နေပြည်တော် မေ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)၊ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) တို့မှ သင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရေကြောင်း လူငယ်၊ လေကြောင်း လူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများတက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသည့် စကားအတိုင်း နောင်လာမည့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်များကို ယခုကဲ့သို့ တွေ့ဆုံအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ကျောင်းနေအရွယ် လူငယ်မောင်မယ်များသည် ပညာသင်ကြားရမည့်အရွယ်တွင် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ အခုကဲ့သို့ နွေရာသီ အားလပ်ရက်များတွင် လူငယ်မောင်မယ်တို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတတွေ တိုးပွားစေရန် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၄ ခုနှစ်မှစပြီး နှစ်စဉ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
သင်တန်းများကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်းတွင် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိ စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းနှင့် လေကြောင်းပညာ ကျွမ်းကျင်သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ် လေ့ကျင့်ပေးရခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို ပြုစုပျိုးထောင် မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိကအရေးပါမှုကို သိရှိထားရန်လိုအပ်ကြောင်း၊၊
လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော် အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင် ဖြစ်သည်ကို လူငယ်မောင်မယ်များအာလုံး သိရှိထားကြရန် မှာကြားလိုကြောင်း။
ပညာပြည့်ဝ နှလုံးလှသည့် လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး အဖော်မွန်သည် ပညာပင်ဖြစ်ကြောင်း၊ ပညာသည်သာ အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်လုပ်ကိုင်နိုင်သည့် ဉာဏ်ရည်ကို ထုဆစ်ပုံဖော်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာဟုဆိုသည့် နေရာတွင် အသိပညာ၊ အတတ်ပညာဟူ၍ ပိုင်းခြားသိမြင်နိုင်ရမည်ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာကို ပိုင်ဆိုင်ရန် အတန်းပညာသည် အဓိကအခြေခံပင်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်း မှုများမှတစ်ဆင့် လူသားတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူနေမှုအဆင့် အတန်းများသည်လည်း တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ယနေ့ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့ဆုံးမှရပ်တည်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးဆောင်နိုင်ရန်အတွက် ပညာ၏လက်တွဲခေါ်ဆောင်မှုမှ တစ်ဆင့် လူသားတို့၏ ကြိုးစားအားထုတ်မှုများ၊ တီထွင်ကြံဆမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၍ တိုးတက်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း မြင့်မားစွာ ရပ်တည်ရှင်သန်နေကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် လူငယ်များဖြစ်စေရေး ကဏ္ဍစုံတွင် အားပေး ဖော်ဆောင်လျက်ရှိကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် ပဲ့ထိန်းသဖွယ် တည်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ လူတော်ဖြစ်စေရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သကဲ့သို့ လူကောင်းဖြစ်စေရန်အတွက်လည်း စာရိတ္တအခြေခံကောင်းများ ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း၊ ၎င်းသည် စာရိတ္တဗလ၏ အရေးပါမှုကို ညွှန်းဆိုထားခြင်းပင်ဖြစ်ကြောင်း၊ လူငယ် မောင်မယ်တို့အနေဖြင့် ယခုလိုငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ စာရိတ္တကောင်းမွန်ရန်အတွက် လူငယ် မောင်မယ်တို့သည် သီလကောင်းသည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သီလကောင်းမွန်ပြီး အတ္တနှင့် ပရကိုမျှတအောင် နေထိုင်ကျင့်ကြံဆောင်ရွက်နိုင်မှသာ စာရိတ္တမဏ္ဍိုင်၏ အခြေခံခိုင်မာမှုကို စတင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
လူငယ်မောင်မယ်တို့အနေဖြင့် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီဆိုပါက “ပညာ ပြည့်ဝ နှလုံးလှ”သည့်အပြင် “စွမ်းအားလည်းညီ ခေတ်လည်းမီ” သည့် မျိုးဆက်သစ်များအဖြစ် အနာဂတ် နိုင်ငံတော်တွင် တစ်ပြိုင်တည်း ထွန်းတောက်လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့် လူငယ်မောင်မယ်တို့ နှလုံးသားတွင် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် တို့သည် အမြဲရှင်သန်နိုးကြားနေရန်လည်း လိုအပ်ကြောင်း။
လူငယ်မောင်မယ်တို့ အနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အပြည့်အဝရှိသည့် မျိုးဆက်သစ်များပီပီ နောင်အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်နိုင်သူများ ဖြစ်အောင် စတင်ကြိုးစားလျှောက်လှမ်းသွားကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုကြောင်း။
စာပေသည် လူသားတို့၏ နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူ ဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးပမာ တွေ့မြင်ရမည်ဖြစ် ကြောင်း၊ စာပေဖတ်ရှုသည့်နေရာတွင်လည်း မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် နှလုံး အာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန် လိုအပ် ကြောင်း၊ ယနေ့ Social Media အင်အားကြီးထွားလာမှု အပိုင်းတွင် အဆိပ်သင့်စာပေများသည် နေရာအနှံ့ကနေ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ် လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ကြပြီး Social Media များနှင့် ပိုမိုနီးစပ်သွားကြသည့်အတွက် Social Media များမှတစ်ဆင့် အဆိပ်သင့်သတင်းများ၊ အဆိပ် သင့်စာပေများသည် မျိုးဆက်သစ် လူငယ်များ၏ နှလုံးသားနှင့် အသိတရားကို အင်အားကြီးမား စွာဖြင့် ချေမွဖျက်ဆီးပစ်နိုင်သည်ကိုလည်း လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန် လိုအပ် ကြောင်း။
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည် ကို တွေ့မြင်လာရကြောင်း၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် လူငယ် မောင်မယ်တို့သည် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကို စတင်ပျိုးထောင်သွားကြရန်လို ကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိ နှလုံးသားက ပိုင်းခြားဆုံးဖြတ် ပေးသွားခြင်းဖြစ်ကြောင်း။
ပညာပြည့်ဝသည့် လူသားတစ်ယောက်၏ စိတ်နှလုံးသားသည် အရာရာကို မှန်မှန်ကန်ကန်နှင့် ရှုမြင်ပိုင်းခြားဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်တို့အနေဖြင့် ပညာဆိုသည့် အဖော်မွန်ကို လက်တွဲပြီး နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည့် နောင်ဝယ်လူကြီးများဖြစ်အာင် ကြိုးစားကျင့်ကြံသွားကြရန် မှာကြားလိုကြောင်း။
အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ရန် ယခုအရွယ်ကတည်းက စတင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသွားကြရန်၊ မိမိဘဝကို ပညာနှင့် အဖော်ပြုပြီး ကောင်းအောင်တည်ဆောက် ကြရန်၊ မိမိတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံများစွာထဲမှ ကောင်းသည့် အချက်များကိုဆောင်ပြီး မကောင်းသည့် အချက်များကို ရှောင်ရှားကာ မိဘများက ဂုဏ်ယူရသော၊ နိုင်ငံတော်က အားထားရသော “စွမ်းအားလည်းညီ ခေတ်လည်းမီ” သည့် နောင်ဝယ်လူကြီးများဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်း လူငယ် မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂါရဝပြုလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ရေကြောင်းလူငယ် သင်တန်းမှ မဖြိုးသဉ္ဇာလင်းနှင့် လေကြောင်းလူငယ် သင်တန်းမှ မဝင်းသိင်္ဂီတို့က သင်တန်းများတွင် တက်ရောက် သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာ ရှင်းလင်း ပြောကြားကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။
ဆက်လက်၍ ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းတို့မှ လူငယ် မောင်မယ်များနှင့် အုပ်ချုပ်သူ နည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီ တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းလူငယ် သင်တန်းနှင့်လေကြောင်းလူငယ် သင်တန်းတို့မှ သင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ရှင်းလင်းပြသ
ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ မတက် ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ် သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN

ကျောက်ဆည်၊ မေ ၂၃
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)ဘက်စုံသုံးခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

နေပြည်တော် မေ ၂၂
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာများဖွံ့ဖြိုးတိုးတက် စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့သည့် တပ်မတော် (ရေ) က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
အဆိုပါ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ အားကစားခန်းမ၌ ပြုလုပ်ရာ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား သင်တန်းသူများနှင့် အကောင်းဆုံး သင်တန်းစခန်းဆု ရရှိသည့် သင်တန်းစခန်းတို့အား ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်း အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို သင်တန်း စခန်း ၁၃ ခုတွင် သင်တန်းသားသင်တန်းသူ ၈၀၀ ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တပ်မတော်(ရေ) သမိုင်းဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံ ရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချ ရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တ ဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေး ဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက် တိုက်နည်းတို့ကို သင်ကြားပို့ချပေးသည်။
ထို့ပြင် သင်တန်းကာလအတွင်း ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ)နှင့် ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့်အီလက်ထရောနစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ် ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်း လူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် အာကာသ ပြတိုက်လေ့လာခြင်းတို့ကို ဆောင်ရွက်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က ကြီးမှူးပြီး ဧပြီ ၂၇ ရက်မှ စတင်ဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်း၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ခင်းကျင်းပြသထားသောပြခန်း၊ ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) ကို သင်တန်းစခန်း ၁၈ ခုတွင် သင်တန်းသား ၉၂၈ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်၊ လေကြောင်းပညာ သမိုင်းဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်နှင့် RC Simulator မောင်းနှင်ခြင်းဘာသာရပ်များ သင်ကြားပို့ချခဲ့ ကြောင်း၊ တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) ကို သင်တန်းစခန်းနှစ်ခုတွင် သင်တန်းသား ၁၁၆ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်ပါ) ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အထွေထွဗဟုသုတဘာသာရပ်၊ Airfield Procedure ဘာသာရပ်နှင့် Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် သင်တန်းသားများအား လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေးဇာတိမာန် ဘာသာရပ်၊ စစ်သားဂုဏ်ရည် ဘာသာရပ်၊ တပ်မတော်သမိုင်းနှင့် တပ်မတော်အစဉ်အလာ ဘာသာရပ်တို့ကို သင်ကြားပေးခဲ့ကြောင်းနှင့် လေယာဉ်/ ရဟတ်ယာဉ်များ၏ ပျံသန်းမှု အခြေခံသဘောတရားများကို သိရှိနားလည်စေရန်အတွက် RC လေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများအလိုက် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရသည်။
၎င်းနောက် နေပြည်တော် ကောင်စီနယ်မြေတွင် စုဖွဲ့ပြီး အခြေခံစစ်ရေးပြပြိုင်ပွဲ၊ RC Simulator/ Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲ၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်း ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထူးချွန်ဆုရ သင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော် (လေ)ရှိ အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် သင်တန်းသားများအား ဒေသန္တရဗဟုသုတများ ရရှိစေရန်အတွက် နေပြည်တော်ကောင်စီ နယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ သူရဲကောင်း ဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်း ပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယား နည်းပညာသတင်း အချက်အလက် စင်တာတို့သို့လည်းကောင်း လေ့လာရေး ပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ် လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး မေ ၂၁
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသားလူငယ်များ၊ ကြက်ခြေနီလူငယ်များ၊ အားကစားလူငယ်များ၊ ပရဟိတလူငယ်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်ဆည်မြို့မှ တာဝန်ရှိသူများထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အလွှာပေါင်းစုံမှ လူငယ်များက သိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေပြည်တော် မေ ၂၀
အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၉) မှ သင်တန်းသားများသည် သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပပြုလုပ်ပြီးနောက် ယနေ့တွင် နေပြည်တော်ရှိ နယ်မြေခံလေတပ်စခန်း၌ တပ်မတော် (လေ) လေယာဉ်မောင်းသင်ကျောင်းမှ လေယာဉ်/ ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ကြသည်။
ဦးစွာ သင်တန်းသားအုပ်ချုပ် သူနည်းပြများနှင့် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်မြေခံလေတပ်စခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လေယာဉ်လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေးစစ်ဆေး၍ လေယာဉ်လိုက်ပါပျံသန်းစဉ် သိရှိလိုက်နာရမည့်အချက်များကို ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် မြန်မာပြည်မြောက်ပိုင်းနှင့် မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း တန်းမြင့်လေကြောင်းလူငယ် သင်တန်းစခန်းနှစ်ခုမှ ပထမ၊ ဒုတိယ၊ တတိယရရှိသူ သင်တန်းသား ခြောက်ဦးနှင့် ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ မြစ်ကြီးနားသင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ လွိုင်ကော်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မန္တလေးသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်း စသည့်အခြေခံလေကြောင်း လူငယ်သင်တန်းစခန်း ၁၈ ခုမှ ပထမရရှိသူ သင်တန်းသား ၁၈ ဦး စုစုပေါင်း သင်တန်းသား ၂၄ ဦး တို့သည် အမောင်းသင်လေယာဉ်များဖြင့် လက်တွေ့လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ကြပြီး အခြေခံလေကြောင်းလူငယ် သင်တန်းစခန်း ၁၈ ခုမှ ဒုတိယရရှိသူ သင်တန်းသား ၁၈ ဦးတို့သည် အမောင်းသင်ရဟတ်ယာဉ်များဖြင့် လက်တွေ့လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါပျံသန်းသည့် လေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် နည်းပြများနှင့်အတူ Walk Around Check ပြုလုပ်ခြင်း၊ Engine Starting ပြုလုပ်ခြင်း၊ Hover ပြုလုပ်ခြင်း၊ Taxy ပြုလုပ်ခြင်း၊ Takeoff ပြုလုပ်ခြင်း၊ Climbing and Turning ပြုလုပ်ခြင်း၊ Cruising ပျံသန်းခြင်း၊ Descending and Turning ပြုလုပ်ခြင်းနှင့် Approach and Landing ပြုလုပ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် လေယာဉ်စီးနင်းပျံသန်းသည့် အတွေ့အကြုံများရရှိစေရန် သင်တန်းသားများနှင့် ဆရာ ဆရာမများသည် တပ်မတော် (လေ) သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများလည်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
moi

နေပြည်တော် မေ ၁၈
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ၏ စခန်းပေါင်းစုံလှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများကို မေ ၁၇ ရက် နံနက်ပိုင်းတွင် တပ်မတော်(ရေ)လှေလှော် ရွက်တိုက်အသင်း (အင်းလျားကန်)၌ပြုလုပ်ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ သင်တန်းသား သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံ အချက်ပြပို့/ဖမ်းခြင်းလက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်ဝမ်းပြား မီတာ(၃၀၀)ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော် စခန်းတန်းခွဲ(၁)၊ နေပြည်တော်စခန်းတန်းခွဲ(၂)၊ အင်းလျားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ပုသိမ်စခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ မန္တလေးစခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ် သင်တန်းစခန်း (၁၃)ခုတို့မှ သင်တန်းသား သင်တန်းသူများက အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော်(ရေ)သမိုင်းမှတ်တမ်းကို ပြသသည်။ ၎င်းနောက် စာသင်ဆောင်ရှိ သင်ထောက်ကူပစ္စည်းခန်းများအား လေ့လာခြင်း၊ Damage Control Simulator(Zarmani)၊ Ship Handling Simulator ၊ Engine Room Simulator၊ Small Arm Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု) အား သွားရောက်ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူအသီးသီးက ရှင်းလင်းပြသကြသည်။
ယင်းနောက် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် နယ်မြေခံ ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိခဲ့ကြပြီး ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများနှင့် စိတ်ဓာတ်မြှင့်တင်ရေးခန်းမသို့ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ် နှစ်စင်းဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေး သွားရောက်ကြရာ လေ့လာရေး ခရီးစဉ်အတွင်း စစ်ရေယာဉ်များ၏ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ် ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခြားသိသင့် သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ တွင် လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ စုံလင်စွာရောက်ရှိကြသည်။
အဆိုပါအခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်း အမှတ်စဉ်(၉) သင်တန်း စခန်းပေါင်းစုံမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၀၄၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံစစ်ရေးပြ (လက်နက်မဲ့၊ လက်နက်ပါ) ပြိုင်ပွဲများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် Flight Simulator နှင့် RC Simulator မောင်းနှင်ခြင်းပြိုင်ပွဲများကို လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မကွေး မေ ၁၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ကြမည့် အခြေခံလေကြောင်း လူငယ်သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် အခြေခံလေကြောင်းလူငယ်များအနေဖြင့် နေပြည်တော်သို့ရောက်ရှိစဉ် ဗဟုသုတ ရရှိစေမည့် နေရာများကို လေ့လာကြရမည်ဖြစ်ကာ ကမ္ဘာတွင်အရေးပါသည့် လေကြောင်းသိပ္ပံပညာရပ်များကို ကြိုးစားသင်ယူကြရန် မှာကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း (မကွေး)သို့ သင်တန်းသား ၅၀ တက်ရောက်ပြီး ဧပြီ ၂၇ ရက်မှ မေ ၁၅ ရက်အထိ ရက်သတ္တသုံးပတ်ကြာ စခန်းသွင်း သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

နေပြည်တော် မေ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်း၊ တစ်ဦးချင်း၏ နောက်ခံအခြေအနေအပေါ် အခြေခံပြီး လူမှုဝန်ထမ်းနည်းလမ်းများဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်နှင့် မိသားစု၊ ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းတွင် ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက်(၁၂)နှစ်မှ (၁၈) နှစ်အထိ ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားကြောင်း သိရသည်။

နေပြည်တော် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နမ့်စန်သင်တန်း စခန်းရှိအခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) ၌ တက်ရောက်လျက်ရှိသည့် သင်တန်းသားသင်တန်းသူများ၏ သင်ခန်းစာသင်ကြား ပို့ချသင်ယူနေမှုများကို ယနေ့နံနက်ပိုင်း တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းသား သင်တန်းသူများအား အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ သင်ခန်းစာသင်ကြားနေမှုကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။