အမေရိကန်ဈေးကွက်အတွင်း ဖက်စပ်လုပ်ငန်းအသစ်တစ်ခုသို့ ကူးပြောင်းတော့မည်ဟု အဆိုပါ ပလက်ဖောင်းက ကြေညာခဲ့ပြီးနောက် TikTok ကို ဖျက်ပစ်သည့် အမေရိကန်အသုံးပြုသူ အရေ အတွက်မှာ ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
သုတေသနကုမ္ပဏီ Sensor Tower မှ အချက်အလက်များအရ ဖက်စပ်လုပ်ငန်းအသစ် တည်ထောင် ပြီးနောက် ငါးရက်အတွင်း အမေရိကန်၌ TikTok အက်ပ်အား နေ့စဉ်ဖျက်ပစ်သည့် အသုံးပြုသူ အရေအတွက်မှာ လွန်ခဲ့သော သုံးလနှင့်နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့က အသစ်ပြင်ဆင်လိုက်သော ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက် များနှင့်ပတ်သက်၍ တုံ့ပြန်မှုများမှာ အများဆုံးဖြစ်ကြောင်း CNBC က မှတ်ချက်ပြုထားသည်။
X ၊ Threads နှင့် Reddit ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် TikTok အသုံးပြုသူ အများအပြားက 'လူမျိုးစု သို့မဟုတ် မျိုးနွယ်စု ဇာစ်မြစ်'၊ 'လိင်စိတ်ခံယူမှု'၊ 'ကျား/မ မည်သူ မည်ဝါဖြစ်မှု'၊ 'ထရန်ဂျန်ဒါ (Transgender) သို့မဟုတ် ကျား/မ ခွဲခြားသတ်မှတ်မထားသူ (Non-binary) ဖြစ်မှု'၊ 'နိုင်ငံသားဖြစ်မှု သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်း' နှင့် 'ငွေကြေး ဆိုင်ရာ အချက်အလက်များ' ကဲ့သို့သော ထိရှလွယ်သည့် အချက်အလက်များကို စုဆောင်းမည့် မူဝါဒအသစ်များကို သဘောတူလိုက်ရကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း TechCrunch ၏ အဆိုအရ အဆိုပါ စည်းကမ်းချက်များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကတည်းက ရှိနေခဲ့ခြင်း ဖြစ်ပြီး အသုံးပြုသူအများစုက သတိမထားမိဘဲ ကျော်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
"၎င်းတို့၏ စည်းကမ်းချက်များနှင့် စိစစ်ဖြတ်တောက်မှုတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည့် အတွက် ကျွန်တော် အကြိုက်ဆုံး ပလက်ဖောင်းကို ဖျက်လိုက်ပြီဆိုလျှင် ခင်ဗျားတို့လည်း လုပ်နိုင်ပါသည်" ဟု Content Creator တစ်ဦးဖြစ်သူ Dre Ronayne က Threads ပေါ်တွင် ရေးသားခဲ့ပြီး၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ၎င်း၏ Follower လေးသိန်းနီးပါးရှိသော TikTok အကောင့်ကို ဖျက်ပစ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Follower လေးသန်းကျော်ရှိသော TikTok Content Creator တစ်ဦးဖြစ်သူ Nadya Okamoto ကမူ "လူအများအပြား ဇဝေဇဝါဖြစ်နေကြပါသည်၊ လူတိုင်း TikTok ကို ကြည့်နေကြသော်လည်း မည်သည့်အရာများ ဖြစ်နေမှန်း မသိကြပါ ၊ ယင်းက စိစစ်ဖြတ်တောက်မှုလား၊ မည်သည့် အကျိုးဆက်တွေ ရှိလာမလဲ ဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ အများကြီး ရှိနေ ပါသည် ၊ အရာအားလုံးက တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေသည်မှာ တကယ်ကို ကြောက်စရာ ကောင်းပါသည်" ဟု CNBC သို့ ပြောကြား ခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားသူများမှာလည်း အက်ပ်အတွင်းသို့ ဗီဒီယိုများတင်ရာတွင် အခက်အခဲ များနှင့် ရင်ဆိုင်နေရပြီး အနှောင့်အယှက်များဖြစ်ခြင်းနှင့် ဗီဒီယိုများ တက်မလာခြင်းတို့ကို ကြုံတွေ့ နေရသည်။ ထိုအခြေအနေနှင့် ပတ်သက်၍ TikTok ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိ သေးပေ။
အက်ပ်ကို ဖျက်ထုတ်မှုများ မြင့်တက်လာသော်လည်း လွန်ခဲ့သည့် ငါးရက်အတွင်း အမေရိကန်၌ TikTok အမှန်တကယ် အသုံးပြုနေသူ အရေအတွက်မှာ ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက တည်ငြိမ်နေဆဲဖြစ်ကြောင်း Sensor Tower က မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် အက်ပ်အချို့မှာ သိသိသာသာ အာရုံစိုက်ခံလာရပြီး အလားတူကာလအတွင်း UpScrolled အက်ပ် ကို ဒေါင်းလုဒ်ဆွဲမှု ၁၀ ဆ မြင့်တက်လာကာ Skylight Social မှာ ၉၁၉ ရာခိုင်နှုန်းနှင့် Rednote (တရုတ်) မှာ ၅၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။
ကာလရှည်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် TikTok USDS Joint Venture LLC အမည်ဖြင့် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ရန် သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း TikTok က ကြေညာခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီ ByteDance သည် အဆိုပါ ဖက်စပ်လုပ်ငန်း၏ ၁၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှိသော ၈၀.၁ ရာခိုင်နှုန်းကို အမေရိကန်နှင့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများက ပိုင်ဆိုင်မည်ဖြစ်သည်။ ယခင် TikTok ၏ လုပ်ငန်းလည်ပတ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အကြီးအကဲ Adam Presser က CEO အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ထိုခြေလှမ်းသည် TikTok သည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည့် စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် အမေရိကန်တွင် ရေရှည်ရပ်တည်နိုင်စေရန် နှစ်ရှည်လများ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်ဖြစ်သည်။
အမေရိကန်အခြေစိုက် အဆိုပါ ဖက်စပ်လုပ်ငန်းကို အများစုမှာ အမေရိကန်နိုင်ငံသားများဖြစ်သည့် အဖွဲ့ဝင် ၇ ဦးပါ ဒါရိုက်တာဘုတ်အဖွဲ့က "လွတ်လပ်သော အဖွဲ့အစည်း" အဖြစ် စီမံခန့်ခွဲသွားမည် ဖြစ်သည်။ အဆိုပါ ဘုတ်အဖွဲ့တွင် TikTok CEO Shou Chew၊ TPG Global ၏ အကြီးတန်း အကြံပေး Timothy Dattels၊ Susquehanna International Group မှ ဒါရိုက်တာ Mark Dooley၊ Silver Lake ၏ ပူးတွဲ CEO Egon Durban၊ DXC Technology ၏ CEO Raul Fernandez၊ Oracle ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Kenneth Glueck နှင့် MGX ၏ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ အရာရှိချုပ် David Scott တို့ ပါဝင်သည်။
VN Express တွင် Ngoc Han ရေးသားသည့် “Many US users are deleting Tiktok” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံက One-Child Policy ကို ရုပ်သိမ်းခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ယင်းမတိုင်မီ ဆယ်ရက်အလိုတွင် တရုတ်နိုင်ငံ၏ မိသားစု စီမံကိန်းစည်းမျဉ်းများကို ရက်စက်စွာ အကောင်အထည်ဖော်ရန် ကြပ်မတ်ခဲ့သူ ဖုန်းဖေယွန်း (Peng Peiyun) သည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ သူမသည် သူမ၏ လုပ်ရပ် များအတွက် မည်သည့်အခါမျှ တာဝန်ယူ တာဝန်ခံခဲ့ရခြင်း မရှိပေ။ အချို့သော နာရေးသတင်းများတွင် ဖုန်းကို "ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူ" အဖြစ် ချီးမွမ်းခဲ့ကြသော်လည်း လက်တွေ့တွင်မူ သူမသည် အကျိုးဆက်များ မပေါ်ပေါက်သေးမီကပင် လူသားမဆန်လွန်းလှသော မူဝါဒတစ်ခုကို ဆက်လက်ရှင်သန်အောင် လုပ်ဆောင်ခဲ့သူသာ ဖြစ်သည်။
၁၉၇၉ ခုနှစ်တွင် ထိုစဉ်က ဒုတိယဝန်ကြီးချုပ် ချန်မူဟွာ (Chen Muhua) က စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်လိမ့်မည်ဟူသော အမှားအယွင်းရှိသည့် ယုံကြည်ချက်ဖြင့် ဤမူဝါဒကို ပထမဆုံး အဆိုပြု ခဲ့ခြင်း ဖြစ်ပြီး၊ ခေါင်းဆောင်ကြီးများဖြစ်သည့် ချန်ယွန်း (Chen Yun) နှင့် တိန်ရှောင်ဖိန် (Deng Xiaoping) တို့က ထောက်ခံခဲ့ကြသည်။ သို့သော် ဒုံးပျံသိပ္ပံပညာရှင် ဆုန့်ကျန့် (Song Jian) နှင့် စီးပွားရေးပညာရှင် ထျန်ရွှယ်ယွမ် (Tian Xueyuan) တို့က ၂၀၈၀ ပြည့်နှစ်တွင် တရုတ်လူဦးရေ သည် ၄.၂၆ ဘီလီယံအထိ ရောက်ရှိသွားနိုင်သည်ဟု သတိပေးပြီးနောက် ၁၉၈၀ ပြည့်နှစ်သို့ ရောက် မှသာ ဤမူဝါဒကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အကြီးတန်းခေါင်းဆောင် အချို့က ထိုအဆိုပြုချက်အပေါ် သံသယရှိခဲ့ကြသဖြင့် မူဝါဒကို ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် မဟုတ်ဘဲ "အိတ်ဖွင့်ပေးစာ" တစ်စောင်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၈၅ ခုနှစ်မှစ၍ ဒေသအချို့တွင် ကလေးနှစ်ဦးယူနိုင်သည့် မူဝါဒကိုလည်း စမ်းသပ်ကျင့်သုံးခဲ့ သေးသည်။
၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲများအပြီးတွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် ရာထူး တိုးမြှင့်ခံရသော ဆုန့်ကျန့် က အသစ်ခန့်အပ်လိုက်သော သမ္မတ ကျန်းဇီမင်း (Jiang Zemin) အား One-Child Policy ကို ပိုမိုတင်းကျပ်ရန် စည်းရုံးခဲ့သည်။ နှစ်နှစ်အတွင်းမှာပင် ကလေးမွေးဖွား နှုန်းသည် အစားထိုးနှုန်း (အမျိုးသမီးတစ်ဦးလျှင် ကလေး ၂.၁ ဦး) အောက်သို့ ကျဆင်းသွားခဲ့သည်။ သို့သော် ဖုန်းဖေယွန်း သည် အမျိုးသားလူဦးရေနှင့် မိသားစုစီမံကိန်းကော်မရှင် အကြီးအကဲအဖြစ် တာဝန်ယူစဉ်တွင် ထိုမူဝါဒကို ရပ်တန့်မည့်အစား "One-vote veto" (တစ်မဲဖြင့် ပယ်ချခြင်း) စနစ် ကို တိုးချဲ့ကျင့်သုံးခဲ့သည်။ ယင်းစနစ်သည် အရာရှိများ၏ ရာထူးတက်လမ်းကို မိသားစုစီမံကိန်း အောင်မြင်မှုရလဒ်များနှင့် တိုက်ရိုက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။
ယင်းက အာဏာပိုင်များကို ပိုမိုရက်စက်သော နည်းလမ်းများ အသုံးပြုလာစေရန် တွန်းအားပေး သကဲ့သို့ ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရှန်းတုန်းပြည်နယ်၌ အမျိုးသမီးများကို ဖမ်းဆီးပြီး အတင်း အဓမ္မ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် အတင်းအကျပ် မွေးဖွားစေခြင်းများ ပြုလုပ်ခဲ့သည့် "ကလေးမဲ့ ရက်ပေါင်းတစ်ရာ" (Hundred Childless Days) လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ရာတွင် ဖုန်းဖေယွန်း က ချီးကျူးခဲ့ပြီး အခြားသူများကိုလည်း အတုယူရန် တိုက်တွန်းခဲ့သည်။ သူမ တာဝန်ယူခဲ့သော သက်တမ်း (၁၉၈၈-၉၈) အတွင်း အမျိုးသမီး ၁၁၀ သန်းကို သားအိမ်တွင်းထည့် ပစ္စည်းများ ထည့်သွင်းခဲ့ပြီး၊ ၄၁ သန်းကို သားကြောဖြတ်ခဲ့ကာ ၁၁၀ သန်းကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည် (အများစုမှာ အတင်းအဓမ္မ စေခိုင်းခံရခြင်း ဖြစ်သည်)။ ယေဘုယျအားဖြင့် ကလေးမွေးဖွားနှုန်း သည် ၁၉၉၀ ပြည့်နှစ်တွင် အမျိုးသမီးတစ်ဦးလျှင် ၂.၃ ဦး ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၁.၂၂ ဦးအထိ ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် ရှန်းတုန်းပြည်နယ်၌ ၁၀ နှစ်အရွယ် ကလေးအရေအတွက်နှင့် နှိုင်းယှဉ်ပါက ၆ နှစ်အရွယ် ကလေးအရေအတွက်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
မှားယွင်းသော ကိန်းဂဏန်းများနှင့် လူဦးရေဆိုင်ရာ ကပ်ဘေး
ဖုန်းဖေယွန်း (Peng Peiyun) သည် ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် သူမသည် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် သူမသည် အခြားသော ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကျန်းကျိဟွာ (Jiang Zhenghua) နှင့်အတူ သမ္မတ ကျန်းဇီမင်းကို စည်းရုံးကာ "မိသားစုစီမံကိန်းဥပဒေ" ကို ပြဋ္ဌာန်းစေခဲ့သည်။ ယင်းက ဆယ်စုနှစ်များစွာ တရားမဝင် ဖြစ်နေခဲ့သော One-Child Policy ကို ဥပဒေအရ အကာအကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဖုန်းသည် ၁၉၉၄ မှ ၂၀၀၇ အထိ တရုတ်လူဦးရေအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ယင်းရာထူးကို အသုံးပြု၍ တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာ သုတေသန များကို အချက်အလက်မှန်ကန်မှုထက် နယ်ပယ်အလိုက် လိုရာဆွဲတွေးခေါ်မှု (Ideology) မှန်ကန် စေရန် သူမက ထိန်းချုပ်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ ကလေး မွေးဖွားနှုန်းမှာ ၁.၂၂ သာ ရှိသော်လည်း ယင်းကိန်းဂဏန်းကို ၁.၈ ဟု ပြင်ဆင်ဖော်ပြခဲ့သည်။ အကြောင်းမှာ မွေးဖွားနှုန်း ၁.၂ သာရှိပါက မိသားစုစီမံကိန်းမူဝါဒများ မလိုအပ်တော့ကြောင်း ဝန်ခံ လိုက်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ဖုန်းကို ပြုပြင်ပြောင်းလဲရေးသမားဟု ခေါ်ဆိုကြသူများသည် ၂၀၀၄ ခုနှစ်တွင် သူမ တင်သွင်းခဲ့သော One-Child Policy ဖြေလျှော့ရေး အဆိုပြုချက်ကို ရည်ညွှန်းကြခြင်း ဖြစ်သည်။ သို့သော် ထိုအဆိုပြု ချက်မှာ မူဝါဒကို အလျင်အမြန် ရုပ်သိမ်းရန် မဟုတ်ဘဲ ကလေးနှစ်ဦးယူခွင့်ကို တဖြည်းဖြည်းချင်း တိုးမြှင့်ရန်သာ ဖြစ်သည်။ သူမသည် မှားယွင်းသော ကိန်းဂဏန်းများကို အသုံးပြု၍ "ကလေးနှစ်ဦး ယူခွင့်ကို လူတိုင်းအား ခွင့်ပြုလိုက်ပါက တရုတ်လူဦးရေသည် စိုးရိမ်ရသည့်မျဉ်း (၁.၆ ဘီလီယံ) ကျော်လွန်သွားမည်" ဟု သတိပေးကာ သူမ၏ ရပ်တည်ချက်ကို ကာကွယ်ခဲ့သည်။
ယင်းအချက်မှာ မိမိ (စာရေးသူ Yi Fuxian) ၏ ခန့်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်နေပါသည်။ ၂၀၀၀ မှ ၂၀၀၇ အတွင်း မိမိသည် မူဝါဒများကို ရုပ်သိမ်းလိုက်လျှင်ပင် မွေးဖွားနှုန်းသည် အစားထိုး နှုန်းသို့ ပြန်မရောက်နိုင်ဘဲ ၂၀၂၃ တွင် ၁.၄၇ အထိ ကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်လူဦးရေ သည် ၁.၄ ဘီလီယံအောက်တွင်သာ အမြင့်ဆုံးဖြစ်မည်ဖြစ်ကြောင်း ဆောင်းပါးနှင့် စာအုပ်များစွာ ရေးသားခဲ့သည်။ သို့သော် ဆုံးဖြတ်ချက်ချသူများသည် မိမိ၏ သတိပေးချက်များကို နားမထောင် သည့်အပြင် မိမိ၏ စာအုပ်ကိုပါ ပိတ်ပင်ခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်း မွေးဖွားနှုန်းမှာ ဆက်လက်ကျဆင်းခဲ့ပြီး အရာရှိများကမူ ကိန်းဂဏန်း များကို မြှင့်တင်ဖော်ပြခဲ့ကြသည်။ ဥပမာ ၂၀၁၀ သန်းခေါင်စာရင်းအရ မွေးဖွားနှုန်း ၁.၁၈ ကို ၁.၆၃ ဟု ပြင်ဆင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကြီးတန်းအရာရှိများသည် "မွေးဖွားနှုန်း နိမ့်ကျမှုကို ခိုင်မာစွာ ထိန်းသိမ်းထားရန်" အကြံပြုနေခဲ့ကြသည်။
သို့သော် မိမိ၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်တွင် အစိုးရ က မိမိကို စာမျက်နှာ ၅၀,၀၀၀ ပါ အစီရင်ခံစာတစ်စောင် တင်ပြရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် တရားဝင်လူဦးရေပညာရှင် ၁၇ ဦးက "ကလေးနှစ်ဦးယူခွင့်ပေးပါက မွေးဖွားနှုန်းသည် ၄.၄ အထိ မြင့်တက်သွားမည်" ဟု အဓိပ္ပာယ်မဲ့စွာ ခန့်မှန်းခဲ့ကြသဖြင့် အစိုးရသည် ၎င်းတို့နောက်သို့သာ လိုက်ခဲ့သည်။
၂၀၁၆ ခုနှစ်သို့ ရောက်မှသာ ကလေးနှစ်ဦးယူခွင့်မူဝါဒကို တစ်နိုင်ငံလုံးတွင် ကျင့်သုံးခဲ့သည်။ ယခု အခါတွင်မူ ၂၀၂၂ ခုနှစ်မှစ၍ တရုတ်လူဦးရေ စတင်ကျဆင်းလာပြီဖြစ်ကြောင်းနှင့် ၂၀၂၅ တွင် မွေးဖွားနှုန်းမှာ ၀.၉ ခန့်သာ ရှိတော့ကြောင်း အရာရှိများက ဝန်ခံနေကြပြီဖြစ်သည်။ လူဦးရေ ဆိုင်ရာ ပြိုလဲမှု (Demographic collapse) သည် အမှန်တကယ် ဖြစ်နိုင်ခြေရှိသော အခြေအနေ တစ်ခု ဖြစ်လာခဲ့သည်။
ထိုဖြစ်ရပ်သည် တရုတ်အစိုးရ၏ အဓိကအားနည်းချက်ကို ဖော်ပြနေသည်။ အကြီးတန်းအရာရှိများ ကျောထောက်နောက်ခံပြုထားသော မှားယွင်းသည့် မူဝါဒများကို အချက်အလက်များ လိမ်လည် ခြင်းဖြင့် အချိန်အတော်ကြာ ဖုံးကွယ်ထားနိုင်ခြင်းပင်ဖြစ်သည်။ ယင်းသည် အိန္ဒိယနိုင်ငံ၏ အတွေ့ အကြုံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ အိန္ဒိယတွင် ၁၉၇၅ ခုနှစ်က အတင်းအဓမ္မ မိသားစု စီမံကိန်းများ လုပ်ဆောင်ခဲ့သော်လည်း နှစ်နှစ်အကြာတွင် ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီသည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်ခဲ့ပြီး ထိုမူဝါဒလည်း ရုပ်သိမ်းခြင်း ခံခဲ့ရသည်။
(Yi Fuxian သည် Wisconsin-Madison တက္ကသိုလ်မှ အကြီးတန်းသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ One-Child Policy ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၎င်း၏ 'Big Country with an Empty Nest' (၂၀၁၃) စာအုပ်သည် ကနဦးတွင် ပိတ်ပင်ခံခဲ့ရသော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ အကောင်းဆုံးစာအုပ် ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။)
ကိုးကား- Bangkok Post တွင် ဆောင်းပါးရှင် Yi Fuxian ရေးသားသည့် “The end of China’s one-child policy, 10 years later” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

ယခုနှစ် ဆောင်းဦးကာလသည် ကိုရီးယားကျွန်းဆွယ်ထက်သို့ အလှပဆုံးသော ပန်းချီကားတစ်ချပ်အဖြစ် ရောက်ရှိနေချိန်ဖြစ်သည်။ ရွက်ဝါကြွေချိန်၏ အေးမြသော လေပြည်နှင့်အတူ နီ၊ ဝါ၊ စိမ်း ရောင်စုံသစ်ရွက်တို့က လမ်းဘေးဝဲယာတွင် ဝေဆာနေကြသည်။ ထိုသို့သာယာလှပသော နိုဝင်ဘာလရက်စွဲများတွင် ကျွန်တော်တို့ သတင်းသမားနှစ်ဦးသည် "ASEAN Journalists Invitation Program" သို့ တက်ရောက်ရန် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေခဲ့သည်။
ခရီးစဉ်သည် အာဆီယံနှင့် ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ကို မီဒီယာမှတစ်ဆင့် ပိုမိုမြှင့်တင်ရန် ရည်ရွယ်သည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလျှင် သတင်းမီဒီယာသမားနှစ်ဦး တက်ရောက်ရသည်ဖြစ်ရာ စုစုပေါင်းသတင်းမီဒီယာသမား ၂၀ တက်ရောက်ခဲ့ကြသည်။
ဂျေဂျူးကျွန်း၏ ဆောင်းဦးလေညင်းနှင့် Olle လမ်းကြောင်း
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အင်ချွန်းလေဆိပ်မှတစ်ဆင့် “ကိုရီးယား၏ ဟာဝိုင်ယီ”ဟု တင်စားခေါ်ဝေါ်ကြသော ဂျေဂျူးကျွန်း (Jeju Island) သို့ ဆက်လက်ထွက်ခွာသည်။ ဂျေဂျူး လေဆိပ်သို့ ရောက်ရှိချိန်တွင် အာဆီယံ - ကိုရီးယားစင်တာမှ တာဝန်ရှိသူများက နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်ကြသည်။ Garam Dolsotbap စားသောက်ဆိုင်တွင် ကိုရီးယားရိုးရာ မြေအိုးထမင်းပူပူလေးဖြင့် နေ့လယ်စာသုံးဆောင်ပြီးနောက် ကျွန်တော်တို့၏ ပထမဆုံးခရီးစဉ် စတင် ခဲ့ပါသည်။
ပထမဆုံး ခြေချမိသည့်နေရာမှာ "Jeju Olle Trail Route 8" ဖြစ်သည်။ Olle ဆိုသည်မှာ ဂျေဂျူးဒေသသုံးစကားဖြင့် “အိမ်ပြန်လမ်းကြားလေးများ”ဟု အဓိပ္ပာယ်ရပြီး ယခုအခါ ကမ္ဘာကျော်လမ်းလျှောက်ခရီးသွားလည်ပတ်စရာနေရာများ ဖြစ်လာခဲ့ပါပြီ။ ထိုနေရာတွင် အာဆီယံ ၁၀ နိုင်ငံ၏ အထိမ်းအမှတ်ခုံတန်း (Benches)များ ထားရှိပေးသည်။ ပင်လယ်လေညင်းကို ခံစားရင်း ကျင်းပသည့် အာဆီယံ ၁၀ နိုင်ငံ၏ အထိမ်း အမှတ်ခုံတန်း (Benches) ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံ-ကိုရီးယား စင်တာ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E Kim Jae Shin နှင့် ဂျေဂျူးပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Kim Ae Sook တို့က အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဂျေဂျူး ဒေသခံ ကလေးငယ်များ၏ ချစ်စဖွယ်ရိုးရာအက ဖျော်ဖြေမှုများက ဧည့်သည်တော်များကို အမောပြေစေသည်။ အာဆီယံနိုင်ငံများမှ မီဒီယာသမားများက နိုင်ငံအလိုက် ခုံတန်းလေးများတွင် အမှတ်တရဓာတ်ပုံရိုက်ကြရင်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြသည်။ ထို့နောက် အာဆီယံ-ကိုရီးယားလမ်းလျှောက်ပွဲကို ဆက်လက်ဆင်နွှဲကြရာ ဂျေဂျူး၏ သဘာဝအလှတရားကို မြင်တွေ့ပြီး ချီးမွမ်းမဆုံးဖြစ်ကြရသည်။ ညနေခင်းမှာတော့ Parnas ဟိုတယ်၏ Constella ခန်းမတွင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံရာ ကိုရီးယားတို့၏ ဧည့်ဝတ်ကျေပွန်မှုကို ထိတွေ့ခွင့်ရခဲ့သည်။ ကျွန်တော့်အတွက် ကိုရီးယားဆိုသည်မှာ ဇာတ်လမ်းတွဲများနှင့်သာ ရင်းနှီးခဲ့ရာ ယခုတော့ သူတို့၏ ဖော်ရွေသည့်အပြုံးကို အနီးကပ် မြင်တွေ့ခွင့်ရခဲ့သည်။
ပင်လယ်၏ သမီးပျိုများ (သို့မဟုတ်) Haenyeo
ခရီးစဉ်ဒုတိယနေ့ နံနက်ပိုင်းတွင် ဂျေဂျူးကျွန်း၏ အထင်ကရသင်္ကေတတစ်ခုဖြစ်သော "Haenyeo" (ဟဲညော) ခေါ် ဂျေဂျူးရေသူမများနှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ၎င်းတို့သည် ယူနက်စကို (UNESCO)၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အမျိုးသမီးများ ဖြစ်ကြသည်။
ထူးခြားသည်မှာ အဆိုပါအမျိုးသမီးများသည် အောက်ဆီဂျင်ဘူးအကူအညီမပါဘဲ ပင်လယ်ရေနက်ထဲသို့ ငုပ်လျှိုးကာ ခရု၊ ကမာနှင့် ပင်လယ်စာများကို ရှာဖွေကြခြင်းဖြစ်သည်။ သူတို့၏ ဝတ်စုံပြည့် သရုပ်ပြမှုကို ကြည့်ရှုရင်း အံ့သြမင်တက်ခဲ့ရသည်။ တွေ့ဆုံမေးမြန်း ခန်းတွင် ၎င်းတို့က ရေထဲတွင် ပေအနက် ၃၀ အထိ ဆင်းနိုင်ကြောင်း၊ ရာသီဥတုအပေါ် မူတည်၍ တစ်လလျှင် ၁၀ ကြိမ်ခန့် ရေငုပ်လေ့ရှိကြောင်း ရှင်းပြကြသည်။
“ကျွန်မတို့ရဲ့ အတတ်ပညာကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဂျပန်နိုင်ငံနဲ့ ဗီယက်နမ်အပါအဝင် အာရှနိုင်ငံတွေကိုလည်း သွားရောက်ပြီး သရုပ်ပြ ဖျော်ဖြေခဲ့ဖူးပါတယ်”ဟု အသက်အရွယ်ရသော်လည်း သန်စွမ်းတက်ကြွနေဆဲဖြစ်သော Haenyeo တစ်ဦးက ဂုဏ်ယူစွာ ပြောပြသည်။ သူတို့ ရှာဖွေရရှိသော လတ်ဆတ်သည့် ပင်လယ်စာများကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည်ဟု သိရသောအခါ ရိုးရာဓလေ့နှင့် စီးပွားရေးကို ဟန်ချက်ညီညီ ပေါင်းစပ်ထားမှုကို လေးစားအတုယူဖွယ် တွေ့မြင်ရသည်။
မီဒီယာဖိုရမ်နှင့် ယဉ်ကျေးမှုတံတား
“အာဆီယံ - ကိုရီးယားမီဒီယာဖိုရမ်” သည် ခရီးစဉ်၏ အနှစ်သာရဟုဆိုရမည်ဖြစ်သည်။ မီဒီယာဖိုရမ်အပိုင်း (၁)တွင် The Future of the ASEAN-Korea Comprehensive Strategic Partner-ship(CSP) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အပိုင်း (၂) တွင် The Future of ASEAN-Korea Cultural Ties :K-Culture as a bridge ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် စာရေးသူက Panelist တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်ကို ကောက်နုတ်ဖော်ပြရပါမူ ပထမအချက်အနေဖြင့် ပြည်သူအချင်းချင်းချိတ်ဆက်မှု (People-to-People Connectivity) တွင် K-Pop၊ K-Drama နှင့် K-Beauty တို့သည် အာဆီယံလူငယ်များကြား ဘုံဘာသာစကားတစ်ခုသဖွယ် ဖြစ်လာပုံနှင့် ကိုရီးယားဇာတ်လမ်းတွဲများကြောင့် ကိုရီးယားဘာသာစကားကို လေ့လာသူ များပြားလာသလို ကိုရီးယားသို့ လာရောက်လည်ပတ်လိုသူ အာဆီယံခရီးသွားများ တိုးပွားလာပုံကို ပြောပြ သည်။
ဒုတိယအချက်မှာ တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေး (Creative Economy) ဖြစ်သည်။ ကိုရီးယားရုပ်ရှင်များ၏ အရည်အသွေးမြင့်ထုတ်လုပ်မှုနှင့် ဈေးကွက်ရှာဖွေပုံများသည် အာဆီယံနိုင်ငံများအတွက် အတုယူစရာ Case Study တစ်ခုဖြစ်ပြီး နှစ်ဖက်အနုပညာ ရှင်များ ပူးပေါင်းဆောင်ရွက်ပါက ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အခွင့် အလမ်းများ ရှိနေသည်။
နောက်ဆုံးအချက်အနေဖြင့် ယဉ်ကျေးမှုသံတမန်ဆက်ဆံရေး (Cultural Diplomacy) သည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အထောက်အကူ ပြုပြီး ကိုရီးယားဇာတ်လမ်းများတွင် တွေ့ရသည့် မိသားစုကို တန်ဖိုးထားမှု၊ လုံ့လဝီရိယရှိမှုတို့က အာဆီယံပြည်သူများ၏ စိတ်ဓာတ်နှင့် နီးစပ်မှုရှိသည်ကို မီးမောင်းထိုးပြခဲ့သည်။
ဂျေဂျူးအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခြင်း
ညနေပိုင်းတွင် ဂျေဂျူးပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Young-hun နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ အုပ်ချုပ်ရေးမှူးက ဂျေဂျူးကျွန်းသည် ပထဝီအနေအထားအရ သီးခြားဖြစ်နေသည့် ဒေသဖြစ်ရာ မိတ်ဖက်များ လိုအပ်ကြောင်း၊ အာဆီယံကို အရေးကြီးသော မိတ်ဖက်ကွန်ရက်အဖြစ် သတ်မှတ်ကြောင်း ပြောကြား သည်။
“ကျွန်တော်တို့ဆီမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ လေအားလျှပ်စစ် (Wind Turbine) ကို အဓိကထားအသုံးပြုပါတယ်။ ခရီးသွားလုပ်ငန်းက ကျွန်တော်တို့ရဲ့အသက်သွေးကြောပါ။ ကိုဗစ်အလွန်ကာလမှာ ခရီးသွားလုပ်ငန်း ပြန်ပြီးဦးမော့လာဖို့နဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဂျေဂျူးကျွန်း ၏ စိမ်းလန်းသော စွမ်းအင်မူဝါဒနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များကို သိရှိခွင့်ရခဲ့သည်။
စစ်မဲ့ဇုန် (DMZ) ဆီသို့
တတိယနေ့တွင် ကိုရီးယားနိုင်ငံ၏ သမိုင်းဒဏ်ရာတစ်ခုဖြစ်သော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက်လေ့လာခဲ့ကြသည်။ ငြိမ်းချမ်းလှပသော ဂျေဂျူးကျွန်းနှင့် လုံးဝကွဲပြားခြားနားသော ခံစားမှုကို ရရှိခဲ့သည်။
စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက စည်းကမ်းချက်များကို ရှင်းပြသည်။ ကိုရီးယား နှစ်နိုင်ငံနယ်စပ်ဂိတ်သို့ ရောက်ရှိချိန်တွင် တောင်နှင့် မြောက် ကွဲကွာနေရရှာသော ပြည်သူများ၏ ဘဝနှင့်ကန့်သတ်ချက်များကို တစေ့တစောင်း သိခွင့်ရခဲ့သည်။ ဓာတ်ပုံရိုက်ကူးခွင့်မရှိသကဲ့သို့ ရှင်းပြချက်များမှာလည်း အလွတ်သဘောပြောဆိုခြင်းဖြစ်ရာ ဒီနေရာတွင် မဖော်ပြလိုပါ။ သို့သော် စစ်ပွဲ၏ အကျိုးဆက်ကို နှလုံးသားဖြင့် ခံစားမိသည်။ အတားအဆီးများ၏ ဟိုဘက်နှင့် ဒီဘက်သည် လူမျိုး တူသော်လည်း ကံကြမ္မာမတူကြတော့သည့် အဖြစ်မှန်က သင်ခန်းစာယူဖွယ် ကောင်းလှသည်။
နိုင်ငံခြားရေးရာနှင့် စီးပွားရေးအခွင့်အလမ်း
ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး H.E Chung Eui-jae နှင့်လည်း တွေ့ဆုံခဲ့သည်။ ဒုတိယဝန်ကြီးက ကိုရီးယားအစိုးရအဆက်ဆက်အနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးကို အလေးထားသည့် "New Southern Policy" မှာ ပြောင်းလဲမှုမရှိကြောင်း ပြောဆိုခဲ့သည်။ အာဆီယံသည် ကိုရီးယား၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အနာဂတ်တွင် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) သို့ ဦးတည်သွားမည် ဟု ပြောကြားချက်များက နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာမှုကို ပြသနေပါသည်။
စတုတ္ထနေ့တွင် တက်ရောက်ခဲ့သည့် “၂၀၂၅ အာဆီယံကုန်စည်ပြပွဲ” ဖွင့်ပွဲအခမ်းအနားမှာလည်း ထူးခြားသည်။ မြန်မာနိုင်ငံမှလည်း ဆိုင်ခန်း ၁၀ ခန်း ပါဝင်ပြသခဲ့ရာ ကိုရီးယားဈေးကွက်တွင် ရောင်းချနိုင်မည့် မြန်မာ့စားသောက်ကုန်များကို ဂုဏ်ယူဖွယ် တွေ့မြင်ခဲ့ရသည်။ အာဆီယံသံအမတ်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခွင့်ရသဖြင့် မြန်မာ့ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းများကို တွေ့မြင်ခဲ့ရသည်။
သမိုင်းနှင့် ယဉ်ကျေးမှုခရီး
ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုးသားပြတိုက်သို့ သွားရောက်လေ့လာရာတွင် ကိုရီးယားတို့၏ ရှည်လျားသော သမိုင်းကြောင်းနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှု အစဉ်အလာများကို လေ့လာခွင့်ရခဲ့ သည်။ နာကြည်းဖွယ် သမိုင်းကြောင်းများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့မှုများကို ပြတိုက်ရှိ ပြကွက်များက သက်သေထူနေသည်။
ထို့နောက် အာဆီယံ - ကိုရီးယား စင်တာ (ASEAN-Korea Centre) သို့ သွားရောက်ကာ စင်တာ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို လေ့လာခဲ့သည်။ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ အလှည့်ကျတာဝန်ထမ်းဆောင်နေပုံနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုမှတ်တမ်းများသည် စိတ်ဝင်စား ဖွယ်ရာဖြစ်သည်။
ကျွန်တော်တို့၏ လေးရက်တာကြာမြင့်ခဲ့သော ခရီးစဉ်သည် ရိုးရှင်းသော ခရီးသွားမှတ်တမ်းတစ်ခုမျှသာ မဟုတ်ပါ။ ကိုရီးယားနိုင်ငံက ၎င်းတို့၏ ယဉ်ကျေး မှု (Soft Power)ကို အသုံးပြု၍ နိုင်ငံပုံရိပ်ကို မြှင့်တင်နေပုံ၊ ခရီးသွားလုပ်ငန်းအား ပင်မဝင်ငွေလမ်းကြောင်းအဖြစ် ဆွဲဆောင်ပုံတို့ကို လက်တွေ့ကွင်းဆင်းလေ့လာခွင့်ရသည့် အဖိုးတန်ခရီးစဉ်တစ်ခုဖြစ်သည်။
ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ခုမှာ မီဒီယာများကို ဖိတ်ခေါ်၍ နိုင်ငံ၏ အလှအပနှင့် တိုးတက်မှုများကို ပြသခြင်းဖြစ်ရာ ထိရောက်သော နည်းဗျူဟာ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အာဆီယံတွင် မရှိသေးသော ထူးခြားသည့် ခရီးသွားနေရာများ၊ ကြွယ်ဝသော ယဉ်ကျေးမှုများနှင့် ရင်းနှီးဖော်ရွေသော ပြည်သူများ ရှိနေပါသည်။ ASEAN Journalists Invitation Program ကဲ့သို့သော အစီအစဉ်မျိုး မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့အလယ်တွင် မြန်မာ့ပုံရိပ်ကို ပိုမိုတောက်ပစေနိုင်ပြီး နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။
နိုဝင်ဘာလ၏ ဆောင်းဦးရက်များတွင် ဂျေဂျူးကျွန်းမှ ပင်လယ်လေ၊ ဆိုးလ်မြို့မှ ခေတ်မီအဆောက်အအုံများနှင့် စစ်မဲ့ဇုန်မှ သမိုင်းသင်ခန်းစာများကို ရင်ဝယ်ပိုက်လျက် ကျွန်တော်တို့ သတင်းသမားနှစ်ဦးသည် အမိမြေသို့ ပြန်လာခဲ့သည်။ ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက်သာမက မြန်မာ့မီဒီယာနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည့် ခရီးတစ်ခုအဖြစ် ရှုမြင်မိပါတော့သည်။ ။
MOI

သိပ္ပံပညာရှင်များက Blechnum orientale ဟုခေါ်သည့် ဖန်းပင် (fern) တစ်မျိုးထဲ၌ အံ့ဖွယ်စွမ်းရည် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါအပင်သည် မြေရှားသတ္ထုဒြပ်စင်များကို စုဝေးစုပ်ယူနိုင်ပြီး ၎င်း၏ပင်စည်အတွင်းတွင် ပုံဆောင်ခဲငယ်များအဖြစ် သိုလှောင်ထားနိုင်စွမ်းရှိသည်။
ထိုတွေ့ရှိချက်သည် မိမိတို့က ပိုမိုမှီခိုလာရသည့် သယံဇာတပစ္စည်းများကို စုဆောင်းရာတွင် ပိုမို ရေရှည်တည်တံ့သော နည်းလမ်းဆီသို့ ဦးတည်သွားစေနိုင်သည်။
မြေရှားသတ္ထုဒြပ်စင် (REEs) စုစုပေါင်း ၁၇ မျိုး ရှိပြီး ယင်းသတ္တုပစ္စည်းများသည် လေအားလျှပ်စစ် တာဘိုင်များ၊ ကွန်ပျူတာများမှအစ၊ Broadband ကေဘယ်များနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာ များအဆုံး၊ နည်းပညာမျိုးစုံတွင် နက်နက်ရှိုင်းရှိုင်း ထည့်သွင်းအသုံးပြုနေကြရသည်။ အမှန်တွင် အဆိုပါဒြပ်စင်များသည် လွန်စွာရှားပါးလွန်းခြင်းမဟုတ်သော်လည်း ကမ္ဘာ့မြေလွှာမှ အသုံးဝင်သည့် ပုံစံဖြင့် ထုတ်ယူရခြင်းသည်ခက်ခဲပြီး ကုန်ကျစရိတ် ကြီးမားသည်။
အဆိုပါပြဿနာကို ဖြေရှင်းရန် "အပင်များဖြင့် သတ္တုတူးဖော်ခြင်း" (Phytomining) နည်းပညာကို အသုံးပြုနိုင်သည်။ ယင်းနည်းပညာတွင် Hyperaccumulators ဟုခေါ်သည့် အပင်များကို အသုံးပြု သည်။ အဆိုပါအပင်များသည် သတ္တုဓာတ်ကြွယ်ဝသည့် မြေဆီလွှာတွင် ပေါက်ရောက်နိုင်စွမ်းရှိပြီး ၎င်းတို့၏ အမြစ်များမှတစ်ဆင့် သတ္တုဓာတ်များကို စုပ်ယူကာ ၎င်းတို့၏ ပင်စည်နှင့် အရွက်များတွင် သိုလှောင်ထားနိုင်ကြသည်။ ဤနည်းဖြင့် ကမ္ဘာ့မြေလွှာများကို ခက်ခက်ခဲခဲတူးဖော်ရန် မလိုအပ် တော့ဘဲ အပင်များကို စိုက်ပျိုးရုံဖြင့် သတ္တုရင်းမြစ်များကို ထုတ်ယူနိုင်မည့် သဘာဝနည်းလမ်း တစ်ခု ဖြစ်လာနိုင်ပါသည်။
တရုတ်သိပ္ပံအကယ်ဒမီမှ ဘူမိသိပ္ပံပညာရှင် Liuqing He (လျူချင် ဟယ်) နှင့် လုပ်ဖော်ကိုင်ဖက် များက ၎င်းတို့ထုတ်ဝေထားသော စာတမ်းတွင် "မြေရှားသတ္ထုဒြပ်စင်များ (REEs) သည် သန့်စင်သော စွမ်းအင်နှင့် နည်းပညာမြင့် အသုံးချမှုများအတွက် အလွန်အရေးပါသော သတ္တုများဖြစ်ကြသော်လည်း ၎င်းတို့၏ ထောက်ပံ့ရေးကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်" ၊ "Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) သည်မြေဆီလွှာမှ သတ္တုများကို ထုတ်ယူရန် အတွက် hyperaccumulator (သတ္တုဓာတ် အမြောက်အမြား စုဆောင်းနိုင်သော) အပင်များကို အသုံးပြုသည့် စိမ်းလန်းသော မဟာဗျူဟာတစ်ရပ်ဖြစ်သည်။ ၎င်းသည် ရေရှည်တည်တံ့သော REE ထောက်ပံ့မှုအတွက် အလားအလာရှိသော်လည်း၊ လေ့လာ ဆန်းစစ်မှု နည်းပါးနေသေးသည်" ဟု ဖော်ပြထားသည်။
B. Orientale ဖန်းပင်သည် မြေရှားသတ္ထုဒြပ်စင် (REEs) များကို အမြောက်အမြား စုဆောင်းနိုင်သော အပင်ဖြစ်ကြောင်း လူအများသိရှိပြီးဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များသည် ပို၍ထူးခြားသည့် အရာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ၎င်း၏တစ်ရှူးများအတွင်း၌ မြေရှားသတ္ထုဒြပ်စင် ပုံဆောင်ခဲများ (REE Crystals) ကို အမှန်တကယ် ဖြစ်ပေါ်နေစေခြင်းပင်ဖြစ်သည်။
စွမ်းအားမြင့် မှန်ပြောင်းဖြင့် ပုံရိပ်ဖော်ခြင်းနှင့် ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများမှတစ်ဆင့် သုတေသီများသည် နီယိုဒီမီယမ် (Neodymium)၊ လန်သနမ် (Lanthanum) နှင့် ဆီရီယမ် (Cerium) အပါအဝင် ဒြပ်စင်များမှနေ၍ အလိုအလျောက်စုဖွဲ့ကာ မြေရှားသတ္ထုဒြပ်စင်များ ကြွယ်ဝသော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် မိုနာဇိုက် (Monazite) သည် အပင်၏ တစ်ရှူးများအတွင်း၌ "ဓာတုဗေဒ ဥယျာဉ်" တစ်ခုကဲ့သို့ စုပုံနေသည်ကို တွေ့ရှိခဲ့ကြသည်။ ဤသို့ပြုလုပ်နိုင်သည့် အပင်မျိုးကို သုတေသီများမြင်တွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သိပ္ပံပညာရှင်များသည် Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) ၏ အလားအလာများကို စတင်စူးစမ်းနေဆဲသာဖြစ်သည်။ သို့သော် ဤလေ့လာမှုက Phytomining သည် မူလက ထင်ထား သည်ထက် ပိုမို၍ အလားအလာရှိနိုင်ကြောင်း ဖော်ပြနေသည်။ အနည်းဆုံး အပင်တစ်ပင်သည် မြေအောက်တွင် ပုံမှန်လိုအပ်လေ့ရှိသော အပူချိန်နှင့်ဖိအားများ မြင့်မားခြင်းမရှိဘဲ သာမန်အခြေအနေ အောက်တွင်ပင် REE သတ္တုဓာတ်များကို ဖြစ်ပေါ်စေနိုင်သည်။
သုတေသီများက "အဆိုပါတွေ့ရှိချက်သည် အလွန်နူးညံ့သောအခြေအနေများအောက်တွင် Monazite သတ္တုဓာတ်ဖြစ်ပေါ်ခြင်းအတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခုကို ဖော်ထုတ် ပြသနေပြီး၊ ထိုသို့သော ဖြစ်စဉ်များကို စတင်ရာတွင် အပင်များ၏ ထူးခြားသော အခန်းကဏ္ဍ ကိုလည်း မီးမောင်း ထိုးပြနေသည်" ဟု ရေးသားထားသည်။
အဆိုပါဖြစ်စဉ်သည် Blechnum orientale ဖန်းပင်တစ်မျိုးတည်းတွင်သာ သီးသန့်ဖြစ်ပေါ်နိုင်ခြင်း သို့မဟုတ် အခြားအပင်များတွင်လည်း တွေ့ရှိနိုင်မည်လားဆိုသည်ကို နောက်ထပ်သုတေသနများက အဖြေထုတ်ရန် လိုအပ်နေဆဲဖြစ်သည်။Dicranopteris linearis အမည်ရှိ အခြားဖန်းပင်တစ်မျိုး တွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည့် လက္ခဏာရပ်အချို့ကို တွေ့ရသော်လည်း သေချာသော တိုက်ရိုက် အထောက်အထားမျိုးကိုမူ ယခုထိတွေ့ရှိရခြင်း မရှိသေးပေ။
သိပ္ပံပညာရှင်များသည် ယခုအခါ သယံဇာတပစ္စည်းများ အများအပြားဆုံးရှုံးမှုမရှိစေဘဲ မိုနာဇိုက် (Monazite) ကို ထုတ်ယူရန်နှင့် ၎င်း၏ပါဝင်သည့် REE ဒြပ်စင်များအဖြစ်သို့ ပြိုကွဲစေရန် နည်းလမ်း တစ်ခုကို တီထွင်ဖော်ထုတ်ရန် မျှော်လင့်နေကြသည်။ စိန်ခေါ်မှုများ ရှိနေသည်မှာ သေချာသော်လည်း အဆိုပါတွေ့ရှိချက်သည် REE စုဆောင်းခြင်းလုပ်ငန်းကို (ထိုနည်းတူစွာ ၎င်းအပေါ်မှီခိုနေရသော စွမ်းအင်သန့်စင်သည့် နည်းပညာများစွာကိုပါ) ပြောင်းလဲပစ်နိုင်ဖွယ်ရှိပါသည်။
သုတေသီများက "အဆိုပါတွေ့ရှိချက်သည် ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ ရာသီဥတုဒဏ်ခံယူခြင်း (Chemical and Biological weathering) ဖြစ်စဉ်များအတွင်း REE ဓာတ် ကြွယ်ဝလာခြင်းနှင့် ခွဲခြားသိမ်းဆည်းခြင်း (Sequestration) တို့ကို ထင်ရှားစေရုံသာမက အသုံးဝင်သော REE ပစ္စည်း များကို တိုက်ရိုက်ပြန်လည်ရယူရန်အတွက် နည်းလမ်းသစ်များကိုပါ ဖွင့်ပေးလိုက်သည်" ၊ "အဆိုပါ လုပ်ငန်းသည် Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) ၏ ဖြစ်နိုင်ခြေကို အားဖြည့်ပေးပြီး၊ ရေရှည်တည်တံ့သော REE သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်သော အပင်အခြေပြု ချဉ်းကပ်မှုတစ်ရပ်ကို မိတ်ဆက်ပေးလိုက်ခြင်းလည်း ဖြစ်သည်" ဟု ရေးသားဖော်ပြထားသည်။
Science Alert တွင် ဆောင်းပါးရှင် David Nield ရေးသားသည့် “Rare earth element erystals found forming in a plant for the first time” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းချမှတ်ခြင်းဆိုင်ရာ အကြံပြုချက်" ကို သုံးသပ်အတည်ပြုခဲ့ပါသည်။ ၁၉၅၃ ခုနှစ်မှ ယနေ့အထိ တရုတ်နိုင်ငံသည် ငါးနှစ်စီမံကိန်း ၁၄ ခု ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်တိုက်ကြိုးပမ်းမှုဖြင့် ကမ္ဘာပေါ်တွင်ရှားပါးသော စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးရေရှည်တည်ငြိမ်မှု၏ အံ့ဩဖွယ်ရာများကို ဖန်တီးခဲ့ပါသည်။ မြန်မာမိတ်ဆွေများက တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးမှု၏ အောင်မြင်မှုလျှို့ဝှက်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံအုပ်ချုပ်မှုအတွေ့အကြုံအကြောင်းကို ကျွန်မအားမေးမြန်းခဲ့ကြသည်။ ကျွန်မကတရုတ်လမ်းကြောင်း၊ တရုတ်စီမံခန့်ခွဲမှု၊ တရုတ်အယူအဆဟူသော ရှုထောင့်သုံးရပ်မှ ကိုယ်ပိုင်အမြင်များကိုမျှဝေလိုပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုသည် တရုတ်နိုင်ငံကို အင်အားကြီးမားသော နိုင်ငံအဖြစ် တည်ဆောက်ရေး၊ တိုင်းရင်းသားများပြန်လည်ထွန်းကားရေး စသည့်ကိစ္စရပ်များကို အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် အရေးအကြီးဆုံးသော အောင်မြင်မှုလျှို့ဝှက်ချက်ဖြစ်ပါသည်။
တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်အချိန်အထိ အချိန်ကာလအများစုတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အင်အားသည် ၎င်း၏ပြိုင်ဘက်များထက် အလွန်နည်းပါးခဲ့ပါသည်။ ဒါပေမဲ့ ဘာကြောင့်ဒီလိုပါတီတစ်ခုက ၂၈ နှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးကို အနိုင်ရခဲ့ပါသလဲ။ ဘာကြောင့် ဒီလိုပါတီတစ်ခုက တည်ထောင်စက ပါတီဝင် ၅၀ ကျော်မှ ယနေ့ ပါတီဝင် သိန်း ၁၀၀၀ ကျော်အထိ ကြီးထွားလာနိုင်ခဲ့သလဲ။ ဘာကြောင့် ဒီလိုပါတီတစ်ခုက တရုတ်နိုင်ငံတည်ထောင်ပြီးနောက် နှစ် ၇၀ ကျော်ခရီးတွင် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံးကို ညီညွတ်စွာဦးဆောင်ကာ ကမ္ဘာကနှစ်သက်ပြီး ထင်ရှားသောအောင်မြင်မှုများ ရရှိနိုင်ခဲ့သလဲ။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီတွင် မည်သည့် ကိုယ်ကျိုးစီးပွားမျှမရှိသောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထုအများစု၏အခြေခံအကျိုးစီးပွားကို အမြဲတမ်းကိုယ်စားပြုပြီး ပြည်သူများနှင့် ဝမ်းနည်းဝမ်းသာမှုကို အတူခံစား၍ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အတူရင်ဆိုင်ကာ မိမိတို့၏အထူးအကျိုးစီးပွားများမရှိဘဲ မည်သည့်အကျိုးစီးပွားအုပ်စု၊ အာဏာအုပ်စု၊ အခွင့်ထူးလွှာများ၏ အကျိုးစီးပွားကို မည်သည့်အခါမှ ကိုယ်စားပြုခြင်းမပြုပါ။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထု၏ရပ်တည်ချက်ကို အမြဲတမ်းခိုင်မာစွာစောင့်ထိန်းထားသည့်အတွက် ရှုံးနိမ့်ခြင်းမရှိသော အခြေအနေတွင်တည်ရှိနေနိုင်ခြင်းဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် ယုံကြည်ချက်ကို စောင့်ထိန်းသောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ကိုယ်ကျိုးစီးပွား အတွက် ပေါင်းစည်းထားသော နိုင်ငံရေးပါတီမဟုတ်ဘဲ မာ့က်စ်ဝါဒ ယုံကြည်ချက်၊ ကွန်မြူနစ်ဝါဒ၏ ကြီးမားသောရည်မှန်းချက်၊ တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒ၏ ဘုံရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်ပါသည်။ တရုတ်နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်သောလမ်းခရီးတွင် လူထောင်ပေါင်းများစွာက ရည်မှန်းချက်နှင့် ယုံကြည်ချက်တို့အတွက် အသက်ကိုလျစ်လျူရှု၍ မည်သည့်အခက်အခဲကိုမျှ လက်မလျှော့ဘဲ သွေးနှင့်အသက်ဖြင့် ယုံကြည်ချက်၏ အင်အားကိုပြသခဲ့ကြပါသည်။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် မိမိကိုယ်ကို ရဲဝံ့စွာတော်လှန်ပြုပြင်သောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အမှားများ ကျူးလွန်ခဲ့ဖူးသော်လည်း မိမိတို့ရှိနေသော ပြဿနာများကို ရဲဝံ့စွာရင်ဆိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီက အလုပ်စတိုင်တိုးတက်ကောင်းမွန်ရေး၊ ပြည်သူလူထုနှင့် ရင်းနှီးစွာ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်း ၈ ချက်ကို ရေးဆွဲခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ဆက်လက်လိုက်နာကျင့်သုံးကာ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရဲသော ရဲဝံ့မှုနှင့် ဆုံးဖြတ်ချက်ဖြင့် ပါတီ၏အလုပ်စတိုင်နှင့် အစိုးရ၏ ပုံစံကို လုံးလုံးလျားလျားအသစ်ပြောင်းလဲစေခဲ့ပြီး လူမှုရေးနှင့် ပြည်သူရေးရာ ထုံးတမ်းစဉ်လာများကို ဆက်တိုက်တိုးတက်ကောင်းမွန်စေကာ တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမျက်နှာသွင်ပြင်ကို နက်နဲစွာ ပြောင်းလဲစေခဲ့ပါသည်။
တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် တရုတ်စီမံခန့်ခွဲမှု၏ အားကောင်းသော အသက်ရှင်စွမ်းအားနှင့် အင်အားကြီးမားသော တီထွင်စွမ်းရည်ကို ဖန်တီးပေးခဲ့ပါသည်။
တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် အင်အားစုစည်းကာ ကြီးမားသောအလုပ်များကို လုပ်ဆောင်နိုင်ပါသည်။ နိုင်ငံတည်ထောင်စက ကန့်သတ်ထားသော လူအင်အား၊ ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာရေးကို တိုတောင်းသောအချိန်အတွင်း စုစည်းကာ လွတ်လပ်သောစက်မှုစနစ်နှင့် အမျိုးသားစီးပွားရေးစနစ်ကို ဖွဲ့စည်းခြင်းမှသည် ကြီးမားသောသဘာဝ ဘေးအန္တရာယ်များ ကျရောက်လာသောအခါ အရင်းအမြစ်များကိုစုစည်းကာ ထိရောက်စွာကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းအထိ ဤစနစ်သည် အခြေအနေတစ်ခုလုံးကို ချုပ်ကိုင်၍ ဘက်ပေါင်းစုံနှင့် ညှိနှိုင်းကာ အတူတကွရင်ဆိုင်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် တိုတောင်းသော မူဝါဒများမချမှတ်ဘဲ နောက်ကြောင်းပြန်ခြင်းများ မပြုလုပ်ဘဲ အစီအစဉ်တစ်ခုတည်းကို နောက်ဆုံးအထိ အကောင်အထည်ဖော်ကာ ငါးနှစ်စီမံကိန်းများကို ဆက်တိုက်ရေးဆွဲ အကောင်အထည်ဖော်ခြင်းကို စောင့်ထိန်း၍ ပန်းတိုင်ကိုလက်မလျှော့ဘဲ တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးမှု၏အခြေအနေသစ်ကို ဖွင့်လှစ်ခဲ့ပါသည်။
စီးပွားရေး၏အခြေအနေကို ကိုယ်စားပြုသော လျှပ်စစ်မီတာ အချက်အလက်များကို အရင်ကြည့်ကြပါစို့။ ၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂၈၂ ဘီလီယံကီလိုဝပ်နာရီသာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၉ ထရီလီယံကီလိုဝပ်နာရီအထိ တိုးတက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ သုံးပုံတစ်ပုံရှိပြီး ဒုတိယအဆင့်နေရာရှိ အမေရိကန်၏ ၂ ဒသမ ၅ ဆ၊ တတိယအဆင့်ရှိ အိန္ဒိယ၏ ၅ ဆ၊ စတုတ္ထအဆင့်ရှိ ရုရှား၏ ၉ ဆ နှင့် ညီမျှပါသည်။ ယခုနှစ် ဇူလိုင်လတွင် တရုတ်လူ့အဖွဲ့အစည်းတစ်ခုလုံး၏ လျှပ်စစ်သုံးစွဲမှုသည် ၁၀၂၂ ဒသမ ၆ ဘီလီယံ ကီလိုဝပ်နာရီရရှိခဲ့ပြီး ယင်းသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခု၏ လစဉ်လျှပ်စစ်သုံးစွဲမှုသည် ထရီလီယံ ကီလိုဝပ်နာရီကျော်လွန်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အာဆီယံနိုင်ငံအားလုံး၏ တစ်နှစ်တာ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းနှင့်ညီမျှပါသည်။
အထက်ဖော်ပြပါ လျှပ်စစ်အချက်အလက်များသည် တရုတ်စီးပွားရေး ရေရှည်တည်ငြိမ်၍ တိုးတက်လာသောအခြေခံအခြေအနေကို ထင်ဟပ်စေပါသည်။
၁၉၇၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်စီးပွားရေး နှစ်စဉ် ပျမ်းမျှ ၈ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း ပျမ်းမျှ ၃ ရာခိုင်နှုန်းထက် များစွာမြင့်မားကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ နှစ်စဉ်ပျမ်းမျှပံ့ပိုးကူညီမှုနှုန်းထားသည် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရရှိကာ ကမ္ဘာ၏ပထမဆုံးနေရာတွင် ရပ်တည်နေပါသည်။ တရုတ်ကုန်သွယ်မှုသည် နှစ်ပေါင်းများစွာ ကမ္ဘာ့ပထမဆုံးနေရာတွင် တည်ငြိမ်စွာရှိနေပြီး ပို့ကုန်သွင်းကုန်စုစုပေါင်း ပမာဏသည် အပြည်ပြည်ဆိုင်ရာ စျေးကွက်ဝေစု ၁၉၇၈ ခုနှစ် ၁ ရာခိုင်နှုန်းအောက်မှ ၂၀၂၃ ခုနှစ်တွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။ ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် အလွန်ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်ခုမှ လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်သည့် နိုင်ငံတစ်ခုအဖြစ် တက်လှမ်းလာခဲ့ပြီး ယင်းသည် လူ့သမိုင်းတွင် ဘယ်တော့မှမတွေ့ဖူးသော ဖွံ့ဖြိုးတိုးတက်မှု အံ့ဩဖွယ်ရာဖြစ်ပါသည်။
တရုတ်ကုန်ထုတ်လုပ်မှုနယ်ပယ်အတိုင်းအတာသည် ၁၅ နှစ် ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ စက်မှုအမျိုးအစားခွဲခြားမှုတွင် စက်မှုနယ်ပယ်အားလုံးကို လုံးလုံးပိုင်ဆိုင်ထားသည့်တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”ကာလတွင် တရုတ်၏ ခေတ်မီကုန်ထုတ်လုပ်မှုသည် အရှိန်အဟုန်မြင့် ကြီးထွားလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်မှု သိန်း ၁၃၀ စီးကျော်ရှိကာ ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုသည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင်ရှိနေပါသည်။
၂၀၂၄ ခုနှစ်တွင် သင်္ဘောတည်ဆောက်မှုပြီးစီးမှု ပမာဏ၊ အော်ဒါအသစ်လက်ခံမှုပမာဏ၊ လက်ရှိ အော်ဒါပမာဏသုံးခုစလုံးသည် ကမ္ဘာ့စျေးကွက်ဝေစု ၅၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၇၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်း သီးခြားစီရရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုအင်အားသစ် ဆက်တိုက်ကြီးထွားလာကာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု အရည်အသွေး အရှိန်အဟုန်မြင့်လာခဲ့ပြီး ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအားပေးစက်ရုံသည် စီးပွားရေးအရလည်ပတ်လာခဲ့ပြီး တရုတ်၏ ပထမဆုံး အာကာသစခန်း "Tiangong Space Station" သည် လုံးလုံးလျားလျား တည်ဆောက်ပြီး လည်ပတ်လာခဲ့ကာ Chang'e ၆ စူးစမ်းလေ့လာရေးယာဉ်သည် ကမ္ဘာ့ပထမဆုံးလ၏ နောက်ကျောဘက်မှနမူနာများကို ယူဆောင်ကာ အောင်မြင်စွာပြန်လာခဲ့ပါသည်။
ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်ကိန်းအစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အဆင့် ၃၄ နေရာမှ ၂၀၂၅ ခုနှစ်တွင် အဆင့် ၁၀ နေရာသို့ တက်လှမ်းခဲ့ပါသည်။
တရုတ်အယူအဆ၊ တရုတ်အဆိုပြုချက်များ၊ တရုတ်လုပ်ဆောင်ချက်များသည် ကမ္ဘာ့ပြည်သူများ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တိုးတက်မှု လိုလားချက်တူညီခြင်းတို့ကို ထင်ဟပ်စေပါသည်။

မြန်မာပြည်သူတို့အတွက် နိုဗိုစီဗစ်ဟူသောအမည်နာမက ယခုအခါမစိမ်းတော့ပါ။ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် နိုဗိုစီဗစ်ဒေသတို့အကြား၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကများစွာကွာဝေးခြင်းလည်းမရှိတော့ပါ။ မန္တလေးမြို့နှင့်နိုဗိုစီဗစ်မြို့အကြား လေကြောင်းအကွာအဝေး ၃၈၆၃ ကီလိုမီတာရှိပြီး နေပြည်တော်နှင့်နိုဗိုစီဗစ်မြို့တို့အကြား လေကြောင်း အကွာအဝေးခန့်မှန်းခြေကီလိုမီတာ ၄၁၀၀ ခန့်ရှိသော်လည်း မြန်မာပြည်သူများနှင့်နိုဗိုစီဗစ်မြို့၊ ဆိုက်ဘေးရီးယားပြည်သူများအကြား နှလုံးသားချင်း၊ ရင်ဘတ်ချင်းက ယခုထက်ပို၍ နီးစပ်မှုရှိလာနေကြောင်း ပုံရိပ်များထင်ရှားလျက်ရှိနေပါပြီ။
ဆက်ဆံရေးသမိုင်းကြောင်းအရ
မှတ်မှတ်ရရ မြန်မာနှင့် နိုဗိုစီဗစ်ဆက်ဆံရေးသည် မြန်မာနိုင်ငံနှင့်ဆိုဗီယက်ယူနီယံတို့၏ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းကပင် နှစ်ပြည်ထောင်ချစ်ကြည်ရင်းနှီးမှု၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ နှစ်နိုင်ငံသမိုင်းကြောင်းတွင် ကောင်းမွန်သည့်ရေရှည်ဆက်ဆံရေးနှင့်အတူ ခိုင်မာသည့်ချစ်ကြည် ရင်းနှီးမှုများရှိပြီးဖြစ်သည်မှာ အထူးဖော်ပြစရာမလိုပါ။
ယခုနှစ်မတ်လအတွင်း နိုဗိုစီဗစ်မြို့သို့ နိုင်ငံတော်အကြီးအကဲသွားရောက်လည်ပတ်ခဲ့မှု၊ အစိုးရများ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဆက်ဆံရေးကောင်းများပို၍ ထင်ရှားလာကြောင်းလည်း တွေ့ရသည်။ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုမှ မြန်မာနိုင်ငံနှင့်နိုဗိုစီဗစ်ဒေသတို့၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေကြောင်းပြေးဆွဲမှုနှင့် ခရီးသွားကဏ္ဍများ မြှင့်တင်နိုင်ရေးအထိ ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ကျန်းမာရေးနှင့်ပညာရေး၊ စက်မှုနှင့်ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ မန္တလေးမြို့နှင့်နိုဗိုစီဗစ်မြို့တို့အား ညီအစ်မမြို့များအဖြစ် သတ်မှတ်ရန်ကဏ္ဍများလည်း ပါဝင်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ ဆွေးနွေးမှုများက နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသအတွက်ပါ ရည်ရွယ်ခဲ့ကြောင်းလည်းတွေ့ရှိရသည်။
လက်ရှိဆောင်ရွက်မှု ပြယုဂ်ကောင်းများ
ထို့ကြောင့်လည်း နှစ်နိုင်ငံအကြား၊ နိုင်ငံနှင့်ဒေသတာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်ရန် ယခုအခါ လိုအပ်လာပြီဖြစ်သည်။ သို့မှသာ နှစ်နိုင်ငံခရီးသွားများ အပြန်အလှန် လည်ပတ်သွားလာနိုင်ကြမည်ဖြစ်သည်။ ထို့အတွက် ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများ ပြုလုပ်ကြတော့မည်။ ခရီးသွားလုပ်ငန်းနှင့်အတူ နှစ်နိုင်ငံအစားအသောက်နှင့်အချက်အပြုတ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်လာသည်။ တစ်ဆက်တည်း ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြရတော့မည်ဖြစ်သည်။
ပြန်ကြားရေးကဏ္ဍ၌လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို အမျိုးသားစာကြည့်တိုက်များကဏ္ဍကိုလည်း ယခုအခါ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု သိရသည်။ ပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာပါအချက်များ အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားကြမည်ဟု သိရှိရသည်။ သုံးသပ်ရလျှင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သောကဏ္ဍများဖြစ်နေကြောင်း တွေ့ရခြင်းပင်ဖြစ်သည်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးသမိုင်းကြောင်းတွင် နောက်ထပ်တိုးတက်မှုက နိုဗိုစီဗစ်မြို့၌ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကို ယခုနှစ် မတ်လ ၉ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ရလဒ်အနေဖြင့် နိုဗိုစီဗစ်မြို့တွင်နေထိုင်ကြသည့် ရုရှားနိုင်ငံသားများနှင့်မြန်မာနိုင်ငံအကြား ချိတ်ဆက်ပေါင်းကူးမှု ပိုမိုလွယ်ကူသွားခြင်းပင်ဖြစ်သည်။ နားလည်မှုကို ပိုမိုမြှင့်တင်နိုင်ကြတော့မည်ဖြစ်သည်။ နိုဗိုစီဗစ်ဝန်းကျင်ရှိ မြန်မာအသိုင်းအဝိုင်းကိုလည်း ကူညီစောင့်ရှောက်မှုများပေးနိုင်တော့မည်ဖြစ်သည်။ ထိုအချက်များက ပူးပေါင်း ဆောင်ရွက်မှု၏ ပြယုဂ်ကောင်းများပင်ဖြစ်ပါသည်။
ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် ယခုလို အလေးထားပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့် နိုဗိုစီဗစ်ဒေသ၊ နိုဗိုစီဗစ်မြို့အကြောင်းကို မိမိတို့ပြည်သူများက သိရှိထားသင့်သည်၊ နားလည်ထားသင့်သည်ဟု ယူဆပါသည်။ ယင်းမြို့၌ ယခင်ကတည်းကပင် မြန်မာနိုင်ငံမှ သွားရောက်ပညာသင်ကြားနေသည့် သင်တန်းသားများရှိကြသည်။ အမှန်တကယ်ထိုဒေသတွင်စက်မှုနှင့် သိပ္ပံနည်းပညာများ အလွန်ထွန်းကား တိုးတက်ပါသည်။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ဗဟိုချက်မအဖြစ်လည်း ထင်ရှားသည်။
ထိုဒေသ၊ ထိုမြို့၌ ယခုနှစ် ဇူလိုင်လအတွင်းကကျင်းပသည့် အစားအစာနှင့်ခရီးသွားပြပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ညီနောင်အသင်းများက မြန်မာနိုင်ငံကိုယ်စားပြုပြီး ခရီးသွားမြှင့်တင်ရေးပြခန်းတစ်ခုပြသခဲ့ဖူးသည်။ ထိုပြပွဲ၌ မြန်မာ့ရိုးရာအစားအသောက်များဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင်စသည်တို့ကို ပြသနိုင်ခဲ့သည်။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ပုံနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှနှင့်ဝတ်စုံများကို ပြသဖျော်ဖြေနိုင်ခဲ့ပါသည်။
မြို့၏ သမိုင်းကြောင်း
ထိုမျှ မြန်မာနိုင်ငံနှင့်မြန်မာပြည်သူတို့ အလေးထားသော နိုဗိုစီဗစ်မြို့အကြောင်းကို ဆက်ရလျှင်.... ယင်းမြို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဆိုက်ဘေးရီးယား ဖက်ဒရယ်ပြည်နယ်၏ အနောက်တောင်ဘက်ရှိ အချက်အချာမြို့တစ်မြို့ဖြစ်ပြီး အော့ဘ်မြစ်ညာဘက်ကို မေးတင်ထားသည်။ မြို့ကို ၁၈၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်လက်ရာ အဆောက်အအုံများ တည်ရှိရာ၊ ခေတ်မီစက်မှုလက်မှုနှင့် သိပ္ပံနှင့် နည်းပညာရပ်များထွန်းကားရာ မြို့တစ်မြို့အဖြစ် ထင်ရှားသည်။
ရုရှားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၆ သိန်းခန့်ရှိသည့် တတိယမြောက်လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သည်။ မြို့ကို စတင်တည်ထောင်ကတည်းက အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုအချက်အချာကျရာဒေသလည်းဖြစ်ခဲ့သည်။ ရုရှားခေါင်းဆောင် ဂျိုးဇက်စတာလင် လက်ထက်၌ ဆိုက်ဘေးရီးယားဒေသ၏ စက်မှုထွန်းကားရာမြို့ကြီးအဖြစ် ပီပီပြင်ပြင် ဖြစ်လာခဲ့ သည်။ ၁၉၁၇-၂၃ ရုရှားပြည်တွင်းစစ်အတွင်း တိုက်ဖွိုက်အူရောင်ငန်းဖျားနှင့် ကာလဝမ်းရောဂါ ကပ်ဘေးကြီးဖြစ်ခဲ့ရပြီး လူထောင်ပေါင်းများစွာ ကပ်ဘေးသင့်ခဲ့ရသည်ဟုလည်း မှတ်သားဖူးပါသည်။ နိုဗိုစီဗစ်မြို့တွင် ရုရှားလူမျိုး အများဆုံးနေထိုင်ပြီး တာဂျစ်၊ တာတာ၊ ဥဇဘက်၊ ယူကရိန်းနီးယန်းနှင့် ကာဂျစ်လူမျိုးများသည်လည်း ရေခဲမှတ်အောက် အလွန်အေးသောရာသီဥတုအောက် ဆီးနှင်းထူထူတွင် အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည်။
သယ်ယူပို့ဆောင်ရေးနှင့် စက်မှုထွန်းကားရာ
ဆိုက်ဘေးရီးယား၏ သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍတွင် နိုဗိုစီဗစ်လေဆိပ်နှင့် ရထားဘူတာရုံများက အလွန်တရာ ထင်ရှားကျော်ကြားလှပါသည်။ ပြည်တွင်း ပြည်ပမှ ဆိုက်ဘေးရီးယား ဒေသကိုဖြတ်၍ အရှေ့၊ အနောက်၊ တောင်ဘက်ရထားလမ်းများအားလုံး၏ ဆုံချက်နှင့်အဆုံးသတ်တည်ရာမြို့လည်းဖြစ်သည်။ လေကြောင်းစနစ်၊ ရထားစနစ်များနည်းတူ ဘတ်စ်ကားနှင့် ထရော်လီဘတ်စနစ်များ၊ ဘတ်စ်ကားဂိတ်များ၊ တက္ကစီစနစ်မှအစ ရေကြောင်းခရီးသည်တင် waterbus စနစ်အထိ အလွန်ခေတ်မီပြီး စနစ်ကျသည်ဟု မှတ်သားရပါသည်။
နိုဗိုစီဗစ်မြို့တွင် စက်မှုလုပ်ငန်းများ မည်မျှထွန်းကားသလဲဆိုလျှင် အကြီးစားနှင့်အလတ်စား စက်မှုလုပ်ငန်းပေါင်း ၂၁၄ ခုအထိရှိသည်ဟု သိရှိရသည်။ အထူးသဖြင့် လေကြောင်းအာကာသ၊ ဒုံးပျံနည်းပညာ၊ နျူကလီးယားလောင်စာ၊ တာဘိုင်နှင့် ရေအားလျှပ်စစ်ဂျင်နရေတာများ၊ ချည်မျှင်နှင့်အထည်၊ စိုက်ပျိုးရေးထုတ်ကုန်၊ အီလက်ထရွန်နစ် စက်ပစ္စည်းများ၊ ဆီမီးကွန်ဒက်တာများ၊ သံနှင့်သံမဏိလုပ်ငန်း၊ သတ္တုသန့်စင်လုပ်ငန်း၊ သံဖြူလုပ်ငန်း၊ မြေရှားသတ္တုလုပ်ငန်းများကြောင့် ယင်းမြို့သည် ရုရှားနိုင်ငံ၏ တတိယမြောက် စက်မှုထွန်းကားရာမြို့တစ်မြို့အဖြစ် ထင်ဟပ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ရုရှားစီးပွားရေးနာမည်ကြီးကုမ္ပဏီကြီးများစွာ၏ ဌာနချုပ်များသည် ထိုမြို့၌ လာရောက်အခြေစိုက်ရသည်အထိ ဆွဲဆောင်မှုရှိနေသည်ကို တွေ့ရခြင်းဖြစ်သည်။
အားကစား၊ ဂီတနှင့် ပညာရေး
ထိုကဲ့သို့ နိုဗိုစီဗစ်မြို့သည် စက်မှု၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့်သာ ထင်ရှားနေခြင်းမဟုတ်ပါ။ ပရော်ဖက်ရှင်နယ်ကျပြီး တက်ကြွသော အားကစားကလပ်များစွာကြောင့်လည်း ထင်ရှားပါသည်။ ဘောလုံး၊ ရေခဲပြင်ဟော်ကီ၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ဖူဆယ်ကလပ်အသီးသီးက နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယအဆင့်များအထိချိတ်နိုင်ကြပြီး ကမ္ဘာ့အဆင့် လက်ရွေးစင်များစွာကိုလည်း မွေးထုတ်ပေးလျက်ရှိသည်ကို တွေ့ရသည်။
ဂီတ၊ အနုသုခုမနယ်ပယ်များ၌ကော ဘယ်လိုအခြင်းအရာများနှင့်ရှိနေပါသလဲ၊၊ ရိုးရာဂီတတွင် ရုရှားတယောပညာရှင်အမြောက်အမြားကို ထိုဒေသလေးမှ မွေးထုတ်ပေးခဲ့ဖူးပါသည်။ ဂီတစာဆို၊ ကဗျာဆရာများစွာအပြင် စည်းချက်ကြမ်းကြမ်းနှင့် ပန့်လီဂန်း punk legend, punk rocker လူငယ်များစွာကလည်း ခေတ်နှင့်အညီသံပြိုင်ဟစ်နေကြသည်။ နာမည်ကျော်ဂီတအဖွဲ့များပါဝင်သည့် သံစုံတီးဝိုင်းကြီးများကို ကမ္ဘာကျော်နိုဗိုစီဗစ် အော်ပရာနှင့်ဘဲလေးအက ဇာတ်ရုံကြီးအပါအဝင် ကဇာတ်ရုံများစွာနှင့်ယှဉ်တွဲမြင်ကြည့်၍လည်း ခံစားနိုင်ပါသည်။
ပညာရေးတွင်လည်း ထို့အတူပင်၊ ဆိုက်ဘေးရီးယန်းနှင့် နိုဗိုစီဗစ်မြို့တွင် နိုင်ငံအဆင့်တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်၊ စိုက်ပျိုးရေး၊ ဗိသုကာ၊ ဒီဇိုင်း၊ အနုပညာ၊ မြို့ပြအင်ဂျင်နီယာ၊ ဆေးပညာ၊ သင်ကြားရေးအပိုင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ရေကြောင်းထိန်းသိမ်းရေး၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ ဘူမိဗေဒ၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ်နှင့်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ တက္ကသိုလ်များစွာရှိကြပြီး ထိုတက္ကသိုလ်များအားလုံးက အသိအတတ်ပညာရှင်များစွာကို မွေးထုတ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုဗိုစီဗစ်တွင်ထင်ရှားကျော်ကြားသော အဆင့်မြင့်အမျိုးသားစာကြည့်တိုက်များစွာလည်းရှိပါသေးသည်။ ပြည်သူ့ရေးရာ၊ သိပ္ပံနှင့် နည်းပညာ၊ ဒေသဆိုင်ရာ၊ လူငယ်နှင့်ကလေးသူငယ်ဆိုင်ရာစာကြည့်တိုက်များက အထူးနာမည်ကြီးသည်ဟုဆိုပါသည်။ စာကြည့်တိုက်နှင့်အတူပြတိုက်အမျိုးများစွာလည်းထင်ရှားသည်။ ကမ္ဘာကျော်နိုဗိုစီဗစ် တိရစ္ဆာန်ဥယျာဉ်ဆိုလျှင် ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာနေရာတစ်ခုအဖြစ်လည်း ထင်ရှားပါသည်။
အချုပ်အားဖြင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး H.E. Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား”အမည်ရ ပဒေသာကပွဲမှတစ်ဆင့် မြန်မာနှင့်ရုရှားနှစ်နိုင်ငံတို့အကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုအခြေခံသောချစ်ကြည်ရေးကို ခိုင်ခိုင်မာမာညွှန်းဆိုနိုင်ခဲ့ကြပြီဟု ဆိုရပါမည်။
နိုင်ငံတော်အကြီးအကဲနှင့် ဧည့်သည်ခေါင်းဆောင်တို့၏ ပြောကြားချက်များကို ကိုးကား၍လည်း နှစ်နိုင်ငံပြည်သူများအကြား ခိုင်မြဲသည့်ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ကြပါပြီ။ ဆက်လက်၍ လှပသောအနုပညာကို မျှဝေခံစားပြီး အတားအဆီးအားလုံးကို ကျော်ဖြတ်ကြရန်ဖြစ်ပါသည်။ သို့မှသာ ငြိမ်းချမ်းမှုကိုရရှိမည်၊ ချစ်ကြည်မှုကိုရရှိမည်ဟု ယုံကြည်ထား၍ဖြစ်ပါသည်။ ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Seminar for Omnimedia Edi-tors and Journalists From ASEAN Countries ဆွေးနွေးပွဲတက်ရောက်ဖို့အတွက် ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ စာရေးသူတို့အဖွဲ့ဟာ ပေကျင်းမြို့ကနေ ယူနန်ပြည်နယ်ကို နောက်ထပ်လေ့လာရေးခရီးထွက်ခဲ့ကြပါတယ်။ ယူနန်ကိုရောက်ဖို့ ပြည်တွင်း လေကြောင်းလိုင်းနဲ့ လေးနာရီကြာ လေယာဉ်စီးလာရတဲ့အတွက် တရုတ်နိုင်ငံဟာ အတော်ကိုဧရိယာ ကျယ်ဝန်းတဲ့နိုင်ငံဆိုတာကို သိသာစေပါတယ်။
အခုလေ့လာရေးခရီးရဲ့ အဓိကသွားမဲ့မြို့ကတော့ သာ့လီမြို့ (Dali)ပဲ ဖြစ်ပါတယ်။ သာ့လီမြို့ဟာ ယူနန်ပြည်နယ်အနောက်ပိုင်းမှာ တည်ရှိပါတယ်။ မြို့ဟာ စိမ်းစိုတဲ့သဘာဝရှုခင်းတွေ၊ ညို့မှိုင်းတဲ့ တောင်တန်းတွေကြားမှာတည်ရှိတာကြောင့် အေးမြ လတ်ဆတ်တဲ့လေ၊ ပြာလဲ့လဲ့တိမ်တွေနဲ့ အတော်လှတဲ့မြို့လို့ဆိုရမှာဖြစ်ပါတယ်။ သာ့လီမြို့မှာ နေထိုင်သူအများစုမှာ ပိုင်(Bai) လူမျိုးစုတွေဖြစ်ကြပြီး ပိုင် လူမျိုးတို့ရဲ့ ရိုးရာဝတ်စုံဟာ အဖြူရောင်ကို အခြေခံကာ အနီ၊ အပြာ၊ မီးခိုးရောင်တွေနဲ့ ရောစပ်ချုပ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် သာ့လီမြို့ရဲ့ လမ်းသွယ် တွေပေါ်မှာ ဒေသခံတွေရဲ့ လက်နဲ့ပြုလုပ်ထားတဲ့ ငွေထည်၊ ပန်းထိမ်ထည်၊ ရိုးရာလက်မှုပစ္စည်းတွေ၊ ဒေသထွက် အစားအစာတွေကို ပွဲဈေးတန်းလို စည်စည်ကားကား ရောင်းချနေတာ တွေ့ရပါတယ်။ အဲဒီလို သဘာဝအလှအပတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့သာ့လီဟာ နိုင်ငံအတွင်းက ခရီးသွားတွေနဲ့ ပြည်ပကခရီးသွားတွေကြား ရေပန်းစားပါတယ်။ စာရေးသူတို့ လေ့လာရေးအဖွဲ့ဟာ သာ့လီမြို့မှာ လေးရက်ကြာ လေ့လာ လည်ပတ်ကြမှာဖြစ်ပါတယ်။
သာ့လီမြို့ လေ့လာရေးခရီးစဉ်ရဲ့ ပထမရက်မှာ ပြည်တွင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (ကာဗွန်ကင်းဝေးစက်မှုဇုန်) ကို သွားရောက်ခဲ့ပါတယ်။ အဲဒီစက်မှုဇုန်ကို တော၊ တောင်၊ သစ်ပင်တွေ ထူထပ်ပေါများတဲ့နေရာမှာ တည်ဆောက်ထားပါတယ်။ အဲဒီ စက်မှုဇုန်ဧရိယာအတွင်းမှာ စက်ရုံနဲ့ ကုမ္ပဏီပေါင်းများစွာရှိပါတယ်။ ဦးစွာသွားရောက် လေ့လာခဲ့တဲ့စက်ရုံကတော့ စက္ကူနဲ့ဂျပ်ပြား ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အဲဒီနောက်မှာတော့ ဆိုလာစီလီကွန်ပြား ထုတ်လုပ်တဲ့ကုမ္ပဏီကို သွားလေ့လာခဲ့ပါတယ်။ ဆိုလာစီလီကွန်ပြားထုတ်တဲ့ ကုန်ကြမ်းတွေဟာ ကိုင်ကြည့်တော့ အတော်ပူတာကို သိလိုက်ရပါတယ်။ ဒါကြောင့် ဆိုလာစီလီကွန်ပြားထုတ်စက်တွေဟာ အပူချိန် ၁၅၀၀ ဒီဂရီစင်တီ ဂရိတ်ထိရှိတာဖြစ်မယ်လို့ တွေးမိပါတယ်။ ၎င်း ဆိုလာစီလီကွန်ပြားထုတ်တဲ့ ကုမ္ပဏီရဲ့သက်တမ်း ဟာ နှစ်ပေါင်း ၂၀ သက်တမ်း ရှိပြီဖြစ်တယ်လို့လဲ သိခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ရှန်ယွီခရိုင် ရှလုံကောင်တီရှိ ပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။ ပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံဟ၁ စတုရန်းကီလိုမီတာ ၄၃၄၀ဝဝ ကျယ်ဝန်းပြီး နှင်းဆီ၊ ဂန္ဓမာ၊ သစ်ခွစတဲ့ ပန်းအမျိုးအစားပေါင်းများစွာကို စိုက်ပျိုးထ၁းပါတယ်။ စက်ရုံရဲ့ပန်းစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံကို တင်ပို့ပြီး တောင်ကိုရီးယားနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေဆီကိုလဲ တင်ပို့တယ်လို့ သိရပါတယ်။ တင်ပို့ဖို့အတွက် ခူးဆွတ်ထားတဲ့ပန်းတွေကို အခန်းအပူချိန် နှစ်ကနေ လေးဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းနဲ့သိမ်းဆည်းသိုလှောင်ကာ ဝယ်ယူသူ မရောက်မီ လုပ်ငန်းစဉ်ပေါင်း ၁၆ ခုကို ဆောင်ရွက်ပါတယ်။ ပန်းတင်ပို့ရောင်းချမှုကို အွန်လိုင်းကနေ အဓိကဆောင်ရွက်တယ်လို့လဲ သိရပါတယ်။ ထိုပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံဟာ ပန်းတွေကို ဒေသတွင်းသာမက နိုင်ငံခြားထိပါ ပျက်စီးဆုံးရှုံးမှုမရှိသလောက်နည်းပါးအောင် စနစ်တကျ ထုပ်ပိုးရောင်းချနိုင်တဲ့အတွက် ၎င်းရဲ့ပန်းမျိုးစုံ၊ အရောင်စုံဟာ အာရှမှာ ဈေးကွက်အခိုင်အမာ ရနေတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ဂေဟစနစ် ထိန်းသိမ်းရေးနည်းလမ်းတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်သန့်စင်အသုံးပြုကာ အော်ဂဲနစ် ထုတ်ကုန်တွေထုတ်လုပ်တဲ့ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ တိရစ္ဆာန်အညစ်အကြေး၊ စွန့်ပစ်အမှိုက်၊ ဒိုက်၊ ရေမှော် စတဲ့စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသန့်စင်ကာ နည်းပညာနဲ့ပေါင်းစပ်ပြီး အော်ဂဲနစ်ဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝ ဓာတ်ငွေ့ စတဲ့ထုတ်ကုန်တွေထုတ်တာကို လေ့လာ ခွင့်ရခဲ့ပါတယ်။
ဒါ့ပြင် သာ့လီမြို့ရဲ့ နေဝင်ဆည်းဆာနဲ့ အာ့ဟိုင်း(Erhai)ရေကန်ရဲ့ ညနေရှုခင်းကို ရင်သပ် ရှုမောဖွယ် ကြည့်ရှုခဲ့ရပါတယ်။ တောင်တန်းတွေ အလယ်က အာ့ဟိုင်းကန်ရေပြင်ထက်မှာ မီးပုံးလေးတွေမျောနေပါတယ်။လှေဦးထိပ်မှာ မီးအိမ်တပ်ထားတဲ့ လှေငယ်အတော်များများ ငါးဖမ်းပိုက်ချနေကြတာကိုလဲ တွေ့ခဲ့ရပါတယ်။ ဒေသခံတချို့ကတော့ ကားကြီး ကားငယ်တွေနဲ့ ရောက်လာကာ ငါးမျှားတံတွေနဲ့ ငါးမျှားနေကြတာကို တွေ့ရပါတယ်။
ဒုတိယရက်မှာတော့ အာ့ဟိုင်းရေကန်ပတ်ပတ်လည်ကို သွားရောက်လေ့လာခဲ့ရာ အာ့ဟိုင်းရေကန်ဟာ ယူနန်ပြည်နယ်ရှိ တစ်ခုတည်းသော ရေချိုကန်ကြီးဖြစ်သလို သာ့လီမြို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တာကြောင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က၂ဝ၁၅ ခုနှစ်ကတည်းက ထိုရေကန်ရဲ့ သဘာဝ အလှတရားတွေကို ထိန်းသိမ်းဖို့လိုတယ်လို့မှာကြား ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ရေကန်ရေရှည်တည်တံ့ကာ သဘာဝအလှတရားတွေ မပျောက်ပျက်စေရေးအတွက် ဒေသခံတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝိုင်းဝန်းထိန်းသိမ်းနေကြတာဖြစ်ပါတယ်။ ဒါ့ပြင်ရေကန်အတွင်းရှိ သက်တမ်းရင့်ငါးတွေသေဆုံး ကာ ရေကန်အလှတရားများ မပျက်စီးစေရေး၊ ကန်အတွင်း ရေထုမညစ်ညမ်းစေရေးအတွက်လဲ ကန်အတွင်းက အရွယ်ရောက်ပြီး ငါးတွေကို တစ်နှစ် တစ်ကြိမ် ငါးဖမ်းပွဲကျင်းပပြီးကို အခမဲ့ဖမ်းခွင့်ပေးထားတာကို သိခဲ့ရပါတယ်။ ဒါကြောင့် ပထမရက်က ညရှုခင်းကြည့်တုန်းက မီးပုံးတွေ၊ လှေကြီး၊ လှေငယ်တွေနဲ့ စီးပွားဖြစ်ငါးဖမ်းတဲ့သူတွေ၊ အပျော်တမ်းငါးဖမ်းတဲ့သူတွေကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ လက်ဖက်ခြောက်စက်ရုံကို သွားရောက်လေ့လာခဲ့ရာ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ခြောက်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို သေချာစနစ်တကျပြုစုထားကာ ပြတိုက်နဲ့ကို တခမ်းတနား ခင်းကျင်းပြသထားတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ဖက်ခြောက်ဈေးနှုန်းဟာ သက်တမ်း၊ အရသာ၊ အရည်အသွေးကိုလိုက်ပြီးကွာခြားပါတယ်။ ဒါ့ပြင်လက်ဖက်ခြောက်နဲ့ အကြမ်းရည်ပြုလုပ်နည်းကို ရိုးရာယဉ် ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ အမြတ်တနိုး ထိန်းသိမ်းလျက်ရှိကြပါတယ်။ လက်ဖက်ခြောက်နဲ့ အကြမ်းရည်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလဲ လေ့လာခွင့် ရခဲ့တဲ့အပြင် အကြမ်းရည်နဲ့ဧည့်ခံတဲ့အခါ သတိပြုသင့်တဲ့ အပြုအမူတွေကိုလဲ သိခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ စကျင်ကျောက်ပြတိုက်ကို သွားရောက်ခဲ့ပါတယ်။ စကျင်ကျောက်ပြတိုက်မှာ စကျင်ကျောက်တွေကို အနုပညာဆန်ဆန် ခင်းကျင်း ပြသထားပါတယ်။ စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ ပန်းချီကား၊ လက်ဝတ်ရတနာ၊ လူ့အသုံးအဆောင်၊ ပရိဘောဂတွေကို သေချာစနစ်တကျကုန်ကြမ်းက ကုန်ချောထည်ဖြစ်အောင်ပြုလုပ်ပြီး စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားပါတယ်။ လာရောက်လေ့လာသူတွေကြိုက်နှစ်သက်ရင်လဲ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါဟာလဲ နိုင်ငံခြားဝင်ငွေတစ်ဖက် တစ်လမ်းကရရှိစေသလို စကျင်ကျောက်ကုန်ကြမ်းတွေကို ကုန်ချောပြုလုပ်တဲ့လုပ်ငန်းစဉ်အဆင့်ဆင့်က သခံတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနေတာလဲဖြစ်ပါတယ်။ အဲဒီနောက် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်အဖြစ် ထင်ရှားတဲ့ ဘုရားသုံးဆူကိုလဲ ဝင်ရောက်လေ့လာခဲ့ရာ ဘုရားသုံးဆူရဲ့ ဗိသုကာ ရှေးခေတ်အနုပညာလက်ရာနဲ့ ယဉ်ကျေးမှုတို့ကိုလဲ မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရခဲ့ပါတယ်။
တတိယရက်မှာတော့ အာ့ဟိုင်းရေကန်အနီးရှိကျေးရွာတွေကို သွားရောက်ခဲ့ရာ ရေကန်ပတ်ဝန်းကျင် သာယာလှပရေး၊ ရေကန်ရဲ့ ပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စီမံကိန်းတွေ့ချမှတ်ဆောင်ရွက်နေမှုကို လေ့လာခဲ့ရပါတယ်။ အာ့ဟိုင်းရေကန် သာယာလှပရေးကို ဒေသခံတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အာ့ဟိုင်းရေကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၂ ခုနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အခုဆိုရင် သုံးနှစ်ရှိပြီဖြစ်ပြီး ထိုစီမံကိန်းတွင် ဒေသခံများကို ရေကန်ကြီးညစ်ညမ်းမှုမဖြစ်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးနည်းလမ်းတွေကို နည်းမှန်လမ်းမှန် အသုံးပြုတတ်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတနည်းပါးတဲ့ ကျေးရွာနေဒေသခံပြည်သူလူထုကို မြေအောက်ရေ အပါအဝင် မြစ်ရေတွေမညစ်ညမ်းစေရေးအတွက် မြေဩဇာသုံးရာမှာ သဘာဝဓာတ်မြေဩဇာ ၉၀ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာ ၁ဝ ရာခိုင်နှုန်းကို စနစ်တကျ ပေါင်းစပ်အသုံးပြုနည်းတွေကို ဝေမျှပေးနေတဲ့အပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနဲ့ ကျေးလက်ဒေသရဲ့ လယ်ယာကဏ္ဍဖြိုးတိုးတက်စေရေး လုပ်ဆောင်မှုတွေလဲပါပါတယ်။
အဲဒီနောက် အာ့ဟိုင်းရေကန်ကို ရေခန်းခြောက်မှု မဖြစ်စေရေး ရေထောက်ပံ့နေတဲ့ဆည်ကိုသွားရောက်လေ့လာခဲ့ရာ ထိုဆည်ဟာ အာ့ဟိုင်းရေကန်ကို သာမက အနီးဝန်းကျင်က စိုက်ပျိုးလယ်ယာမြေများစွာကို ရေထောက်ပံ့ပေးနေတဲ့အပြင် ဆည်ကနေ ရေအားလျှပ်စစ်လဲ ထုတ်လုပ်နေတာကို တွေ့ရပါတယ်။
ဆက်လက်ပြီး အခုဟိုင်းရေကန်အနီးမှာရှိတဲ့ ကျေးရွာက ရေမှော်ထုတ်လုပ်တဲ့ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ ထိုကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။ အဲဒီကုမ္ပဏီဟာ ရေမှော်ကနေ စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ သယ်ယူပို့ဆောင်ရေးလောင်စာ၊ စိုစွတ်မြေအတွက် လိုအပ်တဲ့ဓာတ်မြေဩဇာတွေကို ထုတ်လုပ်လျက်ရှိတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေ တာကိုလဲ သိခဲ့ရပါတယ်။
စတုတ္ထရက်မှာတော့ ပင်းချွမ်းကောင်တီရှိ အော်ဂဲနစ် ဒေသထွက်ကုန်ရောင်းဝယ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ပါတယ်။ ထိုကုမ္ပဏီဟာ အော်ဂဲနစ် ဒေသထွက်ကုန်တွေဖြစ်တဲ့ ပန်းသီး၊ လိမ္မော်သီး၊ တလည်းသီး၊ စပျစ်သီး၊ ကြက်သွန်ဖြူစတာတွေကို စိုက်ပျိုးထုတ်လုပ်ကာ အိမ်နီးချင်း အဆီယံနိုင်ငံ တွေဆီကို တင်ပို့ပါတယ်။ ၎င်းတို့ရဲ့ ဒေသထွက်ကုန်တွေရဲ့ သဘာဝကိုအခြေခံတဲ့ စိုက်ပျိုးမှု၊ သိုလှောင်မှု၊ ထုပ်ပိုးမှုတွေကို လေ့လာခဲ့ရပါတယ်။
ဒါ့ပြင် သာ့လီမြို့ရဲ့ DL TV ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီ တီဗီရုပ်သံလိုင်းဟာ 6K Resolution နဲ့ ထုတ်လွှင့်လျက်က်ရှိပြီး သာ့လီမြို့ရှိဒေသသတင်း၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှု စတာတွေ အဓိကထုတ်လွှင့်တဲ့ရုပ်သံလိုင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွေထဲမှာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ဆုံးတည်ဆောက်ထားတဲ့ ထုတ်လွှင့်ရုံဖြစ်ပါတယ်။
ဒီလေ့လာရေးခရီးစဉ်ကနေ တကယ့်ကို ဗဟုသုတ ဖြစ်ဖွယ်ရာတွေကို လေ့လာမှတ်သားခဲ့ရပါတယ်။ ဒီလိုနဲ့ လည်ပတ်စရာ၊ လေ့လာစရာတွေအပြီးမှာတော့ စာရေးသူတို့ လေ့လာရေးအဖွဲ့ဟာ အချိန်တန် အိမ်ပြန်ကြရတော့မှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ သာ့လီမြို့ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေလာရောက်လည်ပတ် ချင်စဖွယ်ဖြစ်အောင်၊ ထိုဒေသရဲ့ စီးပွားရေး ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် တစ်ဖက်က ဆောင်ရွက်နေသလို ခေတ်မီဖွံ့ဖြိုးတိုးတက်တာနဲ့အတူ ဒွန်တွဲပါလာတတ်တဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုလဲ အနာဂတ်ကို ကြိုတင်မှန်းဆပြီး ဂေဟစနစ်ထိန်းသိမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျေးရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရနိုင်ပါ။ အုပ်ချုပ်တဲ့အစိုးရ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မဲ့ ဒေသခံ ပြည်သူတွေလိုအပ်ပါတယ်။ ကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်ဖို့ဆိုတာ ပြိုင်တူတွန်းမှ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ ယုံကြည်ရေးသားအပ်ပါတယ်။
ရတနာပုံသတင်းစာ

ရှည်လျားခိုင်မာနေခဲ့သော သမားရိုးကျ အယူအဆများနှင့် ဆန့်ကျင်ဘက်အနေဖြင့် အိမ်ထောင်ပြု ခြင်းသည် အမျိုးသားများအား ငွေကြေးဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာတည်ငြိမ်မှုကို ပေးစွမ်းနိုင် သောကြောင့် အမျိုးသားများသည် စောစီးစွာ အိမ်ထောင်ပြုလိုကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားသည်။
"Pretty Woman" သို့မဟုတ် "Sleepless in Seattle" ကဲ့သို့သော ဂန္ထဝင်အမေရိကန် ရုပ်ရှင်များ သည် ဆက်ဆံရေးအတွင်း ကျားမအခန်းကဏ္ဍများဆိုင်ရာ လူသိများသည့် အမြင်များကို ရောင်ပြန် ဟပ်ကာ အမျိုးသမီး ဇာတ်လိုက်များသည် စောစောစီးစီး အိမ်ထောင်ပြုလိုကြသည်ဟု မကြာခဏ သရုပ်ဖော်ကြသည်။
Kinsey Institute မှ အကြီးတန်း သုတေသန ပညာရှင် Justin Lehmiller က "အမျိုးသမီးများ သည် 'စိတ်ချင်းရင်းနှီးသည့် တာဝန်ယူမှုရှိသောဆက်ဆံရေး (သို့) ကတိသစ္စာပြုခြင်း' (အိမ်ထောင်ပြုခြင်း) ကို ပိုလိုအပ်ပြီး အရာရာကို မြန်မြန်ဆန်ဆန် လုပ်လေ့ရှိကြောင်း မကြာခဏ ရှုမြင်တတ်ကြပါသည်" ဟု ဆိုသည်။
သို့သော် DatingNews.com နှင့် Kinsey Institute တို့မှ အမေရိကန် လူပျို/ အပျိုများအပေါ် ပြုလုပ် ခဲ့သော နောက်ဆုံးရ သုတေသနတွေ့ရှိချက်သည် ထိုအယူအဆကို ဆန့်ကျင်ဖော်ပြခဲ့သည်။ ရလဒ် များအရ အမျိုးသား ၂၉% နီးပါးသည် အတူတကွ အိမ်တစ်အိမ်တည်းနေရန် လုပ်ငန်းစဉ်ကို အရှိန်မြှင့် လိုကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီး ၁၉% ကသာ အလားတူဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ အိမ်ထောင် ပြုခြင်းနှင့်ပတ်သက်၍ အမျိုးသား ၁၉% က အိမ်ထောင်ပြုလိုကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီး ၁၃.၇% ကသာ အိမ်ထောင်ပြုလိုကြောင်း ဖော်ပြခဲ့သည်။
Kinsey Institute က အဆိုပါအလားအလာကို ရှင်းပြရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းလာပြီး ဈေးနှုန်းများ မြင့်တက်နေသော အမေရိကန်နိုင်ငံ၏ ခက်ခဲသော စီးပွားရေး အခြေအနေတစ်ရပ်တွင် အမျိုးသားများသည် ၎င်းတို့၏ ငွေကြေးအခြေအနေကို တည်ငြိမ်စေလိုပြီး နေထိုင်မှုစရိတ်များကို ချွေတာလိုသောကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထို့အပြင် ကျွမ်းကျင်သူများက အမျိုးသားများသည် လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အထောက် အပံ့၏ အဓိကအရင်းအမြစ်တစ်ခုအနေဖြင့် ချစ်ခြင်းမေတ္တာဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကိုး ကြောင်း ညွှန်ပြကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အမျိုးသမီးများသည် မိတ်ဆွေများနှင့် မိသားစုဝင် များ၏ ကျယ်ပြန့်သော အကူအညီပေးနိုင်သည့် ကွန်ရက်ကြောင့် ပိုမိုကောင်းမွန်သော ပျော်ရွှင်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း ကနေဒါနိုင်ငံ၊ Toronto တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Geoff Mac Donald ၏ သုတေသနအရ သိရသည်။
ယောက်ျားပီသမှုဆိုင်ရာ ရိုးရာယူဆချက်များသည် အမျိုးသားများအား ၎င်းတို့၏ ခံစားချက်များကို ဖော်ပြရန်နှင့် ၎င်းတို့၏ အရွယ်တူများနှင့် နက်ရှိုင်းသော၊ ရင်းနှီးသော ဆက်ဆံရေးများ ဖွဲ့စည်းရန် ခက်ခဲစေတတ်ကြောင်း Lehmiller က ထပ်လောင်းပြောကြားခဲ့သည်။ "ထို့ကြောင့် ၎င်းတို့သည် ရင်းနှီးမှုနှင့် ဆက်သွယ်မှုကို အဓိကအားဖြင့် ချစ်ခြင်းမေတ္တာဆိုင်ရာ ဆက်ဆံရေးများတွင် ရှာဖွေလေ့ ရှိကြသည်" ဟု ၎င်းက ဆိုသည်။
ထိုအချက်ကို အချစ်ရေး အကြံပေးပညာရှင်များကလည်း သတိပြုမိကြသည်။ Relationship Hero အကြံပေးကုမ္ပဏီ၏ ဒါရိုက်တာ Kyle Scheinkman က ၎င်း၏ ကိုယ်တိုင်အတွေ့အကြုံများမှ တစ်ဆင့် ၎င်း၏ အကြံပေးခံရသူအမျိုးသားများသည် အိမ်ထောင်ပြုရန် စိတ်အားထက်သန်ကြောင်း မကြာခဏ သတိပြုမိခဲ့ကြောင်း ပြောကြားခဲ့သည်။ "အမျိုးသားတွေက အကြံပေးခံယူမှု ပိုများလာ နေပြီး ၎င်းတို့အနေဖြင့် ချက်ချင်းပဲအိမ်ထောင်ဖက်ရှာဖို့ မျှော်လင့်ချက်ဖြင့် ကာလရှည်သင်တန်း တွေမှာ မကြာခဏ တက်ရောက်ကြပါသည်" ဟု ၎င်းက မျှဝေခဲ့သည်။
အမျိုးသားများ စောစီးစွာ အိမ်ထောင်ပြုလိုကြခြင်းတွင် အပြုသဘောဆောင်သော အချက်များရှိ သည်။ အိမ်ထောင်ပြုခြင်းသည် အမျိုးသားများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေး ဆိုင်ရာ အကျိုးကျေးဇူးများစွာရှိပြီး ၎င်းတို့အား ပိုမိုတည်ငြိမ်သောဘဝရရှိစေရန် ကူညီပေးကြောင်း သက်သေပြခဲ့သည်။
သို့သော် ကျွမ်းကျင်သူများက ဂရုတစိုက် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ အိမ်ထောင်ပြုရန် အလျင်စလို လုပ်ဆောင်ခြင်းသည် ဆက်ဆံရေးတွင် ခိုင်မာသော အခြေခံမရှိဘဲ ပြိုကွဲမှုအန္တရာယ် ပိုမိုမြင့်မား စေနိုင်ကြောင်း သတိပေးထားကြသည်။
အမေရိကန်ပြည်ထောင်စုရှိ သုတေသနများက ကွာရှင်းပြတ်စဲမှုများ၏ ၆၆-၆၉% ကို အမျိုးသမီး များမှ စတင်ကြောင်း ဖော်ပြထားသည်။ Marriage.com မှ ကျွမ်းကျင်သူများက စုံတွဲများအား လအနည်းငယ်သာ ချစ်ခင်ရင်းနှီးပြီးနောက် အိမ်ထောင်ပြုရန် အလျင်စလိုမလုပ်ဘဲ ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်ရန် အချိန်ယူသင့်ကြောင်း အကြံပြုထားသည်။
"လူမှုရေးရှုထောင့်မှ ကြည့်လျှင် အမျိုးသားများ စောစီးစွာ အိမ်ထောင်ပြုလိုကြသည့် အလားအလာ သည် ပြောင်းလဲလာသော ကျားမအခန်းကဏ္ဍများကို ရောင်ပြန်ဟပ်ကာ ဆက်ဆံရေးအတွင်း ကျားမတန်းတူညီမျှမှုကို မြှင့်တင်နိုင်သည်" ဟု Lehmiller က ဆိုသည်။
VN Express ဆောင်းပါးရှင် Ngoc Ngan တွင် ရေးသားသည့် “Men and women - who needs marriage more?” ဆောင်းပါး အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင်ဘာသာပြန်ဆိုထားပါသည်။

၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၈၀ ကျော်က ကမ္ဘာစစ်ကြီးနှစ်ခု၏ နာကျင်ဖွယ်ရာ သင်ခန်းစာများကို လေးနက်စွာ တွေးတောဆင်ခြင်မှုအပေါ်အခြေခံ၍ နိုင်ငံတကာအသိုက်အဝန်းက ကုလသမဂ္ဂကိုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ လက်တွေ့ကျလုပ်ဆောင်မှု အသစ်တစ်ရပ်ကို စတင်ခဲ့သည်။
နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်း ကုလသမဂ္ဂ ကို ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများစသည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အတွေးအခေါ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်အတွက် သမိုင်းဝင်အကျိုးပြုမှုများ ထမ်းဆောင်ခဲ့ကြပါသည်။
လက်ရှိ နိုင်ငံတကာအခင်းအကျင်းက ရှုပ်ထွေးပွေလီနေပြီး ကုလသမဂ္ဂနှင့် နိုင်ငံစုံဝါဒလည်း ထိခိုက်ခံရ၍ ကမ္ဘာလုံးဆိုင်ရာ လိုငွေပြမှုသည် ဆက်လက်ကျယ်ပြန့်လာသည်။ လက်ရှိ နိုင်ငံတကာ ယန္တရားများတွင် အဓိကချို့ယွင်းချက် သုံးခု ကြုံတွေ့နေရသည်။ ပထမအချက်မှာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုမှာ လွန်စွာမလုံလောက်ပါ။ ထွန်းသစ်စဈေးကွက်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုပေါင်းထကြွမှုကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုကို မဖြစ်မနေ မြှင့်တင်ရန်နှင့် သမိုင်း ဆိုင်ရာ မမျှတမှုများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပါသည်။
ဒုတိယအချက်မှာ အခွင့်အာဏာ ဖြည်းဖြည်းချင်း ပျက်ပြားနေသည်။ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ထိထိရောက်ရောက် လိုက်နာခြင်းမရှိ၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်လျက်ရှိပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ စသည့် လုပ်ဆောင်ချက်များက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသည် ဖျက်ဆီးခြင်း ခံနေရပါသည်။
တတိယအချက်မှာ ထိရောက်မှုကို မြှင့်တင်ရန် လိုအပ်ပါသည်။ ကုလသမဂ္ဂ (၂၀၃၀) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည် ဖော်ရာတွင် ဆိုးရွားစွာ နောက်ကျကျန်နေခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကွဲပြားခြားနားမှုကဲ့သို့သော ပြဿနာများ ပိုမိုထင်ရှားလာပြီး ဉာဏ်ရည်တု၊ ဆိုက်ဘာစပေ့နှင့် အာကာသအပြင်ဘက် ကဲ့သို့သော နယ်နိမိတ်အသစ်များ၏ စီမံခန့်ခွဲမှုမှာလည်း အားနည်းနေပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပေးသူ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို ကာကွယ်သူနှင့် အများပြည်သူဆိုင်ရာ ကုန်ပစ္စည်းများကို ပံ့ပိုးပေးသူအဖြစ် အမြဲရပ်တည်လျက်ရှိ ပါသည်။ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို အဆိုပြုခြင်းသည် “မည်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မည်ကဲ့သို့ ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းရမည်”ဟူသော ခေတ်ကာလ၏ ပုစ္ဆာများကို အာရုံစိုက်၍ ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ထိန်းသိမ်းပြီး အာလုံးအတူ ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှုနှင့် မျှဝေခံစားမှုများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုသဘောတရားကို ကျင့်သုံးခြင်းဖြင့် ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ အတူတကွလက်တွဲ ချီတက်ရန်ရည်ရွယ်ပါသည်။
အဓိက သဘောတရားများ
(က) အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ခိုင်ခိုင် မာမာ လက်ကိုင်စွဲထားရန်
ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ ရှေးဦးအခြေခံအချက်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင် တန်းတူညီမျှမှုသည် နိုင်ငံနှင့်နိုင်ငံကြား ဆက်ဆံရေးကို ထိန်းညှိပေးသည့် အရေးကြီးဆုံး စံနှုန်းဖြစ်သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများနှင့် အဖွဲ့အစည်းများအားလုံးက လိုက်နာသော အခြေခံမူဖြစ်သည်။ အချုပ်အခြာအာဏာ တန်းတူညီမျှမှု၏ စစ်မှန်သော အဓိပ္ပာယ်မှာ နိုင်ငံအားလုံးသည် နိုင်ငံကြီးငယ်မရွေး၊ အင်အားကြီးငယ်မဟူ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို မဖြစ်မနေလေးစားကြရမည်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ၊ နိုင်ငံအားလုံးသည် မိမိတို့၏ လူမှုစနစ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင် တန်းတူညီမျှစွာ ပါဝင်ခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ခွင့်နှင့် အကျိုးခံစားခွင့်တို့ ရှိရမည်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို တိုးမြှင့်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို နိုင်ငံအများစု၏ အကျိုးစီးပွားနှင့် မျှော်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်ပြသနိုင်စေရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့်ပြောဆိုခွင့်ကို မြှင့်တင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။
(ခ) နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်
ဤသည်မှာ ကမ္ဘာ့အုပ်ချုပ်ရေး၏ အခြေအမြစ် အာမခံချက်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများအဖြစ် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုထားပြီး မယိမ်းမယိုင် ထိန်းသိမ်းလိုက်နာရမည်ဖြစ်သည်။ ထွန်းသစ်စနယ်ပယ်များတွင် ကျယ်ပြန့်သော အများဆန္ဒကို အခြေခံ၍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသင့်သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ညီတူညီမျှကျင့်သုံးမှု သေချာစေရန်နှင့် စံနှုန်းနှစ်မျိုး (double standards) မထားသင့်ကြောင်း သို့မဟုတ် တစ်ပါးသူကို အတင်းအကျပ် လုပ်ဆောင်စေခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။ နိုင်ငံတကာဥပဒေ၏ အခွင့်အာဏာနှင့် လေးနက်မှုကို ထိန်းသိမ်းထားရန်၊ အထူးသဖြင့် အင်အားကြီးနိုင်ငံများက နိုင်ငံတကာတရားဥပဒေ စိုးမိုးရေး၏အဆိုပြုသူနှင့် ထိန်းသိမ်းသူအဖြစ် ဦးဆောင်သင့်သည်။
(ဂ) နိုင်ငံစုံဝါဒကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်
ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အခြေခံကျသော ချဉ်းကပ်မှုဖြစ်သည်။ နိုင်ငံစုံဝါဒ သည် လက်ရှိနိုင်ငံတကာစနစ်နှင့် စည်းမျဉ်း စည်းကမ်း၏ အလယ်ဗဟိုချက် အတွေးအခေါ်ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှု၊ မျှဝေခံစားမှုများဆိုင်ရာ စည်းမျဉ်းကို စွဲမြဲလိုက်နာရမည်ဖြစ်ကာ ကမ္ဘာ့အရေးကိစ္စများကို အားလုံးအတူဆွေးနွေးပြီး စီမံခန့်ခွဲမှုစနစ်ကို အားလုံးက တည်ဆောက်သင့်ပြီး စီမံခန့်ခွဲမှု၏ အသီးအပွင့်များကို အားလုံးမျှဝေသင့်သည်။ တစ်ဖက် သတ်ဝါဒကို ရှောင်ရှားသင့်သည်။ ကုလသမဂ္ဂသည် နိုင်ငံစုံဝါဒကို ကျင့်သုံးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံ ခန့်ခွဲမှုကို တိုးမြှင့်တင်ရန်အတွက် အဓိကပလက်ဖောင်းဖြစ်သည်။ ယင်း၏ အခန်းကဏ္ဍသည် အားလျော့ခြင်းမဟုတ်ဘဲ အားကောင်းနေရမည်။ အခြားသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဘက်စုံယန္တရားများသည် ၎င်းတို့၏ အားသာချက်များကို တည်ဆောက်ရန်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ကာ ခွဲခြားဆက်ဆံမှု သို့မဟုတ် ဖယ်ထုတ်ခြင်း (Excludability) အစီအစဉ်များကို ရှောင်ရှားသင့်သည်။
(ဃ) လူသားကို အခြေခံသည့် ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်
ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ တန်ဖိုးရှိသောဦးတည်ချက်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အခြေခံအကျဆုံး ပါဝင်ဆောင်ရွက်သူများနှင့် အကျိုးခံစားရသူများ ဖြစ်ကြသည်။ ပြည်သူများ၏ရရှိမှုကို ပန်းတိုင်အဖြစ် ထားရှိပြီး ပြည်သူများအတွက် ယုံကြည်မှုနှင့် တည်ငြိမ်သော မျှော်လင့်ချက်ကို အဆက်မပြတ်ဖန်တီးပေးနိုင်မှသာလျှင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်သည် ကျယ်ပြန့်သောထောက်ခံမှုကို ရရှိနိုင်မည်ဖြစ်ပြီး ထိရောက်စွာ လည်ပတ်နိုင်မည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲခြင်း၊ မွမ်းမံခြင်းများပြုလုပ်ရန်လိုအပ်ပြီး ၎င်းသည် ဘုံဖွံ့ဖြိုးရေးကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော ရရှိမှုအမြင်ကို ဖန်တီးပေးရန်၊ လူ့အဖွဲ့အစည်းကြုံတွေ့နေရသော ဘုံစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော လုံခြုံမှုရှိခြင်းကို ဖန်တီးပေးရန်နှင့် ကွဲပြားသောနိုင်ငံများနှင့် အုပ်စုများ၏ ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော ပျော်ရွှင်မှုရှိခြင်းကို ဖန်တီးပေးရန် ဖြစ်သည်။
(င) ထိရောက်သောရလဒ်ရရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်းကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်
ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု၏ အရေးကြီးသော စည်းမျဉ်းတစ်ရပ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကအသုံးဝင် (သို့မဟုတ်)အသုံးမဝင်ခြင်းသည် လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ မဖြေရှင်းနိုင်ခြင်းအပေါ် အဓိကတည်မှီသည်။ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များက တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိရာ စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ စနစ်တကျ စီမံချက်ချမှတ်ခြင်းနှင့် စုပေါင်းတိုးမြှင့် ဆောင်ရွက်ခြင်းတို့ လိုအပ်သည်။
ရောဂါလက္ခဏာနှင့် အမြစ်ကိုပါ ကုသရန်လိုအပ်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ရှာဖွေရမည်။ လက်ရှိအရေးတကြီးဖြေရှင်းရမည့် ပြဿနာများကိုသာမက နောင်တွင်ကြုံတွေ့နိုင်သော ရေရှည်စိန်ခေါ်မှုများကိုပါ ရှုမြင်သုံးသပ်ရန် လိုအပ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးအနက်ထားပြီး အရင်းအမြစ်များစွာနှင့် ပြည်သူလူထုကောင်းစားရေးဆိုင်ရာ ကုန်ပစ္စည်းများစွာ ထောက်ပံ့ရမည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စုပေါင်းအင်အားဖြင့် ကိုယ့်ကိုယ်ကိုယ်အားကိုးရန်နှင့် မိမိတို့၏စွမ်းဆောင်နိုင်သည့် အတိုင်းအတာအတွင်းမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။
နောက်လုပ်ဆောင်မည့် အစီအစဉ်
ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI)သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (GCI)တို့အပြီး တရုတ်နိုင်ငံက ထပ်မံအဆိုပြုလိုက်သည့် အရေးပါသော အစီအမံတစ်ရပ်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံသည် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အာရုံစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် နိုင်ငံတကာအငြင်းပွားမှုများကို ညှိနှိုင်းဆွေးနွေးဖြေရှင်းရန် ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံသည် ယဉ်ကျေးမှုများ ဆက်သွယ်ပြောဆိုရေးနှင့် အပြန်အလှန်ဖလှယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ယန္တရားများ ပြုပြင်ပြောင်းလဲရေး၏ ဦးတည်ချက်၊ စည်းမျဉ်းနှင့်လမ်းကြောင်းကို သတ်မှတ်ပေးထားသည်။ အစီအမံလေးရပ်သည် တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်းမရှိဘဲ ရှုပ်ထွေးနေသော ကမ္ဘာကြီးအား ကွဲပြားသောရှုထောင့်များမှ အပြုသဘောသော အင်အားများ ပိုမိုထည့်သွင်းပေးနိုင်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအားကောင်းသော တွန်းအားပေးမှုကို ဖြစ်စေပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ “ခိုင်ခိုင်မာမာကိုင်စွဲထားရမည့် ငါးချက်” ဆိုင်ရာ အခြေခံသဘောတရားက ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများနှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံအများစု၏ တူညီသော မျှော်လင့်ချက်နှင့် ကိုက်ညီသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းသည် လက်ရှိနိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ပြန်လည် ဖျက်သိမ်းခြင်း မဟုတ်သကဲ့သို့ လက်ရှိနိုင်ငံတကာစနစ်အပြင်ဘက်တွင် အခြေခံအုတ်မြစ်သစ်ထောင် ခြင်းလည်းမဟုတ်ဘဲ လက်ရှိနိုင်ငံတကာစနစ်နှင့် နိုင်ငံတကာယန္တရား၏ အကောင်အထည် ဖော်ဆောင်မှု၊ ထိရောက်မှုကို မြှင့်တင်ရန်နှင့် ပြောင်းလဲနေသော အခြေအနေများနှင့် ကိုက်ညီစေရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား အချိန်မီထိရောက်စွာ တုံ့ပြန်ဖြေရှင်းနိုင်စေရန်နှင့် နိုင်ငံအသီးသီး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်စေရန်ဖြစ်သည်။
နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲပါစေ၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေပြုသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး သမိုင်းတိုးတက်မှု၏ မှန်ကန်သော လမ်းကြောင်းဘက်တွင် ခိုင်ခိုင်မာမာရပ်တည်ကာ ကမ္ဘာ့တိုးတက်မှုအင်အားစုအားလုံးနှင့် လက်တွဲ၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး လူ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမှုကြီးအတွက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
ကျွန်တော်တို့သည် မှန်ကန်သော လမ်းကြောင်းကို လိုက်နာမှု၊ ဆန်းသစ်တီထွင်မှု၊ တံခါးဖွင့်လှစ်မှု နှင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်မှုဆိုင်ရာ စိတ်ဓာတ်ကို ဆုပ်ကိုင်ထားပြီး ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှု၊ မျှဝေခံစားမှုများဆိုင်ရာ စည်းမျဉ်းကို လိုက်နာကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံမူဘောင်အောက်တွင် နိုင်ငံအသီးသီးနှင့် မူဝါဒဆိုင်ရာ ဆက်သွယ်ညှိနှိုင်းမှုကို အားကောင်း စေပြီး ကျယ်ပြန့်သော သဘောတူညီချက်ကို စုစည်းကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုပြုပြင် ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းဆိုင်ရာ နည်းလမ်းများကို ကြွယ်ဝစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျွန်တော်တို့သည် ကုလသမဂ္ဂ၊ ဆက်စပ်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း၊ ဒေသတွင်းခွဲ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အခြေခံ၍ နိုင်ငံအသီးသီးနှင့်အတူ တက်ကြွသော လုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းအတွက် ဉာဏ်ပညာနှင့် စွမ်းအားကို စုစည်းသွားမည်ဖြစ်သည်။ နိုင်ငံတကာဘဏ္ဍာရေး ဆိုင်ရာ ပြင်ဆင်မွမ်းမံမှု၊ ဉာဏ်ရည်တု၊ ဆိုက်ဘာနယ်ပယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေး၊ အာကာသအပြင်ဘက် စသည့်စီမံခန့်ခွဲရေး ချို့တဲ့မှုများသော နယ်ပယ်များနှင့် ကုလသမဂ္ဂ၏ ဩဇာအာဏာနှင့် အချက်အချာကျမှုကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ခြင်း၊ ကုလသမဂ္ဂ၏ “Pact for the Future” ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်း စသည့်နယ်ပယ်များတွင် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအမံကို စုစည်းကာ ရလဒ်ကို သေချာစေပြီး ကနဦးရလဒ်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။
လူသားများသည် တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်နေထိုင်ကြသည့် အေးအတူပူအမျှ အသိုက်အဝန်း တစ်ရပ်ဖြစ်လာပြီဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို အားကောင်းစေခြင်းသည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို အတူတကွမျှဝေခံစားရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် မှန်ကန်သောရွေးချယ်မှုတစ်ရပ် ဖြစ်သည်။
တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းဆိုင်ရာ နည်းလမ်းကို လက်တွဲရှာဖွေကာ ငြိမ်းချမ်းသော၊ လုံခြုံသော၊ သာယာဝပြောသော၊ တိုးတက်သော အနာဂတ်ကို အတူတကွဖန်တီးကြမည်ဖြစ်သည်။ ။

တစ်ချိန်က ကမ္ဘာကျော် မြို့တော်ကြီး၏ ဂုဏ်ယူစရာ မြို့လယ်ခေါင်ဖြစ်ခဲ့သော လော့စ်အိန်ဂျလိစ် မြို့၏ Historic Core ဒေသသည် ယခုအခါ ဆိုင်များပိတ်သိမ်းမှု၊ အိုးမဲ့အိမ်မဲ့များ များပြားလာမှုတို့ ကြောင့် စွန့်ပစ်ထားသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၂၀ ရာစုအစောပိုင်းကတည်းက ထိုဒေသသည် လော့စ်အိန်ဂျလိစ်၏ အစည်ကားဆုံး စီးပွားရေးနှင့် ဖျော်ဖြေရေးဗဟိုချက်ဖြစ်ခဲ့သည်။ Art Deco ဗိသုကာလက်ရာ အဆောက်အအုံများ၊ ဇိမ်ခံရုပ်ရှင်ရုံ များနှင့် အမြင့်မားဆုံး ရုံးအဆောက်အဦများသည် ထိုနေရာတွင် စုစည်းတည်ရှိခဲ့ပြီး မြို့၏အလှ တရားနှင့် စည်ပင်ဝပြောမှုကို ကိုယ်စားပြုခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ထိုဒေသသည် တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။
NY Post ၏ ဖော်ပြချက်အရ Historic Core တွင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပိတ်သိမ်းထားပြီ ဖြစ်ကာ Avison Young သုတေသနအဖွဲ့၏ အဆိုအရ စီးပွားရေးဆိုင်ရာ နေရာများ၏ သုံးပုံတစ်ပုံခန့် အလွတ်ဖြစ်နေသည်။ လမ်းဘေးတွင် အိပ်စက်နေသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို နေ့အလင်း ရောင်အောက်တွင် မကြာခဏမြင်တွေ့နေရပြီး လုံခြုံမှုနည်းပါးလာသည်။
သမိုင်းဝင်အဆောက်အအုံများရှိနေသေးသော်လည်း ပြတင်းပေါက်မှန်ကွဲများ၊ နံရံများပေါ်တွင် အရေးအသားများနှင့် ညစ်ပတ်နေသော လမ်းဘေးအခြေအနေများက ဒေသ၏ ဆုတ်ယုတ်မှုကို သရုပ်ဖော်နေသည်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုနှင့်အတူ အွန်လိုင်းဈေးရောင်းဝယ်မှု တိုးပွား လာခြင်းတို့က ရုပ်ပိုင်းဆိုင်ရာ ဆိုင်များကို ထိခိုက်စေခဲ့သည်။လော့စ်အိန်ဂျလိစ်တွင် အိမ်ခန်းငှားရမ်းခ မြင့်မားမှုကြောင့် အိုးမဲ့အိမ်မဲ့ဦးရေ တိုးပွားလာစေလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း မက်ဖက်တမင်းနှင့် အခြားမူးယစ်ဆေးများ အလွယ်တကူရရှိမှုက ထိုပြဿနာကို ပိုမိုဆိုးရွားစေခဲ့ သည်။
မြို့တော်အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများက ဒေသကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေ သော်လည်း အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ သမိုင်းဝင်အမွေအနှစ်များ ပျောက်ကွယ်မသွား စေရန်နှင့် လူနေမှုအဆင့်အတန်း ပြန်လည်မြင့်တက်လာစေရန် ပိုမိုထိရောက်သော အစီအမံများ လိုအပ်နေသည်။
ပြစ်မှုများ၊ စံချိန်တင် ငှားရမ်းခများနှင့် လူသွားလူလာနည်းပါးလာမှုတို့ကြောင့် အခိုင်မာဆုံး စီးပွားရေး လုပ်ငန်းများပင် လော့စ်အိန်ဂျလိစ် မြို့လယ်မှ ဆုတ်ခွာလာခဲ့ရသည်။ လော့စ်အိန်ဂျလိစ်၏သက်တမ်း အရှည်ကြာဆုံး စားသောက်ဆိုင်ဖြစ်သော Cole’s French Dip သည် ၎င်းတို့၏ ဆိုင်ပိတ်သိမ်းမည့် အကြောင်း ကြေညာစာတွင် "ရေရှည်တည်တံ့ခဲ့သော လွတ်လပ်သည့်စားသောက်ဆိုင်များစွာသည် ထိုအခြေအနေများကြောင့် ပိတ်သိမ်းခဲ့ရပြီး၊ ကျန်ရှိနေသေးသည့်ဆိုင်များလည်း ဆက်လက်ရပ်တည် နိုင်ရေး ရုန်းကန်နေရသည်" ဟု ဖော်ပြခဲ့သည်။
အသေးစားလုပ်ငန်းများသာမက စားသောက်ဆိုင်ကြီးများနှင့် ကုန်စုံဆိုင်များပါ စိတ်ပျက်ဖွယ်နှုန်းဖြင့် ပိတ်သိမ်းလာကြသည်။ အမေရိကတွင် သက်တမ်းအရင့်ဆုံး ကုန်တိုက်ကြီးဖြစ်သော Macy’s သည် ယခုနှစ်အတွင်း Historic Core ရှိ ဆိုင်ခွဲကို ပိတ်မည်ဟု ကြေညာခဲ့ပြီး နှစ်ပေါင်း ၁၅၀ အတွင်း မြို့လယ်တွင် ကုန်စုံဆိုင်ကြီးမရှိသည့် ပထမဆုံးအခိုက်အတန့် ဖြစ်လာမည်ဖြစ်သည်။
နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သည့် Vans, Theory, Paul Smith နှင့် Acne တို့သည် လည်း ထိုဒေသမှ ရုပ်သိမ်းသွားပြီဖြစ်သည်။ Starbucks သည်လည်း ၂၀၂၂ တွင် လုံခြုံရေးစိုးရိမ်မှု များကြောင့် မြို့လယ်ရှိ ဆိုင်ခွဲတစ်ခုကို ပိတ်ခဲ့သည်။ နွေရာသီအဓိကရုဏ်းများအတွင်း လုယက်ခံခဲ့ ရသော Adidas ဆိုင်မှာ ယနေ့ထိတိုင် ပြန်ဖွင့်မည့်အခြေအနေမရှိသေးပေ။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ လော့စ်အိန်ဂျလိစ်မြို့လယ်သို့ ဈေးဝယ်လာသူဦးရေသည် လအလိုက်ကျဆင်းလျက်ရှိပြီး Skid Row မှ အိုးမဲ့အိမ်မဲ့များ ပိုမိုဝင်ရောက်လာနေသည်။ Skid Row သည် တဲများ၊ ကတ်ထူပြားအိမ်များဖြင့် လူထောင်ချီနေထိုင်သော လော့စ်အိန်ဂျလိစ်၏ ကျော်ကြား သည့် အိုးမဲ့အိမ်မဲ့ဒေသဖြစ်သည်။
Historic Core တွင် အလုပ်လုပ်ကိုင်နေသော ဆံပင်ညှပ်ဆိုင်ပိုင်ရှင်တစ်ဦးက "သူတို့တွေ အခု Spring Street အထိ ရောက်လာနေပြီ" ဟု ပြောကြားခဲ့ပြီး၊ မကြာသေးမီက အိုးမဲ့အိမ်မဲ့တစ်ဦး ၎င်း၏ဆိုင် အတွင်းသို့ အတင်းဝင်ရောက်ကာ ပိတ်ဆို့နေခဲ့သည့်အတွက် ရဲများကိုခေါ်ယူခဲ့ရကြောင်း ဖွင့်ဟခဲ့ သည်။ "အရင်တုန်းက လူတွေကဒီမှာ ပါတီလုပ်ကြသည် ၊ တက္ကသိုလ်ကျောင်းသားတွေက အပြင် ထွက်ပြီး ဆံပင်ညှပ်ကြသည် ၊ ယခုတော့ အရာအားလုံး အရမ်းပြောင်းလဲသွားပြီ" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သမိုင်းပညာရှင် William Deverell ၏ အဆိုအရ COVID-19 မတိုင်မီက လော့စ်အိန်ဂျလိစ်မြို့လယ် သည် ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက မမြင်တွေ့ခဲ့ဖူးသော ပြန်လည်နိုးကြားမှုကို ကြုံတွေ့ခဲ့ရ သည်။ "၂၀၁၅-၂၀၂၀ က အထွတ်အထိပ်ဖြစ်ခဲ့သည်။ Arts District နှင့် Historic Core မှာ အနုပညာ နှင့် စီးပွားရေးအရှိန်အဟုန်တွေ ပြန်တက်လာခဲ့သည့်ကာလဖြစ်ခဲ့သည်" ဟု ၎င်းက ရှင်းပြခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ် တွင် COVID-19 ကပ်ရောဂါနှင့် Black Lives Matter (BLM) ဆန္ဒပြမှုများအတွင်း ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ လုယက်ဖျက်ဆီးခံရမှုများက ဒေသကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ လုပ်ငန်းများစွာသည် ပြန်ဖွင့်နိုင်ခြင်းမရှိဘဲ တစ်နှစ်အတွင်း ဒေဝါလီခံခဲ့ရသည်။
တစ်ချိန်က စည်ကားခဲ့သော အဆိုပါမြို့လယ်ခေါင်သည် ယခုအခါ လုံခြုံရေးစိုးရိမ်မှုများ၊ စီးပွားရေး ပြိုလဲမှုများနှင့် လူမှုရေးပြဿနာများကြောင့် ကမ္ဘာ့မြို့ကြီးများအတွက် သတိပေးနမူနာတစ်ခုအဖြစ် ရှိနေသည်။ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ သမိုင်းဝင်အဆောက်အအုံကြီးများသည် ယခုအခါ ပျက်စီး ယိုယွင်းလာနေပြီဖြစ်သည်။
Los Angeles Times ၏ ယခင် ဌာနချုပ်ဟောင်း ၊ ဂီတသမိုင်းဝင် Morrison Hotel (The Doors ဘန်ဒ်ကို နာမည်ရစေခဲ့သောနေရာ) ၊ Oceanwide Plaza အဆောက်အဦကြီးကဲ့သို့ စွန့်ပစ်ထားသော အဆောက် အအုံများသည် အိုးမဲ့အိမ်မဲ့များ၏ ခိုအောင်းရာနေရာများဖြစ်လာသည်။
Broadway ပေါ်ရှိ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် Benny က "မြို့တစ်ဝှမ်းလုံးတွင် မှုခင်းနှုန်း ကျဆင်း နေသော်လည်း မြို့လယ်က ခြွင်းချက်ဖြစ်နေသည်" ဟု ပြောကြားခဲ့သည်။"ထိုနေရာက အရာအားလုံး၁၈၀ ဒီဂရီ လှည့်ပြောင်းသွားပြီ" ဟု ၎င်းက ဆိုပြီး၊ မကြာသေးမီနှစ်များအတွင်း ၎င်းကို သေနတ်ဖြင့် နှစ်ကြိမ်ခြိမ်းခြောက်ခံရမှု အကြောင်းကိုလည်း ဖွင့်ဟခဲ့သည်။
မြို့တော်အာဏာပိုင်များက လုံခြုံရေးတိုးမြှင့်ခြင်း၊ စီးပွားရေးမြှင့်တင်ခြင်းများ ပြုလုပ်နေသော်လည်း အိုးမဲ့အိမ်မဲ့ပြဿနာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလိုအပ်ချက်များ ကြီးမားနေဆဲဖြစ်သည်။
VN Express တွင် Duc Trung ရေးသားသည့် “Downtown Los Angelese is deserted” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။