နေပြည်တော် မေ ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက Nizhny Novgorod State Technical University(NNSTU) တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တက္ကသိုလ်ရှိ စာသင်ခန်းများ နှင့် လက်တွေ့ခန်းများကို ကြည့်ရှု လေ့လာသည်။ ယင်းနောက် Nizhny Novgorod မြို့၌ ပညာတော်သင်ရောက်ရှိနေကြသော ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ ဆက်လက်၍ ANO Gorky Tech သို့ သွားရောက်ပြီး ဒေသတွင်း အိုင်တီကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုလေ့လာသည်။
ANO Gorky Tech သည် အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း(Autonomous Non-Profit Organization– ANO) ဖြစ်ပြီး ဒေသတွင်းအိုင်တီကုမ္ပဏီများကို အကူအညီပေးရန်၊ နည်းပညာကုမ္ပဏီအသစ်များကို မြေတောင်မြှောက်ပေးရန်၊ ဒေသ၏ ဒီဂျစ်တယ်ကဏ္ဍတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အိုင်တီဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတစ်ခု ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
MDN

နေပြည်တော် မေ ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းက Digitalization of Industrial Russia ၂၀၂၆ ဖိုရမ်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား သွားရောက်ကြည့်ရှုလေ့လာသည်။
အဆိုပါပြခန်းများတွင် ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီများက လူမှုစီးပွားဘဝကဏ္ဍစုံတွင် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနည်းပညာများ အသုံးပြုဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ် Application များကို ရာနှုန်းပြည့် ရုရှားနိုင်ငံ၌ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ Digital Twin နည်းပညာကို မော်စကိုမြို့၏ မြို့ပြစီမံခန့်ခွဲမှုတွင် အသုံးပြုဆောင်ရွက်နေမှု၊ ဇီဝအချက်အလက်နည်းပညာကို နယ်ပယ်စုံတွင် အသုံးချဆောင်ရွက်နေမှုကို ခင်းကျင်းပြသထားသည်။
ကြည့်ရှုလေ့လာ
ထို့နောက် Astra Group ကုမ္ပဏီ၏ပြခန်း၌ ပြည်ပမှီခိုမှုကင်းသော Operating System၊ ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ Application များ၊ နည်းပညာဆိုင်ရာပစ္စည်းများနှင့် Software များအကြောင်းကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် Astra Group ကုမ္ပဏီနှင့်ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံတွင် Operating System နှင့် Software များ အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှနည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပိုင်းဆိုင်ရာသုတေသနပြု အကောင်အထည်ဖော်နိုင်ရေးအတွက် Moscow Technical University of Communications and Informatics (MTUCI) နှင့် Naypyitaw State Polytechnic University (NSPU) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော် ဧပြီ ၂၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များလျှော့ချပြီး ပြည်တွင်း စွမ်းအင် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာကိစ္စရပ်များကို ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက် စက်ရုံအသစ်တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ ယမန်နေ့တွင် သဘာဝဓာတ်ငွေ့ ကုဗပေ နှစ်သန်းခန့်ထုတ်လုပ်နိုင်ခဲ့သည်။ လက်ရှိတိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များအား ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးလျက်ရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ အဖျောက်၊ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများ တွင် ပါးလွှာသဲကြောများကို သုတေသနပြု ဆန်းစစ်ပြီး ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံး မော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်းရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည် စက်ရုံများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတို့တွင် ဖြန့်ဖြူးသုံးစွဲလျက်ရှိကြောင်း သိရသည်။

နေပြည်တော် မတ် ၁၅
EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းဆင်းများသည် လျှပ်စစ်ကားကို ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ကာ အကျိုးကျေးဇူးများကို ရရှိနိုင်စေရေးတို့အတွက် နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယင်းအပြင် ပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လက်ဝယ်အရောက် အသိပညာများကို ဖြန့်ဝေပေးသွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း၊ သင်တန်းတာဝန်ခံများသည် သင်တန်းများကို အရည်အသွေးစံနှုန်းများ ပြည့်မီအောင် စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများသည် ဖွံ့ဖြိုးမှုနှုန်းမြန်ဆန်နေသော EV နည်းပညာအရွေ့များနှင့် အတူလိုက်ပါနိုင်ရေးအတွက် အစဉ်လေ့လာကြပြီး EV နည်းပညာ စွမ်းရည်များနှင့် လေ့ကျင့်ပြသနိုင်မှုအရည်အသွေးများကို ပုံမှန်ဆန်းစစ်သုံးသပ်ကာ မွမ်းမံသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံများကို ပြောကြားသည်။
၂၀၂၂ ခုနှစ်မှစ၍ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်းကောင်း၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မော်တော်ယာဉ်သုတေသနဌာန (ပြင်ဦးလွင်) တွင်လည်းကောင်း EV နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် သင်တန်းတစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်းကိုးမျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
MOI

နေပြည်တော် မတ် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာက မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင် စေရန်အတွက် “စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းစီမံကိန်း”၊ “MSMEs လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း” တို့ကို စီမံကိန်းကာလနှစ်နှစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် “ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” သည် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များတွင် အသေးစားစက်မှု လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်းတစ်ခုတည်ထောင်ခြင်းနှင့် အသေးစားစက်မှု ထုတ်ကုန်များအတွက် ဒစ်ဂျစ်တယ်စျေးကွက် (e-commerce) ပလက်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများပါဝင်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကလည်း ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် ယခု နည်းပညာနှီးနှောဖလှယ်ပွဲမှ ရရှိလာသော အသိပညာဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ ပြန်လည်အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု Video Clip ကို ကြည့်ရှုအားပေးကြသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှပညာရှင်များက MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အဓိကဆောင်ရွက်နေမှုများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှု များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် လက်တွေ့အောင်မြင်နေသည့် လုပ်ငန်းများအကြောင်းကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
moi

နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပါမောက္ခများ၊ သုတေသနပညာရှင်များ၊ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး က စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသစ်တစ်ခုဖြစ်သော “တောင်သူကြီး AI”ကို မိမိတို့အမျိုးသားပိုင် ဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှုများ တင်ပြဆွေးနွေးရန် ရည်ရွယ် ပါကြောင်း၊ မြန်မာ့စိုက်ပျိုးရေးလောကအတွက် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ်လာရန် ရည်ရွယ်ပါကြောင်း၊ ယခု AI နည်းပညာသည် အခြားသော Chatbot များကဲ့သို့ အထွေထွေသုံး AI များနှင့်မတူဘဲ စိုက်ပျိုးရေးကိုသာ အဓိကလုပ်ဆောင်ထားခြင်းဖြစ်ပြီး အဓိကလုပ်ဆောင်ချက် များအနေဖြင့် အပင်ရောဂါရှာဖွေခြင်း၊ မြေဆီလွှာခွဲခြမ်းစိတ်ဖြာခြင်း၊ မျိုးစေ့ချချိန် ၊ ရိတ်သိမ်းချိန်မှ အထွက်နှုန်းနှင့် ဈေးကွက်တင်ပို့မှု အဆင့်ဆင့်အထိ ကွင်းဆက်တိုင်းအတွက် ပညာပေးနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ AI တွင် စိုက်ပျိုးရေးဆိုင်ရာ Chatbot တစ်ခုလည်း ပါဝင်သဖြင့် တောင်သူများက မိမိတို့သိလိုသော စိုက်ပျိုးရေးပြဿနာများကို စာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ မေးမြန်းနိုင်ပြီး AI မှ ခေတ်မီသော အချက်အလက်များဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း။
လက်ရှိတွင် Version 1 (Beta) အနေဖြင့်စတင်လျက်ရှိပြီး နောက်ပိုင်းတွင် ပိုမိုစုံလင်သော လုပ်ဆောင်ချက်များနှင့်အတူ Play Store ၌ အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်အောင် စီစဉ်သွားမည်ဖြစ်ကြောင်း၊ Chatbot ကို Website များ၊ အင်တာနက်အချက် အလက်များနှင့် ချိတ်ဆက်ပြီး တောင်သူများအတွက် ပိုမိုပြည့်စုံသော ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်ပါကြောင်း၊ Chatbot များ ပိုမိုကျွမ်းကျင်စွာ ဖြေကြားနိုင်ရန်အတွက် Master Prompt များ ရေးသားအသုံးပြုရန် အကြံပြုပါကြောင်း၊ ယခုနည်းပညာသည် မြန်မာ့လယ်သမားများအတွက် စိုက်ပျိုး၍ရခြင်းကို ရောင်းချခြင်းထက် ရောင်းရမည့်သီးနှံကို စိုက်ပျိုးတတ်လာစေရန် အဓိကကူညီပေးသွားမည်ဖြစ်ကြောင်း၊ ယခု AI နည်းပညာကို ပိုမိုခိုင်မာစေရန်အတွက် စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက “တောင်သူကြီး AI” နှင့် ပတ်သက်၍ ရှေ့ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (ROSCOSMOS)မှ အထွေထွေညွှန်ကြားရေးမှူးချုပ် H.E. BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များ၌ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး၊ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရောက်ရှိစဉ်အတွင်း အထွေထွေညွှန်ကြားရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ဆိုဗီယက်ပြည်ထောင်စု သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်း ခံရသူအာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich တို့သည် နေပြည်တော်ရှိ Naypyitaw State Polytechnic University ၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများအား အာကာသဆိုင်ရာ သိကောင်းစရာများနှင့် အာကာသသို့ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့် ROSCOSMOS၏ မိတ်ဖက်တက္ကသိုလ်များအကြား ပညာတော်သင်ဆုပေးအပ်ခြင်းဆိုင်ရာ အစီအစဉ်များနှင့် အခြားသိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ မြန်မာ အာကာသအေဂျင်စီ၊ အာကာသပြတိုက်(ရန်ကုန်)တို့က ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအဆင့် ကျောင်းသားပေါင်း ၆၀၀၀ ကျော်ပါဝင်သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းနားအပြီးတွင် ပြည်သူ့ရင်ပြင်၌ ခင်းကျင်းပြသထားသည့် အာကာသနည်းပညာဆိုင်ရာ ပြခန်းများသို့ ကြည့်ရှုလေ့လာကြသည်။ပြခန်းများ၌ မြန်မာအာကာသ အေဂျင်စီမှ ပညာရှင်များ၊ မြန်မာလူငယ်ပညာရှင်များနှင့် အာကာသဆိုင်ရာအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက်အခြေခံပညာအထက်တန်း ကျောင်းသား/ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးချီးမြှောက် စကားများပြောကြားခဲ့ကြသည်။ ထို့အပြင် ရွှေတိဂုံစေတီတော်နှင့် မာရဝိဇယဘုရားတို့သို့လည်း သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော် ဒီဇင်ဘာ ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းရှိ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် Everest Energy Solution Ltd. နှင့် CNTIC Vpower Group Holdings Ltd. တို့မှ တာဝန်ရှိသူများက သန်လျင် ၂၀၀ မဂ္ဂါဝပ်နှင့် သာကေတ ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) အား FSU တွင် သိုလှောင်ထားရှိမှုအခြေအနေ၊ LNG အား ဓာတ်ငွေ့သို့ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ ဓာတ်အားပေးစက်များ စမ်းသပ်မောင်းနှင်နေမှု အခြေအနေနှင့် ကနဦးဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းလျာထားရက်များအလိုက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရေး၊ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ လိုအပ်ချက်များရှိပါက အချိန်မီတင်ပြသွားရန်မှာကြားပြီး သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်း MCV ဆိပ်ခံတံတား (Jetty)ပေါ်သို့ သွားရောက်၍ FSU ဆိုက်ကပ်ထားရှိမှုအခြေအနေ၊ FSU တွင် သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်အား ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) သို့ ပေးပို့နေမှုအခြေအနေနှင့် LNG အား သဘာဝဓာတ်ငွေ့ပြန်လည် ပြုလုပ်နေမှုထိန်းချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
သာကေတနှင့် သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်နိုင်ရန်အတွက် LNG သိုလှောင်သင်္ဘော FSU သီလဝါဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခြင်း၊ ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သင်္ဘော FSU ဘေးတွင် ရောက်ရှိဆိုက်ကပ်၍ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit) ကို စမ်းသပ်မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ပထမ အဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်သည်။ ဒီဇင်ဘာ ၁၇ ရက်မှစတင်၍ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်းဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်၍ ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ဒီဇင်ဘာ ၉
ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပိုင်ဆယ်အစိုးရ အရာရှိများကောလိပ်မှ တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၆ ရက်က ဉာဏ်ရည်တု နည်းပညာနှီးနှောဖလှယ်ပွဲ ပဉ္စမနေ့အဖြစ် နန်နင်းမြို့၌ ဆက်လက်လေ့လာသည်။
ယင်းနေ့နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တရုတ်-အာဆီယံ ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရေး စင်တာသို့ရောက်ရှိရာ တာဝန်ရှိသူများက နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိသော ဆေးရုံ၏ သမိုင်းကြောင်းများနှင့် အရည်အသွေးများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅ ခုနှစ်၌ စင်တာစတင်တည်ထောင်မှု၊ အသက်အန္တရာယ်ရှိသော လူနာများအတွက် One Stop Health Care အစီအစဉ်များဖြင့် ကုသပေးမှု၊ ဗီဒီယိုကွန်ဖရင့်စနစ်ကို အသုံးပြု၍ AI ဆရာဝန်ဖြင့် Online မှတစ်ဆင့် ကျေးလက်ဒေသနှင့် ပြည်ပလူနာများအတွက် သက်ဆိုင်ရာဘာသာစကားအလိုက် ဆေးကုသခြင်း ပြုလုပ်နိုင်မှု၊ AI နည်းပညာအသုံးပြု၍ တရုတ်တိုင်းရင်းဆေးပညာ စမ်းသပ်မှုများကို ဆောင်ရွက်နိုင်ပြီး ကုထုံးဆိုင်ရာ အကြံဉာဏ်များကို ရယူနိုင်မှုများကို လိုက်လံရှင်းလင်းပြသရာ မြန်မာကိုယ်စားလှယ်အဖွဲ့က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှင်ကျူးရပ်ကွက်သို့ရောက်ရှိရာ ရပ်ကွက် CPC ပါတီ ကော်မတီအတွင်းရေးမှူး Qin Yuning နှင့် တာဝန်ရှိသူများက ရပ်ကွက်ဆိုင်ရာ အကြောင်းအရာများကို ရုံးခန်းများ၊ လူထုဝန်ဆောင်မှုပေးသည့် နေရာဌာနများတွင် လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ညနေပိုင်း၌ တရုတ်-အာဆီယံ AI တီထွင်ဆန်းသစ်မှုစင်တာသို့ရောက်ရှိရာ တာဝန်ရှိသူများက ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့တွင် သုတေသနဆောင်ရွက် ကာကွမ်ရှီး၌ စုစည်းပေါင်းစပ်၍ အာဆီယံနိုင်ငံများတွင် အသုံးချမှုအတွက် တရုတ်-အာဆီယံ AI ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတည်ထောင်ထားမှု၊ AI အသုံးချမှုဆိုင်ရာ Chip ပြားထုတ်လုပ်မှု၊ အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ အများပြည်သူဝန်ဆောင်မှုစသည့် လုပ်ငန်းများအတွက် AI နည်းပညာဖြင့် မြှင့်တင်ဆောင်ရွက်နေမှု၊ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့တွင် သုတေသနဆောင်ရွက်ကာ ကွမ်ရှီးတွင် စုစည်းပေါင်းစပ်၍ အာဆီယံနိုင်ငံများတွင် အသုံးချမှု၊ လာအိုပြည့်သူသမ္မတနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီး အမျိုးသားအဆင့် AI မော်ဒယ်ကိုတည်ထောင်ထားမှု၊ AI ဆရာဝန်၊ AI စိုက်ပျိုးရေး၊ AI မျက်မှန်၊ AI ကုလားထိုင်၊ AI ဇာတ်လမ်းတိုစသည့် AI နည်းပညာဖြင့် လူမှုစီးပွားဘဝသာယာဝပြောရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၃၈ ခုတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပြခန်းများအလိုက် လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်းစင်တာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး စီမံကိန်းအရ အာဆီယံနိုင်ငံများနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများအား ဆောင်ရွက်နေမှုများကို ပြခန်းများအလိုက် လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။