ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

GIUK Gap သို့မဟုတ် မြောက်အတ္တလန္တိတ် လုံခြုံရေး၏ ကျောရိုးမကြီး
-
မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဂရင်းလန်း၊ အိုက်စလန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ ကြား GIUK (Greenland, Iceland, and the United Kingdom) သည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းပိတ်ဆို့မှု အချက်အချာများထဲမှ တစ်ခုဖြစ်နေပါသည်။ထိုနေရာသည် အာတိတ်သမုဒ္ဒရာကို အတ္တလန်တိတ်နှင့် ဆက်သွယ်ပေးကာ မြောက်အမေရိကနှင့် ဥရောပကြား အဓိကရေကြောင်းသွားလာရေးလမ်းကြောင်းအဖြစ် တည်ရှိခြင်းကြောင့် ရာစုနှစ်တစ်ခုကျော်ကြာ ရေတပ် မဟာဗျူဟာရေးဆွဲသူများ၏ အာရုံစိုက်မှုကို အမြဲတစေ ခံခဲ့ရပါသည်။ ယနေ့အချိန်တွင် ရုရှား၏ ရေတပ် လှုပ်ရှားမှုများ မြင့်တက်လာခြင်း၊ အာတိတ်ဒေသချဲ့ထွင်လာမှုနှင့် တစ်နေ့တစ်ခြား ပေါက်ပေါက်လာသော ခေတ်သစ်ခြိမ်းခြောက်မှုအသစ်များ ကြားတွင် GIUK သည် မဟာဗျူဟာအရ ပို၍ အရေးပါလာပါသည်။ကမ္ဘာစစ်များအတွင်း မဟာဗျူဟာအရေးပါမှုကမ္ဘာစစ်နှစ်ခုစလုံးတွင် GIUK အဓိကအရေးပါပုံမှာ မြောက်အမေရိကနှင့် ဥရောပကြား ထရန်စ် အတ္တလန္တိတ် ထောက်ပံ့ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် မဟာမိတ်နိုင်ငံ များ၏ စစ်တပ်အင်အားထောက်ပံ့မှုအတွက် အသက်သွေးကြောလမ်းကြောင်း ဟု ပြောရလောက်အောင် အရေးပါ ခဲ့ပါသည်။ပထမကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ မဟာမိတ်များသို့ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ လုံခြုံစွာပို့ဆောင်ရေးအတွက် ထိုလမ်းကြောင်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ မဟာမိတ်ရေတပ်က ဂျာမန်ရေငုပ်သင်္ဘောများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အဆိုပါဒေသတွင် ကင်းလှည့်တပ်များ အလှည့်ကျ ချထားခဲ့ရပါသည်။ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များသည် GIUK ၏ အားနည်းချက်ကို သိရှိသွားသဖြင့် အိုက်စလန် နှင့် ဂရင်းလန်းကို သိမ်းပိုက်ကာ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေးစခန်းများ တည်ထောင်ခဲ့ကြပြန်ပါသည်။ ၎င်းမှာ ဂျာမန်ရေတပ်၏ လှုပ်ရှားမှုကို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ကမ္ဘာစစ်အတွင်း GIUK အရေးပါမှုကို အထင်ရှားဆုံး သက်သေပြနိုင်သည့် ဖြစ်ရပ်မှာ ၁၉၄၁ ခုနှစ်က ဂျာမန်စစ်သင်္ဘော ဘစ်စမတ်က် ဖြစ်ရပ် ( Bismarck Incident) ကို ပြရပါမည်။ ဘစ်စမတ်က် စစ်သင်္ဘောသည် မြောက်အတ္တလန္တိတ်အတွင်းရှိ မဟာမိတ်များ၏ ကုန်တင်ရေကြောင်းလမ်းများကို တိုက်ခိုက်ရန် ဂရင်းလန်းနှင့် အိုက်စလန်ကြားရှိ ဒိန်းမတ်ရေလက်ကြားကိုဖြတ်၍ အတ္တလန္တိတ်အတွင်းသို့ ဖောက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်သည် GIUK ကို အသုံးချ၍ မဟာမိတ်တို့၏ အသက်သွေးကြောကို မည်သို့ခြိမ်းခြောက်နိုင်ခဲ့ကြောင်း ပြသနေသည့် သာဓကတစ်ခုဖြစ်ခဲ့ပါသည်။ ဗြိတိသျှရေတပ်သည် ဘစ်စမတ်က်ကို လိုက်လံဖမ်းဆီးကာ နောက်ဆုံးတွင် နစ်မြှုပ်ပစ်နိုင်ခဲ့ပါသည်။စစ်အေးတိုက်ပွဲကာလနှင့် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုစစ်အေးတိုက်ပွဲကာလတွင် GIUK အရေးပါမှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်။ နေတိုးအဖွဲ့၏ ကာကွယ်ရေးဗျူဟာ ရှေ့တန်းနေရာတစ်ခုဖြစ်လာခဲ့ပါသည်။ ၎င်းသည် ကိုလာကျွန်းဆွယ်ရှိ အခြေစိုက်စခန်းများမှ အတ္တလန္တိတ်သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆိုဗီယက် ရေငုပ်သင်္ဘောများကို ထောက်လှမ်းရန် အဓိက ပိတ်ဆို့မှု အချက်အချာနေရာဖြစ်လာပြန်ပါသည်။ ထိုနေရာတွင် နေတိုးက ရေငုပ်သင်္ဘောဖြိုခွင်းရေး (ASW) တွင် အသာစီးရရှိရန် ရေအောက် အသံဖမ်းကိရိယာများ ကွန်ရက်ဖြစ်သော Sound Surveillance System (SOSUS) နှင့် P-3 Orion ကဲ့သို့သော ရေကြောင်းကင်းလှည့်လေယာဉ်များကို ဖြန့်ကြက်ခဲ့ပါသည်။ SOSUS စနစ်သည် ဆိုဗီယက် ရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုကို ကြိုတင်သတိပေးနိုင်ခဲ့ပြီး နေတိုး၏ စောင့်ကြည့်ရေးစွမ်းရည်ကိုပါ သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ဆိုဗီယက်ဒုံးကျည်နည်းပညာ တိုးတက်လာကာ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောများ အာတိတ်ခံတပ်များမှ လည်ပတ်နိုင်စေခဲ့သည့်တိုင် နေတိုး၏ ထရန်စ်အတ္တလန္တိတ် အားဖြည့်လမ်းကြောင်းများကို ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို ခြေရာခံရန်အတွက် GIUK သည် အရေးပါနေဆဲဖြစ်ပါသည်။ ထိုအချက်မှာ GIUK က အတားအဆီးနှင့် ဝင်ပေါက်နှစ်မျိုးလုံးတွင် အရေးပါသော အခန်းကဏ္ဍကို ထင်ရှားစေခဲ့ပါသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ရေတပ်ဆိုင်ရာ ခြိမ်းခြောက်မှုလျော့နည်းသွားသည်ဟု ထင်မြင်ခဲ့ကြပြီး နေတိုးသည် ၎င်း၏အာရုံစိုက်မှုကို အခြားဒေသများသို့ ပြောင်းလဲခဲ့ပါသည်။ အဆိုပါအပြောင်းအရွှေ့ကြောင့် ASW စွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခဲ့ပြီး ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စွမ်းဆောင်ရည်များပါ ကျဆင်းလာခဲ့ပါသည်။ရုရှား ပြန်လည်နိုးထလာမှုနှင့် ခေတ်သစ်စိန်ခေါ်မှုများ၂၁ ရာစုအလှည့်တွင် ရုရှားသည် ၎င်း၏ မြောက်ပိုင်းရေယာဉ်စုကို ခေတ်မီရန်ပြုလုပ်ရင်း ရေတပ် စွမ်းရည်များကို သိသိသာသာ ပြန်လည်မြှင့်တင်ခဲ့ပါသည်။ ကိုလာကျွန်းဆွယ် အခြေစိုက် အဆိုပါရေယာဉ်စုသည် GIUK မှတစ်ဆင့် မြောက်အတ္တလန္တိတ်သို့ တစ်နှစ်ပတ်လုံး ဝင်ရောက်နိုင်မှုရှိပြီး ရုရှား၏ ဟန့်တားရေး မဟာ ဗျူဟာ၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်လာပါသည်။ Yasen- နှင့် Borei အမျိုးအစား ရေငုပ်သင်္ဘောများက ရုရှား၏ ရေတပ် သာလွန်မှု ပြန်လည်ရယူရန် ကြိုးပမ်းလုပ်ဆောင်နေမှုကို ထင်ရှားပေါ်လွင်နေပါသည်။ ထိုရေငုပ် သင်္ဘောများတွင် သမားရိုးကျထောက်လှမ်းရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် ကိုယ်ပျောက် နည်းပညာများနှင့် Kalibr ခရုဇ်ဒုံးကျည်များ၊ Zircon အသံထက်မြန်ဒုံးကျည်များ တပ်ဆင်ထားပါသည်။ စစ်အေး တိုက်ပွဲနောက်ပိုင်း မမြင်တွေ့ရသည့်အဆင့်အထိ GIUK တစ်ဝိုက်တွင် ရုရှားရေငုပ်သင်္ဘောကင်းလှည့်မှုများ တိုးမြှင့်လာခြင်းမှာလည်း နေတိုး၏ ရေတပ်လွှမ်းမိုးမှုကို စိန်ခေါ်ရန် ရည်ရွယ်နေသည်ကို ဖော်ပြနေပါသည်။ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသ ရေခဲများ အရည်ပျော်လာခြင်းသည် ရုရှားအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှု နှစ်မျိုးလုံးဖန်တီးပေးနိုင်ခဲ့ပါသည်။ တစ်ဖက်တွင် ရေကြောင်းသွားလာနိုင်မှု တိုးလာကာ မြောက်ပင်လယ်ရေကြောင်း (NSR) အသုံးချမှု ပိုမိုလွယ်ကူလာသော်လည်း အခြားတစ်ဖက်တွင် နေတိုးအတွက် အာတိတ်ဒေသအတွင်း စောင့်ကြည့်လေ့လာမှုနှင့် တပ်ဖြန့်မှုများ ပိုမိုပြုလုပ်နိုင်သည့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးခဲ့ပါသည်။ပေါင်းစပ်ခြိမ်းခြောက်မှုများနှင့် ရေအောက်အခြေခံအဆောက်အအုံ အားနည်းချက်ရုရှားသည် သမားရိုးကျ ရေတပ်စစ်ဆင်ရေးများအပြင် ပေါင်းစပ်စစ်ဆင်ရေးများကိုပါ အာရုံစိုက်လာခဲ့ပါသည်။ Yantar ကဲ့သို့သော အထူးထုတ်လုပ်ထားသော သင်္ဘောများတွင် ရေအောက် အခြေခံအဆောက်အအုံများကို ဝင်ရောက်နှောင့်ယှက်နိုင်သည့် အဆင့်မြင့်နည်းပညာများကို တပ်ဆင်ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသွားအလာ၏ ၉၅% ကျော်ကို သယ်ဆောင်နေသည့် ရေအောက်ဆက်သွယ်ရေးကြိုးများနှင့် ကမ်းလွန် စွမ်းအင်အခြေခံ အဆောက်အအုံများသည် ထိုခြိမ်းခြောက်မှုများ၏ ပစ်မှတ်များဖြစ်လာနိုင်ပါသည်။အဆိုပါ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းက အစိုးရဆက်သွယ်ရေးများ ချို့ယွင်းခြင်း၊ ဘဏ္ဍာရေး ဈေးကွက်များ မတည်ငြိမ်ခြင်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတည်ငြိမ်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် GIUK တွင် နေတိုး၏ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များ အားကောင်းရန် လိုအပ်လာပါသည်။နေတိုး၏ တန်ပြန်ဆောင်ရွက်မှုများနှင့် အနာဂတ်အလားအလာအဆိုပါခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် နေတိုးသည် ASW စွမ်းရည်များ ပြန်လည် ရှင်သန်လာစေရေး သိသာထင်ရှားသော ခြေလှမ်းများ လှမ်းခဲ့ပါသည်။ အမေရိကန်၊ ဗြိတိန်၊ နော်ဝေး အပါအဝင် မဟာမိတ်နိုင်ငံများ ပြုပြင်မောင်းနှင်နေကြသော P-8 Poseidon ရေကြောင်း ကင်းလှည့်လေယာဉ်များသည် ASW စစ်ဆင်ရေး၏ အုတ်မြစ်ဖြစ်လာခဲ့ပါသည်။ အိုက်စလန်တွင် P-8 များ တိုးချဲ့တပ်ဖြန့်ခြင်းသည် GIUK အပေါ် ထိန်းချုပ်မှု ခိုင်မာ စေရန် နေတိုး၏ ကတိကဝတ် ကို ပြသနေပါသည်။ထို့ပြင် နေတိုးသည် မောင်းသူမဲ့ ရေကြောင်းစနစ်များ (UMS) တွင် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ အမေရိကန် ရေတပ်၏ Orca Extra Large Unmanned Underwater Vehicle (XLUUV) ကဲ့သို့သော ရေအောက်ဒရုန်းများက GIUK အား စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပြီး ရုရှားရေငုပ်သင်္ဘောလှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံ နိုင်မည်ဖြစ်ပါသည်။"Dynamic Mongoose" နှင့် "Northern Viking" ကဲ့သို့သော ကြီးမားသည့် စစ်ရေး လေ့ကျင့်မှုများသည် ရေငုပ်သင်္ဘောများ၊ ရေပြင်တိုက်သင်္ဘောများနှင့် ရေကြောင်းကင်းလှည့် လေယာဉ်များအကြား ညှိနှိုင်းဆောင်ရွက် လေ့ကျင့်နိုင်စေပြီး ခြိမ်းခြောက်မှုများကို ထိရောက်စွာ ထောက်လှမ်းတုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြပါသည်။ နေတိုးသည် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ဆောင်ရွက်နိုင်မှု မြှင့်တင်ရန် စံသတ်မှတ်ထားသော ASW နည်းဗျူဟာများနှင့် အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းရေးမျှဝေမှုစနစ်များကိုပါ တီထွင်ခဲ့ပါသည်။အမေရိကန်၏ ဒုတိယရေယာဉ်စု (US 2nd Fleet) ကို ပြန်လည်အသက်သွင်းခြင်းနှင့် နေတိုး၏ နော်ဖော့ခ်ပူးတွဲတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်းတို့သည် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများမှ ထရန်စ် အတ္တလန္တိတ် ပင်လယ်ဆက်သွယ်ရေး လမ်းကြောင်းများ (SLOCs) လုံခြုံစေရန် ပြန်လည် ကတိကဝတ်ပြုမှုကို ထင်ဟပ်ဖော်ပြနေပါသည်။အချုပ်ဆိုရသော် GIUK သည် ရာစုနှစ်တစ်ခုကျော်ကြာ မြောက်အတ္တလန္တိတ်၏ မဟာဗျူဟာမြောက်ဟန်ချက်ညီမှုကို ပုံဖော်ခဲ့သည့် အဓိက ရေကြောင်းပိတ်ဆို့မှုအချက်အချာ အဖြစ် တည်ရှိခဲ့ပါသည်။ ကမ္ဘာစစ်များအတွင်း မဟာမိတ်တို့၏ အသက်သွေးကြောကို ကာကွယ်ခြင်းနှင့် စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက် ရေငုပ်သင်္ဘောများကို ခြေရာခံခြင်းမှသည် ယနေ့ ခေတ်ရုရှား၏ စစ်ရေးချဲ့ထွင်မှုနှင့် ပေါင်းစပ်ခြိမ်းခြောက်မှုများအထိ GIUK သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အာတိတ်ဒေသ ရေခဲများ ဆက်တိုက် အရည်ပျော်လာခြင်း၊ ရုရှား၏ စစ်ရေးချဲ့ထွင်ခြင်းနှင့် နည်းပညာတိုးတက်ခြင်းတို့သည် အဆိုပါဒေသ၏ မဟာဗျူဟာအရေးပါမှုကို ပိုမိုမြင့်တက်စေမည်သာ ဖြစ်ပါသည်။ နေတိုး၏ စောင့်ကြည့်ရေးနှင့် ဟန့်တားရေးစွမ်းရည်များကို ထိန်းသိမ်း နိုင်မှုသည် မြောက်အတ္တလန္တိတ်နှင့် ယူရိုအတ္တလန္တိတ် ဒေသတစ်ခုလုံး၏ အနာဂတ် ပါဝါချိန်ခွင်လျှာကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်အဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်ပါသည်။ သေချာသည်မှာ GIUK သည် မြောက်အတ္တလန္တိတ် လုံခြုံရေး၏ ကျောရိုးမကြီးအဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဂရင်းလန်း၊ အိုက်စလန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ ကြား GIUK (Greenland, Iceland, and the United Kingdom) သည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းပိတ်ဆို့မှု အချက်အချာများထဲမှ တစ်ခုဖြစ်နေပါသည်။

ထိုနေရာသည် အာတိတ်သမုဒ္ဒရာကို အတ္တလန်တိတ်နှင့် ဆက်သွယ်ပေးကာ မြောက်အမေရိကနှင့် ဥရောပကြား အဓိကရေကြောင်းသွားလာရေးလမ်းကြောင်းအဖြစ် တည်ရှိခြင်းကြောင့် ရာစုနှစ်တစ်ခုကျော်ကြာ ရေတပ် မဟာဗျူဟာရေးဆွဲသူများ၏ အာရုံစိုက်မှုကို အမြဲတစေ ခံခဲ့ရပါသည်။ ယနေ့အချိန်တွင် ရုရှား၏ ရေတပ် လှုပ်ရှားမှုများ မြင့်တက်လာခြင်း၊ အာတိတ်ဒေသချဲ့ထွင်လာမှုနှင့် တစ်နေ့တစ်ခြား ပေါက်ပေါက်လာသော ခေတ်သစ်ခြိမ်းခြောက်မှုအသစ်များ ကြားတွင် GIUK သည် မဟာဗျူဟာအရ ပို၍ အရေးပါလာပါသည်။

ကမ္ဘာစစ်များအတွင်း မဟာဗျူဟာအရေးပါမှု

ကမ္ဘာစစ်နှစ်ခုစလုံးတွင် GIUK အဓိကအရေးပါပုံမှာ မြောက်အမေရိကနှင့် ဥရောပကြား ထရန်စ် အတ္တလန္တိတ် ထောက်ပံ့ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် မဟာမိတ်နိုင်ငံ များ၏ စစ်တပ်အင်အားထောက်ပံ့မှုအတွက် အသက်သွေးကြောလမ်းကြောင်း ဟု ပြောရလောက်အောင် အရေးပါ ခဲ့ပါသည်။

ပထမကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ မဟာမိတ်များသို့ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ လုံခြုံစွာပို့ဆောင်ရေးအတွက် ထိုလမ်းကြောင်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ မဟာမိတ်ရေတပ်က ဂျာမန်ရေငုပ်သင်္ဘောများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အဆိုပါဒေသတွင် ကင်းလှည့်တပ်များ အလှည့်ကျ ချထားခဲ့ရပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များသည် GIUK ၏ အားနည်းချက်ကို သိရှိသွားသဖြင့် အိုက်စလန် နှင့် ဂရင်းလန်းကို သိမ်းပိုက်ကာ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေးစခန်းများ တည်ထောင်ခဲ့ကြပြန်ပါသည်။ ၎င်းမှာ ဂျာမန်ရေတပ်၏ လှုပ်ရှားမှုကို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

ကမ္ဘာစစ်အတွင်း GIUK အရေးပါမှုကို အထင်ရှားဆုံး သက်သေပြနိုင်သည့် ဖြစ်ရပ်မှာ ၁၉၄၁ ခုနှစ်က ဂျာမန်စစ်သင်္ဘော ဘစ်စမတ်က် ဖြစ်ရပ် ( Bismarck Incident) ကို ပြရပါမည်။ ဘစ်စမတ်က် စစ်သင်္ဘောသည် မြောက်အတ္တလန္တိတ်အတွင်းရှိ မဟာမိတ်များ၏ ကုန်တင်ရေကြောင်းလမ်းများကို တိုက်ခိုက်ရန် ဂရင်းလန်းနှင့် အိုက်စလန်ကြားရှိ ဒိန်းမတ်ရေလက်ကြားကိုဖြတ်၍ အတ္တလန္တိတ်အတွင်းသို့ ဖောက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်သည် GIUK ကို အသုံးချ၍  မဟာမိတ်တို့၏ အသက်သွေးကြောကို မည်သို့ခြိမ်းခြောက်နိုင်ခဲ့ကြောင်း ပြသနေသည့် သာဓကတစ်ခုဖြစ်ခဲ့ပါသည်။  ဗြိတိသျှရေတပ်သည် ဘစ်စမတ်က်ကို လိုက်လံဖမ်းဆီးကာ နောက်ဆုံးတွင် နစ်မြှုပ်ပစ်နိုင်ခဲ့ပါသည်။

စစ်အေးတိုက်ပွဲကာလနှင့် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှု

စစ်အေးတိုက်ပွဲကာလတွင် GIUK အရေးပါမှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်။  နေတိုးအဖွဲ့၏ ကာကွယ်ရေးဗျူဟာ ရှေ့တန်းနေရာတစ်ခုဖြစ်လာခဲ့ပါသည်။ ၎င်းသည် ကိုလာကျွန်းဆွယ်ရှိ အခြေစိုက်စခန်းများမှ အတ္တလန္တိတ်သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆိုဗီယက် ရေငုပ်သင်္ဘောများကို ထောက်လှမ်းရန် အဓိက ပိတ်ဆို့မှု အချက်အချာနေရာဖြစ်လာပြန်ပါသည်။ ထိုနေရာတွင် နေတိုးက  ရေငုပ်သင်္ဘောဖြိုခွင်းရေး (ASW) တွင် အသာစီးရရှိရန် ရေအောက် အသံဖမ်းကိရိယာများ ကွန်ရက်ဖြစ်သော Sound Surveillance System (SOSUS) နှင့် P-3 Orion ကဲ့သို့သော ရေကြောင်းကင်းလှည့်လေယာဉ်များကို ဖြန့်ကြက်ခဲ့ပါသည်။ SOSUS စနစ်သည် ဆိုဗီယက် ရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုကို ကြိုတင်သတိပေးနိုင်ခဲ့ပြီး နေတိုး၏ စောင့်ကြည့်ရေးစွမ်းရည်ကိုပါ သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

ဆိုဗီယက်ဒုံးကျည်နည်းပညာ တိုးတက်လာကာ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောများ အာတိတ်ခံတပ်များမှ လည်ပတ်နိုင်စေခဲ့သည့်တိုင် နေတိုး၏ ထရန်စ်အတ္တလန္တိတ် အားဖြည့်လမ်းကြောင်းများကို ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို ခြေရာခံရန်အတွက် GIUK သည် အရေးပါနေဆဲဖြစ်ပါသည်။ ထိုအချက်မှာ GIUK က အတားအဆီးနှင့် ဝင်ပေါက်နှစ်မျိုးလုံးတွင် အရေးပါသော အခန်းကဏ္ဍကို ထင်ရှားစေခဲ့ပါသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ရေတပ်ဆိုင်ရာ ခြိမ်းခြောက်မှုလျော့နည်းသွားသည်ဟု ထင်မြင်ခဲ့ကြပြီး နေတိုးသည် ၎င်း၏အာရုံစိုက်မှုကို အခြားဒေသများသို့ ပြောင်းလဲခဲ့ပါသည်။ အဆိုပါအပြောင်းအရွှေ့ကြောင့် ASW စွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခဲ့ပြီး ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စွမ်းဆောင်ရည်များပါ ကျဆင်းလာခဲ့ပါသည်။

ရုရှား ပြန်လည်နိုးထလာမှုနှင့် ခေတ်သစ်စိန်ခေါ်မှုများ

၂၁ ရာစုအလှည့်တွင် ရုရှားသည် ၎င်း၏ မြောက်ပိုင်းရေယာဉ်စုကို ခေတ်မီရန်ပြုလုပ်ရင်း ရေတပ် စွမ်းရည်များကို သိသိသာသာ ပြန်လည်မြှင့်တင်ခဲ့ပါသည်။ ကိုလာကျွန်းဆွယ် အခြေစိုက် အဆိုပါရေယာဉ်စုသည် GIUK မှတစ်ဆင့် မြောက်အတ္တလန္တိတ်သို့ တစ်နှစ်ပတ်လုံး ဝင်ရောက်နိုင်မှုရှိပြီး ရုရှား၏ ဟန့်တားရေး မဟာ ဗျူဟာ၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်လာပါသည်။ Yasen- နှင့် Borei အမျိုးအစား ရေငုပ်သင်္ဘောများက ရုရှား၏ ရေတပ် သာလွန်မှု ပြန်လည်ရယူရန် ကြိုးပမ်းလုပ်ဆောင်နေမှုကို ထင်ရှားပေါ်လွင်နေပါသည်။ ထိုရေငုပ် သင်္ဘောများတွင် သမားရိုးကျထောက်လှမ်းရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် ကိုယ်ပျောက် နည်းပညာများနှင့် Kalibr ခရုဇ်ဒုံးကျည်များ၊ Zircon အသံထက်မြန်ဒုံးကျည်များ တပ်ဆင်ထားပါသည်။ စစ်အေး တိုက်ပွဲနောက်ပိုင်း မမြင်တွေ့ရသည့်အဆင့်အထိ GIUK တစ်ဝိုက်တွင် ရုရှားရေငုပ်သင်္ဘောကင်းလှည့်မှုများ တိုးမြှင့်လာခြင်းမှာလည်း နေတိုး၏ ရေတပ်လွှမ်းမိုးမှုကို စိန်ခေါ်ရန် ရည်ရွယ်နေသည်ကို ဖော်ပြနေပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသ ရေခဲများ အရည်ပျော်လာခြင်းသည် ရုရှားအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှု နှစ်မျိုးလုံးဖန်တီးပေးနိုင်ခဲ့ပါသည်။ တစ်ဖက်တွင် ရေကြောင်းသွားလာနိုင်မှု တိုးလာကာ မြောက်ပင်လယ်ရေကြောင်း (NSR) အသုံးချမှု ပိုမိုလွယ်ကူလာသော်လည်း အခြားတစ်ဖက်တွင် နေတိုးအတွက် အာတိတ်ဒေသအတွင်း စောင့်ကြည့်လေ့လာမှုနှင့် တပ်ဖြန့်မှုများ ပိုမိုပြုလုပ်နိုင်သည့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးခဲ့ပါသည်။

ပေါင်းစပ်ခြိမ်းခြောက်မှုများနှင့် ရေအောက်အခြေခံအဆောက်အအုံ အားနည်းချက်

ရုရှားသည် သမားရိုးကျ ရေတပ်စစ်ဆင်ရေးများအပြင် ပေါင်းစပ်စစ်ဆင်ရေးများကိုပါ အာရုံစိုက်လာခဲ့ပါသည်။ Yantar ကဲ့သို့သော အထူးထုတ်လုပ်ထားသော သင်္ဘောများတွင် ရေအောက် အခြေခံအဆောက်အအုံများကို ဝင်ရောက်နှောင့်ယှက်နိုင်သည့် အဆင့်မြင့်နည်းပညာများကို တပ်ဆင်ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသွားအလာ၏ ၉၅% ကျော်ကို သယ်ဆောင်နေသည့် ရေအောက်ဆက်သွယ်ရေးကြိုးများနှင့် ကမ်းလွန် စွမ်းအင်အခြေခံ အဆောက်အအုံများသည် ထိုခြိမ်းခြောက်မှုများ၏ ပစ်မှတ်များဖြစ်လာနိုင်ပါသည်။

အဆိုပါ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းက အစိုးရဆက်သွယ်ရေးများ ချို့ယွင်းခြင်း၊ ဘဏ္ဍာရေး ဈေးကွက်များ မတည်ငြိမ်ခြင်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတည်ငြိမ်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် GIUK တွင် နေတိုး၏ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များ အားကောင်းရန် လိုအပ်လာပါသည်။

နေတိုး၏ တန်ပြန်ဆောင်ရွက်မှုများနှင့် အနာဂတ်အလားအလာ

အဆိုပါခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် နေတိုးသည် ASW စွမ်းရည်များ ပြန်လည် ရှင်သန်လာစေရေး သိသာထင်ရှားသော ခြေလှမ်းများ လှမ်းခဲ့ပါသည်။ အမေရိကန်၊ ဗြိတိန်၊ နော်ဝေး အပါအဝင် မဟာမိတ်နိုင်ငံများ ပြုပြင်မောင်းနှင်နေကြသော P-8 Poseidon ရေကြောင်း ကင်းလှည့်လေယာဉ်များသည် ASW စစ်ဆင်ရေး၏ အုတ်မြစ်ဖြစ်လာခဲ့ပါသည်။ အိုက်စလန်တွင် P-8 များ တိုးချဲ့တပ်ဖြန့်ခြင်းသည် GIUK အပေါ် ထိန်းချုပ်မှု ခိုင်မာ စေရန် နေတိုး၏ ကတိကဝတ် ကို ပြသနေပါသည်။

ထို့ပြင် နေတိုးသည် မောင်းသူမဲ့ ရေကြောင်းစနစ်များ (UMS) တွင် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ အမေရိကန် ရေတပ်၏ Orca Extra Large Unmanned Underwater Vehicle (XLUUV) ကဲ့သို့သော ရေအောက်ဒရုန်းများက GIUK အား စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပြီး ရုရှားရေငုပ်သင်္ဘောလှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံ နိုင်မည်ဖြစ်ပါသည်။

"Dynamic Mongoose" နှင့် "Northern Viking" ကဲ့သို့သော ကြီးမားသည့် စစ်ရေး လေ့ကျင့်မှုများသည် ရေငုပ်သင်္ဘောများ၊ ရေပြင်တိုက်သင်္ဘောများနှင့် ရေကြောင်းကင်းလှည့် လေယာဉ်များအကြား ညှိနှိုင်းဆောင်ရွက် လေ့ကျင့်နိုင်စေပြီး ခြိမ်းခြောက်မှုများကို ထိရောက်စွာ ထောက်လှမ်းတုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြပါသည်။ နေတိုးသည် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ဆောင်ရွက်နိုင်မှု မြှင့်တင်ရန် စံသတ်မှတ်ထားသော ASW နည်းဗျူဟာများနှင့် အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းရေးမျှဝေမှုစနစ်များကိုပါ တီထွင်ခဲ့ပါသည်။

အမေရိကန်၏ ဒုတိယရေယာဉ်စု (US 2nd Fleet) ကို ပြန်လည်အသက်သွင်းခြင်းနှင့် နေတိုး၏ နော်ဖော့ခ်ပူးတွဲတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်းတို့သည် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများမှ ထရန်စ် အတ္တလန္တိတ် ပင်လယ်ဆက်သွယ်ရေး လမ်းကြောင်းများ (SLOCs) လုံခြုံစေရန် ပြန်လည် ကတိကဝတ်ပြုမှုကို ထင်ဟပ်ဖော်ပြနေပါသည်။

အချုပ်ဆိုရသော် GIUK သည် ရာစုနှစ်တစ်ခုကျော်ကြာ မြောက်အတ္တလန္တိတ်၏ မဟာဗျူဟာမြောက်ဟန်ချက်ညီမှုကို ပုံဖော်ခဲ့သည့် အဓိက ရေကြောင်းပိတ်ဆို့မှုအချက်အချာ အဖြစ် တည်ရှိခဲ့ပါသည်။ ကမ္ဘာစစ်များအတွင်း မဟာမိတ်တို့၏ အသက်သွေးကြောကို ကာကွယ်ခြင်းနှင့် စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက် ရေငုပ်သင်္ဘောများကို ခြေရာခံခြင်းမှသည် ယနေ့ ခေတ်ရုရှား၏ စစ်ရေးချဲ့ထွင်မှုနှင့် ပေါင်းစပ်ခြိမ်းခြောက်မှုများအထိ GIUK သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အာတိတ်ဒေသ ရေခဲများ ဆက်တိုက် အရည်ပျော်လာခြင်း၊ ရုရှား၏ စစ်ရေးချဲ့ထွင်ခြင်းနှင့် နည်းပညာတိုးတက်ခြင်းတို့သည် အဆိုပါဒေသ၏ မဟာဗျူဟာအရေးပါမှုကို ပိုမိုမြင့်တက်စေမည်သာ ဖြစ်ပါသည်။ နေတိုး၏ စောင့်ကြည့်ရေးနှင့် ဟန့်တားရေးစွမ်းရည်များကို ထိန်းသိမ်း နိုင်မှုသည် မြောက်အတ္တလန္တိတ်နှင့် ယူရိုအတ္တလန္တိတ် ဒေသတစ်ခုလုံး၏ အနာဂတ် ပါဝါချိန်ခွင်လျှာကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်အဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်ပါသည်။ သေချာသည်မှာ GIUK သည် မြောက်အတ္တလန္တိတ် လုံခြုံရေး၏ ကျောရိုးမကြီးအဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။

ကျော်ဇေယျ

ခုခံကာကွယ်မှုလော၊ အကြမ်းဖက်မှုလော - အနောက်ဘက်ကမ်းဒေသမှ ဂျူးအစွန်းရောက်တို့၏ စိုးရိမ်ဖွယ်ရာအခြေအနေ
-
အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းကျဆင်းသွားခြင်းအပေါ် ကြိုဆိုလျက်ရှိသော်လည်း တစ်ဖက်တွင်မူ အနောက်ဘက်ကမ်း(West Bank) ဒေသ၌ ပိုမိုစိုးရိမ်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် ပေါ်ပေါက်လာနေသည်။ ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် အရပ်သားများ ဒဏ်ရာရရှိခြင်းတို့အပြင် လုံခြုံရေးအဖွဲ့အစည်းများအတွက်လည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။လွန်ခဲ့သော တစ်ပတ်ခန့်က ဂျူးအခြေချနေထိုင်သူ အစုအဖွဲ့တစ်ခုသည် အနောက်ဘက်ကမ်းရှိ မူခါးမတ်စ် (Mukhamas) အမည်ရှိ ဘက်ဒူရင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ မှတ်တမ်းဗီဒီယိုများအရ မျက်နှာဖုံးစွပ်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့များမရောက်ရှိမီ နာရီပေါင်းများစွာကြာအောင် လွတ်လပ်စွာ သွားလာလှုပ်ရှားလျက် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ယာဉ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ် (Central Command) အတွက်မူ အဆိုပါဖြစ်ရပ်သည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ စိုးရိမ်ဖွယ်ရာ လားရာတစ်ခု၏ ပြယုဂ်သာဖြစ်သည်။ စစ်တပ်မှ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာအရ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းသွားသော်လည်း ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုနှုန်းမှာမူ အဆမတန် မြင့်တက်လာနေကြောင်း ကိန်းဂဏန်းအချက်အလက်များက ညွှန်ပြနေသည်။ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်း အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ်၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုဟု လုံခြုံရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် ပြင်းထန်သောဖြစ်စဉ်များမှာ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၅၄ ခု၊ ၂၀၂၄ ခုနှစ်တွင် ၈၃ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၂၈ ခုအထိ မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်များသည် သာမန်ဖျက်ဆီးမှုများမဟုတ်ဘဲ နေအိမ်နှင့် ကျေးရွာများကို မီးရှို့တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် ကိုယ်ထိလက်ရောက် အပြင်းအထန်ထိုးနှက်တိုက်ခိုက်ခြင်း စသည့် ပြင်းထန်သောရာဇဝတ်မှုများ ဖြစ်ကြသည်။ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ အပါအဝင် "အမျိုးသားရေးအသွင်ဆောင်သော ရာဇဝတ်မှု" (Nationalist Crime) ဟူသည့် ပိုမို ကျယ်ပြန့်သော အမျိုးအစားတွင်မူ အကြမ်းဖက်မှု မြင့်တက်လာခြင်းမှာ ပိုမိုထင်ရှားသည်။ အဆိုပါ ဘောင်အတွင်း၌ ၂၀၂၄ ခုနှစ်တွင် ဖြစ်စဉ်ပေါင်း ၆၈၂ ခု မှတ်တမ်းတင်ထားရာမှ ၂၀၂၅ ခုနှစ်တွင် ၈၆၇ ခုအထိ ရှိလာခဲ့သဖြင့် တစ်နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူအရေအတွက်နှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများရှိနေသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကျူးလွန်သူများသည် "မိသားစုပြိုကွဲနေသည့် လူငယ် ၇၀ ခန့်သာဖြစ်သည်" ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ အတွင်းပိုင်းသုံးသပ်ချက်များအရ ယင်းဖြစ်စဉ်မှာ ပိုမိုကျယ်ပြန့်ကြောင်း သိရသည်။ စစ်ဘက်ထောက်လှမ်းရေး၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် အဓိကအားဖြင့် “Hilltop Youth” ဟု ခေါ်ဆိုကြသည့် အဖွဲ့နှင့် ဆက်နွှယ်သူလူဦးရေ ၃၀၀ ခန့် ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။ပထဝီဝင်အနေအထားအရ အဆိုပါ အကြမ်းဖက်မှုများသည် သတ်မှတ်ထားသော ဒေသအချို့တွင် စုပြုံဖြစ်ပွားနေခြင်း ဖြစ်သည်။ ဂုရှ် အက်ဇီယွန် (Gush Etzion) နှင့် ဂျူဒီးယား (Judea) ဒေသများတွင် အကြမ်းဖက်မှုမြင့်တက်လာခြင်းမှာ အထင်ရှားဆုံးဖြစ်ပြီး အချို့နေရာများတွင် ဖြစ်စဉ်အရေအတွက်မှာ နှစ်ဆကျော်အထိ ရှိလာခဲ့သည်။ အလယ်ပိုင်းစစ်ဌာနချုပ်၏ အဆိုအရ အကြမ်းဖက် လုပ်ရပ်များ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် စိုက်ပျိုးရေးခြံများမှမဟုတ်ဘဲ တရားမဝင်တိုးချဲ့အခြေချစခန်းများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သိရှိရသည်။အကြမ်းဖက်မှုလော သို့မဟုတ် အခြားအရာတစ်ခုလော ပါလက်စတိုင်းများနှင့် အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်းများအကြားတွင် အဆိုပါတိုက်ခိုက်မှုများကို "အကြမ်းဖက်မှု" ဟု သတ်မှတ်ရန် တုံ့ဆိုင်းခြင်းမရှိသော်လည်း အစ္စရေးလုံခြုံရေးအဖွဲ့ အစည်းအတွင်းရှိ လူတိုင်းကမူ ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုရန် သဘောမတူကြပေ။အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အေးဂျင့်ဟောင်းတစ်ဦးဖြစ်သူ အာမစ်အာဆာ (Amit Assa) က ၎င်းအနေဖြင့် အဆိုပါ ဝေါဟာရအသုံးအနှုန်းအပေါ်လက်ခံရန် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ၎င်းက “၂၀၂၅ ခုနှစ်သည် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်) စစ်ပွဲ နောက်ပိုင်း ဒုတိယမြောက်နှစ်သာ ရှိသေးသည်ဆိုသည်ကို သတိရရန်လိုပါသည်။ ဂျူဒီးယား နှင့် ဆမာရီးယား (Judea and Samaria) ဒေသမှာရှိသည့် ဂျူးနေထိုင်သူများသည် မြင့်တက်လာနေသည့် ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုတွေကြားမှာ ပိုမိုထိခိုက်လွယ်သည့် အနေအထားမှာ ရှိနေပါသည်” ဟု ဆိုသည်။၎င်း၏ အမြင်သည် အစ္စရေးနိုင်ငံအတွင်း ဖြစ်ပွားနေသော ပိုမိုကျယ်ပြန့်သည့် အငြင်းပွားမှုကို ထင်ဟပ်နေသည်။ ယင်းမှာ ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုကို "အကြမ်းဖက်မှု" အဖြစ်သာ သတ်မှတ်သင့်သလား သို့မဟုတ် ရေရှည်တည်ရှိနေသော လုံခြုံရေးကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာ သည့် အစွန်းရောက်ပြီး ဥပဒေမဲ့သော တုံ့ပြန်မှုအဖြစ် ရှုမြင်သင့်သလားဟူသော မေးခွန်းပင် ဖြစ်သည်။ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှု - ကြိုးပမ်းမှုများပြားသော်လည်း တိုက်ခိုက်မှုဖြစ်ပွားနှုန်း လျော့ကျ လာခြင်းအပေါ်ယံကြည့်လျှင် ကိန်းဂဏန်းအချက်အလက်များသည် အာမစ်အာဆာ၏ အဆိုကို တစ်စိတ် တစ်ပိုင်းအားဖြင့် ထောက်ခံနေသည်ဟု ယူဆရသည်။အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အချက်အလက်များအရ အစ္စရေးနိုင်ငံသားများအပေါ် တိုက်ခိုက်မှုပြုလုပ်ရန် ပါလက်စတိုင်းတို့၏ ကြိုးပမ်းမှုများမှာ အမှန်တကယ် မြင့်တက်လာခဲ့သည်။ အဆိုပါအေဂျင်စီ၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် ကြိုးပမ်းမှု ၁,၀၃၂ ခုနှင့် ၂၀၂၄ ခုနှစ် တွင် ၁,၀၄၀ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁,၃၇၄ ခုအထိ မြင့်တက်လာခဲ့သည်။သို့သော်လည်း လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော တိုက်ခိုက်မှုအရေအတွက်မှာမူ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၂၀၂၃ ခုနှစ် တွင် ထိုကဲ့သို့သော ဖြစ်စဉ် ၄၁၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၂၃၁ ခု ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ ၅၄ ခုသာ ရှိတော့သည်။တိုက်ခိုက်လိုသော ရည်ရွယ်ချက်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုအကြားရှိ ထိုကွာဟချက်သည် ပါလက်စတိုင်းလက်နက်ကိုင် လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် အစ္စရေး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ယန္တရား မည်မျှထိရောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် မတူညီသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် သိသာထင်ရှားသော တုံ့ပြန်မှုမမျှတမှု (Asymmetry) ရှိနေခြင်း ကိုလည်း ထိုအချက်က မီးမောင်းထိုးပြနေပါသည်။ရှင်ဘတ် (Shin Bet) ၏ မမျှတသော အာရုံစိုက်မှု ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှစ၍ အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) သည် ၎င်း၏ အရင်းအမြစ်အများစုကို ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင်သာ အဓိကအသုံးပြုခဲ့သည်။ ယင်းတွင် အေဂျင်စီ၏ ဘတ်ဂျက်အမြောက်အမြား၊ ထောင်နှင့်ချီသော အေးဂျင့်များ၊ စစ်ဆေးမေးမြန်းသူများ၊ ထောက်လှမ်းရေးသုတေသီများ၊ ဆိုင်ဘာယူနစ်များနှင့် ကျယ်ပြန့်သော သတင်းပေးကွန်ရက်များ ပါဝင်သည်။ ထို့အပြင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)၊ ရဲတပ်ဖွဲ့နှင့် ပြည်ပထောက်လှမ်းရေးအဖွဲ့များအကြား နေ့စဉ်ညှိနှိုင်းဆောင်ရွက်မှုများကလည်း ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေခဲ့သည်။ယင်းသို့ဆောင်ရွက်ရခြင်း၏ အကြောင်းပြချက်မှာ ရှင်းလင်းပါသည်။ ပါလက်စတိုင်းအကြမ်းဖက် အဖွဲ့အစည်းများသည် စနစ်တကျ ဖွဲ့စည်းပုံရှိခြင်း၊ ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုရရှိခြင်း၊ ဝါဒရေးရာ အရ တွန်းအားပေးခြင်းနှင့် လူအစုလိုက်အပြုံလိုက် သေဆုံးစေနိုင်သည့် တိုက်ခိုက်မှုများကို လုပ်ဆောင် နိုင်စွမ်းရှိခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့ကို လုံခြုံရေးအဖွဲ့အစည်းများက "မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု" (Strategic Threat) အဖြစ် သတ်မှတ်ထားသည်။ နှိုင်းယှဉ်ချက်အရ ဂျူးအစွန်းရောက် တို့၏ အကြမ်းဖက်မှုကိုမူ "ဂျူးဌာန" (Jewish Department) ဟု လူသိများသည့် ရှင်ဘတ်အတွင်းရှိ သေးငယ်သော ယူနစ်တစ်ခုကသာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ လူအင်အားနှင့် ဘတ်ဂျက်မှာ ပါလက်စတိုင်းလက်နက်ကိုင်များကို အဓိကထားသော ဌာနခွဲများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလှသည်။ယင်းသို့ ခွဲခြားကိုင်တွယ်ရခြင်းမှာလည်း မဟာဗျူဟာမြောက် စဉ်းစားချက်များကြောင့်ပင်ဖြစ်သည်။ ဂျူးအစွန်းရောက်အုပ်စုများတွင် တရားဝင်အဖွဲ့အစည်း ဖွဲ့စည်းပုံ၊ ပြည်ပမှ ပံ့ပိုးကူညီမှု သို့မဟုတ် နိုင်ငံတော်ကို စစ်ရေးအရ မတည်မငြိမ်ဖြစ်စေနိုင်သည့် စွမ်းဆောင်ရည်မျိုး မရှိကြပေ။ သို့သော်ဤနေရာတွင်ပင် တင်းမာမှုများ စတင်လာခဲ့သည်။ ဂျူးအစွန်းရောက်တို့၏ ခြိမ်းခြောက်မှုမှာ အတိုင်းအတာအရ သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း နိုင်ငံရေးနှင့် လူမှုရေးအရမူ ပိုမိုပေါက်ကွဲလွယ်သော အနေအထားတွင် ရှိနေပါသည်။ ရှင်ဘတ် (Shin Bet) သည် လုံလောက်စွာ ဆောင်ရွက်နေခြင်း ရှိ၊ မရှိဂျူးအစွန်းရောက်မှုကို ကိုင်တွယ်ရန် ဌာနတစ်ခုတည်းသာ ရှိသည်ဟူသောအချက်ကို အာမစ် အာဆာက သဘောတူသော်လည်း ရှင်ဘတ်အနေဖြင့် ထိုကိစ္စရပ်ကို လျစ်လျူရှုထားသည်ဟူသော အယူအဆကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။ ၎င်းက “ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအေဂျင်စီတွေ၊ နိုင်ငံရေးသမားတွေနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေအပါအဝင် မတူညီသည့် အဖွဲ့အစည်းအားလုံးသည် အစွန်းရောက်တက်ကြွလှုပ်ရှားသူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက် နေကြသည်ဆိုသည်ကို ကျွန်တော် အာမခံနိုင်ပါသည်” ဟု ပြောကြားခဲ့သည်။အာမစ်အာဆာ၏ အဆိုအရ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည် အဖွဲ့အစည်းဆိုင်ရာ ပျက်ကွက်မှုကြောင့်ထက် စိတ်ခံစားမှုဆိုင်ရာ တွန်းအားများကြောင့် ပိုမိုဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။ “မျိုးဆက်သစ်လူငယ်တွေဟာ ယေဘုယျအားဖြင့် မြင့်တက်လာနေသည့် အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ်မှာရော အထူးသဖြင့် အောက်တိုဘာ ၇ ရက် ဖြစ်စဉ်အပေါ်မှာပါ လက်စားချေလိုစိတ်တွေ ရှိနေကြသည်” ဟု ၎င်းက ဆိုသည်။ ၎င်း၏အမြင်အရ ယင်းလုပ်ရပ်များသည် မဟာဗျူဟာမြောက် အကြမ်းဖက်မှုမျိုးမဟုတ်ဘဲ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။နိုင်ငံရေးအရ နောက်ကွယ်မှ ပံ့ပိုးမှုလော သို့မဟုတ် နိုင်ငံရေးဖိအားလော အာမစ်အာဆာ၏ အကဲဖြတ်ချက်ကို လူတိုင်းက သဘောမတူကြပေ။ ၂၀၂၄ ခုနှစ်တွင် ရှင်ဘတ် (Shin Bet) အရာရှိဟောင်း တစ်ဦးဖြစ်သူ အရစ်ဘာဘင်း (Arik Barbing) က ဆောင်းပါးတစ်စောင်ရေးသားခဲ့ရာ၌ ဂျူးအစွန်းရောက်အုပ်စုများ အရှိန်အဟုန်ဖြင့် ရှင်သန်လာရခြင်းမှာ ၎င်းတို့အနေဖြင့် နိုင်ငံရေးအရွယ် နောက်ကွယ်မှ ပံ့ပိုးမှုများကို ရရှိနေသောကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben Gvir) ထံမှ ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။ဝန်ကြီး ဘန်ဂါဗီယာ ကိုယ်တိုင်သည်လည်း အနောက်ဘက်ကမ်း (West Bank) ဒေသရှိ အစွန်းရောက် လှုပ်ရှားမှုများကြောင့် အတိတ်ကာလက အကြိမ်ကြိမ် ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးသဖြင့် ရှင်ဘတ်နှင့် ရင်းနှီးပြီး ဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦး ဖြစ်လာချိန်တွင်လည်း ပါလက်စတိုင်းများနှင့် ထိပ်တိုက် တွေ့မှုများ၌ ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူများကို ၎င်းက ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ဖြစ်စဉ်များတွင် ဖမ်းဆီးခံရမှုမှာ အလွန်နည်းပါးပြီး တရားစွဲဆို ခံရမှုမှာပို၍ပင် နည်းပါးလှသည့်အပြင် ပြစ်ဒဏ်ချမှတ်ခံရခြင်းမှာမူ မရှိသလောက်ပင် ဖြစ်သည်။တစ်ချိန်တည်းမှာပင် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို မှတ်တမ်းတင်နေသည့် အစ္စရေး လူမျိုးနှင့် နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများသည် နှောင့်ယှက်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် ဥပဒေကြောင်းအရ ဖိအားပေးခံရခြင်းများကို ပိုမိုကြုံတွေ့လာရကြောင်း အစီရင်ခံထားကြသည်။ ယင်းလုပ်ရပ်များသည် ဘန်ဂါဗီယာ ကြီးကြပ်သည့် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များ အောက်တွင် ဖြစ်ပွားလေ့ရှိသည်။သို့သော်လည်း ဂျူးအစွန်းရောက်လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် ရှင်ဘတ်သည် နိုင်ငံရေးဖိအား အောက်၌ လုပ်ဆောင်နေရသည်ဟူသော စွပ်စွဲချက်များကို အာမစ်အာဆာက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ၎င်းက “မိမိ၏ ကျွမ်းကျင်မှုဆိုင်ရာ အမြင်အရတော့ ရှင်ဘတ်ဟာ လက်ဝဲယိမ်း ဖြစ်စေ၊ လက်ယာယိမ်းဖြစ်စေ ဂျူးအစွန်းရောက် လှုပ်ရှားမှုတွေကို ကိုင်တွယ်သည့်အခါမှာ မည်သည့်ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံရေးသမား၏ ထိန်းချုပ်ညွှန်ကြားမှုအောက်မှာမှ ရှိမနေဘူး ဆိုတာ ပါပဲ” ဟု ပြောကြားခဲ့သည်။အစ္စရေးတို့ နိုင်ငံတကာမျက်နှာစာတွင် ရှုံးနိမ့်နေသည့် တိုက်ပွဲ အာမစ်အာဆာ၏ အမြင်အရ အစ္စရေး၏ သိသာထင်ရှားသော ကျရှုံးမှုမှာ ထောက်လှမ်းရေး သို့မဟုတ် ဥပဒေစိုးမိုးရေးအပိုင်းတွင်မဟုတ်ဘဲ အများပြည်သူ၏ ရှုမြင်ခံရမှုအပိုင်း၌သာ ဖြစ်သည်။၎င်းက “အစ္စရေး မည်သည့်အရာများ ရင်ဆိုင်နေရသည်ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှု အလွန်နည်းပါးသည်ဟု ကျွန်တော် ထင်ပါသည် ၊ အဓိက ဆွေးနွေးရမယ့်အချက်ကတော့ ကျွန်တော်တို့သည် အစွန်းရောက်အစ္စလာမ်မစ် အကြမ်းဖက်သမားများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်း ကို ခံနေရသည်ဆိုသည့် အချက်ပါပဲ ၊ ထို့ကြောင့် ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက်ပဲ အာရုံစိုက်နေရတာပါ” ဟု ဆိုသည်။အစ္စရေး၏ အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လုံခြုံရေးထက် ဖြစ်ရပ်မှန်ကို ဖော်ပြနိုင်မှု (Narrative) ပိုင်း၌သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော်လည်း မူခါးမတ်စ် (Mukhamas) ကျေးရွာသည် မီးခိုးတိတ်ခြင်း မရှိသေးဘဲ အကြမ်းဖက်မှု ကိန်းဂဏန်းများမှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ရာ အစ္စရေးသည် သတင်းစကားပါးရုံမျှဖြင့် မဖြေရှင်းနိုင်သော အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို ထိရောက်စွာ နှိမ်နင်းနိုင် ခဲ့သော်လည်း ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုမှာမူ နိုင်ငံရေးအရ နောက်ကွယ်မှ တွန်းအားပေးမှုများဖြင့် မရပ်မနား မြင့်တက်လာနေပြီး ပိုမိုထင်ရှားလာနေသည်။အစ္စရေးလုံခြုံရေးအဖွဲ့အစည်းများအတွက်မူ အဆိုပါအန္တရာယ်သည် တစ်ဖက်နိုင်ငံ သို့မဟုတ် နယ်ခြားမျဉ်းတစ်ဖက်ခြမ်းတွင်သာ ရှိတော့သည်မဟုတ်ဘဲ မိမိတို့အတွင်းပိုင်း၌ပင် စိုးရိမ်ဖွယ်ရာ အမြစ်တွယ်နေပြီဖြစ်သည်။RT တွင်ဖော်ပြထားသည့် Elizabeth Blade, RT Middle East correspondent ၏ ‘I call it self-defense’: Jewish terror surges as Palestinian attacks decline ကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းကျဆင်းသွားခြင်းအပေါ် ကြိုဆိုလျက်ရှိသော်လည်း တစ်ဖက်တွင်မူ အနောက်ဘက်ကမ်း(West Bank) ဒေသ၌ ပိုမိုစိုးရိမ်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် ပေါ်ပေါက်လာနေသည်။ ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် အရပ်သားများ ဒဏ်ရာရရှိခြင်းတို့အပြင် လုံခြုံရေးအဖွဲ့အစည်းများအတွက်လည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

လွန်ခဲ့သော တစ်ပတ်ခန့်က ဂျူးအခြေချနေထိုင်သူ အစုအဖွဲ့တစ်ခုသည် အနောက်ဘက်ကမ်းရှိ မူခါးမတ်စ် (Mukhamas) အမည်ရှိ ဘက်ဒူရင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ မှတ်တမ်းဗီဒီယိုများအရ မျက်နှာဖုံးစွပ်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့များမရောက်ရှိမီ နာရီပေါင်းများစွာကြာအောင် လွတ်လပ်စွာ သွားလာလှုပ်ရှားလျက် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ယာဉ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ် (Central Command) အတွက်မူ အဆိုပါဖြစ်ရပ်သည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ စိုးရိမ်ဖွယ်ရာ လားရာတစ်ခု၏ ပြယုဂ်သာဖြစ်သည်။ စစ်တပ်မှ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာအရ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းသွားသော်လည်း ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုနှုန်းမှာမူ အဆမတန် မြင့်တက်လာနေကြောင်း ကိန်းဂဏန်းအချက်အလက်များက ညွှန်ပြနေသည်။

ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်း 

အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ်၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုဟု လုံခြုံရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် ပြင်းထန်သောဖြစ်စဉ်များမှာ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၅၄ ခု၊ ၂၀၂၄ ခုနှစ်တွင် ၈၃ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၂၈ ခုအထိ မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်များသည် သာမန်ဖျက်ဆီးမှုများမဟုတ်ဘဲ နေအိမ်နှင့် ကျေးရွာများကို မီးရှို့တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် ကိုယ်ထိလက်ရောက် အပြင်းအထန်ထိုးနှက်တိုက်ခိုက်ခြင်း စသည့် ပြင်းထန်သောရာဇဝတ်မှုများ ဖြစ်ကြသည်။

ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ အပါအဝင် "အမျိုးသားရေးအသွင်ဆောင်သော ရာဇဝတ်မှု" (Nationalist Crime) ဟူသည့် ပိုမို ကျယ်ပြန့်သော အမျိုးအစားတွင်မူ အကြမ်းဖက်မှု မြင့်တက်လာခြင်းမှာ ပိုမိုထင်ရှားသည်။ အဆိုပါ ဘောင်အတွင်း၌ ၂၀၂၄ ခုနှစ်တွင် ဖြစ်စဉ်ပေါင်း ၆၈၂ ခု မှတ်တမ်းတင်ထားရာမှ ၂၀၂၅ ခုနှစ်တွင် ၈၆၇ ခုအထိ ရှိလာခဲ့သဖြင့် တစ်နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူအရေအတွက်နှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများရှိနေသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကျူးလွန်သူများသည် "မိသားစုပြိုကွဲနေသည့် လူငယ် ၇၀ ခန့်သာဖြစ်သည်" ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ အတွင်းပိုင်းသုံးသပ်ချက်များအရ ယင်းဖြစ်စဉ်မှာ ပိုမိုကျယ်ပြန့်ကြောင်း သိရသည်။ စစ်ဘက်ထောက်လှမ်းရေး၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် အဓိကအားဖြင့် “Hilltop Youth” ဟု ခေါ်ဆိုကြသည့် အဖွဲ့နှင့် ဆက်နွှယ်သူလူဦးရေ ၃၀၀ ခန့် ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

ပထဝီဝင်အနေအထားအရ အဆိုပါ အကြမ်းဖက်မှုများသည် သတ်မှတ်ထားသော ဒေသအချို့တွင် စုပြုံဖြစ်ပွားနေခြင်း ဖြစ်သည်။ ဂုရှ် အက်ဇီယွန် (Gush Etzion) နှင့် ဂျူဒီးယား (Judea) ဒေသများတွင် အကြမ်းဖက်မှုမြင့်တက်လာခြင်းမှာ အထင်ရှားဆုံးဖြစ်ပြီး အချို့နေရာများတွင် ဖြစ်စဉ်အရေအတွက်မှာ နှစ်ဆကျော်အထိ ရှိလာခဲ့သည်။ အလယ်ပိုင်းစစ်ဌာနချုပ်၏ အဆိုအရ အကြမ်းဖက် လုပ်ရပ်များ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် စိုက်ပျိုးရေးခြံများမှမဟုတ်ဘဲ တရားမဝင်တိုးချဲ့အခြေချစခန်းများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်မှုလော သို့မဟုတ် အခြားအရာတစ်ခုလော 

ပါလက်စတိုင်းများနှင့် အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်းများအကြားတွင် အဆိုပါတိုက်ခိုက်မှုများကို "အကြမ်းဖက်မှု" ဟု သတ်မှတ်ရန် တုံ့ဆိုင်းခြင်းမရှိသော်လည်း အစ္စရေးလုံခြုံရေးအဖွဲ့ အစည်းအတွင်းရှိ လူတိုင်းကမူ ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုရန် သဘောမတူကြပေ။

အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အေးဂျင့်ဟောင်းတစ်ဦးဖြစ်သူ အာမစ်အာဆာ (Amit Assa) က ၎င်းအနေဖြင့် အဆိုပါ ဝေါဟာရအသုံးအနှုန်းအပေါ်လက်ခံရန် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ၎င်းက “၂၀၂၅ ခုနှစ်သည် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်) စစ်ပွဲ နောက်ပိုင်း ဒုတိယမြောက်နှစ်သာ ရှိသေးသည်ဆိုသည်ကို သတိရရန်လိုပါသည်။ ဂျူဒီးယား နှင့် ဆမာရီးယား (Judea and Samaria) ဒေသမှာရှိသည့် ဂျူးနေထိုင်သူများသည် မြင့်တက်လာနေသည့် ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုတွေကြားမှာ ပိုမိုထိခိုက်လွယ်သည့် အနေအထားမှာ ရှိနေပါသည်” ဟု ဆိုသည်။

၎င်း၏ အမြင်သည် အစ္စရေးနိုင်ငံအတွင်း ဖြစ်ပွားနေသော ပိုမိုကျယ်ပြန့်သည့် အငြင်းပွားမှုကို ထင်ဟပ်နေသည်။ ယင်းမှာ ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုကို "အကြမ်းဖက်မှု" အဖြစ်သာ သတ်မှတ်သင့်သလား သို့မဟုတ် ရေရှည်တည်ရှိနေသော လုံခြုံရေးကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာ သည့် အစွန်းရောက်ပြီး ဥပဒေမဲ့သော တုံ့ပြန်မှုအဖြစ် ရှုမြင်သင့်သလားဟူသော မေးခွန်းပင် ဖြစ်သည်။

ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှု - ကြိုးပမ်းမှုများပြားသော်လည်း တိုက်ခိုက်မှုဖြစ်ပွားနှုန်း လျော့ကျ လာခြင်း

အပေါ်ယံကြည့်လျှင် ကိန်းဂဏန်းအချက်အလက်များသည် အာမစ်အာဆာ၏ အဆိုကို တစ်စိတ် တစ်ပိုင်းအားဖြင့် ထောက်ခံနေသည်ဟု ယူဆရသည်။

အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အချက်အလက်များအရ အစ္စရေးနိုင်ငံသားများအပေါ် တိုက်ခိုက်မှုပြုလုပ်ရန် ပါလက်စတိုင်းတို့၏ ကြိုးပမ်းမှုများမှာ အမှန်တကယ် မြင့်တက်လာခဲ့သည်။ အဆိုပါအေဂျင်စီ၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် ကြိုးပမ်းမှု ၁,၀၃၂ ခုနှင့် ၂၀၂၄ ခုနှစ် တွင် ၁,၀၄၀ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁,၃၇၄ ခုအထိ မြင့်တက်လာခဲ့သည်။

သို့သော်လည်း လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော တိုက်ခိုက်မှုအရေအတွက်မှာမူ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၂၀၂၃ ခုနှစ် တွင် ထိုကဲ့သို့သော ဖြစ်စဉ် ၄၁၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၂၃၁ ခု ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ ၅၄ ခုသာ ရှိတော့သည်။

တိုက်ခိုက်လိုသော ရည်ရွယ်ချက်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုအကြားရှိ ထိုကွာဟချက်သည် ပါလက်စတိုင်းလက်နက်ကိုင် လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် အစ္စရေး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ယန္တရား မည်မျှထိရောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် မတူညီသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် သိသာထင်ရှားသော တုံ့ပြန်မှုမမျှတမှု (Asymmetry) ရှိနေခြင်း ကိုလည်း ထိုအချက်က မီးမောင်းထိုးပြနေပါသည်။

ရှင်ဘတ် (Shin Bet) ၏ မမျှတသော အာရုံစိုက်မှု 

၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှစ၍ အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) သည် ၎င်း၏ အရင်းအမြစ်အများစုကို ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင်သာ အဓိကအသုံးပြုခဲ့သည်။ ယင်းတွင် အေဂျင်စီ၏ ဘတ်ဂျက်အမြောက်အမြား၊ ထောင်နှင့်ချီသော အေးဂျင့်များ၊ စစ်ဆေးမေးမြန်းသူများ၊ ထောက်လှမ်းရေးသုတေသီများ၊ ဆိုင်ဘာယူနစ်များနှင့် ကျယ်ပြန့်သော သတင်းပေးကွန်ရက်များ ပါဝင်သည်။ ထို့အပြင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)၊ ရဲတပ်ဖွဲ့နှင့် ပြည်ပထောက်လှမ်းရေးအဖွဲ့များအကြား နေ့စဉ်ညှိနှိုင်းဆောင်ရွက်မှုများကလည်း ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေခဲ့သည်။

ယင်းသို့ဆောင်ရွက်ရခြင်း၏ အကြောင်းပြချက်မှာ ရှင်းလင်းပါသည်။ ပါလက်စတိုင်းအကြမ်းဖက် အဖွဲ့အစည်းများသည် စနစ်တကျ ဖွဲ့စည်းပုံရှိခြင်း၊ ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုရရှိခြင်း၊ ဝါဒရေးရာ အရ တွန်းအားပေးခြင်းနှင့် လူအစုလိုက်အပြုံလိုက် သေဆုံးစေနိုင်သည့် တိုက်ခိုက်မှုများကို လုပ်ဆောင် နိုင်စွမ်းရှိခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့ကို လုံခြုံရေးအဖွဲ့အစည်းများက "မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု" (Strategic Threat) အဖြစ် သတ်မှတ်ထားသည်။ နှိုင်းယှဉ်ချက်အရ ဂျူးအစွန်းရောက် တို့၏ အကြမ်းဖက်မှုကိုမူ "ဂျူးဌာန" (Jewish Department) ဟု လူသိများသည့် ရှင်ဘတ်အတွင်းရှိ သေးငယ်သော ယူနစ်တစ်ခုကသာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ လူအင်အားနှင့် ဘတ်ဂျက်မှာ ပါလက်စတိုင်းလက်နက်ကိုင်များကို အဓိကထားသော ဌာနခွဲများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလှသည်။

ယင်းသို့ ခွဲခြားကိုင်တွယ်ရခြင်းမှာလည်း မဟာဗျူဟာမြောက် စဉ်းစားချက်များကြောင့်ပင်ဖြစ်သည်။ ဂျူးအစွန်းရောက်အုပ်စုများတွင် တရားဝင်အဖွဲ့အစည်း ဖွဲ့စည်းပုံ၊ ပြည်ပမှ ပံ့ပိုးကူညီမှု သို့မဟုတ် နိုင်ငံတော်ကို စစ်ရေးအရ မတည်မငြိမ်ဖြစ်စေနိုင်သည့် စွမ်းဆောင်ရည်မျိုး မရှိကြပေ။ သို့သော်ဤနေရာတွင်ပင် တင်းမာမှုများ စတင်လာခဲ့သည်။ ဂျူးအစွန်းရောက်တို့၏ ခြိမ်းခြောက်မှုမှာ အတိုင်းအတာအရ သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း နိုင်ငံရေးနှင့် လူမှုရေးအရမူ ပိုမိုပေါက်ကွဲလွယ်သော အနေအထားတွင် ရှိနေပါသည်။

ရှင်ဘတ် (Shin Bet) သည် လုံလောက်စွာ ဆောင်ရွက်နေခြင်း ရှိ၊ မရှိ

ဂျူးအစွန်းရောက်မှုကို ကိုင်တွယ်ရန် ဌာနတစ်ခုတည်းသာ ရှိသည်ဟူသောအချက်ကို အာမစ် အာဆာက သဘောတူသော်လည်း ရှင်ဘတ်အနေဖြင့် ထိုကိစ္စရပ်ကို လျစ်လျူရှုထားသည်ဟူသော အယူအဆကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။ ၎င်းက “ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအေဂျင်စီတွေ၊ နိုင်ငံရေးသမားတွေနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေအပါအဝင် မတူညီသည့် အဖွဲ့အစည်းအားလုံးသည် အစွန်းရောက်တက်ကြွလှုပ်ရှားသူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက် နေကြသည်ဆိုသည်ကို ကျွန်တော် အာမခံနိုင်ပါသည်” ဟု ပြောကြားခဲ့သည်။

အာမစ်အာဆာ၏ အဆိုအရ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည် အဖွဲ့အစည်းဆိုင်ရာ ပျက်ကွက်မှုကြောင့်ထက် စိတ်ခံစားမှုဆိုင်ရာ တွန်းအားများကြောင့် ပိုမိုဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။ “မျိုးဆက်သစ်လူငယ်တွေဟာ ယေဘုယျအားဖြင့် မြင့်တက်လာနေသည့် အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ်မှာရော အထူးသဖြင့် အောက်တိုဘာ ၇ ရက် ဖြစ်စဉ်အပေါ်မှာပါ လက်စားချေလိုစိတ်တွေ ရှိနေကြသည်” ဟု ၎င်းက ဆိုသည်။ ၎င်း၏အမြင်အရ ယင်းလုပ်ရပ်များသည် မဟာဗျူဟာမြောက် အကြမ်းဖက်မှုမျိုးမဟုတ်ဘဲ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးအရ နောက်ကွယ်မှ ပံ့ပိုးမှုလော သို့မဟုတ် နိုင်ငံရေးဖိအားလော 

အာမစ်အာဆာ၏ အကဲဖြတ်ချက်ကို လူတိုင်းက သဘောမတူကြပေ။ ၂၀၂၄ ခုနှစ်တွင် ရှင်ဘတ် (Shin Bet) အရာရှိဟောင်း တစ်ဦးဖြစ်သူ အရစ်ဘာဘင်း (Arik Barbing) က ဆောင်းပါးတစ်စောင်ရေးသားခဲ့ရာ၌ ဂျူးအစွန်းရောက်အုပ်စုများ အရှိန်အဟုန်ဖြင့် ရှင်သန်လာရခြင်းမှာ ၎င်းတို့အနေဖြင့် နိုင်ငံရေးအရွယ် နောက်ကွယ်မှ ပံ့ပိုးမှုများကို ရရှိနေသောကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben Gvir) ထံမှ ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။

ဝန်ကြီး ဘန်ဂါဗီယာ ကိုယ်တိုင်သည်လည်း အနောက်ဘက်ကမ်း (West Bank) ဒေသရှိ အစွန်းရောက် လှုပ်ရှားမှုများကြောင့် အတိတ်ကာလက အကြိမ်ကြိမ် ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးသဖြင့် ရှင်ဘတ်နှင့် ရင်းနှီးပြီး ဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦး ဖြစ်လာချိန်တွင်လည်း ပါလက်စတိုင်းများနှင့် ထိပ်တိုက် တွေ့မှုများ၌ ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူများကို ၎င်းက ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ဖြစ်စဉ်များတွင် ဖမ်းဆီးခံရမှုမှာ အလွန်နည်းပါးပြီး တရားစွဲဆို ခံရမှုမှာပို၍ပင် နည်းပါးလှသည့်အပြင် ပြစ်ဒဏ်ချမှတ်ခံရခြင်းမှာမူ မရှိသလောက်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို မှတ်တမ်းတင်နေသည့် အစ္စရေး လူမျိုးနှင့် နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများသည် နှောင့်ယှက်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် ဥပဒေကြောင်းအရ ဖိအားပေးခံရခြင်းများကို ပိုမိုကြုံတွေ့လာရကြောင်း အစီရင်ခံထားကြသည်။ ယင်းလုပ်ရပ်များသည် ဘန်ဂါဗီယာ ကြီးကြပ်သည့် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များ အောက်တွင် ဖြစ်ပွားလေ့ရှိသည်။

သို့သော်လည်း ဂျူးအစွန်းရောက်လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် ရှင်ဘတ်သည် နိုင်ငံရေးဖိအား အောက်၌ လုပ်ဆောင်နေရသည်ဟူသော စွပ်စွဲချက်များကို အာမစ်အာဆာက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ၎င်းက “မိမိ၏ ကျွမ်းကျင်မှုဆိုင်ရာ အမြင်အရတော့ ရှင်ဘတ်ဟာ လက်ဝဲယိမ်း ဖြစ်စေ၊ လက်ယာယိမ်းဖြစ်စေ ဂျူးအစွန်းရောက် လှုပ်ရှားမှုတွေကို ကိုင်တွယ်သည့်အခါမှာ မည်သည့်ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံရေးသမား၏ ထိန်းချုပ်ညွှန်ကြားမှုအောက်မှာမှ ရှိမနေဘူး ဆိုတာ ပါပဲ” ဟု ပြောကြားခဲ့သည်။

အစ္စရေးတို့ နိုင်ငံတကာမျက်နှာစာတွင် ရှုံးနိမ့်နေသည့် တိုက်ပွဲ 

အာမစ်အာဆာ၏ အမြင်အရ အစ္စရေး၏ သိသာထင်ရှားသော ကျရှုံးမှုမှာ ထောက်လှမ်းရေး သို့မဟုတ် ဥပဒေစိုးမိုးရေးအပိုင်းတွင်မဟုတ်ဘဲ အများပြည်သူ၏ ရှုမြင်ခံရမှုအပိုင်း၌သာ ဖြစ်သည်။

၎င်းက “အစ္စရေး မည်သည့်အရာများ ရင်ဆိုင်နေရသည်ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှု အလွန်နည်းပါးသည်ဟု ကျွန်တော် ထင်ပါသည် ၊ အဓိက ဆွေးနွေးရမယ့်အချက်ကတော့ ကျွန်တော်တို့သည် အစွန်းရောက်အစ္စလာမ်မစ် အကြမ်းဖက်သမားများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်း ကို ခံနေရသည်ဆိုသည့် အချက်ပါပဲ ၊ ထို့ကြောင့် ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက်ပဲ အာရုံစိုက်နေရတာပါ” ဟု ဆိုသည်။

အစ္စရေး၏ အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လုံခြုံရေးထက် ဖြစ်ရပ်မှန်ကို ဖော်ပြနိုင်မှု (Narrative) ပိုင်း၌သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော်လည်း မူခါးမတ်စ် (Mukhamas) ကျေးရွာသည် မီးခိုးတိတ်ခြင်း မရှိသေးဘဲ အကြမ်းဖက်မှု ကိန်းဂဏန်းများမှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ရာ အစ္စရေးသည် သတင်းစကားပါးရုံမျှဖြင့် မဖြေရှင်းနိုင်သော အကျပ်အတည်း  တစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို ထိရောက်စွာ နှိမ်နင်းနိုင် ခဲ့သော်လည်း ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုမှာမူ နိုင်ငံရေးအရ နောက်ကွယ်မှ တွန်းအားပေးမှုများဖြင့် မရပ်မနား မြင့်တက်လာနေပြီး ပိုမိုထင်ရှားလာနေသည်။

အစ္စရေးလုံခြုံရေးအဖွဲ့အစည်းများအတွက်မူ အဆိုပါအန္တရာယ်သည် တစ်ဖက်နိုင်ငံ သို့မဟုတ် နယ်ခြားမျဉ်းတစ်ဖက်ခြမ်းတွင်သာ ရှိတော့သည်မဟုတ်ဘဲ မိမိတို့အတွင်းပိုင်း၌ပင် စိုးရိမ်ဖွယ်ရာ အမြစ်တွယ်နေပြီဖြစ်သည်။

RT တွင်ဖော်ပြထားသည့် Elizabeth Blade, RT Middle East correspondent ၏ ‘I call it self-defense’: Jewish terror surges as Palestinian attacks decline ကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

Elizabeth Blade, RT Middle East correspondent

New START စာချုပ် သက်တမ်းကုန်ဆုံးခြင်းနှင့် နောက်ဆက်တွဲအလားအလာများ
-
ဒီနှစ်ရဲ့ ဖေဖော်ဝါရီလ ၅ ရက်ရောက်ရင်တော့ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် အရေးအပါဆုံးဖြစ်တဲ့ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကြားက New STARTဆိုတဲ့နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ကတရားဝင် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ဒီစာချုပ်ဟာ စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားရှိ နျူကလီးယားလက်နက်တိုက်တွေကို အပြန်အလှန်ထိန်းကျောင်းပေးနေတဲ့ နောက်ဆုံးလက်ကျန်ကျောက်စာတိုင်တစ်ခုလို့တောင်တင်စားလို့ရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဒီစာချုပ်ကြောင့် ကမ္ဘာကြီးကနျူကလီးယားစစ်ပွဲဆိုတဲ့ အိပ်မက်ဆိုးကနေ အတိုင်းအတာတစ်ခုအထိ ကင်းဝေးခဲ့ရတာပါ။ဒါပေမဲ့ အခုတော့ ဒီစာချုပ်မရှိတော့တဲ့အတွက် ကမ္ဘာကြီးဟာ ဘာဥပဒေကြောင်းအရ ဘယ်လိုစည်းနှောင်ကန့်သတ်ချက်မှမရှိဘဲ နျူကလီးယားလက်နက်တွေကို ပြိုင်ဆိုင်တိုးချဲ့လာကြမယ့်အပြင် ပိုပြီးတော့ခန့်မှန်းရခက်ခဲတဲ့ အလွန်အန္တရာယ်ကြီးအဆင့်တစ်ခုထဲကို ခြေစုံပစ်ဝင်သွားနိုင်တဲ့အခြေအနေ ဆိုက်ရောက်နေပါပြီ။ စာချုပ်ရဲ့ သက်တမ်းကုန်ဆုံးမှုဟာ သာမန်ရိုးရိုးရှင်းရှင်း စာရွက်စာတမ်းတစ်ခု ပျက်ပြယ်သွားတာမျိုးမဟုတ်ဘဲ နိုင်ငံတကာလုံခြုံရေးအခင်းအကျင်းတစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ အင်အားကြီးနိုင်ငံများကြားယုံကြည်မှုဟာ အနိမ့်ဆုံးအဆင့်ကိုရောက်နေချိန်မှာဒီလိုမျိုးစည်းကမ်းထိန်းသိမ်းထားတဲ့ စာချုပ်တစ်ခု ပျောက်ဆုံးသွားတာက မီးလောင်ရာလေပင့်ဆိုသလိုဖြစ်သွားမှာကို လူသားထုတစ်ရပ်လုံးက စိုးရိမ်နေကြရပါတယ်။ဒီစာချုပ်ကို ၂၀၁၁ ခုနှစ်မှာ ၁၀ နှစ်သက်တမ်းနဲ့ စတင်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အရောက်မှာတော့ နောက်ထပ် ၅ နှစ် သက်တမ်းထပ်တိုးဖို့ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ပါစည်းကမ်းချက်တွေအရ နောက်ထပ်တစ်ကြိမ် ထပ်ပြီးသက်တမ်းတိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ရုရှားသမ္မတပူတင်ကစာချုပ်သက်တမ်းကုန်သွားရင်တောင်မှလက်ရှိသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို နောက်ထပ်တစ်နှစ်လောက်အထိ နှစ်နိုင်ငံစလုံးကဆက်ပြီးလိုက်နာကြဖို့ အမေရိကန်ကို အဆိုပြုခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒါဟာ စိတ်ကူးကောင်းတစ်ခုပဲလို့ မှတ်ချက်ပေးခဲ့သော်လည်း အခုအချိန်အထိတော့ အမေရိကန်အစိုးရဘက်ကနေ တရားဝင်အကြောင်းပြန်ကြားထားတာမျိုး မရှိသေးပါဘူး။စာချုပ်ပါအဓိကကန့်သတ်ချက်က နှစ်နိုင်ငံမှာ ဖြန့်ကြက်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးအရေအတွက်ကို ၁၅၅၀ ထက်မပိုဖို့၊ ပစ်လွှတ်စင် ၈၀၀ နဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM)၊ ရေငုပ်သင်္ဘောမှပစ်ပဲ့ထိန်းဒုံးကျည် (SLBM) အစရှိတာတွေကို ၇၀၀ ထက် ပိုမထားဖို့ဖြစ်ပါတယ်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနရဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အချက်အလက်တွေအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး စုစုပေါင်း ၄၃၀၉ လုံးရှိပြီး အမေရိကန်မှာ ၃၇၀၀ ရှိတယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ ချက်ချင်းကြီးလက်နက်အပြိုင်တပ်ဆင်မှုတွေဖြစ်မလာနိုင်ပေမဲ့ ရေရှည်မှာတော့ ဒါဟာကြီးမားတဲ့လုံခြုံရေးဟာကွက်ကြီးတစ်ခုဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် စာချုပ်ရဲ့ အကာအကွယ်မရှိတော့တဲ့အခါမှာ နိုင်ငံတစ်နိုင်ငံဟာ အခြားနိုင်ငံထက် သာလွန်ဖို့အတွက် လက်နက်တွေကို ပမာဏသာမက အရည်အသွေးပါ တိုးမြှင့်လာဖို့ တွန်းအားတွေ ဖြစ်လာနိုင်ပါတယ်။စာချုပ်သက်တမ်းကုန်သွားတဲ့အခါ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ နိုင်ငံကြီးတွေကြားမှာထားရှိသင့်တဲ့“ပွင့်လင်းမြင်သာမှု” နဲ့ “ယုံကြည်မှု” ပါပဲ။ ဒီစာချုပ်အရ အရင်ကဆိုရင် တစ်ဖက်နိုင်ငံရဲ့ နျူကလီးယားစခန်းတွေကို သွားရောက်စစ်ဆေးတာ၊ အချက်အလက်တွေ အပြန်အလှန်ဖလှယ်တာ၊ လက်နက်စနစ်အသစ်တွေအကြောင်း အသိပေးတာတွေကို လုပ်ဆောင်ခဲ့ရပါတယ်။ ဒါဟာ “ယုံကြည်ပေမယ့် စစ်ဆေးပါ” ဆိုတဲ့မူဝါဒကို အကောင်အထည်ဖော်နေတာပါ။ ဒါပေမဲ့ ရုရှားနဲ့ အနောက်အုပ်စုတို့ကြားမှာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် တစ်နိုင်ငံကစာချုပ်မှာပါဝင်မှုကို ရပ်ဆိုင်းလိုက်ကြတဲ့အတွက် ဒီပွင့်လင်းမြင်သာမှုတွေဟာ စာချုပ်မကုန်ခင်ကတည်းက စတင်ပျက်ပြားနေခဲ့တာပါ။ ဒီလိုအပြန်အလှန်စောင့်ကြည့်လို့မရတော့တာက နောင်တစ်ချိန်မှာ ကိုယ့်ရဲ့ နျူကလီးယားအင်အားကို ဘယ်လိုပုံစံနဲ့ ဘယ်လောက်အထိ တိုးချဲ့ရမလဲဆိုတာကို ခန့်မှန်းရခက်စေပြီး အမှားအယွင်းဖြစ်နိုင်ခြေတွေကို ပိုများလာစေပါတယ်။ပွင့်လင်းမြင်သာမှု မရှိတော့တဲ့အခါ နိုင်ငံတစ်နိုင်ငံဟာတခြားနိုင်ငံရဲ့ လက်နက်အင်အားကို အဆိုးဆုံး အခြေအနေအဖြစ်ပဲ ကြိုတင်တွက်ဆထားကြရပါတော့တယ်။ အဲဒီအခါမှာ မလိုအပ်ဘဲ လက်နက်တွေ အပြိုင်အဆိုင်ထုတ်လုပ်တာ၊ စိုးရိမ်စိတ်လွန်ကဲပြီး တုံ့ပြန်မှုလုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အန္တရာယ်များတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး သံတမန်ရေးရာအရ ဆွေးနွေးမှုတွေကိုလည်း အလှမ်းဝေးသွားစေပါတယ်။စာချုပ်အသစ်တစ်ရပ်ဖြစ်ပေါ်လာဖို့ ခက်ခဲနေတဲ့နောက်ထပ်အကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယားအင်အားဟာ တစ်ဟုန်ထိုးတိုးတက်လာနေလို့ပါပဲ။ စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနရဲ့အဆိုအရ တရုတ်နိုင်ငံဟာ၂၀၂၃ ခုနှစ်ကစလို့ တစ်နှစ်ကို ထိပ်ဖူး ၁၀၀ ခန့်နှုန်းနဲ့ တိုးမြှင့်နေပြီး ၂၀၃၀ ပြည့်နှစ် အစောပိုင်းမှာ ရုရှားနဲ့ အမေရိကန်ကို အမီလိုက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်လည်း ထရမ့်က စာချုပ်အသစ်ချုပ်တဲ့အခါတရုတ်နိုင်ငံကိုပါ ထည့်သွင်းချင်နေတာပါ။ ဒါပေမဲ့ တရုတ်ကတော့ သူတို့ရဲ့ နျူကလီးယားလက်နက်အရေအတွက်ဟာ ရုရှားနဲ့ အမေရိကန်ထက် အများကြီးနည်းနေသေးတဲ့အတွက် ဒီလိုဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ စိတ်ဝင်စားမှုမရှိသေးပါဘူး။တစ်ဖက်မှာလည်း ရုရှားက ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နျူကလီးယားလက်နက်တွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုနေပါတယ်။ ရုရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဥရောပနိုင်ငံတွေရဲ့ လက်နက်တိုက်တွေကို ထည့်မတွက်ဘဲ စာချုပ်အသစ်ကိုဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အတိအလင်း ပြောထားပါတယ်။ ဥရောပနိုင်ငံတွေကလည်း NATO တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက် သူတို့ရဲ့ အင်အားဟာ အမေရိကန်ရဲ့အင်အားနဲ့ ပေါင်းစပ်နေတယ်ဆိုပြီး ရုရှားက ယူဆထားတာပါ။ ဒီလိုနည်းနဲ့နိုင်ငံစုံပါဝင်ပတ်သက်နေတဲ့ နျူကလီးယားနိုင်ငံရေးဟာ အရင်ကထက်ကို ပိုမိုရှုပ်ထွေးလာပြီး စာချုပ်အသစ်တစ်ရပ်ထွက်ပေါ်လာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ခြေ ရှိနေပါတယ်။နျူကလီးယားလက်နက်မရှိတဲ့နိုင်ငံတွေကလည်း နိုင်ငံကြီးတွေရဲ့လုပ်ရပ်တွေအပေါ် အလွန်စိုးရိမ်နေကြပါတယ်။ သူတို့အတွက်ကတော့ အင်အားကြီးနိုင်ငံတွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်(NPT) ပါ အချက်တွေကို ချိုးဖောက်နေတယ်လို့ မြင်ကြပါတယ်။ အထူးသဖြင့် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခြင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။ လာမယ့်ဧပြီလမှာ နယူးယောက်မြို့မှာကျင်းပသွားမယ့် NPT ပြန်လည်သုံးသပ်ရေး ညီလာခံမှာလည်း ဒီအရေးဟာအဓိက ဆွေးနွေးစရာ ဖြစ်လာမှာပါ။နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကို အနည်းဆုံး စာချုပ်ပါအချက်အချို့ကို ဖြစ်ဖြစ် ဆက်လက်လိုက်နာဖို့ တိုက်တွန်းနေကြပါတယ်။ ဒါမှသာ ကမ္ဘာ့အခင်းအကျင်းဟာ လုံးဝ ပရမ်းပတာ ဖြစ်မသွားမှာပါ။ ဒါပေမဲ့ လက်ရှိ ယူကရိန်းပဋိပက္ခနဲ့ တခြားသော ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ဒီလိုသဘောတူညီမှုမျိုးရဖို့ကတော့ တော်တော်လေးကို ခဲယဉ်းနေပါတယ်။အချုပ်အားဖြင့် ဆိုရရင်တော့ New START စာချုပ် သက်တမ်းကုန်သွားတာဟာ ကမ္ဘာ့လက်နက်ထိန်းချုပ်ရေး သမိုင်းမှာ အမှောင်ဆုံးနေ့ရက်တွေထဲက တစ်ရက် ဖြစ်လာနိုင်ပါတယ်။ နျူကလီးယားလက်နက် မရှိတဲ့နိုင်ငံတွေကလည်း နိုင်ငံကြီးတွေရဲ့ ဒီလိုမျိုးလုပ်ရပ်တွေအပေါ် အလွန်စိုးရိမ်နေကြပြီး ဒါဟာတစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေးရည်မှန်းချက်တွေကို နောက်ပြန်ဆွဲလိုက်တာလို့ ယူဆနေကြပါတယ်။ စာချုပ်မရှိတော့တဲ့နောက်ပိုင်း ကမ္ဘာကြီးဟာ တိုက်စစ်လက်နက်တွေထက် ခံစစ်လက်နက်နဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေဘက်ကို ပိုပြီးအာရုံစိုက်လာကြမယ့် သဘောရှိနေပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရွှေကွန်ချာလို့ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်မယ့် အစီအစဉ်တွေကို ကြေညာထားသလိုရုရှားဘက်ကလည်း သူတို့ရဲ့အချုပ်အခြာအာဏာခိုင်မြဲရေးအတွက် လိုအပ်တာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့အတူ အပြန်အလှန်ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့ ဒီကနေ့ခေတ်မှာ အင်အားကြီးနိုင်ငံတွေဟာ ကိုယ့်ရဲ့ လုံခြုံရေးအတွက် လက်နက်စွမ်းအားကိုသာ အဓိကအားကိုးပြီး ရှေ့ဆက်နေကြမှာပါ။နျူကလီးယားအဟန့်ဆိုတာဟာ အပြန်အလှန် ဖျက်ဆီးနိုင်စွမ်းအပေါ်မှာ အခြေခံထားတာဖြစ်လို့ ဒီစနစ်သာပျက်စီးသွားရင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အန္တရာယ်ရှိပါတယ်။ ဒါဟာ နောင်လာမယ့်မျိုးဆက်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာမလား၊ဒါမှမဟုတ်ပိုပြီးထိတ်လန့်စရာကောင်းတဲ့ လက်နက်ပြိုင်ဆိုင်မှုတွေဆီ ဦးတည်သွားမလားဆိုတာကတော့ ရုရှားနဲ့အမေရိကန်တို့အနေနဲ့ရှေ့ဆက်လျှောက်မယ့်ခြေလှမ်းတွေအပေါ်မှာသာမူတည်နေပါတယ်။ မျှော်လင့်ချက်ကတော့ နည်းပါးနေပေမယ့် နိုင်ငံတကာ သံတမန်ရေးရာ နည်းလမ်းတွေနဲ့ နောက်ထပ် “ကြီးကျယ်တဲ့ သဘောတူညီချက်” တစ်ခုခုကို အချိန်မတိုင်မီဖော်ဆောင်နိုင်ပါစေလို့သာဆုတောင်းရမှာဖြစ်ပါတယ်။ ။ Ref: RTMWD

ဒီနှစ်ရဲ့ ဖေဖော်ဝါရီလ ၅ ရက်ရောက်ရင်တော့ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် အရေးအပါဆုံးဖြစ်တဲ့ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကြားက New STARTဆိုတဲ့နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ကတရားဝင် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒီစာချုပ်ဟာ စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားရှိ နျူကလီးယားလက်နက်တိုက်တွေကို အပြန်အလှန်ထိန်းကျောင်းပေးနေတဲ့ နောက်ဆုံးလက်ကျန်ကျောက်စာတိုင်တစ်ခုလို့တောင်တင်စားလို့ရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဒီစာချုပ်ကြောင့် ကမ္ဘာကြီးကနျူကလီးယားစစ်ပွဲဆိုတဲ့ အိပ်မက်ဆိုးကနေ အတိုင်းအတာတစ်ခုအထိ ကင်းဝေးခဲ့ရတာပါ။

ဒါပေမဲ့ အခုတော့ ဒီစာချုပ်မရှိတော့တဲ့အတွက် ကမ္ဘာကြီးဟာ ဘာဥပဒေကြောင်းအရ ဘယ်လိုစည်းနှောင်ကန့်သတ်ချက်မှမရှိဘဲ နျူကလီးယားလက်နက်တွေကို ပြိုင်ဆိုင်တိုးချဲ့လာကြမယ့်အပြင် ပိုပြီးတော့ခန့်မှန်းရခက်ခဲတဲ့ အလွန်အန္တရာယ်ကြီးအဆင့်တစ်ခုထဲကို ခြေစုံပစ်ဝင်သွားနိုင်တဲ့အခြေအနေ ဆိုက်ရောက်နေပါပြီ။ စာချုပ်ရဲ့ သက်တမ်းကုန်ဆုံးမှုဟာ သာမန်ရိုးရိုးရှင်းရှင်း စာရွက်စာတမ်းတစ်ခု ပျက်ပြယ်သွားတာမျိုးမဟုတ်ဘဲ နိုင်ငံတကာလုံခြုံရေးအခင်းအကျင်းတစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ အင်အားကြီးနိုင်ငံများကြားယုံကြည်မှုဟာ အနိမ့်ဆုံးအဆင့်ကိုရောက်နေချိန်မှာဒီလိုမျိုးစည်းကမ်းထိန်းသိမ်းထားတဲ့ စာချုပ်တစ်ခု ပျောက်ဆုံးသွားတာက မီးလောင်ရာလေပင့်ဆိုသလိုဖြစ်သွားမှာကို လူသားထုတစ်ရပ်လုံးက စိုးရိမ်နေကြရပါတယ်။

ဒီစာချုပ်ကို ၂၀၁၁ ခုနှစ်မှာ ၁၀ နှစ်သက်တမ်းနဲ့ စတင်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အရောက်မှာတော့ နောက်ထပ် ၅ နှစ် သက်တမ်းထပ်တိုးဖို့ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ပါစည်းကမ်းချက်တွေအရ နောက်ထပ်တစ်ကြိမ် ထပ်ပြီးသက်တမ်းတိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ရုရှားသမ္မတပူတင်ကစာချုပ်သက်တမ်းကုန်သွားရင်တောင်မှလက်ရှိသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို နောက်ထပ်တစ်နှစ်လောက်အထိ နှစ်နိုင်ငံစလုံးကဆက်ပြီးလိုက်နာကြဖို့ အမေရိကန်ကို အဆိုပြုခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒါဟာ စိတ်ကူးကောင်းတစ်ခုပဲလို့ မှတ်ချက်ပေးခဲ့သော်လည်း အခုအချိန်အထိတော့ အမေရိကန်အစိုးရဘက်ကနေ တရားဝင်အကြောင်းပြန်ကြားထားတာမျိုး မရှိသေးပါဘူး။

စာချုပ်ပါအဓိကကန့်သတ်ချက်က နှစ်နိုင်ငံမှာ ဖြန့်ကြက်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးအရေအတွက်ကို ၁၅၅၀ ထက်မပိုဖို့၊ ပစ်လွှတ်စင် ၈၀၀ နဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM)၊ ရေငုပ်သင်္ဘောမှပစ်ပဲ့ထိန်းဒုံးကျည် (SLBM) အစရှိတာတွေကို ၇၀၀ ထက် ပိုမထားဖို့ဖြစ်ပါတယ်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနရဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အချက်အလက်တွေအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး စုစုပေါင်း ၄၃၀၉ လုံးရှိပြီး အမေရိကန်မှာ ၃၇၀၀ ရှိတယ်လို့ဆိုပါတယ်။ 

ကျွမ်းကျင်သူတွေကတော့ ချက်ချင်းကြီးလက်နက်အပြိုင်တပ်ဆင်မှုတွေဖြစ်မလာနိုင်ပေမဲ့ ရေရှည်မှာတော့ ဒါဟာကြီးမားတဲ့လုံခြုံရေးဟာကွက်ကြီးတစ်ခုဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် စာချုပ်ရဲ့ အကာအကွယ်မရှိတော့တဲ့အခါမှာ နိုင်ငံတစ်နိုင်ငံဟာ အခြားနိုင်ငံထက် သာလွန်ဖို့အတွက် လက်နက်တွေကို ပမာဏသာမက အရည်အသွေးပါ တိုးမြှင့်လာဖို့ တွန်းအားတွေ ဖြစ်လာနိုင်ပါတယ်။

စာချုပ်သက်တမ်းကုန်သွားတဲ့အခါ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ နိုင်ငံကြီးတွေကြားမှာထားရှိသင့်တဲ့ပွင့်လင်းမြင်သာမှု နဲ့ “ယုံကြည်မှု ပါပဲ။ ဒီစာချုပ်အရ အရင်ကဆိုရင် တစ်ဖက်နိုင်ငံရဲ့ နျူကလီးယားစခန်းတွေကို သွားရောက်စစ်ဆေးတာ၊ အချက်အလက်တွေ အပြန်အလှန်ဖလှယ်တာ၊ လက်နက်စနစ်အသစ်တွေအကြောင်း အသိပေးတာတွေကို လုပ်ဆောင်ခဲ့ရပါတယ်။ ဒါဟာ “ယုံကြည်ပေမယ့် စစ်ဆေးပါ ဆိုတဲ့မူဝါဒကို အကောင်အထည်ဖော်နေတာပါ။ ဒါပေမဲ့ ရုရှားနဲ့ အနောက်အုပ်စုတို့ကြားမှာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် တစ်နိုင်ငံကစာချုပ်မှာပါဝင်မှုကို ရပ်ဆိုင်းလိုက်ကြတဲ့အတွက် ဒီပွင့်လင်းမြင်သာမှုတွေဟာ  စာချုပ်မကုန်ခင်ကတည်းက စတင်ပျက်ပြားနေခဲ့တာပါ။  ဒီလိုအပြန်အလှန်စောင့်ကြည့်လို့မရတော့တာက နောင်တစ်ချိန်မှာ ကိုယ့်ရဲ့ နျူကလီးယားအင်အားကို ဘယ်လိုပုံစံနဲ့ ဘယ်လောက်အထိ တိုးချဲ့ရမလဲဆိုတာကို ခန့်မှန်းရခက်စေပြီး အမှားအယွင်းဖြစ်နိုင်ခြေတွေကို ပိုများလာစေပါတယ်။

ပွင့်လင်းမြင်သာမှု မရှိတော့တဲ့အခါ နိုင်ငံတစ်နိုင်ငံဟာတခြားနိုင်ငံရဲ့ လက်နက်အင်အားကို အဆိုးဆုံး အခြေအနေအဖြစ်ပဲ ကြိုတင်တွက်ဆထားကြရပါတော့တယ်။ အဲဒီအခါမှာ မလိုအပ်ဘဲ လက်နက်တွေ အပြိုင်အဆိုင်ထုတ်လုပ်တာ၊ စိုးရိမ်စိတ်လွန်ကဲပြီး တုံ့ပြန်မှုလုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အန္တရာယ်များတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး   သံတမန်ရေးရာအရ ဆွေးနွေးမှုတွေကိုလည်း အလှမ်းဝေးသွားစေပါတယ်။

စာချုပ်အသစ်တစ်ရပ်ဖြစ်ပေါ်လာဖို့ ခက်ခဲနေတဲ့နောက်ထပ်အကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယားအင်အားဟာ တစ်ဟုန်ထိုးတိုးတက်လာနေလို့ပါပဲ။ စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနရဲ့အဆိုအရ တရုတ်နိုင်ငံဟာ၂၀၂၃ ခုနှစ်ကစလို့ တစ်နှစ်ကို ထိပ်ဖူး ၁၀၀ ခန့်နှုန်းနဲ့ တိုးမြှင့်နေပြီး ၂၀၃၀ ပြည့်နှစ် အစောပိုင်းမှာ ရုရှားနဲ့ အမေရိကန်ကို အမီလိုက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်လည်း ထရမ့်က စာချုပ်အသစ်ချုပ်တဲ့အခါတရုတ်နိုင်ငံကိုပါ ထည့်သွင်းချင်နေတာပါ။ ဒါပေမဲ့ တရုတ်ကတော့ သူတို့ရဲ့ နျူကလီးယားလက်နက်အရေအတွက်ဟာ ရုရှားနဲ့ အမေရိကန်ထက် အများကြီးနည်းနေသေးတဲ့အတွက် ဒီလိုဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ စိတ်ဝင်စားမှုမရှိသေးပါဘူး။

တစ်ဖက်မှာလည်း ရုရှားက ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နျူကလီးယားလက်နက်တွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုနေပါတယ်။ ရုရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဥရောပနိုင်ငံတွေရဲ့ လက်နက်တိုက်တွေကို ထည့်မတွက်ဘဲ စာချုပ်အသစ်ကိုဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အတိအလင်း ပြောထားပါတယ်။ ဥရောပနိုင်ငံတွေကလည်း NATO တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက် သူတို့ရဲ့ အင်အားဟာ အမေရိကန်ရဲ့အင်အားနဲ့ ပေါင်းစပ်နေတယ်ဆိုပြီး ရုရှားက ယူဆထားတာပါ။ ဒီလိုနည်းနဲ့နိုင်ငံစုံပါဝင်ပတ်သက်နေတဲ့ နျူကလီးယားနိုင်ငံရေးဟာ အရင်ကထက်ကို ပိုမိုရှုပ်ထွေးလာပြီး စာချုပ်အသစ်တစ်ရပ်ထွက်ပေါ်လာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ခြေ ရှိနေပါတယ်။

နျူကလီးယားလက်နက်မရှိတဲ့နိုင်ငံတွေကလည်း နိုင်ငံကြီးတွေရဲ့လုပ်ရပ်တွေအပေါ် အလွန်စိုးရိမ်နေကြပါတယ်။ သူတို့အတွက်ကတော့ အင်အားကြီးနိုင်ငံတွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်(NPT) ပါ အချက်တွေကို ချိုးဖောက်နေတယ်လို့ မြင်ကြပါတယ်။ အထူးသဖြင့် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခြင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။ လာမယ့်ဧပြီလမှာ နယူးယောက်မြို့မှာကျင်းပသွားမယ့် NPT ပြန်လည်သုံးသပ်ရေး ညီလာခံမှာလည်း ဒီအရေးဟာအဓိက ဆွေးနွေးစရာ ဖြစ်လာမှာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကို အနည်းဆုံး စာချုပ်ပါအချက်အချို့ကို ဖြစ်ဖြစ် ဆက်လက်လိုက်နာဖို့ တိုက်တွန်းနေကြပါတယ်။ ဒါမှသာ ကမ္ဘာ့အခင်းအကျင်းဟာ လုံးဝ ပရမ်းပတာ ဖြစ်မသွားမှာပါ။ ဒါပေမဲ့ လက်ရှိ ယူကရိန်းပဋိပက္ခနဲ့ တခြားသော ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ဒီလိုသဘောတူညီမှုမျိုးရဖို့ကတော့ တော်တော်လေးကို ခဲယဉ်းနေပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ New START စာချုပ် သက်တမ်းကုန်သွားတာဟာ ကမ္ဘာ့လက်နက်ထိန်းချုပ်ရေး သမိုင်းမှာ အမှောင်ဆုံးနေ့ရက်တွေထဲက တစ်ရက် ဖြစ်လာနိုင်ပါတယ်။ နျူကလီးယားလက်နက် မရှိတဲ့နိုင်ငံတွေကလည်း နိုင်ငံကြီးတွေရဲ့ ဒီလိုမျိုးလုပ်ရပ်တွေအပေါ် အလွန်စိုးရိမ်နေကြပြီး ဒါဟာတစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေးရည်မှန်းချက်တွေကို နောက်ပြန်ဆွဲလိုက်တာလို့ ယူဆနေကြပါတယ်။ စာချုပ်မရှိတော့တဲ့နောက်ပိုင်း ကမ္ဘာကြီးဟာ တိုက်စစ်လက်နက်တွေထက် ခံစစ်လက်နက်နဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေဘက်ကို ပိုပြီးအာရုံစိုက်လာကြမယ့် သဘောရှိနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရွှေကွန်ချာလို့ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်မယ့် အစီအစဉ်တွေကို ကြေညာထားသလိုရုရှားဘက်ကလည်း သူတို့ရဲ့အချုပ်အခြာအာဏာခိုင်မြဲရေးအတွက် လိုအပ်တာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့အတူ အပြန်အလှန်ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့ ဒီကနေ့ခေတ်မှာ အင်အားကြီးနိုင်ငံတွေဟာ ကိုယ့်ရဲ့ လုံခြုံရေးအတွက် လက်နက်စွမ်းအားကိုသာ အဓိကအားကိုးပြီး ရှေ့ဆက်နေကြမှာပါ။

နျူကလီးယားအဟန့်ဆိုတာဟာ အပြန်အလှန် ဖျက်ဆီးနိုင်စွမ်းအပေါ်မှာ အခြေခံထားတာဖြစ်လို့ ဒီစနစ်သာပျက်စီးသွားရင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အန္တရာယ်ရှိပါတယ်။ ဒါဟာ နောင်လာမယ့်မျိုးဆက်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာမလား၊ဒါမှမဟုတ်ပိုပြီးထိတ်လန့်စရာကောင်းတဲ့ လက်နက်ပြိုင်ဆိုင်မှုတွေဆီ ဦးတည်သွားမလားဆိုတာကတော့ ရုရှားနဲ့အမေရိကန်တို့အနေနဲ့ရှေ့ဆက်လျှောက်မယ့်ခြေလှမ်းတွေအပေါ်မှာသာမူတည်နေပါတယ်။ မျှော်လင့်ချက်ကတော့ နည်းပါးနေပေမယ့် နိုင်ငံတကာ သံတမန်ရေးရာ နည်းလမ်းတွေနဲ့ နောက်ထပ် “ကြီးကျယ်တဲ့ သဘောတူညီချက် တစ်ခုခုကို အချိန်မတိုင်မီဖော်ဆောင်နိုင်ပါစေလို့သာဆုတောင်းရမှာဖြစ်ပါတယ်။       

Ref: RT

MWD

ထက်မြက်

သွေးထွက်သံယို နှိမ်နင်းမှုများ၏ အမှတ်တရများက နာကျင်နေဆဲ ဖြစ်သဖြင့် တီဟီရန်သည် အမေရိကန်ဗုံးများကို စိုးရိမ်ထိတ်လန့်လျက်ရှိ
-
အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်မှုများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီ ၂၇ ရက်နေ့ တွင် မြို့တော်ရှိ လူနေမှုဘဝမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဟု ထင်ရသည်။ သို့သော် ထိုသို့ ပုံမှန်ဖြစ်နေသည့် အသွင်အပြင်၏ နောက်ကွယ်တွင် စိုးရိမ်စရာ အမှန်တရားတစ်ခု ဖုံးကွယ် နေသည်။ ၎င်းမှာ ဤနေရာရှိ လူအများစုသည် အီရန်အစိုးရ၏ ဝါဒဖြန့်ချိမှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးအရ အရေးယူမည်ဆိုသည့် ခြိမ်းခြောက်မှုများအကြား ပိတ်မိနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။သမ္မတ ထရမ့်က အီရန်ဘက်သို့ “ရေတပ်အုပ်စု” (Armada) တစ်ခု ဦးတည်သွားနေပြီဟု သတိပေးထားသည်။ “အခြေအနေကိုကြည့်ဖို့ သင်္ဘောတွေအများကြီး အဲဒီဘက်ကိုသွားနေသည် ၊ မည်သည့် ပြဿနာမျှ မတက်စေချင်သော်လည်း ကျွန်တော်တို့ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်နေပါသည်” ဟု ၎င်းက ဆိုသည်။အဆိုပါ သင်္ဘောများထဲမှ ပထမဆုံးအသုတ်ဖြစ်သည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောအုပ်စုသည် တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း သို့ ရောက်ရှိနေပြီဖြစ်သည်။တီဟီရန်အစိုးရကလည်း မြို့တော်ရှိ အင်ဂီလပ် (Enghelab) သို့မဟုတ် တော်လှန်ရေးရင်ပြင်တွင် လေးထပ်တိုက်အမြင့်ရှိသော ပိုစတာကြီးတစ်ခုကို ချိတ်ဆွဲပြီး အမေရိကန်လေယာဉ်တင်သင်္ဘော ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်တုံ့ပြန်ခဲ့သည်။“မင်းတို့ လေပြင်းကို စိုက်ပျိုးရင် မုန်တိုင်းကို ပြန်ရိတ်သိမ်းရလိမ့်မည်” ဟု အင်္ဂလိပ်ဘာသာနှင့် ပါရှန်း ဘာသာတို့ဖြင့် ထိုပိုစတာတွင် ရေးသားထားသည်။ ပိုစတာပေါ်ရှိ ပုံတွင် လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်၌ အလောင်းများ ပြန့်ကျဲနေပြီး၊ အမေရိကန်အလံရှိ အစင်းကြောင်းများနှင့် ဆင်တူ သော ပုံသဏ္ဌာန်ဖြင့် ပင်လယ်ရေထဲသို့ စီးကျနေသည့် သွေးစွန်းကြောင်းများကို သရုပ်ဖော်ထား သည်။အဆိုပါနေရာနှင့် လမ်းအနည်းငယ်အကွာတွင် အခြားအစိုးရဝါဒဖြန့် ပိုစတာတစ်ခုရှိပြီး၊ ၎င်းတွင် ၂၀၁၆ ခုနှစ်က အမေရိကန်ရေတပ်လှေတစ်စင်းကို ဖမ်းဆီးခဲ့သည့်ပုံကို ဖော်ပြထားသည်။ ထိုပုံတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များသည် လက်နက်ချသည့်အနေဖြင့် ဒူးထောက်နေကြပြီး ၎င်းတို့၏ လက်များကို ဦးခေါင်းနောက်တွင် စုစည်းထားကြသည်။ယခုသီတင်းပတ်အတွင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် တီဟီရန်မြို့သို့ သွားရောက်ခွင့်ရရှိခဲ့စဉ်အတွင်း CNN သတင်းဌာနသည် ထိုပိုစတာနှစ်ခုလုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် ကမှ သွေးထွက်သံယို ပဋိပက္ခများကြောင့် ဆူပူလှုပ်ရှားခဲ့သော မြို့တော်၏ လူနေမှုဘဝကို အကန့် အသတ်ဖြင့်သာ ကြည့်ရှုခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ လမ်းမများပေါ်ရှိ အီရန်နိုင်ငံသားများမှာမူ မည်သည့်ဘက်က မိမိတို့အတွက် ပိုမိုအန္တရာယ်ရှိသနည်းဆိုသည်ကို ဝေခွဲမရဖြစ်နေကြသည်။ “ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ဘူး ၊ သူတို့အားလုံးဟာ အီရန်ပြည်သူများ၏ အကျိုး စီးပွားကို ဆန့်ကျင်ပြီး တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းနေကြသည်ဟု ထင်ပါသည်၊ ကျွန်မတို့ အတွက် ဘာမှကောင်းလာမှာ မဟုတ်ပါဘူး” ဟု တီဟီရန်မြို့ခံ လူငယ်တစ်ဦးဖြစ်သူ မာဆန် (Mahsan) က CNN ကို ပြောကြားခဲ့သည်။အခြားမြို့ခံတစ်ဦးဖြစ်သူ မဟဒီ အက္ကဘာရီ (Mehdi Akbari) ကမူ “ထရမ့်က တိုက်ခိုက်ရဲလိမ့်မည်ဟု ကျွန်တော်မထင်ပါဘူး ၊ ၎င်းက အခြောက်တိုက် ဟန်ရေးပြနေတာပါ” ဟု ဆိုသည်။သမ္မတ ထရမ့်ကမူ ၎င်းအနေဖြင့် အီရန်ကို တိုက်ခိုက်ခြင်း အပါအဝင် ရွေးချယ်စရာ နည်းလမ်းများ စွာကို စဉ်းစားနေကြောင်း အကြိမ်ကြိမ် ပြောကြားထားသော်လည်း တစ်ဖက်တွင်လည်း တီဟီရန် အစိုးရသည် “ဆွေးနွေးချင်နေသည်” ဟု ဆိုထားရာ အမေရိကန်အနေဖြင့် အီရန်အစိုးရနှင့် ဆွေးနွေးပွဲ များ စတင်နိုင်ခြေရှိကြောင်းကိုလည်း အရိပ်အမြွက် ပြသနေပါသည်။"ကျွန်တော်တို့ဘက်ကတော့ (ဆွေးနွေးဖို့) အမြဲတမ်းတံခါးဖွင့်ထားပါသည် ၊ထို့ကြောင့် ၎င်းတို့ (အီရန်) ဘက်က ဆက်သွယ်ချင်သည်၊ သတ်မှတ်ချက်တွေကိုလည်း နားလည်သည်ဆိုပါက ကျွန်တော် တို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ" ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့သည်။ အခြားတစ်ဖက်တွင်မူ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolutionary Guard) ၏ တပ်မှူးက ၎င်း၏တပ်ဖွဲ့ဝင်များသည် တုံ့ပြန်ရန်အတွက် "ဘယ်တုန်းကထက်မဆို ပိုမိုအသင့်ဖြစ်နေပြီး ခလုတ်ပေါ်လက်တင်ထားပြီ" ဟု သတိပေးထားသည်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါရီ (Esmaeil Baghaei) ကလည်း တီဟီရန်အစိုးရသည် အမေရိကန်၏ မည်သည့်ကျူးကျော်မှုကိုမဆို "နောင်တရသွားစေမည့်" တုံ့ပြန်မှု မျိုးဖြင့် တုံ့ပြန်ရန် "အပြည့်အဝ စွမ်းဆောင်နိုင်သည်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ "စစ်သင်္ဘော တစ်စင်း သို့မဟုတ် အနည်းငယ် ရောက်လာခြင်းသည် အီရန်၏ ခုခံကာကွယ် လိုသည့် စိတ်ပိုင်းဖြတ်မှုကို မထိခိုက်စေပါ။ ကျွန်တော်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အခြေအနေ တိုင်းကို စောင့်ကြည့်နေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် တစ်စက္ကန့်လေးတောင် အလဟဿ မဖြုန်းတီးပါ" ဟု ၎င်းက ဆိုသည်။အမေရိကန်က တိုက်ခိုက်လာပါက ဒေသတွင်းရှိ ဝါရှင်တန်၏ မဟာမိတ်များကို ပြန်လည်တိုက်ခိုက် မည်ဟုလည်း အီရန်က သတိပေးထားသည်။ ပါရှန်းပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ် အာရပ် နိုင်ငံများသည်လည်း အီရန်အား တိုက်ခိုက်ခြင်းမပြုရန် သမ္မတထရမ့်ကို တိုက်တွန်းနားချနေ ကြောင်း ဒေသတွင်းအရာရှိများက ယခုလအတွင်း CNN သို့ ပြောကြားခဲ့သည်။ဇွန်လအတွင်း အစ္စရေးနှင့် ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာစစ်ပွဲ နောက်ပိုင်းတွင် မိမိတို့၏ ဒုံးကျည် စွမ်းဆောင်ရည်နှင့် ထိရောက်မှုမှာ သိသိသာသာ တိုးတက်လာကြောင်း အီရန်စစ်တပ်က ပြောကြား ခဲ့သည်။ အဆိုပါ ပဋိပက္ခအတွင်း အီရန်သည် အစ္စရေးပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ လှိုင်းလုံးသဏ္ဌာန် အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။မြေပြင်ရှိ အီရန်ပြည်သူများအတွက်မူ သမ္မတထရမ့်နှင့် တီဟီရန်အစိုးရတို့ကြား အပြန်အလှန် တင်းမာနေမှုများသည် ခက်ခဲကြမ်းတမ်းပြီး ဆင်းရဲဒုက္ခရောက်ရသော ကာလကို ပိုမို ရှည်ကြာ စေလျက်ရှိသည်။ လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက စီးပွားရေး ကျပ်တည်းမှုကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် သေဆုံးသွားရသူ ထောင်ပေါင်းများစွာအတွက် လူအများက ဝမ်းနည်းပူဆွေးနေရသည့် အချိန်လည်းဖြစ်သည်။ ထိုအချိန်မှစ၍ စီးပွားရေး အခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အီရန်ငွေကြေး (ရီရယ်လ် - Rial) တန်ဖိုးမှာလည်း စံချိန်တင် အနိမ့်ဆုံး သို့ ကျဆင်းသွားခဲ့သည်။ အီရန်ငွေကြေး လဲလှယ်နှုန်းကို စောင့်ကြည့်သည့် ဝက်ဘ်ဆိုက်အချို့၏ အဆိုအရ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျှင် အီရန်ရီရယ်လ် ၁,၅၀၀,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။အင်တာနက် ဖြတ်တောက်မှုများ ပြန်လည်ပွင့်လင်းလာချိန်မှသာ အီရန်ပြည်သူများ ရင်ဆိုင်နေရ သည့် အခက်အခဲများ၏ ပမာဏအစစ်အမှန်မှာ စတင်ထင်ရှားလာခဲ့သည်။"ဈေးဝယ်ရန်နှင့် နေ့စဉ်ကိစ္စတွေအတွက် အိမ်ပြင်မထွက်၍ မရသော်လည်း အခြေအနေက တကယ့်ကို ဆိုးရွားခဲ့ပါသည်" ဟု အာရှမ် (Arsham) အမည်ရှိ လူငယ်တစ်ဦးက ဆန္ဒပြပွဲ ကာလအတွင်း ၎င်း ဖြတ်သန်းခဲ့ရပုံကို CNN သို့ ပြောကြားခဲ့သည်။ "ယခု အင်တာနက် ပြန်ရမှပဲ လူတွေအများကြီး အသတ်ခံခဲ့ရသည်ဆိုသည်ကို ကျွန်တော်တို့ သိရတော့တာပါ" ဟု ၎င်းက ဆိုသည်။CNN တွင် Joseph Ataman ရေးသားသည့် “Tehran wary of American bombs as memories of bloody crackdown still sting” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်မှုများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီ ၂၇ ရက်နေ့ တွင် မြို့တော်ရှိ လူနေမှုဘဝမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဟု ထင်ရသည်။ သို့သော် ထိုသို့ ပုံမှန်ဖြစ်နေသည့် အသွင်အပြင်၏ နောက်ကွယ်တွင် စိုးရိမ်စရာ အမှန်တရားတစ်ခု ဖုံးကွယ် နေသည်။ ၎င်းမှာ ဤနေရာရှိ လူအများစုသည် အီရန်အစိုးရ၏ ဝါဒဖြန့်ချိမှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးအရ အရေးယူမည်ဆိုသည့် ခြိမ်းခြောက်မှုများအကြား ပိတ်မိနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။

သမ္မတ ထရမ့်က အီရန်ဘက်သို့ “ရေတပ်အုပ်စု” (Armada) တစ်ခု ဦးတည်သွားနေပြီဟု သတိပေးထားသည်။ “အခြေအနေကိုကြည့်ဖို့ သင်္ဘောတွေအများကြီး အဲဒီဘက်ကိုသွားနေသည် ၊ မည်သည့် ပြဿနာမျှ မတက်စေချင်သော်လည်း ကျွန်တော်တို့ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်နေပါသည်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်္ဘောများထဲမှ ပထမဆုံးအသုတ်ဖြစ်သည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောအုပ်စုသည် တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း သို့ ရောက်ရှိနေပြီဖြစ်သည်။

တီဟီရန်အစိုးရကလည်း မြို့တော်ရှိ အင်ဂီလပ် (Enghelab) သို့မဟုတ် တော်လှန်ရေးရင်ပြင်တွင် လေးထပ်တိုက်အမြင့်ရှိသော ပိုစတာကြီးတစ်ခုကို ချိတ်ဆွဲပြီး အမေရိကန်လေယာဉ်တင်သင်္ဘော ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်တုံ့ပြန်ခဲ့သည်။

“မင်းတို့ လေပြင်းကို စိုက်ပျိုးရင် မုန်တိုင်းကို ပြန်ရိတ်သိမ်းရလိမ့်မည်” ဟု အင်္ဂလိပ်ဘာသာနှင့် ပါရှန်း ဘာသာတို့ဖြင့် ထိုပိုစတာတွင် ရေးသားထားသည်။ ပိုစတာပေါ်ရှိ ပုံတွင် လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်၌ အလောင်းများ ပြန့်ကျဲနေပြီး၊ အမေရိကန်အလံရှိ အစင်းကြောင်းများနှင့် ဆင်တူ သော ပုံသဏ္ဌာန်ဖြင့် ပင်လယ်ရေထဲသို့ စီးကျနေသည့် သွေးစွန်းကြောင်းများကို သရုပ်ဖော်ထား သည်။

အဆိုပါနေရာနှင့် လမ်းအနည်းငယ်အကွာတွင် အခြားအစိုးရဝါဒဖြန့် ပိုစတာတစ်ခုရှိပြီး၊ ၎င်းတွင် ၂၀၁၆ ခုနှစ်က အမေရိကန်ရေတပ်လှေတစ်စင်းကို ဖမ်းဆီးခဲ့သည့်ပုံကို ဖော်ပြထားသည်။ ထိုပုံတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များသည် လက်နက်ချသည့်အနေဖြင့် ဒူးထောက်နေကြပြီး ၎င်းတို့၏ လက်များကို ဦးခေါင်းနောက်တွင် စုစည်းထားကြသည်။

ယခုသီတင်းပတ်အတွင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် တီဟီရန်မြို့သို့ သွားရောက်ခွင့်ရရှိခဲ့စဉ်အတွင်း CNN သတင်းဌာနသည် ထိုပိုစတာနှစ်ခုလုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် ကမှ သွေးထွက်သံယို ပဋိပက္ခများကြောင့် ဆူပူလှုပ်ရှားခဲ့သော မြို့တော်၏ လူနေမှုဘဝကို အကန့် အသတ်ဖြင့်သာ ကြည့်ရှုခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ လမ်းမများပေါ်ရှိ အီရန်နိုင်ငံသားများမှာမူ မည်သည့်ဘက်က မိမိတို့အတွက် ပိုမိုအန္တရာယ်ရှိသနည်းဆိုသည်ကို ဝေခွဲမရဖြစ်နေကြသည်။ “ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ဘူး ၊ သူတို့အားလုံးဟာ အီရန်ပြည်သူများ၏ အကျိုး စီးပွားကို ဆန့်ကျင်ပြီး တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းနေကြသည်ဟု ထင်ပါသည်၊ ကျွန်မတို့ အတွက် ဘာမှကောင်းလာမှာ မဟုတ်ပါဘူး” ဟု တီဟီရန်မြို့ခံ လူငယ်တစ်ဦးဖြစ်သူ မာဆန် (Mahsan) က CNN ကို ပြောကြားခဲ့သည်။

အခြားမြို့ခံတစ်ဦးဖြစ်သူ မဟဒီ အက္ကဘာရီ (Mehdi Akbari) ကမူ “ထရမ့်က တိုက်ခိုက်ရဲလိမ့်မည်ဟု ကျွန်တော်မထင်ပါဘူး ၊ ၎င်းက အခြောက်တိုက် ဟန်ရေးပြနေတာပါ” ဟု ဆိုသည်။

သမ္မတ ထရမ့်ကမူ ၎င်းအနေဖြင့် အီရန်ကို တိုက်ခိုက်ခြင်း အပါအဝင် ရွေးချယ်စရာ နည်းလမ်းများ စွာကို စဉ်းစားနေကြောင်း အကြိမ်ကြိမ် ပြောကြားထားသော်လည်း တစ်ဖက်တွင်လည်း တီဟီရန် အစိုးရသည် “ဆွေးနွေးချင်နေသည်” ဟု ဆိုထားရာ အမေရိကန်အနေဖြင့် အီရန်အစိုးရနှင့် ဆွေးနွေးပွဲ များ စတင်နိုင်ခြေရှိကြောင်းကိုလည်း အရိပ်အမြွက် ပြသနေပါသည်။

"ကျွန်တော်တို့ဘက်ကတော့ (ဆွေးနွေးဖို့) အမြဲတမ်းတံခါးဖွင့်ထားပါသည် ၊ထို့ကြောင့် ၎င်းတို့ (အီရန်) ဘက်က ဆက်သွယ်ချင်သည်၊ သတ်မှတ်ချက်တွေကိုလည်း နားလည်သည်ဆိုပါက ကျွန်တော် တို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ" ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့သည်။ အခြားတစ်ဖက်တွင်မူ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolutionary Guard) ၏ တပ်မှူးက ၎င်း၏တပ်ဖွဲ့ဝင်များသည် တုံ့ပြန်ရန်အတွက် "ဘယ်တုန်းကထက်မဆို ပိုမိုအသင့်ဖြစ်နေပြီး ခလုတ်ပေါ်လက်တင်ထားပြီ" ဟု သတိပေးထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါရီ (Esmaeil Baghaei) ကလည်း တီဟီရန်အစိုးရသည် အမေရိကန်၏ မည်သည့်ကျူးကျော်မှုကိုမဆို "နောင်တရသွားစေမည့်" တုံ့ပြန်မှု မျိုးဖြင့် တုံ့ပြန်ရန် "အပြည့်အဝ စွမ်းဆောင်နိုင်သည်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ "စစ်သင်္ဘော တစ်စင်း သို့မဟုတ် အနည်းငယ် ရောက်လာခြင်းသည် အီရန်၏ ခုခံကာကွယ် လိုသည့် စိတ်ပိုင်းဖြတ်မှုကို မထိခိုက်စေပါ။ ကျွန်တော်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အခြေအနေ တိုင်းကို စောင့်ကြည့်နေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် တစ်စက္ကန့်လေးတောင် အလဟဿ မဖြုန်းတီးပါ" ဟု ၎င်းက ဆိုသည်။

အမေရိကန်က တိုက်ခိုက်လာပါက ဒေသတွင်းရှိ ဝါရှင်တန်၏ မဟာမိတ်များကို ပြန်လည်တိုက်ခိုက် မည်ဟုလည်း အီရန်က သတိပေးထားသည်။ ပါရှန်းပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ် အာရပ် နိုင်ငံများသည်လည်း အီရန်အား တိုက်ခိုက်ခြင်းမပြုရန် သမ္မတထရမ့်ကို တိုက်တွန်းနားချနေ ကြောင်း ဒေသတွင်းအရာရှိများက ယခုလအတွင်း CNN သို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်း အစ္စရေးနှင့် ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာစစ်ပွဲ နောက်ပိုင်းတွင် မိမိတို့၏ ဒုံးကျည် စွမ်းဆောင်ရည်နှင့် ထိရောက်မှုမှာ သိသိသာသာ တိုးတက်လာကြောင်း အီရန်စစ်တပ်က ပြောကြား ခဲ့သည်။ အဆိုပါ ပဋိပက္ခအတွင်း အီရန်သည် အစ္စရေးပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ လှိုင်းလုံးသဏ္ဌာန် အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြေပြင်ရှိ အီရန်ပြည်သူများအတွက်မူ သမ္မတထရမ့်နှင့် တီဟီရန်အစိုးရတို့ကြား အပြန်အလှန် တင်းမာနေမှုများသည် ခက်ခဲကြမ်းတမ်းပြီး ဆင်းရဲဒုက္ခရောက်ရသော ကာလကို ပိုမို ရှည်ကြာ စေလျက်ရှိသည်။ လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက စီးပွားရေး ကျပ်တည်းမှုကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် သေဆုံးသွားရသူ ထောင်ပေါင်းများစွာအတွက် လူအများက ဝမ်းနည်းပူဆွေးနေရသည့် အချိန်လည်းဖြစ်သည်။ ထိုအချိန်မှစ၍ စီးပွားရေး အခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အီရန်ငွေကြေး (ရီရယ်လ် - Rial) တန်ဖိုးမှာလည်း စံချိန်တင် အနိမ့်ဆုံး သို့ ကျဆင်းသွားခဲ့သည်။ အီရန်ငွေကြေး လဲလှယ်နှုန်းကို စောင့်ကြည့်သည့် ဝက်ဘ်ဆိုက်အချို့၏ အဆိုအရ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျှင် အီရန်ရီရယ်လ် ၁,၅၀၀,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။

အင်တာနက် ဖြတ်တောက်မှုများ ပြန်လည်ပွင့်လင်းလာချိန်မှသာ အီရန်ပြည်သူများ ရင်ဆိုင်နေရ သည့် အခက်အခဲများ၏ ပမာဏအစစ်အမှန်မှာ စတင်ထင်ရှားလာခဲ့သည်။

"ဈေးဝယ်ရန်နှင့် နေ့စဉ်ကိစ္စတွေအတွက် အိမ်ပြင်မထွက်၍ မရသော်လည်း အခြေအနေက တကယ့်ကို ဆိုးရွားခဲ့ပါသည်" ဟု အာရှမ် (Arsham) အမည်ရှိ လူငယ်တစ်ဦးက ဆန္ဒပြပွဲ ကာလအတွင်း ၎င်း ဖြတ်သန်းခဲ့ရပုံကို CNN သို့ ပြောကြားခဲ့သည်။ "ယခု အင်တာနက် ပြန်ရမှပဲ လူတွေအများကြီး အသတ်ခံခဲ့ရသည်ဆိုသည်ကို ကျွန်တော်တို့ သိရတော့တာပါ" ဟု ၎င်းက ဆိုသည်။

CNN တွင် Joseph Ataman ရေးသားသည့် “Tehran wary of American bombs as memories of bloody crackdown still sting” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Joseph Ataman

အမေရိကန်၏ မဟာမိတ် ထိုင်းနိုင်ငံသည် အဘယ်ကြောင့် တရုတ်လက်နက်များကို ဝယ်ယူနေရသနည်း
-
အမေရိကန်၏ စာချုပ်ဝင်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံထုတ် စစ်သင်္ဘောများ၊ တင့်ကားများနှင့် အခြားတန်ဖိုးကြီး စစ်လက်နက်ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ၎င်း၏ လက်နက် တိုက်ကို ဖြည့်တင်းလျက်ရှိသည်။ လေ့လာဆန်းစစ်သူများက ထိုအလားအလာမှာ လက်တွေ့ကျ သော စဉ်းစားချက်များကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ထိုင်းဘုရင့်ကြည်းတပ်သည် တရုတ်နိုင်ငံထုတ် VN-1 သံချပ်ကာယာဉ် အသုတ်သစ်ကို ဘတ်ငွေ ၁ ဘီလီယံဖြင့် ဝယ်ယူရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ဒေသတွင်း မီဒီယာများ၏ အဆိုအရထိုဝယ်ယူမှုကြောင့် လက်ရှိ ရှိရင်းစွဲ VN-1 အစီးရေ ၁၀၀ ကျော်အပြင် အစီးရေ ၂၀ ခန့် ထပ်မံ တိုးပွားလာမည်ဖြစ်သည်။အဆိုပါစာချုပ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရချင်းသဘောတူညီမှု (G2G) မူဘောင်အောက် တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပေကျင်းမြို့ရှိ China North Industries Group Corporation (Norinco) ဌာနချုပ်တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲသို့ ထိုင်းဘုရင့်ကြည်းတပ်၏ စစ်လက်နက်ပစ္စည်းဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Natthaporn Khwan-yam နှင့် တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုများ ရှိနေဆဲဖြစ်ရာ ထိုဝယ်ယူမှုသည် ၂၀၂၅ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက်အောက်တွင် ရှေ့တန်းခြေလျင်အကူ လက်နက်စနစ်များကို အားကောင်းစေရန် ထိုင်းနိုင်ငံ၏ အစီအစဉ်တစ်ခုဖြစ်သည်။လွန်ခဲ့သည့်လကလည်း ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nares Wongtrakul သည် ထိုင်းရေတပ်မှ မှာယူထားသည့် S26T ရေငုပ်သင်္ဘော တိုးတက်မှုအခြေအနေကို စစ်ဆေးရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး Nares သည် ထိုင်းရေတပ်၏ ဒုတိယဦးစီးချုပ်နှင့် ရေငုပ်သင်္ဘောစီမံကိန်း အကြီးအကဲလည်းဖြစ်ရာ ၎င်း၏ခရီးစဉ်သည် ပြန်လည်စတင်လိုက်သော ရေငုပ်သင်္ဘော သဘောတူညီချက်မှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေကြောင်း ညွှန်ပြနေသည်။ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း ၎င်းသည် S26T စီမံကိန်းနှင့် ပတ်သက်သည့် တရုတ်အဖွဲ့အစည်းများ၊ ဒီဇိုင်း၊ သုတေသန၊ တည်ဆောက်ရေးနှင့် ဝန်ထမ်းလေ့ကျင့်ရေး တာဝန်ခံဌာနများသို့ သွားရောက်ခဲ့သည်။ဘတ်ငွေ ၁၃.၅ ဘီလီယံတန်ဖိုးရှိ ရေငုပ်သင်္ဘောစာချုပ်ကို ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့သော်လည်း ဂျာမနီနိုင်ငံက ၎င်းတို့ထုတ် ဒီဇယ်အင်ဂျင်များအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့သည်။ ထိုစဉ်က ပေကျင်းက တရုတ် ထုတ်အင်ဂျင်များကို အစားထိုးရန် ကမ်းလှမ်းခဲ့သော်လည်း ထိုင်းဘက်က စိတ်မချရသေးဟုဆိုကာ အစပိုင်းတွင် ငြင်းပယ်ခဲ့သည်။ ဆွေးနွေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ အချိန် ကြာမြင့်စွာ ပြုလုပ်ပြီးနောက် ပေကျင်းဘက်က အာမခံကာလ တိုးမြှင့်ပေးခြင်းနှင့် နည်းပညာပံ့ပိုး မှုများ ထပ်မံပေးခြင်းတို့ကြောင့် ထိုင်းအစိုးရအဖွဲ့သည် ဩဂုတ်လတွင် ပြင်ဆင်ထားသော စာချုပ်ကို အတည်ပြုပြီး တရုတ်အင်ဂျင်ကို လက်ခံရန် သဘောတူခဲ့သည်။အဘူဒါဘီရှိ Rabdan လုံခြုံရေးနှင့် ကာကွယ်ရေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Abdul Rahman Yaacob က ဘန်ကောက်၏ VN-1 ဝယ်ယူမှုများသည် တရုတ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့သည်။ "ထိုင်းနိုင်ငံဟာ ဘတ်ဂျက်ကန့်သတ်ချက် ရှိတာ၊ အမေရိကန်နဲ့ ကာကွယ်ရေးဆက်ဆံရေး သိပ်မနွေးထွေးတာရယ်၊ အမေရိကန်ထုတ် လက်နက် စနစ်များနှင့် ဒုံးကျည်လို ခဲယမ်းတွေ အသုံးပြုမှုအပေါ် အမေရိကန်၏ ကန့်သတ်ချက်တွေကြောင့် လက်နက်ဝယ်ယူမှုကို နည်းလမ်းမျိုးစုံနှင့် ခွဲထုတ်လုပ်ဆောင်နေခြင်းဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။အမေရိကန်နှင့် မဟာမိတ်ဖြစ်သော်လည်း ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာချိန်မှစ၍ တရုတ်နိုင်ငံထံမှ လက်နက်များကို သိသိ သာသာ ဝယ်ယူလာခဲ့သည်။ တရုတ်ထံမှ ဝယ်ယူထားသော အဓိကလက်နက်များတွင် VT-4 တင့်ကား များ၊ VN-16 ကမ်းတက်တိုက်ခိုက်ရေးယာဉ်များ၊ FK-3 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ နှင့် အရှေ့တောင်အာရှတွင် အကြီးဆုံးစစ်သင်္ဘောဖြစ်သည့် တန် ၂၂,၀၀၀ ရှိ Type 071E ကမ်းတက် သင်္ဘောတို့ ပါဝင်သည်။ထို့အပြင် ထိုင်းနိုင်ငံသည် တရုတ်၏ နောက်ဆုံးပေါ် QBZ-191 တိုက်ခိုက်ရေးရိုင်ဖယ်ကို ပထမဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာသည်။ ၂၀၁၆ ခုနှစ်မှစတင်ခဲ့သော Norinco ၏ VT-4 တင့်ကားများ ဝယ်ယူမှုသည် တရုတ်နိုင်ငံအတွက် ခေတ်မီလေးလံသော လက်နက်များ တင်ပို့ရာတွင် ပထမဆုံး အောင်မြင်မှုဖြစ်ပြီး VN-1 သံချပ်ကာယာဉ်များအပါအဝင် နောက်ဆက်တွဲ စာချုပ်များအတွက် လမ်းခင်းပေးခဲ့သည်။လက်ရှိတွင် ထိုင်းစစ်တပ်၌ လူတင်သံချပ်ကာယာဉ်၊ အမြောက်တင်ယာဉ်၊ လူနာတင်ယာဉ်နှင့် ကွပ်ကဲမှုယာဉ် စသည့် အမျိုးအစား ၅ မျိုးပါဝင်သော VN-1 အုပ်စုဝင် ယာဉ်အစီးရေ ၁၁၁ စီးကို အသုံးပြုလျက်ရှိသည်။Southeast Asia specialist Carlyle Thayer က ထိုင်းနိုင်ငံသည် အရည်အသွေးနှင့် စျေးနှုန်း ကိုက်ညီပါက တန်ဖိုးကြီးလက်နက်များကို ဝယ်ယူရန် အဆင်သင့်ရှိနေပြီး တရုတ်နိုင်ငံထံမှ အထူး သဖြင့် စစ်သင်္ဘောများကို ဆက်လက်ဝယ်ယူဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။ကမ္ဘောဒီးယားနှင့် နယ်စပ် ပဋိပက္ခတွင် ဒေါ်နယ်ထရမ့်၏ ကြားဝင်မှု၊ အခွန်နှုန်းထားများ မြင့်မားမှုနှင့် ထိုင်းနိုင်ငံသားများအတွက် ဗီဇာပိတ်ပင်မှုများကြောင့် အမေရိကန်လက်နက် ဝယ်ယူရန် အကန့်အသတ်များ ရှိနေ ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။စင်ကာပူ Nanyang နည်းပညာတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Kei Koga ကမူ ဘန်ကောက်၏ ဆုံးဖြတ်ချက်ကို "ပုံမှန်စီးပွားရေးအရ ဆောင်ရွက်မှု" ဟုသာ ရှုမြင်သည်။ "ထိုင်းနိုင်ငံသည် စျေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းနှင့် မြန်မြန်ဆန်ဆန် ရနိုင်ခြင်းများကြောင့် တရုတ်လက်နက်တွေကို ယခင် ကတည်းက ဝယ်ယူခဲ့တာပါ။ VN-1 တို့၏ စွမ်းဆောင်ရည်နှင့် ထောက်ပံ့ရေးပိုင်းကို ထိုင်းစစ်တပ်က ရင်းနှီးပြီးသား ဖြစ်သောကြောင့် ယခုလို ဆက်ဝယ်ခြင်းသည် မဟာဗျူဟာမြောက် ပြောင်းလဲမှု ထက် စစ်တပ်ခေတ်မီအောင် လက်တွေ့ကျကျ လုပ်ဆောင်တာပဲ ဖြစ်ပါသည်" ဟု ဆိုသည်။Koga က ထိုဝယ်ယူမှုသည် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံလုံးနှင့် ကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် မဟာဗျူဟာမြောက် ပြောင်းလဲမှု အဖြစ် မယူဆသင့်ကြောင်း၊ သို့သော် နိုင်ငံတကာအမြင်တွင် တရုတ်နှင့် ရင်းနှီးလာသည်ဟု ထင်မြင် နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်၏ F-35 တိုက်လေယာဉ်ကို ဝယ်ယူခွင့်မရခဲ့ သကဲ့သို့ အမေရိကန်လက်နက်များမှာ စျေးကြီးပြီး ရရှိရန်ခက်ခဲလာသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် တရုတ်လက်နက်များကိုသာ ပိုမိုအားကိုးလာဖွယ်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။Bangkok Post တွင် ဖော်ပြထားသည့် “Why Thailand, a US treaty ally, is stocking up on Chinese weapons” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန -၂ ကဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

အမေရိကန်၏ စာချုပ်ဝင်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံထုတ် စစ်သင်္ဘောများ၊ တင့်ကားများနှင့် အခြားတန်ဖိုးကြီး စစ်လက်နက်ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ၎င်း၏ လက်နက် တိုက်ကို ဖြည့်တင်းလျက်ရှိသည်။ လေ့လာဆန်းစစ်သူများက ထိုအလားအလာမှာ လက်တွေ့ကျ သော စဉ်းစားချက်များကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

ထိုင်းဘုရင့်ကြည်းတပ်သည် တရုတ်နိုင်ငံထုတ် VN-1 သံချပ်ကာယာဉ် အသုတ်သစ်ကို ဘတ်ငွေ ၁ ဘီလီယံဖြင့် ဝယ်ယူရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ဒေသတွင်း မီဒီယာများ၏ အဆိုအရထိုဝယ်ယူမှုကြောင့် လက်ရှိ ရှိရင်းစွဲ VN-1 အစီးရေ ၁၀၀ ကျော်အပြင် အစီးရေ ၂၀ ခန့် ထပ်မံ တိုးပွားလာမည်ဖြစ်သည်။

အဆိုပါစာချုပ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရချင်းသဘောတူညီမှု (G2G) မူဘောင်အောက် တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပေကျင်းမြို့ရှိ China North Industries Group Corporation (Norinco) ဌာနချုပ်တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲသို့ ထိုင်းဘုရင့်ကြည်းတပ်၏ စစ်လက်နက်ပစ္စည်းဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Natthaporn Khwan-yam နှင့် တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုများ ရှိနေဆဲဖြစ်ရာ ထိုဝယ်ယူမှုသည် ၂၀၂၅ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက်အောက်တွင် ရှေ့တန်းခြေလျင်အကူ လက်နက်စနစ်များကို အားကောင်းစေရန် ထိုင်းနိုင်ငံ၏ အစီအစဉ်တစ်ခုဖြစ်သည်။

လွန်ခဲ့သည့်လကလည်း ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nares Wongtrakul သည် ထိုင်းရေတပ်မှ မှာယူထားသည့် S26T ရေငုပ်သင်္ဘော တိုးတက်မှုအခြေအနေကို စစ်ဆေးရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး Nares သည် ထိုင်းရေတပ်၏ ဒုတိယဦးစီးချုပ်နှင့် ရေငုပ်သင်္ဘောစီမံကိန်း အကြီးအကဲလည်းဖြစ်ရာ ၎င်း၏ခရီးစဉ်သည် ပြန်လည်စတင်လိုက်သော ရေငုပ်သင်္ဘော သဘောတူညီချက်မှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေကြောင်း ညွှန်ပြနေသည်။ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း ၎င်းသည် S26T စီမံကိန်းနှင့် ပတ်သက်သည့် တရုတ်အဖွဲ့အစည်းများ၊ ဒီဇိုင်း၊ သုတေသန၊ တည်ဆောက်ရေးနှင့် ဝန်ထမ်းလေ့ကျင့်ရေး တာဝန်ခံဌာနများသို့ သွားရောက်ခဲ့သည်။

ဘတ်ငွေ ၁၃.၅ ဘီလီယံတန်ဖိုးရှိ ရေငုပ်သင်္ဘောစာချုပ်ကို ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့သော်လည်း ဂျာမနီနိုင်ငံက ၎င်းတို့ထုတ် ဒီဇယ်အင်ဂျင်များအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့သည်။ ထိုစဉ်က ပေကျင်းက တရုတ် ထုတ်အင်ဂျင်များကို အစားထိုးရန် ကမ်းလှမ်းခဲ့သော်လည်း ထိုင်းဘက်က စိတ်မချရသေးဟုဆိုကာ အစပိုင်းတွင် ငြင်းပယ်ခဲ့သည်။ ဆွေးနွေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ အချိန် ကြာမြင့်စွာ ပြုလုပ်ပြီးနောက် ပေကျင်းဘက်က အာမခံကာလ တိုးမြှင့်ပေးခြင်းနှင့် နည်းပညာပံ့ပိုး မှုများ ထပ်မံပေးခြင်းတို့ကြောင့် ထိုင်းအစိုးရအဖွဲ့သည် ဩဂုတ်လတွင် ပြင်ဆင်ထားသော စာချုပ်ကို အတည်ပြုပြီး တရုတ်အင်ဂျင်ကို လက်ခံရန် သဘောတူခဲ့သည်။

အဘူဒါဘီရှိ Rabdan လုံခြုံရေးနှင့် ကာကွယ်ရေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Abdul Rahman Yaacob က ဘန်ကောက်၏ VN-1 ဝယ်ယူမှုများသည် တရုတ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့သည်။ "ထိုင်းနိုင်ငံဟာ ဘတ်ဂျက်ကန့်သတ်ချက် ရှိတာ၊ အမေရိကန်နဲ့ ကာကွယ်ရေးဆက်ဆံရေး သိပ်မနွေးထွေးတာရယ်၊ အမေရိကန်ထုတ် လက်နက် စနစ်များနှင့် ဒုံးကျည်လို ခဲယမ်းတွေ အသုံးပြုမှုအပေါ် အမေရိကန်၏ ကန့်သတ်ချက်တွေကြောင့် လက်နက်ဝယ်ယူမှုကို နည်းလမ်းမျိုးစုံနှင့် ခွဲထုတ်လုပ်ဆောင်နေခြင်းဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် မဟာမိတ်ဖြစ်သော်လည်း ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာချိန်မှစ၍ တရုတ်နိုင်ငံထံမှ လက်နက်များကို သိသိ သာသာ ဝယ်ယူလာခဲ့သည်။ တရုတ်ထံမှ ဝယ်ယူထားသော အဓိကလက်နက်များတွင် VT-4 တင့်ကား များ၊ VN-16 ကမ်းတက်တိုက်ခိုက်ရေးယာဉ်များ၊ FK-3 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ နှင့် အရှေ့တောင်အာရှတွင် အကြီးဆုံးစစ်သင်္ဘောဖြစ်သည့် တန် ၂၂,၀၀၀ ရှိ Type 071E ကမ်းတက် သင်္ဘောတို့ ပါဝင်သည်။

ထို့အပြင် ထိုင်းနိုင်ငံသည် တရုတ်၏ နောက်ဆုံးပေါ် QBZ-191 တိုက်ခိုက်ရေးရိုင်ဖယ်ကို ပထမဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာသည်။ ၂၀၁၆ ခုနှစ်မှစတင်ခဲ့သော Norinco ၏ VT-4 တင့်ကားများ ဝယ်ယူမှုသည် တရုတ်နိုင်ငံအတွက် ခေတ်မီလေးလံသော လက်နက်များ တင်ပို့ရာတွင် ပထမဆုံး အောင်မြင်မှုဖြစ်ပြီး VN-1 သံချပ်ကာယာဉ်များအပါအဝင် နောက်ဆက်တွဲ စာချုပ်များအတွက် လမ်းခင်းပေးခဲ့သည်။

လက်ရှိတွင် ထိုင်းစစ်တပ်၌ လူတင်သံချပ်ကာယာဉ်၊ အမြောက်တင်ယာဉ်၊ လူနာတင်ယာဉ်နှင့် ကွပ်ကဲမှုယာဉ် စသည့် အမျိုးအစား ၅ မျိုးပါဝင်သော VN-1 အုပ်စုဝင် ယာဉ်အစီးရေ ၁၁၁ စီးကို အသုံးပြုလျက်ရှိသည်။

Southeast Asia specialist Carlyle Thayer က ထိုင်းနိုင်ငံသည် အရည်အသွေးနှင့် စျေးနှုန်း ကိုက်ညီပါက တန်ဖိုးကြီးလက်နက်များကို ဝယ်ယူရန် အဆင်သင့်ရှိနေပြီး တရုတ်နိုင်ငံထံမှ အထူး သဖြင့် စစ်သင်္ဘောများကို ဆက်လက်ဝယ်ယူဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။ကမ္ဘောဒီးယားနှင့် နယ်စပ် ပဋိပက္ခတွင် ဒေါ်နယ်ထရမ့်၏ ကြားဝင်မှု၊ အခွန်နှုန်းထားများ မြင့်မားမှုနှင့် ထိုင်းနိုင်ငံသားများအတွက် ဗီဇာပိတ်ပင်မှုများကြောင့် အမေရိကန်လက်နက် ဝယ်ယူရန် အကန့်အသတ်များ ရှိနေ ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

စင်ကာပူ Nanyang နည်းပညာတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Kei Koga ကမူ ဘန်ကောက်၏ ဆုံးဖြတ်ချက်ကို "ပုံမှန်စီးပွားရေးအရ ဆောင်ရွက်မှု" ဟုသာ ရှုမြင်သည်။ "ထိုင်းနိုင်ငံသည် စျေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းနှင့် မြန်မြန်ဆန်ဆန် ရနိုင်ခြင်းများကြောင့် တရုတ်လက်နက်တွေကို ယခင် ကတည်းက ဝယ်ယူခဲ့တာပါ။ VN-1 တို့၏ စွမ်းဆောင်ရည်နှင့် ထောက်ပံ့ရေးပိုင်းကို ထိုင်းစစ်တပ်က ရင်းနှီးပြီးသား ဖြစ်သောကြောင့် ယခုလို ဆက်ဝယ်ခြင်းသည် မဟာဗျူဟာမြောက် ပြောင်းလဲမှု ထက် စစ်တပ်ခေတ်မီအောင် လက်တွေ့ကျကျ လုပ်ဆောင်တာပဲ ဖြစ်ပါသည်" ဟု ဆိုသည်။

Koga က ထိုဝယ်ယူမှုသည် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံလုံးနှင့် ကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် မဟာဗျူဟာမြောက် ပြောင်းလဲမှု အဖြစ် မယူဆသင့်ကြောင်း၊ သို့သော် နိုင်ငံတကာအမြင်တွင် တရုတ်နှင့် ရင်းနှီးလာသည်ဟု ထင်မြင် နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်၏ F-35 တိုက်လေယာဉ်ကို ဝယ်ယူခွင့်မရခဲ့ သကဲ့သို့ အမေရိကန်လက်နက်များမှာ စျေးကြီးပြီး ရရှိရန်ခက်ခဲလာသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် တရုတ်လက်နက်များကိုသာ ပိုမိုအားကိုးလာဖွယ်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Bangkok Post တွင် ဖော်ပြထားသည့် “Why Thailand, a US treaty ally, is stocking up on Chinese weapons” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန -၂ ကဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။ 

Bangkok Post

နျူကလီးယားထိန်းချုပ်မှုများသည် တိုက်ပွဲဝင်စရာမလိုဘဲ ပျောက်ကွယ်တော့မည့် အခြေအနေတွင်ရှိနေခြင်းကြောင့် စိုးရိမ်ရမည့်အချိန်ကိုရောက်ရှိနေ
-
စစ်ပွဲများ၊ အကျပ်အတည်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကြောင့် ကမ္ဘာကြီးတွင် အမြဲတမ်း တုန်လှုပ်နေရသော်လည်း အလွန်အရေးကြီးသည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍မူ သိသာထင်ရှားသည့် နှုတ်ဆိတ်မှုတစ်ခုက ဝန်းရံနေသည်။သက်တမ်းကုန်ဆုံးတော့မည့် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် (New START) နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် အရေးပေါ်ထုတ်ပြန်ချက်များ မရှိသေးပေ။ ရုရှားနိုင်ငံအနေဖြင့်လည်း အဆိုပါစာချုပ် သက်တမ်းတိုးရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် "တိကျသည့် ဆက်သွယ်မှုများ မရှိသေးကြောင်း" တရားဝင်ထုတ်ဖော် ပြောကြားထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထိုအချက်ကို သာမန်ကာလျှံကာ ပြောဆိုသွားခဲ့သော်လည်း ယင်းအခြေအနေသည် တစ်ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေး မူဘောင်တစ်ခုလုံးကို ခြိမ်းခြောက်နေပါသည်။၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်တိုက်များကို ကြီးကြပ်ကွပ်ကဲသည့် နောက်ဆုံးတရားဝင် ယန္တရားဖြစ်သော New START စာချုပ်သည် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်သမ္မတ Richard Nixon နှင့် ဆိုဗီယက် ခေါင်းဆောင် Leonid Brezhnev တို့က မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေးစာချုပ် (SALT I) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် ရုရှားတို့၏ နျူကလီးယားအင်အားစုများအပေါ် ဥပဒေကြောင်းအရ ထိန်းချုပ်ထားသည့် ကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ပေ။ကမ္ဘာပေါ်ရှိ နျူကလီးယားထိပ်ဖူး ၉၀ ရာခိုင်နှုန်းကျော်ကို စုပေါင်းပိုင်ဆိုင်ထားသည့် နိုင်ငံကြီးနှစ်ခု သည် ၎င်းတို့၏ လက်နက်တိုက်များကို လွတ်လပ်စွာ တိုးချဲ့လာနိုင်သည့်အတွက် ကမ္ဘာကြီးသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ထိုစာချုပ်သက်တမ်းတိုးရေးနှင့် ပတ်သက်သည့်မေးခွန်းများကို ၎င်း၏ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ပင် လျစ်လျူရှုထားခဲ့သည်။သူ၏ စကားများသည် ရုရှားနှင့် တရုတ်နိုင်ငံတို့အတွက်သာမကဘဲ အင်အားကြီးနိုင်ငံနှစ်ခုမှ နိုင်ငံရေး သမားများနှင့် သံတမန်များက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ် တည်ဆောက်ခဲ့ကြသော စနစ်တစ်ခုလုံးကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားရစေသည်။ရုရှားနိုင်ငံအနေဖြင့်မူ မိမိတို့ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များအပေါ် ‘စာသား အရသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ’ အစဉ်အမြဲ သစ္စာရှိစွာ လိုက်နာလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က New START စာချုပ်၏ တရားဝင် သက်တမ်း ကုန်ဆုံးသွားပြီးနောက်ပိုင်း နောက်ထပ် တစ်နှစ်တာကာလ (၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ) အဓိက ကန့်သတ်ချက်များကို နှစ်ဦးနှစ်ဖက် ဆက်လက်လိုက်နာသွားရန် အသင့်ရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။ သို့သော်လည်း ဝါရှင်တန်ဘက်မှ ယင်းကမ်းလှမ်းချက်အပေါ် ယခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။START ၏ မူလအစ စစ်နှင့် ငြိမ်းချမ်းရေးကြားက စည်းတားချက် မည်မျှအထိ နုနယ်လွန်းလှသည်ကို နားလည်နိုင်ရန် အတွက်၊ နျူကလီးယားလက်နက်ဆိုသည်မှာ သိပ္ပံပညာ၏ ထူးဆန်းအံ့ဩဖွယ်ရာ တစ်ခုအဖြစ်မှ လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာသည့် အန္တရာယ်တစ်ခု ဖြစ်လာခဲ့သည့် နေ့ရက်များဆီသို့ မိမိတို့ ပြန်လှည့်ကြည့်ရမည်ဖြစ်သည်။၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျူးဘားနိုင်ငံ၌ ဆိုဗီယက်ဒုံးကျည်များ တပ်ဆင်ထားခြင်း ကြောင့် အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။ ခရူးရှော့ (Khrushchev) နှင့် ကနေဒီ (Kennedy) တို့ကြား လျှို့ဝှက်စာများ အပြန်အလှန် ပေးပို့ခဲ့ကြပြီး၊ နျူကလီးယားစစ်ပွဲ၏ခြိမ်းခြောက်မှုကြီးမှာ ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးခဲ့သည်။ အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ဆွေးနွေးမှုကသာ ထိုကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအကျပ်အတည်း ကို ဖြေရှင်းပြီးနောက်တွင် နှစ်ဦးနှစ်ဖက် ကြီးကြပ်ကွပ်ကဲသည့် ယန္တရားများမရှိဘဲ လက်နက် ပြိုင်ဆိုင်မှုသည် ပိုမိုအန္တရာယ်ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဆီသို့သာ မလွဲမသွေ ဦးတည် သွားတော့မည်ဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။ ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် နျူကလီးယားစမ်းသပ်မှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၁၉၆၈ ခုနှစ်တွင် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးစာချုပ် (NPT) ကို ဆက်လက်ချုပ်ဆိုခဲ့ကြသည်။ သို့သော်လည်း မဟာဗျူဟာမြောက် လက်နက်တိုက်များမှာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင်၊ လက်နက်ပြိုင်ဆိုင်မှု၌ အစပိုင်းတွင် နောက်ကျကျန်နေ ခဲ့သော ဆိုဗီယက်ယူနီယံ (USSR) သည် နျူကလီးယားပစ်လွှတ်မှုစနစ်များတွင် အမေရိကန်နှင့် တန်းတူအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ နေတိုး (NATO) က R-36M သို့မဟုတ် SS-18 ‘Satan’ ဟု အမည်ပေးထားသည့် ဆိုဗီယက်၏ အကြီးစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) များ တပ်ဆင်လာမှုကို အမေရိကန်တို့က စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြသည်။ ထိုဒုံးကျည်များသည် ပစ်မှတ်အသီးသီးကို ခွဲခြားပစ်ခတ်နိုင်သည့် ဒုံးထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင်နိုင်ပြီး ဒုံးကျည် တစ်စင်းချင်းစီတွင် မြို့တစ်မြို့လုံးကို ပြာကျစေနိုင်သော စွမ်းအားရှိသည်။ ထိုအချိန်က လက်တွေ့ ကျသော သမ္မတဖြစ်သူ ရစ်ချက်နစ်ဆင် (Richard Nixon) က ထိုသို့အရှိန်မြှင့်ခြင်းသည် အမေရိကန်၏ အရင်းအမြစ်များကို ပြုန်းတီးစေလိမ့်မည်ဟု နားလည်ခဲ့သည်။ စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသော လီယိုနစ်ဘရက်ဇညက်ဗ် (Leonid Brezhnev) ကလည်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုသည့် အမြင်ချင်း တူညီခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဟဲလ်စင်ကီ (Helsinki) မြို့၌ SALT ဆွေးနွေးမှုများကို စတင်ခဲ့ကြ သည်။၁၉၇၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် မော်စကိုမြို့၌ နစ်ဆင်နှင့် ဘရက်ဇညက်ဗ်တို့သည် SALT I သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းသည် လက်နက်ကန့်သတ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီး စစ်အေးတိုက်ပွဲအတွင်းမှာပင် နျူကလီးယားလက်နက် များနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခြင်းသည် ဖြစ်နိုင်ခြေရှိရုံသာမက လိုအပ်ချက်တစ်ခုဖြစ် ကြောင်း ပြသခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်တွင်း၌မူ ထိုစာချုပ်ကို အတည်ပြုရန် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထက်လွှတ်တော်အမတ် ဟင်နရီဂျက်ဆင် (Henry Jackson) နှင့် အခြားသော ကွန်ဆာဗေးတစ်များက ယင်းသည် "တစ်ဖက်သတ် အလျှော့ ပေးမှုများ" ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ အကြောင်းမှာ ထိုစာချုပ်တွင် SS-18 ဒုံးကျည်များ အတွက် ဒုံးကျည်ပစ်လွှတ်ကျင်း (Silos) များ၏ အရွယ်အစားကို ကန့်သတ်မထားသည့်အတွက် ဆိုဗီယက်အနေဖြင့် ပိုမိုစွမ်းအားကြီးသော ဒုံးကျည်များကို တပ်ဆင်နိုင်ရန် သီအိုရီအရ အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။နစ်ဆင်၏ အကြံပေးဟောင်းဖြစ်သူ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒီမီထရီ ဆိုင်းမ်းစ် (Dimitri Simes)က“နစ်ဆင် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေး စာချုပ်ဟာ လွှတ်တော်ထဲမှာ ကန့်ကွက်မှုတွေ တော်တော်လေး ပြင်းထန်ခဲ့ပါသည်။ ဝေဖန်သူတွေက ထိုစာချုပ်မှာ SS-18 ဒုံးကျည်ပစ်လွှတ်ကျင်းများ၏ အရွယ်အစားကို ကန့်သတ်မထားသည်ကို ထောက်ပြခဲ့ကြသည်။ သီအိုရီအရဆိုရင် ထိုကျင်းတွေထဲမှာ ထိုခေတ်က နည်းပညာထက် ပိုမို များပြားသည့် ထိပ်ဖူးတွေတပ်ဆင်ထားသောဒုံးကျည်တွေကို ထည့်သွင်းထားနိုင်သည့် သဘော ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ယင်းက အထက်လွှတ်တော်မှာ အငြင်းပွားစရာတွေ အများကြီး ဖြစ်စေခဲ့ပြီး နစ်ဆင်အနေဖြင့် ထိုစာချုပ်ကို အတည်ပြုချက်ရဖို့အတွက် ၎င်း၏ နိုင်ငံရေးဩဇာကို အကြီးအကျယ် သုံးခဲ့ရပါသည်” ဟု ပြန်လည်အမှတ်ရခဲ့သည်။အမှန်တကယ်ပင် နစ်ဆင်သည် အထက်လွှတ်တော်အမတ်များကို နားချနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လတွင် အထက်လွှတ်တော်က ထောက်ခံမဲ ၈၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် စာချုပ်ကို အတည်ပြုပေးခဲ့သည်။ အမေရိကန်ဘက်မှ ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ဆိုဗီယက်ယူနီယံသည် အဆိုပါ သဘောတူညီချက်ပါ “ဟာကွက်” ကို မည်သည့် အခါမျှ အခွင့်ကောင်းယူ အသုံးမချခဲ့ပေ။START ၏ မွေးဖွားခြင်းကံမကောင်းစွာဖြင့် နစ်ဆင်နောက်ပိုင်း တက်လာသည့် မည်သည့်အမေရိကန်သမ္မတမျှ ရုရှားကို တန်းတူရည်တူ မိတ်ဖက်အဖြစ် ဆက်ဆံရန် ဆန္ဒမရှိကြတော့ပေ။ စိတ်လိုက်မာန်ပါ လုပ်တတ်သော ရေဂင် (Reagan) အစိုးရလက်ထက်တွင် မော်စကိုနှင့် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရုရှားနိုင်ငံတကာရေးရာကောင်စီဝင် ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “၁၉၈၀ ပြည့်လွန် နှစ်တွေလောက်ကတည်းက အမေရိကန်သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ကာကွယ်ရေး အစီအမံ (SDI) နှင့်အတူ အာကာသအခြေပြု လက်နက်သစ်တွေကို မိတ်ဆက်ပြီး စာချုပ်ပါ ကန့်သတ်ချက် တွေကို ကျော်လွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အတိအလင်း ပြသခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။ ထို့နောက်ပိုင်း ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခြင်းက အမေရိကန်၏ လုပ်ငန်းစဉ် များထဲတွင် ရုရှား၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် လိုအပ်မှုကို ပိုမိုဖယ်ရှားပစ်လိုက် သကဲ့သို့ ဖြစ်စေခဲ့သည်။သို့သော်လည်း ၂၀၀၉ ခုနှစ် နွေဦးကာလတွင် အမေရိကန်-ရုရှား ဆက်ဆံရေး၌ ရှားရှားပါးပါး နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဂျော့ချ် ဒဗလျူ ဘုရှ် (George W. Bush) ခေတ်က အီရတ်စစ်ပွဲ၊ နေတိုး (NATO) တိုးချဲ့မှုနှင့် ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်ခဲ့မှု စသည့် ကြီးမားသော အမွေဆိုးများကို ချန်ထားခဲ့သည်။ ဆက်ဆံရေးမှာ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး၊ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် နှင့် မီခေးလ် ဂေါ်ဘာချက်ဗ်တို့ လက်မှတ်ရေးထိုးခဲ့သည့် START I စာချုပ်သည်လည်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ယင်းက ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မဟာဗျူဟာမြောက် လက်နက်တိုက်များ အပေါ် တိကျသည့် ကန့်သတ်ချက်များ မရှိတော့မည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။ထို့နောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ဘားရက် အိုဘားမား အိမ်ဖြူတော်သို့ ရောက်ရှိလာသည်။ လူငယ်သမ္မတဖြစ်သူ အိုဘားမားသည် နျူကလီးယား ခြိမ်းခြောက်မှုကင်းစင်သော ကမ္ဘာကြီးဖြစ်ရန် လိုလားခဲ့သည်။ ထိုစဉ်က ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံ မိန့်ခွန်း၌ ရုရှားနှင့် ဆက်ဆံရေးကို 'ပြန်လည်စတင်ခြင်း'(Reset) ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ထိုစိတ်ဓာတ်သည် ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပရာ့ဂ် (Prague) မြို့၌ ပြောကြားခဲ့သော အိုဘားမား၏ မိန့်ခွန်းတွင် အထွတ်အထိပ်သို့ ရောက်ရှိ ခဲ့သည်။ Hradcany ရင်ပြင်တွင် စုဝေးနေသော လူပေါင်းသောင်းနှင့်ချီသည့် ရှေ့မှောက်၌ “နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရှာဖွေဖို့ အမေရိကန်၏ ကတိကဝတ်ကို ကျွန်တော် ပြတ်ပြတ်သားသား ယုံကြည်ချက်အပြည့်ဖြင့် ပြောကြား လိုပါသည်” ဟု သူက ကြေညာခဲ့သည်။ အိုဘားမားသည် နူကလီးယားလက်နက်ကို အမှန်တကယ် အသုံးပြုခဲ့ဖူးသည့် တစ်ဦးတည်းသော နိုင်ငံအနေဖြင့် အမေရိကန်တွင် ကျင့်ဝတ်ဆိုင်ရာ တာဝန် ရှိကြောင်း ဝန်ခံခဲ့ပြီး လက်နက်များ လျှော့ချရန်၊ နျူကလီးယားစမ်းသပ်မှု အလုံးစုံ တားဆီးရေး စာချုပ် (CTBT) ကို အတည်ပြုရန်နှင့် ရုရှားနှင့် စာချုပ်သစ်တစ်ရပ် ဆွေးနွေးရန် စသည့် လက်တွေ့ ကျသော လုပ်ဆောင်ချက်များကို ကတိပြုခဲ့သည်။ရုရှားနိုင်ငံတွင်လည်း သူ၏ တောင်းဆိုမှုကို သတိကြီးစွာဖြင့် အကောင်းမြင်ခဲ့ကြသည်။ ထိုစဉ်က သမ္မတဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်က အဆိုပါမိန့်ခွန်းကို “ကောင်းမွန်သော အချက်ပြမှု” တစ်ခု အဖြစ် ရည်ညွှန်းခဲ့သည်။ တစ်ပတ်အကြာတွင် လန်ဒန်မြို့၌ ပြုလုပ်သည့် G20 ထိပ်သီး အစည်း အဝေးအတွင်း အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီး New START စာချုပ် အတွက် ဆွေးနွေးမှုများကို စတင်မည့် ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ဆွေးနွေးပွဲများကို ၂၀၀၉ ခုနှစ် မေလတွင် ဂျီနီဗာမြို့၌ စတင်ခဲ့ပြီး လွန်စွာ စိန်ခေါ်မှုများပြားခဲ့သည်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်အတော်များများအပေါ် အဓိက သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ သည်။ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထည့်သွင်းစဉ်းစားရန် ရုရှားက အခိုင်အမာ တောင်းဆိုခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်သွားပြီးနောက် ဥရောပရှိ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များသည် မိမိတို့၏ ဟန့်တားနိုင်စွမ်းကို ခြိမ်းခြောက်နေကြောင်း မော်စကိုက ရှုမြင်ခဲ့သည်။ အမေရိကန်ကမူ တိုက်စစ်နှင့် ခံစစ်စနစ်များကို ရောထွေးရန် ငြင်းဆိုခဲ့သည်။အခြားသော အခက်အခဲတစ်ခုမှာ တယ်လီမီထရီ (Telemetry) ခေါ် အဝေးထိန်းစနစ် အချက်အလက် များဖြစ်သည်။ ရုရှားက ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရန် ကြိုးပမ်းသော် လည်း အမေရိကန်က ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ထို့အပြင် လက်နက်သယ်ဆောင်သည့် ယာဉ်အရေအတွက် ကန့်သတ်ချက်၊ ဗုံးကြဲလေယာဉ်များပေါ်ရှိ ထိပ်ဖူးများကို ရေတွက်သည့် စည်းမျဉ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိခဲ့သည်။ သို့သော်လည်း ကျူးဘားဒုံးကျည်အကျပ်အတည်း ကာလကကဲ့သို့ပင် အဆင့်မြင့်ခေါင်းဆောင် များ၏ ဆက်သွယ်မှုက သဘောတူညီချက်ရရှိရန် လမ်းဖွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နွေရာသီ အရေးကြီးသော အခိုက်အတန့်တစ်ခုတွင် အိုဘားမားကိုယ်တိုင် မက်ဗီဒက်ဗ်ထံ ဖုန်းဆက်၍ ကြားဝင် ညှိနှိုင်းပေးခဲ့သည်။ဆောင်းဦးပေါက်ကာလတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ နှစ်ဖက်စလုံးက တပ်ဖြန့်ထားသော ထိပ်ဖူးအရေအတွက် ၁,၅၅၀ ခု၊ တပ်ဖြန့်ထားသော လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခုနှင့် (တပ်ဖြန့်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ) ပစ်လွှတ်စနစ် ၈၀၀ ခုအထိ ကန့်သတ်ရန် သဘောတူ ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် မတ်လတွင် အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့သည် စာချုပ်ပါ အကြောင်း အရာများကို ဖုန်းဖြင့် အပြီးသတ်ညှိနှိုင်းခဲ့ကြသည်။ စာချုပ်လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၈ ရက်နေ့ တွင် ပရာ့ဂ်မြို့၌ပင် ကျင်းပခဲ့သည်။ ယင်းသည် လွန်ခဲ့သော တစ်နှစ်က အိုဘားမားက အမေရိကန်၏ မူဝါဒအသစ်ကို ကြေညာခဲ့သည့် မြို့ပင်ဖြစ်သည်။သို့သော်လည်း အတည်ပြုချက်ရယူရန် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးသည်။ ရုရှားနိုင်ငံတွင် အဆိုပါ လုပ်ငန်းစဉ်မှာ ချောမွေ့စွာ ပြီးမြောက်ခဲ့သော်လည်း အမေရိကန်တွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခုကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ အထက်လွှတ်တော်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသော ရီပတ်ဘလစ်ကန်များက ထိုစာချုပ်သည် "အားနည်းသော သဘောတူညီချက်" ဖြစ်ပြီး ရုရှားထက် အမေရိကန်ကို ပိုမိုချုပ်ကိုင်ထားကြောင်း၊ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် ဒုံးကျည်ကာကွယ်ရေးကိစ္စများကို ထည့်သွင်းဖြေရှင်းထားခြင်းမရှိကြောင်း စွပ်စွဲ ခဲ့ကြသည်။ အထက်လွှတ်တော်အမတ် ဂျွန်ကိုင်းလ် (Jon Kyl) နှင့် အခြားသူများက အမေရိကန်၏ လက်နက်တိုက်များကို ခေတ်မီအောင် ပြုလုပ်ခွင့်နှင့် ပတ်သက်၍ အာမခံချက်များ တောင်းဆိုခဲ့ ကြသည်။အိုဘားမားသည် အထက်လွှတ်တော်အမတ်များထံ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်၍ စာချုပ်ကို ထောက်ခံရန် လိုအပ်ကြောင်း နားချခဲ့ရသည်။ အထက်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီ တွင် ကြားနာမှုများမှာ လပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၌ အထက်လွှတ်တော်က စာချုပ်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့သည်။အဆိုပါစာချုပ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် (၁၀) နှစ်သက်တမ်းအတွက် စတင် အသက်ဝင်ခဲ့ပြီး သက်တမ်းတိုးနိုင်ခွင့်လည်း ရှိခဲ့သည်။ စစ်ဆေးရေးလုပ်ငန်းများကို ချက်ချင်း စတင်ခဲ့ရာ အမေရိကန်စစ်ဆေးရေးမှူးများသည် ရုရှားနိုင်ငံရှိ Uzhur၊ Vorkuta နှင့် Tatishevo အခြေစိုက်စခန်းများသို့ သွားရောက်ခဲ့ကြပြီး၊ ရုရှားအဖွဲ့များကလည်း ဝိုင်အိုမင်း (Wyoming) နှင့် မွန်တားနား (Montana) ပြည်နယ်ရှိ Minuteman ဒုံးကျည်အခြေစိုက်စခန်းများကို စစ်ဆေးခဲ့ကြ သည်။ အချက်အလက်ဖလှယ်မှုများကို တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်နှစ်ဖက်စလုံးသည် သဘောတူညီထားသော ကန့်သတ်ချက်များအတွင်းသို့ ရောက်ရှိခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်ပြည်ထောင်စုနှင့် ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ စလုံးသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ New START စာချုပ်၏ အဓိကကန့်သတ်ချက် တွေကို ပြည့်မီခဲ့ကြပြီး၊ ထိုအချိန်ကတည်းက သတ်မှတ်ချက်အတွင်းမှာပဲ ဆက်ရှိနေခဲ့ပါသည်” ဟု ကြေညာခဲ့သည်။အကျပ်အတည်းဘားရက်အိုဘားမား၏ အရိုက်အရာကို ဆက်ခံခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် New START စာချုပ်အပေါ် အစကတည်းက အဆိုးမြင်သည့် အမြင်များ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗလာဒီမာ ပူတင်နှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့် စကားပြောဆိုစဉ်တွင် သူက ဤသဘောတူညီချက်သည် အိုဘားမား လက်မှတ်ရေးထိုးခဲ့သည့် "ဆိုးရွားသော အပေးအယူ" (Bad deal) တစ်ခုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။ထရမ့်အစိုးရသည် ထိုစာချုပ်သည် "ခေတ်နောက်ကျနေပြီ" ဟု အကြောင်းပြကာ ၎င်း၏ တန်ဖိုး အပေါ် ထပ်ခါတလဲလဲ မေးခွန်းထုတ်ခဲ့သည်။ ထရမ့်နှင့် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် (John Bolton) အပါအဝင် ၎င်း၏အဖွဲ့သည် နောင်တွင်ပြုလုပ်မည့် မည်သည့် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုမျိုးတွင်မဆို တရုတ်နိုင်ငံကိုပါ ထည့်သွင်းရန်၊ နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို ကန့်သတ်ရန်နှင့် ရုရှား၏ ဟိုက်ပါဆိုးနစ် (Hypersonic) လက်နက်များနှင့် Avangard စနစ်ကဲ့သို့သော လက်နက်စနစ်သစ်များကိုပါ ထည့်သွင်းဆွေးနွေးရန် အဆိုပြုခဲ့ကြသည်။ ရုရှားက ထိုကန့်သတ်ချက်များကို ပယ်ချခဲ့သလို တရုတ်နိုင်ငံကလည်း ဆွေးနွေး ပွဲတွင် ပါဝင်ရန် လုံးဝငြင်းဆိုခဲ့သည်။ထိုကာလအတွင်း အမေရိကန်သည် အဓိကကျသော သဘောတူညီချက်အချို့မှ နုတ်ထွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် တာလတ်ပစ် နူကလီးယားလက်နက်များဆိုင်ရာ စာချုပ် (INF) နှင့် ၂၀၂၀ ပြည့်နှစ်တွင် ပွင့်လင်းကောင်းကင်ယံ စာချုပ် (Open Skies) တို့ ဖြစ်ကြသည်။ New START စာချုပ်သည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ် ထားသော်လည်း ထရမ့်အစိုးရက သက်တမ်းတိုးရန် မည်သည့်ခြေလှမ်းမျှ မလှမ်းခဲ့ပေ။နောက်ဆုံးတွင် ဘိုင်ဒင်အစိုးရလက်ထက်၌သာ ငါးနှစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ခဲ့ သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဘိုင်ဒင်သည် သမ္မတတာဝန်စတင်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပူတင်ထံ ဖုန်းဆက်ခဲ့ပြီး မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ စာချုပ် ကို ငါးနှစ်သက်တမ်းတိုးရန် အဆိုပြုခဲ့သည်။ ထိုလုပ်ရပ်မှာ စွန့်စားမှုအချို့ရှိခဲ့သည်။ လွှတ်တော် အတွင်းရှိ ရီပတ်ဘလစ်ကန်များက မော်စကိုအပေါ် အလွန်အမင်း လျှော့ပေးလွန်းသည်ဟု ၎င်းကို စတင် ဝေဖန်နေကြပြီ ဖြစ်သည်။ သို့သော် ပူတင်ဘက်ကမူ အနောက်နိုင်ငံများနှင့် ကျန်ရှိနေသေး သော နည်းပါးလှသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားရန် လိုလား ပုံရပြီး ချက်ချင်းပင် သဘောတူခဲ့သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သံတမန်ရေးရာ မှတ်စုများ အပြန်အလှန်လဲလှယ်ခြင်း ဖြင့် သက်တမ်းတိုးခြင်းကို တရားဝင်ပြုလုပ်ခဲ့ရာ New START စာချုပ်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။ ဘိုင်ဒင်က ထိုစာချုပ်ကို “ကမ္ဘာ့အကြီးဆုံး နူကလီးယားအင်အားကြီး နှစ်နိုင်ငံကြားက မဟာဗျူဟာမြောက် တည်ငြိမ်မှု၏ ကျောက်ဆူး” ဟု ရည်ညွှန်းခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုဆုံးဖြတ်ချက်သည် “ကျိုးကြောင်းဆီလျော်မှုရှိပြီး” နှစ်ဖက်စလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကြိုဆိုခဲ့ကြသည်။ခဏတာမျှ အိုဘားမား-မက်ဗီဒက်ဗ်တို့၏ ဆက်ဆံရေးပြန်လည်စတင်မှုသည် အသက်ဝင်လာ သကဲ့သို့ ထင်ရသည်။ စစ်ဆေးရေးလုပ်ငန်းများနှင့် အချက်အလက်ဖလှယ်မှုများ ပြန်လည်စတင် ခဲ့သည်။ သို့သော်လည်း ၂၀၁၀ ပြည့်လွန်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော အက် ကြောင်းများမှာမူ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ပိုမိုကျယ်ပြန့်လာခဲ့သည်။ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ်များ (နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် ထည့်သွင်းရေတွက်ခြင်းမရှိသည့် လက်နက် တိုက်များ) အပေါ် ရုရှား၏ စိုးရိမ်ပူပန်မှုများ၊ ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် Avangard ကဲ့သို့သော စနစ်သစ်များအပေါ် အမေရိကန်၏ ကန့်ကွက်မှုများက အခြေအနေကို ပိုမိုတင်းမာစေခဲ့သည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်း၌ ရုရှား၏ စစ်ဆင်ရေးများ စတင်လာသည် နှင့်အမျှ New START စာချုပ်နှင့် ပတ်သက်သော တင်းမာမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။ ဆောင်းဦးပေါက်ကာလတွင် စစ်ဆေးရေးလုပ်ငန်းများအားလုံး ထိရောက်စွာ ရပ်တန့် သွားခဲ့သည်။ ဤအခြေအနေသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အဆိုးဆုံးသို့ ရောက်ရှိခဲ့ပြီး၊ ပူတင်က ဖက်ဒရယ်လွှတ်တော်သို့ ပြောကြားသည့် နှစ်ပတ်လည်မိန့်ခွန်း၌ New START စာချုပ်တွင် ရုရှား၏ ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ပူတင်က “အနောက်အုပ်စုက ကျွန်တော်တို့အပေါ် စစ်ပွဲတစ်ရပ် ဆင်နွှဲနေသည့် ယခုလို အခြေအနေမျိုးမှာ၊ ဒီစာချုပ်ကို တစ်ဖက်သတ် ဆက်လက်လိုက်နာနေဖို့ဆိုတာ အဓိပ္ပာယ် မရှိပါဘူး” ဟု ကြေညာရာတွင် ကရင်မလင်နန်းတော်အတွင်း၌ လက်ခုပ်သံများ ဟိန်းထွက်သွား ခဲ့သည်။ ပူတင် သည် အမေရိကန်နှင့် နေတိုးတို့အနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ အနောက်အုပ်စုက “ကိယက်ဗ်မြို့ကို လက်နက်တွေနဲ့ လွှမ်းမိုး နေသည့်” အချိန်မျိုးတွင် အမေရိကန်စစ်ဆေးရေးမှူးများကို ရုရှား၏ နျူကလီးယား အဆောက်အအုံ များအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။သို့သော် ထိုသည်မှာ စာချုပ်မှလုံးဝနုတ်ထွက်လိုက်ခြင်း မဟုတ်ပေ။ ရုရှားအနေဖြင့် အဓိက ကန့်သတ်ချက်များဖြစ်သော (ထိပ်ဖူး ၁,၅၅၀ ခု၊ လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခု) ကိုမူ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း စာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် စစ်ဆေးရေးလုပ်ငန်းများ မရှိတော့ခြင်း၊ ဒုံးကျည်များ၏ တည်နေရာ အကြောင်း အသိပေးချက်များ မရှိတော့ခြင်းနှင့် အချက်အလက်ဖလှယ်မှုများ တစ်စိတ်တစ်ပိုင်း ရပ်တန့်သွားခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ ပူတင်က “အမေရိကန်က နျူလီးယားစမ်းသပ်မှုတွေ လုပ်မည်ဆိုလျှင် မိမိတို့လည်း အတူတူပဲ လုပ်သွားမှာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။အနောက်အုပ်စုဘက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။ အိမ်ဖြူတော်က ရုရှား၏ ဆုံးဖြတ်ချက် သည် “ဥပဒေကြောင်းအရ အကျုံးမဝင်ကြောင်း” နှင့် “အလွန်အမင်း စိတ်ပျက်မိကြောင်း” တံဆိပ် ကပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တုံ့ပြန်သည့် အစီအမံများကို ကြေညာ ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အမေရိကန်သည် ဒုံးကျည်များ၏ အခြေအနေနှင့် တည်နေရာဆိုင်ရာ အချက်အလက်များနှင့် တယ်လီမီထရီ (Telemetry) အချက်အလက်များ ဝေမျှ ခြင်းကို ရပ်ဆိုင်းခဲ့သည်။ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တိုင်း၏ အုတ်မြစ်ဖြစ်သော စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်မှာ ရှေ့ဆက်၍ မရတော့ပေ။ လူကိုယ်တိုင် သွားရောက် စစ်ဆေးသည့် လုပ်ငန်းစဉ်များ (On-site inspections) မရှိတော့သဖြင့် နှစ်ဖက်စလုံးသည် သတ်မှတ်ကန့်သတ်ချက်များကို လိုက်နာခြင်း ရှိ၊ မရှိ တိုက်ရိုက်အတည်ပြုနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရ သည်။၂၀၂၄-၂၅ ခုနှစ်များသို့ ရောက်သောအခါ အခြေအနေမှာ နုနယ်လွန်းသည့် ဟန်ချက်ညီမှုတစ်ခု အတွင်းသို့ အခြေကျသွားခဲ့သည်။ နှစ်ဖက်စလုံးက အဓိကကန့်သတ်ချက်များကို လိုက်နာနေဆဲ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေကြသော်လည်း နှစ်နိုင်ငံကော်မရှင် (Bilateral Commission) မှာ တွေ့ဆုံခြင်းမရှိတော့သလို စစ်ဆေးရေးလုပ်ငန်းများကိုလည်း ပြန်မစနိုင်ခဲ့ပါ။ အမေရိကန်၏ Sentinel နှင့် ရုရှား၏ Sarmat ကဲ့သို့သော ဒုံးကျည်စနစ်သစ်များကို စာချုပ်တွင် ပြဋ္ဌာန်းထားသည့် သရုပ်ပြရှင်းလင်းမှုများ မရှိဘဲ ဆက်လက်ထုတ်လုပ်ခဲ့ကြသည်။New START ၏ အနာဂတ် ရှိပါသလား? ၁၅ နှစ်ကြာ နျူကလီးယားလက်နက် ပြန့်ပွားမှုကို ထိန်းချုပ်ပေးခဲ့သည့် New START စာချုပ်သည် အတိတ်ဟောင်းတစ်ခု ဖြစ်လုနီးပါး ဖြစ်လာချိန်တွင် ကမ္ဘာကြီးမှာ တိတ်ဆိတ်စွာဖြင့် စောင့်ကြည့် နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ နျူကလီးယားလက်နက်နှင့် ပတ်သက်သည့် အကြောင်း အရာကို အနည်းငယ်မျှပင် အလေးအနက် သဘောထားမည့်သူ မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် စစ်အေးတိုက်ပွဲခေတ်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို မကြုံတွေ့ခဲ့ရသူများ အတွက် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးမြန်းရန် ခက်ခဲနေဆဲဖြစ်သည်။ “ယနေ့ခေတ် ကမ္ဘာကြီးမှာ New START က ဆက်ပြီး အရေးပါနေသေးလို့လား?” ဆိုသည့် မေးခွန်းတစ်ခုကို ရှောင်လွှဲရန် ခက်ခဲလှသည်။ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိနေတာက ဘာမျှမရှိတာ ထက်စာရင် ပိုကောင်းပါသည်” ဟု မှန်ကန်စွာ သုံးသပ်ခဲ့သည်။ သို့သော်လည်း လက်ရှိစာချုပ်ကို သက်တမ်းတိုးလိုက်လျှင်ပင် ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိရန်မှာ လက်လှမ်းမီနိုင်ဖွယ် မရှိတော့ပေ။ အာဏာချိန်ခွင်လျှာမှာ ပြောင်းလဲသွားပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ သိသာထင်ရှားသည့် အင်အားစု တစ်ခုအဖြစ် ပေါ်ထွက်လာသကဲ့သို့ တည်ရှိပြီးသော သဘောတူညီချက်များ၏ ပြင်ပတွင် ရှိနေသော လက်နက်သစ်များမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။အမှန်တကယ်ပင် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ၊ ဆိုက်ဘာလက်နက်များနှင့် ပတ်လမ်းကြောင်းသုံး စနစ်များကဲ့သို့သော နည်းပညာသစ်များသည် စာချုပ်ဟောင်းများ၏ စည်းမျဉ်းများကို ဝေဝါးသွား စေသည်။ ဤအချက်သည် ရေဂင်ခေတ်က ၎င်း၏ ရည်မှန်းချက်ကြီးမားသော မဟာဗျူဟာမြောက် ကာကွယ်ရေးအစီအမံ (SDI) ကြောင့် ဖြစ်ပေါ်ခဲ့ဖူးပြီး ယနေ့ခေတ်တွင် ပို၍ပင် အရေးပါလာသည်။ Sarmat၊ Poseidon နှင့် Oreshnik ကဲ့သို့သော စနစ်များသည် အခြေအနေကို ရုရှားဘက်သို့ သာလွန်သွားစေနိုင်ပုံရသည်။ ထိုသို့ဆိုလျှင် သဘောတူညီချက်များအတွက် အဘယ်ကြောင့် အားထုတ်နေဦးမည်နည်း။ သို့သော်လည်း ကနေဒီနှင့် ခရူးရှော့တို့ နျူကလီးယားစစ်ပွဲ၏ အစွန်း တစ်ဖက်တွင် တိမ်းစောင်းခဲ့ရသည့် ၁၉၆၂ ခုနှစ် အောက်တိုဘာလ သို့မဟုတ် ဆိုဗီယက်၏ အစောပိုင်းသတိပေးစနစ်မှ မှားယွင်းသော အချက်ပေးမှုကြောင့် လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည့် ၁၉၈၃ ခုနှစ်တို့ကို ပြန်လည်အမှတ်ရစရာ ဖြစ်နေသည်။မည်သို့ပင်ဆိုစေကာမူ အတိတ်ကာလများကကဲ့သို့ပင် ထိုမေးခွန်းများကို အဆင့်မြင့်ဆုံး ခေါင်းဆောင်ပိုင်းတွင်သာ အဖြေရှာနိုင်မည်ဖြစ်သည်။ ပူတင်သည် ဆွေးနွေးမှုများအတွက် လမ်းဖွင့် ထားပုံရသော်လည်း အရာအားလုံးမှာ ထရမ့်အပေါ်တွင် များစွာမူတည်နေသည်။ ဒမီထရီ ဆိုင်းမ်းစ် က ထရမ့်သည် “ယေဘုယျအားဖြင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်များအပေါ် သံသယရှိသူ” ဖြစ်ကြောင်း ထောက်ပြထားသည်။ သို့သော်လည်း မော်စကိုနှင့် ဝါရှင်တန်တို့သည် သမိုင်းတစ်လျှောက် ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်ကန့်သတ်မှုများ၏ လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ကြဖူးသည်။ လက်နက်များ အလွန်အမင်း စုဆောင်းလာခြင်းသည် မလိုလား အပ်သော တုံ့ပြန်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း နှစ်ဖက်စလုံးက သိရှိထားကြသည်။ ထရမ့်အနေဖြင့် ထိုသို့သော ထိန်းချုပ်မှုမျိုးကို ပြုလုပ်ရန် အသင့်ရှိ၊ မရှိ ဆိုသည်မှာမူ ကျွန်ုပ်တို့ ကြိုတင် မခန့်မှန်းနိုင်သည့် အရာပင် ဖြစ်သည်။RT တွင် Evgeny Balakin, a Moscow-based journalist and head of the Eurasian Youth Union ရေးသားသည့် “Is it time to START worrying? Nuclear restraint is about to fade without a fight” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။Photo: NDU Press

စစ်ပွဲများ၊ အကျပ်အတည်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကြောင့် ကမ္ဘာကြီးတွင် အမြဲတမ်း တုန်လှုပ်နေရသော်လည်း အလွန်အရေးကြီးသည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍မူ သိသာထင်ရှားသည့် နှုတ်ဆိတ်မှုတစ်ခုက ဝန်းရံနေသည်။

သက်တမ်းကုန်ဆုံးတော့မည့် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် (New START) နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် အရေးပေါ်ထုတ်ပြန်ချက်များ မရှိသေးပေ။ ရုရှားနိုင်ငံအနေဖြင့်လည်း အဆိုပါစာချုပ် သက်တမ်းတိုးရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် "တိကျသည့် ဆက်သွယ်မှုများ မရှိသေးကြောင်း" တရားဝင်ထုတ်ဖော် ပြောကြားထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထိုအချက်ကို သာမန်ကာလျှံကာ ပြောဆိုသွားခဲ့သော်လည်း ယင်းအခြေအနေသည် တစ်ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေး မူဘောင်တစ်ခုလုံးကို ခြိမ်းခြောက်နေပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်တိုက်များကို ကြီးကြပ်ကွပ်ကဲသည့် နောက်ဆုံးတရားဝင် ယန္တရားဖြစ်သော New START စာချုပ်သည် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်သမ္မတ Richard Nixon နှင့် ဆိုဗီယက် ခေါင်းဆောင် Leonid Brezhnev တို့က မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေးစာချုပ် (SALT I) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် ရုရှားတို့၏ နျူကလီးယားအင်အားစုများအပေါ် ဥပဒေကြောင်းအရ ထိန်းချုပ်ထားသည့် ကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ပေ။

ကမ္ဘာပေါ်ရှိ နျူကလီးယားထိပ်ဖူး ၉၀ ရာခိုင်နှုန်းကျော်ကို စုပေါင်းပိုင်ဆိုင်ထားသည့် နိုင်ငံကြီးနှစ်ခု သည် ၎င်းတို့၏ လက်နက်တိုက်များကို လွတ်လပ်စွာ တိုးချဲ့လာနိုင်သည့်အတွက် ကမ္ဘာကြီးသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ထိုစာချုပ်သက်တမ်းတိုးရေးနှင့် ပတ်သက်သည့်မေးခွန်းများကို ၎င်း၏ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ပင် လျစ်လျူရှုထားခဲ့သည်။

သူ၏ စကားများသည် ရုရှားနှင့် တရုတ်နိုင်ငံတို့အတွက်သာမကဘဲ အင်အားကြီးနိုင်ငံနှစ်ခုမှ နိုင်ငံရေး သမားများနှင့် သံတမန်များက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ် တည်ဆောက်ခဲ့ကြသော စနစ်တစ်ခုလုံးကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားရစေသည်။

ရုရှားနိုင်ငံအနေဖြင့်မူ မိမိတို့ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များအပေါ် ‘စာသား အရသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ’ အစဉ်အမြဲ သစ္စာရှိစွာ လိုက်နာလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က New START စာချုပ်၏ တရားဝင် သက်တမ်း ကုန်ဆုံးသွားပြီးနောက်ပိုင်း နောက်ထပ် တစ်နှစ်တာကာလ (၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ) အဓိက ကန့်သတ်ချက်များကို နှစ်ဦးနှစ်ဖက် ဆက်လက်လိုက်နာသွားရန် အသင့်ရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။ သို့သော်လည်း ဝါရှင်တန်ဘက်မှ ယင်းကမ်းလှမ်းချက်အပေါ် ယခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

START ၏ မူလအစ 

စစ်နှင့် ငြိမ်းချမ်းရေးကြားက စည်းတားချက် မည်မျှအထိ နုနယ်လွန်းလှသည်ကို နားလည်နိုင်ရန် အတွက်၊ နျူကလီးယားလက်နက်ဆိုသည်မှာ သိပ္ပံပညာ၏ ထူးဆန်းအံ့ဩဖွယ်ရာ တစ်ခုအဖြစ်မှ လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာသည့် အန္တရာယ်တစ်ခု ဖြစ်လာခဲ့သည့် နေ့ရက်များဆီသို့ မိမိတို့ ပြန်လှည့်ကြည့်ရမည်ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျူးဘားနိုင်ငံ၌ ဆိုဗီယက်ဒုံးကျည်များ တပ်ဆင်ထားခြင်း ကြောင့် အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။ ခရူးရှော့ (Khrushchev) နှင့် ကနေဒီ (Kennedy) တို့ကြား လျှို့ဝှက်စာများ အပြန်အလှန် ပေးပို့ခဲ့ကြပြီး၊ နျူကလီးယားစစ်ပွဲ၏ခြိမ်းခြောက်မှုကြီးမှာ ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးခဲ့သည်။ အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ဆွေးနွေးမှုကသာ ထိုကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအကျပ်အတည်း ကို ဖြေရှင်းပြီးနောက်တွင် နှစ်ဦးနှစ်ဖက် ကြီးကြပ်ကွပ်ကဲသည့် ယန္တရားများမရှိဘဲ လက်နက် ပြိုင်ဆိုင်မှုသည် ပိုမိုအန္တရာယ်ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဆီသို့သာ မလွဲမသွေ ဦးတည် သွားတော့မည်ဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။ ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် နျူကလီးယားစမ်းသပ်မှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၁၉၆၈ ခုနှစ်တွင် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးစာချုပ် (NPT) ကို ဆက်လက်ချုပ်ဆိုခဲ့ကြသည်။ သို့သော်လည်း မဟာဗျူဟာမြောက် လက်နက်တိုက်များမှာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။

၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင်၊ လက်နက်ပြိုင်ဆိုင်မှု၌ အစပိုင်းတွင် နောက်ကျကျန်နေ ခဲ့သော ဆိုဗီယက်ယူနီယံ (USSR) သည် နျူကလီးယားပစ်လွှတ်မှုစနစ်များတွင် အမေရိကန်နှင့် တန်းတူအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ နေတိုး (NATO) က R-36M သို့မဟုတ် SS-18 ‘Satan’ ဟု အမည်ပေးထားသည့် ဆိုဗီယက်၏ အကြီးစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) များ တပ်ဆင်လာမှုကို အမေရိကန်တို့က စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြသည်။ ထိုဒုံးကျည်များသည် ပစ်မှတ်အသီးသီးကို ခွဲခြားပစ်ခတ်နိုင်သည့် ဒုံးထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင်နိုင်ပြီး ဒုံးကျည် တစ်စင်းချင်းစီတွင် မြို့တစ်မြို့လုံးကို ပြာကျစေနိုင်သော စွမ်းအားရှိသည်။ ထိုအချိန်က လက်တွေ့ ကျသော သမ္မတဖြစ်သူ ရစ်ချက်နစ်ဆင် (Richard Nixon) က ထိုသို့အရှိန်မြှင့်ခြင်းသည် အမေရိကန်၏ အရင်းအမြစ်များကို ပြုန်းတီးစေလိမ့်မည်ဟု နားလည်ခဲ့သည်။ စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသော လီယိုနစ်ဘရက်ဇညက်ဗ် (Leonid Brezhnev) ကလည်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုသည့် အမြင်ချင်း တူညီခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဟဲလ်စင်ကီ (Helsinki) မြို့၌ SALT ဆွေးနွေးမှုများကို စတင်ခဲ့ကြ သည်။

၁၉၇၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် မော်စကိုမြို့၌ နစ်ဆင်နှင့် ဘရက်ဇညက်ဗ်တို့သည် SALT I သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းသည် လက်နက်ကန့်သတ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီး စစ်အေးတိုက်ပွဲအတွင်းမှာပင် နျူကလီးယားလက်နက် များနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခြင်းသည် ဖြစ်နိုင်ခြေရှိရုံသာမက လိုအပ်ချက်တစ်ခုဖြစ် ကြောင်း ပြသခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်တွင်း၌မူ ထိုစာချုပ်ကို အတည်ပြုရန် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထက်လွှတ်တော်အမတ် ဟင်နရီဂျက်ဆင် (Henry Jackson) နှင့် အခြားသော ကွန်ဆာဗေးတစ်များက ယင်းသည် "တစ်ဖက်သတ် အလျှော့ ပေးမှုများ" ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ အကြောင်းမှာ ထိုစာချုပ်တွင် SS-18 ဒုံးကျည်များ အတွက် ဒုံးကျည်ပစ်လွှတ်ကျင်း (Silos) များ၏ အရွယ်အစားကို ကန့်သတ်မထားသည့်အတွက် ဆိုဗီယက်အနေဖြင့် ပိုမိုစွမ်းအားကြီးသော ဒုံးကျည်များကို တပ်ဆင်နိုင်ရန် သီအိုရီအရ အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

နစ်ဆင်၏ အကြံပေးဟောင်းဖြစ်သူ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒီမီထရီ ဆိုင်းမ်းစ် (Dimitri Simes)က“နစ်ဆင် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေး စာချုပ်ဟာ လွှတ်တော်ထဲမှာ ကန့်ကွက်မှုတွေ တော်တော်လေး ပြင်းထန်ခဲ့ပါသည်။ ဝေဖန်သူတွေက ထိုစာချုပ်မှာ SS-18 ဒုံးကျည်ပစ်လွှတ်ကျင်းများ၏ အရွယ်အစားကို ကန့်သတ်မထားသည်ကို ထောက်ပြခဲ့ကြသည်။ သီအိုရီအရဆိုရင် ထိုကျင်းတွေထဲမှာ ထိုခေတ်က နည်းပညာထက် ပိုမို များပြားသည့် ထိပ်ဖူးတွေတပ်ဆင်ထားသောဒုံးကျည်တွေကို ထည့်သွင်းထားနိုင်သည့် သဘော ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ယင်းက အထက်လွှတ်တော်မှာ အငြင်းပွားစရာတွေ အများကြီး ဖြစ်စေခဲ့ပြီး နစ်ဆင်အနေဖြင့် ထိုစာချုပ်ကို အတည်ပြုချက်ရဖို့အတွက် ၎င်း၏ နိုင်ငံရေးဩဇာကို အကြီးအကျယ် သုံးခဲ့ရပါသည်” ဟု ပြန်လည်အမှတ်ရခဲ့သည်။

အမှန်တကယ်ပင် နစ်ဆင်သည် အထက်လွှတ်တော်အမတ်များကို နားချနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လတွင် အထက်လွှတ်တော်က ထောက်ခံမဲ ၈၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် စာချုပ်ကို အတည်ပြုပေးခဲ့သည်။ အမေရိကန်ဘက်မှ ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ဆိုဗီယက်ယူနီယံသည် အဆိုပါ သဘောတူညီချက်ပါ “ဟာကွက်” ကို မည်သည့် အခါမျှ အခွင့်ကောင်းယူ အသုံးမချခဲ့ပေ။

START ၏ မွေးဖွားခြင်း

ကံမကောင်းစွာဖြင့် နစ်ဆင်နောက်ပိုင်း တက်လာသည့် မည်သည့်အမေရိကန်သမ္မတမျှ ရုရှားကို တန်းတူရည်တူ မိတ်ဖက်အဖြစ် ဆက်ဆံရန် ဆန္ဒမရှိကြတော့ပေ။ စိတ်လိုက်မာန်ပါ လုပ်တတ်သော ရေဂင် (Reagan) အစိုးရလက်ထက်တွင် မော်စကိုနှင့် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရုရှားနိုင်ငံတကာရေးရာကောင်စီဝင် ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “၁၉၈၀ ပြည့်လွန် နှစ်တွေလောက်ကတည်းက အမေရိကန်သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ကာကွယ်ရေး အစီအမံ (SDI) နှင့်အတူ အာကာသအခြေပြု လက်နက်သစ်တွေကို မိတ်ဆက်ပြီး စာချုပ်ပါ ကန့်သတ်ချက် တွေကို ကျော်လွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အတိအလင်း ပြသခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။ ထို့နောက်ပိုင်း ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခြင်းက အမေရိကန်၏ လုပ်ငန်းစဉ် များထဲတွင် ရုရှား၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် လိုအပ်မှုကို ပိုမိုဖယ်ရှားပစ်လိုက် သကဲ့သို့ ဖြစ်စေခဲ့သည်။

သို့သော်လည်း ၂၀၀၉ ခုနှစ် နွေဦးကာလတွင် အမေရိကန်-ရုရှား ဆက်ဆံရေး၌ ရှားရှားပါးပါး နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဂျော့ချ် ဒဗလျူ ဘုရှ် (George W. Bush) ခေတ်က အီရတ်စစ်ပွဲ၊ နေတိုး (NATO) တိုးချဲ့မှုနှင့် ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်ခဲ့မှု စသည့် ကြီးမားသော အမွေဆိုးများကို ချန်ထားခဲ့သည်။ ဆက်ဆံရေးမှာ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး၊ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် နှင့် မီခေးလ် ဂေါ်ဘာချက်ဗ်တို့ လက်မှတ်ရေးထိုးခဲ့သည့် START I စာချုပ်သည်လည်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ယင်းက ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မဟာဗျူဟာမြောက် လက်နက်တိုက်များ အပေါ် တိကျသည့် ကန့်သတ်ချက်များ မရှိတော့မည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။

ထို့နောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ဘားရက် အိုဘားမား အိမ်ဖြူတော်သို့ ရောက်ရှိလာသည်။ လူငယ်သမ္မတဖြစ်သူ အိုဘားမားသည် နျူကလီးယား ခြိမ်းခြောက်မှုကင်းစင်သော ကမ္ဘာကြီးဖြစ်ရန် လိုလားခဲ့သည်။ ထိုစဉ်က ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံ မိန့်ခွန်း၌ ရုရှားနှင့် ဆက်ဆံရေးကို 'ပြန်လည်စတင်ခြင်း'(Reset) ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ထိုစိတ်ဓာတ်သည် ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပရာ့ဂ် (Prague) မြို့၌ ပြောကြားခဲ့သော အိုဘားမား၏ မိန့်ခွန်းတွင် အထွတ်အထိပ်သို့ ရောက်ရှိ ခဲ့သည်။ Hradcany ရင်ပြင်တွင် စုဝေးနေသော လူပေါင်းသောင်းနှင့်ချီသည့် ရှေ့မှောက်၌ “နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရှာဖွေဖို့ အမေရိကန်၏ ကတိကဝတ်ကို ကျွန်တော် ပြတ်ပြတ်သားသား ယုံကြည်ချက်အပြည့်ဖြင့် ပြောကြား လိုပါသည်” ဟု သူက ကြေညာခဲ့သည်။ အိုဘားမားသည် နူကလီးယားလက်နက်ကို အမှန်တကယ် အသုံးပြုခဲ့ဖူးသည့် တစ်ဦးတည်းသော နိုင်ငံအနေဖြင့် အမေရိကန်တွင် ကျင့်ဝတ်ဆိုင်ရာ တာဝန် ရှိကြောင်း ဝန်ခံခဲ့ပြီး လက်နက်များ လျှော့ချရန်၊ နျူကလီးယားစမ်းသပ်မှု အလုံးစုံ တားဆီးရေး စာချုပ် (CTBT) ကို အတည်ပြုရန်နှင့် ရုရှားနှင့် စာချုပ်သစ်တစ်ရပ် ဆွေးနွေးရန် စသည့် လက်တွေ့ ကျသော လုပ်ဆောင်ချက်များကို ကတိပြုခဲ့သည်။

ရုရှားနိုင်ငံတွင်လည်း သူ၏ တောင်းဆိုမှုကို သတိကြီးစွာဖြင့် အကောင်းမြင်ခဲ့ကြသည်။ ထိုစဉ်က သမ္မတဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်က အဆိုပါမိန့်ခွန်းကို “ကောင်းမွန်သော အချက်ပြမှု” တစ်ခု အဖြစ် ရည်ညွှန်းခဲ့သည်။ တစ်ပတ်အကြာတွင် လန်ဒန်မြို့၌ ပြုလုပ်သည့် G20 ထိပ်သီး အစည်း အဝေးအတွင်း အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီး New START စာချုပ် အတွက် ဆွေးနွေးမှုများကို စတင်မည့် ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆွေးနွေးပွဲများကို ၂၀၀၉ ခုနှစ် မေလတွင် ဂျီနီဗာမြို့၌ စတင်ခဲ့ပြီး လွန်စွာ စိန်ခေါ်မှုများပြားခဲ့သည်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်အတော်များများအပေါ် အဓိက သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ သည်။ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထည့်သွင်းစဉ်းစားရန် ရုရှားက အခိုင်အမာ တောင်းဆိုခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်သွားပြီးနောက် ဥရောပရှိ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များသည် မိမိတို့၏ ဟန့်တားနိုင်စွမ်းကို ခြိမ်းခြောက်နေကြောင်း မော်စကိုက ရှုမြင်ခဲ့သည်။ အမေရိကန်ကမူ တိုက်စစ်နှင့် ခံစစ်စနစ်များကို ရောထွေးရန် ငြင်းဆိုခဲ့သည်။

အခြားသော အခက်အခဲတစ်ခုမှာ တယ်လီမီထရီ (Telemetry) ခေါ် အဝေးထိန်းစနစ် အချက်အလက် များဖြစ်သည်။ ရုရှားက ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရန် ကြိုးပမ်းသော် လည်း အမေရိကန်က ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ထို့အပြင် လက်နက်သယ်ဆောင်သည့် ယာဉ်အရေအတွက် ကန့်သတ်ချက်၊ ဗုံးကြဲလေယာဉ်များပေါ်ရှိ ထိပ်ဖူးများကို ရေတွက်သည့် စည်းမျဉ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိခဲ့သည်။ သို့သော်လည်း ကျူးဘားဒုံးကျည်အကျပ်အတည်း ကာလကကဲ့သို့ပင် အဆင့်မြင့်ခေါင်းဆောင် များ၏ ဆက်သွယ်မှုက သဘောတူညီချက်ရရှိရန် လမ်းဖွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နွေရာသီ အရေးကြီးသော အခိုက်အတန့်တစ်ခုတွင် အိုဘားမားကိုယ်တိုင် မက်ဗီဒက်ဗ်ထံ ဖုန်းဆက်၍ ကြားဝင် ညှိနှိုင်းပေးခဲ့သည်။

ဆောင်းဦးပေါက်ကာလတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ နှစ်ဖက်စလုံးက တပ်ဖြန့်ထားသော ထိပ်ဖူးအရေအတွက် ၁,၅၅၀ ခု၊ တပ်ဖြန့်ထားသော လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခုနှင့် (တပ်ဖြန့်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ) ပစ်လွှတ်စနစ် ၈၀၀ ခုအထိ ကန့်သတ်ရန် သဘောတူ ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် မတ်လတွင် အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့သည် စာချုပ်ပါ အကြောင်း အရာများကို ဖုန်းဖြင့် အပြီးသတ်ညှိနှိုင်းခဲ့ကြသည်။ စာချုပ်လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၈ ရက်နေ့ တွင် ပရာ့ဂ်မြို့၌ပင် ကျင်းပခဲ့သည်။ ယင်းသည် လွန်ခဲ့သော တစ်နှစ်က အိုဘားမားက အမေရိကန်၏ မူဝါဒအသစ်ကို ကြေညာခဲ့သည့် မြို့ပင်ဖြစ်သည်။

သို့သော်လည်း အတည်ပြုချက်ရယူရန် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးသည်။ ရုရှားနိုင်ငံတွင် အဆိုပါ လုပ်ငန်းစဉ်မှာ ချောမွေ့စွာ ပြီးမြောက်ခဲ့သော်လည်း အမေရိကန်တွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခုကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ အထက်လွှတ်တော်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသော ရီပတ်ဘလစ်ကန်များက ထိုစာချုပ်သည် "အားနည်းသော သဘောတူညီချက်" ဖြစ်ပြီး ရုရှားထက် အမေရိကန်ကို ပိုမိုချုပ်ကိုင်ထားကြောင်း၊ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် ဒုံးကျည်ကာကွယ်ရေးကိစ္စများကို ထည့်သွင်းဖြေရှင်းထားခြင်းမရှိကြောင်း စွပ်စွဲ ခဲ့ကြသည်။ အထက်လွှတ်တော်အမတ် ဂျွန်ကိုင်းလ် (Jon Kyl) နှင့် အခြားသူများက အမေရိကန်၏ လက်နက်တိုက်များကို ခေတ်မီအောင် ပြုလုပ်ခွင့်နှင့် ပတ်သက်၍ အာမခံချက်များ တောင်းဆိုခဲ့ ကြသည်။

အိုဘားမားသည် အထက်လွှတ်တော်အမတ်များထံ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်၍ စာချုပ်ကို ထောက်ခံရန် လိုအပ်ကြောင်း နားချခဲ့ရသည်။ အထက်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီ တွင် ကြားနာမှုများမှာ လပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၌ အထက်လွှတ်တော်က စာချုပ်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါစာချုပ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် (၁၀) နှစ်သက်တမ်းအတွက် စတင် အသက်ဝင်ခဲ့ပြီး သက်တမ်းတိုးနိုင်ခွင့်လည်း ရှိခဲ့သည်။ စစ်ဆေးရေးလုပ်ငန်းများကို ချက်ချင်း စတင်ခဲ့ရာ အမေရိကန်စစ်ဆေးရေးမှူးများသည် ရုရှားနိုင်ငံရှိ Uzhur၊ Vorkuta နှင့် Tatishevo အခြေစိုက်စခန်းများသို့ သွားရောက်ခဲ့ကြပြီး၊ ရုရှားအဖွဲ့များကလည်း ဝိုင်အိုမင်း (Wyoming) နှင့် မွန်တားနား (Montana) ပြည်နယ်ရှိ Minuteman ဒုံးကျည်အခြေစိုက်စခန်းများကို စစ်ဆေးခဲ့ကြ သည်။ အချက်အလက်ဖလှယ်မှုများကို တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်နှစ်ဖက်စလုံးသည် သဘောတူညီထားသော ကန့်သတ်ချက်များအတွင်းသို့ ရောက်ရှိခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်ပြည်ထောင်စုနှင့် ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ စလုံးသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ New START စာချုပ်၏ အဓိကကန့်သတ်ချက် တွေကို ပြည့်မီခဲ့ကြပြီး၊ ထိုအချိန်ကတည်းက သတ်မှတ်ချက်အတွင်းမှာပဲ ဆက်ရှိနေခဲ့ပါသည်” ဟု ကြေညာခဲ့သည်။

အကျပ်အတည်း

ဘားရက်အိုဘားမား၏ အရိုက်အရာကို ဆက်ခံခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် New START စာချုပ်အပေါ် အစကတည်းက အဆိုးမြင်သည့် အမြင်များ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗလာဒီမာ ပူတင်နှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့် စကားပြောဆိုစဉ်တွင် သူက ဤသဘောတူညီချက်သည် အိုဘားမား လက်မှတ်ရေးထိုးခဲ့သည့် "ဆိုးရွားသော အပေးအယူ" (Bad deal) တစ်ခုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။

ထရမ့်အစိုးရသည် ထိုစာချုပ်သည် "ခေတ်နောက်ကျနေပြီ" ဟု အကြောင်းပြကာ ၎င်း၏ တန်ဖိုး အပေါ် ထပ်ခါတလဲလဲ မေးခွန်းထုတ်ခဲ့သည်။ ထရမ့်နှင့် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် (John Bolton) အပါအဝင် ၎င်း၏အဖွဲ့သည် နောင်တွင်ပြုလုပ်မည့် မည်သည့် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုမျိုးတွင်မဆို တရုတ်နိုင်ငံကိုပါ ထည့်သွင်းရန်၊ နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို ကန့်သတ်ရန်နှင့် ရုရှား၏ ဟိုက်ပါဆိုးနစ် (Hypersonic) လက်နက်များနှင့် Avangard စနစ်ကဲ့သို့သော လက်နက်စနစ်သစ်များကိုပါ ထည့်သွင်းဆွေးနွေးရန် အဆိုပြုခဲ့ကြသည်။ ရုရှားက ထိုကန့်သတ်ချက်များကို ပယ်ချခဲ့သလို တရုတ်နိုင်ငံကလည်း ဆွေးနွေး ပွဲတွင် ပါဝင်ရန် လုံးဝငြင်းဆိုခဲ့သည်။

ထိုကာလအတွင်း အမေရိကန်သည် အဓိကကျသော သဘောတူညီချက်အချို့မှ နုတ်ထွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် တာလတ်ပစ် နူကလီးယားလက်နက်များဆိုင်ရာ စာချုပ် (INF) နှင့် ၂၀၂၀ ပြည့်နှစ်တွင် ပွင့်လင်းကောင်းကင်ယံ စာချုပ် (Open Skies) တို့ ဖြစ်ကြသည်။ New START စာချုပ်သည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ် ထားသော်လည်း ထရမ့်အစိုးရက သက်တမ်းတိုးရန် မည်သည့်ခြေလှမ်းမျှ မလှမ်းခဲ့ပေ။

နောက်ဆုံးတွင် ဘိုင်ဒင်အစိုးရလက်ထက်၌သာ ငါးနှစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ခဲ့ သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဘိုင်ဒင်သည် သမ္မတတာဝန်စတင်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပူတင်ထံ ဖုန်းဆက်ခဲ့ပြီး မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ စာချုပ် ကို ငါးနှစ်သက်တမ်းတိုးရန် အဆိုပြုခဲ့သည်။ ထိုလုပ်ရပ်မှာ စွန့်စားမှုအချို့ရှိခဲ့သည်။ လွှတ်တော် အတွင်းရှိ ရီပတ်ဘလစ်ကန်များက မော်စကိုအပေါ် အလွန်အမင်း လျှော့ပေးလွန်းသည်ဟု ၎င်းကို စတင် ဝေဖန်နေကြပြီ ဖြစ်သည်။ သို့သော် ပူတင်ဘက်ကမူ အနောက်နိုင်ငံများနှင့် ကျန်ရှိနေသေး သော နည်းပါးလှသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားရန် လိုလား ပုံရပြီး ချက်ချင်းပင် သဘောတူခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သံတမန်ရေးရာ မှတ်စုများ အပြန်အလှန်လဲလှယ်ခြင်း ဖြင့် သက်တမ်းတိုးခြင်းကို တရားဝင်ပြုလုပ်ခဲ့ရာ New START စာချုပ်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။ ဘိုင်ဒင်က ထိုစာချုပ်ကို “ကမ္ဘာ့အကြီးဆုံး နူကလီးယားအင်အားကြီး နှစ်နိုင်ငံကြားက မဟာဗျူဟာမြောက် တည်ငြိမ်မှု၏ ကျောက်ဆူး” ဟု ရည်ညွှန်းခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုဆုံးဖြတ်ချက်သည် “ကျိုးကြောင်းဆီလျော်မှုရှိပြီး” နှစ်ဖက်စလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကြိုဆိုခဲ့ကြသည်။

ခဏတာမျှ အိုဘားမား-မက်ဗီဒက်ဗ်တို့၏ ဆက်ဆံရေးပြန်လည်စတင်မှုသည် အသက်ဝင်လာ သကဲ့သို့ ထင်ရသည်။ စစ်ဆေးရေးလုပ်ငန်းများနှင့် အချက်အလက်ဖလှယ်မှုများ ပြန်လည်စတင် ခဲ့သည်။ သို့သော်လည်း ၂၀၁၀ ပြည့်လွန်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော အက် ကြောင်းများမှာမူ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ပိုမိုကျယ်ပြန့်လာခဲ့သည်။ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ်များ (နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် ထည့်သွင်းရေတွက်ခြင်းမရှိသည့် လက်နက် တိုက်များ) အပေါ် ရုရှား၏ စိုးရိမ်ပူပန်မှုများ၊ ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် Avangard ကဲ့သို့သော စနစ်သစ်များအပေါ် အမေရိကန်၏ ကန့်ကွက်မှုများက အခြေအနေကို ပိုမိုတင်းမာစေခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်း၌ ရုရှား၏ စစ်ဆင်ရေးများ စတင်လာသည် နှင့်အမျှ New START စာချုပ်နှင့် ပတ်သက်သော တင်းမာမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။ ဆောင်းဦးပေါက်ကာလတွင် စစ်ဆေးရေးလုပ်ငန်းများအားလုံး ထိရောက်စွာ ရပ်တန့် သွားခဲ့သည်။ ဤအခြေအနေသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အဆိုးဆုံးသို့ ရောက်ရှိခဲ့ပြီး၊ ပူတင်က ဖက်ဒရယ်လွှတ်တော်သို့ ပြောကြားသည့် နှစ်ပတ်လည်မိန့်ခွန်း၌ New START စာချုပ်တွင် ရုရှား၏ ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

ပူတင်က “အနောက်အုပ်စုက ကျွန်တော်တို့အပေါ် စစ်ပွဲတစ်ရပ် ဆင်နွှဲနေသည့် ယခုလို အခြေအနေမျိုးမှာ၊ ဒီစာချုပ်ကို တစ်ဖက်သတ် ဆက်လက်လိုက်နာနေဖို့ဆိုတာ အဓိပ္ပာယ် မရှိပါဘူး” ဟု ကြေညာရာတွင် ကရင်မလင်နန်းတော်အတွင်း၌ လက်ခုပ်သံများ ဟိန်းထွက်သွား ခဲ့သည်။ ပူတင် သည် အမေရိကန်နှင့် နေတိုးတို့အနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ အနောက်အုပ်စုက “ကိယက်ဗ်မြို့ကို လက်နက်တွေနဲ့ လွှမ်းမိုး နေသည့်” အချိန်မျိုးတွင် အမေရိကန်စစ်ဆေးရေးမှူးများကို ရုရှား၏ နျူကလီးယား အဆောက်အအုံ များအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ထိုသည်မှာ စာချုပ်မှလုံးဝနုတ်ထွက်လိုက်ခြင်း မဟုတ်ပေ။ ရုရှားအနေဖြင့် အဓိက ကန့်သတ်ချက်များဖြစ်သော (ထိပ်ဖူး ၁,၅၅၀ ခု၊ လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခု) ကိုမူ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း စာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် စစ်ဆေးရေးလုပ်ငန်းများ မရှိတော့ခြင်း၊ ဒုံးကျည်များ၏ တည်နေရာ အကြောင်း အသိပေးချက်များ မရှိတော့ခြင်းနှင့် အချက်အလက်ဖလှယ်မှုများ တစ်စိတ်တစ်ပိုင်း ရပ်တန့်သွားခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ ပူတင်က “အမေရိကန်က နျူလီးယားစမ်းသပ်မှုတွေ လုပ်မည်ဆိုလျှင် မိမိတို့လည်း အတူတူပဲ လုပ်သွားမှာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အနောက်အုပ်စုဘက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။ အိမ်ဖြူတော်က ရုရှား၏ ဆုံးဖြတ်ချက် သည် “ဥပဒေကြောင်းအရ အကျုံးမဝင်ကြောင်း” နှင့် “အလွန်အမင်း စိတ်ပျက်မိကြောင်း” တံဆိပ် ကပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တုံ့ပြန်သည့် အစီအမံများကို ကြေညာ ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အမေရိကန်သည် ဒုံးကျည်များ၏ အခြေအနေနှင့် တည်နေရာဆိုင်ရာ အချက်အလက်များနှင့် တယ်လီမီထရီ (Telemetry) အချက်အလက်များ ဝေမျှ ခြင်းကို ရပ်ဆိုင်းခဲ့သည်။ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တိုင်း၏ အုတ်မြစ်ဖြစ်သော စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်မှာ ရှေ့ဆက်၍ မရတော့ပေ။ လူကိုယ်တိုင် သွားရောက် စစ်ဆေးသည့် လုပ်ငန်းစဉ်များ (On-site inspections) မရှိတော့သဖြင့် နှစ်ဖက်စလုံးသည် သတ်မှတ်ကန့်သတ်ချက်များကို လိုက်နာခြင်း ရှိ၊ မရှိ တိုက်ရိုက်အတည်ပြုနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရ သည်။

၂၀၂၄-၂၅ ခုနှစ်များသို့ ရောက်သောအခါ အခြေအနေမှာ နုနယ်လွန်းသည့် ဟန်ချက်ညီမှုတစ်ခု အတွင်းသို့ အခြေကျသွားခဲ့သည်။ နှစ်ဖက်စလုံးက အဓိကကန့်သတ်ချက်များကို လိုက်နာနေဆဲ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေကြသော်လည်း နှစ်နိုင်ငံကော်မရှင် (Bilateral Commission) မှာ တွေ့ဆုံခြင်းမရှိတော့သလို စစ်ဆေးရေးလုပ်ငန်းများကိုလည်း ပြန်မစနိုင်ခဲ့ပါ။ အမေရိကန်၏ Sentinel နှင့် ရုရှား၏ Sarmat ကဲ့သို့သော ဒုံးကျည်စနစ်သစ်များကို စာချုပ်တွင် ပြဋ္ဌာန်းထားသည့် သရုပ်ပြရှင်းလင်းမှုများ မရှိဘဲ ဆက်လက်ထုတ်လုပ်ခဲ့ကြသည်။

New START ၏ အနာဂတ် ရှိပါသလား? 

၁၅ နှစ်ကြာ နျူကလီးယားလက်နက် ပြန့်ပွားမှုကို ထိန်းချုပ်ပေးခဲ့သည့် New START စာချုပ်သည် အတိတ်ဟောင်းတစ်ခု ဖြစ်လုနီးပါး ဖြစ်လာချိန်တွင် ကမ္ဘာကြီးမှာ တိတ်ဆိတ်စွာဖြင့် စောင့်ကြည့် နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ နျူကလီးယားလက်နက်နှင့် ပတ်သက်သည့် အကြောင်း အရာကို အနည်းငယ်မျှပင် အလေးအနက် သဘောထားမည့်သူ မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် စစ်အေးတိုက်ပွဲခေတ်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို မကြုံတွေ့ခဲ့ရသူများ အတွက် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးမြန်းရန် ခက်ခဲနေဆဲဖြစ်သည်။ “ယနေ့ခေတ် ကမ္ဘာကြီးမှာ New START က ဆက်ပြီး အရေးပါနေသေးလို့လား?” ဆိုသည့် မေးခွန်းတစ်ခုကို ရှောင်လွှဲရန် ခက်ခဲလှသည်။

ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိနေတာက ဘာမျှမရှိတာ ထက်စာရင် ပိုကောင်းပါသည်” ဟု မှန်ကန်စွာ သုံးသပ်ခဲ့သည်။ သို့သော်လည်း လက်ရှိစာချုပ်ကို သက်တမ်းတိုးလိုက်လျှင်ပင် ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိရန်မှာ လက်လှမ်းမီနိုင်ဖွယ် မရှိတော့ပေ။ အာဏာချိန်ခွင်လျှာမှာ ပြောင်းလဲသွားပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ သိသာထင်ရှားသည့် အင်အားစု တစ်ခုအဖြစ် ပေါ်ထွက်လာသကဲ့သို့ တည်ရှိပြီးသော သဘောတူညီချက်များ၏ ပြင်ပတွင် ရှိနေသော လက်နက်သစ်များမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။

အမှန်တကယ်ပင် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ၊ ဆိုက်ဘာလက်နက်များနှင့် ပတ်လမ်းကြောင်းသုံး စနစ်များကဲ့သို့သော နည်းပညာသစ်များသည် စာချုပ်ဟောင်းများ၏ စည်းမျဉ်းများကို ဝေဝါးသွား စေသည်။ ဤအချက်သည် ရေဂင်ခေတ်က ၎င်း၏ ရည်မှန်းချက်ကြီးမားသော မဟာဗျူဟာမြောက် ကာကွယ်ရေးအစီအမံ (SDI) ကြောင့် ဖြစ်ပေါ်ခဲ့ဖူးပြီး ယနေ့ခေတ်တွင် ပို၍ပင် အရေးပါလာသည်။ Sarmat၊ Poseidon နှင့် Oreshnik ကဲ့သို့သော စနစ်များသည် အခြေအနေကို ရုရှားဘက်သို့ သာလွန်သွားစေနိုင်ပုံရသည်။ ထိုသို့ဆိုလျှင် သဘောတူညီချက်များအတွက် အဘယ်ကြောင့် အားထုတ်နေဦးမည်နည်း။ သို့သော်လည်း ကနေဒီနှင့် ခရူးရှော့တို့ နျူကလီးယားစစ်ပွဲ၏ အစွန်း တစ်ဖက်တွင် တိမ်းစောင်းခဲ့ရသည့် ၁၉၆၂ ခုနှစ် အောက်တိုဘာလ သို့မဟုတ် ဆိုဗီယက်၏ အစောပိုင်းသတိပေးစနစ်မှ မှားယွင်းသော အချက်ပေးမှုကြောင့် လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည့် ၁၉၈၃ ခုနှစ်တို့ကို ပြန်လည်အမှတ်ရစရာ ဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ အတိတ်ကာလများကကဲ့သို့ပင် ထိုမေးခွန်းများကို အဆင့်မြင့်ဆုံး ခေါင်းဆောင်ပိုင်းတွင်သာ အဖြေရှာနိုင်မည်ဖြစ်သည်။ ပူတင်သည် ဆွေးနွေးမှုများအတွက် လမ်းဖွင့် ထားပုံရသော်လည်း အရာအားလုံးမှာ ထရမ့်အပေါ်တွင် များစွာမူတည်နေသည်။ ဒမီထရီ ဆိုင်းမ်းစ် က ထရမ့်သည် “ယေဘုယျအားဖြင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်များအပေါ် သံသယရှိသူ” ဖြစ်ကြောင်း ထောက်ပြထားသည်။ သို့သော်လည်း မော်စကိုနှင့် ဝါရှင်တန်တို့သည် သမိုင်းတစ်လျှောက် ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်ကန့်သတ်မှုများ၏ လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ကြဖူးသည်။ လက်နက်များ အလွန်အမင်း စုဆောင်းလာခြင်းသည် မလိုလား အပ်သော တုံ့ပြန်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း နှစ်ဖက်စလုံးက သိရှိထားကြသည်။ ထရမ့်အနေဖြင့် ထိုသို့သော ထိန်းချုပ်မှုမျိုးကို ပြုလုပ်ရန် အသင့်ရှိ၊ မရှိ ဆိုသည်မှာမူ ကျွန်ုပ်တို့ ကြိုတင် မခန့်မှန်းနိုင်သည့် အရာပင် ဖြစ်သည်။

RT တွင် Evgeny Balakin, a Moscow-based journalist and head of the Eurasian Youth Union ရေးသားသည့် “Is it time to START worrying? Nuclear restraint is about to fade without a fight” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Photo: NDU Press

Evgeny Balakin, a Moscow-based journalist and head of the Eurasian Youth Union

ကမ္ဘာ့ဝေဟင်ကို လွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး စစ်လေယာဉ်များ
-
စစ်ဘက်ဆိုင်ရာ လေကြောင်းလောကမှာတော့ အရင်တုန်းကလို အရှိန်အဟုန်တစ်ခုတည်းနဲ့တင် ဝေဟင်ကိုစိုးမိုးလို့မရတော့ပါဘူး။ “အင်အား” ဆိုတဲ့ အဓိပ္ပာယ်ဟာ အခုဆိုရင် အင်ဂျင်စွမ်းဆောင်ရည်၊လက်နက်သယ်ဆောင်နိုင်မှု၊ ပျံသန်းနိုင်တဲ့အကွာအဝေး၊ အဆင့်မြင့် အာရုံခံစနစ်တွေနဲ့ စစ်မြေပြင်မှာ တကယ်တမ်း ထိရောက်မှုရှိ၊ မရှိဆိုတဲ့အချက်တွေအပေါ်မှာ ဘက်ပေါင်းစုံကနေ တိုင်းတာလာကြတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုအချက်အလက်နဲ့ အတိုင်းအတာအမျိုးမျိုးကပဲ လေယာဉ်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ဆုံးဖြတ်ပေးနေတာပါ။ ဒါကြောင့် စစ်လေယာဉ်တွေကို အမြန်နှုန်း ဒါမှမဟုတ် ကိုယ်ပျောက်စနစ် တစ်ခုတည်းနဲ့တင် အဆင့်မသတ်မှတ်ဘဲ ခေတ်သစ်စစ်ပွဲတွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာကိုကြည့်ပြီး အကဲဖြတ်ရမှာဖြစ်ပါတယ်။ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကနေ သတင်းအချက်အလက် စစ်မြေပြင်ကိုထိန်းချုပ်နိုင်တဲ့ တိုက်လေယာဉ်တွေအထိ အခုဖော်ပြပေးမယ့်လေယာဉ်တွေဟာ လက်ရှိကမ္ဘာ့ဝေဟင်ကိုလွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးစစ်လေယာဉ်များဖြစ်ပါတယ်။Boeing B-1B Lancer B-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ ပေါင် ၁၂၀၀၀၀ ကျော်အထိရှိတဲ့တွန်းအားကိုထုတ်ပေးနိုင်တဲ့ Turbofan အင်ဂျင်လေးလုံး တပ်ဆင်ထားတာပါ။ သူဟာ လက်ရှိအသုံးပြုနေတဲ့ ဘယ်စစ်လေယာဉ်ထက်မဆို ပိုပြီးများပြားတဲ့ သမားရိုးကျလက်နက်တွေကို သယ်ဆောင်နိုင်ပါတယ်။ တိုက်ကြီးတစ်ခုကနေတစ်ခုကို ဖြတ်ကျော်ပျံသန်းပြီး လက်နက်ပေါင်ချိန် ၇၅၀၀၀ အထိတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်းB-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ အမေရိကန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။ဒီလေယာဉ်ဟာ ခေတ်သစ်ကိုယ်ပျောက်စံနှုန်းတွေနဲ့ ကြည့်ရင်တော့ ရေဒါမှာမိနိုင်ပေမယ့် သူ့ရဲ့မြန်ဆန်တဲ့အရှိန်နဲ့ မြေပြင်အနေအထားအတိုင်း ကပ်ပြီးပျံသန်းနိုင်တဲ့ စွမ်းရည်တွေက ရန်သူ့ခံစစ်တွေကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ကူညီပေးပါတယ်။ တကယ်တော့ စစ်ဆင်ရေးတစ်ခုတည်းနဲ့တင် စစ်မြေပြင်ရဲ့အခြေအနေကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ စစ်လေယာဉ်မျိုးဟာ ကမ္ဘာမှာရှားပါးလွန်းလှပါတယ်။Lockheed Martin F-22 RaptorLockheed Martin F-22 Raptor ရဲ့ တွန်းအားနဲ့ အလေးချိန်အချိုး (Thrust-to-weight ratio) ဟာ 1.25 ထက်တောင် ကျော်လွန်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ အရှိန်မြှင့်တင်တာ၊ ဒေါင်လိုက်ထိုးတက်တာတွေမှာ အလွန်ကောင်းမွန်တဲ့အပြင် အင်ဂျင်ကို အတင်းတွန်းမောင်းခြင်းမရှိဘဲနဲ့တောင် အသံထက်မြန်တဲ့အရှိန်နဲ့ အကြာကြီးပျံသန်းနိုင်တာပါ။ ဒါ့အပြင် အိတ်ဇောထွက်ပေါက်ကို လိုသလိုလှည့်နိုင်တဲ့ Thrust-vectoring စနစ်ပါဝင်တာကြောင့် မျက်မြင်ချင်းယှဉ်တိုက်ရတဲ့ တိုက်ပွဲမျိုးမှာ ဘယ်လိုပြိုင်ဘက်ကိုမဆို အသာအယာလှည့်ပတ်ပျံသန်းပြီး အနိုင်ယူနိုင်စွမ်းရှိပါတယ်။ဒီလေယာဉ်က ရေဒါမှာမိနိုင်တဲ့ဧရိယာကလည်း အလွန်သေးငယ်တာကြောင့် ရန်သူက သူ့ကိုမမြင်ခင်မှာတင် ကြိုတင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ တကယ်တော့ F-22 ရဲ့ အစွမ်းဟာ ကိုယ်ပျောက်နိုင်စွမ်း၊ အရှိန်အဟုန်နဲ့ တိကျမှုတွေကိုပေါင်းစပ်ပြီး ရန်သူက ဘာမှပြန်မလုပ်နိုင်တဲ့ အနေအထားမှာ စစ်မြေပြင်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ အသာစီးရမှုအပေါ်တည်ရှိနေတာပဲ ဖြစ်ပါတယ်။Boeing F-15EX Eagle IIF-15EX ကတော့ လက်နက်သယ်ဆောင်နိုင်စွမ်း ဘယ်လောက်အထိကြီးမားသလဲဆိုတာကို ပြသပြီး “အင်အား” ဆိုတဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုးဖွင့်ဆိုလိုက်တဲ့ လေယာဉ်ပါ။ လက်နက်ချိတ်ဆွဲနိုင်တဲ့နေရာ ၂၃ ခုအထိ ပါဝင်ပြီး လက်နက်ပေါင်ချိန် ၃၀၀၀၀ နီးပါးကို သယ်ဆောင်နိုင်တာကြောင့် သူ့ကို “ပျံသန်းနေတဲ့ လက်နက်တိုက်ကြီး” လို့တောင် ခေါ်လို့ရပါတယ်။ ဒီလောက်အထိ လက်နက်တင်ဆောင်နိုင်တဲ့အတွက် ဝေဟင်ကနေ အဝေးကပစ်နိုင်တဲ့ လက်နက်တွေကို အများကြီးတပ်ဆင်အသုံးပြုနိုင်တာပါ။သူ့ရဲ့ အင်ဂျင်နှစ်လုံးက အသံထက်နှစ်ဆခွဲကျော်တဲ့အထိ အမြန်နှုန်းကိုပေးနိုင်တာကြောင့် လေယာဉ်ကိုယ်ထည်ကြီးပေမယ့် ရန်သူ့ကြားမှာ လုံခြုံအောင် ပျံသန်းနိုင်ပါတယ်။ F-15EX ဟာ ကိုယ်ပျောက်စနစ်ထက် အလုံးအရင်းနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့လိုအပ်တဲ့ စစ်ဆင်ရေးမျိုးမှာ အထူးပဲ စွမ်းဆောင်ရည်ကောင်းပါတယ်။ ခေတ်သစ်ဝေဟင်တိုက်ပွဲတွေမှာတော့ ဒီလိုလက်နက်အင်အား အမြောက်အမြားနဲ့ ပစ်ခတ်နိုင်တာဟာ အောင်နိုင်ဖို့အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အသာစီးရမှုတစ်ခုဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။Sukhoi Su-57 ရုရှားရဲ့ Su-57 ကတော့ လေထဲမှာ လှုပ်ရှားစစ်ကစားနိုင်စွမ်းဟာသူ့ရဲ့ အဓိကစွမ်းအားပဲ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ 3D Thrust-vectoringအင်ဂျင်တွေတပ်ဆင်ထားတဲ့အတွက် အနောက်အုပ်စုတိုက်လေယာဉ်တွေ လိုက်မမီနိုင်တဲ့ အလွန်ခက်ခဲပြီး ထောင့်ချိုးကျတဲ့ ပျံသန်းမှုပုံစံတွေကို လုပ်ဆောင်နိုင်ပါတယ်။ အနီးကပ်ဝေဟင်တိုက်ပွဲတွေမှာ ကိုယ်ပျောက်စနစ်က အလုပ်မဖြစ်တော့ဘူးဆိုရင် ဒီလိုမျိုးလျင်မြန်ဖျတ်လတ်မှုကပဲ ရန်သူ့အပေါ်မှာ အသာစီးရစေတာပါ။Su-57 ဟာ အမေရိကန် တိုက်လေယာဉ်တွေနဲ့ယှဉ်ရင် ကိုယ်ပျောက်နိုင်စွမ်းပိုအားနည်းပေမယ့် အဲဒီအားနည်းချက်ကို သူ့ရဲ့ပြောင်မြောက်တဲ့လေကြောင်းထိန်းချုပ်မှုစွမ်းရည်နဲ့ ပြန်ပြီးအစားထိုးထားပါတယ်။တကယ်တော့ ဒီလေယာဉ်ကို ရှုပ်ထွေးပြင်းထန်တဲ့ ဝေဟင်စီးချင်းထိုးတိုက်ပွဲတွေမှာ အနိုင်ယူနိုင်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာပါ။ ရန်သူ့မျက်စိအောက်က ပျောက်နေတာထက် မနားတမ်းလှုပ်ရှားပျံသန်းနေခြင်းကပဲ လေယာဉ်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ မူဝါဒကို ဒီလေယာဉ်မှာတွေ့ရှိနိုင်ပါတယ်။Lockheed Martin F-35 Lightning II F-35 ဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာသာမက သတင်းအချက်အလက်ပိုင်းစိုးမိုးနိုင်မှုမှာလည်း အစွမ်းထက်လှပါတယ်။ ရေဒါ၊ အနီအောက်ရောင်ခြည်နဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးတွေကနေ ရလာတဲ့အချက်အလက်တွေကို တစုတစည်းတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Sensor System Fusion ပါဝင်တာကြောင့် လေယာဉ်မောင်းသူတွေဟာ ရန်သူကို မျက်စိနဲ့မမြင်ရခင် အဝေးကြီးကတည်းက ကြိုတင်သိရှိပြီးတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။တကယ်တော့ F-35ရဲ့ အမြန်နှုန်းနဲ့ လက်နက်သယ်ဆောင်နိုင်စွမ်းဟာ တခြားလေယာဉ်တွေနဲ့ယှဉ်ရင် ပုံမှန်လောက်ပဲရှိပေမယ့်သူ့ရဲ့ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ တိုးတက်စေပါတယ်။ F-35 တစ်စင်းတည်းနဲ့တင် ပျံသန်းနေတဲ့ လေကြောင်းကွပ်ကဲမှုဌာနတစ်ခုလို လုပ်ဆောင်ပြီး တပ်စုတစ်စုလုံးကို ဦးဆောင်နိုင်ပါတယ်။ ခေတ်သစ်စစ်ပွဲတွေမှာတော့ သတင်းအချက်အလက်ကို ထိန်းချုပ်နိုင်တာဟာ အမြန်နှုန်းထက်စာရင် ပိုပြီးတော့ ခရီးရောက်စေတာဖြစ်ပါတယ်။Eurofighter Typhoon အမြန်နှုန်း၊ လျင်မြန်ဖျတ်လတ်မှုနဲ့ လုပ်ငန်းခွင်အတွင်း ယုံကြည်စိတ်ချရမှုတွေမှာ ဟန်ချက်ညီအစွမ်းထက်တဲ့ Eurofighter Typhoon မှာတော့ အရှိန်မြှင့်တင်တာနဲ့ အသံထက်မြန်တဲ့အရှိန်ကို အကြာကြီးထိန်းထားနိုင်ဖို့အတွက် အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါတယ်။ သူဟာ ဝေဟင်စိုးမိုးရေးအတွက် အဓိကရည်ရွယ်တည်ဆောက်ထားတာဖြစ်သလို ပစ်မှတ်ကိုတိတိကျကျချေမှုန်းနိုင်တဲ့ စစ်ဆင်ရေးတွေကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။သူ့ရဲ့ ထူးခြားချက်ကတော့ တြိဂံပုံတောင်ပံကြီးတွေနဲ့ ရှေ့ဘက်က တောင်ပံငယ်လေးတွေကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပါ။ ထိုဒီဇိုင်းကြောင့် ဝေဟင်တိုက်ပွဲအများစု ဖြစ်ပွားလေ့ရှိတဲ့ အသံနှုန်းဝန်းကျင်တိုက်ပွဲတွေမှာ တခြားလေယာဉ်တွေထက် ပိုပြီး လျင်မြန်ဖျတ်လတ်စွာကွေ့ပတ်စစ်ကစားနိုင်ပါတယ်။ NATO တပ်ဖွဲ့ဝင်နိုင်ငံများရဲ့ လေတပ်တွေမှာ ဒီလေယာဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ။

     စစ်ဘက်ဆိုင်ရာ လေကြောင်းလောကမှာတော့ အရင်တုန်းကလို အရှိန်အဟုန်တစ်ခုတည်းနဲ့တင် ဝေဟင်ကိုစိုးမိုးလို့မရတော့ပါဘူး။ အင်အား ဆိုတဲ့ အဓိပ္ပာယ်ဟာ အခုဆိုရင် အင်ဂျင်စွမ်းဆောင်ရည်၊လက်နက်သယ်ဆောင်နိုင်မှု၊ ပျံသန်းနိုင်တဲ့အကွာအဝေး၊ အဆင့်မြင့် အာရုံခံစနစ်တွေနဲ့ စစ်မြေပြင်မှာ တကယ်တမ်း ထိရောက်မှုရှိ၊ မရှိဆိုတဲ့အချက်တွေအပေါ်မှာ ဘက်ပေါင်းစုံကနေ တိုင်းတာလာကြတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုအချက်အလက်နဲ့ အတိုင်းအတာအမျိုးမျိုးကပဲ လေယာဉ်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ဆုံးဖြတ်ပေးနေတာပါ။ ဒါကြောင့် စစ်လေယာဉ်တွေကို အမြန်နှုန်း ဒါမှမဟုတ် ကိုယ်ပျောက်စနစ် တစ်ခုတည်းနဲ့တင် အဆင့်မသတ်မှတ်ဘဲ ခေတ်သစ်စစ်ပွဲတွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာကိုကြည့်ပြီး အကဲဖြတ်ရမှာဖြစ်ပါတယ်။ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကနေ သတင်းအချက်အလက် စစ်မြေပြင်ကိုထိန်းချုပ်နိုင်တဲ့ တိုက်လေယာဉ်တွေအထိ အခုဖော်ပြပေးမယ့်လေယာဉ်တွေဟာ လက်ရှိကမ္ဘာ့ဝေဟင်ကိုလွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးစစ်လေယာဉ်များဖြစ်ပါတယ်။

Boeing B-1B Lancer

      B-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ ပေါင် ၁၂၀၀၀၀ ကျော်အထိရှိတဲ့တွန်းအားကိုထုတ်ပေးနိုင်တဲ့ Turbofan အင်ဂျင်လေးလုံး တပ်ဆင်ထားတာပါ။ သူဟာ လက်ရှိအသုံးပြုနေတဲ့ ဘယ်စစ်လေယာဉ်ထက်မဆို ပိုပြီးများပြားတဲ့ သမားရိုးကျလက်နက်တွေကို သယ်ဆောင်နိုင်ပါတယ်။ တိုက်ကြီးတစ်ခုကနေတစ်ခုကို ဖြတ်ကျော်ပျံသန်းပြီး လက်နက်ပေါင်ချိန် ၇၅၀၀၀ အထိတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်းB-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ အမေရိကန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။

ဒီလေယာဉ်ဟာ ခေတ်သစ်ကိုယ်ပျောက်စံနှုန်းတွေနဲ့ ကြည့်ရင်တော့ ရေဒါမှာမိနိုင်ပေမယ့် သူ့ရဲ့မြန်ဆန်တဲ့အရှိန်နဲ့ မြေပြင်အနေအထားအတိုင်း ကပ်ပြီးပျံသန်းနိုင်တဲ့ စွမ်းရည်တွေက ရန်သူ့ခံစစ်တွေကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ကူညီပေးပါတယ်။ တကယ်တော့ စစ်ဆင်ရေးတစ်ခုတည်းနဲ့တင် စစ်မြေပြင်ရဲ့အခြေအနေကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ စစ်လေယာဉ်မျိုးဟာ ကမ္ဘာမှာရှားပါးလွန်းလှပါတယ်။

Lockheed Martin F-22 Raptor

Lockheed Martin F-22 Raptor ရဲ့ တွန်းအားနဲ့ အလေးချိန်အချိုး (Thrust-to-weight ratio) ဟာ 1.25 ထက်တောင် ကျော်လွန်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ အရှိန်မြှင့်တင်တာ၊ ဒေါင်လိုက်ထိုးတက်တာတွေမှာ အလွန်ကောင်းမွန်တဲ့အပြင် အင်ဂျင်ကို အတင်းတွန်းမောင်းခြင်းမရှိဘဲနဲ့တောင် အသံထက်မြန်တဲ့အရှိန်နဲ့ အကြာကြီးပျံသန်းနိုင်တာပါ။ ဒါ့အပြင် အိတ်ဇောထွက်ပေါက်ကို လိုသလိုလှည့်နိုင်တဲ့ Thrust-vectoring စနစ်ပါဝင်တာကြောင့် မျက်မြင်ချင်းယှဉ်တိုက်ရတဲ့ တိုက်ပွဲမျိုးမှာ ဘယ်လိုပြိုင်ဘက်ကိုမဆို အသာအယာလှည့်ပတ်ပျံသန်းပြီး အနိုင်ယူနိုင်စွမ်းရှိပါတယ်။

ဒီလေယာဉ်က ရေဒါမှာမိနိုင်တဲ့ဧရိယာကလည်း အလွန်သေးငယ်တာကြောင့် ရန်သူက သူ့ကိုမမြင်ခင်မှာတင် ကြိုတင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ တကယ်တော့ F-22 ရဲ့ အစွမ်းဟာ ကိုယ်ပျောက်နိုင်စွမ်း၊ အရှိန်အဟုန်နဲ့ တိကျမှုတွေကိုပေါင်းစပ်ပြီး ရန်သူက ဘာမှပြန်မလုပ်နိုင်တဲ့ အနေအထားမှာ စစ်မြေပြင်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ အသာစီးရမှုအပေါ်တည်ရှိနေတာပဲ ဖြစ်ပါတယ်။

Boeing F-15EX Eagle II

F-15EX ကတော့ လက်နက်သယ်ဆောင်နိုင်စွမ်း ဘယ်လောက်အထိကြီးမားသလဲဆိုတာကို ပြသပြီး အင်အား ဆိုတဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုးဖွင့်ဆိုလိုက်တဲ့ လေယာဉ်ပါ။ လက်နက်ချိတ်ဆွဲနိုင်တဲ့နေရာ ၂၃ ခုအထိ ပါဝင်ပြီး လက်နက်ပေါင်ချိန် ၃၀၀၀၀ နီးပါးကို သယ်ဆောင်နိုင်တာကြောင့် သူ့ကို ပျံသန်းနေတဲ့ လက်နက်တိုက်ကြီး လို့တောင် ခေါ်လို့ရပါတယ်။ ဒီလောက်အထိ လက်နက်တင်ဆောင်နိုင်တဲ့အတွက် ဝေဟင်ကနေ အဝေးကပစ်နိုင်တဲ့ လက်နက်တွေကို အများကြီးတပ်ဆင်အသုံးပြုနိုင်တာပါ။

သူ့ရဲ့ အင်ဂျင်နှစ်လုံးက အသံထက်နှစ်ဆခွဲကျော်တဲ့အထိ အမြန်နှုန်းကိုပေးနိုင်တာကြောင့် လေယာဉ်ကိုယ်ထည်ကြီးပေမယ့် ရန်သူ့ကြားမှာ လုံခြုံအောင် ပျံသန်းနိုင်ပါတယ်။ F-15EX ဟာ ကိုယ်ပျောက်စနစ်ထက် အလုံးအရင်းနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့လိုအပ်တဲ့ စစ်ဆင်ရေးမျိုးမှာ အထူးပဲ စွမ်းဆောင်ရည်ကောင်းပါတယ်။ ခေတ်သစ်ဝေဟင်တိုက်ပွဲတွေမှာတော့ ဒီလိုလက်နက်အင်အား အမြောက်အမြားနဲ့     ပစ်ခတ်နိုင်တာဟာ အောင်နိုင်ဖို့အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အသာစီးရမှုတစ်ခုဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။

Sukhoi Su-57

     ရုရှားရဲ့ Su-57 ကတော့ လေထဲမှာ လှုပ်ရှားစစ်ကစားနိုင်စွမ်းဟာသူ့ရဲ့ အဓိကစွမ်းအားပဲ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ 3D Thrust-vectoringအင်ဂျင်တွေတပ်ဆင်ထားတဲ့အတွက် အနောက်အုပ်စုတိုက်လေယာဉ်တွေ လိုက်မမီနိုင်တဲ့ အလွန်ခက်ခဲပြီး ထောင့်ချိုးကျတဲ့ ပျံသန်းမှုပုံစံတွေကို လုပ်ဆောင်နိုင်ပါတယ်။ အနီးကပ်ဝေဟင်တိုက်ပွဲတွေမှာ ကိုယ်ပျောက်စနစ်က အလုပ်မဖြစ်တော့ဘူးဆိုရင် ဒီလိုမျိုးလျင်မြန်ဖျတ်လတ်မှုကပဲ ရန်သူ့အပေါ်မှာ အသာစီးရစေတာပါ။

Su-57 ဟာ အမေရိကန် တိုက်လေယာဉ်တွေနဲ့ယှဉ်ရင် ကိုယ်ပျောက်နိုင်စွမ်းပိုအားနည်းပေမယ့် အဲဒီအားနည်းချက်ကို  သူ့ရဲ့ပြောင်မြောက်တဲ့လေကြောင်းထိန်းချုပ်မှုစွမ်းရည်နဲ့ ပြန်ပြီးအစားထိုးထားပါတယ်။တကယ်တော့ ဒီလေယာဉ်ကို ရှုပ်ထွေးပြင်းထန်တဲ့ ဝေဟင်စီးချင်းထိုးတိုက်ပွဲတွေမှာ အနိုင်ယူနိုင်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာပါ။ ရန်သူ့မျက်စိအောက်က ပျောက်နေတာထက် မနားတမ်းလှုပ်ရှားပျံသန်းနေခြင်းကပဲ လေယာဉ်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ မူဝါဒကို ဒီလေယာဉ်မှာတွေ့ရှိနိုင်ပါတယ်။

Lockheed Martin F-35 Lightning II

     F-35 ဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာသာမက သတင်းအချက်အလက်ပိုင်းစိုးမိုးနိုင်မှုမှာလည်း အစွမ်းထက်လှပါတယ်။ ရေဒါ၊ အနီအောက်ရောင်ခြည်နဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးတွေကနေ ရလာတဲ့အချက်အလက်တွေကို တစုတစည်းတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Sensor System Fusion ပါဝင်တာကြောင့် လေယာဉ်မောင်းသူတွေဟာ ရန်သူကို မျက်စိနဲ့မမြင်ရခင် အဝေးကြီးကတည်းက ကြိုတင်သိရှိပြီးတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

တကယ်တော့ F-35ရဲ့ အမြန်နှုန်းနဲ့ လက်နက်သယ်ဆောင်နိုင်စွမ်းဟာ တခြားလေယာဉ်တွေနဲ့ယှဉ်ရင် ပုံမှန်လောက်ပဲရှိပေမယ့်သူ့ရဲ့ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ တိုးတက်စေပါတယ်။ F-35 တစ်စင်းတည်းနဲ့တင် ပျံသန်းနေတဲ့ လေကြောင်းကွပ်ကဲမှုဌာနတစ်ခုလို လုပ်ဆောင်ပြီး တပ်စုတစ်စုလုံးကို ဦးဆောင်နိုင်ပါတယ်။ ခေတ်သစ်စစ်ပွဲတွေမှာတော့ သတင်းအချက်အလက်ကို ထိန်းချုပ်နိုင်တာဟာ အမြန်နှုန်းထက်စာရင် ပိုပြီးတော့ ခရီးရောက်စေတာဖြစ်ပါတယ်။

Eurofighter Typhoon

     အမြန်နှုန်း၊ လျင်မြန်ဖျတ်လတ်မှုနဲ့ လုပ်ငန်းခွင်အတွင်း ယုံကြည်စိတ်ချရမှုတွေမှာ ဟန်ချက်ညီအစွမ်းထက်တဲ့ Eurofighter Typhoon မှာတော့ အရှိန်မြှင့်တင်တာနဲ့ အသံထက်မြန်တဲ့အရှိန်ကို အကြာကြီးထိန်းထားနိုင်ဖို့အတွက် အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါတယ်။ သူဟာ ဝေဟင်စိုးမိုးရေးအတွက် အဓိကရည်ရွယ်တည်ဆောက်ထားတာဖြစ်သလို ပစ်မှတ်ကိုတိတိကျကျချေမှုန်းနိုင်တဲ့ စစ်ဆင်ရေးတွေကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ တြိဂံပုံတောင်ပံကြီးတွေနဲ့ ရှေ့ဘက်က တောင်ပံငယ်လေးတွေကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပါ။ ထိုဒီဇိုင်းကြောင့် ဝေဟင်တိုက်ပွဲအများစု ဖြစ်ပွားလေ့ရှိတဲ့ အသံနှုန်းဝန်းကျင်တိုက်ပွဲတွေမှာ တခြားလေယာဉ်တွေထက် ပိုပြီး လျင်မြန်ဖျတ်လတ်စွာကွေ့ပတ်စစ်ကစားနိုင်ပါတယ်။ NATO တပ်ဖွဲ့ဝင်နိုင်ငံများရဲ့ လေတပ်တွေမှာ ဒီလေယာဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။      ။

ထက်မြတ်

မော်စကို၏အောင်ပွဲ (သို့) ရုရှား S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်များ၏ အောင်မြင်မှု
-
ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ မော်စကိုနှင့် နယူးဒေလီတို့အကြား အထူးအခွင့်အရေး ရှိသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ ၊ ၎င်းတို့နှစ်နိုင်ငံသည် လက်ရှိတွင် ထိရောက်ကြောင်း သက်သေ ပြပြီးသော လက်နက်များနှင့် အနာဂတ်တွင် အလားအလာရှိသော လက်နက်များ ထပ်မံပေးပို့ရေးအတွက် သဘောတူညီမှုရရှိလိမ့်မည်ဟု ခန့်မှန်းချက်များထွက်ပေါ်နေပါသည်။ဥပမာအားဖြင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ် ဆင်း (Rajnath Singh) က ပူတင်နှင့် မိုဒီ တို့ တွေ့ဆုံစဉ်တွင် S-400 စနစ်များ ထပ်မံဖြည့်ဆည်းပေးရေးအကြောင်း ဆွေးနွေးမည်ဟု ညွှန်ပြခဲ့သည်။စစ်မြေပြင်တွင် သက်သေပြနေသော နည်းပညာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ယူကရိန်းက ရုရှားဒေသများအား နောက်ဆုံး အကြိမ် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပျံသန်းနေသော တည်ငြိမ်သည့် အတောင်ပံပါ မောင်းသူမဲ့ လေယာဉ် (Fixed-Winged Unmanned Aerial Vehicles) ၂၀၀ ခန့်ကို ပစ်ချနိုင်ခဲ့သည်။ရရှိသည့်သတင်းများအရ ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် Pantsir နှင့် Tor မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များအပြင် ၊ တာဝေးနှင့် တာလတ်ပစ် S-400 Triumf မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ် များပါဝင်သည့် ပေါင်းစပ်လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများကို အသုံးပြုခဲ့သည်။ စစ်ဘက်မှ အလွတ်သဘော အသိအမှတ်ပြုထားသည်မှာ အဆိုပါစနစ်များသည် အခြားရန်သူပစ်မှတ်များ (အဓိက အားဖြင့် ATACMS သို့မဟုတ် Storm Shadow ကဲ့သို့သော အနောက်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များ (Ballistic and Cruise Missiles))အတွက် ချိန်ညှိထားခြင်းဖြစ်သည်။နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ယူကရိန်းစစ်တပ်က ဗိုရိုနက်ချ် (Voronezh) ကို ATACMS ဒုံးကျည် လေးစင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံချက်အရ S-400 စနစ် များနှင့် Pantsir ဒုံးကျည်/ အမြောက်စနစ်များက ပစ်မှတ်များကို ကြားဖြတ်ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည်။ အရပ်ဘက် အဆောက်အအုံများကို ဦးတည်သည့် ထိုဒုံးကျည်များ၏ အပျက်အစီးများကြောင့် အဆောက်အအုံများ၏ အမိုးများ ပျက်စီးခဲ့သော်လည်း မြို့တွင်း၌ လူအသေအပျောက် မရှိခဲ့ပေ။ATACMS ကို အလွန်ခက်ခဲသော ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း S-400 အတွက်မူ မခက် ခဲပေ။ အဆိုပါစနစ်သည် အကွာအဝေး ၆၀ ကီလိုမီတာ အထိနှင့် အမြင့် ၂၅ ကီလိုမီတာ အထိရှိသော ပစ်မှတ် များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ကြားဖြတ်ဖျက်ဆီးသည့် ဒုံးကျည်၏ အလျင်သည် အသံ၏ ၁၄ ဆဖြစ်သော တစ်စက္ကန့်လျှင် ၄.၈ ကီလိုမီတာ အထိရှိသည့် အလွန်လျင်မြန်သော အလျင်နှုန်း (Hypersonic) ဖြစ်သည်။အမေရိကန်လုပ် Patriot ကိုပင် ဖျက်ဆီးနိုင်ခြင်း ရုရှားမြို့တစ်မြို့အား တိုက်ခိုက်မှု မအောင်မြင်အောင် တားဆီးနိုင်ခဲ့ခြင်းသည် S-400 ၏ ထိရောက်သော တိုက်ခိုက်ရေးစွမ်းဆောင်ရည်၏ သာဓကတစ်ခုမျှသာ ဖြစ်သည်။ အခြားသော သာဓကများလည်း ရှိသေးသည်။ ဥပမာအားဖြင့်- အမေရိကန်ထုတ် HIMARS ဒုံးကျည်ပစ်စနစ်၏ ပဲ့ထိန်းဒုံးကျည် များကို တိုက်ခိုက်ခြင်းဖြစ်သည်။ရုရှား SAM စနစ်၏ အမြင့်ဆုံးစွမ်းရည်မှာ S-400 Triumf ကို မကြာခဏ နှိုင်းယှဉ်လေ့ရှိသည့် အမေရိကန် လုပ် MIM-104 Patriot လေကြောင်းရန် ဒုံးကျည်စနစ်မှ ပစ်လွှတ်သော မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်း ဒုံးကျည်များကို လေထဲတွင်ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ယခုနှစ်နွေရာသီတွင် ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များက ယူကရိန်းတပ်ဖွဲ့များက ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့၏လေယာဉ်များကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် အနောက်နိုင်ငံထုတ် ဒုံးကျည် ၂၀ ခန့်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။ခန့်မှန်းနိုင်ပြီး မပြောင်းလဲနိုင်သော လမ်းကြောင်းအတိုင်း ပျံသန်းသည့် ATACMS နှင့် HIMARS ဒုံးကျည်များကဲ့သို့ မဟုတ်ဘဲ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသည် ပျံသန်းစဉ်တွင် လမ်းကြောင်းကိုအပြောင်းအလဲလုပ်ကာ တက်ကြွစွာ မောင်းနှင်နိုင်သောကြောင့် ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ရန် ပိုမို ခက်ခဲသည်။"ထိုကဲ့သို့ ကြားဖြတ်ဖျက်ဆီးမှုများတွင် S-400 စနစ်များက အမြင့်မားဆုံး ထိရောက်မှုကို သရုပ် ပြနိုင်ခဲ့သည်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့သည်။S-400 Triumf ၏ အားသာချက်များ "S-400 Triumf သည် ကမ္ဘာပေါ်တွင် အခေတ်အမီဆုံးနှင့် အထင်ရှားဆုံး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များအနက် တစ်ခုဖြစ်ပါသည်။ S-400 ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် မတူညီသည့် ဒုံးကျည် အမျိုးအစားတွေကို အသုံးပြုနိုင်စွမ်းတို့က Triumf ကို အစွမ်းထက်ဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်စေပါသည်။ ၎င်း၏ စွမ်းဆောင်ရည်စံနှုန်းတွေကို တကယ့်တိုက်ပွဲအခြေအနေတွေမှာ အတည်ပြုပြီးသား ဖြစ်သောကြောင့် အဆိုပါ အဆင့်အတန်းရှိသည့် နိုင်ငံခြား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲမှာ 'S-400' နှင့် ယှဉ်ပြိုင်နိုင်တာ မရှိသေးပါ" ဟု Almaz-Antey လေကြောင်းအာကာသ ကာကွယ်ရေး လုပ်ငန်းစု၏ အထွေထွေညွှန်ကြားရေးမှူး Yan Novikov က ပြောကြားခဲ့သည်။ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် နိုင်ငံခြားဝယ်လက်များ၏ စိတ်ဝင်စားမှုကို အစဉ် တစိုက် ဆွဲဆောင်လျက်ရှိသည်။ S-400 Triumf ၏ ပထမဆုံး နိုင်ငံခြားဝယ်ယူသူမှာ တရုတ် နိုင်ငံ ဖြစ်သည်။ မော်စကိုနှင့် ပေကျင်းတို့သည် အဆိုပါ ရုရှား SAM စနစ်၏ တပ်ရင်းများစွာ ထောက်ပံ့ရေး အတွက် သဘောတူညီချက် ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော တူရကီနိုင်ငံသို့ Triumf ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခဲ့သည်။၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ်က နှစ် နိုင်ငံ စစ်ရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အကြီးဆုံး သဘောတူညီချက်ကို ချုပ်ဆို နိုင်ခဲ့သည်။ ယင်းမှာ အိန္ဒိယနိုင်ငံအား S-400 စနစ် ငါးစုံ ပေးပို့ရန်အတွက် ဒေါ်လာ ၅.၄၃ ဘီလီယံ တန်ဖိုးရှိစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။(RT တွင်Daniil Orlov (Russian military analyst) ရေးသားသည့် “Moscow’s ‘Triumph’: Why everyone wants Russian S-400 air-defense systems” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ မော်စကိုနှင့် နယူးဒေလီတို့အကြား အထူးအခွင့်အရေး ရှိသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ ၊ ၎င်းတို့နှစ်နိုင်ငံသည် လက်ရှိတွင် ထိရောက်ကြောင်း သက်သေ ပြပြီးသော လက်နက်များနှင့် အနာဂတ်တွင် အလားအလာရှိသော လက်နက်များ ထပ်မံပေးပို့ရေးအတွက် သဘောတူညီမှုရရှိလိမ့်မည်ဟု ခန့်မှန်းချက်များထွက်ပေါ်နေပါသည်။

ဥပမာအားဖြင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ် ဆင်း (Rajnath Singh) က ပူတင်နှင့် မိုဒီ တို့ တွေ့ဆုံစဉ်တွင် S-400 စနစ်များ ထပ်မံဖြည့်ဆည်းပေးရေးအကြောင်း ဆွေးနွေးမည်ဟု ညွှန်ပြခဲ့သည်။

စစ်မြေပြင်တွင် သက်သေပြနေသော နည်းပညာ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ယူကရိန်းက ရုရှားဒေသများအား နောက်ဆုံး အကြိမ် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပျံသန်းနေသော တည်ငြိမ်သည့် အတောင်ပံပါ မောင်းသူမဲ့ လေယာဉ် (Fixed-Winged Unmanned Aerial Vehicles) ၂၀၀ ခန့်ကို ပစ်ချနိုင်ခဲ့သည်။

ရရှိသည့်သတင်းများအရ ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် Pantsir နှင့် Tor မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များအပြင် ၊ တာဝေးနှင့် တာလတ်ပစ် S-400 Triumf မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ် များပါဝင်သည့် ပေါင်းစပ်လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများကို အသုံးပြုခဲ့သည်။ စစ်ဘက်မှ အလွတ်သဘော အသိအမှတ်ပြုထားသည်မှာ အဆိုပါစနစ်များသည် အခြားရန်သူပစ်မှတ်များ (အဓိက အားဖြင့် ATACMS သို့မဟုတ် Storm Shadow ကဲ့သို့သော အနောက်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များ (Ballistic and Cruise Missiles))အတွက် ချိန်ညှိထားခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ယူကရိန်းစစ်တပ်က ဗိုရိုနက်ချ် (Voronezh) ကို ATACMS ဒုံးကျည် လေးစင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံချက်အရ S-400 စနစ် များနှင့် Pantsir ဒုံးကျည်/ အမြောက်စနစ်များက ပစ်မှတ်များကို ကြားဖြတ်ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည်။ အရပ်ဘက် အဆောက်အအုံများကို ဦးတည်သည့် ထိုဒုံးကျည်များ၏ အပျက်အစီးများကြောင့် အဆောက်အအုံများ၏ အမိုးများ ပျက်စီးခဲ့သော်လည်း မြို့တွင်း၌ လူအသေအပျောက် မရှိခဲ့ပေ။

ATACMS ကို အလွန်ခက်ခဲသော ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း S-400 အတွက်မူ မခက် ခဲပေ။ အဆိုပါစနစ်သည် အကွာအဝေး ၆၀ ကီလိုမီတာ အထိနှင့် အမြင့် ၂၅ ကီလိုမီတာ အထိရှိသော ပစ်မှတ် များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ကြားဖြတ်ဖျက်ဆီးသည့် ဒုံးကျည်၏ အလျင်သည် အသံ၏ ၁၄ ဆဖြစ်သော တစ်စက္ကန့်လျှင် ၄.၈ ကီလိုမီတာ အထိရှိသည့် အလွန်လျင်မြန်သော အလျင်နှုန်း (Hypersonic) ဖြစ်သည်။

အမေရိကန်လုပ် Patriot ကိုပင် ဖျက်ဆီးနိုင်ခြင်း 

ရုရှားမြို့တစ်မြို့အား တိုက်ခိုက်မှု မအောင်မြင်အောင် တားဆီးနိုင်ခဲ့ခြင်းသည် S-400 ၏ ထိရောက်သော တိုက်ခိုက်ရေးစွမ်းဆောင်ရည်၏ သာဓကတစ်ခုမျှသာ ဖြစ်သည်။ အခြားသော သာဓကများလည်း ရှိသေးသည်။ ဥပမာအားဖြင့်- အမေရိကန်ထုတ် HIMARS ဒုံးကျည်ပစ်စနစ်၏ ပဲ့ထိန်းဒုံးကျည် များကို တိုက်ခိုက်ခြင်းဖြစ်သည်။

ရုရှား SAM စနစ်၏ အမြင့်ဆုံးစွမ်းရည်မှာ S-400 Triumf ကို မကြာခဏ နှိုင်းယှဉ်လေ့ရှိသည့် အမေရိကန် လုပ် MIM-104 Patriot လေကြောင်းရန် ဒုံးကျည်စနစ်မှ ပစ်လွှတ်သော မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်း ဒုံးကျည်များကို လေထဲတွင်ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ယခုနှစ်နွေရာသီတွင် ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များက ယူကရိန်းတပ်ဖွဲ့များက ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့၏လေယာဉ်များကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် အနောက်နိုင်ငံထုတ် ဒုံးကျည် ၂၀ ခန့်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

ခန့်မှန်းနိုင်ပြီး မပြောင်းလဲနိုင်သော လမ်းကြောင်းအတိုင်း ပျံသန်းသည့် ATACMS နှင့် HIMARS ဒုံးကျည်များကဲ့သို့ မဟုတ်ဘဲ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသည် ပျံသန်းစဉ်တွင် လမ်းကြောင်းကိုအပြောင်းအလဲလုပ်ကာ တက်ကြွစွာ မောင်းနှင်နိုင်သောကြောင့် ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ရန် ပိုမို ခက်ခဲသည်။"ထိုကဲ့သို့ ကြားဖြတ်ဖျက်ဆီးမှုများတွင် S-400 စနစ်များက အမြင့်မားဆုံး ထိရောက်မှုကို သရုပ် ပြနိုင်ခဲ့သည်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့သည်။

S-400 Triumf ၏ အားသာချက်များ 

"S-400 Triumf သည် ကမ္ဘာပေါ်တွင် အခေတ်အမီဆုံးနှင့် အထင်ရှားဆုံး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များအနက် တစ်ခုဖြစ်ပါသည်။ S-400 ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် မတူညီသည့် ဒုံးကျည် အမျိုးအစားတွေကို အသုံးပြုနိုင်စွမ်းတို့က Triumf ကို အစွမ်းထက်ဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်စေပါသည်။ ၎င်း၏ စွမ်းဆောင်ရည်စံနှုန်းတွေကို တကယ့်တိုက်ပွဲအခြေအနေတွေမှာ အတည်ပြုပြီးသား ဖြစ်သောကြောင့် အဆိုပါ အဆင့်အတန်းရှိသည့် နိုင်ငံခြား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲမှာ 'S-400' နှင့် ယှဉ်ပြိုင်နိုင်တာ မရှိသေးပါ" ဟု Almaz-Antey လေကြောင်းအာကာသ ကာကွယ်ရေး လုပ်ငန်းစု၏ အထွေထွေညွှန်ကြားရေးမှူး Yan Novikov က ပြောကြားခဲ့သည်။

ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် နိုင်ငံခြားဝယ်လက်များ၏ စိတ်ဝင်စားမှုကို အစဉ် တစိုက် ဆွဲဆောင်လျက်ရှိသည်။ S-400 Triumf ၏ ပထမဆုံး နိုင်ငံခြားဝယ်ယူသူမှာ တရုတ် နိုင်ငံ ဖြစ်သည်။ မော်စကိုနှင့် ပေကျင်းတို့သည် အဆိုပါ ရုရှား SAM စနစ်၏ တပ်ရင်းများစွာ ထောက်ပံ့ရေး အတွက် သဘောတူညီချက် ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော တူရကီနိုင်ငံသို့ Triumf ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ်က နှစ် နိုင်ငံ စစ်ရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အကြီးဆုံး သဘောတူညီချက်ကို ချုပ်ဆို နိုင်ခဲ့သည်။ ယင်းမှာ အိန္ဒိယနိုင်ငံအား S-400 စနစ် ငါးစုံ ပေးပို့ရန်အတွက် ဒေါ်လာ ၅.၄၃ ဘီလီယံ တန်ဖိုးရှိစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

(RT တွင်Daniil Orlov (Russian military analyst) ရေးသားသည့် “Moscow’s ‘Triumph’: Why everyone wants Russian S-400 air-defense systems” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

Daniil Orlov

ဒေါ်လာ ၁၄ ဘီလီယံတန် Crypto လိမ်လည်မှုကို ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသည့် လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ် (Chen Zhi) –အပိုင်း (၁)
-
အသက် ၃၇ နှစ်အရွယ်သာရှိသေးသော Chen Zhi သည် "ကျယ်ပြန့်သော ဆိုက်ဘာလိမ်လည်မှု အင်ပါယာ… လူသားတို့၏ ဒုက္ခများအပေါ် အခြေခံ၍ တည်ဆောက်ထားသော ရာဇဝတ်မှုလုပ်ငန်း တစ်ခု၏ နောက်ကွယ်မှ ကြိုးကိုင်သူ" အဖြစ် စွပ်စွဲခံထားရသည်။၎င်း၏ မုတ်ဆိတ်မွှေးနုနုနှင့် ကလေးမျက်နှာသဏ္ဍာန်တို့က ၎င်း၏အသက်ထက် ပို၍ ငယ်ရွယ် နုနယ် နေပုံ ပေါက်နေသည်။ ၎င်းသည် အလွန်လျင်မြန်စွာ ကြွယ်ဝချမ်းသာလာခဲ့သူဖြစ်သည်။လွန်ခဲ့သည့်လက အမေရိကန်တရားစီရင်ရေးဌာနက ကမ္ဘာအနှံ့မှ သားကောင်များထံမှ Crypto ငွေကြေး ဘီလီယံပေါင်းများစွာ လိမ်လည်ခိုးယူခဲ့သည့် ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်း များကို ကြိုးကိုင်ခဲ့သည်ဟု ၎င်းအား တရားစွဲခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဌာနက ၎င်းနှင့်ဆက်စပ်နေသည်ဟုဆိုသော Bitcoin ဒေါ်လာ ၁၄ ဘီလီယံ (ပေါင်စတာလင် ၁၀.၅ ဘီလီယံ) ခန့်ကို သိမ်းဆည်း ခဲ့သည်။ ယင်းမှာ ယခုအချိန်ထိ အကြီးမားဆုံး Crypto ငွေကြေး သိမ်းဆည်းမှုဖြစ်သည်ဟု ဆိုသည်။၎င်း၏ကိုယ်ပိုင်ကုမ္ပဏီဖြစ်သော Cambodian Prince Group က ၎င်း၏ဝက်ဘ်ဆိုက်တွင် "လေးစားရသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် နာမည်ကြီး ပရဟိတလုပ်ငန်းရှင်" ဖြစ်ပြီး "၎င်း၏ မျှော်မှန်းချက်နှင့် ခေါင်းဆောင်မှုတို့က Prince Group အား နိုင်ငံတကာစံချိန်စံညွှန်းများကို လိုက်နာသည့် ကမ္ဘောဒီးယားရှိ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲ တည်ဆောက် ပေးခဲ့သည်" ဟု ဖော်ပြထားသည်။ BBC က ဆက်သွယ်မေးမြန်းခဲ့သော်လည်း Prince Group မှ ယခုအချိန်ထိ တုံ့ပြန်ချက်မရရှိသေးပေ။လိမ်လည်မှုအင်ပါယာကြီးကို စီမံအုပ်ချုပ်နေသည်ဟုဆိုသည့် ချန်ဇီ (Chen Zhi) အကြောင်း ကျွန်ုပ်တို့ ဘယ်လောက်သိကြပါသလဲ?အံ့ဩဖွယ် ချမ်းသာကြွယ်ဝလာမှုတရုတ်နိုင်ငံအရှေ့တောင်ပိုင်း Fujian ပြည်နယ်တွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး အင်တာနက်ဂိမ်း ကုမ္ပဏီငယ်လေးတစ်ခုဖြင့် စတင်ခဲ့ကာ သိသာထင်ရှားသော အောင်မြင်မှုမရရှိခဲ့ဘဲ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့သွားပြီး ထိုစဉ်က ဖွံ့ဖြိုး တိုးတက်နေသော အိမ်ခြံမြေကဏ္ဍတွင် စတင်လုပ်ကိုင်ခဲ့သည်။၎င်းရောက်ရှိလာချိန်သည် ကမ္ဘောဒီးယားတွင် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုစတင်ချိန်နှင့် တိုက်ဆိုင် နေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အဆိုပါအခြေအနေသည် နိုင်ငံရေးအရ အဆက်အသွယ် ကောင်းသူများမှ သိမ်းယူထားသော မြေဧရိယာကြီးများ ရရှိနိုင်မှုနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု များ စီးဝင်လာခြင်းတို့ကြောင့် ပိုမိုအားကောင်းလာခဲ့သည်။အဆိုပါ ရင်းနှီးမြုပ်နှံမှုများအနက် အချို့မှာ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံထုတ် အခြေခံ အဆောက်အဦ များကို တင်ပို့ရန် ချမှတ်ထားသော Belt and Road ဆိုင်ရာ မဟာဗျူဟာကြောင့် စီးဝင်လာခြင်း ဖြစ်ပြီး၊ အချို့မှာ တရုတ်နိုင်ငံ၏ အလွန်မြင့်တက်နေသော အိမ်ခြံမြေဈေးကွက်ထက် ပိုမို သက်သာသည့် အခြားရွေးချယ်စရာများကို ရှာဖွေနေသော တရုတ်လူမျိုးတစ်ဦးချင်းစီ၏ ရင်းနှီးမြုပ်နှံသူများထံမှ ဖြစ်သည်။ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။မြို့တော် ဖနွမ်းပင်၏ ကောင်းကင်ယံမြင်ကွင်းသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အရောင်တောက်ပြီး ပြင်သစ်ကိုလိုနီခေတ်ဟောင်း စံအိမ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော အထပ်နိမ့်တိုက်အဆောက်အဦများ၏ မြို့ပြရှုခင်းသည် မှန်နှင့်သံမဏိဖြင့် တည်ဆောက် ထားသော အထပ်မြင့်တိုက်ကြီးများဖြင့် ပြည့်နှက်နေသော အာရှတိုက်၏ အခြားသော မြို့တော်ကြီး များ၏ မြင်ကွင်းများကဲ့သို့ ပြောင်းလဲသွားခဲ့သည်။တစ်ခါက ငြိမ်သက်အေးချမ်းသော ကမ်းခြေအပန်းဖြေစခန်းငယ်တစ်ခုဖြစ်ခဲ့သည့် ဆီဟနွတ်ခ်ဗီးလ် မြို့၏ ပြောင်းလဲမှုမှာ ပို၍ပင် သိသာခဲ့သည်။ တရုတ်နိုင်ငံတွင် လောင်းကစားရုံကြီးများ ဖွင့်လှစ်ခွင့် မပြုသောကြောင့် တရုတ်ခရီးသွားများနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များသာမက လောင်းကစားသမားများလည်း ထိုနေရာသို့ ဦးတည်ရောက်ရှိလာကြသည်။ဇိမ်ခံဟိုတယ်များနှင့် တိုက်ခန်းများနှင့်အတူ ကာစီနိုအသစ်များ ထွက်ပေါ်လာခဲ့ပြီး ဝင်ငွေ ကောင်းစွာ ရနိုင်သော အခွင့်အလမ်းများ အများအပြားလည်းရှိလာခဲ့သည်။သို့သော်လည်း ချန်ဇီ (Chen Zhi) ၏တိုးတက်မှုအခြေအနေမှာ အံ့ဩဖွယ်ရာဖြစ်ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ၎င်းသည် တရုတ်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကာ ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်လာ ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် မြေယာဝယ်ယူနိုင်ခဲ့သော်လည်း အစိုးရ ထံ အနည်းဆုံး ဒေါ်လာ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ရင်းနှီးမြုပ်နှံမှု သို့မဟုတ် လှူဒါန်းမှုပြုလုပ်ရန် လိုအပ်ခဲ့သည်။ချန်ဇီ (Chen Zhi) ၏ ငွေကြေးများ မည်သည့်နေရာမှ လာသည်ကို တစ်ခါတစ်ရံတွင် ရှင်းရှင်း လင်းလင်း မသိရှိရပေ။ ၂၀၁၉ ခုနှစ်တွင် Isle of Man တွင် ဘဏ်အကောင့်ဖွင့်ရန် လျှောက်ထားစဉ်က ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ၎င်း၏ ပထမဆုံး အိမ်ခြံမြေကုမ္ပဏီကို စတင်ရန် အမည်မဖော်လိုသူ ပုဂ္ဂိုလ်တစ်ဦးထံမှ ဒေါ်လာ ၂ သန်း ရရှိခဲ့ရသည်ဟု ဖော်ပြခဲ့သော်လည်း ယင်း အတွက် အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ခဲ့ပေ။ချန်ဇီ (Chen Zhi) သည် ၂၀၁၅ ခုနှစ်တွင် အိမ်ခြံမြေဖွံ့ဖြိုးရေးကို အဓိကထားသော Prince Group ကို စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်က ၎င်းသည် အသက် ၂၇ နှစ်သာ ရှိသေးသည်။၂၀၁၈ ခုနှစ်တွင် ၎င်းသည် Prince Bank ကို တည်ထောင်ရန် ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းလိုင်စင်ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ၎င်းသည် ဥရောပသမဂ္ဂသို့ အလွယ်တကူ ဝင်ရောက် နိုင်စေမည့် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၅ သန်းအတွက် လဲလှယ်မှုအနေဖြင့် ဆိုက်ပရပ်စ် နိုင်ငံကူးလက်မှတ်ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဗာနူအာတူ နိုင်ငံသားအဖြစ်လည်း ရရှိခဲ့သည်။၎င်းသည် ကမ္ဘောဒီးယား၏ တတိယမြောက် လေကြောင်းလိုင်းကို စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတုတ္ထမြောက် လေကြောင်းလိုင်း လုပ်ကိုင်ခွင့် လိုင်စင်ကိုလည်း ရရှိခဲ့သည်။ Prince Group ၏ အိမ်ခြံမြေဌာနမှ ဖနွမ်းပင်မြို့တွင် ဇိမ်ခံဈေးဝယ်စင်တာများ၊ ဆီဟာနွတ်ခ်ဗီးလ်မြို့တွင် ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ ဆောက်လုပ်ခဲ့ပြီး "Bay of Lights" ဟု အမည်ရသည့် ဒေါ်လာ ၁၆ ဘီလီယံတန် "ဂေဟစနစ်မြို့တော်" ကြီးတစ်ခုကို ဆောက်လုပ်ရန် ရည်မှန်းချက်ကြီးစွာ စီစဉ်ခဲ့သည်။၂၀၂၀ ပြည့်နှစ်တွင် ချန်ဇီအား ကမ္ဘောဒီးယားဘုရင်မှ "Neak Oknha" ဘွဲ့ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုဘွဲ့အတွက် အစိုးရထံသို့ အနည်းဆုံး ဒေါ်လာ ၅ သိန်း လှူဒါန်းရန် လိုအပ်သည်။၎င်းသည် ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng ၏ တရားဝင် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဝန်ကြီး၏သား Sar Sokha ၏ စီးပွားရေး လုပ်ဖော် ကိုင်ဖက်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား၏ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သူ ဟွန်ဆန်နှင့် နောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ဆက်ခံခဲ့သော ၎င်း၏သား ဟွန်မာနက်တို့၏ တရားဝင် အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။ချန်ဇီအား ဒေသခံမီဒီယာများက ပရဟိတသမားတစ်ဦးအဖြစ် ချီးကျူးခဲ့ကြကာ ဝင်ငွေနည်း ကျောင်းသား များအတွက် ပညာသင်ဆု ရန်ပုံငွေထောက်ပံ့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို ကိုဗစ်ကပ်ရောဂါ ကိုင်တွယ် ဖြေရှင်းရာတွင် အများအပြားလှူဒါန်းခဲ့သည်။သို့သော်လည်း ၎င်းသည် ပဟေဠိဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး လူအများ၏ အာရုံ စိုက်ခံရမှုမှ ကင်းဝေးနေကာ အများပြည်သူရှေ့တွင် ထုတ်ပြန်ချက် အနည်းငယ်သာ ပြုလုပ် ခဲ့သည်။ယခုနှစ်အတွင်း Radio Free Asia မှ ထုတ်ဝေခဲ့သော ချန်ဇီ၏အကြောင်းအား သုံးနှစ်ကြာ စုံစမ်း ရေးသားခဲ့သော သတင်းထောက် Jack Adamovic Davies က " ၎င်းနှင့် တိုက်ရိုက် လက်တွဲ လုပ်ကိုင်ဖူးသူ၊ အနီးကပ်ထိတွေ့ဆက်ဆံဖူးသူတိုင်းက ၎င်းအား အလွန်ယဉ်ကျေးဖွယ်ရာ၊ အလွန် အေးဆေးတည်ငြိမ်ပြီး အလွန်ချင့်ချိန်တွက်ချက်မှုရှိသူအဖြစ် သရုပ်ဖော်ပြောဆိုကြပါသည်" ဟု ဆိုသည်။ "၎င်း၏ တည်ငြိမ်ပြီး ဆန်းပြားသည့် ဆွဲဆောင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့က ၎င်းနှင့် ဆက်ဆံရေးဖြတ်တောက်ချင်သူများကိုပင် အထင်ကြီးစေခဲ့ပါသည်" ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။သို့သော် ဤကဲ့သို့သော ကြွယ်ဝချမ်းသာမှုနှင့် အာဏာအားလုံးသည် မည်သည့်နေရာမှ လာခဲ့ သနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။BBC တွင် ဆောင်းပါးရှင် Jonathan Head ရေးသားသည့် “The mysterious figure accused of masterminding a $14bn crypto scam” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

အသက် ၃၇ နှစ်အရွယ်သာရှိသေးသော Chen Zhi သည် "ကျယ်ပြန့်သော ဆိုက်ဘာလိမ်လည်မှု အင်ပါယာ… လူသားတို့၏ ဒုက္ခများအပေါ် အခြေခံ၍ တည်ဆောက်ထားသော ရာဇဝတ်မှုလုပ်ငန်း တစ်ခု၏ နောက်ကွယ်မှ ကြိုးကိုင်သူ" အဖြစ် စွပ်စွဲခံထားရသည်။

၎င်း၏ မုတ်ဆိတ်မွှေးနုနုနှင့် ကလေးမျက်နှာသဏ္ဍာန်တို့က ၎င်း၏အသက်ထက် ပို၍ ငယ်ရွယ် နုနယ် နေပုံ ပေါက်နေသည်။ ၎င်းသည် အလွန်လျင်မြန်စွာ ကြွယ်ဝချမ်းသာလာခဲ့သူဖြစ်သည်။

လွန်ခဲ့သည့်လက အမေရိကန်တရားစီရင်ရေးဌာနက ကမ္ဘာအနှံ့မှ သားကောင်များထံမှ Crypto ငွေကြေး ဘီလီယံပေါင်းများစွာ လိမ်လည်ခိုးယူခဲ့သည့် ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်း များကို ကြိုးကိုင်ခဲ့သည်ဟု ၎င်းအား တရားစွဲခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဌာနက ၎င်းနှင့်ဆက်စပ်နေသည်ဟုဆိုသော Bitcoin ဒေါ်လာ ၁၄ ဘီလီယံ (ပေါင်စတာလင် ၁၀.၅ ဘီလီယံ) ခန့်ကို သိမ်းဆည်း ခဲ့သည်။ ယင်းမှာ ယခုအချိန်ထိ အကြီးမားဆုံး Crypto ငွေကြေး သိမ်းဆည်းမှုဖြစ်သည်ဟု ဆိုသည်။

၎င်း၏ကိုယ်ပိုင်ကုမ္ပဏီဖြစ်သော Cambodian Prince Group က ၎င်း၏ဝက်ဘ်ဆိုက်တွင် "လေးစားရသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် နာမည်ကြီး ပရဟိတလုပ်ငန်းရှင်" ဖြစ်ပြီး "၎င်း၏ မျှော်မှန်းချက်နှင့် ခေါင်းဆောင်မှုတို့က Prince Group အား နိုင်ငံတကာစံချိန်စံညွှန်းများကို လိုက်နာသည့် ကမ္ဘောဒီးယားရှိ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲ တည်ဆောက် ပေးခဲ့သည်" ဟု ဖော်ပြထားသည်။ BBC က ဆက်သွယ်မေးမြန်းခဲ့သော်လည်း Prince Group မှ ယခုအချိန်ထိ တုံ့ပြန်ချက်မရရှိသေးပေ။

လိမ်လည်မှုအင်ပါယာကြီးကို စီမံအုပ်ချုပ်နေသည်ဟုဆိုသည့် ချန်ဇီ (Chen Zhi) အကြောင်း ကျွန်ုပ်တို့ ဘယ်လောက်သိကြပါသလဲ?

အံ့ဩဖွယ် ချမ်းသာကြွယ်ဝလာမှု

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Fujian ပြည်နယ်တွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး အင်တာနက်ဂိမ်း ကုမ္ပဏီငယ်လေးတစ်ခုဖြင့် စတင်ခဲ့ကာ သိသာထင်ရှားသော အောင်မြင်မှုမရရှိခဲ့ဘဲ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့သွားပြီး ထိုစဉ်က ဖွံ့ဖြိုး တိုးတက်နေသော အိမ်ခြံမြေကဏ္ဍတွင် စတင်လုပ်ကိုင်ခဲ့သည်။

၎င်းရောက်ရှိလာချိန်သည် ကမ္ဘောဒီးယားတွင် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုစတင်ချိန်နှင့် တိုက်ဆိုင် နေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အဆိုပါအခြေအနေသည် နိုင်ငံရေးအရ အဆက်အသွယ် ကောင်းသူများမှ သိမ်းယူထားသော မြေဧရိယာကြီးများ ရရှိနိုင်မှုနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု များ စီးဝင်လာခြင်းတို့ကြောင့် ပိုမိုအားကောင်းလာခဲ့သည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုများအနက် အချို့မှာ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံထုတ် အခြေခံ အဆောက်အဦ များကို တင်ပို့ရန် ချမှတ်ထားသော Belt and Road ဆိုင်ရာ မဟာဗျူဟာကြောင့် စီးဝင်လာခြင်း ဖြစ်ပြီး၊ အချို့မှာ တရုတ်နိုင်ငံ၏ အလွန်မြင့်တက်နေသော အိမ်ခြံမြေဈေးကွက်ထက် ပိုမို သက်သာသည့် အခြားရွေးချယ်စရာများကို ရှာဖွေနေသော တရုတ်လူမျိုးတစ်ဦးချင်းစီ၏ ရင်းနှီးမြုပ်နှံသူများထံမှ ဖြစ်သည်။ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

မြို့တော် ဖနွမ်းပင်၏ ကောင်းကင်ယံမြင်ကွင်းသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အရောင်တောက်ပြီး ပြင်သစ်ကိုလိုနီခေတ်ဟောင်း စံအိမ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော အထပ်နိမ့်တိုက်အဆောက်အဦများ၏ မြို့ပြရှုခင်းသည် မှန်နှင့်သံမဏိဖြင့် တည်ဆောက် ထားသော အထပ်မြင့်တိုက်ကြီးများဖြင့် ပြည့်နှက်နေသော အာရှတိုက်၏ အခြားသော မြို့တော်ကြီး များ၏ မြင်ကွင်းများကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ခါက ငြိမ်သက်အေးချမ်းသော ကမ်းခြေအပန်းဖြေစခန်းငယ်တစ်ခုဖြစ်ခဲ့သည့် ဆီဟနွတ်ခ်ဗီးလ် မြို့၏ ပြောင်းလဲမှုမှာ ပို၍ပင် သိသာခဲ့သည်။ တရုတ်နိုင်ငံတွင် လောင်းကစားရုံကြီးများ ဖွင့်လှစ်ခွင့် မပြုသောကြောင့် တရုတ်ခရီးသွားများနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များသာမက လောင်းကစားသမားများလည်း ထိုနေရာသို့ ဦးတည်ရောက်ရှိလာကြသည်။

ဇိမ်ခံဟိုတယ်များနှင့် တိုက်ခန်းများနှင့်အတူ ကာစီနိုအသစ်များ ထွက်ပေါ်လာခဲ့ပြီး ဝင်ငွေ ကောင်းစွာ ရနိုင်သော အခွင့်အလမ်းများ အများအပြားလည်းရှိလာခဲ့သည်။

သို့သော်လည်း ချန်ဇီ (Chen Zhi) ၏တိုးတက်မှုအခြေအနေမှာ အံ့ဩဖွယ်ရာဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ၎င်းသည် တရုတ်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကာ ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်လာ ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် မြေယာဝယ်ယူနိုင်ခဲ့သော်လည်း အစိုးရ ထံ အနည်းဆုံး ဒေါ်လာ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ရင်းနှီးမြုပ်နှံမှု သို့မဟုတ် လှူဒါန်းမှုပြုလုပ်ရန် လိုအပ်ခဲ့သည်။

ချန်ဇီ (Chen Zhi) ၏ ငွေကြေးများ မည်သည့်နေရာမှ လာသည်ကို တစ်ခါတစ်ရံတွင် ရှင်းရှင်း လင်းလင်း မသိရှိရပေ။ ၂၀၁၉ ခုနှစ်တွင် Isle of Man တွင် ဘဏ်အကောင့်ဖွင့်ရန် လျှောက်ထားစဉ်က ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ၎င်း၏ ပထမဆုံး အိမ်ခြံမြေကုမ္ပဏီကို စတင်ရန် အမည်မဖော်လိုသူ ပုဂ္ဂိုလ်တစ်ဦးထံမှ ဒေါ်လာ ၂ သန်း ရရှိခဲ့ရသည်ဟု  ဖော်ပြခဲ့သော်လည်း ယင်း အတွက် အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ခဲ့ပေ။

ချန်ဇီ (Chen Zhi) သည် ၂၀၁၅ ခုနှစ်တွင် အိမ်ခြံမြေဖွံ့ဖြိုးရေးကို အဓိကထားသော Prince Group ကို စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်က ၎င်းသည် အသက် ၂၇ နှစ်သာ ရှိသေးသည်။

၂၀၁၈ ခုနှစ်တွင် ၎င်းသည် Prince Bank ကို တည်ထောင်ရန် ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းလိုင်စင်ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ၎င်းသည် ဥရောပသမဂ္ဂသို့ အလွယ်တကူ ဝင်ရောက် နိုင်စေမည့် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၅ သန်းအတွက် လဲလှယ်မှုအနေဖြင့် ဆိုက်ပရပ်စ် နိုင်ငံကူးလက်မှတ်ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဗာနူအာတူ နိုင်ငံသားအဖြစ်လည်း ရရှိခဲ့သည်။

၎င်းသည် ကမ္ဘောဒီးယား၏ တတိယမြောက် လေကြောင်းလိုင်းကို စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတုတ္ထမြောက် လေကြောင်းလိုင်း လုပ်ကိုင်ခွင့် လိုင်စင်ကိုလည်း ရရှိခဲ့သည်။ Prince Group ၏ အိမ်ခြံမြေဌာနမှ ဖနွမ်းပင်မြို့တွင် ဇိမ်ခံဈေးဝယ်စင်တာများ၊ ဆီဟာနွတ်ခ်ဗီးလ်မြို့တွင် ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ ဆောက်လုပ်ခဲ့ပြီး "Bay of Lights" ဟု အမည်ရသည့် ဒေါ်လာ ၁၆ ဘီလီယံတန် "ဂေဟစနစ်မြို့တော်" ကြီးတစ်ခုကို ဆောက်လုပ်ရန် ရည်မှန်းချက်ကြီးစွာ စီစဉ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ချန်ဇီအား ကမ္ဘောဒီးယားဘုရင်မှ "Neak Oknha" ဘွဲ့ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုဘွဲ့အတွက် အစိုးရထံသို့ အနည်းဆုံး ဒေါ်လာ ၅ သိန်း လှူဒါန်းရန် လိုအပ်သည်။

၎င်းသည် ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng ၏ တရားဝင် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဝန်ကြီး၏သား Sar Sokha ၏ စီးပွားရေး လုပ်ဖော် ကိုင်ဖက်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား၏ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သူ ဟွန်ဆန်နှင့် နောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ဆက်ခံခဲ့သော ၎င်း၏သား ဟွန်မာနက်တို့၏ တရားဝင် အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။

ချန်ဇီအား ဒေသခံမီဒီယာများက ပရဟိတသမားတစ်ဦးအဖြစ် ချီးကျူးခဲ့ကြကာ ဝင်ငွေနည်း ကျောင်းသား များအတွက် ပညာသင်ဆု ရန်ပုံငွေထောက်ပံ့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို ကိုဗစ်ကပ်ရောဂါ ကိုင်တွယ် ဖြေရှင်းရာတွင် အများအပြားလှူဒါန်းခဲ့သည်။

သို့သော်လည်း ၎င်းသည် ပဟေဠိဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး လူအများ၏ အာရုံ စိုက်ခံရမှုမှ ကင်းဝေးနေကာ အများပြည်သူရှေ့တွင် ထုတ်ပြန်ချက် အနည်းငယ်သာ ပြုလုပ် ခဲ့သည်။

ယခုနှစ်အတွင်း Radio Free Asia မှ ထုတ်ဝေခဲ့သော ချန်ဇီ၏အကြောင်းအား သုံးနှစ်ကြာ စုံစမ်း ရေးသားခဲ့သော သတင်းထောက် Jack Adamovic Davies က " ၎င်းနှင့် တိုက်ရိုက် လက်တွဲ လုပ်ကိုင်ဖူးသူ၊ အနီးကပ်ထိတွေ့ဆက်ဆံဖူးသူတိုင်းက ၎င်းအား အလွန်ယဉ်ကျေးဖွယ်ရာ၊ အလွန် အေးဆေးတည်ငြိမ်ပြီး အလွန်ချင့်ချိန်တွက်ချက်မှုရှိသူအဖြစ် သရုပ်ဖော်ပြောဆိုကြပါသည်" ဟု ဆိုသည်။ "၎င်း၏ တည်ငြိမ်ပြီး ဆန်းပြားသည့် ဆွဲဆောင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့က ၎င်းနှင့် ဆက်ဆံရေးဖြတ်တောက်ချင်သူများကိုပင် အထင်ကြီးစေခဲ့ပါသည်" ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

သို့သော် ဤကဲ့သို့သော ကြွယ်ဝချမ်းသာမှုနှင့် အာဏာအားလုံးသည် မည်သည့်နေရာမှ လာခဲ့ သနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

BBC တွင် ဆောင်းပါးရှင် Jonathan Head ရေးသားသည့် “The mysterious figure accused of masterminding a $14bn crypto scam” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Jonathan Head

တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင် စိုးမိုးနိုင်မည့် အလားအလာ (၄)
-
တရုတ်၏ ရေတပ်အင်အား တိုးတက်မှုနှင့် ပြည်သူတို့၏ဂုဏ်ယူဝမ်းမြောက်မှုLushunkou ရှိ လေယာဉ်တင်သင်္ဘောပုံစံ စစ်ဘက်ဆိုင်ရာပန်းခြံသို့ ခရီးသွားအများအပြား လာရောက် လည်ပတ်လျက်ရှိသည်။ လမ်းညွှန်များက ဆိပ်ကမ်းတွင် ရပ်နားထားသော စစ်သင်္ဘောများကို ဓာတ်ပုံ ရိုက်ကူးခြင်းအား တားမြစ်ထားကြောင်းနှင့် စုံစမ်းရေးအပြုအမူများကို "မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရန်"အတွက် သတင်းပေးရန်တိုက်တွန်းသည့် တရားဝင်သတိပေးချက်များကို ညွှန်ပြနေကြသည်။ "စည်းလုံးညီညွတ်စွာဖြင မိမိတို့၏ သမုဒ္ဒရာ အိပ်မက်ကို ကာကွယ်ကြမည်" ဟူသော စစ်ရေး ဆိုင်ရာ ဆောင်ပုဒ်များကိုလည်း တွေ့မြင်နိုင်သည်။တရုတ်နိုင်ငံသည် ၎င်း၏ သင်္ဘောတည်ဆောက်ရေး စွမ်းရည်ကို ပြည်သူများအား ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ဖြစ်စေရန် ထက်သန်စွာ မြှင့်တင်နေသည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ဒါလီယန် မြို့ပင် ဖြစ်သည်။ ပန်းခြံမှတစ်ဆင့် ဆိပ်ကမ်းရှိ သင်္ဘောကျင်းကို မြင်တွေ့နိုင်ရာ ဒေသခံ ဖက်ရှင်နှင့် ဘလော့ဂါတစ်ဦးက ၎င်း၏ အဖွဲ့သားများအား တည်ဆောက်ဆဲ သင်္ဘောအသစ်များအကြောင်း နေ့စဉ် အခြေအနေများ ရှင်းပြနေသည်။ ယင်းနှင့်အလားတူ အနီးအနားမှ လာရောက် လည်ပတ်သော ဧည့်သည်များကလည်း သင်္ဘောကြီးများကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများအနေဖြင့် တရုတ်၏ စစ်ရေးစွမ်းရည် လွှမ်းမိုးနိုင်သည့် အကွာအဝေးကို အဓိကစောင့်ကြည့်လျက်ရှိသည်။ ကျွမ်းကျင်သူ Nick Childs ၏ အဆိုအရ တရုတ်၏ စစ်သင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာနှင့် အပြင်ဘက်ဒေသများအထိ သြဇာလွှမ်းမိုးနိုင်ရန် မည်မျှထိ စွန့်စားနိုင်မည်ကို ကြည့်ရှုရမည့်အချက် ဖြစ်သည်။ လက်ရှိတွင် တရုတ်သည် ဤလမ်းကြောင်း ပေါ်၌ အတော်အတန် ခရီးရောက်နေပြီဖြစ်သော်လည်း ဆက်လက်၍ နယ်နမိတ်သစ်များကို စူးစမ်း တိုးချဲ့လျက်ရှိသည်ဟု သုံးသပ်ထားသည်။Lushunkou သို့ ရောက်ရှိလာသော ခရီးသွားဧည့်သည်တိုင်းသည် ဤနေရာ၏ ထူးခြားသော စစ်ဘက် ယဉ်ကျေးမှုကို ချက်ချင်းသတိထားမိကြသည်။ လေယာဉ်တင်သင်္ဘောပုံစံ စစ်ဘက်ဆိုင်ရာပန်းခြံသည် နိုင်ငံတော်၏ ခေတ်မီစစ်ရေးစွမ်းရည်ကိုပြသရန် ရည်ရွယ်ခြင်းထက် ပြည်သူများ၏စိတ်နှလုံးအတွင်း ပင်လယ်ပြင်ဆိုင်ရာ စိတ်ကူးစိတ်သန်းနှင့် နိုင်ငံတော်အား ကာကွယ်လိုစိတ်ကို လှုံ့ဆော်ရန် ရည်ရွယ် ဟန်ရှိသည်။ ဒါလီယန်မြို့သည် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး ဗဟိုချက်တစ်ခုအဖြစ် ရာစုနှစ်ဝက် ကျော်မျှ သမိုင်းကြောင်းရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဤမြို့သည် တရုတ်ရေတပ်၏ ခေတ်မီ တိုက်သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများ တည်ဆောက်ရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ Liaoning လေယာဉ်တင်သင်္ဘောနှင့် Type 055 တိုက်သင်္ဘောများသည် အဆိုပါမြို့၏ သင်္ဘောကျင်းများမှ ထုတ်လုပ်ခဲ့သော ဂုဏ်ယူစရာ ရေတပ်အင်အားစုများဖြစ်သည်။သင်္ဘောတည်ဆောက်ရေးစွမ်းရည်သည် စီးပွားရေးအရသာမက နိုင်ငံတော်၏ ပင်လယ်ရေပြင် ဆိုင်ရာ မဟာဗျူဟာတွင်လည်း အရေးပါလျက်ရှိသည်။ "ပင်လယ်ပြင်အိပ်မက်" ဟူသော အသုံးအနှုန်း သည် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဖွံ့ဖြိုးရေး စိတ်ကူးကို ကိုယ်စားပြုသည်။ ယင်းစိတ်ကူးတွင် ပင်လယ်ပြင် သယံဇာတ ကာကွယ်ခြင်း၊ ရေကြောင်းကုန်သွယ်ရေး လုံခြုံရေးနှင့် ပင်လယ်ပြင် စူးစမ်းရှာဖွေရေးတို့ ပါဝင်သည်။အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စိုးရိမ်မှုများရှိသော်လည်း တရုတ်ရေတပ်သည် ရေဒီယို သတိပေးစနစ်များ၊ ဒုံးပျံကာကွယ်ရေးစနစ်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ကဲ့သို့သော နည်းပညာများတွင် သိသာထင်ရှားသော တိုးတက်မှုရှိခဲ့သည်။ သို့ရာတွင် ရေတပ်တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးအတွေ့အကြုံသည် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ရှိနေဆဲဖြစ်သည်။အနာဂတ်တွင် တရုတ်ရေတပ်သည် ပစိဖိတ်သမုဒ္ဒရာတစ်ခုတည်းတွင်သာမက အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင်ပါ စစ်ဆင်ရေးပြုလုပ်နိုင်ရန် ရည်မှန်းထားသည်။ ထိုလုပ်ငန်းစဉ်သည် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သကဲ့သို့ နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေနှင့် ကိုက်ညီမှု ရှိရန်လည်း လိုအပ်သည်။ဒါလီယန်မြို့ရှိ ပန်းခြံသည် ပြည်သူများအား နိုင်ငံတော်၏ပင်လယ်ပြင်အင်အားနှင့် ပတ်သက်၍ ဂုဏ်ယူ စိတ်ကို ဖြစ်စေရန်သာမက နိုင်ငံတော်၏ ပင်လယ်ပြင်ဆိုင်ရာ အနာဂတ်မျှော်မှန်းချက်များ ကိုလည်း ပြသရန်ရည်ရွယ်ဟန်ရှိသည်။ ဤသည်မှာ စစ်ရေးခြိမ်းခြောက်မှုထက် ငြိမ်းချမ်းရေးဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သော မဟာဗျူဟာတစ်ရပ်ဖြစ်သည်။ပင်လယ်ပြင်အိပ်မက်သည် တရုတ်နိုင်ငံ၏ ပြန်လည်ထွန်းကားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နားလည်မှုနှင့် လက်ခံမှုကို ရယူရန်လိုအပ်ပြီး ပင်လယ်ပြင်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။BBC တွင် ဆောင်းပါးရှင် Laura Bicker ရေးသားသည့် China's huge navy is expanding at breakneck speed - will it rule the waves? အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

တရုတ်၏ ရေတပ်အင်အား တိုးတက်မှုနှင့် ပြည်သူတို့၏ဂုဏ်ယူဝမ်းမြောက်မှု

Lushunkou ရှိ လေယာဉ်တင်သင်္ဘောပုံစံ စစ်ဘက်ဆိုင်ရာပန်းခြံသို့ ခရီးသွားအများအပြား လာရောက် လည်ပတ်လျက်ရှိသည်။ လမ်းညွှန်များက ဆိပ်ကမ်းတွင် ရပ်နားထားသော စစ်သင်္ဘောများကို ဓာတ်ပုံ ရိုက်ကူးခြင်းအား တားမြစ်ထားကြောင်းနှင့် စုံစမ်းရေးအပြုအမူများကို "မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရန်"အတွက် သတင်းပေးရန်တိုက်တွန်းသည့် တရားဝင်သတိပေးချက်များကို ညွှန်ပြနေကြသည်။ "စည်းလုံးညီညွတ်စွာဖြင မိမိတို့၏ သမုဒ္ဒရာ အိပ်မက်ကို ကာကွယ်ကြမည်" ဟူသော စစ်ရေး ဆိုင်ရာ ဆောင်ပုဒ်များကိုလည်း တွေ့မြင်နိုင်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ သင်္ဘောတည်ဆောက်ရေး စွမ်းရည်ကို ပြည်သူများအား ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ဖြစ်စေရန် ထက်သန်စွာ မြှင့်တင်နေသည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ဒါလီယန် မြို့ပင် ဖြစ်သည်။ ပန်းခြံမှတစ်ဆင့် ဆိပ်ကမ်းရှိ သင်္ဘောကျင်းကို မြင်တွေ့နိုင်ရာ ဒေသခံ ဖက်ရှင်နှင့် ဘလော့ဂါတစ်ဦးက ၎င်း၏ အဖွဲ့သားများအား တည်ဆောက်ဆဲ သင်္ဘောအသစ်များအကြောင်း နေ့စဉ် အခြေအနေများ ရှင်းပြနေသည်။ ယင်းနှင့်အလားတူ အနီးအနားမှ လာရောက် လည်ပတ်သော ဧည့်သည်များကလည်း သင်္ဘောကြီးများကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများအနေဖြင့် တရုတ်၏ စစ်ရေးစွမ်းရည် လွှမ်းမိုးနိုင်သည့် အကွာအဝေးကို အဓိကစောင့်ကြည့်လျက်ရှိသည်။ ကျွမ်းကျင်သူ Nick Childs ၏ အဆိုအရ တရုတ်၏ စစ်သင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာနှင့် အပြင်ဘက်ဒေသများအထိ သြဇာလွှမ်းမိုးနိုင်ရန် မည်မျှထိ စွန့်စားနိုင်မည်ကို ကြည့်ရှုရမည့်အချက် ဖြစ်သည်။ လက်ရှိတွင် တရုတ်သည် ဤလမ်းကြောင်း ပေါ်၌ အတော်အတန် ခရီးရောက်နေပြီဖြစ်သော်လည်း ဆက်လက်၍ နယ်နမိတ်သစ်များကို စူးစမ်း တိုးချဲ့လျက်ရှိသည်ဟု သုံးသပ်ထားသည်။

Lushunkou သို့ ရောက်ရှိလာသော ခရီးသွားဧည့်သည်တိုင်းသည် ဤနေရာ၏ ထူးခြားသော စစ်ဘက် ယဉ်ကျေးမှုကို ချက်ချင်းသတိထားမိကြသည်။ လေယာဉ်တင်သင်္ဘောပုံစံ စစ်ဘက်ဆိုင်ရာပန်းခြံသည် နိုင်ငံတော်၏ ခေတ်မီစစ်ရေးစွမ်းရည်ကိုပြသရန် ရည်ရွယ်ခြင်းထက် ပြည်သူများ၏စိတ်နှလုံးအတွင်း ပင်လယ်ပြင်ဆိုင်ရာ စိတ်ကူးစိတ်သန်းနှင့် နိုင်ငံတော်အား ကာကွယ်လိုစိတ်ကို လှုံ့ဆော်ရန် ရည်ရွယ် ဟန်ရှိသည်။ 

ဒါလီယန်မြို့သည် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး ဗဟိုချက်တစ်ခုအဖြစ် ရာစုနှစ်ဝက် ကျော်မျှ သမိုင်းကြောင်းရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဤမြို့သည် တရုတ်ရေတပ်၏ ခေတ်မီ တိုက်သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများ တည်ဆောက်ရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ Liaoning လေယာဉ်တင်သင်္ဘောနှင့် Type 055 တိုက်သင်္ဘောများသည် အဆိုပါမြို့၏ သင်္ဘောကျင်းများမှ ထုတ်လုပ်ခဲ့သော ဂုဏ်ယူစရာ ရေတပ်အင်အားစုများဖြစ်သည်။

သင်္ဘောတည်ဆောက်ရေးစွမ်းရည်သည် စီးပွားရေးအရသာမက နိုင်ငံတော်၏ ပင်လယ်ရေပြင် ဆိုင်ရာ မဟာဗျူဟာတွင်လည်း အရေးပါလျက်ရှိသည်။ "ပင်လယ်ပြင်အိပ်မက်" ဟူသော အသုံးအနှုန်း သည် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဖွံ့ဖြိုးရေး စိတ်ကူးကို ကိုယ်စားပြုသည်။ ယင်းစိတ်ကူးတွင် ပင်လယ်ပြင် သယံဇာတ ကာကွယ်ခြင်း၊ ရေကြောင်းကုန်သွယ်ရေး လုံခြုံရေးနှင့် ပင်လယ်ပြင် စူးစမ်းရှာဖွေရေးတို့ ပါဝင်သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စိုးရိမ်မှုများရှိသော်လည်း တရုတ်ရေတပ်သည် ရေဒီယို သတိပေးစနစ်များ၊ ဒုံးပျံကာကွယ်ရေးစနစ်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ကဲ့သို့သော နည်းပညာများတွင် သိသာထင်ရှားသော တိုးတက်မှုရှိခဲ့သည်။ သို့ရာတွင် ရေတပ်တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးအတွေ့အကြုံသည် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ရှိနေဆဲဖြစ်သည်။

အနာဂတ်တွင် တရုတ်ရေတပ်သည် ပစိဖိတ်သမုဒ္ဒရာတစ်ခုတည်းတွင်သာမက အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင်ပါ စစ်ဆင်ရေးပြုလုပ်နိုင်ရန် ရည်မှန်းထားသည်။ ထိုလုပ်ငန်းစဉ်သည် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သကဲ့သို့ နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေနှင့် ကိုက်ညီမှု ရှိရန်လည်း လိုအပ်သည်။

ဒါလီယန်မြို့ရှိ ပန်းခြံသည် ပြည်သူများအား နိုင်ငံတော်၏ပင်လယ်ပြင်အင်အားနှင့် ပတ်သက်၍ ဂုဏ်ယူ စိတ်ကို ဖြစ်စေရန်သာမက နိုင်ငံတော်၏ ပင်လယ်ပြင်ဆိုင်ရာ အနာဂတ်မျှော်မှန်းချက်များ ကိုလည်း ပြသရန်ရည်ရွယ်ဟန်ရှိသည်။ ဤသည်မှာ စစ်ရေးခြိမ်းခြောက်မှုထက် ငြိမ်းချမ်းရေးဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သော မဟာဗျူဟာတစ်ရပ်ဖြစ်သည်။

ပင်လယ်ပြင်အိပ်မက်သည် တရုတ်နိုင်ငံ၏ ပြန်လည်ထွန်းကားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နားလည်မှုနှင့် လက်ခံမှုကို ရယူရန်လိုအပ်ပြီး ပင်လယ်ပြင်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။

BBC တွင် ဆောင်းပါးရှင် Laura Bicker ရေးသားသည့် China's huge navy is expanding at breakneck speed - will it rule the waves? အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Laura Bicker