အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

News Image

  • အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဧပြီ ၂၀

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ  လူ ၂၁ ဦးထက်မနည်းသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ All India Radio (AIR) က ဖော်ပြခဲ့သည်။

ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူခြောက်ဦးကို အရေးပေါ်ကုသမှုခံယူရန် အနီးနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ရုပ်သံထုတ်လွှင့်သူ၏ ပြောကြားချက်အရ စက်ရုံအတွင်း မီးလောင်လွယ်သော ဓာတုပစ္စည်းများကို အလုပ်သမားများရွှေ့ပြောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အခန်းလေးခန်းတွင် အလုပ်သမား ၅၀ ခန့် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဒဏ်ရာရသူအချို့၏ အခြေအနေ စိုးရိမ်ဖွယ်ရာရှိသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်သည်ဟု တာဝန်ရှိသူများက စိုးရိမ်လျက်ရှိသည်။

စက်ရုံတစ်ခုလုံး လုံးဝပျက်စီးခဲ့သည်ဟုသိရသည်။ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်း အတိအကျကိုသိရှိရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

စက်ရုံပိုင်ရှင်များသည် ဘေးကင်းရေးစံနှုန်းများကို မကြာခဏ လျစ်လျူရှုထားမှုကြောင့် နိုင်ငံအတွင်းရှိမီးရှူးမီးပန်းစက်ရုံများနှင့် ဆိုင်များတွင် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN