ရုရှားစစ်ဘက်သည် နိုင်ငံ၏နောက်ဆုံးပေါ် အဆင့်အမြင့်ဆုံးဒုံးကျည်ဖြစ်သောOreshnik အသံနှုန်းလွန်ဒုံးကျည် အသုံးပြု၍ ယူကရိန်းနိုင်ငံ ကိယက်မြို့ကို လက်တုံ့ပြန်တိုက်ခိုက်မှုလုပ်ကြောင်း သိရသည်။
ယူကရိန်းက ရုရှားနိုင်ငံနှင့် ပေါင်းစည်းထားသော လူးဟန့်ပြည်သူ့သမ္မတ နိုင်ငံအတွင်းရှိ ဆရာအတတ်သင်ကျောင်း အိပ်ဆောင်ကို မေလ ၂၂ ရက်တွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ခြင်းအပေါ် ရုရှားဘက်က လက်တုံ့ပြန်သည့်အနေဖြင့် မေလ ၂၄ ရက်တွင် Oreshnik ဒုံးကျည်အပါအဝင် ဒုံးကျည်အစင်းပေါင်းများစွာ၊ ဒရုန်းအစင်းပေါင်း များစွာအသုံးပြု၍ ကိယက်မြို့ကို တိုက်ခိုက်ခြင်းဖြစ်သည်။
ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေးအများစုအပါအဝင်လူ ၂၁ ဦးသေဆုံးကာ ၄၂ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယူကရိန်းကို လက်တုံ့ပြန် တိုက်ခိုက်နိုင်သည့် နည်းလမ်းများတင်ပြရန် ရုရှားသမ္မတက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
Oreshnik ဒုံးကျည်သည် သမားရိုးကျ ဒုံးကျည်ထိပ်ဖူးများသာမက နျူကလီးယားထိပ်ဖူးများကိုပါ သယ်ဆောင်ကာ ရန်သူ့လေပိုင်နက်အတွင်းသို့ အသံထက်အလွန်မြန်သော နှုန်းဖြင့်ဝင်ရောက်၍ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်စွမ်းရှိကြောင်း သိရသည်။
MDN

ဝါရှင်တန် မေ ၂၄
အိမ်ဖြူတော်အနီး ပစ်ခတ်မှုတွင် သံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဌာနက ယမန်နေ့တွင် ကြေညာခဲ့သည်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားစဉ် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၌ ရှိနေသော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။ သံသယရှိသူမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။
၎င်းသည် ဖက်ဒရယ်အေးဂျင့်များနှင့် ယခင်က တွေ့ဆုံခဲ့ဖူးပြီး စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ရန်အတွက် ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် အိမ်ဖြူတော်ဝင်းအပြင်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ ချဉ်းကပ်ကာ ၎င်း၏အိတ်ထဲမှ သေနတ်ဖြင့် လုံခြုံရေးအရာရှိများကို စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအရာရှိများက လည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ သံသယရှိသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အနီးဝန်းကျင်ရှိ ပြည်သူတစ်ဦးလည်း သေနတ်ထိမှန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သို့သော် ၎င်းနှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့်လက သမ္မတထရမ့် တက်ရောက်သည့် ညစာစားပွဲတစ်ခုတွင်လည်း လုံခြုံရေးဂိတ်သို့ လက်နက်ကိုင်အမျိုးသားတစ်ဦး အတင်းဝင်ရောက်ရန် ကြိုးပမ်းစဉ် လုံခြုံရေးအရာရှိများက ၎င်းအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

အမေရိကန်သမ္မတအိမ်တော်ဖြစ်သည့် အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်မှု လုပ်သူ အမျိုးသားတစ်ဦးကို အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်အတွင်းရှိနေကာ အီရန်နှင့် သဘောတူညီချက်ကိစ္ စဆွေးနွေးနေခြင်းဖြစ်သည်။
အသက် ၂၁ နှစ်ရှိအမျိုးသားတစ်ဦးက မေလ ၂၃ ရက်ည ၆ နာရီကျော်တွင် အိမ်ဖြူတော်လုံခြုံရေး သတ်မှတ်စည်းအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏လွယ်အိတ်အတွင်းမှ သေနတ်တစ်လက်ကိုထုတ်ပြီး ပစ်ခတ်မှုလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့နောက် အထူးရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို တုံ့ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် ထိုအမျိုးသားကို ဆေးရုံသို့ခေါ်ဆောင်သွားသော်လည်း ဆေးရုံရောက်ချိန်တွင် သေဆုံးနေပြီဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်တွင် အိမ်ဖြူတော်အနီးမှ ဖြတ်သွားသည့် လမ်းသွားလမ်းလာတစ်ဦးသည်လည်း သေနတ်ဒဏ်ရာရရှိကြောင်း အထူးရဲတပ်ဖွဲ့မှ ပြန်ကြားရေးအရာရှိ အန်တိုနီဂူလိုင်းယယ်မီက ပြောသည်။ ပစ်ခတ်မှုလုပ်သူသည် ယခင်က စိတ်ရောဂါဖြစ်ဖူးသူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ကတောက်ကဆဖြစ်ဖူးကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ရေတပ်နှင့်ချိတ်ဆက်ကာ ဟော်မုရေလက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းသွာသည့် သင်္ဘောအရေအတွက်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၃၅ စင်းရှိကြောင်း အစောင့်တပ်ဖွဲ့က မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ ဖြတ်သန်းသွားသည့်သင်္ဘောများတွင် ရေနံတင်သင်္ဘောများ၊ ကုန်တင်သင်္ဘောများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်း၍ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများလုပ်ပြီးနောက် အခြေအနေများ ရှုပ်ထွေးနေစဉ်မှာပင် အီရန်တပ်ဖွဲ့များသည် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်း သွားလာနိုင်စေရန်နှင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုမရှိစေရန် ဘေးကင်းသောလမ်းကြောင်းကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် မေလ ၂၀ ရက်အထိ ၂၄ နာရီအတွင်း သင်္ဘော ၂၆ စင်း၊ မေလ ၂၁ ရက်အထိ ၂၄ နာရီအတွင်း သင်္ဘော ၃၁ စင်းတို့သည်လည်း ဟော်မုရေလက်ကြားမှနေ၍ ဘေးကင်းစွာဖြတ်သန်း သွားကြောင်း ရေတပ်ကပြောသည်။ သို့ရာတွင် ရေလက်ကြားမှသင်္ဘောများ ဖြတ်သန်းမှုနှင့်ပတ်သက်၍ အီရန်တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အတည်ပြုမှုရရှိရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။
MWD

အမေရိကန် ထောက်လှမ်းရေးအသိုက်အဝန်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပြီးနောက် စစ်အေးတိုက်ပွဲ ခေတ်အတွင်း ဆိုဗီယက်ထုတ် MiG တိုက်လေယာဉ်များနှင့် အမျိုးအမည်မသိ ပျံသန်းရွေ့လျားနေသောအရာဝတ္ထု (UFO) များ ထိပ်တိုက်တွေ့ခဲ့ သည့် ဖြစ်စဉ်များပါဝင်သော ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား လာခဲ့သည်။
အမေရိကန် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Disclosure Foundation သည် သတင်းအချက်အလက် လွတ်လပ်ခွင့်အက်ဥပဒေ (FOIA) အရ အယူခံဝင်မှုတွင် အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ထံမှ မှတ်တမ်းစာမျက်နှာ ၃၃၄ မျက်နှာကို ရရှိခဲ့ခြင်းဖြစ်သည်။ အချက်အလက်အချို့ကို ဖျက်တောက်ထားသော်လည်း အမြင့်ဆုံးလျှို့ဝှက်အဆင့် “TOP SECRET UMBRA” ဟု သတ်မှတ်ထားသည့် အဆိုပါဖိုင်များတွင် ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာစနစ်များက ဖမ်းယူရရှိခဲ့သည့် သရုပ်ခွဲမရသော အရာဝတ္ထုများအကြောင်း ရေဒါ အစီရင်ခံစာများနှင့် ထောက်လှမ်းရေး သတင်းစကားများ ပါဝင်နေသည်။
အဆိုပါမှတ်တမ်းများထဲတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုအနေဖြင့် စစ်ဘက်ဆိုင်ရာရေဒါ၌ အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုကို ဖော်ထုတ်မိပြီးနောက် ဆိုဗီယက်တိုက်လေယာဉ် ၁၃ စင်းက ဆန်းကြယ်သော ကြယ်ပုံသဏ္ဌာန် UFO တစ်ခုကို လိုက်လံကြားဖြတ်ခဲ့သည့် အခြေအနေ ကို အသေးစိတ်ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံဝေဟင်အထက်တွင်ဖြစ်ပွားခဲ့သည့် အစီရင်ခံစာတစ်ခုနှင့် MiG လေယာဉ် ၆ စင်းက UFO ကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် တစ်ခုလည်း ပါဝင်နေသည်။ သို့သော်လည်း အဆိုပါဖိုင်များတွင် ဖြစ်ပွားခဲ့သည့်အချိန်နှင့် နေရာအတိအကျ အပါအဝင် မျက်မြင်သက်သေများကိုမူ အတိအကျ ဖော်ထုတ်ထားခြင်း မရှိပေ။
ရင်ဆိုင်တွေ့ဆုံမှုများတွင် ကြယ်ပုံသဏ္ဌာန်၊ ပန်းကန်ပြားပုံသဏ္ဌာန်၊ လုံးဝိုင်းသောပုံသဏ္ဌာန်နှင့် အခြားပုံသဏ္ဌာန်များစွာပါရှိသော ယာဉ်အမျိုးမျိုးပါဝင်ပြီး အချို့မှာ နေအလင်းရောင်ထက်ပင် ပိုမိုတောက်ပကာ မြင့်မားသောအမြင့်ပေတွင် လျင်မြန်စွာ လှည့်ပတ်ခြင်း၊ ဒေါင်လိုက် လှုပ်ရှားခြင်းနှင့် ကောင်းကင်ပြင်တွင် မီးလုံးကြီးတစ်ခုအဖြစ်မှ အပိုင်း သုံးပိုင်း ကွဲထွက်သွားခြင်း စသည့် ဆန်းကြယ်သော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
အစပိုင်းတွင် NSA မှ အချက်အလက်ကြည့်ရှုခွင့်ကို ငြင်းပယ်ခဲ့သဖြင့် ၁၉၈၀ ပြည့်နှစ်ကတည်းက တရားစွဲဆိုကာ ဥပဒေကြောင်း အရ ရင်ဆိုင် ခဲ့ရသည့် ယခုမှတ်တမ်းများ ထွက်ပေါ်လာခြင်းမှာ ထရမ့်အစိုးရအဖွဲ့က ယူအက်ဖ်အိုနှင့် ပတ်သက်သည့် ဖိုင်တွဲပေါင်း ၁၆၀ ကျော်ကို ထုတ်ပြန် ပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခင်က ဂျွန် အက်ဖ် ကနေဒီ၊ ရောဘတ် အက်ဖ် ကနေဒီနှင့် မာတင် လူသာ ကင်း ဂျူနီယာတို့ လုပ်ကြံခံရမှုဆိုင်ရာ လျှို့ဝှက်ချက်ပယ်ဖျက်မှု အမိန့်များကြောင့် ထိုကဲ့သို့ သတင်းအချက်အလက် ထုတ်ဖော်ရေး တွန်းအားပေးမှုများ ပိုမို အားကောင်း လာခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်အစိုးရအနေဖြင့် ဂြိုဟ်သားများနှင့် ဆက်သွယ်မိသည့် သက်သေအထောက်အထားများကို ဖုံးကွယ်ထားသည် ဆိုသော ပြောဆိုချက်များကို သမ္မတဟောင်း ဘာရက် အိုဘားမားက ပယ်ချခဲ့ရာမှတစ်ဆင့် ပြန်လည်စတင်လာသော အချေအတင် ဆွေးနွေး ငြင်းခုံမှုများကြားတွင် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ် ထောက်လှမ်းရေး ဖိုင်တွဲများ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဝါရှင်တန် မေ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
ယင်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခြင်းမှာ ပိုလန်သမ္မတသစ် ကာရိုလ်နော်ရော့ခ်ကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအပေါ် အခြေခံထားကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ သို့သော် သမ္မတထရမ့်က တပ်ဖွဲ့ဝင်များတပ်ဖြန့်မည့် အချိန်ကဲ့သို့သော အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ယမန်နှစ် ပိုလန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ကာရိုလ် နော်ရော့ခ်ကီက ထရမ့်၏ “အမေရိကန်သည်သာ ပထမ” ဟူသည့် မူဝါဒကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ကာရိုလ် နော်ရော့ခ်ကီ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် သမ္မတထရမ့်က အမေရိကန် တပ်ဖွဲ့ဝင်များအား ပိုလန်နိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ခန့် လျှော့ချရန်စီစဉ်နေကြောင်း ယခုလအစောပိုင်းတွင် သမ္မတထရမ့်က ပြောကြားခဲ့သည်။ ဂျာမနီ အဓိပတိ ဖရက်ဒရစ်ချ်မာ့ဇ် က အီရန် နှင့် ပဋိပက္ခတွင် ဝါရှင်တန်၏ ချဉ်းကပ် ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ပြီးနောက် ထရမ့်က အထက်ပါအတိုင်း စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်က အီရန်ပဋိပက္ခနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ် ဝေဖန်မှုများ အရှိန်မြှင့်လျက် ရှိသည်။ အီတလီနှင့် စပိန်တို့တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချနိုင် ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အီရန်စစ်ပွဲကို ထောက်ခံမှုမရှိသည့်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများအား အပြစ်ပေးရန်အတွက် ဥရောပတွင် အမေရိကန်တပ်များ တပ်စွဲထားရှိမှုကို လျှော့ချရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ထရမ့်အစိုးရက ဥရောပ၏ ကာကွယ်ရေးကဏ္ဍတွင် မည်ကဲ့သို့ပါဝင်လာမည်လဲဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်

တိုကျို မေ ၂၂
လူကုန်ကူးမှု အပါအဝင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အချက်အလက်များ မျှဝေခြင်းအတွက် အမေရိကန် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့နှင့် ဂျပန် ကမ်းရိုးတန်းစောင့်တပ်တို့သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ အချက်အလက်များ မျှဝေရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို တိုကျိုမြို့ရှိ အမေရိကန်သံရုံးတွင် ယနေ့လက်မှတ်ရေးထိုးခဲ့သည်။ ဂျပန်နိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ခိုးသွင်းနိုင်သည့် ဖန်တနယ်လ်ဆေးနှင့် ပါဝင်ပစ္စည်းများဆိုင်ရာ သတင်းအချက်အလက်များကိုလည်း မျှဝေမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ယမန်နှစ်က မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၇၀၀၀၀ ခန့်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ဂျပန်နိုင်ငံတွင် လူငယ်လူရွယ်များကြားတွင် ဆေးခြောက်သုံးစွဲမှုသည် ဆိုးရွားသောပြဿနာတစ်ခု ဖြစ်လာပြီး နိုင်ငံရပ်ခြား ရာဇ၀တ်မှုကွန်ရက်များ ပါ၀င်သည်ဟုယူဆရသည့် မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်သည်လည်း နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျော့ရှ်ဂလက်စ်က သမ္မတထရမ့်အစိုးရအဖွဲ့သည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဆန့်ကျင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့် ခြင်းသည် ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကို ဖျက်သိမ်းရာတွင် အထောက်အကူဖြစ်စေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျပန်ကမ်းခြေစောင့်တပ်၏ စစ်ဆင်ရေးဆိုင်ရာ ဒုတိယတပ်မှူး ကာနိုဆူ ဟီရိုကီက ဂျပန်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်များကိုပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ သတင်းအချက်အလက်မျှဝေခြင်းသည် တန်ပြန်ဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းများချမှတ်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ဒရုန်းများ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ပျံသန်းနေသည့် ကိစ္စရပ်နှင့်ပတ်သက်၍ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်း၏ဒရုန်းတိုက်ခိုက်မှုများ လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရန် ကူညီလမ်းညွှန်ပေးသင့်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ပြောကြားလိုက်သည်။
နေတိုးအတွင်းရေးမှူးချုပ် Mark Rutte နှင့် ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဆွီဒင်ဝန်ကြီးချုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းဒရုန်းများ လမ်းကြောင်းလွဲချော်ကာ နေတိုးလေပိုင်နက်အတွင်းသို့ ရောက်ရှိလာခြင်းမှာ ရုရှား၏ လျှပ်စစ်သံလိုက်လှိုင်းနှောင့်ယှက်မှုများ (Jamming) သို့မဟုတ် အခြားသော နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ဖြစ်နိုင်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များအတွက် ရုရှားတွင်သာ လုံးဝတာဝန်ရှိကြောင်း ၎င်းတို့နှစ်ဦးလုံးက ပြစ်တင် ရှုတ်ချခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လလယ်ပိုင်းမှစ၍ ရုရှားအနောက်မြောက်ပိုင်း လီနင်ဂရက် (Leningrad) ဒေသရှိ ရေနံတင်ပို့သည့် စစ်ရေးပစ်မှတ်များကို ဦးတည် တိုက်ခိုက်ရန် ပျံသန်းလာသော ယူကရိန်း၏ တာဝေးပစ်ဒရုန်းများသည် ဘောလ်တစ်နှင့် နော့ဒစ်နိုင်ငံများ၏ လေပိုင်နက်များကို ဖြတ်သန်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ရုရှား ပြည်ပထောက်လှမ်းရေးအဖွဲ့ကမူ လတ်ဗီးယားနိုင်ငံအနေဖြင့် ယူကရိန်းကို ရုရှားအား တိုက်ခိုက်ရန် နယ်မြေခွင့်ပြုထားသည်ဟု စွပ်စွဲခဲ့သော်လည်း ဘောလ်တစ်နိုင်ငံများက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
သို့သော်လည်း ပိုလန်၊ အက်စတိုးနီးယားနှင့် ဖင်လန်နိုင်ငံတို့မှ ကာကွယ်ရေးတာဝန်ရှိသူများကမူ ယူကရိန်းအနေဖြင့် မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ရှိသော်လည်း ၎င်းတို့၏ဒရုန်းများကို ယခုထက်ပိုမိုတိကျစွာ ထိန်းချုပ်မောင်းနှင်ရန် သတိပေးတိုက်တွန်းထားကြသည်။
ယခု ဒရုန်းဝင်ရောက်မှုဖြစ်စဉ်များကြောင့် ဒေသတွင်းနိုင်ငံများတွင် စစ်ရေးနှင့် နိုင်ငံရေးအရ ကြီးမားသောဂယက်ရိုက်ခတ်မှုများ ကြုံတွေ့နေရသည်။ အက်စတိုးနီးယားနိုင်ငံတွင် ယူကရိန်းဒရုန်းတစ်စင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံခေါင်းတိုင်ကို ဝင်တိုက်မိခဲ့ပြီး လစ်သူယေးနီးယား၊ ဖင်လန်နှင့် ရိုမေးနီးယားနိုင်ငံတို့တွင်လည်း ဒရုန်းကျူးကျော်မှုများကြုံတွေ့ ခဲ့ရသဖြင့် နေတိုးတိုက်လေယာဉ်များ အရေးပေါ် ပျံသန်းကာကွယ်ခဲ့ရသည်။
အဆိုးရွားဆုံးအခြေအနေအဖြစ် လတ်ဗီးယားနိုင်ငံတွင် မေလ ၇ ရက်နေ့ က ရေနံသိုလှောင်ရုံတစ်ခုကို ဒရုန်းနှစ်စင်းလာရောက်ထိမှန်မှုကို ကြားဖြတ် မတားဆီးနိုင်ခဲ့ခြင်းကြောင့် ပြင်းထန်သောနိုင်ငံရေး အကျပ်အတည်းတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်ခဲ့ရသည့် အပြင် ဝန်ကြီးချုပ် Evika Silina ၏ အစိုးရအဖွဲ့ပါ ပြိုကွဲသွားခဲ့ရကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်နိုင်ငံ၊ အိုင်ဒါဟိုပြည်နယ်ရှိ Mountain Home လေတပ်စခန်းတွင်ကျင်းပခဲ့သော Gunfighter Skies လေကြောင်းပြပွဲအတွင်း အမေရိကန်ရေတပ်မှ တိုက်လေယာဉ်နှစ်စင်း ဝေဟင်၌မတော်တဆထိခိုက်မိကာ ပျက်ကျခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ မတော်တဆမှုတွင်ပါဝင်ခဲ့သည့် လေယာဉ်များမှာ ဝါရှင်တန် ၊ Whidbey ကျွန်းအခြေစိုက် အမှတ် ၁၂၉ အီလက်ထရွန်နစ် တိုက်ခိုက်ရေး အုပ်မှ EA-18 Growler အမျိုးအစား အီလက်ထရွန်နစ်စစ်ဆင်ရေးသုံးတိုက်လေယာဉ်များ ဖြစ်ကြသည်။ လေယာဉ်နှစ်စင်းလုံး ပျက်စီးသွားခဲ့သော်လည်း လေယာဉ်မှူးလေးဦးစလုံးမှာ လေယာဉ်ပေါ်မှ အချိန်မီ စွန့်ခွာခုန်ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ စက္ကန့်ပိုင်းအတွင်း လွတ်မြောက်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသာ စိုးရိမ်စရာမရှိသည့်ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
ယခုဖြစ်စဉ်ကြောင့် ပင်တဂွန်အနေဖြင့် အများပြည်သူ ဖျော်ဖြေရေးသက်သက်အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော စစ်လေယာဉ်များနှင့် ကျွမ်းကျင်လေယာဉ်မှူးများ၏ အသက်အန္တရာယ်ကို စွန့်စားနေရခြင်းအပေါ် ဝေဖန်မှုများနှင့် မေးခွန်းထုတ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
ပျက်ကျသွားသည့် ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ရာတွင် Growler တိုက်လေယာဉ်တစ်စင်းလျှင် ၂၀၂၁ ခုနှစ် အချက်အလက်များအရ ဒေါ်လာ ၆၈ သန်း (နှစ်စင်းအတွက် ဒေါ်လာ ၁၃၆ သန်း) ဝန်းကျင်ရှိသော်လည်း လက်ရှိတွင် အဆိုပါလေယာဉ်များ ထုတ်လုပ်မှုရပ်ဆိုင်းသွားပြီဖြစ်၍အစားထိုးလဲလှယ်စရိတ်မှာ ယခုထက် များစွာပိုမိုမြင့်မားနိုင်ကြောင်း သိရှိရသည်။ ထို့အပြင် ယင်းတိုက်လေယာဉ်အမျိုးအစားများ၏ ပျံသန်းမှုစရိတ် မှာ တစ်နာရီလျှင် ဒေါ်လာ ၂၀,၀၀၀ ခန့်အထိ ကုန်ကျလေ့ရှိသည်။
ယခင်က ပြုလုပ်ခဲ့သော စစ်တမ်းစာတမ်းများအရ ရေတပ်၏ နာမည်ကျော် Blue Angels လေကြောင်းပြသရေးအဖွဲ့၏ တစ်နှစ်တာအသုံးစရိတ်မှာ ဒေါ်လာ ၉၈.၆ သန်းခန့် ရှိသော်လည်း အဆိုပါပြပွဲများကြောင့် စစ်တပ်အတွင်းသို့ လူသစ်စုဆောင်းရရှိမှု အကျိုးအမြတ်မှာ ဒေါ်လာ ၁ သန်း အောက်သာ ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုမှာ အနှုတ် ၉၉% အထိ ရှိနေကာ တွက်ခြေမကိုက်ကြောင်း ထောက်ပြထားသည်။
လေကြောင်းပြပွဲများတွင် သေဆုံးမှုဖြစ်စေသည့် သမိုင်းဝင် မတော်တဆမှုများစွာ ရှိခဲ့သော်လည်း စစ်တပ်အရာရှိဟောင်းများနှင့် တာဝန်ရှိသူများ ကမူ ထိုပြပွဲများသည် ပြည်သူနှင့်စစ်တပ်အကြား နီးကပ်သော ပေါင်းကူးတံတားတစ်ခုဖြစ်စေခြင်း၊ စစ်တပ်၏ ကျွမ်းကျင်မှုကို ပြသနိုင်ခြင်းနှင့် လူငယ်များကို စစ်မှုထမ်းလိုစိတ်ရှိလာစေရန် စည်းရုံးလှုံ့ဆော်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် စွန့်စားရကျိုးနပ်သည်ဟု တုံ့ပြန်ပြောကြားထားသည်။
ကိုးကား- CNN

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဘယ်လာရုဇ်နိုင်ငံနှင့် ပူးတွဲ ပြုလုပ်လျက်ရှိသည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ရုပ်သံမှတ်တမ်း အသစ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါဗီဒီယိုတွင် စစ်သည်များက Iskander ပဲ့ထိန်းဒုံးကျည်၌ နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် လေ့ကျင့်နေမှုကို ပြသထားသည်။ အမေရိကန်ဦးဆောင်သော နေတိုး (NATO) မဟာမိတ်အဖွဲ့၏ ရန်လိုမှုများကိုတုံ့ပြန်ရန်အတွက် ရုရှားနှင့် ဘယ်လာရုဇ်တို့သည် ၂၀၂၃ ခုနှစ်ကတည်းက နျူကလီးယားမျှဝေရေး အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘယ်လာရုဇ်နိုင်ငံ၌ တာတိုပစ် Iskander ဒုံးကျည်စနစ်အချို့ကို တပ်ဖြန့်ထားပြီးဖြစ်ကာ အထူးခဲယမ်းများဟုခေါ်ဆိုသောနျူကလီးယားထိပ်ဖူးများကိုမူ လုံခြုံစိတ်ချရသော သီးခြားနေရာတစ်ခုတွင် သိမ်းဆည်းထားပြီးမှ စမ်းသပ်ပစ်ခတ်မည့်နေရာသို့ လျှို့ဝှက်ရွှေ့ပြောင်း သည့် လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
အလားတူထုတ်ပြန်ခဲ့သည့် အခြားဗီဒီယိုတစ်ခုတွင်မူ ရုရှား၏ ကြည်း ၊ ရေ ၊ လေ နျူကလီးယားသုံးသွယ်ခုခံစစ်စနစ် (Nuclear Triad) ၏ အဓိက စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ ရွှေ့ပြောင်းခြင်း၊ ပစိဖိတ်သမုဒ္ဒရာအတွင်း Imperator Aleksandr III နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတာဝန်ချထားခြင်းနှင့် Kinzhal Hypersonic Missile တင်ဆောင်ထားသည့် MiG-31K တိုက်လေယာဉ်များဖြင့် စမ်းသပ်ပျံသန်းရန် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ ယခုစစ်ရေးလေ့ကျင့်မှုများသည် ပြည်ပတိုင်းပြည်များ၏ ကျူးကျော်ရန်စမှု များရှိလာပါက အဆင်သင့်တုံ့ပြန်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မော်စကိုက ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှား၏ ခြိမ်းခြောက်မှုကို အကြောင်းပြကာ စစ်အသုံးစရိတ်များနှင့် လက်နက်တပ်ဆင်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်နေကြသော်လည်း ရုရှား ဘက်ကမူ နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် မည်သည့်အစီအစဉ်မျှမရှိကြောင်းငြင်းဆိုထားသည်။ ထို့ပြင် ရုရှား၏ Kaliningrad နယ်မြေကွက်ရှိ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို မြေလှန်ဖျက်ဆီးပစ်နိုင်စွမ်းရှိကြောင်း နေတိုးအနေဖြင့် အင်အားပြသင့်သည်ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး Kestutis Budrys ၏ တိုက်တွန်းချက်အပေါ် ကရင်မလင်က အစွန်းရောက်လွန်းသော ခြိမ်းခြောက်မှုဟု အပြင်းအထန် တုံ့ပြန်ရှုတ်ချခဲ့သဖြင့် ဒေသတွင်းစစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လျက် ရှိသည်။