ဟော်မုဇ် ရေလက်ကြားတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ မိုင်းရှင်းလင်းရေးနှင့် ပိတ်ဆို့မှုများ စတင်မည်
အီရန်နိုင်ငံမှချထားသော ရေအောက်မိုင်းများကို ရှင်းလင်းရန်အတွက် အမေရိကန်အပါအဝင် UK နှင့် အခြားမဟာမိတ်နိုင်ငံများသည် ဟော်မုဇ် ရေလက်ကြားသို့ မိုင်းရှင်းလင်းရေးသင်္ဘောများ စေလွှတ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် အဆင့်မြင့်ရေအောက် မိုင်းရှင်းစနစ်များအပြင် ယခင်ကဖြန့်ကြက်ခဲ့သည့် မိုင်းရှင်းသင်္ဘောများကိုပါ အသုံးပြုသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆွေးနွေးပွဲများရပ်တန့်သွားခဲ့ပြီးနောက် အမေရိကန် သည် အဆိုပါရေလက်ကြားရှိ ဖြတ်သန်းသွားလာမှုများကို စတင်ပိတ်ဆို့ (Blockade) နေပြီဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့သည်။ ၎င်းပိတ်ဆို့မှုသည် မကြာမီ ထိရောက်လာမည်ဖြစ်ပြီး ဒေသတွင်းရှိ ပင်လယ်ကွေ့ နိုင်ငံများကလည်း ပူးပေါင်းကူညီနေကြောင်း သိရှိရသည်။
အီရန်၏ ဒုံးကျည်ဖြင့်ပစ်ခတ်မှုများကြောင့် ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ယခုကဲ့သို့ ပါဝင်ဆောင်ရွက်လာခြင်းဖြစ်သည်ဟု သမ္မတက မှတ်ချက်ပြုခဲ့သော်လည်း ပူးပေါင်းပါဝင်သည့် နိုင်ငံအမည်များကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ကိုးကား- CNN
Photo: x.com
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,
,
,
,
,
,
,