Grid, DataCenter, 5G စနစ်များ) သည် အရေးပါဆုံးလိုအပ်ချက်များ ဖြစ်သည်။

၂။ တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering)

တူညီသောရည်ရွယ်ချက်ကို ပိုမိုခေတ်မီသည့် နည်းပညာများဖြင့် အောင်မြင်အောင်ဆောင်ရွက်ခြင်းသည် တိုးတက်ပြုပြင်ထားသော အင်ဂျင်နီယာပညာ (Improvised Engineering) ၏ အဓိကအချက်ဖြစ်သည်။ ရှေးခေတ်က အချိန်ကိုတိုင်းတာရန်တုတ်၏ အရိပ်ကိုသာ အားကိုးခဲ့ရရာမှ Sun Dial နှင့် Jantar Mantar ကဲ့သို့သော ကိရိယာများပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် အိုလံပစ်ပြိုင်ပွဲ၌ စက္ကန့်၏ အစိတ်အပိုင်းလေးများကိုပင် တိကျစွာဖမ်းယူနိုင်သည့် အလွန်တိကျသော အချိန်တိုင်းတာရေးကိရိယာများရှိလာခဲ့ပြီဖြစ်ပါသည်။

အလားတူ ပုံနှိပ်နည်းပညာသည်လည်း Offset Printing မှ Digital Printer များ၊ Dot Matrix မှ Laser Jet သို့ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ယခုအခါ 3D Printing နည်းပညာသည် ပစ္စည်းကိုဖြတ်တောက်ဖယ်ရှားသည့် Subtractive နည်းလမ်းမှပစ္စည်းကို အလွှာလိုက် ထည့်သွင်းတည်ဆောက်သည့်Additive နည်းလမ်းသို့ ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးလျက်ရှိပါသည်။ ဤပြောင်းလဲမှုသည် ဆန်းသစ်တီထွင်မှု၏ သက်သေသာဓကတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ် (Digitalization) သည် ဤတိုးတက်မှု အားလုံး၏ ကျောရိုးမကြီးအဖြစ် ရပ်တည်နေပါသည်။

၃။ အခြေခံအထိ အသေးစိတ်လေ့လာ ချုံ့ကြည့်နိုင် သော အင်ဂျင်နီယာပညာ (Strip-Down Engineering)

အခြေခံအထိ အသေးစိတ်လေ့လာ ချုံ့ကြည့်နိုင်သော အင်ဂျင်နီယာပညာ (Strip-Down Engineer-ing) သည် ပြန်လည်ဆန်းစစ်တီထွင်သော အင်ဂျင်နီယာပညာ (Reverse Engineering) နှင့် ချွေတာ သုံးစွဲသည့် အင်ဂျင်နီယာပညာ (Frugal Engineer-ing) တို့၏ အားသာချက်များကို ပေါင်းစပ်ထားသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းကာ ကုန်ကျစရိတ်လျှော့ချသောနည်းလမ်းဖြစ်သည်။ ပရေတို၏ ၈၀:၂၀ သဘောတရားကိုအခြေခံကာ မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းထားနိုင်ရန် ဆန်းစစ်ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အသုံးပြုသူများ၏အမြင်အရ အရေးပါဆုံးသော လုပ်ဆောင်ချက်များ ၈၀ ရာခိုင်နှုန်းကိုရွေးချယ်ကာ ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်အောင် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

ဥပမာအားဖြင့် ဈေးနှုန်းချိုသာသောကားတစ်စီးကို ဒီဇိုင်းဆွဲရာတွင် ဘီးနပ်ခေါင်းလေးလုံးအစား သုံးလုံးသာသုံး၍ရမလားဟူသော မေးခွန်းထုတ်ခြင်း မျိုးဖြစ်ပါသည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးတို့၏အချိုးကို အမြဲတမ်းချိန်ဆသုံးသပ်နေပြီး လူမှုအလွှာအောက်ဆုံး (bottom-of-the-pyramid) လူထုအတွက် သင့်လျော်သည့်ထုတ်ကုန်များ ဖန်တီးရာတွင် အလွန်ထိရောက်မှုရှိပါသည်။ ဤသည်မှာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအချက်တစ်ချက်ဖြစ်သည့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းနှင့် ကိုက်ညီပါသည်။

၄။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာ ပညာ (Performance-Boosting Engineering)

ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏အောင်မြင်မှုသည် ၎င်း၏စွမ်းဆောင်ရည်အပေါ်တွင်မူတည်ပါသည်။ စွမ်းဆောင်ရည်မြှင့်တင်သော အင်ဂျင်နီယာပညာ (Performance-Boosting Engineering) သည် ကန့်သတ်ချက်များကိုထည့်သွင်းစဉ်းစားထားကာ ဖြေရှင်းချက်၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် ရည်ရွယ်ပါသည်။ မိုဘိုင်းဖုန်းများတွင် Single-core မှ Octa-core ပရိုဆက်ဆာများအထိ တိုးတက်လာခြင်းသည် အပြိုင်လုပ်ဆောင်မှု (Parallel Processing) များကို အသုံးချနိုင်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်သည်။

Heterogeneous Processing Environment တွင် Code များကို ASIC, DSP, CPU, GPU အစရှိသည့် ချစ်ပ်များအကြား သင့်လျော်စွာ ခွဲဝေတင်ဆက်နိုင်ခြင်းသည် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါသည်။ ထို့အပြင် Multi-resolution Systems များ ဖန်တီးခြင်းလည်းပါဝင်ပါသည်။ ဥပမာ ကင်မရာအရည်အသွေးအမျိုးမျိုးရှိသော ဖုန်းများထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤကဏ္ဍသည် ဆန်းသစ်တီထွင်မှု (Innovation) ၏ တိုက်ရိုက်သက်ရောက်မှုကိုပြသပြီး ဒစ်ဂျစ်တယ်စနစ်၏ အကူအညီဖြင့် ပိုမိုရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်စေရန်နှင့် တုံ့ပြန်ချိန်ကို လျှော့ချနိုင်စေရန် ဆောင်ရွက်ပေးပါသည်။

၅။ ဉာဏ်ရည်ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering)

ဉာဏ်ရည်ထက်မြက်သော စက်ပစ္စည်းများ သည် အာရုံခံကိရိယာ(Sensor)၊ လှုပ်ရှားမှုထိန်းချုပ် ကိရိယာ(Actuator)နှင့် ထိန်းချုပ်ကိရိယာ (Con-troller) များမှတစ်ဆင့် အာရုံခံခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်ခြင်းစသည့်လုပ်ဆောင်ချက်များကို အသုံးချကြပါသည်။ ဉာဏ်ရည် ထက်မြက်စနစ် အင်ဂျင်နီယာပညာ (IntelliSys Engineering) သည် ဉာဏ်ရည်ထက်မြက်စေသည့် စနစ်များကိုအားပေးတည်ဆောက်ပေးပြီး ပြန်လည်တုံ့ပြန်မှုထိန်းချုပ်စနစ် (Closed-loop Control) အပေါ်အခြေခံသည့် အလိုအလျောက်လည်ပတ်မှု၊ စွမ်းအင်ထိရောက်မှုနှင့် ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ကို ပံ့ပိုးပေးပါသည်။

ဥပမာအားဖြင့် Smart Home Platform ကို တည်ဆောက်ခြင်းတွင် အိမ်တစ်အိမ်၏ စွမ်းအင်သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီတိုင်းတာပြီးလျှပ်စစ်ဓာတ်အားခနှုန်းထားအလိုက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ခြင်းမျိုးဖြစ်ပါသည်။ Connected Car Platform တွင်လည်း ကားတာယာ၏ Pressure Sensor များက ဘီးလေလျော့ခြင်းကို ကြိုတင်သိရှိနိုင်ပြီး ယာဉ်မောင်းအား သတိပေးနိုင်ပါသည်။ ယနေ့ခေတ် အင်ဂျင်နီယာပညာ၏ အဓိကကျသော အစိတ်အပိုင်းမှာ ဉာဏ်ရည်တု (AI) နှင့် စက်သင်ယူမှု (Machine Learning) နည်းပညာများကို အသုံး ချကာ အချက်အလက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်ဖြစ်ပါသည်။ ဤသည်မှာ ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ပါဒစ်ဂျစ်တယ်စနစ် (Digitalization) ၏ အနှစ်သာရပင်ဖြစ်ပါသည်။

၆။ ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering)

ယနေ့ခေတ်တွင် နယ်ပယ်အသစ်များ အမြဲပေါ်ပေါက်လျက်ရှိပြီး ပြဿနာအချို့ကို ဖြေရှင်းရာတွင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်မှုများလိုအပ်လာပါသည်။ ဤသည်မှာ ကဏ္ဍပေါင်းစည်း တီထွင်ဖန်တီးမှု အင်ဂျင်နီယာပညာ (Cross-Pollination Engineering) ဖြစ်ပါသည်။ ဘူမိဗေဒ (Geology) နှင့် ဇီဝဗေဒ (Biology) ကို ပေါင်းစပ်ခြင်းဖြင့် Geo-microbiology နယ်ပယ်အသစ် ပေါ်ပေါက်လာပြီး မြေဆီလွှာမှတစ်ဆင့် အစားအစာသို့ ပိုးမွှားများကူးစက်ခြင်းကို လေ့လာနိုင်ပါသည်။ ပထဝီဗေဒ (Geography) နှင့် သတင်းအချက်အလက်ပညာတို့ ပေါင်းစပ်ခြင်းသည် Geographic Information System (GIS) ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းဖွင့်ပေးခဲ့ပါသည်။

Optical Physics နှင့် Telecommunication ကို ပေါင်းစပ်ကာ Fiber Optic Communication နယ်ပယ်အသစ် ဖြစ်ပေါ်လာပါသည်။ ဤသို့ နယ်ပယ်ပေါင်းစုံမှ အတွေးအခေါ်များနှင့် နည်းပညာများကို ပေါင်းစည်းခြင်းသည် ဆန်းသစ်တီထွင်မှု၏ အဓိကအရင်းအမြစ်ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းတွင် 3D ပုံနှိပ် စက်နည်းပညာကိုအသုံးပြု၍ အိမ်များ ဆောက်လုပ် လာနိုင်ပြီ ဖြစ်ပါသည်။ ဤသည်မှာ ပစ္စည်းဆိုင်ရာ သိပ္ပံပညာ (Material Science) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတို့ ပေါင်းစည်းခြင်း၏ ရလဒ် ဖြစ်ပါ သည်။

၇။ အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင် နီယာပညာ (Smart-Auxiliary Engineering)

အင်ဂျင်နီယာပညာသည် သိပ္ပံရှာဖွေတွေ့ရှိမှုများကို ထုတ်ကုန်များအဖြစ် တိုးချဲ့ဖော်ဆောင်ပေးရုံသာမက သိပ္ပံပရောဂျက်များအတွက် နောက်ခံ အထောက်အကူအဖြစ်လည်းပါဝင်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ CERN ရှိ Large Hadron Collider (LHC) ခေါ် ဧရာမအမှုန်အစုအဝေးအရှိန်မြှင့်စက်ကြီးကို အသုံးပြုပြီးစကြဝဠာ၏ ပြင်းထန်ပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်အပြီး စက္ကန့်သန်းပေါင်းများစွာ၏ တစ်သန်းပုံတစ်ပုံအကြာ အခြေအနေကို အတုယူစမ်းသပ်နေခြင်းသည် အင်ဂျင်နီယာပညာ၏ အံ့မခန်းအောင်မြင်မှုတစ်ရပ်ဖြစ်ပြီး Big Bang ဖြစ်စဉ်ကို စမ်းသပ်လေ့လာနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပါသည်။

အင်ဂျင်နီယာပညာ၏ အထောက်အကူပြု အခန်းကဏ္ဍကို အသေးအဖွဲဟုမထင်သင့်ပါ။ Boeing 787 Dreamliner လေယာဉ်တွင် Nickel Hydride ဘက်ထရီများအစား စွမ်းအင်နှစ်ဆထုတ်လုပ်နိုင်ပြီး နေရာတစ်ဝက်သာယူသော Lithium-ion ဘက်ထရီများကို အသုံးပြုခဲ့ပါသည်။ သို့သော် Lithium-ion ဘက်ထရီများသည် ဖိအားနှင့် အပူချိန်မြင့်မားမှုကြောင့် လျှပ်စစ်ပတ်လမ်းအတွင်း Short-Circuit ဖြစ်ကာ မီးလောင်မှုအန္တရာယ်ဖြစ်ပွားခဲ့ပါသည်။ ဤပြဿနာကြောင့် Dreamliner လေယာဉ်များကို ကမ္ဘာတစ်ဝန်း ရပ်နားခဲ့ရသည်အထိဖြစ်ခဲ့ရပါသည်။ ဤဖြစ်ရပ် သည် Smart-Auxiliary Engineering ၏ အရေးပါမှုကို ထင်ရှားစွာပြသခဲ့ပါသည်။ အရန်စနစ်များ၏ လုံခြုံရေး၊ ထိရောက်မှုနှင့် ယုံကြည်စိတ်ချရမှုသည် ပင်မစနစ်၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်ပါသည်။

၈။ တည်တံ့မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering)

ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ အဓိကကျသော အကြောင်းအရာဖြစ်ပါသည်။ တည်တံ့ မြဲမြံသော အင်ဂျင်နီယာပညာ (Sustainable Engineering) သည် ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီညီ တည်တံ့မြဲမြံစေရေးကို အဓိကရည်ရွယ်ပါသည်။ ယနေ့ခေတ်တွင် အပူဓာတ်အခြေပြု စွမ်းအင်အသုံးပြုမှုကိုလျှော့ချပြီး နေရောင်ခြည်စွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့သို့ ကူးပြောင်းအသုံးပြုလာကြပါသည်။ စွမ်းအင်ထုတ်လုပ်မှုသာမက ပိုမိုထိရောက်သော လျှပ်စစ်ဖြန့်ဝေမှုအတွက် Smart Grid စနစ်များကိုလည်း တီထွင်ဖန်တီးနေကြပါသည်။

ဥပမာအားဖြင့် အီလက်ထရွန်နစ် ဆားကစ်များတွင် ယခင်က 3V သို့မဟုတ် 5V ဖြင့် လည်ပတ်ခဲ့သည့် ဒစ်ဂျစ်တယ်ချစ်ပ်များကို ယနေ့တွင် 1.8V ဖြင့် လည်ပတ်နိုင်အောင် တိုးတက်ဖန်တီးနိုင်ခဲ့ပါသည်။ စွမ်းအင်သုံးစွဲမှုကို သတိပြုစီမံသော (energy-aware) ပရိုတိုကောများကိုလည်း ဒီဇိုင်းထုတ်ခဲ့ကြပါသည်။ ထို့အပြင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ (recycled materials) ကို အသုံး ပြုခြင်း၊ စွန့်ပစ်ပစ္စည်း အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲခြင်းတို့သည်လည်း Sustainable Engineering ၏ အဓိကအစိတ်အပိုင်းများ ဖြစ်ပါသည်။

၉။ သဘာဝအခြေပြု အင်ဂျင်နီယာပညာ (Nature-Inspired Engineering)

သဘာဝတရားသည် အင်ဂျင်နီယာများအတွက် အကောင်းဆုံးသင်ခန်းစာဖြစ်ပါသည်။ Nature-Inspired Engineering သည် သဘာဝရှိ သတ္တဝါများနှင့် အပင်များမှ လှုံ့ဆော်မှုရယူကာ ထုတ်ကုန်များကို ဒီဇိုင်းဆွဲခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏မြန်နှုန်းမြင့် မီးရထား Bullet Train သည် ဥမင်လိုဏ်ခေါင်းမှ ထွက်လာချိန်တွင် အလွန်ကျယ်လောင်သောအသံပြဿနာရှိခဲ့ရာ ရေထဲသို့ထိုးဆင်းရာတွင် ရေမျက်နှာပြင်ကို မထိခိုက်စေဘဲ လျှောကျဝင်နိုင်သော Kingfisher ၏ နှုတ်သီးပုံစံကိုအတုယူကာ ရထား၏ဦးခေါင်းပုံစံကို ပြန်လည် ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်ပါသည်။ Mercedes-Benz ၏ Bionic Concept Vehicle ကို Boxfish ငါး၏ လေဆန်မှုနည်းသော ကိုယ်လုံးပုံစံနှင့်ခိုင်မာသော အပြင်အလွှာ (exo-skeleton) ကို လေ့လာကာ ဒီဇိုင်းဆွဲထားပါသည်။ ကြာပန်း (Lotus) ၏ အရွက်များသည် ရေစက်နှင့် ဖုန်မှုန့်များကို လွယ်ကူစွာဖယ်ရှားနိုင်သော ဂုဏ်သတ္တိရှိရာ ထိုသဘောတရားကို အပြင်အလွှာသုတ်ဆေးများ၊ အထည်အလိပ်များတွင် အသုံးချခဲ့ကြပါသည်။ ဤနည်းလမ်းသည် ဆန်းသစ်တီထွင်မှု၏ နောက်ထပ် မျက်နှာစာတစ်ခုကို ဖွင့်ပြထားခြင်းပင်ဖြစ်ပါသည်။

၁၀။ အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာ ပညာ (Forward-Looking Engineering)

အနာဂတ်ကိုဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engineering) သည် အနာဂတ်ကိုမြော်တွေးပြီး သိပ္ပံအယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။ ယနေ့ခေတ်တွင် ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာနှင့်ဒစ်ဂျစ်တယ်ကမ္ဘာတို့ ပေါင်းစည်းလာနေပါသည်။ ဒစ်ဂျစ်တယ်ကမ္ဘာ (Virtual Reality) မှ မြှင့်တင်ထားသော လက်တွေ့ကမ္ဘာ (Augmented Reality) သို့ တိုးတက်ရွေ့လျားလာကာ အသုံးပြုသူများ၏ဆက်ဆံရေး (User Interaction)များလည်း ထိတွေ့ခြင်းအခြေပြု (Touch-based) မှ လက်ဟန်အခြေပြု (Gesture-controlled) အဆင့်သို့ ပြောင်းလဲလာနေပါသည်။

ကွမ်တမ် ကုဒ်သွင်းစနစ် (Quantum Cryp-tography)သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ (Forward-Looking Engin-eering) ၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ ကွမ်တမ်တွက်ချက်ရေးပညာ (Quantum Compu-ting) သည် တစ်ပြိုင်နက်တည်ရှိခြင်း (Super-position) နှင့် ဆက်စပ်ယှက်နွှယ်ခြင်း (Entan-glement) သဘောတရားများကိုအသုံးပြုသော ကွမ်တမ်ကွန်ပျူတာ၏ အခြေခံအကျဆုံး သတင်း အချက်အလက်ယူနစ် (Qubit) များအပေါ်တွင် အခြေခံထားသည်။ သိပ္ပံစိတ်ကူးယဉ် (Science Fiction) အတွေးအခေါ်များကိုပင် လက်တွေ့အသုံးချနိုင်သည့် နည်းပညာအဖြစ် ပြောင်းလဲအကောင် အထည်ဖော်ရန်အင်ဂျင်နီယာများက ကြိုးပမ်းနေကြသည်။ ဥပမာအားဖြင့် လူသားများလကမ္ဘာသို့ ပြန်လည်သွားရောက်ခြင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင်နေထိုင်ရန် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့သည် အနာဂတ်ကို ဦးတည်သော အင်ဂျင်နီယာပညာ၏ စိန်ခေါ်မှုများပင်ဖြစ်သည်။

အနာဂတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ခရီးလမ်း

ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အခက်အခဲ၊ အရင်းအမြစ်ရှားပါးမှုနှင့် ဒစ်ဂျစ်တယ်ကွာဟမှုတို့သည် အရေးကြီးသော စိန်ခေါ်မှုများဖြစ်ပါသည်။ စမတ်အင်ဂျင်နီယာပညာ (Smart Engineering) သည် ထိရောက်မှုမြှင့်တင်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတိုးချဲ့ခြင်း၊ လူမှုအကျိုးပြုဖြေရှင်းချက်များ ဖန်တီးခြင်းတို့မှတစ်ဆင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်နိုင်ပါသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်ဖြစ်သော "Smart Engineering for Sustainable Future through Innovation and Digitalization" သည် ကျွန်ုပ်တို့အား လမ်းကြောင်းမှန်ကို ညွှန်ပြနေပါသည်။ အထက်တွင်ဖော်ပြခဲ့သော စမတ်အင်ဂျင်နီယာပညာ၏ အခြေခံ မောင်းနှင်အား (၁၀) ချက်သည် ဤခရီးလမ်းတွင် မီးပြတိုက်များသဖွယ် အရှေ့သို့ အလင်းပြလျက်ရှိပါသည်။

ခေတ်ကာလအလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဖြင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နားလည်ရန်ကူညီပေးမည် ဖြစ်ပါသည်။ တိုးတက်ပြုပြင်ခြင်းနှင့် အခြေခံအထိ အသေးစိတ် လေ့လာချုံ့ကြည့်ခြင်းတို့သည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချတတ်စေပါသည်။ စွမ်းဆောင် ရည်မြှင့်တင်ခြင်းနှင့် ဉာဏ်ရည်ထက်မြက်စနစ်များ တည်ဆောက်ခြင်းတို့သည် ဒစ်ဂျစ်တယ်စနစ်၏ အစွမ်းကို ဖော်ထုတ်ပေးမည်ဖြစ်သည်။ ကဏ္ဍပေါင်းစည်းတီထွင်ဖန်တီးမှုနှင့် အထောက်အကူပြု ဉာဏ်ရည်မြင့် အင်ဂျင်နီယာတို့သည် ဆန်းသစ် တီထွင်မှု၏ အုတ်မြစ်များပင်ဖြစ်သည်။ တည်တံ့မြဲမြံခြင်းနှင့် သဘာဝအခြေပြုခြင်းတို့သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကြီးကို ကာကွယ်ရန် လမ်းညွှန်ချက်များပင်ဖြစ်ပြီး အနာဂတ်ကိုဦးတည်ခြင်းဖြင့် ကျွန်ုပ်တို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သတ္တိတို့ကို ရှိစေပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဤအခြေခံမောင်းနှင်အားများကို အသုံးချကာရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်း နိုင်ရန် အင်ဂျင်နီယာပညာရပ်ကို အားပေးမြှင့်တင်ရာတွင် အခြေခံအဆောက်အအုံများ ခိုင်မာစေရေး၊ စွမ်းအင်ထိရောက်စွာအသုံးပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဦးစား ပေးကဏ္ဍများ ဖြစ်ပါသည်။

အင်ဂျင်နီယာပညာသည် အတိတ်ကို တည်ဆောက်နိုင်ခဲ့သကဲ့သို့ အနာဂတ်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးပူးပေါင်း၍ ‘‘စမတ်အင်ဂျင်နီယာ’’ ၏အစွမ်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ခြေလှမ်းများ ရဲဝံ့စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ အင်ဂျင်နီယာများနေ့အား ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ။

ဆရာရယ် တပည့်ရယ် AI (ဉာဏ်ရည်တု) ရယ် သုံးပွင့်ဆိုင်ပေါင်းစည်းထားတဲ့ ပညာရေးနယ်ပယ်သစ်ဆီသို့. . .
-
ပညာရေးဟာ အတိတ်ကာလတွေမှာ ဆရာဦးဆောင်တဲ့ပုံစံကို အဓိကထားခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ AI (Artificial Intelligence) ဉာဏ်ရည်တုဆိုတဲ့ နည်းပညာအသစ်ရဲ့ ပါဝင်လာမှုကြောင့် ဆရာနဲ့ ကျောင်းသားတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်မှာ ရှည်လျားစွာတည်ရှိခဲ့တဲ့ ပုံသေစံနှုန်းတွေ လှုပ်ရှားသွားပြီး ပြောင်းလဲမှုအသစ်တွေကို ဖန်တီးပေးနေပါတယ်။ ဒီခေတ်ဆရာတွေအတွက် အဓိကမေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ AI နည်းပညာက ပညာရေးဝန်ကို မည်သို့ပေါ့ပါးစေနိုင်မလဲ၊ တတ်သိနားလည်မှုကို မည်မျှအထိ မြှင့်တင်ပေးနိုင်မလဲ၊ ဒါ့အပြင် ပညာရေးတန်းတူညီမျှမှုကို မည်သို့ဖော်ဆောင်ပေးနိုင်မလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲဒီကနေ ဆရာ - ကျောင်းသား- AI သုံးပွင့်ဆိုင် ပညာရေးနယ်ပယ်အသစ်တစ်ခု ပေါ်ထွန်းလာခဲ့ပါတယ်။ပညာရေးရှုခင်းအသစ်AI နည်းပညာပေါ်ထွက်လာပြီးနောက် ဆရာတွေအတွက် အရေးကြီးတဲ့ နောက်ထပ်မေးခွန်း တစ်ခုကတော့ “AI က မေးခွန်းတိုင်းကို ဖြေပေးနိုင်ရင် ဆရာဆိုတာ လိုအပ်ပါဦးမလား” ဆိုတာဖြစ်ပါတယ်။ ပညာရေးသုတေသီတွေနဲ့ UNESCO ရဲ့ အစီရင် ခံစာတွေကတော့ “AI က အကြောင်းအရာပိုင်းမှာ ထက်မြက်ပေမယ့် လူသားရဲ့စာနာမှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ရှုပ်ထွေးတဲ့ လူမှုရေးအခြေအနေတွေကို ကိုင်တွယ်နိုင်မှုမှာ အကန့်အသတ်ရှိတယ်”လို့ ထောက်ပြကြပါတယ်။ ဒါကတော့ AI ဟာ ဆရာရဲ့ ပြိုင်ဘက်မဟုတ်၊ ဆရာ့လုပ်ငန်းတာဝန်တွေကို ပေါ့ပါးစေမယ့် လက်ထောက်သာဖြစ်တယ်လို့ ဆိုလိုတာပါ။ ခေတ်သစ်နည်းပညာက ဆရာရဲ့ အခန်းကဏ္ဍအပေါ် အခုလိုသက်ရောက်လာပါတယ် -(က) သုတအသိနဲ့ အမှားအမှန်ကို ဆင်ခြင်ခွဲခြားနိုင်တဲ့ပညာ။ ဆရာဟာ သတင်းအချက်အလက်ပံ့ပိုးသူအဆင့်မှ လမ်းပြသူ မီးအိမ်ရှင်အဆင့်သို့ ကူးပြောင်းရပါမယ်။ AI က ဒေတာအချက်အလက်ကို တိကျစွာပေးနိုင်ပေမယ့် အဲဒီဒေတာကို လူတွေအပေါ် အကျိုးပြုစေမယ့် အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာအဖြစ် ပြောင်းလဲသွားအောင်ကတော့ ဆရာကသာ လုပ်ဆောင်ပေးနိုင်လို့ပါ။(ခ) တတိယအင်အားစု။ ဆရာနဲ့ တပည့်အကြားမှာ AI က ကြားခံနယ်မြေတစ်ခုအဖြစ် ရောက်ရှိလာပါတယ်။ AI ဟာ အတန်းထဲမှာ မမောနိုင်မပန်းနိုင် ဖြေကြားပေးနိုင်တဲ့ လက်ထောက်တစ်ဦးဖြစ်လာသလို ဆရာ့အတွက်လည်း သင်ခန်းစာ စီမံတာ၊ စာမေးပွဲမေးခွန်းလွှာပြုစုတာ၊ အမေးအဖြေကဏ္ဍအတွက် အကူအညီပေးတာမျိုးတွေမှာ မူကြမ်းအဆင့်မှာ အကူအညီပေးနိုင်ပါတယ်။အဲဒါကြောင့် ဆရာရဲ့ အခန်းကဏ္ဍဟာအတန်းထဲက အာဏာပိုင်ဆရာအဖြစ်မှ လမ်းပြကြယ်အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် AI မပြည့်စုံနိုင်တဲ့အချက်ကတော့ ကျောင်းသားတစ်ဦး ချင်းစီရဲ့ စိတ်အခံ၊ ခံစားချက်နဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကို စိတ်နှလုံးဖြင့် ထွေးပွေ့နားလည်ပေးနိုင်စွမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာဟာ သင်ကြားပေးခြင်းထက် ပြုစုပျိုးထောင်ပေးခြင်းအပေါ် ပိုမိုအာရုံစိုက်နိုင်လာမှာ ဖြစ်ပါတယ်။နည်းပညာအသစ်ကြောင့် ယနေ့ခေတ် ကျောင်းသားတွေဟာ AI ကို အသုံးပြုပြီး အဖြေရှာတာမျိုးလောက်သာမက သင်ယူမှုကို အရှိန်မြှင့်တာမျိုးကိုပါ ပြုလုပ်လာနိုင်ပါတယ်။ ကျောင်းသားတွေဟာ သင်ယူပုံအသစ်တွေဖြစ်တဲ့ လက်တွေ့အသုံးချမှုမျိုးတွေအဖြစ် ဘာသာစကားလေ့လာသူက Speaking Partner နေရာထားတာမျိုးနဲ့ အကျဉ်းချုပ်ပြုစုခိုင်းတာမျိုး AI ကို ကောင်းကောင်းအသုံးချလာကြပါတယ်။ ယခင်က ပရိုဂရမ်ရေးတာအတွက် သင်ယူဖို့ခက်ခဲတဲ့ ကုတ်ရေးနည်းကို ကျွမ်းကျင်ရမှာဖြစ်ပေမယ့် AI ပေါ်လာပြီးနောက်ပိုင်း သာမန်စကားပြောပုံစံမျိုးနဲ့ကို လိုရင်းတိုရှင်း၊ ထိထိရောက်ရောက် ရှာဖွေသင်ယူနိုင်လာပါတယ်။ ဒီအပြင် သင်ယူပုံနည်းလမ်းတွေကလည်း အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။ကျောင်းသားတွေက AI ကို သီအိုရီသဘော တရား၊ နမူနာဥပမာ၊ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ချက်ချင်းရှာဖွေဖို့ အကူအညီပေးနိုင်တဲ့ Assistant အဖြစ်၊ မနက်ည မနားတမ်းသင်ကြားပေးနိုင်တဲ့ ကိုယ်ပိုင် Tutor အဖြစ်၊ ဒီအပြင် မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို တစ်ဆင့်မြှင့်တင်ဖို့ ဆွေးနွေးတိုင်ပင်ဖော်အဖြစ် သုံးဆွဲတတ်ကြပါတယ်။ ဒီအချက်တွေကြောင့် AI ဟာ ကိရိယာသက်သက်မဟုတ်တော့ဘဲ ပညာရေး စနစ်တစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပေးနိုင်လောက် တဲ့ ဂေဟစနစ်အပြောင်းအရွေ့တစ်ခုအဖြစ် ပေါ်ထွန်းလာပါတယ်။ AI အကျိုးပြုပေးနိုင်တာတွေကတော့-(က) တန်းတူညီမျှမှု ။ အရည်အချင်းပြည့်ဝတဲ့ ဆရာရှားပါးတဲ့ ဒေသတွေနဲ့ အရင်းအမြစ်နည်းပါးတဲ့ ကျောင်းတွေမှာ AI က အကောင်းဆုံးနည်းပြအစားခန့် (Personal Tutor) အဖြစ် ကွက်လပ်ဖြည့်ပေးနိုင်ပါတယ်။(ခ) ကိုက်ညှိသင်ယူမှု။ ပုံသေသင်ရိုးတွေအစား ကျောင်းသားတစ်ဦးချင်းစီရဲ့ စွမ်းရည်နဲ့ ကိုက်ညီတဲ့သင်ကြားမှုပုံစံအနေနဲ့ Khan Academy လို ပလက် ဖောင်းတွေမှာ AI က ကျောင်းသားရဲ့ ဖြေဆိုမှုတွေကို ချက်ချင်းခွဲခြမ်းစိတ်ဖြာ ပြီး အားနည်းချက်ရှိတဲ့ အကြောင်းအရာကို ထပ်ခါထပ်ခါ လေ့ကျင့်ခိုင်းတာ သို့မဟုတ် နောက်အဆင့် စိန်ခေါ်မှုတွေ ကို တင်ပြပေးတာမျိုးတွေ ပြုလုပ်ပေးပါတယ်။AI ခေတ်ပဋိပက္ခနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုဆိုရာဝယ် တစ်ချိန်တည်းမှာပဲ AI ကြောင့် ဆရာနဲ့ ကျောင်းသားအကြား အမြင်ကွဲပြားခြားနားမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်-(က) အမြင်ကွဲပြားခြားနားမှု (Divergent Perspectives)အကြောင်းအရာ ဆရာရဲ့အမြင် (Traditional) ကျောင်းသားရဲ့ အမြင် (AI Integrated) အသိပညာအရင်းအမြစ် ဆရာဟာ ဗဟိုချက်၊ အသိပညာကို စနစ်တကျ လက်ဆင့်ကမ်းသူ AI က အဓိကအရင်းအမြစ်၊ဆရာက လမ်းညွှန်သူ(Facilitator)အချိန်နဲ့ထိရောက်မှု ကိုယ်တိုင် အချိန်ပေးလုပ်ဆောင်တာက သင်ယူမှုရဲ့အနှစ်သာရ AI နဲ့ မြန်မြန်ပြီးအောင်လုပ်တာက ထိရောက်မှု (Efficiency) အရည်အချင်းအကဲဖြတ်မှု စာမေးပွဲနဲ့ အိမ်စာက စွမ်းဆောင်ရည်ရဲ့ သက်သေ AI သုံးပြီးဖြေတာကို ပိတ်ပင်တာက ခေတ်နောက်ကျတယ်လို့ ယူဆတီထွင်ဖန်တီးမှု ကိုယ်တိုင်စာစီကုံးရေးသားတာကသာ တန်ဖိုးအစစ်အမှန် AI ကို မူကြမ်းရေးခိုင်းပြီးမှ ပြင်ဆင်တာက ပိုမြန်ဆန်တဲ့ ဖန်တီးမှုလို့ ယူဆ(ခ) ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုနဲ့ ကုစားမှု(၁) ကျောင်းသားတွေအတွက် ပညာရေးဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ကို အသုံးပြုပြီး စာခိုးချတာမျိုးနဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းပျောက်ဆုံးတာမျိုးအတွက် AI ကို ‘အဖြေထုတ်စက်’အဖြစ် မသုံးဘဲ ‘စဉ်းစားဖော်’အဖြစ်သုံးတတ်အောင် လေ့ကျင့်ပေးရပါမယ်။(၂) ဆရာတွေအတွက် ပညာရှင်ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ဖော်ထုတ်ရေး ကိရိယာတွေကို အလွန်အကျွံအားကိုးပြီး ကျောင်းသားကို မှားယွင်းစွပ်စွဲမိတာမျိုး၊ AI ရဲ့ ဘက်လိုက်မှုတွေကို မစိစစ်ဘဲသင်ကြားမိတာမျိုးတွေ မဖြစ်စေဖို့နဲ့ နည်းပညာကို မျက်စိမှိတ်ယုံကြည် မိတာမျိုးမဖြစ်စေဖို့အတွက် ဆရာရဲ့ ဆန်းစစ်သုံးသပ်မှုကို အမြဲတမ်းထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဆရာ့ဝတ်နဲ့ တပည့်ဝတ်ဆိုရာဝယ် မြန်မာ့ထုံးတမ်းစဉ်လာ ဆရာ့ဝတ်နဲ့ တပည့်ဝတ်တွေဟာ AI ခေတ်မှာ လူသားဓလေ့အခြေခံပညာရေးတန်ဖိုးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဓိက သော့ချက်ဖြစ်လာပါတယ်-(က) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဆရာ့ကျင့်ဝတ်ငါးဖြာ။ AI ဟာ ဆရာကို အချိန်ကုန်သက်သာစေတဲ့ ကိရိယာအဖြစ် အကူအညီပေးနိုင်ပေမယ့် ဆရာရဲ့ လူသားဓလေ့ဆန်မှုက ပိုမိုအရေးကြီး လာပါတယ်။ ကျင့်ဝတ်တစ်ခုချင်း အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်-(၁) အတတ်လည်းသင်။ AI ကပေးတဲ့ အချက်အလက်တွေရဲ့ အနှစ်သာရ ကို လူ့ဘဝ၊ ယဉ်ကျေးမှုနဲ့ ဆက်စပ် အဓိပ္ပာယ် ဖွင့်ဆိုပေးသူ ဖြစ်ရပါ မယ်။(၂) ပဲ့ပြင်ဆုံးမ။ ဆရာက ကျောင်းသားရဲ့ ကိုယ်ကျင့်တရား၊ စိတ်ခံစားချက်နဲ့ လူမှုစွမ်းရည်ကို ပြုစုပျိုးထောင်ပေးတာမျိုးနဲ့ AI ကိုယ်ကျင့်တရားလုံခြုံမှု အကာအကွယ်ရှိစေဖို့အတွက် ဖန်တီးပေးရပါမယ်။(၃) သိပ္ပမချန်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ AI ကို ထိထိရောက်ရောက် အသုံးချနည်း Prompt Engineering လို ၂၁ ရာစု ကျွမ်းကျင်မှုတွေကို သင်ကြားပေးရပါမယ်။(၄) ဘေးရန်ဆီးကာ။ ကျောင်းသားတွေကို ဉာဏ်ရည်တုစာတတ်မြောက်မှု (AI Literacy) နဲ့ ဒစ်ဂျစ်တယ်နိုင်ငံ သားကျင့်ဝတ် (Digital Citizen-ship)တွေကို သိရှိလိုက်နာစေတာ မျိုးနဲ့ သတင်းမှား၊ နည်းပညာသုံး ရုပ်သံတုနဲ့ ဘက်လိုက်မှု၊ စာခိုးချမှုနဲ့ နည်းပညာမှီခိုမှုဆိုတဲ့ နည်းပညာရဲ့ အန္တရာယ်လေးမျိုးမှ ကာကွယ်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ဘေးအန္တရာယ်ကာကွယ်သူဖြစ်ရပါမယ်။(၅) သင့်ရာအပ်ပို့။ AI မှ ရရှိတဲ့ အချက် အလက်တွေကို အခြေခံပြီး ကျောင်း သားရဲ့ ဝါသနာ၊ စွမ်းရည်နဲ့ အနာဂတ် လမ်းကြောင်းအတွက် စိတ်နှလုံးနဲ့ ထွေးပွေ့ပြီး လမ်းညွှန်မှုပေးရပါမယ်။(ခ) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ တပည့်ကျင့်ဝတ်ငါးဖြာ။ မြန်မာ့ထုံးတမ်းစဉ်လာ တပည့်ဝတ်ငါးဖြာနဲ့အညီ ကျောင်းသားတွေအနေနဲ့ AI ကို ကျင့်ဝတ်သိက္ခာ ရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အတွက်ကတော့-(၁) ညီညာထကြွ။ AI ကို တစ်ဦးတည်းသင်ယူတဲ့ ကိရိယာအနေမျိုးသာမက အဖွဲ့လိုက် လုပ်ဆောင်မှုအတွက်ကိုပါ အသုံးချပြီး လူသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတန်ဖိုးကို ထိန်းသိမ်းဖို့၊ AI ထံမှ အဖြေရယူတာထက် မေးခွန်းထုတ်စွမ်းရည်နဲ့ မိမိရဲ့ တွေးခေါ်မှုစွမ်းရည်ကို တက်ကြွစွာ မြှင့်တင်တာမျိုးနဲ့ ဉာဏ်ပညာဖြင့်ကြိုးစားမှု ပုံစံသစ်သို့ ပြောင်းလဲရပါမယ်။(၂) ဆုံးမနာယူ။ AI ရဲ့အဖြေတွေကို လုံးဝဥဿုံအမှန်လို့ မမှတ်ယူလိုက် ဘဲ ဆရာရဲ့ လမ်းညွှန်မှုကို ခံယူပြီး ဝေဖန်ပိုင်းခြားစစ်ဆေးတဲ့ လေ့ကျင့်မှုနဲ့ AI နဲ့ ဆရာရဲ့ အခန်းကဏ္ဍနှစ်ရပ်ကို ပေါင်းစပ်လက်ခံပြီး မိမိရဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တည်ဆောက်ရပါမယ်။(၃) လာမူကြိုဆီး။ ဒစ်ဂျစ်တယ်လောကဝတ်ဖြင့် ဆရာကို လေးစားမှုပြရပါမယ်။ (ဥပမာ- AI အသုံးပြုမှုကို ပွင့်လင်းမြင်သာစွာ တင်ပြဖို့)(၄) ထံနီးလုပ်ကျွေး။ မိမိသိရှိထားတဲ့ နည်းပညာအသစ်တွေနဲ့ AI Tool တွေကို ဆရာနဲ့ အတန်းဖော်တွေထံ မျှဝေကူညီတာနဲ့ AI ရဲ့ အဖြေတွေကို ကိုယ်တိုင်နားလည်စစ်ဆေးပြီး သင်ယူမှုဝန်းကျင်အတွင်း ရှင်းပြအကူအညီပေးတာမျိုး အစရှိတဲ့ AI ကို ကိုယ်ပိုင်အကျိုးအတွက်သာမက အသိပညာမျှဝေ၊ ပူးပေါင်းလေ့လာမှုကို အားပေးတဲ့ လူမှုတာဝန်ယူစိတ်နဲ့ သုံးစွဲရပါမယ်။(၅) သင်တွေးအံရွတ်။ AI ရဲ့ အကူအညီနဲ့ အချက်အလက်တွေကို အာဂုံဆောင်ဖို့ လိုအပ်ချက်လျော့ကျသွားတာနဲ့အမျှ ပိုရလာတဲ့အချိန်ကို ပေါင်းစပ်ဖန်တီးတာမျိုးနဲ့ အကဲဖြတ်တာမျိုး စတဲ့အဆင့်မြင့်တွေးခေါ်မှုစွမ်းရည် ဖွံ့ဖြိုးစေဖို့အတွက် အသုံးချရပါမယ်။ထည့်သွင်းစဉ်းစားရမယ့်အချက်များAI ဟာ ပညာရေးအတွက် အံ့သြဖွယ်ကိရိယာ တစ်ခုဖြစ်ပြီး သင်ယူမှုကို အဆင်ပြေစေတဲ့ အကျိုးကျေးဇူးများစွာ ပေးနိုင်ပါတယ်။ ဒါပေမယ့် AI ကို အသုံးပြုတဲ့အခါ အမှားအယွင်းတွေနဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ ထွက်ပေါ်နိုင်တာမျိုးနဲ့ ဒေတာအရင်းအမြစ်တွေကနေ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ ဘက်လိုက်မှုတွေ ပါဝင်နိုင်တာကိုတော့ သတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် AI ကို တိကျမှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ဆရာရဲ့ လမ်းညွှန်မှုနဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားတတ်မှုစွမ်းရည်ကို ပေါင်းစပ်အသုံးချမှသာ ပညာရေးအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။အနာဂတ်ပညာရေးမှာ မိဘရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာမှာဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေကို ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ AI ကို ဘေးကင်းစွာ အသုံးပြုနည်း၊ အင်တာနက်ပေါ်က သတင်းမှားတွေကို စိစစ်နိုင်တဲ့ နည်းလမ်းတွေကို အိမ်မှာပဲ စောစီးစွာ လမ်းညွှန်ပေးနိုင်တဲ့ ပထမဆုံးလမ်းပြသူအဖြစ် ရပ်တည်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI နဲ့ Screen Time များလာတာကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့၊ ကလေးတွေ လူမှုရေး၊ စိတ်ခံစားချက်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အိမ်ဝန်းကျင်မှာ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ AI ခေတ်မှာ မိဘတွေဟာ နည်းပညာကို အတူတကွသင်ယူပြီး ကလေးတွေရဲ့ ပညာရေးခရီးမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းသင်ဖော်အဖြစ် ပါဝင်နိုင်ဖို့လည်း အရေးကြီးပါတယ်။AI ရဲ့ အကျိုးကျေးဇူးတွေကို အင်တာနက်နဲ့ နည်းပညာအခက်အခဲရှိတဲ့ ကျေးလက်ဒေသတွေမှာလည်း ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Khan Academy Lite၊ Google Go စတဲ့ Offline/ Low-Tech ကိရိယာတွေ အသုံးချတာ၊ အသိုက်အဝန်းဗဟိုပြုသင်ယူမှုစင်တာတွေ တည်ဆောက်တာ၊ SMS သို့မဟုတ် အသံဖိုင်တိုတွေနဲ့ သင်ခန်းစာတွေ ဖြန့်ဝေတာနဲ့ ဆရာတွေကို မိုဘိုင်းဦးစားပေး နည်းလမ်းနဲ့ လေ့ကျင့်ပေးတာစတဲ့ ဗျူဟာတွေကို အကောင်အထည်ဖော်နိုင်ရင် ကျေးလက်ဒေသတွေမှာလည်း AI ကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။အနာဂတ်ပေါင်းစပ်မှုနဲ့ ကုစားနည်းAI ခေတ်ပညာရေးရဲ့ အဓိကသော့ချက်က လူသားနဲ့ AI ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ လူသားရဲ့ စာနာစိတ်နဲ့ AI ရဲ့ စွမ်းရည်ကို ပေါင်းစပ်ဖို့အတွက် ‘AI သုံးခြင်း = စာခိုးချခြင်း’ နဲ့ ‘AI မသုံးခြင်း= ခေတ်နောက်ကျခြင်း’ဆိုတဲ့ အမြင်မှားနေမှုကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ Ethical AI Usage ကို အလယ်လမ်းအဖြစ် ရွေးချယ်သုံးစွဲရပါမယ်။ AI ကို ပိတ်ပင်ခြင်းဟာ ၂၁ ရာစုကျွမ်းကျင်မှုတွေကို ပိတ်ဆို့ထားသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ပညာရေးမှာ ဆရာ၊ ကျောင်းသားနဲ့ AI တို့ရဲ့ သုံးပွင့်ဆိုင် ပေါင်းစည်းဆောင်ရွက်မှုမော်ဒယ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီမော်ဒယ်မှာ AI က အချက်အလက်ထုတ်ပေးသူ၊ ကျောင်းသားက ဝေဖန်ပိုင်းခြားသူ၊ ဆရာက တန်ဖိုးဖြတ်သူနဲ့ နည်းပြပေးသူအဖြစ် အခန်းကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် AIကြောင့် ဖြစ်ပေါ်နိုင်တဲ့ အခြေခံပြဿနာတွေကို အောက်ပါကုစားနည်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်-(က) ဆရာနဲ့ AI ရဲ့ အချက်အလက်ဘယ်ဟာ အမှန်ဖြစ်တယ်ဆိုတာ ရှုပ်ထွေးမှု။ ဆရာ ကို အလုံးစုံသိသူအဖြစ် မဟုတ်ဘဲ အတူတကွလေ့လာသူအဖြစ် ခံယူပြီး ဆရာ-တပည့်-AI သုံးပွင့်ဆိုင် ဆွေးနွေး ပွဲတွေ ဖန်တီးပါ။(ခ) အနှစ်သာရပျောက်ဆုံးမှု။ ဆရာကို Content Provider အဖြစ် မဟုတ်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုသူ၊ လမ်းပြသူအဖြစ် ပြောင်းလဲကာ လူသားဓလေ့တန်ဖိုးတွေ ကို ဖြည့်ဆည်းစေပါ။(ဂ) အခြေခံတွက်ချက်မှုနဲ့ ရေးသားမှုစွမ်းရည်ပျောက်ဆုံးမှု။ စာမေးပွဲတွေကို သုံးသပ်ချက်အက်ဆေး၊ နှုတ်ဖြေနဲ့ အဖွဲ့လိုက် ပရောဂျက်တင်ပြမှု စတာမျိုး လူကိုယ်တိုင်ပါဝင်မှုကို ဦးစားပေးအကဲဖြတ်စစ်ဆေးမှုပုံစံသို့ ပြောင်းလဲပါ။(ဃ) နည်းပညာမရှိရင် မလုပ်တတ်မှု။ ရလဒ်ကိုသာမက လုပ်ငန်းစဉ်ကိုပါ အမှတ်ပေးပါ။ AI မပါဘဲ စဉ်းစားရတဲ့ သင်ကြားမှုတွေ ထည့်သွင်းပါ။(င) စာခိုးချတာကို သာမန်ကိစ္စလို့ ထင်မြင်လာမှု။ AI အသုံးပြုမှုမူဝါဒကို တိတိကျကျချမှတ်ပြီး စာခိုးချမှု၊ ဘက်လိုက်မှု၊ သတင်းမှား စတဲ့အကြောင်းအရာတွေကို သီးခြားသင်ရိုးအဖြစ် သင်ကြားပေးပါ။အနာဂတ်ပညာရေးရဲ့ အောင်မြင်မှုက AI ရဲ့ ဒေတာတိကျမှု၊ ဆရာရဲ့ ဉာဏ်ပညာနဲ့ လမ်းညွှန်မှု၊ ကျောင်းသားရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ ကဏ္ဍသုံးရပ်ညီညွတ်မျှတ ပေါင်းစပ်နိုင်မှုအပေါ် မူတည်ပါတယ်။ ဒါကြောင့် AI ခေတ်ပညာရေးဆိုတာ ကောက်ရိုးပုံထဲကအပ်ကို ရှာတာမျိုး မဟုတ်တော့ပါဘူး။ သတင်းအချက်အလက်ဆိုတဲ့ ကောက်ရိုးပုံကြီးထဲမှာ အပ်နဲ့တူတဲ့ အဖြေမှန်ကို ရှာတာထက် ကောက်ရိုး (Data) ကို မီးမရှို့မိလိုက်ဘဲ ရွှေ(Wisdom) ဖြစ်အောင် ဖန်တီးနိုင်ဖို့က ပိုပြီးလိုအပ်ပါတယ်။အချုပ်အားဖြင့် AI က ဆရာကို အစားထိုးဖို့ မဟုတ်သလို ကျောင်းသားတွေရဲ့ မေးခွန်းတိုင်းကို ပြည့်စုံစွာ ဖြေရှင်းပေးနိုင်သူလည်း မဟုတ်ပါ။ ဒါပေမယ့် သူကမညည်းမညူ အတူရှိနိုင်တဲ့ ပညာရေးအဖော်မွန်အဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ အရေးကြီးတာက AI ကို နောက်ခံကူညီကိရိယာအဖြစ်သာထားပြီး အဓိကအဖြေရှာသူနဲ့ ဆုံးဖြတ်ချက်ချသူအဖြစ် ဆရာနဲ့ ကျောင်းသားတို့က ဆက်လက်ရပ်တည်ဖို့ ဖြစ်ပါတယ်။နည်းပညာကို ကြောက်ရွံ့မနေဘဲ ဆရာရဲ့ ရင့်ကျက်မှု၊ ကျောင်းသားရဲ့ စူးစမ်းလိုစိတ်နဲ့ AI ရဲ့ စွမ်းရည်တို့ကို ပေါင်းစပ်သုံးစွဲနိုင်ရင် ပညာရေးကဏ္ဍပိုမိုတိုးတက်လာမှာ မလွဲဧကန်ဖြစ်တာကြောင့် AI ကို ဗီလိန်မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် နားလည်လက်ခံသင့်ပါတယ်။ ဒီသုံးပွင့်ဆိုင်ပေါင်းစပ်မှုကို မြန်မာ့အစဉ်အလာ ဆရာ-တပည့် ကျင့်ဝတ်က ဟန်ချက်ညှိပေးထားမှာလည်းဖြစ်လို့ လူသားဓလေ့တန်ဖိုးတွေကို ထိန်းသိမ်းထားတဲ့ ပညာရေးခေတ်သစ်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။moi

ပညာရေးဟာ အတိတ်ကာလတွေမှာ ဆရာဦးဆောင်တဲ့ပုံစံကို အဓိကထားခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ AI (Artificial Intelligence) ဉာဏ်ရည်တုဆိုတဲ့ နည်းပညာအသစ်ရဲ့ ပါဝင်လာမှုကြောင့် ဆရာနဲ့ ကျောင်းသားတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်မှာ ရှည်လျားစွာတည်ရှိခဲ့တဲ့ ပုံသေစံနှုန်းတွေ လှုပ်ရှားသွားပြီး ပြောင်းလဲမှုအသစ်တွေကို ဖန်တီးပေးနေပါတယ်။ ဒီခေတ်ဆရာတွေအတွက် အဓိကမေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ AI နည်းပညာက ပညာရေးဝန်ကို မည်သို့ပေါ့ပါးစေနိုင်မလဲ၊ တတ်သိနားလည်မှုကို မည်မျှအထိ မြှင့်တင်ပေးနိုင်မလဲ၊ ဒါ့အပြင် ပညာရေးတန်းတူညီမျှမှုကို မည်သို့ဖော်ဆောင်ပေးနိုင်မလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲဒီကနေ ဆရာ - ကျောင်းသား- AI သုံးပွင့်ဆိုင် ပညာရေးနယ်ပယ်အသစ်တစ်ခု ပေါ်ထွန်းလာခဲ့ပါတယ်။

ပညာရေးရှုခင်းအသစ်

AI နည်းပညာပေါ်ထွက်လာပြီးနောက် ဆရာတွေအတွက် အရေးကြီးတဲ့ နောက်ထပ်မေးခွန်း တစ်ခုကတော့ “AI က မေးခွန်းတိုင်းကို ဖြေပေးနိုင်ရင် ဆရာဆိုတာ လိုအပ်ပါဦးမလား” ဆိုတာဖြစ်ပါတယ်။ ပညာရေးသုတေသီတွေနဲ့ UNESCO ရဲ့ အစီရင် ခံစာတွေကတော့ “AI က အကြောင်းအရာပိုင်းမှာ ထက်မြက်ပေမယ့် လူသားရဲ့စာနာမှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ရှုပ်ထွေးတဲ့ လူမှုရေးအခြေအနေတွေကို ကိုင်တွယ်နိုင်မှုမှာ အကန့်အသတ်ရှိတယ်”လို့ ထောက်ပြကြပါတယ်။ ဒါကတော့ AI ဟာ ဆရာရဲ့ ပြိုင်ဘက်မဟုတ်၊ ဆရာ့လုပ်ငန်းတာဝန်တွေကို ပေါ့ပါးစေမယ့် လက်ထောက်သာဖြစ်တယ်လို့ ဆိုလိုတာပါ။ ခေတ်သစ်နည်းပညာက ဆရာရဲ့ အခန်းကဏ္ဍအပေါ် အခုလိုသက်ရောက်လာပါတယ် -

(က) သုတအသိနဲ့ အမှားအမှန်ကို ဆင်ခြင်ခွဲခြားနိုင်တဲ့ပညာ။ ဆရာဟာ သတင်းအချက်အလက်ပံ့ပိုးသူအဆင့်မှ လမ်းပြသူ မီးအိမ်ရှင်အဆင့်သို့ ကူးပြောင်းရပါမယ်။ AI က ဒေတာအချက်အလက်ကို တိကျစွာပေးနိုင်ပေမယ့် အဲဒီဒေတာကို လူတွေအပေါ် အကျိုးပြုစေမယ့် အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာအဖြစ် ပြောင်းလဲသွားအောင်ကတော့ ဆရာကသာ လုပ်ဆောင်ပေးနိုင်လို့ပါ။

(ခ) တတိယအင်အားစု။ ဆရာနဲ့ တပည့်အကြားမှာ AI က ကြားခံနယ်မြေတစ်ခုအဖြစ် ရောက်ရှိလာပါတယ်။ AI ဟာ အတန်းထဲမှာ မမောနိုင်မပန်းနိုင် ဖြေကြားပေးနိုင်တဲ့ လက်ထောက်တစ်ဦးဖြစ်လာသလို ဆရာ့အတွက်လည်း သင်ခန်းစာ စီမံတာ၊ စာမေးပွဲမေးခွန်းလွှာပြုစုတာ၊ အမေးအဖြေကဏ္ဍအတွက် အကူအညီပေးတာမျိုးတွေမှာ မူကြမ်းအဆင့်မှာ အကူအညီပေးနိုင်ပါတယ်။

အဲဒါကြောင့် ဆရာရဲ့ အခန်းကဏ္ဍဟာအတန်းထဲက အာဏာပိုင်ဆရာအဖြစ်မှ လမ်းပြကြယ်အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် AI မပြည့်စုံနိုင်တဲ့အချက်ကတော့ ကျောင်းသားတစ်ဦး ချင်းစီရဲ့ စိတ်အခံ၊ ခံစားချက်နဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကို စိတ်နှလုံးဖြင့် ထွေးပွေ့နားလည်ပေးနိုင်စွမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာဟာ သင်ကြားပေးခြင်းထက် ပြုစုပျိုးထောင်ပေးခြင်းအပေါ် ပိုမိုအာရုံစိုက်နိုင်လာမှာ ဖြစ်ပါတယ်။

နည်းပညာအသစ်ကြောင့် ယနေ့ခေတ် ကျောင်းသားတွေဟာ AI ကို အသုံးပြုပြီး အဖြေရှာတာမျိုးလောက်သာမက သင်ယူမှုကို အရှိန်မြှင့်တာမျိုးကိုပါ ပြုလုပ်လာနိုင်ပါတယ်။ ကျောင်းသားတွေဟာ သင်ယူပုံအသစ်တွေဖြစ်တဲ့ လက်တွေ့အသုံးချမှုမျိုးတွေအဖြစ် ဘာသာစကားလေ့လာသူက Speaking Partner နေရာထားတာမျိုးနဲ့ အကျဉ်းချုပ်ပြုစုခိုင်းတာမျိုး AI ကို ကောင်းကောင်းအသုံးချလာကြပါတယ်။ ယခင်က ပရိုဂရမ်ရေးတာအတွက် သင်ယူဖို့ခက်ခဲတဲ့ ကုတ်ရေးနည်းကို ကျွမ်းကျင်ရမှာဖြစ်ပေမယ့် AI ပေါ်လာပြီးနောက်ပိုင်း သာမန်စကားပြောပုံစံမျိုးနဲ့ကို လိုရင်းတိုရှင်း၊ ထိထိရောက်ရောက် ရှာဖွေသင်ယူနိုင်လာပါတယ်။ ဒီအပြင် သင်ယူပုံနည်းလမ်းတွေကလည်း အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။

ကျောင်းသားတွေက AI ကို သီအိုရီသဘော တရား၊ နမူနာဥပမာ၊ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ချက်ချင်းရှာဖွေဖို့ အကူအညီပေးနိုင်တဲ့ Assistant အဖြစ်၊ မနက်ည မနားတမ်းသင်ကြားပေးနိုင်တဲ့ ကိုယ်ပိုင် Tutor အဖြစ်၊ ဒီအပြင် မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို တစ်ဆင့်မြှင့်တင်ဖို့ ဆွေးနွေးတိုင်ပင်ဖော်အဖြစ် သုံးဆွဲတတ်ကြပါတယ်။ ဒီအချက်တွေကြောင့် AI ဟာ ကိရိယာသက်သက်မဟုတ်တော့ဘဲ ပညာရေး စနစ်တစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပေးနိုင်လောက် တဲ့ ဂေဟစနစ်အပြောင်းအရွေ့တစ်ခုအဖြစ် ပေါ်ထွန်းလာပါတယ်။ AI အကျိုးပြုပေးနိုင်တာတွေကတော့-

(က)    တန်းတူညီမျှမှု ။ အရည်အချင်းပြည့်ဝတဲ့ ဆရာရှားပါးတဲ့ ဒေသတွေနဲ့ အရင်းအမြစ်နည်းပါးတဲ့ ကျောင်းတွေမှာ AI က အကောင်းဆုံးနည်းပြအစားခန့် (Personal Tutor) အဖြစ် ကွက်လပ်ဖြည့်ပေးနိုင်ပါတယ်။

(ခ)     ကိုက်ညှိသင်ယူမှု။ ပုံသေသင်ရိုးတွေအစား ကျောင်းသားတစ်ဦးချင်းစီရဲ့ စွမ်းရည်နဲ့ ကိုက်ညီတဲ့သင်ကြားမှုပုံစံအနေနဲ့ Khan Academy လို ပလက် ဖောင်းတွေမှာ AI က ကျောင်းသားရဲ့ ဖြေဆိုမှုတွေကို ချက်ချင်းခွဲခြမ်းစိတ်ဖြာ ပြီး အားနည်းချက်ရှိတဲ့ အကြောင်းအရာကို ထပ်ခါထပ်ခါ လေ့ကျင့်ခိုင်းတာ သို့မဟုတ် နောက်အဆင့် စိန်ခေါ်မှုတွေ ကို တင်ပြပေးတာမျိုးတွေ ပြုလုပ်ပေးပါတယ်။

AI ခေတ်ပဋိပက္ခနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုဆိုရာဝယ် တစ်ချိန်တည်းမှာပဲ AI ကြောင့် ဆရာနဲ့ ကျောင်းသားအကြား အမြင်ကွဲပြားခြားနားမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်-

(က) အမြင်ကွဲပြားခြားနားမှု (Divergent Perspectives)

အကြောင်းအရာ ဆရာရဲ့အမြင် (Traditional)        ကျောင်းသားရဲ့ အမြင် (AI Integrated) အသိပညာအရင်းအမြစ် ဆရာဟာ ဗဟိုချက်၊ အသိပညာကို စနစ်တကျ လက်ဆင့်ကမ်းသူ         AI က အဓိကအရင်းအမြစ်၊

ဆရာက လမ်းညွှန်သူ(Facilitator)

အချိန်နဲ့ထိရောက်မှု    ကိုယ်တိုင် အချိန်ပေးလုပ်ဆောင်တာက သင်ယူမှုရဲ့အနှစ်သာရ       AI နဲ့ မြန်မြန်ပြီးအောင်လုပ်တာက  ထိရောက်မှု (Efficiency) အရည်အချင်းအကဲဖြတ်မှု စာမေးပွဲနဲ့ အိမ်စာက စွမ်းဆောင်ရည်ရဲ့ သက်သေ AI သုံးပြီးဖြေတာကို ပိတ်ပင်တာက ခေတ်နောက်ကျတယ်လို့ ယူဆတီထွင်ဖန်တီးမှု  ကိုယ်တိုင်စာစီကုံးရေးသားတာကသာ တန်ဖိုးအစစ်အမှန်    AI ကို မူကြမ်းရေးခိုင်းပြီးမှ ပြင်ဆင်တာက ပိုမြန်ဆန်တဲ့ ဖန်တီးမှုလို့ ယူဆ

(ခ) ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုနဲ့ ကုစားမှု

(၁) ကျောင်းသားတွေအတွက် ပညာရေးဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ကို အသုံးပြုပြီး စာခိုးချတာမျိုးနဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းပျောက်ဆုံးတာမျိုးအတွက် AI ကို ‘အဖြေထုတ်စက်’အဖြစ် မသုံးဘဲ ‘စဉ်းစားဖော်’အဖြစ်သုံးတတ်အောင် လေ့ကျင့်ပေးရပါမယ်။

(၂) ဆရာတွေအတွက် ပညာရှင်ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ဖော်ထုတ်ရေး ကိရိယာတွေကို အလွန်အကျွံအားကိုးပြီး ကျောင်းသားကို မှားယွင်းစွပ်စွဲမိတာမျိုး၊ AI ရဲ့ ဘက်လိုက်မှုတွေကို မစိစစ်ဘဲသင်ကြားမိတာမျိုးတွေ မဖြစ်စေဖို့နဲ့ နည်းပညာကို မျက်စိမှိတ်ယုံကြည် မိတာမျိုးမဖြစ်စေဖို့အတွက် ဆရာရဲ့ ဆန်းစစ်သုံးသပ်မှုကို အမြဲတမ်းထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။

AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဆရာ့ဝတ်နဲ့ တပည့်ဝတ်ဆိုရာဝယ် မြန်မာ့ထုံးတမ်းစဉ်လာ ဆရာ့ဝတ်နဲ့ တပည့်ဝတ်တွေဟာ AI ခေတ်မှာ လူသားဓလေ့အခြေခံပညာရေးတန်ဖိုးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဓိက သော့ချက်ဖြစ်လာပါတယ်-

(က) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဆရာ့ကျင့်ဝတ်ငါးဖြာ။ AI ဟာ ဆရာကို အချိန်ကုန်သက်သာစေတဲ့ ကိရိယာအဖြစ် အကူအညီပေးနိုင်ပေမယ့် ဆရာရဲ့ လူသားဓလေ့ဆန်မှုက ပိုမိုအရေးကြီး လာပါတယ်။ ကျင့်ဝတ်တစ်ခုချင်း အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်-

(၁) အတတ်လည်းသင်။ AI ကပေးတဲ့ အချက်အလက်တွေရဲ့ အနှစ်သာရ ကို လူ့ဘဝ၊ ယဉ်ကျေးမှုနဲ့ ဆက်စပ် အဓိပ္ပာယ် ဖွင့်ဆိုပေးသူ ဖြစ်ရပါ မယ်။

(၂) ပဲ့ပြင်ဆုံးမ။ ဆရာက ကျောင်းသားရဲ့ ကိုယ်ကျင့်တရား၊ စိတ်ခံစားချက်နဲ့ လူမှုစွမ်းရည်ကို ပြုစုပျိုးထောင်ပေးတာမျိုးနဲ့ AI ကိုယ်ကျင့်တရားလုံခြုံမှု အကာအကွယ်ရှိစေဖို့အတွက် ဖန်တီးပေးရပါမယ်။

(၃) သိပ္ပမချန်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ AI ကို ထိထိရောက်ရောက် အသုံးချနည်း Prompt Engineering လို ၂၁ ရာစု ကျွမ်းကျင်မှုတွေကို သင်ကြားပေးရပါမယ်။

(၄) ဘေးရန်ဆီးကာ။ ကျောင်းသားတွေကို ဉာဏ်ရည်တုစာတတ်မြောက်မှု (AI Literacy) နဲ့ ဒစ်ဂျစ်တယ်နိုင်ငံ သားကျင့်ဝတ် (Digital Citizen-ship)တွေကို သိရှိလိုက်နာစေတာ မျိုးနဲ့ သတင်းမှား၊ နည်းပညာသုံး ရုပ်သံတုနဲ့ ဘက်လိုက်မှု၊ စာခိုးချမှုနဲ့ နည်းပညာမှီခိုမှုဆိုတဲ့ နည်းပညာရဲ့ အန္တရာယ်လေးမျိုးမှ ကာကွယ်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ဘေးအန္တရာယ်ကာကွယ်သူဖြစ်ရပါမယ်။

(၅)     သင့်ရာအပ်ပို့။ AI မှ ရရှိတဲ့ အချက် အလက်တွေကို အခြေခံပြီး ကျောင်း သားရဲ့ ဝါသနာ၊ စွမ်းရည်နဲ့ အနာဂတ် လမ်းကြောင်းအတွက် စိတ်နှလုံးနဲ့ ထွေးပွေ့ပြီး လမ်းညွှန်မှုပေးရပါမယ်။

(ခ) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ တပည့်ကျင့်ဝတ်ငါးဖြာ။ မြန်မာ့ထုံးတမ်းစဉ်လာ တပည့်ဝတ်ငါးဖြာနဲ့အညီ ကျောင်းသားတွေအနေနဲ့ AI ကို ကျင့်ဝတ်သိက္ခာ ရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အတွက်ကတော့-

(၁) ညီညာထကြွ။ AI ကို တစ်ဦးတည်းသင်ယူတဲ့ ကိရိယာအနေမျိုးသာမက အဖွဲ့လိုက် လုပ်ဆောင်မှုအတွက်ကိုပါ အသုံးချပြီး လူသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတန်ဖိုးကို ထိန်းသိမ်းဖို့၊ AI ထံမှ အဖြေရယူတာထက် မေးခွန်းထုတ်စွမ်းရည်နဲ့ မိမိရဲ့ တွေးခေါ်မှုစွမ်းရည်ကို တက်ကြွစွာ မြှင့်တင်တာမျိုးနဲ့ ဉာဏ်ပညာဖြင့်ကြိုးစားမှု ပုံစံသစ်သို့ ပြောင်းလဲရပါမယ်။

(၂) ဆုံးမနာယူ။ AI ရဲ့အဖြေတွေကို လုံးဝဥဿုံအမှန်လို့ မမှတ်ယူလိုက် ဘဲ ဆရာရဲ့ လမ်းညွှန်မှုကို ခံယူပြီး ဝေဖန်ပိုင်းခြားစစ်ဆေးတဲ့ လေ့ကျင့်မှုနဲ့ AI နဲ့ ဆရာရဲ့ အခန်းကဏ္ဍနှစ်ရပ်ကို ပေါင်းစပ်လက်ခံပြီး မိမိရဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တည်ဆောက်ရပါမယ်။

(၃) လာမူကြိုဆီး။ ဒစ်ဂျစ်တယ်လောကဝတ်ဖြင့် ဆရာကို လေးစားမှုပြရပါမယ်။ (ဥပမာ- AI အသုံးပြုမှုကို ပွင့်လင်းမြင်သာစွာ တင်ပြဖို့)

(၄) ထံနီးလုပ်ကျွေး။ မိမိသိရှိထားတဲ့ နည်းပညာအသစ်တွေနဲ့ AI Tool တွေကို ဆရာနဲ့ အတန်းဖော်တွေထံ မျှဝေကူညီတာနဲ့ AI ရဲ့ အဖြေတွေကို ကိုယ်တိုင်နားလည်စစ်ဆေးပြီး သင်ယူမှုဝန်းကျင်အတွင်း ရှင်းပြအကူအညီပေးတာမျိုး အစရှိတဲ့ AI ကို ကိုယ်ပိုင်အကျိုးအတွက်သာမက အသိပညာမျှဝေ၊ ပူးပေါင်းလေ့လာမှုကို အားပေးတဲ့ လူမှုတာဝန်ယူစိတ်နဲ့ သုံးစွဲရပါမယ်။

(၅) သင်တွေးအံရွတ်။ AI ရဲ့ အကူအညီနဲ့ အချက်အလက်တွေကို အာဂုံဆောင်ဖို့ လိုအပ်ချက်လျော့ကျသွားတာနဲ့အမျှ ပိုရလာတဲ့အချိန်ကို ပေါင်းစပ်ဖန်တီးတာမျိုးနဲ့ အကဲဖြတ်တာမျိုး စတဲ့အဆင့်မြင့်တွေးခေါ်မှုစွမ်းရည် ဖွံ့ဖြိုးစေဖို့အတွက် အသုံးချရပါမယ်။

ထည့်သွင်းစဉ်းစားရမယ့်အချက်များ

AI ဟာ ပညာရေးအတွက် အံ့သြဖွယ်ကိရိယာ တစ်ခုဖြစ်ပြီး သင်ယူမှုကို အဆင်ပြေစေတဲ့ အကျိုးကျေးဇူးများစွာ ပေးနိုင်ပါတယ်။ ဒါပေမယ့် AI ကို အသုံးပြုတဲ့အခါ အမှားအယွင်းတွေနဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ ထွက်ပေါ်နိုင်တာမျိုးနဲ့ ဒေတာအရင်းအမြစ်တွေကနေ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ ဘက်လိုက်မှုတွေ ပါဝင်နိုင်တာကိုတော့ သတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် AI ကို တိကျမှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ဆရာရဲ့ လမ်းညွှန်မှုနဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားတတ်မှုစွမ်းရည်ကို ပေါင်းစပ်အသုံးချမှသာ ပညာရေးအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးမှာ မိဘရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာမှာဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေကို ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ AI ကို ဘေးကင်းစွာ အသုံးပြုနည်း၊ အင်တာနက်ပေါ်က သတင်းမှားတွေကို စိစစ်နိုင်တဲ့ နည်းလမ်းတွေကို အိမ်မှာပဲ စောစီးစွာ လမ်းညွှန်ပေးနိုင်တဲ့ ပထမဆုံးလမ်းပြသူအဖြစ် ရပ်တည်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI နဲ့ Screen Time များလာတာကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့၊ ကလေးတွေ လူမှုရေး၊ စိတ်ခံစားချက်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အိမ်ဝန်းကျင်မှာ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ AI ခေတ်မှာ မိဘတွေဟာ နည်းပညာကို အတူတကွသင်ယူပြီး ကလေးတွေရဲ့ ပညာရေးခရီးမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းသင်ဖော်အဖြစ် ပါဝင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

AI ရဲ့ အကျိုးကျေးဇူးတွေကို အင်တာနက်နဲ့ နည်းပညာအခက်အခဲရှိတဲ့ ကျေးလက်ဒေသတွေမှာလည်း ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Khan Academy Lite၊ Google Go စတဲ့ Offline/ Low-Tech ကိရိယာတွေ အသုံးချတာ၊ အသိုက်အဝန်းဗဟိုပြုသင်ယူမှုစင်တာတွေ တည်ဆောက်တာ၊ SMS သို့မဟုတ် အသံဖိုင်တိုတွေနဲ့ သင်ခန်းစာတွေ ဖြန့်ဝေတာနဲ့ ဆရာတွေကို မိုဘိုင်းဦးစားပေး နည်းလမ်းနဲ့ လေ့ကျင့်ပေးတာစတဲ့ ဗျူဟာတွေကို အကောင်အထည်ဖော်နိုင်ရင် ကျေးလက်ဒေသတွေမှာလည်း AI ကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်ပေါင်းစပ်မှုနဲ့ ကုစားနည်း

AI ခေတ်ပညာရေးရဲ့ အဓိကသော့ချက်က လူသားနဲ့ AI ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ လူသားရဲ့ စာနာစိတ်နဲ့ AI ရဲ့ စွမ်းရည်ကို ပေါင်းစပ်ဖို့အတွက် ‘AI သုံးခြင်း = စာခိုးချခြင်း’ နဲ့ ‘AI မသုံးခြင်း= ခေတ်နောက်ကျခြင်း’ဆိုတဲ့ အမြင်မှားနေမှုကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ Ethical AI Usage ကို အလယ်လမ်းအဖြစ် ရွေးချယ်သုံးစွဲရပါမယ်။ AI ကို ပိတ်ပင်ခြင်းဟာ ၂၁ ရာစုကျွမ်းကျင်မှုတွေကို ပိတ်ဆို့ထားသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ပညာရေးမှာ ဆရာ၊ ကျောင်းသားနဲ့ AI တို့ရဲ့ သုံးပွင့်ဆိုင် ပေါင်းစည်းဆောင်ရွက်မှုမော်ဒယ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီမော်ဒယ်မှာ AI က အချက်အလက်ထုတ်ပေးသူ၊ ကျောင်းသားက ဝေဖန်ပိုင်းခြားသူ၊ ဆရာက တန်ဖိုးဖြတ်သူနဲ့ နည်းပြပေးသူအဖြစ် အခန်းကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် AIကြောင့် ဖြစ်ပေါ်နိုင်တဲ့ အခြေခံပြဿနာတွေကို အောက်ပါကုစားနည်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်-

(က) ဆရာနဲ့ AI ရဲ့ အချက်အလက်ဘယ်ဟာ အမှန်ဖြစ်တယ်ဆိုတာ ရှုပ်ထွေးမှု။ ဆရာ ကို အလုံးစုံသိသူအဖြစ် မဟုတ်ဘဲ အတူတကွလေ့လာသူအဖြစ် ခံယူပြီး ဆရာ-တပည့်-AI သုံးပွင့်ဆိုင် ဆွေးနွေး ပွဲတွေ ဖန်တီးပါ။

(ခ) အနှစ်သာရပျောက်ဆုံးမှု။ ဆရာကို Content Provider အဖြစ် မဟုတ်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုသူ၊ လမ်းပြသူအဖြစ် ပြောင်းလဲကာ လူသားဓလေ့တန်ဖိုးတွေ ကို ဖြည့်ဆည်းစေပါ။

(ဂ)     အခြေခံတွက်ချက်မှုနဲ့ ရေးသားမှုစွမ်းရည်ပျောက်ဆုံးမှု။ စာမေးပွဲတွေကို သုံးသပ်ချက်အက်ဆေး၊ နှုတ်ဖြေနဲ့ အဖွဲ့လိုက် ပရောဂျက်တင်ပြမှု စတာမျိုး လူကိုယ်တိုင်ပါဝင်မှုကို ဦးစားပေးအကဲဖြတ်စစ်ဆေးမှုပုံစံသို့ ပြောင်းလဲပါ။

(ဃ) နည်းပညာမရှိရင် မလုပ်တတ်မှု။ ရလဒ်ကိုသာမက လုပ်ငန်းစဉ်ကိုပါ အမှတ်ပေးပါ။ AI မပါဘဲ စဉ်းစားရတဲ့ သင်ကြားမှုတွေ ထည့်သွင်းပါ။

(င)  စာခိုးချတာကို သာမန်ကိစ္စလို့ ထင်မြင်လာမှု။ AI အသုံးပြုမှုမူဝါဒကို တိတိကျကျချမှတ်ပြီး စာခိုးချမှု၊ ဘက်လိုက်မှု၊ သတင်းမှား စတဲ့အကြောင်းအရာတွေကို သီးခြားသင်ရိုးအဖြစ် သင်ကြားပေးပါ။

အနာဂတ်ပညာရေးရဲ့ အောင်မြင်မှုက AI ရဲ့ ဒေတာတိကျမှု၊ ဆရာရဲ့ ဉာဏ်ပညာနဲ့ လမ်းညွှန်မှု၊ ကျောင်းသားရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ ကဏ္ဍသုံးရပ်ညီညွတ်မျှတ ပေါင်းစပ်နိုင်မှုအပေါ် မူတည်ပါတယ်။ ဒါကြောင့် AI ခေတ်ပညာရေးဆိုတာ ကောက်ရိုးပုံထဲကအပ်ကို ရှာတာမျိုး မဟုတ်တော့ပါဘူး။ သတင်းအချက်အလက်ဆိုတဲ့ ကောက်ရိုးပုံကြီးထဲမှာ အပ်နဲ့တူတဲ့ အဖြေမှန်ကို ရှာတာထက် ကောက်ရိုး (Data) ကို မီးမရှို့မိလိုက်ဘဲ ရွှေ(Wisdom) ဖြစ်အောင် ဖန်တီးနိုင်ဖို့က ပိုပြီးလိုအပ်ပါတယ်။

အချုပ်အားဖြင့် AI က ဆရာကို အစားထိုးဖို့ မဟုတ်သလို ကျောင်းသားတွေရဲ့ မေးခွန်းတိုင်းကို ပြည့်စုံစွာ ဖြေရှင်းပေးနိုင်သူလည်း မဟုတ်ပါ။ ဒါပေမယ့် သူကမညည်းမညူ အတူရှိနိုင်တဲ့ ပညာရေးအဖော်မွန်အဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ အရေးကြီးတာက AI ကို နောက်ခံကူညီကိရိယာအဖြစ်သာထားပြီး အဓိကအဖြေရှာသူနဲ့ ဆုံးဖြတ်ချက်ချသူအဖြစ် ဆရာနဲ့ ကျောင်းသားတို့က ဆက်လက်ရပ်တည်ဖို့ ဖြစ်ပါတယ်။

နည်းပညာကို ကြောက်ရွံ့မနေဘဲ ဆရာရဲ့ ရင့်ကျက်မှု၊ ကျောင်းသားရဲ့ စူးစမ်းလိုစိတ်နဲ့ AI ရဲ့ စွမ်းရည်တို့ကို ပေါင်းစပ်သုံးစွဲနိုင်ရင် ပညာရေးကဏ္ဍပိုမိုတိုးတက်လာမှာ မလွဲဧကန်ဖြစ်တာကြောင့် AI ကို ဗီလိန်မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် နားလည်လက်ခံသင့်ပါတယ်။ ဒီသုံးပွင့်ဆိုင်ပေါင်းစပ်မှုကို မြန်မာ့အစဉ်အလာ ဆရာ-တပည့် ကျင့်ဝတ်က ဟန်ချက်ညှိပေးထားမှာလည်းဖြစ်လို့ လူသားဓလေ့တန်ဖိုးတွေကို ထိန်းသိမ်းထားတဲ့ ပညာရေးခေတ်သစ်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

moi

မောင်မောင်လင်း

AI နည်းပညာအသုံးချ ကျေးလက်ဒေသဖွံ့ဖြိုးရေး
-
ယနေ့ခေတ်တွင် နိုင်ငံတော်တော်များများ၊ နယ်ပယ်တော်တော်များများ၌ AI ခေါ် ဉာဏ်ရည်တု နည်းပညာရပ်များကို တွင်တွင်ကျယ်ကျယ်အသုံးချလာနေသည်ကို တွေ့ရသည်။ အသုံးပြုရလွယ်ကူသည့် AI Assistance Apps များလည်း အများအပြားပေါ်ပေါက်လာပြီဖြစ်ရာ အချက်အလက်မှန်သည်၊ မှားသည် အပထား အလွယ်တကူအသုံးပြုနိုင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ စဦးပိုင်း အခြေအနေထက်စာလျှင်လည်း အချက်အလက်များပိုမိုမှန်ကန်မှုရှိလာသလို အထောက်အကူပြု ကိရိယာတစ်ခုအနေဖြင့် အတော်လေးအားကိုးအားထားပြု၍ ရလာသည်ကိုလည်း တွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသော တရုတ် - အာဆီယံစိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် AI မျက်မှန်များအသုံးပြုခြင်း၊ AI လူသားအရင်းအမြစ်ပြခန်း (Artificial Intelligence HR Pavilion ပြခန်း) ထည့်သွင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး AI agents များ၊ စာသားအချက်အလက်အများကြီးကို သင်ယူထားသော AI မော်ဒယ် (Large Language models)နှင့် ဉာဏ်ရည်တုစက်ရုပ်များအပါအဝင် AI နည်းပညာထုတ်ကုန်ပေါင်း ၁၂၀၀ ခန့် ပြသခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ စာရေးသူ၏ တစ်ဦးတည်း ပုဂ္ဂလိကအမြင်အရမူ AI သည် “သုံးတတ်လျှင်ဆေးဖြစ်ပြီး မသုံးတတ်လျှင်ဘေးဖြစ်စေမည့်အရာ”။ သို့သော် ခေတ်နှင့်အညီ အမီဖွံ့ဖြိုးဖို့ကြိုးစားရာတွင် AI ကို ဆေးအဖြစ်အသုံးချတတ်ရန် လိုအပ်ပါမည်။ အထူးသဖြင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြားဖွံ့ဖြိုးလာစေရေးတွင် AI နည်းပညာအသုံးချနိုင်မှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ရှုမြင်မိပါသည်။ထို့အတူ စာရေးသူကိုယ်တိုင်လည်း AI ကို စမ်းသပ်အသုံးပြုကြည့်ဖြစ်သည့်အပြင် AI မှ တစ်ဆင့်ပင် AI အကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်ဖြစ်သလို “ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍစုံတွင် AI ကို ဘယ်နည်းဘယ်ပုံအသုံးချ၍ရမလဲ”ဆိုသည်မျိုးမှအစမေးပြီး ဤဆောင်းပါးရေးဖြစ်ခဲ့သည်။AI (Artificial Intelligence)ဆိုတာ ဘာလဲAI(ဉာဏ်ရည်တု)နည်းပညာဆိုသည်မှာ စက်များ(ကွန်ပျူတာများ)ဖြင့် ဖန်တီးထားသည့် လူသားဉာဏ်ရည်နှင့်တူသော လူသားကဲ့သို့ လုပ်ဆောင်နိုင်သောစွမ်းရည်ကို ဆိုလိုပါသည်။ အဆိုပါ ဉာဏ်ရည်တု နည်းပညာဖြင့် အချက်အလက်များ၊ ပုံစံများကို သင်ယူမွမ်းမံနိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်များချနိုင်ခြင်း၊ ရှုပ်ထွေးသောအခြေအနေများတွင် အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေနိုင်ခြင်း၊ လူတို့၏ဘာသာစကားကို နားလည်ပြီး တုံ့ပြန်နိုင်ခြင်းနှင့် ရုပ်ပုံ၊ ဗီဒီယိုများကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ယေဘုယျအားဖြင့် AI ကို General AI (လူသား ဉာဏ်ရည်ကဲ့သို့ နေရာစုံတွင် သင်ယူနိုင်စွမ်းရှိသော AI) နှင့် Narrow AI (အကန့်အသတ်ဖြင့်သာ တိကျစွာအလုပ်လုပ်နိုင်သော AI)ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ ထိုနှစ်မျိုးလုံးတွင် အချက်အလက်များမှတစ်ဆင့် အလိုအလျောက်သင်ယူတတ်သောစနစ်၊ ပုံများကို မြင်တတ်ခွဲခြားတတ်သောစနစ်နှင့် လူတို့၏ ဘာသာစကားအသီးသီးကို နားလည်သောစနစ်များ ပါဝင်ပါသည်။ကျေးလက်ဖွံ့ဖြိုးရေးနှင့် AI အကြားဆက်နွှယ်မှုAI သည် ကျေးလက်ဒေသများအား ရိုးရာနည်းလမ်းများသုံးစွဲရင်း ခေတ်နောက်ကျ ကျန်ရစ်နေသည့် အခြေအနေမှ ခေတ်မီတိုးတက်သော နည်းပညာအခြေပြုဖွံ့ဖြိုးမှုဆီသို့ ကူးပြောင်းရန် ကူညီပေးနိုင်သည့်အပြင် ပစ္စည်းကိရိယာချို့တဲ့မှု၊ အခြေခံအဆောက်အအုံနည်းပါးမှုနှင့် လူငယ်ဦးရေဆုတ်ယုတ်လာမှုစသည့် ကျေးလက်ဒေသများ၏ သဘာဝအရရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများကို ပိုမိုကောင်းမွန်‌အောင် ဆောင်ရွက်လာနိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်၍ ဒေသအလိုက်လိုအပ်ချက်နှင့် ကိုက်ညီသော ဖြေရှင်းနည်းများ ဖန်တီးနိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်နည်းပညာများကို AI က ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။AI အသုံးချ စိုက်ပျိုးမွေးမြူရေးကဏ္ဍကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် စိုက်ပျိုးရေးအကြောင်း ဦးစွာမေးဖြစ်သည်။ AI နည်းပညာဖြင့် Smart Agriculture ဖြစ်သည့် မြေဆီလွှာအခြေအနေ၊ ရာသီဥတု၊ သီးနှံအခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ ရေနှင့်ဓာတ်မြေဩဇာအသုံးပြုမှုကို အချိန်နှင့်တစ်ပြေးညီ ညွှန်ပြပေးနိုင်ခြင်း (ဥပမာ- Droneမှ ရိုက်ကူးထား သောပုံများကို AI က ခွဲခြမ်းပြီး မည်သည့်နေရာတွင် ပိုးမွှားကျနေသည်၊ ရေလိုအပ်နေသည်စသည်ဖြင့် သိရှိနိုင်ခြင်း)တို့ကို ဆောင်ရွက်နိုင်ပါမည်။ မြေဆီလွှာအခြေအနေခွဲခြမ်းခြင်း၊ ရေသွင်းရေထုတ်အချိန်ညှိခြင်း၊ ပိုးမွှားရောဂါကြိုတင်အသိပေးခြင်း၊ သီးနှံအထွက်နှုန်းခန့်မှန်းခြင်း၊ သီးနှံရိတ်သိမ်းချိန်ခန့်မှန်းခြင်း (AI ဖြင့် သီးနှံအထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဈေးကွက်ဆီသို့ ထိထိရောက်ရောက်ပို့နိုင်ခြင်း)နှင့် တိရစ္ဆာန်ကျန်းမာရေး (ကျွဲ၊ နွားများ၏ ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်တိုးတက်မှုတို့ကို စောင့်ကြည့်နိုင်ခြင်း)တို့ကို Drone များဖြင့် လေကြောင်းမှစောင့်ကြည့်ခြင်း၊ Sensor များတပ်ဆင် တိုင်းတာခြင်းနှင့် AI အကြံပေးစနစ်များ အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာ အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာ အခြေပြုစနစ်အသုံးပြုခြင်းဖြင့် ရာသီဥတု၊ မြေဆီလွှာအခြေအနေ၊ ရေလိုအပ်ချက်၊ သီးနှံရောဂါရှာဖွေရေးနှင့် သီးနှံအထွက်နှုန်းတို့ကို တိကျစွာခန့်မှန်းခြင်း၊ ရေနှင့်ဓာတ်မြေဩဇာ ချွေတာနိုင်ခြင်း၊ အထွက်နှုန်းမြှင့်တင်နိုင်ခြင်း၊ ရောဂါနှင့် ပိုးမွှားများကို စောစီးစွာသိရှိနိုင်ခြင်း၊ သီးနှံပျက်စီးမှုကို လျှော့ချနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။AI အသုံးချကျေးလက်ကျန်းမာရေးကဏ္ဍAI ရောဂါရှာဖွေရေးကိရိယာ (AI Diagnostic Support/ Health Data Analytics - ကျေးလက်ဒေသရှိ ကျန်းမာရေးဝန်ထမ်းများအား AI စနစ်များဖြင့် ရောဂါလက္ခဏာများကို ပိုမိုမြန်ဆန်စွာ ရှာဖွေခွဲခြားနိုင်အောင် ကူညီပေးနိုင်ခြင်း၊ အဝေးမှဆေးကုသမှု (Tele medicine)၊ မိုဘိုင်းကျန်းမာရေး Apps၊ ကျေးလက်ဆေးခန်းများအတွက် AI အကူ (ကျေးလက်ဒေသများတွင် ဘာသာစကားအခက်အခဲရှိပါက AIဘာသာပြန်ကိရိယာများက ဆေးညွှန်းများကို ဒေသိယစကားသို့ ပြန်ဆိုပေးနိုင်ခြင်း)၊ လက်ကိုင်ဖုန်းကင်မရာဖြင့် ရောဂါရှာခြင်း၊ Video Call ဖြင့် ဆရာဝန်ပြခြင်းနှင့် AI Chatbot များဖြင့် အကြံဉာဏ်ရယူခြင်းစသည့် AI အခြေပြုကျေးလက် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။AI အသုံးချ ကျေးလက်ပညာရေးကဏ္ဍနိုင်ငံဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ပညာရေးသည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါသည်။ “နိုင်ငံဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်လည်းရှိပါသည်။ AI အခြေပြု ပညာရေးစနစ်များဖြစ်သည့် e-Learning Platforms၊ AI Tutor Systems (Offline & Online Personalized Learning Path) AI သင်ကြားရေးပလက်ဖောင်းများကို အသုံးပြု၍ ဘာသာစကားသင်ကြားရေး၊ နည်းပညာဆိုင်ရာသင်တန်းများ၊ အခမဲ့အွန်လိုင်းသင်တန်းများကို ပို့ချဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံဘာသာစကားဖြင့် သင်ယူနိုင်ခြင်း (AI ဘာသာပြန်ဆောဖ့်ဝဲများသည် မြန်မာဘာသာစကားမှ တိုင်းရင်းသားဘာသာစကားများသို့လည်းကောင်း၊ အင်္ဂလိပ်စာသင်ယူရာတွင်လည်းကောင်း အထောက်အကူပြုနိုင်ခြင်း)၊ ကျောင်းသားတစ်ဦးချင်းစီ၏သင်ယူနိုင်စွမ်းကို အခြေခံ၍ သင့်တော်သောသင်ခန်းစာများကို အလိုအလျောက်ညှိနှိုင်းပေးနိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးနှင့်ပတ်သက်သည့် App များထံမှ အကူအညီရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။AI အသုံးချ ကျေးလက်စီးပွားရေးကဏ္ဍကျေးလက်စီးပွားရေးကဏ္ဍတွင်လည်း ကျေးရွာထုတ်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်း၊ AI ဖြင့် ကြော်ငြာစာသားဖန်တီးခြင်း၊ ကျေးလက်ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ အွန်လိုင်းရောင်းဝယ်ရေးစသည့် AI အသုံးချကျေးလက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများဖြစ်သော AI ချေးငွေစနစ်(ကျေးလက်လုပ်ငန်းငယ်များအတွက် ချေးငွေအဆင်ပြေစေခြင်း)၊ မိုဘိုင်း App များမှတစ်ဆင့် ချေးငွေပေးခြင်း (AI ဖြင့် ချေးသူ၏ ယုံကြည်စိတ်ချရမှုဆန်းစစ်ခြင်း)၊ ငွေပေးချေခြင်း၊ ကျေးရွာအစုအဖွဲ့ ငွေကြေးစီမံခန့်ခွဲမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ကျေးလက်စီးပွားရေးကဏ္ဍတွင် AI နည်းပညာအသုံးချခြင်းဖြင့် ကျေးလက်ထုတ်ကုန်များအတွက် ဈေးကွက်လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ ထိရောက်သော ရောင်းချမှုနည်းလမ်းများ ညွှန်ပြပေးနိုင်ခြင်း၊ AI အခြေပြု ဈေးကွက်ရှာဖွေရေးကိရိယာများဖြင့် ကျေးလက်ထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန်ကူညီပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။AI အသုံးချ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင်လည်း AI ကို နည်းလမ်းမျိုးစုံဖြင့် အသုံးချနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ကျေးလက်လမ်းများကို GIS mapping ဖြင့် နေရာရွေးချယ်ခြင်း (GIS Mapping & Smart Road Design)၊ Drone imagery ဖြင့် လမ်းအခြေအနေစောင့်ကြည့်ခြင်း၊ Predictive maintenance ဖြင့် ပြုပြင်ထိန်းသိမ်းမှု ကြိုတင်စီမံနိုင်ခြင်းများ ဆောင်ရွက်နိုင်သကဲ့သို့ ကျေးလက်ရေပေးရေးကဏ္ဍတွင်လည်း AI အခြေခံ ရေစီးဆင်းမှုခန့်မှန်းခြင်း (AI Water Flow Prediction)၊ မိုးရေစုဆောင်းခြင်းစနစ် (Rainwater Harvesting Optimization)၊ ရေကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲပေးပြီး ရေနှင့်စွမ်းအင်ကိုချွေတာကာ အပင်ကြီးထွားမှုကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်သော အလိုအလျောက်ရေပေးသွင်းစနစ် (Smart Irrigation Systems)များကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။AI ဖြင့် ဒရုန်းမှ ရိုက်ကူးထားသော ကျေးလက်လမ်းများ၏ပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာ၍ ပြင်ဆင်ရန် လိုအပ်သောနေရာများကို အလိုအလျောက်ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့အတူ ကျေးလက်ရေပေးဝေရေးစနစ်အတွင်း ရေသွင်းရေထုတ်စနစ်၊ ရေလွှဲလမ်းကြောင်းများကို AI ဖြင့် စီမံခန့်ခွဲနိုင်မည်ဖြစ်သကဲ့သို့ ကျေးလက်မီးလင်းရေးကဏ္ဍတွင်လည်း ဆိုလာစွမ်းအင်ထုတ်လုပ်မှုစောင့်ကြည့်ခြင်း (Solar Grid Monitoring/ Remote Monitoring)၊ AI အသုံးပြုအလိုအလျောက် ဝန်အားထိန်းညှိခြင်း (AI Load Balancing for Rural Electricity)၊ စွမ်းအင်သုံးစွဲမှုဆန်းစစ်ခြင်း (Energy Consumption Analytics)တို့ကို ဆောင်ရွက်နိုင်ပြီး ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်ထိရောက်စွာ ဖြန့်ဖြူးနိုင်စေမည့် အကျိုးကျေးဇူးကို ရရှိစေနိုင်ပါသည်။သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် AI အသုံးပြုကျေးလက်သယ်ယူပို့ဆောင်ရေး (AI- Powered Rural Transportation)၊ လိုအပ်ချက်အပေါ် အခြေခံသောပို့ဆောင်ရေး (Demand- Responsive Transportation-DRT)၊ ဖြန့်ဖြူးရေးနှင့် ကုန်စည်ပို့ဆောင်ရေးစီမံခန့်ခွဲမှု (Logistics & Delivery Management)၊ ကြိုတင်ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှု (Predictive Maintenance)၊ ကြိုတင်ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Mobile App များမှတစ်ဆင့် သွားချင်သည့်နေရာကို ကြိုတင်ဘွတ်ကင်လုပ်နိုင်ခြင်း၊ AI စနစ်ဖြင့် ဘတ်စ်ကား/ယာဉ်ငယ်လေးတွေကို ခရီးသည်ရှိသည့်နေရာကို (Ride-Sharing/ Pooling) တူရာလမ်းကြောင်း ချိန်ညှိပေးနိုင်ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူမြန်ဆန်စေခြင်း၊ ကျေးလက်ထွက်ကုန်များ၏ ဈေးကွက်ရောက်ရှိမှု ပိုမိုမြန်ဆန်လာစေခြင်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။စာရေးသူသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို နှစ်ရှည်လများတစိုက်မတ်မတ် ဆောင်ရွက်လာခဲ့သူဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် AI နည်းပညာရပ်များ တွင်တွင်ကျယ်ကျယ် အသုံးချလာနိုင်စေရန် ကြိုးပမ်းချင်စိတ် ပြင်းပြနေမိပါသည်။လက်ရှိတွင် စာရေးသူတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများဖောက်လုပ်ရာတွင် GIS Mapping စနစ် အသုံးပြုလျက်ရှိသလို ရေရရှိရေးတွင် RWMIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ ရေမီတာအတွက် Pre-paid Meter စနစ်အသုံးပြုခြင်း၊ ကျေးလက်မီးလင်းရေးတွင် Smart Meter များအသုံးပြု၍ Pre-paid စနစ်ဖြင့် ဓာတ်အားခကောက်ခံခြင်း၊ Remote Monitoring စနစ်ဖြင့် ဓာတ်အားထုတ်လုပ်သုံးစွဲမှုအခြေအနေ၊ ဓာတ်အားပေးစနစ်၏လည်ပတ်မှုအခြေအနေတို့ကို စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင်လည်း MIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ Mobile Banking စနစ်ဖြင့် ချေးငွေထုတ်ချေးခြင်း၊ အတိုး/အရင်း ပြန်လည်ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ထို့ပြင် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village)တွင်လည်း Web App တည်ထောင်ထားရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဈေးကွက်ဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဖန်တီးဆောင်ရွက်ပေးထားပါသည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (Village Development Project) များတွင်လည်း ကျေးရွာအလိုက် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Annual Village Investment Programme- AVIP)များအား Website တွင် ဖော်ပြထားရှိပြီး သတင်းအချက်အလက် ဖြန့်ဝေသည့်နည်းလမ်းကို အသုံးပြုလျက်ရှိပါသည်။ ဌာနဝန်ထမ်းများ၏ လစာငွေကိုလည်း Mobile Payment စနစ်ဖြင့် ထုတ်ပေးလျက်ရှိသည့် အပြင်ဌာနတွင်းရှိ ဝန်ထမ်းသက်သာဆိုင်များ၏ ရောင်းဝယ်ဖောက်ကားမှုကိုပါ Mobile Payment စနစ်ဖြင့် ရောင်းချဝယ်ယူနိုင်အောင် စီမံထားရှိပါသည်။အတိုင်းအတာတစ်ခုအထိ Digital အခြေပြုကျေးလက်ဒေသဖွံ့ဖြိုးရေးဆီ ဦးတည်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ဆောင်ရွက်လျက်လည်း ရှိပါသည်။ Digital နည်းပညာသည် AI ၏ အခြေခံဖြစ်ပြီး AI သည် Digital နည်းပညာ၏ အဆင့်မြင့်လက်နက် (Tool)တစ်ခုဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော ခေတ်ကိုအမီလိုက်နိုင်ရေး AI ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချက်ချင်းလက်ငင်း ဝုန်းခနဲဒိုင်းခနဲ စတင်အကောင်အထည်ဖော်ရန် လွယ်ကူမည်တော့မဟုတ်။ ထို့ကြောင့် ငါးနှစ်စာရှေ့ပြေးစီမံချက်ကို အဆိုပြုတင်ပြနိုင်ဖို့ AI ၏ အကူအညီဖြင့်ပင် အကြမ်းဖျင်းရေးဆွဲကြည့်ဖြစ်ပါသည်။ AI နည်းပညာအသုံးပြု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးအကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအမံ (၂၀၂၅-၂၀၃၀)၂၀၂၅-၂၀၃၀ အစီအမံ၏ အဓိကရည်ရွယ်ရင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တွင် AI နည်းပညာပေါင်းစပ်အသုံးချနိုင်ရန်၊ ရှိပြီးသား ရည်မှန်းချက်များကို ဒေတာအခြေပြုဆုံးဖြတ်မှုတိုးတက်အောင်လုပ်ရန်၊ ရေပေးရေး၊ မီးလင်းရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် AI စနစ်အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူတောင်သူများနှင့် MSME များအတွက် AI အခြေပြုကြိုတင်ခန့်မှန်းစနစ်များအသုံးပြုရန်၊ ပညာရေးနှင့် နည်းပညာသင်တန်းကျောင်းများတွင် AI အသုံးပြုရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ကြိုတင်ခန့်မှန်းချက်များအတွက် AI အသုံးပြုရန် တို့ဖြစ်ပါသည်။အကောင်အထည်ဖော် ဆောင်ရွက်ရန်အဆင့်များလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အဆင့်များမှာ အချက်အလက်စုဆောင်းခြင်းနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသတွင် AI စနစ် စတင်အသုံးပြု နိုင်ရေးအတွက် ကျေးရွာ၏လိုအပ်ချက်ဆန်းစစ်ခြင်း (စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်များတွင် ရင်ဆိုင်နေရသောအဓိကပြဿနာများ၊ ကျေးရွာ၏အင်တာနက်အခြေအနေ၊ စမတ်ဖုန်းအသုံးပြုနိုင်မှုစသည့် နည်းပညာအခြေခံအဆောက်အအုံများ ရှိ/မရှိ)၊ ဒေသခံပြည်သူများကို AI အသုံးပြုမှု အခြေခံနည်းပညာသင်တန်းများပေးခြင်း (ရိုးရှင်းလွယ်ကူသော AIကိရိယာများ၊ ဥပမာ- AI ဘာသာပြန်ကိရိယာများ၊ ကျေးလက်ဒေသအတွက် ရာသီဥတုခန့်မှန်းချက်ပေးသော App များ စတင်အသုံးပြု စေခြင်း)၊ ကုန်ကျစရိတ်သက်သာပြီး ရိုးရှင်းသောနည်းပညာ (Low-tech & Low-cost)ကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ခြင်း၊ ကျေးလက်နေပြည်သူ ဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် စုဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရေးအသိုက်အဝန်း၊ သုတေသနအဖွဲ့အစည်းများ၊ NGOs များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ AI အသုံးချမှုများတိုးချဲ့ခြင်း၊ စောင့်ကြည့်စစ်ဆေး ပြန်လည်သုံးသပ်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး စီမံဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အဆင့်(၁)အနေဖြင့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်တွင် အချက်အလက်စုဆောင်းခြင်းနှင့် AI အကြောင်း အသိပညာပေးပြီး စမ်းသပ်ဆောင်ရွက်ခြင်း၊ အဆင့်(၂)အနေဖြင့် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် AI အသုံးချမှုများတိုးချဲ့ဆောင်ရွက်ခြင်း၊ အဆင့်(၃)အနေဖြင့် (၂၀၂၉-၂၀၃၀) ဘဏ္ဍာရေးနှစ်တွင် စိစစ်အကဲဖြတ်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် သုံးသပ်ပြင်ဆင်ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေပါမည်။မျှော်မှန်းရလဒ်များမျှော်မှန်းရလဒ်များအနေဖြင့် ကျေးလက်အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုးတက်လာမည်ဖြစ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်မှု မြင့်မားလာမည်ဖြစ်ခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများလက်လှမ်းမီမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ တိုးမြှင့်ခံစားရရှိလာနိုင်မည်ဖြစ်ခြင်း၊ ကျေးလက်နှင့်မြို့ပြကွာဟမှုလျှော့ချပေးနိုင်မည်ဖြစ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ခြင်းတို့ မျှော်မှန်းထားပါသည်။တွေ့ကြုံရနိုင်သည့်စိန်ခေါ်မှုများဒစ်ဂျစ်တယ်ကွာဟချက်အဖြစ် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်ရရှိအသုံးပြုနိုင်မှု၊ နည်းပညာပစ္စည်းများ လက်လှမ်းမီမှုတို့တွင် လိုအပ်ချက်ရှိနိုင်ခြင်း၊ AI စနစ်များ ထိရောက်စွာအလုပ်လုပ်နိုင်ရန် လုံလောက်သော အချက်အလက်များ လိုအပ်ချက်ရှိနိုင်ခြင်း၊ AI အသိပညာ (AI literacy)၊ AI နည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်သည့်အဆင့်သို့ ရောက်ရှိရန် လိုအပ်ချက်ရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများပါ ဖြည့်ဆည်းရနိုင်သဖြင့် ကုန်ကျစရိတ်မြင့်မားနိုင်ခြင်းစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။ဖြေရှင်းမည့်နည်းလမ်းအထက်ဖော်ပြပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများမှာ အင်တာနက်မလိုသော AI ကိရိယာများ (Offline AI Apps) အသုံးပြုခြင်း၊ ကျေးလက်နေပြည်သူများကိုယ်တိုင် AI အသိပညာ(AI literacy)နှင့် AI နည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်စေရန် သင်ကြားပေးခြင်း၊ AI ကိရိယာများကို ဒေသခံဘာသာစကားဖြင့် အသုံးပြုနိုင်စေရန်ပြင်ဆင်ခြင်း၊ ကျေးလက်ဒေသနှင့် လိုက်လျောညီထွေရှိမည့် ကုန်ကျစရိတ်သက်သာပြီး ရိုးရှင်းသောနည်းပညာများ ရွေးချယ်အသုံးပြုခြင်းတို့ပဲ ဖြစ်ပါသည်။သုံးသပ်အကြံပြုချက်များကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် AI ကို အသုံးချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အရည်အသွေးမြင့်မားလာစေရန် ကျေးလက်ဒေသများ၏ လိုအပ်ချက်များကို နည်းပညာများဖြင့် ဖြေရှင်းပေးပြီး အမှီအခိုကင်းသော ခေတ်မီလူမှုအသိုက်အဝန်းတစ်ရပ် ဖော်ဆောင်ပေးခြင်းနှင့် ကျေးလက်ဒေသများ၏ ရေ၊ မြေ၊ လုပ်သား အင်အားစသည့်အရင်းအမြစ် နည်းပါးမှုတို့ကို နည်းပညာအသုံးပြု၍ ကောင်းစွာစီမံနိုင်ခြင်းတို့ကြောင့် AI သည် ကျေးလက်ဒေသများအတွက် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်းနှင့် ကျေးလက်စီးပွားရေးကိုမြှင့်တင်နိုင်ရန် AI နည်းပညာကို အသုံးချဆောင်ရွက်သင့်ကြောင်း သုံးသပ်မိပါသည်။ သို့ရာတွင် AI နည်းပညာအသုံးချမည်ဆိုပါက အချက်အလက်စီမံကွပ်ကဲမှု(Data Governance)၊ ကျင့်ဝတ်ဆိုင်ရာ(Privacy & ethical)၊ AI Guideline များ စနစ်တကျချမှတ်ထားရှိရန် လွန်စွာအရေးကြီးပါသည်။ကျေးလက်ဖွံ့ဖြိုးရေးတွင် AI နည်းပညာကို အောင်မြင်စွာ အသုံးချနိုင်ရန် အဓိကအချက်သုံးချက်မှာ-(၁) ကျေးလက်နေပြည်သူကို ဗဟိုပြုသည့်ချဉ်းကပ်ခြင်း။ ဒေသခံများ၏ ပါဝင်ဆွေးနွေးမှုနှင့် ၎င်းတို့၏လိုအပ်ချက်များကို နားထောင်၍ ၎င်းတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေးအတွက် အထောက် အကူပြုစေမည့် AI နည်းပညာများကို အသုံးချရန်၊(၂) ရေရှည်တည်တံ့သော စီမံကိန်းဒီဇိုင်းဖြစ်ရန်လိုအပ်ခြင်း။ စတင်အကောင်အထည် ဖော်သည့်အဆင့်တွင်သာမက ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည့် ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ကြိုတင်စဉ်းစားထားရှိရန်၊(၃) သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူကျေးရွာသားများအားလုံးပါဝင်သော Cross Functional AI Council (ကဏ္ဍစုံ AI ကော်မတီ)ကို ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။သတိပြုရှောင်ကြဉ်ရန်အချက်များAI နည်းပညာကို အသုံးပြုကြရာတွင် သတိပြုရှောင်ကြဉ်ရမည့်အချက်များမှာ AI နည်းပညာသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စွမ်းအားကောင်းသော ကိရိယာတစ်ခုဖြစ်သော်လည်း ယင်းကို သတိရှိရှိ၊ စနစ်တကျ၊ ကျင့်ဝတ်နှင့်အညီအသုံးချရန် အထူးအရေးကြီးပါသည်။ အချက်အလက်များ ဖြည့်သွင်းရာတွင် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များမပါရှိစေရေး သတိပြုကာကွယ်ရန်၊ အချက်အလက်စုဆောင်းမှုနှင့် အသုံးချမှုအပိုင်းတွင် လုံခြုံရေးသတိအမြဲရှိရန် လိုအပ်ပြီး AI စနစ်များသည် မှားယွင်းသော/ အန္တရာယ်ရှိသော အကြံပြုချက်များပေးနိုင်သဖြင့် ဖြစ်တန်စွမ်းအားကို ဉာဏ်ဖြင့်ယှဉ်၍စဉ်းစား သုံးသပ်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။AI စနစ်အပေါ် မှီခိုမှု များပြားလာပါက လူသားတို့၏ တွေးခေါ်ကြံဆနိုင်မှု စွမ်းရည်ကျဆင်းလာနိုင်သဖြင့် အလွန်အမင်းမှီခိုမှုမပြုဘဲ အထောက်အကူပြုကိရိယာတစ်ခုအဖြစ်သာ အသုံးချသင့်ပြီး ကျေးလက်ဒေသများဖွံ့ဖြိုးရေးတွင်မူ AI အသုံးချနည်းပညာကဏ္ဍဖွံ့ဖြိုးလာစေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။moi

ယနေ့ခေတ်တွင် နိုင်ငံတော်တော်များများ၊ နယ်ပယ်တော်တော်များများ၌ AI ခေါ် ဉာဏ်ရည်တု နည်းပညာရပ်များကို တွင်တွင်ကျယ်ကျယ်အသုံးချလာနေသည်ကို တွေ့ရသည်။ အသုံးပြုရလွယ်ကူသည့် AI Assistance Apps များလည်း အများအပြားပေါ်ပေါက်လာပြီဖြစ်ရာ အချက်အလက်မှန်သည်၊ မှားသည် အပထား အလွယ်တကူအသုံးပြုနိုင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ စဦးပိုင်း အခြေအနေထက်စာလျှင်လည်း အချက်အလက်များပိုမိုမှန်ကန်မှုရှိလာသလို အထောက်အကူပြု ကိရိယာတစ်ခုအနေဖြင့် အတော်လေးအားကိုးအားထားပြု၍ ရလာသည်ကိုလည်း တွေ့ရှိရပါသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသော တရုတ် - အာဆီယံစိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် AI မျက်မှန်များအသုံးပြုခြင်း၊ AI လူသားအရင်းအမြစ်ပြခန်း (Artificial Intelligence HR Pavilion ပြခန်း) ထည့်သွင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး AI agents များ၊ စာသားအချက်အလက်အများကြီးကို သင်ယူထားသော AI မော်ဒယ်(Large Language models)နှင့် ဉာဏ်ရည်တုစက်ရုပ်များအပါအဝင် AI နည်းပညာထုတ်ကုန်ပေါင်း ၁၂၀၀ ခန့် ပြသခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ စာရေးသူ၏ တစ်ဦးတည်း ပုဂ္ဂလိကအမြင်အရမူ AI သည် “သုံးတတ်လျှင်ဆေးဖြစ်ပြီး မသုံးတတ်လျှင်ဘေးဖြစ်စေမည့်အရာ”။ သို့သော် ခေတ်နှင့်အညီ အမီဖွံ့ဖြိုးဖို့ကြိုးစားရာတွင် AI ကို ဆေးအဖြစ်အသုံးချတတ်ရန် လိုအပ်ပါမည်။ အထူးသဖြင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြားဖွံ့ဖြိုးလာစေရေးတွင် AI နည်းပညာအသုံးချနိုင်မှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ရှုမြင်မိပါသည်။

ထို့အတူ စာရေးသူကိုယ်တိုင်လည်း AI ကို စမ်းသပ်အသုံးပြုကြည့်ဖြစ်သည့်အပြင် AI မှ တစ်ဆင့်ပင် AI အကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်ဖြစ်သလို “ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍစုံတွင် AI ကို ဘယ်နည်းဘယ်ပုံအသုံးချ၍ရမလဲ”ဆိုသည်မျိုးမှအစမေးပြီး ဤဆောင်းပါးရေးဖြစ်ခဲ့သည်။

AI (Artificial Intelligence)ဆိုတာ ဘာလဲ

AI(ဉာဏ်ရည်တု)နည်းပညာဆိုသည်မှာ စက်များ(ကွန်ပျူတာများ)ဖြင့် ဖန်တီးထားသည့် လူသားဉာဏ်ရည်နှင့်တူသော လူသားကဲ့သို့ လုပ်ဆောင်နိုင်သောစွမ်းရည်ကို ဆိုလိုပါသည်။ အဆိုပါ ဉာဏ်ရည်တု နည်းပညာဖြင့် အချက်အလက်များ၊ ပုံစံများကို သင်ယူမွမ်းမံနိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်များချနိုင်ခြင်း၊ ရှုပ်ထွေးသောအခြေအနေများတွင် အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေနိုင်ခြင်း၊ လူတို့၏ဘာသာစကားကို နားလည်ပြီး တုံ့ပြန်နိုင်ခြင်းနှင့် ရုပ်ပုံ၊ ဗီဒီယိုများကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

ယေဘုယျအားဖြင့် AI ကို General AI (လူသား ဉာဏ်ရည်ကဲ့သို့ နေရာစုံတွင် သင်ယူနိုင်စွမ်းရှိသော AI) နှင့် Narrow AI (အကန့်အသတ်ဖြင့်သာ တိကျစွာအလုပ်လုပ်နိုင်သော AI)ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ ထိုနှစ်မျိုးလုံးတွင် အချက်အလက်များမှတစ်ဆင့် အလိုအလျောက်သင်ယူတတ်သောစနစ်၊ ပုံများကို မြင်တတ်ခွဲခြားတတ်သောစနစ်နှင့် လူတို့၏ ဘာသာစကားအသီးသီးကို နားလည်သောစနစ်များ ပါဝင်ပါသည်။

ကျေးလက်ဖွံ့ဖြိုးရေးနှင့် AI အကြားဆက်နွှယ်မှု

AI သည် ကျေးလက်ဒေသများအား ရိုးရာနည်းလမ်းများသုံးစွဲရင်း ခေတ်နောက်ကျ ကျန်ရစ်နေသည့် အခြေအနေမှ ခေတ်မီတိုးတက်သော နည်းပညာအခြေပြုဖွံ့ဖြိုးမှုဆီသို့ ကူးပြောင်းရန် ကူညီပေးနိုင်သည့်အပြင် ပစ္စည်းကိရိယာချို့တဲ့မှု၊ အခြေခံအဆောက်အအုံနည်းပါးမှုနှင့် လူငယ်ဦးရေဆုတ်ယုတ်လာမှုစသည့် ကျေးလက်ဒေသများ၏ သဘာဝအရရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများကို ပိုမိုကောင်းမွန်‌အောင် ဆောင်ရွက်လာနိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်၍ ဒေသအလိုက်လိုအပ်ချက်နှင့် ကိုက်ညီသော ဖြေရှင်းနည်းများ ဖန်တီးနိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်နည်းပညာများကို AI က ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

AI အသုံးချ စိုက်ပျိုးမွေးမြူရေးကဏ္ဍ

ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် စိုက်ပျိုးရေးအကြောင်း ဦးစွာမေးဖြစ်သည်။ AI နည်းပညာဖြင့် Smart Agriculture ဖြစ်သည့် မြေဆီလွှာအခြေအနေ၊ ရာသီဥတု၊ သီးနှံအခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ ရေနှင့်ဓာတ်မြေဩဇာအသုံးပြုမှုကို အချိန်နှင့်တစ်ပြေးညီ ညွှန်ပြပေးနိုင်ခြင်း (ဥပမာ- Droneမှ ရိုက်ကူးထား သောပုံများကို AI က ခွဲခြမ်းပြီး မည်သည့်နေရာတွင် ပိုးမွှားကျနေသည်၊ ရေလိုအပ်နေသည်စသည်ဖြင့် သိရှိနိုင်ခြင်း)တို့ကို ဆောင်ရွက်နိုင်ပါမည်။ မြေဆီလွှာအခြေအနေခွဲခြမ်းခြင်း၊ ရေသွင်းရေထုတ်အချိန်ညှိခြင်း၊ ပိုးမွှားရောဂါကြိုတင်အသိပေးခြင်း၊ သီးနှံအထွက်နှုန်းခန့်မှန်းခြင်း၊ သီးနှံရိတ်သိမ်းချိန်ခန့်မှန်းခြင်း (AI ဖြင့် သီးနှံအထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဈေးကွက်ဆီသို့ ထိထိရောက်ရောက်ပို့နိုင်ခြင်း)နှင့် တိရစ္ဆာန်ကျန်းမာရေး (ကျွဲ၊ နွားများ၏ ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်တိုးတက်မှုတို့ကို စောင့်ကြည့်နိုင်ခြင်း)တို့ကို Drone များဖြင့် လေကြောင်းမှစောင့်ကြည့်ခြင်း၊ Sensor များတပ်ဆင် တိုင်းတာခြင်းနှင့် AI အကြံပေးစနစ်များ အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာ အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာ အခြေပြုစနစ်အသုံးပြုခြင်းဖြင့် ရာသီဥတု၊ မြေဆီလွှာအခြေအနေ၊ ရေလိုအပ်ချက်၊ သီးနှံရောဂါရှာဖွေရေးနှင့် သီးနှံအထွက်နှုန်းတို့ကို တိကျစွာခန့်မှန်းခြင်း၊ ရေနှင့်ဓာတ်မြေဩဇာ ချွေတာနိုင်ခြင်း၊ အထွက်နှုန်းမြှင့်တင်နိုင်ခြင်း၊ ရောဂါနှင့် ပိုးမွှားများကို စောစီးစွာသိရှိနိုင်ခြင်း၊ သီးနှံပျက်စီးမှုကို လျှော့ချနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။

AI အသုံးချကျေးလက်ကျန်းမာရေးကဏ္ဍ

AI ရောဂါရှာဖွေရေးကိရိယာ (AI Diagnostic Support/ Health Data Analytics - ကျေးလက်ဒေသရှိ ကျန်းမာရေးဝန်ထမ်းများအား AI စနစ်များဖြင့် ရောဂါလက္ခဏာများကို ပိုမိုမြန်ဆန်စွာ ရှာဖွေခွဲခြားနိုင်အောင် ကူညီပေးနိုင်ခြင်း၊ အဝေးမှဆေးကုသမှု (Tele medicine)၊ မိုဘိုင်းကျန်းမာရေး Apps၊ ကျေးလက်ဆေးခန်းများအတွက် AI အကူ (ကျေးလက်ဒေသများတွင် ဘာသာစကားအခက်အခဲရှိပါက AIဘာသာပြန်ကိရိယာများက ဆေးညွှန်းများကို ဒေသိယစကားသို့ ပြန်ဆိုပေးနိုင်ခြင်း)၊ လက်ကိုင်ဖုန်းကင်မရာဖြင့် ရောဂါရှာခြင်း၊ Video Call ဖြင့် ဆရာဝန်ပြခြင်းနှင့် AI Chatbot များဖြင့် အကြံဉာဏ်ရယူခြင်းစသည့် AI အခြေပြုကျေးလက် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။

AI အသုံးချ ကျေးလက်ပညာရေးကဏ္ဍ

နိုင်ငံဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ပညာရေးသည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါသည်။ “နိုင်ငံဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်လည်းရှိပါသည်။ AI အခြေပြု ပညာရေးစနစ်များဖြစ်သည့် e-Learning Platforms၊ AI Tutor Systems (Offline & Online Personalized Learning Path) AI သင်ကြားရေးပလက်ဖောင်းများကို အသုံးပြု၍ ဘာသာစကားသင်ကြားရေး၊ နည်းပညာဆိုင်ရာသင်တန်းများ၊ အခမဲ့အွန်လိုင်းသင်တန်းများကို ပို့ချဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံဘာသာစကားဖြင့် သင်ယူနိုင်ခြင်း (AI ဘာသာပြန်ဆောဖ့်ဝဲများသည် မြန်မာဘာသာစကားမှ တိုင်းရင်းသားဘာသာစကားများသို့လည်းကောင်း၊ အင်္ဂလိပ်စာသင်ယူရာတွင်လည်းကောင်း အထောက်အကူပြုနိုင်ခြင်း)၊ ကျောင်းသားတစ်ဦးချင်းစီ၏သင်ယူနိုင်စွမ်းကို အခြေခံ၍ သင့်တော်သောသင်ခန်းစာများကို အလိုအလျောက်ညှိနှိုင်းပေးနိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးနှင့်ပတ်သက်သည့် App များထံမှ အကူအညီရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

AI အသုံးချ ကျေးလက်စီးပွားရေးကဏ္ဍ

ကျေးလက်စီးပွားရေးကဏ္ဍတွင်လည်း ကျေးရွာထုတ်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်း၊ AI ဖြင့် ကြော်ငြာစာသားဖန်တီးခြင်း၊ ကျေးလက်ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ အွန်လိုင်းရောင်းဝယ်ရေးစသည့် AI အသုံးချကျေးလက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများဖြစ်သော AI ချေးငွေစနစ်(ကျေးလက်လုပ်ငန်းငယ်များအတွက် ချေးငွေအဆင်ပြေစေခြင်း)၊ မိုဘိုင်း App များမှတစ်ဆင့် ချေးငွေပေးခြင်း (AI ဖြင့် ချေးသူ၏ ယုံကြည်စိတ်ချရမှုဆန်းစစ်ခြင်း)၊ ငွေပေးချေခြင်း၊ ကျေးရွာအစုအဖွဲ့ ငွေကြေးစီမံခန့်ခွဲမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကျေးလက်စီးပွားရေးကဏ္ဍတွင် AI နည်းပညာအသုံးချခြင်းဖြင့် ကျေးလက်ထုတ်ကုန်များအတွက် ဈေးကွက်လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ ထိရောက်သော ရောင်းချမှုနည်းလမ်းများ ညွှန်ပြပေးနိုင်ခြင်း၊ AI အခြေပြု ဈေးကွက်ရှာဖွေရေးကိရိယာများဖြင့် ကျေးလက်ထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန်ကူညီပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

AI အသုံးချ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ

ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင်လည်း AI ကို နည်းလမ်းမျိုးစုံဖြင့် အသုံးချနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ကျေးလက်လမ်းများကို GIS mapping ဖြင့် နေရာရွေးချယ်ခြင်း (GIS Mapping & Smart Road Design)၊ Drone imagery ဖြင့် လမ်းအခြေအနေစောင့်ကြည့်ခြင်း၊ Predictive maintenance ဖြင့် ပြုပြင်ထိန်းသိမ်းမှု ကြိုတင်စီမံနိုင်ခြင်းများ ဆောင်ရွက်နိုင်သကဲ့သို့ ကျေးလက်ရေပေးရေးကဏ္ဍတွင်လည်း AI အခြေခံ ရေစီးဆင်းမှုခန့်မှန်းခြင်း (AI Water Flow Prediction)၊ မိုးရေစုဆောင်းခြင်းစနစ် (Rainwater Harvesting Optimization)၊ ရေကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲပေးပြီး ရေနှင့်စွမ်းအင်ကိုချွေတာကာ အပင်ကြီးထွားမှုကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်သော အလိုအလျောက်ရေပေးသွင်းစနစ် (Smart Irrigation Systems)များကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

AI ဖြင့် ဒရုန်းမှ ရိုက်ကူးထားသော ကျေးလက်လမ်းများ၏ပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာ၍ ပြင်ဆင်ရန် လိုအပ်သောနေရာများကို အလိုအလျောက်ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့အတူ ကျေးလက်ရေပေးဝေရေးစနစ်အတွင်း ရေသွင်းရေထုတ်စနစ်၊ ရေလွှဲလမ်းကြောင်းများကို AI ဖြင့် စီမံခန့်ခွဲနိုင်မည်ဖြစ်သကဲ့သို့ ကျေးလက်မီးလင်းရေးကဏ္ဍတွင်လည်း ဆိုလာစွမ်းအင်ထုတ်လုပ်မှုစောင့်ကြည့်ခြင်း (Solar Grid Monitoring/ Remote Monitoring)၊ AI အသုံးပြုအလိုအလျောက် ဝန်အားထိန်းညှိခြင်း (AI Load Balancing for Rural Electricity)၊ စွမ်းအင်သုံးစွဲမှုဆန်းစစ်ခြင်း (Energy Consumption Analytics)တို့ကိုဆောင်ရွက်နိုင်ပြီး ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်ထိရောက်စွာ ဖြန့်ဖြူးနိုင်စေမည့် အကျိုးကျေးဇူးကို ရရှိစေနိုင်ပါသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် AI အသုံးပြုကျေးလက်သယ်ယူပို့ဆောင်ရေး (AI- Powered Rural Transportation)၊ လိုအပ်ချက်အပေါ် အခြေခံသောပို့ဆောင်ရေး (Demand- Responsive Transportation-DRT)၊ ဖြန့်ဖြူးရေးနှင့် ကုန်စည်ပို့ဆောင်ရေးစီမံခန့်ခွဲမှု (Logistics & Delivery Management)၊ ကြိုတင်ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှု (Predictive Maintenance)၊ ကြိုတင်ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Mobile App များမှတစ်ဆင့် သွားချင်သည့်နေရာကို ကြိုတင်ဘွတ်ကင်လုပ်နိုင်ခြင်း၊ AI စနစ်ဖြင့် ဘတ်စ်ကား/ယာဉ်ငယ်လေးတွေကို ခရီးသည်ရှိသည့်နေရာကို (Ride-Sharing/ Pooling) တူရာလမ်းကြောင်း ချိန်ညှိပေးနိုင်ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူမြန်ဆန်စေခြင်း၊ ကျေးလက်ထွက်ကုန်များ၏ ဈေးကွက်ရောက်ရှိမှု ပိုမိုမြန်ဆန်လာစေခြင်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

စာရေးသူသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို နှစ်ရှည်လများတစိုက်မတ်မတ် ဆောင်ရွက်လာခဲ့သူဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် AI နည်းပညာရပ်များ တွင်တွင်ကျယ်ကျယ် အသုံးချလာနိုင်စေရန် ကြိုးပမ်းချင်စိတ် ပြင်းပြနေမိပါသည်။

လက်ရှိတွင် စာရေးသူတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများဖောက်လုပ်ရာတွင် GIS Mapping စနစ် အသုံးပြုလျက်ရှိသလို ရေရရှိရေးတွင် RWMIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ ရေမီတာအတွက် Pre-paid Meter စနစ်အသုံးပြုခြင်း၊ ကျေးလက်မီးလင်းရေးတွင် Smart Meter များအသုံးပြု၍ Pre-paid စနစ်ဖြင့် ဓာတ်အားခကောက်ခံခြင်း၊ Remote Monitoring စနစ်ဖြင့် ဓာတ်အားထုတ်လုပ်သုံးစွဲမှုအခြေအနေ၊ ဓာတ်အားပေးစနစ်၏လည်ပတ်မှုအခြေအနေတို့ကို စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင်လည်း MIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ Mobile Banking စနစ်ဖြင့် ချေးငွေထုတ်ချေးခြင်း၊ အတိုး/အရင်း ပြန်လည်ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village)တွင်လည်း Web App တည်ထောင်ထားရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဈေးကွက်ဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဖန်တီးဆောင်ရွက်ပေးထားပါသည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (Village Development Project) များတွင်လည်း ကျေးရွာအလိုက် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Annual Village Investment Programme- AVIP)များအား Website တွင် ဖော်ပြထားရှိပြီး သတင်းအချက်အလက် ဖြန့်ဝေသည့်နည်းလမ်းကို အသုံးပြုလျက်ရှိပါသည်။ ဌာနဝန်ထမ်းများ၏ လစာငွေကိုလည်း Mobile Payment စနစ်ဖြင့် ထုတ်ပေးလျက်ရှိသည့် အပြင်ဌာနတွင်းရှိ ဝန်ထမ်းသက်သာဆိုင်များ၏ ရောင်းဝယ်ဖောက်ကားမှုကိုပါ Mobile Payment စနစ်ဖြင့် ရောင်းချဝယ်ယူနိုင်အောင် စီမံထားရှိပါသည်။

အတိုင်းအတာတစ်ခုအထိ Digital အခြေပြုကျေးလက်ဒေသဖွံ့ဖြိုးရေးဆီ ဦးတည်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ဆောင်ရွက်လျက်လည်း ရှိပါသည်။ Digital နည်းပညာသည် AI ၏ အခြေခံဖြစ်ပြီး AI သည် Digital နည်းပညာ၏ အဆင့်မြင့်လက်နက် (Tool)တစ်ခုဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော ခေတ်ကိုအမီလိုက်နိုင်ရေး AI ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချက်ချင်းလက်ငင်း ဝုန်းခနဲဒိုင်းခနဲ စတင်အကောင်အထည်ဖော်ရန် လွယ်ကူမည်တော့မဟုတ်။ ထို့ကြောင့် ငါးနှစ်စာရှေ့ပြေးစီမံချက်ကို အဆိုပြုတင်ပြနိုင်ဖို့ AI ၏ အကူအညီဖြင့်ပင် အကြမ်းဖျင်းရေးဆွဲကြည့်ဖြစ်ပါသည်။

 AI နည်းပညာအသုံးပြု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးအကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအမံ (၂၀၂၅-၂၀၃၀)

၂၀၂၅-၂၀၃၀ အစီအမံ၏ အဓိကရည်ရွယ်ရင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တွင် AI နည်းပညာပေါင်းစပ်အသုံးချနိုင်ရန်၊ ရှိပြီးသား ရည်မှန်းချက်များကို ဒေတာအခြေပြုဆုံးဖြတ်မှုတိုးတက်အောင်လုပ်ရန်၊ ရေပေးရေး၊ မီးလင်းရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် AI စနစ်အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူတောင်သူများနှင့် MSME များအတွက် AI အခြေပြုကြိုတင်ခန့်မှန်းစနစ်များအသုံးပြုရန်၊ ပညာရေးနှင့် နည်းပညာသင်တန်းကျောင်းများတွင် AI အသုံးပြုရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ကြိုတင်ခန့်မှန်းချက်များအတွက် AI အသုံးပြုရန် တို့ဖြစ်ပါသည်။

အကောင်အထည်ဖော် ဆောင်ရွက်ရန်အဆင့်များ

လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အဆင့်များမှာ အချက်အလက်စုဆောင်းခြင်းနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသတွင် AI စနစ် စတင်အသုံးပြု နိုင်ရေးအတွက် ကျေးရွာ၏လိုအပ်ချက်ဆန်းစစ်ခြင်း (စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်များတွင် ရင်ဆိုင်နေရသောအဓိကပြဿနာများ၊ ကျေးရွာ၏အင်တာနက်အခြေအနေ၊ စမတ်ဖုန်းအသုံးပြုနိုင်မှုစသည့် နည်းပညာအခြေခံအဆောက်အအုံများ ရှိ/မရှိ)၊ ဒေသခံပြည်သူများကို AI အသုံးပြုမှု အခြေခံနည်းပညာသင်တန်းများပေးခြင်း (ရိုးရှင်းလွယ်ကူသော AIကိရိယာများ၊ ဥပမာ- AI ဘာသာပြန်ကိရိယာများ၊ ကျေးလက်ဒေသအတွက် ရာသီဥတုခန့်မှန်းချက်ပေးသော App များ စတင်အသုံးပြု စေခြင်း)၊ ကုန်ကျစရိတ်သက်သာပြီး ရိုးရှင်းသောနည်းပညာ (Low-tech & Low-cost)ကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ခြင်း၊ ကျေးလက်နေပြည်သူ ဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် စုဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရေးအသိုက်အဝန်း၊ သုတေသနအဖွဲ့အစည်းများ၊ NGOs များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ AI အသုံးချမှုများတိုးချဲ့ခြင်း၊ စောင့်ကြည့်စစ်ဆေး ပြန်လည်သုံးသပ်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး စီမံဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်

အဆင့်(၁)အနေဖြင့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်တွင် အချက်အလက်စုဆောင်းခြင်းနှင့် AI အကြောင်း အသိပညာပေးပြီး စမ်းသပ်ဆောင်ရွက်ခြင်း၊ အဆင့်(၂)အနေဖြင့် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် AI အသုံးချမှုများတိုးချဲ့ဆောင်ရွက်ခြင်း၊ အဆင့်(၃)အနေဖြင့် (၂၀၂၉-၂၀၃၀) ဘဏ္ဍာရေးနှစ်တွင် စိစစ်အကဲဖြတ်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် သုံးသပ်ပြင်ဆင်ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေပါမည်။

မျှော်မှန်းရလဒ်များ

မျှော်မှန်းရလဒ်များအနေဖြင့် ကျေးလက်အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုးတက်လာမည်ဖြစ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်မှု မြင့်မားလာမည်ဖြစ်ခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများလက်လှမ်းမီမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ တိုးမြှင့်ခံစားရရှိလာနိုင်မည်ဖြစ်ခြင်း၊ ကျေးလက်နှင့်မြို့ပြကွာဟမှုလျှော့ချပေးနိုင်မည်ဖြစ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ခြင်းတို့ မျှော်မှန်းထားပါသည်။

တွေ့ကြုံရနိုင်သည့်စိန်ခေါ်မှုများ

ဒစ်ဂျစ်တယ်ကွာဟချက်အဖြစ် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်ရရှိအသုံးပြုနိုင်မှု၊ နည်းပညာပစ္စည်းများ လက်လှမ်းမီမှုတို့တွင် လိုအပ်ချက်ရှိနိုင်ခြင်း၊ AI စနစ်များ ထိရောက်စွာအလုပ်လုပ်နိုင်ရန် လုံလောက်သော အချက်အလက်များ လိုအပ်ချက်ရှိနိုင်ခြင်း၊ AI အသိပညာ (AI literacy)၊ AI နည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်သည့်အဆင့်သို့ ရောက်ရှိရန် လိုအပ်ချက်ရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများပါ ဖြည့်ဆည်းရနိုင်သဖြင့် ကုန်ကျစရိတ်မြင့်မားနိုင်ခြင်းစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။

ဖြေရှင်းမည့်နည်းလမ်း

အထက်ဖော်ပြပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများမှာ အင်တာနက်မလိုသော AI ကိရိယာများ (Offline AI Apps) အသုံးပြုခြင်း၊ ကျေးလက်နေပြည်သူများကိုယ်တိုင် AI အသိပညာ(AI literacy)နှင့် AI နည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်စေရန် သင်ကြားပေးခြင်း၊ AI ကိရိယာများကို ဒေသခံဘာသာစကားဖြင့် အသုံးပြုနိုင်စေရန်ပြင်ဆင်ခြင်း၊ ကျေးလက်ဒေသနှင့် လိုက်လျောညီထွေရှိမည့် ကုန်ကျစရိတ်သက်သာပြီး ရိုးရှင်းသောနည်းပညာများ ရွေးချယ်အသုံးပြုခြင်းတို့ပဲ ဖြစ်ပါသည်။

သုံးသပ်အကြံပြုချက်များ

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် AI ကို အသုံးချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အရည်အသွေးမြင့်မားလာစေရန် ကျေးလက်ဒေသများ၏ လိုအပ်ချက်များကို နည်းပညာများဖြင့် ဖြေရှင်းပေးပြီး အမှီအခိုကင်းသော ခေတ်မီလူမှုအသိုက်အဝန်းတစ်ရပ် ဖော်ဆောင်ပေးခြင်းနှင့် ကျေးလက်ဒေသများ၏ ရေ၊ မြေ၊ လုပ်သား အင်အားစသည့်အရင်းအမြစ် နည်းပါးမှုတို့ကို နည်းပညာအသုံးပြု၍ ကောင်းစွာစီမံနိုင်ခြင်းတို့ကြောင့် AI သည် ကျေးလက်ဒေသများအတွက် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်းနှင့် ကျေးလက်စီးပွားရေးကိုမြှင့်တင်နိုင်ရန် AI နည်းပညာကို အသုံးချဆောင်ရွက်သင့်ကြောင်း သုံးသပ်မိပါသည်။ သို့ရာတွင် AI နည်းပညာအသုံးချမည်ဆိုပါက အချက်အလက်စီမံကွပ်ကဲမှု(Data Governance)၊ ကျင့်ဝတ်ဆိုင်ရာ(Privacy & ethical)၊ AI Guideline များ စနစ်တကျချမှတ်ထားရှိရန် လွန်စွာအရေးကြီးပါသည်။

ကျေးလက်ဖွံ့ဖြိုးရေးတွင် AI နည်းပညာကို အောင်မြင်စွာ အသုံးချနိုင်ရန် အဓိကအချက်သုံးချက်မှာ-

(၁) ကျေးလက်နေပြည်သူကို ဗဟိုပြုသည့်ချဉ်းကပ်ခြင်း။ ဒေသခံများ၏ ပါဝင်ဆွေးနွေးမှုနှင့် ၎င်းတို့၏လိုအပ်ချက်များကို နားထောင်၍ ၎င်းတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေးအတွက် အထောက် အကူပြုစေမည့် AI နည်းပညာများကို အသုံးချရန်၊

(၂) ရေရှည်တည်တံ့သော စီမံကိန်းဒီဇိုင်းဖြစ်ရန်လိုအပ်ခြင်း။ စတင်အကောင်အထည် ဖော်သည့်အဆင့်တွင်သာမက ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည့် ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ကြိုတင်စဉ်းစားထားရှိရန်၊

(၃) သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူကျေးရွာသားများအားလုံးပါဝင်သော Cross Functional AI Council (ကဏ္ဍစုံ AI ကော်မတီ)ကို ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။

သတိပြုရှောင်ကြဉ်ရန်အချက်များ

AI နည်းပညာကို အသုံးပြုကြရာတွင် သတိပြုရှောင်ကြဉ်ရမည့်အချက်များမှာ AI နည်းပညာသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စွမ်းအားကောင်းသော ကိရိယာတစ်ခုဖြစ်သော်လည်း ယင်းကို သတိရှိရှိ၊ စနစ်တကျ၊ ကျင့်ဝတ်နှင့်အညီအသုံးချရန် အထူးအရေးကြီးပါသည်။ အချက်အလက်များ ဖြည့်သွင်းရာတွင် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များမပါရှိစေရေး သတိပြုကာကွယ်ရန်၊ အချက်အလက်စုဆောင်းမှုနှင့် အသုံးချမှုအပိုင်းတွင် လုံခြုံရေးသတိအမြဲရှိရန် လိုအပ်ပြီး AI စနစ်များသည် မှားယွင်းသော/ အန္တရာယ်ရှိသော အကြံပြုချက်များပေးနိုင်သဖြင့် ဖြစ်တန်စွမ်းအားကို ဉာဏ်ဖြင့်ယှဉ်၍စဉ်းစား သုံးသပ်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

AI စနစ်အပေါ် မှီခိုမှု များပြားလာပါက လူသားတို့၏ တွေးခေါ်ကြံဆနိုင်မှု စွမ်းရည်ကျဆင်းလာနိုင်သဖြင့် အလွန်အမင်းမှီခိုမှုမပြုဘဲ အထောက်အကူပြုကိရိယာတစ်ခုအဖြစ်သာ အသုံးချသင့်ပြီး ကျေးလက်ဒေသများဖွံ့ဖြိုးရေးတွင်မူ AI အသုံးချနည်းပညာကဏ္ဍဖွံ့ဖြိုးလာစေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။

moi

ခန့်ဇော်(ကျေးလက်)

ခေတ်မီသူတိုင်း ဆိုလာတပ်ကြမည်
-
ယနေ့ခေတ်တွင်နိုင်ငံတစ်ခု၏ အနာဂတ်ကို အပြင်းအထန်ပြောင်းလဲပေးနေသည့် စွမ်းအင်မှာ နေစွမ်းအင်ဟုလည်း အများခေါ်ကြသည့် ဆိုလာစွမ်းအင်ပင်ဖြစ်သည်။ ဘေးကင်းသည့်ပတ်ဝန်းကျင်၊ မလျှော့သောစွမ်းအား၊ နေ့စဉ်ရရှိနိုင်သည့် အရင်းအမြစ်စသည့်အချက်များသည် နေရောင်ခြည်မှ အခမဲ့ရရှိနိုင်သည့်အရာများဖြစ်၍ ရေပန်းစားလာနေခြင်းလည်းဖြစ်ကြသည်။ ယခုအခါ “ခေတ်မီသူတိုင်း ဆိုလာတပ်ကြသည်” ဟု ပြောရမလောက်ပင် ဆိုလာ(နေ)စွမ်းအင်ကို အပြိုင်အဆိုင် တပ်ဆင် အသုံးပြုလျက် ရှိနေကြပြီဖြစ်သည်။ ဆိုလာများကို တပ်ဆင်ခြင်းအားဖြင့် လျှပ်စစ်မီတာခတန်ဖိုး သက်သာမည်၊ မီးပျက်သည့်အခါ အသုံးပြုနိုင်မည်၊ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည်၊ အနာဂတ် အတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်မည်စသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်စေမည်လည်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အတူတကွဖန်တီးနိုင်ကြရန်စွမ်းအင်လည်းရ ပတ်ဝန်းကျင်လည်း သန့်ရှင်းစေသည့်ဆိုလာဟုခေါ်သည့် နေစွမ်းအင်စနစ်ကိုသာ အမြန်တပ်ဆင်အသုံးပြုသွားကြရန် အကြံပြုတိုက်တွန်းလိုသဖြင့် ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ကမ္ဘာမြေပေါ်တွင် နေရောင်ခြည်မှရသော စွမ်းအင်၏ စုစုပေါင်းပမာဏသည် ပေါကြွယ်လွန်းသည်ဟုဆိုရသော်လည်း တိမ်များ၏နှောင့်ယှက်မှုကြောင့် ရရှိသောအပူရှိန်သည် နိမ့်သောအပူချိန် အဆင့်တွင်သာရှိသည်။ ဤသို့ဖြစ်ရသည်မှာလည်း နေ့စဉ်နှင့်ရာသီများအလိုက် ကမ္ဘာမြေကြီးကနေကို လှည့်ပတ်သည့် လမ်းကြောင်းထပ်တလဲလဲ ဖြစ်ပေါ်မှုနှင့် သံသရာလည်မှုကြောင့်လည်း ဖြစ်နိုင်သည်။နေရောင်ခြည်စွမ်းအင်သည် အရေးပါသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်သည်။ နေရောင်ခြည်မှ စွမ်းအင်ကိုမည်သို့ရယူပြီး ဖြန့်‌ဝေသည် သို့မဟုတ် စွမ်းအားအဖြစ်သို့ မည်သို့ပြောင်းလဲသည် အပေါ်မူတည်ပြီး ဆိုလာနည်းပညာကို အဓိကအားဖြင့် Passive Solar or Active Solar ဟုနှစ်မျိုးခွဲခြားသတ်မှတ်နိုင်သည်။ Active Solar နည်းပညာတွင် စွမ်းအင်ကိုထုတ်ယူအသုံးချရန်အတွက် Photovoltaic Systems, Concentrated Solar Power နှင့် Solar Water Heating တို့ကို အသုံးပြုကြသည်။Passive Solar နည်းပညာတွင် အဆောက်အအုံအား နေရောင်ခြည် ကျရောက်သည့်ဘက်နှင့် ချိန်ညှိတည်ဆောက်ခြင်း၊ Thermal Mass or Light-dispersing Properties ဂုဏ်သတ္တိရှိသောပစ္စည်းများအား ရွေးချယ်အသုံးပြုခြင်း၊ အခန်းအတွင်းလေကို သဘာ၀အလျောက်လှည့်ပတ်စေရန် ဒီဇိုင်းပြုလုပ်ခြင်းများ ပါဝင်သည်။ နေရောင်ခြည်စွမ်းအင်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချသည့် ကုန်ကျစရိတ်များမှ သက်သာစေခြင်းနှင့် ရုပ်ကြွင်းလောင်စာဈေးနှုန်းအား လျှော့ချခြင်းများကို ရရှိစေသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံရမှုတန်ဖိုးများသည်ဟု ထင်ရသော်လည်း ကျယ်ပြန့်သော အကျိုးတရားများ ရရှိနိုင်သည့်အတွက် ဆိုလာစွမ်းအင်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးကို အားပေးဆောင်ရွက်သင့်ကြသည်။နေရောင်ခြည်စွမ်းအင်အား လက်ရှိအသုံးပြုနေကြသော ဥပမာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်-(၁) လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် Photovoltaic Panels တပ်ဆင်မှုများ အဆိုပါပစ္စည်းများကို အိမ်များ၊ တောင်နံရံများ၊ အမိုးအကာများစသည်တို့တွင် တပ်ဆင်အသုံးပြုကြသည်။(၂) Photovoltaic စက်ရုံများ အဆိုပါစက်ရုံများသည် လျှပ်စစ်ကွန်ရက်ကို ထောက်ပံ့ပေးရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်ရွယ်ထားသော Photovoltaic Panel များ၏ ကြီးမားသော Extension များဖြစ်သည်။(၃) ဆိုလာကားများ ဆိုလာကားများသည် လျှပ်စစ်မော်တာအား မောင်းနှင်ရန်အတွက် နေရောင်ခြည်မှ ရောင်ခြည်ကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးသည်။(၄)ဆိုလာမီးဖိုများ အာရုံစူးစိုက်မှုစနစ်များ ရှိပါက ဓာတ်ရောင်ခြည်သည် တစ်ကြိမ်လျှင် အပူချိန်မြှင့်ကာ ချက်ပြုတ်နိုင်မည်ဖြစ်သည်။(၅)အပူပေးစနစ်များ နေရောင်ခြည်အပူစွမ်းအင်ဖြင့် အပူပတ်လမ်းကြောင်းတွင် အသုံးပြုနိုင်သော အရည်တစ်မျိုးကို အပူပေးနိုင်သည်။(၆)ရေကန်အပူ ရေကန်များအတွင်း ရေအားသဘာဝအလျောက် အပူဓာတ်ရရှိစေရန် ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ အေးသောနေရာဒေသများတွင် အသုံးပြုကြသည်။ဆိုလာစွမ်းအင်သုံးခြင်း၏ အကျိုးတရားများမှာ အောက်ပါအတိုင်းဖြစ်သည်- ဆိုလာစွမ်းအင်သည် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်အကျိုးပြုသည်။ ဆိုလာစွမ်းအင်နှင့်ပတ်သက်ပြီး လူသိအများဆုံးအချက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသည့် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်ဖြစ်ခြင်းပင်ဖြစ်သည်။ ကာဗွန်ဓာတ်ငွေ့လျှော့ချနိုင်စေရန် ဆိုလာစွမ်းအင်သည် အကျိုးအရှိဆုံး စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုမရှိသည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုလည်းမရှိပါ။ ဆိုလာစွမ်းအင်သည် ဘေးကင်းလုံခြုံမှုရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ ဆိုလာစွမ်းအင်သည် ကိုယ်တိုင်ဖူလုံသည့် စွမ်းအင်ဖြစ်ပြီး ဆိုလာပြားများကို ခေါင်မိုးပေါ်တွင် တပ်ဆင်အသုံးပြုရသည်မှာလည်း လွယ်ကူဘေးကင်းရုံမျှမက အနာဂတ်စွမ်းအင်ပြတ်လပ်မှု ပြဿနာအတွက်လည်း ဖြေရှင်းပြီးသားဖြစ်စေသည်။ဆိုလာစွမ်းအင်ကို အိမ်တွင်တပ်ဆင် အသုံးပြုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘယ်လောက်အလေးထားတယ် ဆိုသည်ကိုလည်းပြသနိုင်သည်။နေအိမ်ကိုအများသုံး လျှပ်စစ်ဖြန့်ဝေရေးစနစ် မလိုသည့်အိမ်အဖြစ်လည်း ဖန်တီးပေးနိုင်သည်။ လက်ရှိအသုံးပြုနေကြသည့် သမားရိုးကျလျှပ်စစ် ဖြန့်ဝေရေးစနစ်သည် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့များကို အများကြီးအမှီသဟဲပြုနေရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေသည့်အပြင် သယံဇာတ အရင်းအမြစ်ကလည်း ကန့်သတ်ချက်ရှိခြင်းကြောင့် ရေရှည်သုံးစွဲရန်မသင့်လျော်ပါ။ အဆိုပါအချက်ကြောင့် ဈေးကွက်ကို မတည်ငြိမ်စေဘဲ ယနေ့ခေတ်တွင် စွမ်းအင်စရိတ်စကများလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိုလာလျှပ်စစ်ကို အသုံးပြုခြင်းကြောင့် စရိတ်စကများသည့် သမားရိုးကျ လျှပ်စစ်သုံးစွဲမှုပုံစံကို လျစ်လျူရှုနိုင်စေသည်။ ဆိုလာစွမ်းအင်စနစ်များကို အကုန်အကျခံ ရင်းနှီးလိုက်ခြင်းအားဖြင့် ခန့်မှန်းထား၍မရနိုင်သည့် မီတာခမြင့်တက်မှုအခြေအနေမှ အလွယ်တကူရှောင်လွှဲနိုင်ပြီး တစ်နေ့တာလုံး လျှပ်စစ်သုံးစွဲမှုအတွက် အသုံးစရိတ် သက်သာစေမည်ဖြစ်သည်။ နေကသူ၏စွမ်းအင်စရိတ်ကို ပိုတောင်းခံမှာမဟုတ်သလို လုံလောက်သောစွမ်းအင်ကိုလည်း မတွက်မကပ်ဘဲ အမြဲပေးစွမ်းနေမည်ဖြစ်သည်။ အိမ်များ၏ခေါင်မိုးပေါ်တွင် ဆိုလာပြားကို တစ်ကြိမ်တပ်ဆင်ထားလိုက်ရုံနှင့် စွမ်းအင်ဖြန့်ဝေပေးသည့် အခြေအနေကို ပူနေစရာမလိုတော့ဘဲ မိမိစိတ်တိုင်းကျ မည်သည့်အချိန်မဆို စွမ်းအင်ကိုလွတ်လပ်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။အသုံးပြုမှုနည်းပါးသည့်မြေများတွင် ဆိုလာစွမ်းအင်ကိုရယူနိုင်သည်။ ဆိုလာစွမ်းအင်အား တပ်ဆင်အသုံးပြုရ လွယ်ကူလာသည်နှင့်အမျှ ဝယ်လိုအား၊ အသုံးပြုအားလည်း မြင့်တက်လာခဲ့သည်။ မြို့ကြီးပြကြီးနှင့်အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင်ဆိုလျှင် အသုံးပြုမှုနည်းပါးသည့် မြေနေရာများ အများအပြားရှိပြီး ဆိုလာစွမ်းအင်အတွက် တန်ဖိုးသိပ်မကြီးလှသည့် အဆိုပါမြေနေရာများကို အကျိုးရှိရှိအသုံးပြုနိုင်မည်လည်းဖြစ်သည်။ ဆိုလာခြံများအကြောင်းကို သိကြကြားဖူးကြမည်ဖြစ်သည်။မြေနေရာပြင်ကျယ်များတွင် ဆိုလာစွမ်းအင်သိုမှီးနိုင်သည့် ဆိုလာပြားသန်းနှင့်ချီပြီး တပ်ဆင်ထားသည့် ခြံများဖြစ်သည်။ အသုံးပြုမှုနည်းပါးသည့်မြေနေရာများမှာ ဆိုလာခြံတစ်နည်းအားဖြင့် ဆိုလာစွမ်းအင်ထုတ် စက်ရုံများကို တည်ဆောက်ထားနိုင်သည်။ ဗြိတိန်မှဆိုလာခြံ တစ်ခုမှာဆိုလျှင် ၄၅ ဧကကျယ်ဝန်းသည့်ဆိုလာခြံမှ အိမ်ခြေပေါင်း ၂၅၀၀ ခန့်ကို လုံလောက်သည့် လျှပ်စစ်ထောက်ပံ့မှုပေးနိုင်ခဲ့ပြီဟုသိရှိရသည်။ဆိုလာစွမ်းအင်သည် လျှပ်စစ်ဓာတ်အား လေလွင့်မှုကိုသက်သာစေသည်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများကနေ လူနေအိမ်များကို ဓာတ်အားလိုင်း ကွန်ရက်တွေကနေတစ်ဆင့် ဖြန့်ဝေပေးကြသည့် အခါတွင် ဖြန့်ဝေပေးရသည့်နေရာဒေသ ဝေးကွာသောအခါ ဓာတ်အားလေလွင့်မှုများ ရှိတတ်ကြသည်။ဆိုလာပြားများကို နေအိမ်ခေါင်မိုးတွင် တပ်ဆင်ထားပြီး နေကနေစွမ်းအင်ကို သိုလှောင်ထားနိုင်ခြင်းကြောင့် လျှပ်စစ်ဖြန့်ချိရသည့် အကွာအဝေးနည်းပါးပြီး လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု သက်သာစေကာ အိမ်အတွက်လုံလောက်သည့် စွမ်းအင်ပမာဏကို ရရှိနိုင်စေမည်ဖြစ်သည်။ ဆိုလာစွမ်းအင်စနစ်များသည် ကြာရှည်အသုံးခံပြီး အသုံးပြုရင်း အနှောင့်အယှက်ဖြစ်သည့် အခြေအနေလည်း နည်းပါးသည်။ဆိုလာစွမ်းအင်သည် လျှပ်စစ်ဘေးကင်း လုံခြုံရေးအတွက်လည်းကောင်းမွန်စေသည်။ ဆိုလာစွမ်းအင်ကိုပြောင်းလဲပြီး အသုံးပြုကြသည့်အခါ ရုတ်တရက်မီးပြတ်သွားခြင်း၊ မီးအားကျသွားခြင်းမျိုးကို ကြုံတွေ့ရမှုနည်းပါးလာသည်။ ဗြိတိန်ကဆိုလာစွမ်းအင် အသုံးပြုကြသည့် အိမ်တိုင်းနီးပါးလိုလိုတွင် ဓာတ်အားထုတ်စက်ရုံငယ်လေးကဲ့သို့ စွမ်းဆောင်ပေးသည့် Solar Cell များကို တပ်ဆင်ထားကြသည်။ လျှပ်စစ်ဘေးကင်း လုံခြုံရေးအတွက် အထောက်အပံ့ဖြစ်စေပြီး အထူးသဖြင့် သဘာဝဘေးအန္တရာယ်များနှင့် လူများ၏အမှားကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များ အတွက် ဘေးကင်းလုံခြုံစေသည်။ဆိုလာစွမ်းအင်ကြောင့် အလုပ်အကိုင်များနှင့် စီးပွားရေးတွင် ပိုမိုကြီးပွား တိုးတက်လာစေသည်။ ဆိုလာစွမ်းအင်က နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပံ့ပိုးပေးနိုင်သည်။ လူများဆိုလာစွမ်းအင်ကို ပိုပြီးသုံးစွဲလာသည့်အခါ ဆိုလာပြားများ တပ်ဆင်ပေးနိုင်သည့် ကုမ္ပဏီများပိုပြီး လိုအပ်လာသည်။ ကျွမ်းကျင်ဝန်ထမ်းများအတွက် အလုပ်အကိုင်များ ပိုမိုများပြားလာစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ ဆိုလာစွမ်းအင်သည် မကုန်ခန်းနိုင်သည့် စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ အသုံးပြုနိုင်သည်ထက် နေမှစွမ်းအင်များ ပိုပြီးထုတ်လုပ်ပေးသလို နေရောင်ကလည်းလူတွေခွဲခြားပြီး ပေးစွမ်းမည်မဟုတ်ဘဲ လူတိုင်းတန်းတူညီမျှ ရရှိနေနိုင်မည်ဖြစ်သည်။ဆိုလာစွမ်းအင်ကို စတင်သုံးစွဲသည်နှင့် ကုန်ကျစရိတ် ချွေတာပြီးသားဖြစ်သည်ကို ယနေ့အချိန်တွင်ကိုယ်တိုင် လက်တွေ့သိခွင့်ရကြမည်ဖြစ်ပြီး ကာလရှည်ကြာလာသည်နှင့် အမျှ အကျိုးကျေးဇူးများကိုလည်း ထပ်မံခံစားသိရှိလာကြမည်ဖြစ်သည်။ ဆိုလာစွမ်းအင်ကို အချိန်ကြာကြာ သုံးစွဲလာသည့်အခါ ဆိုလာနည်းပညာ၏ အကျိုးကျေးဇူးများကို ပိုမိုခံစားရရှိလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများကိုသာမက မိမိနေထိုင်ရာပတ်ဝန်းကျင်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ဆိုလာဟုခေါ်သော နေစွမ်းအင်သည် ယနေ့ခေတ်တွင် အသုံးပြုသင့်ဆုံးသော စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်လာနေပြီဖြစ်ပါ၍ မိမိတို့၏လူမှုစီးပွားဘဝများကိုသာမက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ များစွာအထောက်အကူဖြစ်စေသဖြင့် ဆိုလာစွမ်းအင်အား နေအိမ်များတွင် တပ်ဆင်အသုံးပြုသင့်ကြသည့် အချိန်အခါကာလသို့ ရောက်ရှိနေပြီဖြစ်ပါ၍ ခေတ်မီသူတိုင်းဆိုလာကိုမဖြစ်မနေ တပ်ဆင်သင့်ကြပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။

ယနေ့ခေတ်တွင်နိုင်ငံတစ်ခု၏    အနာဂတ်ကို အပြင်းအထန်ပြောင်းလဲပေးနေသည့် စွမ်းအင်မှာ နေစွမ်းအင်ဟုလည်း အများခေါ်ကြသည့် ဆိုလာစွမ်းအင်ပင်ဖြစ်သည်။ ဘေးကင်းသည့်ပတ်ဝန်းကျင်၊ မလျှော့သောစွမ်းအား၊ နေ့စဉ်ရရှိနိုင်သည့် အရင်းအမြစ်စသည့်အချက်များသည်    နေရောင်ခြည်မှ အခမဲ့ရရှိနိုင်သည့်အရာများဖြစ်၍ ရေပန်းစားလာနေခြင်းလည်းဖြစ်ကြသည်။ ယခုအခါ “ခေတ်မီသူတိုင်း ဆိုလာတပ်ကြသည်” ဟု ပြောရမလောက်ပင် ဆိုလာ(နေ)စွမ်းအင်ကို အပြိုင်အဆိုင် တပ်ဆင် အသုံးပြုလျက် ရှိနေကြပြီဖြစ်သည်။ ဆိုလာများကို တပ်ဆင်ခြင်းအားဖြင့် လျှပ်စစ်မီတာခတန်ဖိုး သက်သာမည်၊ မီးပျက်သည့်အခါ အသုံးပြုနိုင်မည်၊

ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည်၊ အနာဂတ် အတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်မည်စသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်စေမည်လည်းဖြစ်သည်။ ထို့ကြောင့်  အနာဂတ်တွင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အတူတကွဖန်တီးနိုင်ကြရန်

စွမ်းအင်လည်းရ  ပတ်ဝန်းကျင်လည်း သန့်ရှင်းစေသည့်ဆိုလာဟုခေါ်သည့် နေစွမ်းအင်စနစ်ကိုသာ အမြန်တပ်ဆင်အသုံးပြုသွားကြရန်    အကြံပြုတိုက်တွန်းလိုသဖြင့် ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။

ကမ္ဘာမြေပေါ်တွင် နေရောင်ခြည်မှရသော စွမ်းအင်၏ စုစုပေါင်းပမာဏသည် ပေါကြွယ်လွန်းသည်ဟုဆိုရသော်လည်း   တိမ်များ၏နှောင့်ယှက်မှုကြောင့် ရရှိသောအပူရှိန်သည်  နိမ့်သောအပူချိန် အဆင့်တွင်သာရှိသည်။ ဤသို့ဖြစ်ရသည်မှာလည်း နေ့စဉ်နှင့်ရာသီများအလိုက် ကမ္ဘာမြေကြီးကနေကို လှည့်ပတ်သည့် လမ်းကြောင်းထပ်တလဲလဲ ဖြစ်ပေါ်မှုနှင့် သံသရာလည်မှုကြောင့်လည်း ဖြစ်နိုင်သည်။

နေရောင်ခြည်စွမ်းအင်သည် အရေးပါသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်သည်။ နေရောင်ခြည်မှ စွမ်းအင်ကိုမည်သို့ရယူပြီး   ဖြန့်‌ဝေသည် သို့မဟုတ် စွမ်းအားအဖြစ်သို့ မည်သို့ပြောင်းလဲသည် အပေါ်မူတည်ပြီး ဆိုလာနည်းပညာကို အဓိကအားဖြင့် Passive Solar or Active Solar ဟုနှစ်မျိုးခွဲခြားသတ်မှတ်နိုင်သည်။ Active Solar နည်းပညာတွင်  စွမ်းအင်ကိုထုတ်ယူအသုံးချရန်အတွက် Photovoltaic Systems, Concentrated Solar Power နှင့် Solar Water Heating တို့ကို အသုံးပြုကြသည်။

Passive Solar နည်းပညာတွင် အဆောက်အအုံအား နေရောင်ခြည် ကျရောက်သည့်ဘက်နှင့် ချိန်ညှိတည်ဆောက်ခြင်း၊ Thermal Mass or Light-dispersing Properties ဂုဏ်သတ္တိရှိသောပစ္စည်းများအား ရွေးချယ်အသုံးပြုခြင်း၊ အခန်းအတွင်းလေကို သဘာ၀အလျောက်လှည့်ပတ်စေရန် ဒီဇိုင်းပြုလုပ်ခြင်းများ ပါဝင်သည်။   

နေရောင်ခြည်စွမ်းအင်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချသည့် ကုန်ကျစရိတ်များမှ သက်သာစေခြင်းနှင့် ရုပ်ကြွင်းလောင်စာဈေးနှုန်းအား လျှော့ချခြင်းများကို ရရှိစေသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံရမှုတန်ဖိုးများသည်ဟု  ထင်ရသော်လည်း  ကျယ်ပြန့်သော အကျိုးတရားများ ရရှိနိုင်သည့်အတွက်   ဆိုလာစွမ်းအင်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးကို အားပေးဆောင်ရွက်သင့်ကြသည်။

နေရောင်ခြည်စွမ်းအင်အား  လက်ရှိအသုံးပြုနေကြသော ဥပမာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် Photovoltaic Panels တပ်ဆင်မှုများ

     အဆိုပါပစ္စည်းများကို အိမ်များ၊ တောင်နံရံများ၊ အမိုးအကာများစသည်တို့တွင် တပ်ဆင်အသုံးပြုကြသည်။

(၂) Photovoltaic စက်ရုံများ

    အဆိုပါစက်ရုံများသည် လျှပ်စစ်ကွန်ရက်ကို ထောက်ပံ့ပေးရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်ရွယ်ထားသော Photovoltaic Panel များ၏ ကြီးမားသော Extension များဖြစ်သည်။

(၃) ဆိုလာကားများ

   ဆိုလာကားများသည် လျှပ်စစ်မော်တာအား မောင်းနှင်ရန်အတွက် နေရောင်ခြည်မှ ရောင်ခြည်ကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးသည်။

(၄)ဆိုလာမီးဖိုများ

     အာရုံစူးစိုက်မှုစနစ်များ ရှိပါက ဓာတ်ရောင်ခြည်သည် တစ်ကြိမ်လျှင် အပူချိန်မြှင့်ကာ ချက်ပြုတ်နိုင်မည်ဖြစ်သည်။

(၅)အပူပေးစနစ်များ

     နေရောင်ခြည်အပူစွမ်းအင်ဖြင့် အပူပတ်လမ်းကြောင်းတွင် အသုံးပြုနိုင်သော အရည်တစ်မျိုးကို အပူပေးနိုင်သည်။

(၆)ရေကန်အပူ

    ရေကန်များအတွင်း ရေအားသဘာဝအလျောက် အပူဓာတ်ရရှိစေရန် ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ အေးသောနေရာဒေသများတွင် အသုံးပြုကြသည်။

ဆိုလာစွမ်းအင်သုံးခြင်း၏ အကျိုးတရားများမှာ အောက်ပါအတိုင်းဖြစ်သည်-

     ဆိုလာစွမ်းအင်သည် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်အကျိုးပြုသည်။ ဆိုလာစွမ်းအင်နှင့်ပတ်သက်ပြီး လူသိအများဆုံးအချက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသည့် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်ဖြစ်ခြင်းပင်ဖြစ်သည်။ ကာဗွန်ဓာတ်ငွေ့လျှော့ချနိုင်စေရန် ဆိုလာစွမ်းအင်သည် အကျိုးအရှိဆုံး စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုမရှိသည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုလည်းမရှိပါ။ ဆိုလာစွမ်းအင်သည် ဘေးကင်းလုံခြုံမှုရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ ဆိုလာစွမ်းအင်သည် ကိုယ်တိုင်ဖူလုံသည့် စွမ်းအင်ဖြစ်ပြီး ဆိုလာပြားများကို ခေါင်မိုးပေါ်တွင် တပ်ဆင်အသုံးပြုရသည်မှာလည်း လွယ်ကူဘေးကင်းရုံမျှမက   အနာဂတ်စွမ်းအင်ပြတ်လပ်မှု ပြဿနာအတွက်လည်း ဖြေရှင်းပြီးသားဖြစ်စေသည်။

ဆိုလာစွမ်းအင်ကို အိမ်တွင်တပ်ဆင် အသုံးပြုပြီး    ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘယ်လောက်အလေးထားတယ် ဆိုသည်ကိုလည်းပြသနိုင်သည်။

နေအိမ်ကိုအများသုံး လျှပ်စစ်ဖြန့်ဝေရေးစနစ် မလိုသည့်အိမ်အဖြစ်လည်း ဖန်တီးပေးနိုင်သည်။  လက်ရှိအသုံးပြုနေကြသည့် သမားရိုးကျလျှပ်စစ် ဖြန့်ဝေရေးစနစ်သည် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့များကို အများကြီးအမှီသဟဲပြုနေရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေသည့်အပြင် သယံဇာတ အရင်းအမြစ်ကလည်း ကန့်သတ်ချက်ရှိခြင်းကြောင့် ရေရှည်သုံးစွဲရန်မသင့်လျော်ပါ။ အဆိုပါအချက်ကြောင့် ဈေးကွက်ကို မတည်ငြိမ်စေဘဲ ယနေ့ခေတ်တွင် စွမ်းအင်စရိတ်စကများလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိုလာလျှပ်စစ်ကို အသုံးပြုခြင်းကြောင့် စရိတ်စကများသည့် သမားရိုးကျ လျှပ်စစ်သုံးစွဲမှုပုံစံကို လျစ်လျူရှုနိုင်စေသည်။ ဆိုလာစွမ်းအင်စနစ်များကို အကုန်အကျခံ ရင်းနှီးလိုက်ခြင်းအားဖြင့် ခန့်မှန်းထား၍မရနိုင်သည့် မီတာခမြင့်တက်မှုအခြေအနေမှ   အလွယ်တကူရှောင်လွှဲနိုင်ပြီး တစ်နေ့တာလုံး လျှပ်စစ်သုံးစွဲမှုအတွက် အသုံးစရိတ် သက်သာစေမည်ဖြစ်သည်။ နေကသူ၏စွမ်းအင်စရိတ်ကို ပိုတောင်းခံမှာမဟုတ်သလို   လုံလောက်သောစွမ်းအင်ကိုလည်း မတွက်မကပ်ဘဲ အမြဲပေးစွမ်းနေမည်ဖြစ်သည်။ အိမ်များ၏ခေါင်မိုးပေါ်တွင် ဆိုလာပြားကို တစ်ကြိမ်တပ်ဆင်ထားလိုက်ရုံနှင့် စွမ်းအင်ဖြန့်ဝေပေးသည့် အခြေအနေကို ပူနေစရာမလိုတော့ဘဲ  မိမိစိတ်တိုင်းကျ မည်သည့်အချိန်မဆို စွမ်းအင်ကိုလွတ်လပ်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။

အသုံးပြုမှုနည်းပါးသည့်မြေများတွင်   ဆိုလာစွမ်းအင်ကိုရယူနိုင်သည်။ ဆိုလာစွမ်းအင်အား တပ်ဆင်အသုံးပြုရ လွယ်ကူလာသည်နှင့်အမျှ ဝယ်လိုအား၊ အသုံးပြုအားလည်း မြင့်တက်လာခဲ့သည်။ မြို့ကြီးပြကြီးနှင့်အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင်ဆိုလျှင် အသုံးပြုမှုနည်းပါးသည့် မြေနေရာများ အများအပြားရှိပြီး ဆိုလာစွမ်းအင်အတွက် တန်ဖိုးသိပ်မကြီးလှသည့် အဆိုပါမြေနေရာများကို အကျိုးရှိရှိအသုံးပြုနိုင်မည်လည်းဖြစ်သည်။ ဆိုလာခြံများအကြောင်းကို သိကြကြားဖူးကြမည်ဖြစ်သည်။

မြေနေရာပြင်ကျယ်များတွင် ဆိုလာစွမ်းအင်သိုမှီးနိုင်သည့် ဆိုလာပြားသန်းနှင့်ချီပြီး တပ်ဆင်ထားသည့် ခြံများဖြစ်သည်။ အသုံးပြုမှုနည်းပါးသည့်မြေနေရာများမှာ ဆိုလာခြံတစ်နည်းအားဖြင့် ဆိုလာစွမ်းအင်ထုတ် စက်ရုံများကို တည်ဆောက်ထားနိုင်သည်။ ဗြိတိန်မှဆိုလာခြံ တစ်ခုမှာဆိုလျှင် ၄၅ ဧကကျယ်ဝန်းသည့်ဆိုလာခြံမှ အိမ်ခြေပေါင်း ၂၅၀၀ ခန့်ကို လုံလောက်သည့် လျှပ်စစ်ထောက်ပံ့မှုပေးနိုင်ခဲ့ပြီဟုသိရှိရသည်။

ဆိုလာစွမ်းအင်သည် လျှပ်စစ်ဓာတ်အား လေလွင့်မှုကိုသက်သာစေသည်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများကနေ လူနေအိမ်များကို ဓာတ်အားလိုင်း ကွန်ရက်တွေကနေတစ်ဆင့်   ဖြန့်ဝေပေးကြသည့် အခါတွင် ဖြန့်ဝေပေးရသည့်နေရာဒေသ ဝေးကွာသောအခါ ဓာတ်အားလေလွင့်မှုများ ရှိတတ်ကြသည်။

ဆိုလာပြားများကို နေအိမ်ခေါင်မိုးတွင် တပ်ဆင်ထားပြီး နေကနေစွမ်းအင်ကို သိုလှောင်ထားနိုင်ခြင်းကြောင့် လျှပ်စစ်ဖြန့်ချိရသည့် အကွာအဝေးနည်းပါးပြီး လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု သက်သာစေကာ အိမ်အတွက်လုံလောက်သည့်   စွမ်းအင်ပမာဏကို ရရှိနိုင်စေမည်ဖြစ်သည်။ ဆိုလာစွမ်းအင်စနစ်များသည် ကြာရှည်အသုံးခံပြီး အသုံးပြုရင်း အနှောင့်အယှက်ဖြစ်သည့် အခြေအနေလည်း နည်းပါးသည်။

ဆိုလာစွမ်းအင်သည် လျှပ်စစ်ဘေးကင်း လုံခြုံရေးအတွက်လည်းကောင်းမွန်စေသည်။ ဆိုလာစွမ်းအင်ကိုပြောင်းလဲပြီး အသုံးပြုကြသည့်အခါ ရုတ်တရက်မီးပြတ်သွားခြင်း၊ မီးအားကျသွားခြင်းမျိုးကို ကြုံတွေ့ရမှုနည်းပါးလာသည်။  ဗြိတိန်ကဆိုလာစွမ်းအင် အသုံးပြုကြသည့်  အိမ်တိုင်းနီးပါးလိုလိုတွင် ဓာတ်အားထုတ်စက်ရုံငယ်လေးကဲ့သို့ စွမ်းဆောင်ပေးသည့် Solar Cell များကို တပ်ဆင်ထားကြသည်။ လျှပ်စစ်ဘေးကင်း လုံခြုံရေးအတွက် အထောက်အပံ့ဖြစ်စေပြီး အထူးသဖြင့် သဘာဝဘေးအန္တရာယ်များနှင့် လူများ၏အမှားကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များ အတွက် ဘေးကင်းလုံခြုံစေသည်။

ဆိုလာစွမ်းအင်ကြောင့် အလုပ်အကိုင်များနှင့် စီးပွားရေးတွင် ပိုမိုကြီးပွား တိုးတက်လာစေသည်။ ဆိုလာစွမ်းအင်က   နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပံ့ပိုးပေးနိုင်သည်။ လူများဆိုလာစွမ်းအင်ကို ပိုပြီးသုံးစွဲလာသည့်အခါ ဆိုလာပြားများ တပ်ဆင်ပေးနိုင်သည့် ကုမ္ပဏီများပိုပြီး လိုအပ်လာသည်။ ကျွမ်းကျင်ဝန်ထမ်းများအတွက် အလုပ်အကိုင်များ ပိုမိုများပြားလာစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ 

ဆိုလာစွမ်းအင်သည် မကုန်ခန်းနိုင်သည့် စွမ်းအင်အရင်းအမြစ်ဖြစ်သည်။ အသုံးပြုနိုင်သည်ထက် နေမှစွမ်းအင်များ ပိုပြီးထုတ်လုပ်ပေးသလို နေရောင်ကလည်းလူတွေခွဲခြားပြီး ပေးစွမ်းမည်မဟုတ်ဘဲ လူတိုင်းတန်းတူညီမျှ ရရှိနေနိုင်မည်ဖြစ်သည်။

ဆိုလာစွမ်းအင်ကို စတင်သုံးစွဲသည်နှင့် ကုန်ကျစရိတ် ချွေတာပြီးသားဖြစ်သည်ကို ယနေ့အချိန်တွင်ကိုယ်တိုင် လက်တွေ့သိခွင့်ရကြမည်ဖြစ်ပြီး ကာလရှည်ကြာလာသည်နှင့် အမျှ အကျိုးကျေးဇူးများကိုလည်း ထပ်မံခံစားသိရှိလာကြမည်ဖြစ်သည်။ ဆိုလာစွမ်းအင်ကို အချိန်ကြာကြာ သုံးစွဲလာသည့်အခါ ဆိုလာနည်းပညာ၏ အကျိုးကျေးဇူးများကို ပိုမိုခံစားရရှိလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများကိုသာမက မိမိနေထိုင်ရာပတ်ဝန်းကျင်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ဆိုလာဟုခေါ်သော နေစွမ်းအင်သည်  ယနေ့ခေတ်တွင် အသုံးပြုသင့်ဆုံးသော စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်လာနေပြီဖြစ်ပါ၍ မိမိတို့၏လူမှုစီးပွားဘဝများကိုသာမက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ များစွာအထောက်အကူဖြစ်စေသဖြင့် ဆိုလာစွမ်းအင်အား နေအိမ်များတွင် တပ်ဆင်အသုံးပြုသင့်ကြသည့် အချိန်အခါကာလသို့ ရောက်ရှိနေပြီဖြစ်ပါ၍ ခေတ်မီသူတိုင်းဆိုလာကိုမဖြစ်မနေ တပ်ဆင်သင့်ကြပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။  ။

မောင်မောင်စွယ်စုံထွန်း