၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ကျင်းပပြုလုပ်မည်

နေပြည်တော် ဇွန် ၃

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကိုရည်ရွယ်၍ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကို ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသသွားမည်ဖြစ်ရာ ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

moi

Posted_date