ဟော်မုဇ်ရေလက်ကြားကို စီးပွားရေးလုပ်ငန်းများအတွက် တရားဝင် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် မရေရာမှုများကြောင့် ဖြတ်သန်းသွားလာရန် အန္တရာယ်များလွန်းနေသေးကြောင်း သင်္ဘောလိုင်းအမှုဆောင်များနှင့် လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
အီရန်နိုင်ငံထံမှ တိကျသောခွင့်ပြုချက်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံချက်များ၊ မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် ဖြတ်သန်းရမည်ဆိုသည့် ရှင်းလင်းသောလမ်းညွှန်ချက်များ၊ ရေလက်ကြား၏ အနာဂတ်အခြေအနေအပေါ် ရေရှည်မျှော်မှန်းချက်များမှာ ယခုအချိန်အထိ လိုအပ်နေဆဲဖြစ်ကြောင်း သင်္ဘောကုမ္ပဏီများက CNN သို့ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်အခြေအနေသည် အမေရိကန် ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် လက်တွေ့သက်ရောက်မှုများ ရှိနေသည်။ AAA ၏ အဆိုအရ စစ်ပွဲစတင်ကတည်းက ပျမ်းမျှဓာတ်ဆီဈေးနှုန်းသည် ၄၀ ရာခိုင်နှုန်း (တစ်ဂါလန်လျှင် ၁.၁၈ ဒေါ်လာခန့်) မြင့်တက်ခဲ့သည်။ ရေနံများ ပြန်လည်လွတ်လပ်စွာ စီးဆင်းလာနိုင်လျှင်ပင် ဓာတ်ဆီဈေးနှုန်းကို စစ်မဖြစ်မီကရှိခဲ့သည့် တစ်ဂါလန်လျှင် ၃ ဒေါ်လာနှုန်းသို့ ပြန်ရောက်ရန်မှာ ဝေးကွာနေသေးသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ရန်ကုန် ဧပြီ ၉
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ဝင်ရောက်မည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပိတ်ရက် ကိုးရက်တာအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင် အပန်းဖြေအနားယူရန် ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်အား ကြိုတင်စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၆ လုံး၊ အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်းပေါင်း ၄၄၃ လုံး၊ အခန်းပေါင်း ၆၈၁၃ ခန်းရှိရာ ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် တည်းခိုခန်းပေါင်း ၅၀၆၉ လုံးတွင် အခန်းပေါင်း ၁၂၀၈၈ ခန်း၌ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အေးချမ်းပျော်ရွှင်စွာ တည်းခိုနိုင်ရန် အသင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခရီးသွား ၁၅ သိန်း ကျော်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ် ၃၁ ရက်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၆၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကာ အထူးသဖြင့် ယခုနှစ်ဆန်းပိုင်း၌ ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၂၀၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွား ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်သည် ယမန်နှစ်ထက် ခရီးသွားပိုမိုဝင်ရောက်ဖွယ်ရှိကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ခန့်မှန်းထားသည်။
“ယခုလာမယ့် သင်္ကြန်ပိတ်ရက် ပင်လယ်ကမ်းခြေမှာ အပန်းဖြေကြမယ့် ခရီးသွားတွေကို ငွေဆောင်၊ ချောင်းသာဟိုတယ်များက အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။ ကျွန်တော်တို့ဌာနကလည်း ကြိုတင်ပြီးဟိုတယ်တွေကို သင်တန်းတွေပေးထားပြီးပါပြီ။ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်။ သင်္ကြန်ကာလမှာ အပန်းဖြေဖို့အတွက် ဟိုတယ်၊ တည်ခိုခန်း ၇၅ ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ။ မြန်မာ့နှစ်သစ်ကူးပိတ်ရက် ပင်လယ်ကမ်းခြေမှာ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူဖို့နဲ့ သင်္ကြန်ကာလမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူနဲ့အခြားသင်္ကြန်အစားအစာ စတုဒိသာများနဲ့ဧည့်ခံဖို့ ဟိုတယ်နဲ့တည်းခိုခန်းများက ပြင်ဆင်ထားကြပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။
ယမန်နှစ် သင်္ကြန်ကာလတွင် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရင်ဂျီကမ်းခြေသို့ အပန်းဖြေခရီးသွားများ စည်ကားစွာဝင်ရောက်ခဲ့ပြီး ယခုနှစ်သင်္ကြန်ကာလတွင်လည်း ပင်လယ်ကမ်းခြေတို့တွင် အပန်းဖြေအနားယူကြမည့် ခရီးသွားများ ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်ကို ကြိုတင်မှာယူထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းဥဿ၊ ဓာတ်ပုံ-ကိုလွင်
MOI

အသက် ၂၃ နှစ်အရွယ် ယူကရိန်းဒုက္ခသည် Iryna Zarutska ကို ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးမှာ တရားရင်ဆိုင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ခြင်းခံရပြီးနောက် ၎င်းအပေါ် စွဲဆိုထားသည့်အမှုများ ပလပ်ခံရနိုင်ဖွယ်ရှိကြောင်း၊ ၎င်း၏ရှေ့နေက တင်သွင်းခဲ့သည့် လျှောက်ထားလွှာကိုကိုးကား၍ အမေရိကန် မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ ၎င်းကို ယခင်က ဖက်ဒရယ်ဂျူရီအဖွဲ့(Federal Grand Jury) က စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုမှာ သေဒဏ်အထိ အပြစ်ပေးခံရနိုင်သည့် အမှုဖြစ်သည်။
Zarutska သည် ပြီးခဲ့သည့်သြဂုတ်လအတွင်း မြောက်ကာရိုလိုင်းနား ပြည်နယ်၊ ရှာလော့တ်မြို့ရှိ ရထားတစ်စင်းပေါ်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာ (Surveillance footage) မှတ်တမ်းများအရ အသက် ၃၄ နှစ်အရွယ် Decarlos Brown Jr. သည် Zarutska ၏ လည်ပင်းကို ဓားဖြင့်သုံးချက်ထက်မနည်း ထိုးခဲ့ကြောင်းတွေ့ရှိရပြီး ယင်းမှာ ရန်စမှုမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို အခင်းဖြစ်ပြီးမကြာမီမှာပင် ဖမ်းဆီးခဲ့ပြီး ပထမအဆင့် လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီ ၇) က တင်သွင်းခဲ့သော လျှောက်ထားလွှာအရ Brown ကို ဒီဇင်ဘာလနှောင်းပိုင်းတွင် Central Regional ဆေးရုံ၌ စစ်ဆေး ခဲ့ရာ တရားရင်ဆိုင်ရန် အရည်အချင်းမပြည့်မီကြောင်း (Not competent to stand trial) တွေ့ရှိခဲ့ရသည်။ မြောက်ကာရိုလိုင်းနား ပြည်နယ်ဥပဒေ အရ တရားခံတစ်ဦးသည် တရားခွင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ သဘောသဘာဝကို နားလည်နိုင်စွမ်းရှိရမည်ဖြစ်ပြီး၊ မိမိ၏ အခြေအနေ ကို သဘောပေါက်ကာ မိမိကိုယ်ကိုယ်ခုခံကာကွယ်ရာတွင် ကျိုးကြောင်း ဆီလျော်စွာ ကူညီပေးနိုင်သည့် အနေအထားရှိရမည်ဖြစ်သည်။
တရားခံ၏ရှေ့နေက မူလက ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားသည့် ၎င်း၏ တရားရင်ဆိုင်နိုင်စွမ်း ရှိ၊ မရှိ စစ်ဆေးကြားနာမှုကို ရက်ပေါင်း ၁၈၀ ခန့် ရွှေ့ဆိုင်းပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။ ထို့အပြင် Brown အနေဖြင့် ဖက်ဒရယ်အကျဉ်းထောင်တွင် ဆက်လက် ရှိနေသရွေ့ ယင်းစစ်ဆေးမှုကို ပြုလုပ်၍မရနိုင်ကြောင်းနှင့် ၎င်းအား အကျဉ်းချထားစဉ်အတွင်း တရားရင်ဆိုင်နိုင်စွမ်း ပြန်လည်ရရှိလာစေရန် တရားရုံးက အမိန့်မချမှတ်နိုင်ကြောင်းလည်း ခုခံချေပသူဘက်က ငြင်းချက် ထုတ်ခဲ့သည်။
အကယ်၍ တရားသူကြီးက စိတ်ကျန်းမာရေးစစ်ဆေးချက်ကို သဘောတူလက်ခံပါက Brown အပေါ် စွဲဆိုထားသောအမှုများကို ပလပ်လိုက်မည် ဖြစ်သည်။ သို့သော် အနာဂတ်တွင် ၎င်းသည် တရားရင်ဆိုင်နိုင်စွမ်း ပြန်လည်ရှိလာပါက အမှုများကို ပြန်လည်စွဲဆိုနိုင်ကြောင်း တရားရုံး၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်းဖော်ပြထားနိုင်သည်။
တရားရုံးမှတ်တမ်းများအရ Brown ကို အခြားသော ဖက်ဒရယ်တရားရုံး အမှုတစ်ခုအတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုခံယူရန် အမိန့်ချမှတ်ထား သော်လည်း မတ်လအစောပိုင်းအထိ ယင်းစစ်ဆေးမှုမှာ မပြီးမြောက်သေးကြောင်း သိရှိရသည်။
တရားခံ၏ မိခင်ဖြစ်သူက Brown တွင် စိတ်ရောဂါ (Schizophrenic) ရှိသည်ဟု ဆိုသည်။ Brown တွင် အန္တရာယ်ရှိသောလက်နက်ဖြင့် လုယက်မှုအပါအဝင် ရာဇဝတ်မှုမှတ်တမ်းအမြောက်အမြား ရှိခဲ့ဖူးသည်။
Zarutska အသတ်ခံရမှုသည် လူထုအတွင်း ပြင်းထန်သော ကန့်ကွက်ရှုတ်ချမှုများ ဖြစ်ပေါ်စေခဲ့ပြီး သံသယရှိသူအား သေဒဏ်ပေးရန်တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Brown ကို "တိရစ္ဆာန်" ဟု ခေါ်ဆိုသုံးနှုန်းခဲ့ပြီး သေဒဏ်ချမှတ်ရန် တိုက်တွန်းခဲ့သည်။
ကိုးကား- RT

နေပြည်တော် ဧပြီ ၉
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူခဲ့ရာ လေဆီနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင် (တောင်)ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများတူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဧပြီ ၈
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်သည်။
ဧပြီ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ထုတ်ဝေမည်ဖြစ်ပြီး ကြေးမုံသတင်းစာကို ခေတ္တရပ်နားသွားမည်ဖြစ်သည်။
ဧပြီ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ကြေးမုံသတင်းစာကို ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ခေတ္တရပ်နားသွားမည်ဖြစ်သည်။
ထို့အတူ ကိုယ်ပွားသတင်းစာတိုက် (တောင်ကြီး) မှ (ကြာသပတေးနေ့တိုင်း) ထုတ်ဝေသည့် ရှမ်းဘာသာတိုင်းရင်းသားကဏ္ဍအချပ်ပိုကို ဧပြီ ၁၆ ရက်တွင်လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်) မှ (တနင်္ဂနွေနေ့တိုင်း) ထုတ်ဝေလျက်ရှိသည့် မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်းတိုင်းရင်းသားဘာသာအချပ်ပိုကို ဧပြီ ၁၂ ရက်နှင့် ၁၉ ရက် တို့တွင်လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက် ကာလကျော်လွန်ပါက ပုံမှန်ပြန်လည်ထုတ်ဝေသွားမည်ဖြစ်သည်။
သတင်းစာကြော်ငြာများကိုမူ သတင်းစာတိုက်များ၏ အလှည့်ကျပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပြီးခဲ့သည့်လက ဟော်မုဇ်ရေလက်ကြားအတွင်း တိုက်ခိုက်ခံခဲ့ရသည့် ထိုင်းအလံတင် သင်္ဘောတစ်စင်းမှ သင်္ဘောသားသုံးဦး သေဆုံးသွားပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။
အလျား ၁၈၀ မီတာရှိသော Mayuree Naree ကုန်တင်သင်္ဘောသည် မတ်လ ၁၁ ရက်နေ့က အဆိုပါ ရေလမ်းကြောင်းကိုဖြတ်သန်းစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က သင်္ဘောပေါ်တွင် သင်္ဘောသား ၂၃ ဦး ပါရှိခဲ့သည်။ အိုမန်အာဏာပိုင်များ၏ ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် သင်္ဘောသား ၂၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။
"ကံမကောင်းစွာနဲ့ပဲ ကျန်ရှိနေတဲ့သင်္ဘောသားသုံးဦးကို နောက်ဆုံးမှာ ပြန်တွေ့ခဲ့ရပေမဲ့ သူတို့ဟာ ဒီဖြစ်စဉ်အတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့ပါပြီ" ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Sihasak Phuangketkeow က ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အိုမန်အာဏာပိုင်များကို ကျေးဇူးတင်စကားပြောရန်နှင့် ရေလက်ကြားအတွင်း ပိတ်မိနေဆဲဖြစ်သော ထိုင်းသင်္ဘော ၉ စင်း ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အကူအညီတောင်းခံရန် ယခုလနှောင်းပိုင်းတွင် အိုမန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ အိုမန်အာဏာပိုင်များသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ အီရန်အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန် ဧပြီ ၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ ဆောင်ရွက်နေသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ IFRC Asia Pacific - Partners Call (Myanmar Earthquake) Commemorating One Year since the Emergency Appeal -(၅) ကြိမ်မြောက် Movement Partner Call ကို ယမန်နေ့က Hybrid ပုံစံဖြင့် ကျင်းပသည်။
ဦးဆောင်ဆွေးနွေး
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က အသင်းရန်ကုန်ရုံးခွဲမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ Asia Pacific Regional Director - Mr. Alexander MATHEOU ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) Regional Director ဖြစ်သူ Mr.Regis Savioz တို့က online မှ လည်းကောင်း တက်ရောက်၍ ဦးဆောင်ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE တို့က ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ နော်ဝေနိုင်ငံကြက်ခြေနီအသင်း၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်း၊ ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
moi

ဧပြီ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားသို့တက်ရောက်မည့် ပြည်ပနိုင်ငံအစိုးရကိုယ်စားလှယ်များသည် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရောက်ရှိကြသည်။ ယင်းကိုယ်စားလှယ်များကို နေပြည်တော် တပ်မတော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
PRESS RELEASE
Foreign Delegates arrive in Nay Pyi Taw to attend the Inauguration Ceremony of the new President
(9 April 2026, Nay Pyi Taw)
The delegations representing the foreign governments arrived at Nay Pyi Taw in the evening of 9 April 2026 to attend the Inauguration Ceremony of the new President which will be held on 10 April 2026. They were welcomed by the Deputy Minister for Foreign Affairs and officials at the Nay Pyi Taw Tatmadaw Airport.

နည်းပညာဘီလျံနာ Elon Musk သည် AI ကုမ္ပဏီကြီးဖြစ်သော OpenAI ကို တရားစွဲဆိုထားသည့်အမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စီအီးအို Sam Altman နှင့် ဥက္ကဋ္ဌ Greg Brockman တို့ကို ရာထူးမှထုတ်ပယ်ရန် ကြိုးပမ်းနေကြောင်း အင်္ဂါနေ့ (ဧပြီ ၈) က တင်သွင်းခဲ့သည့် တရားရုံး မှတ်တမ်းများအရ သိရှိရသည်။
Musk သည် ၂၀၂၄ ခုနှစ်တွင် OpenAI ကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က ကုမ္ပဏီကို အတူတကွစတင်တည်ထောင်စဉ်က အကျိုး အမြတ်မယူသော အဖွဲ့အစည်းအဖြစ်သာ ဆက်လက်ရပ်တည်မည် ဟူသော နားလည်မှုဖြင့် ၎င်းထည့်ဝင်ခဲ့သည့် ကနဦးရန်ပုံငွေ ဒေါ်လာ ၃၈ သန်းကို လိမ်လည်ရယူခဲ့သည်ဟု စွပ်စွဲထားသည်။
လက်ရှိတွင် ဒေါ်လာ ၈၅၂ ဘီလျံ တန်ဖိုးရှိနေသော အဆိုပါ AI ကုမ္ပဏီ သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယခုအခါ ၎င်းကို အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်နေပြီး ChatGPT အပါအဝင် အကျိုးအမြတ်ယူသည့် လုပ်ငန်းခွဲတွင် ရှယ်ယာ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
နောက်ဆုံးတင်သွင်းထားသော တရားရုံးလျှောက်လဲချက်အရ Musk ၏ ရှေ့နေများက Sam Altman နှင့် Greg Brockman တို့ကို ၎င်းတို့၏ ရာထူး များမှ ဖယ်ရှားရန်နှင့် OpenAI ၏ တရားမဝင်သော အကျိုးအမြတ် ရှာဖွေသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ၎င်းတို့ရယူထားသော ကိုယ်ကျိုးစီးပွား ငွေကြေးအကျိုးအမြတ်များကို ပြန်လည်သိမ်းဆည်းရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။