ထေရဝါဒ ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် မြတ်စွာဘုရားဟောကြားဆုံးမတော်မူခဲ့သည့် ဓမ္မနှင့် ဝိနယတရားတော်များ မပျောက်မပျက်စေရန်နှင့် သန့်ရှင်းစင်ကြယ်စေရန် ဗုဒ္ဓ၏ တပည့်သားရဟန်း သံဃာများက စုပေါင်းရွတ်ဆို သုတ်သင်တည်းဖြတ်ကြရသည့် သင်္ဂါယနာပေါင်း ခြောက်ကြိမ်ရှိခဲ့သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး မကြာမီကာလတွင် ပထမသင်္ဂါယနာ တင်ခဲ့ရသည်မှစကာ နှစ်ပေါင်းနှစ်ရာကျော် အတွင်း ဒုတိယနှင့် တတိယသင်္ဂါယနာတို့ကို အိန္ဒိယနိုင်ငံတွင် တင်ခဲ့ကြရသည်။
သာသနာနှစ် ၄၅၀ ခန့်တွင် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ရာ ဘုရားရှင်လက်ထက်မှစ၍ ကာလတစ်လျှောက်လုံး နှုတ်တက်အာဂုံဆောင်ခဲ့ကြသည့် တရားတော်များကို ပထမဆုံးအဖြစ် ပေထက်အက္ခရာတင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်သာသနာပြု ဒါယကာ မင်းတုန်းမင်းကြီးလက်ထက် သာသနာနှစ် ၂၄၁၅ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ ဘုရားဟော ပိဋကတ်သုံးပုံတရားတော်တို့မှာ ကျောက်စာချပ်ရေ ၇၂၉ ချပ်ပေါ်တွင် ကျောက်ထက်အက္ခရာအဖြစ် တင်နိုင်ခဲ့သည်။ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော်တွင် စိုက်ထူထားသည့် အဆိုပါ ပိဋကတ်သုံးပုံကျောက်စာများမှာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားလျက်ရှိသည်။
မြတ်စွာဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များကို နှစ်ပေါင်း ၂၆၀၀ ခန့် ကာလအတွင်း သင်္ဂါယနာခြောက်ကြိမ်တင်ခဲ့ရာ၌ နောက်ဆုံးနှစ်ကြိမ်မှာ မြန်မာနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာကို သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ဖွင့်ပွဲကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂီတိ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည်။ မဟာဓမ္မသဘင်ဖွင့်ပွဲသည် သုံးရက်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ သံဃရာဇာ သာသနာပိုင်ဆရာတော်များ၊ သံဃနာယကဆရာတော်များ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဗီယက်နမ်နိုင်ငံတို့မှ ဂဏာစရိယဆရာတော်များ ပါဝင်သည့် သင်္ဂီတိကာရကအပါး ၂၅၀၀ ကြွရောက်တော်မူခဲ့ကြသည်။ မေလ ၂၁ ရက်နေ့တွင် မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း ထေရဝါဒ ငါးနိုင်ငံမှ ဆရာတော်၊ သံဃာတော် ၂၅၀၀ တို့ စုဝေးတော်မူကြ၍ ဆဋ္ဌသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
၎င်းသင်္ဂါယနာတင်ပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၊ အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသတို့က သံဃနာယက မထေရ်အဖြစ် ဆောင်ရွက်တော်မူကြ၍ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏက ပုစ္ဆက အမေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသကဝိသဇ္ဇက အဖြေပုဂ္ဂိုလ်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့သည်။ ၎င်းဖြေဆိုချက်အတိုင်း သင်္ဂီတိကာရက၊ သင်္ဂီတိပါဏက ဆရာတော်များက စုပေါင်းညီညာ ရွတ်ဆိုတော်မူကြ၍ သင်္ဂါယနာ တင်တော်မူကြသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် ဓမ္မဝိနယတရားတော်များကို နှစ်နှစ်ကြာသင်္ဂါယနာတင်ခဲ့ရာ သာသနာနှစ် ၂၅၀၀ ပြည့် ကောဇာသက္ကရာဇ် ၁၃၁၈ ခု၊ ကဆုန်လပြည့်နေ့ တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။
ယခုအခါ နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်သော သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မ သဘင်ကြီးကျင်းပခဲ့သည့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ဥတ္တရကုရုစသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစား ကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယကကျောင်းတော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်တို့ကို ရှေးမူမပျက်ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံခြင်းတို့ ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်များမှာလည်း ခဲစာလုံးပုံနှိပ်မူမှသည် ကွန်ပျူတာမူအဖြစ် ပူဇော်ထားရှိနိုင်ပြီဖြစ်သည်။ ထိုမျှမကသေး မြန်မာ၊ ပါဠိ၊ ရိုမန် အက္ခရာတို့ဖြင့် ကျောက်စာချပ်ရေ ၁၄၄၀ တို့ကို ကျောက်စာရုံစေတီ ၇၂၀ တည်ကာ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း ပူဇော်ထားရှိနိုင်ခဲ့ပြီဖြစ်သည်။
ဗုဒ္ဓသာသနာ သမိုင်းတွင် သင်္ဂါယနာ နှစ်တန်ကျင်းပနိုင်ခဲ့သည့် မိမိတို့နိုင်ငံသည် ပရိယတ္တိ၊ ပဋိပတ္တိ ဝန်ဆောင် ဆရာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ဆရာဒကာ လက်တွဲညီစွာဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအဓွန့်ရှည်စွာ ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ပြန့်ပွားရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
MDN (မြန်မာ့အလင်း)

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင်ပွင့်တော်မူစဉ်က သက်တော်အားဖြင့် (၃၅) နှစ်ဖြစ်သည်။ ထိုကာလမှစ၍ အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်ကိုမမှု (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ တရားတို့ကို မနေမနား ဟောကြားတော်မူခဲ့ရာ မြတ်စွာဘုရားက “ချစ်သား အာနန္ဒာ ... ငါဘုရား ဟောကြားထားသော ဓမ္မဝိနယ ခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။
ဘုရားရှင်မှာကြားချက်အရ “ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်သည်။ ထိုတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားလည်း တည်ရှိနေသည်ဖြစ်၍ သာသနာတော်လည်း တည်ရှိနေသည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာများ ကွယ်ပျောက်ပါက မြတ်စွာဘုရားလည်း ကွယ်ပျောက်ပြီး သာသနာတော်လည်း ကွယ်ပျောက်မည်ဖြစ်သည်။ သာသနာတော်ကွယ်ပျောက်ခြင်းသည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းခြင်းပင်ဖြစ်သည်။
ထို့ကြောင့် မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော် အဆက်ဆက်သည် ဓမ္မဝိနယဟုခေါ်သော အဘိဓမ္မာတရားတော်များကို မညစ်နွမ်းမပျောက်ကွယ်အောင် ကြိုးစားစောင့်ရှောက်တော်မူခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက်တွင် သာသနာတော်၏ ဆန့်ကျင်ဘက်အန္တရာယ်များ ပေါ်ပေါက်လာတတ်သည်။ ထိုသို့ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရားရှင်၏ တပည့်သားကောင်း ရဟန်းသံဃာတော်များသည် ကြောင့်ကြမဲ့မနေကြဘဲ သာသနာ့အန္တရာယ် ကွယ်ပျောက်ပြီး သာသနာတော်ကြီး သန့်ရှင်းတည်တံ့ထွန်းကားပြန့်ပွားရေးအတွက် သင်္ဂါယနာအသီးသီးကို တင်တော်မူခဲ့ကြသည်။ ထိုသို့သင်္ဂါယနာတင်ရာတွင် ခေတ်အဆက်ဆက် မင်း၊ အစိုးရနှင့် ပြည်သူများကလည်း ကြောင့်ကြမဲ့မနေကြဘဲ သင်္ဂါယနာပွဲကြီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် ခရစ်တော်မပေါ်မီ ၅၄၄ ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထိုနှစ်မှစ၍ သာသနာတော်နှစ်တစ်နှစ်အဖြစ် စတင်ရေတွက်ခဲ့သည်။ ယခုအခါ သာသနာတော်နှစ်သည် ၂၅၇၀ ပြည့်နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ် တင်ခဲ့ပြီးဖြစ်သည်။ သာသနာတော် နှစ် (၁) (ခရစ်တော်မပေါ်မီ ၅၄၄ ဘီစီ) မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် သုံးလအကြာတွင် သာသနာတော်ကို ထိပါးပုတ်ခတ်သောကြောင့် ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၁၀၀) (ခရစ်တော်မပေါ်မီ ၄၄၃ ဘီစီ) တွင် ဝေသာလီပြည်တွင် သာသနာတော်၌ ဝိနည်းကျင့်ဝတ်မညီသောကြောင့် ဒုတိယသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၂၃၅) (ခရစ်တော်မပေါ်မီ ၃၀၈ ဘီစီ)တွင် ပါဋလိပုတ်ပြည်၌ ရဟန်းတု၊ ရဟန်းယောင်များကြောင့် တတိယသင်္ဂါယနာ တင်ခဲ့သည်။ သာသနာတော်နှစ် (၄၅၀) (ခရစ်တော်မပေါ်မီ ၉၄ ဘီစီ) တွင် ဘေးကြီး ၁၂ နှစ်တာခံစားရသောကြောင့် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။
သာသနာတော်နှစ် ၂၄၉၈ (ခရစ်နှစ် ၁၉၅၄ ခုနှစ်) ကဆုန်လပြည့်နေ့၌ မြန်မာနိုင်ငံ သူ့ကျွန်ဘဝ၌ နှစ်(၁၀၀) ကျော်နေခဲ့ရ၍ ဗုဒ္ဓသာသနာညှိုးနွမ်းလျက်ရှိရာ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှု၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များကို အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်ဆိုသည်။ ထိုသို့ သင်္ဂါယနာတင်ရာတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားဒေသနာများကို ဟောတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ခြင်းဖြစ်သည်။ တရားတော်များကို တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း အလျှင်းမရှိပေ။
သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွားရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထမ်းဆောင်ခွင့်ရနေသဖြင့် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ခမ်းနားထည်ဝါစည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းလင်းတောက်ပလျက်ရှိပါကြောင်း။ ။
moi

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာအား နိုင်ငံသားအများစု၏ ကိုးကွယ်ရာဘာသာအဖြစ် အသိအမှတ်ပြုထားသည်။ ဗုဒ္ဓဘာသာသည် လူသားတို့၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေပြီး မကောင်းမှုပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်းတို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်ကာ ကောင်းမှုကို ဆောင်ရွက်ကြသည်။ စိတ်နှလုံးကိုလည်း သန့်ရှင်းဖြူစင်စွာ ထားရှိကြသည်။
မြန်မာနိုင်ငံတွင် နှစ်အစမှ နှစ်ကုန်အထိ ရာသီပွဲတော်များဖြင့် စည်ကားလှပြီး ဆယ့်နှစ်လ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် ကျင်းပသော ညောင်ရေသွန်းပွဲတော်မှာ ထူးမြတ်သော ပွဲတော်တစ်ခုဖြစ်သည်။ အခါရာသီအရလည်း သင့်တင့်လျောက်ပတ်ပြီး ကဆုန်လသည် “ဂိမှာန” ဟုခေါ်သော နွေရာသီအတွင်း ကျရောက်သောကြောင့် အပူပြင်းထန်လှသည်။
တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဟုဆိုသကဲ့သို့ မြစ်ချောင်းအင်းအိုင်များတွင် ရေခန်းခြောက်လေ့ရှိပြီး သစ်ပင်၊ ပန်းပင်များလည်း ညှိုးနွမ်းလေ့ရှိသည်။ ထိုသို့သောအချိန်တွင် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသော မဟာဗောဓိညောင်ပင်များ မညှိုးခြောက်စေရန် ရည်ရွယ်ကာ ကဆုန်ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ညောင်ရေသွန်းပွဲတော်သည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်၏ ဆင့်ပွားဗောဓိပင်များကို အမွှေးနံ့သာရည်များနှင့် သန့်စင်အေးမြသော ရေများဖြင့် သွန်းလောင်းပူဇော်သည့် ပွဲတော်ဖြစ်သည်။ မြန်မာယဉ်ကျေးမှုအရ စေတီလေးပါးတွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီနှင့် ပရိဘောဂစေတီတို့ရှိပြီး ဗောဓိပင်အား ရေသွန်းလောင်းပူဇော်ခြင်းသည် ပရိဘောဂစေတီအဖြစ် ရည်စူးပူဇော်ခြင်းဖြစ်သည်။
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ခေါ်ဆိုကြပြီး မြတ်စွာဘုရားရှင်၏ အရေးကြီးသော ဖြစ်ရပ်များဖြစ်သည့် ဒီပင်္ကရာဘုရားထံမှ နိယတဗျာဒိတ်ခံယူတော်မူသည့်နေ့၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သည့်နေ့၊ ဘုရားအဖြစ် သဗ္ဗညုတဉာဏ်ရရှိသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်သည့်နေ့တို့သည် ကဆုန်လပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်ကြသည်။
မဟာဗောဓိပင်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့တွင် အတူတကွ ပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးအနက် တစ်ပါးဖြစ်ပြီး ပရိဘောဂစေတီအဖြစ်လည်း သတ်မှတ်ထားသည်။ ထို့ကြောင့် နွေရာသီအပူပြင်းချိန်တွင် ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူကြခြင်းဖြစ်သည်။
ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ ညောင်ရေသွန်းပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပြီး ယနေ့အချိန်အထိလည်း ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပလျက်ရှိသည်။
ကဆုန်လပြည့်နေ့တွင် မိသားစုများ၊ အသင်းအဖွဲ့များစုစည်းကာ ဘုရားစေတီများရှိ ဗောဓိညောင်ပင်များအား ရေသွန်းလောင်းပူဇော်ကြပြီး ဗုဒ္ဓရုပ်ပွားတော်များကိုလည်း ရေသပ္ပာယ်ကြသည်။ ထိုကဲ့သို့သော ကုသိုလ်ကောင်းမှုများသည် ပြုလုပ်သူများ၏ စိတ်နှလုံးကို အေးချမ်းစေပြီး ကောင်းကျိုးများ ဖြစ်ထွန်းစေသည်။
ရေသည် လူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်ပြီး အေးမြခြင်းကို ဖြစ်စေသည်။ နွေရာသီအပူပြင်းချိန်တွင် ဗောဓိပင်များအား ရေသွန်းလောင်းခြင်းဖြင့် သစ်ပင်များ ပိုမိုစိမ်းလန်းရှင်သန်လာသကဲ့သို့ ဗုဒ္ဓသာသနာတော်လည်း ပိုမိုထွန်းကားလာမည်ဟု ယုံကြည်ကြသည်။
ထို့အတူ မြန်မာနိုင်ငံသည် သာယာဝပြောသောနိုင်ငံအဖြစ် တည်တံ့စေရန်နှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းသာယာစေရန် ဆုမွန်ကောင်းများ တောင်းဆိုအပ်ပါသည်။
MWD

ကဆုန်လသည် ပြိဿရာသီဖြစ်၏။ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၏။ ရာသီပန်းကား စံကားပန်း၊ ရာသီပွဲတော်မှာ ညောင်ရေသွန်းပွဲတော်ဟူ၍ ရှေးစာဆိုတို့က ဆိုကြသည်။ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည့် ကဆုန်လကို သက္ကတ၊ ပါဠိ၊ ဟိန္ဒီ၊ ဘင်္ဂါလီ တို့၌ ‘ ဝိသာခါ ’ ဟု ခေါ်ဆိုကြသည်။
ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လသည် အမွန်အမြတ် ပြုကြရသည့်လပင်ဖြစ်သည်။ လတကာတို့ထက် ကဆုန်လကို အလေးအနက်ပြုကြရခြင်း၏ အကြောင်းရင်းမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် အကြောင်းရင်း ဗုဒ္ဓဝင်၌ ကဆုန်လပြည့်နေ့ တွင် (၁) ဗုဒ္ဓအလောင်းအလျာ ဖွားမြင်တော်မူခြင်း၊ (၂) ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ (၃) ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်သည့် အလျောက် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ နိုင်ငံများအဖို့လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့သည် အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် ( Vesak Universal Holiday ) ဖြစ်သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် လုမ္ဗိနီအင်ကြင်းတော၌ ဂေါတမဗုဒ္ဓ အလောင်းအလျာ သိဒ္ဓတ္ထမင်းသားငယ်ကို ဖွားမြင်တော်မူခဲ့သည်။ မဟာပုရိသခေါ် ကမ္ဘာတွင် အကြီးမြတ်ဆုံးသော လူသားအဖြစ် ပွင့်ထွန်းလာမည့် သိဒ္ဓတ္ထသည် သကျမင်းမျိုးဖြစ်၍ ဖခင် သုဒ္ဓေါဒန ဘုရင်နှင့် မိခင်မဟာ မာယာ မိဖုရားခေါင်ကြီးတို့၏ သားမြတ်ရတနာဖြစ်သည်။ ကြီးကျယ် ခမ်းနား လှစွာသော ခံစားဖွယ်ရာ စည်းစိမ်အဆောင်အယောင်များထဲတွင် ကြီးပြင်းခဲ့ရပြီး အရွယ်ရောက်သည့် အခါ မင်းညီမင်းသားတို့တတ်အပ်သည့် ပညာများသင်ကြားခဲ့ရသည်။ နုပျိုသည့်အရွယ်မှာပင် ယသော်ဓယာမင်းသမီးနှင့် လက်ဆက်ခဲ့ရကာ ရာဟုလာအမည်ရှိ သားတော်တစ်ပါး ထွန်းကားခဲ့သည်။ လောက၏ ကာမဂုဏ်စည်းစိမ် တို့ကို တစ်ဝကြီးခံစားကာ ထီးနန်းအမွေကိုပါဆက်ခံပြီး ရေမြေ့ရှင် ဘုရင်တစ်ပါးဖြစ်လာမည့် အခွင့်အရေးများကို ဘုရားအလောင်းတော်၏ ရင့်ကျက်နေပြီဖြစ်သည့် ဉာဏ်၊ ပါရမီ၊ ကရုဏာ၊ ပညာတို့က မက်မောဖွယ်ရာဟူ၍ မမြင်တော့ဘဲ စွန့်ပယ်ခဲ့သည်။ လောကဓမ္မ သစ္စာတရားတို့ကို ရှာဖွေခဲ့သည်။
ထီးနန်းစည်းစိမ်တို့ကို ကျောခိုင်းကာ လောကသုံးပါး သဘာဝတရားကြီးထဲတွင် အနှောင်အဖွဲ့တို့မှ လွတ်မြောက်မှုအတွက် လမ်းစဉ်ကို ရှာဖွေခဲ့ရာတွင် အတ္တကိလမထခေါ် အစွန်းရောက် အကျင့် အမျိုးမျိုးဖြင့် အချိန်ကာလ ခြောက်နှစ်မျှကြာအောင် ပြင်းပြင်းထန်ထန် လွန်စွာဆင်းရဲပင်ပန်းစွာ ကျင့်ခဲ့သည့်တိုင် သစ္စာတရားကို ရှာမတွေ့။ ယင်းအတွေ့အကြုံမှ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကိုယ်တိုင် ဖော်ထုတ်၍ ကိလေသာအားလုံးကို အကြွင်းမဲ့ပယ်သတ်ကာ သစ္စာတရားနှင့် သန္တိသုခတို့ကို တွေ့ရှိခဲ့ပြီး မည်သည့်လူသားမျှမရရှိနိုင်ကြသည့် သိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့တွင် မဟာလူသားသည် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားအဖြစ် ပွင့်ထွန်းခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တလောကကြီးတစ်ခုလုံးအား ကြီးစွာသောကရုဏာတရားဖြင့် ၄၅ နှစ်တိုင်တိုင် မရပ်မနားပြုစုလုပ်ကျွေးခဲ့သည်။ သတ္တဝါတို့ အဖန်ဖန်လည်ပတ်နေရသော သံသရာမှ လွတ်မြောက်ရေးအတွက် လမ်းမှန်ကိုညွှန်ပြခဲ့ပြီး ထိုလမ်းကိုမည်သို့လျှောက်ရမည်ကိုလည်း သင်ကြားပေးခဲ့သည်။ ဗုဒ္ဓသည် သက်တော် ၈ဝ အရွယ် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လာတိုင်း၊ ကုသိနာရုံ အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ နောက်ဆုံးစကား အဖြစ် “ရဟန်းတို့၊ သင်တို့အား မှာကြားခဲ့အံ့၊ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကုန်၏။ မမေ့မလျော့ သတိထားကြကုန်” ဟူ၍ မှာကြားခဲ့သည်။
မဟာဗောဓိပင်အောက်တွင် ဦးစွာရင့်ကျူးခဲ့သော ပထမ ဗုဒ္ဓဝစနမှသည် ပရိနိဗ္ဗာန်ဝင်စံခါနီးတွင် မှာကြားခဲ့သည့် ပစ္ဆိမဗုဒ္ဓဝစနအထိ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဟောကြားတော်မူခဲ့သမျှ တရားတော်တို့မှာ မကောင်းမှုဟူသမျှတို့ကို ရှောင်ကြဉ်ရေး၊ ကောင်းမှုမှန်သမျှတို့ကို ပြုလုပ်ကြရေးနှင့် စိတ်နှလုံးစင်ကြယ် သန့်ရှင်းရေးဖြစ်ပြီး အဖန်များစွာ သံသရာမှလွတ်မြောက်ရေးကို ရည်ရွယ် ဦးတည်ခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားက “အကြင်ရဟန်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ၊ ဥပါသကာဖြစ်စေ၊ ဥပါသိကာမဖြစ်စေ တရားတော်နှင့်လျော်သောတရားကို ကျင့်လျက်နေ၏။ လျော်သောအကျင့်ကို ကျင့်လျက်နေ၏။ တရားနှင့်လျော်စွာ ကျင့်လျက်နေ၏။ ထိုသူသည် အမြတ်ဆုံးပူဇော်ခြင်းဖြင့် ငါ့ကို အရိုအသေပြုသည်မည်၏။ အလေးပြုသည်မည်၏။ မြတ်နိုးသည်မည်၏။ ပူဇော်သည်မည်၏။ ပသသည်မည်၏” ဟူ၍ ရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့သည်နှင့်အညီ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် မြတ်စွာဘုရား လမ်းညွှန်ခဲ့သော တရားတို့ကို တရားနှင့်အညီ ကျင့်ကြံအားထုတ်ကြခြင်းဖြင့် ဘုရားရှင်အလိုကျ ပဋိပတ္တိပူဇာ ပူဇော်ကြရပါမည့်အကြောင်း။
MDN
(မြန်မာ့အလင်း)

ရှေးခေတ်မဟာအတုလမင်းကြီးလက်ထက်က ကဆုန်လပူပြင်းသကဲ့သို့ ယနေ့ကာလတွင်လည်း ကဆုန်လသည် အပူဆုံးလစံချိန်ကို ထိန်းထားပါသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” “တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဆိုသကဲ့သို့ နွေလယ်ဤကာလ၌ ပူပြင်းခြောက်သွေ့ ငြီးငွေ့ဖွယ်ဖြစ်သည်။ ကန်၊ ချောင်း၊ ဆည်မြောင်း၊ အင်းအိုင်တို့၌ ရေပြတ်၊ ရေစင်သောလဟုဆိုကြသည်။ မည်သို့ပင်ပူစေ မြတ်ဗုဒ္ဓ ဂုဏ်တော်ကိုနှလုံးသွင်း၍ ပရိဘောဂစေတီ ဗောဓိပင်ကို ညောင်ရေသွန်းလောင်းပြီး နှလုံးစိတ်ဝမ်း အေးချမ်းမှုကို ဆောင်ကြဉ်းကြရန်လိုပါသည်။
“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်”ဟူသော စာဆိုနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့ မြတ်ကြီးဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်တို့ကို နှလုံးသွင်းဆင်ခြင်ပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရပေမည်။ (၁) ဤကဆုန်လပြည့်နေ့၌ ထွတ်ခေါင်ထိပ်တင် ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားရှေ့အရောက် ဝမ်းလျားမှောက်၍ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူတော်မူသည်။ (၂) ဤကဆုန်လပြည့်နေ့၌ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့် (သောကြာနေ့) ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ ဖွားမြင်တော်မူသည်။
(၃) ဤကဆုန်လပြည့်နေ့၌ သစ္စာလေးပါးမြတ်တရားကို ရရှိတော်မူရာဖြစ်သည့် မဟာဗောဓိပင် ပေါ်ပေါက်တော်မူသည်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) တွင် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ (၄) ဤကဆုန် လပြည့်နေ့၌ မြတ်စွာဘုရားရှင်သည် ဝါတော် လေးဆယ့်ငါးဝါ၊ သက်တော်ရှစ်ဆယ်၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်(အင်္ဂါနေ့)တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် စံဝင်တော်မူသည်။ ဤသို့ ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါး သိမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသည့် နေ့ထူး နေ့မြတ်တို့သည် ကဆုန်လပြည့်နေ့တွင်ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရက်ကောင်းရက်မြတ်တို့သည် မြတ်ဗုဒ္ဓနှင့်သာ သက်ဆိုင်သည့်အတွက် အားလုံးကိုပေါင်းစု၍ အထွတ်အမြတ်ပြုကာ “ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့” ဟု သတ်မှတ်ခေါ်ဝေါ်ပူဇော်ကြသည်။ သီရိလင်္ကာ နိုင်ငံတွင် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓပူဇယန္တိသဘင်ဟုခေါ်ဆို၍ ပူဇော်ပွဲများကျင်းပကြသည်။ အိန္ဒိယနိုင်ငံ ပြည်နယ်အချို့တွင် ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မူသည်ကို ရည်စူး၍ မဟာပရိနိဗ္ဗာန်သဘင် ကျင်းပပူဇော်ကြသည်။ ကဆုန်လပြည့်နေ့သည် ဝိသာခါနက္ခတ်နှင့် ယှဉ်သည့်အတွက် နက္ခတ် အားသန်သူတို့က ဗုဒ္ဓဖွားမြင်တော်မူသည့်နေ့ကို ဝိသာခါဒေးဟု သတ်မှတ်ပူဇော်ကြသည်။ မလေးရှားနိုင်ငံကလည်း “၂၆၀၀ ပြည့် ဗုဒ္ဓနေ့”ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။ မလေးရှားအစိုးရက နှစ်စဉ် ကဆုန်လပြည့်နေ့ကို ဂဇက်ဝင်ဗုဒ္ဓနေ့ အဖြစ်သတ်မှတ်ပူဇော်စေသည်။
မည်သို့ပင်ပြုလုပ်ကြသည်ဖြစ်စေ ကဆုန်လပြည့်နေ့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်သာမက အခြား ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများ၊ မြတ်ဗုဒ္ဓကို ကြည်ညိုလေးစားတန်ဖိုးထားသည့် အဖွဲ့အစည်းများ အားလုံးက ပူဇော်ပွဲများကျင်းပကြသည်။ ယနေ့ကာလတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် မြတ်ဗုဒ္ဓသည် ကမ္ဘာ့အလင်းဆောင်ပုဂ္ဂိုလ်မြတ်နှင့် ဘဝလမ်းပြမြတ်ဓမ္မအဖြစ် အသိဉာဏ်မြင့်သူတို့ သိရှိကြပြီး အထူးပူဇော်ဂုဏ်ပြုကြသည်။ ဤနေ့ဤရက်တွင် အထူးအားဖြင့် ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဟူသည့် စေတီသုံးမျိုးတွင် ဗောဓိပင်သည် ပရိဘောဂစေတီ မည်သည်။ ဘုရားရှင်တို့ အသုံးပြုတော်မူသော ဗောဓိပင်မြတ်သည် “ငါဘုရား သက်တော်ထင်ရှားရှိစဉ်ပင် စေတီတော်မည်၏ ”မိန့်တော်မူထားသည်။ ထို့ကြောင့် ဗောဓိပင်သည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အလား ဤနေ့ဤရက်၌ ရေစင်သွန်းလောင်း ပူဇော်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ ကဆုန်လပြည့် ဗုဒ္ဓနေ့သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်တော်စဉ်များ ပေါင်းစုထားသည်ကို စိတ်ဝယ် ကြည်နူးအာရုံပြု၍ ကောင်းမှုအထူးပြုလုပ်ကြရမည် ဖြစ်သလို မြတ်ဗုဒ္ဓ၏ စေတီထိုက်သည့် ပရိဘောဂစေတီ မဟာဗောဓိရွှေညောင်ပင်တွင် ရေစင်သွန်းလောင်းပူဇော်ပြီး “ကျက်သရေတော်များသခင် ဗုဒ္ဓဘုရားရှင်၏ အောင်ပွဲသဘင်တည်း။ မာရ်နတ်ကို အောင်ပွဲခံသည့် ကဆုန်လပြည့်နေ့တွင် နတ်ဗြဟ္မာအပေါင်းတို့ ဗောဓိမဏ္ဍိုင်ကုန်းတော်တွင် စုရုံးကြ၍ ဘုရားရှင်၏ အောင်ပွဲတော်ကြီးဟု ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြွေးကြော်ကြပါစို့” ဟု ကလျာဏပုထုဇဉ်အပေါင်း တို့အား အသိပေးနှိုးဆော်အပ်ပါကြောင်း။
MDN
ကြေးမုံ
Photo Crd welovecareburma

ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်နေ့ဖြစ်သည်။ ပညာဝီမံသနကထာကျမ်းတွင် မန်လည်ဆရာတော်ဘုရားကြီးက မြတ်ဗုဒ္ဓသည်တပေါင်းလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်မှစတင်ထွက်ခွာ၍ ကပိလဝတ်ရွှေမြို့တော်သို့ ကဆုန်လပြည့်နေ့တွင် ဆိုက်ရောက်သည်ဟု ဆိုထားပါသည်။ ကွဲလွဲမှုရှိသော်လည်း တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓပြည်တော်ဝင်ရန်အတွက် အစဦးနေ့ထူးနေ့မြတ်ဟု ဆိုနိုင်သည်။
မြတ်ဗုဒ္ဓဘုရားရှင်ကို ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်းတို့က မျှော်လင့်နေကြသောအချိန်အခါဖြစ်သည်။ တပေါင်းလသည် မပူလွန်း မအေးလွန်းမျှတသော ရာသီဥတုရှိသည့်ကာလဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသော သဘာဝအလှတရားများနှင့်ပြည့်စုံသည့် တပေါင်းလသည် ဒေသစာရီကြွချီတော်မူရန် သင့်လျော်ပါကြောင်းဆိုသည်ကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့ပါသည်။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့ပါသည်။
ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာ ၆၀ ကွာဝေးသည်။ မြတ်စွာဘုရားသည် တစ်နေ့လျှင် တစ်ယူဇနာခရီးကြွတော်မူခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့် မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။ ကပိလဝတ်ရွှေမြို့တော်တွင် မြတ်ဗုဒ္ဓနှင့် ရဟန္တာနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူသဖြင့် သာသနာဝင်သမိုင်းတွင် ကပိလဝတ်ပြည်သည် တတိယမြောက် သာသနာတော်ထွန်းကားရာဒေသဖြစ်လာသည်။ ပထမဆုံး သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ဗာရာဏသီပြည်ဖြစ်ပြီး ဒုတိယမြောက် သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ရာဇဂြိုဟ်ပြည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသီတင်းသုံးရာဒေသများသည် သာသနာထွန်းကား စည်ပင်ရာဒေသများဖြစ်သည်။
ရာဇဂြိုဟ်ပြည်တွင် ဝေဠုဝန်ကျောင်းတော်ကြီး ပေါ်ထွန်းသကဲ့သို့ ကပိလဝတ်ပြည်တွင်လည်း နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာသဖြင့် ရဟန်းတော်များ စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးတော်မူနိုင်သလို ပြည်သူပြည်သားများအတွက်လည်း ဒါန၊ သီလ၊ ဘာဝနာကောင်းမှုအစုစုတို့ကို စိတ်ဆန္ဒရှိတိုင်း ဆောင်ရွက်ခွင့်ရလာသည်။ မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းမျိုးမင်းနွယ်တို့၏ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကိုရွာသွန်း၍ တန်ခိုးပြတော်မူသည်။ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့် ပြည့်စုံသော ရဟန်းသံဃာတော်တို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားတော်မူသည်။
မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး အနာဂါမ်ဖြစ်လာသည်။ မိထွေးတော်ဂေါတမီ သောတာပန်ဖြစ်လာသည်။ ယသောဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ဇနပဒကလျာဏီ၏ ကြင်ရာလောင်း နန္ဒမင်းသား ရဟန်းဖြစ်လာသည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေခဲ့သည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဖြစ်လာခဲ့သည်။ အရှင်သာရိပုတ္တရာ လျှောက်ထားသဖြင့် မဟာဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူသည်။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ကပိလဝတ်ပြည်သူ ပြည်သားတို့၏ မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုသောဆန္ဒ ပြည့်ဝအောင်ဆောင်ရွက်ပေးခြင်း၊ ဆွေတော်မျိုးတော်တို့နေရာ ကပိလဝတ်ပြည်တွင် သာသနာတော်ပွင့်ထွန်းစေရန် စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ကာဠုဒါယီမထေရ်မြတ်ကို မြတ်စွာဘုရားက “ကုလပ္ပသာဒဧတဒဂ်”ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
သို့ဖြစ်ရာ တပေါင်းလပြည့်နေ့နှင့် မြတ်ဗုဒ္ဓပြည်တော်ဝင်ဇာတ်တော်ကို အကြောင်းပြု၍ မြန်မာလူမျိုးတို့အား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ကြံ့ခိုင်ပြီး အဆင့်အတန်းမြင့်၍ ပွဲလယ်တင့်စေရန်၊ လောကီ၊ လောကုတ်နှစ်ဌာနစလုံး၌ ကောင်းကျိုးဖြစ်ထွန်းစေရန် ညွှန်ပြပေးသည့် အဆိုပါဘဝလမ်းပြ မြတ်ဓမ္မသည် မြန်မာတို့၏နှလုံးသားတွင်စီးဝင်ကာ ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းစေရန်အတွက် ရည်ညွှန်းပါကြောင်း။ ။

တပေါင်းလသည် ဆောင်းမှနွေသို့ ကူး၍ မအေးလွန်း၊ မပူလွန်းသည့် လ၊ ရာသီ ဆယ့်နှစ်လတွင် လတကာတို့ထက် သဘာဝအလှတရားတို့ ပြီးပြည့်စုံသည့်လ၊ ခရီးလမ်းပန်းတို့ သွားလမ်းသာ၍ လာလမ်းဖြောင့်သည့်လဟု ရှေးစာဆိုတို့က ဖွဲ့ဆိုသည်။ အင်းဝခေတ် ရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့တွင် “သွားခါတန်စွ၊ ဤကာလကား၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင်မြူမထောင်း၊ ညွန်ပျောင်းမချင်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံမိုးမစွေ၊ ရေလည်းမကြီး...” ဟူ၍လည်းကောင်း၊ “ဤအခါကား၊ သာသည် ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကျူး၊ မင်းလွင် မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍ ...” ဟူ၍လည်းကောင်း တပေါင်းလကို ဖွဲ့ဆိုထားသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ဆွေတော်မျိုးတော်အပေါင်းတို့က ဖူးမြော်ခွင့်ရရန် စောင့်မျှော်နေကြသည့် ကပိလဝတ်ရွှေမြို့တော်သို့ ကြွမြန်းတော်မူပါရန် လျှောက်ထားခဲ့သည်။ ယင်းသို့လျှောက်ထားရာတွင် ခမည်းတော်မင်းကြီး၏ ကျေးဇူးကို ထောက်ထားသောအားဖြင့် မွေးရပ်ဌာနီကပိလဝတ်ရွှေပြည်သို့ ပြန်လည်ကြွမြန်းရန်သင့်သောအခါဖြစ်သည့်အကြောင်းကို ဆောင်းအကုန်၊ နွေအကူး တပေါင်းလ၏ ထူးထူးကဲကဲ သာယာလှပပုံ၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်တို့ဝေကာ တောပန်းရနံ့များ သင်းထုံနေသော တောတောင်ရှုခင်းများနှင့် ကျေးငှက်တို့ တွန်ကျူး ပျော်မြူးနေကြပုံ၊ မပူလွန်း မအေးလွန်းသော ရာသီ ဥတုနှင့်အတူ ဖုံမထူ၊ ညွံ့ဗွက်တို့လည်း မရှိတော့ပြီဖြစ်ခြင်းကြောင့် လမ်းခရီးကောင်းမွန်ပုံတို့ကို ဂါထာများဖွဲ့သီ၍ လေးမြတ်စွာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ကာဠုဒါယီမထေရ်မြတ်၏ လျှောက်ထားမှုကိုလက်ခံ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက်နေ့တွင် ရဟန္တာပေါင်း နှစ်သောင်းကျော်ခြံရံ လျက် ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆၀ ကွာဝေးသော ကပိလဝတ်ပြည်သို့ စတင်ကြွချီတော်မူသည်။ တစ်နေ့လျှင် တစ်ယူဇနာ (၁၃မိုင်) နှုန်းဖြင့် ရက်ပေါင်း ၆၀ ကြာ ဒေသစာရီကြွချီတော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကပိလဝတ်ပြည်သို့ ရောက်ရှိခဲ့သည်။ ထိုနေ့သည်ကား မြတ်စွာဘုရားရှင်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝဖြင့် မွေးရပ် ဌာနီကပိလဝတ်ပြည်မှထွက်ခွာခဲ့သည့် ခုနစ်နှစ်တင်းတင်း ပြည့်သောနေ့ပင်ဖြစ်သည်။ ကပိလဝတ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား တရားတော်ဖြင့် ကျေးဇူးဆပ်၍ သားတော် ရာဟုလာကိုလည်း ဓမ္မအမွေပေးတော်မူသည်။ အဖူးအမြော် လာရောက်ကြသည့် ဆွေတော်မျိုးတော်များကိုလည်း သာကီဝင်မင်းမျိုးတို့၏ အမျိုးမာန်ကို ပယ်နုတ်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း၍ တန်ခိုးပြကာ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့်ပြည့်စုံသည့် ရဟန်းသံဃာတို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်၏ တပေါင်းလ ပြည်တော်ဝင်ခရီးစဉ်မှာ ဖခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော် အပေါင်းတို့၏ ဖူးမြော်လိုသည့် ဆန္ဒတို့ကို ပြည့်ဝစေခဲ့သည်။ ကပိလဝတ်သို့ မြတ်စွာဘုရားနှင့် ရဟန္တာပေါင်းနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူကြခြင်းကြောင့် ဗာရာဏသီပြည်နှင့် ရာဇဂြိုဟ်ပြည်တို့ပြီးလျှင် ကပိလဝတ်ပြည်သည် တတိယမြောက် ဗုဒ္ဓသာသနာထွန်းကားစည်ပင်သည့်နေရာ ဖြစ်လာသည်။ ဗုဒ္ဓဘုရားရှင်က မဟာဓမ္မပါလဇာတ်ကို ဟောကြားသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမ်တည်ခဲ့ပြီး မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်ခဲ့သည်။ သာကီဝင်မင်းသား တစ်ထောင်တို့သည်လည်း ရဟန်းအဖြစ်သို့ ရောက်ရှိလာကြသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့အထိ ရက်ပေါင်း ၆၀ ကြွချီခဲ့ရသော မြတ်ဗုဒ္ဓဘုရားရှင်၏ ယူဇနာ ၆၀ ပြည်တော်ဝင်ခရီးသည် သာသနာ့သမိုင်းဝင်ဖြစ်သကဲ့သို့ အဖအမိတို့၏ ကျေးဇူးတရားကို ပေးဆပ်နိုင်ကြစေရန်လည်းကောင်း၊ ပါရမီဖြည့်ဖက်ဇနီးနှင့် သားသမီးမိသားစုတို့၏တန်ဖိုးကို အလေးအနက်ပြုနိုင်ကြရန်လည်းကောင်း၊ အဆွေအမျိုးတို့နှင့်စပ်လျဉ်း၍လည်း ကောင်းရာကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ကြရန်လည်း ကောင်းမြတ်ဗုဒ္ဓသာသနာ့အနွယ်ဝင်တို့ အား စံနမူနာအဖြစ် လမ်းညွှန်ပြသလျက်ရှိသည်ဟူ၍ နှလုံးသွင်းနိုင်ကြပါစေကြောင်း။ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ စတင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးအဖွင့် သာရဏီယ ဩဝါဒကထာမြွက်ကြားရာ၌ သာသနာတော်တစ်ရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စများကိုဆောင်ရွက်ရာတွင် ဘုရားရှင်မြင်တော်မူသော သတ္တဝါတို့ကို ကြာမျိုးသုံးပါးဖြင့် သုံးမျိုးသုံးစား ဥပမာပေး၍ ခွဲခြားဟောကြားတော်မူ ခဲ့သည်။
မြတ်စွာဘုရားရှင်မြင်တော်မူသော ဥပမာသုံးမျိုးကဲ့သို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အနေဖြင့် သာသနာရေးကိစ္စများကို ဆောင်ရွက်ကြရာတွင် ပထမကြာဥပမာနှင့်တူသော ရှင်းလင်းညွှန်ကြား ဆုံးမဩဝါဒပေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်၍မရသောပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ ဒုတိယကြာ ဥပမာနှင့်တူသော အထိုက်အလျောက် ဆုံးမပြုပြင်၍ရသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ တတိယကြာ ဥပမာနှင့်တူသော အရိပ်ပြအကောင်ထင်ဆိုသကဲ့သို့ ဆိုဆုံးမရလွယ်ကူသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ မည်သို့သောပုဂ္ဂိုလ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားလေးပါးကို လက်ကိုင်ထား၍ ဆောင်ရွက်ကြရန် လွန်စွာအရေးကြီးလှကြောင်း သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက မြွက်ကြားတော်မူခဲ့ပါသည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးသည့်အချိန်မှစ၍ ရှေးမြန်မာမင်းအဆက်ဆက်မှ ယနေ့ထက်တိုင်အောင် မြတ်စွာဘုရားရှင် အဆုံးအမတရားတော်များနှင့်အညီ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သောနိုင်ငံဖြစ်သည်။ မျက်မှောက်ခေတ်ကာလတွင် အချို့သံဃာတော်များအနေဖြင့် ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးခြင်းမရှိသော အခြေအနေများ၊ ပိဋကတ်တော်နှင့်မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများအပြင် ခေတ်ကာလအရ လူမှုကွန်ရက်များတွင် သမဏသာရုပ္ပမဖြစ်သည့် အပြောအဆို အနေအထိုင် ပြုမူလုပ်ကိုင်မှုများ တွေ့မြင်နေရသည်။ ထိုသို့သောဆောင်ရွက်မှုများကို ကြီးကြပ် ထိန်းသိမ်းတားဆီးကာကွယ်ကြမှသာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွား နေမည်ဖြစ်ပါသည်။
သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်(၇)ချက်တွင် (က) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန်ဖြစ်သည်။ (ခ) သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင် နိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန်ဖြစ်သည်။ (ဂ) ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်(ဂ)ကို ပြဋ္ဌာန်းခဲ့ကြသော အာစရိယာစရိယ ရှေးဆရာတော်ကြီးတို့၏ ဉာဏ်ပညာအမြော်အမြင်နှင့် ငဲ့ညှာစောင့်ရှောက်သော ကရုဏာစွမ်းအားတို့ကို မျက်မှောက်ကာလတွင် သိသာစွာခံစားနေရဆဲဖြစ်သည်။
မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို ကိုယ်စိတ်မညှိုးနွမ်းဘဲ ချမ်းချမ်းသာသာဖြင့် ထွန်းလင်းနေစေရန်အတွက် နှိပ်ကွပ်ဆုံးမထိုက်သူတို့ကို နှိပ်ကွပ်ဆုံးမခြင်း၊ ချီးမြှောက်ထိုက် ချီးမြှောက်သင့်သူတို့အား ချီးမြှောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ရှေးရှေးဆရာတော်ကြီးများက မိန့်ကြားထားသည်များရှိသည်။ ဆရာရှင် သံဃာတော်တို့၏ စိတ်သန္တာန်၌ ဗြဟ္မဝိဟာရတရားများဖြင့် ထိန်းကွပ်ထားခြင်းမရှိဘဲ ဆောင်ရွက်ပါလျှင် လောဘ၊ ဒေါသ၊ ပဋိဃတရားတို့ တိုးပွားလာနိုင်သည်။ နှိပ်ကွပ်ဆုံးမသင့်သူတို့ကို ကရုဏာ၊ မေတ္တာတရားလက်ကိုင်ထား၍ နှိပ်ကွပ်ဆုံးမရန်ဖြစ်ပြီး ချီးမြှင့်သင့်သူတို့ကို မုဒိတာ၊ မေတ္တာတရားများ လက်ကိုင်ထားပြီး ချီးမြှောက်သင့်ကြောင်း၊ အချို့ကိစ္စများတွင် ပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှု၊ မြှောက်ပင့်ချီးမွမ်းမှုတို့နှင့် ကြုံလာလျှင်လည်း ဥပေက္ခာတရားလက်ကိုင်ထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဥက္ကဋ္ဌဆရာတော်ကြီးက လျှောက်ထားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် သံဃာ့အခြေခံစည်းမျဉ်းရည်ရွယ်ချက်ပါအတိုင်း သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက် အောင် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ နောင်အနာဂတ် သာသနာတော်အတွက်လည်း ဘုရားရှင်ဆင်ခြင်တော်မူခဲ့သည့် ကြာမျိုးဥပမာ သုံးပါးနှင့်တူကြသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကြုံလာရလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားလေးပါးလက်ကိုင်ထားပြီး အကြိမ်ကြိမ်အထပ်ထပ် တံတိုင်းခတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

တပို့တွဲလပြည့်နေ့သည် သြဝါဒပါတိမောက်အခါတော်နေ့ ဖြစ်သည်။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် အတုမရှိဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီးနောက် ၎င်းနှစ် တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌စံတော်မူစဉ် သြဝါဒပါတိမောက်ဒေသနာတော်ကို တပည့်ရဟန်းများအား ပါဠိဘာသာသုံးဂါထာဖြင့် ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့သည် ကောင်းကင်၌ မိုးတိမ်မြူခိုးတို့ကင်းစင်ကာ သန့်ရှင်းကြည်လင် သည့်နေ့ဖြစ်ပြီး ဗုဒ္ဓမြတ်စွာပွင့်ပေါ်လာသည့် ပထမဆုံးနှစ်ဖြစ်သော ဤနှစ်တွင် မြတ်စွာဘုရားစံတော်မူရာ ဝေဠုဝန်ကျောင်းတော်၌ ရဟန္တာကြီး ၁၂၅၀ တို့ မဖိတ်မကြားဘဲ စုဝေးမိကြသည်။ အားလုံးသော ရဟန္တာများမှာ ဧဟိဘိက္ခုရဟန္တာချည်းသာဖြစ်ကြပြီး အားလုံး အဘိညာဉ်ခြောက်ပါးရတော်မူကြသည့် ဆဠဘိညရဟန္တာကြီးများသာဖြစ်ကြသည်။ သာသနာ့သမိုင်းတွင် ပထမဆုံး ဖြစ်သော အဆိုပါသံဃာ့အစည်းအဝေးကြီးတွင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာကို ပထမအဂ္ဂသာဝကအဖြစ် လည်းကောင်း၊ အရှင်မောဂ္ဂလန်ကို ဒုတိယအဂ္ဂသာဝကအဖြစ်လည်းကောင်း ချီးမြှင့်အပ်နှင်းတော်မူကာ ဝိနည်းသိက္ခာပုဒ်များ ချမှတ်ပြဋ္ဌာန်းခြင်း မပြုရသေးသည့် ကာလဖြစ်သည့်အလျောက် တပည့်သံဃာတော်တို့အား အဆုံးအမ သြဝါဒများ တစ်နည်းအားဖြင့် သြဝါဒပါတိမောက်ကို ပေးတော်မူခဲ့သည်။ ဘုရားရှင်၏ အဆုံး အမ သီလ၊ သမာဓိ၊ ပညာတို့ကို ဟောကြားထားသော သြဝါဒပါတိမောက်မှာ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်လည်းဖြစ်သည်။
သြဝါဒပါတိမောက် ပါဠိ သုံးဂါထာမှာ-
(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ နဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ နဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(၃) အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရော၊ မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္ထဉ္စ သယနာသနံ ၊ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ ဟူ၍ဖြစ်သည်။
ပထမဂါထာ၏ အဓိပ္ပာယ်မှာ သူတစ်ပါးတို့ စော်ကားစွပ်စွဲခြင်းနှင့် အချမ်းအပူစသည်တို့ကို မညှိုးမနွမ်းသည်းခံနိုင်စွမ်းရှိခြင်းသည် မြတ်သော သူတော်ကောင်းတို့၏ အကျင့်ဖြစ်သည်။ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဘုရားအဆူဆူတို့ ဟောတော်မူကုန်၏။ တစ်ပါးသော သတ္တဝါကို သတ်ဖြတ်သူသည် ရဟန်းမဖြစ်နိုင်၊ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်သူသည် ရဟန်းမဖြစ်နိုင်။
ဒုတိယဂါထာ၏ အဓိပ္ပာယ်မှာ မကောင်းမှုဟူသမျှကို မပြုမလုပ်ခြင်းသည်လည်းကောင်း၊ ကောင်းမှုကုသိုလ်တို့ကို ပြည့်စုံအောင် စုဆောင်းခြင်းသည်လည်းကောင်း၊ စိတ်ကို သန့်ရှင်းစင်ကြယ်အောင် ဆောက်တည်ခြင်းသည်လည်းကောင်း ဘုရားရှင်တို့၏ အဆုံးအမသြဝါဒပင်ဖြစ်သည်။
တတိယဂါထာ၏ အဓိပ္ပာယ်မှာ သူတစ်ပါးကို မစွပ်စွဲခြင်း၊ သူတစ်ပါးကို မညှဉ်းဆဲခြင်း၊ ပါတိမောက္ခ သံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ နှစ်ပါး၌ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဆွမ်းခဲဖွယ် ဘောဇဉ်၌ ခံယူမှု၊ သုံးဆောင်မှုတို့၏ အတိုင်းအရှည်ကိုသိရခြင်း တို့သည်လည်းကောင်း။ ဆိတ်ငြိမ်သောကျောင်း၌ ကိန်းအောင်း မွေ့လျော်ခြင်း၊ ထူးမြတ်လွန်ကဲသည့်သမာဓိ၌တည်၍ ကြိုးကုတ် အားထုတ်ခြင်းတို့သည်လည်းကောင်း ဘုရားရှင်အဆူဆူတို့၏ အဆုံးအမများပင်တည်း။ ဟူ၍ဖြစ်သည်။
သြဝါဒပါတိမောက်သည် အကုသိုလ်တို့ကို ရှောင်ရှားကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် စောင့်ရှောက်ပေးသည့် အဆုံးအမတရားများပင်ဖြစ်သည်။ ၎င်းအဆုံးအမများနှင့်အညီ လိုက်နာကျင့်ကြံခြင်းအားဖြင့် အကုသိုလ်တို့ စင်ကြယ်၍ ကုသိုလ် တို့နှင့်ပြည့်စုံကာ ဘဝအဆင့်ဆင့် မြင့်သည်ထက်မြင့်၍ နိဗ္ဗာန်သို့ တိုင် ရောက်ရှိနိုင်မည်ဖြစ်သည်။ သြဝါဒပါတိမောက် ဒေသနာတော် ကို ဘုရားရှင်က ရဟန်းတော်များအား ဟောကြားခဲ့ခြင်းဖြစ်သည့်တိုင် လူပုဂ္ဂိုလ်များသည်လည်း လိုက်နာကျင့်ကြံအပ်သည့် အားလျော်စွာ လူတိုင်းလိုက်နာကျင့်သုံးခြင်းအားဖြင့် ဒုက္ခဆင်းရဲ ကင်းဝေးငြိမ်းအေးချမ်းသာကြပါစေကြောင်း။ ။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို (၁) ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး။ (၂) ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံးချီးမြှောက်ရေး။ (၃) သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဒုလ္လဘအာဇာနည်ပုဂ္ဂိုလ်ထူးဟူ၍ဆိုရမည့် တိပိဋကဓရ ပုဂ္ဂိုလ်များပေါ်ပေါက်လာအောင် အားထုတ်ဆောင်ရွက်ရပါက ထူးခြားလှသည့် ဒုလ္လဘကုသိုလ်တရားများ ဖြစ်ပွားလိမ့်မည်ဟူသော ယုံကြည်မှုဖြင့် တိပိဋကစာပြန်ပွဲကျင်းပရန် ဦးစွာအကြံအစည်ဖြစ်ခဲ့သူမှာ သူဌေးကြီး ဆာဦးသွင်ဖြစ်ပြီး သက္ကရာဇ် ၁၃၀၄ ခုနှစ်မှစကာ ကြံစည်ကြိုးပမ်းခဲ့သော်လည်း အထမမြောက်ခဲ့။ ယင်းနောက် သာသနာတော် ၂၅၀၀ ပြည့်နှစ်အမီ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကျင်းပရန် ဆာဦးသွင်ဦးဆောင်သော ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကြီးက နိုင်ငံတော်သို့တင်ပြခဲ့ရာ နိုင်ငံတော်က ဆဋ္ဌသင်္ဂါယနာတင်ရေးအတွက် အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများနှင့် ညှိနှိုင်းခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာ (၅)နိုင်ငံတို့က ဆဋ္ဌသင်္ဂါယနာတင်ရန် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် ရှိပါသလားဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကြီးသည် တိပိဋကဓရရွေးချယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်း၍ ပိဋကတ်သုံးပုံဆောင် သာသနာ့အာဇာနည်များပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့ဖြင့် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး စတင်ပေါ်ပေါက်လာခဲ့သည်။
တိပိဋကဓရ တိပိဋကကောဝိဒဖြေဆိုမည့်ပုဂ္ဂိုလ်သည် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း သို့မဟုတ် ဝိနယဝိဒူတန်း သို့မဟုတ် သာမဏေကျော် တတိယဆင့် သို့မဟုတ် စေတိယင်္ဂဏနှင့် သကျသီဟ စာမေးပွဲစာသင်တန်းတစ်ခုခုကို အောင်မြင်ပြီးသူ ရဟန်းတော်များနှင့် သာမဏေများ ဖြစ်ရမည်ဖြစ်သည်။ စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ ဇန်နဝါရီလ တတိယပတ်အထိ ၃၃ ရက်ကြာ ဖြေဆိုကြရသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိရန် အာဂုံပြန်ဖြေဆိုခြင်း ၅ ဆင့်နှင့် သဘောရေးဖြေ ၅ ဆင့် စုစုပေါင်း ၁၀ ဆင့်ကို အောင်မြင်စွာ ဖြေဆိုကြရသည်။ အာဂုံပြန်အပိုင်းတွင် ဝိနယပိဋက ဝိနည်းပထမပိုင်းနှစ်ကျမ်း (စာမျက်နှာ ၈၅၁ မျက်နှာ)၊ ဝိနယ ပိဋက ဝိနည်းဒုတိယပိုင်း သုံးကျမ်း (စာမျက်နှာ ၁၄၀၉ မျက်နှာ)၊ သုတ္တန္တပိဋက ဒီဃနိကာယ် သုံးကျမ်း (စာမျက် နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း (စာမျက်နှာ ၃၅၉၇ မျက်နှာ) စုစုပေါင်းစာမျက်နှာ ၈၀၂၆ မျက်နှာကို အာဂုံပြန်ဆိုကြရခြင်း ဖြစ်သည်။
အာဂုံပြန်ဆိုရာတွင် တစ်ကျမ်းလျှင်သုံးရက်နှုန်း၊ တစ်ရက်လျှင် နံနက်ပိုင်းလေးကြိမ်၊ ညနေပိုင်းငါးကြိမ် စုစုပေါင်းကိုးကြိမ်ပြန်ဆိုကြရသည်။ တစ်ကြိမ်လျှင် ၂၅ မိနစ် ပြန်ဆို၍ ၁၀ မိနစ် နားခွင့်ရှိသည်။ တစ်နေ့တာအတွက် ငါးကြိမ်ထောက်မပေးခွင့်ရှိပြီး ငါးကြိမ်ထက်ကျော်လွန်ထောက်မပေးရပါက ကျရှုံးသည်ဟု သတ်မှတ်သည်။ စာအထောက်အမလွတ်၍ သန့်ရှင်းထူးကဲစွာပြန်ဆိုနိုင်သည့် ပုဂ္ဂိုလ်များကို “ဝိသိဋ္ဌ” အထူးအောင်အဖြစ်သတ်မှတ်သည်။ သို့ဖြစ်ရာ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီးဖြစ်ပြီး မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံကို သဘောတရားနှင့်တကွ နှုတ်ငုံဆောင်နိုင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးများ ပေါ်လာရန်မှာလည်း ဒုလ္လဘအဖြစ်ထူးပင်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ (၁၈)ပါးမြောက် တိပိဋက ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ (၇၇) ကြိမ်မြောက် တိပိဋကစာမေးပွဲတွင်လည်း တိပိဋကဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့ခြင်းဖြစ်ရာ နှစ်နှစ်ဆက်တိုက် ပေါ်ထွန်းခြင်းပင်ဖြစ်သည်။
(၇၈)ကြိမ်မြောက် တိပိဋကရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် (၁၈)ပါးမြောက် သာသနာ့အာဇာနည် အရှင်သူမြတ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရ၊ သက်တော် ၅၁ နှစ်၊ သိက္ခာတော် ၃၁ ဝါ ဖြစ်သည်။ အောင်မြင်ရန်ခက်ခဲလှသည့် တိပိဋကရွေးချယ်ရေးစာမေးပွဲကြီးကို အောင်မြင်ကာ သာသနာ့အာဇာနည်ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းလာခြင်း၊ တစ်နှစ်ပြီးတစ်နှစ် နှစ်မခြားဘဲ သာသနာ့အာဇာနည်ပုဂ္ဂိုလ် တစ်ပါးပြီးတစ်ပါး နှစ်နှစ်ဆက်တိုက် ပေါ်ထွန်းလာခဲ့ခြင်းတို့သည် သာသနာ့နွယ်ဝင် သူတော်စင်တို့အတွက် ကုသိုလ်တရားပွားများစေပြီး ဗုဒ္ဓမြတ်စွာသာသနာကို ပိုမိုထွန်းလင်းတောက်ပစေသည့်အဖြစ်ထူးနှင့် ကြုံတောင့်ကြုံခဲထူးခြားစွာ ကြုံရခြင်းပင်ဖြစ်ပါကြောင်း။ ။