အီရန်စစ်ပွဲ ပိုမိုဆိုးရွားလာနေစဉ် အမေရိကန်က အစ္စရေးသို့ ဒေါ်လာ ၁၅၁ ဒသမ ၈ သန်းတန်ဖိုးရှိဗုံးများ အရေးပေါ်ရောင်းချရန် အတည်ပြု
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာနေစဉ် အမေရိကန်အစိုးရက အစ္စရေးနိုင်ငံသို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅၁ ဒသမ ၈ သန်း တန်ဖိုးရှိ ပေါင် ၁၀၀၀ ရှိ ဗုံးများကို အရေးပေါ်ရောင်းချရန် အတည်ပြုလိုက်ပြီဖြစ်သည်။
အဆိုပါ လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်အရ အစ္စရေးနိုင်ငံက တောင်းဆိုထားသည့် BLU- 110 A/B ဘက်စုံသုံးဗုံးအလုံးပေါင်း ၁၂၀၀၀ ကို အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်၏ သုံးသပ်မှုကိုရှောင်ရှား၍ ရောင်းချရန်သဘောတူလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၆ ရက်တွင် ပြောကြားသည်။ ထို့ပြင် သဘောတူညီချက်အရ အမေရိကန်က အစ္စရေးနိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေး အကူအညီများကိုပါ ပေးအပ်မည်ဖြစ်သည်။
အမေရိကန်၏ အဆိုပါထုတ်ပြန်ကြေညာချက်သည် အမေရိကန်၊ အစ္စရေးတပ်များနှင့် အီရန်နိုင်ငံတို့အကြားဖြစ်ပွားသည့် စစ်ပွဲ ၈ ရက်မြောက်နေ့သို့ရောက်ရှိလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိတွင် နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် ကြီးမားသည့် တိုက်ခိုက်မှုများကို အပြန်အလှန်ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုထားသည်။
အမေရိကန်အစိုးရအနေဖြင့် လက်နက်တင်ပို့မှု ထိန်းချုပ်ရေးဥပဒေအရ အရေးတကြီးလိုအပ်ချက်ကြောင့် အစ္စရေးနိုင်ငံသို့ လက်နက်ခဲယမ်းများရောင်းချမည့်ကိစ္စရပ်အား ကွန်ဂရက်လွှတ်တော်၏ သုံးသပ်မှုကို စောင့်ဆိုင်းခြင်းမပြုဘဲ ကျော်လွန်ဆောင်ရွက်ခွင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားထားသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့အနေဖြင့် ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်မည့် အီရန်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည်ဟုသတင်းများထွက်ပေါ်နေခဲ့သော်လည်း စစ်ပွဲကြာရှည်လာပါက အဆိုပါစစ်ပွဲကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ၌ လုံလောက်သောခဲယမ်းမီးကျောက်များ ရှိ၊ မရှိကို ကျွမ်းကျင်သူများက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုချက်ကို အီရန် နိုင်ငံက ပယ်ချထားသည်။
MWD

,
,
,
,
,
,
,
,
,
,
,
,
,
,
,
,