ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဗြိတိန်နိုင်ငံကို ဘာသာခြားတို့ ဝါးမျိုနေပြီလား
-
ဝက်ဖို့ဒ်မြို့ လန်လေးလမ်းရှိ ယခင် စိန့်သော မတ်ဘုရားရှိခိုးကျောင်းကို မွတ်စလင်ဗလီအဖြစ် ပြောင်းလဲရန် မြို့တော်ကောင်စီက အတည်ပြုလိုက်တယ်လို့ ဝက်ဖို့ဒ် ဒေသန္တရသတင်းစာ (4 February 2026) က ရေးပါတယ်။ ဝက်ဖို့ဒ်ဆိုတာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ဟာ့ဖို့ဒ်ရှိုင်းယားကောင်တီရှိ မြို့လေး တစ်မြို့ဖြစ်ပြီး လန်ဒန်မြို့လယ်မှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်ကြရာ ပုံနှိပ်နဲ့ ဘီယာချက်လုပ်ငန်းတို့ကြောင့် လူသိများပါတယ်။ သတင်းပါ “စိန့်သောမတ်ယူနိုက်တက် ခရစ်ယာန်သာသနာပြုပြင်ရေးဘုရားကျောင်း”ကို (၁၉၇၆) ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဒေသရဲ့ ထင်ရှားတဲ့အမှတ်အသား စက္ကူစာရွက် ပုံသဏ္ဌာန် ဆောက်လုပ် ထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြဿနာတွေကြောင့် အသုံးပြုဖို့မသင့်တော်တဲ့ အတွက် ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ရပြီး (၂၀၁၅)ခုနှစ်မှာ စတင်ပိတ်ထားလိုက်ရပါတယ်။ ဘုရားကျောင်း ဟာ အင်္ဂလိကန်အသင်းတော်နဲ့ နီးကပ်စွာဆောင်ရွက်လေ့ရှိပေမယ့် (၁၉၇၂)ခုနှစ်မှာ စတင် ပေါ်ပေါက် လာတဲ့ URC ခေါ် သီးခြားပရိုတက်စ်တင့်ဂိုဏ်းကွဲတစ်ခုဖြစ်ပါတယ်။ လန်လေးလမ်းမှာ တည်ရှိတဲ့ အဲဒီ ဘုရားကျောင်းကိုပိတ်ထားရပေမယ့် အသင်းသားတွေဟာ လမ်းမြောက်ပိုင်း မက်သဒစ် အသင်းတော်မှာ စုဝေးပူးပေါင်းပြီး ဆက်လက်ဝတ်ပြုနေခဲ့ကြပါတယ်။ မူလဘုရားကျောင်းနေရာကို အယ်လ်အွမ်မာ အစ္စလာမ်စင်တာခေါ် မွတ်စလင်ဝတ်ပြုရာနေရာအဖြစ် အသုံးပြုခွင့်ပေးရန် ဝက်ဖို့ဒ်မြို့တော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီက မဲခွဲအတည် ပြုခဲ့ကြပါတယ်။ တကယ်တော့ စိန့်သောမတ်စ်ဘုရားကျောင်းနေရာကို မွတ်စလင်ဘဏ္ဍာရေးအဖွဲ့ တစ်ခု ထံ စတာလင်ပေါင်ငွေ (၃.၅)သန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး၊ မွတ်စလင်အဖွဲ့က ဗလီတစ်ခုအဖြစ် ဖန်တီးရုံ သာမက ကလေးထိန်းဌာန၊ ကော်ဖီဆိုင်အဖြစ်ပြောင်းလဲခြင်းအားဖြင့် ဒေသခံတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း အချေအတင်ဆွေးနွေးခဲ့ကြပြီး ကားပါကင်နေရာ၊ အသံ ဗလံ ဆူညံနိုင်ခြေနဲ့ ဘာသာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် (၃၇)ဦးက ကန့်ကွက်ခဲ့ကြပါတယ်။ ကားရပ် နားရန်နေရာပြဿနာတွေဟာ စီမံခန့်ခွဲနိုင်တဲ့ကိစ္စဖြစ်ပြီး ဘာသာရေးဆိုင်ရာထိခိုက်နိုင်ကြောင်း ကန့် ကွက်မှုတွေဟာ စီမံကိန်းဆုံးဖြတ်ချက်တွေနဲ့မသက်ဆိုင်ကြောင်း လူ (၈၄)ဦးကထောက်ခံခဲ့ကြပါတယ်။ ဒီအတွက် မွတ်စလင်ဗလီဟာ လာမယ့်နွေရာသီမှာ ဖွင့်လှစ်နိုင်မယ်လို့မျှော်လင့်ရပါတယ်။ဒီကိစ္စဟာ နိုင်ငံတကာမှာ အတော်လှုပ်ခတ်မှုရှိတဲ့သတင်းမျိုးဖြစ်ပါတယ်။ အပေါ်ယံကြည့်ရင် ဗြိ တိန်မှာ ခရစ်ယာန်သာသနာဟာ ဆုတ်ယုတ်ကျဆင်းပြီး အစ္စလာမ်ဘာသာက ဝါးမျိုနေသယောင် ထင်မှတ်ရပါတယ်။ တကယ်တော့ ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်လျှင် ခရစ်ယာန် ဘုရား ကျောင်းတွေအားလုံး မွတ်စလင်ဗလီများအဖြစ် စနစ်တကျ ပြောင်းလဲခံနေရတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ယူကေ နိုင်ငံမှာ အထူးသဖြင့် အင်္ဂလိကန်အသင်းတော်၊ မက် သဒစ်နဲ့ ဘက်ပ်တစ်၊ URC ခေါ် သီးခြား ပရိုတက်စ်တင့်ဂိုဏ်းကွဲဆိုင်ရာ ဘုရားကျောင်းအရေအတွက်ဟာ သိသိသာသာများပြားနေခဲ့ပါတယ်။ ဒီအတွက် ရေရှည်မှာ ဘုရားကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ အဆောက်အအုံထိန်းသိမ်းရေးစရိတ်တွေကြောင့် ဘုရားကျောင်းအတော်များများဟာ “ပိုလျှံ”အနေအ ထားရောက်ရှိလာပြီး ပိတ်သိမ်းထားရ ခြင်း၊ ကွန်ဒိုမီ နီယံတွေ၊ ရုံးခန်း၊ လူမှုရေးခန်းမ၊ နေအိမ်အဖြစ်ပြောင်း လဲအသုံးပြုနေကြတယ်။ အင်္ဂလိကန်အသင်းတော်တစ်ခုတည်းမှာပင် ဝတ်ပြုဆုတောင်းရာနေရာအဖြစ်အသုံးပြုရန် မလို အပ်တော့ကြောင်းကြေညာနေရတဲ့ ဘုရားကျောင်းအရေအတွက်ဟာ နှစ်စဉ် ဒါဇင်နဲ့ချီရှိနေပါတယ်။ မွတ်စလင်ဗလီဖြစ်သွားရခြင်းဟာ အဲဒီဘုရားကျောင်းတွေကို တခြားနည်း ပြန်လည်အသုံးပြုခြင်းတွေ အနက် တစ်ခုသာလျှင်ဖြစ်ပြီး ယူကေတစ်နိုင်ငံလုံးအနေနဲ့ ကြည့်ရင် ဗလီဖြစ်သွားတဲ့ဘုရားကျောင်း အရေအတွက်ဟာ အလွန်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ သိသိသာသာတိုးတက်လာနေတာ အမှန်ဖြစ်ပါတယ်။ ဒီအတွက် ဝတ်ပြု ဆုတောင်းနိုင်ဖို့ ကျယ်ဝန်းတဲ့ ဗလီအရေအတွက်နဲ့ မွတ်စလင်စင်တာတွေ လိုအပ်နေပါတယ်။ အဲဒီအခါ အသုံးမပြုတော့တဲ့ဘုရားကျောင်းတွေကိုဝယ်ယူပြီး ပြန်လည်အသုံးချတာတွေဖြစ်လာပါတယ်။ အ ဆောက်အအုံ၊ မြေယာ သုံးပြုမှု၊ ပြုပြင်ပြောင်းလဲမှု စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗြိတိန်နိုင်ငံရဲ့ “မြို့ပြ စီမံကိန်း ဥပဒေ”မှာ ခရစ်ယာန်ဘုရားကျောင်းကို ဗလီအဖြစ်ပြောင်းလဲခြင်းမပြုအောင်တားမြစ် ထားခြင်း မရှိပါဘူး၊ တရားဝင်လျှောက်ထားလာခဲ့ရင် မြို့ရွာ စည်ပင်သာယာရေးလိုအပ်ချက်အရ ဒေသန္တရ အာ ဏာပိုင်တွေက ခွင့်ပြုပေးနိုင်ပါတယ်။ မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ (၂၈.၈%)ဖြစ်တဲ့ လူဦးရေ (၂.၆)ဘီလျံဟာ ခရစ်ယာန်ဘာသာဝင် တွေဖြစ်ပြီး (၂၅.၆%) ရှိတဲ့လူဦးရေ (၂)ဘီလျံဟာ မွတ်စ လင်တွေဖြစ်ပါတယ်။ Atheist ဘုရားမဲ့ Irreligi- ous ဘာသာမဲ့လူဦးရေ (၁၆%) (၁.၉)ဘီလျံရှိပြီး (၁၄.၉%)မှာ ဟိန္ဒူ (၁.၂) ဘီလျံ ရှိပါတယ်။ ဗုဒ္ဓဘာသာ ဟာ အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ (၇%) သန်း (၅၀ဝ)မျှသာရှိ ပါတယ်။ ဂျူးဘာသာ-ဆစ်ခ်၊ ရိုးရာ ကိုးကွယ်မှုစသဖြင့် ရှိသေးပေမယ့် ကမ္ဘာ့လူဦးရေနဲ့စာရင် ရာခိုင်နှုန်းအလွန်နည်းပါတယ်။ဒီနေရာမှာ ခရစ်ယာန်တိုင်းပြည်တွေရဲ့လူဦးရေ တိုးနှုန်းဟာ နှစ်စဉ်ကျဆင်းနေပြီး မွတ်စလင် တိုင်းပြည်တွေမှာ သားသမီးမွေးဖွားနှုန်းမြင့်မားကြတယ်။ ဒါကြောင့် လာမယ့် (၂၀၅၀)ပြည့်နှစ် ကမ္ဘာ့ လူဦးရေ (၃၁%) ဟာ ခရစ်ယာန်တွေဖြစ်ပြီး (၃၀%) ကျော်ဟာ မွတ်စလင်တွေဖြစ်နေလိမ့်မယ်လို့ ဝါရှင် တန် ဒီစီအခြေစိုက် ဘက်လိုက်မှုမရှိသော “ပျူးသုတေသနစင်တာ” ကခန့်မှန်းပါတယ်။ အရေအတွက် မတိမ်းမယိမ်းလို့ ဆိုလိုပါတယ်။ သားသမီးမွေးဖွားနှုန်းကျဆင်းတဲ့ တိုင်းပြည်တွေမှာ ဘုရားမဲ့၊ ဘာသာမဲ့ ဝါဒီ အများစုနိုင်ငံတွေလည်းပါဝင်ကြောင်း သတိပြုမိစေလိုပါတယ်။ ဟိန္ဒူတိုင်းပြည်မှာတော့ လူဦးရေ တိုးနှုန်း တည်ငြိမ်ပေမယ့် ဗုဒ္ဓဘာသာဝင်အများစုတိုင်းပြည်တွေမှာ လျော့ကျနေပါတယ်။ ဒါပေမဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်အများစု တိုင်းပြည်တွေမှာ ဘာသာရေးဟာ ယဉ်ကျေးမှုနဲ့ တင်းကြပ်စွာချိတ်ဆက်နေပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်မှု အားကောင်းခိုင်မာပါတယ်။ လူအများဆုံးကိုးကွယ်ရာ ဘာသာ များဖြစ်လာနိုင်မှာမဟုတ်ပေမယ့်အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေကြပါလိမ့်မယ်လို့ ခန့်မှန်း ရတယ်။ဗြိတိန်နိုင်ငံရဲ့ မွတ်စလင်အရေအတွက်တိုးတက်လာနေမှုဟာ ခရစ်ယာန် သို့မဟုတ် ဘာသာမဲ့ တွေထက် အရွယ်ရောက်သူဦးရေ ပိုမိုများပြားခြင်း၊ သား သမီးမွေးဖွားနှုန်း အနည်းငယ် ပိုမိုခြင်းတို့ ကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လူဦးရေလေ့လာမှုစာရင်းတွေမှာ တွေ့ရှိရတယ်၊ ဒါပေမဲ့ ရွှေ့ပြောင်း နေထိုင်မှု Immigration ဟာ အဓိကအရေးပါဆုံးဖြစ်ကြောင်း မငြင်းနိုင်ပါဘူး။ ဗြိတိသျှတို့ဟာ ကမ္ဘာအနှံ့ နေမဝင် အင်ပါယာထူထောင်ပြီး လူကိုလူချင်း ကိုလိုနီပြုခဲ့ပါတယ်။ နောက်ဆက်တွဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တခြား ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ လုပ်သားတွေဟာ (၁၉၅၀) မှ (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဝင်ရောက်လာခဲ့ကြပါတယ်။ နိုင်ငံတကာစစ်ပွဲများမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေနဲ့လူ့အခွင့်အရေးဆိုင်ရာ ခိုလှုံခွင့်ရှာဖွေသူတွေကိုလည်း လက်ခံခဲ့ရပါတယ်။ ဆိုမာ လီယာ၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ အာဖဂန် နစ္စတန် စသဖြင့် အကျပ်အတည်းနဲ့ စစ်ဒဏ်သင့်နိုင်ငံများမှ ပြောင်းရွှေ့လာသူတွေဟာ ဗြိတိန်မှာ လာ ရောက်ခိုလှုံကြပါတယ်။အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့အတွက် ဥရောပ သမဂ္ဂအတွင်း လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်အရ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနိုင်ငံသားတို့ကိုလက် ခံခဲ့ရာ မွတ်စလင်လူနည်းစုများလည်း ပါဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့ (၂၀၂၁)ခုနှစ် နောက်ဆုံးတရားဝင်သန်း ခေါင်စာရင်းအရ မွတ်စလင်ဘာသာဝင်လူဦးရေ (၃.၉)သန်းရှိပြီး တစ်နိုင်ငံလုံးရဲ့ (၆.၅%)ရှိပါတယ်။ (၂၀၁၁) သန်းခေါင်စာရင်းမှာ (၂.၇) သန်း (၄.၉%) ရှိခဲ့တဲ့အတွက် (၁၀)နှစ်အတွင်း တိုးတက်မှု အလွန်များပြားကြောင်း သိသာနေပါတယ်။ အဲဒီနောက်ပိုင်း တရားဝင်သန်းခေါင်စာရင်းကောက်ယူမှုမပြုခဲ့ပေမယ့် (၂၀၂၄)ခုနှစ် လန်ဒန်မြို့လူဦးရေ (၁၅%)မှာ မွတ် စလင်များဖြစ်ကြပြီး၊ ဗြိတိန်တစ်နိုင်ငံလုံးမှာ (၆.၈%)မှ (၇.၂%)ခန့် လူဦးရေ (၄.၃)သန်းခန့်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ဒီကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်သာဖြစ်ပြီး (၂၀၂၁)ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်မှု ပုံစံများ (ဥပမာ ဥရောပသမဂ္ဂမှ ယူကေနုတ်ထွက်ပြီးနောက် ဥပဒေများပြောင်းလဲမှု၊ ယူကရိန်း စစ်ဘေး ဒုက္ခသည် များရောက်ရှိမှုအပေါ်တွင် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ဗြိတိန်တစ်နိုင်ငံလုံးမှာ မွတ်စလင် ဘာ သာဝင်အရေအတွက်ဟာ (၆.၅%)သာရှိနိုင်ပြီး တိုင်းပြည်ကို ဘာသာခြားတို့က ဝါးမျိုနေပြီဖြစ်ကြောင်း၊ လူဦးရေ (၅၀%) ကျော်လွန်လာပြီဖြစ်တဲ့အတွက် ရှာရီယာဥပဒေ အ ခြေခံအုပ်ချုပ်ရေး ပြဋ္ဌာန်းပေးရန် မွတ်စလင်တို့က ဆန္ဒပြတောင်းဆိုကြောင်း လူမှုကွန်ရက်ပို့စ်တွေဟာ ဖြတ်ညှပ်ကပ် သတင်းမှားတွေသာ ဖြစ်ပါတယ်။ ဗြိ တိန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်အရ အဲဒီလိုပြဋ္ဌာန်း ဖို့မဖြစ်နိုင်သလို တောင်းဆိုမှုတွေ လည်းမရှိခဲ့ပါ။(၂၀၂၅)ခုနှစ် ဧပြီလမှာ စတင်ပြီး ယူကေနိုင်ငံမှာ “လူဝင်မှုကြီးကြပ်ရေး”(မူဝါဒ) ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချို့နေရာတွေမှာ အကြမ်း ဖက်မှုတွေအဖြစ်ပြောင်းလဲသွားတဲ့အတွက် ရဲတပ် ဖွဲ့ဝင်(၄၀)ကျော် ဒဏ်ရာရရှိ၊ လူပေါင်း (၁၄၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ လူပေါင်း တစ် သိန်းခွဲ၊ နိုင်ငံအနှံ့ လူ (၅)သိန်းခန့် ဆန္ဒပြကြခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို အဆင့်မြင့်ဟိုတယ်တွေမှာ နေရာထိုင်ခင်းစီစဉ်ပေးတဲ့ ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတချို့ကတော့ ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ကန့်ကွက်ရှုတ်ချမှုတွေရှိခဲ့ပါ တယ်။ မွတ်စလင်ရယ်လို့ သီးခြားသတ်မှတ်ခြင်း မဟုတ်ဘဲ မည်သည့်နိုင်ငံကမဆို ရွှေ့ပြောင်းဝင်ရောက် လာသူအားလုံးကို ရည်ရွယ်ပါတယ်။အဲဒီဆန္ဒပြပွဲတွေကို မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအဖြစ် ကမ္ဘာက ရှုမြင်ခြင်းမှာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရန် ဦးဆောင်စည်းရုံးသူ “တိုမီရော်ဘင်ဆင်”မှာ “အစ္စလာမ်ဆန့်ကျင်ရေး” “လက်ယာ အစွန်းရောက်” “တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီ” တစ်ဦးဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ဖရီးလင့်စ် သတင်းထောက်တစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုသူ ရော်ဘင်ဆင်ဟာ (၂၀ဝ၅)ခုနှစ်မှ အနှစ်(၂၀)အတွင်း စုစုပေါင်း ထောင်ဒဏ် (၅) နှစ် ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာ (၂၀၂၁) ခုနှစ် “ဟတ်ဒါ စဖီးလ်” စာသင်ကျောင်းမှ အသက်(၁၅)နှစ်အရွယ် ဒုက္ခသည် မိန်းကလေးတစ်ဦးကို မဟုတ်မမှန် အသ ရေဖျက်မှုဖြင့် ဒဏ်ငွေ ပေါင်တစ်သိန်းနဲ့ တရားစရိတ်များပေးဆောင်စေရန် စီရင်ခံရခြင်းဖြစ်ပါတယ်။ အသရေဖျက်မှုအကြိမ်ပေါင်းများစွာအပြင် တရားရုံးတော်ရဲ့ ခြေချုပ်အမိန့်ကို ဖောက်ဖျက်ခြင်း၊ တရားရုံး တော်ကို မထီမဲ့မြင်ပြုမှုများလည်း ရှိခဲ့ပါတယ်။အွန်လိုင်းမှာသတင်းအမှားများ ဖြန့်ဝေကြောင်း စွပ်စွဲခံရသူများမှာ တိုမီရော်ဘင်ဆင်ကိုယ်တိုင်နဲ့ ဗြိ တိန် ပထမ၊ အမိမြေပါတီနဲ့ UKIP လို မျိုးချစ်အဖွဲ့ အစည်းအမည်ခံ လက်ယာစွန်းအုပ်စုတွေ ဖြစ်ပါ တယ်။ ကန့်ကွက်ပွဲတွေနဲ့ တခြားဆန္ဒပြပွဲတွေကို တမင်ရည်ရွယ်ပေါင်းစပ်ပြီး သတင်းတုတွေနဲ့ ပုံကြီးချဲ့ဖို့ အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို အဓိကအသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် What App, Telegram နဲ့ Facebook အပြင် X (ယခင် Twitter) မှာ အဓိပ္ပာယ်ကောက်ယူလွဲမှားစေတဲ့သတင်းတွေကိုဖော်ပြပြီး အစွန်းရောက်လှုပ်ရှားမှုတွေ၊ အကြမ်းဖက်တွေဖြစ်ပေါ်လာစေဖို့သွေးထိုးလှုံဆော်ခဲ့ကြ ပါ တယ်။အဲဒီပါးစပ်စကားတွေကို အတည်လုပ်ပြီး သတင်းအဖြစ်ဖော်ကြတဲ့ မီဒီယာတွေကတော့ Daily Mail, The Sun တို့လို Tabloid လူပြိန်းကြိုက် အပျော်ဖတ်သတင်းစာတွေဖြစ်ပြီး Muslim over “မွတ် စလင်တွေလွှမ်းမိုးနေပြီ”လို့ ပြူးတူးပြဲတဲခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ဂိုဏ်းဂဏ အုပ်စုချင်း ပြိုင်ဆိုင်ရာမှာ ထောက်ခံအင်အား ရှာဖွေနေသူတွေကလည်း မွတ်စလင်ဘာသာဝင်တို့အပေါ် လူထုအ မြင်တိမ်းစောင်းအောင် ခြောက်လုံး လှန့်လုံးတွေနဲ့ စည်းရုံးကြပါတယ်။တကယ်တော့ ဂျူးဘာသာ-ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်တို့မှာ Abrahamic Religions အာဗြဟံ အခြေခံဘာသာတွေအဖြစ်လူသိများပါတယ်။ တစ်ဆူတည်းသော ဘုရားသခင်အပေါ် အခြေခံ ယုံ ကြည်ပြီး ပရောဖက်ပြု ထုံးတမ်းစဉ်လာတွေ၊ အာဗြဟံမှဆင်းသက်လာတဲ့ ဝိညာဉ်ရေးရာ အမွေအနှစ် တွေကို ဆက်ခံပြီး ဖန်ဆင်းခြင်း၊ ဗျာဒိတ်တော်နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာကြား အပြန်အလှန် ကူးပြောင်းမှုတွေကိုတွေ့ရှိရပါတယ်။ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ မိုဆက်ဟာဆန်ယူဆွတ်ရဲ့ သား အရင်း ဟာ (၁၉၉၀) ပြည့်နှစ်မှာ ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီး နှစ်ခြင်းခံယုူခဲ့ပါတယ်။ အလားတူ အစ္စလာမ်ဘာသာမှ ခရစ်ယာန်အဖြစ်- တစ်ဖန် ခရစ်ယာန်မှ အစ္စလာမ်အဖြစ်ကူးပြောင်းခြင်းများဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတချို့မှာ ရှိတတ်ပါတယ်။ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအများစုမှာ အစ္စလာမ်မှ ခရစ်ယာန်ကူးပြောင်းခြင်းဟာ တရားရေး ဆိုင်ရာပြဿနာတွေနဲ့ မိသားစုဝိုင်းပယ်ခံရခြင်းများ ဖြစ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာဝင်အဖြစ်ကူးပြောင်းခြင်းကို ဘာသာရေးလွတ်လပ်ခွင့်ဥပဒေက အကာအကွယ်ပေးထားပါ တယ်။ အရှေ့အလယ်ပိုင်း ဂါဇာစစ်ပွဲဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသူ များပြားလာကြောင်း “တယ်လီဂရပ်ဖ် သတင်းစာ” (2 December 2025)ကရေးပါတယ်။ အဲဒီလိုဖြစ် ရခြင်းမှာ အဖွဲ့အစည်းတစ်ခုခုက ဟောပြောစည်းရုံးကြောင်း အထောက်အထား မတွေ့ရဘူးလို့ဆိုပါ တယ်။ ဘာသာရေးဆိုင်ရာ စနစ်တကျ စည်းရုံးဟောပြောခြင်းများကြောင့်မဟုတ်ဘဲ လူမူရေး စိတ် ခံစားချက်အကြောင်းရင်းခံများအရဖြစ်ကြောင်း၊ ဂါဇာနေ ပါလက် စတိုင်းတို့အပေါ် လူမှုဖိနှိပ်ခြင်းကို အသိအမြင်တိုးပွားလာခြင်း၊ ကူညီစာနာစိတ်ကြောင့်ဖြစ်ကြောင်း၊ ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေကို တိမ်းညွှတ်ခြင်း၊ လူမှုကွန်ရက်များမှာ အစ္စလာမ်ဓလေ့ ယဉ်ကျေးမှု၊ စာပေရေးရာ အပြုသဘောဆောင် ဟောပြောမှုများအရဖြစ်ကြောင်း IIFL ခေါ် ယုံကြည်မှုဆိုင်ရာသုတေသနအဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြသူများရဲ့ (၂၀%)ဟာ ကမ္ဘာ့စစ်ရေးတင်းမာမှုများကြောင့်ဖြစ်ပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးအမြင်တွေကြောင့် (၁၈%)ရှိနေပါတယ်။ မီဒီယာတို့အပေါ် ယုံကြည်ရန်ခက်ခဲပြီး ကမ္ဘာကြီးဟာ တရားမျှတခြင်း ဖြောင့်မတ်မှန်ကန်ခြင်းမရှိကြောင်း၊ အစ္စလာမ်ဟာ အဓိပ္ပာယ်ဖော်ပြချက်နဲ့ စည်းကမ်းစနစ်ပါဝင်ပြီး တိကျတဲ့ဘဝနေနည်းပါဝင်ခြင်းကြောင့် ဖြစ်တယ်လို့သိရှိရပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ ဘုရားကိုအယုံအကြည်မရှိ-ဘာသာမဲ့ဖြစ်ကြောင်း ဘယ်လိုပဲ ကြွေးကြော်ကြပါစေ ရင်ဆိုင်ရန် ခက်ခဲတဲ့ မတရားမှုတွေနဲ့ အားကိုးရာမဲ့ဖြစ်တဲ့အခါ ကိုးကွယ်ရာ ဘာသာတရားတစ်ခုခုဆီကို ဦးတည်ဖို့ ဖြစ်လာတတ်ပါတယ်။Np news

ဝက်ဖို့ဒ်မြို့ လန်လေးလမ်းရှိ ယခင် စိန့်သော မတ်ဘုရားရှိခိုးကျောင်းကို မွတ်စလင်ဗလီအဖြစ် ပြောင်းလဲရန် မြို့တော်ကောင်စီက အတည်ပြုလိုက်တယ်လို့ ဝက်ဖို့ဒ် ဒေသန္တရသတင်းစာ (4 February 2026) က ရေးပါတယ်။ ဝက်ဖို့ဒ်ဆိုတာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ဟာ့ဖို့ဒ်ရှိုင်းယားကောင်တီရှိ မြို့လေး တစ်မြို့ဖြစ်ပြီး လန်ဒန်မြို့လယ်မှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်ကြရာ ပုံနှိပ်နဲ့ ဘီယာချက်လုပ်ငန်းတို့ကြောင့် လူသိများပါတယ်။ 
သတင်းပါ “စိန့်သောမတ်ယူနိုက်တက် ခရစ်ယာန်သာသနာပြုပြင်ရေးဘုရားကျောင်း”ကို (၁၉၇၆) ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဒေသရဲ့ ထင်ရှားတဲ့အမှတ်အသား စက္ကူစာရွက် ပုံသဏ္ဌာန် ဆောက်လုပ် ထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြဿနာတွေကြောင့် အသုံးပြုဖို့မသင့်တော်တဲ့ အတွက် ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ရပြီး (၂၀၁၅)ခုနှစ်မှာ စတင်ပိတ်ထားလိုက်ရပါတယ်။ ဘုရားကျောင်း ဟာ အင်္ဂလိကန်အသင်းတော်နဲ့ နီးကပ်စွာဆောင်ရွက်လေ့ရှိပေမယ့် (၁၉၇၂)ခုနှစ်မှာ စတင် ပေါ်ပေါက် လာတဲ့ URC ခေါ် သီးခြားပရိုတက်စ်တင့်ဂိုဏ်းကွဲတစ်ခုဖြစ်ပါတယ်။ လန်လေးလမ်းမှာ တည်ရှိတဲ့ အဲဒီ ဘုရားကျောင်းကိုပိတ်ထားရပေမယ့် အသင်းသားတွေဟာ လမ်းမြောက်ပိုင်း မက်သဒစ် အသင်းတော်မှာ စုဝေးပူးပေါင်းပြီး ဆက်လက်ဝတ်ပြုနေခဲ့ကြပါတယ်။ 
မူလဘုရားကျောင်းနေရာကို အယ်လ်အွမ်မာ အစ္စလာမ်စင်တာခေါ် မွတ်စလင်ဝတ်ပြုရာနေရာအဖြစ် အသုံးပြုခွင့်ပေးရန် ဝက်ဖို့ဒ်မြို့တော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီက မဲခွဲအတည် ပြုခဲ့ကြပါတယ်။ တကယ်တော့ စိန့်သောမတ်စ်ဘုရားကျောင်းနေရာကို မွတ်စလင်ဘဏ္ဍာရေးအဖွဲ့ တစ်ခု ထံ စတာလင်ပေါင်ငွေ (၃.၅)သန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး၊ မွတ်စလင်အဖွဲ့က ဗလီတစ်ခုအဖြစ် ဖန်တီးရုံ သာမက ကလေးထိန်းဌာန၊ ကော်ဖီဆိုင်အဖြစ်ပြောင်းလဲခြင်းအားဖြင့် ဒေသခံတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ 
ဒီကိစ္စကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း အချေအတင်ဆွေးနွေးခဲ့ကြပြီး ကားပါကင်နေရာ၊ အသံ ဗလံ ဆူညံနိုင်ခြေနဲ့ ဘာသာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် (၃၇)ဦးက ကန့်ကွက်ခဲ့ကြပါတယ်။ ကားရပ် နားရန်နေရာပြဿနာတွေဟာ စီမံခန့်ခွဲနိုင်တဲ့ကိစ္စဖြစ်ပြီး ဘာသာရေးဆိုင်ရာထိခိုက်နိုင်ကြောင်း ကန့် ကွက်မှုတွေဟာ စီမံကိန်းဆုံးဖြတ်ချက်တွေနဲ့မသက်ဆိုင်ကြောင်း လူ (၈၄)ဦးကထောက်ခံခဲ့ကြပါတယ်။ ဒီအတွက် မွတ်စလင်ဗလီဟာ လာမယ့်နွေရာသီမှာ ဖွင့်လှစ်နိုင်မယ်လို့မျှော်လင့်ရပါတယ်။
ဒီကိစ္စဟာ နိုင်ငံတကာမှာ အတော်လှုပ်ခတ်မှုရှိတဲ့သတင်းမျိုးဖြစ်ပါတယ်။ အပေါ်ယံကြည့်ရင် ဗြိ တိန်မှာ ခရစ်ယာန်သာသနာဟာ ဆုတ်ယုတ်ကျဆင်းပြီး အစ္စလာမ်ဘာသာက ဝါးမျိုနေသယောင် 
ထင်မှတ်ရပါတယ်။ တကယ်တော့ ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်လျှင် ခရစ်ယာန် ဘုရား ကျောင်းတွေအားလုံး မွတ်စလင်ဗလီများအဖြစ် စနစ်တကျ ပြောင်းလဲခံနေရတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ယူကေ နိုင်ငံမှာ အထူးသဖြင့် အင်္ဂလိကန်အသင်းတော်၊ မက် သဒစ်နဲ့ ဘက်ပ်တစ်၊ URC ခေါ် သီးခြား ပရိုတက်စ်တင့်ဂိုဏ်းကွဲဆိုင်ရာ ဘုရားကျောင်းအရေအတွက်ဟာ သိသိသာသာများပြားနေခဲ့ပါတယ်။ ဒီအတွက် ရေရှည်မှာ ဘုရားကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ အဆောက်အအုံထိန်းသိမ်းရေးစရိတ်တွေကြောင့် ဘုရားကျောင်းအတော်များများဟာ “ပိုလျှံ”အနေအ ထားရောက်ရှိလာပြီး ပိတ်သိမ်းထားရ ခြင်း၊ ကွန်ဒိုမီ နီယံတွေ၊ ရုံးခန်း၊ လူမှုရေးခန်းမ၊ နေအိမ်အဖြစ်ပြောင်း လဲအသုံးပြုနေကြတယ်။ 
အင်္ဂလိကန်အသင်းတော်တစ်ခုတည်းမှာပင် ဝတ်ပြုဆုတောင်းရာနေရာအဖြစ်အသုံးပြုရန် မလို အပ်တော့ကြောင်းကြေညာနေရတဲ့ ဘုရားကျောင်းအရေအတွက်ဟာ နှစ်စဉ် ဒါဇင်နဲ့ချီရှိနေပါတယ်။ မွတ်စလင်ဗလီဖြစ်သွားရခြင်းဟာ အဲဒီဘုရားကျောင်းတွေကို တခြားနည်း ပြန်လည်အသုံးပြုခြင်းတွေ အနက် တစ်ခုသာလျှင်ဖြစ်ပြီး ယူကေတစ်နိုင်ငံလုံးအနေနဲ့ ကြည့်ရင် ဗလီဖြစ်သွားတဲ့ဘုရားကျောင်း အရေအတွက်ဟာ အလွန်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ သိသိသာသာတိုးတက်လာနေတာ အမှန်ဖြစ်ပါတယ်။ ဒီအတွက် ဝတ်ပြု ဆုတောင်းနိုင်ဖို့ ကျယ်ဝန်းတဲ့ ဗလီအရေအတွက်နဲ့ မွတ်စလင်စင်တာတွေ လိုအပ်နေပါတယ်။ အဲဒီအခါ အသုံးမပြုတော့တဲ့ဘုရားကျောင်းတွေကိုဝယ်ယူပြီး ပြန်လည်အသုံးချတာတွေဖြစ်လာပါတယ်။ အ ဆောက်အအုံ၊ မြေယာ သုံးပြုမှု၊ ပြုပြင်ပြောင်းလဲမှု စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗြိတိန်နိုင်ငံရဲ့ “မြို့ပြ စီမံကိန်း ဥပဒေ”မှာ ခရစ်ယာန်ဘုရားကျောင်းကို ဗလီအဖြစ်ပြောင်းလဲခြင်းမပြုအောင်တားမြစ် ထားခြင်း မရှိပါဘူး၊ တရားဝင်လျှောက်ထားလာခဲ့ရင် မြို့ရွာ စည်ပင်သာယာရေးလိုအပ်ချက်အရ ဒေသန္တရ အာ ဏာပိုင်တွေက ခွင့်ပြုပေးနိုင်ပါတယ်။ 
မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ (၂၈.၈%)ဖြစ်တဲ့ လူဦးရေ (၂.၆)ဘီလျံဟာ ခရစ်ယာန်ဘာသာဝင် တွေဖြစ်ပြီး (၂၅.၆%) ရှိတဲ့လူဦးရေ (၂)ဘီလျံဟာ မွတ်စ လင်တွေဖြစ်ပါတယ်။ Atheist ဘုရားမဲ့ Irreligi- ous ဘာသာမဲ့လူဦးရေ (၁၆%) (၁.၉)ဘီလျံရှိပြီး (၁၄.၉%)မှာ ဟိန္ဒူ (၁.၂) ဘီလျံ ရှိပါတယ်။ ဗုဒ္ဓဘာသာ ဟာ အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ (၇%) သန်း (၅၀ဝ)မျှသာရှိ ပါတယ်။ ဂျူးဘာသာ-ဆစ်ခ်၊ ရိုးရာ ကိုးကွယ်မှုစသဖြင့် ရှိသေးပေမယ့် ကမ္ဘာ့လူဦးရေနဲ့စာရင် ရာခိုင်နှုန်းအလွန်နည်းပါတယ်။
ဒီနေရာမှာ ခရစ်ယာန်တိုင်းပြည်တွေရဲ့လူဦးရေ တိုးနှုန်းဟာ နှစ်စဉ်ကျဆင်းနေပြီး မွတ်စလင် တိုင်းပြည်တွေမှာ သားသမီးမွေးဖွားနှုန်းမြင့်မားကြတယ်။ ဒါကြောင့် လာမယ့် (၂၀၅၀)ပြည့်နှစ် ကမ္ဘာ့ လူဦးရေ (၃၁%) ဟာ ခရစ်ယာန်တွေဖြစ်ပြီး (၃၀%) ကျော်ဟာ မွတ်စလင်တွေဖြစ်နေလိမ့်မယ်လို့ ဝါရှင် တန် ဒီစီအခြေစိုက် ဘက်လိုက်မှုမရှိသော “ပျူးသုတေသနစင်တာ” ကခန့်မှန်းပါတယ်။ အရေအတွက် မတိမ်းမယိမ်းလို့ ဆိုလိုပါတယ်။ သားသမီးမွေးဖွားနှုန်းကျဆင်းတဲ့ တိုင်းပြည်တွေမှာ ဘုရားမဲ့၊ ဘာသာမဲ့ ဝါဒီ အများစုနိုင်ငံတွေလည်းပါဝင်ကြောင်း သတိပြုမိစေလိုပါတယ်။ ဟိန္ဒူတိုင်းပြည်မှာတော့ လူဦးရေ တိုးနှုန်း တည်ငြိမ်ပေမယ့် ဗုဒ္ဓဘာသာဝင်အများစုတိုင်းပြည်တွေမှာ လျော့ကျနေပါတယ်။ ဒါပေမဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်အများစု တိုင်းပြည်တွေမှာ ဘာသာရေးဟာ ယဉ်ကျေးမှုနဲ့ တင်းကြပ်စွာချိတ်ဆက်နေပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်မှု အားကောင်းခိုင်မာပါတယ်။ လူအများဆုံးကိုးကွယ်ရာ ဘာသာ များဖြစ်လာနိုင်မှာမဟုတ်ပေမယ့်အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေကြပါလိမ့်မယ်လို့ ခန့်မှန်း ရတယ်။
ဗြိတိန်နိုင်ငံရဲ့ မွတ်စလင်အရေအတွက်တိုးတက်လာနေမှုဟာ ခရစ်ယာန် သို့မဟုတ် ဘာသာမဲ့ တွေထက် အရွယ်ရောက်သူဦးရေ ပိုမိုများပြားခြင်း၊ သား သမီးမွေးဖွားနှုန်း အနည်းငယ် ပိုမိုခြင်းတို့ ကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လူဦးရေလေ့လာမှုစာရင်းတွေမှာ တွေ့ရှိရတယ်၊ ဒါပေမဲ့ ရွှေ့ပြောင်း နေထိုင်မှု Immigration ဟာ အဓိကအရေးပါဆုံးဖြစ်ကြောင်း မငြင်းနိုင်ပါဘူး။ ဗြိတိသျှတို့ဟာ ကမ္ဘာအနှံ့ နေမဝင် အင်ပါယာထူထောင်ပြီး လူကိုလူချင်း ကိုလိုနီပြုခဲ့ပါတယ်။ နောက်ဆက်တွဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တခြား ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ လုပ်သားတွေဟာ (၁၉၅၀) မှ (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဝင်ရောက်လာခဲ့ကြပါတယ်။ 
နိုင်ငံတကာစစ်ပွဲများမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေနဲ့လူ့အခွင့်အရေးဆိုင်ရာ ခိုလှုံခွင့်ရှာဖွေသူတွေကိုလည်း လက်ခံခဲ့ရပါတယ်။ ဆိုမာ လီယာ၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ အာဖဂန် နစ္စတန် စသဖြင့် အကျပ်အတည်းနဲ့ စစ်ဒဏ်သင့်နိုင်ငံများမှ ပြောင်းရွှေ့လာသူတွေဟာ ဗြိတိန်မှာ လာ ရောက်ခိုလှုံကြပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့အတွက် ဥရောပ သမဂ္ဂအတွင်း လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်အရ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနိုင်ငံသားတို့ကိုလက် ခံခဲ့ရာ မွတ်စလင်လူနည်းစုများလည်း ပါဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့ (၂၀၂၁)ခုနှစ် နောက်ဆုံးတရားဝင်သန်း ခေါင်စာရင်းအရ မွတ်စလင်ဘာသာဝင်လူဦးရေ (၃.၉)သန်းရှိပြီး တစ်နိုင်ငံလုံးရဲ့ (၆.၅%)ရှိပါတယ်။ (၂၀၁၁) သန်းခေါင်စာရင်းမှာ (၂.၇) သန်း (၄.၉%) ရှိခဲ့တဲ့အတွက် (၁၀)နှစ်အတွင်း တိုးတက်မှု အလွန်များပြားကြောင်း သိသာနေပါတယ်။ အဲဒီနောက်ပိုင်း တရားဝင်သန်းခေါင်စာရင်းကောက်ယူမှုမပြုခဲ့ပေမယ့် (၂၀၂၄)ခုနှစ် လန်ဒန်မြို့လူဦးရေ (၁၅%)မှာ မွတ် စလင်များဖြစ်ကြပြီး၊ ဗြိတိန်တစ်နိုင်ငံလုံးမှာ (၆.၈%)မှ (၇.၂%)ခန့် လူဦးရေ (၄.၃)သန်းခန့်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်သာဖြစ်ပြီး (၂၀၂၁)ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်မှု ပုံစံများ (ဥပမာ ဥရောပသမဂ္ဂမှ ယူကေနုတ်ထွက်ပြီးနောက် ဥပဒေများပြောင်းလဲမှု၊ ယူကရိန်း စစ်ဘေး ဒုက္ခသည် များရောက်ရှိမှုအပေါ်တွင် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ဗြိတိန်တစ်နိုင်ငံလုံးမှာ မွတ်စလင် ဘာ သာဝင်အရေအတွက်ဟာ (၆.၅%)သာရှိနိုင်ပြီး တိုင်းပြည်ကို ဘာသာခြားတို့က ဝါးမျိုနေပြီဖြစ်ကြောင်း၊ လူဦးရေ (၅၀%) ကျော်လွန်လာပြီဖြစ်တဲ့အတွက် ရှာရီယာဥပဒေ အ ခြေခံအုပ်ချုပ်ရေး ပြဋ္ဌာန်းပေးရန် မွတ်စလင်တို့က ဆန္ဒပြတောင်းဆိုကြောင်း လူမှုကွန်ရက်ပို့စ်တွေဟာ ဖြတ်ညှပ်ကပ် သတင်းမှားတွေသာ ဖြစ်ပါတယ်။ ဗြိ တိန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်အရ အဲဒီလိုပြဋ္ဌာန်း ဖို့မဖြစ်နိုင်သလို တောင်းဆိုမှုတွေ လည်းမရှိခဲ့ပါ။
(၂၀၂၅)ခုနှစ် ဧပြီလမှာ စတင်ပြီး ယူကေနိုင်ငံမှာ “လူဝင်မှုကြီးကြပ်ရေး”(မူဝါဒ) ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချို့နေရာတွေမှာ အကြမ်း ဖက်မှုတွေအဖြစ်ပြောင်းလဲသွားတဲ့အတွက် ရဲတပ် ဖွဲ့ဝင်(၄၀)ကျော် ဒဏ်ရာရရှိ၊ လူပေါင်း (၁၄၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ လူပေါင်း တစ် သိန်းခွဲ၊ နိုင်ငံအနှံ့ လူ (၅)သိန်းခန့် ဆန္ဒပြကြခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို အဆင့်မြင့်ဟိုတယ်တွေမှာ နေရာထိုင်ခင်းစီစဉ်ပေးတဲ့ ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတချို့ကတော့ ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ကန့်ကွက်ရှုတ်ချမှုတွေရှိခဲ့ပါ တယ်။ မွတ်စလင်ရယ်လို့ သီးခြားသတ်မှတ်ခြင်း မဟုတ်ဘဲ မည်သည့်နိုင်ငံကမဆို ရွှေ့ပြောင်းဝင်ရောက် လာသူအားလုံးကို ရည်ရွယ်ပါတယ်။
အဲဒီဆန္ဒပြပွဲတွေကို မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအဖြစ် ကမ္ဘာက ရှုမြင်ခြင်းမှာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရန် ဦးဆောင်စည်းရုံးသူ “တိုမီရော်ဘင်ဆင်”မှာ “အစ္စလာမ်ဆန့်ကျင်ရေး” “လက်ယာ အစွန်းရောက်” “တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီ” တစ်ဦးဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ဖရီးလင့်စ် သတင်းထောက်တစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုသူ ရော်ဘင်ဆင်ဟာ (၂၀ဝ၅)ခုနှစ်မှ အနှစ်(၂၀)အတွင်း စုစုပေါင်း ထောင်ဒဏ် (၅) နှစ် ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာ (၂၀၂၁) ခုနှစ် “ဟတ်ဒါ စဖီးလ်” စာသင်ကျောင်းမှ အသက်(၁၅)နှစ်အရွယ် ဒုက္ခသည် မိန်းကလေးတစ်ဦးကို မဟုတ်မမှန် အသ ရေဖျက်မှုဖြင့် ဒဏ်ငွေ ပေါင်တစ်သိန်းနဲ့ တရားစရိတ်များပေးဆောင်စေရန် စီရင်ခံရခြင်းဖြစ်ပါတယ်။ အသရေဖျက်မှုအကြိမ်ပေါင်းများစွာအပြင် တရားရုံးတော်ရဲ့ ခြေချုပ်အမိန့်ကို ဖောက်ဖျက်ခြင်း၊ တရားရုံး တော်ကို မထီမဲ့မြင်ပြုမှုများလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းမှာသတင်းအမှားများ ဖြန့်ဝေကြောင်း စွပ်စွဲခံရသူများမှာ တိုမီရော်ဘင်ဆင်ကိုယ်တိုင်နဲ့ ဗြိ တိန် ပထမ၊ အမိမြေပါတီနဲ့ UKIP လို မျိုးချစ်အဖွဲ့ အစည်းအမည်ခံ လက်ယာစွန်းအုပ်စုတွေ ဖြစ်ပါ တယ်။ ကန့်ကွက်ပွဲတွေနဲ့ တခြားဆန္ဒပြပွဲတွေကို တမင်ရည်ရွယ်ပေါင်းစပ်ပြီး သတင်းတုတွေနဲ့ ပုံကြီးချဲ့ဖို့ အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို အဓိကအသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် What App, Telegram နဲ့ Facebook အပြင် X (ယခင် Twitter) မှာ အဓိပ္ပာယ်ကောက်ယူလွဲမှားစေတဲ့သတင်းတွေကိုဖော်ပြပြီး အစွန်းရောက်လှုပ်ရှားမှုတွေ၊ အကြမ်းဖက်တွေဖြစ်ပေါ်လာစေဖို့သွေးထိုးလှုံဆော်ခဲ့ကြ ပါ တယ်။
အဲဒီပါးစပ်စကားတွေကို အတည်လုပ်ပြီး သတင်းအဖြစ်ဖော်ကြတဲ့ မီဒီယာတွေကတော့ Daily Mail, The Sun တို့လို Tabloid လူပြိန်းကြိုက် အပျော်ဖတ်သတင်းစာတွေဖြစ်ပြီး Muslim over “မွတ် စလင်တွေလွှမ်းမိုးနေပြီ”လို့ ပြူးတူးပြဲတဲခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ဂိုဏ်းဂဏ အုပ်စုချင်း ပြိုင်ဆိုင်ရာမှာ ထောက်ခံအင်အား ရှာဖွေနေသူတွေကလည်း မွတ်စလင်ဘာသာဝင်တို့အပေါ် လူထုအ မြင်တိမ်းစောင်းအောင် ခြောက်လုံး လှန့်လုံးတွေနဲ့ စည်းရုံးကြပါတယ်။
တကယ်တော့ ဂျူးဘာသာ-ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်တို့မှာ Abrahamic Religions အာဗြဟံ အခြေခံဘာသာတွေအဖြစ်လူသိများပါတယ်။ တစ်ဆူတည်းသော ဘုရားသခင်အပေါ် အခြေခံ ယုံ ကြည်ပြီး ပရောဖက်ပြု ထုံးတမ်းစဉ်လာတွေ၊ အာဗြဟံမှဆင်းသက်လာတဲ့ ဝိညာဉ်ရေးရာ အမွေအနှစ် တွေကို ဆက်ခံပြီး ဖန်ဆင်းခြင်း၊ ဗျာဒိတ်တော်နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာကြား အပြန်အလှန် ကူးပြောင်းမှုတွေကိုတွေ့ရှိရပါတယ်။ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ မိုဆက်ဟာဆန်ယူဆွတ်ရဲ့ သား အရင်း ဟာ (၁၉၉၀) ပြည့်နှစ်မှာ ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီး နှစ်ခြင်းခံယုူခဲ့ပါတယ်။ အလားတူ အစ္စလာမ်ဘာသာမှ ခရစ်ယာန်အဖြစ်- တစ်ဖန် ခရစ်ယာန်မှ အစ္စလာမ်အဖြစ်ကူးပြောင်းခြင်းများဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတချို့မှာ ရှိတတ်ပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအများစုမှာ အစ္စလာမ်မှ ခရစ်ယာန်ကူးပြောင်းခြင်းဟာ တရားရေး ဆိုင်ရာပြဿနာတွေနဲ့ မိသားစုဝိုင်းပယ်ခံရခြင်းများ ဖြစ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာဝင်အဖြစ်ကူးပြောင်းခြင်းကို ဘာသာရေးလွတ်လပ်ခွင့်ဥပဒေက အကာအကွယ်ပေးထားပါ တယ်။ 
အရှေ့အလယ်ပိုင်း ဂါဇာစစ်ပွဲဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသူ များပြားလာကြောင်း “တယ်လီဂရပ်ဖ် သတင်းစာ” (2 December 2025)ကရေးပါတယ်။ အဲဒီလိုဖြစ် ရခြင်းမှာ အဖွဲ့အစည်းတစ်ခုခုက ဟောပြောစည်းရုံးကြောင်း အထောက်အထား မတွေ့ရဘူးလို့ဆိုပါ တယ်။ ဘာသာရေးဆိုင်ရာ စနစ်တကျ စည်းရုံးဟောပြောခြင်းများကြောင့်မဟုတ်ဘဲ လူမူရေး စိတ် ခံစားချက်အကြောင်းရင်းခံများအရဖြစ်ကြောင်း၊ ဂါဇာနေ ပါလက် စတိုင်းတို့အပေါ် လူမှုဖိနှိပ်ခြင်းကို အသိအမြင်တိုးပွားလာခြင်း၊ ကူညီစာနာစိတ်ကြောင့်ဖြစ်ကြောင်း၊ ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေကို တိမ်းညွှတ်ခြင်း၊ လူမှုကွန်ရက်များမှာ အစ္စလာမ်ဓလေ့ ယဉ်ကျေးမှု၊ စာပေရေးရာ အပြုသဘောဆောင် ဟောပြောမှုများအရဖြစ်ကြောင်း IIFL ခေါ် ယုံကြည်မှုဆိုင်ရာသုတေသနအဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 
အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြသူများရဲ့ (၂၀%)ဟာ ကမ္ဘာ့စစ်ရေးတင်းမာမှုများကြောင့်ဖြစ်ပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးအမြင်တွေကြောင့် (၁၈%)ရှိနေပါတယ်။ မီဒီယာတို့အပေါ် ယုံကြည်ရန်ခက်ခဲပြီး ကမ္ဘာကြီးဟာ တရားမျှတခြင်း ဖြောင့်မတ်မှန်ကန်ခြင်းမရှိကြောင်း၊ အစ္စလာမ်ဟာ အဓိပ္ပာယ်ဖော်ပြချက်နဲ့ စည်းကမ်းစနစ်ပါဝင်ပြီး တိကျတဲ့ဘဝနေနည်းပါဝင်ခြင်းကြောင့် ဖြစ်တယ်လို့သိရှိရပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ ဘုရားကိုအယုံအကြည်မရှိ-ဘာသာမဲ့ဖြစ်ကြောင်း ဘယ်လိုပဲ ကြွေးကြော်ကြပါစေ ရင်ဆိုင်ရန် ခက်ခဲတဲ့ မတရားမှုတွေနဲ့ အားကိုးရာမဲ့ဖြစ်တဲ့အခါ ကိုးကွယ်ရာ ဘာသာတရားတစ်ခုခုဆီကို ဦးတည်ဖို့ ဖြစ်လာတတ်ပါတယ်။

Np news

Htay Oung

ပုဂံအလှ ကန်တော့ပလ္လင်သို့
-
ရန်ကုန်မြို့၏ဆောင်းသည် ငါးရက်လောက်သာအေးပြီး နှုတ်ဆက်သွားပြီလားမသိ။ ဒီဇင်ဘာလကုန်ကတည်းက ဆောင်းရာသီ၏ အအေးဓာတ်ကလျော့သွားခဲ့ပြီဖြစ်သည်။ နှစ်စဉ်ဆောင်းရာသီတွင် မြန်မာနိုင်ငံရှိ ခရီးသွားနယ်မြေများတွင် စည်ကားနေလေ့ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်မည်ဟု ရည်ရွယ်ခဲ့သော်လည်း ပုဂံသို့ရောက်သွားခဲ့သည်။တောင်ကြီးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းက ကျွန်တော့်အား ကျောင်းသား၊ ကျောင်းသူများကိုဟောပြောရင်း ကျောင်း၏ လေ့လာရေးခရီးတွင် လိုက်ပါရန် ဖိတ်ခေါ်ခဲ့ရာမှ ပုဂံခရီးကအစပြုခဲ့သည်။ နှစ်စဉ် ကျွန်တော့်ကိုလေ့လာရေးခရီး ဖိတ်ကြားခဲ့ရာ မလိုက်ဖြစ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သဖြင့် ယခုနှစ်‌တော့လိုက်ဖြစ်အောင်လိုက်ပါဟုဆိုသဖြင့် ပုဂံသို့ရောက်ဖြစ်ခဲ့သည်။အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းကိုတည်ထောင်သူသည် ၂၀၀၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းပညာဌာနတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းကို အတူတက်ခဲ့သည့် အတန်းဖော်တစ်ဦးဖြစ်သော်လည်း ကျွန်တော်၏သားအရွယ်သာဖြစ်သည်။ သူ၏ကျောင်းသို့ အကြိမ်များစွာရောက်ခဲ့ဖူးကာ သူ၏ကျောင်းမှကလေးများကိုလည်း စာသင်ပေးခဲ့ဖူးသဖြင့် နှစ်ပေါင်းများစွာခင်မင်နေသူဖြစ်သည်။ပုဂံသို့ ကျွန်တော်တို့ခရီးသည် ပြင်ဦးလွင်မြို့မှအစပြုခဲ့ရာ လေ့လာရေးအဖွဲ့သည် ကားကြီးငါးစီးဖြင့် တောင်ကြီးမြို့မှ ပြင်ဦးလွင်မြို့သို့ ကြိုတင်ရောက်ရှိနေသည်။ ကျွန်တော်က ရန်ကုန်မြို့မှပြင်ဦးလွင်မြို့သို့လိုက်သွားကာ လေ့လာရေးအဖွဲ့နှင့်အတူ ပုဂံသို့သွားခဲ့သည်။ပုဂံသို့မသွားမီ ပြင်ဦးလွင်လေးမျက်နှာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လေ့လာရေးနှင့်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီးမှ ခရီးထွက်ခဲ့ကြသည်။ လမ်းတွင် မန္တလေးနန်းတွင်းနှင့် ဦးပိန်တံတားသို့ဝင်ခဲ့ကြပြီး မိတ္ထီလာမြို့တွင်ညအိပ်ပြီးမှ ပုဂံသို့သွားခဲ့ကြသည်။ပုဂံအ၀င်နံနက်ခင်းသည် နေရောင်ခြည်အောက်တွင် အအေးဓာတ်လွှမ်းနေကာ ရွှေစည်းခုံစေတီတော်အနီးရှိ နတ်တောင်ကျောင်းတွင်စားခဲ့ရသည့် ကောက်ညှင်းပေါင်းပူပူနှင့် ရေနွေးကြမ်းခါးခါးသည် မေ့မရသည့်အနွေးဓာတ်ဖြစ်ခဲ့ရသည်။ ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ဖြစ်သည့် ပုဂံဒေသ၏သမိုင်းသည် နှုတ်ပြောရာဇဝင်ဇာတ်လမ်းများနှင့် ရောထွေးနေခဲ့သော်လည်း ပုဂံခေတ်ကတည်ဆောက်ခဲ့သည့် စေတီပုထိုးများစွာသည် ပုဂံ၌ယနေ့တိုင်ကျန်ရှိနေဆဲဖြစ်သည်။ ထု ဓမ္မရံ၊ ဉာဏ် သဗ္ဗညု ၊ အနု အာနန္ဒာဟု ဆိုကြသည့်အတိုင်း ပုဂံစေတီပုထိုးများတွင် ဓမ္မရံကြီးကထုထည်အကြီးဆုံးဖြစ်၍ သဗ္ဗညုက ဉာဏ်တော်အမြင့်ဆုံးဖြစ်ကာ အာနန္ဒာက အနုလက်ရာအကောင်းဆုံးဖြစ်သည်။စာချိုးတွင်မပါဝင်သော်လည်း ပုဂံခေတ် ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံအဖြစ် ကန်တော့ပလ္လင်ကို ရည်ညွှန်းလေ့ရှိကြသည်။ ပုဂံရှိ ရှေးဟောင်းဘုရားများအနက် လိုဏ်ပါသည့်ကြီးမားသောဂူဘုရားများကို ဘုရင်များကတည်ခဲ့ကြရာကန်တော့ပလ္လင်သည် တစ်ဆူအပါအဝင်ဖြစ်သည်။ပုဂံသို့ရောက်လျှင် ထင်ရှားသောစေတီပုထိုးများအပြင် မထင်ရှားသည့် စေတီပုထိုးငယ်များကိုလည်း ကျွန်တော်သွားရောက်ဖူးမြော်လေ့ရှိသည်။ ယခုအခေါက်တွင်တော့ လေ့လာရေးကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်ပါ၀င်သဖြင့် နာမည်ကျော်စေတီပုထိုးများကိုသာ အဓိကသွားရောက်ဖူးမြော်ခဲ့ရာ ကန်တော့ပလ္လင်ဘုရားတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပန်း၊သစ်သီးနှင့် ရေချမ်းဆက်ကပ်ကာ ပုတီးစိပ်အဓိဋ္ဌာန်ဝင်ခဲ့ကြသည်။ကန်တော့ပလ္လင် ဆန်းပြားသည့် နောက်ခံရာဇဝင်ရှိသည့် ကန်တော့ပလ္လင်ဂူဘုရားသည် ပုဂံမြို့ဟောင်း၏ အနောက်တောင်ဘက်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ မြောက်ဘက်တွင်တည်ရှိသည်။ကန်တော့ပလ္လင်ဂူဘုရားကို အလောင်းစည်သူမင်းကြီး၏ မြေးဖြစ်သူ နရပတိစည်သူမင်းက ခရစ်နှစ် ၁၁၇၅ ခုနှစ်တွင်တည်ခဲ့သည်။ အလောင်းစည်သူမင်းကြီးက မိမိ၏ဘေးတော်၊ ဘိုးတော်တို့သည် မိမိလောက်ဘုန်းတန်ခိုးအာဏာမရှိခဲ့ဟု ပြစ်မှားမိသဖြင့် မျက်စိကွယ်သွားခဲ့၍ မင်းကြီးသည် ဘေးတော်၊ ဘိုးတော်များ၏ ရုပ်တုများကိုထုလုပ်၍ ပလ္လင်ပေါ်တင်ကာ တောင်းပန်ကန်တော့ခဲ့ပြီးနောက် မျက်စိနှစ်ကွင်းပြန်လင်းခဲ့သည်ဟုဆိုကြသည်။ ဘိုးတော်အလောင်းစည်သူမင်းကြီးကန်တော့ခဲ့သည့် ပလ္လင်နေရာတွင် မြေးတော်နရပတိစည်သူမင်းက စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ရာ ကန်တော့ပလ္လင်ဟု ဘွဲ့အမည်တွင်ခဲ့လေသည်။ကန်တော့ပလ္လင်သို့ ကျွန်တော်တို့ရောက်သွားချိန်တွင် ဘုရားဖူးလာသူများဖြင့်စည်ကားနေသည်။ ဘုရားအဝမှာပင် ပုဂံလက်ဆောင်ရောင်းချသူများ၊ ပန်းရောင်းသူများ၏ အသံများက ချိုသာစည်ဝေနေသည်။ ဘုရားပေါက်ဝတွင် ဖိနပ်များချွတ်ပြီး ဘုရား၏လိုဏ်အတွင်းသို့ ဝင်လိုက်ချိန်တွင် အေးစိမ့်နေသည့် အရသာကိုခံစားလိုက်ရသည်။ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂူဘုရားလိုဏ်အတွင်း လက်ယာရစ်တစ်ပတ်လှည့်ကြည့်ကြရာ ဘုရားအရှေ့မုခ်ရှိ ဗုဒ္ဓဆင်းတုတော်၏ အရှေ့ဘက် ဝဲယာတွင် ဘီလူးရုပ်နှစ်ခုကိုတွေ့ရသဖြင့် ထိုဘီလူးနှစ်ကောင်သည် ဂေါဓနှင့်ဂေါဓောဖြစ်ကြောင်း၊ ဘီလူးနှစ်ကောင်၏အမည်ကိုအစွဲပြု၍ ‌ဂေါဓပလ္လင် ၊ ဂေါဓောပလ္လင်ဟုလည်း အမည်တွင်ကြောင်း ရှင်းပြရသည်။နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားကိုတည်ထားရန် လူအများအားခိုင်းစေခဲ့ရာ ပံ့သကူမထေရ်ကတားမြစ်ခဲ့သဖြင့် နရပတိစည်သူမင်းက ပံ့သကူမထေရ်ကို ပုဂံမှနှင်ခဲ့သည်။ ပံ့သကူ မထေရ်သည် ပုဂံမှသီဟိုဠ်သို့ထွက်ခွာရန်စီစဉ်နေချိန်တွင် နရပတိစည်သူမင်းသည် မထေရ်မြတ်ကို တောင်းပန်ကန်တော့ခဲ့ပြီး ယင်းနေရာတွင် ကန်တော့ပလ္လင်ဘုရားကို တည်ခဲ့သည်ဟုလည်းဆိုသည်။နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားမပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော်နားတောင်းများမင်းကဆက်လက်တည်ထားခဲ့ရာ သက္ကရာဇ် ၅၈၈ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (ခရစ်နှစ် ၁၂၂၇ ခုနှစ် မတ်လ ၂၆ ရက်) သောကြာနေ့တွင်ပြီးစီးခဲ့သည်။လိုဏ်ဘုရားအတွင်းပတ်လမ်းအတိုင်းလျှောက်လာစဉ် မုခ်ပေါက်များရှိ ဆင်းတုတော်များတွင် အနီရောင်အုတ်ခုံများကိုတွေ့ရသဖြင့် ကလေးများက မည်သည့်အရာနည်းဟုမေးကြသည်။ ထိုအုတ်ခုံများသည် အုတ်သင်ပုတ်ပလ္လင်များဖြစ်သည်။ အညာကျေးလက်ဒေသများတွင် သစ်သားသင်ပုတ်ပလ္လင်များကို ယနေ့တိုင်မြင်‌တွေ့နိုင်ကာ ဘုရားဆွမ်းတော်စွန့်သည့် နေရာအဖြစ်အသုံးပြုကြသည်။ ကန်တော့ပလ္လင်ရှိ သင်ပုတ်ပလ္လင်များသည် တစ်ခုနှင့်တစ်ခုမတူညီကြသော်လည်း ယခုအချိန်တွင် အားလုံးကို အနီရောင်ဆေးသုတ်ထားသည်။ ကလေးများကိုရှင်းပြတော့ စိတ်ဝင်တစားနားထောင်ကြသည်။ဆင်းတုတော်များရှေ့၌ ဆွမ်း၊ ရေချမ်း၊ ပန်းတို့ကိုကပ်လှူသည့်သင်ပုတ်ပလ္လင်များရှိသည်။ အရှေ့ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ဆွမ်း၊ အနောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ပန်း၊ တောင်ဘက်ရှိသင်ပုတ်ပလ္လင် တွင် ကျမ်းနှင့် မြောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ပန်းတို့ကိုဆက်ကပ် လှူဒါန်းသည်ဟုဆိုသည်။တောင်ဘက်သင်ပုတ်ပလ္လင်ပေါ်တွင် ကျိန်စာကျမ်းများထားရှိပြီး အမှုအခင်းဖြစ်ပွားကြသူများသည် ယင်းကျမ်းစာများကို ကိုင်တွယ်၍ ကျမ်းကျိန်ကြရကြောင်း ဆိုစမှတ်ရှိခဲ့သည်။ကန်တော့ပလ္လင်ဂူဘုရားသည် နှစ်ထပ်ရှိသည်။ ဘုရားဖူးများကို အပေါ်ထပ်သို့တက်ခွင့်မပြုဘဲ လှေကားပေါက်ကိုသံပန်းဖြင့်ပိတ်ထားသည်။ အပေါ်နှင့်အောက်တွင် စေတီ ၂၇ ဆူနှင့် မုခ်ပေါက် ၃၂ ပေါက်ရှိကြောင်းရှင်းပြတော့ ကလေးများကစိတ်ဝင်တစား နားထောင်ကြသည်။ထို့အတူ ကန်တော့ပလ္လင်ဘုရား၏ မြောက်ဘက်ရှိ ရှင်ပွင့်လင်း (စေတီအမှတ် ၁၆၃၅) သည် အလောင်းစည်သူမင်းကြီး မျက်စိအလင်းရခဲ့သည့်နေရာတွင် တည်ထားခဲ့သည့်စေတီဖြစ်ကြောင်း လိုက်လံပြသခဲ့ရသည်။ကန်တော့ပလ္လင်ဗိသုကာအဝေးမှပင်မြင်နိုင်သည့် ကန်တော့ပလ္လင်ဂူဘုရား၏ အလှပဆုံးနေရာသည် ကွမ်းတောင်ဖြစ်သည်။ ကွမ်းတောင်သည် ဂူဘုရားတွင် ပစ္စယာနှင့် ထီးတော်အောက်ရှိ အစိတ်အပိုင်းဖြစ်သည်။ ပုဂံရှိ ကန်တော့ပလ္လင်ကွမ်းတောင်သည် ပုဂံရှိကွမ်းတောင်ပေါက်စေတီတော်များတွင် အလှပဆုံးလက်ရာဟုဆိုကြသည်။၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှိစေတီပုထိုးများပြိုကျ ပျက်စီးခဲ့ရာတွင် ကန်တော့ပလ္လင်သည် ဖောင်းရစ်မှစ၍ပြတ်ကျကာ အပေါ်ပိုင်းတစ်ခုလုံးကြေမွ သွားခဲ့သည်။ အထွတ်စေတီအပါအဝင် ကွမ်းတောင်နှင့် အရံစေတီများအားလုံးမြေခခဲ့သဖြင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရသည်။နရပတိစည်သူမင်း တည်ခဲ့သည့် စေတီရှစ်ဆူအနက် ပုဂံရှိ စူဠာမဏိ၊ ဓမ္မရာဇကနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ နရပတိစည်သူမင်း၏ သားတော်နားတောင်းများမင်း၏ ကောင်းမှုတော်စေတီပုထိုးများတွင်လည်း ထီးလိုမင်းလို၊ မဟာဗောဓိ၊ စေတနာကြီးနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။သက်တမ်းနှစ် ၈၀၀ နီးပါးရှိနေပြီဖြစ်သည့် ကန်တော့ပလ္လင်ဂူဘုရားကြီးသည် ပုဂံခေတ်ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံဖြစ်ပြီး ပုဂံသို့ရောက်ရှိလာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်လေ့ရှိကြသည့်ဘုရားတစ်ဆူလည်းဖြစ်သည်။ ကန်တော့ပလ္လင်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။အလောင်းစည်သူမင်းကြီးသည် မိမိဘိုးဘေးများကို တောင်းပန်ကန်တော့ကာ မျက်စိအလင်းရခဲ့သည့် ကန်တော့ပလ္လင်ဘုရားရင်ပြင်တွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်က မိမိတို့ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များကို ရှိခိုးကန်တော့ပြီး ပုတီးစိပ်မေတ္တာပို့အမျှဝေကာ ကန်တော့ပလ္လင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။ ။MWD

     ရန်ကုန်မြို့၏ဆောင်းသည် ငါးရက်လောက်သာအေးပြီး နှုတ်ဆက်သွားပြီလားမသိ။ ဒီဇင်ဘာလကုန်ကတည်းက ဆောင်းရာသီ၏ အအေးဓာတ်ကလျော့သွားခဲ့ပြီဖြစ်သည်။

 နှစ်စဉ်ဆောင်းရာသီတွင် မြန်မာနိုင်ငံရှိ ခရီးသွားနယ်မြေများတွင် စည်ကားနေလေ့ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်မည်ဟု ရည်ရွယ်ခဲ့သော်လည်း  ပုဂံသို့ရောက်သွားခဲ့သည်။

တောင်ကြီးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းက ကျွန်တော့်အား ကျောင်းသား၊ ကျောင်းသူများကိုဟောပြောရင်း ကျောင်း၏ လေ့လာရေးခရီးတွင် လိုက်ပါရန် ဖိတ်ခေါ်ခဲ့ရာမှ ပုဂံခရီးကအစပြုခဲ့သည်။  နှစ်စဉ် ကျွန်တော့်ကိုလေ့လာရေးခရီး ဖိတ်ကြားခဲ့ရာ မလိုက်ဖြစ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သဖြင့် ယခုနှစ်‌တော့လိုက်ဖြစ်အောင်လိုက်ပါဟုဆိုသဖြင့် ပုဂံသို့ရောက်ဖြစ်ခဲ့သည်။

အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းကိုတည်ထောင်သူသည် ၂၀၀၈ ခုနှစ်က  ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းပညာဌာနတွင်  ဘွဲ့လွန်ဒီပလိုမာသင်တန်းကို  အတူတက်ခဲ့သည့် အတန်းဖော်တစ်ဦးဖြစ်သော်လည်း ကျွန်တော်၏သားအရွယ်သာဖြစ်သည်။  သူ၏ကျောင်းသို့ အကြိမ်များစွာရောက်ခဲ့ဖူးကာ သူ၏ကျောင်းမှကလေးများကိုလည်း  စာသင်ပေးခဲ့ဖူးသဖြင့် နှစ်ပေါင်းများစွာခင်မင်နေသူဖြစ်သည်။

ပုဂံသို့

     ကျွန်တော်တို့ခရီးသည် ပြင်ဦးလွင်မြို့မှအစပြုခဲ့ရာ လေ့လာရေးအဖွဲ့သည် ကားကြီးငါးစီးဖြင့်   တောင်ကြီးမြို့မှ ပြင်ဦးလွင်မြို့သို့ ကြိုတင်ရောက်ရှိနေသည်။   ကျွန်တော်က   ရန်ကုန်မြို့မှပြင်ဦးလွင်မြို့သို့လိုက်သွားကာ လေ့လာရေးအဖွဲ့နှင့်အတူ ပုဂံသို့သွားခဲ့သည်။

ပုဂံသို့မသွားမီ ပြင်ဦးလွင်လေးမျက်နှာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လေ့လာရေးနှင့်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီးမှ ခရီးထွက်ခဲ့ကြသည်။ လမ်းတွင် မန္တလေးနန်းတွင်းနှင့်  ဦးပိန်တံတားသို့ဝင်ခဲ့ကြပြီး မိတ္ထီလာမြို့တွင်ညအိပ်ပြီးမှ ပုဂံသို့သွားခဲ့ကြသည်။

ပုဂံအ၀င်နံနက်ခင်းသည် နေရောင်ခြည်အောက်တွင် အအေးဓာတ်လွှမ်းနေကာ ရွှေစည်းခုံစေတီတော်အနီးရှိ နတ်တောင်ကျောင်းတွင်စားခဲ့ရသည့် ကောက်ညှင်းပေါင်းပူပူနှင့် ရေနွေးကြမ်းခါးခါးသည် မေ့မရသည့်အနွေးဓာတ်ဖြစ်ခဲ့ရသည်။

 ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ဖြစ်သည့် ပုဂံဒေသ၏သမိုင်းသည် နှုတ်ပြောရာဇဝင်ဇာတ်လမ်းများနှင့်  ရောထွေးနေခဲ့သော်လည်း  ပုဂံခေတ်ကတည်ဆောက်ခဲ့သည့် စေတီပုထိုးများစွာသည် ပုဂံ၌ယနေ့တိုင်ကျန်ရှိနေဆဲဖြစ်သည်။ ထု ဓမ္မရံ၊ ဉာဏ် သဗ္ဗညု ၊ အနု အာနန္ဒာဟု ဆိုကြသည့်အတိုင်း ပုဂံစေတီပုထိုးများတွင် ဓမ္မရံကြီးကထုထည်အကြီးဆုံးဖြစ်၍ သဗ္ဗညုက ဉာဏ်တော်အမြင့်ဆုံးဖြစ်ကာ    အာနန္ဒာက   အနုလက်ရာအကောင်းဆုံးဖြစ်သည်။

စာချိုးတွင်မပါဝင်သော်လည်း ပုဂံခေတ် ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံအဖြစ် ကန်တော့ပလ္လင်ကို ရည်ညွှန်းလေ့ရှိကြသည်။ ပုဂံရှိ ရှေးဟောင်းဘုရားများအနက်   လိုဏ်ပါသည့်ကြီးမားသောဂူဘုရားများကို  ဘုရင်များကတည်ခဲ့ကြရာကန်တော့ပလ္လင်သည်  တစ်ဆူအပါအဝင်ဖြစ်သည်။

ပုဂံသို့ရောက်လျှင်  ထင်ရှားသောစေတီပုထိုးများအပြင် မထင်ရှားသည့် စေတီပုထိုးငယ်များကိုလည်း ကျွန်တော်သွားရောက်ဖူးမြော်လေ့ရှိသည်။ ယခုအခေါက်တွင်တော့ လေ့လာရေးကျောင်းသား၊  ကျောင်းသူ ၂၅၀ ကျော်ပါ၀င်သဖြင့် နာမည်ကျော်စေတီပုထိုးများကိုသာ အဓိကသွားရောက်ဖူးမြော်ခဲ့ရာ ကန်တော့ပလ္လင်ဘုရားတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပန်း၊သစ်သီးနှင့် ရေချမ်းဆက်ကပ်ကာ ပုတီးစိပ်အဓိဋ္ဌာန်ဝင်ခဲ့ကြသည်။

ကန်တော့ပလ္လင်

     ဆန်းပြားသည့် နောက်ခံရာဇဝင်ရှိသည့် ကန်တော့ပလ္လင်ဂူဘုရားသည်  ပုဂံမြို့ဟောင်း၏  အနောက်တောင်ဘက်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ မြောက်ဘက်တွင်တည်ရှိသည်။

ကန်တော့ပလ္လင်ဂူဘုရားကို အလောင်းစည်သူမင်းကြီး၏ မြေးဖြစ်သူ နရပတိစည်သူမင်းက ခရစ်နှစ် ၁၁၇၅ ခုနှစ်တွင်တည်ခဲ့သည်။ အလောင်းစည်သူမင်းကြီးက မိမိ၏ဘေးတော်၊   ဘိုးတော်တို့သည် မိမိလောက်ဘုန်းတန်ခိုးအာဏာမရှိခဲ့ဟု ပြစ်မှားမိသဖြင့် မျက်စိကွယ်သွားခဲ့၍ မင်းကြီးသည် ဘေးတော်၊ ဘိုးတော်များ၏ ရုပ်တုများကိုထုလုပ်၍ ပလ္လင်ပေါ်တင်ကာ တောင်းပန်ကန်တော့ခဲ့ပြီးနောက် မျက်စိနှစ်ကွင်းပြန်လင်းခဲ့သည်ဟုဆိုကြသည်။ ဘိုးတော်အလောင်းစည်သူမင်းကြီးကန်တော့ခဲ့သည့်    ပလ္လင်နေရာတွင် မြေးတော်နရပတိစည်သူမင်းက စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ရာ ကန်တော့ပလ္လင်ဟု ဘွဲ့အမည်တွင်ခဲ့လေသည်။

ကန်တော့ပလ္လင်သို့  ကျွန်တော်တို့ရောက်သွားချိန်တွင် ဘုရားဖူးလာသူများဖြင့်စည်ကားနေသည်။ ဘုရားအဝမှာပင် ပုဂံလက်ဆောင်ရောင်းချသူများ၊ ပန်းရောင်းသူများ၏ အသံများက ချိုသာစည်ဝေနေသည်။ ဘုရားပေါက်ဝတွင် ဖိနပ်များချွတ်ပြီး  ဘုရား၏လိုဏ်အတွင်းသို့ ဝင်လိုက်ချိန်တွင် အေးစိမ့်နေသည့် အရသာကိုခံစားလိုက်ရသည်။  ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂူဘုရားလိုဏ်အတွင်း လက်ယာရစ်တစ်ပတ်လှည့်ကြည့်ကြရာ ဘုရားအရှေ့မုခ်ရှိ ဗုဒ္ဓဆင်းတုတော်၏ အရှေ့ဘက် ဝဲယာတွင် ဘီလူးရုပ်နှစ်ခုကိုတွေ့ရသဖြင့် ထိုဘီလူးနှစ်ကောင်သည် ဂေါဓနှင့်ဂေါဓောဖြစ်ကြောင်း၊ ဘီလူးနှစ်ကောင်၏အမည်ကိုအစွဲပြု၍ ‌ဂေါဓပလ္လင် ၊ ဂေါဓောပလ္လင်ဟုလည်း အမည်တွင်ကြောင်း ရှင်းပြရသည်။

နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားကိုတည်ထားရန် လူအများအားခိုင်းစေခဲ့ရာ   ပံ့သကူမထေရ်ကတားမြစ်ခဲ့သဖြင့် နရပတိစည်သူမင်းက ပံ့သကူမထေရ်ကို ပုဂံမှနှင်ခဲ့သည်။ ပံ့သကူ မထေရ်သည် ပုဂံမှသီဟိုဠ်သို့ထွက်ခွာရန်စီစဉ်နေချိန်တွင် နရပတိစည်သူမင်းသည် မထေရ်မြတ်ကို တောင်းပန်ကန်တော့ခဲ့ပြီး ယင်းနေရာတွင် ကန်တော့ပလ္လင်ဘုရားကို တည်ခဲ့သည်ဟုလည်းဆိုသည်။

နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားမပြီးစီးမီ  နတ်ရွာစံခဲ့သဖြင့်  သားတော်နားတောင်းများမင်းကဆက်လက်တည်ထားခဲ့ရာ သက္ကရာဇ် ၅၈၈ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (ခရစ်နှစ် ၁၂၂၇ ခုနှစ် မတ်လ ၂၆ ရက်) သောကြာနေ့တွင်ပြီးစီးခဲ့သည်။

လိုဏ်ဘုရားအတွင်းပတ်လမ်းအတိုင်းလျှောက်လာစဉ် မုခ်ပေါက်များရှိ ဆင်းတုတော်များတွင် အနီရောင်အုတ်ခုံများကိုတွေ့ရသဖြင့် ကလေးများက မည်သည့်အရာနည်းဟုမေးကြသည်။  ထိုအုတ်ခုံများသည် အုတ်သင်ပုတ်ပလ္လင်များဖြစ်သည်။ အညာကျေးလက်ဒေသများတွင် သစ်သားသင်ပုတ်ပလ္လင်များကို ယနေ့တိုင်မြင်‌တွေ့နိုင်ကာ ဘုရားဆွမ်းတော်စွန့်သည့် နေရာအဖြစ်အသုံးပြုကြသည်။ ကန်တော့ပလ္လင်ရှိ သင်ပုတ်ပလ္လင်များသည် တစ်ခုနှင့်တစ်ခုမတူညီကြသော်လည်း ယခုအချိန်တွင် အားလုံးကို အနီရောင်ဆေးသုတ်ထားသည်။ ကလေးများကိုရှင်းပြတော့ စိတ်ဝင်တစားနားထောင်ကြသည်။

ဆင်းတုတော်များရှေ့၌ ဆွမ်း၊ ရေချမ်း၊ ပန်းတို့ကိုကပ်လှူသည့်သင်ပုတ်ပလ္လင်များရှိသည်။ အရှေ့ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ဆွမ်း၊ အနောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင်  ပန်း၊ တောင်ဘက်ရှိသင်ပုတ်ပလ္လင် တွင် ကျမ်းနှင့်  မြောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင်  ပန်းတို့ကိုဆက်ကပ် လှူဒါန်းသည်ဟုဆိုသည်။တောင်ဘက်သင်ပုတ်ပလ္လင်ပေါ်တွင် ကျိန်စာကျမ်းများထားရှိပြီး အမှုအခင်းဖြစ်ပွားကြသူများသည် ယင်းကျမ်းစာများကို   ကိုင်တွယ်၍ ကျမ်းကျိန်ကြရကြောင်း  ဆိုစမှတ်ရှိခဲ့သည်။

ကန်တော့ပလ္လင်ဂူဘုရားသည် နှစ်ထပ်ရှိသည်။ ဘုရားဖူးများကို အပေါ်ထပ်သို့တက်ခွင့်မပြုဘဲ လှေကားပေါက်ကိုသံပန်းဖြင့်ပိတ်ထားသည်။ အပေါ်နှင့်အောက်တွင် စေတီ ၂၇ ဆူနှင့် မုခ်ပေါက် ၃၂ ပေါက်ရှိကြောင်းရှင်းပြတော့    ကလေးများကစိတ်ဝင်တစား နားထောင်ကြသည်။

ထို့အတူ  ကန်တော့ပလ္လင်ဘုရား၏ မြောက်ဘက်ရှိ ရှင်ပွင့်လင်း (စေတီအမှတ် ၁၆၃၅) သည်   အလောင်းစည်သူမင်းကြီး မျက်စိအလင်းရခဲ့သည့်နေရာတွင် တည်ထားခဲ့သည့်စေတီဖြစ်ကြောင်း လိုက်လံပြသခဲ့ရသည်။

ကန်တော့ပလ္လင်ဗိသုကာအဝေးမှပင်မြင်နိုင်သည့် ကန်တော့ပလ္လင်ဂူဘုရား၏ အလှပဆုံးနေရာသည် ကွမ်းတောင်ဖြစ်သည်။  ကွမ်းတောင်သည် ဂူဘုရားတွင် ပစ္စယာနှင့် ထီးတော်အောက်ရှိ အစိတ်အပိုင်းဖြစ်သည်။ ပုဂံရှိ ကန်တော့ပလ္လင်ကွမ်းတောင်သည်    ပုဂံရှိကွမ်းတောင်ပေါက်စေတီတော်များတွင်  အလှပဆုံးလက်ရာဟုဆိုကြသည်။

၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှိစေတီပုထိုးများပြိုကျ ပျက်စီးခဲ့ရာတွင် ကန်တော့ပလ္လင်သည် ဖောင်းရစ်မှစ၍ပြတ်ကျကာ အပေါ်ပိုင်းတစ်ခုလုံးကြေမွ သွားခဲ့သည်။ အထွတ်စေတီအပါအဝင် ကွမ်းတောင်နှင့် အရံစေတီများအားလုံးမြေခခဲ့သဖြင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရသည်။

နရပတိစည်သူမင်း    တည်ခဲ့သည့်  စေတီရှစ်ဆူအနက် ပုဂံရှိ  စူဠာမဏိ၊ ဓမ္မရာဇကနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ နရပတိစည်သူမင်း၏   သားတော်နားတောင်းများမင်း၏ ကောင်းမှုတော်စေတီပုထိုးများတွင်လည်း ထီးလိုမင်းလို၊ မဟာဗောဓိ၊ စေတနာကြီးနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။

သက်တမ်းနှစ် ၈၀၀ နီးပါးရှိနေပြီဖြစ်သည့် ကန်တော့ပလ္လင်ဂူဘုရားကြီးသည် ပုဂံခေတ်ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံဖြစ်ပြီး ပုဂံသို့ရောက်ရှိလာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်လေ့ရှိကြသည့်ဘုရားတစ်ဆူလည်းဖြစ်သည်။ ကန်တော့ပလ္လင်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။

အလောင်းစည်သူမင်းကြီးသည် မိမိဘိုးဘေးများကို တောင်းပန်ကန်တော့ကာ မျက်စိအလင်းရခဲ့သည့် ကန်တော့ပလ္လင်ဘုရားရင်ပြင်တွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်က မိမိတို့ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များကို ရှိခိုးကန်တော့ပြီး ပုတီးစိပ်မေတ္တာပို့အမျှဝေကာ ကန်တော့ပလ္လင်မှ  ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။   ။

MWD

မောင်သာ (ရှေးဟောင်းသုတေသန)

သံသရာဆုံးတိုင် ပါရမီဖြည့်ဖက်
-
ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓနမင်းကြီးနှင့် မိဖုရားကြီး မာယာဒေဝီတို့မှ တစ်ဦးတည်းသောသားတော် သိဒ္ဓတ္ထမင်းသားအား မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဝိသာခါနက္ခတ်နှင့်ယှဉ်သောအချိန်တွင် လုမ္ဗိနီမည်သော အင်ကြင်းတော၌ မွေးဖွားသန့်စင်သလို ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓမင်းကြီးနှင့် မိဖုရားကြီးအမိတာတို့မှ သမီးတော် ဘဒ္ဒကစ္စနာ(နောင်တွင်) ယသော်ဓရာဒေဝီအား ၎င်းနှစ်၊ ၎င်းနေ့ရက်၌ပင် မွေးဖွားသန့်စင်ခဲ့သည်။သုဒ္ဓေါဓနမင်းကြီးနှင့်အမိတာမိဖုရားကြီးတို့သည် မောင်နှမအရင်းများဖြစ်ရာ သိဒ္ဓတ္ထမင်းသားနှင့်ယသော်ဓရာဒေဝီတို့သည် မောင်နှမဝမ်းကွဲများဖြစ်သလို ဖွားဖက်တော်များလည်းဖြစ်သည်။ ယသော်ဓရာဒေဝီသည် သိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်(၇)ပါးတွင် တစ်ဦးတည်းသော အမျိုးသမီးဖွားဖက်တော်ဖြစ်သည်။ မိထွေးတော်ဂေါတမီ၏သမီး၊ ညီမဝမ်းကွဲတော်စပ်သူ ရူပနန္ဒာသည် ဇနပဒကလျာဏီ (နိုင်ငံအတွင်းအလှဆုံးဘွဲ့)ရရှိသော်လည်း ယသော်ဓရာကိုမမီကြောင်း နာကြားရသည်။သိဒ္ဓတ္ထမင်းသားသည် မဇ္ဈိမဒေသတွင် ကြည်ညိုသပ္ပာယ်ဖွယ် အကောင်းဆုံး မဟာပုရိသဖြစ်ကြောင်း သိရသည်။ ဘဒ္ဒကစ္စနာ(ရွှေအဆင်းကဲ့သို့ ချောမောလှပသော)သည် ငယ်နာမည်ဖြစ်၍ အရွယ်ရောက်ချိန်တွင် ယသော်ဓရာ(အခြွေအရံပေါများသူ)ဟုခေါ်ဝေါ်ပြီး သားတော်ရာဟုလာ၏ မိခင်ဖြစ်၍လည်း ရာဟုလာမာတာဟု ခေါ်ကြသည်။ပါရမီဖြည့်ကျင့်မှု ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ ဘုရားအလောင်းတော်သည် အမရဝတီနေပြည်တော်တွင် သုမေဓာသူဌေးသားဖြစ်သည်။ မိဘအမွေဖြစ်သည့် ငွေကြေးဥစ္စာများ စွန့်လှူ၍တောထွက်ကာ ရသေ့ဝတ်ခဲ့သည်။ ရမ္မဝတီမြို့သားများသည် ဒီပင်္ကရာမြတ်စွာဘုရားကြွလာမည့်လမ်းအား ပြင်ဆင်ရာတွင် ရသေ့လေးမှပါဝင် လုပ်အားပေးသည်။လမ်းပြင်ဆင်မှုမပြီးမီ ဒီပင်္ကရာမြတ်စွာဘုရား ကြွချီလာသဖြင့် ရသေ့လေးသည် ပြင်ဆင်ဆဲလမ်းအပိုင်း၏ ရွှံ့ညွန်များပေါ်တွင် ဝမ်းလျားမှောက်ကာ မြတ်စွာဘုရားကြွနိုင်ရန် တံတားသဖွယ်ခင်းပေးခဲ့သည်။ လုပ်အားပေးလူအုပ်အတွင်း သုမိတ္တာအမည်ရှိ အမျိုးသမီးတစ်ဦးလည်း ပါရှိပြီး ယူဆောင်လာသည့် ကြာပန်း(၈)ပွင့် အနက် (၅)ပွင့်အား ရသေ့လေးမှ ဘုရားရှင်ကိုကပ်လှူစေပြီး သူမကိုယ်တိုင် ကြာ(၃)ပွင့်ကပ်လှူသည်။ နှုတ်မှလည်း ရသေ့လေး၏ပါရမီကို ကူညီဖြည့်ဆည်းရပါလို၏ဟု ဆုတောင်းခဲ့သည်။ဒီပင်္ကရာမြတ်စွာဘုရားမှ ဤရသေ့သည် နောင်အခါ ဂေါတမဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးခဲ့ပြီး သိဒ္ဓတ္ထမင်းသားဂေါတမဘုရားအလောင်းဖြစ်ချိန်တွင် သုမိတ္တာသည် ကြင်ယာတော် ယသော်ဓရာဒေဝီဖြစ်လာသည်။နန်းစည်းစိမ်(၁၃)နှစ် သုဒ္ဓေါဓနမင်းကြီးသည် သားတော်အား စကြဝတေးမင်းအဖြစ် ဆန္ဒရှိသည်ဖြစ်၍ မွေးဖွားသည်မှ တောထွက်ချိန်ထိ အာရုံငါးပါးကပ်ငြိလွယ်သည့် အရာများနှင့်ပတ်ဝန်းကျင်အား ဖန်တီးပေးခဲ့သည်။ ယသော်ဓရာနှင့် လက်ထပ်ပြီး ရာသီအလိုက် စံစားနေထိုင်ရန် ရွှေနန်းပြာသာဒ်(၃)ဆောင် ဆောက်လုပ်ပေးရာတွင် ဘုံ (၉) ဆင့်ရှိ နွေရာသီစံနန်းတော်(ရမ္မနန်းတော်)၊ ဘုံ (၇) ဆင့်ရှိ မိုးရာသီစံနန်းတော်(သုဘနန်းတော်)၊ ဘုံ (၅ )ဆင့်ရှိ ဆောင်းရာသီစံနန်းတော် (သုရမ္မနန်းတော်)တို့ဖြစ်သည်။ သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာတို့သည် ပါရမီဖြည့်ဖက်ဖြစ်ခြင်း၊ မောင်နှမဝမ်းကွဲတော်စပ်ခြင်းတို့ကြောင့် အချင်းများခြင်း၊ စိတ်သဘောထား ကွဲလွဲခြင်းများမရှိဘဲ လောကီစည်းစိမ် (ကာမသုခလ္လိက)အား ၁၃ နှစ်တိုင်ခံစားကြသည်။တစ်နေ့သောအချိန်တွင် သိဒ္ဓတ္ထမင်းသားသည် ဥယျာဉ်တော်အတွင်းလှည့်လည်စဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသည့် နိမိတ်ကြီးလေးပါးကိုမြင်တွေ့ပြီး သဘာဝတရားကို ဆင်ခြင်သုံးသပ်ကာ သစ္စာတရားနှင့် ငြိမ်းချမ်းမှုကိုရှာဖွေရန် လေးနက်စွာစဉ်းစားမိသည်။ထိုစဉ် ယသော်ဓရာဒေဝီမှ သားတော်ဖွားမြင်ကြောင်း မင်းချင်းတစ်ဦး လာရောက်လျှောက်ထားရာ (ရာဟုဇာတော - အနှောင်အဖွဲ့တစ်ခု ထပ်ရောက်လာပြီ)ဟု နှလုံးသွင်း၍ တောထွက်ရန် တွန်းအားဖြစ်စေသည်။ သို့နှင့် ခမည်းတော်နှင့် ကြင်ယာတော်အား အသိမပေးတော့ဘဲ ဖွားဖက်တော် ဆန္ဒအမတ်နှင့်ကဏ္ဍကမြင်းကိုစီးလျက် တောထွက်ခဲ့သည်။ ထိုနေ့ကား မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့်(မိုးကာလ)တနင်္လာနေ့ဖြစ်ပြီး ထိုအချိန်တွင် သိဒ္ဓတ္ထမင်းသားနှင့်ယသော်ဓရာတို့၏ သက်တော်မှာ ၂၉ နှစ်ရှိကြပြီဖြစ်သည်။ဂေါတမဗုဒ္ဓပွင့်တော်မူခြင်း သိဒ္ဓတ္ထမင်းသားသည် ဂေါတမဟုအမည်ရသည့် ဗောဓိသတ္တ(ဘုရားဖြစ်ရန် ကြိုးပမ်းအားထုတ်သူ)သည် ကပိလဝတ်နေပြည်တော်မှ ညဉ့်အချိန်ထွက်ခွာ၍ အနော်မာမြစ်အားဖြတ်ကူးပြီး မြစ်ကမ်းပါးတစ်ဖက်တွင် ကိုယ်တိုင်ရဟန်းပြုသည်။ သူ၏သန်လျက်ဖြင့် ဆံတော်နှင့်မုတ်ဆိတ်တို့အားရိတ်ပယ်၍ ရှေးကမိတ်ဆွေဖြစ်ခဲ့ဖူးသည့် ဃဋိကာရဗြဟ္မာမင်းမှ သင်္ကန်းနှင့်ပရိက္ခရာ (၈) ပါးဆက်ကပ်သည်။ ထို့နောက်ဘုရားအလောင်းသည် ထင်ရှားသည့် ရသေ့နှစ်ပါးဖြစ်သည့် အာဠာရကာလာမနှင့် ဥဒကရာမပုတ္တတို့ထံ နည်းနာခံယူကျင့်ကြံသော်လည်း ဆန္ဒနှင့်မကိုက်ညီသဖြင့် ဒုက္ကရစရိယာအကျင့် (ခဲယဉ်းစွာပြုရသောအကျင့်)ကို (၆) နှစ်တိုင် ကျင့်ကြံတော်မူသည်။ သို့ရာတွင် ဒုက္ကရစရိယာကျင့်စဉ်သည်လည်း အမှန်မဟုတ်ကြောင်းသိရှိပြီး အစွန်းနှစ်ဖက်ပယ်သည့်အလယ်အလတ်ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံရာမှ ပု-ဒိ-အာ ဉာဏ်တော်(၃)ပါးရရှိပြီး ဂေါတမဗုဒ္ဓအဖြစ် ပွင့်တော်မူခဲ့သည်။ ထိုနေ့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဖြစ်သည်။ယသော်ဓရာ၏အလွမ်းနှင့်နိဂုံး သိဒ္ဓတ္ထမင်းသားတောထွက်ပြီးနောက် ဘုရားအဖြစ်ပွင့်တော်မူသည်အထိ ယသော်ဓရာသည် ပူဆွေးသောကကြီးစွာ ပရိဒေဝမီးလောင်မြိုက်သော်လည်း ဂေါတမမြတ်စွာဘုရားရှင်၏ သတင်းကိုသာ နေ့စဉ်နားစွင့်၍ ပါရမီဖြည့်ဖက်ပီသစွာ ပါရမီများဖြည့်ကျင့်ခဲ့သည်။ ဓမ္မကထိကများဟောကြားသည့် တရားတော်များမှ ထုတ်နုတ်ဖော်ပြရလျှင်-၁။ ဘုရားအလောင်းသစ်ခေါက်ဆိုးသင်္ကန်းကိုသာဝတ်ရုံသည်ဟု ကြားသိလျှင် သူမလည်း သစ်ခေါက်ဆိုးရောင်အထည်များကိုသာ ဝတ်ဆင်ခြင်း။၂။ ဘုရားအလောင်းလက်ဝတ်ရတနာများစွန့်၍ အမွှေးနံ့သာ မလိမ်းကျံဟု ကြားသိလျှင် သူမလည်း ၎င်းအရာများစွန့်လွှတ်ခြင်း။၃။ ဘုရားအလောင်းတစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေးကြောင်းကြားသိလျှင် သူမလည်း ထမင်းတစ်နပ်သာစားခြင်း။၄။ ဘုရားအလောင်းသလွန်ညောင်စောင်းနှင့်မအိပ်ဟု ကြားသိလျှင် သူမလည်း ကြမ်းပြင်၌သာအိပ်စက်ခြင်း။၅။ ဘုရားအလောင်း သစ်သီးကိုသာစားသုံးသည်ဟု ကြားသိလျှင် သူမလည်း ထမင်းအစား သစ်သီးကိုသာစားခြင်း။၆။ ချောမောလှပပြီး ပစ္စည်းဥစ္စာပြည့်စုံသလို အမျိုးဂုဏ်မြင့်မားသည့် ယသော်ဓရာအား မင်းညီမင်းသား၊ သူဌေးသူကြွယ်များမှ လာရောက်ကမ်းလှမ်းသည်ကို မျက်ကွယ်ပြုခြင်းတို့ဖြစ်သည်။ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ကပိလဝတ်သို့ ကြွချီရာတွင် ယသော်ဓရာသည် အများနည်းတူ သွားရောက်ဖူးမြော်ခြင်းမပြုဘဲ(မြတ်ဘုရားအပေါ် ငါ၏ကျေးဇူးရှိလျှင် ကိုယ်တိုင်ကြွလိမ့်မည်၊ ထိုအခါမှရှိခိုးမည်)ဆိုခြင်းမှာ ယသော်ဓရာကဲ့သို့ အမျိုးသမီးတစ်ဦးအတွက် မိမိပါရမီအပေါ်ယုံကြည်မှုဟုဆိုနိုင်သည်။ မြတ်ဗုဒ္ဓရောက်ရှိချိန်တွင် ယသော်ဓရာသည် မြတ်ဗုဒ္ဓ၏ခြေဖဝါးတော်နှစ်ဖက်အား လက်နှစ်ဖက်ဖြင့်ပွေ့ပြီး ဦးခေါင်းအား မြတ်ဗုဒ္ဓ၏ခြေဖမိုးပေါ်တင်ကာ ဆန္ဒပြည့်ဝအောင် ကန်တော့သည်။ ယသော်ဓရာနှင့်အခြွေအရံပေါင်း ၄ဝဝဝဝ သည် မြတ်ဗုဒ္ဓကြွလာချိန်၌ သစ်ခေါက်ဆိုးရောင် တူညီဝတ်စုံဖြင့် ကြိုဆိုခဲ့သည်မှာ မြတ်ဗုဒ္ဓသာသနာအပေါ် အလေးထားကြောင်းပေါ်လွင်လျက်ရှိသည်။မြတ်ဗုဒ္ဓသည် တစ်ချိန်က ကြင်ယာတော်ဖြစ်ခဲ့သည့် ယသော်ဓရာအား စန္ဒကိန္နရီဇာတ်ကိုဟောကြား၍ အပူမီးငြိမ်းစေခဲ့သည်။ ထို့အတူ သားတော်ရာဟုလာအားလည်း လောကီအမွေအစား လောကုတ္တရာအမွေအဖြစ် သင်္ကန်းစီးပေးသည်။ ယသော်ဓရာထေရီသည် သက်တော် ၅ဝ ဝန်းကျင်တွင် မြတ်ဗုဒ္ဓသာသနာသို့ ဘိက္ခုနီအဖြစ်ဝင်ရောက်ပြီး ရက်သတ္တနှစ်ပတ်အတွင်း ရဟန္တာဖြစ်ခဲ့သည်။ ထို့နောက် သက်တော် ၇၈ နှစ်အရွယ်တွင် ရဟန္တာအဖြစ် ပရိနိဗ္ဗာန်ပြုသည်။ ပရိနိဗ္ဗာန်စံဝင်ခါနီး မြတ်ဗုဒ္ဓအား သွားရောက်လျှောက်ထားရာတွင် ပါရမီဖြည့်ကျင့်စဉ်ကာလ အတွင်း ချွတ်ချော်မှားယွင်းမှုများ ရှိခဲ့ပါက ခွင့်လွှတ်ပါရန် တောင်းပန်သလို မြတ်ဗုဒ္ဓမှလည်း (ပရိနိဗ္ဗာန်စံဝင်ခါနီး သင့်ကို ငါဘုရား ဘာများအထူးပြောစရာရှိတော့မှာလဲ ယသော်ဓရာ ငါ့အဆုံးအမကို လိုက်နာကြောင်း အခြားသူတွေ သံသယကင်းအောင် ပရိနိဗ္ဗာန်မပြုမီ တန်ခိုးပြခဲ့ပါဦး)ဟု မိန့်သည်။ ယသော်ဓရာထေရီသည် မြတ်ဗုဒ္ဓအား နောက်ဆုံးပူဇော်ခြင်းအဖြစ် မြတ်ဗုဒ္ဓအား လက်ယာရစ်(၇)ကြိမ်လှည့်ပတ်ကြည်ညိုပြီး တန်ခိုးဖြင့်ကောင်းကင်သို့ကြွကာ ဥဒေါင်းငှက်ကြီးမှ ဇမ္ဗူ့သပြေပန်းကပ်ဟန်ဖြင့် လည်းကောင်း၊ ဆင်၊ မြင်း၊ သိကြား၊ ဗြဟ္မာရုပ်များ ဖန်ဆင်း၍ မြတ်ဗုဒ္ဓအားပူဇော်သည်။ ထို့နောက် ကောင်းကင်တွင် ပရိနိဗ္ဗာန်ပြု၍ တေဇောဓာတ်လောင်ကျွမ်းခဲ့သည်။ဧတဒဂ်ဘွဲ့ရ ယသော်ဓရာ ဧတဒဂ်ဟူသည့် ပါဠိပျက်စကားလုံးသည် ဧတဒဂ္ဂ၊ ၎င်းမှ ဧတအဂ္ဂဖြစ်လာပြီး ဧတ-ဤသူ၊ အဂ္ဂ-မြတ်သည်ဖြစ်သည်။ ဧတဒဂ်ဘွဲ့အား ဆိုင်ရာပုဂ္ဂိုလ်တို့တွင် အထူးမြတ်ဆုံး/ထိပ်ဆုံး ပုဂ္ဂိုလ်ကို ချီးမြှင့်လေ့ရှိသည်။ ယသော်ဓရာထေရီရရှိသည့် ဧတဒဂ်ဘွဲ့မှာ (မဟာအဘိညာဉ် ဧတဒဂ်ဘွဲ့)ဖြစ်သည်။ မဟာအဘိညာဉ်(၆)ပါးရှိရာ (၅)ပါးသည် သမထကျင့်စဉ်ဖြင့်ရရှိနိုင်ပြီး အာသဝက္ခယအဘိညာဉ်တစ်ပါးသာ ဝိပဿနာကျင့်စဉ်မှရရှိသည်။ မြတ်ဗုဒ္ဓရှိစဉ် မဟာအဘိညာဉ်ရရှိခဲ့သူ (၄)ဦးမှာ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလန်၊ ရှင်ဗာကုလနှင့် ယသော်ဓရာ (ဘဒ္ဒကစ္စနထေရီ)တို့ဖြစ်ပြီး ဘိက္ခုနီယသော်ဓရာမှ (မဟာအဘိညာဉ်ဧတဒဂ်ဘွဲ့)ရရှိခဲ့ခြင်းဖြစ်သည်။သံသရာဆုံးတိုင် ပါရမီဖြည့်ခြင်း ယသော်ဓရာသည် သက်တော်(၇၈)နှစ်တွင် ရဟန္တာအဖြစ် ပရိနိဗ္ဗာန်ပြုခဲ့သလို မြတ်ဗုဒ္ဓသည်လည်း သက်တော်(၈၀)နှစ်တွင် ပရိနိဗ္ဗာန်ပြု၍ နိဗ္ဗာန်သို့ရောက်ခဲ့ကြသည်။ ဓမ္မကထိက၊ ထေရ်ကြီးဝါကြီးများ၏ ဟောကြားမှုတွင် သံသရာ၏အစအား မည်သူမျှမသိနိုင်သော်လည်း နိဗ္ဗာန်ရောက်ရှိလျှင် သံသရာဆုံးသည်ဟုနာကြားရသည်။ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့သည့် မြတ်ဗုဒ္ဓနှင့် ယသော်ဓရာထေရီတို့သည် သံသရာတွင် တစ်ဖန်ပြန်လည်ဆုံတွေ့နိုင်မည် မဟုတ်တော့သည့် အတွက် နိဗ္ဗာန်သို့တိုင် ပါရမီဖြည့်နိုင်သူများ ဖြစ်ကြောင်း ရေးသားပူဇော်လိုက်ရပါသည်။ ။MWD

ကပိလဝတ်ပြည့်ရှင်   ဘုရင်သုဒ္ဓေါဓနမင်းကြီးနှင့်   မိဖုရားကြီး မာယာဒေဝီတို့မှ တစ်ဦးတည်းသောသားတော် သိဒ္ဓတ္ထမင်းသားအား မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဝိသာခါနက္ခတ်နှင့်ယှဉ်သောအချိန်တွင်  လုမ္ဗိနီမည်သော အင်ကြင်းတော၌ မွေးဖွားသန့်စင်သလို  ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓမင်းကြီးနှင့် မိဖုရားကြီးအမိတာတို့မှ သမီးတော် ဘဒ္ဒကစ္စနာ(နောင်တွင်) ယသော်ဓရာဒေဝီအား ၎င်းနှစ်၊ ၎င်းနေ့ရက်၌ပင် မွေးဖွားသန့်စင်ခဲ့သည်။

သုဒ္ဓေါဓနမင်းကြီးနှင့်အမိတာမိဖုရားကြီးတို့သည် မောင်နှမအရင်းများဖြစ်ရာ  သိဒ္ဓတ္ထမင်းသားနှင့်ယသော်ဓရာဒေဝီတို့သည် မောင်နှမဝမ်းကွဲများဖြစ်သလို ဖွားဖက်တော်များလည်းဖြစ်သည်။ ယသော်ဓရာဒေဝီသည် သိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်(၇)ပါးတွင် တစ်ဦးတည်းသော အမျိုးသမီးဖွားဖက်တော်ဖြစ်သည်။ မိထွေးတော်ဂေါတမီ၏သမီး၊  ညီမဝမ်းကွဲတော်စပ်သူ ရူပနန္ဒာသည်  ဇနပဒကလျာဏီ (နိုင်ငံအတွင်းအလှဆုံးဘွဲ့)ရရှိသော်လည်း ယသော်ဓရာကိုမမီကြောင်း နာကြားရသည်။

သိဒ္ဓတ္ထမင်းသားသည် မဇ္ဈိမဒေသတွင် ကြည်ညိုသပ္ပာယ်ဖွယ် အကောင်းဆုံး မဟာပုရိသဖြစ်ကြောင်း  သိရသည်။  ဘဒ္ဒကစ္စနာ(ရွှေအဆင်းကဲ့သို့   ချောမောလှပသော)သည် ငယ်နာမည်ဖြစ်၍  အရွယ်ရောက်ချိန်တွင်  ယသော်ဓရာ(အခြွေအရံပေါများသူ)ဟုခေါ်ဝေါ်ပြီး သားတော်ရာဟုလာ၏ မိခင်ဖြစ်၍လည်း ရာဟုလာမာတာဟု ခေါ်ကြသည်။

ပါရမီဖြည့်ကျင့်မှု

     ဂေါတမဗုဒ္ဓပွင့်တော်မူရာ ဘဒ္ဒကမ္ဘာမှ  ပြန်လည်ရေတွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ ဘုရားအလောင်းတော်သည် အမရဝတီနေပြည်တော်တွင် သုမေဓာသူဌေးသားဖြစ်သည်။ မိဘအမွေဖြစ်သည့် ငွေကြေးဥစ္စာများ စွန့်လှူ၍တောထွက်ကာ ရသေ့ဝတ်ခဲ့သည်။ ရမ္မဝတီမြို့သားများသည် ဒီပင်္ကရာမြတ်စွာဘုရားကြွလာမည့်လမ်းအား ပြင်ဆင်ရာတွင် ရသေ့လေးမှပါဝင် လုပ်အားပေးသည်။

လမ်းပြင်ဆင်မှုမပြီးမီ   ဒီပင်္ကရာမြတ်စွာဘုရား ကြွချီလာသဖြင့် ရသေ့လေးသည် ပြင်ဆင်ဆဲလမ်းအပိုင်း၏ ရွှံ့ညွန်များပေါ်တွင် ဝမ်းလျားမှောက်ကာ မြတ်စွာဘုရားကြွနိုင်ရန် တံတားသဖွယ်ခင်းပေးခဲ့သည်။ လုပ်အားပေးလူအုပ်အတွင်း  သုမိတ္တာအမည်ရှိ   အမျိုးသမီးတစ်ဦးလည်း ပါရှိပြီး ယူဆောင်လာသည့် ကြာပန်း(၈)ပွင့် အနက် (၅)ပွင့်အား ရသေ့လေးမှ ဘုရားရှင်ကိုကပ်လှူစေပြီး သူမကိုယ်တိုင် ကြာ(၃)ပွင့်ကပ်လှူသည်။ နှုတ်မှလည်း ရသေ့လေး၏ပါရမီကို ကူညီဖြည့်ဆည်းရပါလို၏ဟု ဆုတောင်းခဲ့သည်။

ဒီပင်္ကရာမြတ်စွာဘုရားမှ ဤရသေ့သည် နောင်အခါ ဂေါတမဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးခဲ့ပြီး  သိဒ္ဓတ္ထမင်းသားဂေါတမဘုရားအလောင်းဖြစ်ချိန်တွင် သုမိတ္တာသည် ကြင်ယာတော် ယသော်ဓရာဒေဝီဖြစ်လာသည်။

နန်းစည်းစိမ်(၁၃)နှစ်

     သုဒ္ဓေါဓနမင်းကြီးသည်  သားတော်အား  စကြဝတေးမင်းအဖြစ် ဆန္ဒရှိသည်ဖြစ်၍ မွေးဖွားသည်မှ တောထွက်ချိန်ထိ အာရုံငါးပါးကပ်ငြိလွယ်သည့် အရာများနှင့်ပတ်ဝန်းကျင်အား ဖန်တီးပေးခဲ့သည်။ ယသော်ဓရာနှင့် လက်ထပ်ပြီး ရာသီအလိုက် စံစားနေထိုင်ရန် ရွှေနန်းပြာသာဒ်(၃)ဆောင် ဆောက်လုပ်ပေးရာတွင် ဘုံ (၉) ဆင့်ရှိ နွေရာသီစံနန်းတော်(ရမ္မနန်းတော်)၊ ဘုံ (၇) ဆင့်ရှိ   မိုးရာသီစံနန်းတော်(သုဘနန်းတော်)၊ ဘုံ (၅ )ဆင့်ရှိ ဆောင်းရာသီစံနန်းတော် (သုရမ္မနန်းတော်)တို့ဖြစ်သည်။ သိဒ္ဓတ္ထမင်းသားနှင့်  ယသော်ဓရာတို့သည် ပါရမီဖြည့်ဖက်ဖြစ်ခြင်း၊  မောင်နှမဝမ်းကွဲတော်စပ်ခြင်းတို့ကြောင့်  အချင်းများခြင်း၊ စိတ်သဘောထား ကွဲလွဲခြင်းများမရှိဘဲ လောကီစည်းစိမ် (ကာမသုခလ္လိက)အား ၁၃ နှစ်တိုင်ခံစားကြသည်။

တစ်နေ့သောအချိန်တွင်   သိဒ္ဓတ္ထမင်းသားသည်   ဥယျာဉ်တော်အတွင်းလှည့်လည်စဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသည့် နိမိတ်ကြီးလေးပါးကိုမြင်တွေ့ပြီး   သဘာဝတရားကို  ဆင်ခြင်သုံးသပ်ကာ သစ္စာတရားနှင့် ငြိမ်းချမ်းမှုကိုရှာဖွေရန် လေးနက်စွာစဉ်းစားမိသည်။

ထိုစဉ် ယသော်ဓရာဒေဝီမှ သားတော်ဖွားမြင်ကြောင်း မင်းချင်းတစ်ဦး လာရောက်လျှောက်ထားရာ (ရာဟုဇာတော - အနှောင်အဖွဲ့တစ်ခု ထပ်ရောက်လာပြီ)ဟု နှလုံးသွင်း၍ တောထွက်ရန် တွန်းအားဖြစ်စေသည်။ သို့နှင့် ခမည်းတော်နှင့် ကြင်ယာတော်အား အသိမပေးတော့ဘဲ ဖွားဖက်တော် ဆန္ဒအမတ်နှင့်ကဏ္ဍကမြင်းကိုစီးလျက် တောထွက်ခဲ့သည်။ ထိုနေ့ကား မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့်(မိုးကာလ)တနင်္လာနေ့ဖြစ်ပြီး ထိုအချိန်တွင် သိဒ္ဓတ္ထမင်းသားနှင့်ယသော်ဓရာတို့၏ သက်တော်မှာ ၂၉ နှစ်ရှိကြပြီဖြစ်သည်။

ဂေါတမဗုဒ္ဓပွင့်တော်မူခြင်း

     သိဒ္ဓတ္ထမင်းသားသည် ဂေါတမဟုအမည်ရသည့် ဗောဓိသတ္တ(ဘုရားဖြစ်ရန် ကြိုးပမ်းအားထုတ်သူ)သည်  ကပိလဝတ်နေပြည်တော်မှ ညဉ့်အချိန်ထွက်ခွာ၍ အနော်မာမြစ်အားဖြတ်ကူးပြီး မြစ်ကမ်းပါးတစ်ဖက်တွင် ကိုယ်တိုင်ရဟန်းပြုသည်။ သူ၏သန်လျက်ဖြင့် ဆံတော်နှင့်မုတ်ဆိတ်တို့အားရိတ်ပယ်၍  ရှေးကမိတ်ဆွေဖြစ်ခဲ့ဖူးသည့်  ဃဋိကာရဗြဟ္မာမင်းမှ သင်္ကန်းနှင့်ပရိက္ခရာ   (၈) ပါးဆက်ကပ်သည်။   ထို့နောက်ဘုရားအလောင်းသည် ထင်ရှားသည့် ရသေ့နှစ်ပါးဖြစ်သည့် အာဠာရကာလာမနှင့် ဥဒကရာမပုတ္တတို့ထံ နည်းနာခံယူကျင့်ကြံသော်လည်း ဆန္ဒနှင့်မကိုက်ညီသဖြင့် ဒုက္ကရစရိယာအကျင့် (ခဲယဉ်းစွာပြုရသောအကျင့်)ကို (၆) နှစ်တိုင် ကျင့်ကြံတော်မူသည်။ သို့ရာတွင် ဒုက္ကရစရိယာကျင့်စဉ်သည်လည်း အမှန်မဟုတ်ကြောင်းသိရှိပြီး   အစွန်းနှစ်ဖက်ပယ်သည့်အလယ်အလတ်ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံရာမှ ပု-ဒိ-အာ ဉာဏ်တော်(၃)ပါးရရှိပြီး ဂေါတမဗုဒ္ဓအဖြစ် ပွင့်တော်မူခဲ့သည်။   ထိုနေ့သည်  မဟာသက္ကရာဇ်  ၁ဝ၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဖြစ်သည်။

ယသော်ဓရာ၏အလွမ်းနှင့်နိဂုံး

     သိဒ္ဓတ္ထမင်းသားတောထွက်ပြီးနောက် ဘုရားအဖြစ်ပွင့်တော်မူသည်အထိ ယသော်ဓရာသည် ပူဆွေးသောကကြီးစွာ ပရိဒေဝမီးလောင်မြိုက်သော်လည်း ဂေါတမမြတ်စွာဘုရားရှင်၏ သတင်းကိုသာ နေ့စဉ်နားစွင့်၍ ပါရမီဖြည့်ဖက်ပီသစွာ ပါရမီများဖြည့်ကျင့်ခဲ့သည်။  ဓမ္မကထိကများဟောကြားသည့် တရားတော်များမှ ထုတ်နုတ်ဖော်ပြရလျှင်-

၁။      ဘုရားအလောင်းသစ်ခေါက်ဆိုးသင်္ကန်းကိုသာဝတ်ရုံသည်ဟု ကြားသိလျှင် သူမလည်း သစ်ခေါက်ဆိုးရောင်အထည်များကိုသာ ဝတ်ဆင်ခြင်း။

၂။       ဘုရားအလောင်းလက်ဝတ်ရတနာများစွန့်၍ အမွှေးနံ့သာ မလိမ်းကျံဟု ကြားသိလျှင် သူမလည်း ၎င်းအရာများစွန့်လွှတ်ခြင်း။

၃။      ဘုရားအလောင်းတစ်ရက်လျှင်   ဆွမ်းတစ်နပ်သာ ဘုဉ်းပေးကြောင်းကြားသိလျှင် သူမလည်း ထမင်းတစ်နပ်သာစားခြင်း။

၄။      ဘုရားအလောင်းသလွန်ညောင်စောင်းနှင့်မအိပ်ဟု ကြားသိလျှင် သူမလည်း ကြမ်းပြင်၌သာအိပ်စက်ခြင်း။

၅။      ဘုရားအလောင်း သစ်သီးကိုသာစားသုံးသည်ဟု ကြားသိလျှင် သူမလည်း ထမင်းအစား သစ်သီးကိုသာစားခြင်း။

၆။      ချောမောလှပပြီး ပစ္စည်းဥစ္စာပြည့်စုံသလို အမျိုးဂုဏ်မြင့်မားသည့် ယသော်ဓရာအား မင်းညီမင်းသား၊ သူဌေးသူကြွယ်များမှ လာရောက်ကမ်းလှမ်းသည်ကို မျက်ကွယ်ပြုခြင်းတို့ဖြစ်သည်။

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ကပိလဝတ်သို့ ကြွချီရာတွင် ယသော်ဓရာသည်   အများနည်းတူ   သွားရောက်ဖူးမြော်ခြင်းမပြုဘဲ(မြတ်ဘုရားအပေါ်  ငါ၏ကျေးဇူးရှိလျှင်  ကိုယ်တိုင်ကြွလိမ့်မည်၊ ထိုအခါမှရှိခိုးမည်)ဆိုခြင်းမှာ ယသော်ဓရာကဲ့သို့ အမျိုးသမီးတစ်ဦးအတွက် မိမိပါရမီအပေါ်ယုံကြည်မှုဟုဆိုနိုင်သည်။ မြတ်ဗုဒ္ဓရောက်ရှိချိန်တွင်  ယသော်ဓရာသည် မြတ်ဗုဒ္ဓ၏ခြေဖဝါးတော်နှစ်ဖက်အား လက်နှစ်ဖက်ဖြင့်ပွေ့ပြီး ဦးခေါင်းအား မြတ်ဗုဒ္ဓ၏ခြေဖမိုးပေါ်တင်ကာ ဆန္ဒပြည့်ဝအောင် ကန်တော့သည်။ ယသော်ဓရာနှင့်အခြွေအရံပေါင်း ၄ဝဝဝဝ သည် မြတ်ဗုဒ္ဓကြွလာချိန်၌ သစ်ခေါက်ဆိုးရောင် တူညီဝတ်စုံဖြင့် ကြိုဆိုခဲ့သည်မှာ မြတ်ဗုဒ္ဓသာသနာအပေါ် အလေးထားကြောင်းပေါ်လွင်လျက်ရှိသည်။

မြတ်ဗုဒ္ဓသည် တစ်ချိန်က ကြင်ယာတော်ဖြစ်ခဲ့သည့် ယသော်ဓရာအား စန္ဒကိန္နရီဇာတ်ကိုဟောကြား၍  အပူမီးငြိမ်းစေခဲ့သည်။ ထို့အတူ သားတော်ရာဟုလာအားလည်း  လောကီအမွေအစား လောကုတ္တရာအမွေအဖြစ်  သင်္ကန်းစီးပေးသည်။  ယသော်ဓရာထေရီသည် သက်တော် ၅ဝ ဝန်းကျင်တွင် မြတ်ဗုဒ္ဓသာသနာသို့ ဘိက္ခုနီအဖြစ်ဝင်ရောက်ပြီး ရက်သတ္တနှစ်ပတ်အတွင်း ရဟန္တာဖြစ်ခဲ့သည်။ ထို့နောက် သက်တော် ၇၈ နှစ်အရွယ်တွင် ရဟန္တာအဖြစ်   ပရိနိဗ္ဗာန်ပြုသည်။ ပရိနိဗ္ဗာန်စံဝင်ခါနီး မြတ်ဗုဒ္ဓအား သွားရောက်လျှောက်ထားရာတွင် ပါရမီဖြည့်ကျင့်စဉ်ကာလ အတွင်း ချွတ်ချော်မှားယွင်းမှုများ ရှိခဲ့ပါက ခွင့်လွှတ်ပါရန် တောင်းပန်သလို မြတ်ဗုဒ္ဓမှလည်း (ပရိနိဗ္ဗာန်စံဝင်ခါနီး သင့်ကို ငါဘုရား ဘာများ

အထူးပြောစရာရှိတော့မှာလဲ  ယသော်ဓရာ ငါ့အဆုံးအမကို လိုက်နာကြောင်း အခြားသူတွေ သံသယကင်းအောင် ပရိနိဗ္ဗာန်မပြုမီ တန်ခိုးပြခဲ့ပါဦး)ဟု မိန့်သည်။ ယသော်ဓရာထေရီသည် မြတ်ဗုဒ္ဓအား နောက်ဆုံးပူဇော်ခြင်းအဖြစ် မြတ်ဗုဒ္ဓအား လက်ယာရစ်(၇)ကြိမ်လှည့်ပတ်ကြည်ညိုပြီး  တန်ခိုးဖြင့်ကောင်းကင်သို့ကြွကာ ဥဒေါင်းငှက်ကြီးမှ  ဇမ္ဗူ့သပြေပန်းကပ်ဟန်ဖြင့် လည်းကောင်း၊ ဆင်၊ မြင်း၊ သိကြား၊ ဗြဟ္မာရုပ်များ ဖန်ဆင်း၍ မြတ်ဗုဒ္ဓအားပူဇော်သည်။ ထို့နောက် ကောင်းကင်တွင် ပရိနိဗ္ဗာန်ပြု၍ တေဇောဓာတ်လောင်ကျွမ်းခဲ့သည်။

ဧတဒဂ်ဘွဲ့ရ ယသော်ဓရာ

     ဧတဒဂ်ဟူသည့် ပါဠိပျက်စကားလုံးသည် ဧတဒဂ္ဂ၊ ၎င်းမှ ဧတအဂ္ဂဖြစ်လာပြီး ဧတ-ဤသူ၊ အဂ္ဂ-မြတ်သည်ဖြစ်သည်။ ဧတဒဂ်ဘွဲ့အား ဆိုင်ရာပုဂ္ဂိုလ်တို့တွင် အထူးမြတ်ဆုံး/ထိပ်ဆုံး ပုဂ္ဂိုလ်ကို ချီးမြှင့်လေ့ရှိသည်။ ယသော်ဓရာထေရီရရှိသည့် ဧတဒဂ်ဘွဲ့မှာ (မဟာအဘိညာဉ် ဧတဒဂ်ဘွဲ့)ဖြစ်သည်။ မဟာအဘိညာဉ်(၆)ပါးရှိရာ (၅)ပါးသည် သမထကျင့်စဉ်ဖြင့်ရရှိနိုင်ပြီး အာသဝက္ခယအဘိညာဉ်တစ်ပါးသာ ဝိပဿနာကျင့်စဉ်မှရရှိသည်။ မြတ်ဗုဒ္ဓရှိစဉ် မဟာအဘိညာဉ်ရရှိခဲ့သူ (၄)ဦးမှာ ရှင်သာရိပုတ္တရာ၊   ရှင်မဟာမောဂ္ဂလန်၊ ရှင်ဗာကုလနှင့် ယသော်ဓရာ (ဘဒ္ဒကစ္စနထေရီ)တို့ဖြစ်ပြီး    ဘိက္ခုနီယသော်ဓရာမှ (မဟာအဘိညာဉ်ဧတဒဂ်ဘွဲ့)ရရှိခဲ့ခြင်းဖြစ်သည်။

သံသရာဆုံးတိုင် ပါရမီဖြည့်ခြင်း

     ယသော်ဓရာသည် သက်တော်(၇၈)နှစ်တွင် ရဟန္တာအဖြစ် ပရိနိဗ္ဗာန်ပြုခဲ့သလို မြတ်ဗုဒ္ဓသည်လည်း သက်တော်(၈၀)နှစ်တွင် ပရိနိဗ္ဗာန်ပြု၍ နိဗ္ဗာန်သို့ရောက်ခဲ့ကြသည်။  ဓမ္မကထိက၊  ထေရ်ကြီးဝါကြီးများ၏ ဟောကြားမှုတွင် သံသရာ၏အစအား မည်သူမျှမသိနိုင်သော်လည်း နိဗ္ဗာန်ရောက်ရှိလျှင် သံသရာဆုံးသည်ဟုနာကြားရသည်။ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့သည့် မြတ်ဗုဒ္ဓနှင့် ယသော်ဓရာထေရီတို့သည် သံသရာတွင် တစ်ဖန်ပြန်လည်ဆုံတွေ့နိုင်မည် မဟုတ်တော့သည့် အတွက် နိဗ္ဗာန်သို့တိုင် ပါရမီဖြည့်နိုင်သူများ ဖြစ်ကြောင်း ရေးသားပူဇော်လိုက်ရပါသည်။  ။

MWD

မောင်နေ(မြကျွန်း)

မီးထွန်းအလှ ခြိမ့်ခြိမ့်သဲ တန်ဆောင်မုန်းလရာသီပွဲ
-
သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲ၊ ပံ့သကူပစ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှသောပွဲ၊ ကျီးမနိုးပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည့်ပွဲတော်တို့သည် တန်ဆောင်မုန်းလတွင် ကျင်းပသောကြောင့် တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်း စဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ မြန်မာပြက္ခဒိန်၏ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်လဖြစ်ပြီး “တန်ဆောင်မုန်း”ဟူသောဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်”ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း”ဖြစ်၏။ ၎င်းမှတန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။“တန်ဆောင်”မှာ “မီးတိုင်”၊ “မှုန်း”မှာ “ပျံ့နှံ့စေခြင်း”ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟုဆိုလိုသည်။ တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး”ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့်ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့်ကြယ်တာရာတို့သည် လနှင့်ယှဉ်ကာထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုခေါ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ တန်ဆောင်မုန်းလသည်မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန်ဖြစ်၍“မိုးလအဆုံးတန်ဆောင်မုန်း”ဟူ၍ဆိုလေ့ရှိကြသကဲ့သို့ လယ်ယာစိုက်ခင်းများတွင် စပါးကောက်နှံများ၏ စပါးသင်းရနံ့တို့မှာလည်း သင်းပျံ့မွှေးကြိုင်နေသည်ကိုမြင်တွေ့ရသဖြင့် တောင်သူလယ်သမားများရွှင်မြူးပြုံးပျော်ကြသည့်အတွက် “တောင်သူရွှင်ပြုံး တန်ဆောင်မုန်း”ဟုဆိုကြသည်။“သာမညဖလ”သုတ္တန်တရားကို ဟောကြားတော်မူသောနေ့မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့၌ “သာမညဖလ”သုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ အခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ”၏အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး”ဟုအဓိပ္ပာယ်ရသည်။ အဇာတသတ်ဘုရင်သည် အသိဉာဏ်နုစဉ်က ဒေဝဒတ်၏စည်းရုံးမှုကိုခံရ၍ ဒေဝဒတ်ကိုအထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိပြီး ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ကြီးဗိမ္မိသာရကို သတ်မိသည်အထိ အမှားကြီးမှားခဲ့သည်။အဇာတသတ်သည် ဖခင်ဘုရင်ကြီးဗိမ္မိသာရကိုသတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ အဆိုပါဝေဒနာကိုပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ တန်ဆောင်မုန်းလပြည့်ည တစ်ညတွင် အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေစဉ် “ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကိုဖြင့် ချဉ်းကပ်ရလျှင် ကိုယ်တော်မြတ်၏ စိတ်တော်ကြည်လင်နိုင်မည်နည်း”ဟုမေးသောအခါ မှူးကြီးမတ်ကြီးများက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်၏ နာမည်များနှင့် ၎င်းတို့ကျင့်ကြံသော အယူဝါဒများကို ပြောပြကြသည်။အဇာတသတ်မင်းသည် အမတ်ကြီးတို့၏တင်ပြချက်ကိုလက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏အကြံပေးချက်အရ မြတ်စွာဘုရားရှင်ထံသို့ချဉ်းကပ်ရန် ဆရာဇီဝကကို စီစဉ်စေသည်။အဇာတသတ်မင်းဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိရာ အဇာတသတ်ဘုရင်က ဘုရားရှင်ထံခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။ “အရှင်ဘုရား လောကမှာ အဋ္ဌာရသဆယ့်ရှစ်ရပ် စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်သည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားရာ ဘုရားရှင်က သာမညဖလ တရားတော်ကို ဟောကြားတော်မူသည်။ ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတို့မှာ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊ သီလနှင့်ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်းအကျိုး၊ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်ရခြင်းအကျိုး၊ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်ရခြင်းအကျိုး၊ နက္ခတ်၊ ဗေဒင်၊ ယတြာ ဆေးကုပေးခြင်း စသည်တို့မှရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့်ပြည့်စုံရခြင်းအကျိုး၊ ဣန္ဒြေခြောက်ပါးလုံးအကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်းအကျိုး၊ သတိနှင့်ပြည့်စုံခြင်းအကျိုး၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံခြင်းအကျိုး၊ စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊ ဈာန်တရားများရရှိနိုင်ခြင်း အကျိုး၊ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး စသည့်အကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။အဇာတသတ်မင်းသည် တရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားသည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာယုံကြည်သွားပြီး ပုထုဇဉ်တို့တွင် ရတနာ သုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးခြင်းခံရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ဓာတ်တော်တိုက်တည်ထားခဲ့ပြီး အဇာတသတ်မင်းသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့သည်။ ဖခင်ဘုရင်ကြီးဗိမ္မိသာရကို သတ်မိသောအပြစ်ရှိသော်လည်း မဟာအဝီစိငရဲ၌မကျတော့ဘဲ၊ လောဟကုမ္ဘီငရဲငယ်၌သာခံစားရပြီး နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ”အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးဖြစ်ကာ ကျွတ်တမ်းဝင်မည်ဖြစ်သည်။သင်္ကန်းမှာ ကထိန်၊ စုပေါင်းမဟာဘုံကထိန်မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာကထိန်”ဟူ၍ ဆိုရိုးပြုကာ၊“ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွတ်အမြတ်ထားလေ့ရှိကြပြီး “ကထိန်”ဟူသောဝေါဟာရသည် ပါဠိဘာသာစကား “ကထိန”မှဆင်းသက်လာပြီး “မြဲမြံခိုင်ခံ့ခြင်း”ဟူသော အနက်ရှိသည်။ တန်ဆောင်တိုင်ပွဲကို ဗုဒ္ဓဘာသာမြန်မာရှေးမင်း အဆက်ဆက်တို့သည် ပွဲတော်အချိန်အခါတွင် မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ထီးရံနန်းရံ၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ မင်းမိဖုရားတို့နှင့် တူရိယာမျိုးစုံတီးမှုတ်လျက် ထီးစဉ်နန်းဆက် “မဟာအသဒိသအတုလသဘင်”ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။ ယခုခေတ်ကာလတွင်မူ တန်ဆောင်တိုင်ပွဲတော်ကို ဘုံကထိန်အဖြစ် စုပေါင်းလှူဒါန်းကြပြီး ထိုဘုံကထိန်အတွက် မိမိတို့တတ်အားသမျှ လှူဖွယ်ပစ္စည်းများကို ပဒေသာပင်များဆင်ယင်၍ မဲကျရာဘုန်းတော်ကြီးကျောင်းတိုက်သို့ လှူဒါန်းကြသည်။ ပဒေသာပင်များတွင် ဝတ္ထုငွေများကို ဗုဒ္ဓဘုရား၏ပုံတော်များ၊ ဘုရားစေတီတော်ပုံများ၊ ဘုံပြာသာဒ်များ၊ သံဃာတော်တို့ အသုံးပြုသည့် ပရိက္ခရာရှစ်ပါးပစ္စည်းများ၊ ဘုန်းတော်ကြီးကျောင်းအတွင်း လိုအပ်မည့် လှူဖွယ်ဝတ္ထုများကို စုံလင်စွာအလှဆင်၍ မြို့လယ်လမ်းမများတွင် ခင်းကျင်းပြသထားသည်မှာ မြင်ရသူအဖို့ စိတ်နှလုံးအေးချမ်းကြည်နူးစေပါသည်။ ဆက်ကပ်လှူဒါန်း မသိုးသင်္ကန်း မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော်ကတည်းကပင် ရှိခဲ့သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသည့်နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်း လုပ်ငန်းတို့ကို ညတွင်းချင်းအပြီး ဆောင်ရွက်ခဲ့ကြသည်။နံနက်ငါးနာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း(ကထိန်သင်္ကန်း) ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည် မျက်မှောက်ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်အပါအဝင် တန်ခိုးကြီးဘုရားများတွင် မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းကြရန် ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိသည်။နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟုမခေါ်ဆိုနိုင်တော့ပေ။ ထို့ကြောင့် ရက်ကန်းရက်လုပ်ကြသည့် လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံး မမောမပန်းရက်လုပ်ကြရသည်။ဆေးပေါင်းခတဲ့ညနှင့် မီးပုံးပျံပွဲ တန်ဆောင်မုန်းလ၏ မိုးလေကင်းလွတ်သော ညချမ်းတွင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ပူဇော်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။ တန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓအားရည်မှန်းကာ မီးပုံးပျံများပုံစံအမျိုးမျိုးပြုလုပ်၍ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး မိမိတို့နေအိမ်များတွင်လည်း မြတ်စွာဘုရားအား ရည်မှန်းပြီး ဆီမီးပူဇော်လှူဒါန်းကြသည်။ကြတ္တိကာနက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟုဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှအလှူအတန်းပြုကြသည်။ ထို့ပြင် တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်းထက်ဆုံး၊ အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်း ဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံဖော်စပ်လေ့ ရှိကြသည်။ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန် လှူဒါန်းသောပံ့သကူ တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲ အလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသောဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ”မှ ဆင်းသက်လာခြင်းဖြစ်သည်။ အနီးစပ်ဆုံး အဓိပ္ပာယ်သည် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်ပြီး တွေ့ရှိသူကအလိုရှိသလို သုံးစွဲနိုင်သောပစ္စည်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက်ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလိုအသုံးပြုနိုင်စေရန် လှူဒါန်းခြင်းပင်ဖြစ်သည်။ထို့ကြောင့် ရာသီဥတုသာယာကောင်းမွန်သည့် တန်ဆောင်မုန်းလသည် သာမညဖလအခါတော်နေ့၌ သာမညဖလသုတ်ပါဠိတော်ကို ရွတ်ဖတ်ခြင်း၊ ဘုရားရှင်အားဆီမီး၊ ပန်းများပူဇော်ခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ ပံ့သကူပစ်ပွဲအလှူဒါနများပြုလုပ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ၊ အလှူဒါနများပြုလုပ်ကြခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် လထူးလမြတ်ပင်ဖြစ်ပါကြောင်း ဖော်ညွှန်းရေးသား လိုက်ရပါသည်။ ။ကိုဘုန်း(ထုတ်လုပ်)MWD

သာမညဖလအခါတော်နေ့၊  တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲ၊ ပံ့သကူပစ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှသောပွဲ၊ ကျီးမနိုးပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည့်ပွဲတော်တို့သည် တန်ဆောင်မုန်းလတွင် ကျင်းပသောကြောင့် တန်ဆောင်မုန်းလသည် မြန်မာတို့၏  ယဉ်ကျေးမှုထုံးတမ်း စဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။  

မြန်မာပြက္ခဒိန်၏ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်လဖြစ်ပြီး “တန်ဆောင်မုန်း”ဟူသောဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်”ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား   “တန်ဆောင်မှုန်း”ဖြစ်၏။  ၎င်းမှတန်ဆောင်မုန်းသို့  ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင်    ဖော်ပြထားသည်။

“တန်ဆောင်”မှာ “မီးတိုင်”၊ “မှုန်း”မှာ “ပျံ့နှံ့စေခြင်း”ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင်  “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟုဆိုလိုသည်။   တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး”ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့်ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့်ကြယ်တာရာတို့သည်  လနှင့်ယှဉ်ကာထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုခေါ်သည်။   ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။  တန်ဆောင်မုန်းလသည်

မိုးတွင်းကာလ  ကုန်ဆုံးသည့်အချိန်ဖြစ်၍“မိုးလအဆုံးတန်ဆောင်မုန်း”ဟူ၍ဆိုလေ့ရှိကြသကဲ့သို့  လယ်ယာစိုက်ခင်းများတွင်  စပါးကောက်နှံများ၏ စပါးသင်းရနံ့တို့မှာလည်း သင်းပျံ့မွှေးကြိုင်နေသည်ကိုမြင်တွေ့ရသဖြင့် တောင်သူလယ်သမားများရွှင်မြူးပြုံးပျော်ကြသည့်အတွက်   “တောင်သူရွှင်ပြုံး တန်ဆောင်မုန်း”ဟုဆိုကြသည်။

“သာမညဖလ”သုတ္တန်တရားကို ဟောကြားတော်မူသောနေ့မြတ်စွာဘုရားရှင်သည်  အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့၌ “သာမညဖလ”သုတ္တန်တရားကို  ဟောကြားတော်မူသည်။  ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ အခါ

တော်နေ့”အဖြစ်  သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ”၏အဓိပ္ပာယ်မှာ  “ရဟန်းပြုရခြင်း၏အကျိုး”ဟုအဓိပ္ပာယ်ရသည်။ အဇာတသတ်ဘုရင်သည် အသိဉာဏ်နုစဉ်က ဒေဝဒတ်၏စည်းရုံးမှုကိုခံရ၍ ဒေဝဒတ်ကိုအထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိပြီး ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ကြီးဗိမ္မိသာရကို   သတ်မိသည်အထိ   အမှားကြီးမှားခဲ့သည်။

အဇာတသတ်သည်  ဖခင်ဘုရင်ကြီးဗိမ္မိသာရကိုသတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ အဆိုပါဝေဒနာကိုပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ တန်ဆောင်မုန်းလပြည့်ည တစ်ညတွင် အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေစဉ်  “ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကိုဖြင့် ချဉ်းကပ်ရလျှင် ကိုယ်တော်မြတ်၏ စိတ်တော်ကြည်လင်နိုင်မည်နည်း”ဟုမေးသောအခါ မှူးကြီးမတ်ကြီးများက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်၏ နာမည်များနှင့် ၎င်းတို့ကျင့်ကြံသော အယူဝါဒများကို ပြောပြကြသည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏တင်ပြချက်ကိုလက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏အကြံပေးချက်အရ မြတ်စွာဘုရားရှင်ထံသို့ချဉ်းကပ်ရန် ဆရာဇီဝကကို စီစဉ်စေသည်။

အဇာတသတ်မင်းဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့  ညချမ်းအချိန်ဖြစ်သည်။ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး  ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိရာ အဇာတသတ်ဘုရင်က ဘုရားရှင်ထံခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။    “အရှင်ဘုရား လောကမှာ   အဋ္ဌာရသဆယ့်ရှစ်ရပ်    စသော  အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်သည်။  ရဟန်းပြုခြင်းဖြင့်  မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားရာ ဘုရားရှင်က သာမညဖလ တရားတော်ကို ဟောကြားတော်မူသည်။ ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတို့မှာ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊ သီလနှင့်ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်းအကျိုး၊ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့်    ဒုစရိုက်ဒုက္ခမှ  ကင်းလွတ်ရခြင်းအကျိုး၊ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှရှောင်ကြဉ်သဖြင့်  ထိုဒုက္ခများမှ ကင်းလွတ်ရခြင်းအကျိုး၊  နက္ခတ်၊ ဗေဒင်၊ ယတြာ ဆေးကုပေးခြင်း စသည်တို့မှရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့်ပြည့်စုံရခြင်းအကျိုး၊   ဣန္ဒြေခြောက်ပါးလုံးအကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်းအကျိုး၊ သတိနှင့်ပြည့်စုံခြင်းအကျိုး၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံခြင်းအကျိုး၊ စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊ ဈာန်တရားများရရှိနိုင်ခြင်း အကျိုး၊ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး စသည့်အကျိုးတရားတို့သည်   သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် တရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားသည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာယုံကြည်သွားပြီး ပုထုဇဉ်တို့တွင် ရတနာ သုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးခြင်းခံရသည်။  ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ဓာတ်တော်တိုက်တည်ထားခဲ့ပြီး အဇာတသတ်မင်းသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့သည်။ ဖခင်ဘုရင်ကြီးဗိမ္မိသာရကို သတ်မိသောအပြစ်ရှိသော်လည်း မဟာအဝီစိငရဲ၌မကျတော့ဘဲ၊ လောဟကုမ္ဘီငရဲငယ်၌သာခံစားရပြီး နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ”အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးဖြစ်ကာ ကျွတ်တမ်းဝင်မည်ဖြစ်သည်။

သင်္ကန်းမှာ ကထိန်၊ စုပေါင်းမဟာဘုံကထိန်မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာကထိန်”ဟူ၍ ဆိုရိုးပြုကာ၊“ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွတ်အမြတ်ထားလေ့ရှိကြပြီး “ကထိန်”ဟူသောဝေါဟာရသည်  ပါဠိဘာသာစကား “ကထိန”မှဆင်းသက်လာပြီး “မြဲမြံခိုင်ခံ့ခြင်း”ဟူသော အနက်ရှိသည်။ တန်ဆောင်တိုင်ပွဲကို ဗုဒ္ဓဘာသာမြန်မာရှေးမင်း အဆက်ဆက်တို့သည်  ပွဲတော်အချိန်အခါတွင် မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ထီးရံနန်းရံ၊ မှူးကြီးမတ်ရာ၊  သေနာပတိ၊  မင်းမိဖုရားတို့နှင့် တူရိယာမျိုးစုံတီးမှုတ်လျက် ထီးစဉ်နန်းဆက် “မဟာအသဒိသအတုလသဘင်”ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။ ယခုခေတ်ကာလတွင်မူ တန်ဆောင်တိုင်ပွဲတော်ကို ဘုံကထိန်အဖြစ် စုပေါင်းလှူဒါန်းကြပြီး ထိုဘုံကထိန်အတွက် မိမိတို့တတ်အားသမျှ လှူဖွယ်ပစ္စည်းများကို ပဒေသာပင်များဆင်ယင်၍  မဲကျရာဘုန်းတော်ကြီးကျောင်းတိုက်သို့ လှူဒါန်းကြသည်။ ပဒေသာပင်များတွင် ဝတ္ထုငွေများကို ဗုဒ္ဓဘုရား၏ပုံတော်များ၊ ဘုရားစေတီတော်ပုံများ၊  ဘုံပြာသာဒ်များ၊ သံဃာတော်တို့ အသုံးပြုသည့် ပရိက္ခရာရှစ်ပါးပစ္စည်းများ၊ ဘုန်းတော်ကြီးကျောင်းအတွင်း လိုအပ်မည့် လှူဖွယ်ဝတ္ထုများကို  စုံလင်စွာအလှဆင်၍ မြို့လယ်လမ်းမများတွင် ခင်းကျင်းပြသထားသည်မှာ မြင်ရသူအဖို့   စိတ်နှလုံးအေးချမ်းကြည်နူးစေပါသည်။ 

ဆက်ကပ်လှူဒါန်း မသိုးသင်္ကန်း

      မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော်ကတည်းကပင် ရှိခဲ့သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသည့်နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်း လုပ်ငန်းတို့ကို ညတွင်းချင်းအပြီး ဆောင်ရွက်ခဲ့ကြသည်။

နံနက်ငါးနာရီမထိုးမီ  မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း(ကထိန်သင်္ကန်း)  ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည် မျက်မှောက်ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်  ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်အပါအဝင် တန်ခိုးကြီးဘုရားများတွင် မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းကြရန်  ရက်ကန်းစင်များဖြင့်   ပြည့်လျက်ရှိသည်။

နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟုမခေါ်ဆိုနိုင်တော့ပေ။ ထို့ကြောင့် ရက်ကန်းရက်လုပ်ကြသည့် လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံး မမောမပန်းရက်လုပ်ကြရသည်။

ဆေးပေါင်းခတဲ့ညနှင့် မီးပုံးပျံပွဲ

    တန်ဆောင်မုန်းလ၏  မိုးလေကင်းလွတ်သော ညချမ်းတွင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ပူဇော်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။ တန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓအားရည်မှန်းကာ မီးပုံးပျံများပုံစံအမျိုးမျိုးပြုလုပ်၍ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး မိမိတို့နေအိမ်များတွင်လည်း မြတ်စွာဘုရားအား ရည်မှန်းပြီး  ဆီမီးပူဇော်လှူဒါန်းကြသည်။

ကြတ္တိကာနက္ခတ်စန်းယှဉ်သော  တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည်    မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟုဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာ   ဝေငှအလှူအတန်းပြုကြသည်။   ထို့ပြင် တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်းထက်ဆုံး၊  အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်း ဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံဖော်စပ်လေ့ ရှိကြသည်။

ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန် လှူဒါန်းသောပံ့သကူ

      တန်ဆောင်မုန်းလပြည့်ညတွင်  ပံ့သကူပစ်ပွဲ အလှူဒါနများကိုလည်း ပြုလုပ်ကြသည်။  ပံ့သကူဟူသောဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ”မှ  ဆင်းသက်လာခြင်းဖြစ်သည်။ အနီးစပ်ဆုံး အဓိပ္ပာယ်သည်  ပိုင်ရှင်မဲ့ပစ္စည်းဖြစ်ပြီး တွေ့ရှိသူကအလိုရှိသလို  သုံးစွဲနိုင်သောပစ္စည်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက်ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလိုအသုံးပြုနိုင်စေရန် လှူဒါန်းခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ရာသီဥတုသာယာကောင်းမွန်သည့် တန်ဆောင်မုန်းလသည် သာမညဖလအခါတော်နေ့၌ သာမညဖလသုတ်ပါဠိတော်ကို ရွတ်ဖတ်ခြင်း၊ ဘုရားရှင်အားဆီမီး၊ ပန်းများပူဇော်ခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ ပံ့သကူပစ်ပွဲအလှူဒါနများပြုလုပ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ၊ အလှူဒါနများပြုလုပ်ကြခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် လထူးလမြတ်ပင်ဖြစ်ပါကြောင်း   ဖော်ညွှန်းရေးသား လိုက်ရပါသည်။   ။

ကိုဘုန်း(ထုတ်လုပ်)

MWD

အမည်မသိ

ကုသိုလ်ထပ်ထပ် ကထိန်မြတ်
-
ကထိန်၏အဓိပ္ပာယ် ကထိန်ဟူသည် ကထိနဟူသော ပါဠိပုဒ်မှသက်ဆင်းလာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်မှာ မြဲမြံခိုင်ခံ့ခြင်းဟုဆိုလိုသည်။ တစ်နည်းအားဖြင့် အကျိုးအာနိသင် (၅)မျိုးကို ပေါင်းရုံး၍ ယူတတ်သောကြောင့်လည်းကောင်း၊ တစ်ပြိုင်နက်သိမ်းကျုံး ရရှိစေနိုင်သောကြောင့် လည်းကောင်း၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း၊ သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသောကြောင့်လည်းကောင်း ကထိန်ဟုခေါ်ဆိုကြောင်း တိပိဋကပါဠိ-မြန်မာအဘိဓာန်၌ ဖော်ပြထားပေသည်။ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အနည်းငယ်ဖော်ပြရလျှင် မြတ်စွာဘုရားရှင် လက်ထက်ပါဝေယျကတိုင်းသား ရဟန်းတော် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ မြတ်စွာဘုရားရှင်အားဖူးမြော်ရန် လာရောက်စဉ် ဝါဆိုအမီ မြတ်စွာဘုရားထံ မရောက်နိုင်ကြသဖြင့် သာကေတမြို့၌သာ ဝါဆိုဝါကပ်တော်မူကြသည်။ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးလျှင် သာဝတ္ထိမြို့သို့ ဆက်လက်ထွက်ခွာလာရာ လမ်းခရီး၌ မိုးသည်းထန်စွာရွာသွန်း၍ ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုစွတ်လိမ်းကျံလျက်သာ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြလေသည်။ ထိုဖြစ်စဉ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ပုရိမဝါကျွတ်ပြီးသော ရဟန်းတော်တို့အား အကျိုး(၅)ပါးကို ဟောကြား၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် ကထိန်သင်္ကန်းဖြစ်ပေါ်လာပေသည်။ကထိန်သင်္ကန်းလှူဒါန်းခြင်း ကထိန်ခင်းခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်က ပုရိမဝါဆိုပြီးမြောက်တော် မူကြသည့် ရဟန်းတော်များကိုသာ ကထိန်ခင်း ခွင့်ပြုတော်မူခဲ့သည်။ ကထိန်ခင်းရာ၌ ဝိနည်းကံနှင့်လျော်ညီစွာ ကထိန်ခင်းသူ (ရဟန်းတော်)အပါအဝင် အနည်းဆုံးသံဃာငါးပါးရှိမှသာ သိမ်အတွင်းကထိန်ခင်းခွင့်ပြုတော်မူသည်။ကထိန်ခင်းသည့်ကာလကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူခဲ့ပေသည်။ ရဟန်းတော်များအနေဖြင့် ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်မြွက်၍ဖြစ်စေ မတောင်းအပ်၊ အလှူမခံအပ်ပါ။ ယုတ်စွအဆုံး မိဘနှစ်ပါးကိုပင် ကထိန်သင်္ကန်းလှူဒါန်းရန် မပြောအပ်၊ မတောင်းအပ်ပါ။ အလှူရှင်၏ ကထိန်သင်္ကန်းလှူဒါန်းလိုသော သဒ္ဓါတရား ဖြစ်ပေါ်လာမှသာ ကထိန်ခင်းရသည်။ အလှူရှင်က သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ “ဣမံကထိနစီဝရံ သံဃဿ ဒေမ” ဟုဆို၍ သံဃာကိုရည်ညွှန်း လှူဒါန်းမှသာ ကထိန်အရာမြောက်ပေသည်။ကထိန်ခင်းပုံအစီအစဉ် ရဟန်းတော်များသည် လက်ခံရရှိသည့် ကထိန်သင်္ကန်းကို သိမ်အတွင်း၌ သံဃာစုရုံး၍ သင်္ကန်းရှားပါးသူကိုရွေးချယ်ကာ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်။ ထိုပုဂ္ဂိုလ်မျိုးမရှိလျှင် သို့မဟုတ် သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး(ဝါကြီး)မထေရ်အား ခံယူစေရသည်။ ကထိန်သင်္ကန်းခံယူ၍ ကထိန်ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်နှင့်ဆက်စပ်သော အောက်ပါအင်္ဂါရပ်(၈)ပါးကိုလည်း နားလည်ထားရန် လိုအပ်မည်ဖြစ်ပေသည်-(က) ကထိန်အလှူရှင်များ လှူသည့်သင်္ကန်းကို သံဃာက ခံယူရခြင်း၊(ခ) ကထိန်ခင်းထိုက်သည့်ရဟန်းတော် ရွေးချယ်ရခြင်း၊(ဂ) ထိုရွေးချယ်သည့်ရဟန်းကို သံဃာတော်က သိမ်ထဲတွင် ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ကထိန်သင်္ကန်းပေးရခြင်း၊(ဃ) ကထိန်သင်္ကန်းရပြီးသည့် ရဟန်းသည် မိမိတွင် မူလက တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသည့် သင်္ကန်းကို အဓိဋ္ဌာန်ချ၍ ထိုသင်္ကန်းကိုစွန့်ရခြင်း၊(င) ကထိန်ခင်းမည့် သင်္ကန်း၏ထောင့်၌ အညိုရောင်ဖြစ်စေ၊ ရွှံ့ရောင်ဖြစ်စေ အစက်အပြောက် ထိုးခြင်းဟုဆိုသည့် ကပ္ပဗိန္ဒုထိုးရခြင်း၊(စ) ထိုကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းကို အဓိဋ္ဌာန်တင်ရခြင်း၊(ဆ) ထိုအဓိဋ္ဌာန်တင်ပြီးသော (ဒုကုဋ်၊ ဧကသီ၊ သင်းပိုင်) သင်္ကန်းကို ကထိန်ခင်းရခြင်း၊(ဇ) ကထိန်ခင်းပြီးသောအခါ သိမ်အတွင်း၌ရှိကြသည့် သံဃာတော်များနှင့် ကထိန်ခံရဟန်းတော်တို့က ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုရခြင်း။ပုရိမဝါဆိုပြီးမြောက်သည့် ကထိန်ခံသည့်ကျောင်းတိုက်မှ သံဃာတော်များက အထက်ပါအင်္ဂါရပ်များနှင့် အညီကထိန်သင်္ကန်း အလှူခံသည့်နေ့အတွင်း ရက်မကူးစေဘဲ ကထိန်ခင်းခြင်းကိစ္စများ နေ့ချင်းပြီး ဆောင်ရွက်သည်ကို “ကထိန်ခင်းသည်”ဟုဆိုသည်။ကထိန်အကျိုးအာနိသင် (၅)ပါး ကထိန်ခင်းပြီးသော ရဟန်းတော်များအတွက် ကထိန်အကျိုးအာနိသင် (၅)ပါးကို ကထိန်ခင်းသည့်နေ့မှ စ၍ တ‌ပေါင်းလပြည့်နေ့အထိ ရရှိတော်မူကြသည်။ယင်းကထိန်အကျိုးအာနိသင်(၅)ပါးမှာ-(က) အနာမန္တစာရ-ဒါယကာက ရဟန်းတို့အားမအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကိုမပန်ကြား၊ မပြောဆိုဘဲ ရွာတွင်းသို့သွားလာနိုင်ခြင်း (စာရိတ္တသိက္ခာပုဒ်အရပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊(ခ) အသမာဒါနစာရ-တိစီဝရိတ်အဓိဋ္ဌာန်တင်သောသင်္ကန်းကို မယူဆောင်ဘဲ(ညစဉ် အနီးအနား၌ မဆောင်ထားဘဲ)သွားလိုရာ လှည့်လည်သွားလာနိုင်ခြင်း (ဒုတိယကထိနသိက္ခာပုဒ်အရ နိဿဂ္ဂိယ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊(ဂ) ယာဝဒတ္ထစီဝရ-ရသမျှသင်္ကန်းတို့ကိုအဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ အလိုရှိသလောက် ထားရှိသုံးဆောင်နိုင်ခြင်း(ပထမကထိနသိက္ခာပုဒ်အရ ၁၀ ရက်ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်ခြင်း)အကျိုး၊(ဃ) ဂဏဘောဇန-မအပ်စပ်သော တောင်းခံ ခြင်း၊ပင့်ဖိတ်ခြင်းမျိုးဖြင့် ောင်းခံပင့်ဖိတ်အပ်သောဆွမ်းကို လေးပါး၊ လေးပါးထက်အလွန် စုပေါင်းခံယူစားနိုင်ခြင်း(ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ်နှင့် တတိယသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊(င) ယော စ တတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းရာကျောင်းတိုက်၌ ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရရှိနိုင်ခြင်းအကျိုး။ကထိန်သင်္ကန်းအလှူအကျိုး (၅)ပါး ကထိန်ခင်းတော်မူကြသည့် ရဟန်းတော်များအတွက် ကထိန်အာနိသင်အကျိုး (၅)ပါးရှိသကဲ့သို့ ကထိန်အလှူရှင်များအတွက်လည်း ကထိန်ခင်းသည့်နေ့မှစ၍ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝ အဆက်ဆက် ကထိန်လှူဒါန်းရသည့် အကျိုး (၅) မျိုးကို ရရှိနိုင်သည်။ ယင်းအကျိုး (၅) ပါးမှာ-(က) ပိတ်ပင်တားဆီးမှုမရှိ မိမိလိုရာအရပ်သို့သွားနိုင်ခြင်းအကျိုး၊(ခ) ကိစ္စအဝဝတွင်ဝန်လေးခြင်းမရှိ၊ ပေါ့ပေါ့ပါးပါးချမ်းချမ်းသာသာရှိခြင်းအကျိုး၊(ဂ) အစားအစာများပေါများ၍ အစားအသောက်ကြောင့် ဘေးအန္တရာယ် မဖြစ်ခြင်းအကျိုး၊(ဃ) မိမိစည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်းအကျိုး၊(င) အဝတ်အထည်နှင့် ပစ္စည်းဥစ္စာများပေါများ၍ မိမိပိုင်ပစ္စည်းများကို မိမိကမပေးလျှင် မည်သူမျှမယူနိုင်ခြင်းအကျိုး။စုပေါင်းဆင်နွှဲ ကထိန်ပွဲ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ဝါလကင်းလွတ် သီတင်းကျွတ်ကာလသို့ ရောက်ပြီဆိုလျှင် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်” ဆိုသည့်အတိုင်း ဘုရားတည်ထားရာတွင် ရတနာစိန်ဖူးတော်လှူဒါန်းရခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ ကျောင်းဆောက်လှူဒါန်းရာတွင် သိမ်ကျောင်းဆောက်လုပ် လှူဒါန်းခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ သင်္ကန်းများလှူဒါန်းရာတွင် ကထိန်သင်္ကန်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ ဆွမ်းလှူဒါန်းရာတွင်နေ့စဉ်လှူဒါန်းရသည့် ပိဏ္ဍပါတ်ဆွမ်းသည် အမြတ်ဆုံးဖြစ်ကြောင်း ယုံကြည်ကြသဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ပုရိမဝါဆိုပြီးမြောက်တော်မူကြသည့် သံဃာတော်များအား လှူဒါန်းရန် ကထိန်သင်္ကန်းများအပြင် ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများပါဝင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ချိတ်ဆွဲထားသော ပဒေသာပင်အမျိုးမျိုးကို ကထိန်ခင်းမည့် ကျောင်းတိုက်များသို့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ပျော်ရွှင်ကြည်နူးစွာ ပို့ဆောင်ကြလျက် ဒါန၊ သီလ ဘာဝနာကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ကြပေသည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးများက အခြားသောနေ့ထူးနေ့မြတ်များနှင့်မတူဘဲ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆင်ယင်ကျင်းပသည့် အခါသမယတွင် မြတ်စွာဘုရားရှင်အား မသိုးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းများဖြင့်ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ ကျင်းပခြင်း၊ မည်သည့်ပုဂ္ဂိုလ်မျှ ရည်ရွယ်မှုမပြုဘဲ ပံ့သကူပစ်လှူဒါန်းခြင်း၊ မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး လှူဒါန်းခြင်း စသည့်ကုသိုလ်ကောင်းမှုအမျိုးမျိုးကို စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် စုပေါင်းကုသိုလ်ပြုကြခြင်းဖြစ်၍ “ကုသိုလ်ထပ်ထပ် ကထိန်မြတ်”ဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ။MWD

ကထိန်၏အဓိပ္ပာယ်

    ကထိန်ဟူသည်  ကထိနဟူသော ပါဠိပုဒ်မှသက်ဆင်းလာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်မှာ မြဲမြံခိုင်ခံ့ခြင်းဟုဆိုလိုသည်။ တစ်နည်းအားဖြင့် အကျိုးအာနိသင် (၅)မျိုးကို ပေါင်းရုံး၍ ယူတတ်သောကြောင့်လည်းကောင်း၊ တစ်ပြိုင်နက်သိမ်းကျုံး ရရှိစေနိုင်သောကြောင့် လည်းကောင်း၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း၊ သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသောကြောင့်လည်းကောင်း ကထိန်ဟုခေါ်ဆိုကြောင်း တိပိဋကပါဠိ-မြန်မာအဘိဓာန်၌ ဖော်ပြထားပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ

     ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အနည်းငယ်ဖော်ပြရလျှင်   မြတ်စွာဘုရားရှင် လက်ထက်ပါဝေယျကတိုင်းသား ရဟန်းတော် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ မြတ်စွာဘုရားရှင်အားဖူးမြော်ရန်   လာရောက်စဉ် ဝါဆိုအမီ မြတ်စွာဘုရားထံ မရောက်နိုင်ကြသဖြင့် သာကေတမြို့၌သာ ဝါဆိုဝါကပ်တော်မူကြသည်။

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးလျှင် သာဝတ္ထိမြို့သို့ ဆက်လက်ထွက်ခွာလာရာ လမ်းခရီး၌ မိုးသည်းထန်စွာရွာသွန်း၍ ရေ၊ ရွှံ့ညွန်တို့ဖြင့်  စိုစွတ်လိမ်းကျံလျက်သာ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြလေသည်။ ထိုဖြစ်စဉ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ပုရိမဝါကျွတ်ပြီးသော ရဟန်းတော်တို့အား  အကျိုး(၅)ပါးကို ဟောကြား၍  ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် ကထိန်သင်္ကန်းဖြစ်ပေါ်လာပေသည်။

ကထိန်သင်္ကန်းလှူဒါန်းခြင်း

      ကထိန်ခင်းခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်က ပုရိမဝါဆိုပြီးမြောက်တော် မူကြသည့် ရဟန်းတော်များကိုသာ ကထိန်ခင်း ခွင့်ပြုတော်မူခဲ့သည်။ ကထိန်ခင်းရာ၌ ဝိနည်းကံနှင့်လျော်ညီစွာ ကထိန်ခင်းသူ (ရဟန်းတော်)အပါအဝင် အနည်းဆုံးသံဃာငါးပါးရှိမှသာ သိမ်အတွင်းကထိန်ခင်းခွင့်ပြုတော်မူသည်။

ကထိန်ခင်းသည့်ကာလကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူခဲ့ပေသည်။ ရဟန်းတော်များအနေဖြင့် ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်မြွက်၍ဖြစ်စေ မတောင်းအပ်၊ အလှူမခံအပ်ပါ။ ယုတ်စွအဆုံး မိဘနှစ်ပါးကိုပင် ကထိန်သင်္ကန်းလှူဒါန်းရန် မပြောအပ်၊  မတောင်းအပ်ပါ။ အလှူရှင်၏ ကထိန်သင်္ကန်းလှူဒါန်းလိုသော သဒ္ဓါတရား ဖြစ်ပေါ်လာမှသာ ကထိန်ခင်းရသည်။ အလှူရှင်က  သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ “ဣမံကထိနစီဝရံ သံဃဿ ဒေမ” ဟုဆို၍ သံဃာကိုရည်ညွှန်း လှူဒါန်းမှသာ ကထိန်အရာမြောက်ပေသည်။

ကထိန်ခင်းပုံအစီအစဉ်

     ရဟန်းတော်များသည် လက်ခံရရှိသည့် ကထိန်သင်္ကန်းကို သိမ်အတွင်း၌ သံဃာစုရုံး၍  သင်္ကန်းရှားပါးသူကိုရွေးချယ်ကာ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်။ ထိုပုဂ္ဂိုလ်မျိုးမရှိလျှင် သို့မဟုတ် သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး(ဝါကြီး)မထေရ်အား ခံယူစေရသည်။ ကထိန်သင်္ကန်းခံယူ၍ ကထိန်ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်နှင့်ဆက်စပ်သော အောက်ပါအင်္ဂါရပ်(၈)ပါးကိုလည်း နားလည်ထားရန် လိုအပ်မည်ဖြစ်ပေသည်-

(က)   ကထိန်အလှူရှင်များ လှူသည့်သင်္ကန်းကို သံဃာက ခံယူရခြင်း၊

(ခ)     ကထိန်ခင်းထိုက်သည့်ရဟန်းတော် ရွေးချယ်ရခြင်း၊

(ဂ)     ထိုရွေးချယ်သည့်ရဟန်းကို သံဃာတော်က သိမ်ထဲတွင် ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ကထိန်သင်္ကန်းပေးရခြင်း၊

(ဃ)   ကထိန်သင်္ကန်းရပြီးသည့် ရဟန်းသည် မိမိတွင် မူလက တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသည့်  သင်္ကန်းကို အဓိဋ္ဌာန်ချ၍ ထိုသင်္ကန်းကိုစွန့်ရခြင်း၊

(င)     ကထိန်ခင်းမည့် သင်္ကန်း၏ထောင့်၌ အညိုရောင်ဖြစ်စေ၊ ရွှံ့ရောင်ဖြစ်စေ အစက်အပြောက် ထိုးခြင်းဟုဆိုသည့် ကပ္ပဗိန္ဒုထိုးရခြင်း၊

(စ)     ထိုကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းကို အဓိဋ္ဌာန်တင်ရခြင်း၊

(ဆ)   ထိုအဓိဋ္ဌာန်တင်ပြီးသော (ဒုကုဋ်၊ ဧကသီ၊ သင်းပိုင်) သင်္ကန်းကို ကထိန်ခင်းရခြင်း၊

(ဇ)     ကထိန်ခင်းပြီးသောအခါ သိမ်အတွင်း၌ရှိကြသည့် သံဃာတော်များနှင့် ကထိန်ခံရဟန်းတော်တို့က ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုရခြင်း။

ပုရိမဝါဆိုပြီးမြောက်သည့် ကထိန်ခံသည့်ကျောင်းတိုက်မှ သံဃာတော်များက အထက်ပါအင်္ဂါရပ်များနှင့် အညီကထိန်သင်္ကန်း အလှူခံသည့်နေ့အတွင်း ရက်မကူးစေဘဲ ကထိန်ခင်းခြင်းကိစ္စများ နေ့ချင်းပြီး ဆောင်ရွက်သည်ကို “ကထိန်ခင်းသည်”ဟုဆိုသည်။

ကထိန်အကျိုးအာနိသင် (၅)ပါး

      ကထိန်ခင်းပြီးသော ရဟန်းတော်များအတွက် ကထိန်အကျိုးအာနိသင် (၅)ပါးကို ကထိန်ခင်းသည့်နေ့မှ စ၍ တ‌ပေါင်းလပြည့်နေ့အထိ ရရှိတော်မူကြသည်။

ယင်းကထိန်အကျိုးအာနိသင်(၅)ပါးမှာ-

(က)   အနာမန္တစာရ-ဒါယကာက ရဟန်းတို့အားမအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကိုမပန်ကြား၊ မပြောဆိုဘဲ ရွာတွင်းသို့သွားလာနိုင်ခြင်း (စာရိတ္တသိက္ခာပုဒ်အရပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊

(ခ)     အသမာဒါနစာရ-တိစီဝရိတ်အဓိဋ္ဌာန်တင်သောသင်္ကန်းကို မယူဆောင်ဘဲ(ညစဉ် အနီးအနား၌ မဆောင်ထားဘဲ)သွားလိုရာ လှည့်လည်သွားလာနိုင်ခြင်း (ဒုတိယကထိနသိက္ခာပုဒ်အရ နိဿဂ္ဂိယ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊

(ဂ)     ယာဝဒတ္ထစီဝရ-ရသမျှသင်္ကန်းတို့ကိုအဓိဋ္ဌာန်၊   ဝိကပ္ပနာမပြုဘဲ   အလိုရှိသလောက်   ထားရှိသုံးဆောင်နိုင်ခြင်း(ပထမကထိနသိက္ခာပုဒ်အရ ၁၀ ရက်ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်ခြင်း)အကျိုး၊

(ဃ)   ဂဏဘောဇန-မအပ်စပ်သော တောင်းခံ ခြင်း၊ပင့်ဖိတ်ခြင်းမျိုးဖြင့် ောင်းခံပင့်ဖိတ်အပ်သောဆွမ်းကို လေးပါး၊ လေးပါးထက်အလွန် စုပေါင်းခံယူစားနိုင်ခြင်း(ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ်နှင့် တတိယသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ်မသင့်ခြင်း)အကျိုး၊

(င)     ယော စ တတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းရာကျောင်းတိုက်၌ ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရရှိနိုင်ခြင်းအကျိုး။

ကထိန်သင်္ကန်းအလှူအကျိုး (၅)ပါး

     ကထိန်ခင်းတော်မူကြသည့် ရဟန်းတော်များအတွက် ကထိန်အာနိသင်အကျိုး (၅)ပါးရှိသကဲ့သို့ ကထိန်အလှူရှင်များအတွက်လည်း ကထိန်ခင်းသည့်နေ့မှစ၍    နိဗ္ဗာန်ရောက်သည့်တိုင်အောင်   ဘဝ အဆက်ဆက် ကထိန်လှူဒါန်းရသည့် အကျိုး (၅) မျိုးကို ရရှိနိုင်သည်။ ယင်းအကျိုး (၅) ပါးမှာ-

(က)   ပိတ်ပင်တားဆီးမှုမရှိ မိမိလိုရာအရပ်သို့သွားနိုင်ခြင်းအကျိုး၊

(ခ)     ကိစ္စအဝဝတွင်ဝန်လေးခြင်းမရှိ၊ ပေါ့ပေါ့ပါးပါးချမ်းချမ်းသာသာရှိခြင်းအကျိုး၊

(ဂ)     အစားအစာများပေါများ၍ အစားအသောက်ကြောင့် ဘေးအန္တရာယ် မဖြစ်ခြင်းအကျိုး၊

(ဃ)   မိမိစည်းစိမ်ဥစ္စာများကို   ရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်းအကျိုး၊

(င)     အဝတ်အထည်နှင့် ပစ္စည်းဥစ္စာများပေါများ၍ မိမိပိုင်ပစ္စည်းများကို    မိမိကမပေးလျှင် မည်သူမျှမယူနိုင်ခြင်းအကျိုး။

စုပေါင်းဆင်နွှဲ ကထိန်ပွဲ

     ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ဝါလကင်းလွတ် သီတင်းကျွတ်ကာလသို့ ရောက်ပြီဆိုလျှင် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊   သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်” ဆိုသည့်အတိုင်း  ဘုရားတည်ထားရာတွင် ရတနာစိန်ဖူးတော်လှူဒါန်းရခြင်းသည်  အမြတ်ဆုံးဖြစ်ကြောင်း၊    ကျောင်းဆောက်လှူဒါန်းရာတွင် သိမ်ကျောင်းဆောက်လုပ် လှူဒါန်းခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊  သင်္ကန်းများလှူဒါန်းရာတွင် ကထိန်သင်္ကန်းသည် အမြတ်ဆုံးဖြစ်ကြောင်း၊ ဆွမ်းလှူဒါန်းရာတွင်နေ့စဉ်လှူဒါန်းရသည့် ပိဏ္ဍပါတ်ဆွမ်းသည် အမြတ်ဆုံးဖြစ်ကြောင်း ယုံကြည်ကြသဖြင့်  မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ပုရိမဝါဆိုပြီးမြောက်တော်မူကြသည့် သံဃာတော်များအား လှူဒါန်းရန်   ကထိန်သင်္ကန်းများအပြင် ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများပါဝင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ချိတ်ဆွဲထားသော ပဒေသာပင်အမျိုးမျိုးကို ကထိန်ခင်းမည့် ကျောင်းတိုက်များသို့      မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ပျော်ရွှင်ကြည်နူးစွာ ပို့ဆောင်ကြလျက် ဒါန၊ သီလ ဘာဝနာကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ကြပေသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများက အခြားသောနေ့ထူးနေ့မြတ်များနှင့်မတူဘဲ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆင်ယင်ကျင်းပသည့် အခါသမယတွင် မြတ်စွာဘုရားရှင်အား မသိုးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းများဖြင့်ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ ကျင်းပခြင်း၊ မည်သည့်ပုဂ္ဂိုလ်မျှ ရည်ရွယ်မှုမပြုဘဲ ပံ့သကူပစ်လှူဒါန်းခြင်း၊    မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး လှူဒါန်းခြင်း     စသည့်ကုသိုလ်ကောင်းမှုအမျိုးမျိုးကို       စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် စုပေါင်းကုသိုလ်ပြုကြခြင်းဖြစ်၍  “ကုသိုလ်ထပ်ထပ် ကထိန်မြတ်”ဟု  ခေါ်ဆိုရမည်ဖြစ်ပေသည်။  ။

MWD

မြတ်ရောင်ခြည်

တန်ဆောင်မုန်းလ ရာသီပွဲတော်များ
-
ဝါတွင်းကာလပြီးဆုံး၍ နေရာအနှံ့တွင် ကြားနေရသော သီချင်းသံကား “ဘုံကထိန် ဘုံကထိန်…..ဘုံကထိန်လှည့်လို့လာ”စသော သီချင်းသံများပင်ဖြစ်သည်။ ထိုသီချင်းသံသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော ကထိန်ပွဲကျင်းပသည့် ရာသီရောက်ခြင်းကို နှိုးဆော်လိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့အလိုက် အသင်းအဖွဲ့များ စုပေါင်း၍ ကထိန်ပွဲအတွက် စီစဉ်နေကြသည်။ ကထိန်ပွဲကျင်းပသည့်ကာလသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိဖြစ်သည်။တန်ဆောင်မုန်းလသည် အညာကျေးလက်ရှိတောင်သူများ မိုးဦးသီးနှံသိမ်းဆည်းပြီးချိန်ဖြစ်၍ ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းသည့်လဖြစ်သောကြောင့် “တောင်သူ ရွှင်ပြုံး တန်ဆောင်မုန်း”ဟူ၍လည်းကောင်း၊ မိုးရာသီအကုန် ဆောင်းရာသီအကူး ကြားကာလဖြစ်သောကြောင့် “မိုးလအဆုံး တန်ဆောင်မုန်း”ဟူ၍လည်းကောင်း၊ မြက်ခင်းပြင်ပေါ်၌ နှင်းရည်များ ကျရောက်နေသောကြောင့် “ချမ်းစ တန်ဆောင်မုန်း”ဟုလည်းကောင်း၊ ကောက်ကြီးစပါးများ စပါးနှံမထွက်မီ စပါးနှံဖြစ်မည့်အလိပ်ကို “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ဟုလည်းကောင်း အမျိုးမျိုးခေါ်ဝေါ်လေ့ရှိကြသည်။တန်ဆောင်မုန်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် တန်ဆောင်မှုန်းဖြစ်သည်။ “တန်ဆောင်” မှာ မီးရှူးမီးတိုင်ဖြစ်ပြီး “မှုန်း”မှာ ပျံ့နှံ့စေခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုဝေါဟာရနှစ်ခု ပေါင်းစပ်လိုက်လျှင် “ဆီမီးတိုင်များ နေရာအနှံ့ထွန်းလင်းနေသည်”ဟု ဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းသည်။ တန်ဆောင်မုန်းလအကြောင်းကို စာဆိုကင်းဝန်မင်းကြီးက “တန်ဆောင်ဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်းစိုး”ဟု သံပေါက်ကဗျာဖြင့်ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာရာသီဟုခေါ်ပြီး စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်)ဖြစ်သည်။ ရာသီအရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်ပြီး ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ထိုအရာများသည် တန်ဆောင်မုန်းလ၏ အမှတ်သင်္ကေတများပင်ဖြစ်သည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ပြက္ခဒိန်နှစ်တစ်နှစ်လုံး လအလိုက် အလှူအတန်းများပြုလုပ်သည့်ပွဲတော်များကျင်းပကြသည်။လအလိုက်ပွဲတော်များစွာကျင်းပရာတွင် တန်ဆောင်မုန်းလသည် ပွဲတော်အများဆုံးလဖြစ်သည်။ ကျင်းပသည့်ပွဲတော်များမှာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ပံ့သကူပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှပွဲတော်၊ ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်တို့ဖြစ်ကြသည်။ထိုပွဲတော်များအပြင် တန်ဆောင်မုန်းလပြည့်ညသည် သာမညဖလအခါတော်နေ့ဖြစ်သည်။ ထိုနေ့ဖြစ်ပေါ်လာရခြင်းမှာ မြတ်စွာဘုရားရှင်လက်ထက်တွင် အဇာတသတ်မင်းသည် ဒေဝဒတ်နှင့်ပေါင်းမိသဖြင့် ခမည်းတော်ဗိမ္မိသာရမင်းကြီးကို သတ်ခဲ့မိသောအချိန်မှစ၍ အိပ်မပျော်သော ဝေဒနာစွဲကပ်ခဲ့သည်။ထိုရောဂါပျောက်ကင်းရန် မြတ်စွာဘုရားထံရောက်ရှိ၍ မြတ်စွာဘုရားမှ သာမညဖလတရားတော်ကိုဟောခဲ့သည်။ ထိုအချိန်မှစ၍ ဝေဒနာလည်းပျောက်ကင်းသွားသည်။ ဗုဒ္ဓသာသနာကို အသက်ပေးကြည်ညိုသူဖြစ်ပြီး ပထမသင်္ဂါယနာတင်ပွဲဖြစ်မြောက်ရေးကူညီခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့မိသဖြင့် ကြီးလေးသောမဟာအဝီစိငရဲ၌ မခံရတော့ဘဲပေါ့လျော့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာခံရသည်။ ငရဲမှလွတ်ပြီး ဝိဇီတာဝီအမည်ဖြင့် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်မည်။ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးများရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် သာမညဖလသုတ္တန်ကို ရွတ်ဖတ်ပူဇော်ကြသည်။တန်ဆောင်မုန်းလပြည့်ညသည် ဆေးပေါင်းခသည့် ညဟူ၍လည်း ရှေးအစဉ်အလာအရဆိုခဲ့သည်။လပြည့်ညတွင် သစ်ပင်အပေါင်းမှ သစ်ပင်စောင့်နတ်များသည် မဲဇလီပင်စောင့်နတ်အား လာရောက် ခစားကြသောကြောင့် ဆေးပေါင်းခသည့်ညဟုဆိုလိုသည်။ လပြည့်နေ့မတိုင်မီ မဲဇလီဖူးများ ရှာဖွေခူးယူကြသည်။ လပြည့်နေ့တွင်မဲဇလီဖူးများပြုတ်၍ မြေပဲဆန်များ၊ ဆီချက်များဖြင့်သုပ်ပြီး ပတ်ဝန်းကျင်ရှိအိမ်များ၊ ဆွေမျိုးများအား ဝေငှအလှူအတန်းပြုကြသည်။ ည ၁၂ နာရီတိတိအချိန်ရောက်မှစားလျှင် ဆေးပေါင်းခသည်ဟုဆိုသောကြောင့် စကားစမြည်ပြောရင်းထိုင်စောင့်ရသည်။ မြန်မာတိုင်းရင်းဆေးဆရာကြီးများမှာလည်း ည ၁၂ နာရီတိတိအချိန်သည် ဆေးပေါင်းခသည့်ည၏အစွမ်းထက်ဆုံးအချိန်ဖြစ်သည်ဟုသတ်မှတ်ကာ ဆေးဝါးမျိုးစုံဖော်စပ်လေ့ရှိကြသည်။တန်ဆောင်မုန်းလပြည့်ညသည် ရှေးအစဉ်အလာတစ်ခုဖြစ်သည့် ပံ့သကူပစ်သည့် အလှူဒါနလည်း ပြုလုပ်ကြသည်။ ပံ့သကူပစ်ခြင်းသည် ရဟန်းသံဃာတော်များ၏ကျင့်စဉ်ဓမ္မဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံ့သကူဓူတင်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်။ ပံ့သကူဓူတင်သည် ဒါယကာ၊ ဒါယိကာမများ တိုက်ရိုက်လှူဒါန်းသည့်သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်သောအဝတ်များကို ကောက်ယူစုဆောင်း၍ ချုပ်ခြင်း၊ စပ်ခြင်း၊ ဆေးဆိုးခြင်းတို့ ပြုလုပ်ထားသော သင်္ကန်းကိုဝတ်ခြင်းဖြစ်သည်။ ထိုအရာများကို အစွဲပြု၍ ယနေ့မြန်မာနိုင်ငံအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်တို့သည် ပိုက်ဆံများ၊ ပစ္စည်းများကို ပံ့သကူပစ်၍ လှူဒါန်းကြသည်။နိဗ္ဗာန်ဈေးပွဲတော်သည် ရပ်ကွက်များအတွင်းပြည်သူများ တပျော်တပါးပျော်ရွှင်စွာဆင်နွှဲကြသည့်ပွဲတော်ဖြစ်သည်။ နိဗ္ဗာန်ဈေးဆိုသည့်အတိုင်း လိုချင်သည့်အရာကို အလွယ်တကူရယူနိုင်သည့်သဘောဖြင့် တစ်ဦးလျှင် ပစ္စည်း၊ မုန့်တစ်မျိုးစီဖြင့် အပြန်အလှန် လဲလှယ်လှူဒါန်းကြခြင်းပင်ဖြစ်သည်။ကလေး၊ လူကြီးအားလုံး ဆင်နွှဲနိုင်သည့်ပွဲတော်ဖြစ်သည်။တန်ဆောင်မုန်းလပြည့်ညသည် ဆီမီးထွန်းပွဲနှင့်အတူ မီးပုံးပျံပွဲများလည်းကျင်းပကြသည်။ ဆီမီးထွန်းပွဲပြုလုပ်ရခြင်းသည် မြတ်စွာဘုရား၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာနတ်ပြည်တွင် တည်ထားသော စူဠာမဏိစေတီကိုရည်မှန်းကာ ဗုဒ္ဓါနုဿတိပွားများလျက် ဆီမီးများပူဇော်ကြခြင်းဖြစ်သည်။ ထို့ပြင် မြတ်စွာဘုရားအားရည်မှန်း၍ မီးပုံပွဲများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဥပမာအားဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓကိုရည်မှန်း၍ ညမီးကြီးမီးပုံးပျံများလွှတ်တင်ပူဇော်ကြသည်။ မိမိတို့၏နေအိမ်များတွင်လည်း မြတ်စွာဘုရားအားရည်မှန်း၍ ဆီမီးများထွန်းညှိပူဇော်ကြသည်။တန်ဆောင်မုန်းလ၏ ပွဲတော်များအနက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့်ပွဲတော်သည် အစည်ကားဆုံးဖြစ်သည်။ “ကထိန်”ဟူသော ဝေါဟာရသည် ပါဠိဘာသာစကား “ကထိန”မှ ဆင်းသက်လာပြီး မြဲမြံခိုင်ခံ့ခြင်းဟုအဓိပ္ပာယ်ရသည်။ “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ သင်္ကန်းမှာ ကထိန်” ဟူ၍ ဆိုရိုးစကားရှိသည်။ ဘုရားစေတီပုထိုးများ တည်ထားကိုးကွယ်ရာတွင် စိန်ဖူးတော်သည် အထွတ်အမြတ်ဖြစ်သည်။ ကျောင်း၊ ကန်၊ ဇရပ်များအနက် သိမ်သည် မြင့်မြတ်သောရဟန်းတော်များစွာမွေးထုတ်ပေးရာ သိမ်သမုတ်ရာအဆောက်အအုံဖြစ်၍ အထွတ်အမြတ်ဖြစ်သည်။ ဆွမ်းလောင်းလှူရာတွင် နေ့စဉ်ဝတ္တရားမပြတ် လောင်းလှူသော ပိဏ္ဍပါတ်ဆွမ်းဟင်းအလှူသည် မွန်မြတ်သည်။ ကထိန်သင်္ကန်းသည် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ကြိမ်သာလှူခွင့်ရသည်။ အလှူဦးသင်္ကန်း၊ မိုးရေခံသင်္ကန်း၊ ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းဟူ၍ လှူဒါန်းမှုအမျိုးမျိုးအနက် ကထိန်သင်္ကန်းအလှူသည် အမွန်မြတ်ဆုံးအလှူဖြစ်သည်။ကထိန်သင်္ကန်းကို ဉတ်သင်္ကန်း၊ ကထိန်သင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုးခေါ်ကြသည်။ ဉတ်သင်္ကန်းဟူသည် ကထိန်ခင်းထိုက်သောရဟန်းအား ကထိန်ခင်းမည့်သင်္ကန်းကို ဉတ္တိဒုတိယကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကိုစွဲ၍ ဉတ်သင်္ကန်းကြီးဟုခေါ်သည်။ ကထိန်ခင်းမည့်သင်္ကန်းမှာ “ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုး”ဟူသည့်အတိုင်း ဘုရားရှင်ခွင့်ပြုတော်မူသည့် ဒုကုဋ်ဟုခေါ်သော နှစ်ထပ်သင်္ကန်း၊ သင်းပိုင်ဟုခေါ်သောခါးဝတ်သင်္ကန်းနှင့်ဧကသီဟုခေါ်သော ကိုယ်ရုံသင်္ကန်းတို့ဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် ဒါယကာ၊ ဒါယိကာမများမှ ကထိန်အာနိသင်အကျိုး(၅)ပါးကိုလည်းရရှိသည်။ ထိုအကျိုး(၅)ပါးမှာ(၁) အရပ်လေးမျက်နှာသို့ အနှောင့်အယှက်မရှိ လွတ်လပ်စွာသွားလာနိုင်ခြင်း၊(၂) မည်သည့်အရပ်သို့မဆို တာဝန်မလေးဘဲ ပေါ့ပေါ့ပါးပါးသွားလာနိုင်ခြင်း၊(၃) အစားအသောက်နှင့်ပတ်သက်၍ အဆိပ်အတောက်ကင်းဝေးခြင်း၊(၄) မိမိပစ္စည်းများကို ရန်သူမျိုး(၅)ပါး ဖျက်ဆီးခြင်းမှ ကင်းဝေးခြင်း၊(၅) မိမိပစ္စည်းများကို သူတစ်ပါးတို့ လာရောက်ယူငင်ခြင်းမှ ကင်းဝေးခြင်းတို့ဖြစ်သည်။ကထိန်သင်္ကန်းဆက်ကပ်ခြင်းအပြင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည်လည်း မြတ်စွာဘုရားရှင်လက်ထက်ကပင်ရှိခဲ့သည်။ မိထွေးတော်ဂေါတမီအမှူးပြုသည့်နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းရက်၊ သင်္ကန်းချုပ်လုပ်ခြင်းကို ညတွင်းချင်းအပြီး ဆောင်ရွက်ကြသည်။ ထိုရိုးရာဓလေ့ကို ယနေ့အထိ ထိန်းသိမ်းလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများ၌ ရက်ကန်းစင်များပြုလုပ်ပြီး ဘုရားရှင်အားရည်မှန်း၍ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းကြသည်။ နေ့ကူးသွားသော သင်္ကန်းသည် မသိုးသင်္ကန်းဟုမခေါ်နိုင်ပေ။ ထို့ကြောင့် နံနက် ၅ နာရီမထိုးမီ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ မြတ်နိုးတန်ဖိုးထားအပ်သော ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလ၏ပွဲတော်များထဲမှ ကထိန်သင်္ကန်းဆက်ကပ်သည့်ပွဲတော်သည် ကာလဒါနအားဖြင့် ရခဲလှသည့်အပြင် ကုသိုလ်များတိုးပွားသည့်ပွဲတော်ဖြစ်သဖြင့် “ဝတိံတက်လှမ်း မြတ်သင်္ကန်း”ကို ဆက်ကပ်နိုင်စေရန် နှိုးဆော်အပ်ပါကြောင်းနှင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် လရာသီအလိုက် ပွဲတော်များကျင်းပပြီး အလှူအတန်းများပြုလုပ်ကြသည့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းထိန်းသိမ်းသင့်ပါကြောင်းတင်ပြအပ်ပါသည်။ ။MWD

ဝါတွင်းကာလပြီးဆုံး၍ နေရာအနှံ့တွင် ကြားနေရသော သီချင်းသံကား “ဘုံကထိန် ဘုံကထိန်…..ဘုံကထိန်လှည့်လို့လာ”စသော သီချင်းသံများပင်ဖြစ်သည်။ ထိုသီချင်းသံသည်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော ကထိန်ပွဲကျင်းပသည့် ရာသီရောက်ခြင်းကို နှိုးဆော်လိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့အလိုက် အသင်းအဖွဲ့များ စုပေါင်း၍ ကထိန်ပွဲအတွက်   စီစဉ်နေကြသည်။  ကထိန်ပွဲကျင်းပသည့်ကာလသည်    သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ  တန်ဆောင်မုန်းလပြည့်နေ့အထိဖြစ်သည်။

တန်ဆောင်မုန်းလသည်   အညာကျေးလက်ရှိတောင်သူများ မိုးဦးသီးနှံသိမ်းဆည်းပြီးချိန်ဖြစ်၍ ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းသည့်လဖြစ်သောကြောင့် “တောင်သူ ရွှင်ပြုံး တန်ဆောင်မုန်း”ဟူ၍လည်းကောင်း၊  မိုးရာသီအကုန် ဆောင်းရာသီအကူး ကြားကာလဖြစ်သောကြောင့် “မိုးလအဆုံး တန်ဆောင်မုန်း”ဟူ၍လည်းကောင်း၊ မြက်ခင်းပြင်ပေါ်၌ နှင်းရည်များ ကျရောက်နေသောကြောင့် “ချမ်းစ တန်ဆောင်မုန်း”ဟုလည်းကောင်း၊  ကောက်ကြီးစပါးများ စပါးနှံမထွက်မီ  စပါးနှံဖြစ်မည့်အလိပ်ကို “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း”ဟုလည်းကောင်း အမျိုးမျိုးခေါ်ဝေါ်လေ့ရှိကြသည်။

တန်ဆောင်မုန်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် တန်ဆောင်မှုန်းဖြစ်သည်။ “တန်ဆောင်” မှာ မီးရှူးမီးတိုင်ဖြစ်ပြီး “မှုန်း”မှာ ပျံ့နှံ့စေခြင်းဟု အဓိပ္ပာယ်ရသည်။    ထိုဝေါဟာရနှစ်ခု   ပေါင်းစပ်လိုက်လျှင် “ဆီမီးတိုင်များ   နေရာအနှံ့ထွန်းလင်းနေသည်”ဟု ဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းသည်။ တန်ဆောင်မုန်းလအကြောင်းကို စာဆိုကင်းဝန်မင်းကြီးက “တန်ဆောင်ဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်းစိုး”ဟု သံပေါက်ကဗျာဖြင့်ဖွဲ့ဆိုခဲ့သည်။  တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာရာသီဟုခေါ်ပြီး   စန်းယှဉ်နက္ခတ်မှာ   ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်)ဖြစ်သည်။ ရာသီအရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်ပြီး ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။

ထိုအရာများသည်  တန်ဆောင်မုန်းလ၏  အမှတ်သင်္ကေတများပင်ဖြစ်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ပြက္ခဒိန်နှစ်တစ်နှစ်လုံး လအလိုက် အလှူအတန်းများပြုလုပ်သည့်ပွဲတော်များကျင်းပကြသည်။လအလိုက်ပွဲတော်များစွာကျင်းပရာတွင်  တန်ဆောင်မုန်းလသည် ပွဲတော်အများဆုံးလဖြစ်သည်။ ကျင်းပသည့်ပွဲတော်များမှာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊  မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊    ပံ့သကူပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှပွဲတော်၊ ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်တို့ဖြစ်ကြသည်။

ထိုပွဲတော်များအပြင် တန်ဆောင်မုန်းလပြည့်ညသည် သာမညဖလအခါတော်နေ့ဖြစ်သည်။ ထိုနေ့ဖြစ်ပေါ်လာရခြင်းမှာ မြတ်စွာဘုရားရှင်လက်ထက်တွင် အဇာတသတ်မင်းသည် ဒေဝဒတ်နှင့်ပေါင်းမိသဖြင့် ခမည်းတော်ဗိမ္မိသာရမင်းကြီးကို သတ်ခဲ့မိသောအချိန်မှစ၍ အိပ်မပျော်သော ဝေဒနာစွဲကပ်ခဲ့သည်။

ထိုရောဂါပျောက်ကင်းရန် မြတ်စွာဘုရားထံရောက်ရှိ၍ မြတ်စွာဘုရားမှ သာမညဖလတရားတော်ကိုဟောခဲ့သည်။    ထိုအချိန်မှစ၍  ဝေဒနာလည်းပျောက်ကင်းသွားသည်။ ဗုဒ္ဓသာသနာကို အသက်ပေးကြည်ညိုသူဖြစ်ပြီး ပထမသင်္ဂါယနာတင်ပွဲဖြစ်မြောက်ရေးကူညီခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့မိသဖြင့် ကြီးလေးသောမဟာအဝီစိငရဲ၌ မခံရတော့ဘဲပေါ့လျော့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာခံရသည်။ ငရဲမှလွတ်ပြီး ဝိဇီတာဝီအမည်ဖြင့်   ရဟန္တာဖြစ်၍   ကျွတ်တမ်းဝင်မည်။

ဤကား သာမညဖလသုတ်ကို  နာကြားရသဖြင့် အကျိုးကျေးဇူးများရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် သာမညဖလသုတ္တန်ကို ရွတ်ဖတ်ပူဇော်ကြသည်။

တန်ဆောင်မုန်းလပြည့်ညသည် ဆေးပေါင်းခသည့် ညဟူ၍လည်း  ရှေးအစဉ်အလာအရဆိုခဲ့သည်။

လပြည့်ညတွင် သစ်ပင်အပေါင်းမှ သစ်ပင်စောင့်နတ်များသည် မဲဇလီပင်စောင့်နတ်အား လာရောက် ခစားကြသောကြောင့်  ဆေးပေါင်းခသည့်ညဟုဆိုလိုသည်။ လပြည့်နေ့မတိုင်မီ မဲဇလီဖူးများ ရှာဖွေခူးယူကြသည်။ လပြည့်နေ့တွင်မဲဇလီဖူးများပြုတ်၍ မြေပဲဆန်များ၊ ဆီချက်များဖြင့်သုပ်ပြီး ပတ်ဝန်းကျင်ရှိအိမ်များ၊ ဆွေမျိုးများအား ဝေငှအလှူအတန်းပြုကြသည်။ ည ၁၂ နာရီတိတိအချိန်ရောက်မှစားလျှင် ဆေးပေါင်းခသည်ဟုဆိုသောကြောင့် စကားစမြည်ပြောရင်းထိုင်စောင့်ရသည်။  မြန်မာတိုင်းရင်းဆေးဆရာကြီးများမှာလည်း ည ၁၂ နာရီတိတိအချိန်သည် ဆေးပေါင်းခသည့်ည၏အစွမ်းထက်ဆုံးအချိန်ဖြစ်သည်ဟုသတ်မှတ်ကာ ဆေးဝါးမျိုးစုံဖော်စပ်လေ့ရှိကြသည်။

တန်ဆောင်မုန်းလပြည့်ညသည် ရှေးအစဉ်အလာတစ်ခုဖြစ်သည့် ပံ့သကူပစ်သည့် အလှူဒါနလည်း ပြုလုပ်ကြသည်။  ပံ့သကူပစ်ခြင်းသည် ရဟန်းသံဃာတော်များ၏ကျင့်စဉ်ဓမ္မဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့်   ပံ့သကူဓူတင်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်။ ပံ့သကူဓူတင်သည် ဒါယကာ၊ ဒါယိကာမများ တိုက်ရိုက်လှူဒါန်းသည့်သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်သောအဝတ်များကို ကောက်ယူစုဆောင်း၍ ချုပ်ခြင်း၊ စပ်ခြင်း၊ ဆေးဆိုးခြင်းတို့  ပြုလုပ်ထားသော   သင်္ကန်းကိုဝတ်ခြင်းဖြစ်သည်။ ထိုအရာများကို အစွဲပြု၍ ယနေ့မြန်မာနိုင်ငံအရပ်ရပ်ရှိ   ဗုဒ္ဓဘာသာဝင်တို့သည် ပိုက်ဆံများ၊ ပစ္စည်းများကို ပံ့သကူပစ်၍ လှူဒါန်းကြသည်။

နိဗ္ဗာန်ဈေးပွဲတော်သည် ရပ်ကွက်များအတွင်းပြည်သူများ တပျော်တပါးပျော်ရွှင်စွာဆင်နွှဲကြသည့်ပွဲတော်ဖြစ်သည်။ နိဗ္ဗာန်ဈေးဆိုသည့်အတိုင်း လိုချင်သည့်အရာကို အလွယ်တကူရယူနိုင်သည့်သဘောဖြင့် တစ်ဦးလျှင် ပစ္စည်း၊  မုန့်တစ်မျိုးစီဖြင့် အပြန်အလှန်    လဲလှယ်လှူဒါန်းကြခြင်းပင်ဖြစ်သည်။

ကလေး၊ လူကြီးအားလုံး ဆင်နွှဲနိုင်သည့်ပွဲတော်ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်ညသည် ဆီမီးထွန်းပွဲနှင့်အတူ မီးပုံးပျံပွဲများလည်းကျင်းပကြသည်။ ဆီမီးထွန်းပွဲပြုလုပ်ရခြင်းသည် မြတ်စွာဘုရား၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာနတ်ပြည်တွင် တည်ထားသော စူဠာမဏိစေတီကိုရည်မှန်းကာ ဗုဒ္ဓါနုဿတိပွားများလျက် ဆီမီးများပူဇော်ကြခြင်းဖြစ်သည်။ 

ထို့ပြင်  မြတ်စွာဘုရားအားရည်မှန်း၍  မီးပုံပွဲများ၊ မီးရှူးမီးပန်းများ  ပစ်ဖောက်ခြင်းတို့ကို  ပြုလုပ်ကြသည်။ ဥပမာအားဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓကိုရည်မှန်း၍ ညမီးကြီးမီးပုံးပျံများလွှတ်တင်ပူဇော်ကြသည်။ မိမိတို့၏နေအိမ်များတွင်လည်း မြတ်စွာဘုရားအားရည်မှန်း၍  ဆီမီးများထွန်းညှိပူဇော်ကြသည်။

တန်ဆောင်မုန်းလ၏ ပွဲတော်များအနက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့်ပွဲတော်သည် အစည်ကားဆုံးဖြစ်သည်။  “ကထိန်”ဟူသော  ဝေါဟာရသည် ပါဠိဘာသာစကား “ကထိန”မှ ဆင်းသက်လာပြီး မြဲမြံခိုင်ခံ့ခြင်းဟုအဓိပ္ပာယ်ရသည်။ “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ သင်္ကန်းမှာ ကထိန်” ဟူ၍ ဆိုရိုးစကားရှိသည်။ ဘုရားစေတီပုထိုးများ တည်ထားကိုးကွယ်ရာတွင်   စိန်ဖူးတော်သည် အထွတ်အမြတ်ဖြစ်သည်။ ကျောင်း၊ ကန်၊ ဇရပ်များအနက် သိမ်သည် မြင့်မြတ်သောရဟန်းတော်များစွာမွေးထုတ်ပေးရာ သိမ်သမုတ်ရာအဆောက်အအုံဖြစ်၍ အထွတ်အမြတ်ဖြစ်သည်။ ဆွမ်းလောင်းလှူရာတွင်   နေ့စဉ်ဝတ္တရားမပြတ်   လောင်းလှူသော ပိဏ္ဍပါတ်ဆွမ်းဟင်းအလှူသည် မွန်မြတ်သည်။ ကထိန်သင်္ကန်းသည် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ကြိမ်သာလှူခွင့်ရသည်။ အလှူဦးသင်္ကန်း၊ မိုးရေခံသင်္ကန်း၊ ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းဟူ၍ လှူဒါန်းမှုအမျိုးမျိုးအနက် ကထိန်သင်္ကန်းအလှူသည် အမွန်မြတ်ဆုံးအလှူဖြစ်သည်။

ကထိန်သင်္ကန်းကို ဉတ်သင်္ကန်း၊ ကထိန်သင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုးခေါ်ကြသည်။ ဉတ်သင်္ကန်းဟူသည် ကထိန်ခင်းထိုက်သောရဟန်းအား ကထိန်ခင်းမည့်သင်္ကန်းကို ဉတ္တိဒုတိယကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကိုစွဲ၍ ဉတ်သင်္ကန်းကြီးဟုခေါ်သည်။ ကထိန်ခင်းမည့်သင်္ကန်းမှာ “ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုး”ဟူသည့်အတိုင်း   ဘုရားရှင်ခွင့်ပြုတော်မူသည့် ဒုကုဋ်ဟုခေါ်သော  နှစ်ထပ်သင်္ကန်း၊  သင်းပိုင်ဟုခေါ်သောခါးဝတ်သင်္ကန်းနှင့်ဧကသီဟုခေါ်သော    ကိုယ်ရုံသင်္ကန်းတို့ဖြစ်သည်။  ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် ဒါယကာ၊   ဒါယိကာမများမှ ကထိန်အာနိသင်အကျိုး(၅)ပါးကိုလည်းရရှိသည်။ ထိုအကျိုး(၅)ပါးမှာ

(၁)     အရပ်လေးမျက်နှာသို့ အနှောင့်အယှက်မရှိ လွတ်လပ်စွာသွားလာနိုင်ခြင်း၊

(၂)     မည်သည့်အရပ်သို့မဆို တာဝန်မလေးဘဲ ပေါ့ပေါ့ပါးပါးသွားလာနိုင်ခြင်း၊

(၃)     အစားအသောက်နှင့်ပတ်သက်၍  အဆိပ်အတောက်ကင်းဝေးခြင်း၊

(၄)     မိမိပစ္စည်းများကို ရန်သူမျိုး(၅)ပါး ဖျက်ဆီးခြင်းမှ ကင်းဝေးခြင်း၊

(၅)     မိမိပစ္စည်းများကို သူတစ်ပါးတို့ လာရောက်ယူငင်ခြင်းမှ ကင်းဝေးခြင်းတို့ဖြစ်သည်။

ကထိန်သင်္ကန်းဆက်ကပ်ခြင်းအပြင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည်လည်း မြတ်စွာဘုရားရှင်လက်ထက်ကပင်ရှိခဲ့သည်။ မိထွေးတော်ဂေါတမီအမှူးပြုသည့်နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းရက်၊ သင်္ကန်းချုပ်လုပ်ခြင်းကို  ညတွင်းချင်းအပြီး ဆောင်ရွက်ကြသည်။ ထိုရိုးရာဓလေ့ကို ယနေ့အထိ ထိန်းသိမ်းလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများ၌ ရက်ကန်းစင်များပြုလုပ်ပြီး ဘုရားရှင်အားရည်မှန်း၍ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းကြသည်။ နေ့ကူးသွားသော သင်္ကန်းသည် မသိုးသင်္ကန်းဟုမခေါ်နိုင်ပေ။ ထို့ကြောင့် နံနက် ၅ နာရီမထိုးမီ   မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြရန်  ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ မြတ်နိုးတန်ဖိုးထားအပ်သော ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလ၏ပွဲတော်များထဲမှ ကထိန်သင်္ကန်းဆက်ကပ်သည့်ပွဲတော်သည် ကာလဒါနအားဖြင့် ရခဲလှသည့်အပြင် ကုသိုလ်များတိုးပွားသည့်ပွဲတော်ဖြစ်သဖြင့် “ဝတိံတက်လှမ်း မြတ်သင်္ကန်း”ကို ဆက်ကပ်နိုင်စေရန် နှိုးဆော်အပ်ပါကြောင်းနှင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်  လရာသီအလိုက်   ပွဲတော်များကျင်းပပြီး အလှူအတန်းများပြုလုပ်ကြသည့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို  သားစဉ်မြေးဆက်လက်ဆင့်ကမ်းထိန်းသိမ်းသင့်ပါကြောင်းတင်ပြအပ်ပါသည်။    ။

MWD

မောင်အေးချမ်း(တမာမြေ)

ကထိန်အလှူပွဲနှင့် အကျိုးတရားများ
-
ယခုကာလသည် သီတင်းကျွတ်ကာလသို့ ရောက်လာပြီဖြစ်ရာ မြန်မာတို့၏ရိုးရာ ကောင်းမှုအလှူပွဲတစ်ခုဖြစ်သည့် ကထိန်အလှူပွဲကျင်းပချိန်ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကို ကထိန်ခင်းနိုင်သည့်ကာလအဖြစ် ဘုရားရှင်က သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် သီတင်းကျွတ်ချိန်မှစ၍ တန်‌ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းတွင် နိုင်ငံအနှံ့အပြား၌ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်။ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည့် ဓလေ့ဖြစ်ပေါ်လာပုံကို အကျဉ်းမျှတင်ပြပါမည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်သည်။ အရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံသုကူဓုတင်၊ တိစီဝရိတ်ဓုတင်ဆောက်တည်ကြသော ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ကိုဖူးမြော်ရန် ပါဝေယျမြို့မှ အလွန်ဝေးကွာလှသော သာဝတ္ထိပြည်သို့ကြွလာကြသည်။ ထိုသို့ကြွလာချိန်သည် ရဟန်းတော်များ ဝါဆိုရမည့်နေ့ရောက်ရှိလာချိန်ဖြစ်သဖြင့် သာဝတ္ထိပြည်မရောက်မီယူဇနာ ၆၀ ကွာဝေးသော သာကေတဟူသည့်မြို့မှာပင် ဝါဆိုလိုက်ကြရသည်။ ဝါလကင်းလွတ်၍ဝါကျွတ်သည့်အခါ ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ရန် ဆက်လက်ကြွခဲ့ကြသည်။ ထိုသို့ကြွရာလမ်းခရီး၌ မိုးတွင်းကာလဖြစ်၍ ရဟန်းတော်တို့ ဝတ်ရုံထားသော သင်္ကန်းများသည် မိုးရေတို့ဖြင့်စိုရွှဲနေလေသည်။ ရဟန်းတော်များ မြတ်စွာဘုရားထံရောက်သော် မြတ်စွာဘုရားက ရဟန်းတော်များကို ဝါတွင်းကာလတွင် ချမ်းချမ်းသာသာသီတင်းသုံးခဲ့ရပါသလားဟု မေးမြန်းပါသည်။ ရဟန်းတော်တို့က မိမိဆင်းရဲဒုက္ခရောက်ရပုံများကို ဘုရားရှင်ထံလျှောက်ထားကြရာ မြတ်စွာဘုရားရှင်က ရဟန်းတော်များ နောင်တွင် ချမ်းသာစွာသီတင်းသုံးနိုင်ရန် ပုရိမဝါကပ်ခြင်းနှင့်ပြည့်စုံသော (ဝါမကျိုးမပျက်ဘဲ ဝါကျွတ်လာသော)ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုခဲ့ပါသည်။ ကထိန်သင်္ကန်းကပ်လှူမှုကို ခံယူခွင့်ရှိသောရဟန်းမှာ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသော ရဟန်းသာလျှင်ဖြစ်သည်။ တစ်နည်းအားဖြင့် အကျင့်၊ သီလ၊ သိက္ခာနှင့်ပြည့်စုံသော ရဟန်းသည်သာ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ခံခွင့်ရှိခြင်းဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူရာ၌ “ကထိန်ခင်းရန်၊ ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုး”ဟုဆိုသည့်အတိုင်း ဒုကုဋ်သင်္ကန်း ခေါ် နှစ်ထပ်သင်္ကန်းကြီး၊ ဧကသီ ခေါ် ကိုယ်ဝတ်သင်္ကန်းနှင့် သင်းပိုင် ခေါ် ခါးဝတ်သင်္ကန်းဟူသော ဘုရားခွင့်ပြုသည့် သင်္ကန်းသုံးထည်တို့ကိုလှူဒါန်းနိုင်ပြီး သံဃာတော်တို့ ကထိန်ခင်းခွင့်ရကြသည်။ မြတ်စွာဘုရားက ဝိနည်းနှင့်ပြည့်စုံသည့် ရဟန်းတော်တို့ကို ထိုသို့ကထိန်ခင်းခွင့် ပြုခဲ့သဖြင့် ကထိန်အကျိုးတရားငါးပါးကို ရဟန်းတော်တို့ရရှိသည်။ ယင်းအကျိုးငါးပါးကား ရဟန်းသည် (၁)အထင်အရှားရှိသော ရဟန်းကိုမပန်ကြားဘဲ ဒါယကာ၊ ဒါယိကာမတို့၏နေအိမ် အစရှိသော နေရာများသို့ သွားလာနိုင်ခြင်း (၂)မိမိနှင့်ကင်းကွာ၍မရသော တိစီဝရိတ်အဓိဋ္ဌာန် တင်ထားသည့်သင်္ကန်းကို မယူဆောင်ဘဲ သွားနိုင်ခြင်း (၃)ဒါယကာ၊ ဒါယိကာမတို့၏ မဆီလျော်မအပ်စပ်သည့် ဆွမ်းဖိတ်ကြားမှုကို လွတ်လပ်စွာသုံးဆောင်နိုင်ခြင်း (၄) အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုသောသင်္ကန်းကို ဆောင်ယူနိုင်ခြင်း (၅)ထိုကထိန်ခင်းသော ကျောင်း၌ လှူဒါန်းဖြစ်ပေါ် လာသမျှသော သင်္ကန်းမှန်သမျှကို သုံးစွဲခွင့်ရခြင်းတို့ဖြစ်သည်။ ကထိန်ဟူသောစကားသည် ကထိနဟူသောပါဠိစကားမှ ဆင်းသက်လာသည်။ “ကထိန”မှ နငယ်ကိုတံခွန်လွှား၍ (မြန်မာလိုအသတ်ပြု၍) ကထိန်ဟူ၍ဖြစ်လာခြင်းပင်။ ကထိန၏အဓိပ္ပာယ်မှာ ခိုင်မြဲခြင်း၊ မြဲမြံခြင်းဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို လက်ခံရရှိပြီး ကထိန်ခင်းခွင့်ရသည့် ရဟန်းသည် ဘုရားရှင်ပညတ်ထားသော ဝိနည်းသိက္ခာပုဒ်အချို့ကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ ငါးလတိုင်တိုင် ကင်းလွတ်ခွင့်ရပါသည်။ ထိုသို့အကျိုးအာနိသင်များကို ခိုင်ခိုင်မြဲမြဲရရှိစေသောကြောင့် ကထိန်ဟုခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့လူပုဂ္ဂိုလ်များက မည်သည့်မြို့ရွာ၊ မည်သည့်ကျောင်းတိုက်တွင် ကထိန်ခင်းလှူဒါန်းမည်ဟု ပြောကြသော်လည်း အမှန်စင်စစ် ကထိန်ခင်းသည့်အမှုကို ရဟန်းတော်တို့ကသာ ပြုလုပ်ရပါသည်။ ကျွန်ုပ်တို့ ဒါယကာ၊ ဒါယိကာမများက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုကိုသာ ပြုနိုင်ပေသည်။ ရဟန်းတို့သည် အလှူရှင်လှူဒါန်းသည့် သင်္ကန်းနှင့်သိမ်ဝင်လျက် ကျောင်းတိုက်တွင်ရှိသည့် သံဃာတစ်ပါးအား သံဃာများ၏ သဘောတူညီချက်ဖြင့်ရွေးချယ်၍ သင်္ကန်းကိုအပ်နှင်းကာ ကမ္မဝါစာများရွတ်ဖတ်ကြားပေးကြရသည်။ သင်္ကန်းကို လက်ခံရရှိသည့် ရဟန်းသည် မိမိဝါဆိုရာ ကျောင်းတိုက်တွင် ထိုသင်္ကန်းဖြင့် ကထိန်ခင်းရပါသည်။ ရဟန်းသည် သင်္ကန်းကိုလက်ခံရရှိသည့်နေ့မှာပင် နေ့ချင်းကထိန်ခင်းရသည်။ နောက်နေ့မှ ကထိန်ခင်းလျှင် ကထိန်အမှု အထမမြောက်တော့ပေ။ နေ့မကူးသော မသိုးသင်္ကန်းဖြင့် ကထိန်ခင်းရသည့်အပြင် ထိုသင်္ကန်းမဟုတ်ဘဲ အခြားသင်္ကန်းဖြင့်လည်း ကထိန်ခင်းမရပါ။ ကထိန်ခင်းရမည့်ရဟန်းသည် ဒါယကာ၊ ဒါယိကာမက မိမိသဒ္ဓါအလျောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမှုကို လက်ခံရရှိမှသာ ကထိန်ခင်းခွင့်ရပါသည်။ ရဟန်းသည် ဒါယကာ၊ ဒါယိကာမကို မိမိကျောင်း၌ကထိန်အလှူပြုရန် တောင်းဆိုခွင့်၊ တိုက်တွန်းခွင့်မရှိပါ။ အလှူရှင်ကလည်း သံဃဿဒေမ-ဤသင်္ကန်းကို သံဃာရည်မှန်း လှူဒါန်းပါသည်ဆိုပါမှလည်း ကထိန်ခင်းခွင့်ရပြီး အကျိုးတရားများ မှန်မှန်ကန်ကန်ရရှိနိုင်သည်။ ကထိန်အလှူသည် တစ်နှစ်တွင် တစ်ခါသာ လှူဒါန်းခွင့်ရသည်။ ထိုတစ်ခါမှာလည်း သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလအတွင်း၌သာ လှူဒါန်းခွင့်၊ ကထိန်ခင်းခွင့်ရပါသည်။ ထိုတစ်လတာအတွင်း တစ်ကျောင်း၌ တစ်ကြိမ်သာအခွင့်ရသည်။ ကထိန်ခင်းရန် ကျောင်းတိုက်တွင်သိမ်ရှိရမည်။ လေးပါးအထက်ရှိသော ရဟန်းများရှိရမည်။ ထိုအချက်များပြည့်စုံမှသာ ကထိန်ခင်းမှုအထမြောက်အောင်မြင်ပါသည်။ ကထိန်အလှူကို အမြင့်မြတ်ဆုံးအလှူဟု သတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကထိန်အလှူသည် ဘုရားအစရှိသော သူတော်ကောင်းတို့ချီးမွမ်းသော အလှူဖြစ်သောကြောင့်ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားသည်။ ကထိန်အလှူသည် (၁)သံဃာကိုရည်မှန်းပြီး လှူဒါန်းသည့် သံဃိကအလှူဖြစ်ရခြင်း (၂)သတ်မှတ်အချိန်ကာလအတွင်းမှာပင် လှူဒါန်းရသည့် ကာလဒါနဖြစ်ခြင်း (၃)အခြားဝတ္ထုပစ္စည်းများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော အဝတ်သင်္ကန်းဖြင့်သာ ကထိန်ခင်းနိုင်ခြင်း (၄) ယင်းအလှူကိုအကြောင်းပြု၍ ရဟန်းတော်များ ဝိနည်းသိက္ခာပုဒ်အချို့ကို ငါးလတိုင်တိုင်ကင်းလွတ်ခွင့်ရခြင်း ဟူသော ထူးခြားကောင်းမြတ်သည့်အချက်များနှင့်ပြည့်စုံသဖြင့် အမြတ်ဆုံးအလှူဟု ခေါ်ဆိုနိုင်ပေသည်။ ကထိန်အလှူ၏အကျိုးအာနိသင်ကို ရဟန်းတော်တို့ ရရှိခံစားရသကဲ့သို့ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့် အလှူရှင်သည်လည်း အလားတူ အကျိုးတရားငါးပါးရရှိပါသည်။ အလှူရှင်သည် အေးချမ်းလွတ်လပ်သော ဘဝမျိုးကိုရရှိပြီး သွားလိုရာကို အန္တရာယ်ကင်းစွာ သွားလာနိုင်ခြင်း၊ အချုပ်အနှောင်မှ လွတ်ကင်းခြင်း၊ အစားအသောက်များကို အဆိပ်အတောက် အန္တရာယ်မရှိဘဲ စားသုံးနိုင်ခြင်း၊ မိမိကို သူတစ်ပါးက မလွှမ်းမိုးနိုင်ခြင်း၊ စားသောက်ဖွယ်ပေါများ၍ အလိုရှိသလို သုံးဆောင်နိုင်ခြင်း၊ မိမိကသာ နေရာတကာအစိုးရခြင်း (အများက မိမိသဘောလိုက်ရခြင်း)ဟူသောအကျိုးတရားများ ရရှိစေနိုင်မည်ဖြစ်သည်။ တန်ဆောင်မုန်းလတွင် သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်သည့်အပြင် မသိုးသင်္ကန်းရက်လုပ်၍ မြတ်စွာဘုရားကို ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်သည့် အစဉ်အလာလည်းရှိသည်။ လက်ရက်ကန်းခတ်သော လုံမပျိုများက မသိုးသင်္ကန်း ရက်လုပ်ကြကာ မြတ်စွာဘုရားရှင်ကို ရည်မှန်းလှူဒါန်းကြပါသည်။ မသိုးသင်္ကန်းဆိုသည်မှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ ညဦးမှစတင်ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် အပြီးသတ်ရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သည်။အချိန်မီရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်၍လည်း မသိုးသင်္ကန်းဟု ခေါ်ဝေါ်သမုတ်ကြသည်။ ကထိန်အလှူ၌ သင်္ကန်းကိုသာလှူဒါန်း၍ ကထိန်ခင်းရသော်လည်း အခြားလှူဖွယ်ပစ္စည်းများကိုလည်း သံဃာတော်များအလိုရှိရာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရှေးဘိုးဘွားများလက်ထက်မှစ၍ သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းလာခဲ့ရာ ယနေ့အချိန်အခါတွင် ပဒေသာပင်များပြုလုပ်၍ လှူဖွယ်ပစ္စည်းမျိုးစုံ ပူးတွဲလှူဒါန်းကြသည်။ ကထိန်အလှူရှင် တစ်ဦးတည်း လှူဒါန်းနိုင်သကဲ့သို့ အများစုပေါင်း၍ ဘုံကထိန်အဖြစ်လည်း လှူဒါန်းနိုင်သည်။ စာရေးသူတို့မြို့ရွာများတွင် စာသင်ကျောင်းကထိန်၊ စျေးကထိန်၊ ရပ်ကွက်ကထိန်၊ ရုံးကထိန် စသည်ဖြင့်ဘုံကထိန်ပွဲများကိုကျင်းပလှူဒါန်းကြသည်။ လှူဖွယ်ပစ္စည်းပဒေသာပင်များနှင့်တကွ ပရိသတ်စုံလင်စွာဖြင့် မြို့ရွာအတွင်းလှည့်လည်ကာ အများကိုလည်း ကြည်ညိုသဒ္ဓါပွားစေပါသည်။ ထို့နောက် ကထိန်ခင်းမည့် ကျောင်းတိုက်သို့သွားရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဃာတော်များက ကထိန်ခင်းပြီး ဆရာတော်များချီးမြှင့်သည့် ကထိန်တရားကိုနာယူကာ ဝမ်းမြောက်ခြင်း အနုမောဒနာဖြင့် သာဓုခေါ်ဆိုကြပါသည်။ ။MWD

ယခုကာလသည် သီတင်းကျွတ်ကာလသို့ ရောက်လာပြီဖြစ်ရာ မြန်မာတို့၏ရိုးရာ ကောင်းမှုအလှူပွဲတစ်ခုဖြစ်သည့် ကထိန်အလှူပွဲကျင်းပချိန်ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော်   တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကို ကထိန်ခင်းနိုင်သည့်ကာလအဖြစ် ဘုရားရှင်က   သတ်မှတ်ပေးခဲ့သည်။  

ထို့ကြောင့် မြန်မာလူမျိုးတို့သည် သီတင်းကျွတ်ချိန်မှစ၍  တန်‌ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းတွင်  နိုင်ငံအနှံ့အပြား၌ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်။  

ကထိန်သင်္ကန်း  ဆက်ကပ်လှူဒါန်းသည့် ဓလေ့ဖြစ်ပေါ်လာပုံကို အကျဉ်းမျှတင်ပြပါမည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်သည်။ အရညကင်ဓုတင်၊  ပိဏ္ဍပါတ်ဓုတင်၊ ပံသုကူဓုတင်၊ တိစီဝရိတ်ဓုတင်ဆောက်တည်ကြသော  ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ကိုဖူးမြော်ရန်  ပါဝေယျမြို့မှ  အလွန်ဝေးကွာလှသော သာဝတ္ထိပြည်သို့ကြွလာကြသည်။  ထိုသို့ကြွလာချိန်သည် ရဟန်းတော်များ ဝါဆိုရမည့်နေ့ရောက်ရှိလာချိန်ဖြစ်သဖြင့်    သာဝတ္ထိပြည်မရောက်မီယူဇနာ ၆၀ ကွာဝေးသော သာကေတဟူသည့်မြို့မှာပင်  ဝါဆိုလိုက်ကြရသည်။  

ဝါလကင်းလွတ်၍ဝါကျွတ်သည့်အခါ ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ရန် ဆက်လက်ကြွခဲ့ကြသည်။ ထိုသို့ကြွရာလမ်းခရီး၌ မိုးတွင်းကာလဖြစ်၍  ရဟန်းတော်တို့ ဝတ်ရုံထားသော သင်္ကန်းများသည် မိုးရေတို့ဖြင့်စိုရွှဲနေလေသည်။  ရဟန်းတော်များ  မြတ်စွာဘုရားထံရောက်သော် မြတ်စွာဘုရားက ရဟန်းတော်များကို ဝါတွင်းကာလတွင် ချမ်းချမ်းသာသာသီတင်းသုံးခဲ့ရပါသလားဟု မေးမြန်းပါသည်။   ရဟန်းတော်တို့က မိမိဆင်းရဲဒုက္ခရောက်ရပုံများကို ဘုရားရှင်ထံလျှောက်ထားကြရာ  မြတ်စွာဘုရားရှင်က ရဟန်းတော်များ နောင်တွင် ချမ်းသာစွာသီတင်းသုံးနိုင်ရန်   ပုရိမဝါကပ်ခြင်းနှင့်ပြည့်စုံသော (ဝါမကျိုးမပျက်ဘဲ ဝါကျွတ်လာသော)ရဟန်းတို့အား  ကထိန်ခင်းခွင့်ပြုခဲ့ပါသည်။  

ကထိန်သင်္ကန်းကပ်လှူမှုကို ခံယူခွင့်ရှိသောရဟန်းမှာ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ  ပဝါရဏာပြုသော   ရဟန်းသာလျှင်ဖြစ်သည်။  တစ်နည်းအားဖြင့် အကျင့်၊ သီလ၊ သိက္ခာနှင့်ပြည့်စုံသော  ရဟန်းသည်သာ ကထိန်သင်္ကန်းကပ်လှူ ပူဇော်ခံခွင့်ရှိခြင်းဖြစ်သည်။   ကထိန်သင်္ကန်းကပ်လှူရာ၌  “ကထိန်ခင်းရန်၊  ထုတ်မိန့်ပြန်၊    သုံးတန်သင်္ကန်းမျိုး”ဟုဆိုသည့်အတိုင်း  ဒုကုဋ်သင်္ကန်း   ခေါ် နှစ်ထပ်သင်္ကန်းကြီး၊ ဧကသီ ခေါ် ကိုယ်ဝတ်သင်္ကန်းနှင့် သင်းပိုင် ခေါ် ခါးဝတ်သင်္ကန်းဟူသော ဘုရားခွင့်ပြုသည့်    သင်္ကန်းသုံးထည်တို့ကိုလှူဒါန်းနိုင်ပြီး   သံဃာတော်တို့    ကထိန်ခင်းခွင့်ရကြသည်။ 

မြတ်စွာဘုရားက  ဝိနည်းနှင့်ပြည့်စုံသည့်  ရဟန်းတော်တို့ကို ထိုသို့ကထိန်ခင်းခွင့် ပြုခဲ့သဖြင့် ကထိန်အကျိုးတရားငါးပါးကို ရဟန်းတော်တို့ရရှိသည်။ ယင်းအကျိုးငါးပါးကား ရဟန်းသည်  (၁)အထင်အရှားရှိသော ရဟန်းကိုမပန်ကြားဘဲ ဒါယကာ၊ ဒါယိကာမတို့၏နေအိမ်     အစရှိသော နေရာများသို့ သွားလာနိုင်ခြင်း (၂)မိမိနှင့်ကင်းကွာ၍မရသော တိစီဝရိတ်အဓိဋ္ဌာန် တင်ထားသည့်သင်္ကန်းကို မယူဆောင်ဘဲ သွားနိုင်ခြင်း   (၃)ဒါယကာ၊ ဒါယိကာမတို့၏ မဆီလျော်မအပ်စပ်သည့်  ဆွမ်းဖိတ်ကြားမှုကို လွတ်လပ်စွာသုံးဆောင်နိုင်ခြင်း (၄) အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုသောသင်္ကန်းကို ဆောင်ယူနိုင်ခြင်း (၅)ထိုကထိန်ခင်းသော ကျောင်း၌ လှူဒါန်းဖြစ်ပေါ် လာသမျှသော သင်္ကန်းမှန်သမျှကို သုံးစွဲခွင့်ရခြင်းတို့ဖြစ်သည်။  

ကထိန်ဟူသောစကားသည် ကထိနဟူသောပါဠိစကားမှ ဆင်းသက်လာသည်။   “ကထိန”မှ နငယ်ကိုတံခွန်လွှား၍ (မြန်မာလိုအသတ်ပြု၍)   ကထိန်ဟူ၍ဖြစ်လာခြင်းပင်။ ကထိန၏အဓိပ္ပာယ်မှာ ခိုင်မြဲခြင်း၊ မြဲမြံခြင်းဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို လက်ခံရရှိပြီး ကထိန်ခင်းခွင့်ရသည့် ရဟန်းသည် ဘုရားရှင်ပညတ်ထားသော ဝိနည်းသိက္ခာပုဒ်အချို့ကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ  ငါးလတိုင်တိုင် ကင်းလွတ်ခွင့်ရပါသည်။  

ထိုသို့အကျိုးအာနိသင်များကို ခိုင်ခိုင်မြဲမြဲရရှိစေသောကြောင့် ကထိန်ဟုခေါ်ဆိုခြင်းဖြစ်သည်။   ကျွန်ုပ်တို့လူပုဂ္ဂိုလ်များက မည်သည့်မြို့ရွာ၊   မည်သည့်ကျောင်းတိုက်တွင် ကထိန်ခင်းလှူဒါန်းမည်ဟု ပြောကြသော်လည်း အမှန်စင်စစ်   ကထိန်ခင်းသည့်အမှုကို  ရဟန်းတော်တို့ကသာ  ပြုလုပ်ရပါသည်။ ကျွန်ုပ်တို့ ဒါယကာ၊ ဒါယိကာမများက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုကိုသာ  ပြုနိုင်ပေသည်။   ရဟန်းတို့သည် အလှူရှင်လှူဒါန်းသည့်    သင်္ကန်းနှင့်သိမ်ဝင်လျက်  ကျောင်းတိုက်တွင်ရှိသည့် သံဃာတစ်ပါးအား သံဃာများ၏ သဘောတူညီချက်ဖြင့်ရွေးချယ်၍ သင်္ကန်းကိုအပ်နှင်းကာ ကမ္မဝါစာများရွတ်ဖတ်ကြားပေးကြရသည်။ သင်္ကန်းကို လက်ခံရရှိသည့် ရဟန်းသည်  မိမိဝါဆိုရာ ကျောင်းတိုက်တွင် ထိုသင်္ကန်းဖြင့် ကထိန်ခင်းရပါသည်။   

ရဟန်းသည် သင်္ကန်းကိုလက်ခံရရှိသည့်နေ့မှာပင်   နေ့ချင်းကထိန်ခင်းရသည်။    နောက်နေ့မှ ကထိန်ခင်းလျှင် ကထိန်အမှု အထမမြောက်တော့ပေ။ နေ့မကူးသော မသိုးသင်္ကန်းဖြင့် ကထိန်ခင်းရသည့်အပြင် ထိုသင်္ကန်းမဟုတ်ဘဲ အခြားသင်္ကန်းဖြင့်လည်း ကထိန်ခင်းမရပါ။ ကထိန်ခင်းရမည့်ရဟန်းသည် ဒါယကာ၊ ဒါယိကာမက မိမိသဒ္ဓါအလျောက်   ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမှုကို လက်ခံရရှိမှသာ ကထိန်ခင်းခွင့်ရပါသည်။   ရဟန်းသည် ဒါယကာ၊ ဒါယိကာမကို မိမိကျောင်း၌ကထိန်အလှူပြုရန်   တောင်းဆိုခွင့်၊ တိုက်တွန်းခွင့်မရှိပါ။  အလှူရှင်ကလည်း သံဃဿဒေမ-ဤသင်္ကန်းကို သံဃာရည်မှန်း လှူဒါန်းပါသည်ဆိုပါမှလည်း ကထိန်ခင်းခွင့်ရပြီး အကျိုးတရားများ မှန်မှန်ကန်ကန်ရရှိနိုင်သည်။  

ကထိန်အလှူသည်   တစ်နှစ်တွင် တစ်ခါသာ လှူဒါန်းခွင့်ရသည်။ ထိုတစ်ခါမှာလည်း  သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ  တန်ဆောင်မုန်းလပြည့်နေ့အထိ  တစ်လတာကာလအတွင်း၌သာ  လှူဒါန်းခွင့်၊ ကထိန်ခင်းခွင့်ရပါသည်။    ထိုတစ်လတာအတွင်း   တစ်ကျောင်း၌ တစ်ကြိမ်သာအခွင့်ရသည်။   ကထိန်ခင်းရန် ကျောင်းတိုက်တွင်သိမ်ရှိရမည်။ လေးပါးအထက်ရှိသော  ရဟန်းများရှိရမည်။   ထိုအချက်များပြည့်စုံမှသာ ကထိန်ခင်းမှုအထမြောက်အောင်မြင်ပါသည်။ ကထိန်အလှူကို  အမြင့်မြတ်ဆုံးအလှူဟု သတ်မှတ်ကြသည်။  အဘယ်ကြောင့်ဆိုသော် ကထိန်အလှူသည် ဘုရားအစရှိသော သူတော်ကောင်းတို့ချီးမွမ်းသော အလှူဖြစ်သောကြောင့်ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားသည်။ ကထိန်အလှူသည်  (၁)သံဃာကိုရည်မှန်းပြီး လှူဒါန်းသည့်     သံဃိကအလှူဖြစ်ရခြင်း (၂)သတ်မှတ်အချိန်ကာလအတွင်းမှာပင် လှူဒါန်းရသည့်  ကာလဒါနဖြစ်ခြင်း (၃)အခြားဝတ္ထုပစ္စည်းများ မဟုတ်ဘဲ အရဟတ္တဓဇ  ခေါ်  ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော အဝတ်သင်္ကန်းဖြင့်သာ   ကထိန်ခင်းနိုင်ခြင်း (၄) ယင်းအလှူကိုအကြောင်းပြု၍ ရဟန်းတော်များ ဝိနည်းသိက္ခာပုဒ်အချို့ကို ငါးလတိုင်တိုင်ကင်းလွတ်ခွင့်ရခြင်း ဟူသော ထူးခြားကောင်းမြတ်သည့်အချက်များနှင့်ပြည့်စုံသဖြင့်  အမြတ်ဆုံးအလှူဟု ခေါ်ဆိုနိုင်ပေသည်။  

ကထိန်အလှူ၏အကျိုးအာနိသင်ကို ရဟန်းတော်တို့   ရရှိခံစားရသကဲ့သို့  ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့် အလှူရှင်သည်လည်း အလားတူ  အကျိုးတရားငါးပါးရရှိပါသည်။ အလှူရှင်သည် အေးချမ်းလွတ်လပ်သော ဘဝမျိုးကိုရရှိပြီး သွားလိုရာကို    အန္တရာယ်ကင်းစွာ သွားလာနိုင်ခြင်း၊  အချုပ်အနှောင်မှ လွတ်ကင်းခြင်း၊ အစားအသောက်များကို အဆိပ်အတောက် အန္တရာယ်မရှိဘဲ စားသုံးနိုင်ခြင်း၊ မိမိကို သူတစ်ပါးက မလွှမ်းမိုးနိုင်ခြင်း၊ စားသောက်ဖွယ်ပေါများ၍ အလိုရှိသလို သုံးဆောင်နိုင်ခြင်း၊ မိမိကသာ နေရာတကာအစိုးရခြင်း   (အများက မိမိသဘောလိုက်ရခြင်း)ဟူသောအကျိုးတရားများ ရရှိစေနိုင်မည်ဖြစ်သည်။  

တန်ဆောင်မုန်းလတွင် သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်သည့်အပြင် မသိုးသင်္ကန်းရက်လုပ်၍ မြတ်စွာဘုရားကို ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်သည့် အစဉ်အလာလည်းရှိသည်။   လက်ရက်ကန်းခတ်သော လုံမပျိုများက မသိုးသင်္ကန်း ရက်လုပ်ကြကာ မြတ်စွာဘုရားရှင်ကို ရည်မှန်းလှူဒါန်းကြပါသည်။   မသိုးသင်္ကန်းဆိုသည်မှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ ညဦးမှစတင်ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် အပြီးသတ်ရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သည်။

အချိန်မီရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်၍လည်း မသိုးသင်္ကန်းဟု  ခေါ်ဝေါ်သမုတ်ကြသည်။   ကထိန်အလှူ၌   သင်္ကန်းကိုသာလှူဒါန်း၍ ကထိန်ခင်းရသော်လည်း အခြားလှူဖွယ်ပစ္စည်းများကိုလည်း သံဃာတော်များအလိုရှိရာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရှေးဘိုးဘွားများလက်ထက်မှစ၍  သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းလာခဲ့ရာ ယနေ့အချိန်အခါတွင် ပဒေသာပင်များပြုလုပ်၍   လှူဖွယ်ပစ္စည်းမျိုးစုံ ပူးတွဲလှူဒါန်းကြသည်။ ကထိန်အလှူရှင် တစ်ဦးတည်း လှူဒါန်းနိုင်သကဲ့သို့ အများစုပေါင်း၍ ဘုံကထိန်အဖြစ်လည်း လှူဒါန်းနိုင်သည်။ စာရေးသူတို့မြို့ရွာများတွင် စာသင်ကျောင်းကထိန်၊  စျေးကထိန်၊  ရပ်ကွက်ကထိန်၊  ရုံးကထိန်  စသည်ဖြင့်ဘုံကထိန်ပွဲများကိုကျင်းပလှူဒါန်းကြသည်။ လှူဖွယ်ပစ္စည်းပဒေသာပင်များနှင့်တကွ ပရိသတ်စုံလင်စွာဖြင့် မြို့ရွာအတွင်းလှည့်လည်ကာ အများကိုလည်း ကြည်ညိုသဒ္ဓါပွားစေပါသည်။  ထို့နောက်  ကထိန်ခင်းမည့် ကျောင်းတိုက်သို့သွားရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကာ  သံဃာတော်များက ကထိန်ခင်းပြီး  ဆရာတော်များချီးမြှင့်သည့်   ကထိန်တရားကိုနာယူကာ ဝမ်းမြောက်ခြင်း အနုမောဒနာဖြင့် သာဓုခေါ်ဆိုကြပါသည်။      ။

MWD

ညွန့်ဝင်း(နတ်တလင်း)

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
-
“ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုသည့်စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်ကာ ရေတိုးနေသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် ကောက်ပင်များဖြင့် စိမ်းစိုနေသည်။ဝါခေါင်လကို ပုဂံခေတ်ကျောက်စာတွင် “နံကာလ”ဟူ၍ ရေးသားသုံးနှုန်းကြပြီး “နံ”သည် အချိန်ကာလ “ကာ”သည် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းဖြစ်သဖြင့် “လယ်ယာထွန်ယက် စိုက်ပျိုးသောလ”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဝါခေါင်လ သို့မဟုတ် သိဟ်ရာသီဟူသော ဝေါဟာရမှာ သီဟဟူသော ပါဠိသက်စကား“ခြင်္သေ့”ဖြစ်၍ ရာသီရုပ်ပုံကို ခြင်္သေ့ပုံဖြင့်သရုပ်ဖော်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ဖြစ်သည်။ မြန်မာပြက္ခဒိန်၏ပဉ္စမမြောက်လတွင် ကျရောက်သည်။ ရာသီပန်းမှာ ခတ္တာပန်းဖြစ်ပြီး ရာသီခွင်မှာ သိဟ်ရာသီဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် ဝါခေါင်လတွင် ဘာသာရေးယဉ်ကျေးမှု အစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါ ပွားဖွယ်ပြုလုပ်ကြသည်။မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံအခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်း၍ ဟိမဝန္တာနှင့်တစ်စပ်တည်းတည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ်ထူပြောအောင်၊ သမာဓိမရအောင် အမျိုးမျိုးဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသမဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံသွားရောက်ကာ အလုံးစုံလျှောက်ထားကြလေသည်။ထိုအခါ ဘုရားရှင်တော်က ရဟန်းတော်များအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေမည့် မေတ္တသုတ်တရားတော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူလေသည်။ ရဟန်းများတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရားသင်ကြားတော်မူလိုက်သည့်အတိုင်း မေတ္တသုတ်ကိုရွတ်ဆိုလျက် မေတ္တာဘာဝနာကိုပွားများကြရာ နတ်တို့နှင့်သင့်မြတ်ကာ အေးချမ်းစွာ တရားကျင့်ကြံနိုင်ကြလေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟူ၍ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။ရဟန်းတော်များသည် မြတ်စွာဘုရားထံ ပြန်လည်ကြွမြန်းသောကာလသည် ပထမဝါဆိုဖြစ်ပြီး ရဟန်းတော်များ ဤတောအတွင်း၌ပင် ဒုတိယဝါဆိုခဲ့ကြခြင်းဖြစ်ရာ ကျမ်းဂန်များအရ “မေတ္တသုတ်တော်”ကိုဟောသောလသည်လည်း ဝါခေါင်လဖြစ်ကြောင်းသိရှိနိုင်ပေသည်။ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်အကျိုးများစေသည့်သုတ်တော်ဖြစ်သည်။ ရဟန်း သံဃာတော်များသည် ဝါခေါင်လပြည့်နေ့ရောက်လျှင် မေတ္တသုတ်တော်များကို ရွတ်ဆိုပွားများကြသည်။ ရပ်ထဲရွာထဲတွင် နေထိုင်သူများသည်လည်း ဘုရား၊ ပုထိုး၊ စေတီများတွင် မေတ္တသုတ်တော်များ ရွတ်ဖတ်၍ ကုသိုလ်မေတ္တာပွားများခြင်းတို့ကို ဆောင်ရွက်ကြသည်။မေတ္တာဟူသည် အေးချမ်းသော၊ အေးငြိမ်းသော သဘောကိုဆောင်သောကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရရှိလေသည်။ မေတ္တာသည် လူသားတိုင်း ထားရှိသင့်သော အရာဖြစ်သည်။ သတ္တဝါမှန်သမျှ မေတ္တာနှင့်သာ ဆက်ဆံသင့်သည်။ ဝါခေါင်လအခါသမယသည် မိုးရာသီဖြစ်သကဲ့သို့ မေတ္တာဓာတ်များပက်ဖျန်းပါက ပို၍အောင်မြင်အေးချမ်းသော၊ အေးမြသောအခြေအနေများသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။စာရေးတံမဲပွဲတော်ကျင်းပဝါခေါင်လတွင် ထင်ရှားသော ရာသီပွဲတော်မှာ စာရေးတံမဲပွဲတော်ဖြစ်သည်။ စာရေးတံမဲပွဲတော် ဖြစ်ပေါ်လာပုံမှာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုဟ်တစ်ပြည်လုံး စားနပ်ရိက္ခာငတ်မွတ် ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်သည်။ တပည့်ဒါယကာများက တစ်ကျောင်းလုံးရှိ သံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုလုပ်နိုင်သဖြင့် သံဃာတစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ၊ သံဃာဆယ်ပါးဖြစ်စေ စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားတော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်တော်မှ ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။စာရေးတံမဲချပုံမှာ ဝါး၊ နှီးပြားများ သို့မဟုတ် သစ်သားတံတို့၏ ထိပ်တွင် ဆွမ်းဒကာ၏ အမည်နှင့် နေရပ်ကို ရေးမှတ်ထားသည်။ ရဟန်းများက ထိုစာရေးတံမဲများကို အလှည့်ကျမဲနှိုက်ကာ မိမိတို့ မဲကျသည့် ဆွမ်းဒကာ၏အိမ်သို့ ဆွမ်းစားကြွရခြင်းဖြစ်သည်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လတွင် ကျင်းပရမည်ဟူ၍ သတ်မှတ်မထားသော်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင် သံဃာတော်များ တစုတစည်းတည်းရှိရာ ဝါခေါင်လတွင် ကျင်းပခဲ့ကြသည်။ စာရေးတံမဲပွဲကို “မဟာဒုက်ပွဲ”ဟူ၍လည်း ခေါ်ဆိုကြသည်။ယနေ့ခေတ်ကာလတွင် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လဟူ၍ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းများ နည်းပါးလာကြသည်။ ရပ်ကွက်ဘုရားပွဲများ ကျင်းပကြပြီးနောက် စက္ကူမဲလိပ်များတွင် စာရေးတံမဲနံပါတ ်ဂဏန်းများကိုသာ ရေးသားလာကြသည်။ ဝါခေါင်လ၏အခြားပွဲတော်တစ်ခုမှာ တောင်ပြုံးနတ်ရှင်ညီနောင်ပွဲဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက် တောင်ပြုံးရွာတွင် ရွှေဖျင်းကြီး၊ ရွှေဖျင်းလေး နတ်ညီနောင်နှစ်ပါးကို ပူဇော်ပသသည့်ပွဲကို ပုဂံခေတ်မှ ယနေ့တိုင်အောင် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပကြသည်။မေတ္တသုတ်တော် ရွတ်ဖတ်ပူဇော်မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့်မေတ္တာမူ ၁၅ ချက် ပါဝင်သည်။ အဆိုပါမူများမှာ စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တသုတ်ပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူး၍မနေဘဲ ထိုဈာန်ကိုအခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင်ကျင့်စဉ်များကို လမ်းညွှန် ထားတော်မူခြင်းဖြစ်သည်။ ဝါခေါင်လသည် ၂၉ ရက်ရှိသည့်အတွက် ရက်မစုံသောလတွင် ပါဝင်သည်။ ဝါခေါင်လတွင် မြန်မာလူမျိုးတို့၏ ကောင်းသောရက်၊ ရက်ရာဇာအဖြစ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ်ပြီး ရှောင်ရှားသင့်သော ရက်များအဖြစ် ကြာသပတေးနေ့နှင့် စနေနေ့တို့ဖြစ်သည်။ “မွန်းတည့်ချိန်ခါ၊ တိုင်းတာပါ၊ ဆာယာတစ်ဖဝါး”ဟူသော သံပေါက်အရ ဝါခေါင်လ၏ နေမွန်းတည့်ချိန်တွင် လူ၏အရိပ်သည် တစ်ဖဝါးသာရှိကြောင်း မှတ်သားရသည်။ဝါခေါင်လအခါသမယသည် မြို့နေလူထု၊ ကျေးလက်နေသူတို့ အေးချမ်းစွာနေထိုင်နိုင်သော ရာသီဖြစ်ပြီး တရားဘာဝနာပွားများ အားထုတ်ခြင်းဖြင့် မေတ္တာပို့သ၍ ကောင်းမွန်သော ကာလဖြစ်သည်။ ဝါခေါင်လတွင် ရဟန်းသံဃာတော်များသည် ဝါဆိုတော်မူစဉ်ကာလဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်တို့မှာလည်း လယ်ယာလုပ်ငန်းခွင်များ မပြတ်မလပ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် ရွတ်ဆိုပွားများခြင်းဖြင့် မေတ္တာလွှမ်းခြုံသော အခါသမယဖြစ်ပေသည်။ဂုဏ်ယူရသည့် ယဉ်ကျေးမှုဓလေ့များမြန်မာနိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့၊ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလပြည့်နေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဟူ၍ ဘာသာရေးအထိမ်းအမှတ်နေ့များ အဖြစ် ရှေးယခင်ကတည်းကအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့ကြသည်။ထိုဘာသာရေး အထိမ်းအမှတ်နေ့များတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသကဲ့သို့ ပွဲတော်များလည်း သတ်မှတ်ကျင်းပကြသည်။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ ဖြစ်သည့် တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲတို့ကို ကျင်းပကြသည်။ ရှေးမြန်မာမင်းများ၊ ဘိုးဘွားများက ထိုမြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ပေးထားခဲ့ကြသည်။ထို့ကြောင့် မြန်မာနိုင်ငံသည် ဂုဏ်ယူစရာကောင်းသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် တည်ရှိလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုပျောက်ပါက လူမျိုးပါ ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ရိုးရာ ဝိသေသလက္ခဏာများအပေါ် လေးစားတန်ဖိုးထားကြရမည်။ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းရပေမည်။သို့ဖြစ်ရာ လူတိုင်းအတွက် အခြေခံတရား ဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်င ကျင့်သုံးနေထိုင်ခြင်းဖြင့် ဗဟိဒ္ဓဟူသည့် အပြင်ငြိမ်းချမ်းမှုသာမက မိမိ၏အဇ္စျတ္တဖြစ်သည့် အတွင်းငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်သည်။ “မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း”ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများ ကင်းဝေးပြီး အေးချမ်းသာယာမှု အပေါင်း ရရှိခံစား စံစားနိုင်မည်ဖြစ်ပေသည်။ ။MWD

 “ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုသည့်စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်ကာ ရေတိုးနေသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် ကောက်ပင်များဖြင့် စိမ်းစိုနေသည်။

ဝါခေါင်လကို  ပုဂံခေတ်ကျောက်စာတွင်   “နံကာလ”ဟူ၍ ရေးသားသုံးနှုန်းကြပြီး “နံ”သည် အချိန်ကာလ “ကာ”သည် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းဖြစ်သဖြင့် “လယ်ယာထွန်ယက် စိုက်ပျိုးသောလ”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဝါခေါင်လ သို့မဟုတ် သိဟ်ရာသီဟူသော ဝေါဟာရမှာ သီဟဟူသော ပါဠိသက်စကား“ခြင်္သေ့”ဖြစ်၍ ရာသီရုပ်ပုံကို ခြင်္သေ့ပုံဖြင့်သရုပ်ဖော်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ဖြစ်သည်။ မြန်မာပြက္ခဒိန်၏ပဉ္စမမြောက်လတွင် ကျရောက်သည်။  ရာသီပန်းမှာ  ခတ္တာပန်းဖြစ်ပြီး  ရာသီခွင်မှာ သိဟ်ရာသီဖြစ်သည်။  မြန်မာတို့၏  ၁၂ လရာသီပွဲတော်များအနက်   ဝါခေါင်လတွင် ဘာသာရေးယဉ်ကျေးမှု အစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါ ပွားဖွယ်ပြုလုပ်ကြသည်။

မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံ

အခါတစ်ပါး၌ ရဟန်းငါးရာတို့သည်  မြတ်စွာဘုရားထံမှ  ကမ္မဋ္ဌာန်းတောင်း၍ ဟိမဝန္တာနှင့်တစ်စပ်တည်းတည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ်ထူပြောအောင်၊ သမာဓိမရအောင်  အမျိုးမျိုးဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း  ဤအရပ်သည်  ပဋိရူပဒေသမဟုတ်ဟု  တိုင်ပင်ကြပြီး မြတ်စွာဘုရားထံသွားရောက်ကာ အလုံးစုံလျှောက်ထားကြလေသည်။

ထိုအခါ ဘုရားရှင်တော်က  ရဟန်းတော်များအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေမည့် မေတ္တသုတ်တရားတော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူလေသည်။ ရဟန်းများတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရားသင်ကြားတော်မူလိုက်သည့်အတိုင်း မေတ္တသုတ်ကိုရွတ်ဆိုလျက် မေတ္တာဘာဝနာကိုပွားများကြရာ နတ်တို့နှင့်သင့်မြတ်ကာ အေးချမ်းစွာ တရားကျင့်ကြံနိုင်ကြလေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟူ၍ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။

ရဟန်းတော်များသည် မြတ်စွာဘုရားထံ ပြန်လည်ကြွမြန်းသောကာလသည် ပထမဝါဆိုဖြစ်ပြီး ရဟန်းတော်များ ဤတောအတွင်း၌ပင်  ဒုတိယဝါဆိုခဲ့ကြခြင်းဖြစ်ရာ ကျမ်းဂန်များအရ  “မေတ္တသုတ်တော်”ကိုဟောသောလသည်လည်း ဝါခေါင်လဖြစ်ကြောင်းသိရှိနိုင်ပေသည်။ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်အကျိုးများစေသည့်သုတ်တော်ဖြစ်သည်။  ရဟန်း သံဃာတော်များသည် ဝါခေါင်လပြည့်နေ့ရောက်လျှင် မေတ္တသုတ်တော်များကို ရွတ်ဆိုပွားများကြသည်။ ရပ်ထဲရွာထဲတွင် နေထိုင်သူများသည်လည်း ဘုရား၊ ပုထိုး၊ စေတီများတွင် မေတ္တသုတ်တော်များ ရွတ်ဖတ်၍ ကုသိုလ်မေတ္တာပွားများခြင်းတို့ကို  ဆောင်ရွက်ကြသည်။

မေတ္တာဟူသည် အေးချမ်းသော၊ အေးငြိမ်းသော သဘောကိုဆောင်သောကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရရှိလေသည်။ မေတ္တာသည် လူသားတိုင်း ထားရှိသင့်သော အရာဖြစ်သည်။ သတ္တဝါမှန်သမျှ မေတ္တာနှင့်သာ ဆက်ဆံသင့်သည်။ ဝါခေါင်လအခါသမယသည် မိုးရာသီဖြစ်သကဲ့သို့ မေတ္တာဓာတ်များပက်ဖျန်းပါက ပို၍အောင်မြင်အေးချမ်းသော၊ အေးမြသောအခြေအနေများသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။

စာရေးတံမဲပွဲတော်ကျင်းပ

ဝါခေါင်လတွင် ထင်ရှားသော ရာသီပွဲတော်မှာ စာရေးတံမဲပွဲတော်ဖြစ်သည်။ စာရေးတံမဲပွဲတော် ဖြစ်ပေါ်လာပုံမှာ ရာဇဂြိုဟ်ပြည်  ဝေဠုဝန်ကျောင်းတော်၌  မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုဟ်တစ်ပြည်လုံး စားနပ်ရိက္ခာငတ်မွတ် ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်သည်။ တပည့်ဒါယကာများက တစ်ကျောင်းလုံးရှိ သံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုလုပ်နိုင်သဖြင့် သံဃာတစ်ပါးဖြစ်စေ၊  သုံးပါးဖြစ်စေ၊ သံဃာဆယ်ပါးဖြစ်စေ စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားတော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်တော်မှ ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

စာရေးတံမဲချပုံမှာ ဝါး၊ နှီးပြားများ သို့မဟုတ် သစ်သားတံတို့၏ ထိပ်တွင် ဆွမ်းဒကာ၏ အမည်နှင့် နေရပ်ကို   ရေးမှတ်ထားသည်။ ရဟန်းများက ထိုစာရေးတံမဲများကို အလှည့်ကျမဲနှိုက်ကာ မိမိတို့ မဲကျသည့် ဆွမ်းဒကာ၏အိမ်သို့ ဆွမ်းစားကြွရခြင်းဖြစ်သည်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လတွင် ကျင်းပရမည်ဟူ၍ သတ်မှတ်မထားသော်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင်   သံဃာတော်များ   တစုတစည်းတည်းရှိရာ   ဝါခေါင်လတွင်   ကျင်းပခဲ့ကြသည်။ စာရေးတံမဲပွဲကို “မဟာဒုက်ပွဲ”ဟူ၍လည်း ခေါ်ဆိုကြသည်။

ယနေ့ခေတ်ကာလတွင် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လဟူ၍ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းများ နည်းပါးလာကြသည်။ ရပ်ကွက်ဘုရားပွဲများ ကျင်းပကြပြီးနောက် စက္ကူမဲလိပ်များတွင် စာရေးတံမဲနံပါတ ်ဂဏန်းများကိုသာ ရေးသားလာကြသည်။ ဝါခေါင်လ၏အခြားပွဲတော်တစ်ခုမှာ တောင်ပြုံးနတ်ရှင်ညီနောင်ပွဲဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက် တောင်ပြုံးရွာတွင်  ရွှေဖျင်းကြီး၊  ရွှေဖျင်းလေး နတ်ညီနောင်နှစ်ပါးကို ပူဇော်ပသသည့်ပွဲကို ပုဂံခေတ်မှ ယနေ့တိုင်အောင် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပကြသည်။

မေတ္တသုတ်တော် ရွတ်ဖတ်ပူဇော်

မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့်မေတ္တာမူ ၁၅ ချက် ပါဝင်သည်။ အဆိုပါမူများမှာ စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊  မေတ္တသုတ်ပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူး၍မနေဘဲ  ထိုဈာန်ကိုအခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင်ကျင့်စဉ်များကို လမ်းညွှန် ထားတော်မူခြင်းဖြစ်သည်။ ဝါခေါင်လသည် ၂၉ ရက်ရှိသည့်အတွက် ရက်မစုံသောလတွင် ပါဝင်သည်။ ဝါခေါင်လတွင် မြန်မာလူမျိုးတို့၏ ကောင်းသောရက်၊ ရက်ရာဇာအဖြစ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ်ပြီး  ရှောင်ရှားသင့်သော ရက်များအဖြစ် ကြာသပတေးနေ့နှင့် စနေနေ့တို့ဖြစ်သည်။ “မွန်းတည့်ချိန်ခါ၊ တိုင်းတာပါ၊   ဆာယာတစ်ဖဝါး”ဟူသော သံပေါက်အရ ဝါခေါင်လ၏ နေမွန်းတည့်ချိန်တွင် လူ၏အရိပ်သည် တစ်ဖဝါးသာရှိကြောင်း မှတ်သားရသည်။

ဝါခေါင်လအခါသမယသည်  မြို့နေလူထု၊ ကျေးလက်နေသူတို့  အေးချမ်းစွာနေထိုင်နိုင်သော ရာသီဖြစ်ပြီး တရားဘာဝနာပွားများ အားထုတ်ခြင်းဖြင့် မေတ္တာပို့သ၍ ကောင်းမွန်သော ကာလဖြစ်သည်။ ဝါခေါင်လတွင် ရဟန်းသံဃာတော်များသည် ဝါဆိုတော်မူစဉ်ကာလဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်တို့မှာလည်း လယ်ယာလုပ်ငန်းခွင်များ မပြတ်မလပ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်  ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် ရွတ်ဆိုပွားများခြင်းဖြင့် မေတ္တာလွှမ်းခြုံသော အခါသမယဖြစ်ပေသည်။

ဂုဏ်ယူရသည့် ယဉ်ကျေးမှုဓလေ့များ

မြန်မာနိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ကို    သာမညဖလအခါတော်နေ့၊ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလပြည့်နေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဟူ၍ ဘာသာရေးအထိမ်းအမှတ်နေ့များ အဖြစ် ရှေးယခင်ကတည်းကအစဉ်အလာမပျက်  နှစ်စဉ်ကျင်းပခဲ့ကြသည်။

ထိုဘာသာရေး အထိမ်းအမှတ်နေ့များတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသကဲ့သို့ ပွဲတော်များလည်း သတ်မှတ်ကျင်းပကြသည်။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ ဖြစ်သည့် တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊   ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲတို့ကို ကျင်းပကြသည်။ ရှေးမြန်မာမင်းများ၊ ဘိုးဘွားများက ထိုမြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်များကို သားစဉ်မြေးဆက်   လက်ဆင့်ကမ်းအမွေ   ပေးထားခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  ဂုဏ်ယူစရာကောင်းသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် တည်ရှိလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုပျောက်ပါက လူမျိုးပါ ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ရိုးရာ ဝိသေသလက္ခဏာများအပေါ်   လေးစားတန်ဖိုးထားကြရမည်။   နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းရပေမည်။

သို့ဖြစ်ရာ လူတိုင်းအတွက် အခြေခံတရား ဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်င ကျင့်သုံးနေထိုင်ခြင်းဖြင့်   ဗဟိဒ္ဓဟူသည့် အပြင်ငြိမ်းချမ်းမှုသာမက   မိမိ၏အဇ္စျတ္တဖြစ်သည့် အတွင်းငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်သည်။ “မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း”ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများ ကင်းဝေးပြီး အေးချမ်းသာယာမှု အပေါင်း ရရှိခံစား စံစားနိုင်မည်ဖြစ်ပေသည်။    ။

MWD

ငွေလရောင်

ဝါခေါင်လ မေတ္တာအခါတော်နေ့နှင့် စာရေးတံမဲပွဲ
-
ဝါခေါင်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ငါးလမြောက်(ပဉ္စမ)ဖြစ်ပါသည်။ မိုးရာသီမိုးသည်းထန်သည့်ကာလလည်းဖြစ်သည်။ ရာသီမှာသိဟ်၊ ရာသီရုပ်မှာ ခြင်္သေ့ရုပ်၊ ခတ္တာမှာ ရာသီပန်းဖြစ်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာဘာဝနာပွားများကြသည့် မေတ္တာအခါတော်နေ့ဖြစ်ပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်ကို ကျင်းပကြသည်။မေတ္တာသည် အေးမြသည်။ စင်ကြယ်သည်။ မေတ္တာဓာတ်သည် သီတာရေနှင့် လရောင်တမျှ အေးမြသည်ဟု ဆိုရိုးရှိပါသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖက်သူက ကြမ်းတမ်းသလောက် မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာတရားများနှင့် ထုံမွမ်းနေသည့် မေတ္တာအခါတော် နေ့ဖြစ်ပါသည်။မေတ္တာအခါတော်နေ့ သတ်မှတ်ကျင်းပခဲ့သည့် အကြောင်းရင်းရှေးအခါက (ဂေါတမမြတ်စွာဘုရားလက်ထက်တော်က) ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူကြပြီး တောအုပ်တစ်ခုတွင် တရားပွားများ အားထုတ်ကြသည်။ ဝါတွင်းကာလလည်းဖြစ်နေ၍ ဝါဆိုဝါကပ်ပြုရင်းကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နတ်များမှာ မနေနိုင်ကြတော့ဘဲ နေရာဖယ်ပေးကြရပါတော့သည်။ ထိုနတ်များက ရဟန်းတော်များကိုမနေနိုင်အောင် အမျိုးမျိုးခြောက်လှန့်ကြသည်။ နတ်များက ခြောက်လှန့်သည့်အကြောင်း‌ မြတ်စွာဘုရားကို ပြန်လည်လျှောက်ကြားသည့်အခါ မြတ်စွာဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များကို မေတ္တသုတ္တန်ဒေသနာတော် ဟောပြသွန်သင်ပေးပြီး တောအုပ်ဆီ ပြန်သွားစေခဲ့ပါသည်။ တောအုပ်ဆီရောက်လျှင် မေတ္တသုတ္တန်လာ မေတ္တာဘာဝနာပွားများကြသည့်အခါ နတ်များက ချစ်ခင်နှစ်သက်ကြကုန်ပြီး နေရာပေးကာ ဂရုတစိုက်ပြုမူလာကြသည်။ ဤသည်မှာ မေတ္တာတရားကြောင့်ပင်ဖြစ်သည်။ မေတ္တာတရားဆိုသည်မှာ ရန်သူရန်ဘက်ပင်ဖြစ်နေပါစေ မိတ်ဆွေချစ်မြတ်နိုးသူဖြစ်သွားသည့် အာနုဘော်နှင့် ပြည့်စုံညီညွတ်ခြင်းပင်ဖြစ်ပါသည်။ ဤသည်ကိုအကြောင်းပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။မေတ္တာသည် ဘုရားဟော ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သည်။ မေတ္တာသည်သာလျှင် ရန်မှန်သမျှကို အောင်နိုင်ပါသည်။ မိမိ၏ဒေါသကို ပယ်ဖျောက်နိုင်သလို တခြားသူ၏ဒေါသကိုလည်း ပယ်သတ်နိုင်သည်မှာ မေတ္တာ၏အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ မေတ္တာတရားသည် ကမ္ဘာပေါ်တွင် စွမ်းအားအထက်မြက်ဆုံး၊ အင်အားအကြီးမားဆုံး လက်နက်ဖြစ်ပါသည်။ မေတ္တာစွမ်းအားထက်မြက် ကြီးမားနက်ရှိုင်း အကျိုးထူးသည်ကို မြတ်စွာဘုရားက-- ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သည့် ဘုရားလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက်၊- သောတာပန်တစ်ရာကို လှူရခြင်းထက်၊- သကဒါဂါမ်တစ်ရာကို လှူရခြင်းထက်၊- အနာဂါမ်တစ်ရာကို လှူရခြင်းထက်၊- ရဟန္တာတစ်ရာကို လှူရခြင်းထက်၊- ပစ္စေကဗုဒ္ဓါအဆူတစ်ရာကို လှူရခြင်းထက်၊- သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက်၊- ဘုရားအမှူးရှိသည့် သံဃာတော်များကို လှူရခြင်းထက်၊- စတုဒိသာသံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်လှူရခြင်းထက်၊- သရဏဂုံဆောက်တည်ခြင်းနှင့် ငါးပါးသီလစောင့်ထိန်းခြင်းထက်၊“နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက် မေတ္တာပွားများခြင်း”က သာလွန်ပြီး အကျိုးကြီးမားပါကြောင်း အဆင့်များခွဲကာ ဟောကြားတော်မူခဲ့ပါသည်။မေတ္တာသည်သာ အောင်နိုင်ရာ၊ မေတ္တာသည်သာငြိမ်းချမ်းရာ၊ မေတ္တာသည်သာချမ်းသာရာဖြစ်နေ၍ မေတ္တာပွားများ အားထုတ်ကြမည်ဆိုလျှင် မေတ္တာအကျိုးတစ်ဆယ့်တစ်မျိုးကို သေချာပေါက်ရရှိမည်အမှန်ပင် ဖြစ်ပါသည်။မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးမှာ-- ချမ်းသာစွာအိပ်ရခြင်း။- ချမ်းသာစွာနိုးရခြင်း။- အိပ်မက်ဆိုးကိုမမြင်မက်ခြင်း။- လူတို့ချစ်မြတ်နိုးခြင်းကိုခံရခြင်း။- သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရခြင်း။- နတ်တို့စောင့်ရှောက်ခြင်း။- မီး၊ အဆိပ်၊ လက်နက်တို့ မစွဲကပ်မဖျက်ဆီး နိုင်ခြင်း။- လျင်မြန်စွာ စိတ်တည်ကြည်ခြင်း။- မျက်နှာအဆင်း အထူးကြည်လင်ခြင်း။- မတွေမဝေသေရခြင်း။- ဗြဟ္မာပြည်သို့လားရခြင်းတို့ ဖြစ်ပါသည်။စာရေးတံမဲပွဲသည် ဝါခေါင်လ၏ရာသီပွဲတော်ဖြစ်သည်။ စာရေးတံအလှူသည် မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသည့် ဆွမ်းအလှူဖြစ်ပါသည်။စာရေးတံဆိုသည်မှာ-သစ်သားအချောင်းတံဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက် စသည်တို့ဖြင့် လုပ်ထားသည့်အတံတွင်ဖြစ်စေ ဒါယကာ ဒါယိကာမများ၏ အမည်ကို ရေးထိုးမှတ်သားထားခြင်းဖြစ်သည်။စာရေးတံဆွမ်းအလှူ ဆောင်ရွက်မှုမှာ ဒါယကာဒါယိကာမများ၏ အမည်ကို ရေးထိုးထားသည့်စာရေးတံကို အသုံးပြုပါသည်။ ရေးထိုးပြီးစာရေးတံအားလုံးကို ထည့်စရာတစ်ခုထဲတွင် ပေါင်းထည့်ကာ မွှေကြရပါသည်။ ပြီးမှ အလှည့်ကျရဟန်းက စတင်မဲနှိုက်ယူရပါသည်။ တချို့က မထေရ်ကြီးကစပြီး မဲနှိုက်ယူပါသည်။ ဆွမ်းဒါယကာ ဒါယိကာမမည်သူမည်ဝါ၏ စာရေးတံကိုနှိုက်ယူပြီးသည့် ရဟန်းသည် ဆွမ်းအလှူရှင်၏ ပင့်လျှောက်မှုဖြင့် အလှူရှင်အိမ်ကို ကြွရပါသည်။ နောက်ပိုင်းအချိန်များတွင် စာရေးတံတွင် ဒါယကာ ဒါယိကာမများ၏အမည်ကို မရေးတော့ဘဲ။ ရဟန်းသံဃာတော်များ၏ ဘွဲ့တော်ကိုသာ ရေးထားကာ ဆွမ်းအလှူရှင်များက မဲနှိုက်ယူရသည့်စနစ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ သံဃာတော်ဆယ်ပါး ပင့်ဆောင် ဆွမ်းကပ်လိုသူက စာရေးတံဆယ်ချောင်း၊ သုံးပါးပင့်ဆောင်ဆွမ်းကပ်လိုက စာရေးတံသုံးချောင်း နှိုက်ယူရသည်။ စာရေးတံပေါ်တွင် ရေးထားသည့်ဘွဲ့အမည်ပါ ရဟန်းသံဃာတော်ကို အိမ်သို့ ပင့်ဆောင်ဆွမ်းကပ်ကြပါသည်။ ဆွမ်းအလှူရှင် ဒါယကာဒါယိကာမများ ကိုယ်တိုင်မဲနှိုက်ယူရ၍ ပိုပြီးသဒ္ဓါရွှင်လန်းဝမ်းမြောက်ကြပါသည်။ နံနက်ဆွမ်း၊ နေ့ဆွမ်းဆိုပြီး ကပ်ကြသလို ကျောင်းသို့ ဆွမ်းအုပ်ပို့ကာ မဲကျသည့် ရဟန်းသံဃာကိုလည်း ဆွမ်းကပ်ကြကာ တရားနာရေစက်ချကြပါသည်။ ပုဂ္ဂိုလ်စွဲမရှိ၊ မဲကျရာရဟန်းသံဃာကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်၍ စာရေးတံအလှူပွဲသည် စေတနာ သုံးတန်ပြည့်ဝသည့် အလှူပွဲတစ်ခုဖြစ်ပါသည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် မေတ္တာတရားများဖြင့် ပြီးပြည့်စုံထုံမွမ်းနေသည့် မေတ္တာအခါတော်နေ့ (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာဖြင့် အောင်နိုင်မှုကိုရယူနိုင်ရန် မေတ္တာဘာဝနာပွားများရင်း စေတနာသုံးတန်ပြည့်ဝသည့် စာရေးတံအလှူပွဲများ ပြုလုပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှု ရယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။MOI

ဝါခေါင်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ငါးလမြောက်(ပဉ္စမ)ဖြစ်ပါသည်။ မိုးရာသီမိုးသည်းထန်သည့်ကာလလည်းဖြစ်သည်။ ရာသီမှာသိဟ်၊ ရာသီရုပ်မှာ ခြင်္သေ့ရုပ်၊ ခတ္တာမှာ ရာသီပန်းဖြစ်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာဘာဝနာပွားများကြသည့် မေတ္တာအခါတော်နေ့ဖြစ်ပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်ကို ကျင်းပကြသည်။

မေတ္တာသည် အေးမြသည်။ စင်ကြယ်သည်။ မေတ္တာဓာတ်သည် သီတာရေနှင့် လရောင်တမျှ အေးမြသည်ဟု ဆိုရိုးရှိပါသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖက်သူက ကြမ်းတမ်းသလောက် မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာတရားများနှင့် ထုံမွမ်းနေသည့် မေတ္တာအခါတော် နေ့ဖြစ်ပါသည်။

မေတ္တာအခါတော်နေ့ သတ်မှတ်ကျင်းပခဲ့သည့် အကြောင်းရင်း

ရှေးအခါက (ဂေါတမမြတ်စွာဘုရားလက်ထက်တော်က) ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူကြပြီး တောအုပ်တစ်ခုတွင် တရားပွားများ အားထုတ်ကြသည်။ ဝါတွင်းကာလလည်းဖြစ်နေ၍ ဝါဆိုဝါကပ်ပြုရင်းကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နတ်များမှာ မနေနိုင်ကြတော့ဘဲ နေရာဖယ်ပေးကြရပါတော့သည်။ ထိုနတ်များက ရဟန်းတော်များကိုမနေနိုင်အောင် အမျိုးမျိုးခြောက်လှန့်ကြသည်။ နတ်များက ခြောက်လှန့်သည့်အကြောင်း‌ မြတ်စွာဘုရားကို ပြန်လည်လျှောက်ကြားသည့်အခါ မြတ်စွာဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များကို မေတ္တသုတ္တန်ဒေသနာတော် ဟောပြသွန်သင်ပေးပြီး တောအုပ်ဆီ ပြန်သွားစေခဲ့ပါသည်။ တောအုပ်ဆီရောက်လျှင် မေတ္တသုတ္တန်လာ မေတ္တာဘာဝနာပွားများကြသည့်အခါ နတ်များက ချစ်ခင်နှစ်သက်ကြကုန်ပြီး နေရာပေးကာ ဂရုတစိုက်ပြုမူလာကြသည်။ ဤသည်မှာ မေတ္တာတရားကြောင့်ပင်ဖြစ်သည်။ မေတ္တာတရားဆိုသည်မှာ ရန်သူရန်ဘက်ပင်ဖြစ်နေပါစေ မိတ်ဆွေချစ်မြတ်နိုးသူဖြစ်သွားသည့် အာနုဘော်နှင့် ပြည့်စုံညီညွတ်ခြင်းပင်ဖြစ်ပါသည်။ ဤသည်ကိုအကြောင်းပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။

မေတ္တာသည် ဘုရားဟော ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သည်။ မေတ္တာသည်သာလျှင် ရန်မှန်သမျှကို အောင်နိုင်ပါသည်။ မိမိ၏ဒေါသကို ပယ်ဖျောက်နိုင်သလို တခြားသူ၏ဒေါသကိုလည်း ပယ်သတ်နိုင်သည်မှာ မေတ္တာ၏အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ မေတ္တာတရားသည် ကမ္ဘာပေါ်တွင် စွမ်းအားအထက်မြက်ဆုံး၊ အင်အားအကြီးမားဆုံး လက်နက်ဖြစ်ပါသည်။ မေတ္တာစွမ်းအားထက်မြက် ကြီးမားနက်ရှိုင်း အကျိုးထူးသည်ကို မြတ်စွာဘုရားက-

- ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သည့် ဘုရားလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက်၊

- သောတာပန်တစ်ရာကို လှူရခြင်းထက်၊

- သကဒါဂါမ်တစ်ရာကို လှူရခြင်းထက်၊

- အနာဂါမ်တစ်ရာကို လှူရခြင်းထက်၊

- ရဟန္တာတစ်ရာကို လှူရခြင်းထက်၊

- ပစ္စေကဗုဒ္ဓါအဆူတစ်ရာကို လှူရခြင်းထက်၊

- သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက်၊

-  ဘုရားအမှူးရှိသည့် သံဃာတော်များကို လှူရခြင်းထက်၊

- စတုဒိသာသံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်လှူရခြင်းထက်၊

- သရဏဂုံဆောက်တည်ခြင်းနှင့် ငါးပါးသီလစောင့်ထိန်းခြင်းထက်၊

“နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက် မေတ္တာပွားများခြင်း”က သာလွန်ပြီး အကျိုးကြီးမားပါကြောင်း အဆင့်များခွဲကာ ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာသည်သာ အောင်နိုင်ရာ၊ မေတ္တာသည်သာငြိမ်းချမ်းရာ၊ မေတ္တာသည်သာချမ်းသာရာဖြစ်နေ၍ မေတ္တာပွားများ အားထုတ်ကြမည်ဆိုလျှင် မေတ္တာအကျိုးတစ်ဆယ့်တစ်မျိုးကို သေချာပေါက်ရရှိမည်အမှန်ပင် ဖြစ်ပါသည်။

မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးမှာ-

- ချမ်းသာစွာအိပ်ရခြင်း။

- ချမ်းသာစွာနိုးရခြင်း။

- အိပ်မက်ဆိုးကိုမမြင်မက်ခြင်း။

- လူတို့ချစ်မြတ်နိုးခြင်းကိုခံရခြင်း။

- သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရခြင်း။

- နတ်တို့စောင့်ရှောက်ခြင်း။

- မီး၊ အဆိပ်၊ လက်နက်တို့ မစွဲကပ်မဖျက်ဆီး နိုင်ခြင်း။

- လျင်မြန်စွာ စိတ်တည်ကြည်ခြင်း။

- မျက်နှာအဆင်း အထူးကြည်လင်ခြင်း။

- မတွေမဝေသေရခြင်း။

- ဗြဟ္မာပြည်သို့လားရခြင်းတို့ ဖြစ်ပါသည်။

စာရေးတံမဲပွဲသည် ဝါခေါင်လ၏ရာသီပွဲတော်ဖြစ်သည်။ စာရေးတံအလှူသည် မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသည့် ဆွမ်းအလှူဖြစ်ပါသည်။

စာရေးတံဆိုသည်မှာ-

သစ်သားအချောင်းတံဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက် စသည်တို့ဖြင့် လုပ်ထားသည့်အတံတွင်ဖြစ်စေ ဒါယကာ ဒါယိကာမများ၏ အမည်ကို ရေးထိုးမှတ်သားထားခြင်းဖြစ်သည်။

စာရေးတံဆွမ်းအလှူ ဆောင်ရွက်မှုမှာ ဒါယကာဒါယိကာမများ၏ အမည်ကို ရေးထိုးထားသည့်စာရေးတံကို အသုံးပြုပါသည်။ ရေးထိုးပြီးစာရေးတံအားလုံးကို ထည့်စရာတစ်ခုထဲတွင် ပေါင်းထည့်ကာ မွှေကြရပါသည်။ ပြီးမှ အလှည့်ကျရဟန်းက စတင်မဲနှိုက်ယူရပါသည်။ တချို့က မထေရ်ကြီးကစပြီး မဲနှိုက်ယူပါသည်။ ဆွမ်းဒါယကာ ဒါယိကာမမည်သူမည်ဝါ၏ စာရေးတံကိုနှိုက်ယူပြီးသည့် ရဟန်းသည် ဆွမ်းအလှူရှင်၏ ပင့်လျှောက်မှုဖြင့် အလှူရှင်အိမ်ကို ကြွရပါသည်။ နောက်ပိုင်းအချိန်များတွင် စာရေးတံတွင် ဒါယကာ ဒါယိကာမများ၏အမည်ကို မရေးတော့ဘဲ။ ရဟန်းသံဃာတော်များ၏ ဘွဲ့တော်ကိုသာ ရေးထားကာ ဆွမ်းအလှူရှင်များက မဲနှိုက်ယူရသည့်စနစ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ သံဃာတော်ဆယ်ပါး ပင့်ဆောင် ဆွမ်းကပ်လိုသူက စာရေးတံဆယ်ချောင်း၊ သုံးပါးပင့်ဆောင်ဆွမ်းကပ်လိုက စာရေးတံသုံးချောင်း နှိုက်ယူရသည်။ စာရေးတံပေါ်တွင် ရေးထားသည့်ဘွဲ့အမည်ပါ ရဟန်းသံဃာတော်ကို အိမ်သို့ ပင့်ဆောင်ဆွမ်းကပ်ကြပါသည်။ ဆွမ်းအလှူရှင် ဒါယကာဒါယိကာမများ ကိုယ်တိုင်မဲနှိုက်ယူရ၍ ပိုပြီးသဒ္ဓါရွှင်လန်းဝမ်းမြောက်ကြပါသည်။ နံနက်ဆွမ်း၊ နေ့ဆွမ်းဆိုပြီး ကပ်ကြသလို ကျောင်းသို့ ဆွမ်းအုပ်ပို့ကာ မဲကျသည့် ရဟန်းသံဃာကိုလည်း ဆွမ်းကပ်ကြကာ တရားနာရေစက်ချကြပါသည်။ ပုဂ္ဂိုလ်စွဲမရှိ၊ မဲကျရာရဟန်းသံဃာကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်၍ စာရေးတံအလှူပွဲသည် စေတနာ သုံးတန်ပြည့်ဝသည့် အလှူပွဲတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် မေတ္တာတရားများဖြင့် ပြီးပြည့်စုံထုံမွမ်းနေသည့် မေတ္တာအခါတော်နေ့ (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာဖြင့် အောင်နိုင်မှုကိုရယူနိုင်ရန် မေတ္တာဘာဝနာပွားများရင်း စေတနာသုံးတန်ပြည့်ဝသည့် စာရေးတံအလှူပွဲများ ပြုလုပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှု ရယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။

MOI

ဝင်းထွဋ်ဦး

နယုန်လ
-
မြန်မာ့ဆယ့်နှစ်လရာသီလများတွင် နယုန်လသည် တတိယမြောက်လဖြစ်ပေသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် နံယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်တင်၍ရေးကြ၏။ အချို့ကျောက်စာများတွင်မူ နယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်မတင်ဘဲရေးသည်လည်း ရှိပေသည်။ပုဂံဒေသရှိ တက်နွယ်ကျောင်း ကျောက်စာ (အင်းဝခေတ်-၈၀၄ ခု)၊ ပြာသာဒ်ဥမင် ကျောက်စာ (၈၀၄-ခု)၊ မြစည်းခုံဘုရားကျောက်စာ (၈၇၀-ပြည့်) တို့တွင် နံမျုန်ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ တန်ခူးကဆုန်၊ လနမျုန်၊ ဖုန်ဖုန်လွင့်မြူလိမ်း (မှန်စီသတ်ပုံ)၊ ကဆုန်နမျုန်၊ ကြိုးသုန်သုန်၊ နယုန်န သတ်မြန်း (သီရိမင်္ဂလာသတ်ပုံ) ရေးသားကြသည်ကိုလည်း တွေ့ရလေသည်။ ထိုသတ်ပုံများအရ နမျုန် ဟု အရေးအသားတွင်ခဲ့သည်ကိုလည်း တွေ့ရပေသည်။ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဆရာလှေသင်းအတွင်းဝန် ဦးချိန်က နယုန်လအဖွင့်ကို -“နယုန်၏ရင်းမြစ်မှာ “နရယုဂ” ဟူသော ပါဠိပုဒ်ဖြစ်သည်။ နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ်လာသည်ဟု ယူရန်ရှိသည်။ မေထုန်ရာသီ၏အမည်များကို ရာဇမတ္တဏ်ကျမ်း ရာသီအဘိဓာန်အပိုင်း၌− “ဇိတုမ၊ မိထုန၊ နရယုဂ”ဟု သုံးမျိုးပြဆိုထားသည်။ ထိုသုံးမျိုးတွင် “နရယုဂ” ကား မေထုန်ရာသီ၏ နာမည်တစ်မျိုးဖြစ်၏။ အဓိပ္ပာယ်မှာ မိန်းမ ယောက်ျားအစုံ (နရ=လူ+ယုဂ=အစုံ) ဟု ဆိုလိုပေသည်။”ဝန်မင်း၏ဆိုလိုချက်မှာ မေထုန်ရာသီဟော နရယုဂသဒ္ဒါမှ ပါဠိပျက်အနေနဲ့ နရယုဂ် ဖြစ်လာ၍ နရယုဂ် မှ နယုန် ဖြစ်လာသည်ဟု ဆိုလိုပေသည်။ နံတွင် နိဂ္ဂဟိတ်ကို မသတ်ပြု၍ နမျုန်ဟု ယှဉ်ပူးပြောဆိုရေးသားကြသည်။ ရေးနည်း ခေါ်နည်း မူမမှန်၍ ဖောက်ပြန်သောကြောင့် လိုက်နာသူနည်းသဖြင့် နောင်ကွယ်ပျောက်သွားလေသည်။ သို့ဖြစ်၍ ရေရှည် တွင်မူ “နယုန်” ဟူသော အရေးသည်သာတည်တံ့ခဲ့ပေသည်။ဤ၌ “နံယုန်” တွင် “နံ” ဝေါဟာရသည် အချိန်အခါဟောဖြစ်ပေသည်။ ဘယ်နံရောအခါ၊ ဘယ်နံသော အခါ၊ ဘယ်နံခါ ဟု ပြောဆိုရေးသားကြသည်။ ဤသို့သိနိုင်ကြောင်းကို-“… သည်းအူဆွတ်ပျံ့၊ ရှိရစ်တံ့လည်း၊ ဘယ်နံ့မတွေ့၊ ဘယ်နေ့မမြင် (ရှင်အဂ္ဂသမာဓိ နေမိမဂ္ဃစိုးပျို့)”“… ဤလူပေါင်း၏၊ အကြောင်းမှားကျင့်၊ ဆိုလှစ်ဖွင့်ပိတ်၊ ယခင်ရှေးလွန်၊ တမနွန်က၊ ဖြစ်ဟန်ခြင်းရာ၊ လူ၏ရွာတွင် (ရှင်အဂ္ဂသမာဓိ-နေမိငရဲခန်းပျို့)”“… ဤလူတွင်သောချံသာ၊ တမုနွန်ချံသာကိုဝ်လိုဝ်သောသူကာ။”“… အမုနွန် စကားကိုဝ် ဖတ်စိတ်၏။…”“… ဤကား မင်တကာ အမုနွန်ဟုတ္တာ” (ပုဂံမြို့- သက္ကရာဇ် ၆၁၁ ထိုး ကျစွာမင်း အမိန့်တော်ပြန် တမ်းကျောက်စာ) ပါစာပေများအရ သိရပေသည်။ထိုအချိန်အခါအဓိပ္ပာယ်ဆောင်သော နံ ဝေါဟာရကို တိဗက်၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို စသည့် တိုင်း နိုင်ငံဒေသရှိ လူမျိုးစုတို့၏ ဝေါဟာရဖြစ်သော… နာမ်(တိဗက်)၊ နင်-နိအေန်(တရုတ်)၊ နာမ်(ဂျိန်းဖော)၊ န-နန်-နိုင်(ကချင်)၊ နီ(ရှမ်း)၊ နီး(ကရင်)၊ ဆနမ်(ပလောင်)၊ နိ(လီဆူး) ဘာသာစကားများတွင်လည်း အချိန်အခါ ရာသီနှစ်ကာလများကို ဤနည်းနှင်နှင် နာမ်၊ နံ၊ န ဟု ပြောဆိုသည်ကိုတွေ့ရလေသည်။ နယုန်တွင် သုံးသော န ဖြစ်လေသည်။ယုန် ဝေါဟာရသည်လည်း ယိုစီး၊ သက်၊ ဆင်း၊ ကျ၊ ကြွေ၊ ပြို၊ လဲ၊ ရွာ၊ သွန်း၊ လောင်း၊ ဖျန်း၊ ပက် ဆိုသည့် အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း- ရုဒ်(တိဗက်)၊ ယှက်-ယှာက်(ထိုင်း)၊ ယုန်-ယု(တရုတ်)၊ ဗော-ရုန်(မွန်ဂို)၊ ယုန် ယု ရု ရုန် ရုမ် ရင် ရော(ကချင်)၊ ရွာ-ရွှာ-ရုင်-(ပေါင်းရှေ့ချင်း)၊ ရို-ရူ(နာဂ)၊ ဟာဟိုစ်(ရှမ်း)၊ သရိုဟ်(မွန်)၊ ရူ-ရ (ကရင်) စသည့် တိုင်းပြည် နိုင်ငံလူမျိုးစုတို့၏ ဘာသာစကားဆင့်ပွားပြောင်းလဲမှုကို သုတေသနပြု၍ ဖော်ပြပါလူမျိုးစုတို့၏ ယု-ရု ဟူသော ဝေါဟာရများမှ ယိုစီးခြင်း၊ ရွာသွန်းခြင်း၊ ကြွေကျခြင်း အဓိပ္ပာယ်ဆောင်သော ယုန် ဖြစ်လာသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဆိုမိန့်ထား လေသည်။ ထို့ကြောင့် နယုန်လကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာသောလဟု အဓိပ္ပာယ်ဖွင့် ဆိုထားလေ သည်။စာပြန်ပွဲ“နွေအကုန် မိုးအကူး ဝသန်ကာလ မိုးသားကျူးစ အခါသမယတွင် “ရွှေစာတော် ပြန်မေးလို့ မြတ်လေး တဲ့ စံပယ်ငုံ၊ မေထုန်ဆိုရာသီကူး၊ ဖူးပွင့် ဝတ်မှုန်…” ဆိုသည့်အတိုင်း မေထုန်ရာသီတွင် ကျရောက်သော နယုန်လနှင့် စာတော်ပြန်ပွဲသည် တွဲလျက်ရှိပေသည်။စာမေးသဘင်သည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ ပုဂံခေတ်ကပင် ရှိခဲ့ရာ၏။ သို့သော် စာပေအထောက်အထားအရ စာပြန်ပွဲ စာမေးပွဲ ဟူသော ဝေါဟာရကို မတွေ့ရပေ။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဦးကျည်ပွေ့ကို စာမေးသည့်ကန်ဟူသော ပြောစမှတ်ပြုခဲ့သည့်နေရာကား ယခုတိုင်တွေ့ နေရပါ၏။ သို့သော် ပုဂံသုတေသီများ၊ ရှေးဟောင်းသုတေသနပညာရှင်များ အတည်မပြုသောနေရာ ဖြစ်ပေသည်။ပုဂံခေတ်ထိုးကျောက်စာများတွင် ပိဋကသုံးပုံအလှူ၊ ကျောင်းအလှူ၊ မြေအလှူ၊ ကျွန်အလှူ စသည်များကို များစွာပင်တွေ့ရသော်လည်း စာမေးသဘင်ကိုမူ မတွေ့ရပေ။ စာသင်သည်ဆိုသည်နှင့် အမေးအဖြေသည် ရှိမြဲပင်ဖြစ်၏။ ဤသည်ကို သုတေသီများက သမိုင်းမှတ်တမ်းအရရှာဖွေရာ ပုဂံခေတ် ပထမ အင်းဝခေတ်ထိ အထောက်အထားမတွေ့ရပေ။ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှသာ စတင်ခဲ့သည်ဟုဆိုလေသည်။ စနေမင်း၊ တနင်္ဂနွေမင်း၊ ဟံသာဝတီရောက်မင်း မင်းသုံးဆက် အမှုတော်ထမ်းခဲ့သော သီရိဥဇနာ ခေါ် အင်ရုံဝန်ကြီးရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် (ကျော်အောင်စံနန်း) နန်းတော်ကိုသိမ်း၍ အင်းဝမြို့တော်မှာ ကျောင်းဆောက်ပြီးလျှင် ပခန်းကြီးမြို့ ကျေးပိုက်သင် (ပထမကျော်) ရှင်ညာဏဝရကို တင်လှူ၍ ကျော်အောင်စံထား ဟုတွင်၏။… ဟုလည်းကောင်း။ ဘိုးတော်ဘုရားမေးသဖြင့် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြားတော်မူသော “အမေးတော် ဖြေကျမ်း” လာ ပထမရှင်လောင်း၊ ပဉ္စင်းလောင်းများကို ရှေးမင်းများလက်ထက် စာပြန်သည့် နည်းပြန်စေသော် သင်၊ မသင့် ဟု မေးလျှောက်ချက်သည်လည်းကောင်း၊ ရှေးယခင်မင်းစဉ် မင်းဆက် စာပြန်ပွဲဆိုင်ရာမှတ်တမ်းများ မရှိခဲ့သော်လည်း (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းပါ ပထမပြန် စာပြန်ပွဲ ဥပဒေထုတ်ပြန်ချက်များကဲ့သို့…) စာတော်ပြန်ပွဲများ အစဉ်အဆက်ရှိခဲ့သည်ကို သိနိုင်ရာ၏။စာတော်ပြန်ပွဲကို ဘုရင့်သုဓမ္မာဇရပ်ကြီးများတွင် ကျင်းပကြောင်းကို “ရွှေသားခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်လောင် ဝင်းဝါ၊ သုဓမ္မာဝယ်…” ဟုစာဆိုဦးယာ ဖွဲ့ဆိုသော လူတားစာ အရသိရပေသည်။ကုန်းဘောင်ခေတ်နောက်ပိုင်း ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီးလက်ထက်နှင့် သားတော် သီပေါမင်းလက်ထက် စာတော်ပြန်ပွဲများမှာမူ အလွန်စည်ကားသိုက်မြိုက်ပြီး မင်းခမ်းမင်းနားဝင်လာသည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရရော၊ ကုန်းဘောင်ဆက် ရာဇဝင်များ အရပါသိရ ပေသည်။ရှေးယခင်က စာပြန်ပွဲအနေနဲ့သာရှိခဲ့ပြီး နောင်တွင် သဘောရေးဖြေပါ ပါဝင်လာပေသည်။ ပထမကျော် ဖြေဆိုရာ အမှတ်ပေးအရ အာဂုံပြန်လည်းတူ၊ အဖြေတွင်လည်းတူနေ၍ လက်ရေးလက်သားနှင့် မျဉ်းသားသည်ကို အမှတ်ဖြတ်၍ ပထမကျော်ပေးခဲ့သည့် သာဓကမျိုးလည်း ရှိခဲ့ပေသည်။ဤ၌ စာပြန်ပွဲ၊ပထမပြန်ပွဲ၊ ပါဠိပထမပြန်စာမေးပွဲဆိုသည်ကို ခွဲခြားသိဖို့ရာ လိုပေသည်။ ရှေးအစဉ်အလာအရ နယုန်လ စာပြန်ပွဲဆိုသည်ကို စာအလင်္ကာများအရ သိရပါ၏။အင်ရုံစာတမ်းအရ ပထမပဉ္စင်းလောင်း၊ ဒုတိယပဉ္စင်းလောင်း စသည်ဖြင့် အဆင့်လေးဆင့်၊ အတန်း လေးတန်းရှိလေသည်။ သမဏသာရုပ်ကျ (ဝိနည်းတော်နှင့်အညီ ပြောဆိုမှု)၍ စာပေအနေနှင့်လည်း မေးတိုင်းဖြေဆိုနိုင်သော သာမဏေကို ပထမပဉ္စင်းလောင်းတော်၊ ထို့နောက် ဉာဏ်ပညာအရည် အသွေးကို ထောက်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ လေးခုခွဲ၍ ရဟန်းဘောင်သို့ တက်ရောက်ကြရလေသည်။ ထိုကိုအကြောင်းပြု၍ ပထမစာတော်ပြန်ဟု ခေါ်ကြောင်း မှတ်သားရပေသည်။ဤသဘောမျိုးကိုပင် ပင်းယရွှေစည်းခုံဆရာတော် သဒ္ဓမ္မာလင်္ကာရ စီရင်တော်မူသော သက္ကဒါန် သိကြားစာတမ်း၊ နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းတို့တွင်လည်း မှတ်တမ်းပြုထားပေသည်။ ဟံသာဝတီရောက် မင်းကြီးလက်ထက်(၁၀၈၆)ပထမကျော်ရတော်မူသော ပထမကျော်အောင်စံထား ဆရာတော်ပြုစုတော်မူသည့် အဋ္ဌသာလိနီ ဂဏီဌကျမ်း နိဂုံးပိုဒ်တွင်- “အညေသံ=တစ်ပါးသောသူတို့၏၊ ပထမတာဝ=ရှေးဦးစွာ၊ ဥပ္ပန္နဥပသမ္ပဒါ=ရအပ်သော ပဉ္စင်းအဖြစ် ရှိလေသတည်း။ဣတိတသ္မာ=ထို့ကြောင့်၊ ပထမေ=ပထမမည်၏။”ဟု မိန့်ဆိုထားလေသည်။ သမိုင်းစဉ်အရမူ ဘိုးတော်ဘုရားလက်ထက်မှ ပုဂံမင်းလက်ထက်တိုင် ပြဋ္ဌာန်းကျမ်းများနှင့် ဖြေဆိုနည်းများသည် များစွာကွဲလွဲမှုမရှိဟု ဆိုရာ၏။ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၅ ခုနှစ် နောက်ပိုင်းတွင် ပထမ စာတော်ပြန်ဥပဒေသများကို ပြင်ဆင်ဖွဲ့စည်းပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖွဲ့စည်းခဲ့လေသည်။နောင်သော် ပထမကျော်ဘွဲ့ကိုမူ ပထမကြီးတန်းတွင် အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသော ပုဂ္ဂိုလ်ကို ပေးအပ်လေသည်။ မဟာရာဇဝင်ကြီး တတိယတွဲတွင် ထိုအကြောင်းအရာများကို သိနိုင်ပါ၏။ ဖော်ပြပါအကြောင်းအရာသည် စာပြန်ပွဲမတိုင်မီ (တကယ့်ပွဲကြီးမတိုင်မီ) ပြဋ္ဌာန်းချက်ကျမ်းစာများကို ပထမပြန်ဆိုရပြီးနောက်ပိုင်း ပထမ၊ ဒုတိယခွဲခြားကာ ဝင်ရောက်ရ၍ ပထမပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ ဒုတိယပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ဒုတိယအယူမှာမူ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(တတွဲ) မြန်မာ့မင်းအုပ်ချုပ်ပုံစာတမ်းများအရ စာပြန်ပွဲဝင်မည့် ရဟန်းလောင်း၊ ရှင်လောင်းများသည် သတ်မှတ်အရည်အချင်းပြည့်စုံပြီဆိုပါက ဘုရင့်ရှေ့တော်မှောက်သို့ မင်းညီမင်းသားဝတ်စုံများဖြင့် ဝင်ရောက်ခစားကြရ၏။ (အားလုံး ရှင်လိင်ပြန် ရသည်)ဘုရင့်ရှေ့တော်မှောက်ခစားရသောအခါ တော်၊ ဒူး၊ စနည်း၊ ဘဝေါ၊ လင်္ကျာမင်းခန်းတော် လက်ဝဲမင်းခန်းတော် စသည့် (Protocol) ဖြင့်သာ ခစားကြရ၏။ “တော်” ဆိုသည်မှာ မြန်မာ့နန်း တွင်းရေး သမိုင်းရာဇဝင်တွင် ထင်ရှားခဲ့ကြသော တွင်သင်းမင်းကြီး ဦးထွန်းညို၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန် ဦးဖိုးလှိုင် စသည့်ပုဂ္ဂိုလ်များကဲ့သို့ သင့်လျော်သည့် နေရာများတွင် အခြေအနေအရ နေထိုင်ခစားကြသည်မျိုးကိုဆိုပေသည်။“ဒူး”ဆိုသည်မှာ သတ်မှတ်နေရာတွင် ဒူးတုတ် ခစားရကြောင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့ပင် မင်းညီမင်းသားများ ခစားကြရသော ပထမနေရာတော် ဆိုသည်လည်း ရှိပေသည်။ ထိုနေရာတွင် ရှင်လိင်ပြန်ပြီး လူပုဂ္ဂိုလ်တို့သည် မင်းညီမင်းသားဝတ်စုံဖြင့် ဘုရင်အားခစားကြရ၏။ ဘုရင်က အားပေးချီးမြှောက်၏။ ထိုကဲ့သို့ ခစားသောအခါ မင်းညီမင်းသားဝတ်ရုံ၊ ဗောင်း၊ နားတောင်း၊ ခေါင်းပေါင်းဖြူ ဖော့လုံး၊ မင်းခမ်းတော်ဆိုင်ရာ အသုံးအဆောင်များပါ ပါဝင်ရ၏။ မှတ်တမ်းပြုထားချက်များ ရှိပေသည်။ထို့ကြောင့် ပထမနေရာတော်ကို အကြောင်းပြု၍ “ပထမ” ပြန်စာမေးပွဲဟု ခေါ်ကြောင်းလည်း ပြောစမှတ်ပြုကြပါ၏။ ထိုစာပြန်ပွဲတော်သည် သီပေါမင်းပါတော်မူပြီး (၂၉-၁၁-၁၈၈၅) ကိုးနှစ်ကျော် ၁၀ နှစ်မျှ စာမေးသဘင်မရှိဘဲ ဖြစ်နေလေတော့သည်။ထိုအခါ အမျိုးသားရေးဦးဆောင်သူများက(Conservative)စာပြန်ပွဲ စာမေးပွဲသဘင်ကို တမ်းတလွမ်းမိကြောင်းကို ရေးဖွဲ့သီဆိုလာကြ၏။ ထိုအထဲတွင် ၁၂ လရာသီ စည်တော်သံ တွဲ၍ -လမေထုန်နယုန်ကျလို့၊ သာသနာ့ဒါယကာလွမ်းမိဖြာဖြာ၊ ခုနှယ်ခါသုဓမ္မာရွှေစာပွဲနှင့် လွဲပြီဗျလေး …ချိန်ရာသီကရကဋ်မို့ နှစ်ပါးနတ်တစ်ကျွန်းပါ လွမ်းမိခါခါ၊ ရိုက်ချုံးငယ်ညာ၊ ပဉ္စင်းတော် ချိန်ခါနှင့်၊ နန်းနှစ်ဖြာနယ်မြေဝေးလို့၊ လွဲရှာပေါ့လေး…စသဖြင့်နှိုးဆော်လာကြရာ ဗြိတိသျှအစိုးရက စာမေးပွဲကျင်းပရန် စိုင်းပြင်းလာရလေသည်။ ထိုစဉ်က မြန်မာနိုင်ငံပညာရေးကို ဗြိတိသျှအစိုးရမှ ဦးဆောင်သူမှာ လော့ဒ်မက်ကောလေးဆိုသူဖြစ်၏။ သူ၏မူဝါဒအရ အုပ်ချုပ်ရေးနှင့် ကြေးတိုင်နှင့် မြေစာရင်းကို အထူးဦးစားပေးလေ၏။ ထို့နောက် ၁၈၈၉ ခုနှစ်နောက်ပိုင်းတွင် မစ္စတာ ဂျန်ဗင်ဆိုဖရန်ပုပ်(MA)က ဦးဆောင်၏။ ထိုပုဂ္ဂိုလ်သည် တောင်ခွင်ရှင်သာသနာပိုင်၊ ပခန်းဆရာတော်၊ လှထွေးဆရာတော်၊ ကင်းဝန်မင်းကြီးစသည့် ဘုရင်ခေတ်မီလိုက်သော ပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ စာပြန်ပွဲစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲခဲ့လေသည်။ မစ္စတာပုပ်မှာ မြန်မာနိုင်ငံ ပညာရေးတာဝန်မယူမီ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်တွင် တိမ်ကောပပျောက်နေသော သက္ကတဘာသာကို ပြန်လည်ထွန်းကားအောင်မြင် အောင် နည်းစနစ်သစ်များဖြင့် ပြောင်းလဲတီထွင်ရာ၌ အောင်မြင်မှုရခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။သက္ကရာဇ် ၁၂၅၆ ခုနစ် (၁၈၉၃-ဒီဇင်ဘာလ)တွင် မြန်မာဘုရင်များလက်ထက်တော်ကကဲ့သို့ ပထမပြန်စာမေးပွဲများ ကျင်းပရန် အမိန့်ရလေသည်။ ထိုအမိန့်အရ ၁၂၅၇ နယုန်လဆန်း ၈ ရက် (၁-၆-၁၉၈၅) တွင် ပထမပြန်စာမေးပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့လေသည်။ ရပ်တန့်နေသော စာမေးသဘင်ကို ပုံသဏ္ဌာန်သစ်ဖြင့် ရဟန်းသာမဏေများသာမက လူဝတ်ကြောင်များကိုပါ ဖြေဆိုခဲ့စေသည်။ အာဂုန်ပြန်မပါဘဲ ပါဠိဘာသာထွန်းကားရေးကို ဦးတည်မှုကြောင့် “ပါဠိပထမပြန်”စာမေးပွဲဟု အမည်တွင်ခြင်းလည်း ရှိပေသည်။ ရှေးအစဉ်အလာအရ ရဟန်းသာမဏေများသာ ဖြေဆိုခဲ့ကြသော်လည်း မစ္စတာတော် စိန်ခို၏ အကြံပေးချက်အရ ၁၂၆၃ (၁၉၀၁) ခုနှစ်မှစ၍ သီလရှင်များကို ပါဝင်ခွင့်ပြုခဲ့လေသည်။ထိုသို့ ကျင်းပသည့်အချိန်အခါတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ လူပုဂ္ဂိုလ်နှင့် ရဟန်းတော် အချို့က ဗြိတိသျှအစိုးရက ပါဠိပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပနေစဉ် ဤစာမေးပွဲကို မဖြေဆိုကြဘဲ အမျိုးသားစာမေးပွဲများကို စီစဉ်၍ မြန်မာပြည်အနှံ့ကျင်းပ ဖြေဆိုလာကြပေသည်။ထိုစာမေးပွဲများအနက် နောင်သော် နှစ်ရာကျော် ရာပြည့်တည်ရှိလာသော စာမေးပွဲကြီးများ ဖြစ်ပေါ်လာပေသည်။ မန္တလေးပရိယတ္တိသာသနဟိတအသင်း (ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတည်ရှိ)၊ ရန်ကုန်တွင် စေတီသင်္ဂဏအသင်း (ရွှေတိဂုံစေတီတော် အပေါ်တွင် တည်ရှိ) မန္တလေးစာမေးပွဲကို ထိုစဉ်က သကျသီဟဘုရားကြီး ပရိဝုဏ်အတွင်းကျင်းပခဲ့၍ သကျသီဟစာမေးပွဲဟု ပရိယတ္တိစာပေလောကတွင် ထင်ရှားပေသည်။ ထိုစာမေးပွဲများ အောင်သောအခါအဘိဝံသဆိုသည့် ဘွဲ့ကိုရရှိပေသည်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီး၊ ဗန်းမော်ဆရာတော်ကြီး၊ ယောဆရာ တော်ကြီး၊ ပါချုပ်ဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်၊ လှရတနာဆရာတော် ယခုနိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် စသည့်ထေရ်ကြီးများမှာ ထိုအမျိုးသား စာမေးပွဲများကို အောင်မြင်တော်မူခဲ့ကြ၍ ဘိဝံသ… “သ.စ.အ” ဟု ချီးမြှင့်တပ်ခွင့် ရရှိကြလေသည်။ (သကျသီဟစာမေးပွဲအောင်လျှင် “သ”၊ စေတီသင်္ဂဏ စာမေးပွဲအောင်လျှင် “စ” အစိုးရ ဓမ္မာစရိယ အောင်လျှင် “ အ” ဟု အတိုကောက် သုံးပါကြောင်း)ဤသို့နှင့် နယုန်လတိုင်း ရှေးအစဉ် စာပြန်ပွဲ၊ စာမေးပွဲများကို ကျင်းပလာခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာဖြေလကို ပြောင်းလဲခဲ့လေသည်။ တနွေစာဝါများလိုက်၊ စာသင်ပြီး နယုန်လစာပြန်ပွဲပြီးသည်နှင့် ဝါဆိုရောက်သွားသောအခါ နားချိန် မရှိခြင်း၊ နွေရာသီစာပေသင်ကြားရမှု ရာသီသဘောကို ငဲ့ခြင်း၊ နိုင်ငံတော် အစိုးရကျောင်းများ ပိတ်ထားချိန်ဖြစ်၍ စာဖြေဌာနလွယ်ကူခြင်း၊ တောင်သူလယ်သမားများ အလုပ်ခွင်နားချိန်ကာလ ဖြစ်ခြင်း၊ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ရွက်ရေးကိုအဆင်ပြေခြင်း စသည် စသည် အကြောင်းကြောင်းတို့ကြောင့် တပေါင်းလတွင် ပြောင်းလဲ၍ကျင်းပရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁-၄-၁၉၅၄ ခုနှစ်တွင် ပါဠိပထမပြန် ဥပဒေပြဋ္ဌာန်းခဲ့လေသည်။နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ ငြိမ်းချမ်းရေးအခါတော်နေ့ဟုသတ်မှတ်ခဲ့ကြပေသည်။ ကပ္ပိလနှင့် ကောလိယနှစ်ပြည်ထောင်တို့ ရောဟဏီမြစ်ခွဲဝေမှုကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွား အံ့ဆဲဆဲတွင် ဗုဒ္ဓဘုရားရှင် လာရောက်ဖြန်ဖြေ တရားဟောတော်မူရာ၌ ပြေငြိမ်းသွားပေသည်။ထိုဟောကြားချက်တွင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဇာတ်တော်များကို အခြေခံ၍ ဟောကြားတော်မူလေသည်။(၁) အရာရာမဟုတ်သည်၌ အငြင်းအခုံမပြုသင့်ကြောင်းကို ဖန္ဒနဇာတ်တော်ဖြင့် ဟောဖော် ရှင်းပြတော်မူပါသည်။(၂) တစ်ဆင့်စကားဖြင့် အငြင်းအခုံမပြုသင့်ကြောင်းကို “ပထဝီဥန္ဒိယ” ဇာတ်လမ်းဖြင့် ခပ်ဆန်းဆန်း ရှင်းပြတော်မူသည်။(၃) အားရှိသူတိုင်း အားနည်းသူအား အောင်နိုင်သည် မဟုတ်ကြောင်းကို “လဠုကိက” ဇာတ်ကွက်ဖြင့် မှတ်ချက်ပြတော်မူပါသည်။(၄) စည်းလုံးမှုမရှိက ပျက်စီးတတ်ကြောင်းကို “ဝဋ္ဋက”ဇာတ်ကြောင်းဖြင့် ထပ်လောင်းရှင်းပြတော်မူပါ သည်။(၅) စည်းလုံးမှုရှိမှသာ ကြီးပွားနိုင်ကြောင်းကို“ရုက္ခဓမ္မဇာတ်သဘောဖြင့် ထပ်ဟောတော်မူပြန်ပါသည်။(၆) နောက်ဆုံးတွင် မိမိကိုယ်ကို မိမိက ဒုက္ခမပေးသင့်ကြောင်းကို”အတ္တဒဏ္ဍ”သုတ်ဖြင့် ဖုံးအုပ် ငြိမ်းအေးစေတော်မူပါသည်။ထိုဇာတ်တော်ပါအကြောင်းအရာထဲမှ အချက်အလက်များကို လူသားများ လိုက်နာကျင့်သုံးကြပါက ယနေ့ခေတ် ကမ္ဘာကြီး ပြန်ပေးဆွဲခံထားရသလို အဖြစ်မျိုးမှ တစ်နည်းမဟုတ်တစ်နည်း လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာ၏။ လူမှုအဖွဲ့အစည်း သေးသေးလေးမှသည် အာဆီယံ၊ နေတိုး၊ ဆီတိုး၊ ကုလသမဂ္ဂအထိပင် ကျင့်သုံး၍ရ၏။မဟာသမယသုတ်ရွတ်လျှင် နတ်များချစ်ခင်၏ဟုဆို၏။ ထိုသည်ကို တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီးက မဟာသမယသုတ်တွင်ပါသော နတ်ဒေဝတာများ၏ နာမတော်များ (နာမည်များ)ကို ရွတ်ဖတ်ရုံနှင့် ငြိမ်းချမ်းမှုကို မည်သို့မည်ပုံရနိုင်ကြောင်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားထားသော အမေးရှိပေသည်။ဗုဒ္ဓ၏သုတ္တန်ဒေသနာတော်သည် အသုံးချတတ်သူအတွက် ကောင်းခြင်းကို ပေးစွမ်းပါ၏။ဆရာတော်ကြီးမိန့်ဆိုချက်မှာ နှစ်ဖက်သောလူများမှာ(နတ်များမှာ) အချို့ မျက်နှာငယ် မထင်မရှား သူများပါ၏။ ထိုသို့သောသူများကို ဘုရားရှင်က ဇာတိ၊ နာမ၊ ဂုဏ စသည့်အမျိုးနာမနှင့်တကွ တရင်းတနှီး ခေါ်ဝေါ်ပြောဆိုဆက်ဆံသောအခါ ပီတိများဖြစ်၍ ဘုရားစကား (တရားတော်)အတိုင်း လိုက်နာ ကျင့်သုံး၍ ငြိမ်းချမ်းမှုရပုံကို ဟောထားသည့် တရားတော် ရှိပေသည်။ကမ္ဘာကျော် လူမှုဆက်ဆံရေး မိတ္တဗလဋီကာဆိုင်ရာ ဟောပြောပို့ချသူ ဒေးကာနက်ဂျီနှင့် နပိုလျံဟီး ကဲ့သို့သော မိတ္တဗေဒ ပညာရှင်က ၂၀ ရာစုမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ဗုဒ္ဓ၏မိတ္တဗလ မဟာသမ ယသုတ္တန်ကား B.C ၆ ရာစုကပင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ ။ MWD Web Portal

မြန်မာ့ဆယ့်နှစ်လရာသီလများတွင် နယုန်လသည် တတိယမြောက်လဖြစ်ပေသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် နံယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်တင်၍ရေးကြ၏။ အချို့ကျောက်စာများတွင်မူ နယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်မတင်ဘဲရေးသည်လည်း ရှိပေသည်။

ပုဂံဒေသရှိ တက်နွယ်ကျောင်း ကျောက်စာ (အင်းဝခေတ်-၈၀၄ ခု)၊ ပြာသာဒ်ဥမင် ကျောက်စာ (၈၀၄-ခု)၊ မြစည်းခုံဘုရားကျောက်စာ (၈၇၀-ပြည့်) တို့တွင် နံမျုန်ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ တန်ခူးကဆုန်၊ လနမျုန်၊ ဖုန်ဖုန်လွင့်မြူလိမ်း (မှန်စီသတ်ပုံ)၊ ကဆုန်နမျုန်၊ ကြိုးသုန်သုန်၊ နယုန်န သတ်မြန်း (သီရိမင်္ဂလာသတ်ပုံ) ရေးသားကြသည်ကိုလည်း တွေ့ရလေသည်။ ထိုသတ်ပုံများအရ နမျုန် ဟု အရေးအသားတွင်ခဲ့သည်ကိုလည်း တွေ့ရပေသည်။

ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဆရာလှေသင်းအတွင်းဝန် ဦးချိန်က နယုန်လအဖွင့်ကို -

“နယုန်၏ရင်းမြစ်မှာ “နရယုဂ” ဟူသော ပါဠိပုဒ်ဖြစ်သည်။ နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ်လာသည်ဟု ယူရန်ရှိသည်။ မေထုန်ရာသီ၏အမည်များကို ရာဇမတ္တဏ်ကျမ်း ရာသီအဘိဓာန်အပိုင်း၌− “ဇိတုမ၊ မိထုန၊ နရယုဂ”ဟု သုံးမျိုးပြဆိုထားသည်။ ထိုသုံးမျိုးတွင် “နရယုဂ” ကား မေထုန်ရာသီ၏ နာမည်တစ်မျိုးဖြစ်၏။ အဓိပ္ပာယ်မှာ မိန်းမ ယောက်ျားအစုံ (နရ=လူ+ယုဂ=အစုံ) ဟု ဆိုလိုပေသည်။”

ဝန်မင်း၏ဆိုလိုချက်မှာ   မေထုန်ရာသီဟော နရယုဂသဒ္ဒါမှ ပါဠိပျက်အနေနဲ့ နရယုဂ် ဖြစ်လာ၍ နရယုဂ် မှ နယုန် ဖြစ်လာသည်ဟု ဆိုလိုပေသည်။ 

နံတွင် နိဂ္ဂဟိတ်ကို မသတ်ပြု၍ နမျုန်ဟု ယှဉ်ပူးပြောဆိုရေးသားကြသည်။ ရေးနည်း ခေါ်နည်း မူမမှန်၍ ဖောက်ပြန်သောကြောင့် လိုက်နာသူနည်းသဖြင့် နောင်ကွယ်ပျောက်သွားလေသည်။ သို့ဖြစ်၍ ရေရှည် တွင်မူ “နယုန်” ဟူသော အရေးသည်သာတည်တံ့ခဲ့ပေသည်။

ဤ၌ “နံယုန်” တွင် “နံ” ဝေါဟာရသည် အချိန်အခါဟောဖြစ်ပေသည်။ ဘယ်နံရောအခါ၊ ဘယ်နံသော အခါ၊ ဘယ်နံခါ ဟု ပြောဆိုရေးသားကြသည်။ ဤသို့သိနိုင်ကြောင်းကို-

“… သည်းအူဆွတ်ပျံ့၊ ရှိရစ်တံ့လည်း၊ ဘယ်နံ့မတွေ့၊ ဘယ်နေ့မမြင် (ရှင်အဂ္ဂသမာဓိ နေမိမဂ္ဃစိုးပျို့)”

“… ဤလူပေါင်း၏၊ အကြောင်းမှားကျင့်၊ ဆိုလှစ်ဖွင့်ပိတ်၊ ယခင်ရှေးလွန်၊ တမနွန်က၊ ဖြစ်ဟန်ခြင်းရာ၊ လူ၏ရွာတွင် (ရှင်အဂ္ဂသမာဓိ-နေမိငရဲခန်းပျို့)”

“… ဤလူတွင်သောချံသာ၊ တမုနွန်ချံသာကိုဝ်လိုဝ်သောသူကာ။”

“… အမုနွန် စကားကိုဝ် ဖတ်စိတ်၏။…”

“… ဤကား မင်တကာ အမုနွန်ဟုတ္တာ” (ပုဂံမြို့- သက္ကရာဇ် ၆၁၁ ထိုး ကျစွာမင်း အမိန့်တော်ပြန် တမ်းကျောက်စာ) ပါစာပေများအရ သိရပေသည်။

ထိုအချိန်အခါအဓိပ္ပာယ်ဆောင်သော နံ ဝေါဟာရကို တိဗက်၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို စသည့် တိုင်း နိုင်ငံဒေသရှိ လူမျိုးစုတို့၏ ဝေါဟာရဖြစ်သော… နာမ်(တိဗက်)၊ နင်-နိအေန်(တရုတ်)၊ နာမ်(ဂျိန်းဖော)၊ န-နန်-နိုင်(ကချင်)၊ နီ(ရှမ်း)၊ နီး(ကရင်)၊ ဆနမ်(ပလောင်)၊ နိ(လီဆူး) ဘာသာစကားများတွင်လည်း အချိန်အခါ ရာသီနှစ်ကာလများကို ဤနည်းနှင်နှင် နာမ်၊ နံ၊ န ဟု ပြောဆိုသည်ကိုတွေ့ရလေသည်။ နယုန်တွင် သုံးသော န ဖြစ်လေသည်။

ယုန် ဝေါဟာရသည်လည်း ယိုစီး၊ သက်၊ ဆင်း၊ ကျ၊ ကြွေ၊ ပြို၊ လဲ၊ ရွာ၊ သွန်း၊ လောင်း၊ ဖျန်း၊ ပက် ဆိုသည့် အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း- ရုဒ်(တိဗက်)၊ ယှက်-ယှာက်(ထိုင်း)၊ ယုန်-ယု(တရုတ်)၊ ဗော-ရုန်(မွန်ဂို)၊ ယုန် ယု ရု ရုန် ရုမ် ရင် ရော(ကချင်)၊ ရွာ-ရွှာ-ရုင်-(ပေါင်းရှေ့ချင်း)၊ ရို-ရူ(နာဂ)၊ ဟာဟိုစ်(ရှမ်း)၊ သရိုဟ်(မွန်)၊ ရူ-ရ (ကရင်) စသည့် တိုင်းပြည် နိုင်ငံလူမျိုးစုတို့၏ ဘာသာစကားဆင့်ပွားပြောင်းလဲမှုကို သုတေသနပြု၍ ဖော်ပြပါလူမျိုးစုတို့၏ ယု-ရု ဟူသော ဝေါဟာရများမှ ယိုစီးခြင်း၊ ရွာသွန်းခြင်း၊ ကြွေကျခြင်း အဓိပ္ပာယ်ဆောင်သော ယုန် ဖြစ်လာသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဆိုမိန့်ထား လေသည်။ ထို့ကြောင့် နယုန်လကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာသောလဟု အဓိပ္ပာယ်ဖွင့် ဆိုထားလေ သည်။

စာပြန်ပွဲ

“နွေအကုန် မိုးအကူး ဝသန်ကာလ မိုးသားကျူးစ အခါသမယတွင် “ရွှေစာတော် ပြန်မေးလို့ မြတ်လေး တဲ့ စံပယ်ငုံ၊ မေထုန်ဆိုရာသီကူး၊ ဖူးပွင့် ဝတ်မှုန်…” ဆိုသည့်အတိုင်း မေထုန်ရာသီတွင် ကျရောက်သော နယုန်လနှင့် စာတော်ပြန်ပွဲသည် တွဲလျက်ရှိပေသည်။

စာမေးသဘင်သည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ ပုဂံခေတ်ကပင် ရှိခဲ့ရာ၏။ သို့သော် စာပေအထောက်အထားအရ စာပြန်ပွဲ စာမေးပွဲ ဟူသော ဝေါဟာရကို မတွေ့ရပေ။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဦးကျည်ပွေ့ကို စာမေးသည့်ကန်ဟူသော ပြောစမှတ်ပြုခဲ့သည့်နေရာကား ယခုတိုင်တွေ့ နေရပါ၏။ သို့သော် ပုဂံသုတေသီများ၊ ရှေးဟောင်းသုတေသနပညာရှင်များ  အတည်မပြုသောနေရာ ဖြစ်ပေသည်။

ပုဂံခေတ်ထိုးကျောက်စာများတွင် ပိဋကသုံးပုံအလှူ၊ ကျောင်းအလှူ၊ မြေအလှူ၊ ကျွန်အလှူ စသည်များကို များစွာပင်တွေ့ရသော်လည်း စာမေးသဘင်ကိုမူ မတွေ့ရပေ။ စာသင်သည်ဆိုသည်နှင့် အမေးအဖြေသည် ရှိမြဲပင်ဖြစ်၏။ ဤသည်ကို သုတေသီများက သမိုင်းမှတ်တမ်းအရရှာဖွေရာ  ပုဂံခေတ်  ပထမ အင်းဝခေတ်ထိ   အထောက်အထားမတွေ့ရပေ။ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှသာ စတင်ခဲ့သည်ဟုဆိုလေသည်။ စနေမင်း၊ တနင်္ဂနွေမင်း၊ ဟံသာဝတီရောက်မင်း မင်းသုံးဆက် အမှုတော်ထမ်းခဲ့သော သီရိဥဇနာ ခေါ် အင်ရုံဝန်ကြီးရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် (ကျော်အောင်စံနန်း) နန်းတော်ကိုသိမ်း၍ အင်းဝမြို့တော်မှာ ကျောင်းဆောက်ပြီးလျှင် ပခန်းကြီးမြို့ ကျေးပိုက်သင် (ပထမကျော်) ရှင်ညာဏဝရကို တင်လှူ၍ ကျော်အောင်စံထား ဟုတွင်၏။… ဟုလည်းကောင်း။ ဘိုးတော်ဘုရားမေးသဖြင့် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြားတော်မူသော “အမေးတော် ဖြေကျမ်း” လာ ပထမရှင်လောင်း၊ ပဉ္စင်းလောင်းများကို ရှေးမင်းများလက်ထက် စာပြန်သည့် နည်းပြန်စေသော် သင်၊ မသင့် ဟု မေးလျှောက်ချက်သည်လည်းကောင်း၊ ရှေးယခင်မင်းစဉ် မင်းဆက် စာပြန်ပွဲဆိုင်ရာမှတ်တမ်းများ မရှိခဲ့သော်လည်း (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းပါ ပထမပြန် စာပြန်ပွဲ ဥပဒေထုတ်ပြန်ချက်များကဲ့သို့…) စာတော်ပြန်ပွဲများ အစဉ်အဆက်ရှိခဲ့သည်ကို သိနိုင်ရာ၏။စာတော်ပြန်ပွဲကို ဘုရင့်သုဓမ္မာဇရပ်ကြီးများတွင် ကျင်းပကြောင်းကို “ရွှေသားခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်လောင် ဝင်းဝါ၊ သုဓမ္မာဝယ်…” ဟုစာဆိုဦးယာ ဖွဲ့ဆိုသော လူတားစာ အရသိရပေသည်။

ကုန်းဘောင်ခေတ်နောက်ပိုင်း ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီးလက်ထက်နှင့် သားတော် သီပေါမင်းလက်ထက် စာတော်ပြန်ပွဲများမှာမူ အလွန်စည်ကားသိုက်မြိုက်ပြီး မင်းခမ်းမင်းနားဝင်လာသည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရရော၊ ကုန်းဘောင်ဆက် ရာဇဝင်များ အရပါသိရ ပေသည်။

ရှေးယခင်က စာပြန်ပွဲအနေနဲ့သာရှိခဲ့ပြီး နောင်တွင် သဘောရေးဖြေပါ ပါဝင်လာပေသည်။ ပထမကျော် ဖြေဆိုရာ အမှတ်ပေးအရ အာဂုံပြန်လည်းတူ၊  အဖြေတွင်လည်းတူနေ၍ လက်ရေးလက်သားနှင့် မျဉ်းသားသည်ကို  အမှတ်ဖြတ်၍  ပထမကျော်ပေးခဲ့သည့် သာဓကမျိုးလည်း ရှိခဲ့ပေသည်။ဤ၌ စာပြန်ပွဲ၊ပထမပြန်ပွဲ၊ ပါဠိပထမပြန်စာမေးပွဲဆိုသည်ကို ခွဲခြားသိဖို့ရာ လိုပေသည်။ ရှေးအစဉ်အလာအရ နယုန်လ စာပြန်ပွဲဆိုသည်ကို စာအလင်္ကာများအရ သိရပါ၏။

အင်ရုံစာတမ်းအရ  ပထမပဉ္စင်းလောင်း၊ ဒုတိယပဉ္စင်းလောင်း စသည်ဖြင့် အဆင့်လေးဆင့်၊ အတန်း လေးတန်းရှိလေသည်။ သမဏသာရုပ်ကျ (ဝိနည်းတော်နှင့်အညီ ပြောဆိုမှု)၍   စာပေအနေနှင့်လည်း မေးတိုင်းဖြေဆိုနိုင်သော သာမဏေကို ပထမပဉ္စင်းလောင်းတော်၊ ထို့နောက် ဉာဏ်ပညာအရည် အသွေးကို ထောက်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ လေးခုခွဲ၍ ရဟန်းဘောင်သို့ တက်ရောက်ကြရလေသည်။ ထိုကိုအကြောင်းပြု၍ ပထမစာတော်ပြန်ဟု ခေါ်ကြောင်း မှတ်သားရပေသည်။

ဤသဘောမျိုးကိုပင် ပင်းယရွှေစည်းခုံဆရာတော် သဒ္ဓမ္မာလင်္ကာရ စီရင်တော်မူသော သက္ကဒါန် သိကြားစာတမ်း၊ နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းတို့တွင်လည်း မှတ်တမ်းပြုထားပေသည်။ ဟံသာဝတီရောက် မင်းကြီးလက်ထက်(၁၀၈၆)ပထမကျော်ရတော်မူသော   ပထမကျော်အောင်စံထား ဆရာတော်ပြုစုတော်မူသည့်   အဋ္ဌသာလိနီ ဂဏီဌကျမ်း နိဂုံးပိုဒ်တွင်- “အညေသံ=တစ်ပါးသောသူတို့၏၊   ပထမတာဝ=ရှေးဦးစွာ၊  ဥပ္ပန္နဥပသမ္ပဒါ=ရအပ်သော ပဉ္စင်းအဖြစ် ရှိလေသတည်း။

ဣတိတသ္မာ=ထို့ကြောင့်၊ ပထမေ=ပထမမည်၏။”ဟု မိန့်ဆိုထားလေသည်။ သမိုင်းစဉ်အရမူ ဘိုးတော်ဘုရားလက်ထက်မှ ပုဂံမင်းလက်ထက်တိုင် ပြဋ္ဌာန်းကျမ်းများနှင့် ဖြေဆိုနည်းများသည် များစွာကွဲလွဲမှုမရှိဟု ဆိုရာ၏။

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၅ ခုနှစ် နောက်ပိုင်းတွင် ပထမ စာတော်ပြန်ဥပဒေသများကို ပြင်ဆင်ဖွဲ့စည်းပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖွဲ့စည်းခဲ့လေသည်။

နောင်သော် ပထမကျော်ဘွဲ့ကိုမူ ပထမကြီးတန်းတွင် အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသော ပုဂ္ဂိုလ်ကို  ပေးအပ်လေသည်။ မဟာရာဇဝင်ကြီး တတိယတွဲတွင် ထိုအကြောင်းအရာများကို သိနိုင်ပါ၏။ ဖော်ပြပါအကြောင်းအရာသည် စာပြန်ပွဲမတိုင်မီ (တကယ့်ပွဲကြီးမတိုင်မီ) ပြဋ္ဌာန်းချက်ကျမ်းစာများကို ပထမပြန်ဆိုရပြီးနောက်ပိုင်း ပထမ၊ ဒုတိယခွဲခြားကာ ဝင်ရောက်ရ၍ ပထမပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ ဒုတိယပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။

ဒုတိယအယူမှာမူ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(တတွဲ)   မြန်မာ့မင်းအုပ်ချုပ်ပုံစာတမ်းများအရ စာပြန်ပွဲဝင်မည့် ရဟန်းလောင်း၊ ရှင်လောင်းများသည် သတ်မှတ်အရည်အချင်းပြည့်စုံပြီဆိုပါက ဘုရင့်ရှေ့တော်မှောက်သို့ မင်းညီမင်းသားဝတ်စုံများဖြင့် ဝင်ရောက်ခစားကြရ၏။ (အားလုံး ရှင်လိင်ပြန် ရသည်)ဘုရင့်ရှေ့တော်မှောက်ခစားရသောအခါ  တော်၊ ဒူး၊ စနည်း၊ ဘဝေါ၊ လင်္ကျာမင်းခန်းတော် လက်ဝဲမင်းခန်းတော် စသည့် (Protocol) ဖြင့်သာ ခစားကြရ၏။ “တော်” ဆိုသည်မှာ မြန်မာ့နန်း တွင်းရေး သမိုင်းရာဇဝင်တွင် ထင်ရှားခဲ့ကြသော တွင်သင်းမင်းကြီး ဦးထွန်းညို၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန်  ဦးဖိုးလှိုင် စသည့်ပုဂ္ဂိုလ်များကဲ့သို့ သင့်လျော်သည့် နေရာများတွင် အခြေအနေအရ နေထိုင်ခစားကြသည်မျိုးကိုဆိုပေသည်။

“ဒူး”ဆိုသည်မှာ သတ်မှတ်နေရာတွင် ဒူးတုတ် ခစားရကြောင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့ပင် မင်းညီမင်းသားများ   ခစားကြရသော   ပထမနေရာတော် ဆိုသည်လည်း ရှိပေသည်။ ထိုနေရာတွင် ရှင်လိင်ပြန်ပြီး လူပုဂ္ဂိုလ်တို့သည် မင်းညီမင်းသားဝတ်စုံဖြင့်   ဘုရင်အားခစားကြရ၏။  ဘုရင်က အားပေးချီးမြှောက်၏။ ထိုကဲ့သို့ ခစားသောအခါ မင်းညီမင်းသားဝတ်ရုံ၊ ဗောင်း၊ နားတောင်း၊ ခေါင်းပေါင်းဖြူ ဖော့လုံး၊ မင်းခမ်းတော်ဆိုင်ရာ အသုံးအဆောင်များပါ   ပါဝင်ရ၏။   မှတ်တမ်းပြုထားချက်များ ရှိပေသည်။

ထို့ကြောင့် ပထမနေရာတော်ကို အကြောင်းပြု၍ “ပထမ” ပြန်စာမေးပွဲဟု ခေါ်ကြောင်းလည်း ပြောစမှတ်ပြုကြပါ၏။ ထိုစာပြန်ပွဲတော်သည် သီပေါမင်းပါတော်မူပြီး (၂၉-၁၁-၁၈၈၅) ကိုးနှစ်ကျော် ၁၀ နှစ်မျှ စာမေးသဘင်မရှိဘဲ ဖြစ်နေလေတော့သည်။

ထိုအခါ အမျိုးသားရေးဦးဆောင်သူများက(Conservative)စာပြန်ပွဲ စာမေးပွဲသဘင်ကို တမ်းတလွမ်းမိကြောင်းကို ရေးဖွဲ့သီဆိုလာကြ၏။ ထိုအထဲတွင် ၁၂ လရာသီ စည်တော်သံ တွဲ၍ -လမေထုန်နယုန်ကျလို့၊ သာသနာ့ဒါယကာလွမ်းမိဖြာဖြာ၊ ခုနှယ်ခါသုဓမ္မာရွှေစာပွဲနှင့် လွဲပြီဗျလေး …ချိန်ရာသီကရကဋ်မို့   နှစ်ပါးနတ်တစ်ကျွန်းပါ လွမ်းမိခါခါ၊ ရိုက်ချုံးငယ်ညာ၊ ပဉ္စင်းတော် ချိန်ခါနှင့်၊ နန်းနှစ်ဖြာနယ်မြေဝေးလို့၊ လွဲရှာပေါ့လေး…စသဖြင့်နှိုးဆော်လာကြရာ ဗြိတိသျှအစိုးရက စာမေးပွဲကျင်းပရန် စိုင်းပြင်းလာရလေသည်။ ထိုစဉ်က မြန်မာနိုင်ငံပညာရေးကို ဗြိတိသျှအစိုးရမှ ဦးဆောင်သူမှာ လော့ဒ်မက်ကောလေးဆိုသူဖြစ်၏။     သူ၏မူဝါဒအရ အုပ်ချုပ်ရေးနှင့် ကြေးတိုင်နှင့်  မြေစာရင်းကို အထူးဦးစားပေးလေ၏။   ထို့နောက် ၁၈၈၉ ခုနှစ်နောက်ပိုင်းတွင် မစ္စတာ ဂျန်ဗင်ဆိုဖရန်ပုပ်(MA)က   ဦးဆောင်၏။   ထိုပုဂ္ဂိုလ်သည် တောင်ခွင်ရှင်သာသနာပိုင်၊ ပခန်းဆရာတော်၊ လှထွေးဆရာတော်၊ ကင်းဝန်မင်းကြီးစသည့် ဘုရင်ခေတ်မီလိုက်သော ပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ စာပြန်ပွဲစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲခဲ့လေသည်။ မစ္စတာပုပ်မှာ မြန်မာနိုင်ငံ ပညာရေးတာဝန်မယူမီ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်တွင် တိမ်ကောပပျောက်နေသော သက္ကတဘာသာကို ပြန်လည်ထွန်းကားအောင်မြင် အောင် နည်းစနစ်သစ်များဖြင့် ပြောင်းလဲတီထွင်ရာ၌ အောင်မြင်မှုရခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။

သက္ကရာဇ် ၁၂၅၆ ခုနစ် (၁၈၉၃-ဒီဇင်ဘာလ)တွင် မြန်မာဘုရင်များလက်ထက်တော်ကကဲ့သို့ ပထမပြန်စာမေးပွဲများ ကျင်းပရန် အမိန့်ရလေသည်။ ထိုအမိန့်အရ ၁၂၅၇ နယုန်လဆန်း ၈ ရက် (၁-၆-၁၉၈၅) တွင် ပထမပြန်စာမေးပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့လေသည်။ ရပ်တန့်နေသော စာမေးသဘင်ကို ပုံသဏ္ဌာန်သစ်ဖြင့် ရဟန်းသာမဏေများသာမက လူဝတ်ကြောင်များကိုပါ ဖြေဆိုခဲ့စေသည်။ အာဂုန်ပြန်မပါဘဲ  ပါဠိဘာသာထွန်းကားရေးကို ဦးတည်မှုကြောင့် “ပါဠိပထမပြန်”စာမေးပွဲဟု အမည်တွင်ခြင်းလည်း ရှိပေသည်။ ရှေးအစဉ်အလာအရ ရဟန်းသာမဏေများသာ ဖြေဆိုခဲ့ကြသော်လည်း မစ္စတာတော် စိန်ခို၏ အကြံပေးချက်အရ ၁၂၆၃ (၁၉၀၁) ခုနှစ်မှစ၍ သီလရှင်များကို ပါဝင်ခွင့်ပြုခဲ့လေသည်။

ထိုသို့    ကျင်းပသည့်အချိန်အခါတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ လူပုဂ္ဂိုလ်နှင့် ရဟန်းတော် အချို့က ဗြိတိသျှအစိုးရက ပါဠိပထမပြန်စာမေးပွဲကို  နှစ်စဉ်ကျင်းပနေစဉ် ဤစာမေးပွဲကို မဖြေဆိုကြဘဲ အမျိုးသားစာမေးပွဲများကို စီစဉ်၍ မြန်မာပြည်အနှံ့ကျင်းပ ဖြေဆိုလာကြပေသည်။

ထိုစာမေးပွဲများအနက် နောင်သော် နှစ်ရာကျော်  ရာပြည့်တည်ရှိလာသော  စာမေးပွဲကြီးများ ဖြစ်ပေါ်လာပေသည်။ မန္တလေးပရိယတ္တိသာသနဟိတအသင်း (ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတည်ရှိ)၊ ရန်ကုန်တွင် စေတီသင်္ဂဏအသင်း (ရွှေတိဂုံစေတီတော် အပေါ်တွင် တည်ရှိ) မန္တလေးစာမေးပွဲကို  ထိုစဉ်က သကျသီဟဘုရားကြီး ပရိဝုဏ်အတွင်းကျင်းပခဲ့၍ သကျသီဟစာမေးပွဲဟု ပရိယတ္တိစာပေလောကတွင် ထင်ရှားပေသည်။   ထိုစာမေးပွဲများ အောင်သောအခါအဘိဝံသဆိုသည့် ဘွဲ့ကိုရရှိပေသည်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီး၊ ဗန်းမော်ဆရာတော်ကြီး၊    ယောဆရာ တော်ကြီး၊ ပါချုပ်ဆရာတော်ကြီး၊    အင်းစိန်ရွာမဆရာတော်၊ လှရတနာဆရာတော်  ယခုနိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် စသည့်ထေရ်ကြီးများမှာ ထိုအမျိုးသား စာမေးပွဲများကို အောင်မြင်တော်မူခဲ့ကြ၍ ဘိဝံသ… “သ.စ.အ” ဟု ချီးမြှင့်တပ်ခွင့် ရရှိကြလေသည်။ (သကျသီဟစာမေးပွဲအောင်လျှင် “သ”၊ စေတီသင်္ဂဏ စာမေးပွဲအောင်လျှင် “စ” အစိုးရ ဓမ္မာစရိယ အောင်လျှင် “ အ” ဟု အတိုကောက် သုံးပါကြောင်း)ဤသို့နှင့် နယုန်လတိုင်း ရှေးအစဉ် စာပြန်ပွဲ၊ စာမေးပွဲများကို ကျင်းပလာခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာဖြေလကို ပြောင်းလဲခဲ့လေသည်။ တနွေစာဝါများလိုက်၊ စာသင်ပြီး နယုန်လစာပြန်ပွဲပြီးသည်နှင့် ဝါဆိုရောက်သွားသောအခါ နားချိန် မရှိခြင်း၊ နွေရာသီစာပေသင်ကြားရမှု ရာသီသဘောကို ငဲ့ခြင်း၊ နိုင်ငံတော် အစိုးရကျောင်းများ ပိတ်ထားချိန်ဖြစ်၍ စာဖြေဌာနလွယ်ကူခြင်း၊ တောင်သူလယ်သမားများ အလုပ်ခွင်နားချိန်ကာလ ဖြစ်ခြင်း၊ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ရွက်ရေးကိုအဆင်ပြေခြင်း စသည် စသည် အကြောင်းကြောင်းတို့ကြောင့် တပေါင်းလတွင်   ပြောင်းလဲ၍ကျင်းပရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁-၄-၁၉၅၄ ခုနှစ်တွင် ပါဠိပထမပြန် ဥပဒေပြဋ္ဌာန်းခဲ့လေသည်။

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ ငြိမ်းချမ်းရေးအခါတော်နေ့ဟုသတ်မှတ်ခဲ့ကြပေသည်။  ကပ္ပိလနှင့်  ကောလိယနှစ်ပြည်ထောင်တို့    ရောဟဏီမြစ်ခွဲဝေမှုကို အကြောင်းပြု၍    စစ်မက်ဖြစ်ပွား အံ့ဆဲဆဲတွင် ဗုဒ္ဓဘုရားရှင်  လာရောက်ဖြန်ဖြေ တရားဟောတော်မူရာ၌ ပြေငြိမ်းသွားပေသည်။

ထိုဟောကြားချက်တွင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဇာတ်တော်များကို အခြေခံ၍ ဟောကြားတော်မူလေသည်။

(၁) အရာရာမဟုတ်သည်၌ အငြင်းအခုံမပြုသင့်ကြောင်းကို ဖန္ဒနဇာတ်တော်ဖြင့် ဟောဖော် ရှင်းပြတော်မူပါသည်။

(၂) တစ်ဆင့်စကားဖြင့် အငြင်းအခုံမပြုသင့်ကြောင်းကို “ပထဝီဥန္ဒိယ” ဇာတ်လမ်းဖြင့် ခပ်ဆန်းဆန်း ရှင်းပြတော်မူသည်။

(၃) အားရှိသူတိုင်း အားနည်းသူအား အောင်နိုင်သည် မဟုတ်ကြောင်းကို “လဠုကိက” ဇာတ်ကွက်ဖြင့် မှတ်ချက်ပြတော်မူပါသည်။

(၄) စည်းလုံးမှုမရှိက ပျက်စီးတတ်ကြောင်းကို “ဝဋ္ဋက”ဇာတ်ကြောင်းဖြင့် ထပ်လောင်းရှင်းပြတော်မူပါ သည်။

(၅) စည်းလုံးမှုရှိမှသာ ကြီးပွားနိုင်ကြောင်းကို“ရုက္ခဓမ္မဇာတ်သဘောဖြင့် ထပ်ဟောတော်မူပြန်ပါသည်။

(၆) နောက်ဆုံးတွင် မိမိကိုယ်ကို မိမိက ဒုက္ခ

မပေးသင့်ကြောင်းကို”အတ္တဒဏ္ဍ”သုတ်ဖြင့် ဖုံးအုပ် ငြိမ်းအေးစေတော်မူပါသည်။

ထိုဇာတ်တော်ပါအကြောင်းအရာထဲမှ အချက်အလက်များကို လူသားများ လိုက်နာကျင့်သုံးကြပါက ယနေ့ခေတ် ကမ္ဘာကြီး ပြန်ပေးဆွဲခံထားရသလို အဖြစ်မျိုးမှ တစ်နည်းမဟုတ်တစ်နည်း လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာ၏။ လူမှုအဖွဲ့အစည်း    သေးသေးလေးမှသည် အာဆီယံ၊ နေတိုး၊ ဆီတိုး၊ ကုလသမဂ္ဂအထိပင် ကျင့်သုံး၍ရ၏။မဟာသမယသုတ်ရွတ်လျှင် နတ်များချစ်ခင်၏ဟုဆို၏။ ထိုသည်ကို   တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီးက မဟာသမယသုတ်တွင်ပါသော နတ်ဒေဝတာများ၏ နာမတော်များ (နာမည်များ)ကို ရွတ်ဖတ်ရုံနှင့် ငြိမ်းချမ်းမှုကို မည်သို့မည်ပုံရနိုင်ကြောင်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားထားသော အမေးရှိပေသည်။ဗုဒ္ဓ၏သုတ္တန်ဒေသနာတော်သည် အသုံးချတတ်သူအတွက် ကောင်းခြင်းကို ပေးစွမ်းပါ၏။

ဆရာတော်ကြီးမိန့်ဆိုချက်မှာ နှစ်ဖက်သောလူများမှာ(နတ်များမှာ) အချို့ မျက်နှာငယ် မထင်မရှား သူများပါ၏။    ထိုသို့သောသူများကို ဘုရားရှင်က ဇာတိ၊ နာမ၊ ဂုဏ  စသည့်အမျိုးနာမနှင့်တကွ တရင်းတနှီး ခေါ်ဝေါ်ပြောဆိုဆက်ဆံသောအခါ ပီတိများဖြစ်၍ ဘုရားစကား (တရားတော်)အတိုင်း လိုက်နာ ကျင့်သုံး၍ ငြိမ်းချမ်းမှုရပုံကို ဟောထားသည့် တရားတော် ရှိပေသည်။

ကမ္ဘာကျော် လူမှုဆက်ဆံရေး မိတ္တဗလဋီကာဆိုင်ရာ ဟောပြောပို့ချသူ ဒေးကာနက်ဂျီနှင့် နပိုလျံဟီး ကဲ့သို့သော မိတ္တဗေဒ ပညာရှင်က ၂၀ ရာစုမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ဗုဒ္ဓ၏မိတ္တဗလ မဟာသမ ယသုတ္တန်ကား  B.C ၆ ရာစုကပင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။   ။  

MWD Web Portal

မောင်လူမွှေး(မြန်မာမှု)