ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သွားကျန်းမာရေးနှင့်ဆက်နွှယ်သော နှလုံးကျန်းမာရေး
-
သွားကျန်းမာရေးသည် တောက်ပသော အပြုံးတစ်ခုအတွက်သာမက နှလုံးကျန်းမာရေးအပါအဝင် အလုံးစုံကျန်းမာရေး ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။ အများအားဖြင့် အသက် ၆၅ နှစ်ကျော်သူများ၏ သုံးပုံနှစ်ပုံခန့်တွင် သွားဖုံးရောဂါရှိတတ်ကြသည်။ သုတေသနပြုချက်များအရ သွားဖုံးရောဂါရှိသူများသည် သွားကျန်းမာရေး ကောင်းမွန်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း သိရသည်။ ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဆက်စပ်မှုကို ကာလကြာရှည်စွာသတိပြုမိခဲ့ကြရာ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များစားသောက်ခြင်း၊ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာစောင့်ရှောက်မှုများကို လက် လှမ်းမမီခြင်းအပါအဝင် တခြားအန္တရာယ်ရှိသော အချက်များကြောင့် လည်း ဖြစ်နိုင်သည်။ပါးစပ်နှင့်နှလုံးသားဆက်သွယ်မှု ပါးစပ်အတွင်းရှိ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတချို့သည် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကိုမြင့်တက်စေနိုင်သည်။ တိုးတက်လာသော သုတေသနအထောက်အထားများအရ ဗက်တီးရီးယားနှင့် ရောင်ရမ်းမှု တို့သည် ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဆက်စပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ညွှန်ပြနေသည်။သွားများတစ်ဝိုက်တွင် ဗက်တီးရီးယားများနှင့် အစားအစာများကပ်ငြိနေသော သွားချေးအလွှာများ စုပုံလာသောအခါတွင် သွားဖုံးရောင်ရမ်းခြင်းနှင့် သွားမြစ်ခြေရောင်ခြင်းကိုဖြစ်စေသည်။ သွားဖုံးများနီရဲပြီး အလွယ်တကူသွေးထွက်နိုင်သည်။ မကုသဘဲထားပါက သွားဖုံးရောဂါသည် ပိုဆိုးလာပြီး သွားများယိုင်နဲ့ခြင်းနှင့် ကျွတ်ထွက်ခြင်းဖြစ်စေကာ သွားများဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သွားများနှင့်သွားဖုံးများကို ပုံမှန်ဂရုစိုက်ခြင်းနှင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် နှလုံးသွေးကြောကျန်းမာရေးနှင့် အလုံးစုံ ကျန်းမာရေးကို ကာကွယ်ရာရောက်သည်။ဟားဗတ်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာTien Jiang က ပါးစပ်သည် ခန္ဓာကိုယ်၏ တံခါးပေါက်တစ်ခုဖြစ်သောကြောင့် ခံတွင်း ကျန်းမာရေးသည် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို အပြန်အလှန် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ခံတွင်းကျန်းမာရေး မကောင်းခြင်း၊ အထူးသဖြင့် သွားဖုံးရောဂါသည် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာတိုးစေသည်။ သွားဖုံးပိုးဝင်ခြင်းမှ ဗက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေကာ သွေးလွှတ်ကြောအလွှာတွင် အဆီနှင့်သွေးခဲများ စုပုံလာစေသောကြောင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်သည်။ နှလုံး နှင့် သွေးလွှတ်ကြောများကို ထိခိုက်စေနိုင်သောကြောင့် နှလုံးသွေးကြော ပိတ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။ရာနှင့်ချီသောဗက်တီးရီးယား အမျိုးအစားများသည် ပါးစပ်ထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိသည်။ တချို့သောသကြားများသည် သွားများ၏ အပြင်ဘက်အလွှာကို ပြိုကွဲစေသောအက်စစ်များ ထုတ် လွှတ်ကာ သွားတွင်အပေါက်များဖြစ်စေသည်။ တချို့ဗက်တီးရီးယား အမျိုးအစားများသည် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်းဖြင့် မဖယ်ရှားနိုင်ပါက မာကျောသောကျောက်အဖြစ် ခိုင်မာသွားပြီး သွားနှင့် ခံတွင်းကျွမ်းကျင်သူများ၏အကူအညီဖြင့်သာလျှင် ဖယ်ရှားနိုင်သည်။သွားဆရာဝန်များနှင့် နှလုံးအထူးကုဆရာဝန်များသည် ခံတွင်းရောဂါ လက္ခဏာများမှတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာများကို စောစီးစွာသိရှိနိုင်ရန် သုတေသနပြုခဲ့ကြပြီး နှလုံးကျန်းမာရေးကို ကာကွယ်ရန် သွားဖုံးပြဿနာများကို စောစီးစွာသိရှိခြင်းနှင့် ကုသခြင်း ၏အရေးကြီးမှုကို အလေးပေးဖော်ပြထားသည်။ ထို့ကြောင့် ပုံမှန်သွား တိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းနှင့် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း များသည် သွားဖုံးရောဂါမဖြစ်အောင် ကူညီပေးနိုင်ပြီး တစ်သက်တာ ကျန်းမာစေကြောင်း တွေ့ရှိရသည်။သွားဖုံးသွေးယိုခြင်း သွားဖုံးသွေးယိုခြင်းသည် အများအားဖြင့် သွားဖုံးရောင်ခြင်း သို့မဟုတ် သွားမြစ်ခြေရောင်ခြင်း စသည့်ဗက်တီးရီးယား ပိုးမွှားများစုပုံခြင်းကြောင့် ဖြစ်သော သွားဖုံးရောဂါ ပုံစံနှစ်မျိုးစလုံးကြောင့်ဖြစ်တတ်သည်။ သွားဖုံး ရှိ ဗက်တီးရီးယားများက သွားဖုံးများကို ရောင်ရမ်းစေပြီး အထူးသဖြင့် သွားတိုက်သောအခါ သို့မဟုတ် သွားပွတ်ကြိုးတိုက်သောအခါ သွေးထွက် စေသည်။ မကုသဘဲထားပါက ရောင်ရမ်းမှုသည် ပိုမိုပြင်းထန်သော သွားဖုံးရောဂါဖြစ်နိုင်ပြီး သွားများဆုံးရှုံးနိုင်သည်။ ဗက်တီးရီးယားများ သည် သွေးကြောထဲသို့စိမ့်ဝင်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေသောကြောင့် သွေးကြောအတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။ နှလုံးရောဂါ အတွက် အဓိကအန္တရာယ်ဖြစ်စေသောအချက်ဖြစ်သည့် သွေးကြောများ အတွင်း အဆီများစုပုံခြင်း (Atherosclerosis) ကို ဖြစ်စေနိုင်သည်။သွားဖုံးသွေးယိုခြင်းသည် ခံတွင်းသန့်ရှင်းရေးနှင့် သွားဖုံးရောဂါများ အပြင် ဗီတာမင်ချို့တဲ့မှုများ (အထူးသဖြင့် ဗီတာမင်-C နှင့် K)၊ ဟော်မုန်း အပြောင်းအလဲများ (ဥပမာ-ကိုယ်ဝန်)၊ သွေးချိုဆီးချိုရောဂါ၊ သွေးခဲမှုပုံမမှန်ခြင်းနှင့် သွေးကျဲဆေးများကဲ့သို့သော ဆေးဝါးများ၏ သက်ရောက် မှုများကြောင့်ဖြစ်နိုင်သည်။ အလွန်အကျွံ သွားတိုက်မိခြင်းနှင့် သင့်လျော် မှုမရှိသောသွားတုများ တပ်ဆင်ခြင်းသည်လည်း သွားဖုံးသွေးယိုခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားဖုံးများ မကြာခဏသွေးထွက်နေခြင်း ကို လျစ်လျူမရှုသင့်ဘဲ နှစ်ပတ်ထက်ပိုကြာပါက သွားဆရာဝန်ထံပြသ သင့်သည်။သွားဖုံးများရောင်ရမ်းခြင်း သွားဖုံးရောင်ခြင်းသည် ဗက်တီးရီးယားများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသော သွားဖုံးရောဂါကို ခန္ဓာကိုယ်က တိုက်ဖျက်နေကြောင်း အချက်ပြခြင်းဖြစ်နိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ခံတွင်းဗက်တီး ရီးယားများကို ခုခံကာကွယ်နေသောအခါ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ရောင်ရမ်းမှု အမှတ်အသားများကို ထုတ်လွှတ်သည်။ အချိန်ကြာလာ သည်နှင့်အမျှ ရောင်ရမ်းမှုအမှတ်အသားများသည် နှလုံးတစ်သျှူးများနှင့် သွေးကြောနံရံများကို ပျက်စီးစေပြီး နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကိုဖြစ်ပေါ်စေသည်။ သွားဖုံးရောင်ရမ်းသော လူနာများတွင် နှလုံးရောဂါဖြစ်နိုင် ခြေကိုညွှန်ပြသော ဇီဝအမှတ်အသားတစ်ခုဖြစ်သည့် C-reactive pro-tein (CRP) ပမာဏကို မြင့်မားစေကြောင်း သုတေသနပြုတွေ့ရှိခဲ့သည်။ထို့ကြောင့် သွားဖုံးများရောင်ရမ်းခြင်းသည် နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်၏ သိမ်မွေ့သော သတိပေးချက်ဖြစ်နိုင်သည်။ သွားဖုံးကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းသည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ သွားဖုံးရောင်ခြင်းကို ကုသခြင်းနှင့်ကာကွယ်ခြင်းသည် ဗက်တီးရီးယားများ ပြန့်ပွားမှုနှင့် သွေး ကြောများရောင်ရမ်းမှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။သွားများလျော့ရဲခြင်းနှင့် သွေးလွှတ်ကြောများ အားနည်းခြင်း သွားများကျွတ်ထွက်ခြင်းသည် ရောဂါပိုးဝင်ခြင်းမှ သွားတစ်ဝိုက်ရှိ အထောက်အကူပြု တစ်သျှူးများဆုံးရှုံးခြင်းနှင့် သွေးကြောများအတွင်း အဆီများစုပုံခြင်းကြောင့် သွေးကြောနံရံများ အားနည်းလာသောအခါ ခံတွင်းဖွဲ့စည်းပုံများနှင့် နှလုံးသွေးကြောကျန်းမာရေးနှစ်ခုစလုံးကို ထိခိုက်စေသည့် နာတာရှည်ရောင်ရမ်းမှုကို ညွှန်ပြလေ့ရှိသည်။ ရောဂါ ပိုးရှိသောသွားဖုံးမှ ဗက်တီးရီးယားများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး သွေးလွှတ်ကြောပျက်စီးမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုတိုးမြင့်လာစေကြောင်း လေ့လာမှုများကဖော်ပြသည်။ သွေးကြောများနှင့် နှလုံးတစ်သျှူးများတွင် ရောင်ရမ်းမှုကိုဖြစ်စေသည့် ကိုယ်ခံအားတုံ့ပြန် မှုများကိုဖြစ်ပေါ်စေကာ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကို တိုးပွားစေသည်။ နာတာရှည်သွားဖုံးရောင်ခြင်းနှင့် ပိုးဝင်ခြင်းသည် နှလုံးကျန်းမာရေးကိုထိခိုက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဟားဗတ်ကျန်းမာရေး ဆန်းစစ်ချက်တစ်ခုအရ သွားဖုံးရောဂါကြောင့် သွားများဆုံးရှုံးသူများသည် နှလုံးအမောဖောက်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့သည်။ခံတွင်းနံ့ဆိုးခြင်း တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်နေသော်လည်း နာတာရှည်ခံတွင်း နံ့ဆိုးခြင်းသည် သွားဖုံးပိုးဝင်ခြင်းအတွက် သတိပေးချက်ဖြစ်နိုင်သည်။ ခံတွင်းနံ့ဆိုးခြင်းသည် အန္တရာယ်မရှိဟု ထင်ရသော်လည်း နာတာရှည် ခံတွင်းနံ့ဆိုးခြင်းသည် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတစ်ခုထက်မက ဖြစ်နိုင်သည်။ ရောဂါပိုးများသည် သွားဖုံးများကို နာကျင်စေရုံမျှမက သွေးကြောများအတွင်းသို့ ဝင်ရောက်ကာ သွေးကြောနံရံများကို ပျက်စီးစေနိုင်သည်။ ဆာလဖာထုတ်လုပ်သည့် ဗက်တီးရီးယားများကို နှလုံးသွေးကြောအတွင်းရှိ Plaque များတွင် မကြာခဏတွေ့ရှိရသည်။ ခံတွင်း နံ့ထွက်နေခြင်းသည် နှလုံးနှင့်သွေးကြောကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ခံတွင်းပိုးဝင်ခြင်းကြောင့် ပြင်းထန်သောရောင်ရမ်းမှု ဖြစ်စေသည့် သတိပေးချက်ဖြစ်နိုင်သည်။ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းထားခြင်းသည် ရောင်ရမ်းခြင်းနှင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သော ဗက်တီးရီးယားများ ပျံ့နှံ့မှုကိုတားဆီးပေးသောကြောင့် အမှန်တကယ်နှလုံး ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ခံတွင်းနံ့ဆိုးစေသော သွားဖုံးရောဂါ ရှိသူများသည် သွေးလွှတ်ကြောများမာကျောခြင်း၊ သွေးခဲခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များအပါအဝင် သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေ နှစ်ဆနီးပါးဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ခံတွင်း သန့်ရှင်းရေးကို ကောင်းမွန်စွာထိန်းသိမ်းခြင်းနှင့် သွားဖုံးပိုးဝင်ခြင်းအတွက် စောစီးစွာကုသမှုခံယူခြင်းသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေရုံသာမက ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အကျိုးဆက်များကို လျှော့ချပေးသည်။အချုပ်အားဖြင့်ဆိုရသော် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း၊ သွားဖုံး မှသွေးထွက်ခြင်းနှင့် သွားဖုံးများလျော့ရဲခြင်းအတွက် စောစီးစွာကုသမှု ခံယူခြင်း၊ သွေးချိုဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းသည် သွားဖုံးမှအစပြုသည့် နှလုံးသွေးကြောစနစ်ရောင်ရမ်းခြင်း အန္တရာယ်ကို လျှော့ချပေးပြီး သွေးလွှတ်ကြော များပျက်စီးမှု၊ သွေးခဲဖွဲ့စည်းမှုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး သုတမျှဝေရေးသားလိုက်ရပါသည်။MWD

    သွားကျန်းမာရေးသည် တောက်ပသော အပြုံးတစ်ခုအတွက်သာမက နှလုံးကျန်းမာရေးအပါအဝင်   အလုံးစုံကျန်းမာရေး ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။ အများအားဖြင့် အသက် ၆၅ နှစ်ကျော်သူများ၏ သုံးပုံနှစ်ပုံခန့်တွင် သွားဖုံးရောဂါရှိတတ်ကြသည်။ သုတေသနပြုချက်များအရ သွားဖုံးရောဂါရှိသူများသည် သွားကျန်းမာရေး ကောင်းမွန်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း သိရသည်။ ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဆက်စပ်မှုကို ကာလကြာရှည်စွာသတိပြုမိခဲ့ကြရာ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များစားသောက်ခြင်း၊ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာစောင့်ရှောက်မှုများကို လက် လှမ်းမမီခြင်းအပါအဝင်  တခြားအန္တရာယ်ရှိသော အချက်များကြောင့် လည်း ဖြစ်နိုင်သည်။

ပါးစပ်နှင့်နှလုံးသားဆက်သွယ်မှု

     ပါးစပ်အတွင်းရှိ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတချို့သည်  နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကိုမြင့်တက်စေနိုင်သည်။ တိုးတက်လာသော သုတေသနအထောက်အထားများအရ ဗက်တီးရီးယားနှင့် ရောင်ရမ်းမှု တို့သည် ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဆက်စပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း  ညွှန်ပြနေသည်။

သွားများတစ်ဝိုက်တွင် ဗက်တီးရီးယားများနှင့် အစားအစာများကပ်ငြိနေသော သွားချေးအလွှာများ စုပုံလာသောအခါတွင် သွားဖုံးရောင်ရမ်းခြင်းနှင့်  သွားမြစ်ခြေရောင်ခြင်းကိုဖြစ်စေသည်။  သွားဖုံးများနီရဲပြီး အလွယ်တကူသွေးထွက်နိုင်သည်။ မကုသဘဲထားပါက သွားဖုံးရောဂါသည် ပိုဆိုးလာပြီး  သွားများယိုင်နဲ့ခြင်းနှင့်  ကျွတ်ထွက်ခြင်းဖြစ်စေကာ သွားများဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သွားများနှင့်သွားဖုံးများကို ပုံမှန်ဂရုစိုက်ခြင်းနှင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်    နှလုံးသွေးကြောကျန်းမာရေးနှင့်   အလုံးစုံ ကျန်းမာရေးကို ကာကွယ်ရာရောက်သည်။

ဟားဗတ်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာTien Jiang က ပါးစပ်သည် ခန္ဓာကိုယ်၏ တံခါးပေါက်တစ်ခုဖြစ်သောကြောင့် ခံတွင်း ကျန်းမာရေးသည်  ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို  အပြန်အလှန် သက်ရောက်မှုရှိနိုင်ကြောင်း  ပြောကြားခဲ့သည်။  ခံတွင်းကျန်းမာရေး မကောင်းခြင်း၊ အထူးသဖြင့် သွားဖုံးရောဂါသည် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာတိုးစေသည်။ သွားဖုံးပိုးဝင်ခြင်းမှ   ဗက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေကာ သွေးလွှတ်ကြောအလွှာတွင် အဆီနှင့်သွေးခဲများ စုပုံလာစေသောကြောင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်သည်။ နှလုံး နှင့် သွေးလွှတ်ကြောများကို ထိခိုက်စေနိုင်သောကြောင့် နှလုံးသွေးကြော ပိတ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။

ရာနှင့်ချီသောဗက်တီးရီးယား အမျိုးအစားများသည် ပါးစပ်ထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိသည်။  တချို့သောသကြားများသည် သွားများ၏ အပြင်ဘက်အလွှာကို    ပြိုကွဲစေသောအက်စစ်များ  ထုတ် လွှတ်ကာ သွားတွင်အပေါက်များဖြစ်စေသည်။ တချို့ဗက်တီးရီးယား အမျိုးအစားများသည် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်းဖြင့် မဖယ်ရှားနိုင်ပါက မာကျောသောကျောက်အဖြစ် ခိုင်မာသွားပြီး သွားနှင့် ခံတွင်းကျွမ်းကျင်သူများ၏အကူအညီဖြင့်သာလျှင် ဖယ်ရှားနိုင်သည်။

သွားဆရာဝန်များနှင့် နှလုံးအထူးကုဆရာဝန်များသည် ခံတွင်းရောဂါ လက္ခဏာများမှတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာများကို စောစီးစွာသိရှိနိုင်ရန် သုတေသနပြုခဲ့ကြပြီး  နှလုံးကျန်းမာရေးကို ကာကွယ်ရန် သွားဖုံးပြဿနာများကို စောစီးစွာသိရှိခြင်းနှင့် ကုသခြင်း ၏အရေးကြီးမှုကို အလေးပေးဖော်ပြထားသည်။ ထို့ကြောင့် ပုံမှန်သွား တိုက်ခြင်း၊  သွားပွတ်ကြိုးတိုက်ခြင်း၊  ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းနှင့်    သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း များသည်  သွားဖုံးရောဂါမဖြစ်အောင်   ကူညီပေးနိုင်ပြီး   တစ်သက်တာ ကျန်းမာစေကြောင်း တွေ့ရှိရသည်။

သွားဖုံးသွေးယိုခြင်း

     သွားဖုံးသွေးယိုခြင်းသည် အများအားဖြင့် သွားဖုံးရောင်ခြင်း သို့မဟုတ် သွားမြစ်ခြေရောင်ခြင်း စသည့်ဗက်တီးရီးယား ပိုးမွှားများစုပုံခြင်းကြောင့် ဖြစ်သော သွားဖုံးရောဂါ ပုံစံနှစ်မျိုးစလုံးကြောင့်ဖြစ်တတ်သည်။ သွားဖုံး ရှိ ဗက်တီးရီးယားများက သွားဖုံးများကို ရောင်ရမ်းစေပြီး အထူးသဖြင့် သွားတိုက်သောအခါ သို့မဟုတ် သွားပွတ်ကြိုးတိုက်သောအခါ သွေးထွက် စေသည်။  မကုသဘဲထားပါက  ရောင်ရမ်းမှုသည်   ပိုမိုပြင်းထန်သော သွားဖုံးရောဂါဖြစ်နိုင်ပြီး  သွားများဆုံးရှုံးနိုင်သည်။  ဗက်တီးရီးယားများ သည် သွေးကြောထဲသို့စိမ့်ဝင်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေသောကြောင့် သွေးကြောအတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။ နှလုံးရောဂါ အတွက် အဓိကအန္တရာယ်ဖြစ်စေသောအချက်ဖြစ်သည့် သွေးကြောများ အတွင်း အဆီများစုပုံခြင်း (Atherosclerosis) ကို ဖြစ်စေနိုင်သည်။

သွားဖုံးသွေးယိုခြင်းသည် ခံတွင်းသန့်ရှင်းရေးနှင့် သွားဖုံးရောဂါများ အပြင် ဗီတာမင်ချို့တဲ့မှုများ (အထူးသဖြင့် ဗီတာမင်-နှင့် K)၊ ဟော်မုန်း အပြောင်းအလဲများ (ဥပမာ-ကိုယ်ဝန်)၊ သွေးချိုဆီးချိုရောဂါ၊ သွေးခဲမှုပုံမမှန်ခြင်းနှင့် သွေးကျဲဆေးများကဲ့သို့သော ဆေးဝါးများ၏ သက်ရောက် မှုများကြောင့်ဖြစ်နိုင်သည်။ အလွန်အကျွံ သွားတိုက်မိခြင်းနှင့် သင့်လျော် မှုမရှိသောသွားတုများ တပ်ဆင်ခြင်းသည်လည်း သွားဖုံးသွေးယိုခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားဖုံးများ မကြာခဏသွေးထွက်နေခြင်း ကို လျစ်လျူမရှုသင့်ဘဲ နှစ်ပတ်ထက်ပိုကြာပါက သွားဆရာဝန်ထံပြသ သင့်သည်။

သွားဖုံးများရောင်ရမ်းခြင်း

    သွားဖုံးရောင်ခြင်းသည်     ဗက်တီးရီးယားများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသော သွားဖုံးရောဂါကို ခန္ဓာကိုယ်က တိုက်ဖျက်နေကြောင်း အချက်ပြခြင်းဖြစ်နိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ခံတွင်းဗက်တီး ရီးယားများကို ခုခံကာကွယ်နေသောအခါ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ရောင်ရမ်းမှု အမှတ်အသားများကို  ထုတ်လွှတ်သည်။  အချိန်ကြာလာ သည်နှင့်အမျှ    ရောင်ရမ်းမှုအမှတ်အသားများသည်    နှလုံးတစ်သျှူးများနှင့် သွေးကြောနံရံများကို ပျက်စီးစေပြီး နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကိုဖြစ်ပေါ်စေသည်။ သွားဖုံးရောင်ရမ်းသော လူနာများတွင် နှလုံးရောဂါဖြစ်နိုင် ခြေကိုညွှန်ပြသော ဇီဝအမှတ်အသားတစ်ခုဖြစ်သည့် C-reactive pro-tein (CRP)  ပမာဏကို မြင့်မားစေကြောင်း  သုတေသနပြုတွေ့ရှိခဲ့သည်။

ထို့ကြောင့် သွားဖုံးများရောင်ရမ်းခြင်းသည်  နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်၏ သိမ်မွေ့သော သတိပေးချက်ဖြစ်နိုင်သည်။ သွားဖုံးကျန်းမာရေးကို မြှင့်တင်ခြင်းနှင့်  စီမံခန့်ခွဲခြင်းသည်   နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို  အထောက်အကူဖြစ်စေသည်။   သွားဖုံးရောင်ခြင်းကို ကုသခြင်းနှင့်ကာကွယ်ခြင်းသည် ဗက်တီးရီးယားများ ပြန့်ပွားမှုနှင့် သွေး ကြောများရောင်ရမ်းမှုကို  လျော့နည်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

သွားများလျော့ရဲခြင်းနှင့် သွေးလွှတ်ကြောများ အားနည်းခြင်း

     သွားများကျွတ်ထွက်ခြင်းသည် ရောဂါပိုးဝင်ခြင်းမှ သွားတစ်ဝိုက်ရှိ အထောက်အကူပြု တစ်သျှူးများဆုံးရှုံးခြင်းနှင့် သွေးကြောများအတွင်း အဆီများစုပုံခြင်းကြောင့် သွေးကြောနံရံများ အားနည်းလာသောအခါ ခံတွင်းဖွဲ့စည်းပုံများနှင့်     နှလုံးသွေးကြောကျန်းမာရေးနှစ်ခုစလုံးကို ထိခိုက်စေသည့် နာတာရှည်ရောင်ရမ်းမှုကို ညွှန်ပြလေ့ရှိသည်။ ရောဂါ ပိုးရှိသောသွားဖုံးမှ ဗက်တီးရီးယားများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး သွေးလွှတ်ကြောပျက်စီးမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုတိုးမြင့်လာစေကြောင်း လေ့လာမှုများကဖော်ပြသည်။ သွေးကြောများနှင့် နှလုံးတစ်သျှူးများတွင် ရောင်ရမ်းမှုကိုဖြစ်စေသည့် ကိုယ်ခံအားတုံ့ပြန် မှုများကိုဖြစ်ပေါ်စေကာ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကို တိုးပွားစေသည်။  နာတာရှည်သွားဖုံးရောင်ခြင်းနှင့်  ပိုးဝင်ခြင်းသည် နှလုံးကျန်းမာရေးကိုထိခိုက်စေသည့်  အကြောင်းရင်းတစ်ခုဖြစ်သည်။ ဟားဗတ်ကျန်းမာရေး ဆန်းစစ်ချက်တစ်ခုအရ သွားဖုံးရောဂါကြောင့် သွားများဆုံးရှုံးသူများသည် နှလုံးအမောဖောက်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့သည်။

ခံတွင်းနံ့ဆိုးခြင်း

     တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်နေသော်လည်း နာတာရှည်ခံတွင်း နံ့ဆိုးခြင်းသည် သွားဖုံးပိုးဝင်ခြင်းအတွက် သတိပေးချက်ဖြစ်နိုင်သည်။ ခံတွင်းနံ့ဆိုးခြင်းသည်  အန္တရာယ်မရှိဟု ထင်ရသော်လည်း  နာတာရှည် ခံတွင်းနံ့ဆိုးခြင်းသည် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတစ်ခုထက်မက ဖြစ်နိုင်သည်။  ရောဂါပိုးများသည် သွားဖုံးများကို  နာကျင်စေရုံမျှမက သွေးကြောများအတွင်းသို့ ဝင်ရောက်ကာ သွေးကြောနံရံများကို ပျက်စီးစေနိုင်သည်။  ဆာလဖာထုတ်လုပ်သည့် ဗက်တီးရီးယားများကို  နှလုံးသွေးကြောအတွင်းရှိ Plaque များတွင် မကြာခဏတွေ့ရှိရသည်။ ခံတွင်း နံ့ထွက်နေခြင်းသည် နှလုံးနှင့်သွေးကြောကျန်းမာရေးကို  ဆိုးရွားစွာထိခိုက်စေနိုင်သည့် ခံတွင်းပိုးဝင်ခြင်းကြောင့် ပြင်းထန်သောရောင်ရမ်းမှု ဖြစ်စေသည့် သတိပေးချက်ဖြစ်နိုင်သည်။

ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းထားခြင်းသည် ရောင်ရမ်းခြင်းနှင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သော ဗက်တီးရီးယားများ ပျံ့နှံ့မှုကိုတားဆီးပေးသောကြောင့် အမှန်တကယ်နှလုံး ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ခံတွင်းနံ့ဆိုးစေသော သွားဖုံးရောဂါ ရှိသူများသည် သွေးလွှတ်ကြောများမာကျောခြင်း၊ သွေးခဲခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များအပါအဝင်   သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေ နှစ်ဆနီးပါးဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ခံတွင်း သန့်ရှင်းရေးကို  ကောင်းမွန်စွာထိန်းသိမ်းခြင်းနှင့်  သွားဖုံးပိုးဝင်ခြင်းအတွက် စောစီးစွာကုသမှုခံယူခြင်းသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေရုံသာမက ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အကျိုးဆက်များကို လျှော့ချပေးသည်။

အချုပ်အားဖြင့်ဆိုရသော် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း၊ သွားဖုံး မှသွေးထွက်ခြင်းနှင့် သွားဖုံးများလျော့ရဲခြင်းအတွက် စောစီးစွာကုသမှု ခံယူခြင်း၊ သွေးချိုဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းသည် သွားဖုံးမှအစပြုသည့် နှလုံးသွေးကြောစနစ်ရောင်ရမ်းခြင်း အန္တရာယ်ကို လျှော့ချပေးပြီး သွေးလွှတ်ကြော များပျက်စီးမှု၊ သွေးခဲဖွဲ့စည်းမှုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး သုတမျှဝေရေးသားလိုက်ရပါသည်။

MWD

ဒေါက်တာသိင်္ဂီကျော်

တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases)နှင့် တိရစ္ဆာန် ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(Veterinary Public Health)၏ အခန်းကဏ္ဍ
-
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မွေးမြူရေးကဏ္ဍသည် နိုင်ငံ၏အစားအစာဖူလုံရေး၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သော အသား၊ နို့၊ ဥ စသည့်အစားအစာများသည် လူသားများ၏ နေ့စဉ်စားသုံးမှုတွင်အရေးပါသည်။ မွေးမြူရေးကဏ္ဍသည် ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများ (Zoonotic Diseases)နှင့် တိရစ္ဆာန်များမှရရှိသော အစားအစာများ၏ ဘေးကင်းလုံခြုံမှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထိုပြဿနာများကိုဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး (VPH)ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး၏အခန်းကဏ္ဍ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် တိရစ္ဆာန်ကျန်းမာရေး၊ လူသားများကျန်းမာရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်စပ်မှုကို အဓိကထားသောပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ VPH ၏အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များမှလူသို့ ကူးစက်နိုင်သောရောဂါများ(zoonotic diseases)ကို ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း၊ အစားအစာဘေးကင်းရေးကို သေချာစေခြင်းနှင့် ကျန်းမာရေးနှင့်သုခချမ်းသာကို တိရစ္ဆာန်ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ပေါင်းစပ်ကာ မြှင့်တင်ပေးခြင်းဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး(VPH)၏ အဓိကအခန်းကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည်။တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများ(Zoonotic Diseases)ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း မြန်မာနိုင်ငံတွင် တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သောရောဂါများ (Zoonotic Diseases) များသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ထိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်နှင့် ကုသနိုင်ရန်အတွက် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် Zoonotic Diseases များဖြစ်သော ခွေးရူးပြန်(Rabies)၊ ဘရူဆဲလ်လားသားလျှောရောဂါ(Brucellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သော တုပ်ကွေးရောဂါများ Zoonotic Influenza စသည့်ရောဂါများသည် ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ ထိုရောဂါများသည် လူသားများ၏ကျန်းမာရေးကို ထိခိုက်စေရုံသာမက စီးပွားရေး၊ လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)၏အခန်းကဏ္ဍသည် အလွန်အရေးပါလာသည်။ခွေးရူးပြန်ရောဂါ (Rabies)သည် ကမ္ဘာတစ်ဝန်းတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ခွေးရူးပြန်ရောဂါ(Rabies lyssavirus)သည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါပိုးရှိသောတိရစ္ဆာန်များ(အထူးသဖြင့် ခွေး၊ ကြောင်၊ မျောက်၊ လင်းနို့)ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းမှတစ်ဆင့် လူသားများသို့ကူးစက်နိုင်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ လူ ၂၄၁ ဦးသည် ခွေးရူးပြန်ရောဂါဖြစ်ပွားကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် လူ ၅၅ ဦးသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။ ကျေးလက်ဒေသများတွင် ခွေးများကိုကာကွယ် ဆေးထိုးနှံမှုနည်းပါးခြင်း၊ ကျန်းမာရေးအသိပညာနည်းပါးခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားသည်။ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးခြင်း ခွေးရူးပြန်ရောဂါကို ကာကွယ်ရန်အတွက် ခွေးများနှင့်အခြားအိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေးထိုးပေးရန်အရေးကြီးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်သည်။ရောဂါထိန်းချုပ်ရေးနှင့်စောင့်ကြည့်ခြင်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။ ရောဂါဖြစ်ပွားမှုကို အချိန်မီသိရှိပါက ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း ပြည်သူလူထုအား ခွေးရူးပြန်ရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများ အကြောင်းပညာပေးခြင်းသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်သည်။ ခွေးရူးပြန်ရောဂါသည် လူနှင့်တိရစ္ဆာန်များအတွက် ကြီးမားသော ကျန်းမာရေးအန္တရာယ်ဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ဤရောဂါကိုကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန် အရေးပါသော နယ်ပယ်တစ်ခုဖြစ်ပြီး ခွေးရူးပြန်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် VPH ၏လုပ်ငန်းများကို အားကောင်းစွာ ဆောင်ရွက်ရန် အရေးကြီးသည်။ဘရူဆဲလ်လားသားလျှောရောဂါ (Brucellosis) သည် Brucella ဗက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော Zoonoses ရောဂါဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသောတိရစ္ဆာန်များ၌ဖြစ်လေ့ရှိသည်။ ဤရောဂါသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာအများပြည်သူ့ကျန်းမာရေးတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ Brucellosis သည် တိရစ္ဆာန်များမှတစ်ဆင့် နို့၊ သားငါးထွက်ပစ္စည်းများ စားသုံးခြင်း၊ ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ Brucellosis သည် တိရစ္ဆာန်များတွင် မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ-ကိုယ်ဝန်ပျက်ကျခြင်း)ကိုဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းကို လျော့ကျစေသည်။ ဤရောဂါကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကြီးမားသော စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ တိရစ္ဆာန်နှင့်တိုက်ရိုက်ထိတွေ့သော ကိုင်တွယ် ထိန်းကျောင်းသူများ၊ မွေးမြူရေးသမားများ၊ သားသတ်သမားများနှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ အထူးသတိပြုရမည့်ရောဂါဖြစ်သည့်အပြင် အသား၊ နို့နှင့်နို့ထွက်ပစ္စည်းစားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးကြီးသည့်ရောဂါဖြစ်သည်။ Brucellosis သည် လူသားများတွင် နာတာရှည်ရောဂါလက္ခဏာများ(ဥပမာ-အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမျက်နာခြင်း) ကိုဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသည်း၊ နှလုံး၊ အာရုံကြောစနစ်များကို ထိခိုက်စေနိုင်သည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန်တိရစ္ဆာန်များတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ရန်လိုအပ်သည်။ Brucellosis ကို ထိန်းချုပ်ရန် တိရစ္ဆာန်များကို စနစ်တကျစောင့်ကြည့်ခြင်းနှင့်ရောဂါရှာဖွေခြင်း၊ ရောဂါပိုးရှိသောတိရစ္ဆာန်များကို ခွဲခြားထားခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများ ကျင့်သုံးခြင်းနှင့် လူသားများအား ရောဂါကူးစက်မှုမှကာကွယ်ရန်ပညာပေးခြင်းတို့ဖြင့် ဘရူဆဲလ်လားသားလျှောရောဂါကိုထိန်းချုပ်ရန် စနစ်တကျကြိုးပမ်းမှုများပြုလုပ်ရန် လိုအပ်လှပေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဆိုးကျိုးများကိုလျော့ပါးစေနိုင်သည်။Zoonotic Influenza ဆိုသည်မှာ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများကို ရည်ညွှန်းသည်။ ဤရောဂါများသည် များသောအားဖြင့် ကြက်ငှက်များ၊ဝက်များနှင့်အခြားတိရစ္ဆာန်များမှစတင်ပြီး လူသားများထံကူးစက်နိုင်သည်။ Zoonotic Influenza ရောဂါများသည် ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်ပြီး ကူးစက်မှုနှုန်းနှင့်ရောဂါ၏ ပြင်းထန်မှုပေါ်မူတည်၍ ကပ်ရောဂါအသွင်သို့ ပြောင်းလဲနိုင်သည်။ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza) ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza)ဗိုင်းရပ်စ်သည် ကြက်၊ ငှက်များတွင် အဓိကဖြစ်ပွားသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး လူသို့လည်းကူးစက်နိုင်သည့် zoonotic disease တစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုး Avian Influenza Virus (A/H5N1၊ A/H5N6 နှင့် A/H9N2) အစရှိသောမျိုးကွဲများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်စေသည်။ ဤရောဂါသည် ကူးစက်မြန်ပြီး ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကြက်၊ ငှက်များနှင့်နီးကပ်စွာထိတွေ့ခြင်း၊ မကျက်တကျက်ကြက်သားစားသုံးခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပြင်းထန်ပါက အဆုတ်ရောင်ခြင်း သေဆုံးသည်အထိ ဖြစ်နိုင်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ကြက်ငှက်တုပ်ကွေးရောဂါကိုကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်ငှက်များစွာကိုသုတ်သင်ရပြီး စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ အရေးပေါ်တုံ့ပြန်မှုစနစ်များနှင့် ပြည်သူများအကြား အသိပညာပေးရေး၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် A/H9N2 ဗိုင်းရပ်စ်ကို ရန်ကုန်မြို့ရှိ ကြက်ငှက်များရောင်းဝယ်ရာ ဈေးများတွင်တွေ့ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုအရ A/H9N2 ဗိုင်းရပ်စ်သည် အရှေ့တောင်အာရှတွင် တွေ့ရှိရသောဗိုင်းရပ်စ်များနှင့်ဆင်တူပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ရောက်လာနိုင်ကြောင်းဖော်ပြခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် H5N6 ရောဂါပိုးကို မြန်မာနိုင်ငံရှိ ကြက်ဘဲစျေးများတွင် ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ပြီး အပြင်းစားကြက်ငှက်တုပ်ကွေး (HPAI) ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ကြက်ဘဲစျေးများတွင် လူနှင့်တိရစ္ဆာန်မှကူးစက်တတ်သော တုပ်ကွေးရောဂါပိုးအသစ်များကို စောစီးစွာသတိပေးခြင်းနှင့်စောင့်ကြည့်ခြင်းစနစ်များသည် အရေးကြီးသည်။ဝက်တုပ်ကွေး (Swine Influenza, H1N1) ဝက်တုပ်ကွေးဆိုသည်မှာ ဝက်များတွင် အဓိကဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် Influenza A ဗိုင်းရပ်စ်များကြောင့်ဖြစ်ပွားပြီး ဝက်များအပြင် လူနှင့်အခြားတိရစ္ဆာန်များကိုပါ ကူးစက်နိုင်သည်။ ဝက်တုပ်ကွေးသည် လူတွင်ဖြစ်ပွားပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပြီး အထူးသဖြင့် ကိုယ်ခံအားနည်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုပြင်းထန်နိုင်သည်။မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုများသည် ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များပြီး ဝက်မွေးမြူရေးလုပ်ငန်းများနှင့်နီးစပ်သောနေရာများတွင် ပိုမိုတွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဝက်များတွင်H1N1 နှင့် H3N2 အပါအဝင် အမျိုးမျိုးသောဝက်တုပ်ကွေးဗိုင်းရပ်စ်(SIV)မျိုးကွဲများရှိနေကြောင်း လေ့လာမှုများကဖော်ပြသည်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ H1N1-2009 မျိုးကွဲကို ဝက်များတွင်တွေ့ရှိရခြင်းသည် လူသို့ကူးစက်နိုင်ခြေကိုမီးမောင်းထိုးပြနေသည်။ လူသားများကို ကူးစက်နိုင်ခြေရှိသော မျိုးကွဲများရှိနေခြင်းသည် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို အလေးပေးဖော်ပြသည်။ ကျေးလက်ဒေသများတွင် ဝက်မွေးမြူရေးလုပ်ငန်းများကျယ်ပြန့်စွာလုပ်ကိုင်ကြသောကြောင့် ဝက်တုပ်ကွေးရောဂါသည် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်ခြေပိုများသည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်း၊ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဝက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော ရောဂါများ (Zoonotic Diseases)ကို ကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန်အတွက် အရေးကြီးသောနယ်ပယ်တစ်ခုဖြစ်သည်။ ဝက်တုပ်ကွေးကဲ့သို့သော ရောဂါများသည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သောကြောင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ဤရောဂါများကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ရောဂါစောင့်ကြည့်ခြင်း(Disease Surveillance) တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် တိရစ္ဆာန်များတွင် ဖြစ်ပွားနေသောရောဂါများကို စောင့်ကြည့်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို အချိန်မီသတိပြုမိစေပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်သည်။ Zoonotic Influenza ကဲ့သို့သော ရောဂါများသည် လူနှင့်တိရစ္ဆာန်များအကြား လျင်မြန်စွာကူးစက်နိုင်သောကြောင့် ရောဂါစောင့်ကြည့်ခြင်းသည် အထူးအရေးကြီးသည်။ရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ရောဂါများကိုကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစံနှုန်းများချမှတ်ခြင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များကို သီးသန့်ထားခြင်း စသည့်နည်းလမ်းများကို အသုံးပြုသည်။ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ပြည်သူများအား ရောဂါများနှင့် ပတ်သက်သော အသိပညာများပေးခြင်းဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးသည်။ မြန်မာနိုင်ငံတွင် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်သောရောဂါများကြောင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်း၊ ပညာပေးခြင်းနှင့်သုတေသနများပြုလုပ်ခြင်းဖြင့် Zoonotic Diseases ရောဂါများကို ထိရောက်စွာကာကွယ်နိုင်ပြီး ပြည်သူများ၏ကျန်းမာရေးကိုမြှင့်တင်နိုင်မည်ဖြစ်သည်။ တိရစ္ဆာန်ကျန်းမာရေးကိုကာကွယ်ခြင်းဖြင့် တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် အများပြည်သူ့ကျန်းမာရေးကို ကာကွယ်ရာတွင် အထောက်အကူပြုသည်။ လူသား၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၏ အပြန်အလှန်ချိတ်ဆက်မှုကို အသိအမှတ်ပြုသည့် “တစ်ကမ္ဘာလုံး ကျန်းမာရေး”ချဉ်းကပ်မှုသည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ရောဂါများကို ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်သည်။ တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာရှင်များသည် ဤချဉ်းကပ်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။မြန်မာနိုင်ငံတွင်ခွေးရူးပြန်(Rabies)၊ ဘရူဆဲလ်လားသားလျှောရောဂါ(Bruc-ellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများ (Zoonotic Influenza)ကဲ့သို့သော ရောဂါများအတွက် တိရစ္ဆာန်နှင့်လူသားကျန်းမာရေး နှစ်ရပ်စလုံးကိုကာကွယ်ရန်အတွက် ခိုင်မာသောတိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေးစနစ်များ မရှိမဖြစ် လိုအပ်သည်။အစားအစာဘေးကင်းရေး အစာဘေးကင်းရေးဆိုသည်မှာ အစားအစာများကိုစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှ ကာကွယ်ရန် အာမခံချက်ပေးခြင်းဖြစ်သည်။ အစားအစာများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုက်နှင့်ဓာတုပစ္စည်းများပါဝင်နေပါက လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ တိရစ္ဆာန်များမှထုတ်လုပ်သော အစားအစာများ (ဥပမာ - အသား၊ နို့၊ ဥ)တွင် ဗက်တီးရီးယားပိုးမွှားများ ပါဝင်နေပါက လူသားများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ကိစ္စရပ်လေ့လာမှု - ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိဈေးများတွင် ရောင်းချနေသောအသားများတွင် ဗက်တီးရီးယားညစ်ညမ်းမှုများမြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ ဤဖြစ်ရပ်သည် အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများမြှင့်တင်ရန်လိုအပ်ကြောင်း ဖော်ပြနေသည်။ အသား၊ နို့၊ ဥနှင့်အခြားတိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးကင်းရေးကို စစ်ဆေးခြင်းနှင့် စည်းမျဉ်းများချမှတ်ခြင်းဖြင့် အစားအစာမှတစ်ဆင့် ကူးစက်သောရောဂါများအား ကာကွယ်နိုင်သကဲ့သို့ အစားအစာကွင်းဆက်တွင် 'Salmonella' 'E. coli' 'Listeria'ကဲ့သို့သော ရောဂါပိုးများ၏အန္တရာယ်ကို ဖော်ထုတ်ကာလျှော့ချနိုင်သည်။ အစာဘေးကင်းရေး (Food Safety)နှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)တို့သည် လူသားတို့၏ ကျန်းမာရေးနှင့်ဘဝအရည်အသွေးကို မြှင့်တင်ရန် အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည်။ အစားအစာများတွင် ပါဝင်သောရောဂါပိုးမွှားများကို ထိန်းချုပ်ခြင်းဖြင့် အစာအဆိပ်သင့်ခြင်းနှင့် အခြားရောဂါများကို ကာကွယ်နိုင်သည်။ အစာဘေးကင်းရေးကို သေချာစွာထိန်းသိမ်းခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်နှင့် စီးပွားရေးအရထိခိုက်မှုများကို လျှော့ချနိုင်သည်။ မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များတိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးမြှင့်တင်ခြင်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကိုမြှင့်တင်ခြင်းဖြင့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဤအတွက် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပညာရှင်များအား ခေတ်မီသင်ကြားရေးနည်းလမ်းများဖြင့် လေ့ကျင့်ပေးရန်လိုအပ်သည်။ ထို့ပြင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်သည်။ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များ မြှင့်တင်ခြင်း ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များကိုမြှင့်တင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီသိရှိနိုင်ပြီး ထိရောက်သောတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်နိုင်မည်။ ဤအတွက် ဒေတာစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အချက်အလက်မျှဝေခြင်းတို့ကို ခေတ်မီနည်းပညာများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်သည်။ ထို့ပြင် ရောဂါဖြစ်ပွားမှုများကိုစောင့်ကြပ်ရာတွင် လူနှင့်တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။အစားအစာဘေးကင်းရေးစည်းမျဉ်းများမြှင့်တင်ခြင်း အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများကိုမြှင့်တင်ခြင်းဖြင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်။ အစားအစာထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုဆိုင်ရာစည်းမျဉ်းများကိုသတ်မှတ်ပြီး ထိရောက်စွာလိုက်နာစေရန်လိုအပ်သည်။ ထို့ပြင် အစားအစာဘေးကင်းရေးဆိုင်ရာစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုအပ်သည်။ပဋိဇီဝဆေးဝါးများ တာရှည်ခံအောင်သုံးစွဲမှုလျှော့ချခြင်း ပဋိဇီဝဆေးဝါးများ မှန်ကန်စွာသုံးစွဲခြင်းဖြင့် ဆေးယဉ်ပါးမှုကိုလျှော့ချနိုင်မည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များကိုချမှတ်ပြီး လိုက်နာစေရန်လိုအပ်သည်။ ထို့ပြင် ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သောအသိပညာပေးခြင်းများကို ပြုလုပ်ရန်လိုအပ်သည်။ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်းသည် အရေးကြီးသည်။ အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ထို့ပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် အထက်ဖော်ပြပါအချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူနှင့်တိရစ္ဆာန်ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများကိုကာကွယ်နိုင်မည်ဖြစ်သည်။တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏ လက်တွေ့လုပ်ဆောင်မှုဥပမာများ ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးအစီအစဉ်များ- ခွေးများနှင့်တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်းဖြင့် လူသို့ခွေးရူးပြန်ရောဂါကူးစက်မှုကို ကာကွယ်ခြင်း။ ကြက်ငှက်တုပ်ကွေး စောင့်ကြည့်ခြင်း- ကြက်များတွင် ရောဂါဖြစ်ပွားမှုကိုစောင့်ကြည့်ခြင်းဖြင့် လူသို့ကူးစက်မှုကို ကာကွယ်ခြင်း။အစားအစာဘေးကင်းရေးစစ်ဆေးခြင်း- သားသတ်ရုံများနှင့် အစားအစာထုတ်လုပ်ရေး လုပ်ငန်းများတွင် သန့်ရှင်းမှုစံနှုန်းများကို လိုက်နာစေခြင်း။အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးတကြီးလိုအပ်နေသည်။ ဇူနိုးစစ်ရောဂါများ၊ အစားအစာဘေးကင်းရေးနှင့်ပဋိဇီဝဆေးယဉ်ပါးမှုတို့ကို ကာကွယ်ရန်အတွက် VPH သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ မြန်မာနိုင်ငံ၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်လိုအပ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၏ပံ့ပိုးမှုဖြင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးစနစ်ကို အားကောင်းအောင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။ MWD

    မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မွေးမြူရေးကဏ္ဍသည်   နိုင်ငံ၏အစားအစာဖူလုံရေး၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေသည်။ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သော အသား၊ နို့၊ ဥ စသည့်အစားအစာများသည် လူသားများ၏ နေ့စဉ်စားသုံးမှုတွင်အရေးပါသည်။  မွေးမြူရေးကဏ္ဍသည် ကူးစက်ရောဂါများ၊   တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများ   (Zoonotic Diseases)နှင့် တိရစ္ဆာန်များမှရရှိသော အစားအစာများ၏ ဘေးကင်းလုံခြုံမှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။  ထိုပြဿနာများကိုဖြေရှင်းရန်အတွက်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး (VPH)ကို   ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ရန်  အရေးတကြီး လိုအပ်နေသည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး၏အခန်းကဏ္ဍ

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည်  တိရစ္ဆာန်ကျန်းမာရေး၊ လူသားများကျန်းမာရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်စပ်မှုကို အဓိကထားသောပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ VPH ၏အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များမှလူသို့ ကူးစက်နိုင်သောရောဂါများ(zoonotic    diseases)ကို ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း၊ အစားအစာဘေးကင်းရေးကို သေချာစေခြင်းနှင့်  ကျန်းမာရေးနှင့်သုခချမ်းသာကို   တိရစ္ဆာန်ဆေးပညာနှင့်  ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို  ပေါင်းစပ်ကာ မြှင့်တင်ပေးခြင်းဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး(VPH)၏  အဓိကအခန်းကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည်။

တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများ(Zoonotic Diseases)ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

     မြန်မာနိုင်ငံတွင်   တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သောရောဂါများ (Zoonotic Diseases) များသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ထိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်နှင့် ကုသနိုင်ရန်အတွက် အရေးပါသော  ကဏ္ဍတစ်ခုဖြစ်သည်။ 

မြန်မာနိုင်ငံတွင်  Zoonotic Diseases များဖြစ်သော  ခွေးရူးပြန်(Rabies)၊  ဘရူဆဲလ်လားသားလျှောရောဂါ(Brucellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သော တုပ်ကွေးရောဂါများ Zoonotic Influenza  စသည့်ရောဂါများသည် ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ ထိုရောဂါများသည် လူသားများ၏ကျန်းမာရေးကို  ထိခိုက်စေရုံသာမက စီးပွားရေး၊ လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)၏အခန်းကဏ္ဍသည် အလွန်အရေးပါလာသည်။

ခွေးရူးပြန်ရောဂါ (Rabies)သည် ကမ္ဘာတစ်ဝန်းတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း   အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

ခွေးရူးပြန်ရောဂါ(Rabies lyssavirus)သည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါပိုးရှိသောတိရစ္ဆာန်များ(အထူးသဖြင့် ခွေး၊ ကြောင်၊ မျောက်၊ လင်းနို့)ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းမှတစ်ဆင့် လူသားများသို့ကူးစက်နိုင်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ လူ ၂၄၁ ဦးသည်  ခွေးရူးပြန်ရောဂါဖြစ်ပွားကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် လူ ၅၅ ဦးသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။ ကျေးလက်ဒေသများတွင်  ခွေးများကိုကာကွယ် ဆေးထိုးနှံမှုနည်းပါးခြင်း၊  ကျန်းမာရေးအသိပညာနည်းပါးခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားသည်။   

တိရစ္ဆာန်များအား  ကာကွယ်ဆေးထိုးခြင်း 

     ခွေးရူးပြန်ရောဂါကို ကာကွယ်ရန်အတွက်   ခွေးများနှင့်အခြားအိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေးထိုးပေးရန်အရေးကြီးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်သည်။

ရောဂါထိန်းချုပ်ရေးနှင့်စောင့်ကြည့်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။ ရောဂါဖြစ်ပွားမှုကို   အချိန်မီသိရှိပါက  ကူးစက်မှုကို ထိရောက်စွာ    ကာကွယ်နိုင်မည်ဖြစ်သည်။ 

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

     ပြည်သူလူထုအား ခွေးရူးပြန်ရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများ အကြောင်းပညာပေးခြင်းသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်သည်။ ခွေးရူးပြန်ရောဂါသည် လူနှင့်တိရစ္ဆာန်များအတွက်   ကြီးမားသော ကျန်းမာရေးအန္တရာယ်ဖြစ်သည်။ 

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ဤရောဂါကိုကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန် အရေးပါသော  နယ်ပယ်တစ်ခုဖြစ်ပြီး     ခွေးရူးပြန်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် VPH ၏လုပ်ငန်းများကို အားကောင်းစွာ ဆောင်ရွက်ရန်  အရေးကြီးသည်။

ဘရူဆဲလ်လားသားလျှောရောဂါ (Brucellosis) သည်  Brucella ဗက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော Zoonoses ရောဂါဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသောတိရစ္ဆာန်များ၌ဖြစ်လေ့ရှိသည်။ ဤရောဂါသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာအများပြည်သူ့ကျန်းမာရေးတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ Brucellosis သည် တိရစ္ဆာန်များမှတစ်ဆင့်  နို့၊ သားငါးထွက်ပစ္စည်းများ စားသုံးခြင်း၊ ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။  Brucellosis  သည် တိရစ္ဆာန်များတွင်    မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ-ကိုယ်ဝန်ပျက်ကျခြင်း)ကိုဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းကို လျော့ကျစေသည်။ ဤရောဂါကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကြီးမားသော  စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။   တိရစ္ဆာန်နှင့်တိုက်ရိုက်ထိတွေ့သော ကိုင်တွယ် ထိန်းကျောင်းသူများ၊ မွေးမြူရေးသမားများ၊  သားသတ်သမားများနှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ အထူးသတိပြုရမည့်ရောဂါဖြစ်သည့်အပြင် အသား၊ နို့နှင့်နို့ထွက်ပစ္စည်းစားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးအတွက်  အရေးကြီးသည့်ရောဂါဖြစ်သည်။ Brucellosis သည် လူသားများတွင် နာတာရှည်ရောဂါလက္ခဏာများ(ဥပမာ-အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမျက်နာခြင်း) ကိုဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသည်း၊ နှလုံး၊ အာရုံကြောစနစ်များကို  ထိခိုက်စေနိုင်သည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန်တိရစ္ဆာန်များတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးခြင်းများ   ပြုလုပ်ရန်လိုအပ်သည်။ Brucellosis ကို ထိန်းချုပ်ရန် တိရစ္ဆာန်များကို စနစ်တကျစောင့်ကြည့်ခြင်းနှင့်ရောဂါရှာဖွေခြင်း၊   ရောဂါပိုးရှိသောတိရစ္ဆာန်များကို ခွဲခြားထားခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများ ကျင့်သုံးခြင်းနှင့် လူသားများအား ရောဂါကူးစက်မှုမှကာကွယ်ရန်ပညာပေးခြင်းတို့ဖြင့် ဘရူဆဲလ်လားသားလျှောရောဂါကိုထိန်းချုပ်ရန် စနစ်တကျကြိုးပမ်းမှုများပြုလုပ်ရန် လိုအပ်လှပေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဆိုးကျိုးများကိုလျော့ပါးစေနိုင်သည်။

Zoonotic Influenza ဆိုသည်မှာ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများကို ရည်ညွှန်းသည်။ 

ဤရောဂါများသည် များသောအားဖြင့် ကြက်ငှက်များ၊ဝက်များနှင့်အခြားတိရစ္ဆာန်များမှစတင်ပြီး လူသားများထံကူးစက်နိုင်သည်။ Zoonotic Influenza ရောဂါများသည်  ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်ပြီး   ကူးစက်မှုနှုန်းနှင့်ရောဂါ၏   ပြင်းထန်မှုပေါ်မူတည်၍   ကပ်ရောဂါအသွင်သို့ ပြောင်းလဲနိုင်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)

    ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)ဗိုင်းရပ်စ်သည် ကြက်၊ ငှက်များတွင် အဓိကဖြစ်ပွားသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး   လူသို့လည်းကူးစက်နိုင်သည့် zoonotic disease တစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုး  Avian  Influenza  Virus (A/H5N1၊ A/H5N6  နှင့်  A/H9N2) အစရှိသောမျိုးကွဲများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်စေသည်။ ဤရောဂါသည် ကူးစက်မြန်ပြီး ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကြက်၊ ငှက်များနှင့်နီးကပ်စွာထိတွေ့ခြင်း၊ မကျက်တကျက်ကြက်သားစားသုံးခြင်းမှတစ်ဆင့်  လူသို့ကူးစက်နိုင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပြင်းထန်ပါက အဆုတ်ရောင်ခြင်း သေဆုံးသည်အထိ    ဖြစ်နိုင်သည်။     

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ကြက်ငှက်တုပ်ကွေးရောဂါကိုကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင်  အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ   ဖြစ်ပွားမှုကြောင့် ကြက်ငှက်များစွာကိုသုတ်သင်ရပြီး  စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ အရေးပေါ်တုံ့ပြန်မှုစနစ်များနှင့် ပြည်သူများအကြား အသိပညာပေးရေး၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် A/H9N2 ဗိုင်းရပ်စ်ကို ရန်ကုန်မြို့ရှိ ကြက်ငှက်များရောင်းဝယ်ရာ ဈေးများတွင်တွေ့ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခု

အရ A/H9N2 ဗိုင်းရပ်စ်သည် အရှေ့တောင်အာရှတွင် တွေ့ရှိရသောဗိုင်းရပ်စ်များနှင့်ဆင်တူပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ရောက်လာနိုင်ကြောင်းဖော်ပြခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် H5N6 ရောဂါပိုးကို မြန်မာနိုင်ငံရှိ   ကြက်ဘဲစျေးများတွင် ပထမဆုံးအကြိမ်    စတင်တွေ့ရှိခဲ့ပြီး အပြင်းစားကြက်ငှက်တုပ်ကွေး (HPAI) ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ကြက်ဘဲစျေးများတွင် လူနှင့်တိရစ္ဆာန်မှကူးစက်တတ်သော တုပ်ကွေးရောဂါပိုးအသစ်များကို   စောစီးစွာသတိပေးခြင်းနှင့်စောင့်ကြည့်ခြင်းစနစ်များသည် အရေးကြီးသည်။

ဝက်တုပ်ကွေး (Swine  Influenza, H1N1) 

     ဝက်တုပ်ကွေးဆိုသည်မှာ ဝက်များတွင် အဓိကဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ  ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။   ဤရောဂါသည် Influenza A ဗိုင်းရပ်စ်များကြောင့်ဖြစ်ပွားပြီး ဝက်များအပြင် လူနှင့်အခြားတိရစ္ဆာန်များကိုပါ ကူးစက်နိုင်သည်။ ဝက်တုပ်ကွေးသည် လူတွင်ဖြစ်ပွားပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပြီး  အထူးသဖြင့် ကိုယ်ခံအားနည်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုပြင်းထန်နိုင်သည်။

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ                       

     မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုများသည်  ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များပြီး ဝက်မွေးမြူရေးလုပ်ငန်းများနှင့်နီးစပ်သောနေရာများတွင်  ပိုမိုတွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဝက်များတွင်H1N1 နှင့် H3N2 အပါအဝင် အမျိုးမျိုးသောဝက်တုပ်ကွေးဗိုင်းရပ်စ်(SIV)မျိုးကွဲများရှိနေကြောင်း လေ့လာမှုများကဖော်ပြသည်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ H1N1-2009 မျိုးကွဲကို ဝက်များတွင်တွေ့ရှိရခြင်းသည် လူသို့ကူးစက်နိုင်ခြေကိုမီးမောင်းထိုးပြနေသည်။ လူသားများကို ကူးစက်နိုင်ခြေရှိသော မျိုးကွဲများရှိနေခြင်းသည် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို အလေးပေးဖော်ပြသည်။   ကျေးလက်ဒေသများတွင် ဝက်မွေးမြူရေးလုပ်ငန်းများကျယ်ပြန့်စွာလုပ်ကိုင်ကြသောကြောင့် ဝက်တုပ်ကွေးရောဂါသည် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်ခြေပိုများသည်။ 

ထို့ပြင်  ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်း၊  ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဝက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ရပ်  ဖြစ်နေဆဲဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေးသည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော    ရောဂါများ (Zoonotic Diseases)ကို ကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန်အတွက် အရေးကြီးသောနယ်ပယ်တစ်ခုဖြစ်သည်။  ဝက်တုပ်ကွေးကဲ့သို့သော  ရောဂါများသည်  တိရစ္ဆာန်များမှတစ်ဆင့်  လူသို့ကူးစက်နိုင်သောကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေးသည် ဤရောဂါများကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက်  မရှိမဖြစ်လိုအပ်သည်။

ရောဂါစောင့်ကြည့်ခြင်း(Disease Surveillance)

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည်  တိရစ္ဆာန်များတွင် ဖြစ်ပွားနေသောရောဂါများကို စောင့်ကြည့်ခြင်းဖြင့်  ရောဂါဖြစ်ပွားမှုကို  အချိန်မီသတိပြုမိစေပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်သည်။ Zoonotic Influenza ကဲ့သို့သော ရောဂါများသည် လူနှင့်တိရစ္ဆာန်များအကြား လျင်မြန်စွာကူးစက်နိုင်သောကြောင့် ရောဂါစောင့်ကြည့်ခြင်းသည် အထူးအရေးကြီးသည်။

ရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ရောဂါများကိုကာကွယ်ရန်အတွက်   ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစံနှုန်းများချမှတ်ခြင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များကို သီးသန့်ထားခြင်း စသည့်နည်းလမ်းများကို အသုံးပြုသည်။

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ပြည်သူများအား ရောဂါများနှင့် ပတ်သက်သော  အသိပညာများပေးခြင်းဖြင့်   ရောဂါကာကွယ်ရေးနှင့်   ထိန်းချုပ်ရေးတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကို    မြှင့်တင်ပေးသည်။ 

မြန်မာနိုင်ငံတွင် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်သောရောဂါများကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည်  အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်း၊ ပညာပေးခြင်းနှင့်သုတေသနများပြုလုပ်ခြင်းဖြင့် Zoonotic Diseases ရောဂါများကို ထိရောက်စွာကာကွယ်နိုင်ပြီး ပြည်သူများ၏ကျန်းမာရေးကိုမြှင့်တင်နိုင်မည်ဖြစ်

သည်။ တိရစ္ဆာန်ကျန်းမာရေးကိုကာကွယ်ခြင်းဖြင့်   တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် အများပြည်သူ့ကျန်းမာရေးကို   ကာကွယ်ရာတွင် အထောက်အကူပြုသည်။ လူသား၊ တိရစ္ဆာန်နှင့်   သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၏ အပြန်အလှန်ချိတ်ဆက်မှုကို အသိအမှတ်ပြုသည့် တစ်ကမ္ဘာလုံး ကျန်းမာရေးချဉ်းကပ်မှုသည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ရောဂါများကို ဖြေရှင်းရန်အတွက်  မရှိမဖြစ်လိုအပ်သည်။  တိရစ္ဆာန်ဆေးပညာဆိုင်ရာ  ပြည်သူ့ကျန်းမာရေးပညာရှင်များသည် ဤချဉ်းကပ်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။

မြန်မာနိုင်ငံတွင်ခွေးရူးပြန်(Rabies)၊ ဘရူဆဲလ်လားသားလျှောရောဂါ(Bruc-ellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများ (Zoonotic Influenza)ကဲ့သို့သော ရောဂါများအတွက် တိရစ္ဆာန်နှင့်လူသားကျန်းမာရေး နှစ်ရပ်စလုံးကိုကာကွယ်ရန်အတွက် ခိုင်မာသောတိရစ္ဆာန်ဆေးပညာဆိုင်ရာ   ပြည်သူ့ကျန်းမာရေးစနစ်များ မရှိမဖြစ် လိုအပ်သည်။

အစားအစာဘေးကင်းရေး

    အစာဘေးကင်းရေးဆိုသည်မှာ အစားအစာများကိုစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှ ကာကွယ်ရန် အာမခံချက်ပေးခြင်းဖြစ်သည်။ အစားအစာများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုက်နှင့်ဓာတုပစ္စည်းများပါဝင်နေပါက  လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

တိရစ္ဆာန်များမှထုတ်လုပ်သော   အစားအစာများ (ဥပမာ - အသား၊ နို့၊ ဥ)တွင် ဗက်တီးရီးယားပိုးမွှားများ   ပါဝင်နေပါက လူသားများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ   ဖြစ်ပေါ်စေနိုင်သည်။

ကိစ္စရပ်လေ့လာမှု - ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိဈေးများတွင်  ရောင်းချနေသောအသားများတွင်  ဗက်တီးရီးယားညစ်ညမ်းမှုများမြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ ဤဖြစ်ရပ်သည် အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများမြှင့်တင်ရန်လိုအပ်ကြောင်း   ဖော်ပြနေသည်။ 

အသား၊ နို့၊ ဥနှင့်အခြားတိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးကင်းရေးကို စစ်ဆေးခြင်းနှင့်  စည်းမျဉ်းများချမှတ်ခြင်းဖြင့် အစားအစာမှတစ်ဆင့်   ကူးစက်သောရောဂါများအား ကာကွယ်နိုင်သကဲ့သို့ အစားအစာကွင်းဆက်တွင် 'Salmonella' 'E. coli' 'Listeria'ကဲ့သို့သော ရောဂါပိုးများ၏အန္တရာယ်ကို     ဖော်ထုတ်ကာလျှော့ချနိုင်သည်။  အစာဘေးကင်းရေး (Food Safety)နှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေး(VPH)တို့သည် လူသားတို့၏ ကျန်းမာရေးနှင့်ဘဝအရည်အသွေးကို  မြှင့်တင်ရန်  အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည်။ အစားအစာများတွင်  ပါဝင်သောရောဂါပိုးမွှားများကို  ထိန်းချုပ်ခြင်းဖြင့် အစာအဆိပ်သင့်ခြင်းနှင့် အခြားရောဂါများကို   ကာကွယ်နိုင်သည်။   အစာဘေးကင်းရေးကို သေချာစွာထိန်းသိမ်းခြင်းဖြင့်   ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်နှင့် စီးပွားရေးအရထိခိုက်မှုများကို လျှော့ချနိုင်သည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များ

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးမြှင့်တင်ခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်  လေ့ကျင့်ရေးကိုမြှင့်တင်ခြင်းဖြင့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ   ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဤအတွက် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်  တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပညာရှင်များအား ခေတ်မီသင်ကြားရေးနည်းလမ်းများဖြင့် လေ့ကျင့်ပေးရန်လိုအပ်သည်။ 

ထို့ပြင်  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင်  လုပ်ကိုင်နေသူများအတွက်   ကျန်းမာရေးနှင့်ပတ်သက်သော  အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်သည်။

ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များ မြှင့်တင်ခြင်း

     ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များကိုမြှင့်တင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီသိရှိနိုင်ပြီး ထိရောက်သောတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်နိုင်မည်။ ဤအတွက် ဒေတာစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  အချက်အလက်မျှဝေခြင်းတို့ကို ခေတ်မီနည်းပညာများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်သည်။ ထို့ပြင် ရောဂါဖြစ်ပွားမှုများကိုစောင့်ကြပ်ရာတွင်   လူနှင့်တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။

အစားအစာဘေးကင်းရေးစည်းမျဉ်းများမြှင့်တင်ခြင်း

     အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများကိုမြှင့်တင်ခြင်းဖြင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်။ အစားအစာထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုဆိုင်ရာစည်းမျဉ်းများကိုသတ်မှတ်ပြီး ထိရောက်စွာလိုက်နာစေရန်လိုအပ်သည်။   ထို့ပြင် အစားအစာဘေးကင်းရေးဆိုင်ရာစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုအပ်သည်။

ပဋိဇီဝဆေးဝါးများ  တာရှည်ခံအောင်သုံးစွဲမှုလျှော့ချခြင်း

    ပဋိဇီဝဆေးဝါးများ မှန်ကန်စွာသုံးစွဲခြင်းဖြင့် ဆေးယဉ်ပါးမှုကိုလျှော့ချနိုင်မည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များကိုချမှတ်ပြီး  လိုက်နာစေရန်လိုအပ်သည်။ ထို့ပြင် ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သောအသိပညာပေးခြင်းများကို ပြုလုပ်ရန်လိုအပ်သည်။

ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်းသည်  အရေးကြီးသည်။  အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်သည်။ ထို့ပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရန်  လိုအပ်သည်။  မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက်   အထက်ဖော်ပြပါအချက်များကို  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်    လူနှင့်တိရစ္ဆာန်ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများကိုကာကွယ်နိုင်မည်ဖြစ်သည်။

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေး၏ လက်တွေ့လုပ်ဆောင်မှု

ဥပမာများ

   ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးအစီအစဉ်များ- ခွေးများနှင့်တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်းဖြင့် လူသို့ခွေးရူးပြန်ရောဂါကူးစက်မှုကို ကာကွယ်ခြင်း။

  ကြက်ငှက်တုပ်ကွေး စောင့်ကြည့်ခြင်း-   ကြက်များတွင် ရောဂါဖြစ်ပွားမှုကိုစောင့်ကြည့်ခြင်းဖြင့် လူသို့ကူးစက်မှုကို ကာကွယ်ခြင်း။

အစားအစာဘေးကင်းရေးစစ်ဆေးခြင်း-    သားသတ်ရုံများနှင့် အစားအစာထုတ်လုပ်ရေး လုပ်ငန်းများတွင် သန့်ရှင်းမှုစံနှုန်းများကို လိုက်နာစေခြင်း။

အချုပ်အားဖြင့်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးတကြီးလိုအပ်နေသည်။ ဇူနိုးစစ်ရောဂါများ၊ အစားအစာဘေးကင်းရေးနှင့်ပဋိဇီဝဆေးယဉ်ပါးမှုတို့ကို ကာကွယ်ရန်အတွက် VPH သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ မြန်မာနိုင်ငံ၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူများ၏ ကျန်းမာရေးအတွက်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်လိုအပ်သည်။  နိုင်ငံတကာအဖွဲ့အစည်းများ၏ပံ့ပိုးမှုဖြင့်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးစနစ်ကို အားကောင်းအောင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။   ။          

MWD

ဒေါက်တာခင်စန္ဒာလွင် (မွေး-ကု)

ထမင်းစားပြီး ၁၀ မိနစ်ခန့်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
-
နေ့လယ်စာနှင့် ညစာစားပြီးချိန်တို့တွင် ၁၀ မိနစ် ခန့်လမ်းလျှောက်ရုံဖြင့် ခန္ဓာကိုယ်အတွင်း ပြောင်းလဲ မှုများဖြစ်ပေါ်နိုင်ကြောင်း သုတေသီများကဆိုသည်။လမ်းလျှောက်ခြင်းက အစာခြေလမ်းကြောင်းကိုနှိုးဆွနိုင်သောကြောင့် အစာများကို အလွယ်တကူချေဖျက်နိုင်ပြီး လေပွခြင်းနှင့် အူထဲတွင် အစာအချဉ် ပေါက်ခြင်းနည်းသွားသည်။ အစာစားပြီးပြီးချင်း လမ်းလျှောက်သောကြောင့် ဗိုက်ထဲ လေးလံမှုမရှိ တော့ဘဲ နေ၍ကောင်းလာသည်။ ထို့ပြင် သွေးလှည့် ပတ်မှုပို၍ကောင်းမွန်လာပြီး ကြွက်သားနှင့်အစာခြေ အင်္ဂါများဆီသို့ သွေးရောက်ရှိမှုများပြားလာသည့်အတွက် အာဟာရစုပ်ယူမှုနှင့် စွမ်းအင်ထုတ်လုပ်မှု အတွက် အထောက်အကူပြုစေနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အစာစားပြီးချိန်တွင် အိပ်မငိုက်စေ ရန်နှင့် ပျင်းရိလေးလံမှုမရှိစေရန် ကာကွယ်ပေးနိုင် သည်။ ထမင်းစားပြီး လမ်းလျှောက်ရာတွင်လည်း ပြင်းပြင်းထန်ထန်လမ်းလျှောက်စရာမလိုဘဲ ပုံမှန် သာ လမ်းလျှောက်သင့်သည်။ထမင်းစားပြီးချိန်တွင် ၁၀ မိနစ်ခန့် လမ်းလျှောက် ပေးခြင်းက ရိုးရှင်းသော်လည်း ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ အစာခြေစနစ်ပိုမိုထိရောက်ခြင်း လမ်းလျှောက်ခြင်းက အစာအိမ်နှင့်အူလမ်းကြောင်း၏ကြွက်သားလှုပ်ရှားမှုကို လှုံ့ဆော်ပေး သည်။ ထို့ကြောင့် စားလိုက်သည့်အစာများကို အစာ အိမ်ထဲမှ အူသိမ်ထဲသို့ ပိုမိုမြန်ဆန်စွာပို့ဆောင်ပေးနိုင် ပြီး အစာချေဖျက်မှုလုပ်ငန်းစဉ်များကို ချောမွေ့စေ သည်။ အစာမကြေခြင်း၊ လေပွခြင်း၊ ရင်ခေါင်းအောင့် ခြင်းဝေဒနာများကို သက်သာစေသည့်အပြင် ဝမ်းချုပ် ခြင်းကိုပါ ကာကွယ်ပေးနိုင်သည်။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း အစာစားပြီးချိန်တွင် သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်လာသည်။ လမ်းလျှောက်သည့်အခါ ကြွက်သားများက စွမ်းအင်လိုအပ်လာပြီး သွေး ထဲမှသကြားဓာတ်ကို စုပ်ယူအသုံးပြုရသည်။ ထို့ ကြောင့် အစာစားပြီးချိန် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ရုတ်တရက်အလွန်အမင်းမြင့်တက်သွားခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆီးချို ရောဂါအကြိုအဆင့်ရှိသူများနှင့် ဆီးချိုရောဂါအမျိုး အစား(၂)ရှိသူများအတွက် အထူးအကျိုးရှိစေနိုင်သည်။နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း ပုံမှန်လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည့်အပြင် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်သည်။ ထမင်းစားပြီးချိန် လမ်းလျှောက် ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်သည်။ကိုယ်အလေးချိန်ထိန်းခြင်းနှင့်ဝိတ်ကျစေခြင်း ထမင်းစားပြီးချိန်လမ်းလျှောက်ခြင်းက စားလိုက် သည့်အစာမှရရှိမည့် ပိုနေသောကယ်လိုရီတချို့ကို လောင်ကျွမ်းစေနိုင်သည်။ ထို့ပြင် ဇီဝကမ္မဖြစ်စဉ် ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူပြုစေသည်။ ရေရှည်တွင် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေသူများအတွက် အထောက်အကူဖြစ်စေနိုင်သည်။စိတ်ဖိစီးမှုလျော့ကျစေခြင်း လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပြီး စိတ်ကိုတည်ငြိမ်စေသည်။ ထို့ပြင်ဦးနှောက်ထဲမှ ကောင်းမွန်သောခံစားမှုကိုပေးသည့် အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိမှုကို အားပေးသောကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေသည်။ ညစာစားပြီးချိန်လမ်းလျှောက်ပေးခြင်းက ကောင်းမွန်စွာအိပ်ပျော်စေ ရန်လည်း ကူညီပေးနိုင်သည်။- ထမင်းစားပြီး ချက်ချင်းမဟုတ်ဘဲ ၅-၁၀ မိနစ် ကြာစောင့်ပြီးမှ စတင်လမ်းလျှောက်သင့်သည်။- ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ပေးလျှင် လုံလောက်သည်။ အချိန်ပိုရလျှင် မိနစ် ၂၀ ခန့် လျှောက်သင့် သည်။- လမ်းလျှောက်ရာတွင် ဖြည်းဖြည်းမှန်မှန်လျှောက် သင့်သည်။ ဗိုက်ထဲတွင် အစာများဖြင့်ပြည့်နေ သည့်အချိန်မဟုတ်ဘဲ သက်သောင့်သက်သာရှိ သည့်အချိန်တွင် လမ်းလျှောက်သင့်သည်။- သတိပြုရန်မှာ အစာစားပြီး ချက်ချင်း ပြင်းထန် သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။- မိမိတွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိပါကဆရာဝန်နှင့်တိုင်ပင်ပြီးမှ လမ်းလျှောက်သင့် သည်။ ထမင်းစားပြီးချိန်တွင် မပြုလုပ်သင့်သော အောက်ပါအလေ့အထများလည်းရှိသည်။အိပ်ခြင်း နေ့လယ်နေ့ခင်းထမင်းစားပြီးသည်နှင့် မအိပ် သင့်ပါ။ ညစာကို နောက်ကျမှစား၍အိပ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းက အစာခြေစနစ် ကိုဝန်ပိစေပြီး အစာမကြေခြင်းဖြစ်စေနိုင်သည်။ ထိုအခါ အစာခြေအက်စစ်များက အစာအိမ်ထဲမှတစ် ဆင့် အစာပြွန်ထဲသို့ရောက်ရှိလာပြီး ရင်ပူခြင်းမျိုးဖြစ် စေနိုင်သည်။ ထို့ကြောင့် အကောင်းဆုံးမှာ အစာစား ပြီး နှစ်နာရီခန့်အကြာမှသာ အိပ်စက်သင့်သည်။ဆေးလိပ်သောက်ခြင်းအစာစားပြီးပြီးချင်း ခံတွင်းချဉ်၍ ဆေးလိပ်သောက် ခြင်းကိုလည်း မပြုလုပ်သင့်ပေ။ အကြောင်းမှာ အစာ စားပြီးချိန်တွင် ဆေးလိပ်သောက်ခြင်းက တခြားအချိန် ဆေးလိပ်သောက်ခြင်းထက် ခန္ဓာကိုယ်ကို ထိခိုက် နိုင်ခြေ ၁၀ ဆခန့် ပိုများနိုင်သည်။ အစာစားပြီး ဆေးလိပ်လုံးဝမသောက်သင့်ပါ။ရေချိုးခြင်းအစာတစ်ခုခုစားပြီးမှ ရေချိုးခြင်းက အစာခြေစနစ် ၏လုပ်ဆောင်မှုကို နှေးသွားစေသည်။ အကြောင်းမှာ ရေချိုးလိုက်သည့်အခါ အစာခြေစနစ်သို့ ရောက်ရှိရ မည့်သွေးများက အစာခြေစနစ်သို့မရောက်ရှိဘဲခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိရန် ခန္ဓာကိုယ်အနှံ့သို့စီးဆင်းသွားပြီး အစာခြေစနစ်၏လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်သောကြောင့်ဖြစ်သည်။သစ်သီးစားခြင်း အစားအစာတစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်၏အစာခြေမှုကွာခြားသည်။ ထမင်းမစားမီ သစ်သီး စားခြင်းက အစာကြေရန် လွယ်ကူစေသော်လည်း ထမင်းစားပြီး သစ်သီးစားခြင်းက အစာခြေစနစ်ကို နှေးကွေးစေနိုင်ပြီး အစာမကြေခြင်းမျိုးဖြစ်စေနိုင် သည်။ ထို့ကြောင့် သစ်သီးကို ထမင်းစားပြီး နှစ်နာရီ ခန့်အကြာမှ စားသင့်သည်။ရေနွေးကြမ်းသောက်ခြင်း အစားအစာများတွင် ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်တွင် ရေနွေးကြမ်းသောက်ခြင်းက ပရို တင်းကို ချေဖျက်နိုင်စွမ်း ကျဆင်းစေနိုင်သကဲ့သို့ ခန္ဓာကိုယ်၏သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေနွေးကြမ်းကြိုက်သည် ဆိုလျှင် ထမင်းစားပြီး တစ်နာရီခန့်ကြာမှသာ သောက်သင့်သည်။လေ့ကျင့်ခန်းပြုလုပ်ခြင်း ထမင်းမစားမီ၊ ရေမချိုးမီ လူတိုင်း နေ့စဉ်နာရီ ဝက်မှ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး၊ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ အစာတစ်ခုခုကို ပြည့်ပြည့်ဝဝစားပြီး လေ့ကျင့်ခန်း လုပ်သည်က အစာခြေစနစ်၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အော့အန်ခြင်း၊ ဗိုက် အောင့်ခြင်းမျိုးကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် အစာတစ်ခုခုစားပြီး၍ ၂-၃ နာရီခန့်ကြာမှသာ လေ့ကျင့်ခန်းပြုလုပ်သင့်သည်။အသက်ရှည်ရှည်နေနိုင်ရန် မွေးမြူသင့်သည့်အလေ့အထကောင်းများလည်းရှိသေးသည်။- အလွန်အကျွံမစားသင့်ပါ။ အသက်ရှည်ရှည်နေ လိုလျှင် အစာစားသည့်အခါ နည်းနည်းချင်းစီကို ကြေညက်စွာဝါးစားကာ အကြိမ်ရေများများစား ပေးရသည်။ တစ်ကြိမ်တည်း အဝစားလိုက်ခြင်း မျိုး မပြုလုပ်သင့်ပါ။ စားသုံးသည့်ကယ်လိုရီပမာဏနည်းလေလေ၊ အိုမင်းမှုနည်းလေလေ ဖြစ်သည်။- အခွံမာသီးစားပေးသင့်သည်။ အခွံမာသီးတွင် ပရိုတင်း၊ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင် အာနိသင်များ ပါဝင်သည်။ ထို့ပြင် ဗီတာမင်၊ သတ္တုဓာတ်များ၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နှင့် ဖောလိတ်တို့အပြင် ဗီတာမင်-B6 နှင့် ဗီတာမင်-E တို့ပါဝင်သည်။ တစ်ပတ်လျှင် သုံးကြိမ် အခွံမာသီးစားပေးပါက အရွယ်မတိုင် မီ သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်သည်။- အသီးအရွက်များများစားသင့်သည်။ အသီး အရွက်များများစားသူများက အသားကြိုက်သူ များထက် အသက်ပိုရှည်ကြသည်။ ထို့ကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်းမျိုးမဖြစ်စေရန် အသီးအရွက်များများ စားပေးသင့်သည်။ သဘာဝ မှရသည့် သစ်သီးနှင့်အရွက်များက ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချပေးသကဲ့သို့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို ၁၂-၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။MWD

     နေ့လယ်စာနှင့် ညစာစားပြီးချိန်တို့တွင် ၁၀ မိနစ် ခန့်လမ်းလျှောက်ရုံဖြင့် ခန္ဓာကိုယ်အတွင်း  ပြောင်းလဲ မှုများဖြစ်ပေါ်နိုင်ကြောင်း သုတေသီများကဆိုသည်။

လမ်းလျှောက်ခြင်းက အစာခြေလမ်းကြောင်းကိုနှိုးဆွနိုင်သောကြောင့်  အစာများကို အလွယ်တကူချေဖျက်နိုင်ပြီး လေပွခြင်းနှင့် အူထဲတွင် အစာအချဉ် ပေါက်ခြင်းနည်းသွားသည်။      အစာစားပြီးပြီးချင်း လမ်းလျှောက်သောကြောင့်  ဗိုက်ထဲ လေးလံမှုမရှိ တော့ဘဲ နေ၍ကောင်းလာသည်။ ထို့ပြင် သွေးလှည့် ပတ်မှုပို၍ကောင်းမွန်လာပြီး ကြွက်သားနှင့်အစာခြေ အင်္ဂါများဆီသို့    သွေးရောက်ရှိမှုများပြားလာသည့်အတွက် အာဟာရစုပ်ယူမှုနှင့် စွမ်းအင်ထုတ်လုပ်မှု အတွက်  အထောက်အကူပြုစေနိုင်သည်။    ထိုသို့ ပြုလုပ်ခြင်းဖြင့် အစာစားပြီးချိန်တွင် အိပ်မငိုက်စေ ရန်နှင့် ပျင်းရိလေးလံမှုမရှိစေရန် ကာကွယ်ပေးနိုင် သည်။   ထမင်းစားပြီး   လမ်းလျှောက်ရာတွင်လည်း ပြင်းပြင်းထန်ထန်လမ်းလျှောက်စရာမလိုဘဲ ပုံမှန် သာ လမ်းလျှောက်သင့်သည်။ထမင်းစားပြီးချိန်တွင် ၁၀ မိနစ်ခန့် လမ်းလျှောက် ပေးခြင်းက ရိုးရှင်းသော်လည်း  ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။     

အစာခြေစနစ်ပိုမိုထိရောက်ခြင်း

     လမ်းလျှောက်ခြင်းက     အစာအိမ်နှင့်အူလမ်းကြောင်း၏ကြွက်သားလှုပ်ရှားမှုကို   လှုံ့ဆော်ပေး သည်။ ထို့ကြောင့် စားလိုက်သည့်အစာများကို အစာ အိမ်ထဲမှ အူသိမ်ထဲသို့ ပိုမိုမြန်ဆန်စွာပို့ဆောင်ပေးနိုင် ပြီး  အစာချေဖျက်မှုလုပ်ငန်းစဉ်များကို  ချောမွေ့စေ သည်။ အစာမကြေခြင်း၊ လေပွခြင်း၊ ရင်ခေါင်းအောင့် ခြင်းဝေဒနာများကို သက်သာစေသည့်အပြင် ဝမ်းချုပ် ခြင်းကိုပါ ကာကွယ်ပေးနိုင်သည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

    အစာစားပြီးချိန်တွင်  သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်လာသည်။     လမ်းလျှောက်သည့်အခါ ကြွက်သားများက စွမ်းအင်လိုအပ်လာပြီး သွေး ထဲမှသကြားဓာတ်ကို  စုပ်ယူအသုံးပြုရသည်။   ထို့ ကြောင့် အစာစားပြီးချိန်  လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်   ရုတ်တရက်အလွန်အမင်းမြင့်တက်သွားခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆီးချို ရောဂါအကြိုအဆင့်ရှိသူများနှင့် ဆီးချိုရောဂါအမျိုး အစား(၂)ရှိသူများအတွက် အထူးအကျိုးရှိစေနိုင်သည်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း

    ပုံမှန်လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည့်အပြင် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်သည်။ ထမင်းစားပြီးချိန် လမ်းလျှောက် ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ကြောင့်  နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း  လျှော့ချ ပေးနိုင်သည်။

ကိုယ်အလေးချိန်ထိန်းခြင်းနှင့်ဝိတ်ကျစေခြင်း 

     ထမင်းစားပြီးချိန်လမ်းလျှောက်ခြင်းက စားလိုက် သည့်အစာမှရရှိမည့်  ပိုနေသောကယ်လိုရီတချို့ကို လောင်ကျွမ်းစေနိုင်သည်။  ထို့ပြင် ဇီဝကမ္မဖြစ်စဉ် ကို   မြှင့်တင်ပေးပြီး   ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူပြုစေသည်။ ရေရှည်တွင် ကိုယ်အလေးချိန်လျှော့ချရန်     ကြိုးစားနေသူများအတွက် အထောက်အကူဖြစ်စေနိုင်သည်။

စိတ်ဖိစီးမှုလျော့ကျစေခြင်း 

    လမ်းလျှောက်ခြင်းက   စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပြီး  စိတ်ကိုတည်ငြိမ်စေသည်။    ထို့ပြင်ဦးနှောက်ထဲမှ   ကောင်းမွန်သောခံစားမှုကိုပေးသည့် အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိမှုကို     အားပေးသောကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး  စိတ်ကြည်လင်လန်းဆန်းစေသည်။     ညစာစားပြီးချိန်လမ်းလျှောက်ပေးခြင်းက ကောင်းမွန်စွာအိပ်ပျော်စေ ရန်လည်း ကူညီပေးနိုင်သည်။

-    ထမင်းစားပြီး ချက်ချင်းမဟုတ်ဘဲ  ၅-၁၀ မိနစ် ကြာစောင့်ပြီးမှ စတင်လမ်းလျှောက်သင့်သည်။

-    ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ပေးလျှင် လုံလောက်သည်။ အချိန်ပိုရလျှင် မိနစ် ၂၀ ခန့် လျှောက်သင့် သည်။

လမ်းလျှောက်ရာတွင် ဖြည်းဖြည်းမှန်မှန်လျှောက် သင့်သည်။   ဗိုက်ထဲတွင် အစာများဖြင့်ပြည့်နေ သည့်အချိန်မဟုတ်ဘဲ သက်သောင့်သက်သာရှိ သည့်အချိန်တွင် လမ်းလျှောက်သင့်သည်။

သတိပြုရန်မှာ အစာစားပြီး ချက်ချင်း ပြင်းထန် သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။

မိမိတွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိပါကဆရာဝန်နှင့်တိုင်ပင်ပြီးမှ    လမ်းလျှောက်သင့် သည်။

 ထမင်းစားပြီးချိန်တွင်  မပြုလုပ်သင့်သော အောက်ပါအလေ့အထများလည်းရှိသည်။

အိပ်ခြင်း 

နေ့လယ်နေ့ခင်းထမင်းစားပြီးသည်နှင့်   မအိပ် သင့်ပါ။   ညစာကို  နောက်ကျမှစား၍အိပ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းက အစာခြေစနစ် ကိုဝန်ပိစေပြီး     အစာမကြေခြင်းဖြစ်စေနိုင်သည်။ ထိုအခါ အစာခြေအက်စစ်များက အစာအိမ်ထဲမှတစ် ဆင့် အစာပြွန်ထဲသို့ရောက်ရှိလာပြီး  ရင်ပူခြင်းမျိုးဖြစ် စေနိုင်သည်။ ထို့ကြောင့်  အကောင်းဆုံးမှာ အစာစား ပြီး နှစ်နာရီခန့်အကြာမှသာ အိပ်စက်သင့်သည်။

ဆေးလိပ်သောက်ခြင်း

အစာစားပြီးပြီးချင်း ခံတွင်းချဉ်၍ ဆေးလိပ်သောက် ခြင်းကိုလည်း မပြုလုပ်သင့်ပေ။ အကြောင်းမှာ အစာ စားပြီးချိန်တွင် ဆေးလိပ်သောက်ခြင်းက တခြားအချိန် ဆေးလိပ်သောက်ခြင်းထက်  ခန္ဓာကိုယ်ကို   ထိခိုက် နိုင်ခြေ   ၁၀  ဆခန့်  ပိုများနိုင်သည်။    အစာစားပြီး ဆေးလိပ်လုံးဝမသောက်သင့်ပါ။

ရေချိုးခြင်း

အစာတစ်ခုခုစားပြီးမှ ရေချိုးခြင်းက အစာခြေစနစ် ၏လုပ်ဆောင်မှုကို နှေးသွားစေသည်။ အကြောင်းမှာ ရေချိုးလိုက်သည့်အခါ  အစာခြေစနစ်သို့  ရောက်ရှိရ မည့်သွေးများက      အစာခြေစနစ်သို့မရောက်ရှိဘဲခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိရန်  ခန္ဓာကိုယ်အနှံ့သို့စီးဆင်းသွားပြီး အစာခြေစနစ်၏လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးစားခြင်း

    အစားအစာတစ်ခုချင်းစီအလိုက်   ခန္ဓာကိုယ်၏အစာခြေမှုကွာခြားသည်။  ထမင်းမစားမီ သစ်သီး စားခြင်းက  အစာကြေရန်  လွယ်ကူစေသော်လည်း ထမင်းစားပြီး သစ်သီးစားခြင်းက အစာခြေစနစ်ကို နှေးကွေးစေနိုင်ပြီး   အစာမကြေခြင်းမျိုးဖြစ်စေနိုင် သည်။ ထို့ကြောင့် သစ်သီးကို  ထမင်းစားပြီး  နှစ်နာရီ ခန့်အကြာမှ စားသင့်သည်။

ရေနွေးကြမ်းသောက်ခြင်း

   အစားအစာများတွင် ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်တွင်   ရေနွေးကြမ်းသောက်ခြင်းက   ပရို တင်းကို ချေဖျက်နိုင်စွမ်း ကျဆင်းစေနိုင်သကဲ့သို့ ခန္ဓာကိုယ်၏သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေနွေးကြမ်းကြိုက်သည် ဆိုလျှင် ထမင်းစားပြီး တစ်နာရီခန့်ကြာမှသာ သောက်သင့်သည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

    ထမင်းမစားမီ၊   ရေမချိုးမီ  လူတိုင်း နေ့စဉ်နာရီ ဝက်မှ တစ်နာရီကြာ  အပြေး၊ ရွရွပြေး၊  စက်ဘီးစီး၊ ရေကူး၊ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ အစာတစ်ခုခုကို ပြည့်ပြည့်ဝဝစားပြီး  လေ့ကျင့်ခန်း လုပ်သည်က       အစာခြေစနစ်၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး   အော့အန်ခြင်း၊   ဗိုက် အောင့်ခြင်းမျိုးကိုပါ   ဖြစ်စေနိုင်သည်။  ထို့ကြောင့် အစာတစ်ခုခုစားပြီး၍    ၂-၃    နာရီခန့်ကြာမှသာ လေ့ကျင့်ခန်းပြုလုပ်သင့်သည်။

အသက်ရှည်ရှည်နေနိုင်ရန်      မွေးမြူသင့်သည့်အလေ့အထကောင်းများလည်းရှိသေးသည်။

အလွန်အကျွံမစားသင့်ပါ။ အသက်ရှည်ရှည်နေ လိုလျှင် အစာစားသည့်အခါ နည်းနည်းချင်းစီကို ကြေညက်စွာဝါးစားကာ အကြိမ်ရေများများစား ပေးရသည်။ တစ်ကြိမ်တည်း အဝစားလိုက်ခြင်း မျိုး   မပြုလုပ်သင့်ပါ။  စားသုံးသည့်ကယ်လိုရီပမာဏနည်းလေလေ၊   အိုမင်းမှုနည်းလေလေ ဖြစ်သည်။

-   အခွံမာသီးစားပေးသင့်သည်။  အခွံမာသီးတွင် ပရိုတင်း၊ အမျှင်ဓာတ်နှင့်   ဓာတ်တိုးဆန့်ကျင် အာနိသင်များ  ပါဝင်သည်။ ထို့ပြင်  ဗီတာမင်၊ သတ္တုဓာတ်များ၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နှင့်  ဖောလိတ်တို့အပြင်   ဗီတာမင်-B6 နှင့်   ဗီတာမင်-တို့ပါဝင်သည်။  တစ်ပတ်လျှင် သုံးကြိမ် အခွံမာသီးစားပေးပါက အရွယ်မတိုင် မီ သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်သည်။

အသီးအရွက်များများစားသင့်သည်။  အသီး အရွက်များများစားသူများက အသားကြိုက်သူ များထက် အသက်ပိုရှည်ကြသည်။ ထို့ကြောင့် အရွယ်မတိုင်မီ   သေဆုံးခြင်းမျိုးမဖြစ်စေရန် အသီးအရွက်များများ စားပေးသင့်သည်။ သဘာဝ မှရသည့် သစ်သီးနှင့်အရွက်များက ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချပေးသကဲ့သို့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို ၁၂-၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
MWD

ဒေါက်တာလွင်သန့်

လက်ဖက်နှင့် ကျန်းမာရေး ကောင်းကျိုးများ
-
အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်ဟူသောမြန်မာစကားပုံရှိသည်။ အကောင်းဆုံးဟု အမွှမ်းတင်ခံရသော အစားအစာသုံးမျိုးတွင် လက်ဖက်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့ရိုးရာအစားအစာများတွင် မပါမဖြစ်လက်ဖက်သည် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးရှုထောင့်အရလည်း ဆေးဖက်၀င်သည်။ ကျန်းမာရေး သုတေသီများ၏အဆိုအရ လက်ဖက်တွင် လူကိုအကျိုးပြုသည့် အာဟာရဓာတ်၊ ဗီတာမင်ဓာတ်များအပါအ၀င် ဇီ၀ဓာတုပစ္စည်းပေါင်း ၃၀၀ ကျော်ပါ၀င်ကြောင်း သိရသည်။ လက်ဖက်စို ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရဓာတ်များသည် ပြုပြင်စီရင်ပုံပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်သော်လည်းယေဘုယျအားဖြင့် ပါဝင်လေ့ရှိသည့် ပျမ်းမျှပမာဏကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။လက်ဖက်စို ၁၀၀ ဂရမ်၏ အာဟာရဓာတ်များအာဟာရဓာတ်ပါဝင်မှုပမာဏ (ခန့်မှန်းခြေ) စွမ်းအင် ၈၀ မှ ၁၂၀ ကယ်လိုရီ၊ ရေဓာတ် ၇၅ ဂရမ်မှ ၈၀ ဂရမ်၊ ပရိုတင်း ၄ ဂရမ်မှ ၆ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၅ ဂရမ်မှ ၁ ဒသမ ၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၀ ဂရမ်မှ ၁၅ ဂရမ်၊ အမျှင်ဓာတ် ၄ ဂရမ်မှ ၇ ဂရမ်တို့ အသီးသီးပါရှိ သည်။တခြားပါဝင်သော အရေးကြီးဓာတ်များ လက်ဖက်စို၌ ကဖင်းဓာတ်ပါ၀င်မှုပမာဏသည် လက်ဖက်ခြောက်ထက် လျော့နည်းသော်လည်း နိုးကြားမှုကိုဖြစ်စေသော ကဖင်းဓာတ်အသင့်အတင့် ပါဝင်သည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် Antioxi-dants (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် Polyphenols နှင့် Catechins ဓာတ်များက လက်ဖက်စိုထဲတွင် ကြွယ်ဝစွာပါဝင်သaည်။ ဗီတာမင်-B ဓာတ်ပေါင်းစု၊ ဗီတာမင်-C၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့ အနည်းငယ်စီပါဝင်သည်။လက်ဖက်စိုစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ လက်ဖက်စို စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ နှင့် သတိပြုရမည့်အချက်များကို ဖော်ပြလိုက်ပါသည်။- လက်ဖက်က လူကို အာဟာရဖြစ်စေသည်။- ကိုယ်အလေးချိန်ထိန်းညှိပေးပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးရန် အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုသည်။- လက်ဖက်တွင် သဘာ၀အလျောက် ကြွယ်၀စွာပါရှိသည့် Cate-chins နှင့် Polyphenols ကဲ့သို့သော ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး ရောဂါဖြစ်ပွားမှုကို လျှော့ချပေးသည်။- အစာခြေစနစ်ကို အထောက်အကူပြုပြီး အစာကို ကြေညက်စေသည်။ အထူးသဖြင့် အချဉ်ဖောက်ထားသော လက်ဖက်စိုတွင် Probiotics (အကျိုးပြုဗက်တီးရီးယားများ) ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်စေသည်။- ကဖင်းဓာတ် အနည်းငယ်ပါဝင်သောကြောင့် အာရုံစူးစိုက်မှု ကောင်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ နိုးကြား တက်ကြွစေသည်။- သွေးတွင်းကိုလက်စထရော လျှော့ချပေးနိုင်သည့် အာနိသင် ရှိသဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေကာ နှလုံးကို ကျန်းမာစေသည်။- သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။- ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးသည်။ - ဇီ၀ကမ္မစွမ်းဆောင်ရည်ကို ထိန်းညှိပေးပြီး အမောပြေစေကာ သက်လုံကောင်းစေသည်။- အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ပေးသည်။- မှတ်ဉာဏ်ကောင်း၍ တွေးတောစဉ်းစားနိုင်စွမ်းရည်မြင့်တက်စေသည်။ ထို့ကြောင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာအကြို ရောဂါ (ဦးနှောက်ဆဲလ်ပျက်စီးမှု) မှ ကာကွယ်ပေးသည်။- စိတ်ကို ပေါ့ပါးတက်ကြွလန်းဆန်းစေပြီး သွက်လက်ဖျတ်လတ်စေသည်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်။ - အရက်နာကျမှုကို ပြေပျောက်စေသည်။- စိတ်ကျရောဂါဖြစ်ပွားမှုကို လျော့နည်းစေပြီး စိတ်ဖိစီးမှုနှင့် ပင်ပန်းမှုကို သက်သာစေသည်။- ဗဟိုနာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေး၍ ကိုယ်လက်လှုပ်ရှားမှု အားကောင်းစေသည်။- လက်ဖက်တွင်ပါရှိသည့် ကဖင်း နှင့် L-theanine ဓာတ်တို့က အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေသည်။- စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်စေသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်ကျစေသည်။- ပိုးမွှားများ ကိုယ်တွင်း၀င်ရောက်မှုကို တိုက်ထုတ်စေနိုင်သည့် အပြင် အနာကျက်မြန်စေသည်။- အရိုးပါး၊ အရိုးပွရောဂါကို သက်သာစေပြီး အရိုးကိုကြံ့ခိုင်စေသည်။- သွားပိုးစားခြင်းကို ကာကွယ်ပေးသည်။- ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။- အဆီကျစေပြီး ခန္ဓာကိုယ်ကျစ်လျစ်စေရန် အထောက်အကူပြု သည်။- ခန္ဓာကိုယ်တွင်း မကောင်းသောကိုလက်စထရောများ ကျစေပြီး နှလုံးကြွက်သား အားကောင်းစေသည်။ လက်ဖက်တွင်ပါရှိသော Catecholamine နှင့် ဗီတာမင်-C တို့က သွေးခဲကို ကြေစေပြီး သွေးလွှတ်ကြောမာကျစ်မှုကို သက်သာစေသည်။- အဆုတ်ကျန်းမာရေးကို အထောက်အကူပြုသည်။- အူရောင်ငန်းဖျား (ခေါ် )တိုက်ဖွိုက်ရောဂါ နှင့် ၀မ်းကိုက်ရောဂါဖြစ်စေ သည့် Bacillus (ခေါ်) တုတ်၊ သန်ပိုး၊ Staphylococcus (ခေါ် )ရွှေဝါရောင် စပျစ်သီးပုံရောဂါပိုးနှင့် ပြည်တည်စေသည့် တုတ်၊ သန်များကို သုတ်သင်ပေးနိုင်သည်။- အယ်လ်ကာလွိုက်သတ္တုဓာတ်များ၏ အဆိပ်သင့်မှုကို လျော့နည်း စေသည်။ Tannic acid ဓာတ်က ထိုအဆိပ်ဓာတ်ကို ချေဖျက်ပေး သည်။- ဆီးရွှင်စေသည့် Theine ဓာတ်ကြောင့် ဆီးချုပ်ရောဂါပျောက်ကင်း စေသည်။ ကျောက်ကပ်သန့်စင်စေသည်။- အမျိုးသားများဖြစ်လေ့ရှိသော ဆီးကျိတ်ရောဂါကို သက်သာစေသည်။- လက်ဖက်တွင် သဘာ၀အလျောက်ပါရှိနေသော Catechu (ခေါ်) ရှားစေးဓာတ်နှင့် Flarone ဓာတ်တို့က လူ့ခန္ဓာကိုယ်တွင်းရှိ ဆံခြည်မျှင်သွေးကြောတို့၏ နံရံများကို ပျော့ပျောင်းစေသည့်အတွက် ရုတ်တရက်လေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ - ဓာတ်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးသည်။ - ကင်ဆာဆဲလ်ကလာပ်စည်းများ မပြန့်ပွားအောင် ထိန်းချုပ်သည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။ အလွန်အကျွံစားသုံးလျှင် ဖြစ်နိုင်သည့်ဆိုးကျိုးများ တန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ လက်ဖက်ကို အလွန်အကျွံစားမိ လျှင် အောက်ဖော်ပြပါပြဿနာများ တွေ့ကြုံရနိုင်ပါသည်။- လက်ဖက်တွင်ပါဝင်သော တန်နင် (Tannin) ဓာတ်သည် အစား အစာထဲမှ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်သော ကြောင့် ထမင်းစားပြီးပြီးချင်း အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။- သွေးအားနည်းရောဂါရှိသူများ လက်ဖက်ကို အလွန်အကျွံစားခြင်း ကို ရှောင်ကြဉ်သင့်သည်။- ညဘက် လက်ဖက်အများအပြား စားမိလျှင် ကဖင်းဓာတ်ကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသည်။- ကဖင်းဓာတ်နှင့် ဓာတ်မတည့်သူများတွင် ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း ဖြစ်နိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။- ၀မ်းဗိုက်ထဲ အစာမရှိဘဲ လက်ဖက်များစွာစားမိလျှင် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေပွခြင်း စသည့် အစာအိမ်ပြဿနာ များ ဖြစ်တတ်သည်။ - ဈေးကွက်အတွင်းရှိ တချို့သောလက်ဖက်များတွင် တရားမဝင် တာရှည်ခံဆေးများ ပါဝင်နေတတ်သဖြင့် FDA ခွင့်ပြုချက်ပါရှိသည့် တံဆိပ်ကို ရွေးချယ်ရန် လိုအပ်သည်။လက်ဖက်စို ၁၀၀ ဂရမ်ဆိုသည်မှာ လက်ဖက်သုပ် အတော်များများ သုပ်စားနိုင်သော ပမာဏဖြစ်ပါသည်။ လက်ဖက်စိုကို သုပ်ရာတွင် ထည့်သွင်းအသုံးပြုသော ဆီ၊ နှမ်း၊ မြေပဲနှင့် အကြော်အလှော်များကြောင့် စုစုပေါင်း ကယ်လိုရီပမာဏ အဆမတန်မြင့်တက်သွားနိုင်ကြောင်း သတိပြုသင့်သည်။သွေးအားနည်းရောဂါရှိသူ သို့မဟုတ် ကိုယ်ဝန်ဆောင်များအနေဖြင့် အစာစားပြီးပြီးချင်း လက်ဖက် သို့မဟုတ် လက်ဖက်ရည်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ စားသုံးသင့်သည်။ လက်ဖက်သုပ် သုပ်စားသည့်အခါ ဆီနှင့် အကြော်အလှော်များကို လျှော့ထည့်ပြီး ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်စားပေးလျှင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် သည့် အလေ့အထဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ MWD

 အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်ဟူသောမြန်မာစကားပုံရှိသည်။ အကောင်းဆုံးဟု အမွှမ်းတင်ခံရသော အစားအစာသုံးမျိုးတွင် လက်ဖက်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့ရိုးရာအစားအစာများတွင် မပါမဖြစ်လက်ဖက်သည် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးရှုထောင့်အရလည်း   ဆေးဖက်၀င်သည်။  ကျန်းမာရေး သုတေသီများ၏အဆိုအရ   လက်ဖက်တွင်  လူကိုအကျိုးပြုသည့် အာဟာရဓာတ်၊ ဗီတာမင်ဓာတ်များအပါအ၀င် ဇီ၀ဓာတုပစ္စည်းပေါင်း ၃၀၀ ကျော်ပါ၀င်ကြောင်း သိရသည်။ 

လက်ဖက်စို  ၁၀၀  ဂရမ်တွင် ပါဝင်သည့် အာဟာရဓာတ်များသည် ပြုပြင်စီရင်ပုံပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်သော်လည်းယေဘုယျအားဖြင့်  ပါဝင်လေ့ရှိသည့်  ပျမ်းမျှပမာဏကို  အောက်ပါအတိုင်း အကြံပြုလိုပါသည်။

လက်ဖက်စို ၁၀၀ ဂရမ်၏ အာဟာရဓာတ်များ

အာဟာရဓာတ်ပါဝင်မှုပမာဏ (ခန့်မှန်းခြေ) စွမ်းအင် ၈၀ မှ ၁၂၀ ကယ်လိုရီ၊ ရေဓာတ် ၇၅ ဂရမ်မှ ၈၀ ဂရမ်၊ ပရိုတင်း ၄ ဂရမ်မှ ၆ ဂရမ်၊ အဆီဓာတ်  သုည ဒသမ ၅ ဂရမ်မှ ၁ ဒသမ ၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၀ ဂရမ်မှ ၁၅ ဂရမ်၊ အမျှင်ဓာတ် ၄ ဂရမ်မှ ၇ ဂရမ်တို့ အသီးသီးပါရှိ သည်။

တခြားပါဝင်သော အရေးကြီးဓာတ်များ

     လက်ဖက်စို၌ ကဖင်းဓာတ်ပါ၀င်မှုပမာဏသည် လက်ဖက်ခြောက်ထက် လျော့နည်းသော်လည်း နိုးကြားမှုကိုဖြစ်စေသော ကဖင်းဓာတ်အသင့်အတင့် ပါဝင်သည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် Antioxi-dants (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် Polyphenols နှင့် Catechins ဓာတ်များက လက်ဖက်စိုထဲတွင် ကြွယ်ဝစွာပါဝင်သaည်။ ဗီတာမင်-ဓာတ်ပေါင်းစု၊ ဗီတာမင်-C၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့ အနည်းငယ်စီပါဝင်သည်။

လက်ဖက်စိုစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ

     လက်ဖက်စို စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ နှင့် သတိပြုရမည့်အချက်များကို ဖော်ပြလိုက်ပါသည်။

-        လက်ဖက်က လူကို အာဟာရဖြစ်စေသည်။

-        ကိုယ်အလေးချိန်ထိန်းညှိပေးပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးရန် အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုသည်။

-        လက်ဖက်တွင် သဘာ၀အလျောက် ကြွယ်၀စွာပါရှိသည့် Cate-chins  နှင့် Polyphenols ကဲ့သို့သော ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက   ဆဲလ်များပျက်စီးမှုကို   ကာကွယ်ပေးပြီး ရောဂါဖြစ်ပွားမှုကို လျှော့ချပေးသည်။

-      အစာခြေစနစ်ကို   အထောက်အကူပြုပြီး အစာကို ကြေညက်စေသည်။ အထူးသဖြင့် အချဉ်ဖောက်ထားသော လက်ဖက်စိုတွင် Probiotics (အကျိုးပြုဗက်တီးရီးယားများ) ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်စေသည်။

-      ကဖင်းဓာတ်   အနည်းငယ်ပါဝင်သောကြောင့်   အာရုံစူးစိုက်မှု ကောင်းစေပြီး  ပင်ပန်းနွမ်းနယ်မှုကို  ပြေပျောက်စေကာ နိုးကြား တက်ကြွစေသည်။

-      သွေးတွင်းကိုလက်စထရော  လျှော့ချပေးနိုင်သည့် အာနိသင် ရှိသဖြင့်  နှလုံးရောဂါဖြစ်နိုင်ခြေကို   လျော့ကျစေကာ  နှလုံးကို ကျန်းမာစေသည်။

-      သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

-       ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးသည်။ 

-       ဇီ၀ကမ္မစွမ်းဆောင်ရည်ကို  ထိန်းညှိပေးပြီး  အမောပြေစေကာ သက်လုံကောင်းစေသည်။

-       အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ပေးသည်။

-       မှတ်ဉာဏ်ကောင်း၍ တွေးတောစဉ်းစားနိုင်စွမ်းရည်မြင့်တက်စေသည်။ ထို့ကြောင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာအကြို ရောဂါ (ဦးနှောက်ဆဲလ်ပျက်စီးမှု) မှ ကာကွယ်ပေးသည်။

-       စိတ်ကို ပေါ့ပါးတက်ကြွလန်းဆန်းစေပြီး သွက်လက်ဖျတ်လတ်စေသည်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်။ 

-       အရက်နာကျမှုကို ပြေပျောက်စေသည်။

-       စိတ်ကျရောဂါဖြစ်ပွားမှုကို  လျော့နည်းစေပြီး  စိတ်ဖိစီးမှုနှင့် ပင်ပန်းမှုကို သက်သာစေသည်။

-       ဗဟိုနာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေး၍   ကိုယ်လက်လှုပ်ရှားမှု အားကောင်းစေသည်။

-       လက်ဖက်တွင်ပါရှိသည့် ကဖင်း နှင့် L-theanine ဓာတ်တို့က အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေသည်။

-       စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်စေသဖြင့်  ခန္ဓာကိုယ်တွင်း အပူဓာတ်ကျစေသည်။

-       ပိုးမွှားများ   ကိုယ်တွင်း၀င်ရောက်မှုကို   တိုက်ထုတ်စေနိုင်သည့် အပြင် အနာကျက်မြန်စေသည်။

-       အရိုးပါး၊ အရိုးပွရောဂါကို သက်သာစေပြီး အရိုးကိုကြံ့ခိုင်စေသည်။

-       သွားပိုးစားခြင်းကို ကာကွယ်ပေးသည်။

-       ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

-       အဆီကျစေပြီး ခန္ဓာကိုယ်ကျစ်လျစ်စေရန် အထောက်အကူပြု သည်။

-       ခန္ဓာကိုယ်တွင်း မကောင်းသောကိုလက်စထရောများ ကျစေပြီး နှလုံးကြွက်သား အားကောင်းစေသည်။ လက်ဖက်တွင်ပါရှိသော Catecholamine  နှင့်  ဗီတာမင်-တို့က သွေးခဲကို  ကြေစေပြီး သွေးလွှတ်ကြောမာကျစ်မှုကို သက်သာစေသည်။

-       အဆုတ်ကျန်းမာရေးကို အထောက်အကူပြုသည်။

-     အူရောင်ငန်းဖျား (ခေါ် )တိုက်ဖွိုက်ရောဂါ နှင့် ၀မ်းကိုက်ရောဂါဖြစ်စေ သည့် Bacillus (ခေါ်) တုတ်၊ သန်ပိုး၊ Staphylococcus (ခေါ် )ရွှေဝါရောင် စပျစ်သီးပုံရောဂါပိုးနှင့်  ပြည်တည်စေသည့် တုတ်၊ သန်များကို သုတ်သင်ပေးနိုင်သည်။

-       အယ်လ်ကာလွိုက်သတ္တုဓာတ်များ၏ အဆိပ်သင့်မှုကို လျော့နည်း စေသည်။ Tannic acid ဓာတ်က ထိုအဆိပ်ဓာတ်ကို ချေဖျက်ပေး သည်။

-       ဆီးရွှင်စေသည့် Theine ဓာတ်ကြောင့် ဆီးချုပ်ရောဂါပျောက်ကင်း စေသည်။ ကျောက်ကပ်သန့်စင်စေသည်။

-        အမျိုးသားများဖြစ်လေ့ရှိသော ဆီးကျိတ်ရောဂါကို သက်သာစေသည်။

-      လက်ဖက်တွင် သဘာ၀အလျောက်ပါရှိနေသော Catechu (ခေါ်) ရှားစေးဓာတ်နှင့်  Flarone  ဓာတ်တို့က  လူ့ခန္ဓာကိုယ်တွင်းရှိ ဆံခြည်မျှင်သွေးကြောတို့၏  နံရံများကို ပျော့ပျောင်းစေသည့်အတွက် ရုတ်တရက်လေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ 

-       ဓာတ်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးသည်။ 

-    ကင်ဆာဆဲလ်ကလာပ်စည်းများ မပြန့်ပွားအောင် ထိန်းချုပ်သည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။ 

အလွန်အကျွံစားသုံးလျှင် ဖြစ်နိုင်သည့်ဆိုးကျိုးများ

     တန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ လက်ဖက်ကို အလွန်အကျွံစားမိ လျှင် အောက်ဖော်ပြပါပြဿနာများ တွေ့ကြုံရနိုင်ပါသည်။

-      လက်ဖက်တွင်ပါဝင်သော တန်နင် (Tannin) ဓာတ်သည် အစား အစာထဲမှ သံဓာတ်စုပ်ယူမှုကို  အဟန့်အတားဖြစ်စေနိုင်သော ကြောင့်   ထမင်းစားပြီးပြီးချင်း   အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။

-       သွေးအားနည်းရောဂါရှိသူများ လက်ဖက်ကို အလွန်အကျွံစားခြင်း ကို ရှောင်ကြဉ်သင့်သည်။

-       ညဘက် လက်ဖက်အများအပြား စားမိလျှင် ကဖင်းဓာတ်ကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသည်။

-       ကဖင်းဓာတ်နှင့် ဓာတ်မတည့်သူများတွင် ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း ဖြစ်နိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။

-       ၀မ်းဗိုက်ထဲ အစာမရှိဘဲ လက်ဖက်များစွာစားမိလျှင် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေပွခြင်း စသည့် အစာအိမ်ပြဿနာ များ ဖြစ်တတ်သည်။ 

-      ဈေးကွက်အတွင်းရှိ တချို့သောလက်ဖက်များတွင် တရားမဝင် တာရှည်ခံဆေးများ ပါဝင်နေတတ်သဖြင့် FDA ခွင့်ပြုချက်ပါရှိသည့် တံဆိပ်ကို ရွေးချယ်ရန် လိုအပ်သည်။

လက်ဖက်စို ၁၀၀ ဂရမ်ဆိုသည်မှာ လက်ဖက်သုပ် အတော်များများ သုပ်စားနိုင်သော ပမာဏဖြစ်ပါသည်။ လက်ဖက်စိုကို သုပ်ရာတွင် ထည့်သွင်းအသုံးပြုသော ဆီ၊ နှမ်း၊  မြေပဲနှင့်  အကြော်အလှော်များကြောင့်  စုစုပေါင်း ကယ်လိုရီပမာဏ  အဆမတန်မြင့်တက်သွားနိုင်ကြောင်း သတိပြုသင့်သည်။

သွေးအားနည်းရောဂါရှိသူ  သို့မဟုတ် ကိုယ်ဝန်ဆောင်များအနေဖြင့် အစာစားပြီးပြီးချင်း လက်ဖက် သို့မဟုတ် လက်ဖက်ရည်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ စားသုံးသင့်သည်။ လက်ဖက်သုပ် သုပ်စားသည့်အခါ ဆီနှင့် အကြော်အလှော်များကို လျှော့ထည့်ပြီး ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်စားပေးလျှင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် သည့် အလေ့အထဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။                                   

MWD

ပေါက်ပေါက်

ဘူးသီးမှပေးသော ကျန်းမာရေး ကောင်းကျိုးများ
-
အသည်းနှင့်သွေးသားသန့်ရှင်းစေပြီး သွေးတိုးနှင့် နှလုံးရောဂါကိုလည်း သက်သာစေသည့် ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ဖော်ပြပေးပါမည်။ရေဓာတ်ဖြည့်ပေးသော ဘူးသီး ဘူးသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ခြင်း ကြောင့် ရေဆာရေငတ်မှုကိုသက်သာစေပြီး မောပန်း နွမ်းနယ်မှုမဖြစ်စေဘဲ လန်းဆန်းစေသည်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ ဆုံးရှုံးသွားသည့် ရေဓာတ်၊ သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်များကို ပြန်လည်ဖြည့်တင်းနိုင်စေရန် ဘူးသီးကိုစားပေး နိုင်သည်။ ပရိုတင်းနှင့်တခြားအာဟာရဓာတ်များ ကြွယ်ဝသည့်ဘူးသီးက ကြွက်သားများကျန်းမာစေရန် အကောင်းဆုံးအားဖြည့်ပေးသည်။ ဘူးသီးဖျော် ရည်သောက်သုံးပေးခြင်းဖြင့် တစ်နေ့တာလိုအပ်သည့်ရေဓာတ်ကိုထိန်းပေးနိုင်သည်။ အစာခြေခြင်း၊ သွေးလှည့်ပတ်ခြင်းနှင့် အပူချိန်ထိန်းညှိခြင်းအပါ အဝင် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကို ထိန်းသိမ်း ရန် ရေဓာတ်မရှိမဖြစ်လိုအပ်သည်။အသည်းကိုကာကွယ်ပေးသော ဘူးသီး ဘူးသီးတွင် ပြည့်ဝဆီနှင့် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်-C ၊ ရီဘိုဖလေဗင် (Rivo-flavin)၊ ဇင့်၊ သိုင်ယာမင်၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်မှုများသောကြောင့် အသည်းကိုသန့်စင်စေ ပြီး ပြန်လည်အားဖြည့်ပေးကာ အရက်ကြောင့် ထိခိုက်မှုများကိုကာကွယ်ပေးသည်။ ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများအတွက် များစွာ အကျိုးပြုသည်။နုံးချည့်ညောင်းညာမှု သက်သာစေသော ဘူးသီး ဘူးသီးစားပေးခြင်းဖြင့် ခန္ဓာကိုယ်နုံးချည့်ညောင်းညာမှုများကို လျော့ကျစေပြီး လန်းဆန်းစေ သောကြောင့် အထူးသဖြင့် ပူပြင်းသည့်နေ့ရက်များ တွင် ဘူးသီးစားပေးသင့်သည်။အစာမကြေဝေဒနာကို လျော့ကျစေသော ဘူးသီး ဘူးသီးတွင် အယ်လ်ကာလိုင်း (Alkaline) ဂုဏ် သတ္တိရှိသောကြောင့် အက်စစ်ဓာတ်လွန်ကဲခြင်း၊ အစာ မကြေခြင်းနှင့် အစာအိမ်အနာဖြစ်ခြင်းကို သက်သာစေသည်။ကျောက်ကပ်ရောင်ခြင်းကို သက်သာစေသော ဘူးသီး ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ် (Uric Acid) များ၍ ဆီးပူသူများသည် ဘူးသီးကိုဖျော်ရည်ပြုလုပ် ပြီး သံပရာရည်နှင့်ရောကာ သောက်သုံးပေးခြင်းဖြင့် သက်သာစေပြီး ကျောက်ကပ်ရောင်ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။မျက်စိကျန်းမာရေးကို ကောင်းမွန်စေသော ဘူးသီး ဘူးသီးတွင် ဘီတာကယ်ရိုတင်း (Beta-carotene) ပမာဏများစွာပါဝင်သောကြောင့် မျက်စိအမြင် အာရုံကိုကောင်းမွန်စေသည်။ ဘူးသီးသည် အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်းနှင့်လိပ်ခေါင်းရောဂါ စသည်တို့ကို သက်သာစေသည်။ ထို့ပြင် ဘူးသီးတွင် သွေးကိုသန့်စင်စေသည့် အာနိသင်လည်း ပါဝင်နေသောကြောင့် ရောဂါအများ စုကို တွန်းလှန်ပေးနိုင်သည်။သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေသော ဘူးသီး ဘူးသီးတွင်ပါဝင်သည့် ပပ်တိုက် (Peptide) နှင့် အယ်လ်ကာလွိုက်များ(Alkaloids)က သွေးတွင်း သကြားဓာတ်ပမာဏကို လျော့ကျစေနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ အသင့်အတင့်စားနိုင်သည်။အပူငြိမ်းစေသော ဘူးသီး ဘူးသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်နေ သောကြောင့် ခန္ဓာကိုယ်အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်သည့်အပြင် အစာအိမ်ကိုအေးစေကာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်သည်။ ဘူးသီး သည် ချွေးထွက်များသည့်နွေရာသီတွင် စားပေး သင့်သော အစားအစာတစ်မျိုးဖြစ်ပြီး ဆုံးရှုံး သွားသည့့်ရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင် ကာ လူကိုပြန်လည်လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသော အစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီးနောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍ သောက်သုံးပေးသင့်သည်။ နှာခေါင်းသွေးလျှံခြင်း၊ ဝက်ခြံနှင့် ပါးစပ် ထဲတွင် အနာဖြစ်ခြင်း စသည့်ပြဿနာများကင်းဝေး စေရန်လည်း ဘူးသီးစားပေးနိုင်သည်။ကိုယ်အလေးချိန်ကျစေသော ဘူးသီး ဘူးသီးတွင် ကိုလက်စထရောပါဝင်မှုအလွန်နည်း ပြီး အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အဆာခံနိုင် စေသကဲ့သို့ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်သဖြင့် ဘူးသီး ၁၀ဝ ဂရမ်စားသည့်အခါ ၁၂ ကယ်လိုရီသာ ရရှိသောကြောင့် ကိုယ်အလေးချိန်လျော့ကျစေသည့် အစားအစာအဖြစ်လည်း စားသုံးကြသည်။ ထို့ပြင် ဘူးသီးတွင် ကိုယ်အလေးချိန်ထိန်းပေးနိုင်သည့် ဗီတာမင်-C၊ ဗီတာမင်-B၊ ဗီတာမင်-K၊ ဗီတာမင်- A၊ ဗီတာမင်-E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နှင့် မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အာဟာရပြည့်ပြီး ဆာလောင်ခြင်းကို လျှော့ချပေးကာ ကိုယ်အလေးချိန်လျော့ကျစေနိုင်သည်။ နံနက်စောစော အစာမစားမီ ဘူးသီးကိုကြိတ် ပြီး ဖျော်ရည်ပြုလုပ်သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူဖြစ်စေနိုင်သည်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေနိုင်သော ဘူးသီး ဆီးလမ်းကြောင်းပိုးဝင်သည့်အခါ ဘူးသီးတစ်စိတ် ကိုကြိတ်ပြီး ရလာသည့်အရည်ကို သံပရာရည် အနည်းငယ်နှင့်ရောကာ သောက်ပေးခြင်းဖြင့် ဆီး လမ်းကြောင်းပိုးဝင်ခြင်းကို သိသာစွာသက်သာစေ မည်ဖြစ်သည်။အစာခြေစနစ်ပြဿနာများ ကင်းစေသော ဘူးသီး ဘူးသီးတွင် ရေဓာတ်၊ ပျော်ဝင်နိုင်သည့်အမျှင် ဓာတ်နှင့် မပျော်ဝင်နိုင်သည့် အမျှင်ဓာတ်တို့ပါဝင်မှုမြင့်မားသောကြောင့် ကြေပျက်လွယ်ပြီး အစာကြေ လွယ်ခြင်းနှင့် ဝမ်းချုပ်ခြင်းကိုသက်သာစေသကဲ့သို့ ဝမ်းမှန်စေပြီး အစာခြေစနစ်ပြဿနာများဖြစ်ကြသည့် လေနာခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေနိုင်သည်။ ဝမ်းမှန် စေသဖြင့် အစာခြေစနစ်တစ်လျှောက်သန့်စင်စေပြီး အူမကြီးကိုသန့်စင်စေကာ အူမကြီးကျန်းမာ၍ ရောဂါကင်းစေသည်။ ဝမ်းကိုက်နေသည့်အခါ ဘူးသီး ဖျော်ရည်ထဲကို ဆားအနည်းငယ်ထည့်ပြီး သောက် ပေးခြင်းဖြင့် ကိုယ်တွင်းမှဆုံးရှုံးသွားသည့်ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို ဖြည့်ပေးနိုင်သည်။ ဘူးသီးနှင့်ဘူးရွက်သည် အစာခြေစနစ်ကိုအေးမြစေ သော အာနိသင်ရှိပြီး အချဉ်ဓာတ် သို့မဟုတ် အစာ အိမ်နာနေသူများအတွက် အကျိုးပြုနိုင်သည်။နှလုံးကျန်းမာစေသောဘူးသီး ဘူးသီးတွင် ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် မရှိမဖြစ် လိုအပ်သည့် အနည်းလိုအာဟာရဓာတ်များပါဝင် သောကြောင့် သွေးဖိအားကိုမှန်ကန်ကောင်းမွန်စေ ပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင် သောကြောင့် နှလုံးကျန်းမာစေရန် အကောင်းဆုံး အားဖြည့်ပေးသည်။ ထို့ကြောင့် ဘူးသီးက သွေးတိုး ရောဂါသည်များနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုကြောင်း သိရသည်။ရောင်ရမ်းမှုကိုသက်သာစေသော ဘူးသီး ဘူးသီးတွင် ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိပြီး ဝက်ခြံနှင့်အဖုအပိမ့်များကို လျော့ပါး စေနိုင်သည်။ ဘူးသီးဖျော်ရည်ကို အရေပြားပေါ် တွင် လိမ်းပေးခြင်းဖြင့် ရောင်ရမ်းနေသော အသား အရေကိုသက်သာစေပြီး နီရဲခြင်းကိုလျှော့ချပေးနိုင်သည်။စိတ်ဖိစီးမှုပြေလျော့စေသော ဘူးသီး ဘူးသီးတွင် ဦးနှောက်နှင့် အာရုံကြောများကို ကျန်းမာစေနိုင်သည့် Choline ပါဝင်နေသောကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်စွမ်းဆောင်ရည် ကို တိုးတက်စေနိုင်သကဲ့သို့ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်းများကို သက်သာစေနိုင်သည်။ ထို့ကြောင့် ဘူးသီးသည် စိတ်ကျန်းမာရေးကောင်းစေရန် စားပေးသင့်သည့်အစားအစာတစ်ခုဖြစ်သည်။ ဘူးသီးဖျော်ရည်ထဲတွင် နှမ်းဆီအနည်းငယ်ထည့် သောက်ပါက ညဘက်အိပ်မပျော်ခြင်းကိုသက်သာစေသည်။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ဘူးသီး ဘူးသီးသည် ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သောအစားအစာဖြစ်သည်။ ဘူးသီး ၏ Glycemic အညွှန်းကိန်းနိမ့်မှုနှင့် အမျှင်ဓာတ်မြင့်မားစွာပါဝင်မှုသည် သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိရန်ကူညီပေးသည်။အရေပြားကျန်းမာရေးကို မြှင့်တင်ပေးသော ဘူးသီး ဘူးသီးဖျော်ရည်တွင်ကြွယ်ဝစွာပါဝင်သည့် ဓာတ် တိုးဆန့်ကျင်အာနိသင်ပစ္စည်းများ (Antioxidants)က Free Radical များကိုတိုက်ဖျက်နိုင်ပြီး Oxidative Stress များကို လျှော့ချပေးနိုင်သောကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ အသားအရေကိုပိုမိုကြည် လင်တောက်ပလာစေနိုင်သည်။ ဘူးသီးတွင် ရေဓာတ် ပါဝင်မှုမြင့်မားသောကြောင့် အသားအရေကိုရေဓာတ် ဆက်လက်ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာသည့်အသားအရေကိုထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သည်။ ရေဓာတ်ပြည့်ဝသောအသားအရေသည် ခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ကိုလျော့နည်းစေသည်။ နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်ပြုလုပ်ပြီး တစ်ရက်လျှင်တစ်ခွက် နေ့စဉ်ပုံမှန်သောက်ပေးပါက အရွယ်တင်နုပျိုစေသည်။ အရေပြားပေါ်တွင် မိတ်၊ အင်ပျဉ်ကဲ့သို့ အဖုအပိမ့်အနီကွက်များဖြစ်ပါက ဘူးသီးကိုကြိတ်ခြေ၍ ယင်းအနှစ်များကို လိမ်းပေး ခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။ဘူးသီးကိုမှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာ မရှိသော ဝင်းလက်စိုပြည်လှပသည့် အသားအရေ ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ဆေးဖက်ဝင်သော ဘူးညွန့်(ဘူးရွက်) ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါ ရောဂါကို ဟန့်တားကာကွယ်ပေးသည်။ ဆံပင်ဖြူ ခြင်းကို သက်သာလျော့ပါးစေပြီး ဆံပင်မရှိ၍ ထိပ် ပြောင်သူများသည် ဘူးညွန့်(ဘူးရွက်) သတ္တုရည်ကို လိမ်းပေးသင့်သည်။ အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးသည်။ အာရုံကြောများ ကို အားကောင်းစေကာ မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက် စေပြီး စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုး ပြုနိုင်သည်။ သွားကိုက်ခြင်းကို သက်သာပျောက်ကင်း စေသောကြောင့် သွားများမပျက်စီးရအောင် ကြိုတင် ကာကွယ်သည့်အနေဖြင့် ဘူးညွန့်သတ္တုရည်ဖြင့် ပလုတ်ကျင်းပေးသင့်သည်။ ဖက်ခွက်နာ (ပြည်တည် နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာ များကို သက်သာပျောက်ကင်းစေသည်။အထွေထွေကျန်းမာရေး ကောင်းမွန်စေသော ဘူးသီး ဘူးသီးတွင် သိုင်ယာမင်၊ ဗီတာမင်-C၊ ဇင့်၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ်တို့ များစွာပါဝင်သော ကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေ သည်။ ဘူးခါးစားသုံးခြင်းဖြင့် လေပြွန်ရောင်ပြီး ချောင်း ဆိုးခြင်း၊ ပန်းနာရောဂါနှင့် သည်းခြေလမ်းကြောင်းတွင်ဖြစ်တတ်သည့်ရောဂါများအား တိုက်ခိုက်နိုင် သည့်အားကိုဖြစ်စေသည်။ ဘူးခါးရည်ထဲကို ဆား အနည်းငယ်ထည့်သောက်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဓာတ် ဆားဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးသည်။ယင်းကို ဆီးလမ်းကြောင်းသန့်စင်စေသည့် ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ ဘူးရွက်သတ္တုရည်သောက်ပေး ပါက သည်းခြေထိခိုက်ပြီး အသားဝါခြင်းကို သက်သာပျောက်ကင်းစေသည်။MWD

အသည်းနှင့်သွေးသားသန့်ရှင်းစေပြီး သွေးတိုးနှင့် နှလုံးရောဂါကိုလည်း သက်သာစေသည့်    ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ဖော်ပြပေးပါမည်။

ရေဓာတ်ဖြည့်ပေးသော ဘူးသီး

      ဘူးသီးတွင်  ရေဓာတ် ၉၆  ရာခိုင်နှုန်းပါဝင်ခြင်း ကြောင့် ရေဆာရေငတ်မှုကိုသက်သာစေပြီး မောပန်း နွမ်းနယ်မှုမဖြစ်စေဘဲ လန်းဆန်းစေသည်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ    ဆုံးရှုံးသွားသည့် ရေဓာတ်၊  သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်များကို ပြန်လည်ဖြည့်တင်းနိုင်စေရန်     ဘူးသီးကိုစားပေး နိုင်သည်။   ပရိုတင်းနှင့်တခြားအာဟာရဓာတ်များ  ကြွယ်ဝသည့်ဘူးသီးက   ကြွက်သားများကျန်းမာစေရန်  အကောင်းဆုံးအားဖြည့်ပေးသည်။ ဘူးသီးဖျော် ရည်သောက်သုံးပေးခြင်းဖြင့်     တစ်နေ့တာလိုအပ်သည့်ရေဓာတ်ကိုထိန်းပေးနိုင်သည်။ အစာခြေခြင်း၊ သွေးလှည့်ပတ်ခြင်းနှင့်  အပူချိန်ထိန်းညှိခြင်းအပါ အဝင်  ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကို ထိန်းသိမ်း ရန် ရေဓာတ်မရှိမဖြစ်လိုအပ်သည်။

အသည်းကိုကာကွယ်ပေးသော ဘူးသီး

     ဘူးသီးတွင် ပြည့်ဝဆီနှင့် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်-၊ ရီဘိုဖလေဗင် (Rivo-flavin)၊ ဇင့်၊ သိုင်ယာမင်၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်မှုများသောကြောင့် အသည်းကိုသန့်စင်စေ ပြီး   ပြန်လည်အားဖြည့်ပေးကာ    အရက်ကြောင့် ထိခိုက်မှုများကိုကာကွယ်ပေးသည်။   ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများအတွက် များစွာ အကျိုးပြုသည်။

နုံးချည့်ညောင်းညာမှု သက်သာစေသော ဘူးသီး

     ဘူးသီးစားပေးခြင်းဖြင့်  ခန္ဓာကိုယ်နုံးချည့်ညောင်းညာမှုများကို လျော့ကျစေပြီး လန်းဆန်းစေ သောကြောင့် အထူးသဖြင့် ပူပြင်းသည့်နေ့ရက်များ တွင် ဘူးသီးစားပေးသင့်သည်။

အစာမကြေဝေဒနာကို လျော့ကျစေသော ဘူးသီး

     ဘူးသီးတွင် အယ်လ်ကာလိုင်း (Alkaline) ဂုဏ် သတ္တိရှိသောကြောင့် အက်စစ်ဓာတ်လွန်ကဲခြင်း၊ အစာ မကြေခြင်းနှင့် အစာအိမ်အနာဖြစ်ခြင်းကို သက်သာစေသည်။

ကျောက်ကပ်ရောင်ခြင်းကို သက်သာစေသော ဘူးသီး

      ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ် (Uric Acid) များ၍ ဆီးပူသူများသည် ဘူးသီးကိုဖျော်ရည်ပြုလုပ် ပြီး သံပရာရည်နှင့်ရောကာ သောက်သုံးပေးခြင်းဖြင့် သက်သာစေပြီး    ကျောက်ကပ်ရောင်ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေသော ဘူးသီး

     ဘူးသီးတွင် ဘီတာကယ်ရိုတင်း (Beta-carotene) ပမာဏများစွာပါဝင်သောကြောင့် မျက်စိအမြင် အာရုံကိုကောင်းမွန်စေသည်။  ဘူးသီးသည် အစာအိမ်ဝေဒနာ၊   အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်းနှင့်လိပ်ခေါင်းရောဂါ  စသည်တို့ကို  သက်သာစေသည်။ ထို့ပြင် ဘူးသီးတွင်    သွေးကိုသန့်စင်စေသည့် အာနိသင်လည်း ပါဝင်နေသောကြောင့် ရောဂါအများ စုကို တွန်းလှန်ပေးနိုင်သည်။

သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေသော ဘူးသီး

      ဘူးသီးတွင်ပါဝင်သည့် ပပ်တိုက် (Peptide)   နှင့် အယ်လ်ကာလွိုက်များ(Alkaloids)က   သွေးတွင်း သကြားဓာတ်ပမာဏကို       လျော့ကျစေနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ အသင့်အတင့်စားနိုင်သည်။

အပူငြိမ်းစေသော ဘူးသီး

     ဘူးသီးတွင်  ရေဓာတ်   ၉၆ ရာခိုင်နှုန်းပါဝင်နေ သောကြောင့်   ခန္ဓာကိုယ်အပူငြိမ်းစေပြီး   ရေဓာတ် ဖြည့်ပေးနိုင်သည့်အပြင် အစာအိမ်ကိုအေးစေကာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်သည်။ ဘူးသီး သည်   ချွေးထွက်များသည့်နွေရာသီတွင်   စားပေး သင့်သော    အစားအစာတစ်မျိုးဖြစ်ပြီး  ဆုံးရှုံး သွားသည့့်ရေဓာတ်ကို  အကောင်းဆုံးဖြည့်ပေးနိုင် ကာ  လူကိုပြန်လည်လန်းဆန်းစေသည်။   အပူလျှပ်ခြင်းမှလည်း  ကာကွယ်ပေးသည်။   ဝမ်းလျှောခြင်းကြောင့်   ရေငတ်နေသူများ၊   အဆီဓာတ်များသော အစားအစာ    သို့မဟုတ်    ဆီကြော်မုန့်စားသုံးပြီးနောက်    ရင်ပူနေသူများသည်   ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍   သောက်သုံးပေးသင့်သည်။ နှာခေါင်းသွေးလျှံခြင်း၊ ဝက်ခြံနှင့် ပါးစပ် ထဲတွင်   အနာဖြစ်ခြင်း စသည့်ပြဿနာများကင်းဝေး စေရန်လည်း ဘူးသီးစားပေးနိုင်သည်။

ကိုယ်အလေးချိန်ကျစေသော ဘူးသီး

     ဘူးသီးတွင် ကိုလက်စထရောပါဝင်မှုအလွန်နည်း ပြီး   အမျှင်ဓာတ်ကြွယ်ဝသောကြောင့်   အဆာခံနိုင် စေသကဲ့သို့   ရေဓာတ်  ၉၆   ရာခိုင်နှုန်းပါဝင်သဖြင့် ဘူးသီး ၁၀ဝ ဂရမ်စားသည့်အခါ ၁၂ ကယ်လိုရီသာ ရရှိသောကြောင့် ကိုယ်အလေးချိန်လျော့ကျစေသည့် အစားအစာအဖြစ်လည်း   စားသုံးကြသည်။     ထို့ပြင် ဘူးသီးတွင်    ကိုယ်အလေးချိန်ထိန်းပေးနိုင်သည့် ဗီတာမင်-C၊ ဗီတာမင်-B၊ ဗီတာမင်-K၊ ဗီတာမင်- A၊ ဗီတာမင်-E၊  သံဓာတ်၊ ဖောလိတ်၊  ပိုတက်ဆီယမ် နှင့်  မဂ္ဂနီဆီယမ်တို့   ကြွယ်ဝစွာပါဝင်သောကြောင့်   ခန္ဓာကိုယ်အာဟာရပြည့်ပြီး     ဆာလောင်ခြင်းကို လျှော့ချပေးကာ    ကိုယ်အလေးချိန်လျော့ကျစေနိုင်သည်။ နံနက်စောစော အစာမစားမီ ဘူးသီးကိုကြိတ် ပြီး ဖျော်ရည်ပြုလုပ်သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူဖြစ်စေနိုင်သည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေနိုင်သော ဘူးသီး

     ဆီးလမ်းကြောင်းပိုးဝင်သည့်အခါ ဘူးသီးတစ်စိတ် ကိုကြိတ်ပြီး    ရလာသည့်အရည်ကို သံပရာရည် အနည်းငယ်နှင့်ရောကာ သောက်ပေးခြင်းဖြင့် ဆီး လမ်းကြောင်းပိုးဝင်ခြင်းကို   သိသာစွာသက်သာစေ မည်ဖြစ်သည်။

အစာခြေစနစ်ပြဿနာများ ကင်းစေသော ဘူးသီး

      ဘူးသီးတွင်   ရေဓာတ်၊ ပျော်ဝင်နိုင်သည့်အမျှင် ဓာတ်နှင့် မပျော်ဝင်နိုင်သည့်  အမျှင်ဓာတ်တို့ပါဝင်မှုမြင့်မားသောကြောင့် ကြေပျက်လွယ်ပြီး အစာကြေ လွယ်ခြင်းနှင့် ဝမ်းချုပ်ခြင်းကိုသက်သာစေသကဲ့သို့ ဝမ်းမှန်စေပြီး    အစာခြေစနစ်ပြဿနာများဖြစ်ကြသည့် လေနာခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို   သက်သာစေနိုင်သည်။    ဝမ်းမှန် စေသဖြင့် အစာခြေစနစ်တစ်လျှောက်သန့်စင်စေပြီး  အူမကြီးကိုသန့်စင်စေကာ      အူမကြီးကျန်းမာ၍ ရောဂါကင်းစေသည်။ ဝမ်းကိုက်နေသည့်အခါ ဘူးသီး ဖျော်ရည်ထဲကို   ဆားအနည်းငယ်ထည့်ပြီး   သောက် ပေးခြင်းဖြင့် ကိုယ်တွင်းမှဆုံးရှုံးသွားသည့်ရေဓာတ်နှင့်    ဓာတ်ဆားဓာတ်များကို   ဖြည့်ပေးနိုင်သည်။ ဘူးသီးနှင့်ဘူးရွက်သည်  အစာခြေစနစ်ကိုအေးမြစေ သော အာနိသင်ရှိပြီး အချဉ်ဓာတ် သို့မဟုတ် အစာ အိမ်နာနေသူများအတွက် အကျိုးပြုနိုင်သည်။

နှလုံးကျန်းမာစေသောဘူးသီး

      ဘူးသီးတွင် ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် မရှိမဖြစ် လိုအပ်သည့်   အနည်းလိုအာဟာရဓာတ်များပါဝင် သောကြောင့် သွေးဖိအားကိုမှန်ကန်ကောင်းမွန်စေ ပြီး  သွေးတွင်းကိုလက်စထရောကို  ကျဆင်းစေနိုင် သောကြောင့်  နှလုံးကျန်းမာစေရန်   အကောင်းဆုံး အားဖြည့်ပေးသည်။ ထို့ကြောင့် ဘူးသီးက သွေးတိုး ရောဂါသည်များနှင့်  နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုကြောင်း သိရသည်။

ရောင်ရမ်းမှုကိုသက်သာစေသော ဘူးသီး

       ဘူးသီးတွင်  ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိပြီး ဝက်ခြံနှင့်အဖုအပိမ့်များကို လျော့ပါး စေနိုင်သည်။  ဘူးသီးဖျော်ရည်ကို   အရေပြားပေါ် တွင် လိမ်းပေးခြင်းဖြင့် ရောင်ရမ်းနေသော  အသား အရေကိုသက်သာစေပြီး နီရဲခြင်းကိုလျှော့ချပေးနိုင်သည်။

စိတ်ဖိစီးမှုပြေလျော့စေသော ဘူးသီး

      ဘူးသီးတွင် ဦးနှောက်နှင့် အာရုံကြောများကို ကျန်းမာစေနိုင်သည့် Choline ပါဝင်နေသောကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်စွမ်းဆောင်ရည် ကို တိုးတက်စေနိုင်သကဲ့သို့    စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်းများကို သက်သာစေနိုင်သည်။  ထို့ကြောင့် ဘူးသီးသည်  စိတ်ကျန်းမာရေးကောင်းစေရန်  စားပေးသင့်သည့်အစားအစာတစ်ခုဖြစ်သည်။ ဘူးသီးဖျော်ရည်ထဲတွင် နှမ်းဆီအနည်းငယ်ထည့် သောက်ပါက   ညဘက်အိပ်မပျော်ခြင်းကိုသက်သာစေသည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ဘူးသီး

      ဘူးသီးသည်  ဆီးချိုရောဂါသည်များအတွက်   အထူးသင့်လျော်သောအစားအစာဖြစ်သည်။ ဘူးသီး ၏ Glycemic  အညွှန်းကိန်းနိမ့်မှုနှင့်   အမျှင်ဓာတ်မြင့်မားစွာပါဝင်မှုသည်      သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိရန်ကူညီပေးသည်။

အရေပြားကျန်းမာရေးကို မြှင့်တင်ပေးသော ဘူးသီး

      ဘူးသီးဖျော်ရည်တွင်ကြွယ်ဝစွာပါဝင်သည့် ဓာတ် တိုးဆန့်ကျင်အာနိသင်ပစ္စည်းများ (Antioxidants)က Free Radical များကိုတိုက်ဖျက်နိုင်ပြီး Oxidative Stress များကို လျှော့ချပေးနိုင်သောကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ အသားအရေကိုပိုမိုကြည် လင်တောက်ပလာစေနိုင်သည်။ ဘူးသီးတွင် ရေဓာတ် ပါဝင်မှုမြင့်မားသောကြောင့် အသားအရေကိုရေဓာတ် ဆက်လက်ဖြည့်တင်းပေးနိုင်ပြီး   ကျန်းမာသည့်အသားအရေကိုထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သည်။  ရေဓာတ်ပြည့်ဝသောအသားအရေသည် ခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ကိုလျော့နည်းစေသည်။ နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်ပြုလုပ်ပြီး တစ်ရက်လျှင်တစ်ခွက် နေ့စဉ်ပုံမှန်သောက်ပေးပါက  အရွယ်တင်နုပျိုစေသည်။ အရေပြားပေါ်တွင်    မိတ်၊  အင်ပျဉ်ကဲ့သို့     အဖုအပိမ့်အနီကွက်များဖြစ်ပါက ဘူးသီးကိုကြိတ်ခြေ၍  ယင်းအနှစ်များကို လိမ်းပေး ခြင်းဖြင့်  ချက်ချင်းသက်သာပျောက်ကင်းစေသည်။ဘူးသီးကိုမှန်မှန်စားပေးခြင်းဖြင့်  အပြစ်အနာအဆာ မရှိသော ဝင်းလက်စိုပြည်လှပသည့် အသားအရေ ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဆေးဖက်ဝင်သော ဘူးညွန့်(ဘူးရွက်)

      ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါ ရောဂါကို  ဟန့်တားကာကွယ်ပေးသည်။   ဆံပင်ဖြူ ခြင်းကို သက်သာလျော့ပါးစေပြီး ဆံပင်မရှိ၍  ထိပ် ပြောင်သူများသည်   ဘူးညွန့်(ဘူးရွက်) သတ္တုရည်ကို လိမ်းပေးသင့်သည်။     အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးသည်။ အာရုံကြောများ ကို  အားကောင်းစေကာ မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက် စေပြီး   စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုး ပြုနိုင်သည်။ သွားကိုက်ခြင်းကို သက်သာပျောက်ကင်း စေသောကြောင့် သွားများမပျက်စီးရအောင် ကြိုတင် ကာကွယ်သည့်အနေဖြင့်    ဘူးညွန့်သတ္တုရည်ဖြင့် ပလုတ်ကျင်းပေးသင့်သည်။ ဖက်ခွက်နာ (ပြည်တည် နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာ များကို သက်သာပျောက်ကင်းစေသည်။

အထွေထွေကျန်းမာရေး ကောင်းမွန်စေသော ဘူးသီး

     ဘူးသီးတွင်   သိုင်ယာမင်၊   ဗီတာမင်-C၊    ဇင့်၊ သံဓာတ်နှင့်    မဂ္ဂနီဆီယမ်တို့   များစွာပါဝင်သော ကြောင့် အထွေထွေကျန်းမာရေးကို  ကောင်းမွန်စေ သည်။ ဘူးခါးစားသုံးခြင်းဖြင့် လေပြွန်ရောင်ပြီး ချောင်း ဆိုးခြင်း၊ ပန်းနာရောဂါနှင့် သည်းခြေလမ်းကြောင်းတွင်ဖြစ်တတ်သည့်ရောဂါများအား   တိုက်ခိုက်နိုင် သည့်အားကိုဖြစ်စေသည်။ ဘူးခါးရည်ထဲကို  ဆား အနည်းငယ်ထည့်သောက်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဓာတ် ဆားဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးသည်။ယင်းကို   ဆီးလမ်းကြောင်းသန့်စင်စေသည့်  ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။  ဘူးရွက်သတ္တုရည်သောက်ပေး ပါက  သည်းခြေထိခိုက်ပြီး အသားဝါခြင်းကို သက်သာပျောက်ကင်းစေသည်။

MWD

ဒေါက်တာလပြည့်ခင်

ပလတ်စတစ်ရေဘူးများ၏ မမြင်ရသောအန္တရာယ်
-
တစ်ခါသုံးပလတ်စတစ်ရေဘူးများကို ခေတ်သစ်လူ့အဖွဲ့အစည်း၏ နေရာတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသောကြောင့် အမှိုက်ပုံများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် သဘာဝနေရင်းဒေသများ တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပြဿနာမှာ ကြီးထွားလာနေပြီး အရေး တကြီးဖြေရှင်းရမည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေသည်။ ပလတ်စတစ် ရေဘူးများ၏ မမြင်ရသောအန္တရာယ်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။သိပ္ပံပညာရှင်များသည် ခရမ်းလွန်ရောင်ခြည်ကို မိုက်ခရိုပလတ်စတစ်အမှုန် များ ဖြစ်ပေါ်လာစေသည့် ပလတ်စတစ် ပြိုကွဲမှု၏ အဓိကအကြောင်းရင်း တစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ Science Advances တွင်ထုတ်ဝေသော သိပ္ပံပညာရှင်များ၏ လေ့လာမှုအသစ်တစ်ခုအရ ရေထဲရှိ အလွန် သေးငယ်သော ပူဖောင်းလေးများသည် ရေထဲရှိ ပလတ်စတစ်များကို တိုက်စားပြီးမိုက်ခရိုပလတ်စတစ်နှင့် နာနိုပလတ်စတစ် အမှုန်များထုတ်လွှတ်မှုကို အထောက်အကူပြုကြောင်း တွေ့ရှိခဲ့သည်။မိုက်ခရိုနှင့် နာနိုပလတ်စတစ်အမှုန်များ ထုတ်လွှတ်မှုသည် နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ကြသည်။ ၂၀၂၅ ခုနှစ်က Journal of Hazardous Materials တွင် ထုတ်ဝေသော သုံးသပ်ချက်ဆောင်းပါးသည် တစ်ခါသုံးပလတ်စတစ်ရေဘူးများ မှ နာနိုနှင့် မိုက်ခရိုပလတ်စတစ်အမှုန် များနှင့်ဆက်စပ်နေသော နာတာရှည်ကျန်းမာရေးအန္တရာယ် သက်ရောက်မှုများကို အလေးပေးဖော်ပြထားသည်။ ယခုအခါ လူ့အဖွဲ့အစည်းသည် နေရာတိုင်းတွင် ပလတ်စတစ်အသုံးပြုမှုကြောင့်ဖြစ် ပေါ်လာသည့် ကြီးမားသောစိန်ခေါ်မှုကို တိတ်တဆိတ်ရင်ဆိုင်နေရကြောင်း သုတေသနပညာရှင်များက အသိပေးချက် ထုတ်ပြန်ခဲ့သည်။၂၀၂၅ ခုနှစ်တွင်Trinity College Dublin မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် သမုဒ္ဒရာ များနှင့် တခြားရေများရှိ ပလတ်စတစ်များ အပေါ် သေးငယ်သောပူဖောင်းလေးများ ၏ အကျိုးသက်ရောက်မှုကို ဖော်ထုတ်ခဲ့ သည်။ ရေထဲတွင် မမြင်နိုင်သော သေးငယ် သည့်လေပူဖောင်းလေးများကြောင့် ဖြစ် ပေါ်လာသော ပလတ်စတစ်မျက်နှာပြင် တိုက်စားမှုသည် မိုက်ခရိုနှင့် နာနိုပလတ် စတစ်အမှုန်အမွှားများကို ရေထဲသို့ပိုစိမ့် ဝင်စေကြောင်းကို သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ပလတ်စတစ်ဘူးသည် အမြင်အားဖြင့်ကောင်း မွန်နေပါကလည်း ရွေ့လျားမှုနှင့် အထူး သဖြင့် အပူ၊ နေရောင်ခြည်နှင့် အချိန် ကြာမြင့်စွာထိတွေ့သောအခါ အဏုကြည့် မှန်ပြောင်းဖြင့်သာမြင်ရသော ပြိုကွဲမှုများတိတ်တဆိတ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို မျက်စိဖြင့်မမြင်နိုင်ပေ။ ပလတ် စတစ်ပြိုကွဲမှုသည် ပတ်ဝန်းကျင်နှင့်လူ သားများ၏ကျန်းမာရေးအတွက် မမြင်ရ သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု Trinity College မှ ဦးဆောင်သုတေသီ ပါမောက္ခ John Boland က ပြောကြားခဲ့ သည်။ မိုက်ခရိုပလတ်စတစ်အမှုန်အမွှားတစ် ခုသည် ၁ မိုက်ခရိုမီတာ(တစ်မီလီမီတာ၏တစ်ထောင်ပုံတစ်ပုံ) မှ ၅ မီလီမီတာအထိရှိနိုင်သည်။ နာနိုပလတ်စတစ်များ သည် ၁ မိုက်ခရွန်ထက်သေးငယ်သည်။ တစ်ခါသုံးပလတ်စတစ်ရေဘူးများမှ ထုတ် လုပ်သော နာနိုနှင့်မိုက်ခရိုပလတ်စတစ်များ၏ ကမ္ဘာလုံးဆိုင်ရာလူ့ကျန်းမာရေးအပေါ်သက်ရောက်မှုကို သိပ္ပံဆောင်းပါး ၁၄၁ ခုကျော်မှ အတွေးအမြင်များကို ရယူ ကာ လေ့လာသုံးသပ်ခဲ့သည်။ လူတစ်ဦး ချင်းစီသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မိုက်ခရိုပလတ်စတစ်အမှုန်အမွှား ၃၉၀၀၀ မှ ၅၂၀၀၀ အထိ စားသုံးကြပြီး ရေသန့်ဘူး အသုံးပြုသူများသည် တစ်နှစ်လျှင် အမှုန် အမွှား ၉၀၀၀၀ ပိုမိုစားသုံးမိနိုင်သည်ဟုခန့်မှန်းရသည်။ မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများသည် ရေဘူးများပြုလုပ် ခြင်း၊ သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင် ခြင်းနှင့် သက်တမ်းတစ်လျှောက်ပြိုကွဲသွားခြင်းနှင့်အတူ ဖြစ်ပေါ်လာသည်။ပလတ်စတစ်ရေဘူးများကို အရည်အသွေးနိမ့်ပလတ်စတစ်ဖြင့် မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ကိုင်တွယ်တိုင်း၊ နေရောင်ခြည်နှင့် အပူချိန်အတက်အကျ များနှင့်ထိတွေ့တိုင်း သေးငယ်သောပလတ် စတစ်အပိုင်းအစများ ကွာကျသည်။ ထို့ပြင် အစားအစာကွင်းဆက်မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သော တခြားပလတ် စတစ်အမှုန်အမွှားများနှင့်မတူဘဲ ရေသောက်ခြင်းဖြင့် တိုက်ရိုက်မျိုချမိနိုင်သည်။မိုက်ခရိုပလတ်စတစ်အမှုန်အမွှားနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ သေးငယ်သောပလတ်စတစ်အမှုန် အမွှားများသည် ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားသည်နှင့် ဇီဝအတားအဆီး များကိုဖြတ်ကျော်ပြီး သွေးကြောထဲသို့ ဝင်ရောက်ကာ အရေးကြီးသောအင်္ဂါများ ထံ ပျံ့နှံ့ရောက်ရှိ နိုင်သောကြောင့် ပြင်းထန် သောကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ နာတာရှည်ရောင် ရမ်းခြင်း၊ ဆဲလ်များဓာတ်တိုးဖိစီးမှု၊ ဟော်မုန်းထုတ်လုပ်မှုပျက်စီးခြင်း၊ မျိုးပွားမှုချို့ယွင်းခြင်း၊ အာရုံကြောဆိုင်ရာပျက်စီးခြင်းနှင့် ကင်ဆာအမျိုးမျိုးကို ဖြစ်စေနိုင် သည်။ သွေးကြောများတွင် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ စုပုံလာခြင်းသည် အဓိကနှလုံး သွေးကြောဆိုင်ရာဖြစ်ရပ်များနှင့် သေဆုံးနိုင်ခြေတိုးလာခြင်းတို့ ဆက်စပ်နေပြီး ဦးနှောက်တစ်သျှူးများတွင် မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများ စုပုံခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများ ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ သုတေသီများသည် နာနိုနှင့်မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများကို တိုင်းတာရန်နည်းလမ်းများစွာကို ဖော်ထုတ်ခဲ့ကြသည်။ သို့သော်ကျယ်ပြန့်သောစမ်းသပ်မှုနှင့်စံသတ်မှတ်ထားသောတိုင်းတာခြင်းနည်း လမ်းများမရှိခြင်းကြောင့် ရေရှည်အကျိုး သက်ရောက်မှုများကို အသေးစိတ်မဖော် ထုတ်နိုင်သေးကြောင်း တွေ့ရှိရသည်။အကောင်းဆုံးကာကွယ်မှုဖြစ်သော ပညာပေးခြင်း ပတ်ဝန်းကျင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီးသော ပထမခြေလှမ်းတစ်ခုဖြစ်သော်လည်း မလုံလောက်နိုင်ပေ။ မိုက်ခရိုပလတ် စတစ်အမှုန်အမွှားအဖြစ် အများဆုံးမှာ တစ်ခါသုံးပလတ်စတစ်အိတ်များ၊ ပိုက် များနှင့် ထုပ်ပိုးမှုများဖြစ်ကြောင်း၊ ချက် ချင်းအဆိပ်သင့်ခြင်းထက် ရေရှည်စုပုံခြင်း ကြောင့် နာတာရှည်အဆိပ်သင့်ခြင်းဖြစ်ကြောင်း သိရှိနားလည်ရန်အတွက် လူထု ၏အမြင်ကိုပြောင်းလဲရန် လိုအပ်သည်။ အဓိကအချက်မှာ ပလတ်စတစ်ရေဘူးများ သည် ကျွန်ုပ်တို့သောက်သုံးသောရေထဲသို့မမြင်ရသောအမှုန်အမွှားများကို အဆက်မပြတ်စွန့်ထုတ်နေသောကြောင့် အပူနှင့် ရိုးရှင်းသောရုပ်ပိုင်းဆိုင်ရာကိုင် တွယ်မှုကြောင့် ပိုမိုဆိုးရွားလာသည့်ဖြစ် စဉ်ကို နားလည်သဘောပေါက်ရန်လိုအပ် သည်။လေ့လာမှု၏ အရေးကြီးသောတွေ့ရှိချက်များ သိပ္ပံပညာရှင်များသည် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကို ဖော်ထုတ် နေဆဲဖြစ်ပြီး မျိုးပွားမှုပြဿနာများ၊ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အတွင်း သွေးစီးဆင်းမှုလျော့ကျခြင်းတို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ သမုဒ္ဒရာများတွင် မိုက်ခရိုပလတ်စတစ်အပိုင်းအစပေါင်း၂၄ ဒသမ ၄ ထရီလီယံ ခန့်ရှိပြီး အရေအတွက်မှာ ပိုမိုမြင့်မားနိုင် သည်။ နှစ်စဉ်ပလတ်စတစ်တန်ချိန် ၈ ဒသမ ၈ သန်းခန့်သည် သမုဒ္ဒရာထဲသို့ဝင် ရောက်နေသောကြောင့် အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်။ လေ့လာမှုတွင် ပူဖောင်းများတိုက်စားခြင်းဖြင့် သမုဒ္ဒရာ ထဲသို့ဝင်ရောက်လာသော မိုက်ခရိုပလတ် စတစ်များ ပိုမိုများပြားလာနိုင်ပြီး မိုက်ခရို ပလတ်စတစ်များ ပိုမိုပျံ့နှံ့စေနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ သိပ္ပံပညာရှင် များသည် အပူချိန်မြင့်မားသောအခါ ပူဖောင်းများဖြစ်ပေါ်မှုနှုန်း မြင့်မားလာသည်ကို မှတ်တမ်းတင်ခဲ့သည်။ လေ့လာမှု အရ အပူချိန်မြင့်မားသောအခါ ရေအမျိုး အစားအမျိုးမျိုးတွင် ရေပူဖောင်းသိပ်သည်း ဆများ အဆမတန်တိုးလာခြင်းကိုလည်း တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။ အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန၏ အဆိုအရ ကမ္ဘာဂြိုဟ်သည် ၁၈၀၀ ပြည့် နှစ်များကတည်းက ၂ ဒီဂရီဖာရင်ဟိုက်ပူနွေးလာခဲ့သည်။ သမုဒ္ဒရာသည် ကမ္ဘာ ဂြိုဟ်၏ပိုလျှံသောအပူ၏ ၉၀ ရာခိုင်နှုန်း ကိုစုပ်ယူပြီး ပူဖောင်းများတိုက်စားခြင်းကြောင့် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ် လာစေရန် အခွင့်အလမ်းပိုမိုများပြားစေ သည်။ သုတေသနပြုချက်များအရ ပလတ် စတစ်သည် ရေနှင့်ထိတွေ့တိုင်း ပလတ် စတစ်မျက်နှာပြင်များပေါ်တွင် ဖြစ်ပေါ်လာသော လေပူဖောင်းများမှာ တိုက်စား ခြင်းနှင့် မမြင်ရသောမိုက်ခရိုပလတ်စတစ် အမှုန်အမွှားများ ထုတ်လွှတ်ခြင်းကို ဖြစ် စေကြောင်း ပြသထားသည်။မိုက်ခရိုပလတ်စတစ်များနှင့်ပတ်သက်၍လုပ်ဆောင်ရန်အကြံပြုချက်များ ပတ်ဝန်းကျင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီး သော ပထမခြေလှမ်းတစ်ခုဖြစ်သော် လည်း မလုံလောက်နိုင်ပေ။ Ocean Clean-up နှင့် Seabin အပါအဝင် အဖွဲ့တချို့သည် သမုဒ္ဒရာထဲမှ ပလတ်စတစ်များကို ဖယ်ရှား ရန် ကြိုးပမ်းလျက်ရှိသည်။ ပြန်လည် အသုံးပြုနိုင်သောရေဘူးများနှင့် ပြန်လည် အသုံးပြုနိုင်သော ကုန်စုံအိတ်များကို အသုံးပြုခြင်းဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရန်နှင့် ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်လာသော ပလတ်စတစ်ပမာဏကို လျှော့ချရန် ကူညီပေးနိုင်သည်။ အရေးပေါ်အခြေ အနေများတွင်သာ ပလတ်စတစ်ဘူးမှ ရေကိုသောက်သုံးရန်နှင့် နေ့စဉ်ဘဝ အတွက် ပြန်လည်အသုံးပြုနိုင်သော ဖန် သို့မဟုတ် သံမဏိပုလင်းများကိုအသုံးပြုရန် ကျွမ်းကျင်သူများက အကြံပြုထားကြသည်။MWD

      တစ်ခါသုံးပလတ်စတစ်ရေဘူးများကို ခေတ်သစ်လူ့အဖွဲ့အစည်း၏ နေရာတိုင်းတွင်   ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသောကြောင့်   အမှိုက်ပုံများ၊    မြစ်များ၊ သမုဒ္ဒရာများနှင့် သဘာဝနေရင်းဒေသများ တွင်  ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပြဿနာမှာ ကြီးထွားလာနေပြီး အရေး တကြီးဖြေရှင်းရမည့်   ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေသည်။ ပလတ်စတစ် ရေဘူးများ၏ မမြင်ရသောအန္တရာယ်နှင့် ပတ်သက်၍   သိပ္ပံပညာရှင်များက  သတိပေးချက် ထုတ်ပြန်ခဲ့သည်။

သိပ္ပံပညာရှင်များသည်     ခရမ်းလွန်ရောင်ခြည်ကို မိုက်ခရိုပလတ်စတစ်အမှုန် များ  ဖြစ်ပေါ်လာစေသည့်  ပလတ်စတစ် ပြိုကွဲမှု၏   အဓိကအကြောင်းရင်း တစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ Science Advances တွင်ထုတ်ဝေသော သိပ္ပံပညာရှင်များ၏ လေ့လာမှုအသစ်တစ်ခုအရ ရေထဲရှိ အလွန် သေးငယ်သော  ပူဖောင်းလေးများသည် ရေထဲရှိ ပလတ်စတစ်များကို တိုက်စားပြီးမိုက်ခရိုပလတ်စတစ်နှင့် နာနိုပလတ်စတစ် အမှုန်များထုတ်လွှတ်မှုကို   အထောက်အကူပြုကြောင်း တွေ့ရှိခဲ့သည်။

မိုက်ခရိုနှင့်   နာနိုပလတ်စတစ်အမှုန်များ ထုတ်လွှတ်မှုသည် နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်နေကြောင်း   သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ကြသည်။  ၂၀၂၅  ခုနှစ်က Journal of Hazardous Materials တွင် ထုတ်ဝေသော   သုံးသပ်ချက်ဆောင်းပါးသည် တစ်ခါသုံးပလတ်စတစ်ရေဘူးများ မှ    နာနိုနှင့် မိုက်ခရိုပလတ်စတစ်အမှုန် များနှင့်ဆက်စပ်နေသော    နာတာရှည်ကျန်းမာရေးအန္တရာယ် သက်ရောက်မှုများကို  အလေးပေးဖော်ပြထားသည်။  ယခုအခါ လူ့အဖွဲ့အစည်းသည်  နေရာတိုင်းတွင် ပလတ်စတစ်အသုံးပြုမှုကြောင့်ဖြစ် ပေါ်လာသည့် ကြီးမားသောစိန်ခေါ်မှုကို   တိတ်တဆိတ်ရင်ဆိုင်နေရကြောင်း သုတေသနပညာရှင်များက အသိပေးချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင်Trinity College Dublin မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် သမုဒ္ဒရာ များနှင့် တခြားရေများရှိ ပလတ်စတစ်များ အပေါ် သေးငယ်သောပူဖောင်းလေးများ ၏ အကျိုးသက်ရောက်မှုကို ဖော်ထုတ်ခဲ့ သည်။ ရေထဲတွင် မမြင်နိုင်သော သေးငယ် သည့်လေပူဖောင်းလေးများကြောင့် ဖြစ် ပေါ်လာသော  ပလတ်စတစ်မျက်နှာပြင် တိုက်စားမှုသည် မိုက်ခရိုနှင့် နာနိုပလတ် စတစ်အမှုန်အမွှားများကို ရေထဲသို့ပိုစိမ့် ဝင်စေကြောင်းကို   သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ကြသည်။   ထို့ကြောင့်  ပလတ်စတစ်ဘူးသည်    အမြင်အားဖြင့်ကောင်း မွန်နေပါကလည်း  ရွေ့လျားမှုနှင့်  အထူး သဖြင့် အပူ၊  နေရောင်ခြည်နှင့်   အချိန် ကြာမြင့်စွာထိတွေ့သောအခါ အဏုကြည့် မှန်ပြောင်းဖြင့်သာမြင်ရသော ပြိုကွဲမှုများတိတ်တဆိတ်ဖြစ်ပေါ်ကြောင်း   တွေ့ရသည်။ မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို   မျက်စိဖြင့်မမြင်နိုင်ပေ။    ပလတ် စတစ်ပြိုကွဲမှုသည်   ပတ်ဝန်းကျင်နှင့်လူ သားများ၏ကျန်းမာရေးအတွက် မမြင်ရ သော   ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု Trinity College မှ ဦးဆောင်သုတေသီ ပါမောက္ခ John Boland က ပြောကြားခဲ့ သည်။

    မိုက်ခရိုပလတ်စတစ်အမှုန်အမွှားတစ် ခုသည် ၁ မိုက်ခရိုမီတာ(တစ်မီလီမီတာ၏တစ်ထောင်ပုံတစ်ပုံ) မှ ၅ မီလီမီတာအထိရှိနိုင်သည်။ နာနိုပလတ်စတစ်များ သည် ၁ မိုက်ခရွန်ထက်သေးငယ်သည်။ တစ်ခါသုံးပလတ်စတစ်ရေဘူးများမှ ထုတ် လုပ်သော နာနိုနှင့်မိုက်ခရိုပလတ်စတစ်များ၏ ကမ္ဘာလုံးဆိုင်ရာလူ့ကျန်းမာရေးအပေါ်သက်ရောက်မှုကို သိပ္ပံဆောင်းပါး ၁၄၁ ခုကျော်မှ အတွေးအမြင်များကို ရယူ ကာ  လေ့လာသုံးသပ်ခဲ့သည်။  လူတစ်ဦး ချင်းစီသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မိုက်ခရိုပလတ်စတစ်အမှုန်အမွှား ၃၉၀၀၀ မှ ၅၂၀၀၀ အထိ စားသုံးကြပြီး ရေသန့်ဘူး အသုံးပြုသူများသည် တစ်နှစ်လျှင် အမှုန် အမွှား ၉၀၀၀၀ ပိုမိုစားသုံးမိနိုင်သည်ဟုခန့်မှန်းရသည်။   မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများသည် ရေဘူးများပြုလုပ် ခြင်း၊ သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင် ခြင်းနှင့်   သက်တမ်းတစ်လျှောက်ပြိုကွဲသွားခြင်းနှင့်အတူ    ဖြစ်ပေါ်လာသည်။

ပလတ်စတစ်ရေဘူးများကို အရည်အသွေးနိမ့်ပလတ်စတစ်ဖြင့်  မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ကိုင်တွယ်တိုင်း၊ နေရောင်ခြည်နှင့် အပူချိန်အတက်အကျ များနှင့်ထိတွေ့တိုင်း သေးငယ်သောပလတ် စတစ်အပိုင်းအစများ ကွာကျသည်။ ထို့ပြင် အစားအစာကွင်းဆက်မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သော တခြားပလတ် စတစ်အမှုန်အမွှားများနှင့်မတူဘဲ    ရေသောက်ခြင်းဖြင့် တိုက်ရိုက်မျိုချမိနိုင်သည်။

မိုက်ခရိုပလတ်စတစ်အမှုန်အမွှားနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ

     သေးငယ်သောပလတ်စတစ်အမှုန် အမွှားများသည်  ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားသည်နှင့် ဇီဝအတားအဆီး များကိုဖြတ်ကျော်ပြီး   သွေးကြောထဲသို့ ဝင်ရောက်ကာ အရေးကြီးသောအင်္ဂါများ ထံ ပျံ့နှံ့ရောက်ရှိ နိုင်သောကြောင့် ပြင်းထန် သောကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ နာတာရှည်ရောင် ရမ်းခြင်း၊ ဆဲလ်များဓာတ်တိုးဖိစီးမှု၊ ဟော်မုန်းထုတ်လုပ်မှုပျက်စီးခြင်း၊  မျိုးပွားမှုချို့ယွင်းခြင်း၊ အာရုံကြောဆိုင်ရာပျက်စီးခြင်းနှင့် ကင်ဆာအမျိုးမျိုးကို ဖြစ်စေနိုင် သည်။ သွေးကြောများတွင် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ စုပုံလာခြင်းသည် အဓိကနှလုံး သွေးကြောဆိုင်ရာဖြစ်ရပ်များနှင့် သေဆုံးနိုင်ခြေတိုးလာခြင်းတို့ ဆက်စပ်နေပြီး   ဦးနှောက်တစ်သျှူးများတွင် မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများ စုပုံခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများ  ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ သုတေသီများသည် နာနိုနှင့်မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများကို  တိုင်းတာရန်နည်းလမ်းများစွာကို ဖော်ထုတ်ခဲ့ကြသည်။ သို့သော်ကျယ်ပြန့်သောစမ်းသပ်မှုနှင့်စံသတ်မှတ်ထားသောတိုင်းတာခြင်းနည်း လမ်းများမရှိခြင်းကြောင့် ရေရှည်အကျိုး သက်ရောက်မှုများကို အသေးစိတ်မဖော် ထုတ်နိုင်သေးကြောင်း တွေ့ရှိရသည်။

အကောင်းဆုံးကာကွယ်မှုဖြစ်သော ပညာပေးခြင်း

    ပတ်ဝန်းကျင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီးသော    ပထမခြေလှမ်းတစ်ခုဖြစ်သော်လည်း မလုံလောက်နိုင်ပေ။ မိုက်ခရိုပလတ် စတစ်အမှုန်အမွှားအဖြစ်  အများဆုံးမှာ တစ်ခါသုံးပလတ်စတစ်အိတ်များ၊ ပိုက် များနှင့် ထုပ်ပိုးမှုများဖြစ်ကြောင်း၊ ချက် ချင်းအဆိပ်သင့်ခြင်းထက် ရေရှည်စုပုံခြင်း ကြောင့် နာတာရှည်အဆိပ်သင့်ခြင်းဖြစ်ကြောင်း သိရှိနားလည်ရန်အတွက် လူထု ၏အမြင်ကိုပြောင်းလဲရန်  လိုအပ်သည်။ အဓိကအချက်မှာ ပလတ်စတစ်ရေဘူးများ သည်  ကျွန်ုပ်တို့သောက်သုံးသောရေထဲသို့မမြင်ရသောအမှုန်အမွှားများကို အဆက်မပြတ်စွန့်ထုတ်နေသောကြောင့် အပူနှင့်     ရိုးရှင်းသောရုပ်ပိုင်းဆိုင်ရာကိုင် တွယ်မှုကြောင့် ပိုမိုဆိုးရွားလာသည့်ဖြစ် စဉ်ကို  နားလည်သဘောပေါက်ရန်လိုအပ် သည်။

လေ့လာမှု၏ အရေးကြီးသောတွေ့ရှိချက်များ

     သိပ္ပံပညာရှင်များသည် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကို ဖော်ထုတ် နေဆဲဖြစ်ပြီး     မျိုးပွားမှုပြဿနာများ၊ ကင်ဆာဖြစ်နိုင်ခြေ    မြင့်တက်လာခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အတွင်း သွေးစီးဆင်းမှုလျော့ကျခြင်းတို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ သမုဒ္ဒရာများတွင်  မိုက်ခရိုပလတ်စတစ်အပိုင်းအစပေါင်း၂၄ ဒသမ ၄ ထရီလီယံ ခန့်ရှိပြီး အရေအတွက်မှာ ပိုမိုမြင့်မားနိုင် သည်။  နှစ်စဉ်ပလတ်စတစ်တန်ချိန်   ၈ ဒသမ ၈ သန်းခန့်သည် သမုဒ္ဒရာထဲသို့ဝင် ရောက်နေသောကြောင့် အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်။ လေ့လာမှုတွင် ပူဖောင်းများတိုက်စားခြင်းဖြင့် သမုဒ္ဒရာ ထဲသို့ဝင်ရောက်လာသော မိုက်ခရိုပလတ် စတစ်များ ပိုမိုများပြားလာနိုင်ပြီး မိုက်ခရို ပလတ်စတစ်များ ပိုမိုပျံ့နှံ့စေနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ သိပ္ပံပညာရှင် များသည်     အပူချိန်မြင့်မားသောအခါ ပူဖောင်းများဖြစ်ပေါ်မှုနှုန်း  မြင့်မားလာသည်ကို မှတ်တမ်းတင်ခဲ့သည်။ လေ့လာမှု အရ အပူချိန်မြင့်မားသောအခါ ရေအမျိုး အစားအမျိုးမျိုးတွင် ရေပူဖောင်းသိပ်သည်း ဆများ အဆမတန်တိုးလာခြင်းကိုလည်း တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။ အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန၏ အဆိုအရ ကမ္ဘာဂြိုဟ်သည် ၁၈၀၀ ပြည့် နှစ်များကတည်းက ၂ ဒီဂရီဖာရင်ဟိုက်ပူနွေးလာခဲ့သည်။ သမုဒ္ဒရာသည် ကမ္ဘာ ဂြိုဟ်၏ပိုလျှံသောအပူ၏ ၉၀ ရာခိုင်နှုန်း ကိုစုပ်ယူပြီး ပူဖောင်းများတိုက်စားခြင်းကြောင့် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ် လာစေရန် အခွင့်အလမ်းပိုမိုများပြားစေ သည်။ သုတေသနပြုချက်များအရ ပလတ် စတစ်သည် ရေနှင့်ထိတွေ့တိုင်း ပလတ် စတစ်မျက်နှာပြင်များပေါ်တွင်   ဖြစ်ပေါ်လာသော လေပူဖောင်းများမှာ တိုက်စား ခြင်းနှင့် မမြင်ရသောမိုက်ခရိုပလတ်စတစ် အမှုန်အမွှားများ ထုတ်လွှတ်ခြင်းကို ဖြစ် စေကြောင်း ပြသထားသည်။

မိုက်ခရိုပလတ်စတစ်များနှင့်ပတ်သက်၍လုပ်ဆောင်ရန်အကြံပြုချက်များ

      ပတ်ဝန်းကျင်မှ  ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီး သော    ပထမခြေလှမ်းတစ်ခုဖြစ်သော် လည်း မလုံလောက်နိုင်ပေ။ Ocean Clean-up နှင့် Seabin အပါအဝင် အဖွဲ့တချို့သည် သမုဒ္ဒရာထဲမှ ပလတ်စတစ်များကို ဖယ်ရှား ရန်   ကြိုးပမ်းလျက်ရှိသည်။   ပြန်လည် အသုံးပြုနိုင်သောရေဘူးများနှင့် ပြန်လည် အသုံးပြုနိုင်သော    ကုန်စုံအိတ်များကို အသုံးပြုခြင်းဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ပလတ်စတစ်အသုံးပြုမှုကို  လျှော့ချရန်နှင့် ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်လာသော  ပလတ်စတစ်ပမာဏကို  လျှော့ချရန် ကူညီပေးနိုင်သည်။  အရေးပေါ်အခြေ အနေများတွင်သာ       ပလတ်စတစ်ဘူးမှ ရေကိုသောက်သုံးရန်နှင့်  နေ့စဉ်ဘဝ အတွက်  ပြန်လည်အသုံးပြုနိုင်သော ဖန် သို့မဟုတ် သံမဏိပုလင်းများကိုအသုံးပြုရန် ကျွမ်းကျင်သူများက အကြံပြုထားကြသည်။

သွေးအားနည်းရောဂါ (Anemia)
-
သွေးအားနည်းရောဂါသည် သွေးထဲတွင် ကျန်းမာသောသွေးနီဥများ မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများသို့ အောက် ဆီဂျင်ထောက်ပံ့မှုလျော့နည်းသွားသည့် အခြေအနေတစ်ခုဖြစ်သည်။အဆိုပါအခြေအနေသည် သွေး၏အောက်ဆီဂျင်လုံလောက်စွာသယ်ယူနိုင်မှုစွမ်းရည်ကို လျော့နည်းစေပြီး မောပန်းနွမ်းနယ်စေသည့် သွေးအား နည်းလက္ခဏာများဖြစ်ကြသည်။ပရိုတင်းဓာတ်သည် သွေးနီဥဆဲလ်များ၏ မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် အမျိုး သမီးများတွင် အဓိကအားဖြင့် အဖြစ်အများဆုံးဖြစ်သည်။ အဆိုပါအခြေ အနေကာလအတွင်း ရှုပ်ထွေးမှုဆီသို့ ဦးတည်နိုင်သည်။ကိုယ်ဝန်ဆောင် များတွင် သွေးလိုအပ်ချက်မြင့်မားသောကြောင့် သွေးအားနည်းရောဂါ အဖြစ်များသည်။သွေးနီဥ ခန္ဓာကိုယ်တွင် သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားဆဲလ်အမျိုးအစား သုံး မျိုးရှိသည်။ သွေးနီဥဆဲလ်(RBCs)သည် ခန္ဓာကိုယ်မှထုတ်ပေးသောဆဲလ်များဖြစ်ပြီး အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဆီသို့ သယ်ဆောင်ပေးကာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အဆုတ်သို့ သယ်ဆောင်ပေးသောကြောင့် ယင်းကိုရှူထုတ်မည်ဖြစ်သည်။ သွေးအားနည်းရောဂါသည် အမျိုးအစားအမျိုးမျိုးရှိပါသည်။သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သည်။ သံဓာတ်သည် ခန္ဓာကိုယ်ရှိ သွေးနီဥ များဖွဲ့စည်းရာတွင် အရေးပါသည်။ သွေးနီဥချို့တဲ့ခြင်းကြောင့် မိမိခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။ ဖောလိတ်နှင့် ဗီတာမင် B-12 ကဲ့သို့ တခြားသောဗီတာမင်များသည်လည်း သွေးနီဥဆဲလ်များကြီးထွားရန် အတွက် လိုအပ်သည်။ သွေးအားနည်းရောဂါသည် ဗီတာမင်-A ချို့တဲ့ ပါက ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင်တချို့ကို လုံလောက်စွာမရှိသောအခါတွင် ဖြစ်ပေါ်တတ်သည်။အေပလတ်စတစ်(Aplastic)သွေးအားနည်းရောဂါသွေးအားနည်းရောဂါ၏နောက်တစ်မျိုးမှာ အေပလတ်စတစ် (Aplastic) သွေးအားနည်းရောဂါဖြစ်သည်။ သွေးနီဥများ လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါ ဖြစ်လေ့ရှိသော အပြင်းထန်ဆုံးနှင့် အဖြစ်များ ဆုံး သွေးအားနည်းရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးဝင်ခြင်း၊ ခုခံအား ချို့ယွင်းခြင်း၊ တချို့သောဆေးဝါးများသည် အေပလတ်စတစ်သွေးအားနည်းရောဂါကိုဖြစ်စေသည်။တံစဉ်ဆဲလ်သွေးအားနည်းရောဂါတံစဉ်ဆဲလ်သွေးအားနည်းရောဂါ (Sickle cell Anaemia) သည် မျိုး ရိုးလိုက်သောရောဂါဖြစ်သည်။ သွေးနီဥဆဲလ်များ သေဆုံးခြင်းသည် ဤသွေးအားနည်းရောဂါပုံစံတွင် ရိုးတွင်းချဉ်ဆီနှင့် သွေးနီဥများကြီးထွား မှုကို ကျော်လွန်သည်။သွေးအားနည်းလက္ခဏာများ၊ ကွဲပြားသောလက္ခဏာများနှင့် တခြားလက္ခဏာများ ပေါ်မူတည်၍ ကွာခြားသည်။ သွေးအားနည်းရောဂါအမျိုး အစားများ၊ အပျော့စားသွေးအားနည်းရောဂါ၏ လက္ခဏာများကို ခြေရာခံ၍မရသော်လည်း သွေးအားနည်းရောဂါ ပိုဆိုးလာသည်နှင့်အမျှ လက္ခဏာများထင်ရှားလာသည်။တချို့သောအဖြစ်များသည့် လက္ခဏာများမှာ နှုတ်ခမ်းနှင့်လက်သည်း ဖြူဖျော့ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေထောက်ကြွက်တက်ခြင်း၊ အသက်ရှူရခက်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။ဗီတာမင်B-12ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း ဗီတာမင် B-12 ချို့တဲ့ခြင်းကြောင့် ထုံကျဉ်ခြင်း၊ လက်နှင့်ခြေထောက် များရှိ ကြွက်သားများတောင့်တင်းခြင်းနှင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းများဖြစ် တတ်သည်။နာတာရှည်သွေးဆဲလ်များပျက်စီးခြင်းနာတာရှည်သွေးဆဲလ်များ ပျက်စီးခြင်းကြောင့် ဆီးအရောင်မည်း ခြင်း၊ အသားဝါခြင်း သို့မဟုတ် သည်းခြေကျောက်တည်ခြင်းတို့ ဖြစ်စေသည်။ဆရာဝန်နှင့်ပြသခြင်း ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ ပင်ပန်းနွမ်းနယ် ခြင်းသည် သွေးအားနည်းခြင်း၏လက္ခဏာများဖြစ်သည်။ ထိုသို့ဖြစ်ပါက ဟေမိုဂလိုဘင်စစ်ခြင်းဖြင့် သွေးအားနည်း၊ မနည်း၊ ဆရာဝန်နှင့် ကုသ ရန် လို၊ မလို ဆုံးဖြတ်ပေးနိုင်သည်။သွေးအားနည်းရောဂါ၏ အောက်ပါအန္တရာယ်များနှင့် ရောဂါလက္ခဏာ များကိုလျစ်လျူမရှုသင့်ပါ။မိသားစုရာဇဝင်သွေးမမှန်ခြင်းကလေးမွေးဖွားရန်မစီစဉ်မီ မီးယပ်အထူးကုနှင့် တိုင်ပင်သင့်သည်။ကိုယ်ဝန်ရှိနေသည်ဟုယူဆလျှင် ဆရာဝန်ထံသွားပြသရန် လိုအပ်သည်။ သွေးအားနည်းရောဂါသည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားကိုအန္တရာယ်ဖြစ်စေနိုင်သည်။ သွေးအားနည်းရောဂါသည် သန္ဓေသား၏ ကြီးထွားမှုကို ထိခိုက်စေနိုင်ပြီး ကလေးမွေးဖွားစဉ် နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေနိုင်သည်။နှလုံးခုန်နှုန်းအပြောင်းအလဲများနှလုံးခုန်နှုန်းပြောင်းလဲမှုသည် သွေးအားနည်းခြင်းလက္ခဏာတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါရှိသူများသည် သွေးတွင်းရှိ အောက် ဆီဂျင်မလုံလောက်သောကြောင့် ကိုယ်တွင်းအင်္ဂါများဆီ အောက်ဆီဂျင် ပုံမှန်ရရှိရန် နှလုံးက အလုပ်ပိုလုပ်ရသည်။ ထို့ကြောင့် နှလုံးနှင့်ဆက်နွှယ် သည့်ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ ခံစားရနိုင်သည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ကြောင့် အသက်ရှူကျပ်ပါက ဆရာဝန် ထံ ချက်ချင်းသွားရောက်ပြသသင့်သည်။အာဟာရချို့တဲ့ခြင်း အစားအသောက်များတွင် သတ္တုဓာတ်နှင့် ဗီတာမင်များကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များချို့တဲ့ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသည်။ အာဟာရဆိုင်ရာအခြေအနေကို အကြံဉာဏ် နှင့် ပြုပြင်ရန် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့် သည်။သွေးအားနည်းလက္ခဏာများ အိပ်ရေးမပျက်ဘဲ တစ်ခါတစ်ရံမောပန်းနေတတ်ခြင်းမျိုး ကြုံဖူးကြသည်။ ယင်းသည် သွေးအားနည်းသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ အားနည်းခြင်း၊ ချာချာလည်မူးခြင်း၊ အသားအရေဖျော့တော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ ထုံကျဉ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်လျော့နည်းခြင်း စသည့်လက္ခဏာရပ်များသည် သွေးအားနည်း နေသည့်အခါ ခံစားရနိုင်သည်။ကလေးများနှင့် သွေးအားနည်းရောဂါအသက်နှစ်နှစ်အတွင်း ကလေးငယ်ခုနစ်ယောက်တွင် တစ်ယောက် မှာ သွေးအားနည်းရောဂါ ခံစားရနိုင်ခြေရှိသည်။ အဘယ်ကြောင့်ဆိုသော် သံဓာတ်ပါဝင်သောအစားအစာများ စားသောက်မှုနည်းသောကြောင့်ဖြစ်သည်။ မိဘအများစုက ကလေးများသည် မြေကြီးများ၊ ညစ်ပတ်သည့် အရာများကို ပါးစပ်ထဲကောက်ထည့်ခြင်း၊ ရေခဲစားခြင်းကြောင့်ဟုထင် တတ်ကြသည်။ ကလေးငယ်များ သွေးအားနည်းခြင်းကို မကုသဘဲနေ ပါက ဦးနှောက်၏ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။အမျိုးသမီးများနှင့်သွေးအားနည်းရောဂါအမျိုးသမီးများတွင် နာတာရှည်သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ အလွန်များသည်။ အမျိုးသမီးများက လစဉ်ဓမ္မတာ လာသည့်အတွက် သွေးဆုံးရှုံးမှုများရှိသောကြောင့် သွေးအားနည်းခြင်းဖြစ်နိုင်ခြေများသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း အမျိုးသမီးများ၏သွေးပမာဏပြောင်းလဲမှုဖြစ်သောကြောင့် သွေးအားနည်းခြင်းဖြစ်နိုင်သည်။နာတာရှည်ဖြစ်သော ကျောက်ကပ်ရောဂါက ခန္ဓာကိုယ်အတွင်းတွင် သွေးနီဥဆဲလ်များအပေါ် သက်ရောက်မှုရှိသောကြောင့် သွေးအားနည်း ခြင်းဖြစ်စေသည်။ စားသုံးသည့်အစားအစာများမှ သံဓာတ်၊ ဖောလိတ်၊ ဗီတာမင်-B12 စသည်တို့ လုံလောက်စွာ မရရှိခဲ့လျှင်လည်း သွေးအားနည်း ရောဂါဖြစ်နိုင်သည်။ တချို့သွေးအားနည်းရောဂါအမျိုးအစားက မျိုးရိုး ဗီဇကြောင့်ဖြစ်နိုင်သည်။ဆယ်ကျော်သက်နှင့် သွေးအားနည်းရောဂါဆယ်ကျော်သက်အရွယ်တွင် မကြာခဏမောပန်းနွမ်းနယ်ခြင်းက သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်သည်။ ဆယ်ကျော်သက် အရွယ်များတွင် ရုတ်တရက်ကြီးထွားလာသောခန္ဓာကိုယ်ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ပွားနိုင်ခြေများသည်။ ဆယ်ကျော်သက်မိန်းကလေးများ လစဉ်ဓမ္မတာလာသောကြောင့် အမျိုးသားများထက် သွေးအားနည်းခြင်း ပိုဖြစ်တတ်သည်။အပျိုဖော်ဝင်စမှစ၍ သွေးဆုံးချိန်အထိ အမျိုးသမီးတိုင်း ဟေမိုဂလို ဘင်စစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးရန်လိုအပ်သည်။ သွေးအားနည်းရောဂါ သည် အသံတိတ်ရောဂါဖြစ်ပြီး ရောဂါလက္ခဏာများကို လွတ်သွားနိုင်သည်။မိန်းကလေးအများစုသည် သွေးအားနည်းရောဂါဖြစ်တတ်သည်။ သွေးအားနည်းရောဂါတစ်ခုခုရှိလျှင် အစားအသောက်စားသုံးခြင်း၊ ဖြည့်စွက်ဆေးသောက်ခြင်းဖြင့် ပြန်ကောင်းသွားနိုင်သည်။MWD

သွေးအားနည်းရောဂါသည် သွေးထဲတွင်  ကျန်းမာသောသွေးနီဥများ မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများသို့ အောက် ဆီဂျင်ထောက်ပံ့မှုလျော့နည်းသွားသည့်    အခြေအနေတစ်ခုဖြစ်သည်။

အဆိုပါအခြေအနေသည် သွေး၏အောက်ဆီဂျင်လုံလောက်စွာသယ်ယူနိုင်မှုစွမ်းရည်ကို လျော့နည်းစေပြီး မောပန်းနွမ်းနယ်စေသည့် သွေးအား နည်းလက္ခဏာများဖြစ်ကြသည်။

ပရိုတင်းဓာတ်သည်  သွေးနီဥဆဲလ်များ၏   မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် အမျိုး သမီးများတွင် အဓိကအားဖြင့် အဖြစ်အများဆုံးဖြစ်သည်။ အဆိုပါအခြေ အနေကာလအတွင်း ရှုပ်ထွေးမှုဆီသို့ ဦးတည်နိုင်သည်။ကိုယ်ဝန်ဆောင် များတွင်   သွေးလိုအပ်ချက်မြင့်မားသောကြောင့်  သွေးအားနည်းရောဂါ အဖြစ်များသည်။

သွေးနီဥ 

ခန္ဓာကိုယ်တွင် သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားဆဲလ်အမျိုးအစား သုံး မျိုးရှိသည်။ သွေးနီဥဆဲလ်(RBCs)သည်  ခန္ဓာကိုယ်မှထုတ်ပေးသောဆဲလ်များဖြစ်ပြီး အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဆီသို့  သယ်ဆောင်ပေးကာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို   အဆုတ်သို့  သယ်ဆောင်ပေးသောကြောင့် ယင်းကိုရှူထုတ်မည်ဖြစ်သည်။

 သွေးအားနည်းရောဂါသည် အမျိုးအစားအမျိုးမျိုးရှိပါသည်။

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သည်။ သံဓာတ်သည် ခန္ဓာကိုယ်ရှိ သွေးနီဥ များဖွဲ့စည်းရာတွင်  အရေးပါသည်။  သွေးနီဥချို့တဲ့ခြင်းကြောင့်  မိမိခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။

ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါ

ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။ ဖောလိတ်နှင့် ဗီတာမင် B-12 ကဲ့သို့ တခြားသောဗီတာမင်များသည်လည်း  သွေးနီဥဆဲလ်များကြီးထွားရန် အတွက် လိုအပ်သည်။ သွေးအားနည်းရောဂါသည် ဗီတာမင်-A ချို့တဲ့ ပါက ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင်တချို့ကို လုံလောက်စွာမရှိသောအခါတွင် ဖြစ်ပေါ်တတ်သည်။

အေပလတ်စတစ်(Aplastic)သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါ၏နောက်တစ်မျိုးမှာ      အေပလတ်စတစ် (Aplastic) သွေးအားနည်းရောဂါဖြစ်သည်။ သွေးနီဥများ လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါ ဖြစ်လေ့ရှိသော အပြင်းထန်ဆုံးနှင့် အဖြစ်များ ဆုံး သွေးအားနည်းရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးဝင်ခြင်း၊ ခုခံအား ချို့ယွင်းခြင်း၊ တချို့သောဆေးဝါးများသည် အေပလတ်စတစ်သွေးအားနည်းရောဂါကိုဖြစ်စေသည်။

တံစဉ်ဆဲလ်သွေးအားနည်းရောဂါ

တံစဉ်ဆဲလ်သွေးအားနည်းရောဂါ (Sickle cell Anaemia) သည် မျိုး ရိုးလိုက်သောရောဂါဖြစ်သည်။  သွေးနီဥဆဲလ်များ  သေဆုံးခြင်းသည် ဤသွေးအားနည်းရောဂါပုံစံတွင် ရိုးတွင်းချဉ်ဆီနှင့် သွေးနီဥများကြီးထွား မှုကို ကျော်လွန်သည်။

သွေးအားနည်းလက္ခဏာများ၊ ကွဲပြားသောလက္ခဏာများနှင့် တခြားလက္ခဏာများ ပေါ်မူတည်၍ ကွာခြားသည်။ သွေးအားနည်းရောဂါအမျိုး အစားများ၊     အပျော့စားသွေးအားနည်းရောဂါ၏ လက္ခဏာများကို ခြေရာခံ၍မရသော်လည်း သွေးအားနည်းရောဂါ ပိုဆိုးလာသည်နှင့်အမျှ လက္ခဏာများထင်ရှားလာသည်။

တချို့သောအဖြစ်များသည့် လက္ခဏာများမှာ နှုတ်ခမ်းနှင့်လက်သည်း ဖြူဖျော့ခြင်း၊  အားနည်းခြင်း၊  မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊   ခြေထောက်ကြွက်တက်ခြင်း၊  အသက်ရှူရခက်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။

ဗီတာမင်B-12ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း 

ဗီတာမင် B-12 ချို့တဲ့ခြင်းကြောင့် ထုံကျဉ်ခြင်း၊ လက်နှင့်ခြေထောက် များရှိ ကြွက်သားများတောင့်တင်းခြင်းနှင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းများဖြစ် တတ်သည်။

နာတာရှည်သွေးဆဲလ်များပျက်စီးခြင်း

နာတာရှည်သွေးဆဲလ်များ ပျက်စီးခြင်းကြောင့် ဆီးအရောင်မည်း ခြင်း၊ အသားဝါခြင်း သို့မဟုတ် သည်းခြေကျောက်တည်ခြင်းတို့ ဖြစ်စေသည်။

ဆရာဝန်နှင့်ပြသခြင်း 

ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ ပင်ပန်းနွမ်းနယ် ခြင်းသည် သွေးအားနည်းခြင်း၏လက္ခဏာများဖြစ်သည်။ ထိုသို့ဖြစ်ပါက ဟေမိုဂလိုဘင်စစ်ခြင်းဖြင့် သွေးအားနည်း၊ မနည်း၊ ဆရာဝန်နှင့် ကုသ ရန် လို၊ မလို ဆုံးဖြတ်ပေးနိုင်သည်။

သွေးအားနည်းရောဂါ၏ အောက်ပါအန္တရာယ်များနှင့် ရောဂါလက္ခဏာ များကိုလျစ်လျူမရှုသင့်ပါ။

မိသားစုရာဇဝင်သွေးမမှန်ခြင်း

ကလေးမွေးဖွားရန်မစီစဉ်မီ မီးယပ်အထူးကုနှင့် တိုင်ပင်သင့်သည်။ကိုယ်ဝန်ရှိနေသည်ဟုယူဆလျှင် ဆရာဝန်ထံသွားပြသရန်  လိုအပ်သည်။ သွေးအားနည်းရောဂါသည်   ကိုယ်ဝန်ဆောင်မိခင်နှင့်   သန္ဓေသားကိုအန္တရာယ်ဖြစ်စေနိုင်သည်။ သွေးအားနည်းရောဂါသည် သန္ဓေသား၏ ကြီးထွားမှုကို  ထိခိုက်စေနိုင်ပြီး  ကလေးမွေးဖွားစဉ်  နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေနိုင်သည်။

နှလုံးခုန်နှုန်းအပြောင်းအလဲများ

နှလုံးခုန်နှုန်းပြောင်းလဲမှုသည်   သွေးအားနည်းခြင်းလက္ခဏာတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါရှိသူများသည် သွေးတွင်းရှိ အောက် ဆီဂျင်မလုံလောက်သောကြောင့် ကိုယ်တွင်းအင်္ဂါများဆီ အောက်ဆီဂျင် ပုံမှန်ရရှိရန် နှလုံးက အလုပ်ပိုလုပ်ရသည်။ ထို့ကြောင့် နှလုံးနှင့်ဆက်နွှယ် သည့်ရောဂါလက္ခဏာများ   ပေါ်လာတတ်သည်။   နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ ခံစားရနိုင်သည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ကြောင့် အသက်ရှူကျပ်ပါက ဆရာဝန် ထံ ချက်ချင်းသွားရောက်ပြသသင့်သည်။

အာဟာရချို့တဲ့ခြင်း 

အစားအသောက်များတွင်   သတ္တုဓာတ်နှင့်   ဗီတာမင်များကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များချို့တဲ့ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသည်။ အာဟာရဆိုင်ရာအခြေအနေကို အကြံဉာဏ် နှင့် ပြုပြင်ရန်  ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်  တိုင်ပင်သင့် သည်။

သွေးအားနည်းလက္ခဏာများ 

အိပ်ရေးမပျက်ဘဲ တစ်ခါတစ်ရံမောပန်းနေတတ်ခြင်းမျိုး ကြုံဖူးကြသည်။  ယင်းသည်  သွေးအားနည်းသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ အားနည်းခြင်း၊  ချာချာလည်မူးခြင်း၊   အသားအရေဖျော့တော့ခြင်း၊ ခေါင်းကိုက်ခြင်း၊  ခြေဖျားလက်ဖျားအေးခြင်း၊  ထုံကျဉ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်လျော့နည်းခြင်း စသည့်လက္ခဏာရပ်များသည် သွေးအားနည်း နေသည့်အခါ ခံစားရနိုင်သည်။

ကလေးများနှင့် သွေးအားနည်းရောဂါ

အသက်နှစ်နှစ်အတွင်း ကလေးငယ်ခုနစ်ယောက်တွင် တစ်ယောက် မှာ သွေးအားနည်းရောဂါ ခံစားရနိုင်ခြေရှိသည်။ အဘယ်ကြောင့်ဆိုသော် သံဓာတ်ပါဝင်သောအစားအစာများ စားသောက်မှုနည်းသောကြောင့်ဖြစ်သည်။ မိဘအများစုက ကလေးများသည်  မြေကြီးများ၊ ညစ်ပတ်သည့် အရာများကို  ပါးစပ်ထဲကောက်ထည့်ခြင်း၊ ရေခဲစားခြင်းကြောင့်ဟုထင် တတ်ကြသည်။  ကလေးငယ်များ  သွေးအားနည်းခြင်းကို မကုသဘဲနေ ပါက ဦးနှောက်၏ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။

အမျိုးသမီးများနှင့်သွေးအားနည်းရောဂါ

အမျိုးသမီးများတွင်  နာတာရှည်သွေးအားနည်းရောဂါ  ဖြစ်နိုင်ခြေ အလွန်များသည်။ အမျိုးသမီးများက လစဉ်ဓမ္မတာ လာသည့်အတွက် သွေးဆုံးရှုံးမှုများရှိသောကြောင့်  သွေးအားနည်းခြင်းဖြစ်နိုင်ခြေများသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း အမျိုးသမီးများ၏သွေးပမာဏပြောင်းလဲမှုဖြစ်သောကြောင့် သွေးအားနည်းခြင်းဖြစ်နိုင်သည်။

နာတာရှည်ဖြစ်သော ကျောက်ကပ်ရောဂါက ခန္ဓာကိုယ်အတွင်းတွင် သွေးနီဥဆဲလ်များအပေါ် သက်ရောက်မှုရှိသောကြောင့် သွေးအားနည်း ခြင်းဖြစ်စေသည်။   စားသုံးသည့်အစားအစာများမှ သံဓာတ်၊ ဖောလိတ်၊ ဗီတာမင်-B12  စသည်တို့ လုံလောက်စွာ မရရှိခဲ့လျှင်လည်း သွေးအားနည်း ရောဂါဖြစ်နိုင်သည်။  တချို့သွေးအားနည်းရောဂါအမျိုးအစားက မျိုးရိုး ဗီဇကြောင့်ဖြစ်နိုင်သည်။

ဆယ်ကျော်သက်နှင့် သွေးအားနည်းရောဂါ

ဆယ်ကျော်သက်အရွယ်တွင်    မကြာခဏမောပန်းနွမ်းနယ်ခြင်းက သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်သည်။  ဆယ်ကျော်သက် အရွယ်များတွင် ရုတ်တရက်ကြီးထွားလာသောခန္ဓာကိုယ်ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ပွားနိုင်ခြေများသည်။     ဆယ်ကျော်သက်မိန်းကလေးများ    လစဉ်ဓမ္မတာလာသောကြောင့်  အမျိုးသားများထက် သွေးအားနည်းခြင်း ပိုဖြစ်တတ်သည်။

အပျိုဖော်ဝင်စမှစ၍ သွေးဆုံးချိန်အထိ အမျိုးသမီးတိုင်း ဟေမိုဂလို ဘင်စစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးရန်လိုအပ်သည်။ သွေးအားနည်းရောဂါ သည် အသံတိတ်ရောဂါဖြစ်ပြီး ရောဂါလက္ခဏာများကို လွတ်သွားနိုင်သည်။

မိန်းကလေးအများစုသည်  သွေးအားနည်းရောဂါဖြစ်တတ်သည်။  သွေးအားနည်းရောဂါတစ်ခုခုရှိလျှင်    အစားအသောက်စားသုံးခြင်း၊  ဖြည့်စွက်ဆေးသောက်ခြင်းဖြင့် ပြန်ကောင်းသွားနိုင်သည်။

ဘက်စုံအသုံးဝင်သစ်အယ်ပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
-
သစ်အယ်ပင်သည် မျိုးခွဲမျိုးစိတ်များပြားသော ရွက်ကြွေပင်မျိုးဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သမပိုင်းဇုန်များ၌ပေါက်ရောက်သော သစ်အယ်ပင်အမျိုးမျိုး ရှိသည့်အနက် စားသုံးရန်အဆန်ကောင်းစွာ ရရှိသော သစ်အယ်ပင်မျိုးရှိသည်။ သစ်အယ်ပင်သည် ဝက်သစ်ချပင်မျိုးနှင့်မျိုးတူဖြစ်၍ Fagaceae မျိုးရင်းတွင်ပါဝင်သည်။ သစ်တောများတွင် ပေါက်ရောက်သောသစ်အယ်ပင်သည် အမြင့်ပေ ၁၀၀ အထိမြင့်ပြီး ကွင်းပြင်၌ ပင်စည်အချင်း ၆ ပေမှ ၈ ပေအထိရှိသော သစ်အယ်ပင်များတွေ့ရကာ ပင်စည်အချင်း ၁၂ ပေအထိရှိသော အပင်များလည်းရှိသည်။သစ်အယ်သီးဆန်ဝက်သစ်ချပင်မျိုးနှင့်မျိုးတူဖြစ်ပြီး သေးသွယ်ရှည်လျား၍ ကြောင်မြီးနှင့်တူသော အဝါရောင်ပွင့်တံနှစ်မျိုးပွင့်ရာ တစ်မျိုးတွင် ပွင့်တံတစ်ခုလုံး အဖိုပွင့်များသာပွင့်ပြီး တခြားတစ်မျိုးမှာ ပွင့်တံ၏အပေါ်ပိုင်းတွင် အဖိုပွင့်များပွင့်၍ အောက်ခြေတွင် အမပွင့်များပွင့်သည်။ ထိုအမပွင့်များသည် ဆူးကဲ့သို့သော အမွေးများ ထူထပ်စွာပါဝင်သည့် အသီးအဖြစ်ကြီးထွားလာကာ အတွင်း၌ အဆန်ချောင်သောတစ်စေ့သီး တစ်ခုမှသုံးခုအထိပါပြီး တချို့သောအသီးမျိုးများတွင် တစ်ဆန်တည်းသာ အဖတ်တင်လေ့ရှိသည်။ ထိုသို့တစ်ဆန်တည်းသာကျန်သောမျိုးများမှာ အဆန်စားရန် ကောင်းမွန်သောမျိုးများဖြစ်သည်။ စပိန်သစ်အယ်၊ သစ်အယ်ချိုဟုလည်းခေါ်သော ဥရောပသစ်အယ်သီးဆန်သည် ဥရောပနှင့်အမေရိကတို့၌စားသုံးကြသည့် သစ်အယ်သီးဆန်ဖြစ်ပြီး စပိန်၊ အီတလီနှင့် ပေါ်တူဂီနိုင်ငံတို့သည် ပြည်ပသို့ သစ်အယ်သီးဆန် အများဆုံး တင်ပို့သောနိုင်ငံများဖြစ်သည်။ အမေရိကန်သစ်အယ်သီးဆန်သည် ဥရောပသစ်အယ်သီးဆန်နှင့်နှိုင်းယှဉ်ပါက သေးငယ်ပြီး အရောင်မွဲသောအမွေးနုများနှင့် ဖုံးလွှမ်းနေသောကြောင့် အမြင်မလှသော်လည်း အရသာတွင် အမေရိကန်သစ်အယ်သီးဆန်က သာသည်။ သစ်အယ်သီးစားသုံးမှုပုံစံပထမတန်းစား သစ်အယ်သီးဆန်များကို အစိမ်းအတိုင်းဖြစ်စေ၊ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားကြသည်။ ဒုတိယတန်းစားသစ် အယ်သီးဆန်များကို အခြောက်ခံကာ မာအောင်ပြုလုပ်ပြီး အမှုန့်ကြိတ်၍ ဂျုံ၊ ပြောင်းတို့အစား စွပ်ပြုတ်၊ ပေါင်မုန့်နှင့် တခြားအစားအသောက်များတွင် ထည့်သွင်းအသုံးပြုကြသည်။ အသေးစားသစ်အယ်သီးဆန်များကို နွားစာ၊ ဝက်စာ စသည်ဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ တရုတ်ကြိမ်စေ့ (Roasted Chestnut) ဟုခေါ်သည့် သစ်အယ်သီးလှော်နည်းကို ဖော်ပြလိုပါသည်။ သစ်အယ်သီး၏ ခုံးသည့်ဘက်အခြမ်း၏ အလယ်မှအခွံကိုဓားနှင့်ခွဲပြီး အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့်ပြုတ်ရမည်။ သစ်အယ်သီးကိုပြုတ်ပေးပါက လှော်သည့်အချိန်ကို သက်သာစေပြီး အထဲမှအသားများ ခြောက်မသွားစေရန်ဖြစ်သည်။ ၁၀ မိနစ်ခန့်ကြာပြုတ်ပြီးနောက် ဆယ်၍ရေစစ်ပြီး လှော်ပေးရသည်။ အလုပ်ရှုပ်သက်သာစေရန်အတွက် Oven ထဲထည့်ကင်ရန် ငွေစက္ကူခင်းထားသောဗန်းထဲသို့ထည့်ပြီး ကွဲကြောင်းပါသည့်ဘက်ကို လှန်ထားရမည်။ မုန့်ဖုတ်စက်ထဲတွင် အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် ၂၀ ခန့်ကင်ပြီးနောက် အသင့်စားသုံးနိုင်ပြီဖြစ်သည်။သစ်အယ်သီးတွင်ပါဝင်သောအာဟာရဓာတ်များအာဟာရပြည့်ဝသောအခွံမာသီးများသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သည်။ ထို့အတူ သစ်အယ်သီးသည် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်-E ၊ ဗီတာမင်-C၊ ကျန်းမာရေးကောင်းစေသောအဆီ၊ ပရိုတင်း၊ အစာကြေစေသောအမျှင် စသည့်အာဟာရဓာတ်များအပြင် သတ္တုဓာတ်များ၊ ရှုပ်ထွေးသောကစီဓာတ်မော်လီကျူးများနှင့် Lipid ပါဝင်မှုမြင့်မားသည်။ သစ်အယ်သီး ၁၀၀ ဂရမ်တွင်ပါဝင်သော အာဟာရဓာတ်များသစ်အယ်သီး ၁၀၀ ဂရမ်တွင် ဗီတာမင်-B1 ၀.၂၂ မီလီဂရမ်၊ ဗီတာမင်-B2 ၀.၁၂ မီလီဂရမ်၊ ဗီတာမင်-PP ၂ မီလီဂရမ်၊ ဗီတာမင်-C ၅၁ မီလီဂရမ်တို့ပါဝင်ပြီး အဓိကသတ္တုဓာတ်များဖြစ်သည့် ဖော့စဖရပ်စ် ၈၀.၈၈ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၉၄.၃၈ မီလီဂရမ်၊ ထုံးဓာတ် ၂၆.၂၃ မီလီဂရမ်၊ ဆိုဒီယမ် ၇.၈၈ မီလီဂရမ်၊ မဂ္ဂနိစ် ၂၁.၇၅ မီလီဂရမ်၊ ဇင့် ၆၂ မီလီဂရမ်၊ ကြေးနီ ၁၆၅ မီလီဂရမ်တို့ ကြွယ်ဝစွာပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ် ၁၆၂ ကယ်လိုရီ ၆၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၃.၂၄ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းနှင့် Lipitor ၈.၂၈ ကယ်လိုရီ ၂၅ ရာခိုင်နှုန်းပါဝင်သည်။ သစ်အယ်သီးသည် ကိုလက်စထရောကိုကျစေပြီး အင်ဆူလင်ပမာဏကိုတိုးစေသည်။ သစ်အယ်သီးကို စားခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အတွက် ရရှိနိုင်သည့်အကျိုးကျေးဇူးများစွာကို ဆက်လက်တင်ပြလိုပါသည်။အူမကြီးလှုပ်ရှားမှုကောင်းမွန်စေသောသစ်အယ်သီးDietary Fiber ပါဝင်မှုကြောင့် အူမကြီးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။ကိုယ်အလေးချိန်ကျစေသော သစ်အယ်သီးလေ့လာချက်များအရ သစ်အယ်သီးတွင် ကိုယ်အလေးချိန်ကျစေသောအချက်များကို တွေ့ရှိရပြီး အဝလွန်ခြင်းကိုကာကွယ်နိုင်သည်။ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေသော သစ်အယ်သီးသစ်အယ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)နှင့် ဗီတာမင်-E ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားစေသည့်ဆဲလ်များကို တိုက်ဖျက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။ကိုလက်စထရောလျော့ကျစေသော သစ်အယ်သီး၂၀၁၃ ခုနှစ်လေ့လာချက်အရ သစ်အယ်သီးသည် နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားနိုင်သည့် Lipoprotein Cholesterol ကိုလျော့ကျစေသည်ဟုဆိုကြပါသည်။ ထို Lipoprotein Cholesterol က သစ်အယ်သီးစားပေးခြင်းဖြင့် နှလုံးကိုထိခိုက်စေသည့် ကိုလက်စထရောလျော့ကျစေသောကြောင့် နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားမှုကို လျော့ကျ စေသည်။အင်ဆူလင်ပမာဏကိုတိုးစေသော သစ်အယ်သီးသစ်အယ်သီးစားပေးခြင်းဖြင့် အင်ဆူလင်ပမာဏကိုတိုးစေသောကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။နှလုံးကျန်းမာစေသောသစ်အယ်သီးသစ်အယ်သီးက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသည်။ သစ်အယ်သီးတွင်ပါဝင်သည့် အာဟာရဓာတ်များက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။ ရောင်ရမ်းမှုကိုလျော့ကျစေသောသစ်အယ်သီးသစ်အယ်သီးစားပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ကျစေရန် ကူညီနိုင်သည်။သတိပြုရန်သစ်အယ်သီးနှင့် ဓာတ်မတည့်သူများလည်းရှိနိုင်သောကြောင့် သတိထားသင့်သည်။ သို့သော် အရာအားလုံးသည် အလယ်အလတ်တွင် ကောင်းမွန်ပြီး သစ်အယ်သီးကို အလွန်အကျွံစားသုံးပါက ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ကြောင်း သတိပြုသင့်သည်။သစ်အယ်သီးသည် အူမကြီးလှုပ်ရှားမှုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေခြင်း၊ ကိုလက်စထရောလျော့ကျစေခြင်း၊ အင်ဆူလင်ပမာဏကိုတိုးစေခြင်း၊ နှလုံးကျန်းမာစေခြင်းနှင့် ရောင်ရမ်းမှုကို လျော့ကျစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေကြောင်း တင်ပြလိုက်ရပါသည်။MWD

သစ်အယ်ပင်သည်  မျိုးခွဲမျိုးစိတ်များပြားသော ရွက်ကြွေပင်မျိုးဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သမပိုင်းဇုန်များ၌ပေါက်ရောက်သော သစ်အယ်ပင်အမျိုးမျိုး ရှိသည့်အနက် စားသုံးရန်အဆန်ကောင်းစွာ ရရှိသော သစ်အယ်ပင်မျိုးရှိသည်။ သစ်အယ်ပင်သည် ဝက်သစ်ချ

ပင်မျိုးနှင့်မျိုးတူဖြစ်၍    Fagaceae   မျိုးရင်းတွင်ပါဝင်သည်။ သစ်တောများတွင် ပေါက်ရောက်သောသစ်အယ်ပင်သည်   အမြင့်ပေ ၁၀၀  အထိမြင့်ပြီး ကွင်းပြင်၌ ပင်စည်အချင်း ၆ ပေမှ ၈ ပေအထိရှိသော သစ်အယ်ပင်များတွေ့ရကာ ပင်စည်အချင်း ၁၂ ပေအထိရှိသော အပင်များလည်းရှိသည်။

သစ်အယ်သီးဆန်

ဝက်သစ်ချပင်မျိုးနှင့်မျိုးတူဖြစ်ပြီး     သေးသွယ်ရှည်လျား၍    ကြောင်မြီးနှင့်တူသော   အဝါရောင်ပွင့်တံနှစ်မျိုးပွင့်ရာ   တစ်မျိုးတွင် ပွင့်တံတစ်ခုလုံး အဖိုပွင့်များသာပွင့်ပြီး တခြားတစ်မျိုးမှာ ပွင့်တံ၏အပေါ်ပိုင်းတွင် အဖိုပွင့်များပွင့်၍  အောက်ခြေတွင် အမပွင့်များပွင့်သည်။ ထိုအမပွင့်များသည်  ဆူးကဲ့သို့သော အမွေးများ ထူထပ်စွာပါဝင်သည့် အသီးအဖြစ်ကြီးထွားလာကာ   အတွင်း၌   အဆန်ချောင်သောတစ်စေ့သီး တစ်ခုမှသုံးခုအထိပါပြီး တချို့သောအသီးမျိုးများတွင် တစ်ဆန်တည်းသာ အဖတ်တင်လေ့ရှိသည်။ ထိုသို့တစ်ဆန်တည်းသာကျန်သောမျိုးများမှာ အဆန်စားရန်    ကောင်းမွန်သောမျိုးများဖြစ်သည်။   

စပိန်သစ်အယ်၊     သစ်အယ်ချိုဟုလည်းခေါ်သော ဥရောပသစ်အယ်သီးဆန်သည် ဥရောပနှင့်အမေရိကတို့၌စားသုံးကြသည့် သစ်အယ်သီးဆန်ဖြစ်ပြီး စပိန်၊ အီတလီနှင့် ပေါ်တူဂီနိုင်ငံတို့သည် ပြည်ပသို့  သစ်အယ်သီးဆန်  အများဆုံး တင်ပို့သောနိုင်ငံများဖြစ်သည်။   

အမေရိကန်သစ်အယ်သီးဆန်သည်     ဥရောပသစ်အယ်သီးဆန်နှင့်နှိုင်းယှဉ်ပါက သေးငယ်ပြီး အရောင်မွဲသောအမွေးနုများနှင့်      ဖုံးလွှမ်းနေသောကြောင့် အမြင်မလှသော်လည်း   အရသာတွင်   အမေရိကန်သစ်အယ်သီးဆန်က သာသည်။ 

သစ်အယ်သီးစားသုံးမှုပုံစံ

ပထမတန်းစား  သစ်အယ်သီးဆန်များကို အစိမ်းအတိုင်းဖြစ်စေ၊ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားကြသည်။    ဒုတိယတန်းစားသစ် အယ်သီးဆန်များကို  အခြောက်ခံကာ မာအောင်ပြုလုပ်ပြီး အမှုန့်ကြိတ်၍ ဂျုံ၊ ပြောင်းတို့အစား စွပ်ပြုတ်၊ ပေါင်မုန့်နှင့်  တခြားအစားအသောက်များတွင်    ထည့်သွင်းအသုံးပြုကြသည်။ အသေးစားသစ်အယ်သီးဆန်များကို နွားစာ၊ ဝက်စာ စသည်ဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ 

တရုတ်ကြိမ်စေ့ (Roasted Chestnut) ဟုခေါ်သည့် သစ်အယ်သီးလှော်နည်းကို ဖော်ပြလိုပါသည်။ သစ်အယ်သီး၏ ခုံးသည့်ဘက်အခြမ်း၏    အလယ်မှအခွံကိုဓားနှင့်ခွဲပြီး အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့်ပြုတ်ရမည်။ သစ်အယ်သီးကိုပြုတ်ပေးပါက   လှော်သည့်အချိန်ကို  သက်သာစေပြီး အထဲမှအသားများ  ခြောက်မသွားစေရန်ဖြစ်သည်။  ၁၀ မိနစ်

ခန့်ကြာပြုတ်ပြီးနောက်  ဆယ်၍ရေစစ်ပြီး လှော်ပေးရသည်။  အလုပ်ရှုပ်သက်သာစေရန်အတွက် Oven ထဲထည့်ကင်ရန်     ငွေစက္ကူခင်းထားသောဗန်းထဲသို့ထည့်ပြီး ကွဲကြောင်းပါသည့်ဘက်ကို လှန်ထားရမည်။ 

မုန့်ဖုတ်စက်ထဲတွင် အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်ဖြင့်  မိနစ် ၂၀ ခန့်ကင်ပြီးနောက် အသင့်စားသုံးနိုင်ပြီဖြစ်သည်။

သစ်အယ်သီးတွင်ပါဝင်သောအာဟာရဓာတ်များ

အာဟာရပြည့်ဝသောအခွံမာသီးများသည် အရသာရှိရုံသာမက      ကျန်းမာရေးအတွက်လည်း    အထူးကောင်းမွန်သည်။ ထို့အတူ သစ်အယ်သီးသည် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်-E ၊ ဗီတာမင်-C၊ ကျန်းမာရေးကောင်းစေသောအဆီ၊ ပရိုတင်း၊  အစာကြေစေသောအမျှင် စသည့်အာဟာရဓာတ်များအပြင် သတ္တုဓာတ်များ၊ ရှုပ်ထွေးသောကစီဓာတ်မော်လီကျူးများနှင့် Lipid ပါဝင်မှုမြင့်မားသည်။ 

သစ်အယ်သီး ၁၀၀ ဂရမ်တွင်ပါဝင်သော အာဟာရဓာတ်များ

သစ်အယ်သီး ၁၀၀ ဂရမ်တွင် ဗီတာမင်-B1 ၀.၂၂ မီလီဂရမ်၊ ဗီတာမင်-B2 ၀.၁၂ မီလီဂရမ်၊ ဗီတာမင်-PP ၂ မီလီဂရမ်၊ ဗီတာမင်-C ၅၁ မီလီဂရမ်တို့ပါဝင်ပြီး အဓိကသတ္တုဓာတ်များဖြစ်သည့်  ဖော့စဖရပ်စ် ၈၀.၈၈ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၉၄.၃၈ မီလီဂရမ်၊ ထုံးဓာတ် 

၂၆.၂၃  မီလီဂရမ်၊ ဆိုဒီယမ် ၇.၈၈ မီလီဂရမ်၊ မဂ္ဂနိစ် ၂၁.၇၅ မီလီဂရမ်၊ ဇင့် ၆၂ မီလီဂရမ်၊ ကြေးနီ  ၁၆၅ မီလီဂရမ်တို့ ကြွယ်ဝစွာပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ် ၁၆၂ ကယ်လိုရီ ၆၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၃.၂၄ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းနှင့် Lipitor  ၈.၂၈ ကယ်လိုရီ  ၂၅ ရာခိုင်နှုန်းပါဝင်သည်။ သစ်အယ်သီးသည် ကိုလက်စထရောကိုကျစေပြီး အင်ဆူလင်ပမာဏကိုတိုးစေသည်။ သစ်အယ်သီးကို စားခြင်းအားဖြင့်  လူ့ခန္ဓာကိုယ်အတွက် ရရှိနိုင်သည့်အကျိုးကျေးဇူးများစွာကို ဆက်လက်တင်ပြလိုပါသည်။

အူမကြီးလှုပ်ရှားမှုကောင်းမွန်စေသောသစ်အယ်သီး

Dietary Fiber ပါဝင်မှုကြောင့် အူမကြီးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။

ကိုယ်အလေးချိန်ကျစေသော သစ်အယ်သီးလေ့လာချက်များအရ  သစ်အယ်သီးတွင်   ကိုယ်အလေးချိန်ကျစေသောအချက်များကို  တွေ့ရှိရပြီး အဝလွန်ခြင်းကိုကာကွယ်နိုင်သည်။

ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေသော သစ်အယ်သီးသစ်အယ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)နှင့်  ဗီတာမင်-E ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားစေသည့်ဆဲလ်များကို တိုက်ဖျက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။

ကိုလက်စထရောလျော့ကျစေသော သစ်အယ်သီး

၂၀၁၃ ခုနှစ်လေ့လာချက်အရ သစ်အယ်သီးသည် နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားနိုင်သည့် Lipoprotein Cholesterol  ကိုလျော့ကျစေသည်ဟုဆိုကြပါသည်။  ထို Lipoprotein Cholesterol က သစ်အယ်သီးစားပေးခြင်းဖြင့် နှလုံးကိုထိခိုက်စေသည့် ကိုလက်စထရောလျော့ကျစေသောကြောင့်     နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားမှုကို လျော့ကျ စေသည်။

အင်ဆူလင်ပမာဏကိုတိုးစေသော သစ်အယ်သီး

သစ်အယ်သီးစားပေးခြင်းဖြင့် အင်ဆူလင်ပမာဏကိုတိုးစေသောကြောင့်  အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။

နှလုံးကျန်းမာစေသောသစ်အယ်သီး

သစ်အယ်သီးက    နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသည်။   သစ်အယ်သီးတွင်ပါဝင်သည့် အာဟာရဓာတ်များက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။ 

ရောင်ရမ်းမှုကိုလျော့ကျစေသောသစ်အယ်သီးသစ်အယ်သီးစားပေးခြင်းဖြင့်       ရောင်ရမ်းမှုကို လျော့ကျစေရန် ကူညီနိုင်သည်။

သတိပြုရန်

သစ်အယ်သီးနှင့် ဓာတ်မတည့်သူများလည်းရှိနိုင်သောကြောင့်  သတိထားသင့်သည်။ သို့သော် အရာအားလုံးသည်  အလယ်အလတ်တွင် ကောင်းမွန်ပြီး သစ်အယ်သီးကို အလွန်အကျွံစားသုံးပါက ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ကြောင်း သတိပြုသင့်သည်။

သစ်အယ်သီးသည် အူမကြီးလှုပ်ရှားမှုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေခြင်း၊   ကိုလက်စထရောလျော့ကျစေခြင်း၊     အင်ဆူလင်ပမာဏကိုတိုးစေခြင်း၊ နှလုံးကျန်းမာစေခြင်းနှင့်  ရောင်ရမ်းမှုကို လျော့ကျစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေကြောင်း တင်ပြလိုက်ရပါသည်။

အသည်းအတွက်အန္တရာယ်ဖြစ်စေသော အစားအစာများအကြောင်းတစေ့တစောင်း
-
အသည်းသည် ခန္ဓာကိုယ်၏ သဘာဝအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် လူ့ခန္ဓာကိုယ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ သွေးအတွင်းမှ စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ရှိသော ပြင်ပအဆိပ်အတောက်များကို ချေဖျက်ပေးသည်။ ဆေးဝါးများ၊ အရက်၊ ပိုးသတ်ဆေးများနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ဘေးထွက်ပစ္စည်းများကို ရေတွင်ပျော်ဝင်နိုင်သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲစေပြီး အဓိက အားဖြင့် ကျောက်ကပ်မှတစ်ဆင့် ဖယ်ရှားစွန့်ထုတ် ရန် ပိုမိုလွယ်ကူစေသည်။ အသည်းသည် သည်းခြေ ရည်ကို ထုတ်လုပ်ပေးခြင်းဖြင့် အစာချေဖျက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး အာဟာရစုပ်ယူမှုကို ကူညီပေးသည်။ အာဟာရဓာတ်များကို အသုံးဝင်သော အရာများအဖြစ်သို့ ပြောင်းလဲပေးပြီး စွမ်းအင်ကိုသိုလှောင်ကာ အဆီများကို ချေဖျက်ပေး သည်။ အသက်အရွယ်၊ နေထိုင်မှုပုံစံညံ့ဖျင်းခြင်းနှင့်အရက်အလွန်အကျွံသောက်ခြင်းကြောင့် ကျန်းမာရေး ချို့ယွင်းသွားကာ အသည်းကိုအန္တရာယ်ဖြစ်စေပြီး တစ်ခါတစ်ရံတွင် အသည်း၏ လုပ်ငန်းဆောင်တာများကို နှေးကွေးသွားစေနိုင်သည်။ အစားအသောက် အလေ့အထများနှင့် အစားအသောက်ပြောင်းလဲမှုသည် အသည်းကျန်းမာရေးကို ကောင်းမွန်စေကြောင်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာကျွမ်းကျင်သူများ က ဖော်ပြထားသည်။အသည်းအတွက် အန္တရာယ်ဖြစ်စေသော အစားအစာများတွင် သကြားပါသောအချိုရည်များ၊ အကြော် နှင့် အမြန်စားအစားအစာများ၊ သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များ၊ ပြုပြင်ထားသောအသားများ၊ အနီရောင်အသားများနှင့် အရက်အလွန်အကျွံ သောက်ခြင်းတို့ပါဝင်သည်။သကြားပါဝင်သောအစားအစာများနှင့်အချိုရည်များအသည်းသည် သကြားနှင့် Fructose ပမာဏများ သောအချိုရည်များနှင့် သကြားလုံးများနှင့် တွေ့ရ သောအခါ အန္တရာယ်နှင့် ချက်ချင်းရင်ဆိုင်ရသည်။သကြားပါဝင်သောအချိုရည်များ၊ Sucroseနှင့် Fru- ctose ပါဝင်သောအစားအစာများကို စားသုံးခြင်း သည် အသည်းအတွင်းရှိအဆီများကို နှစ်ဆတိုးစေကြောင်း လေ့လာမှုများကဖော်ပြထားသည်။ အသည်း အတွင်း အဆီများစုပုံလာခြင်းသည် အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါကိုဖြစ်စေပြီး အသည်း၏လုပ်ဆောင်ချက်များကို ပျက်စီးစေနိုင် သည်။ သုတေသနများအရ သကြားပါသောအချိုရည် များကို နေ့စဉ်သောက်သုံးသူများသည် တစ်နေ့တာ တွင် ကယ်လိုရီစားသုံးမှုပမာဏ မည်မျှပင်များနေပါ စေ အသည်းအဆီစုပုံခြင်းဖြစ်ပေါ်လာနိုင်သည်။သန့်စင်ပြီးကာဗိုဟိုက်ဒရိတ်နှင့်ဂျုံမှုန့်ထုတ်ကုန်များပေါင်မုန့်ဖြူ၊ ခေါက်ဆွဲနှင့် ဂျုံမှုန့်ဖြူကဲ့သို့သော သန့်စင်ထားသည့် ကာဗိုဟိုက်ဒရိတ်များကို ခန္ဓာကိုယ် က လျင်မြန်စွာ ချေဖျက်နိုင်သောကြောင့် သွေးတွင်း သကြားဓာတ်များ သိသိသာသာမြင့်တက်စေကာ အသည်းတွင်ပိုနေသောသကြားကို အဆီအဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးသည်။ သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်နှင့် ဂျုံမှုန့်ထုတ်ကုန်များသည် အမျှင် ဓာတ်ချို့တဲ့ပြီး အစားအစာများမှ ဂလူးကို့စ်ကို လျင်မြန်စွာစုပ်ယူနိုင်ကာ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေသည်။ ထမင်းဖြူ၊ ပေါင်မုန့်နှင့် တခြားသန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်အစားအစာများကို ပုံမှန်စားသုံးခြင်းသည် လများ သို့မဟုတ် နှစ်များ အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ဆဲလ် များက တုံ့ပြန်မှုနည်းသောအင်ဆူလင်ခုခံမှုကိုမြှင့်တင် ပေးပြီး အသည်းအဆီဖုံးခြင်းကို ပိုမိုမြန်ဆန်စေသည်။အစေ့အဆန်များတွင် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေသော အမျှင်ဓာတ်၊ သေးငယ်သော အာဟာရဓာတ်များနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေကာအင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးသည်။သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များကို စားသုံးမည့်အစား အစေ့အဆန်များကို ရွေးချယ်စားသုံးခြင်း သည် အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး အသည်းအတွင်းအဆီစုခြင်းကို လျှော့ချပေးခြင်းဖြင့် အသည်းကျန်းမာရေးကို ပိုမို ကောင်းမွန်စေသည်။အစေ့အဆန်များကြွယ်ဝသော အစားအစာများသည် အသည်းအင်ဇိုင်းပမာဏကို တိုးမြှင့်စေပြီး အသည်း အဆီစုပုံခြင်းကို လျှော့ချပေးကြောင်း လေ့လာမှုများက ဖော်ပြထားသည်။ အစေ့အဆန်များသည် ကျန်းမာ ရေးနှင့်ညီညွတ်သော အစာအိမ်နှင့် အူလမ်းကြောင်း အကျိုးပြုဗက်တီးရီးယားများကိုလည်း ပံ့ပိုးပေးပြီးအန္တရာယ်ရှိသောရောင်ရမ်းမှုများကို လျှော့ချခြင်းဖြင့် အသည်းကျန်းမာရေးကို သွယ်ဝိုက်အကျိုးပြုသည်။အသည်းကျန်းမာရေးအတွက် ဂျုံမှုန့်ဖြူထုတ်ကုန် များထက် ဂျုံလုံးပေါင်မုန့်များကို အစားထိုးရွေးချယ် နိုင်သည်။အရက်သောက်ခြင်းအသည်းပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ အသည်း သည် အယ်လ်ကိုဟောကို ချေဖျက်ရာတွင် အသည်းဆဲလ်များကို တိုက်ရိုက်ပျက်စီးစေပြီး သေဆုံးစေ သည့် Acetaldehyde နှင့် ဓာတ်ပြုအောက်ဆီဂျင်မျိုး စိတ် (ROS) ကဲ့သို့သော အဆိပ်အတောက်များကို ထုတ်လုပ်ပေးသည်။ နာတာရှည်အရက်အလွန်အကျွံ သောက်ခြင်းသည် အဆီများစုပုံလာခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်များကိုဖြစ်စေပြီး အချိန်ကြာလာ သည်နှင့်အမျှ နောက်ဆုံးတွင် အသည်း၏လုပ်ဆောင် ချက်ကိုထိခိုက်စေပြီး အသည်းပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။ အသည်းသည် အရက်သောက်ခြင်းကို ရပ်တန့်လိုက်သည်နှင့် ပြန်လည်ကောင်းမွန်လာနိုင် သော်လည်း အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းရောင်ခြင်း သို့မဟုတ် အသည်းပျက်စီးခြင်းကဲ့သို့ ပြန်မပြောင်းနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အရက်အလွန် အကျွံသောက်သော လူငယ်များသည် အန္တရာယ်ရှိသောကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးနိုင်ခြေကိုလျှော့ချရန်၊ အရက်ဖြတ်ရန် သို့မဟုတ် အရက်သောက်ခြင်းကို သိသိသာသာလျှော့ချရန် အရေးကြီးသည်။ အရက်ကို စောစီးစွာရပ်လိုက်လျှင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသည်းအဆီဖုံးခြင်းကို တစ်စိတ်တစ်ပိုင်းပြန်ပြောင်း နိုင်သော်လည်း အသည်းခြောက်ခြင်းသည် နောက်ပြန် မဆုတ်နိုင်ဘဲ အသည်းပျက်စီးခြင်းသို့ ဦးတည်သွား နိုင်သည်။ အရက်ကို စောစီးစွာရပ်လိုက်ခြင်းသည် ပြင်းထန်သောအသည်းပျက်စီးမှုကို တားဆီးနိုင်သည်။ မျှတသောအာဟာရဖြင့် ကျန်းမာသောနေထိုင် မှုပုံစံကိုထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အသည်းကျန်းမာရေးကို အထောက်အကူပြုသည်။ဆီကြော်နှင့်အမြန်စားအစားအစာများကျန်းမာရေးနှင့်မညီညွတ်သော ဆီများဖြင့် ကြော်ထားသောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် ဗိုင်းရပ်စ်အသည်းရောင်ခြင်းနှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း၌ပင် အသည်းအတွင်းအဆီများ လျင်မြန်စွာ စုပုံလာစေနိုင်သည်ဟု အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အထူးသဖြင့် Saturated နှင့် Trans Fats များသောအကြော်ဆီများသည် အသည်းတွင် အန္တရာယ်ရှိသော Triglycerides အဆီများကို တိုးစေ ပြီး အသည်းအဆီဖုံးခြင်းကို လျင်မြန်စေသည်။ အမြန် စားအစားအစာများတွင် အဆီ၊ သကြားနှင့် ဆားပါဝင် မှုလွန်ကဲခြင်းသည် အထူးသဖြင့် အဝလွန်ခြင်းနှင့်သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် အသည်းအဆီစုပုံ ခြင်းကို ပိုမိုဆိုးရွားစေသည်။ အမြန်စားအစားအစာ များကို နေ့စဉ်အစာ၏ ၂၀ ရာခိုင်နှုန်းခန့် စားသုံးသူများ သည် အထူးသဖြင့် အဝလွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါရှိသောအခါတွင် အသည်းအဆီဓာတ်ပါဝင်မှုကို ပိုဆိုးလာစေကြောင်း သုတေသနလေ့လာ သူများက ဖော်ပြသည်။ ကြော်ထားသောအစားအစာများ စားသုံးခြင်းသည် အန္တရာယ်ရှိသောအဆီ များနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ဖိစီးမှုများကြောင့် အဆီများလွန်းခြင်း၊ ရောင်ရမ်းခြင်းနှင့် အသည်းထိခိုက်မှု ကိုဖြစ်စေသော ဓာတ်တိုးဆန့်ကျင်ဖိစီးခြင်းများကို ဖြစ်စေသည်။ ကြော်ထားသောအစားအစာများတွင် ပါဝင်သောပြည့်ဝအဆီများသည် ဆဲလ်များဖိစီးမှုလမ်းကြောင်းများကို ဖြစ်ပေါ်စေပြီး အသည်းထိခိုက်မှုကို ဖြစ်စေသည်။ကယ်လိုရီအရေအတွက်ထက် အစားအသောက် အရည်အသွေးနှင့် စားသုံးမှုအကြိမ်ရေသည် အသည်း အဆီဖုံးခြင်းကို သက်ရောက်မှုရှိသည်။ အသည်းကျန်းမာရေးကိုထိန်းသိမ်းရန်နှင့် အသည်းအဆီဖုံးရောဂါကို ကာကွယ်ရန် အကြော်နှင့်အမြန်စားအစားအစာများ စားသုံးမှုကို လျှော့ချရန် အထူးသဖြင့် အဝ လွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါကဲ့သို့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ချို့ယွင်းမှုအန္တရာယ်ရှိသူများအတွက် အရေးကြီးသည်။ ထို့ပြင် အကြော်နှင့်အမြန် စားအစားအစာများကို မကြာခဏစားသုံးမှုနှင့်အတူ ကယ်လိုရီများလွန်းသော အစားအစာများ စားသုံးမှုသည် ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်းမရှိဘဲအသည်းအဆီဖုံးခြင်းကို သိသိသာသာမြင့်တက်စေ သဖြင့် အစားအစာ၏ဖွဲ့စည်းမှုနှင့် စားသုံးမှုအကြိမ် ရေသည် အသည်းကျန်းမာရေးအတွက် သိသိသာသာ အရေးပါသည်။ ငါးများကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သောအဆီများကို ရွေးချယ်စားသုံးခြင်း၊ အစေ့အဆန် များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကြွယ်ဝမျှတသောအစားအစာများကို ရွေးချယ်ခြင်းသည် အသည်းရောင်ရမ်းမှုနှင့် အဆီဖုံးခြင်းကို လျော့နည်း စေသည်။ပြုပြင်ထားသောအသားများနှင့် သရေစာများဘေကွန်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊ ပြုပြင်ထား သောအသားများနှင့် သရေစာများကို စားသုံးခြင်း သည် ပြည့်ဝဆီနှင့် နိုက်ထရိုက်များစားသုံးမှုကို မြင့်မားစေသည်။ အနီရောင်နှင့် ပြုပြင်ထားသောအသားများကို အများအပြားစားသုံးခြင်းသည်အသည်းအဆီဖုံးရောဂါနှင့် အသည်းအမာရွတ်များ ဖြစ်ပွားနိုင်ခြေပိုများသည်။ သုတေသနလေ့လာမှုများ အရ အဆိုပါအသားများကို ပုံမှန်စားသုံးခြင်းသည်အူလမ်းကြောင်း ဗက်တီးရီးယားများကို နှောင့်ယှက်စေပြီး အသည်းပြန်လည်ကောင်းမွန်လာမှုကို ဟန့်တားသည့် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။ ပြုပြင်ထားသောအသားများစားသုံးခြင်းကို ငါး၊ အဆီ မပါသောပရိုတင်းများနှင့် ပဲအမျိုးမျိုးဖြင့် အစားထိုး စားသုံးခြင်းဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။အချုပ်အားဖြင့်ဆိုရသော် အသည်းအတွက် အန္တရာယ်ဖြစ်စေသော ဖော်ပြပါအစားအစာများကိုရံဖန်ရံခါစားသုံးခြင်းသည် အသည်းကို မထိခိုက်စေသော်လည်း ပုံမှန်စားသုံးပါက အသည်းပျက်စီးနိုင် ခြေတိုးမြင့်စေကြောင်း သတိပြုသင့်သည်။ အသည်း ကျန်းမာရေးကို ကာကွယ်ရန်အတွက် သကြား၊ ပြုပြင် ထားသောအသားများ၊ အကြော်နှင့် အမြန်စားအစား အစာများ မကြာခဏစားသုံးမှုကို ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် ရွေးချယ်မှုလိုအပ်ကြောင်း ကျန်းမာရေးသုတမျှဝေ ရေးသားလိုက်ရပါသည်။MWD

အသည်းသည်  ခန္ဓာကိုယ်၏  သဘာဝအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် လူ့ခန္ဓာကိုယ်တွင်  အရေးကြီးသော အခန်းကဏ္ဍမှ   ပါဝင်သည်။ 

သွေးအတွင်းမှ စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ရှိသော ပြင်ပအဆိပ်အတောက်များကို  ချေဖျက်ပေးသည်။ ဆေးဝါးများ၊ အရက်၊ ပိုးသတ်ဆေးများနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ဘေးထွက်ပစ္စည်းများကို ရေတွင်ပျော်ဝင်နိုင်သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲစေပြီး အဓိက အားဖြင့် ကျောက်ကပ်မှတစ်ဆင့် ဖယ်ရှားစွန့်ထုတ် ရန် ပိုမိုလွယ်ကူစေသည်။ အသည်းသည် သည်းခြေ ရည်ကို ထုတ်လုပ်ပေးခြင်းဖြင့် အစာချေဖျက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး   အာဟာရစုပ်ယူမှုကို ကူညီပေးသည်။ အာဟာရဓာတ်များကို အသုံးဝင်သော အရာများအဖြစ်သို့ ပြောင်းလဲပေးပြီး စွမ်းအင်ကိုသိုလှောင်ကာ အဆီများကို ချေဖျက်ပေး သည်။ အသက်အရွယ်၊ နေထိုင်မှုပုံစံညံ့ဖျင်းခြင်းနှင့်အရက်အလွန်အကျွံသောက်ခြင်းကြောင့် ကျန်းမာရေး ချို့ယွင်းသွားကာ   အသည်းကိုအန္တရာယ်ဖြစ်စေပြီး တစ်ခါတစ်ရံတွင်  အသည်း၏ လုပ်ငန်းဆောင်တာများကို နှေးကွေးသွားစေနိုင်သည်။ အစားအသောက် အလေ့အထများနှင့်  အစားအသောက်ပြောင်းလဲမှုသည် အသည်းကျန်းမာရေးကို ကောင်းမွန်စေကြောင်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာကျွမ်းကျင်သူများ က ဖော်ပြထားသည်။

အသည်းအတွက် အန္တရာယ်ဖြစ်စေသော အစားအစာများတွင် သကြားပါသောအချိုရည်များ၊ အကြော် နှင့်  အမြန်စားအစားအစာများ၊  သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များ၊ ပြုပြင်ထားသောအသားများ၊ အနီရောင်အသားများနှင့်      အရက်အလွန်အကျွံ သောက်ခြင်းတို့ပါဝင်သည်။

သကြားပါဝင်သောအစားအစာများနှင့်အချိုရည်များ

အသည်းသည် သကြားနှင့် Fructose ပမာဏများ သောအချိုရည်များနှင့်  သကြားလုံးများနှင့်   တွေ့ရ သောအခါ အန္တရာယ်နှင့်  ချက်ချင်းရင်ဆိုင်ရသည်။

သကြားပါဝင်သောအချိုရည်များ၊ Sucroseနှင့် Fru- ctose ပါဝင်သောအစားအစာများကို စားသုံးခြင်း သည် အသည်းအတွင်းရှိအဆီများကို နှစ်ဆတိုးစေကြောင်း လေ့လာမှုများကဖော်ပြထားသည်။ အသည်း အတွင်း အဆီများစုပုံလာခြင်းသည်  အရက်ကြောင့် မဟုတ်သော  အသည်းအဆီဖုံးရောဂါကိုဖြစ်စေပြီး အသည်း၏လုပ်ဆောင်ချက်များကို     ပျက်စီးစေနိုင် သည်။ သုတေသနများအရ သကြားပါသောအချိုရည် များကို နေ့စဉ်သောက်သုံးသူများသည် တစ်နေ့တာ တွင် ကယ်လိုရီစားသုံးမှုပမာဏ မည်မျှပင်များနေပါ စေ အသည်းအဆီစုပုံခြင်းဖြစ်ပေါ်လာနိုင်သည်။

သန့်စင်ပြီးကာဗိုဟိုက်ဒရိတ်နှင့်ဂျုံမှုန့်ထုတ်ကုန်များ

ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲနှင့်  ဂျုံမှုန့်ဖြူကဲ့သို့သော သန့်စင်ထားသည့် ကာဗိုဟိုက်ဒရိတ်များကို ခန္ဓာကိုယ် က လျင်မြန်စွာ ချေဖျက်နိုင်သောကြောင့် သွေးတွင်း သကြားဓာတ်များ   သိသိသာသာမြင့်တက်စေကာ အသည်းတွင်ပိုနေသောသကြားကို   အဆီအဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးသည်။ သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်နှင့် ဂျုံမှုန့်ထုတ်ကုန်များသည် အမျှင် ဓာတ်ချို့တဲ့ပြီး     အစားအစာများမှ    ဂလူးကို့စ်ကို လျင်မြန်စွာစုပ်ယူနိုင်ကာ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေသည်။ ထမင်းဖြူ၊ ပေါင်မုန့်နှင့် တခြားသန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်အစားအစာများကို ပုံမှန်စားသုံးခြင်းသည် လများ သို့မဟုတ် နှစ်များ အချိန်ကြာလာသည်နှင့်အမျှ  ခန္ဓာကိုယ်ဆဲလ် များက တုံ့ပြန်မှုနည်းသောအင်ဆူလင်ခုခံမှုကိုမြှင့်တင် ပေးပြီး အသည်းအဆီဖုံးခြင်းကို ပိုမိုမြန်ဆန်စေသည်။

အစေ့အဆန်များတွင်  ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေသော အမျှင်ဓာတ်၊  သေးငယ်သော အာဟာရဓာတ်များနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေကာအင်ဆူလင်အာရုံခံနိုင်စွမ်းကို    မြှင့်တင်ပေးသည်။

သန့်စင်ထားသောကာဗိုဟိုက်ဒရိတ်များကို  စားသုံးမည့်အစား အစေ့အဆန်များကို ရွေးချယ်စားသုံးခြင်း သည် အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး အသည်းအတွင်းအဆီစုခြင်းကို လျှော့ချပေးခြင်းဖြင့် အသည်းကျန်းမာရေးကို   ပိုမို ကောင်းမွန်စေသည်။

အစေ့အဆန်များကြွယ်ဝသော အစားအစာများသည် အသည်းအင်ဇိုင်းပမာဏကို တိုးမြှင့်စေပြီး အသည်း အဆီစုပုံခြင်းကို လျှော့ချပေးကြောင်း လေ့လာမှုများက ဖော်ပြထားသည်။ အစေ့အဆန်များသည် ကျန်းမာ ရေးနှင့်ညီညွတ်သော အစာအိမ်နှင့် အူလမ်းကြောင်း အကျိုးပြုဗက်တီးရီးယားများကိုလည်း ပံ့ပိုးပေးပြီးအန္တရာယ်ရှိသောရောင်ရမ်းမှုများကို လျှော့ချခြင်းဖြင့် အသည်းကျန်းမာရေးကို သွယ်ဝိုက်အကျိုးပြုသည်။အသည်းကျန်းမာရေးအတွက် ဂျုံမှုန့်ဖြူထုတ်ကုန် များထက် ဂျုံလုံးပေါင်မုန့်များကို အစားထိုးရွေးချယ် နိုင်သည်။

အရက်သောက်ခြင်း

အသည်းပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ အသည်း သည် အယ်လ်ကိုဟောကို ချေဖျက်ရာတွင် အသည်းဆဲလ်များကို  တိုက်ရိုက်ပျက်စီးစေပြီး   သေဆုံးစေ သည့် Acetaldehyde နှင့် ဓာတ်ပြုအောက်ဆီဂျင်မျိုး စိတ်  (ROS)  ကဲ့သို့သော  အဆိပ်အတောက်များကို ထုတ်လုပ်ပေးသည်။ နာတာရှည်အရက်အလွန်အကျွံ သောက်ခြင်းသည် အဆီများစုပုံလာခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်များကိုဖြစ်စေပြီး အချိန်ကြာလာ သည်နှင့်အမျှ နောက်ဆုံးတွင် အသည်း၏လုပ်ဆောင် ချက်ကိုထိခိုက်စေပြီး အသည်းပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။   အသည်းသည် အရက်သောက်ခြင်းကို ရပ်တန့်လိုက်သည်နှင့် ပြန်လည်ကောင်းမွန်လာနိုင် သော်လည်း အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းရောင်ခြင်း သို့မဟုတ် အသည်းပျက်စီးခြင်းကဲ့သို့   ပြန်မပြောင်းနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။    အရက်အလွန် အကျွံသောက်သော လူငယ်များသည် အန္တရာယ်ရှိသောကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးနိုင်ခြေကိုလျှော့ချရန်၊   အရက်ဖြတ်ရန်  သို့မဟုတ် အရက်သောက်ခြင်းကို   သိသိသာသာလျှော့ချရန် အရေးကြီးသည်။ အရက်ကို စောစီးစွာရပ်လိုက်လျှင် အရက်သောက်ခြင်းကြောင့်      ဖြစ်ပေါ်လာသော အသည်းအဆီဖုံးခြင်းကို တစ်စိတ်တစ်ပိုင်းပြန်ပြောင်း နိုင်သော်လည်း အသည်းခြောက်ခြင်းသည် နောက်ပြန် မဆုတ်နိုင်ဘဲ အသည်းပျက်စီးခြင်းသို့ ဦးတည်သွား နိုင်သည်။  အရက်ကို  စောစီးစွာရပ်လိုက်ခြင်းသည် ပြင်းထန်သောအသည်းပျက်စီးမှုကို    တားဆီးနိုင်သည်။ မျှတသောအာဟာရဖြင့် ကျန်းမာသောနေထိုင် မှုပုံစံကိုထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်  ဆေးလိပ်သောက်ခြင်းမှ  ရှောင်ကြဉ်ခြင်းသည် အသည်းကျန်းမာရေးကို အထောက်အကူပြုသည်။

ဆီကြော်နှင့်အမြန်စားအစားအစာများ

ကျန်းမာရေးနှင့်မညီညွတ်သော ဆီများဖြင့် ကြော်ထားသောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် ဗိုင်းရပ်စ်အသည်းရောင်ခြင်းနှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း၌ပင် အသည်းအတွင်းအဆီများ လျင်မြန်စွာ စုပုံလာစေနိုင်သည်ဟု အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အထူးသဖြင့် Saturated နှင့် Trans Fats များသောအကြော်ဆီများသည်       အသည်းတွင် အန္တရာယ်ရှိသော Triglycerides အဆီများကို တိုးစေ ပြီး အသည်းအဆီဖုံးခြင်းကို လျင်မြန်စေသည်။ အမြန် စားအစားအစာများတွင် အဆီ၊ သကြားနှင့် ဆားပါဝင် မှုလွန်ကဲခြင်းသည်  အထူးသဖြင့်   အဝလွန်ခြင်းနှင့်သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် အသည်းအဆီစုပုံ ခြင်းကို ပိုမိုဆိုးရွားစေသည်။ အမြန်စားအစားအစာ များကို နေ့စဉ်အစာ၏ ၂၀ ရာခိုင်နှုန်းခန့် စားသုံးသူများ သည် အထူးသဖြင့် အဝလွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါရှိသောအခါတွင် အသည်းအဆီဓာတ်ပါဝင်မှုကို ပိုဆိုးလာစေကြောင်း သုတေသနလေ့လာ သူများက    ဖော်ပြသည်။     ကြော်ထားသောအစားအစာများ စားသုံးခြင်းသည်  အန္တရာယ်ရှိသောအဆီ များနှင့်  ဇီဝဖြစ်စဉ်ဆိုင်ရာ ဖိစီးမှုများကြောင့်  အဆီများလွန်းခြင်း၊ ရောင်ရမ်းခြင်းနှင့် အသည်းထိခိုက်မှု ကိုဖြစ်စေသော ဓာတ်တိုးဆန့်ကျင်ဖိစီးခြင်းများကို ဖြစ်စေသည်။ ကြော်ထားသောအစားအစာများတွင် ပါဝင်သောပြည့်ဝအဆီများသည်   ဆဲလ်များဖိစီးမှုလမ်းကြောင်းများကို ဖြစ်ပေါ်စေပြီး အသည်းထိခိုက်မှုကို ဖြစ်စေသည်။

ကယ်လိုရီအရေအတွက်ထက် အစားအသောက် အရည်အသွေးနှင့် စားသုံးမှုအကြိမ်ရေသည် အသည်း အဆီဖုံးခြင်းကို   သက်ရောက်မှုရှိသည်။   အသည်း

ကျန်းမာရေးကိုထိန်းသိမ်းရန်နှင့်   အသည်းအဆီဖုံးရောဂါကို ကာကွယ်ရန်  အကြော်နှင့်အမြန်စားအစားအစာများ စားသုံးမှုကို လျှော့ချရန် အထူးသဖြင့် အဝ လွန်ခြင်း သို့မဟုတ် သွေးချို၊ ဆီးချိုရောဂါကဲ့သို့  ဇီဝဖြစ်ပျက်မှုဆိုင်ရာ      ချို့ယွင်းမှုအန္တရာယ်ရှိသူများအတွက် အရေးကြီးသည်။ ထို့ပြင် အကြော်နှင့်အမြန် စားအစားအစာများကို မကြာခဏစားသုံးမှုနှင့်အတူ ကယ်လိုရီများလွန်းသော အစားအစာများ စားသုံးမှုသည်     ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်းမရှိဘဲအသည်းအဆီဖုံးခြင်းကို သိသိသာသာမြင့်တက်စေ သဖြင့် အစားအစာ၏ဖွဲ့စည်းမှုနှင့် စားသုံးမှုအကြိမ် ရေသည် အသည်းကျန်းမာရေးအတွက် သိသိသာသာ အရေးပါသည်။ ငါးများကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သောအဆီများကို ရွေးချယ်စားသုံးခြင်း၊ အစေ့အဆန် များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကြွယ်ဝမျှတသောအစားအစာများကို    ရွေးချယ်ခြင်းသည် အသည်းရောင်ရမ်းမှုနှင့် အဆီဖုံးခြင်းကို လျော့နည်း စေသည်။

ပြုပြင်ထားသောအသားများနှင့် သရေစာများ

ဘေကွန်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊   ပြုပြင်ထား သောအသားများနှင့်  သရေစာများကို စားသုံးခြင်း သည်    ပြည့်ဝဆီနှင့်    နိုက်ထရိုက်များစားသုံးမှုကို မြင့်မားစေသည်။  အနီရောင်နှင့် ပြုပြင်ထားသောအသားများကို       အများအပြားစားသုံးခြင်းသည်

အသည်းအဆီဖုံးရောဂါနှင့်  အသည်းအမာရွတ်များ ဖြစ်ပွားနိုင်ခြေပိုများသည်။ သုတေသနလေ့လာမှုများ အရ အဆိုပါအသားများကို ပုံမှန်စားသုံးခြင်းသည်အူလမ်းကြောင်း ဗက်တီးရီးယားများကို နှောင့်ယှက်စေပြီး       အသည်းပြန်လည်ကောင်းမွန်လာမှုကို ဟန့်တားသည့်   ရောင်ရမ်းမှုကို    ဖြစ်ပေါ်စေသည်။ 

ပြုပြင်ထားသောအသားများစားသုံးခြင်းကို ငါး၊ အဆီ မပါသောပရိုတင်းများနှင့်  ပဲအမျိုးမျိုးဖြင့်  အစားထိုး စားသုံးခြင်းဖြင့်   အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

အချုပ်အားဖြင့်ဆိုရသော်     အသည်းအတွက် အန္တရာယ်ဖြစ်စေသော  ဖော်ပြပါအစားအစာများကိုရံဖန်ရံခါစားသုံးခြင်းသည်  အသည်းကို မထိခိုက်စေသော်လည်း  ပုံမှန်စားသုံးပါက  အသည်းပျက်စီးနိုင် ခြေတိုးမြင့်စေကြောင်း သတိပြုသင့်သည်။ အသည်း ကျန်းမာရေးကို ကာကွယ်ရန်အတွက် သကြား၊ ပြုပြင် ထားသောအသားများ၊ အကြော်နှင့် အမြန်စားအစား အစာများ     မကြာခဏစားသုံးမှုကို ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော      အစားအသောက် ရွေးချယ်မှုလိုအပ်ကြောင်း    ကျန်းမာရေးသုတမျှဝေ ရေးသားလိုက်ရပါသည်။

ဦးနှောက်သွေးကြောပိတ်ခြင်းလက္ခဏာများ
-
ဦးနှောက်သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းသည် ဦးနှောက်သို့ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် တစ်သျှူးများ ပျက်စီးခြင်းနှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်မှုဆုံးရှုံးခြင်းတို့ ဖြစ်စေသောလက္ခဏာတစ်ရပ် ဖြစ်သည်။ဦးနှောက်သွေးကြောပေါက်ခြင်းသည် ဦးနှောက်၏အစိတ်အပိုင်းတစ်ခုသို့ သွေး စီးဆင်းမှု ပိတ်ဆို့သွားသောအခါတွင် ဖြစ်တတ်ပြီး ပုံမှန်အနေဖြင့် သွေးခဲခြင်းကြောင့် ဦးနှောက်ဆဲလ်များသေဆုံးစေသည်။ ကျန်သွေးထောက်ပံ့မှု ဖြတ်တောက်ခြင်းသည် ထိခိုက်ခံရသည့်ဧရိယာ၏တည်နေရာနှင့် အရွယ်အစားပေါ်မူတည်ပြီး ပြင်းထန်သောအာရုံကြောဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် အထူးသဖြင့်လေဖြတ်ခြင်းတစ်မျိုးဖြစ်ပြီး လေဖြတ်ခြင်း အားလုံး၏ ၈၇ ရာခိုင်နှုန်းခန့်မှာ ဦးနှောက် သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲပြီး ဦးနှောက်တစ်သျှူးများပေါ်တွင် သွေးထွက်ခြင်းနှင့် ဖိအားများ ဖြစ်ပေါ်စေသောအခါ သွေးယိုလေဖြတ်ခြင်းဖြစ်ပေါ်နိုင်သည်။ ဤနှစ်မျိုးခြားနားချက်ကို နားလည်မှသာ တိကျသော အဖြေရမည်ဖြစ်သည်။ဦးနှောက်သွေးကြောပိတ်ခြင်းသည် အမျိုးမျိုးသော အကြောင်းရင်းများ ကြောင့်ဖြစ်နိုင်ပြီး သွေးလှည့်ပတ်မှုကိုဟန့်တားသော သွေးကြောအတွင်း သွေးခဲဖွဲ့စည်းခြင်းလည်းပါဝင်သည်။ ဤသွေးခဲသည် ကျဉ်းနေပြီဖြစ်သော သွေးကြောများကို ပေါက်စေနိုင်သည်။ သွေးကြောကျဉ်းခြင်း၊ သွေးကြောနံရံများအတွင်း အဆီများစုပုံလာခြင်းက လက္ခဏာတစ်ရပ်ဖြစ်သည်။ ဦးနှောက်သွေးကြောပေါက်သည့်အခါ သွေးခဲက သွေးကြောအတွင်း ပိတ်ဆို့ သွား၍ လေဖြတ်ခြင်းဖြစ်စေသည်။လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သို့ အောက်ဆီဂျင်နှင့်အာဟာရများသယ်ဆောင်ပေးသည့် သွေးကြောများပေါက်ထွက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း သို့မဟုတ် ပေါက်ပြဲခြင်းကြောင့်ဖြစ်ပေါ်သော ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်သည်။ ဦးနှောက်၏အစိတ်အပိုင်း တစ်ခုတွင် အောက်ဆီဂျင်ရရှိမှုပြတ်တောက်ပြီး ဆဲလ်သေများကိုဖြစ်ပေါ်စေနိုင်သည်။ဦးနှောက်သွေးကြော ပိတ်ခြင်း၏လက္ခဏာရပ်များမှာ-စကားပြောခြင်းနှင့်နားလည်ရန်ခက်ခဲခြင်းစကားပြောရာတွင် ဆက်စပ်ရှုပ်ထွေးမှုများ၊ မကျေမနပ်ဖြစ်မှုနှင့် တခြားသူ တစ်ဦး၏စကားပြောဆိုမှုကို နားလည်ရန် ခက်ခဲမှုများရှိနိုင်သည်။ထုံကျဉ်ခြင်းလူတစ်ဦးသည် အများအားဖြင့် မျက်နှာ၊ လက်မောင်း သို့မဟုတ် ခြေထောက်ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရုတ်တရက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်းများရှိနိုင်သည်။အမြင်အာရုံမှုန်ဝါးခြင်း လူတစ်ဦးသည် မျက်လုံးတစ်ဖက် သို့ မဟုတ် နှစ်ဖက်စလုံးတွင် နှစ်ဆမှုန်ဝါးခြင်း သို့မဟုတ် မည်းမှောင်နေသည့် အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်တစ်ခုခုတွေ့ကြုံရနိုင်သည်။ ထိုအခါ လမ်းလျှောက်ရခက်ခဲခြင်းများဖြစ်လာသည်။ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်းလေဖြတ်ခြင်းနှင့်ဆက်စပ်သောခေါင်း ကိုက်ခြင်းသည် ရုတ်တရက်ပြင်းထန်နိုင်ပြီး အော့အန်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်းတို့နှင့် ဆက်စပ်နေနိုင်သည်။ဦးနှောက်သွေးကြောပိတ်ခြင်းသည် ရုတ်တရက်ဖြစ်တတ်သော်လည်း ပထမဆုံးပြသည့်လက္ခဏာသည် မျက်နှာတွင်ဖြစ်ပြီး ယင်းလက္ခဏာကို ဆောလျင်စွာသိရှိပါက အသက်တစ်ချောင်းကိုကယ်တင်နိုင်ကာ ရေရှည်ထိခိုက်ပျက်စီး မှုကို တားဆီးနိုင်သည်။ အဆိုပါလက္ခဏာများသည် မသိမသာပေါ်ပေါက်တတ်သော်လည်း တစ်ခုခုမှားယွင်းနေပြီဟု ခန္ဓာကိုယ်က ပြောပြနေသော နည်းလမ်းဖြစ်ပြီး ဂရုစိုက်သင့်သည့် အရာများဖြစ်သည်။ လူတစ်ဦး၏မျက်နှာပေါ်တွင် တွေ့မြင်ရနိုင်သော ဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာများထဲမှ တချို့ကို ဖော်ပြပေးပါမည်။မျက်နှာတစ်ခြမ်းရွဲ့ခြင်းဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာထဲမှ အဖြစ်အများဆုံးနှင့် အထင် ရှားဆုံးက မျက်နှာတစ်ခြမ်း ရုတ်တရက်ရွဲ့ခြင်း ဖြစ်သည်။ လူနာကိုပြုံးပြခိုင်းပါက နှုတ်ခမ်းတစ်ဖက်က အပေါ်ကိုတက်သွားပြီး ကျန်သည့်တစ်ဖက်က ပြားချပ်နေသည် သို့မဟုတ် ရွဲ့နေတတ်သည်။ ထိုသို့ဖြစ်ရသည်မှာ ဦးနှောက်သွေးကြောပိတ်သည့်အခါ မျက်နှာကြွက်သားကို ထိန်းချုပ်ပေးသည့် ဦးနှောက်အစိတ်အပိုင်း ထိခိုက်စေနိုင်၍ဖြစ်သည်။ နာကျင်မှုမရှိသော်လည်း မြင်သာထင်သာရှိစေသည်။မျက်နှာတစ်ခြမ်းထုံကျဉ်ခြင်းထုံကျဉ်ခြင်းသည် လက်မောင်းနှင့် ခြေထောက်များတွင်သာ ကန့်သတ်ထိခိုက်ခြင်းမဟုတ်ပေ။ ဆူးစူးသကဲ့သို့၊ပုရစ်တက်သကဲ့သို့ ခံစားရသည့်နာကျင်မှုကို မျက်နှာပေါ်တွင်လည်း ခံစားရနိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် မျက်နှာတစ်ခြမ်းတွင် ရုတ်တရက်ထုံကျဉ်မှုဖြစ်စေနိုင်သည်။ ယင်းကို အရေပြားက ခံစားနိုင်သည်။ ထိုထူးဆန်းသည့်ခံစားချက်သည် မသက်မသာဖြစ်စေသည်။ရုတ်တရက်ပေါ်လာပြီး အချိန်ကြာလာ သည့်တိုင် ပျောက်မသွားပါက လျစ်လျူရှုထား၍မရဘဲ ကုသမှုခံယူသင့်သည်။စကားပြောမပီမသဖြစ်ခြင်းမျက်နှာကြွက်သားများသည် စကားပြောရန်၊ ပြုံးရန်ကူညီပေးသည်။ ထိုကြွက်သားများထိခိုက်သွားလျှင် စကားကို မြန်မြန်ဆန်ဆန်နှင့် ပီသစွာမပြောနိုင်တော့ပေ။ လူနာက စကားပြောရာတွင် အလွန်ပြုံးပေးရသကဲ့သို့ ခက်ခဲနေတတ်ပြီး အဓိပ္ပာယ်မရှိသောစကားလုံးများကိုသုံးနှုန်းနေပါက ယင်းမှာ ဦးနှောက် သွေးကြောပိတ်ရန် အရေးကြီးဆုံး သတိပေးချက်များထဲမှ တစ်ခုဖြစ်၍ အလေးအနက်ထားသင့်သည်။ပါးစပ်ရွဲ့ခြင်း မညီမညာဖြစ်နေသည့် မျက်နှာအမူ အရာတွေ့ရပါက ပါးစပ်ရွဲ့ခြင်းဖြစ်နိုင် သည်။ အပြည့်အဝ မပြုံးနိုင်သည့်အတွက် ပါးစပ်က ညီညာမှုမရှိနိုင်ခြင်း သို့မဟုတ် နှုတ်ခမ်းထောင့်တစ်ခုက တခြားတစ်ဖက် ထက် ပိုနိမ့်ကျသကဲ့သို့ ဖြစ်ပေါ်နေခြင်း ကို သတိထားမိနိုင်သည်။အထူးသဖြင့် အနားယူချိန်၊ စကား ပြောချိန် သို့မဟုတ် ခံစားချက်တစ်ခုခုဖြစ်နေချိန်များတွင် ပို၍သိသာနိုင်သည်။ တစ်ခါတစ်ရံမသိသာသော်လည်း တခြားလက္ခဏာများနှင့်တွဲ၍ဖြစ်လာလျှင် အဓိကအချက်ပြချက်တစ်ခုအဖြစ် သတိပြုရ မည်ဖြစ်သည်။ ၎င်းတို့၏ရေသောက်နိုင်စွမ်း သို့မဟုတ် မျိုချနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်သည်။ ကုသခြင်း အဆိုပါလက္ခဏာတစ်ခုခုကို သတိ ထားမိပါက အထူးသဖြင့် တစ်ခုထက်ပို ပြီး တစ်ချိန်တည်းဖြစ်နေပါက မစောင့်ဘဲဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားသင့် သည်။ လက္ခဏာများက မိနစ်အနည်းငယ်ကြာပြီးနောက် ပျောက်သွားသည်ဆိုလျှင်ပင် ဦးနှောက် သွေးကြောပိတ်ခြင်း သို့မဟုတ် ကြီးကြီးမားမားသွေးကြောပိတ်ခြင်း၏ နောက်ဆက်တွဲသတိပေးချက်တစ်ခု ဖြစ်လာနိုင်သည်။အဓိကလက္ခဏာများ အဓိကလက္ခဏာများကို မှတ်မိရန် ရိုးရှင်းသောနည်းလမ်းရှိသည်။ မျက်နှာ ရွဲ့သည်။ လက်မောင်းအားနည်းသည်။ စကားပြောရန် အခက်အခဲရှိနေသည်။ ထိုအခါမျိုးတွင် အရေးပေါ်ဝန်ဆောင်မှုခေါ်ချိန်သင့်ပြီဖြစ်သည်။သတိပြုရမည်မှာ အဆိုပါလက္ခဏာများသည် တခြားရောဂါအမျိုးအစားများနှင့်လည်း ဆက်စပ်နေနိုင်သဖြင့် သင့်လျော်သည့် ရောဂါရှာဖွေမှုအတွက် ကျန်းမာရေးပညာရှင်တစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ တခြားရောဂါလက္ခဏာများမျက်နှာ၊ လက် သို့မဟုတ် ခြေထောက် စသည်တို့ ထုံကျဉ်သည် သို့မဟုတ် အားနည်းသည်။ စိတ်ရှုပ်ထွေးသည်။ စကားပြောရန် သို့မဟုတ် နားလည်ရန်ခက်ခဲသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်ဝေဝါးခြင်း သို့မဟုတ် မမြင်ရခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ခေါင်းမူးခြင်း သို့မဟုတ် ဟန်ချက်မညီခြင်း၊ အကြောင်းရင်းမရှိ ပြင်းထန်စွာ ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည်။အမျိုးသားနှင့် အမျိုးသမီး လက္ခဏာမတူညီသည်များလည်းရှိသည်။ လေဖြတ် သည့်အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီသည့်လက္ခဏာများမှာ မျက်နှာတွဲကျခြင်း၊ ရွဲ့ခြင်း၊ လက်အားနည်းခြင်းနှင့် စကားပြောခက်ခဲခြင်း စသည့်လေဖြတ်ခြင်းနှင့်ဆင်တူသောလက္ခဏာကို မကြာခဏခံစားရလေ့ရှိခြင်းပင်ဖြစ်သည်။အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင်တွေ့ရတတ်သည့် တခြားလက္ခဏာများမှာ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံဆိုင်ရာပြဿနာများနှင့် ဟန်ချက်မညီညာခြင်း သို့မဟုတ် ကိုယ်ခန္ဓာညီညွတ်မှုမရှိခြင်းတို့ ဖြစ်သည်။အမျိုးသမီးများတွင် ခန္ဓာကိုယ် ယေဘုယျအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မအီမသာဖြစ်နေခြင်း သို့မဟုတ် မှတ်ဉာဏ်ဆိုင်ရာပြဿနာများ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်နိုင်သည်။လေဖြတ်ခြင်း ရှိ၊ မရှိ ဓာတ်မှန်၊ စီတီ၊ အမ်အာအိုင်ရိုက်၍ ဆုံးဖြတ်ချက်ပေး နိုင်ပြီး ၂၄ နာရီအတွင်းဖြစ်လျှင် လေမဖြတ် ဆေးထိုးနှံကုသနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ MWDPhoto Credit to Asia Royal Hospital

ဦးနှောက်သွေးကြောပိတ်ခြင်း   သို့မဟုတ် သွေးကြောပေါက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းသည်  ဦးနှောက်သို့ သွေးထောက်ပံ့မှု   ပြတ်တောက်ခြင်းကြောင့် တစ်သျှူးများ ပျက်စီးခြင်းနှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်မှုဆုံးရှုံးခြင်းတို့ ဖြစ်စေသောလက္ခဏာတစ်ရပ် ဖြစ်သည်။

ဦးနှောက်သွေးကြောပေါက်ခြင်းသည် ဦးနှောက်၏အစိတ်အပိုင်းတစ်ခုသို့ သွေး စီးဆင်းမှု    ပိတ်ဆို့သွားသောအခါတွင် ဖြစ်တတ်ပြီး  ပုံမှန်အနေဖြင့် သွေးခဲခြင်းကြောင့် ဦးနှောက်ဆဲလ်များသေဆုံးစေသည်။ ကျန်သွေးထောက်ပံ့မှု ဖြတ်တောက်ခြင်းသည်    ထိခိုက်ခံရသည့်ဧရိယာ၏တည်နေရာနှင့် အရွယ်အစားပေါ်မူတည်ပြီး    ပြင်းထန်သောအာရုံကြောဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်သည်။     ဦးနှောက်သွေးကြောပိတ်ခြင်းသည်  အထူးသဖြင့်လေဖြတ်ခြင်းတစ်မျိုးဖြစ်ပြီး လေဖြတ်ခြင်း အားလုံး၏ ၈၇ ရာခိုင်နှုန်းခန့်မှာ ဦးနှောက် သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည်။

ဦးနှောက်အတွင်းရှိ   သွေးကြောများ ပေါက်ပြဲပြီး ဦးနှောက်တစ်သျှူးများပေါ်တွင်   သွေးထွက်ခြင်းနှင့်   ဖိအားများ ဖြစ်ပေါ်စေသောအခါ သွေးယိုလေဖြတ်ခြင်းဖြစ်ပေါ်နိုင်သည်။ ဤနှစ်မျိုးခြားနားချက်ကို နားလည်မှသာ   တိကျသော အဖြေရမည်ဖြစ်သည်။

ဦးနှောက်သွေးကြောပိတ်ခြင်းသည် အမျိုးမျိုးသော အကြောင်းရင်းများ ကြောင့်ဖြစ်နိုင်ပြီး သွေးလှည့်ပတ်မှုကိုဟန့်တားသော သွေးကြောအတွင်း သွေးခဲဖွဲ့စည်းခြင်းလည်းပါဝင်သည်။   ဤသွေးခဲသည်  ကျဉ်းနေပြီဖြစ်သော   သွေးကြောများကို ပေါက်စေနိုင်သည်။     သွေးကြောကျဉ်းခြင်း၊   သွေးကြောနံရံများအတွင်း   အဆီများစုပုံလာခြင်းက လက္ခဏာတစ်ရပ်ဖြစ်သည်။ ဦးနှောက်သွေးကြောပေါက်သည့်အခါ သွေးခဲက သွေးကြောအတွင်း ပိတ်ဆို့ သွား၍ လေဖြတ်ခြင်းဖြစ်စေသည်။

လေဖြတ်ခြင်းဆိုသည်မှာ   ဦးနှောက်သို့     အောက်ဆီဂျင်နှင့်အာဟာရများသယ်ဆောင်ပေးသည့်   သွေးကြောများပေါက်ထွက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း သို့မဟုတ် ပေါက်ပြဲခြင်းကြောင့်ဖြစ်ပေါ်သော  ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်သည်။   ဦးနှောက်၏အစိတ်အပိုင်း တစ်ခုတွင်    အောက်ဆီဂျင်ရရှိမှုပြတ်တောက်ပြီး ဆဲလ်သေများကိုဖြစ်ပေါ်စေနိုင်သည်။

ဦးနှောက်သွေးကြော   ပိတ်ခြင်း၏လက္ခဏာရပ်များမှာ-

စကားပြောခြင်းနှင့်နားလည်ရန်ခက်ခဲခြင်း

စကားပြောရာတွင် ဆက်စပ်ရှုပ်ထွေးမှုများ၊   မကျေမနပ်ဖြစ်မှုနှင့်   တခြားသူ တစ်ဦး၏စကားပြောဆိုမှုကို နားလည်ရန် ခက်ခဲမှုများရှိနိုင်သည်။

ထုံကျဉ်ခြင်း

လူတစ်ဦးသည် အများအားဖြင့် မျက်နှာ၊ လက်မောင်း သို့မဟုတ်  ခြေထောက်ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရုတ်တရက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်းများရှိနိုင်သည်။

အမြင်အာရုံမှုန်ဝါးခြင်း 

လူတစ်ဦးသည် မျက်လုံးတစ်ဖက် သို့ မဟုတ် နှစ်ဖက်စလုံးတွင်  နှစ်ဆမှုန်ဝါးခြင်း သို့မဟုတ် မည်းမှောင်နေသည့် အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်တစ်ခုခုတွေ့ကြုံရနိုင်သည်။ ထိုအခါ လမ်းလျှောက်ရခက်ခဲခြင်းများဖြစ်လာသည်။

ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း

လေဖြတ်ခြင်းနှင့်ဆက်စပ်သောခေါင်း ကိုက်ခြင်းသည် ရုတ်တရက်ပြင်းထန်နိုင်ပြီး အော့အန်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်းတို့နှင့် ဆက်စပ်နေနိုင်သည်။

ဦးနှောက်သွေးကြောပိတ်ခြင်းသည် ရုတ်တရက်ဖြစ်တတ်သော်လည်း ပထမဆုံးပြသည့်လက္ခဏာသည် မျက်နှာတွင်ဖြစ်ပြီး   ယင်းလက္ခဏာကို  ဆောလျင်စွာသိရှိပါက     အသက်တစ်ချောင်းကိုကယ်တင်နိုင်ကာ ရေရှည်ထိခိုက်ပျက်စီး မှုကို တားဆီးနိုင်သည်။ အဆိုပါလက္ခဏာများသည်  မသိမသာပေါ်ပေါက်တတ်သော်လည်း    တစ်ခုခုမှားယွင်းနေပြီဟု ခန္ဓာကိုယ်က ပြောပြနေသော နည်းလမ်းဖြစ်ပြီး ဂရုစိုက်သင့်သည့် အရာများဖြစ်သည်။    လူတစ်ဦး၏မျက်နှာပေါ်တွင် တွေ့မြင်ရနိုင်သော ဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာများထဲမှ တချို့ကို ဖော်ပြပေးပါမည်။

မျက်နှာတစ်ခြမ်းရွဲ့ခြင်း

ဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာထဲမှ     အဖြစ်အများဆုံးနှင့်  အထင် ရှားဆုံးက မျက်နှာတစ်ခြမ်း ရုတ်တရက်ရွဲ့ခြင်း ဖြစ်သည်။ လူနာကိုပြုံးပြခိုင်းပါက နှုတ်ခမ်းတစ်ဖက်က အပေါ်ကိုတက်သွားပြီး   ကျန်သည့်တစ်ဖက်က   ပြားချပ်နေသည် သို့မဟုတ်  ရွဲ့နေတတ်သည်။ ထိုသို့ဖြစ်ရသည်မှာ    ဦးနှောက်သွေးကြောပိတ်သည့်အခါ   မျက်နှာကြွက်သားကို ထိန်းချုပ်ပေးသည့်   ဦးနှောက်အစိတ်အပိုင်း ထိခိုက်စေနိုင်၍ဖြစ်သည်။ နာကျင်မှုမရှိသော်လည်း မြင်သာထင်သာရှိစေသည်။

မျက်နှာတစ်ခြမ်းထုံကျဉ်ခြင်း

ထုံကျဉ်ခြင်းသည်   လက်မောင်းနှင့် ခြေထောက်များတွင်သာ   ကန့်သတ်ထိခိုက်ခြင်းမဟုတ်ပေ။  ဆူးစူးသကဲ့သို့၊ပုရစ်တက်သကဲ့သို့ ခံစားရသည့်နာကျင်မှုကို မျက်နှာပေါ်တွင်လည်း ခံစားရနိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် မျက်နှာတစ်ခြမ်းတွင်    ရုတ်တရက်ထုံကျဉ်မှုဖြစ်စေနိုင်သည်။     ယင်းကို   အရေပြားက   ခံစားနိုင်သည်။   ထိုထူးဆန်းသည့်ခံစားချက်သည် မသက်မသာဖြစ်စေသည်။

ရုတ်တရက်ပေါ်လာပြီး အချိန်ကြာလာ သည့်တိုင် ပျောက်မသွားပါက လျစ်လျူရှုထား၍မရဘဲ ကုသမှုခံယူသင့်သည်။

စကားပြောမပီမသဖြစ်ခြင်း

မျက်နှာကြွက်သားများသည် စကားပြောရန်၊   ပြုံးရန်ကူညီပေးသည်။   ထိုကြွက်သားများထိခိုက်သွားလျှင် စကားကို မြန်မြန်ဆန်ဆန်နှင့် ပီသစွာမပြောနိုင်တော့ပေ။ လူနာက စကားပြောရာတွင် အလွန်ပြုံးပေးရသကဲ့သို့ ခက်ခဲနေတတ်ပြီး အဓိပ္ပာယ်မရှိသောစကားလုံးများကိုသုံးနှုန်းနေပါက    ယင်းမှာ  ဦးနှောက် သွေးကြောပိတ်ရန် အရေးကြီးဆုံး သတိပေးချက်များထဲမှ တစ်ခုဖြစ်၍ အလေးအနက်ထားသင့်သည်။

ပါးစပ်ရွဲ့ခြင်း 

မညီမညာဖြစ်နေသည့် မျက်နှာအမူ အရာတွေ့ရပါက   ပါးစပ်ရွဲ့ခြင်းဖြစ်နိုင် သည်။ အပြည့်အဝ မပြုံးနိုင်သည့်အတွက် ပါးစပ်က ညီညာမှုမရှိနိုင်ခြင်း သို့မဟုတ် နှုတ်ခမ်းထောင့်တစ်ခုက တခြားတစ်ဖက် ထက်  ပိုနိမ့်ကျသကဲ့သို့ ဖြစ်ပေါ်နေခြင်း ကို သတိထားမိနိုင်သည်။

အထူးသဖြင့် အနားယူချိန်၊   စကား ပြောချိန်  သို့မဟုတ် ခံစားချက်တစ်ခုခုဖြစ်နေချိန်များတွင် ပို၍သိသာနိုင်သည်။ တစ်ခါတစ်ရံမသိသာသော်လည်း တခြားလက္ခဏာများနှင့်တွဲ၍ဖြစ်လာလျှင် အဓိကအချက်ပြချက်တစ်ခုအဖြစ် သတိပြုရ မည်ဖြစ်သည်။ ၎င်းတို့၏ရေသောက်နိုင်စွမ်း  သို့မဟုတ်  မျိုချနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်သည်။

     ကုသခြင်း 

အဆိုပါလက္ခဏာတစ်ခုခုကို   သတိ ထားမိပါက အထူးသဖြင့်  တစ်ခုထက်ပို ပြီး တစ်ချိန်တည်းဖြစ်နေပါက မစောင့်ဘဲဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားသင့် သည်။ လက္ခဏာများက မိနစ်အနည်းငယ်ကြာပြီးနောက်   ပျောက်သွားသည်ဆိုလျှင်ပင် ဦးနှောက် သွေးကြောပိတ်ခြင်း   သို့မဟုတ် ကြီးကြီးမားမားသွေးကြောပိတ်ခြင်း၏  နောက်ဆက်တွဲသတိပေးချက်တစ်ခု ဖြစ်လာနိုင်သည်။

အဓိကလက္ခဏာများ 

အဓိကလက္ခဏာများကို   မှတ်မိရန် ရိုးရှင်းသောနည်းလမ်းရှိသည်။ မျက်နှာ ရွဲ့သည်။  လက်မောင်းအားနည်းသည်။ စကားပြောရန်   အခက်အခဲရှိနေသည်။ ထိုအခါမျိုးတွင် အရေးပေါ်ဝန်ဆောင်မှုခေါ်ချိန်သင့်ပြီဖြစ်သည်။

သတိပြုရမည်မှာ အဆိုပါလက္ခဏာများသည် တခြားရောဂါအမျိုးအစားများနှင့်လည်း  ဆက်စပ်နေနိုင်သဖြင့် သင့်လျော်သည့် ရောဂါရှာဖွေမှုအတွက် ကျန်းမာရေးပညာရှင်တစ်ဦးဦးနှင့်    တိုင်ပင်ဆွေးနွေးသင့်သည်။

     တခြားရောဂါလက္ခဏာများ

မျက်နှာ၊ လက် သို့မဟုတ် ခြေထောက် စသည်တို့ ထုံကျဉ်သည် သို့မဟုတ် အားနည်းသည်။ စိတ်ရှုပ်ထွေးသည်။ စကားပြောရန် သို့မဟုတ် နားလည်ရန်ခက်ခဲသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး    အမြင်ဝေဝါးခြင်း   သို့မဟုတ် မမြင်ရခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ခေါင်းမူးခြင်း သို့မဟုတ် ဟန်ချက်မညီခြင်း၊   အကြောင်းရင်းမရှိ  ပြင်းထန်စွာ ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည်။

အမျိုးသားနှင့် အမျိုးသမီး လက္ခဏာ

မတူညီသည်များလည်းရှိသည်။ လေဖြတ် သည့်အမျိုးသားများနှင့်    အမျိုးသမီးများတွင်   တူညီသည့်လက္ခဏာများမှာ မျက်နှာတွဲကျခြင်း၊ ရွဲ့ခြင်း၊ လက်အားနည်းခြင်းနှင့်   စကားပြောခက်ခဲခြင်း  စသည့်လေဖြတ်ခြင်းနှင့်ဆင်တူသောလက္ခဏာကို  မကြာခဏခံစားရလေ့ရှိခြင်းပင်ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင်တွေ့ရတတ်သည့် တခြားလက္ခဏာများမှာ  မျက်လုံးတစ်ဖက်   သို့မဟုတ်   နှစ်ဖက်စလုံး အမြင်အာရုံဆိုင်ရာပြဿနာများနှင့် ဟန်ချက်မညီညာခြင်း သို့မဟုတ် ကိုယ်ခန္ဓာညီညွတ်မှုမရှိခြင်းတို့ ဖြစ်သည်။

အမျိုးသမီးများတွင် ခန္ဓာကိုယ် ယေဘုယျအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မအီမသာဖြစ်နေခြင်း  သို့မဟုတ် မှတ်ဉာဏ်ဆိုင်ရာပြဿနာများ၊    ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်နိုင်သည်။

လေဖြတ်ခြင်း ရှိ၊ မရှိ ဓာတ်မှန်၊ စီတီ၊ အမ်အာအိုင်ရိုက်၍    ဆုံးဖြတ်ချက်ပေး နိုင်ပြီး ၂၄ နာရီအတွင်းဖြစ်လျှင် လေမဖြတ် ဆေးထိုးနှံကုသနိုင်ကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။ 

MWD

Photo Credit to Asia Royal Hospital