ညောင်တုန်းမြို့နယ်၌ မီးဘေးကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး
ညောင်တုန်း ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး၏ စီမံမှုဖြင့် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံဗိုလ်နှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေးအလေးထား ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ နေအိမ် ရေကန်များ ရေအပြည့် ဖြည့်တင်းထားရှိကြရန်နှင့် နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်
MDN
MM-News-Category
