အမိနိုင်ငံအတွက် ထာဝရလိုအပ်နေသောအရာ
ယခုအခါ ကျွန်ုပ်တို့အမိနိုင်ငံတော်သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည်။ ဤရည်မှန်းချက် ပန်းတိုင်အောင်မြင်ရေးအတွက် အဓိကလိုအပ်သော အရာမှာ ပြည်တွင်းငြိမ်းချမ်းရေးပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် မဖြစ်မနေ အစဉ်ကြိုးပမ်းရယူနေရမည့် အချက်မှာ ပြည်တွင်းစည်းလုံး ညီညွတ်ရေးပင်ဖြစ်သည်။ ပြည်တွင်းစည်းလုံးညီညွတ်ရေး ဆိုသည်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့တိုင်းရင်းသားများ စည်းလုံးညီညွတ်နေမှသာ အမိနိုင်ငံတော်အင်အားရှိမည်။ ညီညာမှ ပြည်သာမည်ဆိုသည့်အတိုင်း ကျွန်ုပ်တို့တိုင်းရင်းသားများ စည်းလုံးညီညာနေမှသာ အမိနိုင်ငံသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မည်။ အမိနိုင်ငံအတွက် ထာဝရလိုအပ်နေသောအရာမှာ ပြည်တွင်းစည်းလုံး ညီညွတ်ရေးပင်ဖြစ်သည်။ အမိနိုင်ငံအတွက် လိုအပ်သောပြည်တွင်းစည်းလုံး ညီညွတ်မှုအားကို တည်ဆောက်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျွန်ုပ်တို့တိုင်းရင်းသားများ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ နေထိုင်နေခြင်းပင်ဖြစ်သည်။
စည်းလုံးညီညွတ်မှု တည်ဆောက်ပေးနိုင်သည့် နည်းလမ်းများကျွန်ုပ်တို့ အမိနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓဘာသာကို အများစုကိုးကွယ်သော နိုင်ငံဖြစ်သည်။ မြတ်ဗုဒ္ဓက လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းများ စည်းလုံးညီညွတ်မှုကို ဖြစ်စေမည့် တရားတော်များကို ဟောကြားခဲ့သည်။ ယင်းတရားတော်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အမိနိုင်ငံတော်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရယူနိုင်သည်။ ဗုဒ္ဓတရားတော်များအနက် လိုက်နာဆောင်ရွက်ရမည့် တရားတော်နှစ်မျိုးကို ဖော်ပြလိုသည်။ ယင်းတရားတော်နှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
မြတ်ဗုဒ္ဓ၏ဝိဝါဒမူလသုတ္တန်
မြတ်ဗုဒ္ဓက ဝိဝါဒမူလသုတ္တန် တရားတော်ကို ဟောကြားခဲ့သည်။ ဤတရားတော်သည် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းများ စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေသော အကြောင်းတရား ၆ မျိုးကို ဟောကြားထားသည်။ ယင်းအကြောင်းတရား ၆ မျိုးကို အသိသတိကြီးစွာဖြင့် အစဉ်ရှောင်ကြဉ်နေပါက ကျွန်ုပ်တို့တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ကာကွယ်တားဆီးနိုင်သည်။ ယင်းအကြောင်းတရား ၆ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
ကောဓနောဟောတိဥပနာဟီ
ကောဓနဆိုသည်မှာ မည်သည့်အကြောင်းအရာမျိုးကိုမဆို ဆင်ခြင်တုံတရားဖြင့် မဖြေရှင်းဘဲ ဒေါသတရားဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ ဥပနာဟဆိုသည်မှာ အငြိုးအတေးထားခြင်းဖြစ်သည်။ ကောဓနော ဟောတိဥပနာဟီဆိုသည်မှာ အကြောင်းအရာများကို ဒေါသတရားများဖြင့်ဖြေရှင်းပြီး တစ်ပြိုင်နက်တည်းမှာပင် အငြိုးအတေးထားခြင်းဖြစ်သည်။ ဤသို့ဒေါသဖြင့်ဖြေရှင်းပြီး အငြိုးအတေးထားခြင်းသည် အဖွဲ့အစည်းတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုကို ပျက်စီးစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် ဒေါသတရားဖြင့်ဖြေရှင်းခြင်း၊ အငြိုးအတေးထားခြင်းဟူသောအချက်ကို အမြဲရှောင်ကြဉ်နေကြရမည်။
မက္ခီဟောတိ ပဠာသီ
မက္ခီဆိုသည်မှာ ကျေးဇူးကန်းခြင်းဖြစ်သည်။ ပဠာသီဆိုသည်မှာ မိမိထက်တော်သူကို အသိအမှတ်မပြုဘဲ မိမိသည်သာလျှင် အတော်ဆုံးဟုသတ်မှတ်ခြင်းဖြစ်သည်။ မက္ခီဟောတိပဠာသီဆိုသည်မှာ မိမိအပေါ် ကျေးဇူးရှိသူကို ကျေးဇူးကန်းခြင်း၊ လောက၌ မိမိသာလျှင်အတော်ဆုံးဟု သတ်မှတ်နေခြင်းဖြစ်သည်။ ဤသို့ကျေးဇူးရှိသူကို ကျေးဇူးကန်းခြင်း၊ မိမိကိုယ်မိမိအတော်ဆုံးဟု သတ်မှတ်နေခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် ကျေးဇူးရှိသူအပေါ်ကျေးဇူးကန်းခြင်း၊ မိမိကိုယ်မိမိ အတော်ဆုံးဟုသတ်မှတ်နေခြင်းဟူသော အချက်များကို အမြဲရှောင်ကြဉ်နေကြရမည်။
ဣဿုကီဟောတိမစ္ဆရီ
ဣဿာဆိုသည်မှာ မိမိထက်သာနေသူကို မနာလိုခြင်းဖြစ်သည်။ အခြားသူတစ်ဦး၏ အောင်မြင်တိုးတက်မှုများ၊ စွမ်းဆောင်မှုများကို ချီးကျူးဂုဏ်ပြုခြင်းမရှိဘဲ အမျိုးမျိုးပြစ်တင် ဝေဖန်ရှုတ်ချသည်။ ဣဿာစိတ်ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒေါသစိတ်သည်လည်း အလိုအလျောက်ဖြစ်ပေါ်လာသည်။ မစ္ဆရိယဆိုသည်မှာ မိမိထက်နိမ့်ကျနေသူများ၊ မိမိနှင့်တန်းတူရည်တူဖြစ်လာမည်ကို မလိုလားခြင်းဖြစ်သည်။ ဣဿုကီဟောတိမစ္ဆရီ ဆိုသည်မှာ မိမိထက်သာနေသူကို မနာလိုခြင်း၊ မိမိထက်နိမ့်ကျနေသူများ မိမိနှင့်တူညီမှုရှိလာမည်ကို ဝန်တိုခြင်းဖြစ်သည်။ ဤသို့ မနာလိုဝန်တိုစိတ်သည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုဖြစ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် တိုင်းရင်းသားအချင်းချင်း မနာလိုဝန်တိုစိတ်ထားရှိခြင်းကို အမြဲရှောင်ကြဉ်နေကြရမည်။
သဌောဟောတိမာယာဝီ
သဌဆိုသည်မှာ ဟန်ဆောင်ခြင်းဖြစ်သည်။ ဟန်ဆောင်ခြင်းဆိုသည်မှာ ရိုးသားမှုမရှိဘဲ ရိုးသားသူတစ်ဦးကဲ့သို့ လည်းကောင်း၊ ရန်လိုမုန်းတီးစိတ် ရှိနေသော်လည်း ချစ်ခင်မြတ်နိုးစိတ်ရှိနေသူ တစ်ဦးကဲ့သို့လည်းကောင်း၊ သူ့အကျိုးဖျက်ဆီး လိုစိတ်ရှိနေသော်လည်း သူ့အကျိုးကို လိုလားနေသူတစ်ဦးကဲ့သို့ လည်းကောင်း အသွင်သဏ္ဌာန် ရယူထားခြင်းဖြစ်သည်။ မာယာဝီဆိုသည်မှာ လှည့်စားခြင်းဖြစ်သည်။ လှည့်စားခြင်းဆိုသည်မှာ တစ်ဖက်သား၏မှန်ကန်သော အသိအမြင်၊ မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များကို မှားယွင်းသွားစေရန် ပရိယာယ်အမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။ သဌောဟောတိမာယာဝီဆိုသည်မှာ တစ်ဖက်သားအပေါ် ဟန်ဆောင်လှည့်စားမှုအမျိုးမျိုးပြုနေခြင်းဖြစ်သည်။ ဤသို့ ဟန်ဆောင်လှည့်စားခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် တိုင်းရင်းသားအချင်းချင်း ဟန်ဆောင်မှု၊ လှည့်စားမှု စသည့်အမှားများကို လုံးဝမပြုလုပ်ရန် အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရမည်။
ပါပိစ္ဆောဟောတိ မိစ္ဆာဒိဋ္ဌိ
ပါပိစ္ဆဆိုသည်မှာ မိမိ၏အလိုဆန္ဒကို မမှန်မကန်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ မိစ္ဆာဒိဋ္ဌိဆိုသည်မှာ မှားယွင်းသောအယူဝါဒဖြစ်သည်။ ပါပိစ္ဆောဟောတိမိစ္ဆာဒိဋ္ဌိ ဆိုသည်မှာ မိမိ၏အလိုဆန္ဒကိုမှားယွင်းသော နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး တစ်ချိန်တည်းမှာပင် မှားယွင်းသော အယူများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဤသို့မှားယွင်းသော နည်းလမ်းများဖြင့် မိမိ၏အလိုဆန္ဒကိုဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူများကိုလည်း ကျင့်သုံးနေခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ပေါ်စေရန် အတွက် မိမိ၏အလိုဆန္ဒကို မှားယွင်းသောနည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူများကို ကျင့်သုံးခြင်း စသည့်အမှားများကို လုံးဝမပြုလုပ်ရန် အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရပါမည်။
သန္ဒိဋ္ဌိပရာမာသီ
သန်ဆိုသည်မှာ မိမိ၏ဟုအဓိပ္ပာယ်ရသည်။ ဒိဋ္ဌိဆိုသည်မှာ အသိအမြင်ဟု အဓိပ္ပာယ်ရသည်။ ပရာမာသီဆိုသည်မှာ လွဲမှားစွာဆုပ်ကိုင်ထားခြင်းဟု အဓိပ္ပာယ်ရသည်။ သန္ဒိဋ္ဌိပရာမာသီဆိုသည်မှာ မှားယွင်းသော မိမိ၏ အသိအမြင်များကို တရားသေစွဲမြဲခိုင်မာစွာ ကျင့်သုံးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ
မိမိ၏အသိအမြင်များသည် မှန်ကန်သည်၊ အခြားသောသူများ၏ အသိအမြင်များကသာ မှားယွင်းနေသည်၊ မိမိ၏အသိအမြင်များကို ပြုပြင်ရန်မလိုဟု ခိုင်မာစွာယုံကြည် ကျင့်သုံးနေခြင်းဖြစ်သည်။ ဤသို့ မှားယွင်းသော အသိအမြင်များကို မှန်ကန်မှုရှိသည်ဟု တရားသေစွဲကိုင် ကျင့်သုံးနေခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် မိမိတို့၏မှားယွင်းနေသော အသိအမြင်များကို တရားသေစွဲကိုင် ကျင့်သုံးနေခြင်းမျိုးမပြုလုပ်ကြရန် အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရမည်။
မြတ်ဗုဒ္ဓ၏ သာရဏီယတရား
မြတ်ဗုဒ္ဓက သာရဏီယတရားတော်ကို ဟောကြားခဲ့သည်။ ဤတရားသည် လူ့အဖွဲ့အစည်း၊ လူ့အသိုင်း အဝိုင်းများအား စည်းလုံးညီညွတ်မှုကိုဖြစ်စေသည့် အကြောင်းတရား ၆ မျိုးကို ဟောကြားထားခြင်းဖြစ်သည်။ ယင်းအကြောင်းတရား ၆ မျိုးကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုအားကို တည်ဆောက်ပေးနိုင်သည်။ ယင်းအကြောင်းတရား ၆ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
ကာယကံမေတ္တာထားရှိခြင်း
ကာယကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ အကူအညီအမျိုးမျိုး လိုအပ်နေသောမိတ်ဆွေအား လိုအပ်သော အကူအညီအမျိုးမျိုးကို ပေးခြင်း၊ မိတ်ဆွေ၏ ကြုံတွေ့နေရသော အခက်အခဲများကို ပြီးဆုံးအောင်မြင်သည်အထိ ကူညီဆောင်ရွက်ပေးခြင်း၊ မိတ်ဆွေ၏ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ပေးပြီး ထိခိုက်ဆုတ်ယုတ်စေမည့် အရာမှန်သမျှကို တားဆီးပေးခြင်း၊ မိတ်ဆွေအပေါ် ရယူလိုသူအဖြစ် မရပ်တည်ဘဲ ပေးဆပ်အနစ်နာခံသူအဖြစ် ရပ်တည်ခြင်းတို့သည် ကာယကံမေတ္တာထားရှိခြင်း သဘောဖြစ်သည်။ ဤသို့ကာယကံမေတ္တာ ထားရှိခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်နေစေရန်နှင့် အမိနိုင်ငံ၏ ကြံ့ခိုင်မှုအားမြင့်မားလာစေရန် အတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ကာယကံမေတ္တာထားရှိနေကြရပါမည်။
ဝစီကံမေတ္တာထားရှိခြင်း
ဝစီကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ မိမိ၏ မိတ်ဆွေအပေါ် ယဉ်ကျေးသိမ်မွေ့သော၊ နူးညံ့သော၊ အကျိုးကို ဖြစ်စေသော၊ အခြေအနေအချိန်အခါနှင့် ကိုက်ညီသော၊ မှန်ကန်သော၊ သစ္စာတရားအပြည့်အဝရှိသော စကားမျိုးကိုသာပြောဆိုခြင်းသည် ဝစီကံမေတ္တာထားရှိခြင်းသဘောဖြစ်သည်။ ဤသို့ ဝစီကံမေတ္တာထားရှိခြင်းသည် အဖွဲ့အစည်းဝင်များ၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် အချင်းချင်းစည်းလုံး ညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် တိုင်းရင်းသား အချင်းချင်းအပြန်အလှန် ဝစီကံမေတ္တာ ထားရှိနေကြရမည်။
မနောကံမေတ္တာထားရှိခြင်း
မနောကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ မိမိ၏ မိတ်ဆွေအတွက် ကောင်းကျိုးဖြစ်စေမည့်အရာမှန်သမျှကိုသာ ကြံစည်တွေးတောပြီး ထိခိုက်ဆုတ်ယုတ်စေမည့် အရာမှန်သမျှကို ကြံစည်တွေးတောခြင်းမပြု၊ မိတ်ဆွေအား မိမိနှင့်ထပ်တူမျှ သဘောထား၍ ရှုမြင်ခံစားသည်။ မိတ်ဆွေအပေါ် မည်သည့်မကောင်းမှု၊ မည်သည့်အမှားမျိုးကိုမျှ ကျူးလွန်ရန် ကြံစည်ခြင်းမပြုဘဲ ကောင်းမှုမှန်သမျှ၊ အမှန်တရားမှန်သမျှကိုသာ ပြုလုပ်ရန်ကြံစည်သည်။
ဤသဘောသည် မနောကံမေတ္တာထားရှိခြင်း သဘောဖြစ်သည်။ ဤသို့ မနောကံမေတ္တာ ထားရှိခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်မှု ရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် အချင်းချင်း အပြန်အလှန် မနောကံမေတ္တာထားရှိနေကြရပါမည်။
သာဓာရဏဘောဂီ
သာဓာရဏဘောဂီဆိုသည်မှာ မိမိ၏မိတ်ဆွေအား အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ အနာခံလည်း အတူတူ၊ အသာစံလည်းအတူတူ သာတူညီမျှခွဲဝေ ခံစားခြင်းဖြစ်သည်။ မိမိ၏မိတ်ဆွေအန္တရာယ် ကျရောက်နေသည့်အခါ မိတ်ဆွေအားထားပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းမပြေးဘဲ မိမိအသက်ကိုပေး၍ ကယ်တင်သည်။
မိမိ၏မိတ်ဆွေအကြောင်း အမျိုးမျိုးကြောင့် နိမ့်ကျသွားသည့်အခါ နှိမ့်ချဆက်ဆံခြင်းမပြုဘဲ မိမိနှင့်တန်းတူရည်တူထား၍ ဆက်ဆံသည်။ ဤသဘောသည် မိတ်ဆွေအပေါ် သာတူညီမျှခွဲဝေ ဆက်ဆံသည့်သဘောဖြစ်သည်။ ဤသို့ သာတူညီမျှခွဲဝေဆက်ဆံခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် စည်းလုံးညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် အချင်းချင်းအပြန်အလှန် သာတူညီမျှခွဲဝေခံစားနေကြရမည်။
သီလသာမညဂတာ
သီလသာမညဂတာဆိုသည်မှာ အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များသည် ကိုယ်ကျင့်သီလမြင့်မားသူများ ဖြစ်ကြသည်ဆိုသည့်သဘောကိုဆိုလိုသည်။ အဖွဲ့အစည်းဝင်များ ကိုယ်ကျင့်သီလမြင့်မားခြင်း ဆိုသည်မှာ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များသည် ဟိရီဟူသော မကောင်းမှုပြုရမည်ကို ရှက်သည့်စိတ်၊ ဩတ္တပ္ပဟူသော မကောင်းမှုပြုရမည်ကို ကြောက်သည့်စိတ်တို့ဖြင့် နေထိုင်ကြခြင်း၊ မကောင်းမှုဒုစရိုက်မှန်သမျှကိုရှောင်ကြဉ်ပြီး ကောင်းမှုဒုစရိုက်မှန်သမျှကိုသာ ပြုမူနေခြင်းသဘောဖြစ်သည်။ ဤသို့ကိုယ်ကျင့်သီလ မြင့်မားနေကြခြင်းသည် အဖွဲ့အစည်း၏စည်းလုံး ညီညွတ်မှုကိုမြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် အချင်းချင်းစည်းလုံး ညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် မိမိတို့၏ကိုယ်ကျင့်သီလများကို အစဉ်မြှင့်တင်ပေးနေကြရပါမည်။
ဒိဋ္ဌိသာမညဂတာ
ဒိဋ္ဌိသာမညဂတာဆိုသည်မှာ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏အသိအမြင်များ မှန်ကန်နေခြင်းကိုဆိုလိုသည်။မိမိ၏အဖွဲ့အစည်း၊ မိမိ၏ခေါင်းဆောင်၊ မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်၊ မိမိတာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များအပေါ် ဂုဏ်ယူတန်ဖိုးထားမြတ်နိုးနေခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၏ အသိအမြင်များ မှန်ကန်နေခြင်းသဘောဖြစ်သည်။ ဤသို့အသိအမြင်များ မှန်ကန်မှုရှိနေခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကိုမြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် အချင်းချင်း စည်းလုံးညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် အမိနိုင်ငံ၊ အမိနိုင်ငံ၏ရည်မှန်းချက်ပန်းတိုင်၊ မိမိတို့တိုင်းရင်းသားများ အချင်းချင်း စသည်တို့အပေါ် မှန်ကန်သောအသိအမြင်များ အစဉ်ထားရှိကျင့်သုံးနေကြရမည်။
ကျွန်ုပ်တို့ သိလည်းသိရမည်၊ ကျင့်လည်းကျင့်ရမည်နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုပါက မြတ်ဗုဒ္ဓက လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများ စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေသည့် ဝိဝါဒမူလသုတ္တန်ကို ဟောကြားခဲ့သည်။ ထို့အတူ လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများ၏ စည်းလုံးညီညွတ်မှုကိုဖြစ်စေသည့် သာရဏီယတရားတော်ကို ဟောကြားခဲ့သည်။ ဤတရားတော်နှစ်မျိုးကို ကျွန်ုပ်တို့သိနေရုံဖြင့် မပြီးသေးပါ။ သိသည့်အတိုင်း အမှန်တကယ် လက်တွေ့လိုက်နာကြိုးပမ်း ဆောင်ရွက်နေရမည်။
ထို့ကြောင့် ဝိဝါဒမူလသုတ္တန်၏ တရားများဖြစ်ကြသော ဒေါသတရားဖြင့် ဖြေရှင်းခြင်း၊ အငြိုးအတေးထားခြင်း၊ ကျေးဇူးကန်းခြင်း၊ မိမိထက်သာနေသူကို အသိအမှတ်မပြုခြင်း၊ မိမိထက်သာနေသူကို မနာလိုခြင်း၊ မိမိထက်နိမ့်ကျနေသူအပေါ် ဝန်တိုခြင်း၊ ဟန်ဆောင်ခြင်း၊ လှည့်စားခြင်း၊ မိမိအလိုဆန္ဒကို မှားယွင်းသော နည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူကို ကျင့်သုံးခြင်း၊ မိမိ၏မှားယွင်းသော အယူကိုတရားသေစွဲမြဲစွာ ကျင့်သုံးခြင်း စသည့်အချက်များကို ကျွန်ုပ်တို့အစဉ် ရှောင်ကြဉ်နေကြရပါမည်။ ထို့နောက် သာရဏီယတရားများဖြစ်သော ကာယကံမေတ္တာထားရှိခြင်း၊ ဝစီကံမေတ္တာထားရှိခြင်း၊ မနောကံမေတ္တာထားရှိခြင်း၊ မိတ်ဆွေနှင့်သာတူညီမျှခွဲဝေဆက်ဆံခြင်း၊ ကိုယ်ကျင့်သီလကို အစဉ်မြှင့်တင်ခြင်း၊ မှန်ကန်သော အသိအမြင်များ အမြဲကျင့်သုံးခြင်း စသည့်အချက်များကို ကျွန်ုပ်တို့အစဉ်လိုက်နာ ဆောင်ရွက်နေကြရပါမည်။ ဤသို့ မြတ်ဗုဒ္ဓအဆုံးအမအတိုင်း တိုင်းရင်းသားအချင်းချင်း ရှောင်သင့်သည်ကိုရှောင်၊ ဆောင်သင့်သည်ကိုဆောင်နေကြပါက အမိနိုင်ငံအတွက် လိုအပ်နေသောစည်းလုံး ညီညွတ်မှုအားကို ကျွန်ုပ်တို့တိုင်းရင်းသားများ အောင်မြင်စွာ တည်ဆောက်ရယူနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။
MWD

ဒီမိုကရေစီရင့်ကျက်မှုရှိတဲ့ နိုင်ငံကြီးတွေမှာ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက် ၁၀၀ ခရီးအစကို ပျားရည်ဆမ်းကာလ(Honey Moon Period)လို့ ဆိုကြတယ်။
အစိုးရသစ်ရဲ့ ပျားရည်ဆမ်းကာလမှာ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလောကသားတွေကလည်း ဒီမိုကရေစီယဉ်ကျေးမှုအရ ဝေဖန်သမှုမပြုကြဘဲ နှုတ်စောင့်စည်းလေ့ရှိကြတယ်။ ပြည်သူလူထုနဲ့ မီဒီယာတွေကလည်း အပြုသဘောဆောင် တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စောင့်ကြည့်လေ့လာအကဲဖြတ်လေ့ရှိကြတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်း တစ်ရပ်လို့ပဲ ဆိုရမယ်။
မိမိတို့နိုင်ငံမှာလည်း ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝနဲ့အညီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၎င်းဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၂၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ လုပ်ငန်းအစီအစဉ်တွေထဲမှာ ငြိမ်းချမ်းရေးကိစ္စက ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် ပါဝင်ခဲ့ပါ တယ်။
နိုင်ငံတော်သမ္မတကြီးက နိုင်ငံရေးစကားလုံးအသုံးအနှုန်းတွေမပါဘဲ ရင်ထဲက ခံစားချက်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေး ကို လိုချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတက NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေပါ ရက် ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ PDF တွေကိုလည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ လေးနက်စွာဖိတ်ခေါ်ကြောင်း ကြေညာချက်ကို ဧပြီ ၂၁ ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကြေညာချက်ထဲမှာ “လေးနက်စွာ ဖိတ်ခေါ် အပ်ပါသည်” ဆိုတဲ့ ဝိသေသလက္ခဏာတစ်ရပ် ထူးထူးခြားခြားပါဝင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက Stakeholder တွေအနေနဲ့လည်း လက်ရှိရွေးကောက်ခံ နိုင်ငံတော်အစိုးရသစ်ရဲ့ လေးနက်စွာငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုကို အလေးအနက်ထားပြီး မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်ဖို့ လိုအပ်ပါတယ်။
လေးလေးနက်နက်၊ မှန်မှန်ကန်ကန်ရှုမြင် သုံးသပ်ဖို့ဆိုရာမှာ ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်လမ်းစဉ်ကို မွေ့လျော်နေကြတဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်အချို့ဟာ နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ဖို့ ရွေးကောက်ခံအစိုးရသစ်ရဲ့ စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် အကောင်းမမြင်နိုင်သေးဘဲ မူလတရားသေဝါဒရပ်တည်ချက်ကိုသာဆုပ်ကိုင်ပြီး မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ တောင်းဆိုလျက်ရှိတာ တွေ့မြင်၊ ကြားသိနေရလို့ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးကို မလိုလားသူ ပြည်တွင်းပြည်ပ အဖျက်အုပ်စုတွေဟာ ဒီမိုကရေစီအစိုးရသစ်ရဲ့စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဖိတ်ခေါ်ကမ်းလှမ်းမှုကို ပျက်ပြားအောင် မဟုတ်မမှန် လုပ်ကြံ ဖန်တီးပြောဆိုလျက်ရှိပါတယ်။
ဝမ်းနည်းစရာကောင်းတာက လက်ရှိလက်နက် ကိုင်ပဋိပက္ခတွေ သက်ရောက်ရာ ဒေသအချို့က ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ အခက်အခဲတွေ၊ ခံစားချက်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ၊ လိုလားချက်တွေ၊ မျှော်လင့် ချက်တွေ ဘာဆိုဘာသံမှ ကျွန်တော်တို့ မကြား ရခြင်းဘဲ ဖြစ်ပါတယ်။
တကယ်တော့ ထာဝရငြိမ်းချမ်းရေးက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေ၊ ငြိမ်းချမ်းရေး အသီး အပွင့်တွေဟာ အစိုးရ၊ တပ်မတော်တစ်ရပ်၊ အဖွဲ့ အစည်းတစ်ရပ်အတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်တယ် ဆိုတာကို အလေးအနက် ဆင်ခြင်ကြဖို့လိုပါတယ်။
နိုင်ငံရေးဆိုတာ ဖြစ်နိုင်တန်ခြေရှိတာကို ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာတွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြနဲ့ မတူတာတွေ ခဏဖယ်ပြီး တူတာတွေ ပေါင်းလုပ်ကြရမှာ ဖြစ်ပါ တယ်။
ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ (၂၀၁၀-၂၀၁၅)မှာလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရက်ပေါင်း ၁၄၅၀ ခန့်၊ အစည်းအဝေးအကြိမ်ပေါင်း ၅၀၀၀ ခန့် ပြုလုပ်ခဲ့ပြီးတွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြရင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ် ပါတယ်။
ဒါကြောင့်မို့ နိုင်ငံတော်အစိုးရသစ်ရဲ့ လာမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေးခရီးမှာ အနှောင့်အယှက်အတားအဆီးတွေဖြစ်တဲ့ ဒေသစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏအစွဲအလမ်းတွေ၊ အထင်မှား အမြင်မှား သံသယပွားမှုတွေ၊ နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်လိုမှုဆိုတဲ့ မရိုးဖြောင့်မှုတွေကိုဖယ်ရှားပြီး နိုင်ငံတော်နဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေ အကျိုးစီးပွားကို ရှေးရှုကာ သတိသမ္ဗဇဉ် ဉာဏ်နဲ့ယှဉ်ပြီး ဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းလိုပါတယ်။
လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် အတူယှဉ်တွဲပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နှစ်ပေါင်း ၈၀ နီးပါးရှိခဲ့ပါပြီ။ လက်နက် ကိုင်ပဋိပက္ခသက်ရောက်ရာ ဒေသအချို့က ဒေသခံတိုင်းရင်းသားပြည်သူတွေဟာ လွတ်လပ်ရေးရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားကြရသေးဘူးလို့ဆိုရင် မမှားပါဘူး။
နိုင်ငံတော်သမ္မတကြီးကလည်း “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့ကတည်ဆောက်ရေးလုပ်ငန်း လုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေပါလာလို့ ရှိရင် သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေမှာ ပေါ့”လို့ ဧပြီ ၂၀ ရက်ကကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
သမိုင်းနဲ့ချီပြီး ကျွန်တော်တို့ ခပ်ဝေးဝေးကြည့်စရာမလိုပါဘူး။ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းမှာ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာကြည့်ရင်ပဲ သိမြင်နိုင်ပါတယ်။
အမေရိကန်စာရေးဆရာကြီး ရစ်ချတ်ဘတ်ဝဲလ်က သူ့ရဲ့စာအုပ်ထဲမှာ လွတ်လပ်ရေးခေတ်ဦးကာလ ၁၉၄၈၊ ၁၉၄၉၊ ၁၉၅၀ ခုနှစ်တွေအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာပြည်မှာ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာ ၃၅ ရာခိုင်နှုန်း ကောခဲ့ရတယ်။ လူဦးရေသုံးသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူ နှစ်သောင်းနှစ်ထောင်နဲ့ အစိုးရဘက်က စစ်ဘက်နယ်ဘက် အမှုထမ်းပေါင်း ငါးထောင့်ခုနစ်ရာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ ပြည်သူပိုင်ပစ္စည်းတန်ဖိုး ဒေါ်လာငါးသန်းနဲ့ ပြည်သူများရဲ့ ကိုယ်ပိုင်အိုးအိမ်ပစ္စည်း တန်ဖိုးဒေါ်လာ ၉၅ သန်း ဆုံးရှုံးခဲ့ရတယ်လို့ တွက်ချက်ဖော်ပြခဲ့ဖူးပါတယ်။
ကုန်လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ဒေသအချို့မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကို တွက်ချက်ကြည့်မယ်ဆိုရင်တော့ အနမတဂ္ဂ မရေမတွက်နိုင်အောင်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရသစ်ရဲ့ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် မလိုလားသူတွေ၊ ဖျက်လို ဖျက်ဆီးလုပ်နေကြသူတွေအနေနဲ့ရော သတိပြု ဆင်ခြင်မိကြပါရဲ့လား။
မြန်မာပြည်ဟာ ငြိမ်းချမ်းချိန်တိုင်ပါပြီ။ ပြည်သူအပေါင်းကလည်း ငြိမ်းချမ်းလိုနေကြပြီ။ မြန်မာ့ဓလေ့အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းပျော်ရွှင်လိုကြတာကို ပြီးခဲ့တဲ့မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ နိုင်ငံတစ်ဝန်းက ပြည်သူများအေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြတာကိုကြည့်တာနဲ့ သိမြင်နိုင်ပါတယ်။
နိုင်ငံတော်နဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်လာတဲ့ KIA၊ AA ၊ PLA အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ နဲ့ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၅၁၇ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းကို ထပ်မံဝင်ရောက်လာခဲ့ကြပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို ဧပြီ ၂၄ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းမှာ အခမ်းအနားနဲ့တကွ မိဘအုပ်ထိန်းသူတွေဆီ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့တာကို မြင်တွေ့ရတော့အတော့်ကို ရင်ခုန်စိတ်လှုပ်ရှားမိတယ်။ လမ်းမှန်ကိုရွေးချယ်နိုင်ခဲ့တဲ့ သူတို့တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုမိတယ်။ လမ်းမှားမှာ ဆက်ပျော်မွေ့နေသူတွေကိုလည်း နောင်တကြီးကြီးမရခင် အချိန်မီလမ်းမှန်မှာ လျှောက်လှမ်းလာနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
ဧပြီ ၂၆ ရက်မှာလည်း PNLO အဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၆၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ မှာ အခမ်းအနားနဲ့တကွ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်။
လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ်အတူ ယှဉ်တွဲပေါ်ပေါက်လာပြီး ကမ္ဘာပေါ်မှာ အရှည်ကြာ ဆုံးလို့ဆိုရမယ့် လက်နက်ကိုင်ပဋိပက္ခ အပြီးတိုင် ချုပ်ငြိမ်းစေဖို့က လက်ရှိမျိုးဆက်တွေရဲ့သမိုင်းပေးတာဝန်တစ်ရပ်လို့ပဲ ဆိုရမှာဖြစ်ကြောင်းပါ။ ။
MDN

စစ်မှန်သောအစိုးရနှင့် ခေါင်းဆောင်မှု၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနိုင်ငံရှိ ပြည်သူလူထု၏ ကံကြမ္မာသည် ပြည်သူကို ဦးဆောင်နေသော အစိုးရ၏ စစ်မှန်မှုနှင့် ထိုအစိုးရကို လမ်းညွှန်မှုပေးနေသည့် ခေါင်းဆောင်၏ အမြော်အမြင်ရှိမှုတို့အပေါ်တွင် များစွာတည်မှီနေပါ သည်။ စစ်မှန်သော အစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒ ကို ထင်ဟပ်ကိုယ်စားပြုရုံသာမက တိုင်းပြည်၏ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ရဲဝံ့ ပြတ်သားစွာ ဖြေရှင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော မဟာဗျူဟာမြောက် လမ်းပြ မြေပုံများချမှတ်နိုင်သည့် အစိုးရမျိုးကိုဆိုလိုခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ဘက်ပေါင်းစုံမှ အောင်မြင်နေသော နိုင်ငံအသီးသီးကို လေ့လာကြည့်ပါက အရင်းခံ အကြောင်းတရားမှာ အရည်အသွေးမြင့်မားသော ခေါင်းဆောင်နှင့် စစ်မှန်သော အစိုးရများ ရှိနေခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် စင်ကာပူ နိုင်ငံကို ကမ္ဘာ့အဆင့်မီနိုင်ငံဖြစ်အောင် ထူထောင်ခဲ့ သည့် လီကွမ်ယု(Lee Kuan Yew) ၏ ခိုင်မာသော စိတ်ဓာတ်နှင့် အမြော်အမြင်ရှိသော ခေါင်းဆောင်မှု မျိုးသည် နိုင်ငံတစ်နိုင်ငံကို သုညဘဝမှ အောင်မြင်မှု၏ ထိပ်ဆုံးသို့ ပို့ဆောင်နိုင်ကြောင်း သက်သေ ပြခဲ့ပါသည်။ ယခုအခါ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော သမိုင်းဝင် အခွင့်အရေးကောင်းများ ရရှိနေပြီဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ယခုအစိုးရသစ်သည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ဖော်ဆောင်နိုင်ရန် ခိုင်မာသောစိတ်ဓာတ် (Will Power) ဖြင့် စတင်အခြေပြုခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသည် အစိုးရသစ်၏ နောင်ငါးနှစ်တာကာလအတွက် မဟာဗျူဟာမြောက် ရက်ပေါင်း ၁၀၀ စီမံကိန်းလုပ်ငန်းစဉ်များကို တရားဝင်အစပြုလိုက်ခြင်းပင် ဖြစ်ပါသည်။
ခေါင်းဆောင်ကောင်းတစ်ဦး၏ အခန်းကဏ္ဍသည် တိုင်းပြည်အတွင်းရှိ အင်အားစုအားလုံးကို စည်းလုံးညီညွတ်စွာ စုစည်းပေးနိုင်ရန်ဖြစ်ပြီး ယခုချပြလိုက်သော ရက်ပေါင်း ၁၀၀ စီမံကိန်းသည် ခေါင်းဆောင်မှု၏ ထိရောက်သော အုပ်ချုပ်မှုယန္တရား (Effective Governance)ကို လက်တွေ့ကျကျ သက်သေပြမည့် ပထမဆုံးသော ခြေလှမ်းသစ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီးက တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား၍ အလေးပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ခိုင်မာစွာ မိန့်ကြားခဲ့ပါသည်။
ပညာရေးကဏ္ဍ မြှင့်တင်ရေးနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက်ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက အတိတ်သမိုင်း၏ အားနည်းချက်များကို သင်ခန်းစာယူ၍ ခေတ်မီပြီး အရည်အသွေးမြင့်မားသော ပညာရေးစနစ်တစ်ခုကို တည်ဆောက်ရန်မှာ အစိုးရသစ်၏ အဓိကတာဝန် ဖြစ်ကြောင်း အလေးထား မိန့်ကြားခဲ့ပါသည်။ ပညာရေးအားနည်းပါက အသိပညာဗဟုသုတ နည်းပါး လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ဆုံးရှုံးသွား နိုင်သည်ဟူသော အချက်ကိုလည်း အမြော်အမြင်ရှိ စွာ ထောက်ပြခဲ့ပါသည်။
အစိုးရသစ်အနေဖြင့် ပညာရေးကို အကျိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖြစ် ခိုင်မာစွာသတ်မှတ် ထားပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများအောက်ရှိ ပညာရေးကဏ္ဍ များ အပါအဝင်ဆိုပါက စုစုပေါင်း ၉ ဒသမ ၂၂ ရာခိုင် နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပါသည်။ ထို့အပြင် လာမည့် ငါးနှစ်တာကာလအတွင်း ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင် နှုန်းအထိ အဆင့်ဆင့်တိုးမြှင့်သွားရန် ခိုင်မာသော ရည်မှန်းချက် ချမှတ်ထားရှိပါသည်။
နိုင်ငံသားတိုင်း အခြေခံစာတတ်မြောက်ရုံသာမက ခေတ်နှင့်အညီ အသိပညာဗဟုသုတ ပြည့်စုံ စေရန်အတွက် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။ ကျောင်းနေသူဦးရေ တိုးတက်လာစေရေးနှင့် အခြေခံပညာအဆင့်များတွင် တန်းစဉ် ကူးပြောင်းမှု လျော့နည်းခြင်းမရှိစေရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော် အတွက် လိုအပ်သော လူ့စွမ်းအားအရင်း အမြစ်များကို ပြုစုပျိုးထောင်ပေးမည့် မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။
စာသင်ကျောင်းများကိုလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသွားမည် ဖြစ်ပြီး လူငယ်များ၏ ကာယဗလဖွံ့ဖြိုးရေးအတွက် အားကစားကွင်းများ ပါဝင်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် အခြေခံပညာကျောင်းများတွင် ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကို ထည့်သွင်းသင်ကြားပေးခြင်းဖြင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက် ကောင်းမွန်သော နိုင်ငံ့သားကောင်းများကို စနစ်တကျ ပြုစုပျိုးထောင်သွားမည်ဖြစ်ပါသည်။ ဗလငါးတန်နှင့် ပြည့်ဝသည့် ကျောင်းများဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Foot-ball for School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်အစီအစဉ်များကိုလည်း ရှေ့ပြေး စီမံကိန်းများဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခု ဖြစ်ပေါ်လာစေရန် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေး တက္ကသိုလ်များ သတ်မှတ်ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။ အထူးသဖြင့် နိုင်ငံတော် အတွက် လိုအပ်သော အဆင့်မြင့်ပညာရှင်များနှင့် သုတေသီများကို မွေးထုတ်ပေးနိုင်မည့်အပြင် နိုင်ငံ တော်၏ အနာဂတ်ကို သိပ္ပံနှင့်နည်းပညာဖြင့် ပုံဖော်ပေးမည့် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်စီးပွားရေး မြှင့်တင်မှု
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်ကြပြီး ထိုသူတို့အနက် ၅၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှသာလျှင် နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုနှုန်းမှာ သိသာစွာ ကျဆင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အမြော်အမြင်ရှိစွာ လမ်းညွှန်ခဲ့ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်စီးပွားရေး မြှင့်တင်မှုကဏ္ဍကို အခြေခံမှစ၍ မြှင့်တင်ရန်အတွက် ရက်ပေါင်း ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများအတွက် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု၊ စက်မှုလယ်ယာနှင့် နည်းပညာပံ့ပိုးမှု၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများကို မဟာဗျူဟာမြောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
တောင်သူလယ်သမားများ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် ငွေကြေးအရင်းအနှီး အခက်အခဲ မရှိစေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ရက်ပေါင်း ၁၀၀ အတွင်း တိုးမြှင့်ထုတ်ချေးပေးမည် ဖြစ်ပါသည်။ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုး သည့် တောင်သူများအတွက် တစ်ဧကလျှင် ကျပ် သုံးသိန်းနှုန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲနှုန်း အထိ လည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်ဧကလျှင် တစ်သိန်းခွဲအထိ လည်းကောင်း တိုးမြှင့်ပေးသွားရန် စီစဉ်ထားရှိပါသည်။ တောင်သူများ၏ ကုန်ထုတ်စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးမည့်အပြင် ကုန်ထုတ်လုပ်မှု စရိတ်များကိုလည်း များစွာအထောက်အကူပြုစေ မည့် အစီအစဉ်ဖြစ်ပါသည်။
ရိုးရာစိုက်ပျိုးရေးစနစ်မှ ခေတ်မီစက်မှုလယ်ယာ စနစ်သို့အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရာတွင်လိုအပ်သော ငွေကြေးပံ့ပိုးမှုများကို စနစ်တကျ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။ လယ်ယာသုံး စက်ကိရိယာများအတွက် ကျပ်သိန်း ၃၀၀၀ အထိနှင့် အထက်ဟူ၍ ကဏ္ဍခွဲကာ ချေးငွေများထုတ်ပေးသွား မည်ဖြစ်ပါသည်။ ထို့အပြင် နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အသုံးပြု၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးကိုလည်း နိုင်ငံတော်က အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဒေသအလိုက် အသား၊ ငါးနှင့် စားသောက်ကုန်များ ဖူလုံစွာထုတ်လုပ်နိုင်ခြင်းသည် ကုန်ဈေးနှုန်း များကို လျော့ကျစေမည့် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သမ္မတကြီးက လမ်းညွှန်ခဲ့ပါသည်။ မိမိ ဒေသအတွင်း ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များကို သက်သာ စေရုံသာမက ပြည်သူများအနေဖြင့် လတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို သက်သာ သောဈေးနှုန်းဖြင့် စားသုံးနိုင်မည့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာခြင်းသည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရုံသာမက ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ အလေအလွင့်ဖြစ်မှုကိုလည်း ချွေတာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါစီမံကိန်း သည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ပေးမည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါတော့သည်။
ကုန်ထုတ်လုပ်မှုနှင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံ့စီးပွားရေး အခြေခံခိုင်မာစေရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပြည်ပ ပို့ကုန် တိုးမြှင့်နိုင်ရန်မှာ မဖြစ်မနေလိုအပ်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) အောင်မြင်ဖြစ်ထွန်းရေး အတွက်လည်း လမ်းညွှန်မှုပြုခဲ့ပါသည်။
ပြည်ပမှ ကုန်ကြမ်းများကို တင်သွင်း၍ ထုတ်လုပ်ခြင်းထက် မိမိတို့နိုင်ငံအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ကို အဓိကထား အားပေးသွားမည်ဖြစ်ပါသည်။ သို့မှသာ ပြည်ပသို့ နိုင်ငံခြားငွေ စီးထွက်မှုကို ထိန်းချုပ်နိုင်မည့်အပြင် ပြည်တွင်းရှိ သယံဇာတများ ကို တန်ဖိုးမြှင့်ထုတ်ကုန် (Value-added products) များအဖြစ် ပြောင်းလဲနိုင်မည့် ဒေသတွင်း ကုန်ကြမ်း များကို အခြေခံသည့် ကုန်ချောထုတ်လုပ်မှု နည်းလမ်းကောင်းပင် ဖြစ်ပါသည်။
ဝါ၊ ဝါး၊ ရော်ဘာ စသည့် စက်မှုကုန်ကြမ်းများ အပြင် သရက်၊ ဒူးရင်း၊ ငရုတ်ကောင်းစသည့် ဥယျာဉ် ခြံထွက်သီးနှံများကိုလည်း အဆင့်မြင့်ကုန်ထုတ်သီးနှံများအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ထိုသို့အဆင့်မြင့်သီးနှံများနှင့် စက်မှုကုန်ကြမ်းများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဒေသအလိုက် ထွက်ရှိ သော သီးနှံများကို ကုန်ကြမ်းအဆင့်မှသည် စံချိန်စံညွှန်းမီ ကုန်ချောအဆင့်အထိ ထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်မှန်းထား ပါသည်။
MSME လုပ်ငန်းများ စတင်ရန်နှင့် တိုးချဲ့ရန်အတွက် လိုအပ်သောရင်းနှီးမတည်ငွေများနှင့် လုပ်ငန်းလည်ပတ်ရန် ငွေကြေးများကို နိုင်ငံတော်က ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အဟန့်အတားများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြေလျှော့မှုများကိုလည်း ရက်ပေါင်း ၁၀၀ အတွင်း အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ သည်။
မိမိတို့နိုင်ငံအတွင်း ထုတ်လုပ်နိုင်သည့် လူသုံးကုန်နှင့် စားသောက်ကုန်များကို ပြည်ပမှ တင်သွင်း ခြင်းထက် ပြည်တွင်းဖြစ်ကို ဦးစားပေးအသုံးပြုကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်းထုတ်ကုန်များ အရည်အသွေး ပြည့်မီလာခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ရုံသာမက နိုင်ငံ တကာဈေးကွက်သို့ ပို့ကုန်အဖြစ် တင်ပို့နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးကို အားကောင်းစေကာ ပြည်ပ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်မြှင့်တင်ရေးကို များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ ရက် ၁၀၀ စီမံချက်
နိုင်ငံတော်၏ စီးပွားရေးစီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်နှင့် ဒေသအချင်းချင်း ချိတ်ဆက်မှု အားကောင်းစေရန်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍသည် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ကြောင့် အစိုးရသစ်၏ ပထမ ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူများ သိသာ ထင်ရှားသော အကျိုးကျေးဇူးများ ခံစားရစေရန် လေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ အဆင့်မြှင့်တင်မှု များ၊ ရထားလမ်းပိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ် စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ များကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။
လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ပို့ကုန်များအား စနစ်တကျသိုလှောင် ထိန်းသိမ်းနိုင်ရန်အတွက် ခေတ်မီ သိုလှောင်ရုံ (Warehouse)များကို ဦးစားပေး တည်ဆောက်သွားရန် စီစဉ်ထားရှိပါသည်။
ကုန်စည်စီးဆင်းမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် ရထားလမ်းပိုင်းများအား အဆင့်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်မည်ဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင် နှင့် ရန်ကုန်-ပြည်လမ်းပိုင်းများတွင် လမ်းပိုင်းကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်မည် ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်း ရထားလမ်းပိုင်းရှိ တံတားနှင့် လမ်းပိုင်းပြင်ဆင်မှုများ ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
ပြည်သူများ သတင်းအချက်အလက် စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန်အတွက် ရက်ပေါင်း ၁၀၀ အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ် ၂၇ ခုကို ထပ်မံတိုးချဲ့စိုက်ထူပေးသွားမည်ဖြစ်ပါသည်။ ၎င်းအပြင် လက်ရှိအသုံးပြုနေသော စခန်းကိုးခုကိုလည်း မြန်နှုန်းမြင့် 4G LTE အဆင့်သို့ မြှင့်တင်ပေး ခြင်းဖြင့် ဒေသတွင်း ဆက်သွယ်ရေးကဏ္ဍကို အားကောင်းစေမည်ဖြစ်ပါသည်။
နိုင်ငံ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး (Solar Power) စီမံကိန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဖြစ်ပါသည်။ အထူးသဖြင့် နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို ဖော်ဆောင်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက်ပါ လျှပ်စစ်စွမ်းအားကို အကျိုးရှိရှိ အသုံးပြုသွားမည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကတိကဝတ်များ
ပြည်သူများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်း မြင့်မားလာစေရေးနှင့် ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကကျသော ကဏ္ဍဖြစ်ပါသည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို အရည်အသွေး မြှင့်တင်ရန်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ မြှင့်တင်ခြင်းအနေဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်း မီစေရန်အတွက် မြို့နယ်ပေါင်း ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများကို ထပ်မံ ခန့်အပ်ကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက် အောင် ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နှလုံး ရောဂါရှင် လူနာတစ်သိန်းအတွက် အခမဲ့ကာကွယ် ကုသပေးမည့် လုပ်ငန်းစဉ်များကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍတွင် ကျွမ်းကျင်သူနာပြုနှင့် သားဖွားဆရာမများ လုံလောက်စွာရှိစေရန်အတွက် လက်ရှိသူနာပြုသင်တန်းကျောင်းများကို “သူနာပြု သိပ္ပံ”(Nursing Science) အဆင့်သို့ အဆင့်မြှင့်တင် သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လက်တွေ့ကုသမှုနယ်ပယ်တွင် အရည်အသွေးမြင့်မားသော ကျန်းမာရေးဝန်ထမ်းများကို ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
လူငယ်များ၏ စိတ်ဓာတ်နှင့် စည်းကမ်းကို အားကစားဖြင့် ပုံဖော်ပေးနိုင်ရန် "Football for School" အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ရှေ့ပြေးစီမံကိန်း (Pilot Project) အနေ ဖြင့် စတင်မည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် လူငယ်များကျန်းမာကြံ့ခိုင်ရုံသာမက စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးနှင့် အားကစားကဏ္ဍကို ဟန်ချက်ညီညီ မြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံစိတ်ချရမှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တွင် တက်ကြွစွာ ပါဝင်လာနိုင်စေရန် အခြေခံ အုတ်မြစ် ချမှတ်ပေးခြင်းပင် ဖြစ်ပါတော့သည်။
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖိတ်ခေါ်ချက်
နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လမ်းညွှန်မိန့်ကြားရာတွင် “ကျွန်တော် တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့ မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး မှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက် တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာ ပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးချမခံရအောင်နေကြဖို့ ပြောလိုပါတယ်” ဟု ထည့်သွင်းမိန့်ကြားခဲ့ ပါသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိလျှင် မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိုမျှ အရှိန် အဟုန်ဖြင့် လုပ်ဆောင်ရန် ခက်ခဲပါသည်ဟူသော အချက်ကို အလေးထား မီးမောင်းထိုးပြခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံးအဆုံးသတ် နိုင်ရန်နှင့် ရေရှည်တည်ငြိမ်ရေးကို ဖော်ဆောင်နိုင် ရန်အတွက် “နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်” နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရသစ်က ပြတ်သားသော သဘောထားဖြင့် လမ်းဖွင့်ပေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတက PDF အဖွဲ့များအပါအဝင် အဖွဲ့အစည်းအသီးသီးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန်နှင့် မိမိတို့၏ သဘော ထားများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြရန် အလေးအနက် ဖိတ်ခေါ်ထားပါသည်။
တည်ငြိမ်အေးချမ်းရေးနှင့် ရှေ့လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မထိုးရသေးသည့် အဖွဲ့ များကိုပါ တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားပါသည်။ PDF အဖွဲ့ဝင်များအနေဖြင့် အသုံးချခံဘဝမှ ရုန်းထွက်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်၍ နိုင်ငံတော်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်ပြကာ တရားဝင်ဥပဒေအဖြစ် အတည်ပြုဆောင်ရွက်သွားမည့် လမ်းစဉ်ကိုလည်း ချမှတ်ထား ပါသည်။
တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်သူများ အနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝများကို အေးချမ်း စွာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို လည်း ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူနှင့် အစိုးရအကြား ယုံကြည်မှု တည်ဆောက် ခြင်းဖြင့် ငြိမ်းချမ်းသော လူ့အသိုက်အဝန်းတစ်ခုကို ပြန်လည်ထူထောင်သွားမည်ဖြစ်ပါသည်။
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံ တော်တည်ဆောက်ရေးတွင် ပါဝင်လာရန် ဖိတ်ခေါ် ခြင်းသည် အရှုံးအနိုင်အတွက်မဟုတ်ဘဲ တိုင်းပြည် နှင့် ပြည်သူတို့၏ အနာဂတ်အတွက် ဖြစ်ပါသည်။ အဆိုပါဖိတ်ခေါ်ချက်သည် စစ်မှန်သော ငြိမ်းချမ်း ရေးဆီသို့ ဦးတည်သည့် သမိုင်းဝင် ခြေလှမ်းတစ်ရပ် ဖြစ်ပါတော့သည်။
ရှေ့ဆက်ရမည့် လမ်းစဉ်
အနှစ်ချုပ်အားဖြင့်ဆိုရသော် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတော်၏ အနာဂတ်ကို ပြန်လည် ထူထောင်ရာတွင် အဂတိကင်းစင်မှု၊ မှန်ကန်သော လုပ်ရပ်နှင့် စေတနာကို အခြေခံ၍ ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့ဆက်လှမ်းမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော ယခုအစိုးရသည် ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုလျက် ရက်ပေါင်း ၁၀၀ စီမံကိန်း မှတစ်ဆင့် မြင်သာထင်သာရှိသော ပြောင်းလဲမှုများ ကို စတင်ဖော်ဆောင်နေပြီဖြစ်ပါသည်။
နိုင်ငံတော်ဘဏ္ဍာငွေများကို အသုံးပြုရာတွင် လည်း အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိရောက် စွာ သုံးစွဲရန်မှာ အစိုးရ၏ အဓိကမူဝါဒဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများကို ဦးစားပေးအဆင့်မြှင့်တင်ပေးခြင်းဖြင့် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲများ ကင်းစင်သည့် မျှတသောဖွံ့ဖြိုး တိုးတက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင် ပြည်သူများ၏ လူမှုဘဝ လွယ်ကူချောမွေ့စေရန်အတွက် နည်းပညာအခြေပြု ဝန်ဆောင်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်သွား မည်ဖြစ်ရာ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များ အတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် e - ID စနစ်အတွက် လိုအပ်သော အချက်အလက်များကို ရက်ပေါင်း ၁၀၀ အတွင်း အမြန်ဆုံးကောက်ယူဖြည့်သွင်းခြင်း တို့ဖြင့် ခေတ်မီပြီး ထိရောက်မြန်ဆန်သော e - Government ယန္တရားတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်သွားမည် ဖြစ်ပါသည်။
အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို ထိရောက်စွာ ပေါင်းစပ်၍ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို အမှန်တကယ်ဖော်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ကြီးက လမ်းညွှန်တိုက်တွန်းထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍မည်သို့သော ဝေဖန်မှုနှင့် စိန်ခေါ်မှုများ ရှိနေပါစေ၊ အမှန်တရားကို လက်ကိုင်ထား၍ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် မဆုတ်မနစ် သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အစပြုမည့် ရက်ပေါင်း ၁၀၀ စီမံကိန်းနှင့် အစိုးရသစ်၏ ရှေ့လုပ်ငန်းစဉ်များက မြန်မာနိုင်ငံသစ်ဆီသို့ တက်လှမ်းမည့် အရေးကြီးသော ခြေလှမ်းသစ်တစ်ခု ဖြစ်ပါသည်။ စစ်မှန်သော အစိုးရ၊ အမြော်အမြင်ရှိ သော ခေါင်းဆောင်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင် မှုတို့ဖြင့် အမိနိုင်ငံတော်ကြီးကို ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် မလွဲဧကန် တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မျက်နှာစာတစ်ခုမှ မျက်နှာစာအသစ်တစ်ခုသို့ ကူးပြောင်းသည်ဟုဆိုသည်။ အဟောင်းမှအသစ်သို့ပြောင်းလဲခြင်း၊ အသစ်မှအသစ်သို့ပြုပြင်ပုံသွင်းခြင်း… မည်သို့ဆိုဆို မျက်နှာစာအသစ်တစ်ခု ဖွင့်တိုင်းဖွင့်တိုင်း၊ အမည်သစ်တစ်ခု တပ်တိုင်းတပ်တိုင်းမှာ မလွဲမသွေလိုက်ပါရသည်က အတွေးအမြင်သစ်များပါ လိုက်ပါပြောင်းလဲနေရန်ပင်။ သို့မှသာ အပြောင်းအလဲကအဓိပ္ပာယ်ရှိမည်။ ပြောင်းလဲလိုသောအရာရာသည် စစ်မှန်သော အသစ်အသစ်များဖြစ်လာပေမည်၊ တိုးတက်လာမည်၊ ဖွံ့ဖြိုးလာမည်..ဟူ၍။ သို့ဆိုလျှင် မျက်နှာစာအသစ်ဖြစ်ရန် မည်သည့်အချက်တွေမှာ မည်သို့လိုက်ပါပြောင်းလဲရမလဲ.....။
အတွေးအမြင်သစ် စိတ်သစ်လူသစ်ဖြင့်
အရေးကြီးသည်က အတွေးများ၊ အမြင်များ အသစ်ဖြစ်နေရန်ပါ။ သစ်လွင်သော အတွေးအမြင်များဖြင့်သာ စိတ်သစ်လူသစ်ဖြစ်မည်၊၊ အတွေး၊ အမြင်သစ်များဖြင့် ဖန်တီးနိုင်မှသာ လုပ်နည်းလုပ်ဟန်အသစ်များ ဖြစ်နိုင်သည်။ လုပ်နည်းအသစ်များကသာလျှင် အခင်းအကျင်းအသစ်များကို တည်ဆောက်နိုင်မည်။ သစ်လွင်သောစိတ်ဖြင့်သာ ဖြူစင်သောစိတ်၊ ရိုးသားသောစိတ်၊ ဖြောင့်မတ်သောစိတ်များ ဖြစ်နိုင်မည်ဟုဆိုသည်။ အတွေးတူ၍ အလုပ်လည်းတူလာကြမည်။ ထိုစိတ်ထားများဖြင့် အလုပ်လုပ်၍ အများအတွက်၊ နိုင်ငံအတွက်၊ အနာဂတ်မျိုးဆက်များအတွက် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်စဉ်းစားနိုင်မှသာ စေတနာပါ၊ ပညာပါသောအလုပ်များ ဖြစ်လာသည်။ ထိုစိတ်များကို စေ့ဆော်နိုင်ရန်မှာ မှန်ကန်သောအတွေးအမြင်က ရှေးဦးရှိနေရမည်။
အတွေးမှန်၊ အမြင်မှန်ကန်ခြင်းဟူသည် အမှန်ကိုအမှန်အတိုင်းမြင်၍ အမှားနှင့်အမှန်ကို ခွဲခြားသိခြင်း၊ အမှားလုပ်လျှင်ပျက်စီးမည်၊ အမှန်အတိုင်းလုပ်လျှင်တိုးတက်မည်၊ မှန်သည်ဆိုသော်လည်း အခြေအနေအချိန်အခါကြည့်၍ ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲဟု ခွဲခြားသိမြင်၍ ဆုံးဖြတ်နိုင်သည်ဟူသော အမြော်အမြင်ရှိခြင်းကို ဆိုလိုသည်။ တစ်နည်း ယုံကြည်ချက် မှန်နေခြင်းဖြစ်သည်။ ထိုယုံကြည်ချက်ဖြင့် အမှားမလုပ်၊ အမှန်ကိုသာလုပ်မည်ဟု ခံယူခြင်းဖြင့် ခံယူချက်မှန်နေသမျှ အတွေးသစ်၊ အမြင်သစ်များသည် အစဉ်လန်းဆန်းသစ်လွင်နေ မည်ဟုဆိုသည်။ ထိုသို့ယုံကြည်ချက်မျိုး၊ ခံယူချက်မျိုးရှိနေပြီဆိုလျှင် ရိုးဖြောင့်သောစိတ်၊ ဖြူစင်သောစိတ်များ ပိုင်ဆိုင်ရန်မှာ အလှမ်းမဝေးတော့ပါ။ ထိုထို စိတ်နေစိတ်ထားများ အားနည်းနေသရွေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသက်သက်ဖြင့် အနှစ်မပါ၊ ရေရှည်မခံသော ပြယုဂ်အဖြစ်သာ ဟန်ပြဖြစ်နေပါမည်။ အနာဂတ်အတွက် ရေရှည်ဖွံ့ဖြိုးမှုသို့ဦးတည်သော စိတ်ဓာတ်နှင့်ပညာကြွယ်သော ဆောင်ရွက်ချက်များကသာ အမှန်တိုးတက်မှုကိုရရှိပြီး နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော နိုင်ငံအရေးနှင့် အမျိုးသားအကျိုးစီးပွားများသည် အမှန်တကယ် ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။
ထက်သန်စိတ်အား တက်ကြွစွာဖြင့်
မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့၊ မျက်နှာစာသစ်ဖိုရမ်တစ်ခု၌ချပြခဲ့သော အစဉ်မှန်ကန်မြဲသည့် ပရမတ္ထသဘောတရားများနှင့်အတူ ကိုယ်တိုင်ပါဝင်ပြီး စာမျက်နှာအသစ်တစ်ခုဖွင့်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များက ထိုသဘောတရားများကို မယိမ်းယိုင်သော ယုံကြည်ချက်များအဖြစ် အခိုင်အမာခံယူထားပြီး ဖြစ်ပါမည်။ ထိုယုံကြည်ချက်များဖြင့်သာ အပြန်အလှန်ယုံကြည်မှု (Trust) ကို ဦးစွာတည်ဆောက်နိုင်မည်ဟု လက်ခံထားကြသည်၊၊ ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု (Peace) ကို ဖော်ဆောင်ကြမည်။ သို့မှသာ ဖွံ့ဖြိုးမှု (Development) ဆီသို့ ရှေးရှုနိုင်မည်ဟူသော ခံယူချက်သည် ကိုယ်စားလှယ်များအားလုံး၏ Mission ဖြစ်ပါသည်။ တစ်ဆက်တည်းမှာ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူကိုကိုယ်စားပြုသူများပီပီ ပြည်သူ့အတွက် နိုင်ငံ့တာဝန်ကိုကျေပွန်အောင် ထမ်းရွက်ကြမည်ဟု သန္နိဋ္ဌာန်ချထားပြီးလည်းဖြစ်သည်။ သန္နိဋ္ဌာန်နှင့်အတူ နိုင်ငံအတွက် အရေးကြီးဆုံးသောပြဿနာရပ်များ (Key issues) များကို ဦးစားပေးအလိုက်ဖော်ထုတ်၍ ဆွေးနွေးအဖြေရှာရန် အသင့်ဖြစ်နေကြပါပြီ။
လေ့လာမိသမျှ ကိုယ်စားလှယ်အများစုကြီးက လွှတ်တော်အစည်းအဝေးခန်းထဲတွင် မေးခွန်းများမေးရန်၊ အဆိုများတင်ရန်၊ ဥပဒေများပြုကြရန် ခေါင်းစဉ်များ၊ အချက်အလက်ပေါင်းများစွာကို စုစည်းထားရှိပြီး Proactive ဖြစ်နေပြီဟု ယုံကြည်ပါသည်။ အတွေ့အကြုံများစွာကြွယ်ဝသည့် ကိုယ်စားလှယ်ကြီးများဦးဆောင်၍ နိုင်ငံအတွက် အရေးကြီးကိစ္စရပ်များအပေါ် မေးမြန်း၊ တင်သွင်း၊ ဆွေးနွေးဆုံးဖြတ်နိုင်ရေး စိတ်အားထက်သန်နေကြပါပြီ။ ပြည်သူ့အသံကိုနားထောင်ပြီး ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းဖြင့် ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်မည့်သဘောများ တွေ့နေရသည်။
အမှန်လည်း နိုင်ငံတွင်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးကိစ္စရပ်များ များစွာရှိနေသည်။ ရင်ဆိုင်ရမည့် ပြဿနာရပ်များစွာရှိနေသည်။ ခက်ခက်ခဲခဲဖြေရင်းရမည့် ကိစ္စရပ်တိုင်းမှာ စိန်ခေါ်မှုအများအပြားက ကြိုလင့်နေသည်။ သို့သော် ကိုယ်စားလှယ်များကား မည်သည့်နိုင်ငံ့အရေးများတွင် မည်သို့ပါဝင်ထမ်းရွက်ကြရမလဲ ကြိုတင်သိမြင်နေပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးမှာ ငါတို့ဘယ်လိုအခန်းကဏ္ဍမှ ပါဝင်ကြမလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပို့ကုန်/သွင်းကုန်ကဏ္ဍကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲ စသည်၊ စသည် စဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်များစွာအတွက် အဖြေများ၊ နည်းလမ်းများရှိထားပြီး ဖြစ်ပုံရသည်။
အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရာ
တင်ပြခဲ့သည့်အတိုင်း ဆောင်ရွက်ရမည်များက များစွာပင်။ အကောင်းအဆိုးများ ရောပြွမ်းနေသည့် နာတာရှည်ရောဂါကို ကုစားဖို့ရန် စိတ်အားများ ထက်သန်နေပါပြီ။ ပြောင်းဖို့လုပ်တိုင်း ကွဲတာတွေ၊ ပြင်ဖို့လုပ်တိုင်း ပျက်တာတွေ သင်ခန်းစာများလည်း အထိုက်အလျောက်ရှိခဲ့၊ ရခဲ့ကြပါပြီ။ ထို့အတွက် ဘယ်လိုချဉ်းကပ်အဖြေရှာ ကြမလဲ၊ လုပ်နည်းလုပ်ဟန် မှန်မှန်ကန်ကန်ဖြင့် အဆုံးအဖြတ်များ မှန်ကန်ရန်က အလွန်အရေးကြီးသည်။ သမိုင်းကြောင်းကို အခြေခံ၊ အစွန်းတရားနှစ်ပါးမှ လွတ်အောင်ရှောင်၊ ပကတိအရှိတရားကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာ သုံးသပ်အဖြေရှာရန် အကောင်းဆုံးသော အတွေ့အကြုံများလည်းရှိနေပါပြီ။ အမျိုးသားနိုင်ငံရေးမှာ ခံယူချက်တို့အားနည်းခဲ့ကြပြီး အတ္တနှင့်ယှဉ်သည့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လွန်းသူများကြောင့် လက်နက်ကိုင်ပဋိပက္ခများ၊ မညီညွတ်မှုများ သက်ဆိုးရှည်နေခြင်းဖြစ်သည်ကို သိရှိကြပြီးဖြစ်သည်။
အကြောင်းရင်းကိုသိလျှင် မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ခံယူကျင့်သုံးကြပုံများကို လွှတ်တော်အတွင်းအပြင် လှုပ်ရှားမှုများမှတစ်ဆင့် ပြည်သူကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်ကြီးများက စံပြနမူနာပြ ဦးဆောင်ပြသသွားနိုင်ကြမည်ဟု ယုံကြည်ပါသည်။ ကိုယ်စားလှယ်များ မေးမည့်မေးခွန်း၊ တင်သွင်းမည့်အဆို၊ ဆွေးနွေးမည့်ဥပဒေများတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာကိုမထိခိုက်အောင် မည်သို့ဆွေးနွေးညှိနှိုင်းကြမလဲ၊ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ပြဿနာကို ဘယ်လိုဆုံးဖြတ်အဖြေရှာမလဲ၊၊ လွှတ်တော်နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုကို ငြိမ်းချမ်းစွာဖြင့် မည်သို့ပျိုးထောင်မည်၊ ပြည်သူ့မျှော်လင့်ချက်နှင့်အိပ်မက်ကို မည်သို့ဖော်ဆောင်သွားမည်….၊ ဤသည်ပင် ထာဝရငြိမ်းချမ်းရေးအတွက် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် စွမ်းရည်ပြည့်မဏ္ဍိုင်များ (Strong Institutions) နှင့် စစ်မှန်သောပြယုဂ် ကောင်းများဖြစ်နေပါပြီ။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကျင့်စဉ်တစ်ခုကိုဖော်ထုတ်၍ ဖက်ဒရယ်ကိုဦးတည်သည့် ပြည်သူတို့၏ နိုင်ငံရေးရေချိန်ကိုမြှင့်တင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များက Role model များအဖြစ် ရပ်တည်နေကြပါပြီ။
နိုင်ငံရေးယဉ်ကျေးမှုတစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ
နိုင်ငံတစ်ခုဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေ အလှည့်အပြောင်း အချိုးအကွေ့တိုင်းတွင် အလွန်သတိထားရသည်။ အထူးသဖြင့် ပြည်တွင်းနိုင်ငံရေး အလှည့်အပြောင်းနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲများ တိုက်ဆိုင်နေချိန် ပို၍အရေးကြီးပါသည်။ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးဟူသည် ခေါင်းနှင့်ပန်းလို ဆက်စပ်နေသည့်အတွက် ယခုလို တိုးတက်စပြုလာသော ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် ပြည်ပအခြေအနေမျိုး၌ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနှစ်ခုလုံးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်ဟု ယူဆပါသည်။
အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတနှင့် ပညာဉာဏ်ကြီးသူများဖြစ်၍ ဆောင်ရွက်နိုင်စွမ်းရှိမှာ သေချာပါသည်။ မိမိတို့အတွေ့အကြုံနှင့် ပညာကိုအခြေခံပြီး ဆောင်ရွက်ဆဲလုပ်ငန်းတိုင်းကို ထိရောက်အောင်မြင်မှုရှိအောင် တွန်းအားပေးနိုင်မည်ဟု ပြည်သူကယုံကြည်၍ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုအားကောင်းလာအောင် နိုင်ငံတကာလွှတ်တော်များနှင့် ချိတ်ဆက်တွေ့ဆုံခြင်းဖြင့် ကူညီမှုများပေးနိုင်ပါသည်။
ယခု လွှတ်တော်ထဲရောက် ကိုယ်စားလှယ်အားလုံး၌ ဒို့တာဝန် အရေးသုံးပါးဟူသည့် အမျိုးသားနိုင်ငံရေး တူညီသောဘုံဝါဒ (Common platform) ပေါ်တွင် အတူရပ်တည်နေကြပြီဖြစ်သည်။ ယုံကြည်ချက်တို့တူညီမျှ၍ ခိုင်ခိုင်မာမာဖြစ်လာလျှင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ယုံကြည်မှုများ အပြန်အလှန်ထားရှိရန် အလှမ်းမဝေး တော့ပါ။ ယုံကြည်မှုရှိလာလျှင် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ရန်၊ ခံစားချက်များ၊ အကြံဉာဏ်များမျှဝေရန်၊ အတူလက်တွဲလုပ်ကြရန်လည်း ဝန်မလေးတော့။ ဖြူစင်သောစိတ်ထားကလာသည့် အများအတွက်လုပ်မည်ဆိုသော စိတ်ထားများ၊ နိုင်ငံအတွက်ဆိုသော စိတ်ဓာတ်ကောင်းများလည်း တိုးပွားလာမည်ဖြစ်သည်။
အများအတွက်၊ နိုင်ငံအတွက် လုပ်ကြမည်ဆိုလျှင် နားလည်မှု၊ သည်းခံစိတ်ရှည်မှုတို့ကို အပြန်အလှန်ပေးလာနိုင်ကြသည်သာ။ ထိုမှတစ်ဆင့် အပြန်အလှန်လေးစားမှုများ အားကောင်းလာပါမည်။ မဏ္ဍိုင်တစ်ခုတည်းတွင် မတူသည်များ၊ တူသည်များ အပေးအယူ မျှမျှတတဖြင့် ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်သည့် အလေ့အကျင့်ကောင်းသည် အခြားသောမဏ္ဍိုင်များနှင့်ပါ ယုံကြည်မှုကို ကောင်းစွာရယူသွားနိုင်ပါသည်။ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံးက အမျိုးသားနိုင်ငံရေး ဘုံတူညီမှုလမ်းကြောင်းပေါ်တွင် အတူတကွလျှောက်လှမ်း၊ အပြန်အလှန် ကူညီကြမည်၊၊ အဖျက်သဘောမဆန်၊ အပြုသဘောဖြင့် အပြန်အလှန်ထိန်းညှိကြမည့် ဒီမိုကရေစီယဉ်ကျေးမှုတစ်ခု တည်ဆောက်ကြမည်။ ထိုအလေ့အကျင့်နှင့် ယဉ်ကျေးမှုက အားလုံးအတွက် စံပြဖြစ်ရမည်၊ နမူနာကောင်း ဖြစ်ရမည်၊ ထိုနမူနာကောင်းများသည် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူဖြစ်ရမည်၊ ထိုညီညွတ်မှုဖြင့် သွေးထိုးလှုံ့ဆော်မှု၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကို ဆန့်ကျင်နိုင်ရမည်ဟူ၍ လွှတ်တော်ကိုယ်စားလှယ်အားလုံးတွင် ခံယူထားပြီး ဖြစ်ကြပါသည်။
အချုပ်အားဖြင့် ထိုဖိုရမ်မှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် ဖွင့်ဟခဲ့သည့် ကတိစကားများကို နားထောင်၍ မျက်နှာစာသစ်တစ်ခု၏အဖွင့်သည် လှပခဲ့သည်ဟုဆိုနိုင်ပါပြီ။ ရောင်နီသစ်ဟုတင်စားရာ အရာရာကိုအသစ်ဖြစ်လိုသည့် ကိုယ်စားလှယ်များက ပြည်သူနှင့်အစိုးရကြား ပေါင်းကူးတံတားဖြစ်ရန် တာဝန်ယူ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ကိုင်ကြရန် အဆင်သင့်ဖြစ်နေကြပါပြီ။ ဖိုရမ်တွင်ပေးခဲ့သည့် သူတို့၏အကြံပြုချက်များကို ပညာရှင်များ၏ မျှဝေမှုများနှင့်ပေါင်းစပ်ပြီး လွှတ်တော်အတွင်း / အပြင်မှာ လက်တွေ့အသုံးချရာတွင် ထိထိရောက်ရောက်ဖြစ်ဖို့ဆိုလျှင် မဏ္ဍိုင်အားလုံး၏ ပူးပေါင်းပါဝင်မှု၊ သစ္စာစောင့်သိမှုနှင့် မျှဝေကူညီမှုများ အားကောင်းနေရန်သာ လိုပါတော့သည်။
ထို့ကြောင့် ပြန်ကြည့်လျှင် Stakeholders အားလုံးတွင် စိတ်ကောင်း စေတနာကောင်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်က အလွန်အရေးကြီးပြီး အခြေခံမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား အပြန်အလှန်ယုံကြည်မှုက အဓိကဖြစ်ပါသည်။ ထိုယုံကြည်မှုကသာလျှင် နိုင်ငံအတွက်အင်အားကိုဖြစ်စေပါမည်၊ စိတ်ချလုံခြုံမှုကိုပေးစွမ်းပြီး တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်ပါမည်၊ ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်၍ ဖွံ့ဖြိုးမှုဆီရှေးရှုနိုင်ပါမည်။ ဤ Mission ဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်အိပ်မက် Vision ကို မလွဲဧကန်ရရှိနိုင်မည်ဖြစ်သည်ဟု ခံယူထားပါသည်။ ။

မြန်မာ့သမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် စည်းလုံးညီညွတ်သော နိုင်ငံတော်များ တည်ထောင်နိုင်ခဲ့ခြင်းကို အားရကျေနပ်ဖွယ် တွေ့ရှိရသည်။ ယနေ့တိုင် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလှသည့် နိုင်ငံတော်ကြီး သုံးရပ်တည်ထောင်နိုင်ခဲ့ခြင်းမှာ စည်းလုံးညီညွတ်မှု၏ ကောင်းမွန်သော ရလဒ်ဖြစ်သည်။
နိုင်ငံ့အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာခြင်းနှင့် ထိုခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ပြည်သူများ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ပြည်ထောင်စုနိုင်ငံတော်များ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ညီညွတ်ခြင်းမှန်သမျှသည် အင်အားကို ဖြစ်စေသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာစွာ ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံပါက အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ပြည်သူများ တစ်ခဲနက် ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ကျင်းပကာ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျမ်းသစ္စာဆိုခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ စိန်ခေါ်မှုများကို ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ကျော်လွှားသွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေးအကြီးအကဲဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့တွင် သမ္မတ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်တို့ ပါဝင်သည်။
အစိုးရအဖွဲ့သစ်သည် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ညီမျှမှုတို့ကို အခြေခံကာ ပြည်သူလူထု၏ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို အခြေခံ၍ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစွာ တည်ဆောက်ရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် လိုအပ်ပြီး ၎င်းတို့သည် ပြည်သူလူထုအကျိုးစီးပွားအတွက်သာ ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိပြီး NCA သဘောတူညီချက်အတိုင်း အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
အနှစ်ချုပ်အားဖြင့် “စည်းလုံးညီညာအောင်ကြောင်းဖြာ တို့မြန်မာပြည်သာယာ” ဟူသည့်အတိုင်း ပြည်သူနှင့်အစိုးရအားလုံး စည်းလုံးညီညွတ်စွာ အတူတကွ တည်ဆောက်သွားရမည်ဖြစ်သည်။

ဧပြီလ ၃ ရက်မှာ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ CNA သတင်းဌာနက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနဲ့ပတ်သက်ပြီး အရှိတရားကို မျက်ကွယ်ပြုကာ “မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား စစ်တပ်လိုလားသော လွှတ်တော်ကသမ္မတအဖြစ် ရွေးချယ်တင်မြှောက်” (Myanmar junta chief Min Aung Hlaing elected president by pro-military parliament) ဆိုတဲ့ ခေါင်းစဉ်နဲ့ ‘‘၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ကြောင်း၊ ၂၀၂၅ ရွေးကောက်ပွဲသည် အဓိကအတိုက်အခံအင်အားစုများ ပါဝင်ခွင့်မရဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုရွေးကောက်ပွဲကို “တရားမျှတမှုမရှိသောပြပွဲ” အဖြစ် ဝေဖန်ရှုတ်ချလျက်ရှိကြောင်း၊ အင်အားကြီးမားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်အပ်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပူးပေါင်းကာ ဦးမင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြတာကြောင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မဟုတ်မမှန်ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အများပြည်သူတွေ အမြင်မလွဲမှားစေဖို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်းအဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော် ခိုးခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီလိုမဲခိုးခဲ့တာကြောင့် တပ်မတော်ကနေ အများကြီး စဉ်းစားတွေးတောပြီး သဘောထားကြီးစွာဖြင့် မဲစာရင်းမှားယွင်းမှုတွေကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့၊ စစ်ဆေးတဲ့အခါ အစိုးရ၊ တပ်မတော်ညှိနှိုင်းပြီး သမာသမတ်ကျတဲ့လူတွေပါတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့ပြီး စစ်ဆေးပေးဖို့၊ စစ်ဆေးနေချိန်ကာလအတွင်း တတိယအကြိမ် လွှတ်တော်ခေါ်ယူမှုကို သမ္မတရဲ့ အခွင့်အာဏာနဲ့ ဆိုင်းငံ့ပေးဖို့စတဲ့အချက်တွေကို ဒေါ်စုနဲ့သွားတွေ့ပြီးပြောခဲ့တယ်။ ဒါတွေကို NLD အစိုးရဘက်က ဘာတစ်ခုမှလိုက်လျောမှုမရှိခဲ့တဲ့အတွက် ဘယ်လိုမှညှိနှိုင်းလို့မရတော့တဲ့အခြေအနေမျိုးမှာ တပ်မတော်က နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ၍ အရေးပေါ်အခြေအနေနဲ့ ထိန်းသိမ်းခဲ့ရတာပဲဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းခဲ့ပေမဲ့လည်း NLD ပါတီကို ဖျက်သိမ်းတာမျိုးမရှိခဲ့ပါဘူး။ နစကအစိုးရဖွဲ့စည်းပြီးချိန်မှာလည်း ပြည်သူတွေလိုလားတောင့်တနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ကိုလည်း နစကအစိုးရကနေ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံရေးပါတီများအားလုံးပါဝင်ကြဖို့ တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပခင် အကြိုကာလကတည်းက နိုင်ငံရေးပါတီတွေ အချိန်မီမှတ်ပုံတင်ကြဖို့၊ နိုင်ငံရေးပါတီတွေ ဆောင်ရန်၊ ရှောင်ရန်၊ လုပ်ဆောင်ရန်တွေကို လိုက်နာကြဖို့ အကြိမ်ကြိမ်ထုတ်ပြန်ကြေညာခဲ့တယ်။ ဒါကို NLD ပါတီကြီးက ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ပါတီမှတ်ပုံတင်ခွင့်ဥပဒေအရ မှတ်ပုံမတင်ခဲ့လို့၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့လို့၊ သူတို့သဘောနဲ့ သူတို့ ပါတီမှတ်ပုံမတင်ခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရတော့ဘဲ နိုင်ငံရေးလောကကနေ NLD ပါတီ ပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့ NLD ပါတီကိုယ်တိုင်က ပါတီကိုဖျက်ပစ်ခဲ့ကြတာပါ။
ပြီးတော့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ NLD ပါတီကို ဥပဒေကြောင်းအရ ပြန်လည်မှတ်ပုံတင် တာပဲဖြစ်ဖြစ်၊ ပါတီကို တခြားနာမည်တစ်ခုခုနဲ့ မှတ်ပုံတင်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ တိုင်းသိပြည်သိဖြစ်ခဲ့တဲ့ NLD ပါတီရဲ့ မဲလိမ်မဲခိုးခဲ့မှုတွေကြောင့် သူတို့ကိုယ်သူတို့အရှက်ရပြီး ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကိုပြန်လည်မှတ်ပုံမတင် ခဲ့ကြလို့သာ ရွေးကောက်ပွဲဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ပြည်သူတွေလိုလားတောင့်တနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း (၃) ပိုင်းခွဲပြီး Myanmar Electronic Voting Machine-MEVM မဲပေးစက်များဖြင့် အပိုင်းလိုက် ကျင်းပခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိတဲ့အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ အလွန်များပြားတဲ့ ပမာဏဖြစ်တာကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့သလို မဲဆန္ဒရှင်ပြည်သူတွေဟာလည်း စိတ်အားထက်သန်စွာ တက်တက်ကြွကြွနဲ့ သူတို့ကြိုက်တဲ့ ပါတီ၊ သူတို့ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရခဲ့ကြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲဟာ Free, Fair and Clean Election လို့ခေါ်ဆိုနိုင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင် ဂုဏ်ယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)စတင်ကျင်းပခဲ့တဲ့နေ့ကနေ ရွေးကောက်ပွဲအပိုင်း(၃) ပြီးဆုံးသည်အထိ နိုင်ငံတကာမှ လာရောက်လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့အသီးသီးတို့ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ သဘောထားမှတ်ချက်တွေပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် H.E.Mr YICH Samethy က ‘‘စောင့်ကြည့်လေ့လာခဲ့တဲ့ ကာလအတွင်းမှာ ဘယ်လိုမသမာမှုမျိုးမှ မတွေ့ရကြောင်းနဲ့ အခုကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ပြီးပြည့်စုံပြီးတော့ အားလုံးတာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရကြောင်း” မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
အလားတူ တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများစေလွှတ်ခဲ့ကြောင်း၊ အောင်မြင်ပြီး လွတ်လပ်တရားမျှတတဲ့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူတွေ တက်တက်ကြွကြွ လာရောက်မဲပေးကြကြောင်း၊ ရွေးကောက်ပွဲကိုထောက်ခံကြောင်း၊ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း “ရွေးကောက်ပွဲမှာ ပြည်သူတွေက စိတ်အားထက်သန်စွာ ဆန္ဒမဲပေးကြပြီး နိုင်ငံရဲ့အနာဂတ်ကို ရွေးချယ်နေကြကြောင်း၊ MEVM မဲပေးစက်တွေဟာ မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိကြောင်း၊ မြန်မာနိုင်ငံက ပြည်သူတွေရွေးကောက်ပွဲအပေါ်မှာ ပြင်းပြတဲ့ဆန္ဒထားရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း” သဘောထား မှတ်ချက်ပေးခဲ့ပါသေးတယ်။ ၂၀၂၅ ရွေးကောက်ပွဲဟာ Free, Fair and Clean Election လို့ ခေါ်ဆို နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှု ကင်းမဲ့တဲ့ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တာကြောင့်သာ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့သူတွေက အခုလိုအားလုံးတစ်ပြေးညီ ကောင်းမွန်တဲ့မှတ်ချက်တွေပေးခဲ့ကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးချိန် လွှတ်တော်ခေါ်ပြီး သမ္မတရွေးချယ်တဲ့အခါမှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို ရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးခုမှ သမ္မတလောင်းများကို အသီးသီး အဆိုပြု တင်မြှောက်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ပြည်ပသတင်းဌာနတစ်ခုဖြစ်တဲ့ CNA စွပ်စွဲသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်းကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဲအပြတ်အသတ်ပေးခဲ့ခြင်း မဟုတ်ကြောင်း မဲရလဒ်များကိုကြည့်လျှင် သိသာလှပါတယ်။
ဧပြီလ ၃ ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈၆ ဦးရှိတဲ့အနက် ၅၈၄ ဦး တက်ရောက်ခဲ့ကြပြီး လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါတယ်။ အဲဒီလိုရွေးချယ်ခဲ့ရာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောကို ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးကို ထောက်ခံမဲ ၂၉ မဲဖြင့် အသီးသီးရွေးချယ်ခဲ့ကြပြီး ထောက်ခံမဲအများဆုံးရရှိခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရရှိခဲ့တဲ့ ထောက်ခံမဲ ၄၂၉ မဲ ဆိုတာ ပြည်သူ့လွှတ်တော်အတွင်းရှိ ပါတီစုံမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များရဲ့ စုပေါင်းယုံကြည်မှုကြောင့်ပင်ဖြစ်ပါတယ်။ နိုင်ငံတော်ကို အကျပ်အတည်းများကြားမှ တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သော၊ အခက်ခဲဆုံးအချိန်များမှာ ဦးဆောင်လမ်းပြခဲ့သော၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦးကို ကိုယ်စားလှယ်များက သူတို့ရဲ့လွတ်လပ်သောဆန္ဒဖြင့် မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြခြင်းသာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့အပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘယ်လာရုစ် သမ္မတနိုင်ငံစတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများမှ ခေါင်းဆောင်များကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသလို ပြည်တွင်းရှိ အသင်း/အဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံရေးပါတီများကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပေးပို့လျက်ရှိကြပါတယ်။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းသည် ဥပဒေကြောင်းအရ ခိုင်မာသလို၊ ပြည်သူ့ကိုယ်စားလှယ်များရဲ့ စုပေါင်းဆန္ဒလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် CNA ကဲ့သို့သော ပြည်ပသတင်းဌာနတစ်ခုရဲ့ စွပ်စွဲရေးသားဖော်ပြ ချက်များသည် အထောက်အထားမဲ့ မှန်ကန်မှုမရှိဘဲ လုံးဝ(လုံးဝ)မှားယွင်းနေကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။ ။
moi

ဧပြီလ ၃ ရက်မှာ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ CNA သတင်းဌာနက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနဲ့ ပတ်သက်ပြီး အရှိတရားကိုမျက်ကွယ်ပြုကာ “မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား စစ်တပ်လိုလားသော လွှတ်တော်က သမ္မတအဖြစ်ရွေးချယ်တင်မြှောက်” (Myanmar junta chief Min Aung Hlaing elected president by pro-military parliament)ဆိုတဲ့ခေါင်းစဉ်နဲ့ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ကြောင်း၊ ၂၀၂၅ ရွေးကောက်ပွဲသည် အဓိကအတိုက်အခံအင်အားစုများပါဝင်ခွင့်မရဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုရွေးကောက်ပွဲကို “တရားမျှတမှုမရှိသောပြပွဲ”အဖြစ် ဝေဖန်ရှုတ်ချလျက်ရှိကြောင်း၊ အင်အားကြီးမားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်မှခန့်အပ်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ ဦးမင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြတာကြောင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မဟုတ်မမှန်ရေးသား ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အများပြည်သူတွေ အမြင်မလွဲမှားစေဖို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်းအဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော်ခိုးခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလို မဲခိုးခဲ့တာကြောင့် တပ်မတော်ကနေ အများကြီးစဉ်းစားတွေးတောပြီး သဘောထားကြီးစွာဖြင့် မဲစာရင်းမှားယွင်းမှုတွေကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့၊ စစ်ဆေးတဲ့အခါ အစိုးရ၊ တပ်မတော်ညှိနှိုင်းပြီး သမာသမတ်ကျတဲ့လူတွေပါတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့ပြီး စစ်ဆေးပေးဖို့၊ စစ်ဆေးနေချိန်ကာလအတွင်း တတိယအကြိမ် လွှတ်တော်ခေါ်ယူမှုကို သမ္မတရဲ့အခွင့်အာဏာနဲ့ဆိုင်းငံ့ပေးဖို့ စတဲ့အချက်တွေကို ဒေါ်စုနဲ့သွားတွေ့ပြီးပြောခဲ့တယ်။
ဒါတွေကို NLD အစိုးရဘက်က ဘာတစ်ခုမှ လိုက်လျောမှုမရှိခဲ့တဲ့အတွက် ဘယ်လိုမှညှိနှိုင်းလို့မရတော့တဲ့ အခြေအနေမျိုးမှာ တပ်မတော်က နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ၍ အရေးပေါ် အခြေအနေနဲ့ ထိန်းသိမ်းခဲ့ရတာပဲဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းခဲ့ပေမယ့်လည်း NLD ပါတီကို ဖျက်သိမ်းတာမျိုးမရှိခဲ့ပါဘူး။ နစကအစိုးရ ဖွဲ့စည်းပြီးချိန်မှာလည်း ပြည်သူတွေလိုလားတောင့်တနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ကိုလည်း နစကအစိုးရကနေ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံရေးပါတီများအားလုံး ပါဝင်ကြဖို့ တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပခင် အကြိုကာလကတည်းက နိုင်ငံရေးပါတီတွေ အချိန်မီမှတ်ပုံတင်ကြဖို့၊ နိုင်ငံရေးပါတီတွေဆောင်ရန်၊ ရှောင်ရန်၊ လုပ်ဆောင်ရန်တွေကို လိုက်နာကြဖို့ အကြိမ်ကြိမ်ထုတ်ပြန် ကြေညာခဲ့တယ်။
ဒါကို NLD ပါတီကြီးက ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ပါတီမှတ်ပုံတင်ခွင့်ဥပဒေအရ မှတ်ပုံမတင်ခဲ့လို့၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့လို့၊ သူတို့သဘောနဲ့သူတို့ ပါတီမှတ်ပုံမတင်ခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရတော့ဘဲ နိုင်ငံရေးလောကကနေ NLD ပါတီပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့ NLD ပါတီကိုယ်တိုင်က ပါတီကိုဖျက်ပစ်ခဲ့ကြတာပါ။
ပြီးတော့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ NLD ပါတီကို ဥပဒေကြောင်းအရ ပြန်လည် မှတ်ပုံတင်တာပဲဖြစ်ဖြစ်၊ ပါတီကို တခြားနာမည်တစ်ခုခုနဲ့ မှတ်ပုံတင်တာပဲဖြစ်ဖြစ်လုပ်ဆောင်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ တိုင်းသိပြည်သိဖြစ်ခဲ့တဲ့ NLD ပါတီရဲ့ မဲလိမ်မဲခိုးခဲ့မှုတွေကြောင့် သူတို့ကိုယ်သူတို့ အရှက်ရပြီး ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကိုပြန်လည်မှတ်ပုံမတင်ခဲ့ကြလို့သာ ရွေးကောက်ပွဲဝင်ရောက် မယှဉ်ပြိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ပြည်သူတွေလိုလား တောင့်တနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း(၃)ပိုင်းခွဲပြီး Myanmar Electronic Voting Machine-MEVM မဲပေးစက်များဖြင့် အပိုင်းလိုက် ကျင်းပခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိတဲ့အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့သိရပါတယ်။ ဒီအရေအတွက်ဟာ အလွန်များပြားတဲ့ ပမာဏဖြစ်တာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့သလို မဲဆန္ဒရှင်ပြည်သူတွေဟာလည်း စိတ်အားထက်သန်စွာ တက်တက်ကြွကြွနဲ့ သူတို့ကြိုက်တဲ့ပါတီ၊ သူတို့ကြိုက်တဲ့ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရခဲ့ကြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲဟာ Free , Fair and Clean Election လို့ခေါ်ဆိုနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင် ဂုဏ်ယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။
ရွေးကောက်ပွဲအပိုင်း(၁) စတင်ကျင်းပခဲ့တဲ့နေ့ကနေ ရွေးကောက်ပွဲအပိုင်း(၃) ပြီးဆုံးသည်အထိ နိုင်ငံတကာမှ လာရောက်လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့ အသီးသီးတို့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့သဘောထား မှတ်ချက်တွေပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E.Mr YICH Samethy က “စောင့်ကြည့်လေ့လာခဲ့တဲ့ ကာလအတွင်းမှာ ဘယ်လိုမသမာမှုမျိုးမှ မတွေ့ရကြောင်းနဲ့ အခုကျင်းပတဲ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ ပြီးပြည့်စုံပြီးတော့ အားလုံးတာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ် ဆိုတာကို တွေ့ရှိခဲ့ရကြောင်း” မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
အလားတူ တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများ စေလွှတ်ခဲ့ကြောင်း၊ အောင်မြင်ပြီးလွတ်လပ်တရားမျှတတဲ့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူတွေ တက်တက်ကြွကြွလာရောက်မဲပေးကြကြောင်း၊ ရွေးကောက်ပွဲကို ထောက်ခံကြောင်း၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့
အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း “ရွေးကောက်ပွဲမှာ ပြည်သူတွေက စိတ်အားထက်သန်စွာ ဆန္ဒမဲပေးကြပြီး နိုင်ငံရဲ့အနာဂတ်ကို ရွေးချယ်နေကြကြောင်း၊MEVM မဲပေးစက်တွေဟာ မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူတွေကယုံကြည်မှုရှိကြောင်း၊ မြန်မာနိုင်ငံကပြည်သူတွေ ရွေးကောက်ပွဲအပေါ်မှာ ပြင်းပြတဲ့ဆန္ဒထားရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း” သဘောထား မှတ်ချက်ပေးခဲ့ပါသေးတယ်။ ၂၀၂၅ ရွေးကောက်ပွဲဟာ Free, Fair and Clean Election လို့ခေါ်ဆိုနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှုကင်းမဲ့တဲ့ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တာကြောင့်သာ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့သူတွေက အခုလို အားလုံးတစ်ပြေးညီ ကောင်းမွန်တဲ့မှတ်ချက်တွေ ပေးခဲ့ကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးချိန် လွှတ်တော်ခေါ်ပြီး သမ္မတရွေးချယ်တဲ့အခါမှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကိုရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးခုမှ သမ္မတလောင်းများကို အသီးသီးအဆိုပြုတင်မြှောက်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ပြည်ပသတင်းဌာနတစ်ခုဖြစ်တဲ့ CNA စွပ်စွဲသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဲအပြတ်အသတ်ပေးခဲ့ခြင်း မဟုတ်ကြောင်း မဲရလဒ်များကိုကြည့်လျှင် သိသာလှပါတယ်။
ဧပြီလ ၃ ရက် မနက်ပိုင်းကကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈၆ ဦးရှိတဲ့အနက် ၅၈၄ ဦး တက်ရောက်ခဲ့ကြပြီး လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါတယ်။ အဲဒီလိုရွေးချယ်ခဲ့ရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောကို ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးကို ထောက်ခံမဲ ၂၉ မဲဖြင့် အသီးသီးရွေးချယ်ခဲ့ကြပြီး ထောက်ခံမဲအများဆုံးရရှိခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရရှိခဲ့တဲ့ ထောက်ခံမဲ ၄၂၉ မဲဆိုတာ ပြည်သူ့လွှတ်တော်အတွင်းရှိ ပါတီစုံမှကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များရဲ့ စုပေါင်းယုံကြည်မှုကြောင့်ပင်ဖြစ်ပါတယ်။ နိုင်ငံတော်ကို အကျပ်အတည်းများကြားမှ တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သော၊ အခက်ခဲဆုံးအချိန်များမှာ ဦးဆောင်လမ်းပြခဲ့သော၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦးကို ကိုယ်စားလှယ်များက သူတို့ရဲ့လွတ်လပ်သောဆန္ဒဖြင့် မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြခြင်းသာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့အပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ စတဲ့အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများမှ ခေါင်းဆောင်များကလည်းဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသလို ပြည်တွင်းရှိအသင်း/အဖွဲ့အစည်းပေါင်းစုံနဲ့နိုင်ငံရေးပါတီများကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများပေးပို့လျက်ရှိကြပါတယ်။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းသည် ဥပဒေကြောင်းအရ ခိုင်မာသလို၊ ပြည်သူ့ကိုယ်စားလှယ်များရဲ့ စုပေါင်းဆန္ဒလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် CNA ကဲ့သို့သော ပြည်ပသတင်းဌာနတစ်ခုရဲ့ စွပ်စွဲရေးသား ဖော်ပြချက်များသည် အထောက်အထားမဲ့မှန်ကန်မှုမရှိဘဲ လုံးဝ(လုံးဝ) မှားယွင်းနေကြောင်း ရေးသား ဖော်ပြလိုက်ပါတယ်။ ။

လူသားတို့၏ ယဉ်ကျေးသော အဖွဲ့အစည်း သမိုင်းအစကို မြစ်ဝှမ်းဒေသကြီးများက ဖန်တီးပေးခဲ့သည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ ရှာဖွေစားသောက် နေထိုင်ခဲ့ကြသော ကမ္ဘာဦးလူသားတို့သည် စားရေရိက္ခာနှင့် သယ်ယူပို့ဆောင်သွားလာမှုလွယ်ကူသော မြစ်ဝှမ်းဒေသများတွင် အတည်တကျ အခြေချနေထိုင်လာကြရာမှ လူသားအချင်းချင်း သဟဇာတဖြစ်စေသော ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ဝှမ်းဒေသများတွင် လူသားနှင့် သဘာဝတရားအကြား အပြန်အလှန် ထိန်းကျောင်းပူးပေါင်းဆောင်ရွက်မှုများက လူသားတို့၏ သမိုင်းကြောင်းကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ မြစ်ဝှမ်းဒေသ ယဉ်ကျေးမှုကြီးများအနက် အာရှဒေသရှိ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများ မျှဝေအသုံးပြုနေသော မဲခေါင်မြစ်ဝှမ်း ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း သမိုင်းကောင်းနှင့် သမိုင်းကြောင်းရှည်လျားသည့် မြစ်ဝှမ်းဒေသတစ်ခု ဖြစ်ပါသည်။ မြစ်ဝှမ်းများကို မှီခိုရပ်တည် အကျိုးခံစားနေရသော လူသားများ၊ နိုင်ငံများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ် ထိန်းသိမ်းရေးကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ မဲခေါင်ဒေသ(၆)နိုင်ငံအကြီးအကဲများ၏ အမြော်အမြင်ကြီးမားမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဆန်းယမြို့၌ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၃) ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း ထိပ်သီးအစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း (Sanya Declaration)ကို ထုတ်ပြန်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ထူထောင်ခဲ့သည်မှာ ဆယ်နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။
မြစ်တစ်စင်းကိုအခြေပြုမွေးဖွားလာသည့် မိတ်ဖက်ယန္တရား
ဆီးနှင်းများဖုံးလွှမ်းနေသော တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံကာ စီးဆင်းလာသော မဲခေါင်မြစ် (တရုတ်အခေါ် လန်ချန်းမြစ်) သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံ (၆) နိုင်ငံကို ချိတ်ဆက်ပေးထားသကဲ့သို့ ထိုမြစ်ကိုအခြေခံ၍ ဖြစ်ပေါ်လာသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားသည်လည်း ဒေသတွင်း အရေးပါသည့် ယန္တရားတစ်ခု ဖြစ်လာခဲ့ပါသည်။
ယနေ့ကမ္ဘာ့အခင်းအကျင်းတွင် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုအားမာန်တို့သည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကသော့ချက်ဖြစ်လာသည်။
ထိုသို့သောအခင်းအကျင်းတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation - MLC) သည် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု၊ အပြန်အလှန် အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို အခြေခံကာ ဆယ်စုနှစ်တစ်ခုအတွင်း သိသာထင်ရှားသောအောင်မြင်မှုများရရှိစေခဲ့ပြီး ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး ရည်မှန်းချက်ကို အပြည့်အဝ လွှမ်းခြုံပေးနိုင်ခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွက်မူ ဤပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို အခြေခံကာ နှစ်နိုင်ငံအကြားရှိ သမိုင်းဝင် မိတ်ဖက်ဆက်ဆံရေးကို ခေတ်သစ်အခြေအနေများနှင့် လိုက်လျောညီထွေရှိစွာ တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ကြရမည်ဖြစ်ပါသည်။
ဘုံမျှော်မှန်းချက်နှင့် ခိုင်မာသောအခြေခံမူများ
အားလုံးမျှဝေခံစားနိုင်မည့် အနာဂတ်တစ်ခုကို အတူတကွတည်ဆောက်ကြရန်ဟူသော ဘုံမျှော်မှန်းချက်ကို အခြေခံလျက် ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ပြည်သူများ၏ သာယာဝပြောမှုကို မြှင့်တင်ပေးရန်၊ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်လျှော့ချရန်၊ အာဆီယံအသိုက်အဝန်း တည်ထောင်ရေးကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ဘုံအနာဂတ်တစ်ခုဆီသို့ လျှောက်လှမ်းရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒ၊ ညီတူညီမျှရှိမှု၊ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှု၊ မိမိဆန္ဒအလျောက်ပါဝင်ဆောင်ရွက်မှု၊ စုပေါင်းပါဝင်ဆောင်ရွက်မှု၊ အကျိုးအမြတ်များကို မျှဝေခံစားမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု စသောအခြေခံမူများဖြင့် ထိန်းကျောင်းထားသည့်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများအနက် လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်အားကောင်းသည့် ယန္တရားတစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေခြင်းဖြစ်ပါသည်။
ဆယ်စုနှစ်တာအောင်မြင်မှုနှင့် အနာဂတ်အလားအလာကောင်းများ
ယခုဆိုလျှင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုမှ ထိပ်သီးအဆင့်အထိ အလွှာစုံပါဝင်ပြီး ဘက်စုံကဏ္ဍစုံ လွှမ်းခြုံသည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက် ဆယ်စုနှစ်သစ်တစ်ခုသို့ ကူးပြောင်းလာပြီဖြစ်ပါသည်။ ဆယ်စုနှစ်တာခရီးတစ်လျှောက် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းလျက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
အထူးသဖြင့် တရုတ်နိုင်ငံက ကမကထပြုသည့် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း(၃၀၀)ဖြင့် ပြည်သူကိုဦးတည်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် စီမံကိန်းစုစုပေါင်း (၉၉၁) ခုကို အတည်ပြုပေးအပ်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်း ဒေသတစ်လျှောက် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ကြရမည်ဖြစ်ပါသည်။
ထို့အပြင် ယနေ့ ကမ္ဘာ့စီးပွားရေးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် မောင်းနှင်အားတစ်ခုအဖြစ် အင်အားဖြည့်တင်းပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မဲခေါင်နိုင်ငံများ၏ အဓိကကုန်သွယ်ရေး မိတ်ဖက်အဖြစ် အခိုင်အမာရပ်တည်လျက်ရှိပြီး ၂၀၂၅ ခုနှစ် စာရင်းများအရ တရုတ်နှင့် မဲခေါင်နိုင်ငံများအကြား စုစုပေါင်းကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံကျော်အထိ စံချိန်တင်တိုးတက်ခဲ့သည်မှာ အားတက်စရာဖြစ်ပါသည်။
ဆယ်နှစ်တာခရီးလမ်းတစ်လျှောက် အောင်မြင်မှုများစွာ ရရှိခဲ့သကဲ့သို့ တစ်ဖက်တွင် MLC အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲလှိုင်းတံပိုးများကို ကျော်လွှားနိုင်ခဲ့သည်မှာ MLC အတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သာဓကအားဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်း ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားသည့်အတွက် ဒေသတွင်းကုန်သွယ်မှုအပေါ် ကြီးမားသည့်ရိုက်ခတ်မှုနှင့် ရင်ဆိုင် ရချိန်တွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား “Fast Track” နှင့် “Green Lane” အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် ဒေသတွင်းစီးပွားရေး ယိုင်နဲ့မသွားအောင် ထိန်းပေးနိုင်ခဲ့ပါသည်။
အလားတူ နည်းပညာတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု စသည့်နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည်လည်း ဒေသတွင်း တည်ငြိမ်ရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိရာမှာ “Operation SEAGULL” ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။ “Operation SEAGULL” အပြင် “Safe Lancang-Mekong 2025” Joint Operation ကို ၂၆-၂-၂၀၂၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံကောင်း တစ်နိုင်ငံပီသစွာဖြင့် အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
အမှန်စင်စစ် မိမိတို့(၆)နိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟူသော လှေကြီးတစ်စင်းထဲတွင် အတူတကွ လိုက်ပါစီးနင်းလျက် ဘုံအနာဂတ်တစ်ခုဆီသို့ ဦးတည်သည့်ခရီးကို အရောက်သွားနေကြသည့် “တစ်လှေထဲစီး တစ်ခရီးတည်းသွားဖော်များ” ပင် ဖြစ်ပါသည်။ တက်ညီလက်ညီဖြင့် တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး အတူတကွ လှော်ခတ်သွားကြမည်ဆိုလျှင် မည်သည့်အခက်အခဲကိုမဆို မယိမ်းမယိုင်ကျော်ဖြတ်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် အနာဂတ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အခြေခံအုတ်မြစ်မှသည် ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့် (Mekong-Lancang Cooperation 2.0 - MLC 2.0) သို့ တက်လှမ်းရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်အသိုက်အဝန်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားရန် သန္နိဋ္ဌာန်ကို မြဲမြံစွာဆုပ်ကိုင်လျက် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်သွားကြမည်ဖြစ်ပြီး၊ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပေါင်းစပ်ဆက်နွှယ်မှု၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုစသည့်ကဏ္ဍများအပြင် ဉာဏ်ရည်တုနည်းပညာအခြေပြု ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်မှု၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားကြမည်ဖြစ်ပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏အခန်းကဏ္ဍ
အမှန်မှာမူ မဲခေါင်-လန်ချန်းဆိုသည်မှာ မြစ်တစ်စင်းတည်းသာဖြစ်ပြီး မြစ်အထက်ပိုင်းဖြစ်သည့် တရုတ်ဘက်အခြမ်းကို “လန်ချန်း” ဟုခေါ်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းသည့် မြစ်အောက်ပိုင်းကို “မဲခေါင်” ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ မဲခေါင်မြစ်၏ စုစုပေါင်းအရှည်သည် ၄,၃၅၀ ကီလိုမီတာခန့်ရှိရာ မြန်မာနှင့်ထိစပ်နေသော အပိုင်းမှာ ၂၃၄ ကီလိုမီတာခန့်၊ ရာခိုင်နှုန်းအားဖြင့် မြစ်ဝှမ်းတစ်ခုလုံးဧရိယာ၏ (၃)ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါသည်။ ပိုင်ဆိုင်မှုဧရိယာ နည်းပါးသော်လည်း မြန်မာနိုင်ငံသည် မဲခေါင်မြစ် အထက်ပိုင်းနှင့်အောက်ပိုင်းကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက်နေရာတွင် ရှိနေခြင်း၊ မြန်မာ-လာအို-ထိုင်း ရွှေတြိဂံဒေသ၏ အချက်အချာဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့်နိုင်ငံဖြစ်ပါသည်။
ဤဆယ်နှစ်တာခရီးတွင် မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ သိသာထင်ရှားသည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးဟူသော မဏ္ဍိုင်ကြီး ၃ ရပ်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဘုံမျှော်မှန်းချက်နှင့် အခြေခံမူများကို အခြေခံကာ ဒေသတွင်း ပေါင်းစည်းရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့်နည်းပညာ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလေးထားဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးနှင့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်လည်းကောင်း၊ (၆)ကြိမ်မြောက်နှင့်(၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် နေပြည်တော်ကြေညာချက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) တို့ကို အတည်ပြုနိုင်ခဲ့ပြီး မဲခေါင်-လန်ချန်း ဆန်းသစ်တီထွင်မှုစင်္ကြံ (MLC innovation corridor) ဆိုင်ရာ အစည်းအဝေးယန္တရား တည်ထောင်ရန်အတွက်လည်း အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်ထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်တွင်ကျရောက်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆောင်းပါးများနှင့် ဂုဏ်ပြုကြိုဆိုသည့် စာသားကြော်ငြာတို့ကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခြင်း၊ ဗီဒီယိုမှတ်တမ်းများ ထုတ်လွှင့်ပြသခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့် မှတ်တမ်းဓာတ်ပုံပြပွဲ” တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ ပူးပေါင်း၍ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
အပြန်အလှန်အကျိုးပြုနေသော မြန်မာ-တရုတ်ဆက်ဆံရေးနှင့် MLC
၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် (၇၅) နှစ်ပြည့် စိန်ရတုကာလကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သလို ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ်သို့တိုးမြှင့်ခဲ့ပါသည်။
နှစ်နိုင်ငံခေါင်းဆောင် အဆက်ဆက်၏ အမြော်အမြင်ကြီးမားမှု၊ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းကောင်းများဖြစ်မှုနှင့် ယဉ်ကျေးမှုချင်းနီးစပ်မှု၊ ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အခြေခံမှု စသည့်အချက်များကြောင့် နှစ်နိုင်ငံအကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် ထိုဆက်ဆံရေးသည် ယနေ့တိုင် ခိုင်မြဲနေသည့် ထူးခြားသော သံတမန်ဆက်ဆံရေးပုံစံဖြစ်ပါသည် ။
မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးလျက်ရှိသည်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးမှ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံရေးအရ ခိုင်မာသည့်အုတ်မြစ်ကို ပံ့ပိုးပေးသကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေပြီး ဘုံရည်မှန်းချက်များကို စုပေါင်းအင်အားဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်မှ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော စီမံကိန်းများဖြစ်ရာ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုကို တစ်တပ်တစ်အား အထောက်အကူပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအနက် စီမံကိန်းအများဆုံးရရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စီမံကိန်း (၁၃၂)ခု၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၃၈.၆ သန်းကျော်ရရှိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစသည့်နယ်ပယ်များတွင် သိသာသည့် အကျိုးကျေးဇူးများရရှိစေခဲ့ပါသည်။
ဆယ်စုမှသည် ရာစုဆီသို့
အချုပ်အားဖြင့်ဆိုရသော် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိပါသည်။ ထို့ပြင် ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အတွက် နှစ်နိုင်ငံ ခိုင်မာသည့်ဆက်ဆံရေးနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုအားကောင်းစေသည့် အစီအမံတစ်ရပ်ဖြစ်ပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် အောင်မြင်ရေးအတွက် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အပြန်အလှန် အထောက်အကူပြုလျက် ရှိပါသည်။
ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနှင့်တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်း သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲခြား၍မရသော မိတ်ဖက်များအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စိတ်ရင်းစေတနာမှန်ကို အခြေခံသည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုသည် ကုန်လွန်ခဲ့ပြီဖြစ်သော ရွှေရောင်လွှမ်းသည့် ဆယ်စုနှစ်မှသည် အနာဂတ်ရာစုနှစ်တိုင် ဆက်လက်တည်ရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းလျက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်ကာလကို ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ ။
(ဆောင်းပါးတွင် ဖော်ပြထားသည်များမှာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

လန်ချန်း-မဲခေါင် ခြောက်နိုင်ငံသည် တစ်မြစ်တွင်းရေအတူသောက်သုံးကာ ဘဝကံကြမ္မာချင်း တစ်သားတည်းချိတ်ဆက်နေကြပါသည်။ လွန်ခဲ့သော (၁၀)နှစ်တာကာလ၏ မတ်လ ၂၃ ရက်နေ့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု မျိုးစေ့များကိုချခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် မဲခေါင်နိုင်ငံ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ခြောက်နိုင်ငံသည် “တန်းတူရည်တူဆက်ဆံခြင်း၊ စိတ်ရင်းမှန်ဖြင့် အပြန်အလှန်ကူညီခြင်း၊ မိသားစုဝင်များကဲ့သို့ရင်းနှီးခြင်း” ဆိုသည့် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို လက်ကိုင်ထားပြီး “ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေးခြင်း၊ တန်းတူညီမျှညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ကျပြီး ထိရောက်ခြင်း၊ ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်ပြီး အားလုံးပါဝင်နိုင်ခြင်း” ဆိုသည့် လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို ကျင့်သုံးကာ “နေ့စဉ် တိုးတက်မှုများရှိနေခြင်း၊ လစဉ် ရလဒ်များထွက်ပေါ်ခြင်း၊ နှစ်စဉ် အဆင့်သစ်သို့ တက်လှမ်းခြင်း”ဟူသော လန်ချန်း-မဲခေါင် အရှိန်အဟုန်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် မျိုးစေ့လေးတစ်ခုမှသည် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရှင်သန်ကြီးထွားလာခဲ့ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါသည်။
ဤ(၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ ကံကြမ္မာချိတ်ဆက်မှုသည် ပိုမိုခိုင်မြဲလာခဲ့ပါသည်။ ရာစုနှစ်အတွင်း မကြုံစဖူးအပြောင်းအလဲများကြားတွင် ခြောက်နိုင်ငံသည် လက်တွဲလျှောက်လှမ်းကာ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဘက်ပေါင်းစုံတွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဒုက္ခသုခ အတူမျှဝေကာ အပြန်အလှန် စောင့်ရှောက်ကူညီကြသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ ဖြစ်လာခဲ့ကြပါသည်။
ဤ (၁၀) နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားမှာ ပိုမိုအားကောင်းလာခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ၅ နိုင်ငံတို့၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လွန်ခဲ့ပြီး လွန်ခဲ့သော(၁၀)နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ခြောက်နိုင်ငံမှ ဌာနအသီးသီးနှင့် ဒေသအသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် များပြားလှသည့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများကိုရရှိခဲ့သည်။
ဤ(၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် နိုင်ငံများ၏ လုံခြုံရေးအတားအဆီးမှာ ပိုမိုခိုင်မာလာခဲ့ပါသည်။ ခြောက်နိုင်ငံသည် “ဘေးကင်းလုံခြုံသော လန်ချန်း-မဲခေါင် လှုပ်ရှားမှု” ကို တွန်းအားပေးကာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး၊ ပြည်သူ့ကျန်းမာရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသတွင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြစ်အောက်ပိုင်းနိုင်ငံများသို့ လန်ချန်းမြစ်၏ ဇလဗေဒဆိုင်ရာ အချက်အလက်များကိုမျှဝေပေးပြီး မြစ်ဝှမ်းနိုင်ငံများအား ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှုအန္တရာယ်များကို ကာကွယ်ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီပေးခဲ့ပါသည်။
ဤ(၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် နိုင်ငံများ၏ လူမှုယဉ်ကျေးမှုဖလှယ်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။ “လန်ချန်း-မဲခေါင် ဗီဇာ” ကို စတင်ကျင့်သုံးနိုင်ခဲ့ပြီး “LMC Harvest”၊ “လန်ချန်း-မဲခေါင် စမ်းရေချိုလှုပ်ရှားမှု (Operation Sweet Spring)” စသည့် “သေးငယ်ပြီးကောင်းမွန်သည့်” ပြည်သူအကျိုးပြုစီမံကိန်းများမှာ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ခြောက်နိုင်ငံမှ ပြည်သူများသည် အပြန်အလှန် လည်ပတ်ကြကာ ရင်းနှီးမှုပိုမိုရရှိလာပြီး ယဉ်ကျေးမှုအပြန်အလှန် လေ့လာသင်ယူမှုနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှု၏ ပေါင်းကူးတံတားမှာ ပိုမိုခိုင်မာလာခဲ့ပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်တာအတွင်း ထွန်းကားလာရခြင်း၏ အဓိကသော့ချက်မှာ အချက် (၃) ချက်အပေါ် ဦးလည်မသုန် ရပ်တည်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ပထမအချက်မှာ အိမ်နီးချင်းကောင်းပီသမှုနှင့် ဘုံကံကြမ္မာတစ်ခုဖြစ်မှုကို အမြဲဦးစားပေးခြင်း၊ ဒုတိယအချက်မှာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားပြီး ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးခြင်း၊ တတိယအချက်မှာ တီထွင်ဆန်းသစ်မှုဖြင့် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
လက်ရှိ ကမ္ဘာကြီးတွင် မတည်ငြိမ်မှုများ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics) များကြောင့် လက်ရှိ နိုင်ငံတကာစည်းမျဉ်းအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေပါသည်။ မကြာသေးမီက တရုတ်နိုင်ငံ၏ “Two Sessions အစည်းအဝေး”ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကိုလည်း စတင်ခဲ့ကာ ဒေသတွင်းအတွက် တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးခဲ့ပါသည်။ ကျွန်တော်တို့သည် မဟာဗျူဟာမြောက် ချိတ်ဆက်မှုများကို အားကောင်းအောင်ဆောင်ရွက်ပြီး “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်း”ကို အတူတကွဖော်ဆောင်ကာ ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအတွက် “လန်ချန်း-မဲခေါင် စံနမူနာ” ကို ထူထောင်သွားရပါမည်။
ကျွန်တော်တို့သည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာ၍တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်နိုင်မှု ဟူသော အာရှတန်ဖိုးအမြင်များကို မြှင့်တင်ပြီး လန်ချန်း-မဲခေါင် နိုင်ငံတကာအတွင်းရေးမှူး ဌာန တည်ထောင်မှုကိုအရှိန်မြှင့်ကာ လန်ချန်း-မဲခေါင် နိုင်ငံများ၏ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အင်အားသစ်များ ပံ့ပိုးဖြည့်ဆည်းပေးရပါမည်။
ကျွန်တော်တို့သည် ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်သော နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ အခြေခံအဆောက်အအုံ ချိတ်ဆက်မှုများကို ဘက်စုံတွန်းအားပေးပြီး “နိုင်ငံအများအပြားတွင် စက်မှုဇုန်အများအပြား” ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖော်ဆောင်ကာ “အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ် (New International Land-Sea Trade Corridor)” ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ကို အတူတကွ တည်ဆောက်ရပါမည်။
ကျွန်တော်တို့သည် စိမ်းလန်းစိုပြည်၍ တီထွင်ဆန်းသစ်သည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံ တည်ဆောက်ရေးကို နက်ရှိုင်းစေပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (Artificial Intelligence-AI)၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု၊ ဂေဟစနစ် စီမံခန့်ခွဲမှု စသည့်ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးကာ စွမ်းအင်သစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ပြီး ဒေသတွင်း စိမ်းလန်းစိုပြည်၍ တန်ဖိုးရှိသော ကွင်းဆက်များနှင့် စိမ်းလန်းသော စက်မှုလုပ်ငန်းစုများကို တည်ဆောက်ရပါမည်။
ကျွန်တော်တို့သည် ယဉ်ကျေးမှုအပြန်အလှန်လေ့လာသင်ယူသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ လန်ချန်း-မဲခေါင် ခရီးသွားမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့အစည်း တည်ထောင်မှုကို အရှိန်အဟုန်မြှင့်တင်ပြီး မီဒီယာနှင့် တတ်သိပညာရှင် (Think Tank) များပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်နက်ရှိုင်းစေကာ လန်ချန်း-မဲခေါင်ရန်ပုံငွေ၏ အကျိုးကျေးဇူးများကို ချဲ့ထွင်ပြီး ခြောက်နိုင်ငံမှ ပြည်သူများနှင့် လူငယ်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်၍ လန်ချန်း-မဲခေါင် ချစ်ကြည်ရေးကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားရပါမည်။
ကျွန်တော်တို့သည် ငြိမ်းချမ်းပြီး အေးချမ်းသာယာသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ မြစ်ဝှမ်းတစ်ခုလုံး စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်ဆောင်ရွက်ပြီး မြစ်အထက်ပိုင်းနှင့် အောက်ပိုင်း ဇလဗေဒအချက်အလက်များကို မျှဝေကာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု စသည့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အရှိန်အဟုန်မြှင့်တင်ပြီး“ဘေးကင်းလုံခြုံသော လန်ချန်း-မဲခေါင် လှုပ်ရှားမှု” နှင့် မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်ကာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် လုံခြုံသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရပါမည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်တည်ထောင်စဉ်ကပင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် “လေထဲတိုက်အိမ်ဆောက်ခြင်း (Talking-Shop)” မဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်သည့် “တွန်းအားပေးသည့် ယန္တရား” ကဲ့သို့ ဖြစ်ရမည်ဟု ကျွန်တော်တို့ သဘောတူခဲ့ကြပါသည်။ ပြည်သူကို ဗဟိုပြုပြီး ခြောက်နိုင်ငံမှ ပြည်သူများ၏ သုခချမ်းသာကို ဖော်ဆောင်ပေးရပါမည်။ အစပျိုးမှုမှတ်တိုင် အသစ်တစ်ခုတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော သံတမန်ဆက်ဆံရေး မူဝါဒကို ဆက်လက် ကိုင်စွဲထားပြီး မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ သစ်လွင်သော “ရွှေရောင် (၁၀) နှစ်” ကို အတူတကွ အစပြုဖွင့်လှစ်ကာ ငြိမ်းချမ်းသော၊ အေးချမ်းသော၊ သာယာဝပြောသော၊ လှပသော၊ ချစ်ကြည်ရင်းနှီးသော လန်ချန်း-မဲခေါင် အိမ်ဂေဟာကို လက်တွဲတည်ဆောက်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လန်ချန်း-မဲခေါင်၏ အကျိုးပြုဆောင်ရွက်မှုများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။ ။

မြစ်တစ်စင်းသည် ၎င်း၏နယ်နိမိတ်ကို ကန့်သတ်ချက်မထားရှိပါ။ မြစ်တစ်စင်းသည် နိုင်ငံများရေးရာ အခေါ်အဝေါ်များ၊ သတ်မှတ်ချက်များ၊ နယ်စပ်မျဉ်းများကိုကျော်လွှားကာ စီးဆင်းရာဒေသတစ်ခုလုံး၏ လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် သမိုင်းတို့ကို ချိတ်ဆက်ပေးလာခဲ့သော အသက်ရှင်သန်လျက်ရှိသည့် သဘာဝအမွေအနှစ်တစ်ရပ်ဖြစ်သည်။
မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ သဘာဝသွေးကြောတစ်စင်းအဖြစ် ရာစုနှစ်များစွာကြာ မြစ်ဝှမ်းဒေသတစ်လျှောက်နှင့် ပတ်ဝန်းကျင်ရှိနေထိုင်သူများ၏ လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့ကို ကူးလူးဆက်နွှယ်ပေးလာခဲ့သည်။ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် မဲခေါင်မြစ်ဟုခေါ်တွင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ လန်ချန်းမြစ်ဟုခေါ်တွင်သည့် မဲခေါင်-လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ် လည်းဖြစ်သည်။ အဆိုပါမြစ်ကိုအခြေခံ၍ စတင်တည်ထောင်ခဲ့သော မဲခေါင်–လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (Mekong–Lancang Cooperation – MLC) သည် ယနေ့တွင် ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။
စတင်တည်ထောင်ပုံ
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းယမြို့၌ “Shared River, Shared Future” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း (Sanya Declaration)ကို ထုတ်ပြန်ကြေညာပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် စတင်ထူထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မဲခေါင်–လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ချိတ်ဆက်ပေးထားသည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာတစ်ရပ်ဖြစ်ပြီး “community with a shared future of peace and prosperity” “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”ကို အခြေခံအယူအဆအဖြစ် ချမှတ်ထားသည်။ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုပါအယူအဆသည် စာရွက်စာတမ်းများပေါ်ရှိ ထုတ်ပြန်ချက်များမှတစ်ဆင့် လက်တွေ့အသုံးချနိုင်ပြီး ထိရောက်မှုရှိသောလုပ်ငန်းစဉ်များ (လက်တွေ့လုပ်ငန်းများ)အဖြစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များအားလျှော့ချရန်နှင့် ၎င်း၏အဖွဲ့ဝင် ခြောက်နိုင်ငံတို့အကြား သာယာဝပြောရေးကိုမြှင့်တင်ရန် ရည်ရွယ်သည်။ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့်မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အတူတကွမျှဝေထားသော အနာဂတ်အသိုက်အဝန်းကို တည်ဆောက်ရန် မျှော်မှန်းထားကြသည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံမူဘောင်ကို အများသဘောတူညီမှု (consensus)၊ တန်းတူရည်တူရှိမှု(equality)၊ အပြန်အလှန်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှု (mutual consultation and coordination)၊ မိမိစေတနာဆန္ဒအလျောက်ပါဝင်မှု (voluntarism)၊ ပံ့ပိုးကူညီမှုနှင့် မျှဝေခံစားမှု (common contribution and shared benefits) ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာမှု(respect for the United Nations Charter and international laws)တို့ဖြင့် လမ်းညွှန်ထားသည်။
ထို့ပြင် အဆိုပါ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်းဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစပျိုးသည့်နေရာဟုပင် မှတ်ယူနိုင်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အဓိကအောင်မြင်မှုများအနက် တစ်ခုမှာ ဒေသခံပြည်သူများ၏ လူနေမှုဘဝကို တိုက်ရိုက်ထိတွေ့စေခဲ့သည့် စီမံကိန်းများပင်ဖြစ်သည်။ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ခဲ့သည့် စီမံကိန်းများသည် မဲခေါင်မြစ်ဝှမ်းဒေသရှိ လူထုအခြေပြု ဖွံ့ဖြိုး တိုးတက်မှုကိုများစွာ အထောက်အကူပြုခဲ့သည်။
မြန်မာနိုင်ငံ၏အခန်းကဏ္ဍ
မြန်မာနိုင်ငံအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုသာမက အတွေ့အကြုံများမျှဝေရန်၊ အကောင်းဆုံးအလေ့အကျင့်များကို လေ့လာသင်ယူရန် အရေးပါသော အခွင့်အလမ်းတစ်ရပ်လည်းဖြစ်လာသည်။
ထို့ပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ပြည်သူလူထုအဆင့် ယဉ်ကျေးမှုနှင့် လူငယ်ဖလှယ်ရေးကိုပါ အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားရှိသည်။ ယင်းသည် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့စေမည့် အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းပူးပေါင်း ဆောင်ရွက်မှု၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခုအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ကာ နောင်လာမည့် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ပိုမိုတည်ငြိမ်ခိုင်မာစေရန် ကြိုးပမ်းရမည့်အချိန်အခါကောင်းလည်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆယ်စုနှစ်တစ်ခုအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများသည် စာရင်းကိန်းဂဏန်းများထက် ဒေသခံပြည်သူများ၏ လူနေမှုဘဝကို တိုက်ရိုက်ထိတွေ့စေခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း ၁၃၂ ခုနှင့် တန်ဖိုး အမေရိကန်ဒေါ် လာ ၃၈ ဒသမ ၆ သန်းခန့် ရရှိခဲ့ပြီး စီမံကိန်းပေါင်း ၁၀၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကာ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မှုမှတစ်ဆင့် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေး အပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများစွာကို ဖော်ဆောင်နိုင်ခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ ထူးခြားချက်တစ်ရပ်မှာ အစိုးရအဆင့်ပူးပေါင်းဆောင်ရွက်မှုကိုသာမက လူထုအဆင့်ချိတ်ဆက်မှုကိုပါ အလေးထားခြင်းဖြစ်သည်။ ပညာရေး၊ သုတေသနနှင့် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်များမှတစ်ဆင့် မဲခေါင်ဒေသရှိ ပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရေးကို တဖြည်းဖြည်း တည်ဆောက်လာခဲ့သည်။
မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်း အစီအစဉ်များသည် မတူကွဲပြားသည့်ယဉ်ကျေးမှု အမွေအနှစ်များကို အပြန်အလှန်လေးစား နားလည်စေပြီး ဒေသအတွင်း အတူတကွဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်ဓာတ်အခြေခံကို ခိုင်မာစေခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အတွေ့အကြုံနှင့်ရရှိခဲ့သော အကျိုးကျေးဇူးများ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် Workshop on Heritage Sites Management in Mekong – Lancang Countries (2017) စီမံကိန်းကို မြန်မာနိုင်ငံ ပုဂံတွင် ၁၈.၂.၂၀၁၉ ရက်နေ့မှ ၂၂.၂.၂၀၁၉ ရက်အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၁၃၀၀ ဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လည်းကောင်း၊ Lancang-Mekong Cultural Exchange Youth Camp (2017) စီမံကိန်းကို မန္တလေးမြို့တွင် ၂၇.၁.၂၀၁၉ ရက်နေ့မှ ၃၁.၁.၂၀၁၉ ရက်နေ့အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၈၆၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ လည်းကောင်း၊ Puppet Festival of Lancang – Mekong (2020) စီမံကိန်းကို မန္တလေးမြို့တွင် ၃၀.၃.၂၀၂၂ ရက်နေ့မှ ၃၁.၃.၂၀၂၂ ရက်နေ့အထိ ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၉၂၅၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှလည်းကောင်း၊ National Landmark Sculpturing &
Painting Youth Camp for LMC Fine Arts Students (2021) စီမံကိန်းကို မန္တလေးမြို့တွင် ၂၉.၁.၂၀၂၃ ရက်နေ့မှ ၃၀.၁.၂၀၂၃ ရက်နေ့အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၆၆၃၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှလည်းကောင်း၊ Mekong – Lancang Traditional Dances Festival (2021)ကို နေပြည်တော်တွင် ၁၉.၁.၂၀၂၃ ရက်နေ့တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၇၄၀၀ ဖြင့် အနုပညာဦးစီးဌာနမှလည်းကောင်း၊ Building Network on Preservation and Conservation of Literary Heritage among Lancang – Mekong Area, Especially Rare Materials in Libraries (2022) စီမံကိန်းကို နေပြည်တော်တွင် စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၉၁၀၀ ဖြင့် ၂၅.၇.၂၀၂၃ ရက်နေ့တွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ လည်းကောင်း၊ Mekong – Lancang Cultural Activity 2024 in Myanmar (2024) ကို ပုဂံတွင် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၂၂၂၁၀၀ ဖြင့် ၂၂.၂.၂၀၂၅ ရက်နေ့ မှ ၂၈.၂.၂၀၂၅ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လည်းကောင်း ရရှိကာ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် Mekong-Lancang Heritage Preservation: Preserving Cultural Heritage, Showcasing Tradition, and Promoting Cultural Awareness of Communication (2025) စီမံကိန်းကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၈၄၀၀ ဖြင့် ရရှိထားပြီး ၂၀၂၆ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပုဂံ၌အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ ယနေ့အထိ မဲခေါင်-လန်ချန်းစီမံကိန်းပေါင်း ရှစ်ခုရရှိခဲ့ပြီး စီမံကိန်းခုနစ်ခုမှာ အောင်မြင်စွာ အကောင်အထည်ဖော်ပြီးစီးခဲ့ပြီဖြစ်ကာ စီမံကိန်းတစ်ခုမှာ ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွက်ထောက်ပံ့သောရန်ပုံငွေမှာ အမေရိကန် ဒေါ်လာစုစုပေါင်း ၁၂၁၅၇၀၀ (တစ်သန်းနှစ်သိန်းတစ်သောင်းငါးထောင့်ခုနစ်ရာဒေါ်လာ) ရှိပြီဖြစ်သည်။
အဆိုပါစီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသများ၏ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးစသည့် နည်းပညာပိုင်းဆိုင်ရာအတွေ့အကြုံများကို မဲခေါင်–လန်ချန်း နိုင်ငံများအကြားမျှဝေနိုင်ခြင်း၊ အမွေအနှစ်ဆိုင်ရာ အောင်မြင်သော စီမံခန့်ခွဲမှုပုံစံများကို လေ့လာကာ မိမိတို့နိုင်ငံတွင် လက်တွေ့အသုံးချနိုင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရာတွင်သာမက ဒေသဆိုင်ရာငြိမ်းချမ်းရေး၊ ချိတ်ဆက်မှုနှင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရေးပါစွာ အထောက်အကူပြုနိုင်ခြင်း၊ ကျင်းပပြီးစီးခဲ့သော လူငယ်ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များသည် မဲခေါင်–လန်ချန်းနိုင်ငံလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးကာ နားလည်မှုနှင့် မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်လာခဲ့ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးစံများကို တိုက်ရိုက်လေ့လာခွင့် ရရှိခဲ့ခြင်းကြောင့် အပြန်အလှန် နားလည်မှုတိုးတက်စေခြင်း၊ ရိုးရာအနုပညာ၊ ဓလေ့ထုံးစံ၊ ဘာသာစကားနှင့် လူမှုယဉ်ကျေးမှုတန်ဖိုးများကို မျှဝေဖလှယ်နိုင်ခြင်း၊ ဒေသအသီးသီး၏ ရိုးရာအက/ ရုပ်သေးပုံစံများကို စုစည်းတင်ဆက်နိုင်ခြင်းဖြင့် ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်း၊ လူငယ်မျိုးဆက်များအတွင်း ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမှုတိုးတက်စေခြင်း၊ မဲခေါင်–လန်ချန်း နိုင်ငံများ၏ စာကြည့်တိုက်များနှင့် သုတေသနအဖွဲ့အစည်းများ အပြန်အလှန်ချိတ်ဆက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
အဆိုပါ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံ၏အနာဂတ်ကို ထမ်းဆောင်မည့် လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ပေးသည့်အပြင် မဲခေါင်–လန်ချန်းဒေသ၏ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများအတွက် အခြေခံခိုင်မာသော ဆက်သွယ်ရေး တံတားတစ်ရပ်အဖြစ် အရေးပါသောအခန်းကဏ္ဍကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ရိုးရာအနုပညာအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ရာတွင်သာမက မဲခေါင်-လန်ချန်းဒေသ၏ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမျိုးချင်းနားလည်မှု တိုးတက်ရေးအတွက် အရေးပါသည့် အခမ်းအနားများအဖြစ်လည်းကောင်း၊ စာပေအမွေအနှစ်များ၏ ရေရှည်ထိန်းသိမ်း ကာကွယ်ရေးကိုသာမက မဲခေါင် -လန်ချန်းဒေသအတွင်း ပညာရေး၊ သုတေသနနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် အရေးပါသောအခြေခံ ကွန်ရက်များအဖြစ်လည်းကောင်း တည်ဆောက်ပေးလျက်ရှိသည်။
အဆိုပါလှုပ်ရှားမှုများသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရာတွင်သာမက မဲခေါင်-လန်ချန်းဒေသအတွင်း ချစ်ကြည်ရေး၊ နားလည်မှုနှင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးသည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုများပင်ဖြစ်သည်။
အချိန်အခါကောင်း
ဆယ်စုနှစ်တစ်ခု ပြည့်မြောက်လာသည့် ယနေ့ကာလတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ရန်သာမက နောင်လာမည့်အနာဂတ်ကို ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ဖော်ဆောင်သွားမည်ဆိုသည့် မျှော်မှန်းချက်ကိုလည်း ရှာဖွေနိုင်မည့်အချိန်အခါကောင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအရင်းအမြစ်များအပေါ်တွင် တိုးမြင့်လာသော ဖိအားများကြောင့် မဲခေါင်မြစ်ဝှမ်းဒေသအတွက် “ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှု”သည် ပိုမိုမြင့်မားလာလျက်ရှိသည်။
မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆယ်စုနှစ်အတွင်း နိုင်ငံများအကြား ယုံကြည်မှုနှင့် ချစ်ကြည်မှုကို တည်ဆောက်ပေးသည့်အပြင် အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများစွာကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သော အရေးပါသည့် ဒေသတွင်းမိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးတစ်ရပ်အဖြစ် ထင်ရှားလာခဲ့သည်။
သို့ဖြစ်ပါ၍ ယုံကြည်မှု၊ ချစ်ကြည်မှုနှင့် အပြန်အလှန်အကျိုးပြုမှုတို့ကို အခြေခံထားသည့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်မြစ်၏စီးဆင်းမှုသကဲ့သို့ပင် အတားအဆီးများကို ကျော်လွှားကာ ဒေသအတွင်းပူးပေါင်း ဆောင်ရွက်မှုကိုပိုမိုခိုင်မာတိုးတက်စေပြီး ဒေသတစ်ရပ်လုံး၏ အနာဂတ်ကို ပိုမိုတောက်ပစေမည့် အရေးပါသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားမည်ဟု ယုံကြည်ပါကြောင်းနှင့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်တစ်ခုမှသည် ရာစုနှစ်များစွာတိုင် ခိုင်မာရှင်သန်ပါစေကြောင်းဆန္ဒပြုကာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။