မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် ခြောက်လုံးပါ Block of Stamp အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုး ရောင်းချပေးမည်

 

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် ခြောက်လုံးပါ Block of Stamp အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုး ရောင်းချပေးမည်

နေပြည်တော် နိုဝင်ဘာ ၁၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် ခြောက်လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နတ်တော် လဆန်း ၁ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့ တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ဝ ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

ရတနာပုံ

Posted_date