အခုလို မိုးဦးကျကာလဟာ မျှစ်များလှိုင်လှိုင်ထွက်တဲ့ကာလပါ။ အိမ်ရှင်မတွေရဲ့ ထမင်းဝိုင်းမှာ ခံတွင်းမြိန်စေမယ့် ဟင်းတစ်ခွက်အဖြစ် မျှစ်ကိုခပ်စိတ်စိတ် တွေ့ရမယ့်အချိန်ပေါ့။ အခုကစလို့ လာမယ့်ဇွန်လ၊ ဇူလိုင်လလောက် အထိကတော့ စာရေးသူတို့နိုင်ငံမှာ မျှစ်တွေအပေါများဆုံး ထွက်တဲ့ အချိန်လို့တောင်ဆိုရမှာပါ။
တောင်ပေါ်တောများမှာ အများဆုံးစားကြတဲ့ မျှစ်အမျိုးအစားကတော့ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ်နဲ့ ဝါးပိုးမျှစ်တို့ဖြစ်ပါတယ်။
ဝါးပိုးဝါးမျှစ်များဟာ မျှစ်ချဉ်လုပ်ရင် အရည်အသွေးအင်မတန်ကောင်းပါတယ်။ သိုက်မျှစ်ကတော့ အရင်ဦးဆုံးပေါ်တဲ့မျှစ်ဖြစ်ပြီး ဈေးကွက်မှာ ဈေးကောင်းရလေ့ရှိပါတယ်။ အခြားမျှစ်များကလည်း သူ့နည်းနဲ့သူ့ဟန် အရသာတစ်မူထူးတာမို့ လူကြိုက်များတဲ့ဟင်းတစ်မယ်အဖြစ် ရှိနေကြတာပါပဲ။ ကျေးလက်က မီးဖိုဆောင်ကလေးကနေ အဆင့်မြင့်ဟိုတယ်ကြီးတွေအထိ မျှစ်ကိုအမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်ကြလေ့ရှိပါတယ်။
ကြသောင်းမျှစ်ဆိုရင် အချိုချက်စားရင်ဖြစ်ဖြစ်၊ ကြော်စားရင်ဖြစ်ဖြစ် လူကြိုက်များလှပါတယ်။
သိုက်မျှစ်နဲ့ဝါးဖြူမျှစ်တွေကိုတော့ အတို့အမြှုပ်အဖြစ်လည်း တွဲဖက်သုံးဆောင်ကြပါသေးတယ်။
မျှင်မျှစ်ခေါ် မျှစ်နီများကို ဒေသတွင်းစားသုံးရုံမကနီးစပ်ရာမြို့ကြီးများဆီကို အများဆုံးတင်ပို့ကြရပါတယ်။ မျှစ်အစိုဆိုရင် ထားသိုဖို့အချိန်အကန့်အသတ်ရှိပေမယ့်မျှစ်ခြောက်၊ မျှစ်ချဉ် စသည်ဖြင့် အခြောက်လှန်း၊အချဉ်တည်ပြီး နှစ်ပေါက်ကြာရှည်ခံအောင်ထားသိုသုံးစွဲခဲ့ကြတာ ရှေးအစဉ်အဆက်ကတည်းကပါပဲ။
ဝါးမျိုးနယ်ဝင်မျှစ်ကို အင်္ဂလိပ်လို(Bamboo Sprouts) လို့ခေါ်ပြီး ရုက္ခဗေဒအရ Bambusa Vulgaris၊ Phyllostachys Edulis လို့ခေါ်ပါတယ်။
ရက်သတ္တနှစ်ပတ်သားမတိုင်ခင် ဝါးပင်ပေါက်အရွယ်မှာချိုးယူပြီး မျှစ်အဖြစ်စားသောက်နိုင်ပါတယ်။
မျှစ်ကို ချက်ချင်းချိုးယူပြီး စားသုံးနိုင်သလို တာရှည်ခံအောင်ပြုပြင်ထားသိုပြီးလည်း စားသုံးနိုင်ပါတယ်။
မြန်မာ့ဆေးကျမ်းများအလိုအရ “ဒဗ္ဗဂုဏပကာသနီ”ဆေးကျမ်းမှာ “မျှစ်နုသည် ဖန်သောအရသာ၊ ချိုသောအရသာရှိ၏။ ပူ၏။ သလိပ်ကိုနိုင်၏။” လို့ဆိုထားပါတယ်။ “ဘာဝပ္ပကာသကျမ်း” မှာ “မျှစ်သည်ချို၏။ ပူ၏။ ဖန်၏။ လေသလိပ်ကို ပျက်စေတတ်၏။” လို့ဆိုထားပါတယ်။ “သုဿုတကျမ်း” မှာ မျှစ်သည်ချို၏။ ဖန်၏။ ဝမ်းမီးချက်ပြီးနောက် ပျက်စေတတ်၏။”လို့ဆိုထားပါတယ်။
ခေတ်သစ်ဆေးပညာအလိုအရလည်း မျှစ်ဟာ အာဟာရဓာတ် ကြွယ်ဝလှပါတယ်။ ၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ဝါးပင်ပေါက်မျှစ်စို့တစ်ခုမှာ ၁၂ ကယ်လိုရီပါရှိပြီး ပရိုတင်းဓာတ်၊ ရေဓာတ်၊ ကြေညက်လွယ်သောအမျှင်ဓာတ်၊ အိုမီဂါ-၃ဖက်တီးအက်စစ်၊ အိုမီဂါ-၆ ဖက်တီးအက်စစ်တို့အပြင် ဗီတာမင်ဓာတ်တွေဖြစ်တဲ့ သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်၊ ဗီတာမင် ဘီ-၆၊ ဖောလစ်၊ ပန်တိုသင်းနစ်အက်စစ်တို့ပါရှိပါတယ်။ ဒါ့အပြင် သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မီးစုန်း၊ ပိုတက်စီယမ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီးစ်၊ စီလီနီယမ်တို့လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် မျှစ်ကို သဘာဝရဲ့ အာဟာရသိုက်လို့တင်စား ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့မျှစ်ကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် သွေးထဲမှာရှိတဲ့ ကောင်းကျိုးမပြုတဲ့ LDL ကိုလက်စထရောအဆီကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ Phytonutrients ကြွယ်ဝတဲ့မျှစ်က နှလုံးရဲ့စွမ်းဆောင်ချက်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ မျှစ်မှာပါတဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးကို ပုံမှန်အလုပ်လုပ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် မျှစ်ကိုစားသုံးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုတောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် မျှစ်ဟာ အကျိုးပြုအစားအစာ တစ်မျိုးပါပဲ။ မျှစ်မှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့အတွက် မျှစ်ကိုစားသုံးပေးခြင်းအားဖြင့် အစာအိမ်ကိုပြည့်တင်းစေပြီး နောက်ထပ် အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာကြောင့် ကိုယ်အလေးချိန်မတက်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ မျှစ်ထဲမှာပါဝင်တဲ့ သဘာဝ Phytonutrients တွေက အစွမ်းထက်မြက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးကြပါတယ်။
ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ ဖရီးရယ်ဒီကယ်လ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်တာကြောင့် ကင်ဆာရောဂါများမဖြစ်ပွားစေရေး အတွက်လည်း မျှစ်ကို စားသုံးပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဒါ့အပြင် မျှစ်ထဲမှာပါတဲ့ Chlorophyll က ကင်ဆာဆဲလ်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
ပြီးတော့ Anti-inflamatory ဂုဏ်သတ္တိတွေက ဗက်တီးရီးယားနဲ့ ကူးစက်ရောဂါပိုး အန္တရာယ်ကြောင့်ဖြစ်တတ်တဲ့ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့မျှစ်ကို စားသုံးပေးခြင်းအားဖြင့် အစာကိုကြေညက်စေပြီး အူထဲမှာရှိတဲ့ ကောင်းကျိုးပြုဗက်တီးရီးယားတွေကို ကြီးထွားစေပါတယ်။ အူသိမ်အူမတို့ရဲ့ လုပ်ငန်းဆောင်တာကို ချောမွေ့စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်သူများ အနေနဲ့ မျှစ်ကို မကြာခဏစားပေးသင့်လှပါတယ်။
မျှစ်ဟာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမြင့်မားစွာ ပါဝင်နေတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ ရင်ကျပ်ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် မျှစ်ပြုတ်ရည်ကို ပျားရည်စစ်စစ်နဲ့ရောပြီး သောက်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်လည်း မျှစ်ပြုတ်ရည်သောက်ခြင်း၊ မျှစ်စားသုံးခြင်းများပြုလုပ်နိုင်ပါတယ်။
မျှစ်ထဲမှာ ပိုတက်စီယမ်မြင့်မားစွာပါရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်ဓာတ်များကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားရဲ့ ဆဲလ်အသစ်များ ထုတ်လုပ်ခြင်းကိုလည်း အားပေးတာကြောင့် အသားအရေကောင်းလိုသူများ မျှစ်စားပေးနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ ရိုးရာကုထုံးဓာတ်စာအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ချောချောမွေ့မွေ့ မီးဖွားစေနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးလမှာ မျှစ်ကို စားသုံးစေပါတယ်။ မျှစ်က သွေးကြောနံရံထဲမှာရှိတဲ့ ကိုလက်စထရောဖြစ်တည်မှုကို ကာကွယ်ပေးပြီး မကောင်းတဲ့LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင်သောကြောင့် နှလုံးကိုကျန်းမာစေပါတယ်။ မျှစ်ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်များက အစာစားပြီးနောက် သွေးထဲမှာရှိတဲ့သကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်များအတွက်လည်း မျှစ်က အလွန်ကောင်းကျိုးပြုတယ်လို့ဆိုရမှာပါ။
နောက်ထပ် မျှစ်မှာ Ayurvedic ဆေးစွမ်းသတ္တိပါရှိပြီး အဲဒီအစွမ်းက တိရစ္ဆာန်များရဲ့ အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အဆိပ်ရှိမြွေနဲ့ ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက် မျှစ်ကို ရိုးရာကုထုံးအဖြစ် အသုံးပြုကြလေ့ရှိတယ်လို့ သိရပါတယ်။
မျှစ်ထဲမှာပါတဲ့ မဂ္ဂနီးစ်ဓာတ်က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှုအတွက် အင်ဇိုင်းအဖြစ် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ မျှစ်ထဲမှာ ကယ်လ်စီယမ်ဓာတ်အများအပြား မပါရှိပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်ကိုတော့ လုံလုံလောက်လောက်ပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် မျှစ်စားသုံးပေးခြင်းအားဖြင့် အရိုးများကိုလည်း သန်မာစေမှာဖြစ်ပါတယ်။
အခုလို မိုးဦးကျရာသီမှာ ပေါပေါများများရရှိနိုင်တဲ့ မျှစ်မှာ စာရေးသူတင်ပြခဲ့သလို အာဟာရဓာတ်များ ပြည့်ပြည့်စုံစုံပါရှိနေပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို နည်းလမ်းအသွယ်သွယ်နဲ့ ချက်ပြုတ်စားသောက်နိုင်ပြီး ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။ဒါကြောင့် “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုတဲ့အတိုင်း မိမိတို့လက်တစ်ကမ်းမှာရှိနေတဲ့ မျှစ်ရဲ့ကောင်းကျိုးအထွေထွေကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ ရာသီပေါ်မျှစ်နဲ့ အာဟာရတန်ဖိုးများ အကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD

မိုးရာသီတွင်ပေါ်သည့် သီးနှံတစ်မျိုးဖြစ်သော အနံ့မွှေးပြီး အရသာချိုသည့် လိုက်ချီးသီး၏ ကျန်းမာရေးကိုအထောက်အကူပြုသည့် ဆေးဖက်ဝင်ပုံများကို ဖော်ပြလိုပါသည်။ လိုက်ချီးပင်ကို အင်္ဂလိပ်အမည် Lychee သို့မဟုတ် Litchi ဟုခေါ်ပြီး Sapindaceae မျိုးရင်းအုပ်စုဖြစ်ကာ ရုက္ခဗေဒအမည် Litchi chin-ensis ဟုခေါ်သည်။
လိုက်ချီးသီးတွင်ပါဝင်သောအာဟာရဓာတ်များ
လိုက်ချီးသီးသည် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး အာဟာရဓာတ်များစွာ ကြွယ်ဝစေသည်။
လိုက်ချီးသီးတွင် ဗီတာမင်-C ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်သည်။
ကယ်လိုရီနှင့် အဆီနည်းပါးသော်လည်း မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များပါဝင်မှုမြင့်မားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်စေသည်။ လိုက်ချီးသီးတွင် မြင့်မားသော ဗီတာမင်-C ပါဝင်မှုကြောင့် ကယ်လိုရီပိုလျှံမှုကိုမစားသုံးဘဲ အာဟာရဓာတ်ကိုမြှင့်တင်လိုသူများအတွက် အထူးကောင်းမွန်စေသည်။ ထို့ပြင် ဗီတာမင်-B6၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ကဲ့သို့ အရေးကြီးသောအာဟာရဓာတ်များ ပါဝင်နေ သည်။ သို့ဖြစ်၍ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝ သောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် နာတာရှည်ရောဂါဖြစ်နိုင်ခြေကို နည်းပါးစေပြီး အသက်ရှည်စေရန် အထောက်အကူဖြစ်စေသည်။
အစာကြေစေပြီး ဆီးရွှင်စေနိုင်
လိုက်ချီးသီးသည် အစာကြေစေပြီး ဆီးရွှင်စေသည်။ လိုက်ချီးသီးသည် အစာချေဖျက်ရန် မရှိမဖြစ်လိုအပ်သော အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။ အမျှင်ဓာတ်သည် ဝမ်းထဲသို့ အမြောက်အမြားပေါင်းထည့်ပြီး အစာခြေလမ်းကြောင်းကို လွယ်ကူစွာဖြတ်သန်းနိုင်ကာ ဝမ်းချုပ်ခြင်းကိုလျှော့ချပေးသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာသည် အူလမ်းကြောင်းပုံမှန်လှုပ်ရှားမှုကို အားကောင်းစေပြီး အူလမ်းကြောင်းကျန်းမာရေးကို ပံ့ပိုးပေးသောကြောင့် အူသိမ်အူမရောင်ရောဂါနှင့် Diverticulitis အပါအဝင် အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် ဆက်စပ်နေ သည်။ ထို့ပြင် လိုက်ချီးသီးတွင် ရေဓာတ်ပါဝင်သော ကြောင့် အစာခြေစနစ်ကိုချောမွေ့စေပြီး အမျှင်ဓာတ် နှင့် ရေပေါင်းစပ်မှုကြောင့် အစာခြေကျန်းမာရေးအတွက် ကောင်းမွန်စေသည်။ အစာကြေကွဲခြင်းနှင့်အာဟာရစုပ်ယူမှုတို့ကို လွယ်ကူချောမွေ့စေသောကြောင့် သင့်လျော်သောရေဓာတ်သည် အကောင်းဆုံးအစာခြေမှုအတွက် အရေးကြီးသည်။ လိုက်ချီးသီးတွင်ပါဝင်သည့် သဘာဝသကြားဓာတ်က အစာအိမ်နာကိုသက်သာစေပြီး အစာမကြေသည့်လက္ခဏာများကို သက်သာစေသည်။
ကိုယ်အလေးချိန်ကျဆင်းစေနိုင်
လိုက်ချီးသီးသည် အရသာချိုမြိန်သော်လည်း ယင်းထဲတွင်ပါရှိသော သကြားဓာတ်က သဘာ၀ သကြားဓာတ်ဖြစ်ကာ ကယ်လိုရီပါ၀င်မှုနည်းပြီး လူကိုဘေးဖြစ်စေတတ်သော ပြည့်၀ဆီနှင့် ကိုလက် စထရောလုံး၀မပါရှိသည့်အပြင် ကြေညက်လွယ်သော အမျှင်ဓာတ်များ ကြွယ်၀စွာပါရှိသည့်အတွက် ကိုယ်အလေးချိန် ကျဆင်းမှုကိုလည်း အထောက်အပံ့ဖြစ်စေသောကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများအနေဖြင့် လိုက်ချီးသီးကို စားသုံးနိုင်သည်။ လိုက်ချီးသီးတွင် အများဆုံးပါဝင်သည့် Niacin ၊ Thiamin နှင့် Folate စသည့် ဗီတာမင်-B အုပ်စုက ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့်ပရိုတင်းတို့ကို ချေဖျက် ပေးနိုင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်း ပေးနိုင်သည်။
ရေဓာတ်ခန်းခြောက်မှုကိုတားဆီးပေးနိုင်
လိုက်ချီးသီးသည် ရေ ၈၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသဖြင့် ရေဓာတ်ပြည့်ဝသော အသီးအနှံဖြစ်ပြီး နေ့စဉ်အရည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ သင့်လျော်သောရေဓာတ်သည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန်၊ ဇီဝဖြစ်ပျက်မှုကိုပံ့ပိုးပေးပြီး ကိုယ်တွင်းအင်္ဂါများနှင့် တစ်သျှူးများ၏မှန်ကန်သော လုပ်ဆောင်ချက်ကို သေချာစေရန်အရေးကြီးသည်။ ရေဓာတ်ပြည့်ဝသောဆဲလ်များသည် သူ့ဘာသာပြန်လည်ပြုပြင်ရန်နှင့် အရေးကြီးသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ပိုမိုထိရောက်ပြီး ကျန်းမာရေးနှင့်တက်ကြွမှုကို မြှင့်တင်ပေးသည်။
လိုက်ချီးသီးကဲ့သို့ ရေဓာတ်ကြွယ်ဝသော အသီးအနှံများကိုစားသုံးခြင်းသည် အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးနောက် ရေဓာတ်ပြည့်ဝနေစေရန် ကူညီပေးနိုင်သည်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသားအရေခြောက်သွေ့ခြင်းကဲ့သို့သော ရေဓာတ်ခန်းခြောက်ခြင်းဆိုင်ရာ ပြဿနာများကိုလည်း တားဆီးပေးနိုင်သည်။ လိုက်ချီးသီး၏ သဘာဝသကြား နှင့် အီလက်ထရောနစ်များက စွမ်းအင်ပမာဏကို ဖြည့်တင်းပေးပြီး ခံနိုင်ရည်ကိုမြှင့်တင်ပေးနိုင်သောကြောင့် အားကစားသမားများ စားသုံးသင့်သည်။
နှလုံးရောဂါသက်သာစေနိုင်
လိုက်ချီးသီးတွင် နှလုံးကျန်းမာရေးအတွက် အကျိုးပြုသည့် အာဟာရဓာတ်များစွာနှင့် ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၏အာနိသင်ကို ထိန်းညှိပေးခြင်းဖြင့် သွေးဖိအားကိုထိန်းညှိပေးသည့် ပိုတက်ဆီယမ် နှင့် ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိသော Polyphenols နှင့် Flavonoids ပါဝင်သည်။
ယင်းတို့သည် ရောင်ရမ်းမှုကိုလျှော့ချပေးကာ ကိုလက်စထရောအဆင့်ကိုလျှော့ချခြင်းဖြင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည်။ လိုက်ချီးသီးတစ်ခွက်စာ ပမာဏထဲတွင်ပါရှိသော ပိုတက်ဆီယမ်သည် ခန္ဓာကိုယ်အတွက် အရေးပါသောသတ္တုဓာတ်ဖြစ်ပြီး လိမ္မော်သီးအသေး တစ်လုံးထဲတွင်ပါရှိမှုထက်ပိုမိုပါဝင်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို ဟန်ချက်ညီညီထိန်းချုပ်ပေးနိုင်ကာ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ပြင် နှလုံးကို ပုံမှန်ခုန်စေပြီး နှလုံးကြွက်သားများကျုံ့ခြင်း၊ ချဲ့ခြင်းနှင့် နှလုံးသွေးကြောများ လည်ပတ်စီးဆင်းမှုစသည့် နှလုံးရောဂါဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေရုံသာမက နှလုံးရောဂါဝေဒနာရှင်များကိုလည်း လေဖြတ်ခြင်းမှ ၅၀ ရာခိုင်နှုန်းသက်သာ လျော့နည်းစေနိုင်သည်။ ကျန်းမာသောသွေးပေါင်ချိန်ကို ထိန်းသိမ်းခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျှော့ချရန်အရေးကြီးသည်။ ပိုတက်ဆီယမ်ကြွယ်ဝသောအစားအစာသည် ဆိုဒီယမ်များသော အစားအစာများ၏ ဆိုးကျိုးများကို တွန်းလှန်နိုင်သောကြောင့် သွေးတိုးရောဂါရှိသူများအတွက် စားသုံးရန် အကြံပြုထားသည်။ လိုက်ချီးသီးတွင် ပါဝင်သည့် Polyphenols နှင့် Flavonoids များသည် သွေးလွှတ်ကြောများတွင် Plaque များစုပုံခြင်းကိုလျှော့ချနိုင်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပြီး နှလုံးပျက်စီးခြင်းမှကာကွယ်ပေးနိုင်သည်။
ခွန်အားတိုးစေနိုင်
လိုက်ချီးသီးတွင် ကြေးနီဓာတ် လုံလောက်စွာ ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်သဖြင့် သွေးအားကောင်းစေသည့်အပြင် ခွန်အားတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။
ကင်ဆာရောဂါအတွက် ကောင်းကျိုးပြုနိုင်
လိုက်ချီးသီးတွင် Citric Acid ကဲ့သို့သော ဗီတာမင်-C ၄၀ ရာခိုင်နှုန်းခန့်ပါရှိရာ လိမ္မော်သီးထဲတွင်ပါ၀င်မှုပမာဏထက်ပိုများသည်။ နှလုံးရောဂါ၊ ကင်ဆာနှင့် ဆီးချိုရောဂါများကဲ့သို့ နာတာရှည်ရောဂါ များအထိဖြစ်စေနိုင်သည့် ခန္ဓာကိုယ်ကို ကောင်းကျိုး မပြုသော Free Radical များကို တိုက်ထုတ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။ လိုက်ချီးသီးတွင်ပါဝင်သော ဗီတာမင်-C ၊ Polyphenols နှင့် Flavonoid စသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အန္တရာယ်ရှိသော မော်လီကျူးများကို ဖယ်ရှားရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး Free Radical များကြောင့် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးကာ အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးသည်။ Free Radical များသည် အကျိုးဆက်အနေဖြင့် ကုသရန်ခက်ခဲသော ကင်ဆာရောဂါများအတွက် ကောင်းကျိုးပြုသည်။
အရိုးနှင့်သွားများသန်မာစေနိုင်
လိုက်ချီးသီးတွင် ကယ်လ်စီယမ်၊ ဖော့စဖရပ်စ် နှင့် မဂ္ဂနီဆီယမ် စသည့်သတ္တုဓာတ်များ ပါရှိသောကြောင့် အရိုးနှင့်သွားများ ကြီးထွားမှုအတွက် အလွန် အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲကလေးများ စားသုံး သင့်သည်။
နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်
လိုက်ချီးသီးတွင်ပါဝင်သည့် Polyphenols နှင့် Flavonoids တို့သည် ရောင်ရမ်းမှုကိုလျှော့ချရာတွင် ကူညီပေးနိုင်ပြီး နာတာရှည်ရောင်ရမ်းခြင်းနှင့် ဆက်နွှယ်သည့်ရောဂါများကို ထပ်မံကာကွယ်ပေးနိုင်သည်။
ထို့ကြောင့် လိုက်ချီးသီးစားသုံးခြင်းဖြင့် နာကျင်မှုကို လျော့ကျစေပြီး ဂလင်းများရောင်ရမ်းမှုကို သက်သာစေနိုင်သကဲ့သို့ အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးသီးက လွန်စွာအကျိုးဖြစ်စေသည်။
အရွယ်တင်နုပျိုစေနိုင်
လိုက်ချီးသီးတွင် အသားအရေကို ကောင်းမွန်စေ ပြီး အရေးအကြောင်းများနှင့် လျော့တွဲခြင်းများကို ကာကွယ်ပေးသော ကော်လာဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး အသားအရေတင်းရင်းမှုကိုထိန်းသိမ်းပေးသည့် ဗီတာမင်-C ကြွယ်ဝစွာပါဝင်မှု ကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ပျော့ပျောင်းစေကာ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ ဗီတာမင်-C သည် ကော်လာဂျင် ပေါင်းစပ်မှုကိုမြှင့်တင်ခြင်းဖြင့် အသက်အရွယ်နှင့်ဆိုင်သော အရေပြားပြဿနာများဖြစ်ပွားခြင်းကို နှောင့်နှေးစေပြီး နုပျိုသောအသွင်အပြင်ကို ကြာရှည်ထိန်းထားနိုင်သည်။
တုပ်ကွေးဗိုင်းရပ်စ်များကိုတွန်းလှန်ပေးနိုင်
လိုက်ချီးသီးတွင် Oligonol (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အတွက် မိုးရာသီကာလ တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့အစည်းများထဲတွင် သွေးလည်ပတ်စီးဆင်းမှုကိုလည်း တိုးတက်ကောင်းမွန်စေသည်။
သတိပြုရန်
လိုက်ချီးသီးတွင် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါးသော်လည်းအမှည့်လွန်အသီးများတွင် အချဉ်ဓာတ်ပေါက်သည့် အရသာရှိ၍ လတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်သည်။ အစာမရှိဘဲ လိုက်ချီးသီးစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး အလွန်အကျွံစားလျှင် သွေးချိုတက်နိုင်သည်။ တစ်ရက်လျှင် လိုက်ချီးသီး ၁၀ လုံးခန့်သာစားသင့်ပြီး အစာမရှိဘဲ အလွန်အကျွံစားမိပါက သကြားဓာတ်များ၍ သွေးချိုကျခြင်းနှင့် တက်ခြင်းဖြစ်နိုင်သောကြောင့် ဆီးချို၊ သွေးချိုသမားများ ငါးလုံးထက်ပို၍မစားသင့်ပေ။
ကလေးငယ်များကိုလည်း အနည်းငယ်သာကျွေးသင့်ပြီး နံနက်စာစားပြီး (၁–၂) နာရီအကြာတွင်စားပါက အစာခြေမှုကောင်းပြီး စွမ်းအင်ရစေကာ နေ့လယ်စာစားပြီးနောက်စားပါက ပင်ပန်းမှုလျော့စေသော်လည်း ညနက်ပိုင်းစားမိပါက သကြားဓာတ်ကြောင့် အိပ်စက်ခြင်းကို ထိခိုက်နိုင်သည်။ အစာစားပြီးမှစားခြင်းက ပိုမိုကောင်းမွန်ပြီး ဆီးချို၊ သွေးချိုရောဂါအခံရှိသူများ သွေးချိုစစ်ပြီးမှစားလျှင် ပို၍ကောင်းသည်။
အချုပ်အားဖြင့်ဆိုရသော် လိုက်ချီးသီးသည် ရေငတ်ပြေစေခြင်း၊ ကိုယ်ခံအားတိုးတက်စေခြင်း၊ အသားအရေကောင်းစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ အပူဒဏ်လျော့စေခြင်း၊ နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ဝေဒနာများမဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်း စသည့်ကျန်းမာရေးကို အထောက်အကူပြုသော ဂုဏ်သတ္တိများနှင့်ပြည့်စုံသောကြောင့် ကျန်းမာရေးနှင့်အညီ သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

အသက်ကြီးလာရင် မေ့လွယ်တာက သဘာဝလို့ လူအများက ယုံကြည်ကြပါ တယ်။ ဒါပေမဲ့ မေ့လျော့မှုအားလုံးက အိုမင်းခြင်းကြောင့်မဟုတ်ပါဘူး။ Demen-tia ဆိုတာက မှတ်ဉာဏ်၊စဉ်းစားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ နေ့စဉ်ဘဝ လုပ်ဆောင်နိုင်စွမ်း စတာတွေ တဖြည်း ဖြည်းဆုံးရှုံးလာတဲ့ ဦးနှောက်ရောဂါအစုအဝေးကြီးဖြစ်ပါတယ်။
ယနေ့ကမ္ဘာတစ်ဝန်းမှာ Dementia ကို အသက်ကြီးလာခြင်းနဲ့အတူ မဖြစ် မနေလက်ခံရမယ့် ရောဂါအခြေအနေ တစ်ခုမဟုတ်ဘဲ တားဆီး၊ နှောင့်နှေးနိုင် တဲ့ရောဂါတစ်ခုအဖြစ် လက်ခံလာကြပြီဖြစ်ပါတယ်။ Dementia ဆိုတာ ဦးနှောက် ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ တဖြည်းဖြည်း ပျက်စီးသွားတဲ့အတွက် နေ့စဉ်ဘဝကို ကိုယ်တိုင်မစီမံနိုင်တော့တဲ့ အခြေအနေ ဖြစ်လာခြင်းကိုဆိုလိုပါတယ်။
အရေးကြီးတာက Dementia ဆိုတာ ရောဂါတစ်မျိုးတည်းမဟုတ်ဘဲ ရောဂါအမျိုးအစား အများအပြားစုစည်းထား တဲ့အမည်ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါက Dementia အားလုံးရဲ့ ၆၀–၇၀ ရာခိုင်နှုန်းကို ဖွဲ့စည်း ထားတဲ့အမျိုးအစားဖြစ်ပြီး မှတ်ဉာဏ် ပျောက်ဆုံးမှုနဲ့ ရောဂါစတင်တတ်ပါတယ်။ Vascular Dementia သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း နောက်ဆက်တွဲအဖြစ်ဖြစ်ပွားပြီး သွေးတိုး၊ ဆီးချိုရှိသူတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။
Lewy body dementia မမြင်ရတဲ့ အရာများမြင်ခြင်း၊ အိပ်မပျော်ခြင်း စတာ တွေပါဝင်တတ်ပါတယ်။ Frontotemporal dementia အပြုအမူပြောင်းလဲမှု၊ စကား ပြောခက်ခဲမှုများ ဖြစ်ပေါ်နိုင်ပါတယ်။ Dementia ဖြစ်စေတဲ့အကြောင်းရင်းတွေက တစ်ခုတည်းမဟုတ်ဘဲ အကြမ်း အားဖြင့် ဦးနှောက်အတွင်း ပြောင်းလဲမှု အများအပြားဖြစ်ခြင်း၊ ဦးနှောက်ဆဲလ် များ ပျက်စီးသေဆုံးခြင်း စတာတွေကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောမြင့်ခြင်း စတာတွေရှိတဲ့သူတွေမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ မျိုးရိုးဗီဇအရ တချို့အမျိုးအစားတွေက မျိုးရိုးလိုက်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အချက်များအနေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေး မရှိတာတွေ၊ အာဟာရချို့တဲ့တာတွေမှာလည်း တွေ့ရတတ်ပါတယ်။
လက္ခဏာများ
လက္ခဏာများကို စောစီးစွာသိရှိနိုင်ဖို့ အရေးကြီးပါတယ်။ Dementia ရဲ့ လက္ခဏာတွေက ရုတ်တရက် မထင်ရှားဘဲ တဖြည်းဖြည်းတိုးလာတတ်ပါတယ်။ မကြာခဏမေ့လျော့ခြင်း၊ ပြောစရာစကား ရှာမရခြင်း၊ အချိန်၊ နေရာမသိတော့ခြင်း၊ လူမှုဆက်ဆံရေးမှ ရှောင်ရှားလာခြင်း၊ စိတ်လှုပ်ရှားလွယ်၊ ဒေါသထွက်လွယ်ခြင်း စတဲ့လက္ခဏာတွေကို အိုလို့ဖြစ်လာတာ ဆိုပြီး ပေါ့ဆမထားသင့်ပါဘူး။
ရောဂါစစ်ဆေးခြင်း
နိုင်ငံတကာတွင် Dementia ကို စစ်ဆေး ရာမှာ အောက်ပါနည်းလမ်းများကို ပေါင်း စပ်အသုံးပြုကြပါတယ်။Cognitive assessment tests (MMSE, MoCA) သွေးစစ်ဆေးမှုများ၊ CT / MRI ဦးနှောက်ပုံရိပ်များ၊ စိတ်ကျန်းမာရေး အကဲဖြတ်မှုများကို ပြုလုပ်ကြပါတယ်။ စောစီးစွာစစ်ဆေးနိုင်လေ၊ ရောဂါတိုးနှုန်း နှောင့်နှေးနိုင်လေ၊ မိသားစုပြင်ဆင်နိုင် လေဖြစ်ပါတယ်။
ကုသမှု
ပျောက်ကင်းအောင် ကုသပေးနိုင်ခြင်း မရှိပေမယ့် ရောဂါကို ပိုမိုဆိုးရွားမှုမရှိ အောင်ထိန်းချုပ်နိုင်ပါတယ်။ ယနေ့အထိ Dementia ကို အပြီးပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးမရှိသေးပေမယ့် ရောဂါတိုးတက်မှုနှုန်း နှောင့်နှေးစေခြင်း၊ လက္ခဏာများသက်သာစေခြင်း၊ လူနာရဲ့ဘဝ အရည်အသွေးထိန်းသိမ်းပေးခြင်း စတာတွေကို ကုသခြင်းနဲ့သိသာစေနိုင် ပါတယ်။
ဆေးဝါးကုသမှု
ဆေးဝါးတွေအနေနဲ့ Cholinesterase inhibitors၊ NMDA receptor antagonists စတာတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ မှီဝဲရမှာဖြစ်ပါတယ်။ Non-phar-macological management ဆေးဝါးမပါ ကုထုံးတွေအနေနဲ့ မှတ်ဉာဏ်လေ့ကျင့် ခန်းများပြုလုပ်ခြင်း၊ လူမှုပေါင်းသင်း ဆက်ဆံရေးတက်ကြွအောင် ပြုလုပ်ပေး ခြင်း စတာတွေကိုလည်း ပြုလုပ်ပေးနိုင် ပါတယ်။
နိုင်ငံတကာကုသမှုစနစ်များ
ဂျပန်နိုင်ငံက အသက်ကြီးသူတွေ အတွက် community-based dementia care လူထုအခြေပြုကုသမှုစနစ်ကို အဓိက ထားပြီး မိသားစုဝင်များကိုပါ လေ့ကျင့် သင်ကြားပေးနေပါတယ်။ UK National Health Service အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုစနစ်မှတစ်ဆင့် Dementia ကို စောစီးစွာသိရှိရေးနဲ့ Dementia များနဲ့ မစိမ်းတဲ့ လူထုစနစ် dementia-friendly community ကို အားပေးလုပ်ဆောင်နေ ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (World Health Organization)က Dementia ကို ကမ္ဘာ့ကျန်းမာရေး ဦးစားပေးရောဂါတစ်ခုအဖြစ် သတ်မှတ် ထားပြီး နိုင်ငံများအား National Demen-tia Plan အမျိုးသားအဆင့်စီမံကိန်းများ ချမှတ်ဖို့ အကြံပြုထားပါတယ်။
ကာကွယ်မှုအနေနဲ့ လုံးဝမကာကွယ်နိုင်တာမဟုတ်ဘဲ သွေးတိုး၊ ဆီးချိုထိန်းချုပ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာ၊ လူမှုဆက်ဆံရေး တက်ကြွစွာပါဝင်တာ၊ ပညာရေးနဲ့သင်ယူမှုဆက်လက်ပြုလုပ်တာ စတာတွေကို လုပ်ဆောင်ခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။
နိုင်ငံတကာသုတေသနများအရ De-mentia ဖြစ်နိုင်ခြေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကိုလျှော့ချနိုင်တယ်ဆိုပြီး ရှာဖွေတွေ့ရှိ ထားကြပါတယ်။
မျက်နှာလွှဲမရတဲ့ စိန်ခေါ်မှုတစ်ခု
အသက်ကြီးသူအရေအတွက် တိုးလာ တာတွေ၊ စစ်ဆေးမှုအခွင့်အလမ်းနည်းပါး တာတွေ၊ Dementia ကို အိုမင်းခြင်းအဖြစ် သာမြင်နေတာ စတဲ့အချက်တွေကြောင့် နောင်နှစ်များမှာ လူမှုရေးနဲ့ကျန်းမာရေး စနစ်အပေါ် ဖိအားကြီးမားလာနိုင်ကြောင်းနဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ကြောင်းလည်း သုတေသီများက အကဲခတ်ထားကြပါတယ်။
Dementia ဆိုတာ လူတစ်ဦးရဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှု တစ်ခုတည်းသာ မဟုတ်ဘဲ မိသားစုတစ်စုရဲ့ မျှော်လင့်ချက်တွေ၊ လူမှုအသိုင်းအဝိုင်းရဲ့ အင်အားတွေ ကိုပါ ထိခိုက်စေနိုင်တဲ့ရောဂါဖြစ်ပါတယ်။ နားလည်မှု၊ စောစီးစွာစစ်ဆေးမှု၊ လူမှုထောက်ပံ့မှု စတာတွေနဲ့ Dementia ကို အနာဂတ်မှာ ကြောက်စရာကောင်းတဲ့ ရောဂါအဖြစ် မမြင်ရအောင်၊ မဖြစ်ရအောင် အခုကတည်းက ဝိုင်းဝန်းပြင်ဆင်ကြရမှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ကမ္ဘာမှာပျံ့နှံ့မှုအများဆုံးနဲ့ လူအများဆုံး ခံစားနေရတဲ့ရောဂါက ဘာလဲဆိုရင် အီဘိုလာဗိုင်းရပ်လို သေစေနိုင်တဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ဘဲ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်လာနေပြီလို့ နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ရဲ့ လေ့လာမှုစာတမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံကျော်အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုတဲ့ အချက်က လူအများအပြားကို စိုးရိမ်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁ ဒသမ ၂ ဘီလီယံနီးပါးဟာ စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပြီး ဒီပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေက စိတ်ရောဂါ ၁၂ မျိုးကို လေ့လာခဲ့ရာမှာ စိုးရိမ်ပူပန်မှုရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အမြန်ဆုံးတိုးလာတဲ့ရောဂါတွေဖြစ်ကြောင်း တွေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုရောဂါက ၁၅၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါက ၁၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရှိရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနေပါတယ်။
သုတေသနပညာရှင်တွေလေ့လာခဲ့တဲ့ စိတ်ရောဂါတွေထဲမှာ စိုးရိမ်ပူပန်မှုရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်မှုမရှိတဲ့ရေရှည်စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်မရှည်ရန်လိုရောဂါ၊ ADHD ရောဂါ၊ အစား အသောက်အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါ၊ ဉာဏ်ရည်အားနည်းသည့်ရောဂါနဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။ ဒီရောဂါတွေထဲမှာ ADHD နဲ့ ဉာဏ်ရည်အားနည်းသည့် ရောဂါတွေဖြစ်ပွားမှုသာအနည်းငယ်လျော့ကျလာပြီး ကျန်ရှိတဲ့ရောဂါအများစုကတော့ ပိုမိုတိုးမြင့်လာနေပါတယ်။ သို့ပေမယ့်လည်း လူတိုင်းအပေါ် တူညီစွာ သက်ရောက်တာတော့မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျစိတ်ကြွရောဂါ၊ အစားအသောက် အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါတို့ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ADHD၊ အော်တစ်ဇင်ရောဂါနဲ့ စိတ်မရှည်ရန်လိုရောဂါတို့ကတော့ အမျိုးသားတွေမှာ ပိုများနေပါတယ်။
အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင် အသက်၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေမှာ စိတ်ရောဂါဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ လေ့လာမှုကဖော်ပြထားပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အုပ်စုက စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးအများဆုံး ခံနေရတဲ့ အုပ်စုဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို နိုင်ငံနဲ့ဒေသ၂၀၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုက ပိုမိုပြင်းထန်နေပါတယ်။ ဥပမာ နယ်သာလန်နိုင်ငံမှာဆိုရင် လူဦးရေတစ်သိန်းမှာ စိတ်ရောဂါဖြစ်ပွားသူ ၃၅၅၅ ဦးအထိရှိနေပြီး ဗီယက်နမ်မှာတော့ ၁၃၀၂ ဦးခန့်သာရှိပါတယ်။ အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့လူတစ်သိန်းမှာ ၁၈၅၃ ဦးဝန်းကျင်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၂၁၈၄ ဦးခန့်ရှိနေပါတယ်။
ဘာကြောင့် စိတ်ရောဂါတွေ ဒီလောက်တိုးလာတာလဲဆိုတဲ့ မေးခွန်းကတော့ လူအများစိတ်ဝင်စားနေတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဦးဆောင်သူ ဒေါက်တာဒါမီယန်ဆန်တိုမော်ရိုက စိတ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းအတွက် အကြောင်းရင်းတွေ များစွာရှိနေပြီး တစ်ခုချင်းစီခွဲထုတ်ဖို့ခက်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာရောဘတ်ထရက်စမန်းကတော့ အဓိကအကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ပါတယ်။ အဲဒါကလူ့အဖွဲ့အစည်းအနေနဲ့ စိတ်ရောဂါဖြစ်ပွားမှုအပေါ် အမြင်ဆိုးတွေလျော့နည်းလာတာကြောင့် လူတွေက အခုဆို ပိုမိုပွင့်လင်းလာကြပြီး တိတ်တဆိတ်ခံစားနေမယ့်အစား ဆေးကုသမှုရှာဖွေ လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လူတိုင်းက ဒီအမြင်ကို သဘောတူကြတာတော့မဟုတ်ပါဘူး။ တချို့ပညာရှင်တွေကတော့ စိတ်ရောဂါတွေကို လိုအပ်တာထက်ပိုပြီး ရောဂါအမည်တပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးလူနာ ၄ သန်းနီးပါးသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ၉ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကရောဂါအမည်တပ်တာကို အလွန်အကျူးလုပ်နေတာကြောင့်ဖြစ်တယ်လို့ပြောနေရတာပါ။ ဗြိတိန်ဆရာဝန် ၇၅၀ ကို မေးမြန်းခဲ့ရာမှာ ၄၄၂ ယောက်က ဒီအမြင်ကို သဘောတူကြပြီး ၈၁ ယောက်ကသာ စိတ်ရောဂါတွေကို လုံလောက်အောင် ရောဂါအမည်မတပ်နိုင်သေးဘူး လို့ပြောကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဩစတြေးလျသုတေသီများက “concept creep” ဆိုတဲ့ အယူအဆကို ထောက်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ရောဂါတချို့ရဲ့ သတ်မှတ်ချက်တွေကို ပိုမိုချဲ့ထွင်ပြောင်းလဲလာတာကြောင့် ယခင်က ပုံမှန်လို့ယူဆတဲ့အပြုအမူတွေကို အခုတော့ ရောဂါအဖြစ် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဥပမာ ကျောင်းမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ၁၉၉၀ ခုနှစ်ကထက် ယနေ့ခေတ်မှာ ADHD လို့ ရောဂါအမည် တပ်နိုင်ခြေပိုများလာတာမျိုးပါ။
တစ်ဖက်မှာလည်း ဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီအခြေအနေကနေ အကျိုးအမြတ်များစွာ ရရှိနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်များကစပြီး ဆေးဝါးကုမ္ပဏီတွေဟာ အမေရိကန်စိတ်ကျန်းမာရေး အဖွဲ့အစည်းကိုဖိအားပေးကာ စိတ်ကျရောဂါကိုယာယီဖြစ်ပွားတဲ့ အခြေအနေမဟုတ်ဘဲ ရေရှည်ဆေးသောက်ရမယ့် ရောဂါတစ်ခုအဖြစ် ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထုတ်တဲ့ SSRI ဆေးတွေ အလုပ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ သုတေသနတွေကို ငွေကြေးထောက်ပံ့ပြီး ဆရာဝန်တွေကိုလည်း ဆေးညွှန်းပိုရေးပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ နောက်ပိုင်းသုတေသနတွေကတော့ အစောပိုင်း SSRI စမ်းသပ်မှုတချို့ကို ကုမ္ပဏီတွေကကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။GlaxoSmithKline၊Forest Laboratories နဲ့ Takeda တို့လို ကုမ္ပဏီတွေကဆရာဝန်တွေကို လက်ဆောင်ပေးပြီး လူနာတွေကို စိတ်ကျဆေးပိုပေးဖို့ ဆေးညွှန်းရေးခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။
ဒါပေမဲ့ စိတ်ရောဂါတွေတိုးလာတာကို ဆေးဝါးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရောဂါအမည်ပိုတပ်တာတို့နဲ့ချည်း မရှင်းပြနိုင်ဘူးလို့ တချို့ပညာရှင်များက ယူဆကြပါတယ်။ သူတို့အမြင်အရ ယနေ့ခေတ်လူနေမှုပုံစံကိုက လူတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် အဲလက်ကာမီက “လူသားတွေဟာ အစကတည်းက အုပ်စုလိုက်နေထိုင်ဖို့ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာရေးထုံးတမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေထဲမှာ အသက်ရှင်ဖို့ အဆင်ပြေတာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေကမြို့ပြဘဝမှာအထီးကျန်ဆန်ဆန်နေထိုင်လာကြပြီး လှုပ်ရှားမှုနည်းလာတယ်၊ ဓာတုပစ္စည်းပါတဲ့ အစားအစာတွေစားလာတယ်၊ သတင်းဆိုးတွေ၊ အကြမ်းဖက်သတင်းတွေကို နေ့တိုင်းကြည့်နေရတယ်”လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က"Depression as a disease of modernity" ဆိုတဲ့လေ့လာမှုမှာလည်း ယနေ့ခေတ်လူတွေဟာ အစာပိုစားပေမယ့် အာဟာရချို့တဲ့နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ နေရောင်မရဘူး၊ အိပ်ရေးပျက်နေတယ်၊ လူမှုဆက်ဆံရေး ကင်းကွာလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ GDP မြင့်လေလေ စိတ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့လည်း ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လော့ဒေါင်း၊အထီးကျန်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောဂါဖြစ်မှုနှုန်းတွေ အလွန်မြင့်တက်လာခဲ့တယ်လို့ The Lancet ရဲ့လေ့လာမှုကဖော်ပြထားပါတယ်။ ဒါ့အပြင် social media အသုံးပြုမှုဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ မူမမှန်တဲ့အစာစားခြင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတဲ့ သုတေသန၁၄၃ ခုကျော်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ အကျိုးသက်ရောက်မှုကြီးမားတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ သုတေသနတစ်ခုအရတစ်ရက်ကို social media သုံးနာရီကျော်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေနှစ်ဆအထိ မြင့်တက်လာပါတယ်။
အမေရိကန်ဆယ်ကျော်သက်ထက်ဝက်နီးပါးက socialmedia ဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကို အများအားဖြင့် မကောင်းတဲ့သက်ရောက်မှုပေးတယ်လို့ ယူဆကြ ပါတယ်။
ဒါဆို ဒီအခြေအနေတွေအပေါ်မှာ လူတွေစိုးရိမ်သင့်လားဆိုတဲ့မေးခွန်းတစ်ခုက နောက်ဆုံးကျန်နေပါတယ်။ အဖြေကတော့ “အခြေအနေပေါ်မူတည်တယ်” ဆိုတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေပေမယ့် အဲဒီနိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေအတွက် အကြီးမားဆုံးဈေးကွက်တွေဖြစ်တာကြောင့် ရောဂါအမည်ပိုတပ်ခံရနိုင်တာ ရှိသလိုဆေးလွန်ကဲ သုံးစွဲရနိုင်ခြေလည်းရှိပါတယ်။ ဒါပေမဲ့တချို့ဖြေရှင်းနည်းတွေကတော့ ရှင်းပါတယ်။ ဖုန်းနဲ့ social media အသုံးပြုချိန်ကို ကန့်သတ်လိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ လူမှုဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တာ၊ တရားထိုင်တာ၊ ဆုတောင်းမေတ္တာပို့တာတွေဟာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ သိပ္ပံနည်းကျအရသာမက လက်တွေ့မှာလည်း လက်သင့်ခံထားတဲ့အရာတွေဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး သွေးပေါင်ချိန်၊ ပိုတက်ဆီယမ်နှင့် pH အဆင့်များကိုထိန်းညှိပေးသည့် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျောက်ကပ်မပျက်စီးစေရန် အောက်ပါအချက်များကို သိထားသင့် သည်။
ရေလုံလောက်စွာသောက်သင့်
ပုံမှန်လူတစ်ယောက်အနေဖြင့် တစ်ရက် လျှင် ရေ(၈-၁၀)ဖန်ခွက်၊ သောက်ရေသန့် (၂-၃)လီတာသောက်ပေးခြင်းဖြင့် ကျောက် ကပ်ကို ကျန်းမာစေသည်။
အငန်လျှော့စားသင့်
အငန်များများစားခြင်းက သွေးဖိအား တက်စေပြီး ကျောက်ကပ်ကိုထိခိုက်စေ နိုင်သည်။
ဆီးချိုနှင့်သွေးတိုးထိန်းချုပ်သင့်
ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်သည်။ ထို့ကြောင့် ကျောက် ကပ်မပျက်စီးရန် ဆီးချိုနှင့်သွေးတိုးကို ထိန်းသင့်သည်။
ဆေးဝါးများသတိပြုသင့်
အကိုက်အခဲပျောက်ဆေးများကို ရေရှည်စွဲသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။
ကျန်းမာရေးပုံမှန်စစ်ဆေးသင့်
ကျောက်ကပ်ရောဂါ မျိုးရိုးရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ပုံမှန် စစ်ဆေးသင့်သည်။
အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ကျောက် ကပ်ပျက်စီးစေနိုင်သည်။ ကျောက်ကပ် ကောင်းမွန်စွာ အလုပ်မလုပ်ပါက ခန္ဓာ ကိုယ်တွင်းအဆိပ်အတောက်များ စုပုံလာနိုင်သဖြင့် အောက်ပါအချက်များကိုသတိပြုသင့်သည်။
- ရေသောက်နည်းခြင်းက ကျောက်ကပ်ကို အမြန်ဆုံးဒုက္ခပေးနိုင်သောကြောင့် ရေများများသောက်သင့်သည်။
- သွေးတိုးရောဂါနှင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးမှု ဖြစ်နိုင်သော အကြောင်းရင်းများဖြစ်သောကြောင့် သတိ ပြုသင့်သည်။
- အကိုက်အခဲ ပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းက ကျောက်ကပ် ကို ဖြည်းဖြည်းချင်းအဆိပ်ဖြစ်စေသည့် အတွက် ရှောင်ကြဉ်သင့်သည်။
- ဆီးအမြှုပ်ထခြင်း၊ ခြေထောက်ဖော ရောင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေ ခြင်းမှာ စောစောသတိပေးသောလက္ခဏာများဖြစ်သည်။
- အငန်(ဆား)စားသုံးမှု များလွန်း၍ ကျောက်ကပ်အလုပ်ဒဏ်ပိနိုင်သည်။
- ဆီးသွားချင်သည်ကို အောင့်ထား၍ အချိန်ကြာမြင့်သောအခါ ကျောက်ကပ်လုပ်ငန်း အားနည်းနိုင်သည်။
- တိုင်းရင်းဆေး သို့မဟုတ် တချို့ဆေး ဝါးများကို အသုံးပြုနည်းမမှန်ကန်သောကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။
- ဆီးစစ်ခြင်းနှင့် ခရီတီနင်းကိုပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ကျောက်ကပ် ရောဂါဖြစ်ပွားမှုကို စောစီးစွာကာကွယ် နိုင်သည်။
ကျောက်ကပ်၏တာဝန်
ကျောက်ကပ်က အရွယ်အစားသေး ငယ်သော်လည်း ခန္ဓာကိုယ်၏အရေး ပါသော လုပ်ငန်းဆောင်တာ အများစုကိုတာဝန်ယူထားသည်။ ကျောက်ကပ်က စားသုံးလိုက်သော အစားအစာများထဲမှပါဝင်သောအဆိပ်အတောက်နှင့် အကျိုး မပြုသည့်ပစ္စည်းများကို စွန့်ထုတ်ပေး သည်။
သွေးပေါင်ချိန်ထိန်းညှိရန်လိုအပ်သောဟော်မုန်းကိုထုတ်ပေးသည်။ ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးသည်။ ဆီးသွားစေသည်။ ထို့ပြင် တခြားသော ခန္ဓာ ကိုယ်အတွက် အရေးပါသောလုပ်ငန်း ဆောင်တာများကိုလည်း လုပ်ဆောင်ပေးသည်။
ကျောက်ကပ်ထိခိုက်စေနိုင်သော အချက်များ
ကျောက်ကပ်ထိခိုက်စေနိုင်သောအချက် များစွာရှိသည်။ ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါဖြစ်သည်။ မျိုးရိုးလိုက်ခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာခြားခြင်း၊ အသက်အရွယ်ကြောင့် လည်း ကျောက်ကပ်ထိခိုက်နိုင်သည်။
သွေးချိုကို သေချာမထိန်းခြင်း၊ သွေးတိုးကိုသေချာထိန်းညှိမှုမရှိခြင်း တို့ကြောင့် ကျောက်ကပ်အတွင်း သွေးကြောများ ထိခိုက်လာပြီး ကျောက်ကပ်ပျက်စီးနိုင်သည်။ ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်တော့သည့်အခါ သွေးအတွင်း အနည်အနှစ်များလာပြီး ခန္ဓာကိုယ်တွင် ရောဂါများဝင်လာနိုင်သည်။
ကျောက်ကပ်ကျန်းမာနေစေရန် အဓိကလိုက်နာရမည့်အချက်များ
နေ့စဉ်စားသုံးသည့်အစားအစာများကကျောက်ကပ်ကျန်းမာရေးအပေါ် သက် ရောက်မှုရှိသည်။ ကျောက်ကပ်ကျန်းမာ နေစေရန် အောက်ပါအချက်များကို သတိပြုဆင်ခြင်သင့်သည်။
အငန်လျှော့စားသင့်သည်။ အငန်ဓာတ်က ကျောက်ကပ်ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ အငန်စားသုံးမှုများခြင်းက ကျောက်ကပ် ကို ထိခိုက်စေနိုင်သည်။ ကျောက်ကပ် ထိခိုက်သွားသောအခါ ကိုယ်တွင်းဆိုဒီယမ် များ မစစ်ထုတ်နိုင်တော့ဘဲ သွေးတိုးရောဂါ ထပ်ဝင်လာနိုင်သည်။
ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွက်အရေးပါသောဓာတ်တစ်ခုဖြစ်သည်။ သို့သော် ကျောက်ကပ်ရောဂါရှိသူများအနေ ဖြင့် ပိုတက်ဆီယမ်ကို အကန့်အသတ်သာလိုအပ်သည်။ ထို့ကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်သာ စားသုံးသင့်သည်။ ပိုတက်ဆီယမ်ကြွယ်ဝ သော အစားအစာမှာ ဖီးကြမ်းငှက်ပျော သီးဖြစ်သည်။
ကျောက်ကပ် ထိခိုက်ထားသူသည် ကိုယ်တွင်းပိုလျှံနေသော ဖော့စဖရပ်များကိုမစစ်ထုတ်နိုင်တော့ပါ။ ဖော့စဖရပ်ဓာတ်ကလည်း နေ့စဉ်စားသုံးသည့်အစားအစာများထဲ၌ပါဝင်သော ဓာတ်တစ်ခုဖြစ် သည်။ ဖော့စဖရပ်များပြားမှုက ခန္ဓာကိုယ် ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖော့ စဖရပ်ကိုလည်း တတ်နိုင်သမျှလျှော့သင့် သည်။
ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့် နောက်ထပ် သတိထားရမည့်အချက်မှာ ပရိုတင်းများစွာ မစားမိစေရန်နှင့် ကယ်လ် စီယမ်ကိုလျှော့စားသင့်သည်။ ကျောက် ကပ်ရောဂါရှိသူများ စားသုံးသင့်သော အစားအစာများစွာရှိသည်။
ပန်းဂေါ်ဖီတွင် ဗီတာမင်- C၊ ဗီတာမင်-K၊ ဗီတာမင်- E တို့အပါအဝင် အာဟာရ ဓာတ်များစွာပါဝင်နေသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သကဲ့သို့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် ဒြပ်ပေါင်းများလည်း ပါဝင်သည့်အတွက် စားသင့်သည်။
စပျစ်သီးက အရသာရှိရုံသာမကအာဟာရလည်းကြွယ်ဝသည်။ ဗီတာမင်- C နှင့်ရောင်ရမ်းမှုကို သက်သာစေနိုင်သောဖလေဗိုနွိုက်ကဲ့သို့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သည်။ နှလုံးကျန်းမာစေ နိုင်သကဲ့သို့ ဆီးချိုရောဂါကာကွယ်ပေးပြီးတည်ငြိမ်မှုစွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်သည့်အတွက် စားသင့်သည်။
ကြက်ဥအနှစ်က အာဟာရဓာတ် ကြွယ်ဝသော်လည်း ဖော့စဖရပ်ပါဝင်မှုများ သောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကြက်ဥအကာက အကောင်းဆုံး ဖြစ်သည်။ ပရိုတင်းဓာတ်ရနိုင်သော်လည်း ကျောက်ကပ်ကို မထိခိုက်စေနိုင်သောအဆာပြေစားစရာတစ်ခုအဖြစ် စားနိုင်သည်။
ကြက်သွန်ဖြူက ဟင်းလျာများနှင့် အရသာကိုပိုကောင်းနိုင်သည်။ အာဟာရ ကြွယ်ဝသကဲ့သို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်- C နှင့် ဗီတာမင်- B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ကျစေနိုင် သော ဆာလဖာဒြပ်ပေါင်းပါဝင်နေသည်။
ကျောက်ကပ်ကောင်းလိုလျှင် တစ်ရက်ကို အနည်းဆုံး ကြက်သွန်ဖြူသုံးမြွှာခန့် စားသင့်သည်။
ဂေါ်ဖီထုပ်တွင် မီတာမင်- K၊ ဗီတာမင်- C နှင့် ဗီတာမင်- B တို့အများအပြားပါဝင် နေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုက အစာ ခြေစနစ်ကိုကျန်းမာစေသကဲ့သို့ ဝမ်းမှန် စေနိုင်သည်။ ပိုတက်ဆီယမ်၊ ဖော့စဖရပ် နှင့်ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် သင့်လျော်သော ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။
ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ပရိုတင်းလျှော့စားရမည်ဆိုသော်လည်း ခန္ဓာကိုယ်ကျန်းမာရန် လိုအပ်သောပရိုတင်း ဓာတ်ကိုပြည့်ဝစွာစားသင့်သည်။ ထို့ ကြောင့် ကျောက်ကပ်သမားများရှောင်ရ မည့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ပါဝင်မှုနည်း သည့်အရေခွံမပါသော ကြက်ရင်ပုံသားကို စားသုံးပေးသင့်သည်။
ငရုတ်ပွသည် အာဟာရကြွယ်ဝသော်လည်း တခြားဟင်းသီးဟင်းရွက်နှင့်မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ ငရုတ်ပွအရောင်တောက်တောက်က ဗီတာမင်- K၊ ဗီတာမင်-C ကြွယ်ဝစွာပါဝင်ပြီး ကျောက် ကပ်ရောဂါရှိသူများစားသုံးပေးသင့်သည့် အစားအစာဖြစ်သည်။
ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် အနီရောင်အသား၊ ဘဲသား၊ ငါးခြောက်၊ နို့ထွက်ပစ္စည်း၊ ငါးပိ၊ ပဲအမျိုးမျိုး၊ ဆီသွတ် ဘူး၊ သစ်သီးခြောက်၊ အာလူး၊ ခရမ်းချဉ် သီး၊ ကြက်ဥအနှစ်၊ လိမ္မော်သီး၊ ငှက်ပျော သီး၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဆော်ဒါနှင့် ပေါင်မုန့်တို့စားသုံးခြင်းမှ ရှောင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ကမ္ဘာတစ်ဝန်းတွင် သွေးချိုဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ်ပြဿနာများ မြင့်တက်လာ နေသည့်အချိန်၌ ကျန်းမာရေးနှင့်ညီညွတ်သော ဂလူးကို့စ်ထိန်းချုပ်မှုကိုပံ့ပိုးပေးသည့် ရိုးရှင်းပြီး ဈေးသက်သာသော အစားအစာများကို ရှာဖွေနေကြသည်။ ထူးခြားသော ဟင်းသီးဟင်းရွက်အဖြစ် သတ်မှတ်ခံထားရသည့် ကန်စွန်းဥများသည် မကြာ သေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့ပြီး သုတေသနနှင့် အာဟာရဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ အရ Smart ကာဗိုဟိုက်ဒရိတ်ရွေးချယ်မှု ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ကန်စွန်းဥ၏သဘာဝအချို ဓာတ်ကြောင့် အစာစားချင်စိတ်ကိုထိန်းပေးပြီး အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်ဝသကဲ့သို့ခံစားရစေ သည့်အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို နှေးကွေးစေသော အကျိုးကျေးဇူးကြောင့် သွေးချို ဆီးချိုရောဂါရှိသူများသည် ကန်စွန်းဥကို အတန် အသင့် စားသုံးနိုင်သည်။
ကန်စွန်းဥ၏သဘာဝအချိုဓာတ်ကြောင့် သွေးတွင်း ဂလူးကို့စ်ပမာဏကို မြင့်တက်စေမည့်အစားအစာ တစ်ခုကဲ့သို့ ထင်ရနိုင်သည်။ သို့သော်လည်း အာဟာရ ဆိုင်ရာ သုတေသနပြုချက်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Beta-Carotene၊ ဗီတာမင်-C)၊ ဗီတာမင်နှင့် နှေးကွေးသော ကစီဓာတ်များကြွယ်ဝသော သာမန်၊ အမြစ် ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းဥသည် ဈေးသက်သာပြီး အရသာရှိသည်။ မှန်ကန်သောနည်းလမ်းဖြင့်ပြင်ဆင်ပြီး အသင့်အတင့်စားသုံးသော အခါတွင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် အင်ဆူလင်အာရုံခံနိုင်စွမ်းနှင့် ရေရှည်ဇီဝဖြစ်စဉ် ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး အရေးကြီးသော ဗီတာမင်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများ သို့မဟုတ် တည်ငြိမ် သောစွမ်းအင်နှင့် ပိုမိုကောင်းမွန်သော ဇီဝဖြစ်စဉ် ကျန်းမာရေးကို ရှာဖွေနေသူများအတွက် ကန်စွန်းဥ ကို မည်ကဲ့သို့ရွေးချယ် ချက်ပြုတ်စားသုံးရမည်ကို သိရှိခြင်းက အစားအသောက်အတွက် အထောက်အကူဖြစ်စေနိုင်သည်။
ကန်စွန်းဥ၏ အကျိုးကျေးဇူးများ
ကန်စွန်းဥသည် Beta-Carotene ကြွယ်ဝစွာပါဝင် သောကြောင့် ကိုယ်ခံအားစနစ်နှင့် အသားအရေကို ကျန်းမာသန်စွမ်းစေပြီး အမြင်အာရုံကောင်းမွန်စေပါ သည်။ အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C၊ ဗီတာမင်-B6 နှင့် မဂ္ဂနိစ်ပါဝင်သောကြောင့် သွေးချို ဆီးချိုရောဂါအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းများပါဝင်သောကြောင့် အင်ဆူလင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ ဗီတာမင်-A သည် အင်ဆူလင်ထုတ်သည့် ပန်ကရိယဘီတာဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပြီး ဗီတာမင်-C သည် ကြွက်သားများ၊ ကော်လာဂျင်နှင့် သွေးကြောများ ဖွဲ့စည်းခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးကြီးပါသည်။ ဗီတာမင် B6 သည် ယိုယွင်းလာသောရောဂါများနှင့် ဆက်စပ်နေသည့် ဓာတုဒြပ်ပေါင်း Homocysteine ကို လျှော့ချရာတွင် ကူညီပေးသည်။ မဂ္ဂနိစ်ပါဝင် သောကြောင့် အင်ဆူလင်ခံနိုင်ရည်ကိုလျှော့ချပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေသဖြင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သည်။ ကန်စွန်းဥသည် ပိုတက်ဆီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။
ကန်စွန်းဥတွင် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း များကြွယ်ဝသည်။ ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်များ လွန်ကဲပါက ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ် မတိုင်မီ အိုမင်းရင့်ရော်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများဖြစ်လာနိုင်သည်။ ကန်စွန်းဥကဲ့သို့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာ ကို စားသုံးခြင်းက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု အန္တရာယ်နှင့် နာတာရှည်ရောဂါများကို လျှော့ချပေး နိုင်ပါသည်။ သုတေသနပြုချက်တချို့ဖြင့် မတူညီသော ကန်စွန်းဥများ (ခရမ်းရောင်၊ အဖြူရောင်) နှင့် တချို့ သော အမျိုးအစားများသည် ထူးခြားသောဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်ဟု National Institutes of Health မှ မှတ်ချက်ပြုသည်။ ခရမ်းရောင် ကန်စွန်းဥများသည် နက်မှောင်သော ခရမ်းရောင် အရောင်ခြယ်ပစ္စည်း Anthocyanins ကိုပေးစွမ်းနိုင် သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အူလမ်း ကြောင်း ဗက်တီးရီးယားများကို ထောက်ပံ့ပေးနိုင် ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာတွင် ကူညီပေးကြောင်းပြသထားသည်။ Anthocyanins သည် ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး နှလုံးရောဂါကို လည်း ကာကွယ်ပေးနိုင်သည်။
ကန်စွန်းဥသည် တခြားအမျှင်ဓာတ်များသော အစားအစာများကဲ့သို့ အစာခြေစနစ်ကို အထောက် အကူပြုပြီး ဝမ်းမှန်စေရန် ကူညီပေးသည်။ ထို့ပြင် ကန်စွန်းဥသည် အူလမ်းကြောင်းအတွင်း ဗက်တီးရီး ယားပိုးမွှားများကို ထိန်းညှိပေးကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ရောင်ရမ်းမှု ကိုလျှော့ချခြင်းနှင့်အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း သုတေ သနပြုချက်များအရ သိရသည်။
အမျှင်ဓာတ်သည် အစားအစာများမှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကန်စွန်းဥစားခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။ အမျှင်ဓာတ်များသော အစားအစာများသည် အမျိုးအစား- ၂ သွေးချိုဆီးချိုရောဂါမဖြစ်ပွားစေရန် ကူညီပေးပါသည်။ ကန်စွန်းဥသည် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအသောက်များတွင် အရသာရှိသော အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး တစ်ခွက်လျှင် ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ် ပါဝင်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေရန်အတွက် ကြက်သား သို့မဟုတ် ပင်လယ်စာကဲ့သို့သော ပရိုတင်း အရင်းအမြစ်များနှင့် တွဲစားနိုင်ပါသည်။
ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု
ကန်စွန်းဥကိုကျန်းမာရေးနှင့်ညီညွတ်သောအစားအစာဟု သတ်မှတ်ကြသော်လည်း ကန်စွန်းဥ၏ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သွေးတွင်းသကြားဓာတ် ကို မြင့်တက်စေနိုင်သည်။ သို့သော်လည်း အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း ကိုလည်း သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်ကန်စွန်းဥကို မျှတအောင်စားသုံးပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျော့နည်းစေမည့်နည်း လမ်းများဖြင့် ချက်ပြုတ်ရန်လိုအပ်ပါသည်။ သွေးချို ဆီးချိုရောဂါရှိသူများ ကန်စွန်းဥစားသောအခါ အရွယ် အစားပမာဏကို သတိထားရပါမည်။
ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ခြင်း
ကန်စွန်းဥတွင် Glycemic Index (GI) သကြားဓာတ် အညွှန်းကိန်းနိမ့်ပြီး ရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် နှင့် အမျှင်ဓာတ်များပါဝင်သောကြောင့် သကြားနှင့် ကစီဓာတ်များ ချေဖျက်မှုကို နှေးကွေးစေရန် ကူညီ ပေးသည်။ ထို့ကြောင့် အစားစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်သည်။
ကစီဓာတ်ကို များသောအားဖြင့် ကောင်းမွန်မှုမရှိဟု ယူဆသော်လည်း တချို့သောကစီဓာတ်များသည် ပိုကောင်းသည်။ ခရမ်းရောင်ကန်စွန်းဥကဲ့သို့သောကန်စွန်းမျိုးကွဲတချို့တွင် ခံနိုင်ရည်ရှိသောကစီဓာတ် ရှိသည်။ ခံနိုင်ရည်ရှိသော ကစီဓာတ်သည် ခန္ဓာကိုယ် အတွင်း တစ်စိတ်တစ်ပိုင်းမျှသာကွဲထွက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေး သည်။ သို့သော်လည်း ကင်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်း၊ မိုက်ခရိုဝေ့ဖြင့် ကြော်ခြင်းကဲ့သို့သော ချက်ပြုတ်နည်း တချို့သည် ကစီဓာတ်မော်လီကျူးများကို ဖြိုခွဲသော ကြောင့် အစာကြေလွယ်ပြီး ကန်စွန်းဥ၏ သကြား ဓာတ်အညွှန်းကိန်းကို မြှင့်တင်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်လာနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် ကန်စွန်းဥများကို အခွံခွာထားလျှင် အမျှင်ဓာတ်ပါဝင်မှုကို လျော့နည်းစေသောကြောင့် သကြားဓာတ် အညွှန်းကိန်းများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် ဖုတ်မည့် အစား ကန်စွန်းဥကို ပြုတ် သို့မဟုတ် ရေနွေးငွေ့ဖြင့် ပေါင်းပါ။ ကန်စွန်းဥကို အစိမ်းစားခြင်း သို့မဟုတ် ပြုတ်စားခြင်းသည် သကြားဓာတ်အညွှန်းကိန်းအနိမ့် ဆုံးဖြစ်သည်။ ထို့ပြင် လေ့လာမှုတစ်ခုအရ ခရမ်းရောင် ကန်စွန်းဥများကို ခေါက်ဆွဲအဖြစ်ပြုလုပ်သောအခါ တွင် သကြားဓာတ်အညွှန်းကိန်း အနိမ့်ဆုံးရှိကြောင်း တွေ့ရှိခဲ့သည်။ ဤနည်းလမ်းများသည် ခံနိုင်ရည်ရှိ သော ကစီဓာတ်ကို ပိုမိုထိန်းသိမ်းထားရန် အထောက် အကူဖြစ်စေပြီး အစာခြေခြင်းကို နှေးကွေးစေကာ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို လျော့နည်းစေသည်ဟု ယူဆကြသည်။ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ရန် ကန်စွန်းဥ စားသုံးမှုပမာဏကို ကန့်သတ်ထိန်းညှိပါ။ ကန်စွန်းဥကို ပရိုတင်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများနှင့်အတူ တွဲ၍စားသောအခါ အစာခြေနှေးပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်ကို သက်သာစေနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ကန်စွန်းဥသည် အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပြီး သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကျန်းမာ ရေးနှင့်ညီညွတ်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။
သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ပြင်ဆင်ချက်ပြုတ်သည့်ပုံစံနှင့် အရွယ်အစားပမာဏ မည်မျှစားသည်ကိုအာရုံစိုက်၍ စားသုံးသောအခါတွင် အကျိုးကျေးဇူးများပေးစွမ်း နိုင်သောအစားအစာတစ်မျိုးဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မိမိ၏ဆီးချိုကိုထိန်းနိုင်ရန် အင်ဆူလင်ထိုးနေရချိန်တွင် အင်ဆူလင် ၏ဘေးထွက်ဆိုးကျိုးများကို စိတ်ပူစရာမလိုဟု ထင်နေနိုင်သည်။ အများစုက အင်ဆူလင်ထိုးနေချိန်တွင် အဆိုပါဆိုးကျိုးများ မတွေ့ကြုံ ရဟုဆိုသော်လည်း ဖြစ်နိုင်ခြေပြဿနာများရှိသည်။
အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်း
လူနည်းစုတွင် အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်းကြုံရသည်။ အင် ဆူလင်ထိုးချိန်တွင် အရေပြားရောင်လာပါက ဆေးကုသမှုချက်ချင်းခံယူ သင့်သည်။ ဥပမာ- လျှာရောင်လာပြီး ရင်ကျပ်လာလျှင်၊ အသက်ရှူရခက် ပြီး မူးဝေလာလျှင်၊ သတိလစ်သွားလျှင် တစ်စုံတစ်ယောက်က ချက်ချင်း အကူအညီပေးနိုင်သည့်နေရာဖြစ်ရန်လိုသည်။
သွေးတွင်းဂလူးကို့စ်နည်းခြင်း
သွေးတွင်းဂလူးကို့စ်နည်းခြင်းသည် အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံးအင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး အမျိုးအစား-၁ ဆီးချိုရောဂါ ၏ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား-၂ ဆီးချိုရောဂါ၏ ၁၀ ရာခိုင်နှုန်းရှိသည်။
ပြင်းထန်သည့်အစပိုင်းတွင် အသိစိတ်ရှုပ်ထွေးခြင်း၊ ချွေးထွက်များခြင်း၊ နှလုံးခုန်မြန်ခြင်းများဖြစ်နိုင်ပြီး နောက်ပိုင်းတွင် ကြာရှည်စွာ သတိ လစ်ခြင်း၊တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်းတို့ဖြစ်နိုင်သည်။
မိမိတွင် အချိုဓာတ်နည်းခြင်းဖြစ်ရန် အလားအလာရှိပြီး အချိုဓာတ် နည်းခြင်း၏လက္ခဏာများကို မမှတ်မိပါက သွေးတွင်း သို့မဟုတ် ဆီးတွင်း ဂလူးကို့စ်ဓာတ်ကို စစ်ဆေးရန်လိုအပ်သည်။
မိမိသည် အင်ဆူလင်ဆေးသွင်းကုသမှုကို ဆက်တိုက်ခံယူနေရပြီဆိုပါက အချိုဓာတ်နည်းခြင်း ဖြစ်နိုင်ခြေမြင့်မားသည်။ ဆီးချိုရောဂါကုထုံး အများအပြားသည် မိမိ၏သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးသည်။ မိမိအနေဖြင့် ဂလူးကို့စ်ဓာတ်အလွန်နည်းမသွားရန် သို့မဟုတ် အလွန်တက်မလာရန် အမြဲသတိထားနေရသည်။
အင်ဆူလင်သုံးပြီးချိန်တွင် အချိုဓာတ်နည်းခြင်းဖြစ်လာနိုင်သည်။အင်ဆူလင်သည် သွေးတွင်းဂလူးကို့စ်ကို လျှော့ချရာတွင် လျှော့ချခြင်း လွန်သွားပြီး သကြားဓာတ်အလွန်အမင်း ကျဆင်းသွားတတ်သည်။ အချို နည်းခြင်း၏လက္ခဏာများကို မှတ်သားလေ့လာရန်အရေးကြီးသည်။ အချိုနည်းခြင်း၊ အချိုဓာတ်လျော့၊ မလျော့ကို ဆီးချိုတိုင်းစက်ဖြင့် စစ်နိုင်ပြီး ကစီဓာတ်များသော အစာများစားခြင်းဖြင့် ကုသနိုင်သည်။
အင်ဆူလင်၏ တခြားဖြစ်နိုင်ခြေ ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်ခြင်း၊ တခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။
အင်ဆူလင်ဖြင့်ကုသနေချိန်တွင် ကယ်လိုရီများပြီး ကိုယ်အလေးချိန် တက်နိုင်ခြေရှိသဖြင့် အစားအစာ၊ ကိုယ်လက်လေ့ကျင့်ခန်းပြု လုပ်ခြင်း တို့ဖြင့်ထိန်းသိမ်းရန်လိုအပ်သည်။ အင်ဆူလင်အလွန်အမင်း သုံးစွဲသူ များတွင် ကိုယ်အလေးချိန် ပိုတက်လာနိုင်သည်။
ထို့ပြင် အင်ဆူလင်အမျိုးအစားပေါ် မူတည်ပြီး ဆိုးကျိုးဖြစ်နိုင်ခြေရှိ သည်။မိမိအနေဖြင့် အင်ဆူလင်ဆေးအသစ်ကို သုံးမည်ဆိုလျှင် အမျိုးအစားအလိုက်ဖြစ်သော ဆိုးကျိုးကိုဖတ်ရှုသင့်သည်။ အင်ဆူလင်အပေါ် တုံ့ပြန်ခြင်းသည် တွေ့လေ့တွေ့ထမရှိလျှင် မိမိအနေဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေများကို သတိပြုရန်လိုသည်။ ဓာတ်မတည့်ဖြစ်ပွားခြင်း သို့မဟုတ် မိမိအနေဖြင့် သိရှိခြင်းသည် မိမိကျန်းမာရေးအတွက်သာမက ဆီးချိုရောဂါနှင့် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်သွားလာနိုင်ရေး အတွက် အရေးကြီးသည်။
ဆီးချို၊ သွေးချိုလူနာများကိုကုသသည့်အခါ ပထမအချက်အနေဖြင့် အစာအာဟာရ၊ လေ့ကျင့်ခန်းဖြင့်ကုသသည်။ ဒုတိယအချက်အနေဖြင့် သောက်ဆေး (မက်ဖော်မင်)ဖြင့်ကုသသည်။ တတိယအချက်အနေဖြင့် အင်ဆူလင်ထိုးဆေးဖြင့် ကုသသည်။
အင်ဆူလင်ထိုးပြီးလျှင် အစာစားရသည်။ ထိုးရမည့်အချိန် အချက် နှစ်ချက်ရှိသည်။ အမျိုးအစား-၁ ဆီးချို သို့မဟုတ် ကလေးဆီးချိုများတွင် ရောဂါစတင်သည့်အချိန်မှစပြီး ထိုးနှံသည်။ ၎င်းတို့ကိုယ်ထဲတွင် အင်ဆူလင်ဟော်မုန်း ၉၀ ရာခိုင်နှုန်းမရှိပါ။ အမျိုးအစား-၂ ဆီးချိုက ခံစားရသည့်ဝေဒနာပေါ်မူတည်ကာ ဆေးထိုးရသည့်အခါ အချက်သုံးချက် ရှိသည်။
ပထမအချက်က ဆေးသုံးမျိုးပေးသည်၊ သောက်ဆေးဖြင့်ထိန်းမရသည့်အခါ အင်ဆူလင်ထိုးရခြင်းရှိသည်။ ထိုလူနာများအနေဖြင့် အင်ဆူ လင် အမြဲထိုးရန်လိုအပ်သည်။
ဒုတိယအချက်က အမျိုးအစား-၂ ဖြစ်သည်။ ဆေးများသောက်နေသော်လည်း အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရသည်။ လေဖြတ်၍ဖြစ်စေ၊ နှလုံးသွေးကြောကျဉ်း၍ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ၊ ခွဲစိတ်ရန်ဖြစ်စေ အကြောင်းအရာတစ်ခုခုဖြင့် ဆေးရုံတက်ရသည်။ ထိုအခြေအနေမျိုးတွင် ဆီးချို၊ သွေးချိုသမားများကို သောက်ဆေးခဏ ဖြတ်ကာ အင်ဆူလင်ထိုးသည်။ ပြန်ကောင်းသွားပြီး အိမ်ပြန်ရောက်လျှင် ဆီးချိုသောက်ဆေးကိုပြန်ပြောင်းသည်။ အမျိုးအစား-၁ ဆီးချိုသမား များ အမြဲထိုးရသည်။ အမျိုးအစား-၂ ဆီးချိုက သောက်ဆေးသုံးမျိုးဖြင့် မရဟုထင်လျှင် တစ်နေ့လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အမြဲထိုးရ သည်။ သို့မဟုတ် ဆေးရုံရောက်သွားသည့်အခါ ထိုးမည်။ အိမ်ပြန် ရောက်သော် ဆီးချိုဆေးပြန်သောက်မည်။ ယင်းမှာ ဆီးချိုလူနာများ အင်ဆူလင်ထိုးရမည့်အချက်များဖြစ်သည်။
ဆီးချို၊ သွေးချိုရောဂါက ခန္ဓာကိုယ်ထဲတွင် အင်ဆူလင်က အာနိသင် မပြည့်ဝ၍ဖြစ်သည်။ တကယ်တမ်း လိုနေသည့်အင်ဆူလင်ကို ပြန်ဖြည့် ပေးခြင်းက သဘာဝအကျဆုံးဖြစ်သည်။
အကြမ်းအားဖြင့်ဆိုလျှင် လူတို့၏ခန္ဓာကိုယ်ထဲတွင် အင်ဆူလင် ထုတ်သည့်စက်ရုံရှိသည်။ ယင်းက ပန်ကရိယ(မုန့်ချိုအိတ်)ဖြစ်သည်။ လူတို့ထမင်းစားလျှင် သွေးထဲတွင် သကြားဓာတ် မြင့်တက်လာသည့်အခါ လိုအပ်သော ပမာဏ ၂၀၀ ထက် ထပ်မတက်ရန်ထိန်းရသည်။ မည်သို့ ထိန်းရမည်နည်းဆိုသော် အင်ဆူလင်စက်ရုံမှ အင်ဆူလင်ထွက်လာသည်၊ ပိုနေသည့် သကြားဓာတ်များကို ဆဲလ်များထဲ ရောက်သွားသည်။ ဆဲလ်များက စွမ်းအင်အနေဖြင့်သုံးသည်။ လူတစ်ကိုယ်လုံးအတွက် အသုံးပြု ရန် စွမ်းအင်ပိုလာသည်။ ပိုနေသည့်သကြားဓာတ်ကို အသည်းထဲ ရောက်သွားပြီး သိမ်းလိုက်သည်။ ညဘက် အိပ်ပျော်နေချိန် အသည်းဆဲလ်မှ ဂလူးကို့စ်ပြန်ထွက်လာသည်။ ယင်းမှာ ပုံမှန်အလုပ်လုပ်ခြင်း ဖြစ်သည်။
ပုံမှန်ထမင်းစားလိုက်သည့်အခါ အင်ဆူလင် ၁၀၀ ရှိသည်ဆိုလျှင် ၁၀၀ ထွက်သည်။ သွေးထဲတွင် သကြားဓာတ်က ၂၀၀ ထက်ကျော် မတက်ပါ။ အကယ်၍ ကလေးများတွင်ဖြစ်သော အမျိုးအစား-၁ ဆီးချို တွင် စကတည်းက အင်ဆူလင် ၉၀ ရာခိုင်နှုန်းမရှိပါ။ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။
မည်သည့်နည်းနှင့်မျှ ကျန်သည့်သကြားဓာတ်ကို ဆဲလ်ထဲမပို့နိုင်ပါ၊ အသည်းထဲတွင် မသိမ်းနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်ကို အပြင်မှဖြည့် ပေးရသည်။
အမျိုးအစား-၂ ဆီးချိုတွင် တစ်ဦးနှင့်တစ်ဦးမတူညီပါ။ တချို့က အင်ဆူလင် ၅၀ ရာခိုင်နှုန်းထက် မရှိတတ်ပါ။ တချို့က ၅၀ ရာခိုင်နှုန်းသာ ကျန်သည်။ ထိုအခါ ပုံမှန်အတိုင်းစားမည်ဆိုလျှင် အင်ဆူလင်က နှစ်ဆ အလုပ်လုပ်ရမည်။ ဆီးချိုထိန်းမရလျှင် သုံး- လေးဆပိုအလုပ်လုပ်ရသည်။ အသက်ကြီးလာလျှင် အင်ဆူလင်ထုတ်သည့်ဆဲလ်များ ၂၆ ရာခိုင်နှုန်း ခန့်ပျက်စီးနေပြီဖြစ်သည်။ ဆီးချိုလူနာတစ်ဦး အနေဖြင့် တစ်နှစ်လျှင် အင်ဆူလင်ထုတ်သည့်နှုန်း ၂ ရာခိုင်နှုန်းပျက်သည်ဆိုပါက နှစ် ၂၀ ကြာပါက ၃၀ ရာခိုင်နှုန်းပျက်နေပြီး စကတည်းက ၅၀ ရာခိုင်နှုန်းသာရှိ လျှင် ဆရာဝန်ထံရောက်လာပါက ၁၀ ရာခိုင်နှုန်းသာရှိသည်။ ထိုအချိန် တွင် သောက်ဆေးဖြင့် မည်သို့မျှထိန်းနိုင်မည်မဟုတ်ပါ။ အင်ဆူလင် ထိုးဆေးထိုးရသည်။ ၎င်းတွင် သကြားဓာတ်မထိန်းနိုင်လျှင် နောက် ဆက်တွဲဆိုးကျိုး များစွာဖြစ်နိုင်သည်။ ထို့ကြောင့် လိုအပ်ပါက အင်ဆူလင် ထိုးဆေးထိုးသင့်သည်။
အင်ဆူလင်ထိုးဆေးကို ရောဂါနှင့်ညှိ၍ပေးသည်။ လူနာများကို အင်ဆူလင်ထိုးခြင်းသည် တစ်နေ့လျှင်တစ်ကြိမ်၊ နှစ်ကြိမ် ထမင်းမစားမီ ဖြစ်သည်။ ထိုးပြီး ၅-၁၀ မိနစ်တွင် ထမင်း သို့မဟုတ် အစာစားသည်။
တစ်နေ့လေးကြိမ်ကို ဆေးရုံ၌ထိုးသည်။ ယင်းအင်ဆူလင်အမျိုးအစား ကို သက်ဆိုင်ရာဆရာဝန်က ရှင်းပြမည်ဖြစ်သည်။ အင်ဆူလင်ထိုးရသည့် အခါ လူနာအနေဖြင့်(N) သို့မဟုတ် (G)ထိုးနေရပါက တစ်နေ့လျှင်တစ်ကြိမ် ထိုးရသည့်ဆေးကို ညဘက် ၉-၁၀ နာရီတွင် ထိုးခြင်းများသည် ထိုးပြီးသွားလျှင် အစာမစားလည်းရသည်။ ဆေးသုံးမျိုးသောက်သော်လည်း ဆီးချိုအမှတ် ၈၀-၁၃၀ အမြဲကျော်နေလျှင် အင်ဆူလင်ထိုးသင့်သည်။
ဆရာဝန်ကဆေးထိုးခိုင်းသဖြင့်ထိုးသည်။ သို့သော် ဆီးချိုမကျပါ၊ ဆီးချိုနှင့်ဆေးကိုညှိပေးပါ စသည်ဖြင့် တောင်းဆိုတတ်သည်။ ညကို ၁၀ ယူနစ်ထိုးမည်။ နံနက်ကို သွေးဖောက်စစ်မည်။ဆီးချိုအမှတ် ၈၀-၁၃၀ ကြားရှိရသည်။ မရလျှင် ၂ ယူနစ်တိုး၍ ထိုးသည်။ ဆီးချို အလွန်ကျသော် ၁ ယူနစ်လျှော့၍ထိုးသည်။ ထိုအခါ ဆေးကိုထိုးမည်ဆို လျှင် ၃ ဂရမ်မှ တစ်ခါထိုးသင့်သည်။ ၁၀ ယူနစ်ဖြင့် နေ့စဉ်သုံးရက်ထိုးကြည့် သင့်သည်။ ကျသွားလျှင် သို့မဟုတ် ပုံမှန်ထိန်းနိုင်ပြီဆိုလျှင် ၁၀ ယူနစ် ထိုးသည်။
ဆီးချိုအမှတ် ၈၀-၁၃၀ မရောက်လျှင်၊ မကျလျှင် ၁၂ ယူနစ်ဖြင့် သုံးရက်ထိုးသည်။ မနက်ဆီးချိုစစ်မည်။ ကိုယ်ပိုင်ဆီးချိုစက်နှင့် အင်ဆူလင်ထိုးဆေးအပ် ဝယ်ယူထားသင့်သည်။ မကျသေးလျှင် ၁၄ ယူနစ်နှင့် သုံးရက်ထပ်ထိုးမည်။ ၅၀ ယူနစ်ထိုး၍မှ ဆီးချိုမကျလျှင် ဆရာဝန်က တစ်နေ့လျှင် နှစ်ကြိမ်ပြောင်းလိုက်သည်။ ဥပမာ- နံနက်စာ မစားမီ အင်ဆူလင် ၁၀ ယူနစ်၊ ညစာမစားမီ ၁၀ ယူနစ် စုစုပေါင်း ၂၀ ယူနစ် နေ့စဉ်ထိုးနှံကာဆီးချိုထိန်းနိုင်ပြီး လူ့သက်တမ်းစေ့နေနိုင် ကြောင်း ရေးသားလိုက်ရပါသည်။

နေ့စဉ်အသုံးများသော ဟင်းရွက်တစ် မျိုးဖြစ်သည့် ကန်စွန်းရွက်၏အင်္ဂလိပ် အမည်မှာ Water Greens/Rabbit Greens ဖြစ်ပြီး Convolvulaceae မျိုးရင်းနှင့် ရုက္ခ ဗေဒအမည်မှာ Ipomoea Reptans Poir/ Ipomoea Aquatica ဖြစ်သည်။ ကန်စွန်း ပင်သည် အပူပိုင်းဒေသ ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းပေါက်ရောက်သော အပင်မျိုး ဖြစ်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုး လေ့ရှိသည်။
ကန်စွန်းရိုးနီ(Rabbit Greens)
လယ်ကန်စွန်းဟုခေါ်သော ကန်စွန်းရိုးနီသည် Convolvulaceae မျိုးရင်းဝင်ဖြစ် ပြီး ရုက္ခဗေဒအလိုအားဖြင့် Ipomoea Aquatica Forsk ဖြစ်သည်။ ကန်စွန်းရိုးနီ အပင်သည် တစ်နှစ် သို့မဟုတ် နှစ်ရှည်ခံ ရေလျှောက်ပင်ဖြစ်ပြီး ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်သည်။ အဆစ်များမှ အမြစ်များ ထွက်ပြီး အဆစ်နေရာတွင် အခေါင်းပိတ် ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြား ရေ မြောင်း၊ ရေကန်များနှင့် လယ်ကွက်များ တွင် အလေ့ကျပေါက်ရောက်ပြီး စိုက်ပျိုး ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့်ပုံ ၃-၆ လက်မရှည် သည့် ရွက်လွှဲထွက်သည်။ ရွက်ထိပ် အလွန်ချွန်ပြီး ရွက်ရင်းမြားသွားပုံရှိသည်။ ခရမ်းဖျော့ရောင်အမွေးမပါသည့် ခေါင်းလောင်းပုံအပွင့်ကြီးဖြစ်ပြီး သီတင်းကျွတ် မှ တပို့တွဲလအတွင်းပွင့်သည်။ လုံးဝိုင်းပြီး အမွေးမဲ့သည့်အသီး အချင်း ၁/၂ လက်မ ခန့်ရှိပြီး ရင့်မှည့်က အက်ကွဲသည်။ အစေ့ လေးစေ့ သို့မဟုတ် နှစ်စေ့ရှိ၍ ပိုးသား ကဲ့သို့ အမွေးများရှိပြီး တပို့တွဲလနှင့် တပေါင်းလတွင် သီးမှည့်သည်။ အသုံးပြု နိုင်သည့်အစိတ်အပိုင်းများမှာ အရွက်ပင် ဖြစ်သည်။
ကန်စွန်းရွက်စားသုံးမှုပုံစံ
ကန်စွန်းရွက်ကို ကန်စွန်းရွက်နှင့် ချဉ်ပေါင်ချဉ်ရည်ချက်၊ ကန်စွန်းရွက် ကြော်၊ ကန်စွန်းရွက်ပြုတ်အတို့အမြှုပ်၊ ကန်စွန်းရွက်ရခိုင်သုပ်၊ အကြော်မှုန့်နှင့်ကန်စွန်းညွန့်ကြော်တို့မှာ လူအများစားသုံးကြသည့်နည်းများဖြစ်သည်။ ထို့ပြင် လူကြိုက်များသည့် ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကောတို့တွင်လည်း ကန်စွန်းရွက်ပါသည်။
ကန်စွန်းရွက်ကို ဆေးဖက်ဝင်အသုံးပြုပုံများ
ပြည်တွင်း၊ ပြည်ပ ဆေးကျမ်းများကလည်း ကန်စွန်းရွက်သည် စိန် (Arsenic) အဆိပ်ကိုပြေစေသည်ဟု အဆိုရှိသည်။
မြန်မာ့တိုင်းရင်းဆေးကျမ်းတွင် ကန်စွန်း ရွက်သည် နှလုံးရောဂါကိုလျော့ပါးစေခြင်း၊ ကင်ဆာကိုကာကွယ်ခြင်း၊ အမျိုးအစား-၂ ဆီးချိုရောဂါကို သက်သာစေခြင်း၊ အဆိပ် အတောက်ဖြစ်ပါက ထန်းလျက်နှင့် ကန်စွန်းရွက်ကိုကျို၍ သောက်သုံးနိုင်ခြင်း စသည်ဖြင့် ကန်စွန်းရွက်၏ ဆေးဖက်ဝင်ပုံများကို ဖော်ပြထားသည်။ ထို့ပြင် ကန်စွန်းရွက်ရည်ကို မီးလောင်နာ၊ ရေ ငတ်နာ၊ ဆီးနှင့်ပတ်သက်သည့် အဖျားရောဂါများ ပျောက်ကင်းစေရန်လည်းကောင်း၊ အဆိပ်အတောက်ပြေစေရန် လည်းကောင်း အသုံးပြုနိုင်သည်။ အရွက် ကိုဟင်းချက်စားပါက သွေးဝမ်းရောဂါ ပျောက်ကင်းသည်။ ကန်စွန်းရွက်ကို ထန်း လျက်၊ မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်ပါက ဆီးကျောက်တည်ခြင်းနှင့် ဆီးရောဂါဟူသမျှ ပျောက်ကင်းသည်။ ဆီးအိမ်တွင်ဆီးရှိသော်လည်း ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်းရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက်၊ မန်ကျည်းရွက် တို့နှင့် ညီမျှစွာကြိတ်၍ ဆန်မှုန့်ညက် နှင့်ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်းပြီး ဓမ္မတာလွန် ခြင်းလည်း ရပ်တန့်စေသည်။ ကန်စွန်းရွက် ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်ကင်းပြီး ငန်းမန်းရှိသော အနာကို ဘူးရွက်များနှင့်ရောစပ်၍ ရေစိမ် ပြီး အနာကိုဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်သည်ဟု ဖော်ပြထား သည်။
ကန်စွန်းရိုးနီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
မြန်မာကန်စွန်းခေါ် ကုန်းပေါ်ပေါက်သော ကန်စွန်းသေးသေးက တရုတ် ကန်စွန်းထက် ပို၍ဆေးဖက်ဝင်သည်ဟု အယူရှိကြသည်။ မြန်မာကန်စွန်းတွင်ပင် ကန်စွန်းရိုးနီက ပို၍ဆေးဖက်ဝင်ပြီး ဝမ်း ကိုပျော့ပျော့သွားစေကာ ပိုးသတ်ဆေး အဆိပ်သင့်မှုများကို ရှေးဦးသူနာပြု နည်းအဖြစ် သုံးစွဲနိုင်သည်။ မြန်မာဆေး ကျမ်းများအဆိုအရ ကန်စွန်းရိုးနီသည် ချို၍အေးခြင်း၊ နို့ရည်ကိုဖြစ်စေခြင်း၊ ရေ၌ ဖြစ်သောပိုးတို့ကိုပယ်တတ်ခြင်း၊ လေနှင့် သလိပ်ကိုဖြစ်စေခြင်း၊အဆိပ်ကိုပြေစေ ခြင်းနှင့် အရွက်ရည်သည် မီးလောင်နာ၊ ဆီးနှင့်ပတ်သက်သောရောဂါနှင့် ပူလောင် ခြင်းတို့ကိုပျောက်ကင်းစေသည်ဟု ဖော်ပြ ထားသည်။
သွေးတွင်းကိုလက်စထရော ကျစေသော ကန်စွန်းရွက်
ကန်စွန်းရွက်သည် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ကို လက်စထရောများကိုလည်း လျှော့ချပေး နိုင်သောကြောင့် ကန်စွန်းရွက်ကို ကြော် စားပေးခြင်းဖြင့် Triglycoside ကဲ့သို့ မကောင်းသည့် ကိုလက်စထရောများ ကျစေပြီး ကိုယ်အလေးချိန်ကျစေရန် အထောက်အကူပြုသည်။ ထို့ကြောင့် ကန်စွန်းရွက်က ကိုလက်စထရောပမာဏ ကိုလျှော့ချရာတွင် အကောင်းဆုံးအခန်း ကဏ္ဍမှ ပါဝင်နေသည်။
အသည်းအတွက် ကောင်းမွန်စေသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင်ပါဝင်သော အဆိပ် ပြေစေသည့် ဓာတ်တိုးဆန့်ကျင်အာနိသင် များ၏အစွမ်းသတ္တိကြောင့် အသည်းကို အဆိပ်အတောက်ကင်းစင်စေရန်နှင့် အသည်းနှင့်ပတ်သက်သည့် ပြဿနာများ နှင့် အသားဝါခြင်းကို ပြန်လည်ကုစားရာ တွင် အထောက်အကူပေးသည်။ Ayurve-dic ဆေးပညာသုတေသနပြုချက်များအရ ကန်စွန်းရွက်တွင် Detoxification အင်ဇိုင်း များကိုပြုပြင်ပေးခြင်း၊ Antioxidant နှင့် Free Radical Scavenger ဂုဏ်သတ္တိ များပါဝင်နေသောကြောင့် ကန်စွန်းရွက် သည် ဓာတုဗေဒနည်းကြောင့်ဖြစ်စေသော အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
သွေးအားနည်းခြင်းကို ကာကွယ်ပေးသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် ဟေမိုဂလိုဘင်ဖွဲ့စည်း ရန် ခန္ဓာကိုယ်မှလိုအပ်သည့် အရေးကြီးသတ္တုဓာတ်တစ်မျိုးဖြစ်သော သံဓာတ် ပါဝင်မှုကြောင့် သွေးနီဥဆဲလ်များဖြစ်ပေါ် မှုကိုအားပေးပြီး သွေးအားကောင်းစေ သည်။ သံဓာတ်သည် သွေးအားနည်းရောဂါ ရှိသူများနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် သံဓာတ်လုံလောက်စွာရရှိပါက သွေးအား နည်းရောဂါများ မဖြစ်ပွားစေနိုင်သဖြင့်ကန်စွန်းရွက်နုများသည် သွေးအားနည်းသူ များအတွက် အကောင်းဆုံးဓာတ်စာဖြစ် သည်။ ကန်စွန်းရိုးနီကို ပြုတ်သောက်ခြင်း ဖြင့်လည်း သွေးအားနည်းခြင်းကို သက်သာ စေနိုင်သည်။
အစာကြေဝမ်းမှန်စေသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် အမျှင်ဓာတ်များ ကြွယ်ဝမှုကြောင့် မတူညီသောအစာခြေ စနစ်ကို ကောင်းမွန်စေသည့်အပြင် အစာအိမ်လမ်းကြောင်းတွင် ပြဿနာများမဖြစ် စေရန်လည်း သဘာဝအတိုင်း သက်သာစေရန် ကာကွယ်ပေးသည်။ အမျှင်ဓာတ်လုံလောက်စွာရရှိသည့်အခါ အစာချေဖျက် နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေသည့် အတွက် ဝမ်းချုပ်သည့်အခါတွင် ကန်စွန်း ရွက်ကြော်စားခြင်း သို့မဟုတ် ရေလုံပြုတ် စားခြင်းများ ပြုလုပ်ပေးနိုင်သည်။ ကန်စွန်း ရွက်သည် အပျော့စားဝမ်းနုတ်ဆေးဖြစ်သောကြောင့် အစာမကြေခြင်းနှင့် ဝမ်းချုပ် ခြင်းဝေဒနာ ခံစားရသူများအတွက် ကန် စွန်းရွက်ပြုတ်ရည်က ဝမ်းချုပ်မှုကို ဖြေလျှော့ပေးနိုင်ပြီး အူလမ်းကြောင်းပိုးဝင်ခြင်းအတွက် ကုသရာတွင်လည်းအသုံးပြုနိုင်သည်။
မျက်စိအားကောင်းစေသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် မျက်စိကျန်းမာရေး အတွက် အဓိကအရေးပါသည့် ဗီတာမင်- A၊ ကာရိုတီးနွိုက် (Carotenoid) နှင့် လူတင် (Lutein) ဓာတ်များပါဝင်ပြီး ကန် စွန်းရွက်က မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုကာကွယ်ပေးသည့် Glutathione ပမာဏ ကိုလည်း မြှင့်တင်ပေးသောကြောင့် မျက်စိ အားကောင်းလိုသူများ ကန်စွန်းရွက်ကို စားပေးသင့်သည်။
ဆီးချိုကိုသက်သာစေသော ကန်စွန်းရွက်
ကန်စွန်းရွက်ကို ပုံမှန်စားသုံးခြင်းသည် ဆီးချိုကြောင့်ဖြစ်စေသော ဓာတ်တိုးဖိစီး မှုအား ခုခံနိုင်စွမ်းကို တိုးစေကြောင်းသုတေသနပြုချက်များအရ သိရှိရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များ ဆီးချို ရောဂါကုသရာတွင်လည်း အသုံးပြုနိုင်သည်။
ကိုယ်ခံအားကောင်းစေသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် ခန္ဓာကိုယ်ထဲတွင်ရှိ သည့် Free Radicals ကို လျှော့ချပေး သည့် ဓာတ်တိုးဆန့်ကျင်အာနိသင်များရှိ ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ၏အစွမ်း ကြောင့် ကိုယ်ခံအားစနစ်ကျန်းမာစေရန် အထောက်အကူဖြစ်စေသည့်အပြင် ဗီတာ မင်-C များစွာပါဝင်သောကြောင့် ကိုယ်ခံ အားကို ကောင်းမွန်စေသည်။
နှလုံးကျန်းမာစေသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် ဗီတာမင်-A နှင့် ဗီတာမင်-C တို့ကဲ့သို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ် များပါရှိသည့်အပြင် ဘီတာကယ်ရိုတင်း (Betacarotene) မြင့်မားစွာပါဝင်သော ကြောင့် ခန္ဓာကိုယ်တွင်းရှိ Free Radicals ကိုလျှော့ချရန် Antioxidants အဖြစ် လုပ်ဆောင်ပေးပြီး Oxidized Cholesterol မဖြစ်စေရန် ကာကွယ်ပေးသည်။ Oxidized Cholesterol က သွေးကြောနံရံများတွင် ကပ်နေပြီး သွေးကြောများပိတ်ဆို့ခြင်း၊ အဆီပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ် ခြင်းတို့ဖြစ်စေနိုင်သည်။ သွေးတွင်းကိုလက်စထရောပါ ကျဆင်းစေသော ကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံး ထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ကို ကာကွယ် ပေးပြီး လျော့ကျစေသည်။ ထို့ပြင် ဖောလိတ်ဓာတ်ပါဝင်မှုကြောင့် နှလုံး ထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ကိုဖြစ်စေ သည့် အန္တရာယ်ဓာတ်ပစ္စည်း ဟိုမိုဆိုက် စတင်း (Homocysteine) ကို ဟန့်တားပေး နိုင်ပြီး မဂ္ဂနီဆီယမ် (Mg) ကြောင့် သွေး ဖိအားကိုကျစေကာ နှလုံးရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်သဖြင့် နှလုံး ကျန်းမာလိုသူများ ကန်စွန်းရွက်ကို ပုံမှန် စားပေးသင့်သည်။
ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးကိုကောင်းကျိုးပြုသော ကန်စွန်းရွက်
ကန်စွန်းရွက်တွင် ရေဓာတ်ပါဝင်မှုများ သောကြောင့် ဆီးသွားစေရန် အထောက် အကူပြုပြီး ကျောက်ကပ်ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ကူညီပေးသည်။ ကျောက်ကပ်မကျန်းမာခြင်း၊ ဆီးပြဿနာ ရှိခြင်း ခံစားနေရပါက ကန်စွန်းရွက် စားပေးသင့်သည်။
အရေပြားကျန်းမာရေးအတွက် ကောင်းမွန်သော ကန်စွန်းရွက်
ကန်စွန်းရွက်တွင်ပါဝင်သည့် အာဟာရ ဓာတ်များသည် အရေပြားဆဲလ်များ အသစ်ပြန်လည်ဖြစ်ပေါ်ရန် ကူညီပေးပြီး အရေပြားတွင် အမာရွတ်ဖြစ်ပေါ်ခြင်း၊ အနီစက်များဖြစ်ပေါ်ခြင်းကို သက်သာစေ နိုင်သည်။ အင်းဆက်ပိုးမွှားများကိုက်သောကြောင့် အမာရွတ်ကျန်ခြင်းကို သက်သာ စေလိုပါက အနာပေါ် ကန်စွန်းရွက်အေးအေးလေးကပ်ပေးခြင်းဖြင့် အဆင် ပြေသွားနိုင်သည်။
အနည်းငယ်သတိထားရန်လိုသော ကန်စွန်းရွက်
ကျန်းမာရေးအတွက် ကောင်းကျိုး များစွာရရှိစေသော ကန်စွန်းရွက်ကို အများကြီးစားလျှင် ဝမ်းနူးနိုင်သောကြောင့် အလွန်အကျွံ မစားရန်လိုသည်။
ကန်စွန်းရွက်သည် အဆိပ်အတောက် ဖြေရာ၌ အထောက်အကူပြုပေးနိုင်ခြင်း၊ ကန်စွန်းရွက်နှင့်ရေ ရောစပ်ပြီး အအေး ကြပ်ထုပ်ပြုလုပ်၍ ဖျားနာမှုကို ကုသနိုင် ခြင်း၊ ကန်စွန်းရွက်ပြုတ်ရည်ကို သောက် ပေးခြင်းဖြင့် ၀မ်းချုပ်မှုကိုသက်သာစေနိုင်ခြင်း၊ သန်ကောင်ပြန့်ပွားမှုကို ကုသနိုင် ခြင်း၊ အသားဝါရောဂါနှင့် အသည်းရောဂါပြဿနာများကုသနိုင်ခြင်း၊ ကိုယ်၀န်ဆောင်မိခင်များတွင် ဆီးချိုရောဂါကို ကုသနိုင်ခြင်း စသည့်ကောင်းကျိုးများရရှိ နိုင်ပြီး ကန်စွန်းဖူးကို ပွေး၊ သဲဝဲ စသည့် အနာများအတွက် အနာအုံဆေးအဖြစ် အသုံးပြုနိုင်သည်။ ဤကဲ့သို့ ဆေးဖက်ဝင်ပြီး ဈေးနှုန်းချိုသာ၍ နေရာတိုင်း၌ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည့် ကန်စွန်းရွက်ကို ကျန်းမာလိုသူတိုင်း သင့်တင့်မျှတစွာ စားသုံးပေးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

အင်္ဂလိပ်အမည် Bael Fruit Tree ဟုခေါ်သော ဥသျှစ်ပင်သည် ရှောက်မျိုး ရင်း (Rutaceae) ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ဥသျှစ်ပင်များကို တွေ့ရ တတ်ပြီး အပူပိုင်းဒေသ၌ အများဆုံးပေါက်သည်။
အပင်လတ်မျိုးဖြစ်ပြီး ပျမ်းမျှပေ ၃ဝ မှ ပေ ၄ဝ အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးသန်မာသည်။ အခေါက်ကြမ်းပြီး ညိုဖျော့ဖျော့အရောင်ရှိသည်။ ဥသျှစ်သားသည် ဖြူရော်ရော်အဆင်းရှိ၍ မာသည်။ အပွေးများ အစင်းလိုက်ရှိသည်။ ပျမ်းမျှတစ်လက်မခန့်ရှည်သော ဆူးချွန်များ အလှည့်ကျထွက်သည်။
ရွက်လွှဲထွက်၍ သုံးရွက်မြွှာပေါင်းဖြစ် သည်။ ရွက်မြွှာများ ဘဲဥပုံရှည်မျောမျော ဖြစ်၍ အရင်းအနည်းငယ်သွယ်ဝိုက် ပြီး အဖျားချွန်သည်။ အလယ်အရွက် အကြီးဆုံးဖြစ်သည်။ ရွက်ပြားချောပြီး အနားပတ်လည် အဝိုက်ငယ်ကလေးများ ရှိသည်။ အနံ့သင်းသည်။ ကဆုန်၊ နယုန် လများတွင် အပွင့်ပွင့်သည်။ အပွင့်ကြီး ပြီး အဖြူရောင်ရှိကာ ရနံ့မွှေးသည်။ မတ်လမှ မေလအတွင်း အသီးသီးလေ့ ရှိသည်။ ဥသျှစ်သီးသည် စိမ်းဝါရောင်ရှိ၍ အချင်းအားဖြင့် ၄ လက်မမှ ၆ လက်မအထိရှိသည်။ အခွံမှာချော မွတ်မာကျောသည်။ ဥသျှစ်သီးမှည့် အနှစ်သားမှ အစေ့၊ အမျှင်နှင့်အစေးတို့ကို ဖယ်၍ အသားသက်သက်ကိုသာ စား လေ့ရှိသည်။
ဥသျှစ်သီးကို နည်းမျိုးစုံဖြင့် စားသုံးနိုင် သည်။
- ဥသျှစ်သီးမှည့်ကိုခွဲပြီး အထဲမှအနှစ်များကို ဇွန်းဖြင့်ခြစ်ယူပါ။ ရေအေးအေး ထဲသို့ အနှစ်များကိုထည့်ပြီးဖျော်ပါ။ (အစေ့များအား ဖယ်ထုတ်ပစ်ပါ၊ အစေ့ ပါလျှင်ခါးတတ်သည်) မိမိနှစ်သက်သလို ထန်းလျက် သို့မဟုတ် သကြားအနည်း ငယ်ထည့်ပြီး ဖျော်ရည်အဖြစ်သောက် သုံးနိုင်သည်။
- ဥသျှစ်သီးအစိမ်းကို အကွင်းလိုက် လှီးပြီးနေလှန်းထားပါ။ အဆိုပါအခြောက် ကွင်းကို မီးအနည်းငယ်ပြပြီး ရေနွေးထဲ တွင်ခတ်သောက်ပါက ရင်အေးစေပြီး အစာကြေညက်စေသည်။
ဥသျှစ်သီး၏ဆေးဖက်၀င်ပုံ
မြန်မာဆေးကျမ်းများအလိုအရ ဥသျှစ်သီးမှည့်သည်ချိုသည်၊ ပူသည်၊ အနည်း ငယ်စပ်ရှိန်း၍ သလိပ်ကိုယုတ်လျော့စေသည်။ သွေးကိုပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာနှင့်အပူကို နိုင်သည်။ ဝမ်းကိုရွှင်စေသည်။ အဖျားကို နှိမ်နင်းနိုင်သည်ဟု ဆိုသည်။
- ဥသျှစ်သီးသည် မြန်မာ့ဆေးဖက်ဝင် အသီးအနှံများထဲတွင် အပူငြိမ်းစေသည့် ဘုရင်ဟုတင်စားနိုင်သည်။ ဥသျှစ်သီးတွင် အေးမြသည့် ဂုဏ်သတ္တိရှိသောကြောင့် နေပူထဲမှပြန်လာသည့်အခါ သို့မဟုတ် ခန္ဓာကိုယ်အပူကြီးနေသည့်အခါ သောက်သုံးပေးလျှင် ချက်ချင်းလန်းဆန်းစေ သည်။
- ဥသျှစ်သီးအမှည့်ကို ထန်းလျက် ရည်နှင့်စိမ်ပြီး ဖျော်ရည်အဖြစ်သောက် နိုင်သည်။နံနက်စာမစားမီနှင့်ညစာမစားမီ ဥသျှစ်သီးဖျော်ရည် ပုံမှန်သောက်ပေးခြင်းက ကိုယ်တွင်း အပူငြိမ်း စေမည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
- ခန္ဓာကိုယ်တွင်း အပူများသဖြင့် လျှာနှင့်ခံတွင်းတွင်အနာဖြစ်လျှင် ဥသျှစ်သီးကို ပျားရည်နှင့် ဖျော်သောက်ပါက ကိုယ်တွင်းအပူငြိမ်းစေနိုင်သည်။
- ဥသျှစ်သီးတွင် ဗီတာမင်နှင့်သတ္တု ဓာတ်များစွာကြွယ်ဝသဖြင့် ရောဂါ တော်တော်များများကို သက်သာစေသည်။
- ဥသျှစ်သီးမှည့်ကို ထန်းလျက်နှင့် ရောစားပါက သွေးဝမ်းသွားခြင်းကို သက်သာ ပျောက်ကင်း စေသည်။
- ဥသျှစ်သီးအစိမ်း အတွင်းသားကို သကြားနှင့်ရောစားပါက ဝမ်းအလွန်သွား ခြင်းနှင့်အစာမကြေဝမ်းသွားခြင်းများ ပျောက်ကင်းစေသည်။ ထို့ပြင် ဥသျှစ်သီး စိမ်းကိုလည်း ဝမ်းဗိုက်ရောဂါများအတွက် ချက်ဆေးအဖြစ် ဖော်စပ်ကြသည်။
-ဥသျှစ်သီးမှည့်အနှစ်ကိုကြိတ်၍ ဆန်ဆေးရည်နှင့်သောက်သော် ကိုယ်ဝန်ဆောင်များ အော့အန်ခြင်း ကို ပျောက်ကင်း စေသည်။
- ဥသျှစ်သီးအကင်းနှင့် ချင်းခြောက် ထောင်း၍ကျိုသောက်ပါက ဆီးလွန်ရောဂါ ပျောက်ကင်းစေသည်။
- ဥသျှစ်သီးမှည့်ဖျော်ရည်နှင့် နွားနို့ ရောသောက်ခြင်းဖြင့် သွားဖုံးမှသွေးယို ခြင်း၊ အဖုအပိမ့်ထခြင်း၊ နာကျင်ကိုက်ခဲ ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။
- ဥသျှစ်သီးကို ပုံမှန်စားသုံးပေးပါက နှလုံးရောဂါအမျိုးမျိုးမှ ကြိုတင်ကာကွယ် နိုင်ပြီး ရုတ်တရက် နှလုံးရပ်၍ လေဖြတ် ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
- ဥသျှစ်သီးသည် သွေးတွင်းသကြား ဓာတ်ကို ၅၄ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်၍ ဆီးချို၊ သွေးချိုရောဂါများအတွက် ဆေးဖက်၀င်သည်။ ထို့ပြင် ဥသျှစ်သီးက ပန်ကရိယကိုလှုံ့ဆော်ပေးပြီး အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်သောကြောင့် သွေးတွင်းသကြား ဓာတ်ကို အထိရောက်ဆုံး ထိန်းချုပ်နိုင် သည်။
- ဥသျှစ်သီး၏ ဓာတ်တိုးဆန့်ကျင်အာနိ သင်များက အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်အနာရှိသူများအတွက် အထူးသင့်လျော်သည်။ထို့ပြင် ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာများကို လျော့ပါး သက်သာစေသည်။
- ကိုယ်တွင်းကိုယ်ပ၌ ဗက်တီးရီးယားနှင့် မှိုပိုးတို့ကြောင့် ဖြစ်လာနိုင်သောရောဂါ များကို အထိရောက်ဆုံးကာကွယ်ပေး သည်။
- ဥသျှစ်သီးအရည်က ဝမ်းမှန်စေရုံ မျှမက ဝမ်းပျက်၊ ၀မ်းလျှော၊ ဝမ်းကိုက်ခြင်း တို့ကိုပါ သက်သာ စေနိုင်သည်။
- ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သဘာဝဝမ်းနုတ်ဆေးအဖြစ် အသုံးပြု နိုင်သည်။ အူသိမ်၊ အူမများနှင့် အစာခြေ လမ်းကြောင်းကို သန့်စင်ပေးနိုင်သည်။ ဗိုက်အောင့်၊ ဗိုက်နာရောဂါတို့ကိုလည်း သက်သာစေနိုင်သည်။
- ဥသျှစ်သီးကိုငရုတ်ကောင်း၊ ဆား တို့နှင့်ရောစပ်ပြီးသောက်သုံးပါက အူတွင်း မှ အဆိပ်အတောက်များကို အထိရောက် ဆုံး ဖယ်ရှားနိုင်သည်။
- ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နှင့်ဖျော်ပြီးတစ်နေ့နှစ်ကြိမ် သောက်ပါက အဖုအပိမ့်များကို သက်သာ စေသည်။
- နို့တိုက်မိခင်များ ဥသျှစ်သီးကို ချင်း နှင့် ဖျော်သောက်ပါက နို့ထွက်အားကောင်း စေသည်။
- ဥသျှစ်သီးဖျော်ရည်တစ်ခွက် နေ့စဉ် ပုံမှန်သောက်သုံးပေးပါက ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများမှ ကြိုတင်ကာကွယ်ရာရောက်သည်။
- ဥသျှစ်သီးကို ရေနွေး၊ ပျားရည်တို့ နှင့် ရောစပ်သောက်သုံးခြင်းက သွေးအတွင်း အဆိပ် အတောက်များကို အထိ ရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး သွေးသန့် စေသည်။
- ဥသျှစ်သီးသည် ပန်းနာ၊ ရင်ကျပ်ရောဂါ အပါအဝင် အအေးမိဖျားနာခြင်းနှင့် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက် ရောဂါတို့မှ ကာကွယ်ပေးနိုင်သည်။
ဥသျှစ်ရွက်၏ဆေးဖက်၀င်ပုံ
- ကလေးများ ဝမ်းပျက်ခြင်းနှင့် ချွဲသလိပ်ရောဂါတို့အတွက် ဥသျှစ်ရွက်ပြုတ်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ကျွေးပေးပါက သက်သာစေနိုင်သည်။
- ဥသျှစ်ရွက်ကိုကြိတ်၍ မျက်စိ၌ ကွင်း ပေးပါက မျက်စိနာရောဂါပျောက်ကင်း နိုင်သည်။
- ဥသျှစ်ရွက်ညှစ်ရည်ကို နံနက်၊ည သောက်ပေးပါက ဖျားနာခြင်း၊ မျက်ရည် ပူယိုခြင်း၊ ချောင်းဆိုးခြင်းများ သက်သာ ပျောက်ကင်းစေနိုင်သည်။
- အနာ၊ အဖုအပိမ့်များအတွက် ဥသျှစ် ရွက်လတ်လတ်ဆတ်ဆတ်ကိုကြိတ်၍ အုံပေးပါက နုလျှင်ပိန်ပြီး၊ ရင့်လျှင်ပြည် ပေါက်သည်။
- ကလေးများ သန်ထလျှင်ဥသျှစ် ရွက်ညှစ်ရည်ကို အသက်အရွယ်အလိုက် ချင့်ချိန်၍ တိုက်ပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
- ဥသျှစ်ရွက်ညှစ်ရည်ကို သောက်ခြင်း၊ လိမ်းခြင်းဖြင့် ဖောရောင်ခြင်းကို ပျောက် ကင်းစေနိုင်သည်။ တစ်နေ့နှစ်ကြိမ် သုံးကြိမ်သောက်ပါက လေချဉ်တက်ခြင်း၊ လည်ချောင်းပူခြင်းများ ပျောက်ကင်းစေ နိုင်သည်။
- ဥသျှစ်ရွက်နုကို ကြိတ်၍ရသော အရည်ကို နေ့စဉ်သောက်ပေးပါက ဆီးချို ရောဂါကိုပျောက်ကင်း စေသည်။
- ဥသျှစ်ရွက်နုကို သုပ်စားလျှင် နားမှ သွေးထွက်သောရောဂါသက်သာပျောက် ကင်းစေနိုင်သည်။
အမြစ်၏ဆေးဖက်၀င်ပုံ
- နားအူ၊ နားကိုက်ခြင်းတို့အတွက် ဥသျှစ်ပင်အမြစ်ကို အသုံးပြုလေ့ရှိကြသည်။ တခြားသော နားပြဿနာအမျိုးမျိုး တို့အတွက်ကိုလည်း ဥသျှစ်ပင်အမြစ်ကို အသုံးပြုနိုင်သည်။
- ဥသျှစ်ပင်၏ အမြစ်နှင့်အခေါက် ကိုလည်း အဖျားဖြတ်ဆေးအဖြစ် အသုံး ပြုနိုင်သည်။
ဥသျှစ်သီးက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော်လည်း ကိုယ်ဝန် ဆောင်များနှင့် နို့တိုက် မိခင်များ အလွန် အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။ ဆီးချိုရောဂါရှိသူများအနေဖြင့် သကြား အများအပြားထည့်ပြီး ဖျော်စပ်ခြင်းကို သတိပြုသင့်သည်။
အချုပ်အားဖြင့်ဆိုသော် ဥသျှစ်သီး ဖျော်ရည်သောက်ခြင်း၊ ဥသျှစ်ရွက် ဟင်းချက်စားခြင်းဖြင့် အပူငုပ်ခြင်းကို ပျောက်ကင်းစေသကဲ့သို့ ဥသျှစ်သီးဖျော် ရည်အေးအေးချိုချိုလေး သောက်သုံးခြင်း က စိတ်ကျေနပ်မှု အပြည့်အဝရရှိစေသည်။ သို့ပါ၍ ကိုယ်တွင်းကိုယ်ပအပူငြိမ်းအေး စေရန်အတွက် ဓာတ်စာတစ်မျိုးဖြစ်သည့် ဥသျှစ်သီးမှည့်နှင့် ဥသျှစ်ရွက်တို့ကို စား သုံးသင့်ကြောင်း အကြံပြုရေးသားလိုက် ရပါသည်။ ။

အာဂျင်တီးနားနိုင်ငံ အူဆွားရာ (Ushuaia) ဆိပ်ကမ်းမှ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်တွင် ထွက်ခွာခဲ့သည့် နယ်သာလန်နိုင်ငံအလံ လွှင့်ထူထားသော အမ်ဗွီ ဟွန်ဒီယက်ဇ် (MV Hondius) အပျော်စီးသင်္ဘောခရီးစဉ်တွင် လိုက်ပါလာသည့်ခရီးသည်တချို့၌ ဖျားနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင် လက္ခဏာများ ပေါ်ပေါက်ခံစားရသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါရောဂါလက္ခဏာများသည် ဟန်တာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါလက္ခဏာစု (Hantavirus Pulmonary Syndrome-HPS) နှင့် ဆင်တူသဖြင့် ဓာတ်ခွဲစစ်ဆေးကြည့်ရာ ဟန်တာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါသင်္ဘောပေါ်တွင် မေလ ၈ ရက် အထိ ဟန်တာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားသူ ရှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၇၀ အရွယ် ဒတ်ခ်ျလူမျိုး အမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ဂျာမန်လူမျိုး အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦးသည် ရောဂါ ကြောင့်သေဆုံးခဲ့ကြောင်း သိရသည်။
ဟန်တာဗိုင်းရပ်စ်ပိုးသည် ကြွက်မှတစ်ဆင့် လူတို့ ထံကူးစက်တတ်သောရောဂါပိုးဖြစ်ပြီး သာမန်အား ဖြင့် လူမှလူသို့ ကူးစက်လေ့မရှိသော်လည်း ယခုတွေ့ ရှိရသည့် ဗိုင်းရပ်စ်ပိုးသည် ဟန်တာဗိုင်းရပ်စ်ပိုး၏ လူအချင်းချင်းကူးစက်နိုင်သည့် ရှားပါးမျိုးစိတ် Andes virus (ANDV) ဖြစ်ကြောင်းသိရှိရ၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေး ပညာရှင်များက ရောဂါကူးစက်မှုများနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်ကိုတွေ့ရှိရသည်။
သို့ဖြစ်၍ ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး မိဘပြည်သူများ သိရှိသတိပြုနိုင်ကြစေရန် အောက်ဖော်ပြပါမေးခွန်းနှင့်အဖြေများကို တင်ပြလိုက်ရပါသည်။
မေး ။ ဟန်တာဗိုင်းရပ်စ်ရောဂါဆိုတာဘာလဲ။
ဖြေ ။ ဟန်တာဗိုင်းရပ်စ်ရောဂါသည် ဟန်တာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အဆိုပါဗိုင်းရပ်စ်သည် ကြွက်များ (rodents)တွင် သဘာဝအလျောက်ရှိနေနိုင်ပြီး ကြွက်မှတစ်ဆင့် လူသို့ကူးစက်စေ၍ ပြင်းထန်သော အဆုတ်ရောင်ရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးသည့်ရောဂါများ ဖြစ်ပွားစေနိုင်သည်။
ဟန်တာဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် လူအချင်းချင်း ကူးစက်လေ့မရှိဘဲ ၎င်း၏ရှားပါးမျိုးစိတ် Andes virus (ANDV) အနေဖြင့် လူအချင်းချင်း ကူးစက်နိုင်သည်ကိုတွေ့ရှိရသည်။
မေး ။ ဟန်တာဗိုင်းရပ်စ်သည် လူကို ဘယ်လိုကူးစက်နိုင်သလဲ။
ဖြေ ။ ဟန်တာဗိုင်းရပ်စ်ရောဂါပိုးရှိသော ကြွက်များ၏ မစင်၊ ဆီး သို့မဟုတ် တံတွေးများ ကပ်ငြိနေသည့် အစက်အမှုန်များကို ရှူရှိုက်မိခြင်းနှင့် ထိတွေ့မိခြင်း၊ ဗိုင်းရပ်စ်ပိုးပါရှိသည့် မသန့်ရှင်းသောအစား အစာများကို စားသောက်မိခြင်း၊ ရောဂါပိုးကူးစက်ခံရသူနှင့် အလွန်နီးကပ်ပြီး အချိန်ကြာမြင့်စွာထိတွေ့မှုရှိခြင်းနှင့် ရောဂါပိုးရှိသောအရာဝတ္ထုများကို ကိုင် တွယ်ပြီး ပါးစပ် သို့မဟုတ် နှာခေါင်းကို ကိုင်တွယ် မိခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။
ဟန်တာဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် လူအချင်းချင်း ကူးစက်လေ့မရှိသော်လည်း ယခု အမ်ဗွီဟွန်ဒီ ယက်ဇ် (MV Hondius) အပျော်စီးသင်္ဘောပေါ်တွင် တွေ့ရှိရသည့် Andes virus (ANDV) မျိုးစိတ်သည်လူအချင်းချင်း ကူးစက်နိုင်သည့် ရှားပါးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Andes virus (ANDV) မျိုးစိတ်သည် တောင်အမေရိကတွင် အဓိကတွေ့ရသောမျိုးကွဲဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက် သည့်ဖြစ်စဉ် အနည်းငယ်ရှိခဲ့ဖူးသည်။ သို့ရာတွင် လူအချင်းချင်း ကူးစက်မှုဖြစ်ပွားရန်အတွက် ရောဂါ လက္ခဏာပြနေသော လူနာနှင့် အချိန်ကြာမြင့်စွာ အနီးကပ် ထိတွေ့မှုရှိရန် လိုအပ်ကြောင်း သိရသည်။
မေး ။ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရပါက မည်သည့် ရောဂါလက္ခဏာများကို ခံစားရပါသလဲ။
ဖြေ ။ ဟန်တာဗိုင်းရပ်စ်နှင့်ထိတွေ့ပြီးနောက် ရောဂါ ပျိုးရက်အနေဖြင့် အများအားဖြင့် ရက်သတ္တပတ်မှ ခြောက်ပတ်အတွင်းတွင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက် လာတတ်သည်။ အစောပိုင်း လက္ခဏာများအနေဖြင့် တုပ်ကွေး ရောဂါလက္ခဏာများကဲ့သို့ ဖျားခြင်း၊ မောပန်းနွမ်း နယ်ခြင်း၊ ကြွက်သားများ ပြင်းထန်စွာ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန် ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဗိုက်နာခြင်း စသည့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်တတ်သည်။
ယင်းနောက် ဆက်လက်၍ လေးရက်မှ ၁၀ ရက်ခန့် အကြာတွင် ရောဂါလက္ခဏာများ လျင်မြန်စွာဆိုးရွား လာတတ်ပြီး အဆုတ်ရောင်ရောဂါလက္ခဏာများ နှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်းနှင့် အဆုတ်ရောင်၍ ရင်ဘတ်အောင့် ခြင်းတို့ ဖြစ်ပွားလာနိုင်သည်။ ထို့ပြင် ကျောက်ကပ် ထိခိုက်ခြင်းနှင့် သွေးလန့်ခြင်းလက္ခဏာများဖြစ်သည့် သွေးပေါင်ကျခြင်း၊ သွေးယိုစိမ့်ခြင်း၊ သွေးလန့်ခြင်း၊ ဆီးနည်းခြင်း၊ ကျောက်ကပ်အလုပ်မလုပ်တော့၍ ဆီးမထွက်တော့ခြင်း စသည့်ပြင်းထန်ရောဂါ လက္ခဏာများကို ခံစားရနိုင်ပြီး ရောဂါပြင်းထန်စွာခံစားရပါက ရောဂါကြောင့်သေဆုံးမှုနှုန်းမှာ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိရှိနိုင်သည်။
မေး ။ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရပါက ကုသ ပျောက်ကင်းနိုင်ပါသလား။
ဖြေ ။ လက်ရှိအချိန်ထိ ဟန်တာဗိုင်းရပ်စ်ရောဂါ အတွက် ခွင့်ပြုထားသော သီးသန့်ကုသဆေး၊ ကာ ကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်သတ်ဆေး (antiviral) မရှိသေးသော်လည်း စောစီးစွာ အချိန်မီကုသမှုခံယူ ခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှုနှင့် သေဆုံးမှုတို့ ကို လျှော့ချပေးနိုင်သည်။
မေး ။ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုကို ဘယ်လို ကာကွယ်နိုင်မလဲ။
ဖြေ ။ ဟန်တာဗိုင်းရပ်စ်ကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကြွက်များ၊ ၎င်းတို့၏ အညစ်အကြေး များနှင့်ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ရှားရန် ဖြစ်သည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် ကြွက်များနေထိုင်ခြင်း၊ ပေါက်ပွားခြင်းမပြုနိုင်ရန်နှင့် မိမိ နေထိုင်ရာအိမ်အတွင်း ကြွက်များ မဝင်ရောက်နိုင်ရန် အဓိကအလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါအချက်တို့ကို သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည် –
(က)ပတ်ဝန်းကျင်သန့်ရှင်းရေးသတိပြုဆောင်ရွက် ပါ – အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ။ အစားအစာအကြွင်းအကျန်များကို စနစ်တကျစွန့်ပစ်ခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းတို့ဖြင့် အိမ်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားပါ။ အစားအစာနှင့် ရေများကို လုံခြုံစွာဖုံးအုပ်ထားပါ။
(ခ) ကြွက်ဝင်ပေါက်များကို ပိတ်ဆို့ထားပါ – အိမ်၊ ကားဂိုဒေါင်၊ စပါးကျီနှင့် သိုလှောင်ရုံများ သို့မဟုတ် လုပ်ငန်းခွင်နေရာများသို့ ကြွက်များဝင်ရောက်နိုင်သည့်အပေါက်များကို လုံခြုံအောင်ပိတ်ဆို့ ထားပါ။
(ဂ) လုံခြုံစွာ သန့်ရှင်းရေးဆောင်ရွက်ပါ – ကြွက်ချေး၊ ဆီး စသည့်ကြွက်၏အညစ်အကြေးများ သို့မဟုတ် ကြွက်သိုက်များကို ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှည်းခြင်းတို့ ပြုလုပ်ရာတွင် ဗိုင်းရပ်စ်ပိုးများကို လေထဲသို့ လွင့်ပျံမသွားစေရန် စိုစွတ်စေသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရမည်။ အညစ်အကြေးများရှိသည့် နေရာကို ပိုးသတ်ဆေး (ဥပမာ - ကလိုရင်းအရည်/ချွတ်ဆေးရည်နှင့် ရေရောစပ်ထားသောအရည်) သို့မဟုတ် အရက်ပြန်ဖြင့် သေချာစွာ စိုရွှဲနေအောင်ဖျန်းပြီးမှ သတိပြု၍ သုတ်သင်ဖယ်ရှားပါ။ ကြွက်များရှိနေနိုင်သည့် နေရာများကို သန့်ရှင်းရေးလုပ်ရာတွင် ရော်ဘာလက်အိတ်များနှင့် မျက်နှာနှင့် အံဝင်ခွင်ကျဖြစ်သော ပါးစပ်နှင့်နှာခေါင်းစည်း (ဥပမာ-N95 Mask) ကို စနစ်တကျတပ်ဆင်ပါ၊ သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စင်ကြယ်စွာ စနစ်တကျဆေးကြောပါ။
မေး ။ မြန်မာနိုင်ငံတွင် ဟန်တာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိသလား။
ဖြေ ။ ဟန်တာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ရောဂါ နှင့်မတူဘဲ လူမှလူသို့ တိုက်ရိုက်အလွယ်တကူမကူး စက်နိုင်ခြင်း၊ အချိန်ကြာကြာ နီးကပ်စွာထိတွေ့မှု ရှိမှသာ ကူးစက်နိုင်ကြောင်း အထောက်အထားများရှိခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ပြည်သူ လူထုအတွင်း ဆက်လက်ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါး ကြောင်း တွေ့ရှိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု နှင့် ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးပြီး ၂၀၂၅ ခုနှစ် အတွင်း အမေရိကတိုက်ရှိ နိုင်ငံရှစ်နိုင်ငံ စုစုပေါင်း တွင် လူနာ ၂၂၉ ဦးနှင့် သေဆုံးသူ ၅၉ ဦးရှိခဲ့ကြောင်း သိရပြီး အရှေ့အာရှဒေသတွင်မူ လွန်ခဲ့သည့်နှစ်များ အတွင်း ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်များအရလက်ရှိအချိန်အထိ ဟန်တာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူတစ်ဦး မှတစ်ဦးသို့ ကူးစက်နိုင်ခြေနည်းပါးသည့်အဆင့် (low risk) အဖြစ်သာ သတ်မှတ်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဟန်တာ ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့်ချိတ်ဆက်၍ လတ်တလောရောဂါကူးစက် ဖြစ်ပွားမှုအခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်ဝင်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာသင်္ဘောများ ဝင်/ထွက်မှုရှိသော ရန်ကုန်ဆိပ်ကမ်းတွင် ပြည်ပပင်လယ်ကူးသင်္ဘောများကို ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု ပင်လယ်ကူးသင်္ဘောများ ကူးစက်ရောဂါကင်းရှင်း ကြောင်းနှင့် သန့်ရှင်းမှုရှိကြောင်း စစ်ဆေးခြင်း လက်မှတ်ထုတ်ပေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက် ရှိပါသည်။
လတ်တလောအနေဖြင့် နိုင်ငံတကာအပျော်စီး သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကိုယ်အပူချိန်နှင့် ကူးစက်ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်နှင့်အညီ ရောဂါရှာဖွေစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သတင်းပို့ခြင်း၊ ကုသမှုပေးခြင်း၊ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့် သင်္ဘောပေါ်တွင် ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲခြင်း လုပ်ငန်းများကို သင်္ဘောလုပ်ငန်း ဆောင်ရွက်သူများနှင့် နီးကပ်စွာပူးပေါင်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။
ရောဂါသံသယရှိသူများ ပေါ်ပေါက်လာပါကလည်း ဆေးကုသရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ပြည်သူ့ဆေးရုံများတွင် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။ သို့ဖြစ်၍ လက်ရှိအချိန်တွင် ဟန်တာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် ကြွက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန်အတွက် ပတ်ဝန်း ကျင်သန့်ရှင်းရေး လုပ်ငန်းများနှင့် ကြွက်နှိမ်နင်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး ဟန်တာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ အထူးစိုးရိမ်ကြောင့်ကြရန် မလိုအပ် ကြောင်း တင်ပြလိုက်ရပါသည်။