ကဏ္ဍများ

ကျိုက်ထီးရိုးစေတီတော်
မြန်မာနိုင်ငံ၏ ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ ကျိုက်ထီးရိုးဘုရားရှိ ရွှေရောင်ကျောက်တုံးကြီး၏ အံ့ဩဖွယ်ရာ မြင်ကွင်းကို ကြည့်ရှုခံစားလိုက်ပါ။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

မြန်မာနိုင်ငံ၏ ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ ကျိုက်ထီးရိုးဘုရားရှိ ရွှေရောင်ကျောက်တုံးကြီး၏ အံ့ဩဖွယ်ရာ မြင်ကွင်းကို ကြည့်ရှုခံစားလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ရန်ကုန်
ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် ခမ်းနားထည်ဝါသော ရွှေတိဂုံဘုရားတို့နှင့်အတူ စည်ကားသော မြို့တော်ဟောင်းကို စူးစမ်းလေ့လာလိုက်ပါ။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် ခမ်းနားထည်ဝါသော ရွှေတိဂုံဘုရားတို့နှင့်အတူ စည်ကားသော မြို့တော်ဟောင်းကို စူးစမ်းလေ့လာလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် ခမ်းနားထည်ဝါသော ရွှေတိဂုံဘုရားတို့နှင့်အတူ စည်ကားသော မြို့တော်ဟောင်းကို စူးစမ်းလေ့လာလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

မန္တလေးတိုင်းဒေသကြီး
ရှေးဟောင်းမြို့တော်များ၊ ရိုးရာလက်မှုပညာများနှင့် ထင်ရှားကျော်ကြားသော ဦးပိန်တံတားတို့နှင့်အတူ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှလုံးသားကို ရှာဖွေလေ့လာလိုက်ပါ။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ရှေးဟောင်းမြို့တော်များ၊ ရိုးရာလက်မှုပညာများနှင့် ထင်ရှားကျော်ကြားသော ဦးပိန်တံတားတို့နှင့်အတူ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှလုံးသားကို ရှာဖွေလေ့လာလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ရှေးဟောင်းမြို့တော်များ၊ ရိုးရာလက်မှုပညာများနှင့် ထင်ရှားကျော်ကြားသော ဦးပိန်တံတားတို့နှင့်အတူ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှလုံးသားကို ရှာဖွေလေ့လာလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ငပလီကမ်းခြေ
ဘင်္ဂလားပင်လယ်အော်တစ်လျှောက်ရှိ သဘာဝအတိုင်း သန့်စင်ဖြူစင်သော သဲသောင်ပြင်များပေါ်တွင် လှုပ်ယိမ်းနေသော ထန်းပင်များနှင့် ကြည်လင်တောက်ပသည့် ရေပြင်တို့နှင့် အတူ အနားယူအပန်းဖြေလိုက်ပါ။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ဘင်္ဂလားပင်လယ်အော်တစ်လျှောက်ရှိ သဘာဝအတိုင်း သန့်စင်ဖြူစင်သော သဲသောင်ပြင်များပေါ်တွင် လှုပ်ယိမ်းနေသော ထန်းပင်များနှင့် ကြည်လင်တောက်ပသည့် ရေပြင်တို့နှင့် အတူ အနားယူအပန်းဖြေလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ဘင်္ဂလားပင်လယ်အော်တစ်လျှောက်ရှိ သဘာဝအတိုင်း သန့်စင်ဖြူစင်သော သဲသောင်ပြင်များပေါ်တွင် လှုပ်ယိမ်းနေသော ထန်းပင်များနှင့် ကြည်လင်တောက်ပသည့် ရေပြင်တို့နှင့် အတူ အနားယူအပန်းဖြေလိုက်ပါ။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

အင်းလေးကန်
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကန်ဖြစ်သော အင်းလေးကန်တွင် အင်းသားလူမျိုးတို့ ထူးခြားသော ငါးဖမ်းယဉ်ကျေးမှုနှင့် ရေပေါ်ကျေးရွာများကို အတူတူ ရှုမြင်ခံစားနိုင်ပါသည်။တောင်တန်းများဝန်းရံထားသော ဤကန်ကြီးက သဘာဝအလှနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားပါသည်။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကန်ဖြစ်သော အင်းလေးကန်တွင် အင်းသားလူမျိုးတို့ ထူးခြားသော ငါးဖမ်းယဉ်ကျေးမှုနှင့် ရေပေါ်ကျေးရွာများကို အတူတူ ရှုမြင်ခံစားနိုင်ပါသည်။

တောင်တန်းများဝန်းရံထားသော ဤကန်ကြီးက သဘာဝအလှနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားပါသည်။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကန်ဖြစ်သော အင်းလေးကန်တွင် အင်းသားလူမျိုးတို့ ထူးခြားသော ငါးဖမ်းယဉ်ကျေးမှုနှင့် ရေပေါ်ကျေးရွာများကို အတူတူ ရှုမြင်ခံစားနိုင်ပါသည်။

တောင်တန်းများဝန်းရံထားသော ဤကန်ကြီးက သဘာဝအလှနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားပါသည်။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ပုဂံဘုရားပုထိုးလွင်ပြင်
၉ ရာစုမှ စတင်တည်ဆောက်ခဲ့သော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပုဂံ၏ မြေပြန့်လွင်ပြင်တွင် ရှေးဟောင်းဘုရားပုထိုး ၂၀၀၀ ကျော်ကို အံ့ဩဖွယ် ကြည့်ရှုလေ့လာနိုင်ပါသည်။ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

၉ ရာစုမှ စတင်တည်ဆောက်ခဲ့သော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပုဂံ၏ မြေပြန့်လွင်ပြင်တွင် ရှေးဟောင်းဘုရားပုထိုး ၂၀၀၀ ကျော်ကို အံ့ဩဖွယ် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

၉ ရာစုမှ စတင်တည်ဆောက်ခဲ့သော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပုဂံ၏ မြေပြန့်လွင်ပြင်တွင် ရှေးဟောင်းဘုရားပုထိုး ၂၀၀၀ ကျော်ကို အံ့ဩဖွယ် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပိုမိုလေ့လာကြည့်ရှုရန် - https://www.tourism.gov.mm/mm

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်
တည်နေရာဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ထောင့်အနီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီးဖွင့်လှစ်သည့်ခုနှစ်၁.၉.၂၀ဝ၈ခင်းကျင်းပြသထားမှုပျူစာအထောက်အထားများပါရှိသည့် အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထုပစ္စည်းများနှင့်ကြေးထည်ပစ္စည်းများ၊ မြေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များ၊ အရိုးနှင့်ဆက်စပ် ပစ္စည်းများ၊ အုတ်ချပ်များ၊ဝင်ကြေးနိုင်ငံခြားသား ၁၀၀ဝဝိ/၊ပြည်တွင်းအခမဲ့ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များSource: www.moculture.gov.mm
တည်နေရာဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ထောင့်အနီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ်၁.၉.၂၀ဝ၈
ခင်းကျင်းပြသထားမှုပျူစာအထောက်အထားများပါရှိသည့် အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထုပစ္စည်းများနှင့်ကြေးထည်ပစ္စည်းများ၊ မြေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များ၊ အရိုးနှင့်ဆက်စပ် ပစ္စည်းများ၊ အုတ်ချပ်များ၊
ဝင်ကြေးနိုင်ငံခြားသား ၁၀၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

Source: www.moculture.gov.mm 
 
ကရင်ပြည်နယ်အတွင်း လအလိုက်ကျင်းပလျက်ရှိသော ပွဲတော်ဆိုင်ရာအချက်အလက်များ
ဇန်နဝါရီကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော် ကရင်အမျိုးသားများသည်နှစ်ဟောင်းကူးပြောင်း၍နှစ်သစ်မင်္ဂလာကိုကြိုဆိုခြင်း၊နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများရန် ဆုတောင်းခြင်းကို ပြုလုပ်ကြသည်။ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ပြာသိုလဆန်း (၁)ရက်နေ့တွင်ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသော သီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါနပြု လုပ်လေ့ရှိသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစုပေါင်း စားသောက်ကြပြီးစုဝေးရောက်ရှိလာသူများ စုပေါင်း၍ကကြသည်။ စုစည်းသရုပ်ဖော် ဒုံးအကများလည်း ကလေ့ရှိသည်။ဖေဖော်ဝါရီကျုံဒိုးမီးပုံပွဲကရင်ရိုးရာမီးပုံပွဲတော်ကို ရှေးယခင်ဘိုးဘွားလက်ထပ်မှ ပြုလုပ်ကျင်းပလာခဲ့ပြီး၊ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့်ဘာသာရေးကို ပေါင်းစပ်ပြီး အစဉ်အလာမပျက် နှစ်စဉ် ကျင်းပလာခဲ့ကြပါသည်။ သေဆုံးသောသူများအတွက် အလှူဒါနပြုလုပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ မကောင်းသည့် အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာများဖြင့်လာရောက်ဆုတောင်းပြီးမီးရှို့ကြခြင်းဖြစ်ပါသည်။မတ်ဇွဲကပင်တောင်ဘုရားပွဲ(ခေါ်)တပေါင်းပွဲတော်ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ဆံတော်ရှင် ဘုရားပွဲကိုနှစ်စဉ်တပေါင်းလပြည့်နေ့တွင် ဇွဲကပင်တောင်ခြေရှိ လုမ္မဏီဥယျာဉ်နှင့် တောင်ထိပ်ဘုရားရင်ပြင်တော်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသခံများသာမကမြန်မာ ပြည်အရပ်ရပ်မှ ခရီးသွားဧည့်သည်များနှင့် ပြည်ပခရီးသွားများပါလာရောက် ဖူးမြှော်လည်ပတ်လေ့ရှိပါသည်။ဧပြီရေသဘင်ပွဲတော်၊ သက်ကြီးပူဇော်ပွဲနှင့်ငါးလွှတ်ပွဲမြန်မာတိုင်းရင်းသားလူမျိုးတို့နည်းတူ ကရင်တိုင်းရင်းသားတို့သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရေသဘင်ပွဲတော်များကျင်းပခြင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်း သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာ နှင့်ဇီဝိတဒါနငါးလွှတ်ပွဲတို့ကိုနှစ်စဉ်ကျင်းပကြပါသည်။မေပဲမျိုးစုံလောင်းလှူပွဲနှင့်ညောင်ရေသွန်းပွဲတော်ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ကျက်သ ရေဆောင်သေဌမာရ်အောင်မြတ်စွာဘုရား ပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိမဟာ ဗောဓိညောင်ပင်ရင်း၌လည်းကောင်း၊ ရွှေယဉ်မျှော်ပြည်တော်အေး စေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲတို့အား နှစ်စဉ် ကဆုန်လပြည့်ဗုဒ္ဓနေ့တိုင်းနှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဇွန်စာပြန်တော်ပွဲဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတို့သည်လည်း ဗုဒ္ဓဘာသာ သာသနာထွန်းကားရေးအတွက် နှစ်စဉ် နယုန်လရောက်တိုင်းစာပြန်တော်ပွဲကိုကျင်းပပြုလုပ်လေ့ရှိပါသည်။ဇူလိုင်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရမှကြီးမှူး၍ ဗုဒ္ဓဘာသာအစဉ်အလာမပျက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုနှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်း ကျင်းပပြုလုပ်လေ့ရှိသည်။ဩဂုတ်ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲချည်ဖြူဖွဲ့ပွဲ(ခေါ်) လက်ချည်ပွဲကို နှစ်စဉ် ဝါခေါင်လ ပြည့်နေ့ရောက်တိုင်း ကျင်းပလေ့ရှိသော ကရင်တိုင်းရင်းသားများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ကရင်လူမျိုးများသည် ရှေးဘိုးဘေးဘီဘင်များ၏ ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်း လျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပို၍ကုန်ကျသည်ဟု ထင်မြင်ပြီး မကောင်းဆိုးဝါးများ လူတွင်ဝင်ရောက် ပူးကပ်သည်ဟုယူဆသည့်အတွက် ကိုယ့်လိပ်ပြာ မလွင့်သွားအောင်လိပ်ပြာကိုခေါ်လေ့ရှိကြောင်း၊ ဝိဉာဏ်လိပ်ပြာမလွင့်သွား အောင်ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ပြီး ဆံဖြူခါးကုန်းသည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာ နေထိုင်နိုင်စေရန်ဆုတောင်း မေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်ပါသည်။စက်တင်ဘာလှေပြိုင်ပွဲကရင်တိုင်းရင်းသားတို့သည်လည်း စည်းလုံးမှု၊ ညီညွတ်မှုကိုပြသသည့်အနေဖြင့် နှစ်စဉ် တော်သလင်းလတွင် ရိုးရာပွဲတစ်ခု ဖြစ်သည့် လှေပြိုင်ပွဲများကို ဘားအံမြို့လယ်ရှိကန်သာယာကန်တွင် ကျင်းပပေးလျက်ရှိပြီး၊ ဒေသခံများသာမက ပြည်တွင်း/ ပြည်ပ ဧည့်သည်များပါ ကြည့်ရှုအားပေးကြပါသည်။အောက်တိုဘာမီးထွန်းပွဲ၊ မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်ပွဲသတင်းကျွတ်လ၏ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့် ကျော်(၁)ရက်နေ့များတွင် မီးထွန်းပွဲ၊ မီးမျှောပွဲ (သံလွင်မြစ်တွင်း) နှင့် မီးပုံးပျံလွှတ်ပွဲတို့ကို နှစ်စဉ် ရိုးရာမပျက်ကျင်းပပြုလုပ်လေ့ရှိပြီးပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များပါ ပါဝင်ဆင်နွဲနိုင်ပါသည်။နိုဝင်ဘာရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ဒုံးယိမ်းအကကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲအား အထူးသဖြင့် ကရင်ပြည်နယ်နေ့အခမ်းအနား ကျင်းပသည့်နိုဝင် ဘာ(၇)ရက်နေ့မှစ၍(၄)ရက်တိုင်တိုင်ကျင်းပလေ့ရှိပြီးပြည်နယ်အတွင်း လက်ဝှေ့ဝါသနာရှင်များ၊ နိုင်ငံအဝှမ်းမှ လက်ဝှေ့ဝါသနာရှင်များအပြင် ထိုင်းနိုင်ငံမှ လက်ဝှေ့ဝါသနာရှင်များကိုလည်း ဖိတ်ခေါ်၍ ကျင်းပလေ့ရှိပါသည်။ ဒုံးယိမ်းအကကိုလည်း နိုဝင်ဘာ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး ကရင်လူမျိုးတို့၏ဘဝအလှကိုထင်ဟပ် ဖော်ကျူးသော အကတစ်မျိုးလည်းဖြစ်ပါသည်။ ကရင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန် တူရိယာများဖြင့် ဖန်တီးထားပြီး ကိုယ်ပိုင်အမွေနှစ်အဖြစ်ထိန်းသိမ်းထားကြခြင်းဖြစ်သည်။ ကရင်ဒေသတွင် စပါးရိတ်သိမ်း၍ တလင်းများတွင် စပါးခြွေနယ်သည့်အခါ ကရင်အမျိုးသား၊ အမျိုးသမီးများ ကညီညီညာညာ တေး၊ ကဗျာ၊လင်္ကာများ သီဆိုခဲ့ရာမှ ကရင်ဒုံးယိမ်း ဖြစ်ပေါ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။ ကရင်ဒုံးယိမ်း အကကို (၁၆)ဦး ဖြင့် ကပြဖျော်ဖြေလေ့ရှိပါသည်။ဒီဇင်ဘာရိုးရာယက္ကန်းနှင့် ဂျပ်ခုတ်ပြိုင်ပွဲကရင်ပြည်နယ်ရှိ ယက္ကန်းသင်တန်းကျောင်းနှင့် ကျေးလက်ဒေသများရှိ ယက္ကန်းစင်များပူးပေါင်း၍ ကရင်ရိုးရာအဝတ်အထည် ယက်လုပ်ခြင်းကို ကရင်ရိုးရာ အဝတ်အထည်ရက်လုပ်မှု ဆိုင်ရာလုပ်ငန်းများ တိမ်ကောသွားခြင်း မရှိစေရေးနှင့် ပိုမိုရှင်သန်လာစေရေး၊ တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာဂျပ်ခုတ်အမွေအနှစ်များ ပျက်စီးပျောက် ကွယ်သွားခြင်း မရှိစေရေးအတွက် ပြည်နယ်အစိုးအရအဖွဲ့မှကြီးမှူး၍ နှစ်စဉ် ပြာသို လဆန်း(၁)ရက်နေ့၊ ဒီဇင်ဘာလ(၂၆) ရက်နေ့ တွင် ကျရောက်မည့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကျင်းပလေ့ရှိပါသည်။ဇွဲကပင်တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အခြားအားကစားပြိုင်ပွဲများကရင်ပြည်နယ်၏ အထင်ကရအထိမ်းအမှတ် ဇွဲကပင် တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲစုံကိုလည်းနှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါသည်။ပေးပို့သူ- ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံရုံးခွဲ

ဇန်နဝါရီ

ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော် 

ကရင်အမျိုးသားများသည်နှစ်ဟောင်းကူးပြောင်း၍နှစ်သစ်မင်္ဂလာကိုကြိုဆိုခြင်း၊နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများရန် ဆုတောင်းခြင်းကို ပြုလုပ်ကြသည်။ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ပြာသိုလဆန်း (၁)ရက်နေ့တွင်ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသော သီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါနပြု လုပ်လေ့ရှိသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစုပေါင်း စားသောက်ကြပြီးစုဝေးရောက်ရှိလာသူများ စုပေါင်း၍ကကြသည်။ စုစည်းသရုပ်ဖော် ဒုံးအကများလည်း ကလေ့ရှိသည်။

ဖေဖော်ဝါရီ

ကျုံဒိုးမီးပုံပွဲ

ကရင်ရိုးရာမီးပုံပွဲတော်ကို ရှေးယခင်ဘိုးဘွားလက်ထပ်မှ ပြုလုပ်ကျင်းပလာခဲ့ပြီး၊ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့်ဘာသာရေးကို ပေါင်းစပ်ပြီး အစဉ်အလာမပျက် နှစ်စဉ် ကျင်းပလာခဲ့ကြပါသည်။ သေဆုံးသောသူများအတွက် အလှူဒါနပြုလုပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ မကောင်းသည့် အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာများဖြင့်လာရောက်ဆုတောင်းပြီးမီးရှို့ကြခြင်းဖြစ်ပါသည်။

ကျုံဒိုးမီးပုံပွဲ

မတ်

ဇွဲကပင်တောင်ဘုရားပွဲ(ခေါ်)တပေါင်းပွဲတော်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ဆံတော်ရှင် ဘုရားပွဲကိုနှစ်စဉ်တပေါင်းလပြည့်နေ့တွင် ဇွဲကပင်တောင်ခြေရှိ လုမ္မဏီဥယျာဉ်နှင့် တောင်ထိပ်ဘုရားရင်ပြင်တော်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသခံများသာမကမြန်မာ ပြည်အရပ်ရပ်မှ ခရီးသွားဧည့်သည်များနှင့် ပြည်ပခရီးသွားများပါလာရောက် ဖူးမြှော်လည်ပတ်လေ့ရှိပါသည်။

ဧပြီ

ရေသဘင်ပွဲတော်၊ သက်ကြီးပူဇော်ပွဲနှင့်ငါးလွှတ်ပွဲ

မြန်မာတိုင်းရင်းသားလူမျိုးတို့နည်းတူ ကရင်တိုင်းရင်းသားတို့သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရေသဘင်ပွဲတော်များကျင်းပခြင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်း သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာ နှင့်ဇီဝိတဒါနငါးလွှတ်ပွဲတို့ကိုနှစ်စဉ်ကျင်းပကြပါသည်။

မေ

ပဲမျိုးစုံလောင်းလှူပွဲနှင့်ညောင်ရေသွန်းပွဲတော်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ကျက်သ ရေဆောင်သေဌမာရ်အောင်မြတ်စွာဘုရား ပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိမဟာ ဗောဓိညောင်ပင်ရင်း၌လည်းကောင်း၊ ရွှေယဉ်မျှော်ပြည်တော်အေး စေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲတို့အား နှစ်စဉ် ကဆုန်လပြည့်ဗုဒ္ဓနေ့တိုင်းနှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ 

ဇွန်

စာပြန်တော်ပွဲ

ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတို့သည်လည်း ဗုဒ္ဓဘာသာ သာသနာထွန်းကားရေးအတွက် နှစ်စဉ် နယုန်လရောက်တိုင်းစာပြန်တော်ပွဲကိုကျင်းပပြုလုပ်လေ့ရှိပါသည်။

စာပြန်တော်ပွဲ

ဇူလိုင်

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရမှကြီးမှူး၍ ဗုဒ္ဓဘာသာအစဉ်အလာမပျက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုနှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်း ကျင်းပပြုလုပ်လေ့ရှိသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ဩဂုတ်

ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲ

ချည်ဖြူဖွဲ့ပွဲ(ခေါ်) လက်ချည်ပွဲကို နှစ်စဉ် ဝါခေါင်လ ပြည့်နေ့ရောက်တိုင်း ကျင်းပလေ့ရှိသော ကရင်တိုင်းရင်းသားများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ကရင်လူမျိုးများသည် ရှေးဘိုးဘေးဘီဘင်များ၏ ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်း လျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပို၍ကုန်ကျသည်ဟု ထင်မြင်ပြီး မကောင်းဆိုးဝါးများ လူတွင်ဝင်ရောက် ပူးကပ်သည်ဟုယူဆသည့်အတွက် ကိုယ့်လိပ်ပြာ မလွင့်သွားအောင်လိပ်ပြာကိုခေါ်လေ့ရှိကြောင်း၊ ဝိဉာဏ်လိပ်ပြာမလွင့်သွား အောင်ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ပြီး ဆံဖြူခါးကုန်းသည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာ နေထိုင်နိုင်စေရန်ဆုတောင်း မေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်ပါသည်။

ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲ

စက်တင်ဘာ

လှေပြိုင်ပွဲ

ကရင်တိုင်းရင်းသားတို့သည်လည်း စည်းလုံးမှု၊ ညီညွတ်မှုကိုပြသသည့်အနေဖြင့် နှစ်စဉ် တော်သလင်းလတွင် ရိုးရာပွဲတစ်ခု ဖြစ်သည့် လှေပြိုင်ပွဲများကို ဘားအံမြို့လယ်ရှိကန်သာယာကန်တွင် ကျင်းပပေးလျက်ရှိပြီး၊ ဒေသခံများသာမက ပြည်တွင်း/ ပြည်ပ ဧည့်သည်များပါ ကြည့်ရှုအားပေးကြပါသည်။

လှေပြိုင်ပွဲ

အောက်တိုဘာ

မီးထွန်းပွဲ၊ မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်ပွဲ

သတင်းကျွတ်လ၏ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့် ကျော်(၁)ရက်နေ့များတွင် မီးထွန်းပွဲ၊ မီးမျှောပွဲ (သံလွင်မြစ်တွင်း) နှင့် မီးပုံးပျံလွှတ်ပွဲတို့ကို နှစ်စဉ် ရိုးရာမပျက်ကျင်းပပြုလုပ်လေ့ရှိပြီးပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များပါ ပါဝင်ဆင်နွဲနိုင်ပါသည်။

နိုဝင်ဘာ

ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ဒုံးယိမ်းအက

ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲအား အထူးသဖြင့် ကရင်ပြည်နယ်နေ့အခမ်းအနား ကျင်းပသည့်နိုဝင် ဘာ(၇)ရက်နေ့မှစ၍(၄)ရက်တိုင်တိုင်ကျင်းပလေ့ရှိပြီးပြည်နယ်အတွင်း လက်ဝှေ့ဝါသနာရှင်များ၊ နိုင်ငံအဝှမ်းမှ လက်ဝှေ့ဝါသနာရှင်များအပြင် ထိုင်းနိုင်ငံမှ လက်ဝှေ့ဝါသနာရှင်များကိုလည်း ဖိတ်ခေါ်၍ ကျင်းပလေ့ရှိပါသည်။ ဒုံးယိမ်းအကကိုလည်း နိုဝင်ဘာ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး ကရင်လူမျိုးတို့၏ဘဝအလှကိုထင်ဟပ် ဖော်ကျူးသော အကတစ်မျိုးလည်းဖြစ်ပါသည်။ ကရင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန် တူရိယာများဖြင့် ဖန်တီးထားပြီး ကိုယ်ပိုင်အမွေနှစ်အဖြစ်ထိန်းသိမ်းထားကြခြင်းဖြစ်သည်။ ကရင်ဒေသတွင် စပါးရိတ်သိမ်း၍ တလင်းများတွင် စပါးခြွေနယ်သည့်အခါ ကရင်အမျိုးသား၊ အမျိုးသမီးများ ကညီညီညာညာ တေး၊ ကဗျာ၊လင်္ကာများ သီဆိုခဲ့ရာမှ ကရင်ဒုံးယိမ်း ဖြစ်ပေါ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။ ကရင်ဒုံးယိမ်း အကကို (၁၆)ဦး ဖြင့် ကပြဖျော်ဖြေလေ့ရှိပါသည်။

ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်ဒုံးယိမ်းအက

ဒီဇင်ဘာ

ရိုးရာယက္ကန်းနှင့် ဂျပ်ခုတ်ပြိုင်ပွဲ

ကရင်ပြည်နယ်ရှိ ယက္ကန်းသင်တန်းကျောင်းနှင့် ကျေးလက်ဒေသများရှိ ယက္ကန်းစင်များပူးပေါင်း၍ ကရင်ရိုးရာအဝတ်အထည် ယက်လုပ်ခြင်းကို ကရင်ရိုးရာ အဝတ်အထည်ရက်လုပ်မှု ဆိုင်ရာလုပ်ငန်းများ တိမ်ကောသွားခြင်း မရှိစေရေးနှင့် ပိုမိုရှင်သန်လာစေရေး၊ တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာဂျပ်ခုတ်အမွေအနှစ်များ ပျက်စီးပျောက် ကွယ်သွားခြင်း မရှိစေရေးအတွက် ပြည်နယ်အစိုးအရအဖွဲ့မှကြီးမှူး၍ နှစ်စဉ် ပြာသို လဆန်း(၁)ရက်နေ့၊ ဒီဇင်ဘာလ(၂၆) ရက်နေ့ တွင် ကျရောက်မည့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကျင်းပလေ့ရှိပါသည်။

ရိုးရာယက္ကန်းနှင့် ဂျပ်ခုတ်ပြိုင်ပွဲ

ဇွဲကပင်တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အခြားအားကစားပြိုင်ပွဲများ

ကရင်ပြည်နယ်၏ အထင်ကရအထိမ်းအမှတ် ဇွဲကပင် တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲစုံကိုလည်းနှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါသည်။

ရိုးရာယက္ကန်းနှင့် ဂျပ်ခုတ်ပြိုင်ပွဲ  ဇွဲကပင်တောင်တက်အပြေးပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲနှင့်အခြားအားကစားပြိုင်ပွဲများ

ပေးပို့သူ- ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံရုံးခွဲ

ထမင်းချိုးမှ အရသာရှိရှိဆန်ပြုတ်သို့ ပြောင်းလိုက်သော ချိုချင်းဓလေ့
ချင်းတောင်တန်းဒေသမှာ ချိုချင်းတို့သည် တောင်ယာစိုက်ပျိုးရေးသာ အဓိကထားလုပ်ကိုင်ခဲ့ ကြရသည်။ ရာသီဥတုကိုလိုက်၍ အပူတောနှင့် အအေးတောဟု နှစ်မျိုးရှိရာ တောင်ယာစပါးကို အပူတော၌သာ စိုက်ပျိုးရသည်။ အအေးတောတွင် စိုက်၍မရပါ။ ထိုအခါ ဖူးစားပြောင်းကိုသာစိုက်၍ ပြောင်းထမင်းကိုသာ စားရသည်။ ပြောင်းထမင်းသည် ပူနေသည့်အချိန်စားလျှင် ကောင်းသော်လည်း အေးသွားလျှင်မာသည်။ ကြမ်းသည်။ ကြေညက်အောင် မဝါးလျှင် အစာအိမ်ထိခိုက်နိုင်သည်။ တောင်ယာဆန်ဖြစ်စေ၊ ပြောင်းဆန်ဖြစ်စေ ထမင်းရည်ငှဲ့ပြီးသာချက်ရသည်။ ထိုအခါ ထမင်းချိုးများ (ဂျိုးများ) အထူကြီးဖြစ်တတ်သည်။ ထိုထမင်းချိုးများကို မလွှင့်ပစ်ကြပါ။ ကရိကထများပြီး နေပူခြင်းက နည်းသဖြင့် ထမင်းချိုးကို အခြောက်လှမ်းပြီး ဆီနဲ့ ကြော်စားခြင်းကိုလည်း မလုပ်ကြပါ။ ထမင်းချိုးမှာ မာသဖြင့် မူလအတိုင်း စားလိုသူ မရှိတတ်ပေ။ တစ်နေ့တွင် စာရေးသူကို ထမင်းကျွေး နေသောအဒေါ်က ထမင်းချိုးများ မည်သို့အသုံးချသည်ကို မြင်ခဲ့ရသည်။ သူ့အလုပ်သူလုပ်ရင်း လက်တွေ့ပြသလိုဖြစ်ခဲ့သည်။ ထမင်းချိုး အထူကြီး ရှိနေသောအိုးထဲသို့ ရေနွေးကို ထမင်းချိုးမြုပ်ရုံ ထည့်ပြီး မီးဖိုပေါ်တင်ထားသည်။ ကျက်ပြီးသား အသားတုံး အနည်းငယ်နှင့် အသီးအရွက်များ ထည့်ပြီး အုပ်ထားသည်။ မကြာမီ ဆား၊ ငရုတ်သီးမှုန့်များ ထည့်ပြီး မွှေလိုက်သည်။ စာရေးသူက စားချင်သည်ဟု ပြောရာ စားခွင့်ရ၏။ အသားနှင့် အသီးအရွက်ပါသော အရသာရှိလှသည့် ဆန်ပြုတ်တစ်ခွက်မှန်းသိလိုက် ရသည်။ လေလွင့်မှုမရှိစေဘဲ ချွေတာခြင်းလည်း ဖြစ်စေရန်၊ အရသာရှိရှိ အစားအသောက်တစ်ခုလည်း ဖြစ်စေရန် စီမံချက်ပြုတ်တတ်သော ချိုချင်းအိမ်ရှင်မတို့၏ ချိုချင်းဓလေ့ကို ဂုဏ်ယူမြတ်နိုးစွာ ဖော်ထုတ်လိုက်ရပါသည်။ အမ်းမ်လောင်ရွှီ

ချင်းတောင်တန်းဒေသမှာ ချိုချင်းတို့သည် တောင်ယာစိုက်ပျိုးရေးသာ အဓိကထားလုပ်ကိုင်ခဲ့ ကြရသည်။ ရာသီဥတုကိုလိုက်၍  အပူတောနှင့် အအေးတောဟု  နှစ်မျိုးရှိရာ  တောင်ယာစပါးကို အပူတော၌သာ စိုက်ပျိုးရသည်။ အအေးတောတွင် စိုက်၍မရပါ။ ထိုအခါ ဖူးစားပြောင်းကိုသာစိုက်၍ ပြောင်းထမင်းကိုသာ စားရသည်။ ပြောင်းထမင်းသည် ပူနေသည့်အချိန်စားလျှင် ကောင်းသော်လည်း အေးသွားလျှင်မာသည်။ ကြမ်းသည်။ ကြေညက်အောင် မဝါးလျှင် အစာအိမ်ထိခိုက်နိုင်သည်။  

တောင်ယာဆန်ဖြစ်စေ၊ ပြောင်းဆန်ဖြစ်စေ ထမင်းရည်ငှဲ့ပြီးသာချက်ရသည်။ ထိုအခါ ထမင်းချိုးများ (ဂျိုးများ) အထူကြီးဖြစ်တတ်သည်။ ထိုထမင်းချိုးများကို မလွှင့်ပစ်ကြပါ။ ကရိကထများပြီး နေပူခြင်းက နည်းသဖြင့် ထမင်းချိုးကို အခြောက်လှမ်းပြီး ဆီနဲ့ ကြော်စားခြင်းကိုလည်း မလုပ်ကြပါ။  

ထမင်းချိုးမှာ မာသဖြင့် မူလအတိုင်း စားလိုသူ မရှိတတ်ပေ။ တစ်နေ့တွင် စာရေးသူကို ထမင်းကျွေး နေသောအဒေါ်က ထမင်းချိုးများ မည်သို့အသုံးချသည်ကို မြင်ခဲ့ရသည်။ သူ့အလုပ်သူလုပ်ရင်း လက်တွေ့ပြသလိုဖြစ်ခဲ့သည်။ ထမင်းချိုး အထူကြီး ရှိနေသောအိုးထဲသို့ ရေနွေးကို ထမင်းချိုးမြုပ်ရုံ ထည့်ပြီး မီးဖိုပေါ်တင်ထားသည်။ ကျက်ပြီးသား အသားတုံး အနည်းငယ်နှင့် အသီးအရွက်များ ထည့်ပြီး အုပ်ထားသည်။ 

မကြာမီ ဆား၊ ငရုတ်သီးမှုန့်များ ထည့်ပြီး မွှေလိုက်သည်။ စာရေးသူက စားချင်သည်ဟု ပြောရာ စားခွင့်ရ၏။ အသားနှင့် အသီးအရွက်ပါသော အရသာရှိလှသည့် ဆန်ပြုတ်တစ်ခွက်မှန်းသိလိုက် ရသည်။  

လေလွင့်မှုမရှိစေဘဲ ချွေတာခြင်းလည်း ဖြစ်စေရန်၊ အရသာရှိရှိ အစားအသောက်တစ်ခုလည်း ဖြစ်စေရန် စီမံချက်ပြုတ်တတ်သော ချိုချင်းအိမ်ရှင်မတို့၏ ချိုချင်းဓလေ့ကို ဂုဏ်ယူမြတ်နိုးစွာ ဖော်ထုတ်လိုက်ရပါသည်။ 

အမ်းမ်လောင်ရွှီ  