ကဏ္ဍများ

တရုတ်နိုင်ငံက အမေရိကန်၏ AI လွှမ်းမိုးမှုကို စိန်ခေါ်လိုက်ပြီ
ကမ္ဘာ့ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးမှုသည် အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ၎င်း၏ AI လွှမ်းမိုးမှုနှင့် ဩဇာ သက်ရောက်မှုကို အရှိန်မြှင့်လာခဲ့ပြီး၊ ထိုအချက်သည် ကမ္ဘာ့အစဉ်အလာအသစ်တွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်လိုသည့် တရုတ်၏ ပြင်းပြသောရည်မှန်းချက်ကို ထင်ဟပ်စေပါသည်။ AI သည် သိပ္ပံနှင့်စက်မှုတော်လှန်ရေးအသစ်၏ မောင်းနှင်အားဖြစ်လာပြီး နည်းပညာသည် အမှန်တကယ် တည်မြဲသည့် တန်ဖိုးကို ဖန်တီးနိုင်သလားဆိုသည့် အဓိကမေးခွန်းအား တရုတ်နိုင်ငံက "ဖန်တီး နိုင်သည်" ဟု ယုံကြည်စွာ ဖြေကြားနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘာ့ AI ဆန်းသစ်တီထွင်မှု၏ အဓိကအင်ဂျင်တစ်ခုသာမက AI အုပ်ချုပ်မှုစနစ် ပုံဖော်ရာတွင်လည်း မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ တရုတ်၏ AI ပုံစံ သည် စရိတ်သက်သာခြင်း၊ ထုတ်လုပ်မှုစွမ်းအားမြင့်မားခြင်း၊ ပွင့်လင်းမြင်သာသော အရင်းအမြစ် များကိုအခြေခံခြင်းဖြင့် အနောက်နိုင်ငံများ၏ ယှဉ်ပြိုင်ဟန့်တားမှုနှင့် ပုဂ္ဂလိကအကျိုးစီးပွားကို အခြေခံသည့် ချဉ်းကပ်နည်းများနှင့် ကွဲပြားစွာ ကမ္ဘာ့ AI ဖွံ့ဖြိုးမှုအတွက် ပုံစံသစ်တစ်ခုကို ပေးစွမ်း နေပါသည်။ တရုတ်၏ အဆိုပါရည်မှန်းချက်များသည် ရုတ်တရက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ၂၀၁၇ ခုနှစ် တွင် တရုတ်အစိုးရက "မျိုးဆက်သစ် ဉာဏ်ရည်တု ဖွံ့ဖြိုးမှုအစီအစဉ်" (New Generation AI Development Plan) ကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် ၂၀၃၀ ပြည့်နှစ်တွင် AI နယ်ပယ်တွင် ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်လာရန် လမ်းပြမြေပုံအဖြစ်ရေးဆွဲပေးသည့် အခြေခံကျသော ဗျူဟာမူဝါဒ ဖြစ်ပြီး ထိုအချိန်တွင် တရုတ်၏ AI စက်မှုလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများ၏ တန်ဖိုးသည် ၁.၄ ထရီလီယံ အထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ စျေးကွက်အရွယ်အစား၏ အားသာချက်များအပြင် AI သည် သက်ကြီးရွယ်အိုဦးရေနှင့် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာမှုကဲ့သို့သော လူမှုစီးပွားစိန်ခေါ်မှုများကို ကာမိရန် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။ တရုတ်၏ ရိုးရှင်းသည့် ဗျူဟာမြောက် မျှော်မှန်းချက်မှာ AI သည် တရုတ်၏ လူမှုစီးပွားပုံစံကို ပိုမိုအဆင့်မြင့်ပြီး ဆန်းသစ်တီထွင်မှုကို အခြေခံသည့် အဆင့်သို့ မွမ်းမံရာတွင် အဓိကကျမည်ဖြစ်သည်။ တရုတ်၏ ချဉ်းကပ်မှုသည် အချက် ၄ ချက်အပေါ် အခြေခံလျက်ရှိပြီး ၎င်းတို့မှာ (၁) ဒေတာ၊ (၂) စွမ်းအင်ထောက်ပံ့မှု၊ (၃) တွက်ချက်မှုစွမ်းရည်နှင့် (၄) အရည်အချင်းပြည့်ဝသော လုပ်သား အင်အား တို့ဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုပါအချက်များထဲမှ အချက် ၃ ချက်တွင် သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ရရှိနေပြီး ယင်းတို့မှာ ၎င်း၏ လူဦးရေများပြားမှုက များစွာသော အချက် အလက်များကို ထုတ်လုပ်ပေးနိုင်ခြင်း၊ စွမ်းအင်ကဏ္ဍသည် ကျယ်ပြန့်စွာဖြင့် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာနေခြင်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာကဏ္ဍများတွင် အထူး ကျွမ်းကျင် သည့် လုပ်သားအင်အား ရှိနေခြင်း တို့ဖြစ်ပါသည်။ အနောက်နိုင်ငံများ၏ တင်ပို့မှု ကန့်သတ်ချက် များကြောင့် အားနည်းချက်မှာ တွက်ချက်မှုဆိုင်ရာ ဟာ့ဒ်ဝဲနယ်ပယ် (Computing hardware) ဖြစ်သော်လည်း၊ တရုတ်နိုင်ငံသည် မိမိကိုယ်ပိုင်စွမ်းရည်များ တည်ဆောက်ရန် တက်ကြွစွာ ရင်းနှီး မြှုပ်နှံလျက် ရှိပါသည်။အမေရိကန်သည် တရုတ်၏ AI ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ထိန်းချုပ်ရန် နည်းပညာ တင်ပို့မှု ကန့်သတ်ချက်များဖြင့် အဆင့်မြင့်ဆုံး ချစ်ပ်များရရှိမှုလမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် Trump အစိုးရသည် Winning the Race: America’s AI Action Plan ကို ကြေညာ ခဲ့ပြီး၊ နည်းပညာဆိုင်ရာ သာလွန်မှုနှင့် မူဝါဒဆိုင်ရာအထောက်အပံ့များကို အသုံးပြု၍ ကမ္ဘာ့စျေးကွက် တွင် ပိုမိုကြီးမားသော ဈေးကွက်ဝေစုကိုရရှိရန် ရည်ရွယ်ထားသည်။ အဆိုပါမူဝါဒသည် အမေရိကန် ၏ နည်းပညာဦးဆောင်မှုနှင့် လွှမ်းမိုးမှုကို ထိန်းသိမ်းရန်ကိုသာ အဓိကထားပြီး၊ လက်တွေ့ စိန်ခေါ်မှု များဖြေရှင်းခြင်း သို့မဟုတ် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်မဟုတ်ပေ။ ၎င်းသည် အမေရိကန် AI စက်ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်ရန်နှင့် တရုတ်၏ AI မော်ဒယ်များ ပျံ့နှံ့မှုကို ဟန့်တားရန် အားပေးထောက်ခံထားသည်။ သို့သော် အမေရိကန်သည် “ငါနိုင်ရင်သင်ရှုံးမည်” ဟူသော (zero-sum) အတွေးအခေါ်တွင် ကျော့ကွင်းမိနေဆဲဖြစ်ပြီး နည်းပညာ ပိတ်ဆို့မှု များဖြင့် AI နယ်ပယ်တွင် အမြဲတမ်းလွှမ်းမိုးနိုင်မည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှု (illusion) ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။တရုတ်နိုင်ငံသည် AI ဆိုင်ရာ အသေးစိတ်ကျပြီး ဥပဒေအရထိန်းချုပ်နိုင်သည့် ပြည်တွင်း စည်းမျဉ်းများကို ပထမဆုံး မိတ်ဆက်ခဲ့သည့် နိုင်ငံဖြစ်သည်။ အဆိုပါစည်းမျဉ်းများသည် နိုင်ငံတော် အစီအစဉ်ချမှတ်ခြင်းနှင့် စျေးကွက်မှ လှုံ့ဆော်မှုများကို ပေါင်းစပ်ကာ၊ ပြည်တွင်းခံနိုင်ရည်နှင့် နိုင်ငံတကာပွင့်လင်းမြင်သာမှုကို တစ်ပြိုင်နက် မြှင့်တင်သည့် ဗျူဟာတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။ အဆိုပါအခြေခံကျောရိုးသည် AI ၏ အခန်းကဏ္ဍကို စီးပွားရေးတိုးတက်မှု၏ မောင်းနှင်အား အဖြစ်သာမက၊ နိုင်ငံတော်ခေတ်မီရေး၊ လူမှုအသွင်ကူးပြောင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ မဏ္ဍိုင်အဖြစ် အလေးပေးဖော်ပြထားသည်။တရုတ်၏ မျှော်မှန်းချက်တွင် ထူးခြားသော အချက်တစ်ခုမှာ "ဒေတာ" ကို အလုပ်သမား၊ အရင်းအနှီး၊ မြေယာနှင့် နည်းပညာတို့နှင့်အတူ "ပဉ္စမမြောက် ကုန်ထုတ်စွမ်းအားစု" (fifth factor of production) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။ ဒေတာကို နိုင်ငံတော်၏ ဗျူဟာမြောက် အရင်းအမြစ်အဖြစ် သတ်မှတ်ခြင်းဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် ဆန်းသစ် တီထွင်မှုကို အရှိန်မြှင့်တင်ရန်၊ လက်ဝါးကြီးအုပ်မှုကို ရှောင်ရှားရန် အခြေခံအဆောက်အအုံများကို ညှိနှိုင်းရန်၊ ပြည်သူ့အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ထားသည်။ တရုတ်၏ AI ဗျူဟာသည် ပြည်တွင်းဖွံ့ဖြိုးရေးထက် ကျော်လွန်၍ ကမ္ဘာ့အုပ်ချုပ်ရေးနယ်ပယ်အထိ ကျယ်ပြန့်စွာ လွှမ်းခြုံထားသည်။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် AI ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့် မူဘောင်များ ချမှတ်ရန် ရည်မှန်းချက်ကြီးမားသော သံတမန်ရေးရာ အစီအစဉ်ကို အားဖြည့်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် "ကမ္ဘာ့ AI အုပ်ချုပ်ရေးစတင် လှုပ်ရှားမှု" (Global AI Governance Initiative - GAIGI) တွင် လူသားဗဟိုပြုချဉ်းကပ်မှု၊ နိုင်ငံတော် အချုပ်အခြာအာဏာကို လေးစားခြင်း၊ နိုင်ငံတကာဥပဒေကို လိုက်နာခြင်းနှင့် AI ၏ အကျိုး ကျေးဇူးများကို တရားမျှတစွာ မျှဝေခြင်းစသည့် အခြေခံမူများကို ချမှတ်ထားသည်။ ၎င်းသည် ပွင့်လင်းသော အရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာလုံခြုံရေး၊ ကိုယ်ရေးကိုယ်တာ ကာကွယ်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခြေခံညီညွတ်မှုကို အလေးထားကာ AI အာဏာကို နိုင်ငံ အနည်းငယ်နှင့် ကော်ပိုရေးရှင်းအနည်းငယ်၏ လက်ထဲတွင် စုစည်းမခံရန် အာမခံချက် ပေးထား သည်။၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် "ဉာဏ်ရည်တုစွမ်းရည်မြှင့်တင်ရေး ကမ္ဘာ့ လုပ်ငန်းစဉ်" (AI Capacity-Building Action Plan for Good and for All) ကို ကြေညာခဲ့သည်။ အဆိုပါ မူဝါဒသည် နည်းပညာလက်တွေ့အသုံးချနိုင်မှု (interoperability) မြှင့်တင်ခြင်း၊ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများအတွက် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းစေခြင်း၊ စီးပွားရေးအကျိုးသက်ရောက်မှုများ ဖော်ဆောင်ခြင်း၊ ပညာရေးစနစ်တွင် AI ပေါင်းစပ်ခြင်း နှင့် ဒေတာလုံခြုံရေး မြှင့်တင်ခြင်းတို့ကို ရည်ရွယ်သည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ဒေတာမျှဝေမှု ပလက်ဖောင်းတစ်ခု ဖန်တီးရန် အလားအလာကိုပါ ရှုမြင်ထားသည်။၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံသည် Global AI Governance Action Plan ကို ထပ်မံ ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ၏ Global Digital Compact နှင့်အညီ လုပ်ငန်းစဉ်များကို ညှိနှိုင်းကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်၊ စံနှုန်းများညှိနှိုင်းရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို တိုက်တွန်းခဲ့သည်။ကုလသမဂ္ဂအဆင့်တွင် တရုတ်နိုင်ငံသည် အဆိုပါလုပ်ငန်းများကို ဘက်ပေါင်းစုံမူဘောင်များတွင် အခြေစိုက်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကျင်းပသော အထွေထွေညီလာခံ၌ တရုတ်ဦးဆောင်သော "နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး" ဆိုင်ရာ ဆုံးဖြတ်ချက် ကို နိုင်ငံပေါင်း ၁၄၀ ကျော်က ထောက်ခံအတည်ပြုခဲ့သည်။ ထိုနှစ်နှောင်းပိုင်းတွင် တရုတ်နှင့် ဇမ်ဘီယာနိုင်ငံတို့ပူးပေါင်း၍ "AI စွမ်းရည်မြှင့်တင်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဖွဲ့" (Group of Friends for International Cooperation on AI Capacity-Building) ကို ဖွဲ့စည်းခဲ့ပြီး AI နည်းပညာကွာဟမှု လျှော့ချရေးနှင့် ကုလသမဂ္ဂ၏ AI အုပ်ချုပ်ရေးတွင် အခန်း ကဏ္ဍ မြှင့်တင်ရေးကို အာရုံစိုက်ခဲ့သည်။တရုတ်နိုင်ငံသည် နိုင်ငံတကာဆွေးနွေးပွဲများကိုလည်း ဖန်တီးခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် စတင် ကျင်းပခဲ့သော "ကမ္ဘာ့ AI ညီလာခံ" (World AI Conference - WAIC) သည် "ကမ္ဘာ့ AI အုပ်ချုပ်ရေး ဆိုင်ရာ ရှန်ဟိုင်းကြေညာစာတမ်း" (Shanghai Declaration on Global AI Governance) ကို အတည်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ်ညီလာခံတွင် ကမ္ဘာ့လုပ်ငန်းစဉ်ကို ထုတ်ပြန်ရုံသာမက "ကမ္ဘာ့ AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့" (Global AI Cooperation Organization) ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး ယင်းအဖွဲ့၏ ရုံးချုပ်ကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ အဆိုပါအဖွဲ့သည် AI ပူးပေါင်း အုပ်ချုပ်ရေး၊ ဒစ်ဂျစ်တယ်နှင့်ဒေတာကွာဟမှုများ လျှော့ချရေးနှင့် အထူးသဖြင့် ကမ္ဘာ့တောင်ဘက် ခြမ်းဒေသ၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို ထင်ဟပ်စေသည့် ညီညွတ်သော ကမ္ဘာ့ စည်းမျဉ်းများ ပုံဖော်ရေးတို့ကို အဓိကလုပ်ဆောင်မည်ဖြစ်သည်။နိုင်ငံတော်မူဝါဒက ဗျူဟာ မူဘောင်ချမှတ်ပေးထားသော်လည်း တရုတ်၏ AI အောင်မြင်မှု အများစု ကို "AI ကျားခြောက်ကောင်" (Six Tigers) ဟုခေါ်သော ပုဂ္ဂလိကနည်းပညာလုပ်ငန်းများက ဦးဆောင် နေသည်။ ၂၀၂၄ တွင် Z.ai က GLM-4-Plus မော်ဒယ်ဖြင့် OpenAI ၏ GPT-4o နှင့်ရင်ပေါင် တန်းခဲ့ရာ၊ ၂၀၂၅ တွင် ထုတ်ပြန်သော DeepSeek အပါအဝင် GLM-4.5 မော်ဒယ်သည် အနောက် နိုင်ငံများ၏ စံချိန်တင်မော်ဒယ်များကိုပင် စရိတ်သက်သာစွာဖြင့် ကျော်လွန်နိုင်ခဲ့သည်။ အလီဘာဘာ မှ ရင်းနှီးမြှုပ်နှံထားသော Moonshot ၏ Kimi K2 မော်ဒယ်သည်လည်း ChatGPT ထက် စျေးနှုန်း ချိုသာပြီး စွမ်းဆောင်ရည်မြင့်မားသည့် open-source မော်ဒယ်အဖြစ် ထင်ရှားလာခဲ့သည်။တရုတ်သည် အနောက်နိုင်ငံများ၏ "ပိတ်ဆို့ထိန်းချုပ်ရေး" (containment) ချဉ်းကပ်မှုနှင့် ကွဲပြားစွာ open-source မော်ဒယ်များကို တက်ကြွစွာမြှင့်တင်လျက်ရှိသည်။ အဆိုပါ ဗျူဟာသည် ပြည်တွင်းရှိ startup များအတွက် အခွင့်အလမ်းများဖန်တီးပေးရုံသာမက၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နည်းပညာပူးပေါင်းမှုတွင် တရုတ်၏အကျိုးစီးပွားကိုလည်း မြှင့်တင်ပေးနေသည်။တရုတ်၏ AI မဟာဗျူဟာတွင် ထင်ရှားသောအားနည်းချက်မှာ ချစ်ပ်နှင့်ဆက်စပ်သော တွက်ချက်မှုစွမ်းရည် (computing power) ကဏ္ဍဖြစ်သော်လည်း၊ ခေတ်မီရေး၊ ပညာရေးနှင့် နိုင်ငံတကာစံနှုန်းများသတ်မှတ်ရေးတို့နှင့်ပေါင်းစပ်၍ ရေရှည်ဗျူဟာချမှတ်ထားသည်။ ၂၀၂၄ ကုလသမဂ္ဂဆုံးဖြတ်ချက်နှင့် ၂၀၂၅ Global AI Cooperation Organization တည်ထောင်ရေး အဆိုတို့သည် တရုတ်၏ စံပြုမှုကို ကမ္ဘာ့အဆင့်တွင် မြှင့်တင်နေသည်။AI စွမ်းရည်သည် စီးပွားရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုတို့၏ အဓိကအချက်ဖြစ်လာသည်နှင့်အမျှ တရုတ်၏ "ဒေတာသည် ပဉ္စမမြောက်ထုတ်လုပ်မှုအခြေခံအချက်" ဟူသော အမြင်နှင့် open-source ပူးပေါင်းမှုဗျူဟာသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆွဲဆောင်မှုရှိလာသည်။ GLM-4.5 နှင့် Kimi K2 တို့၏အောင်မြင်မှုက နည်းပညာဦးဆောင်မှုပြိုင်ပွဲသည် Silicon Valley တစ်ခုတည်း၏ လက်ဝါးကြီးအုပ်မှုမှ လွတ်မြောက်နေပြီဟု သက်သေပြနေသည်။ကမ္ဘာ့ AI အနာဂတ်ကို နည်းပညာ၊ နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ရွေးချယ်မှုများ၏ ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများက ပုံဖော်ပေးလိမ့်မည်။ တရုတ်၏ "AI သည် တားဆီးမှုမဟုတ်၊ တံတားဖြစ်စေရမည်" ဆိုသည့် မူဝါဒသည် ကမ္ဘာ့အစဉ်အလာအသစ်အတွက် ရွေးချယ်စရာ တစ်ခု အဖြစ် ရပ်တည်လာနေပြီဖြစ်သည်။ကိုးကား- RTဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂

ကမ္ဘာ့ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးမှုသည် အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ၎င်း၏ AI လွှမ်းမိုးမှုနှင့် ဩဇာ သက်ရောက်မှုကို အရှိန်မြှင့်လာခဲ့ပြီး၊ ထိုအချက်သည် ကမ္ဘာ့အစဉ်အလာအသစ်တွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်လိုသည့် တရုတ်၏ ပြင်းပြသောရည်မှန်းချက်ကို ထင်ဟပ်စေပါသည်။ AI သည် သိပ္ပံနှင့်စက်မှုတော်လှန်ရေးအသစ်၏ မောင်းနှင်အားဖြစ်လာပြီး နည်းပညာသည် အမှန်တကယ် တည်မြဲသည့် တန်ဖိုးကို ဖန်တီးနိုင်သလားဆိုသည့် အဓိကမေးခွန်းအား တရုတ်နိုင်ငံက "ဖန်တီး နိုင်သည်" ဟု ယုံကြည်စွာ ဖြေကြားနိုင်ခဲ့ပါသည်။ 

တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘာ့ AI ဆန်းသစ်တီထွင်မှု၏ အဓိကအင်ဂျင်တစ်ခုသာမက AI အုပ်ချုပ်မှုစနစ် ပုံဖော်ရာတွင်လည်း မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ တရုတ်၏ AI ပုံစံ သည် စရိတ်သက်သာခြင်း၊ ထုတ်လုပ်မှုစွမ်းအားမြင့်မားခြင်း၊ ပွင့်လင်းမြင်သာသော အရင်းအမြစ် များကိုအခြေခံခြင်းဖြင့် အနောက်နိုင်ငံများ၏ ယှဉ်ပြိုင်ဟန့်တားမှုနှင့် ပုဂ္ဂလိကအကျိုးစီးပွားကို အခြေခံသည့် ချဉ်းကပ်နည်းများနှင့် ကွဲပြားစွာ ကမ္ဘာ့ AI ဖွံ့ဖြိုးမှုအတွက် ပုံစံသစ်တစ်ခုကို ပေးစွမ်း နေပါသည်။ 

တရုတ်၏ အဆိုပါရည်မှန်းချက်များသည် ရုတ်တရက် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ၂၀၁၇ ခုနှစ် တွင် တရုတ်အစိုးရက "မျိုးဆက်သစ် ဉာဏ်ရည်တု ဖွံ့ဖြိုးမှုအစီအစဉ်" (New Generation AI Development Plan) ကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် ၂၀၃၀ ပြည့်နှစ်တွင် AI နယ်ပယ်တွင် ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်လာရန် လမ်းပြမြေပုံအဖြစ်ရေးဆွဲပေးသည့် အခြေခံကျသော ဗျူဟာမူဝါဒ ဖြစ်ပြီး ထိုအချိန်တွင် တရုတ်၏ AI စက်မှုလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများ၏ တန်ဖိုးသည် ၁.၄ ထရီလီယံ အထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ 

စျေးကွက်အရွယ်အစား၏ အားသာချက်များအပြင် AI သည် သက်ကြီးရွယ်အိုဦးရေနှင့် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာမှုကဲ့သို့သော လူမှုစီးပွားစိန်ခေါ်မှုများကို ကာမိရန် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။ တရုတ်၏ ရိုးရှင်းသည့် ဗျူဟာမြောက် မျှော်မှန်းချက်မှာ AI သည် တရုတ်၏ လူမှုစီးပွားပုံစံကို ပိုမိုအဆင့်မြင့်ပြီး ဆန်းသစ်တီထွင်မှုကို အခြေခံသည့် အဆင့်သို့ မွမ်းမံရာတွင် အဓိကကျမည်ဖြစ်သည်။ 

တရုတ်၏ ချဉ်းကပ်မှုသည် အချက် ၄ ချက်အပေါ် အခြေခံလျက်ရှိပြီး ၎င်းတို့မှာ (၁) ဒေတာ၊ (၂) စွမ်းအင်ထောက်ပံ့မှု၊ (၃) တွက်ချက်မှုစွမ်းရည်နှင့် (၄) အရည်အချင်းပြည့်ဝသော လုပ်သား အင်အား တို့ဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုပါအချက်များထဲမှ အချက် ၃ ချက်တွင် သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ရရှိနေပြီး ယင်းတို့မှာ ၎င်း၏ လူဦးရေများပြားမှုက များစွာသော အချက် အလက်များကို ထုတ်လုပ်ပေးနိုင်ခြင်း၊ စွမ်းအင်ကဏ္ဍသည် ကျယ်ပြန့်စွာဖြင့် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာနေခြင်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာကဏ္ဍများတွင် အထူး ကျွမ်းကျင် သည့် လုပ်သားအင်အား ရှိနေခြင်း တို့ဖြစ်ပါသည်။ အနောက်နိုင်ငံများ၏ တင်ပို့မှု ကန့်သတ်ချက် များကြောင့် အားနည်းချက်မှာ တွက်ချက်မှုဆိုင်ရာ ဟာ့ဒ်ဝဲနယ်ပယ် (Computing hardware) ဖြစ်သော်လည်း၊ တရုတ်နိုင်ငံသည် မိမိကိုယ်ပိုင်စွမ်းရည်များ တည်ဆောက်ရန် တက်ကြွစွာ ရင်းနှီး မြှုပ်နှံလျက် ရှိပါသည်။

အမေရိကန်သည် တရုတ်၏ AI ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ထိန်းချုပ်ရန် နည်းပညာ တင်ပို့မှု ကန့်သတ်ချက်များဖြင့် အဆင့်မြင့်ဆုံး ချစ်ပ်များရရှိမှုလမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် Trump အစိုးရသည် Winning the Race: America’s AI Action Plan ကို ကြေညာ ခဲ့ပြီး၊ နည်းပညာဆိုင်ရာ သာလွန်မှုနှင့် မူဝါဒဆိုင်ရာအထောက်အပံ့များကို အသုံးပြု၍ ကမ္ဘာ့စျေးကွက် တွင် ပိုမိုကြီးမားသော ဈေးကွက်ဝေစုကိုရရှိရန် ရည်ရွယ်ထားသည်။ အဆိုပါမူဝါဒသည် အမေရိကန် ၏ နည်းပညာဦးဆောင်မှုနှင့် လွှမ်းမိုးမှုကို ထိန်းသိမ်းရန်ကိုသာ အဓိကထားပြီး၊ လက်တွေ့ စိန်ခေါ်မှု များဖြေရှင်းခြင်း သို့မဟုတ် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်မဟုတ်ပေ။ ၎င်းသည် အမေရိကန် AI စက်ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်ရန်နှင့် တရုတ်၏ AI မော်ဒယ်များ ပျံ့နှံ့မှုကို ဟန့်တားရန် အားပေးထောက်ခံထားသည်။ သို့သော် အမေရိကန်သည် “ငါနိုင်ရင်သင်ရှုံးမည်” ဟူသော (zero-sum) အတွေးအခေါ်တွင် ကျော့ကွင်းမိနေဆဲဖြစ်ပြီး နည်းပညာ ပိတ်ဆို့မှု များဖြင့် AI နယ်ပယ်တွင် အမြဲတမ်းလွှမ်းမိုးနိုင်မည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှု (illusion) ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

တရုတ်နိုင်ငံသည် AI ဆိုင်ရာ အသေးစိတ်ကျပြီး ဥပဒေအရထိန်းချုပ်နိုင်သည့် ပြည်တွင်း စည်းမျဉ်းများကို ပထမဆုံး မိတ်ဆက်ခဲ့သည့် နိုင်ငံဖြစ်သည်။ အဆိုပါစည်းမျဉ်းများသည် နိုင်ငံတော် အစီအစဉ်ချမှတ်ခြင်းနှင့် စျေးကွက်မှ လှုံ့ဆော်မှုများကို ပေါင်းစပ်ကာ၊ ပြည်တွင်းခံနိုင်ရည်နှင့် နိုင်ငံတကာပွင့်လင်းမြင်သာမှုကို တစ်ပြိုင်နက် မြှင့်တင်သည့် ဗျူဟာတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။ အဆိုပါအခြေခံကျောရိုးသည် AI ၏ အခန်းကဏ္ဍကို စီးပွားရေးတိုးတက်မှု၏ မောင်းနှင်အား အဖြစ်သာမက၊ နိုင်ငံတော်ခေတ်မီရေး၊ လူမှုအသွင်ကူးပြောင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ မဏ္ဍိုင်အဖြစ် အလေးပေးဖော်ပြထားသည်။

တရုတ်၏ မျှော်မှန်းချက်တွင် ထူးခြားသော အချက်တစ်ခုမှာ "ဒေတာ" ကို အလုပ်သမား၊ အရင်းအနှီး၊ မြေယာနှင့် နည်းပညာတို့နှင့်အတူ "ပဉ္စမမြောက် ကုန်ထုတ်စွမ်းအားစု" (fifth factor of production) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။ ဒေတာကို နိုင်ငံတော်၏ ဗျူဟာမြောက် အရင်းအမြစ်အဖြစ် သတ်မှတ်ခြင်းဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် ဆန်းသစ် တီထွင်မှုကို အရှိန်မြှင့်တင်ရန်၊ လက်ဝါးကြီးအုပ်မှုကို ရှောင်ရှားရန် အခြေခံအဆောက်အအုံများကို ညှိနှိုင်းရန်၊ ပြည်သူ့အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ထားသည်။ 

တရုတ်၏ AI ဗျူဟာသည် ပြည်တွင်းဖွံ့ဖြိုးရေးထက် ကျော်လွန်၍ ကမ္ဘာ့အုပ်ချုပ်ရေးနယ်ပယ်အထိ ကျယ်ပြန့်စွာ လွှမ်းခြုံထားသည်။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် AI ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့် မူဘောင်များ ချမှတ်ရန် ရည်မှန်းချက်ကြီးမားသော သံတမန်ရေးရာ အစီအစဉ်ကို အားဖြည့်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် "ကမ္ဘာ့ AI အုပ်ချုပ်ရေးစတင် လှုပ်ရှားမှု" (Global AI Governance Initiative - GAIGI) တွင် လူသားဗဟိုပြုချဉ်းကပ်မှု၊ နိုင်ငံတော် အချုပ်အခြာအာဏာကို လေးစားခြင်း၊ နိုင်ငံတကာဥပဒေကို လိုက်နာခြင်းနှင့် AI ၏ အကျိုး ကျေးဇူးများကို တရားမျှတစွာ မျှဝေခြင်းစသည့် အခြေခံမူများကို ချမှတ်ထားသည်။ ၎င်းသည် ပွင့်လင်းသော အရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာလုံခြုံရေး၊ ကိုယ်ရေးကိုယ်တာ ကာကွယ်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခြေခံညီညွတ်မှုကို အလေးထားကာ AI အာဏာကို နိုင်ငံ အနည်းငယ်နှင့် ကော်ပိုရေးရှင်းအနည်းငယ်၏ လက်ထဲတွင် စုစည်းမခံရန် အာမခံချက် ပေးထား သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် "ဉာဏ်ရည်တုစွမ်းရည်မြှင့်တင်ရေး ကမ္ဘာ့ လုပ်ငန်းစဉ်" (AI Capacity-Building Action Plan for Good and for All) ကို ကြေညာခဲ့သည်။ အဆိုပါ မူဝါဒသည် နည်းပညာလက်တွေ့အသုံးချနိုင်မှု (interoperability) မြှင့်တင်ခြင်း၊ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများအတွက် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းစေခြင်း၊ စီးပွားရေးအကျိုးသက်ရောက်မှုများ ဖော်ဆောင်ခြင်း၊ ပညာရေးစနစ်တွင် AI ပေါင်းစပ်ခြင်း နှင့် ဒေတာလုံခြုံရေး မြှင့်တင်ခြင်းတို့ကို ရည်ရွယ်သည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ဒေတာမျှဝေမှု ပလက်ဖောင်းတစ်ခု ဖန်တီးရန် အလားအလာကိုပါ ရှုမြင်ထားသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံသည် Global AI Governance Action Plan ကို ထပ်မံ ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ၏ Global Digital Compact နှင့်အညီ လုပ်ငန်းစဉ်များကို ညှိနှိုင်းကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်၊ စံနှုန်းများညှိနှိုင်းရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂအဆင့်တွင် တရုတ်နိုင်ငံသည် အဆိုပါလုပ်ငန်းများကို ဘက်ပေါင်းစုံမူဘောင်များတွင် အခြေစိုက်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကျင်းပသော အထွေထွေညီလာခံ၌ တရုတ်ဦးဆောင်သော "နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး" ဆိုင်ရာ ဆုံးဖြတ်ချက် ကို နိုင်ငံပေါင်း ၁၄၀ ကျော်က ထောက်ခံအတည်ပြုခဲ့သည်။ ထိုနှစ်နှောင်းပိုင်းတွင် တရုတ်နှင့် ဇမ်ဘီယာနိုင်ငံတို့ပူးပေါင်း၍ "AI စွမ်းရည်မြှင့်တင်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဖွဲ့" (Group of Friends for International Cooperation on AI Capacity-Building) ကို ဖွဲ့စည်းခဲ့ပြီး AI နည်းပညာကွာဟမှု လျှော့ချရေးနှင့် ကုလသမဂ္ဂ၏ AI အုပ်ချုပ်ရေးတွင် အခန်း ကဏ္ဍ မြှင့်တင်ရေးကို အာရုံစိုက်ခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာဆွေးနွေးပွဲများကိုလည်း ဖန်တီးခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် စတင် ကျင်းပခဲ့သော "ကမ္ဘာ့ AI ညီလာခံ" (World AI Conference - WAIC) သည် "ကမ္ဘာ့ AI အုပ်ချုပ်ရေး ဆိုင်ရာ ရှန်ဟိုင်းကြေညာစာတမ်း" (Shanghai Declaration on Global AI Governance) ကို အတည်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ်ညီလာခံတွင် ကမ္ဘာ့လုပ်ငန်းစဉ်ကို ထုတ်ပြန်ရုံသာမက "ကမ္ဘာ့ AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့" (Global AI Cooperation Organization) ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး ယင်းအဖွဲ့၏ ရုံးချုပ်ကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ အဆိုပါအဖွဲ့သည် AI ပူးပေါင်း အုပ်ချုပ်ရေး၊ ဒစ်ဂျစ်တယ်နှင့်ဒေတာကွာဟမှုများ လျှော့ချရေးနှင့် အထူးသဖြင့် ကမ္ဘာ့တောင်ဘက် ခြမ်းဒေသ၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို ထင်ဟပ်စေသည့် ညီညွတ်သော ကမ္ဘာ့ စည်းမျဉ်းများ ပုံဖော်ရေးတို့ကို အဓိကလုပ်ဆောင်မည်ဖြစ်သည်။

နိုင်ငံတော်မူဝါဒက ဗျူဟာ မူဘောင်ချမှတ်ပေးထားသော်လည်း တရုတ်၏ AI အောင်မြင်မှု အများစု ကို "AI ကျားခြောက်ကောင်" (Six Tigers) ဟုခေါ်သော ပုဂ္ဂလိကနည်းပညာလုပ်ငန်းများက ဦးဆောင် နေသည်။ ၂၀၂၄ တွင် Z.ai က GLM-4-Plus မော်ဒယ်ဖြင့် OpenAI ၏ GPT-4o နှင့်ရင်ပေါင် တန်းခဲ့ရာ၊ ၂၀၂၅ တွင် ထုတ်ပြန်သော DeepSeek အပါအဝင် GLM-4.5 မော်ဒယ်သည် အနောက် နိုင်ငံများ၏ စံချိန်တင်မော်ဒယ်များကိုပင် စရိတ်သက်သာစွာဖြင့် ကျော်လွန်နိုင်ခဲ့သည်။ အလီဘာဘာ မှ ရင်းနှီးမြှုပ်နှံထားသော Moonshot ၏ Kimi K2 မော်ဒယ်သည်လည်း ChatGPT ထက် စျေးနှုန်း ချိုသာပြီး စွမ်းဆောင်ရည်မြင့်မားသည့် open-source မော်ဒယ်အဖြစ် ထင်ရှားလာခဲ့သည်။

တရုတ်သည် အနောက်နိုင်ငံများ၏ "ပိတ်ဆို့ထိန်းချုပ်ရေး" (containment) ချဉ်းကပ်မှုနှင့် ကွဲပြားစွာ open-source မော်ဒယ်များကို တက်ကြွစွာမြှင့်တင်လျက်ရှိသည်။ အဆိုပါ ဗျူဟာသည် ပြည်တွင်းရှိ startup များအတွက် အခွင့်အလမ်းများဖန်တီးပေးရုံသာမက၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နည်းပညာပူးပေါင်းမှုတွင် တရုတ်၏အကျိုးစီးပွားကိုလည်း မြှင့်တင်ပေးနေသည်။

တရုတ်၏ AI မဟာဗျူဟာတွင် ထင်ရှားသောအားနည်းချက်မှာ ချစ်ပ်နှင့်ဆက်စပ်သော တွက်ချက်မှုစွမ်းရည် (computing power) ကဏ္ဍဖြစ်သော်လည်း၊ ခေတ်မီရေး၊ ပညာရေးနှင့် နိုင်ငံတကာစံနှုန်းများသတ်မှတ်ရေးတို့နှင့်ပေါင်းစပ်၍ ရေရှည်ဗျူဟာချမှတ်ထားသည်။ ၂၀၂၄ ကုလသမဂ္ဂဆုံးဖြတ်ချက်နှင့် ၂၀၂၅ Global AI Cooperation Organization တည်ထောင်ရေး အဆိုတို့သည် တရုတ်၏ စံပြုမှုကို ကမ္ဘာ့အဆင့်တွင် မြှင့်တင်နေသည်။

AI စွမ်းရည်သည် စီးပွားရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုတို့၏ အဓိကအချက်ဖြစ်လာသည်နှင့်အမျှ တရုတ်၏ "ဒေတာသည် ပဉ္စမမြောက်ထုတ်လုပ်မှုအခြေခံအချက်" ဟူသော အမြင်နှင့် open-source ပူးပေါင်းမှုဗျူဟာသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆွဲဆောင်မှုရှိလာသည်။ GLM-4.5 နှင့် Kimi K2 တို့၏အောင်မြင်မှုက နည်းပညာဦးဆောင်မှုပြိုင်ပွဲသည် Silicon Valley တစ်ခုတည်း၏ လက်ဝါးကြီးအုပ်မှုမှ လွတ်မြောက်နေပြီဟု သက်သေပြနေသည်။

ကမ္ဘာ့ AI အနာဂတ်ကို နည်းပညာ၊ နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ရွေးချယ်မှုများ၏ ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများက ပုံဖော်ပေးလိမ့်မည်။ တရုတ်၏ "AI သည် တားဆီးမှုမဟုတ်၊ တံတားဖြစ်စေရမည်" ဆိုသည့် မူဝါဒသည် ကမ္ဘာ့အစဉ်အလာအသစ်အတွက် ရွေးချယ်စရာ တစ်ခု အဖြစ် ရပ်တည်လာနေပြီဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂