ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ Church of the Holy Sepulchre ဘုရားကျောင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအစိုးရသည် အဆိုပါနေရာ၌ ‘ကန့်သတ်ချက်များဖြင့် ဝတ်ပြုဆုတောင်းခြင်း’ ကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) က ကျရောက်သော Palm Sunday ပွဲတော်တွင် အစ္စရေးရဲတပ်ဖွဲ့သည် ကက်သလစ်သာသနာပိုင် အကြီးအကဲ များကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်တားဆီးခဲ့သဖြင့် ကာဒီနယ် Pierbattista Pizzaballa သည် နီးစပ်ရာကျောင်းတိုက်တစ်ခု၌သာ ဝတ်ပြုပွဲကျင်းပခဲ့ရသည်။ ထိုကဲ့သို့ အဟန့်အတားဖြစ်မှုသည် ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခွင့် လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း လက်တင်သာသနာပိုင်ရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်၏ လက်စားချေတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် လုံခြုံရေး စိုးရိမ်ရမှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း ယခုအခါ ကာဒီနယ် Pizzaballa ကို အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်နှင့် ဝတ်ပြုပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်။ တနင်္လာနေ့ (မတ် ၃၀) အစောပိုင်းတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် သာသနာပိုင် ရုံးတို့ ညှိနှိုင်းမှုအရ ‘ကန့်သတ်ဆုတောင်းမှုဆိုင်ရာ မူဘောင်’ တစ်ခုကို အတည်ပြုခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျေရုဆလင်ရှိ အခြားသော ဘာသာရေးဆိုင်ရာနေရာများတွင်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အယ်လ်အက်ဆာ ဗလီ (Al-Aqsa Mosque) သည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိဒ်ဖီတာ (Eid al-Fitr) ပွဲတော်ကာလအတွင်း ပိတ်ထားခဲ့ရသည်။ ယင်းကန့်သတ်မှုများသည် အမေရိကန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန် သံအမတ်ကြီးကမူ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ရုရှား အော်သိုဒေါ့စ် အသင်းတော်ကလည်း ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ‘သန့်ရှင်းသော မီးတောက် (Holy Fire)’ အခမ်းအနားအတွက် ဘုရားကျောင်းရှိ ကန့်သတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အင်္ဂလန်အသင်းတော် (Church of England) သည် ၁၅၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော အမျိုးသမီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဒိမ်း စာရာ မူလာလီ (Dame Sarah Mullally) ကို ရာထူးအပ်နှင်းခဲ့သည်။
ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ကန်တာဘာရီ ကသီဒရယ် (Canterbury Cathedral) ဘုရားရှိခိုးကျောင်းကြီးတွင် ကျင်းပခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့်အတူ ဝေလမင်းသား ဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ တက်ရောက်ခဲ့ကြသည်။
NHS သူနာပြုဟောင်းတစ်ဦးဖြစ်သူ မူလာလီက သူမ၏မိန့်ခွန်းတွင် အတိတ်က အလွဲသုံးစားပြုခံခဲ့ရသူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် ဘေးကင်းလုံခြုံရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
“ကျွန်မတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေနှင့် လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရှိနေသည့်သူများ၏ လုပ်ဆောင်မှုတွေ၊ ပျက်ကွက်မှုတွေကြောင့် နစ်နာခဲ့ရသူများ၏ နာကျင်မှုကို ကျွန်မတို့ လျစ်လျူမရှုသင့်သလို အလေးမထားဘဲလည်း မနေသင့်ပါဘူး” ဟု သူမက ဆိုသည်။
ယခင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယူကေနှင့် အာဖရိကရှိ အသင်းတော်များအတွင်း ဩဇာတိက္ကမရှိသူ ရှေ့နေ ဂျွန် စမိုက် (John Smyth) ၏ လိင်ပိုင်းဆိုင်ရာ ဆက်တိုက်အလွဲသုံးစားပြုမှုများကို ဖုံးကွယ် ထားခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဂျေရုဆလင်မြို့ရှိ မွတ်စလင်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် (Al-Aqsa Mosque) ကို အစ္စရေးအာဏာပိုင်များက ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ဘာသာဝင်များသည် ရာမာဒန်ဥပုသ်လ၏ နောက်ဆုံးသောနေ့နှင့် အိဒ်ပွဲတော် (Eid al-Fitr) ကို ဆင်နွှဲနေကြသော်လည်း ယခုကဲ့သို့ ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဆိုပါ ဝတ်ကျောင်းတော်ဝင်းကို အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပိတ်ထားခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာသာဝင်များအား ၎င်းနေရာ၌ ပွဲတော်ကျင်းပခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
သောကြာနေ့ (မတ် ၂၀) တွင် လူအများအပြားသည် ဝတ်ပြုဆုတောင်းရန် ဂျေရုဆလင်မြို့၌ စုဝေးခဲ့ကြသော်လည်း မြို့ဟောင်း (Old City) ၏ ဂိတ်တံခါးများသို့ ချဉ်းကပ်ရန် ကြိုးပမ်းမှုများကို စစ်ဆေးရေးဂိတ်များတွင် တပ်စွဲထားသော အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ဖြင့် လူစုခွဲခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းများအရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသည် အမေရိကန်နှင့် ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ချိန်ကတည်းက လုံခြုံရေး အကြောင်းပြချက်ဖြင့် အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အပါအဝင် မြို့ဟောင်းအတွင်းသို့ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။ ယခုအခါ ပဋိပက္ခသည် စတုတ္ထပတ် အတွင်းသို့ ရောက်ရှိလာသော်လည်း ဗလီကို ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။
မတ်လအစောပိုင်းတွင် မွတ်စလင်အများစုနေထိုင်ရာ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့် ရှစ်နိုင်ငံက ဗလီပိတ်ထားမှုကို ရှုတ်ချကြောင်း ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ "ဂျေရုဆလင် မြို့ဟောင်းနှင့် ဘာသာရေးဝတ်ပြုရာနေရာများသို့ဝင်ရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြကန့်သတ်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်" ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပြီး သိမ်းပိုက်ထားသော ဂျေရုဆလင် သို့မဟုတ် အဆိုပါ နယ်မြေရှိ အစ္စလာမ်နှင့် ခရစ်ယာန် အထွတ်အမြတ်ထားရာနေရာများအပေါ် အစ္စရေးတွင် အချုပ်အခြာအာဏာ မရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။
ခရစ်ယာန်ပွဲတော်များပါ ထိခိုက်နိုင်ခြေရှိ
အီစတာ (Easter) ပွဲတော်ရာသီ နီးကပ်လာသည်နှင့်အမျှ အစ္စရေး၏ လုံခြုံရေးတင်းကျပ်မှုများသည် ခရစ်ယာန်ဘာသာဝင်တို့၏ ပွဲတော်များ ကိုပါ စိုးရိမ်စရာ ဖြစ်လာစေသည်။ ခရစ်ယာန်ဘာသာ၏ အထွတ်အမြတ် အထားဆုံးနေရာဖြစ်သော Holy Sepulchre ဘုရားကျောင်း ကိုလည်း ပိတ်ထားဆဲဖြစ်ရာ နှစ်စဉ် ကျင်းပမြဲဖြစ်သော Holy Fire (ဓမ္မမီး) အခမ်းအနား ကျင်းပနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ယခုနှစ်တွင် အဆိုပါအခမ်းအနားသည် ဧပြီ ၁၁ ရက်တွင် ကျရောက်မည်ဖြစ်သော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဝတ်ပြုသူများကို ဘုရား ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ရုရှား အော်သိုဒေါ့စ်အသင်းတော် (Russian Orthodox Church) ကလည်း အဆိုပါကန့်သတ်ချက်များအပေါ် ထုတ်ဖော်ပြောဆို ခဲ့ပြီး ဘုရားကျောင်းပိတ်ထားမှုကြောင့် ဓမ္မမီးလွှဲပြောင်းပေးသည့် အစီ အစဉ်ကို မထိခိုက်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်များအကြားတွင် ဓမ္မမီးကို မရရှိခြင်းသည် နိမိတ်မကောင်းခြင်း သို့မဟုတ် လောကပျက်ကပ် (Armageddon) နီးကပ် လာခြင်း ၏ လက္ခဏာအဖြစ် ယူဆလေ့ရှိကြသည်။

နေပြည်တော် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရား ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြိုဆိုနှုတ်ဆက်ပြီး ခရစ်ယာန်လူငယ်လေးများက ခရစ်ယာန်ဓမ္မတေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေပြီး ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့သည် သီဆိုတီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် ခရစ်ယာန်လူငယ်လေးများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ လာရောက်စဉ် အသုံးပြုခဲ့သည့် လှည့်လည်ယာဉ်များကို ကြည့်ရှုပြီး ပုပ်ရဟန်း မင်းကြီးဖရန်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုနှင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့၏ ခရစ္စမတ်ဆုတောင်းပွဲများနှင့် မိတ်သဟာယပွဲတော်များ ကျင်းပပြုလုပ်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားဒုတိယပိုင်း ကျင်းပမည့် ဘုရားကျောင်းတော်အတွင်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ခရစ်တော်ကိုမျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးဖိုးဖိုးလှက အဖွင့်ဆုတောင်းစကားပြောကြားသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်းအား ဆုပေါင်းသီဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ၎င်းနောက် တေးသံရှင် ပန်းရောင်ခြယ်က ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းအား သီဆိုသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရာသီသဘာဝနှင့် အခါသမယတို့ပေါင်းစုံချိန်တွင် ယခုကဲ့သို့ကျရောက်လာသည့် ခရစ္စမတ်ပွဲတော်နှင့်အတူ ခရစ်ယာန်ဘာသာဝင်များ၊ နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဘာသာတရား၏ မေတ္တာရိပ်အောက်တွင် ချစ်ခြင်းမေတ္တာများနှင့် ငြိမ်းချမ်းသာယာခြင်း ရှိကြပါစေရန် ဆုမွန်ကောင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ခရစ္စမတ်ပွဲတော်သည် လူသားများကြားတွင် ချစ်ခြင်းမေတ္တာတရားများကို လွှမ်းခြုံစေသည့်အပြင် ခရစ်ယာန်ဘာသာဝင်များ၏ မွန်မြတ်သည့်အနှစ်သာရတစ်ခုကို ထင်ဟပ်ပြသခြင်းလည်းဖြစ်သည်ကို ပြောကြားလိုကြောင်း။
ယနေ့လူသားအားလုံး ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီး ၄ မျိုးအဖြစ် သတ်မှတ်ထားသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်လည်းဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်းချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်ကို လေးလေးနက်နက် ယုံကြည်မိကြောင်း။
လူမှုအဖွဲ့အစည်းတစ်ခုမှစတင်ပြီး လူမှုအသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာမှသာ လူသားများ ရှင်သန်ရပ်တည်ရာ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသာယာမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊ အငြိုးအာဃာတ တရားများသည် လူ့အသိုက်အဝန်းကြားတွင် နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှင်းဆဲမှုများစသည့် ဒုစရိုက်တရားများကိုသာ ဆင့်ကဲဖြစ်ပေါ်စေကြောင်း၊ ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြားမှ အဆိုပါအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပြီး စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံ ကြည်မှုလျော့ပါးအောင် လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကို တွေ့ရှိရပြီး အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်သည်ကို ပြောကြားလိုကြောင်း။
ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယနေ့ကဲ့သို့ အခါသမယကောင်းဖြစ်သည့် ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် ဦးဆောင်ကျင်းပပေးကြသည့် ခရစ်ယာန်ဘာသာဝင်ဆရာတော်ကြီးများနှင့် ဘာသာဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာတစ်ဝန်းတွင် နေထိုင်ကြသည့် ခရစ်ယာန်ဘာသာဝင်များအားလုံး မွေးနေ့တော်မှစ၍ ငြိမ်းချမ်းခြင်းအနှစ်သာရများကို ကိုယ်စီပိုင်ဆိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဆုတောင်းလိုက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာဦးအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အတွက်အထူးဆုတောင်းစကားပြောကြားပြီး မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံတီးဝိုင်းအဖွဲ့က ခရစ္စမတ်သံစုံဓမ္မတေးသီချင်းအား သီဆိုတီးမှုတ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာမျိုးမြင့်ဦး ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister ရူဖီးက သမ္မာကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊ ခရစ္စမတ်ဓမ္မဒေသနာချီးမြှင့်ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း အသီးသီးဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကို ပေးအပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။
ထို့နောက် သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရ ဒေါက်တာမောရစ်လျန်နာက ခရစ္စမတ်အခါသမယ မိတ်သဟာယ မိတ်ဆုံစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်း ကို ဆောင်ရွက်သည်။
ယင်းနောက် “တိတ်ဆိတ်ည သန့်ရှင်းည” ဓမ္မသီချင်းကို ပရိတ်သတ်များက သံပြိုင်သီဆိုကြသည်။ ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နှစ်သစ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောပါစေကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး မိသားစု၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယမိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOI

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်းခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေတာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။
လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်းရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့် အလှူငွေများ၊ 6000w sola ၂၄ စုံ၊ စတုပစ္စယာနုဂ္ဂဟပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
Source: Popular Myanmar

ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်လိုဏ်ဂူတော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်(တပေါင်းပွဲတော်) ကို တပေါင်းလဆန်း ၁၀ ရက်မှ တပေါင်းလပြည့်နေထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေဥမင်လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီဝင် ဦးစိုင်းပေတိက ပြောပြ၍ သိရသည်။
“ဗုဒ္ဓပူဇနိယပွဲတော်(တပေါင်းပွဲတော်)အတွင်း ဓနုဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေက ရွှေဥမင်လိုဏ်ဂူတော်အတွင်းမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ၈၀၉၄ ဆူကို ဆွမ်း၊ ခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းတာ၊ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ထွန်းညှိပူဇော်တာ၊ နဝကမ္မ အလှူတော်ငွေတွေ ဆက်ကပ်လှူဒါန်းတာ၊ ဓနုဒေသပင်းတယမြို့နယ်လုံးကျွတ် သံဃာတော်တွေနဲ့ ရပ်နီးရပ်ဝေးမှ သံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်တာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေကို ဆောင်ရွက်မှာဖြစ်ပြီး ဓနုတိုင်းရင်းသားတွေ ဆုံဆည်းရာနေ့အခမ်းအနားကိုလဲ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုင်းပေတိက ပြောပြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် (တပေါင်းပွဲတော်)တွင် အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဈေးပွဲတော်ကိုလည် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ
Source- www.moi.gov.mm