လူငယ်ဆိုတာ နိုင်ငံတော်အတွက် အလွန်တန်ဖိုးကြီးမားတဲ့ လူသားအရင်းအမြစ်ပါ။ မြန်မာနိုင်ငံမှာလူငယ်အရေအတွက် အလွန်ပဲ များပြားလှပါတယ်။ ဒီလိုများပြားလှတဲ့ လူငယ်တွေဟာ စွမ်းရည်အပြည့်အဝ ထုတ်သုံးနိုင်တဲ့ အင်အားရှိသူတွေပဲ ဖြစ်ပါတယ်။ ဒီလူငယ်တစ်ဦးစီရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့အတွက်သာ အကျိုးရှိတာမဟုတ်ဘဲ သူ့မိသားစုအသိုင်းအဝိုင်းနဲ့ နိုင်ငံတော်အထိ အကျိုးရှိစေနိုင်ပါတယ်။ လူငယ်တွေကြိုးစားမှုကြောင့် မြင့်မားတဲ့အနာဂတ်ကိုရရှိပိုင်ဆိုင်နိုင်ရင် ရေမြင့်တော့ကြာမြင့်လာသလို နိုင်ငံတော်လည်း တိုးတက်လာမှာပါပဲ။ ဒါ့ကြောင့် လူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့ အထူးပဲ ကြိုးစားကြဖို့ အရေးကြီးကြောင်း အသိပေးချင်ပါတယ်။
လူငယ်တွေအနာဂတ်အတွက် ဗလငါးတန်ပြည့်စုံအောင် ကြိုးစားသင့်ပါတယ်။ ဗလငါးတန်ရဲ့အခြေခံက “စာရိတ္တဗလ” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်းပါ။ စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူကို လူတွေက ချစ်ခင်လေးစားကြပါတယ်။ ဒါ့ကြောင့် “မိတ္တဗလ” ဆိုတဲ့ မိတ်ဆွေသင်္ဂဟကောင်းတွေနဲ့ ပြည့်စုံခြင်းကိုရပါမယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပြည့်စုံတဲ့သူ တွေမှာ စီးပွားဥစ္စာရှာဖွေရလွယ်ကူတဲ့အတွက် “ဘောဂဗလ” ဆိုတဲ့ စီးပွားဥစ္စာနဲ့ပြည့်စုံခြင်းကိုရရှိပါမယ်။ စီးပွားရေးနဲ့ပြည့်စုံရင် ပညာသင်တာပဲဖြစ်ဖြစ်၊ စာအုပ်စာစောင်တွေ ဝယ်ဖတ်တာပဲဖြစ်ဖြစ် လုပ်နိုင်သွားပြီဆိုတော့ “ဉာဏဗလ” ဉာဏ်ပညာနဲ့ ပြည့်စုံခြင်း ကိုရပြီပေါ့။ ဉာဏ်ပညာနဲ့ယှဉ်ပြီး နေထိုင်စားသောက်နိုင်ပြီဆိုရင် “ကာယဗလ” ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနဲ့ ပြည့်စုံပါပြီ။ အဲဒီလို ဗလငါးတန်နဲ့ပြည့်စုံပြီဆိုရင် လောကမှာ အောင်မြင်တဲ့သူဖြစ်နိုင်ပါပြီ။
လူငယ်တွေ ဘဝနှောင့်နှေးရတဲ့ပြဿနာတစ်ခုကတော့ ငွေရေးကြေးရေးပါပဲ။ တချို့က ငွေကြေးမတတ်နိုင်တဲ့အတွက် ပညာတစ်ပိုင်း တစ်စနဲ့ရပ်တန့်ရတယ်။ တချို့ကတော့ ငွေကြေးကိုအလျှံပယ်သုံးပြီး ပျက်စီးကြတယ်။ မိဘကပေးတဲ့ငွေကို စနစ်တကျမသုံးဘဲ အကြွေးတင်ကြတယ်။ လောင်းကစားလုပ်ပြီး ကြွေးတင်နေတဲ့ လူငယ်တွေလည်းရှိတယ်။ ငွေကြေးကိစ္စဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်နိုင်တာကြောင့် လူငယ်တွေသတိထား ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်မသုံးသင့်တဲ့ငွေကို မသုံးပါနဲ့။ ဘာကြောင့်မှ ကြွေးတင်မခံပါနဲ့။ ခြိုးခြံချွေတာပါ။ ငွေကြေးအရှုပ်အရှင်းကင်းတာဟာ စိတ်ဓာတ်ခွန်အားကို တိုးပွားစေ တာမို့ အနာဂတ်မှာအောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ရင် ငွေကြေးကို အမြဲသတိထားဆင်ခြင်သုံးစွဲရမှာဖြစ်ပါတယ်။
အချိန်ဆိုတာ ငွေနဲ့ဆက်ပြီးဝယ်ရတာမဟုတ်တဲ့အတွက် အချိန်ကိုတန်ဖိုးမထားမိကြပါဘူး။ ကိုယ့်အချိန်ကိုပဲဖြစ်ဖြစ်၊ သူများအချိန် ကိုပဲဖြစ်ဖြစ် အလွယ်တကူဖြုန်းတီးလေ့ရှိကြပါတယ်။ “အချိန်နဲ့ဒီရေသည် လူကိုမစောင့်” လို့ အချိန်ကိုမဖြုန်းဖို့ ပြောတတ်ကြသလို၊ “လသာတုန်းဗိုင်းငင်” ဆိုပြီးလည်း အချိန်ကိုအကျိုးရှိရှိ သုံးတတ်အောင် သတိပေးလေ့ရှိကြပါတယ်။ တကယ်တော့ ငွေရှိရင်ရွှေကို ကြိုက်သလောက် ဝယ်လို့ရနိုင်ပေမယ့် ကုန်သွားတဲ့အချိန်တွေကိုတော့ ဘယ်တော့မှ ပြန်ဝယ်လို့မရနိုင်တာ လူငယ်တွေ သိစေချင် ပါတယ်။ ဘဝအတွက်တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရင်း ကုန်ဆုံးစေမယ့်အစား တန်ဖိုးရှိရှိသုံးစွဲစေချင်ပါတယ်။
အိပ်ချိန်၊ စားချိန်၊ စာဖတ်ချိန်၊ အလုပ်လုပ်ချိန်၊ စာသင်ချိန်ဆိုပြီး ၂၄ နာရီကို သေချာစနစ်ချပြီး သုံးစေချင်ပါတယ်။ ကိုယ်ပိုင်အချိန်ကို စနစ်တကျ သုံးစွဲတတ်မှ အလုပ်လုပ်တဲ့အခါ စနစ်ကျပြီးအောင်မြင်မှုရနိုင်မှာပါ။ အချိန်ကိုတန်ဖိုးမထားတဲ့သူက ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။
အလုပ်ကိုနောက်ကျမှသွားတာ၊ အချိန်မတန်ခင်စောပြန်တာတွေက အချိန်ကိုခိုးတာဖြစ်တဲ့အတွက် အဒိန္နဒါန ကံမြောက်တယ်လို့ ဆရာတော်ကြီးတွေ ဟောကြပါတယ်။ အကြီးအကဲက အရေးယူ၊ မယူထက် အကုသိုလ်ကံကိုတော့ ကျူးလွန်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အချိန်သူခိုးမဖြစ်စေဖို့လည်း သတိထားသင့်ပါတယ်။
လူငယ်တွေအနာဂတ်မှာ အောင်မြင်စေဖို့ ပြောပြချင်တဲ့ နောက်တစ်ချက်ကတော့ မိမိကိုယ်ကိုစီမံခန့်ခွဲဖို့ပါ။ မနက်ဘယ်နှနာရီ အိပ်ရာထမယ်။ ရေဘယ်အချိန်ချိုးမယ်။ မနက်စာဘယ်လိုစားမယ်။ ကျောင်းကိုဘယ်အချိန်တက်ရမယ်။ အိမ်က ဘယ်အချိန်ထွက် မယ်။ ဘယ်အချိန်အိမ်ပြန်မယ်။ သူငယ်ချင်းနဲ့ ဘယ်အချိန်တွေ့မယ်ကစပြီး စနစ်ချရပါမယ်။ အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့ အချိန်ထ၊ သွားချင်မှသွားဆိုရင်တော့ အောင်မြင်မှုနဲ့ဝေးကွာနေဦးမှာပါပဲ။
စီမံခန့်ခွဲမှုတွေဆိုတာ အလုပ်ခွင်ရောက်မှသင်ရမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတာနဲ့စကြရမှာပါပဲ။ ကိုယ့်ဘာသာကိုယ် တောင် စနစ်တကျ စီမံချက်ချပြီး အလုပ်မလုပ်တတ်ရင် လူငယ်တစ်ယောက်ရဲ့အနာဂတ်အောင်မြင်မှုဆိုတာ ဝေးကွာနေဦးမှာပါလို့ ပြောပြချင်ပါတယ်။
လူငယ်တွေအနေနဲ့ နိုင်ငံ့သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို သိရပါမယ်။ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ထိပါးနှောင့်ယှက် နိုင်တဲ့အကြောင်းအရာတွေကိုလည်း သိထားရပါမယ်။ ကိုယ့်နိုင်ငံရဲ့ရေမြေတောတောင် ပထဝီဝင်ကိုလည်း သိရပါမယ်။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေဖို့ ဘာတွေလုပ်ဆောင်ရမလဲ။ ဘာတွေလုပ်ရင် နိုင်ငံအတွက်အကျိုးမဲ့သလဲ။ ဒါတွေကို သိထားမှသာ နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်တဲ့အခါ အထောက်အကူပြုပါမယ်။ ဗဟုသုတနည်းရင် တစ်ကိုယ်ကောင်းဆန်ပြီး နိုင်ငံအကျိုး ဖျက်ဆီးသူဖြစ်သွားတတ်ပါတယ်။
ကိုယ်ဘယ်နေရာမှာရပ်တည်သင့်တယ်ဆိုတာကို သေသေချာချာသိနေစေဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံးကို သိရှိနေသင့်ပါတယ်။ အနာဂတ်မှာ ခေါင်းဆောင်ရမယ့်လူငယ်တစ်ယောက်အနေနဲ့ ရှိထားတဲ့ ဗဟုသုတ တွေကို အခြေခံစဉ်းစားမှလုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ခွဲခြားဆုံးဖြတ်နိုင်ပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူက အပြုသဘော ဆောင်သလား၊ အပျက်သဘော ဆောင်သလားဆိုတာကို သေသေချာချာသုံးသပ်နိုင်ဖို့ ပညာဗဟုသုတနဲ့ ပြည့်စုံမှသာ ဖြစ်နိုင်ပါမယ်။
ဗဟုသုတတွေကို ဘယ်လိုရှာမှီးကြမလဲ။ အကောင်းဆုံးကတော့စာဖတ်ခြင်းနဲ့ရှာနိုင်ပါတယ်။ တစ်အုပ်ထဲဖတ်ပြီး တရားသေမှတ်လို့ တော့မရဘူးနော်။ ဘယ်ဆရာက ဘယ်လိုရေးခဲ့သလဲဆိုတာကို နှိုင်းယှဉ်ပြီးဖတ်ရပါမယ်။ ပြီးရင် မှန်မမှန်ပြန်သုံးသပ်ပြီး ဆုံးဖြတ် ရပါမယ်။ စာစုံဖတ်ရမယ်။ ခရီးထွက်ရမယ်။ ခရီးတွေသွားရင် ဖုန်းသုံးရင်းသွားတာထက် ပတ်ဝန်းကျင်ကိုလေ့လာရမယ်။ ရေမြေတော တောင်၊ ရာသီဥတု၊ မြေပြင်အနေအထား၊ စိုက်ပျိုးတဲ့သီးနှံ၊ ပြောလေ့ရှိတဲ့စကား၊ လေယူလေသိမ်းနဲ့ စားသောက်တဲ့ဓလေ့ထုံးစံတွေက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်နိုင်ငံတည်းနေကြတဲ့ တိုင်းရင်းသားတွေအကြောင်းကိုလည်း သိဖို့လိုပါတယ်။ ဒါတွေသိ ထားရင် တစ်နေရာရာမှာတော့ အထောက်အကူပြုမှာပါပဲ။
ပညာဗဟုသုတမပြည့်ဝဘဲ ခံစားချက်ကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်ချက်ချရင် မှားတတ်တယ်ဆိုတာ လက်ရှိအခြေအနေတွေက သာဓကပြနေပါတယ်။ လူငယ်တစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ တွေးစေချင်ပါတယ်။ တစ်ယောက်ချင်းစီ လွဲမှားမှုတွေကနေ နိုင်ငံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေဖြစ်တတ်တယ်လို့သတိထားစေချင်ပါတယ်။
လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပျက်စီးစေနိုင်တဲ့ မူးယစ်ဆေးဝါးဆိုတဲ့အရာကို လုံးဝရှောင်ရှားကြဖို့လည်း အလေးအနက် ထားပြီးပြောချင်ပါတယ်။
ဒီနှစ်တွေအတွင်းမှာ ဆေးလိပ်သောက်တဲ့လူငယ်တွေ ပိုများလာတာတွေ့ရပါတယ်။ “မူးယစ်ဆေးဝါးအစ ဆေးလိပ်က” မို့ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်ကတစ်ဆင့် မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေသုံးစွဲကြရင် လူငယ်ဘဝ အညွန့်ကျိုး တာပါပဲ။ မူးယစ်သားကောင်ဖြစ်သွားရင် ရုန်းထွက်ဖို့အလွန်ခက်ပါတယ်။ စိတ်ကိုနိုင်နင်းလို့ ဆေးဖြတ်နိုင်ရင်တောင် “ဆေးသမား” ဆိုတဲ့ဂုဏ်ပုဒ်က ကျန်နေခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့ခက်ပါတယ်။
“အာရောဂျံ ပရမံလာဘံ” ကျန်းမာရေး ဟာလာဘ်ကြီးတစ်ပါးလို့ ပြောကြပါတယ်။ ကျန်းမာရင် ဘယ်သွားသွား ဘာလုပ်လုပ် အဆင်ပြေပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နေထိုင်မယ်ဆိုရင် စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒတွေနဲ့ ပြည့်စုံမှာပါပဲ။ ကျန်းမာရေးထိခိုက်စေတဲ့ ညအိပ်ချိန်မမှန်တာ၊ အစားမမှန်တာတွေ မဖြစ်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှား အားကစားကို လည်း ဝါသနာပါရာရွေးချယ်ပြီး လုပ်သင့်ပါတယ်။ ဒီခေတ်လူငယ်တွေ တယ်လီဖုန်းအသုံးများတဲ့အတွက် အမြင်အာရုံ ထိခိုက်တာကလည်း ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ပုံမှန်လုပ်သင့်ပါတယ်။ မခက်ခဲဘဲ လူတိုင်းလုပ်နိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းကိုလည်း မေ့ထားလို့မရပါဘူး။ အသက်ရှူ လေ့ကျင့်ခန်းဟာ ရုပ်ပိုင်းအတွက်ကောင်းမွန်သလို စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ဒေါသတွေကိုလည်း သက်သာစေတာကြောင့် စိတ်ပိုင်းဆိုင်ရာအတွက်လည်း အထူးသင့်တော်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေဖို့ကိုလည်း အထူးဂရုစိုက်ရပါမယ်။ ကိုယ်မတတ်နိုင်တဲ့ ပစ္စည်းတွေကို လိုချင်တာ၊ အကောင်းမြင်စိတ် မရှိတာတွေကလည်း စိတ်ကျန်းမာရေးထိခိုက်စေပါတယ်။ တခြားသူတွေကို တန်ဖိုးထားသလို ကိုယ့်ကိုယ်ကိုယ် လည်း တန်ဖိုးထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်မှ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းဖို့ သတိရှိပါမယ်။ မလုပ်သင့်တာကို မလုပ်ဖြစ်အောင် ထိန်းချုပ်နိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလို့ပါပဲ။
အကောင်းမြင်စိတ်ရှိသူကို လူတွေချစ်ခင်ကြပြီး သူတို့ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။ ပေါင်းသင်း ဆက်ဆံရေးကောင်းတဲ့သူဟာ အများကိုလည်းစိတ်ချမ်းသာစေပြီး ကိုယ်တိုင်လည်း စိတ်ကြည်လင်တော့ လုပ်ကိုင်သမျှအောင်မြင်တဲ့ ဆုကိုရနိုင်ပါတယ်။ လူငယ်များအနေဖြင့် နေ့စဉ်နဲ့အမျှ အတတ်ပညာ၊ အသိပညာတွေကိုသင်ကြားနေတာဟာ လူငယ်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်လာအောင် လေ့ကျင့်ကြိုးစားနေတာ ကလည်း နိုင်ငံတော်ကို ကျေးဇူးပြုနေခြင်းပဲဖြစ်ပါတယ်။ အတွေးမှန်၊ အမြင်မှန်၊ အသိတွေမှန်ပြီး မိမိရဲ့အနာဂတ်အောင်မြင်ရေးဟာ နိုင်ငံတော်အတွက်လည်း အထောက်အကူပြု ရမယ်ဆိုတဲ့စိတ်ထားတွေနဲ့ ကြိုးစားအားထုတ်ကြစေချင်ပါကြောင်း မေတ္တာရှေ့ ထားပြီး တိုက်တွန်းလိုက်ပါရစေ။ ။
သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)

အရိပ်လိုအပင်ပျိုးရသည်။ ရင့်မာအပွေးတက်ဖို့အချိန်ယူရသည်။ ဆိုခဲ့ပါနိယာမနှင့်အညီ အနာဂတ်ကိုပိုင်စိုးမည့်၊ နောင်တစ်ခေတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပြည်မှုရေးရာကိစ္စအဝဝကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်လောင်းလျာများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ စနစ်တကျပြုစုပျိုးထောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်၍ စနစ်တကျပြုစုပျိုးထောင်ပေးလျက်ရှိသကဲ့သို့ မြန်မာလူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးရုံမက ပြောင်းလဲနေသောကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဖို့လိုသည်။ အဆိုပါ လိုအပ်ချက်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) တို့ပူးပေါင်း၍ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ ရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေး ကျွမ်းကျင်မှုအရည် အချင်းများမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ လူငယ်များမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်း မြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် လူငယ်ကွန်ရက်ကို ဖန်တီးပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ က မြန်မာလူငယ်များအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည်၊ မြန်မာ့အနာဂတ်အတွက် မည်သည့်အကျိုးရလဒ်ကို ဖော်ဆောင်နိုင်မည်၊ တက်ရောက်လာသည့် လူငယ်များက ဖိုရမ်အပေါ် မည်သို့ရှုမြင်သုံးသပ်ကြမည် ဆိုသည်တို့ကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းမှုများအား ကောက်နုတ်ဖော်ပြအပ်ပါသည်။ ဦးဌေးအောင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒီနေ့ ဖိုရမ်ကိုကျင်းပတဲ့ ရည်ရွယ်ချက်က ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်နိုင်ရေးကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတော်အဆင့်ကျင်းပခြင်းဖြစ်ပါတယ်။ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ မီဒီယာအတတ်ပညာ၊ သံတမန်ရေးရာနဲ့ ပြည်သူ့နီတိကျင့်စဉ်တွေကို လူငယ်တွေနဲ့မိတ်ဆက်ပေးပြီး လက်တွေ့ကျတဲ့ဖိုရမ်တစ်ခုအဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။ လူငယ်ဖိုရမ်ကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မျိုးဆက်သစ်လူငယ်မောင်မယ်တွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပတာဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေက ပွင့်လင်းမြင်သာတဲ့ အမြင်တွေနဲ့ အနာဂတ်နိုင်ငံတော်ကြီးကို ဘယ်လိုထူထောင်ကြမလဲဆိုတာကို အတွေးသစ်အမြင်သစ်တွေနဲ့ ဆွေးနွေးသွားကြမှာဖြစ်တယ်။ လူငယ်ဖိုရမ်မှာ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို အဓိကထား ဆွေးနွေးသွားကြမှာဖြစ်တယ်။ ပြီးတော့ ဖိုရမ်တက်ရောက်တဲ့ ပြည်ထောင်စုတိုင်းရင်းသား မျိုးဆက်သစ်လူငယ်တွေကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကို လေ့လာရေးခရီးပို့သွားမယ့် အစီအစဉ်လည်း ရှိပါတယ်။ ဒေါက်တာ နိုင်ဆွေဦး ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်တဲ့နေရာမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ လူငယ်တွေမှာ အတွေးအခေါ်မှန်ဖို့လိုတယ်၊ အယူအဆမှန်ဖို့လိုပါတယ်။ Mindset လည်း မှန်ကန်ဖို့ လိုပါတယ်။ ဒီကနေ့ကမ္ဘာကြီးက အပြောင်းအလဲတွေ မြန်ဆန်တယ်။ ကမ္ဘာပေါ်မှာ အစွန်းရောက်ဝါဒတွေ အများကြီး ကြုံတွေ့နေရတာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အစွန်းရောက်ဝါဒတွေ၊ နည်းလမ်းပေါင်းစုံက တိုက်ခိုက်လာမယ့်အန္တရာယ်တွေကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အားလုံးသိကြတဲ့အတိုင်း သတင်းစစ်ပွဲလိုမျိုး လူငယ်တွေရဲ့စိတ်ကို ပြောင်းလဲစေနိုင်တဲ့ သတင်းတု၊ သတင်းမှားတွေအများကြီး ကြုံတွေ့နေရတာဖြစ်ပါတယ်။ လူငယ်တွေ အားလုံးအနေနဲ့ အတွေးမှန်၊ အမြင်မှန်နဲ့ Mindset မှန်ကန်စွာနဲ့ နိုင်ငံတော်ကို အနာဂတ်မှာ ဦးဆောင်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒေသတွင်းကိုပဲကြည့်မလား၊ ကမ္ဘာကိုပဲကြည့်မလား၊ အများကြီး ပြောင်းလဲနေတာ တွေ့ရမှာဖြစ်ပါတယ်။ အနာဂတ်မှာ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ စီးပွားရေးလုပ်သည်ဖြစ်စေ ဘယ်လိုကဏ္ဍမှာမဆို လူငယ်တွေပါဝင်တဲ့အခါ ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့အနေအထားကို သိဖို့လိုပါတယ်။ ပြောင်းလဲနေတဲ့ ပထဝီမဟာဗျူဟာဆိုင်ရာကိစ္စ၊ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စတွေကို လူငယ်တွေ သိရှိထားဖို့လိုပါတယ်။ ဒီနေ့လို လူငယ်ဆိုင်ရာ ဖိုရမ်တွေကျင်းပခြင်းက လူငယ်တွေအတွက် အရေးကြီးတယ်လို့ ယူဆပါတယ်။ လူငယ်ဖိုရမ်တွေကို အရင်ကနဲ့မတူဘဲ ခမ်းခမ်းနားနား ကြီးကြီး ကျယ်ကျယ်လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ အနာဂတ်အတွက် ခေတ်ကိုတစ်ဆစ်ချိုးတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ဗဟုသုတကြွယ်ဝပြီး အတွေးသစ်အမြင်သစ်တွေနဲ့ မှန်ကန်တဲ့အတွေးတွေ ရလာမှာဖြစ်တဲ့အတွက် လူငယ်တွေအတွက် အခွင့်အလမ်းတွေအများကြီး စောင့်ကြိုနေတယ်လို့ ပြောချင်ပါတယ်။ Mr. Atul Aneja အိန္ဒိယနိုင်ငံမှ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ ဒီနေ့ ကျင်းပတဲ့ ဖိုရမ်ကမြန်မာနိုင်ငံအတွက်၊ လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ မြန်မာ့အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ၊ အခွင့်အလမ်းတွေဖန်တီးပေးတာလည်း ဖြစ်ပါတယ်။ ဒီနေ့လိုဖိုရမ်မျိုးက တစ်ခါကျင်းပပြီး ရပ်ထားလို့တော့မရဘူး။ စဉ်ဆက်မပြတ်လုပ်ဆောင်သွားပြီး ကောင်းမွန်တဲ့ရလဒ်တွေကနေတစ်ဆင့် ကောင်းမွန်တဲ့အရာတွေကို ဆက်လက်ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေကလည်း စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွပါဝင်တာကို တွေ့မြင်ရပါတယ်။ Mr. Lorenzo Maria Pacini ဆွစ်ဇာလန်နိုင်ငံ SUPDI မှ တွဲဖက်ပါမောက္ခ မြန်မာနိုင်ငံရဲ့ လူငယ်ကဏ္ဍအတွက် ဒီလိုကျင်းပပေးတာကောင်းမွန်ပါတယ်။ ဖိုရမ်မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့၊ ဆက်စပ်နေတဲ့ ပထဝီစီးပွားရေး၊ ဗဟုဝင်ရိုးကမ္ဘာစတဲ့ နိုင်ငံရေးအခန်းကဏ္ဍအပေါ် လူငယ်တွေရဲ့အမြင်တွေ၊ သူတို့ရဲ့သဘောထားတွေကို သိရှိရမှာဖြစ်တဲ့အတွက် ကျေနပ်မိပါတယ်။ အခုလိုမျိုးဖိုရမ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ မောင်ယိန်းတိန့်(ကချင်ပြည်နယ်) ကျွန်တော်တို့ ရန်ကုန်မြို့ကိုရောက်တော့ တောင်ပေါ်အလှနဲ့မတူတဲ့ မြို့ပြအလှကိုတွေ့ရတဲ့အတွက် ရင်ထဲကြည်နူးမှုဖြစ်ရပါတယ်။ အခုလိုမျိုး လူငယ်ကဏ္ဍကို မြှင့်တင်ပေးတဲ့ဖိုရမ် ဆောင်ရွက်ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဖိုရမ်ကျင်းပတဲ့အတွက် တစ်နိုင်ငံလုံးကလူငယ်တွေ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခွင့်ရတယ်။ အမြင်သဘောထားတွေ၊ သိရှိတာတွေကို ဖလှယ်ခွင့်ရတယ်။ နိုင်ငံအတွက် ဘယ်လိုရှေ့ဆက်လျှောက်မယ်၊ ဘယ်လိုဆောင်ရွက် ချင်တယ်ဆိုတဲ့ နည်းလမ်းတွေကို လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီး ဆွေးနွေးခွင့်ရတဲ့ဖိုရမ်တစ်ခုပါ။ ပြီးတော့တစ်နေရာစီနေထိုင်ကြတဲ့ တိုင်းရင်းသားလူငယ်တွေ တစ်စုတစ်စည်းတည်း စုစည်းတွေ့ဆုံခွင့် ရတာဟာဘာနဲ့မှလဲလို့မရတဲ့ ဆုလာဘ်တစ်ခုပါ။ မလုတ်နမ်(ကချင်ပြည်နယ်) ကျွန်မကကချင်ပြည်နယ်က လချိတ်လူမျိုးဖြစ်ပါတယ်။ အခုလိုအခမ်းအနားကို ပထမဆုံး တက်ရောက်ခွင့်ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ တစ်နိုင်ငံလုံးက လူငယ်အားလုံး စုစည်းတွေ့ဆုံခွင့်ရတာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဖိုရမ်ကြီးတစ်ခုဖြစ်ဖို့ ငွေအင်အား၊ လူအင်အားနဲ့ အချိန်အများကြီး ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လိုဖိုရမ်တစ်ခုဖြစ်ဖို့ စွမ်းဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ အတတ်ပညာရှင်၊ အသိပညာရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ မှာ သဘာဝဘေးအန္တရာယ်တွေ့ကြုံထားရတယ်၊ ပြီးတော့ နိုင်ငံရေးပဋိပက္ခတွေ ရှိနေသေးတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့အတွက် နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးအောင် ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေအနေနဲ့ နိုင်ငံတော်နဲ့အတူ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဒါမှသာ လှပတဲ့ နိုင်ငံတော်ကြီးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မောင်ထွန်းအာကာ(ကရင်ပြည်နယ်) မတူညီတဲ့ဒေသတွေက လူငယ်တွေတစ်နေရာတည်းမှာ စုရုံးပြီး အသိပညာတွေဖလှယ်၊ ဆွေးနွေးပြောကြားခွင့်ရတဲ့အတွက်လည်း ကြည်နူးရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကနေ အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာအမှန်ပါ။ အထူးသဖြင့် လူငယ်တွေရဲ့စည်းလုံးမှု ပူးပေါင်းအားနဲ့ နိုင်ငံအတွက်အခွင့်အလမ်းတွေ ပေါ်ထွန်းလာမယ်လို့မြင်မိပါတယ်။ အခုလို ဖိုရမ်တွေများများ ဖော်ဆောင်ပြီး လူငယ်တွေအနေနဲ့ နိုင်ငံအတွက် ဆတက်ထမ်းပိုးအကျိုးပြုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ မနန်းစန်းလှဦး(ကရင်ပြည်နယ်) နေရာဒေသ အသီးသီးက လူငယ်တွေရဲ့စွမ်းအားကို ပေါင်းစည်းနိုင်ခြင်းအားဖြင့် ဒေသတွေဖွံ့ဖြိုးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမှာအမှန်ပါ။ အခုဖိုရမ်ဟာ တိုင်းရင်းသားလူငယ်ထုအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာ မိသားစုတစ်ခုနဲ့တူပါတယ်။ မိသားစုစည်းလုံးမှ စီးပွားတိုးတက်မှုနဲ့ အေးချမ်းသာယာမှုကို ရရှိစေတာကြောင့် မိသားစုဝင်တွေနဲ့တူတဲ့ တိုင်းရင်းသားတွေလည်း တစ်ဦးနဲ့တစ်ဦး စာနာနားလည် ခွင့်လွှတ်ချစ်ကြည်မှုနဲ့အတူ လက်တွဲသွားမယ်ဆိုရင် နိုင်ငံအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှာပါ။ လူငယ်တွေရဲ့ အသိပညာကို ပေါင်းစည်းဖလှယ်ပေးနိုင်တဲ့ ဖိုရမ်ဖြစ်ပြီးတော့ တိုင်းပြည်ရဲ့အင်အားအတွက် လူငယ်တွေရဲ့အားကို ပေါင်းစုနိုင်တဲ့ဖိုရမ်လို့ မြင်မိပါတယ်။ မောင်ထက်ပိုင်(ဧရာဝတီတိုင်းဒေသကြီး) အခုဖိုရမ်ကိုတက်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီးကနေ ရန်ကုန်ကို ရောက်တဲ့အခါ ရင်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားမှုတစ်ခုကိုရရှိပြီး ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလို ခမ်းခမ်းနားနား ဖိုရမ်ကျင်းပပေးတာကို ကျွန်တော့်လိုပဲ လူငယ်တွေအားလုံးက ကျေနပ်အားရနေမှာပါ။ ဒီဖိုရမ်ကနေ ခွန်အားတွေပိုပြီး ရရှိတယ်လို့ ခံစားရပါတယ်။ မကြည်မြင့်အေး(ဧရာဝတီတိုင်းဒေသကြီး) ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ပြီးတော့ အားလုံးက ဖိုရမ်မှာသိရှိခဲ့ရတဲ့ မတူညီတဲ့အတွေးအမြင်သစ်တွေကို ကိုယ့်နေရာဒေသတွေမှာ ပြန်လည်အသုံးချမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ဖိုရမ် တစ်ခုလည်းဖြစ်ပါတယ်။ ဖိုရမ်မှာ တိုင်းရင်းသားမောင်နှမတွေရဲ့ အတွေးအမြင်၊ ပညာရှင်တွေရဲ့အမြင်တွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကိုယ်တိုင်လည်း တက်တက်ကြွကြွ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီလို လူငယ်တွေအားလုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစစအရာရာ အဆင်ပြေအောင် စီမံဆောင်ရွက်ပေးသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သတင်းအဖွဲ့

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတွင်လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်၍ စနစ်တကျပြုစုပျိုးထောင်ပေးလျက်ရှိရာ မြန်မာလူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသောကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာ ပါဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ အဆိုပါလိုအပ်ချက်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) တို့ပူးပေါင်း၍ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းများမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန်၊ လူငယ်များ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့်ဒေသဆိုင်ရာအဆင့်လုပ်ငန်း အစီအစဉ်များအတွက် တက်ကြွသည့် လူငယ်ကွန်ရက်ကို ဖန်တီးပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အရိပ်လို အပင်ပျိုးရကြောင်း၊ ရင့်မာအပွေးတက်ဖို့ အချိန်ယူရကြောင်းဆိုခဲ့ပါ နိယာမနှင့်အညီ အနာဂတ်ကို ပိုင်စိုးမည့်၊ နောင်တစ်ခေတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပြည်မှုရေးရာကိစ္စအဝဝကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်လောင်းလျာများကို ကမ္ဘာ့နိုင်ငံအသီးသီးက စနစ်တကျ ပြုစုပျိုးထောင်လျက်ရှိသည်။ မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ က မြန်မာလူငယ်များအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးများကိုပေးစွမ်းနိုင်မည်၊ မြန်မာ့အနာဂတ်အတွက် မည်သည့်အကျိုးရလဒ်ကို ဖော်ဆောင်နိုင်မည်၊ တက်ရောက်လာသည့် လူငယ်များက ဖိုရမ်အပေါ် မည်သို့ရှုမြင်သုံးသပ်ကြ မည်ဆိုသည်တို့ကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းမှုများအား ကောက်နုတ်ဖော်ပြအပ်ပါ သည်- မောင်မင်းမင်း (ကယားပြည်နယ်) အခုဖိုရမ်ဟာ ၂၁ ရာစုလူငယ်တွေရဲ့ အသိပညာကိုပေးဝေတဲ့ တွေ့ဆုံမှုဖြစ်ပြီးတော့ တိုင်းရင်းသားလူငယ်တွေရဲ့ အတွေးအခေါ်အယူအဆအားလုံးကို ဖြန့်ဝေပေးနိုင်တဲ့ ဖိုရမ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ကလူငယ်ဖိုရမ်ကို ကျင်းပပေးခြင်းဟာ လူငယ်ထုအနေနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ကို ခေါ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မနေခြည်ရွှန်းလဲ့ (ကယားပြည်နယ်) ဖိုရမ်မှာ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်မှုကနေ ကိုယ့်ဒေသနဲ့ နိုင်ငံအတွက် ခွန်အားတစ်ခုရရှိစေမယ်လို့ ယုံကြည်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုစကားအတိုင်း လူငယ်တွေအတွက် အသိပညာဗဟုသုတရရှိစေမယ့်အရာတွေကို စီမံဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံအတွက် အကျိုးရှိစေမှာပါ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေငြိမ်းချမ်းသာယာဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့လိုပွဲကနေ လူငယ်ထုရဲ့ စွမ်းဆောင်မှုနဲ့ ပြည်နယ်တိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မောင်ပေါင်ရှင်းဆုမ်(ချင်းပြည်နယ်) ပထမဆုံးတက်ရောက်ခွင့်ရတဲ့ အခုဖိုရမ်ကအင်မတန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိစေပါတယ်။ ဖိုရမ်ကနေအနာဂတ်မှာ လူငယ်တွေနိုင်ငံအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်သွား ရမယ်ဆိုတာ အတွေ့အကြုံရရှိစေတာကြောင့် အခုဖိုရမ်ဟာ အရေးပါပါတယ်။ လူငယ်တွေအတွက် ယုံကြည်မှုတိုးပွားပြီး ကြိုးစားချင်စိတ်ဖြစ်ပေါ်စေပြီးတော့ ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေကို နားလည်လာပါလိမ့်မယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူတစ်ယောက်ချင်းစီတိုင်းမှာ ယုံကြည်မှု၊ စိတ်တည်ငြိမ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်လည်းလိုပါတယ်။ မကျိန်လွန်းဒိမ်း(ချင်းပြည်နယ်) ချင်းပြည်နယ် ကိုယ်စားပြု တက်ရောက်လေ့လာခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ နိုင်ငံတော်အနေနဲ့ လူငယ်ထုရဲ့အခန်းကဏ္ဍကို အလေးပေးပြီး ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ အခွင့်အရေးတွေဖန်းတီးပေးတာကြောင့် လူငယ်တွေကို တန်ဖိုးထားတဲ့ဖိုရမ်လို့လည်း မြင်ပါတယ်။ ဖိုရမ်မှာဆွေးနွေးမှုကနေ တစ်ဦးချင်းစီရဲ့အမြင်ကို လေ့လာပေါင်းစည်းခြင်းအားဖြင့် နိုင်ငံတိုးတက်ဖို့ ဘာတွေလိုအပ်နေသေးလဲ၊ ဘယ်လိုကဏ္ဍကနေ ဖြည့်ဆည်းပေးမလဲဆိုတဲ့ အသိအမြင်ဗဟုသုတတွေ ရရှိစေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်ဆုံး ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ အခုလိုဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံတော်အတွက် လူငယ်တွေဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတာအပါအဝင် နိုင်ငံတော်အနေနဲ့ ပြန်လည်သုံးသပ်မယ်လို့ မြင်ပါတယ်။ မောင်အောင်ဆက်ပိုင်(ရန်ကုန်တိုင်းဒေသကြီး) ဒီဖိုရမ်ကနေ နိုင်ငံသားတစ်ဦးရဲ့ မျိုးချစ်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ ပြီးတော့စည်းလုံးမှုဆိုတဲ့ နက်ရှိုင်း တဲ့ဝိသေသကိုခံစားမိပြီးတော့ လူငယ်အားလုံးထဲထဲဝင်ဝင် လက်တွဲဆောင်ရွက်သွားဖို့ ခွန်အားတွေ ရရှိစေပါတယ်။ နိုင်ငံတော်အဆင့် ဖိုရမ်ကြီးကို အခုလိုအောင်မြင်စွာကျင်းပနေ တာမြင်ရတော့ လူငယ်တစ်ယောက်အနေနဲ့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ပြီးတော့ ဖိုရမ်မှာ ဝိုင်းဝန်းဆွေးနွေးမှုကနေ လူငယ်တွေအတွက် ဘာတွေလိုအပ်နေလဲ၊ ဘာလုပ်ပေးရမလဲဆိုတာ သိလာစေပါတယ်။ ဖိုရမ်ရဲ့ ဆွေးနွေးမှုကနေ အကောင်းဆုံးရလဒ်တွေရရှိပြီး အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အေးချမ်းသာယာရေးအတွက် အထောက်အပံ့ကောင်းတွေရရှိစေမှာ ဖြစ်ပါတယ်။ မအိအိမိုး (ရန်ကုန်တိုင်းဒေသကြီး) အခုကျင်းပတဲ့ လူငယ်မဟာဗျူဟာဖိုရမ်မှာ လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ပြည်ပပညာရှင်တွေရဲ့ ဆွေးနွေးဝေမျှမှုတွေကလည်း တန်ဖိုးဖြတ်လို့မရတဲ့ ဗဟုသုတတွေရရှိစေပါတယ်။ နိုင်ငံတိုင်းမှာလူငယ်ဆိုတာ တိုင်းပြည်ရဲ့ရေသောက်မြစ်တွေဖြစ်ပါတယ်။ အပင်ကြီးရှင်သန်ဖို့ ရေသောက်မြစ်တွေ ကောင်းမွန်ဖို့လိုပါတယ်။ ဒါကြောင့် အခုလိုဖိုရမ်တွေဟာ နိုင်ငံအတွက် လူကောင်းလူတော်တွေကို များစွာမွေးထုတ်ပေးနိုင်မှာ အမှန်ပါ။ ဦးဇော်ဦး(စီးပွားရေးသုတေသီ) ကမ္ဘာ့နိုင်ငံတွေမှာလည်း လူငယ်ဖိုရမ်တွေလုပ်ကြပါတယ်။ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေက လူငယ်တွေကို လက်ပြောင်းလက်လွှဲပြီးတော့ ပခုံးထမ်းတာဝန်ယူနိုင်ဖို့အတွက် အနာဂတ်မှာဖြစ်လာနိုင်တဲ့ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ပညာရပ်တွေကို လူငယ်တွေက အခုလိုပွဲတွေကနေ တွေ့ဆုံဆွေးနွေးဖလှယ်နိုင်ဖို့ ဦးစားပေးလုပ်ကြတာတွေ့ရတယ်။ အခုခေတ်မှာဆိုရင် ကမ္ဘာ့နိုင်ငံတွေကနေ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံတွေမှာဆိုရင်ရှေ့မှာ ရှိနေတဲ့နိုင်ငံတွေကို လူငယ်တွေရဲ့အားနဲ့ ဘယ်လိုအမီလှမ်းချီနိုင်မလဲဆိုတဲ့ကိစ္စတွေကို များသောအားဖြင့် ဆွေးနွေးကြတာဖြစ်တယ်၊ ဒီကနေ့ ဆွေးနွေးပွဲမှာလည်း လူငယ်တွေပိုပြီးအလေးထားသင်ယူကြရမယ့် သိပ္ပံ၊ နည်းပညာ၊ သင်္ချာ၊ အင်ဂျင်နီယာစတဲ့ အဓိကဘာသာရပ်တွေအပြင် ခုခေတ်စားလာတဲ့ ဉာဏ်ရည်တုနဲ့ပတ်သက်ပြီး ဘယ်လိုပို့ချမလဲဆိုတာရယ်၊ ဘိုးစဉ်ဘောင်ဆက်အားပေးလာတဲ့ လူငယ်တွေနဲ့ အားကစား၊ ကာယ၊ ဉာဏ၊ စာရိတ္တစတဲ့ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ ဒါတွေကလည်း အရေးကြီးတာကြောင့် ဒါတွေကိုလည်းဆွေးနွေးကြမယ်။ အိန္ဒိယ၊ ဥရောပစတဲ့ နိုင်ငံတကာက ပညာရှင်တွေ ပါဝင်ဆွေးနွေးမှာ ဖြစ်တာကြောင့် နိုင်ငံတကာမှာ လူငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်လိုရှိနေသလဲဆိုတာ တကယ်လက်တွေ့ အလုပ်လုပ်နေတဲ့ ပညာရှင်ကြီးတွေကတစ်ဆင့် သိခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒီပွဲကအင်မတန်မှ အကျိုးရှိပါတယ်။ ဦးကိုကို(ဥက္ကဋ္ဌ)မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) ဒီဖိုရမ်ကတော့ လူငယ်ဖိုရမ်ဆိုတဲ့အတိုင်း ရှေ့မှာလုပ်ခဲ့တဲ့ဖိုရမ် ထက်ထူးခြားတဲ့အချက်က လူငယ်တွေကိုယ်တိုင် ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ပညာရှင်တွေကိုယ်တိုင် ဝင်ရောက်ဦးဆောင်ကြမှာမဟုတ်ဘဲ လူငယ်တွေရဲ့ လိုအပ်တဲ့အချက်အလက်တွေ လိုချင်တာရှိသလား၊ ဘာသိချင်တာရှိလဲ၊ ဘာတွေထပ်လိုချင်သေးလဲဆိုတာကို အနီးကပ်လိုအပ်တာတွေ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ရှိတယ်။ နိုင်ငံခြားသား ပညာရှင်နှစ် ယောက်က ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးကို မြန်မာနိုင်ငံနဲ့ ဆက်စပ်တာတွေကို ဆွေးနွေးကြမှာဖြစ်တယ်။ ဖိုရမ်သုံးရက်တာကာလမှာ လူငယ်တွေပြောကြမှာဖြစ်တယ်။ လူငယ်တွေရဲ့ ရင်ထဲကခံစားချက်တွေ၊ လူငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေ၊ မိမိတိုင်းပြည်အနာဂတ်ကို ရွေ့အောင်ဘယ်လိုသွားကြမလဲဆိုတာတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်။ ထွက်ပေါ်လာတဲ့ရလဒ်တွေကို စနစ်တကျစုစည်းပြီး ဖိုရမ်နောက်ဆုံးနေ့မှာ လူငယ်ဖိုရမ်ကြေညာစာတမ်းတစ်ခု ထွက်မှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့အသံတွေကို ကိုယ်စားပြုပြီး တိုင်းပြည်အတွင်း တိုင်းပြုပြည်ပြု အကြံပေးချက်တွေနဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ပါဝင်လိုတဲ့ဆန္ဒတွေက ဖိုရမ်နောက်ဆုံးရက်မှာ ရလဒ်အဖြစ်နဲ့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးက နိုင်ငံတိုင်းအတွက် အရေးကြီးပါတယ်။ အခုဆိုရင် ပိုပြီးအရေးကြီးလာတာက ကမ္ဘာကြီးမှာပြောင်းလဲမှုတွေ အလွန်များတယ်။ သိသာတဲ့ပြောင်းလဲမှုက နည်းပညာပြောင်းလဲမှုတွေ တော်တော်လေးပြောင်းလဲလာပြီ၊ အခုဆိုရင်(AI)လာပြီ၊ ကမ္ဘာ့နိုင်ငံရေးစနစ်ကလည်း ရွေ့လျားပြောင်းလဲလာပြီ အခုတော်တော်များများပြောကြတယ်၊ ဗဟုဝင်ရိုးကမ္ဘာထဲကို ကမ္ဘာကြီးက ရောက်လာပြီ၊ ဒီပြောင်းလဲလာတဲ့ အခြေအနေနဲ့အတူ အနာဂတ်မှာ တိုင်းပြည်ကို တည်ဆောက်ဖို့က အခုဖိုရမ်ကိုတက်ရောက်နေတဲ့ လူငယ်တွေပဲဖြစ်ကြပါတယ်။ လူငယ်ဖွံ့ဖြိုးရေးက နိုင်ငံတစ်နိုင်ငံအတွက် သိပ်ကို အရေးပါပါတယ်။ ဒီဖိုရမ်က လက်ရှိအနေအထားနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ရွေးကောက်ပွဲလာမယ်၊ မြန်မာနိုင်ငံက စာမျက်နှာသစ်တစ်ခုတက်လှမ်းမယ်၊ တက်လှမ်းမယ့် စာမျက်နှာသစ်နဲ့ အတူလူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးက ဒီမှာတင်ရပ်ဖို့မဟုတ်ဘူး။ ဒီမှာတက်လာတဲ့လူငယ်တွေက လူငယ်ကွန်ရက်ဖြစ်ပြီး သူ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်ကြမှာပါ။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးက ဒီပွဲပြီးတာနဲ့ ပွဲပြီးမီးသေမဟုတ်ဘဲ စဉ်ဆက်မပြတ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တစိုက်မတ်မတ်သွားနိုင်အောင် ဆောင်ရွက်သွားပါမယ်။ Mr. Atul Aneja အိန္ဒိယနိုင်ငံမှ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ ဒီနေ့ ကျင်းပတဲ့ဖိုရမ်က မြန်မာနိုင်ငံအတွက်၊ လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ မြန်မာ့အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ၊ အခွင့်အလမ်းတွေ ဖန်တီးပေးတာလည်းဖြစ်ပါတယ်။ ဒီနေ့လို ဖိုရမ် မျိုးက တစ်ခါကျင်းပပြီး ရပ်ထားလို့တော့မရဘူး။ စဉ်ဆက်မပြတ်လုပ်ဆောင်သွားပြီး ကောင်းမွန်တဲ့ ရလဒ်တွေကနေတစ်ဆင့် ကောင်းမွန်တဲ့အရာတွေကို ဆက်လက်ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေကလည်း စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွပါဝင်တာကို တွေ့မြင်ရပါတယ်။ Mr. Lorenzo Maria Pacini ဆွစ်ဇာလန်နိုင်ငံ SUPDI မှ တွဲဖက်ပါမောက္ခ မြန်မာနိုင်ငံရဲ့ လူငယ်ကဏ္ဍအတွက် ဒီလိုကျင်းပပေးတာကောင်းမွန်ပါတယ်။ ဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့၊ ဆက်စပ်နေတဲ့ ပထဝီစီးပွားရေး၊ ဗဟုဝင်ရိုးကမ္ဘာစတဲ့ နိုင်ငံရေးအခန်းကဏ္ဍအပေါ် လူငယ်တွေရဲ့အမြင်တွေ၊ သူတို့ရဲ့သဘောထားတွေကို သိရှိရမှာဖြစ်တဲ့အတွက် ကျေနပ်မိပါတယ်။ အခုလိုမျိုး ဖိုရမ်မှာပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ သတင်းစဉ်(သတင်းအဖွဲ့)

မခင်လပြည့်ဝန်း(မန္တလေးတိုင်းဒေသကြီး)
ယနေ့ကမ္ဘာကြီးသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိပြီး ပြောင်းလဲမှုများသည် ကမ္ဘာ့နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပါအဝင် ကဏ္ဍအသီးသီးအပေါ် ရိုက်ခတ်လျက်ရှိသည်။
တည်ငြိမ်အေးချမ်းသော ကမ္ဘာကြီးအဖြစ်သို့ ပြန်လည်တည့်မတ် ရောက်ရှိနိုင်ရန် နိုင်ငံတိုင်းက နည်းလမ်းရှာဆောင်ရွက်လျက်ရှိကြရာ အနာဂတ်ကိုပိုင်စိုးမည့် လူငယ်ထု၏ အခန်းကဏ္ဍ၊ လူငယ်တို့၏ စွမ်းပကားကို သတိမူမိလာကြပြီး လူငယ်များကို စနစ်တကျပျိုးထောင်၍ လူငယ်တို့၏ အခန်းကဏ္ဍကို အလေးထားဖော်ဆောင်လာကြသည်။ မြန်မာနိုင်ငံသည်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ လူငယ်တို့၏ အတွေးသစ်အမြင်သစ်၊ တီထွင်ဆန်းသစ်လိုစိတ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လှမ်းချီနိုင်ရန် လူငယ်ဖိုရမ်များကို ကျင်းပပေးလျက်ရှိသည်။
ယနေ့တွင် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပလျက်ရှိရာ တက်ရောက်လာကြသော တာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်-
မရွှေဇင်ပြည့်ဖြိုး (ရခိုင်ပြည်နယ်)
ကျွန်မက အခုဖိုရမ်ကို ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်တာဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ဖိုရမ်ဟာ တိုင်းရင်းသားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ပေါ်စေပြီး စည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေတယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီဖိုရမ်က နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိအောင် အထောက်အပံ့ဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့လူငယ်တွေဟာ ဖိုရမ်ကရရှိလာတဲ့ အတွေးအမြင်တွေ၊ အသိပညာတွေကို လက်တွေ့အသုံးချပြီးတော့ ကိုယ့်ဒေသကောင်းကျိုး၊ ကိုယ့်နိုင်ငံကောင်းကျိုးကို ဖော်ဆောင်သွားနိုင်မယ်။ ဒီလိုမျိုးလူငယ်တစ်ဦးဖြစ်စေဖို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်။
မောင်သန့်ဖြူစင် (ရှမ်းပြည်နယ်)
ဒီဖိုရမ်က ကျွန်တော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍကိုတစ်ဆင့် မြှင့်တင်ပေးတယ်လို့ ထင်မြင်ပါတယ်။ ပြီးတော့ ပြည်ပပညာရှင်တွေက အသိပညာဗဟုသုတတွေမျှဝေပေးပါတယ်။ မျှဝေပေးတဲ့ အသိပညာတွေက ကျွန်တော်တို့လူငယ်တွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး တွေးခေါ်မြော်မြင်လုပ်ဆောင်နိုင်အောင် အဓိကထားတာကို တွေ့ရပါတယ်။ ဒီလိုနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် အတွေးအမြင်သစ်တွေရရှိအောင် ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဖိုရမ်တက်ရောက်တဲ့အခါမှာ အစစအရာရာ အဆင်ပြေချောမွေ့အောင်၊ အခက်အခဲမရှိအောင် ဝိုင်းဝန်းစီမံပေးထားတဲ့အပေါ်မှာလည်း အင်မတန်ကျေးဇူးတင်ဝမ်းသာပီတိဖြစ်ရပါတယ်။
မခင်လပြည့်ဝန်း (မန္တလေးတိုင်းဒေသကြီး)
ဖိုရမ်မှာ ဒေသအစုံက တိုင်းရင်းသား လူငယ်တွေကို တွေ့မြင်ရတော့ ရင်ထဲမှာ ငါတို့ မြန်မာနိုင်ငံဟာ ချစ်စရာကောင်းတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်း ထားပါလားလို့ အရင်ဆုံးခံစားရပါတယ်။ ပြီးတော့ လူငယ်တွေအတူ တူလက်တွဲပူးပေါင်းဆွေးနွေးမှုကနေ ချစ်ကြည်ရင်းနှီးမှုရရှိစေပါတယ်။ အားလုံးက ဖိုရမ်ရောက်မှ တွေ့ဆုံကြတာဖြစ်ပေမယ့် ချစ်ခင်ကြင်နာကြတယ်။ ဖိုရမ်ရဲ့ဆွေးနွေးမှုတွေကနေ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာ၊ ပထဝီနိုင်ငံရေးနဲ့ ဗဟုဝင်ရိုးမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်သွားရမယ်ဆိုတဲ့ အတွေးသစ်၊ အမြင်သစ်တွေကိုလည်း ရရှိစေပါတယ်။ ဒီဖိုရမ်ကနေတစ်ဆင့်လူငယ်တွေ သိရှိတဲ့အသိပညာတွေကို ဒီနေရာမှာတင် ရပ်တန့်မနေဘဲ လူငယ်တိုင်းဆီရောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ ခံစားမိပါတယ်။ လူငယ်တွေရဲ့အားနဲ့ နိုင်ငံအတွက် လိုအပ်နေတဲ့ နေရာတွေမှာ ပါဝင်နိုင်ကြဖို့ လက်ဆင့်ကမ်းအသိပေးတဲ့ ဖိုရမ်တစ်ခုပါ။
ကိုကောင်းမြတ်သူ (မွန်ပြည်နယ်)
နိုင်ငံကို ငြိမ်းချမ်းဖို့၊ သာယာဖို့၊ တည်ငြိမ်ဖို့ ဖန်တီးနိုင်မယ့် အတွေးအမြင်တွေ ပါဝင်ဆွေးနွေးနိုင်ဖို့ တက်ရောက်ခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်က လူငယ်ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ မတူကွဲပြားတဲ့အမြင်တွေကို ဖလှယ်ခွင့်၊ သိရှိနားလည်ခွင့်ရတယ်။ အနာဂတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန်အောင် လက်တွဲလုပ်ဆောင်ဖို့ ဗဟုသုတတွေရရှိလာတယ်။ နိုင်ငံတော်အနေနဲ့ လူငယ်တွေကိုအားထားပြီး ဒီလိုဖိုရမ်တွေ ဆောင်ရွက်ပေးတဲ့အတွက် ကောင်းမွန်ပါတယ်။ လူငယ်တွေရဲ့ စွမ်းရည်နဲ့အားကို အလေးအနက်ထားတယ်၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတယ်လို့ နားလည်သဘောပေါက်မိပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို မြှင့်တင်ပေးတာဖြစ်ပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဒီလိုဖိုရမ်တွေက ပျိုးထောင်ပေးနိုင်ပါတယ်။ ဒီဖိုရမ်က ရရှိလာတဲ့ အတွေးအမြင်တွေနဲ့ ကောင်းမြတ်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးဌေးလင်း တွဲဖက်သဘာပတိ၊ မြန်မာ့အနာဂတ်မျက်နှာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅
တက်ရောက်လာတဲ့ လူငယ်အဖွဲ့ကို အဖွဲ့ငါးဖွဲ့ခွဲပြီး တစ်ဖွဲ့စီမှာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က သဘာပတိတစ်ယောက်၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက တွဲဖက်သဘာပတိတစ်ယောက်ပါဝင်ပြီး လူငယ်တွေ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေးတယ်။ ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ မတွေးမိတဲ့ ရှုထောင့်တွေ၊ သဘောတရားတွေကို လူငယ်တွေဆီက လေ့လာခွင့်ရတယ်။ ပြည်ပပညာရှင်တွေက ပထဝီနိုင်ငံရေး၊ စီးပွားရေးစတဲ့ အကြောင်းအရာတွေ ဟောပြောဆွေးနွေးချက်ပေါ်မှာ မူတည်ပြီး လူငယ်တွေက သူတို့ရဲ့မတူညီတဲ့ ဒေသအသီးသီးက အခြေအနေပေါ်မှာ ရှုမြင်ပေါင်းစပ်ပြီး ဘယ်လိုကုစားမလဲဆိုတဲ့ တွေးခေါ်နိုင်စွမ်းတွေ ရလာတယ်။ မြန်မာနိုင်ငံတစ်ဝန်းက လာရောက်ကြတာဖြစ်တဲ့အတွက် ဒီဖိုရမ်ကနေ မိတ်ဆွေတွေဖြစ်ပြီး ပေါင်းစည်းလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေရလာမယ်၊ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပတော့မယ်၊ နိုင်ငံအတွက် အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာမယ်၊ ဒီဖိုရမ်ကထွက်ပေါ်လာမယ့် နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့က လူငယ်တွေရဲ့အတွေးအခေါ် အကြံ ဉာဏ်တွေက အထောက်အပံ့ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့
ဓာတ်ပုံ - ကျော်သီဟ

ဆလိုင်းဆိုင်မွန်လင်း (ရခိုင်ပြည်နယ်)
ယနေ့ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းသောကမ္ဘာကြီးအဖြစ် ပြန်လည်တည့်မတ်ရောက်ရှိနိုင်ရန် နိုင်ငံတိုင်းက နည်းလမ်းရှာဆောင်ရွက်လျက်ရှိကြရာ အနာဂတ်ကိုပိုင်စိုးမည့် လူငယ်ထု၏အခန်းကဏ္ဍ၊ လူငယ်တို့၏ စွမ်းပကားကို သတိမူမိလာကြပြီး လူငယ်များကို စနစ်တကျပျိုးထောင်၍ လူငယ်အခန်းကဏ္ဍကို အလေးထားဖော်ဆောင်လာကြသည်။
မြန်မာနိုင်ငံသည်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ လူငယ်တို့၏ အတွေးသစ်အမြင်သစ်၊ တီထွင်ဆန်းသစ်လိုစိတ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့လှမ်းချီနိုင်ရန် လူငယ်ဖိုရမ်များကို ကျင်းပပေးလျက်ရှိရာ ယနေ့တွင် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် (၂၀၂၅) ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပလျက်ရှိပြီး တက်ရောက်လာကြသော တာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်-
မစုယွန်းရွှေရည်(ရှမ်းပြည်နယ်)
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက လူငယ်တွေအားလုံးဟာ တစ်နေရာတည်းမှာ စုစည်းခွင့်ရတယ်။ ဒီလိုစုစည်းခွင့်ရတဲ့ အချိန်မှာအားလုံးအတွက် အသိပညာဗဟုသုတတွေ၊ အတွေ့အကြုံတွေ အများကြီးရအောင် စီမံပေးထားတာ တွေ့ရပါတယ်။ လူငယ် တစ်ယောက်အနေနဲ့ တိုင်းရင်းသားသူငယ်ချင်း၊ မောင်နှမအားလုံးနဲ့ တွေ့ဆုံခင်မင်ခွင့်ရတာ၊ အသိပညာတွေဖလှယ်ခွင့်ရတာ၊ ပြည်ပပညာရှင်တွေရဲ့ မျှဝေမှုတွေ နားထောင်ရတွေက တန်ဖိုးရှိတဲ့ အတွေ့အကြုံပါ။ နောက်ထပ်ဒီလိုဖိုရမ်မျိုးတွေကို ထပ်မံပြုလုပ်ပေးစေချင်ပါတယ်။ ဖိုရမ်မှာ လူငယ်အားလုံးက တက်တက်ကြွကြွပါဝင်ကြပါတယ်။ အစီအစဉ်အားလုံးကို စေ့စေ့စပ်စပ်စီစဉ်ပေးထားတာမို့ တာဝန်ရှိသူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။ ဖိုရမ်မှာဆွေးနွေးတာတွေ လူငယ်တွေအသိပညာတွေရှိဖို့ အဓိကထားပါတယ်။ မှန်ကန်တဲ့ အသိပညာရှိမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်၊ စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ်ဆိုတဲ့ အသိပညာတွေ ရရှိပါတယ်။
မောင်လွှမ်းနိုင်အောင် (မန္တလေးတိုင်းဒေသကြီး)
ဒီဖိုရမ်ကို ရောက်တဲ့အချိန်မှာ အားလုံးတွေ့ဆုံခွင့်ရတဲ့ ခံစားချက်က အင်မတန်အားရကျေနပ်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ ကိုယ်တိုင်လူငယ်တွေနဲ့ လက်တွေ့ကျကျ အတူတကွပါဝင်ဆွေးနွေးကြတာကြောင့် ကျွန်တော်တို့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့၊ တန်ဖိုးဖြတ်လို့မရတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ အခုလို ဖိုရမ်မျိုးနှစ်စဉ်ဆောင်ရွက်ပေးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက လူငယ်တွေဟာ အမြဲတွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်ရမှာ ဖြစ်သလိုယုံကြည်နားလည် မှုတွေလည်းတိုးလာမှာဖြစ်ပါတယ်။
မသံယောဇဉ်မိုး (မွန်ပြည်နယ်)
ဒီဖိုရမ်တက်ဖို့ MCC ကို ရောက်လာတာနဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေက တိုင်းရင်းသားမောင်နှမတွေရဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြင်တွေ့ခွင့်ရတယ်။ ဒီလိုလူငယ်ဖိုရမ်က လူငယ်တွေကို အခွင့်အလမ်းပေးတယ်။ လက်တွဲခေါ်တယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် လူငယ်တွေရဲ့ အသံကို နားထောင်တယ်။ နေရာပေးတယ်လို့ မြင်ပါတယ်။ ဒေသအသီးသီးကလာကြတယ်။ အတွေးအခေါ်တွေ မတူကြဘူး။ အသိပညာတွေ ဖလှယ်ခွင့်ရတယ်။ ကျွန်မတို့ ပြည်နယ်ကိုပြန်တဲ့အခါ ရရှိလာတဲ့ အတွေးအမြင်တွေကို မျှဝေပေးခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းတွေကို သိမြင်နားလည်နိုင်လာတယ်။ ဒီလိုနိုင်ငံတော်အဆင့်ဖိုရမ်မှာ လူငယ်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဆလိုင်းဆိုင်မွန်လင်း (ရခိုင်ပြည်နယ်)
ဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေလာရောက်ကြတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ အတွေးအမြင်တွေကိုကြားသိရတယ်။ အတွေးအမြင်တွေ ဖလှယ်ခွင့်ရရှိတဲ့အတွက် နိုင်ငံအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ဖန်တီးဖို့ အခွင့်အရေးရလာပြီလို့ ပြောရမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းကလူငယ်တွေ တွေ့ဆုံနေကြပြီ။ အပြန်အလှန်ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် အခုကျင်းပတဲ့ဖိုရမ်က နိုင်ငံအတွက် အရေးပါတဲ့ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းဖို့လိုပါတယ်။ ငြိမ်းချမ်းဖို့ဆိုရင် စည်းလုံးညီညွတ်မှုရှိဖို့လိုတယ်။ နိုင်ငံမငြိမ်းချမ်းရင် တိုင်းပြည် မတိုးတက်နိုင်ပါဘူး။ အခုဖိုရမ်ကနေ လူငယ်တွေရဲ့ မဟာဗျူဟာကျကျ အတွေးအမြင်တွေရရှိမယ်လို့ မျှော်လင့်ပါတယ်။
ဦးဇော်လွင်ဦး ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီ
ဖိုရမ်ကို တိုင်းပြည်နဲ့လူမျိုးအတွက် လူငယ်တွေတိုးတက်ဖို့ ပြုစုပျိုးထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။ လူငယ်တွေဆိုတာ အရာရာကို တတ်သိချင်စိတ်၊ စူးစမ်းလေ့လာလိုစိတ်တွေရှိပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့တာ၊ လေ့လာသိရှိတာတွေကို မှတ်သားအတုယူတတ်ကြပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ ဗဟုသုတတွေကို ဖန်တီးပေးရမှာက ကျွန်တော်တို့လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဖိုရမ်မှာ လာရောက်ဆွေးနွေးကြတဲ့ ပြည်ပပညာရှင်တွေက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတွေကို လေ့လာသုတေသနပြုချက်တွေနဲ့ လူငယ်တွေမသိမမြင်နိုင်တဲ့ အချက်တွေကို ဆွေးနွေးချပြတာဖြစ်တဲ့အတွက် ဗဟုသုတတွေရမယ်။ ဟောပြောဆွေးနွေးပြီးတဲ့အခါ လူငယ်တွေက သိချင်တဲ့ မေးခွန်းတွေမေးကြတာကို တွေ့ရတယ်။ တိုးတက်လိုစိတ်၊ သိလိုစိတ်တွေနဲ့ စိတ်ဝင်စားကြတာကို တွေ့ရတယ်။ လူငယ်တွေအတွက်၊ နိုင်ငံအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ ဒီဖိုရမ်က လက်တွေ့ပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေရော၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့ လူငယ်တွေရော သိရှိနားလည်ခွင့်ရအောင် တယ်လီဂရမ်ကနေ တိုက်ရိုက် Live ထုတ်လွှင့်ပေးနေပါတယ်။ လေ့လာနိုင်ရင် အတော်အကျိုးရှိပါတယ်။ ကျွန်တော်တို့လေ့လာရမှာ တွေရှိသလို လူငယ်တွေလည်း သိနားလည်သင့်တဲ့အကြောင်း အရာတွေဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပြန်လည်ရောက်ရှိတဲ့အခါ အသိပညာတွေကို ပြန်လည်မျှဝေပေးကြမှာပါ။ ဖိုရမ်ကရရှိလာတဲ့ အတွေးအမြင်တွေကို လက်ဆင့်ကမ်းမျှဝေကြမှာကြောင့် တစ်နိုင်ငံလုံးအတွက် အကျိုးရှိတယ်၊ မှန်ကန်တဲ့ပထဝီနိုင်ငံရေး၊ စီးပွားရေးတွေကို သိရှိနားလည်မှ ရေရှည်ရပ်တည်နိုင်ပြီး အမှားအယွင်းအနည်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကို အချိန်တိုအတွင်း လျှောက်လှမ်းနိုင်မှာဖြစ်လို့ နိုင်ငံအတွက်အရေးကြီးသလို လူငယ်တွေအတွက်လည်း အရေးကြီးပါတယ်။ နိုင်ငံကောင်းဖို့အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေတဲ့ အချိန်မှာ လူငယ်တွေက သူတို့ ရင်ထဲက ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ဒီဖိုရမ်မှာ ပါဝင်ဆွေးနွေးကြတယ်၊ ရလာတဲ့ ဆွေးနွေးအကြံပြုချက်တွေကို ကြေညာစာတမ်း ထွက်လာမှာဖြစ်တာကြောင့် ရေရှည်အောင်မြင်ဖို့အတွက် အင်မတန်အကျိုးရှိတဲ့ ဖိုရမ်ဖြစ်ပါတယ်။
သတင်းစဉ် (သတင်းအဖွဲ့)
MOI

မောင်တိုးတက်ဝေယံ (မကွေးတိုင်းဒေသကြီး)
လူငယ်များသည် သိလွယ်မြင်လွယ်တတ်မြောက်လွယ်ပြီး စူးစမ်းလိုစိတ်၊ တီထွင်ဆန်းသစ်လိုစိတ်ရှိသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ်၊ မိမိလူမျိုးကို အောင်မြင်ကြီးပွားလိုစိတ်၊ မျိုးချစ်စိတ်တို့ကိန်းအောင်း သန္ဓေတည်လျက်ရှိကြသည်။
အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် လူငယ်များသည် အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်ဝမှသာ နိုင်ငံ၏ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်သည် အချိန်တိုအတွင်း ထိရောက်အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဖိုရမ်၌ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူငယ်များ၏ ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းရိုးသားမှု၊ ရိုင်းပင်းကူညီတတ်မှုနှင့် ထူးခြားဆန်းသစ်သည့် အတွေးအမြင်တို့ကို ပေါင်းစည်းခွင့်၊ နားလည်သိမြင်ခွင့်ရရှိခဲ့ပြီး ဖိုရမ်နောက်ဆုံးနေ့တွင် အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ်များ၏ အတွေးအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။
မောင်ပြည့်ဖြိုးကျော်
(တနင်္သာရီတိုင်းဒေသကြီး)
အခုဖိုရမ်က နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာမှာ လူငယ်တွေက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမလဲဆိုတဲ့ အတွေးအမြင်ကို ရရှိစေပါတယ်။ နိုင်ငံအတွက် ဆိုရင် လူငယ်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒေသဖွံ့ဖြိုးဖို့ဆိုရင် လူငယ်ထုရဲ့ စွမ်းရည်ပြည့်ဝဖို့၊ စွမ်းပကားကြီးမားနေဖို့လိုပါတယ်။ အခုလိုဖိုရမ်ကရရှိတဲ့ အတွေးအမြင်တွေကို လက်ဆင့်ကမ်းဖြန့်ဝေပေးသွားမှာဖြစ်ပြီး ဖိုရမ်ရဲ့ရည်မှန်းချက်ကို ဖော်ဆောင်ရာရောက်အောင် လူငယ်ထုရဲ့စွမ်းအား ပိုမို မြင့်မားတိုးတက်လာအောင် စွမ်းဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
မောင်တိုးတက်ဝေယံ
(မကွေးတိုင်းဒေသကြီး)
ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးမှာမတွေ့ရတဲ့ အသစ်အဆန်းတွေကို တွေ့မြင်ရတဲ့အတွက် အံ့ဩဝမ်းသာမိပါတယ်။ ဖိုရမ်မှာ ကျွန်တော်တို့လိုလူငယ်တွေ ဆုံတွေ့ရတာ ဝမ်းသာကြည်နူးစရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးဆိုင်ရာအပြင် ဗဟုဝင်ရိုးကမ္ဘာကြီးမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုလှမ်းချီနိုင်မလဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးအခေါ်အမြင်သစ်တွေလည်း ရရှိစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအကြောင်းအရာတွေကို သိရှိထားအောင်၊ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးကို နားလည်လာအောင် အခုလူငယ်ဖိုရမ်က အထောက်အပံ့တွေရစေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမယ့် အရည်အသွေးရှိတဲ့ လူငယ်များစွာကို ဒီဖိုရမ်ကမွေးထုတ်ပေးနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
မလွင်လွင်မောင်
(စစ်ကိုင်းတိုင်းဒေသကြီး)
ဖိုရမ်ကို ပထမဆုံးတက်ရောက်တာဖြစ်ပါတယ်။ ရန်ကုန်ကိုရောက်တော့ မြို့ပြဖွံ့ဖြိုးမှုအငွေ့အသက်တွေက စိတ်လှုပ်ရှားမှုကို ခံစားရပါတယ်။ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေနဲ့ ဒီလို တွေ့ဆုံခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ နိုင်ငံတကာက ပညာရှင်တွေ ရဲ့ ဆွေးနွေးပို့ချမှုတွေက လူငယ်တွေ ဗဟုသုတရပြီး နိုင်ငံရဲ့လိုအပ်ချက်တွေသိခွင့်ရပါတယ်။ ဘယ်နေရာကနေ ပါဝင်ဆောင်ရွက်ရမယ် ဆိုတဲ့ အသိအမြင်လည်းရရှိစေပါတယ်။ ဖိုရမ်မှာဆွေးနွေးတဲ့ လူငယ် တွေရဲ့စကားသံကို လူကြီးတွေထံ တင်ပြခွင့်လည်း ရချင်ပါတယ်။ တိုင်း ဒေသကြီးကိုယ်စားပြုတက်ရောက် ရတဲ့အတွက် ဂုဏ်ယူပါတယ်။
မနေဇင်ဦး
(နေပြည်တော်ကောင်စီနယ်မြေ)
ပြည်ပပညာရှင်တွေရဲ့ ဟောပြောဆွေးနွေးမှုကနေ ပညာဗဟုသုတတွေများစွာရရှိခဲ့ပါတယ်။ ဖိုရမ်နှစ်ရက်တာအတွင်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ မသိသေးတဲ့အကြောင်းအရာနဲ့ အချက်အလက်တွေကို ထဲထဲဝင်ဝင် သိရှိခွင့်ရခဲ့တာကြောင့် အကျိုးရှိတဲ့ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံအတွက် အခုထက်ပိုမိုကြိုးစားအားထုတ်ရမယ်ဆိုတဲ့ အသိအမြင်တွေကိုလည်း ရရှိစေပါတယ်။
ဦးမျိုးမြင့်အောင်
(ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး)
အခုဖိုရမ်ကို တက်ရောက်လာကြတဲ့ လူငယ်တွေအနေနဲ့ အသေးစား၊ အလတ်စား MSME လုပ်ငန်းတွေကို သိရှိနိုင်ဖို့ စာအုပ်/စာပေ အပါအဝင် အမျိုးအစားပေါင်းစုံတဲ့ ဆိုင်ခန်းပေါင်း ၃၀ ကျော်ကို ပြသထားပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားက MSME လုပ်ငန်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေ ဈေးကွက်ရရှိဖို့ အဓိကဖြစ်တာကြောင့် ဈေးရောင်းပွဲသာမကပဲ အက်ပလီကေးရှင်းတွေအသုံးပြုပြီး ဆောင်ရွက်နေတာလည်းရှိပါတယ်။ ပွင့်လင်းရာသီ ရောက်လာရင် ပြည်သူ့ရင်ပြင်မှာ လစဉ် Talk show တွေ၊ ဈေးရောင်း ပွဲတော်တွေကျင်းပပြီး MSME ချေးငွေအတွက် ဘဏ်တွေနဲ့ချိတ် ဆက်လို့ရအောင် စီစဉ်ပေးတာတွေလည်း ရှိပါတယ်။
လူငယ်တွေကို အသေးစားကနေ အကြီးစားစက်မှုလုပ်ငန်းကိုသွားတဲ့ လုပ်ငန်းစဉ်တွေကို သိရှိနိုင်အောင်နဲ့ ရန်ကုန်မြို့ရဲ့ အမှတ်တရလက်ဆောင်တွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်အောင်စီစဉ် ပေးထားတာလည်းဖြစ်ပါတယ်။ ဖိုရမ်ကိုတက်ရောက်လာကြတဲ့ လူငယ်တွေဟာ စည်းကမ်းတကျနဲ့ တက်တက်ကြွကြွ လှုပ်ရှားမှုကိုတွေ့ရပြီး သုံးရက်တာကာလမှာလည်း သူတို့သိချင်တဲ့မေးခွန်းတွေကို ပညာရှင်တွေထံ အားပါးတရမေးမြန်းတာတွေတွေ့ရတာက အားရစရာပါ။ အခုလို ဖိုရမ်မျိုးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နှစ်ကိုတစ်ကြိမ် ဆောင်ရွက်ပေးနိုင်ရင် လူငယ်တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။
တွေ့ဆုံမေးမြန်း - သတင်းစဉ်

မောင်နဒီရှိုင်း
လူငယ်ထု၏စွမ်းပကားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်သစ်ဆီသို့ လှမ်းချီနိုင်ရေးအတွက် တိုင်းရင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရေး ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်၏စေတနာပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်ထု၏ ကိုယ်ရည်ကိုယ်သွေး၊ ခေါင်းဆောင်မှု၊ စွန့်ဦးတီထွင်လိုစိတ်တို့ကို နိုင်ငံတော်က အလေးထားဖော်ထုတ်မှုတစ်ခုအဖြစ် လူငယ်ဖိုရမ်များကို ကျင်းပပေးလျက်ရှိရာ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဖိုရမ်၌ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားလူငယ်များ၏ ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းရိုးသားမှု၊ ရိုင်းပင်းကူညီတတ်မှုနှင့် ထူးခြားဆန်းသစ်သည့် အတွေးအမြင်တို့ကို ပေါင်းစည်းခွင့်၊ နားလည်သိမြင်ခွင့်ရရှိခဲ့ပြီး ဖိုရမ်နောက်ဆုံးနေ့တွင် အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများ၊ တိုင်းရင်းသား လူငယ်များ၏ အတွေးအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။
မပြည့်ပြည့်နိုင်
(တနင်္သာရီတိုင်းဒေသကြီး)
ဖိုရမ်ကိုကျင်းပတဲ့ ရည်ရွယ် ချက်က အင်မတန်ကောင်းမွန်ပါ တယ်။ ကမ္ဘာ့စီးပွားရေးအမြင်၊ ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာကြီးမှာ ပြောင်းလဲနေတဲ့ နိုင်ငံရေးအကြောင်းတွေကို သိမြင်စေဖို့ ကျင်းပခြင်းဖြစ်တာကြောင့် လူငယ်တစ်ဦးအနေနဲ့ အသိပညာ၊ ဗဟုသုတတွေ ရရှိစေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထဝီ စီးပွားရေးအပါအဝင် နိုင်ငံရေးအခြေအနေကို ပညာရှင်တွေက ဆွေးနွေးတာဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ နိုင်ငံမှာဘာတွေလိုအပ်သလဲ၊ ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတဲ့ အတွေး အမြင်တွေကို ရရှိစေပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းရှိတဲ့အတွက် ဒေသဖွံ့ဖြိုးမှုကနေ နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ ရောင်ခြည်သန်းနေပြီလို့ ပြောလို့ရပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ ဖိုရမ်ကရရှိတဲ့ အတွေးအမြင်တွေကို ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။
မောင်နဒီရှိုင်း
(စစ်ကိုင်းတိုင်းဒေသကြီး)
ဒေသပေါင်းစုံက ညီအစ်ကို မောင်နှမတွေအားလုံး တွေ့ဆုံခွင့်ရတဲ့အတွက် စိတ်ကြည်နူးစရာ ကောင်းပါတယ်။ ဒေသတစ်ခုနဲ့ တစ်ခု ချစ်ကြည်ရင်းနှီးမှု၊ နွေးထွေး မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လည်း ရရှိစေပါတယ်။ ဖိုရမ်ကနေ လူငယ်တွေအနေနဲ့ ပထဝီစီးပွားရေးဆိုင်ရာတွေမှာ ရှုမြင်သုံးသပ် နိုင်ပြီး နိုင်ငံကိုအကျိုးပြုနိုင်မှာပါ။ စစ်ကိုင်းတိုင်းဒေသကြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နည်းပညာနဲ့ပေါင်းစပ်ပြီး ထုတ်လုပ်မှု၊ ခရီးသွားကဏ္ဍနဲ့ အခြားသော စီးပွားရေးလုပ်ငန်းကဏ္ဍတွေတိုးတက်အောင် လူငယ်တွေအနေနဲ့ တစ်ထောင့် တစ်နေရာက ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်ကြယ်ပွင့် တွေဖြစ်တဲ့အတွက် လူငယ်ကောင်းရင်နိုင်ငံကောင်းပါတယ်။ လူငယ်တွေ အရည်အသွေးမြင့်ရင်မြင့်သလို တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း မြင့်မားတိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်မယ့် ဖိုရမ်တစ်ခုဖြစ်ပါတယ်။
မသန့်သီရိဦး
(မကွေးတိုင်းဒေသကြီး)
လူငယ်တွေအနေနဲ့ နိုင်ငံ တိုးတက်ဖို့အတွက် အရေးပါတဲ့ ကဏ္ဍမှာတည်ရှိနေတယ်ဆိုတာ သိပေမယ့် အခုလို ဖိုရမ်ကို တက်ရောက်ခွင့်ရတဲ့အတွက် ဘယ်လိုလက်တွေ့ကျကျ အသုံးချ ပြီး အတွေးအခေါ်တွေကို ထုတ်ဖော်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုရပါတယ်။ ဒေသအသီးသီးက လူငယ်တွေရဲ့ စကားသံတွေ၊ ခံစားမှုတွေ၊ မြေပြင်အခြေအနေတွေကို သိရပြီး မိတ်ဆွေအသစ် တွေ ရရှိစေတဲ့ ဖိုရမ်တစ်ခုလည်း ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးက မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဖြစ်ပြီး ရေနံထွက်တဲ့ဒေသလည်းဖြစ်ပါတယ်။ လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ တီထွင်ကြံဆမှုတွေကို ဖော်ဆောင်ပေးတဲ့ လူငယ်ဖိုရမ်က နေ မိမိဒေသဖွံ့ဖြိုးဖို့၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်ဖို့ ခွန်အားသစ်တွေလည်း ရရှိစေပါတယ်။ မြေပြင်က ပကတိလိုအပ် ချက်ကို သိရှိနိုင်တဲ့အပြင် နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်လို ဖြည့်ဆည်းဆောင်ရွက်ပေးရမလဲဆိုတဲ့ အတွေးအမြင်တွေကို ရရှိ စေပါတယ်။
မောင်အောင်ခန့်ညီ
(နေပြည်တော်ကောင်စီနယ်မြေ)
အရင်က ကျွန်တော် ပူးပေါင်း ဆောင်ရွက်မှုမှာ အားနည်းခဲ့ပါ တယ်။ ဖိုရမ်နှစ်ရက်တာကာလ အတွင်း တိုင်းရင်းသား မောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရပြီး ကိုယ်တိုင် ပါဝင်ဆွေးနွေးမှုကနေပြောရဲဆိုရဲ နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာတယ်။ ဒီလိုကိုယ်ရည် ကိုယ်သွေးတွေက လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ အထောက်အကူပြုစေမှာဖြစ်သလို ဘယ်အရာကမှန်ပြီး ဘယ်အရာကမှားတယ်ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအမြင်ကိုလည်း ရရှိစေပါတယ်။ ဖိုရမ်မှာ ဆွေးနွေးမှုတွေကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ နိုင်ငံတော်အဆင့်ကျင်းပပေးတဲ့ အခုလိုဖိုရမ်တွေကို လူငယ်ထုတစ်ရပ်လုံး တက်ရောက်လေ့လာ ဆွေးနွေးသင့်ပါတယ်။ လူငယ်တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်စေပြီးနိုင်ငံနဲ့ လူမျိုးအတွက် အကျိုးကျေးဇူးများစွာရရှိစေတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။
ဦးမျိုးမြင့်အောင် (ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး)
အခုဖိုရမ်ကို တက်ရောက်လာကြတဲ့ လူငယ်တွေအနေနဲ့ အသေးစား၊ အလတ်စား MSME လုပ်ငန်းတွေကို သိရှိနိုင်ဖို့ စာအုပ်/စာပေအပါအဝင် အမျိုးအစားပေါင်းစုံတဲ့ ဆိုင်ခန်းပေါင်း ၃၀ ကျော်ကို ပြသထားပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားက MSME လုပ်ငန်းဖြစ်ပါတယ်။
MSME လုပ်ငန်းတွေ ဈေးကွက်ရရှိဖို့ အဓိကဖြစ်တာကြောင့် ဈေးရောင်းပွဲသာမက အက်ပလီကေးရှင်းတွေပါ အသုံးပြုပြီးဆောင်ရွက်နေတာလည်း ရှိပါတယ်။ ပွင့်လင်းရာသီ ရောက်လာရင် ပြည်သူ့ရင်ပြင်မှာလစဉ် Talk show တွေ၊ ဈေးရောင်းပွဲတော်တွေကျင်းပပြီး MSME ချေးငွေအတွက်ဘဏ်တွေနဲ့ ချိတ်ဆက်လို့ရအောင် စီစဉ်ပေးတာတွေလည်းရှိပါတယ်။
လူငယ်တွေကို အသေးစားကနေ အကြီးစားစက်မှုလုပ်ငန်းကိုသွားတဲ့ လုပ်ငန်းစဉ်တွေကို သိရှိနိုင်အောင်နဲ့ ရန်ကုန်မြို့ရဲ့ အမှတ်တရလက်ဆောင်တွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတာလည်း ဖြစ်ပါတယ်။ ဖိုရမ်ကို တက်ရောက်လာကြတဲ့ လူငယ်တွေဟာ စည်းကမ်းတကျနဲ့ တက်တက်ကြွကြွလှုပ်ရှားမှုကိုတွေ့ရပြီး သုံးရက်တာ ကာလမှာလည်း သူတို့သိချင်တဲ့ မေးခွန်းတွေကို ပညာရှင်တွေထံ အားပါးတရမေးမြန်းတာတွေ တွေ့ရတာကအားရစရာပါ။ အခုလို ဖိုရမ်မျိုးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နှစ်ကိုတစ်ကြိမ် ဆောင်ရွက်ပေးနိုင်ရင် လူငယ်တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။

အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအပါအဝင် နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍစုံတွင် လူငယ်များ၏ သဘောထား၊ ဆန္ဒများဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးကို အလေးထားဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လူငယ်များ၏ သဘောထား၊ ဆန္ဒများစွာထင်ဟပ်စေမည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို နေပြည်တော်၌ သုံးရက်တာကျင်းပလျက်ရှိရာနိုင်ငံတစ်ဝန်းမှ ပါဝင်တက်ရောက်ကြသည့် လူငယ်တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မောင်ဝေယံစိုး
မွန်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ လူငယ်တွေက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်ရင်း မတူညီတဲ့၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ကွဲပြားမှုတွေကို လျော့ကျသွားအောင် ကြိုးပမ်းပေးရမှာဖြစ်ပါတယ်၊၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရမှဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်လို့ရမှာဖြစ်ပါတယ်၊၊ ဒါကိုအားလုံးကလက်ခံကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် လက်တွေ့မြေပြင်မှာ လူငယ်တွေပါဝင်ရင်း ရှေ့ဆက်သွားနိုင်မယ့်ခြေလှမ်းတွေလိုနေတာပါ။ ဒီနေ့လို နိုင်ငံတော်က ငြိမ်းချမ်းရေးပွဲတွေ ဆောင်ရွက်ပေးတာဟာ ကျွန်တော်တို့ လူငယ်တွေအတွက် မျှော်လင့်ချက်တွေအများကြီးရှိလာစေပါတယ်၊၊ အခုလိုပွဲတွေစီစဉ်ကျင်းပပေးတာ အင်မတန်ကောင်းမွန်ပါတယ်၊၊ ရှေ့ဆက်သွားနိုင်မှ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်မှာပါ။ ဒါကြောင့် လူငယ်တစ်ဦးအနေနဲ့ နိုင်ငံအတွက် ရှေ့ဆက်မယ့်ခြေလှမ်းတိုင်းမှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ဖိုရမ်တက်ရောက်ပြီး ကိုယ့်ပြည်နယ်ပြန်ရောက်တဲ့အခါမှာလည်း ဆွေးနွေးပွဲကနေရရှိလာမယ့် အတွေ့အကြုံတွေ၊ အမြင်သဘောထားတွေကို ပြန်လည်ဝေမျှသွားမှာ ဖြစ်ပါတယ်၊၊
မနိုဖူးသေး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် လူငယ်ကိုယ်စားလှယ်
ရန်ကုန်မှာ ကျင်းပခဲ့တဲ့ လူငယ်နဲ့ ငြိမ်းချမ်းဖိုရမ်မှာလည်း တက်ရောက်ခွင့်ရခဲ့ပြီးတော့ အခုက ဒုတိယအကြိမ် ထပ်မံပါဝင်တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။ ဒီလိုတက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်၊၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအခန်းကဏ္ဍတွေမှာ လူငယ်တွေက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲတွေက ဒီလိုဖိုရမ်ကနေ လူငယ်တွေကို သိရှိစေတယ်လို့ မြင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း နိုင်ငံတော်တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးကြဖို့ ဆန္ဒရှိကြတယ်လို့ထင်ပါတယ်။ ပြီးတော့ နိုင်ငံတော်အဆင့် ကျင်းပတဲ့ပွဲတွေမှာ လူငယ်တွေအနေနဲ့ လူကြီးတွေရဲ့ လုပ်ဆောင်မှုတွေကို တွေ့မြင်ရတယ်၊ အတုယူရပါတယ်။ နိုင်ငံအတွက် တကယ်အလုပ်လုပ်ကြတဲ့အခါ လူကြီးတွေရဲ့ လမ်းပြမှုနဲ့ အတွေ့အကြုံတွေလည်းလိုပါတယ်။ ဒီလိုလမ်းပြမှုတွေနဲ့အတူ လူငယ်တွေရဲ့ အင်အားနဲ့ ရှေ့ဆက်ကြမယ်ဆိုရင် ကျွန်မတို့နိုင်ငံတိုးတက်မယ်ဆိုတာ အသေအချာပါပဲ။
မောင်မောင်လတ်
မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်
ငြိမ်းချမ်းရေးကနိုင်ငံအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေအနေနဲ့ များများပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ခံယူမိတာက နိုင်ငံအတွက် အားလုံးတိုးတက်စေချင်တဲ့ စေတနာရှိကြတယ်။ ဒါကြောင့် မတူတာတွေအတွက် ငြင်းခုံနေမယ့်အစား တူညီတာတွေနဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် လူငယ်တစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်တာတွေကို တတ်စွမ်းသမျှ ပါဝင်ကြိုးစားပေးသွားမှာပါ။ ဖိုရမ်မှာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး နည်းပညာဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ AI နဲ့ Cyber Security နဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးသွားမှာဖြစ်တယ်။
မအလိမ္မာစုဇော်
Naypyitaw State Polytechnic University လူငယ်ကိုယ်စားလှယ်
နိုင်ငံတော်အဆင့် ကျင်းပတဲ့ဖိုရမ်ဖြစ်တဲ့အတွက် လူငယ်တွေအတွက် ပညာတွေ၊ လေ့လာစရာတွေ များစွာရရှိစေမယ်လို့ထင်ပါတယ်။ နိုင်ငံအတွက် လက်ရှိမှာ နိုင်ငံတော်အကြီးအကဲတွေက ဘာတွေဆောင်ရွက်နေသလဲဆိုတာကို လူငယ်တွေက မျက်စိဖွင့်၊ နားစွင့်ရမယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပိုမိုပါဝင်လာအောင် နှိုးဆော်ပေးဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေက အဓိကနေရာတစ်ခုက ပါဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မငြိမ်းချမ်းမှုဖြစ်စဉ်တွေမှာ လူငယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ လူငယ်တွေဟာနိုင်ငံအတွက် မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ဒီဖိုရမ်တွေကတစ်ဆင့် လူငယ်တွေဟာ အချင်းချင်းနားလည်မှု၊ ယုံကြည်မှုတွေဝေမျှခံစားပြီး ခံယူချက်မှန်မှန်ကန်ကန်နဲ့ နိုင်ငံ့တာဝန်တွေကို ပါဝင်ထမ်းဆောင်ပေးကြမယ်ဆိုရင် မကြာခင်မှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ သေချာပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ အခုလို နိုင်ငံတော်အဆင့်ဖိုရမ်မှာ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် နိုင်ငံအတွက် အကျိုးပြုချင်တဲ့စိတ်၊ တာဝန်ထမ်းဆောင် ချင်တဲ့စိတ်တွေခံစားဖြစ်ပေါ်ပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးဖလှယ်မှုတွေပါဝင်တဲ့ ဒီလိုဖိုရမ်တွေကို များများကျင်းပပေးဖို့ ဆန္ဒပြုပါတယ်။
မောင်ညီလင်းထက်
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်-နေပြည်တော် လူငယ်ကိုယ်စားလှယ်
နိုင်ငံအတွက် လူငယ်တွေဟာ အရင်းအမြစ်တစ်ခုပါ။ နိုင်ငံအတွက် အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့အားနဲ့ တည်ဆောက်နိုင်ဖို့ ကြိုးစားသွားကြရမှာပါ။ ကျွန်တော်ကိုယ်တိုင် ဒီနိုင်ငံရဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်တယ်လို့ခံယူပြီး ဒီဖိုရမ်ကိုတက်ရောက်တာဖြစ်ပါတယ်။ ကျွန်တော်က သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဖိုရမ်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီလို လူငယ်တွေအတွက် နိုင်ငံတော်အဆင့် ဖိုရမ်ကျင်းပပြီး လူငယ်တွေအသံကို ဖော်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။ ဒီလိုဖိုရမ်တွေကနေတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေစုဆုံခွင့်ရရှိပြီးတော့ အချင်းချင်းအသိပညာဗဟုသုတတွေ ဖလှယ်ခွင့်ရတယ်။ လူငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေရပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ဆိုင်တဲ့ ဖိုရမ်တွေများများကျင်းပပေးဖို့ မျှော်လင့်ပါတယ်။
မောင်လင်းထက်

နိုင်ငံတော်ကနေ အခုလိုမျိုးလူငယ်တွေကို ဦးစားပေးပြီး ဖိုရမ်ကျင်းပပေးတဲ့အခါ နယ်မြေမတူ၊ ဒေသမတူတဲ့ တစ်နိုင်ငံလုံးက တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တစ်စုတစ်စည်းတည်း ဆုံတွေ့ခွင့်ရတဲ့ အပေါ် အင်မတန်ဝမ်းသာမိပါတယ်၊၊ ကျွန်တော်က မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တွေကို လက်ရှိ သင်ကြားသင်ယူနေတာဖြစ်တဲ့အတွက် ဘာသာရပ်တွေ သင်ကြားသင်ယူလို့ပြီးဆုံးတဲ့အခါ အခြေခံအဆောက်အအုံတွေကို တည်ဆောက်တဲ့ အင်ဂျင်နီယာတစ်ဦးအနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ ပါဝင်လုပ်ဆောင်သွားချင်တယ်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့အတိုင်း အနာဂတ်နိုင်ငံကို တည်ဆောက်ကြရာမှာ လူငယ်တွေက ကဏ္ဍစုံမှာပါဝင်ကြရမှာပါ။
ဒါကြောင့် နိုင်ငံတစ်ဝန်းလုံးက လူငယ်တွေအနေနဲ့အခုကတည်းက စည်းစည်းလုံးလုံး ခင်ခင်မင်မင်ရှိနေကြဖို့ အရေးကြီးပါတယ်၊၊ လူငယ်တွေကို ဦးစားပေးပြီး လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို နိုင်ငံတော်က ခမ်းခမ်းနားနား ကျင်းပပေးတယ်။ ကျွန်တော်တို့ လူငယ်တွေရဲ့ အသိအမြင်တွေကို ထုတ်ဖော်ခွင့်ပေးတယ်။ ဒီကနေကျွန်တော်တို့ လူငယ်တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အင်နဲ့အားနဲ့ ဆောင်ရွက်ခွင့်ရရှိမယ်လို့ ထင်မြင်မိပါတယ်၊၊
ဗိုလ်မှူးကြီး ဝဏ္ဏအောင်
အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲမှာ သီးခြားရွေးချယ်ထားတဲ့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေနဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အလွှာအသီးသီးက လူငယ်ကိုယ်စားလှယ်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက စေတနာ့ဝန်ထမ်းလူငယ်တွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ NGO လူငယ်ကွန်ရက်အဖွဲ့တွေက လူငယ်တွေ၊ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးက လူငယ်ကိုယ်စားလှယ်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လူငယ်ကိုယ်စားလှယ်တွေ၊ JMC က လူငယ်ကိုယ်စားလှယ်တွေ၊ နယ်စပ်ဒေသတွေက တိုင်းရင်းသားလူငယ်တွေနဲ့ စာပေနဲ့ဂီတအနုပညာရှင် လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
ဖိုရမ်မှာ လူငယ်တွေက “ငြိမ်းချမ်းရေးအသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း”၊ “လက်နက်ကိုင်ပဋိပက္ခရပ်တန့်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေး”၊ “လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာမြှင့်တင်ခြင်းနဲ့ အားကစားအစီအစဉ်များ”၊ “စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ နည်းပညာအခြေပြုစီးပွားရေးဆိုင်ရာများ”၊ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” ၊ “လူငယ်နဲ့ နည်းပညာသက်ရောက်မှုများ” စတာတွေကို ဆွေးနွေးကြမယ်။ ဆွေးနွေးပွဲတွေအပြင် လျှပ်တစ်ပြက်ပြိုင်ပွဲတွေနဲ့ ဆုချီးမြှင့်ခြင်းတွေ၊ လူငယ်ထုအတွက် လျှပ်တစ်ပြက်စစ်တမ်း၊ ဆန္ဒကောက်ယူခြင်းတွေ ဒါတွေကိုလည်း ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။
ဖိုရမ်ကနေ လူငယ်တွေရဲ့ အမြင်သဘောထား၊ အကြံပြုချက်တွေ၊ ဘက်ပေါင်းစုံက ချဉ်းကပ်နိုင်မယ့်အခြေအနေတွေကို သိရှိပြီး လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့စွမ်းအားတွေကို အကောင်းဆုံးသောပုံစံတွေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ ပေါင်းစပ်ထည့်သွင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - အောင်ပြည့်စုံ
moi

မောင်စောစံမြလင်း (ကရင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။
ယနေ့ ဖိုရမ်ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင် လူငယ်များ၊ ကျွမ်းကျင်ပညာရှင် လူငယ်များ၊ ဝန်ကြီးဌာနများမှ အတွေ့အကြုံရှိသည့် ကိုယ်စားလှယ်များက သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ဖိုရမ်တက်ရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များက ခေါင်းစဉ်အလိုက် အခန်းခွဲဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ဖိုရမ်အတွင်း ဆွေးနွေးမှု များနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာ ရှင်လူငယ်များ၊ ပါဝင်ဆွေးနွေးကြ သူလူငယ်များ၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို ယခုကဲ့သို့ ကြားသိခဲ့ရသည်-
မကေသီဦး
ရှမ်းပြည်နယ်
မိုင်းသောက်ဒေသပရဟိတ လူငယ်ကိုယ်စားလှယ်
ကျွန်မက ပရဟိတလုပ်ငန်း တွေကို ပါဝင်ဆောင်ရွက်ပေးနေတဲ့ လူငယ်တစ်ယောက်ဖြစ်တာမို့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်တတ်စွမ်းသလောက် ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို အမြဲ အကျိုးပြုချင်တယ်၊၊ ကျွန်မတို့လို လူငယ်တွေအနေနဲ့ ကိုယ့်ဒေသနဲ့ နိုင်ငံအတွက် လုပ်ဆောင်ပေးချင်တဲ့ အကျိုးပြုလုပ်ငန်းတွေကတော့ လူငယ်တစ်ဦးနဲ့တစ်ဦး မတူညီ နိုင်ပါဘူး။ ဒါပေမယ့် လူငယ်တွေ အနေနဲ့ အကျိုးပြုဆောင်ရွက်ပေး ချင်တဲ့ဆန္ဒက တူညီကြတဲ့အတွက် ဒီမှာ စုပေါင်းဆွေးနွေးကြတာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ လည်း ခေါင်းစဉ်တွေက အားလုံးနဲ့သက်ဆိုင်တဲ့၊ အားလုံးကိုကိုယ်စားပြုတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ပြီးတော့ ဆွေးနွေးမှုရလဒ်တွေကနေ လူငယ်တွေရဲ့အားနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အဓိကထားတယ်လို့ နားလည်ထားပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ဆက်ပြီးဆောင်ရွက်မယ့် နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုကျင်းပတဲ့ လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ကနေ နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်တွေပိုမိုပါဝင်နိုင်အောင် မြှင့်တင်ပေးတဲ့အတွက် ပိုမိုကောင်းမွန်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကိုသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်၊၊ ဒီဖိုရမ်က အတွေ့အကြုံဗဟုသုတတွေ၊ အမြင်သဘောထားတွေကို ကိုယ့်ဒေသကိုယ်ပြန်ရောက်တဲ့အခါ ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်၊၊
မောင်စောစံမြလင်း
ကရင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ရှင်းလင်းဆွေးနွေးသွားတဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုပြီး သဘောကျပါတယ်။ ကျွန်တော်တို့လို လူငယ်တွေက မူးယစ်ဆေးဝါးရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရပါတယ်။ လူငယ်တွေကြားထဲမှာ Vape ၊ စီးကရက်တို့ သုံးစွဲမှုက ပေါများလာတယ်။ ဒီအရာတွေရဲ့ ဆိုးကျိုးတွေကို အကျယ်တဝင့်နဲ့ ရှင်းလင်းဆွေးနွေးပေးတဲ့အတွက် ကျန်းမာရေးအသိပညာတွေ ပိုပြီး တိုးပွားစေပါတယ်။ လူငယ်တွေအားလုံး မူးယစ်ဆေးဝါးရဲ့အန္တရာယ် ကို သိရှိရှောင်ရှားစေချင်ပါတယ်။ ဒီဖိုရမ်မှာ ကျန်းမာရေးအပြင်စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အသိပညာဗဟုသုတတွေ၊ AI နဲ့ ပတ်သက်တဲ့နည်း ပညာတွေ၊ လူငယ်တစ်ယောက် သိသင့်သိထိုက်တဲ့ အသိပညာတွေကို ဘက်ပေါင်းစုံကနေ သိရှိခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုပြီးရှိလာပါတယ်။ ဖိုရမ်ကနေသိရှိရတဲ့ အသိပညာ ဗဟုသုတအတွေ့အကြုံတွေကို ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို ဆွေးနွေးပွဲတွေ၊ ရှင်းလင်းပွဲတွေကျင်းပပြီး ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ ဒီလို နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ လူငယ်တွေကို နေရာပေး တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါ တယ်။ နိုင်ငံ့အကြီးအကဲတွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်မှုတွေကို သိရှိနားလည်အောင် ကြိုးစားကြရမယ်လို့ နားလည်လက်ခံထားတယ်။ ဒါမှ နောင်တစ်ချိန် လူငယ်တွေ နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဆောင်ရတဲ့အခါ ပိုကောင်းတာတွေကို ဆောင်ရွက်နိုင်မယ်။ အဲဒီအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာဟာ ကောင်းမွန်တယ်လို့ထင်ပါတယ်။
မအေးမြတ်မွန်
ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ဒီနေ့ ဖိုရမ်ဒုတိယနေ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဆွေးနွေးတဲ့အချက်တွေကလည်း လက်တွေ့ကျ အကောင်အထည် ဖော်နိုင်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် လေးစားအားကျမိပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အကောင်းဆုံး ပါဝင်ကြိုးစားမယ်ဆိုတဲ့ စိတ်ခံစား မှုဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍ မှာဆိုရင် မငြိမ်းချမ်းမှုတွေကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့ လူ့အသက်တွေ၊ ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေ၊ ဆေးဝါးထောက်ပံ့ မှုမရရှိတဲ့ အခြေအနေတွေကို ဆွေးနွေးကြတယ်။ လူငယ်တွေအနေနဲ့ အဖွဲ့အစည်းတွေ တည်ထောင်မယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်မယ်။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေအတွက် ကူညီပံ့ပိုးမယ်ဆိုတဲ့ ရလဒ်တွေ ဆွေးနွေးရရှိခဲ့ပါတယ်။
ကျွန်မတို့ လူငယ်တွေကကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသကို အတိုးတက်ဆုံးဖြစ်အောင် ကြိုးစားပေးချင်ကြတယ်။ ဆောင်ရွက်ပေးချင်တယ်။ အဓိကကျတဲ့နေရာတွေမှာ ပါဝင်ဆောင်ရွက်ချင်ကြပါတယ်။ ဒီစိတ်ခံစားမှုတွေက အခုဖိုရမ်မှာ တက်တက်ကြွကြွနဲ့ ဖြစ်လာတဲ့ ခံစားချက်တွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာက ပြိုင်တူတွန်းမှရွေ့မယ်ဆိုတဲ့စကားအတိုင်း အားလုံးပူးပေါင်းပါဝင်မှသာ ရရှိမယ့်အရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်တည်း တည်ဆောက်လို့ရတဲ့အရာမဟုတ်ပါဘူး။
ဒီဖိုရမ်မှာ ငြိမ်းချမ်းတဲ့ဒေသနဲ့ မငြိမ်းချမ်းတဲ့ ဒေသတွေအစုံကရောက်လာတဲ့ တိုင်းရင်းသားလူငယ်အားလုံးရဲ့ ရင်တွင်းစကားသံတွေကို ကြားသိရတဲ့အချိန်မှာ ရင်းနှီးမှုတွေ၊ ချစ်ခင်မှုတွေ၊ ကိုယ်ချင်းစာစိတ်တွေဖြစ်ပေါ်ပါတယ်။ လူငယ်စကားဝိုင်းတွေ၊ လူငယ်ဖိုရမ်တွေကို နိုင်ငံတော်ကတခမ်းတနား ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ လူငယ်တွေအတွက် ဒီလို အခမ်းအနားတွေ များများကျင်းပပေးပြီး အခွင့်အလမ်းတွေ များများဖွင့်ပေးပါလို့လည်း ပြောချင်ပါတယ်။
မရိုလီ
ချင်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ချင်းပြည်နယ်ကိုယ်စားပြု လူငယ်တစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်မိပါတယ်၊၊ ဒီဖိုရမ်ကနေပြီး အတွေ့အကြုံသစ်တွေ၊ အသိအမြင်တွေ၊ ဗဟုသုတတွေရရှိခဲ့ပါတယ်၊၊ ပြီးတော့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးနဲ့ တွေ့ဆုံရလို့ အင်မတန်ပျော်ရွှင် မိပါတယ်၊၊ ဖိုရမ်မှာ လူငယ်တွေက စည်းလုံးညီညွတ်မှု ရှိကြတယ်။ မျှဝေဆွေးနွေး ညှိနှိုင်းလိုစိတ်ရှိတာကို တွေ့မြင်ခံစားရပါတယ်။ ဒေသအစုံကလာကြပေမယ့် စိမ်းမနေကြဘဲ ရင်းနှီးချစ်ခင်လွယ် ကြပြီး သူငယ်ချင်းတွေအများကြီးရတဲ့အတွက် အင်မတန်ဝမ်းမြောက်မိပါတယ်၊၊
ဒီဖိုရမ်ကြီး ပြီးသွားတဲ့အခါ နိုင်ငံအတွက် အထောက်အကူပြုမယ့်အချက်အလက်တွေ၊ အရေးပါတဲ့အချက်တွေကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်၊၊ ဒီလူငယ်ဖိုရမ်ကနေ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ခြင်း၊ ပြောဆို ဆွေးနွေးတတ်ခြင်း၊ တိုင်းရင်းသားအားလုံးသည် တစ်မိသားစုတည်းဖြစ်သည်ဆိုတဲ့အသိကို အဓိကရရှိပါတယ်။ ဒါကြောင့် ဖိုရမ်ကနေ လူငယ်တွေရဲ့အားကို ပေါင်းစုနိုင်ပြီး ငြိမ်းချမ်းသာယာလှပတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်၊၊
ဒေါက်တာ စွမ်းဆောင်ဦး
ဒါရိုက်တာ၊ မြန်မာနိုင်ငံစွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း
လူငယ်နဲ့ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ မှာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို လူငယ်တွေ ဘယ်လိုစတင်လုပ်ဆောင်နိုင်မယ်။ လုပ်ငန်းစတင်တဲ့အခါ ဘာတွေလိုအပ်မယ် ဆိုတဲ့ အချက်တွေကို ဒီနေ့ဆွေးနွေး သွားမှာဖြစ်ပါတယ်၊၊ အခုခေတ်မှာ ကျယ်ပြန့်လာတဲ့ နည်းပညာရပ်ကို ဘယ်လိုအသုံးပြုပြီး ဆောင်ရွက်မယ်။ ဘယ်လိုအကောင်အထည် ဖော်မယ်ဆိုတဲ့ အခန်းကဏ္ဍတွေ ကို ဆွေးနွေးသွားမယ်။ အဓိက ကတော့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် အချက်တွေကို ဦးစားပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊၊
လူငယ်တွေအတွက် အချက်လေးချက်ကို အဓိကထား မျှဝေချင် ပါတယ်။ ပထမဆုံး အချက်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ဒီဂရီတွေ၊ ဘွဲ့တွေ မြင့်မြင့်မားမားရနေ မှ မဟုတ်ပါဘူး။ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ Accounting အပိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့ အခြေခံလိုအပ်ပါမယ်၊၊ ဒုတိယ အချက်က စီးပွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ Networking ကောင်းဖို့၊ အသင်းအဖွဲ့တွေနဲ့ ပါဝင်လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ပါ။ တတိယက လုပ်ငန်းမစခင်မှာ စမ်းသပ်လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်မယ့် ပတ်ဝန်းကျင်ပါ၊၊ ဥပမာအနေနဲ့ Boot Camp လိုမျိုးပါ။ နိုင်ငံတော်အစိုးရအနေနဲ့ Boot Camp နေရာမျိုး ဖန်တီးပေးထားမယ်။ ဒီလို နေရာမျိုးမှာ လူငယ်တွေကို လာရောက်စေမယ်။ လူငယ်တွေက ကိုယ့်လုပ်ငန်း၊ ကိုယ့် Product တွေကို Coding တွေရေးပြတာမျိုး၊ ဒီရလဒ်တွေကို ဒိုင်တွေက အကဲဖြတ်အမှတ်ပေး တာမျိုးနဲ့ ပြိုင်ပွဲတွေလုပ်ဆောင် ပေးတာမျိုးတွေပါ။ အဲဒီကနေမှ Financial Grant ပေးတာမျိုးက လူငယ်တွေအတွက် Motivation ရပါတယ်၊၊ နောက်ဆုံးကတော့ Ecosystem စနစ်ပါ။ လူငယ်တွေ သူတို့လုပ်ကိုင်ချင်တဲ့ လုပ်ငန်းကို စွန့်ဦးတီထွင်မှုတွေနဲ့ စတင်လုပ်ဆောင်နိုင်ဖို့ လွယ်ကူတဲ့ စနစ်တွေရှိနေဖို့ပါ၊၊ ဒီဟာတွေ အတွက် လက်ရှိနိုင်ငံရေးအခင်း အကျင်းမှာတော့ စိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်၊၊ ကိုယ်ရဲ့ဖြစ်ချင် တဲ့ဆန္ဒ၊ အိပ်မက်အတွက် ကြိုးစားရင်းနဲ့ ကျဆုံးမှုဆိုတာရှိနိုင်ပါတယ်။ သို့သော်လည်း လူငယ်ဆိုတာ စွမ်းအားရှိတဲ့အရင်းအမြစ်တစ်ခုပါ။ စွမ်းအားရှိပြီးသားဖြစ်တဲ့အတွက် ကြိုးစားနေဖို့ပဲလိုပါတယ်။ ဘယ်လောက်ပဲ External Environment က အခက်အခဲရှိပါစေ။ ကိုယ်ရဲ့ Internal Environment Skill တွေ ဖြည့်ဆည်းတိုးမြှင့်နေရင် အောင်မြင်ဖို့အသေအချာပါပဲ၊၊ ဒါကြောင့် ကြိုးစားနေဖို့ပဲ အရေးကြီးပါတယ်၊၊ ကျွန်တော်တို့နိုင်ငံက ကောင်းတဲ့ အပြောင်းအလဲတွေ၊ အခွင့်အလမ်းတွေအများကြီး ရှိလာမယ်။ ပြီးတော့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ ရှိလာမယ်ဆိုတာ ယုံကြည်တယ်၊၊
တွေ့ဆုံမေးမြန်း- မျိုးဆက်သစ်

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I)၌ သုံးရက်တာကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်။
ယနေ့ ဖိုရမ်ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင် လူငယ်များ၊ ဝန်ကြီးဌာနများမှ အတွေ့အကြုံရှိသည့် ကိုယ်စားလှယ်များက သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ဖိုရမ်တက်ရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များက ခေါင်းစဉ်အလိုက် အခန်းခွဲဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ဖိုရမ်အတွင်း ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ပါဝင်ဆွေးနွေးကြသူ လူငယ်များ၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို ယခုကဲ့သို့ ကြားသိခဲ့ ရသည်။
မယုဝဒီ
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား ပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ပညာရှင်တွေရဲ့ ရှင်းလင်းဆွေးနွေးပြောကြားတဲ့ အချက်တွေဟာ ကျွန်မတို့လို လူငယ်တွေအတွက် အနှစ်သာရရှိပြီး တန်ဖိုးရှိတဲ့ အသိပညာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မငြိမ်းချမ်းတဲ့နေရာတွေ ရှိနေသေးတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဟောပြောချက်တွေကို ပိုပြီးသဘောကျပါတယ်။ လူငယ်တွေက ဆိုရှယ်မီဒီယာနဲ့ နည်းပညာတွေကို အသုံးပြုများလာတဲ့အတွက် နည်းပညာပိုင်းနဲ့ပတ်သက်ပြီး ဟောပြောချက်တွေကိုလည်း အားရကျေနပ်ပါတယ်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း လူငယ်တွေက နိုင်ငံတစ်နိုင်ငံအတွက် အဖိုးတန်တဲ့ လူသားအရင်းအမြစ်ဖြစ်ပါတယ်။ အခုလိုဖိုရမ်တွေကနေတစ်ဆင့် ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်တယ်လို့ ယုံကြည်တယ်။ ဒီလို မျိုးအတွေ့အကြုံ ဗဟုသုတတွေပြည့်စုံမှ နိုင်ငံအတွက် အနာဂတ်ခေါင်းဆောင်ကောင်းတွေ ရရှိလာ မှာဖြစ်ပါတယ်။
ဖိုရမ်မှာ အားလုံးက တက်တက်ကြွကြွရှိကြတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လူငယ်တွေအချင်းချင်း မျှဝေတာတွေ၊ ခံယူချက်၊ ခံစားချက်တွေနဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးမှုကရရှိတဲ့ အသိပညာဗဟုသုတတွေပေါင်းစပ်ပြီး နိုင်ငံရဲ့တစ်ထောင့်တစ်နေရာမှာ အားဖြည့်သွားမယ့် လူငယ်တွေဖြစ်လာမယ်လို့ထင်ပါတယ်။ ဒီဖိုရမ်ကနေတစ်ဆင့် တိုင်းရင်းသား လူငယ်အားလုံး ရင်ဘတ်ချင်းနီးပြီး ကိုယ်ချင်းစာ တရား၊ စာနာစိတ်၊ လေးစားမှုတွေ နဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတာကို ပိုပြီးသိရှိလာရင် အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကြီး မြန်မြန်ရရှိလာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီဖိုရမ်က လူငယ်တွေအတွက်သာမက အားလုံးအတွက် အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ နောင်မှာလည်း လူငယ်တွေအတွက် ဒီလိုဖိုရမ်တွေ မကြာခဏကျင်းပပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို ဆန္ဒပြုတင်ပြလိုပါတယ်။
မနန်းကြူကြူဝင်း

လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ် ကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို စနစ်တကျ လက်ဆင့်ကမ်းပေးနိုင်မယ်လို့ ယုံကြည်မိတဲ့အတွက် ဒီဖိုရမ်ကို တက်ရောက်ခွင့်ရတဲ့အပေါ် လူငယ်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းသာမိပါတယ်၊၊ ကိုယ့်ပတ်ဝန်းကျင်မှာ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို သေချာ မသိသေးတဲ့သူတွေရှိနေပါတယ်။ ဒါကြောင့်ဒီကနေသိရှိတဲ့ငြိမ်းချမ်းရေး အသိပညာဗဟုသုတတွေကို လက်ဆင့်ကမ်း ဆွေးနွေးပြောပြ ချင်ပါတယ်။ ဒီအတွက် ဖိုရမ်ကနေ နည်းလမ်းများစွာရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူငယ်တွေဆီကို ငြိမ်းချမ်းရေးအသိတွေ ရောက်ရှိသွားမယ်ဆိုရင် တစ်ထောင့် တစ်နေရာကနေ လူငယ်တွေရဲ့ အားနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးလာနိုင်မယ်လို့ ယုံကြည်မိပါတယ်၊၊ ပြီးတော့ လူငယ်တွေက နိုင်ငံရေးသမားမဟုတ်သလို ပါတီတွေမှာလည်း ပါဝင်ဆောင်ရွက်နေတာ မဟုတ်တဲ့သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့အင်အားနဲ့ ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်တဲ့နေရာမှာအများကြီး အထောက်အကူဖြစ်စေမယ်လို့ ထင်မြင်မိပါတယ်၊၊
မောင်ခန့်ဖြိုးကျော်

လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကနေ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရရှိစေပြီး ငြိမ်းချမ်းရေးအသိပညာ ဗဟုသုတများစွာနဲ့ နိုင်ငံချစ်စိတ်တွေ ပိုမိုဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်၊၊ ကျွန်တော့်အနေနဲ့ ဒီဖိုရမ်ကနေ မြန်မာနိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းစေချင်ပါတယ်၊၊ အခုလို ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ငြိမ်းချမ်း ရေးအသိပညာပေးပွဲတွေ များများပြုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊၊ လူငယ်တစ်ဦးအနေနဲ့ ခံစားမိတာက လှောင်အိမ်ထဲမှာ သော့ခတ်ခံထားရတဲ့ ငှက်လေးတွေလို မဖြစ်ချင်ပါဘူး၊ လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်တဲ့ ငှက်လေးတွေလိုမျိုး ဖြစ်ချင်ပါတယ်၊၊ ဒါကြောင့် ငြိမ်းချမ်းမှုအမြန်ဆုံးရရှိပြီး လူငယ်တွေအတွက် မြင့်မြင့်ပျံသန်းနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိချင်ပါတယ်။
မောင်ဟိန်းထက်ဇော်
ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်က ဒုတိယနေ့ကို ရောက်ရှိလာပါပြီ၊၊ ဒုတိယနေ့မှာ Speaker တွေ ဆွေးနွေးသွားတဲ့ အပေါ်မှာ အတွေ့အကြုံတွေ၊ အသိပညာဗဟု သုတတွေများစွာရရှိပါတယ်။ နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတယ်ဆိုတာကို သိရှိခွင့်ရခဲ့တယ်၊၊ ဒီငြိမ်းချမ်းရေးဖိုရမ်က လူငယ်တွေပါဝင်မှုအစလို့ ထင်မြင်မိပါတယ်၊၊ ဒီအပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်၊၊ ရှေ့ဆက်ပြီး နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက် သွားချင်ပါတယ်၊၊
ဒီကနေ့ ပါဝင်ဆွေးနွေးရတဲ့ Group အလိုက် ဆွေးနွေးမှုမှာဆိုရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ မူးယစ်ဆေးဝါး အခန်းကဏ္ဍတွေကို ဆွေးနွေးသွားကြတယ်။ ဆွေးနွေးသွားကြတဲ့အပေါ် အမြင်သဘောထားတွေ မတူကွဲပြားနေတာကို တွေ့မြင်ရပြီး မတူညီတဲ့ အမြင်သဘောထားတွေ ဖလှယ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းစဉ်တွေရဲ့ လမ်းစတစ်ခုကို ရောက်ရှိမယ်လို့ ထင်မြင်မိပါတယ်၊၊
နိုင်ငံတော် အကြီးအကဲကလည်း လူငယ်တွေကိုနေရာပေးဖို့ အချိန်တန်ပြီလို့ ပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူငယ်တွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ထားရှိတဲ့ စေတနာနဲ့ဘယ်လောက်အထိ အလေးထားတယ်ဆိုတာတွေကို တွေ့မြင်ခံစားရပါတယ်၊၊ ဒီဖိုရမ်ကနေ လူငယ်တွေကိုနေရာပေးပြီး အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးတဲ့အတွက် လူငယ်တွေအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်၊၊ ဒီဖိုရမ်ကနေတစ်ဆင့် မတူညီမှုတွေကိုလက်ခံပြီး တူညီတဲ့လမ်းစဉ်ကနေ ငြိမ်းချမ်းရေးဆီကို အတူတကွ လျှောက်လမ်းသွားကြမယ်လို့ ပြောကြားချင်ပါတယ်၊၊
ဒေါက်တာသုတအောင်
(စီးပွားရေးပညာရှင်) မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်
ဒီဖိုရမ်မှာ Speaker တစ်ယောက်အနေနဲ့ အလုပ်အကိုင်ဖန်တီးရေး အကြောင်းအရာကို ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အရင်ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့နိုင်ငံတွေမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခရှိနေသော်လည်း ဖွံ့ဖြိုးရေးကို လူငယ်တွေ ပါဝင်လုပ်ဆောင်သွားခဲ့တဲ့အကြောင်းအရာတွေ၊ ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ ဒေသတွင်းဆင်းရဲမှုကို လျှော့ချပြီး အလုပ်အကိုင်ပိုမိုဖန်တီးနိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ လူငယ်တွေက ကိုယ့်နိုင်ငံနဲ့ ကိုယ့်ရပ်ရွာဒေသတွေကို ဖွံ့ဖြိုးတိုးတက်စေချင်ကြတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ ဦးဆောင်ပြီး ဖွံ့ဖြိုးရေးလုပ်လို့ရတဲ့ အခွင့် အလမ်းတွေအများကြီးရှိပါတယ်။ ဒီအတွက် အကူအညီပေးမယ့်သူ တွေရှိပါတယ်။ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ မွေးထုတ်ပေးနိုင်မယ့်သူတွေနဲ့ ချိတ်ဆက်ပေးဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အကူအညီပေးဖို့အသင့်ရှိနေပါတယ်။ လူငယ့်အားမာန်တွေကို ပါဝင်ဖြည့်ဆည်းပေးဖို့ အမြဲတမ်းကြိုဆိုနေပါတယ်။ လူငယ်တွေစုပေါင်းပြီး အသစ်တွေဖန်တီးခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။