နေပြည်တော် မေ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မြန်မာ့လက်မှုအနုပညာစင်တာ (ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။
ဆွေးနွေးမှာကြား
ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့လက်မှုအနုပညာ စင်တာ ဖွင့်လှစ်ရောင်းချမှုကို နိုင်ငံခြားသားဧည့်သည်များနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး မီဒီယာအသုံးပြု စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များဈေးကွက်ရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏အကူအညီဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင် အသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ခရိုင်သုံးခုရှိ ဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ် အစုအဖွဲ့ပုံစံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME )လုပ်ငန်းများ အောင်မြင်ရေး၊ အစုအဖွဲ့ပုံစံ စည်းရုံးပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN

သံဖြူဇရပ် မေ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် သံဖြူဇရပ်မြို့နယ် အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန ခရမ့်ရော်ဘာစက်ရုံ (သံဖြူဇရပ်)သို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှု၊ သုံးစွဲမှု အခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း ငါးသိန်းကျော် စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပမှရော်ဘာ အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှုနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာထုတ်လုပ်မှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

လပွတ္တာ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ် က ပြောပြ၍ သိရသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"လပွတ္တာမြို့နယ်ကနေ ပြီးခဲ့တဲ့ဧပြီလအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့အားတက်ခဲ့တာပါ။ ကကတစ်ငါးတင်ပို့ရောင်းချအားတက်လာတော့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ပွဲရုံပိုင်ရှင်တွေနဲ့ ရေလုပ်သားတွေ အလုပ်အကိုင်အဆင်ပြေနေပါတယ်"ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ်က ပြောပြသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ကကတစ်ငါးအပါအဝင် ရေထွက်ကုန်ပစ္စည်း အများအပြား တင်ပို့ရောင်းချနေရခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ပွဲရုံပိုင်ရှင်များ၊ ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံ

ရေကြည် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သီဟိုဠ်စေ့ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင် က ပြောပြသည်။
ရေကြည်မြို့နယ်မှ ရန်ကုန်မြို့သို့ လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သော မတ်လအတွင်းက သီဟိုဠ်စေ့ပိဿာချိန် ၃၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း သီဟိုဠ်စေ့ပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို သီဟိုဠ်စေ့တွေ တင်ပို့ရောင်းချအားတက်လာပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တဲ့ သီဟိုဠ်စေ့တွေက အသစ်တွေပါ။ ဒေသထွက် သီဟိုဠ်စေ့တွေကို ရေကြည်မြို့ကနေတဆင့် ရန်ကုန်မြို့ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ ဝယ်ယူတာများနေပါတယ်''ဟု ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင်က ပြောပြသည်။
ရေကြည်မြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၇၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက် သီဟိုဠ်စေ့များကို ပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

ရန်ကုန် မေ ၂၅
“ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေးနှင့် ယွမ်ငွေကြေး အသုံးပြု၍ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံ အခြေစိုက် တရုတ်စီးပွားရေး လုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် “ယွမ်” ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန် လာစေရန် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ကိုလည်းကောင်း၊ ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ (One Stop Service – OSS) ၏ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်လံ မေ ၂၄
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တာဝန်ရှိသူများက ဒေသခံတောင်သူများအား တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှုန်းဖြင့် စုစုပေါင်း တောင်သူ ၁၁ ဦးအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MDN
အောင်လံ မေ ၂၄
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တာဝန်ရှိသူများက ဒေသခံတောင်သူများအား တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှုန်းဖြင့် စုစုပေါင်း တောင်သူ ၁၁ ဦးအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MDN
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
နေပြည်တော် မေ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊ ဦးထိန်လင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရွှေမြို့ မွေးမြူရေးဇုန်
ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ Sunlight Venture Co. Ltd ၏ ဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြတ်မင်းလတ်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ အစာကျွေးမွေးမှုစနစ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ကနဦးဆောင်ရွက်သွားရန်လိုပြီး ထိုမှတစ်ဆင့် ခေတ်မီမွေးမြူရေးစနစ်သို့ သွားရမည်ဖြစ်ကြောင်း၊ အစာစနစ်၊ ရေစနစ်များကိုလည်း စတင်မွေးမြူစဉ်ကတည်းကပင် စနစ်တကျဖြစ်ရန်လိုပြီး ဇီဝလုံခြုံမှုအတွက်လည်း စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ကောင်ရေပြည့်မီရေး၊ အသားထုတ်လုပ်မှု စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အသားထုတ်လုပ်မှုအပြင် ဆိတ်သားရေကိုလည်း ဈေးကွက်သို့ ဖြန့်ဖြူးသွားနိုင်ကြောင်း၊ မိမိတို့အားခွင့်ပြုပေးထားသည့် မြေဧရိယာအတွင်း ဆိတ်အစာ နေဗီယာမြက်များအပြင် ဇီးပင်များကိုလည်း ထည့်သွင်းစိုက်ပျိုး၍ ဇီးသီးခြောက်ဖတ်များကို ကျွေးမွေးနိုင်မည်ဖြစ်ကြောင်း၊ ဆိတ်အစာမြက် စိုက်ပျိုးရာ၌ စဉ်ဆက်မပြတ်သည့် စိုက်ပျိုးထုတ်လုပ်မှုစနစ် ဖြစ်စေရေးအတွက်လည်း စနစ်တကျ တွက်ချက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၊ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှု၊ အသားတိုးဝက်များ ဖြန့်ဖြူးရောင်းချခဲ့မှု၊ ထွက်ရှိလာသည့် ဝက်များအား ပြင်ပဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် တိုင်းစစ်ဌာနချုပ်များအသီးသီးသို့ ရိက္ခာစို၊ အသားခြောက်၊ အသင့်စား ဝက်သားဟင်းထုပ်စသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ဝက်မျိုးများအား ပြည်ပမှ တင်သွင်းမွေးမြူခြင်းထက် မိမိကိုယ်တိုင်မျိုးထုတ်၍ တိုးချဲ့မွေးမြူသွားရန်လိုကြောင်း၊ စတင်မွေးမြူသည်မှစ၍ အသားထုတ်လုပ်သည်အထိ စနစ်တကျဖြစ်ရန်လိုပြီး သတ်မှတ်ထားသည့် နှုန်းထားအတိုင်း အစာကျွေးမွေးမှုရှိရန်နှင့် သတ်မှတ်ကာလအတွင်း အသားထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ အောင်မြင်ပြီးဖြစ်သည့် ဝက်မွေးမြူရေးလုပ်ငန်းများ၏ လုပ်ငန်းစနစ်များကိုလည်း လေ့လာ၍ သုတေသနပြုဆောင်ရွက်သွားကြရန်လိုကြောင်း၊ မျိုးထုတ်လုပ်မှုစနစ်၊ မွေးမြူမှုစနစ်၊ အစာကျွေးမွေးမှုစနစ်၊ အသားထုတ်လုပ်မှုစနစ်တို့ကို စနစ်တကျဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လိုပြီး စဉ်ဆက်မပြတ်သည့် မွေးမြူထုတ်လုပ်မှုစနစ်ဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုထက်တိုးချဲ့မွေးမြူနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးတွမ်ခင်ဝင်းက နို့စားနွားနှင့် နွားသားပေါက်မွေးမြူထားရှိမှု၊ ဒေသထွက်ကုန်ကြမ်းများ အသုံးပြု၍ တိရစ္ဆာန်အစာထုတ်လုပ်ကျွေးမွေးမှု၊ နို့ချက်စက်ရုံနှင့် ဒိန်ချဉ်စက်ရုံ လည်ပတ်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နို့စားနွားမွေးမြူခြင်းပုံစံနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကိုလည်း လေ့လာသွားကြရန်လိုပြီး အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေးသိမ်းဆည်းမှုစနစ်များကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ် (Biogas Generator System) ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ အစာထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်းမှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ်ခြင်း၊ ချဉ်ဖတ်လုပ်၍ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
၎င်းနောက် နိုင်ငံတော်သမ္မတသည် ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြတ်စံက လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်ဆင့် အဆင့်မြှင့်တင်သွားရန်လိုပြီး အလိုအလျောက်အစာကျွေး၊ ရေတိုက်၊ ဥသိမ်းဆည်းခြင်းစနစ်တို့ကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥစားကြက်မွေးမြူခြင်းသည် စားရေရိက္ခာပေါများစေခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် အာဟာရပြည့်မီစွာစားသုံးနိုင်စေခြင်းတို့ကို အထောက်အကူဖြစ်စေကြောင်း၊ ကြက်ဥတစ်လုံးစားသုံးခြင်း၏ အစာအာဟာရရရှိမှုသည် ကြက်သား ၅ ကျပ်သားစားသုံးခြင်း၏ အာဟာရနှင့်ညီမျှသည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့်လည်း သုံးပုံတစ်ပုံခန့်သက်သာစေကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆောင်ရွက်သွားရန်နှင့် တိုးချဲ့ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြံများ အပူရှိန်သက်သာစေရေးအတွက် အမိုးနေရာတွင် အုတ်ကြွပ်များကိုလည်း ပြောင်းလဲအသုံးပြုနိုင်ကြောင်းနှင့် အခြားလိုအပ်သည်များကို အကြံပြုတိုက်တွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဦးတင်မြိုင်၏ အသားတိုးဝက်ခြံသို့ ရောက်ရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များနှင့် လိုအပ်သည်များ ပြန်လည်အကြံပြုမှာကြားသည်။
ထို့နောက်ရှင်းလင်းဆောင်ခန်းမတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဇုန်အလိုက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သတ်မှတ်ကောင်ရေ ပြည့်မီအောင်မွေးမြူနိုင်ရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိမှု၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ စားရေရိက္ခာဖူလုံပေါများစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာရယူထားကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိပ္ပံနည်းကျခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုမွေးမြူရေးလုပ်ငန်းများသည် တိရစ္ဆာန်များအား ခြံများအတွင်း လှောင်၍ မွေးမြူကြသည်ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာ အကောင်အထည်ဖော်ဆောင်ကြရန်လိုကြောင်း။
မွေးမြူရေးစနစ်များတွင် လွှတ်ခြင်း၊ လှန်ခြင်း၊ လှောင်ခြင်းဟူ၍ရှိကြောင်း၊ စားကျက်များအတွင်း လွှတ်၍မွေးမြူခြင်းဖြင့် စားရိတ်သက်သာကြောင်း၊ ကြိုးဖြင့်ချည်၍ လှန်ကျောင်းသည့်စနစ်ဖြင့် မွေးမြူခြင်းသည်လည်း အထိုက်အလျောက်အားဖြင့် စရိတ်သက်သာမှုရှိကြောင်း၊ လှောင်၍မွေးမြူခြင်းမှာ စရိတ်ကုန်ကျမှုရှိသော်လည်း စနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန် မြေနေရာများသည် တိရိစ္ဆာန်အစာများ ပေါများစွာ ရရှိနိုင်သည်ဖြစ်သဖြင့် မွေးမြူရေးဇုန်များ သတ်မှတ်မွေးမြူစေခြင်းဖြစ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် အစာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်ကျွေးမွေးခြင်းနှင့် စားသုံးမှုဖူလုံအောင် မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေနိုင် မည်ဖြစ်ကြောင်း။
နို့စားနွားမွေးမြူခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ ပမာဏများစွာတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာကုန်ကျ သုံးစွဲနေကြရကြောင်း၊ မိမိတို့နိုင်ငံအတွင်း လုံလောက်မှုရှိအောင် ထုတ်လုပ်နိုင်မည်ဆိုပါက တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒိန်ချဉ်ကိုသာ ထုတ်လုပ်နေကြသည်ကို တွေ့မြင်ရပြီး အများစုသုံးစွဲကြသည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ကို အလုံအလောက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်စေသည့် လုပ်ငန်းရပ်များဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း တည်းဟူသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ မြေကို စနစ်တကျပြုပြင်စိုက်ပျိုးသကဲ့သို့ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ရေအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်၊ မွေးနည်းစနစ်များ ကောင်းမွန်စေခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအတွင်း ကုန်ထုတ်လမ်းများ ကောင်းမွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းရပ်များအလိုက် ခြံစည်းရိုး စနစ်တကျကာရံခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOI

ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ သန်လျင်ခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် ခရမ်းမြို့နယ်ဦးစီးမှူးတို့သည် ယမန်နေ့က ခမတ်ကျေးရွာ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။
ဆွေးနွေးပြောကြား
ယင်းသို့တွေ့ဆုံရာတွင် တိုင်းမြေအသုံးချရေးတာဝန်ခံက စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်မူဝါဒများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် နည်းပညာများကို အဓိကထားဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းနည်းပညာများ၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရေးနည်းပညာများ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက စပါးသီးနှံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲခြင်းတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲနည်းကို တောင်သူများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)