ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည့် ပြောင်းဖူး
Posted_Date
Image
Body
ပြောင်းဖူးကို သဲ၊ နုန်းမြေနှင့် မြေစာများတွင် ရေသွင်းစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး ပြောင်းဖူးမျိုးအနေဖြင့် ပံ-၁၃၅ မျိုးကို စိုက်ပျိုးကြသည်။ ပြောင်းဖူးကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး သက်တမ်းသုံးလခွဲအကြာ ဒီဇင်ဘာလ အတွင်း ရောင်းတမ်းဝင်အဖြစ် ခူးဆွတ် ရောင်းချကြသည်။ သကြားပြောင်း တစ် ဧကလျှင် ပျမ်းမျှအဖူးရေ ၁၂၀၀၀ ခန့် ထွက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့် သွင်း အားစုသုံးစွဲပုံ၊ ရေသွင်းသည့်အကြိမ်ရေ တူညီမှုမရှိပါ။ ကုန်ကျစရိတ်အနေဖြင့် ပြောင်းတစ်ဧကလျှင် ငွေကျပ်ရှစ်သိန်းခန့် ကုန်ကျပြီး ငွေကျပ် သိန်း ၂၀ ခန့်ဝင်ငွေရရှိ သည်။ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသ ထွက်ပြောင်းဖူးများကို မြို့ပေါ်ရှိလုပ်ငန်း ရှင်များက စိုက်ခင်းအထိလာရောက်ဝယ် ယူမှုများရှိသည့်အပြင် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်။
ပြောင်းဖူးကို လူတို့စားသုံးသည့်အစား အစာအဖြစ် ပုံစံအမျိုးမျိုးပြုလုပ်၍လည်း ကောင်း၊ တိရစ္ဆာန်အစာအဖြစ်လည်း ကောင်း၊ လောင်စာဆီအဖြစ် လည်းကောင်း၊ တခြားလူသုံးကုန်ပစ္စည်းများ အဖြစ် လည်းကောင်း တွင်ကျယ်စွာအသုံး ပြုကြသည်။
ပြောင်းဖူးတွင်ပါဝင်သောအာဟာရဓာတ်များ
ပြောင်းဖူးတွင် အဓိကအားဖြင့် ဖောလစ်အက်စစ်၊ ဗီတာမင်-B1၊ Beta Crypto-anthin ၊ Linoleic Acid၊ ကစီဓာတ်၊ ဗီတာမင်-A၊ Ferulic Acid၊ ဗီတာမင်-B ဓာတ်ပေါင်းစု၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် B-12၊ Biotin ဓာတ်၊ ဗီတာမင် -B5 နှင့် ကယ်လိုရီကြွယ်ဝစွာပါဝင်သည်။
ပြောင်းဖူးတွင် အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ပြောင်းဖူး တွင် ဗီတာမင်-B9 ဟုခေါ်သည့် ဖောလစ် ဓာတ်ပါဝင်သောကြောင့် နှလုံးကျန်းမာ ရေးကို ကောင်းမွန်စေသည်။ ဆဲလ်သစ် များကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ဖောလစ်ဓာတ်ပါသော အစားအသောက် များကို များများစားသုံးလျှင် နှလုံးသွေး ကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံးရောဂါများဖြစ်နိုင်ခြေကို လျော့ကျ စေသည်။ ပြောင်းဖူးတွင် ဗီတာမင်-B1 ပါဝင်သောကြောင့် ကာဗိုဟိုက်ဒရိတ်ဖြိုခွဲမှုတွင် အသုံးပြုနိုင်သကဲ့သို့ ဗီတာမင် -B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ကူညီနိုင် သည်။ ဗီတာမင်- C ပေါများစွာပါဝင်သောကြောင့် ရောဂါများကို တွန်းလှန်ပေးနိုင်သည်။ ယင်းသည် အင်တီအောက် စီးဒင့်ဂုဏ်သတ္တိရှိပြီး ဆဲလ်များပျက်စီး ခြင်း၊ ကင်ဆာရောဂါနှင့်နှလုံးရောဂါဖြစ် ခြင်းတို့ကိုကာကွယ်ပေးသည်။ Ferulic Acid များသည်လည်း အင်တီအောက် စီးဒင့်တစ်မျိုးဖြစ်သောကြောင့် ခန္ဓာ ကိုယ်အတွင်း ရောင်ရမ်းမှုများ၊ အရွယ် မတိုင်မီ အိုမင်းရင့်ရော်မှုနှင့် ကင်ဆာရောဂါ များကို ကာကွယ်ပေးသည်။
ဆီးချိုသွေးချိုရောဂါရှင်များ စားသင့်သောပြောင်းဖူး
ပြောင်းဖူးတွင် ပျော်ဝင်နိုင်သော အမျှင်ဓာတ်နှင့် မပျော်ဝင်သောအမျှင်ဓာတ်တို့ ပါဝင်သည်။ ပျော်ဝင်နိုင်သောအမျှင်ဓာတ် သည် အလွယ်တကူပြိုကွဲပြီး Gel အဖြစ် အူတွင်းတွေ့နိုင်သည်။ ယင်းသည် ကိုလက်စထရောကို ထိန်းချုပ်နိုင်သည့် အခန်းကဏ္ဍတွင်ပါဝင်သည်။ အစားအစာများ အမြောက်အမြားထုတ်ရန် ယင်းအမျှင်ဓာတ်ကိုသုံးသည်။ မပျော်ဝင်သောအမျှင်ဓာတ်သည် အရသာရှိသော ပြောင်းစေ့ကိုဖုံးထားသည့် အပြင်ပိုင်းအကာဖြစ်သည်။ ပြောင်းဖူး၏အမျှင်ဓာတ်များသည် ဆီးချိုသွေးချိုရောဂါသမားများ၏ သွေးတွင်းသကြာဓာတ်ပမာဏကို လျော့ကျစေ၍ များများစားသုံးပေးရန် လိုအပ်သည်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းသည် ပြောင်းဖူး၏အကြီးမားဆုံးသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
အူမကြီးကင်ဆာနှင့်အဆုတ်ကင်ဆာကို လျော့ကျစေနိုင်
ပြောင်းဖူး တစ်ခွက်စာပမာဏတွင် တစ်နေ့တာလိုအပ်သည့် အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်သည်။ ပြောင်းဖူးတွင်ပါဝင်သော သဘာဝကော်ရည်ကစီဓာတ်ပေါင်းစုနှင့် အမျှင်ဓာတ်များ သည် သွေးတွင်းရှိ ကိုလက်စထရောများကိုလျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေသည်။ ဗီတာမင်- B၊ ဗီတာမင်- E နှင့် ဗီတာမင်- K တို့ကို ပိုတက်ဆီယမ်နှင့်တွဲဖက်၍ တွေ့ရပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသည်။ ပြောင်းဖူးတွင် Beta Cryptoxanthin ပါဝင်သောကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေသည်။ အထူးသဖြင့် ဆေးလိပ်သောက်သူများ ပြောင်းဖူးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။
မှတ်ဉာဏ်စွမ်းအားကောင်းစေသော ပြောင်းဖူး
ပြောင်းဖူးတွင် ဘီတာကယ်ရိုတင်း၊ အင်တီအောက်စီးဒင့်၊ သိုင်ယာမင်၊ ဗီတာမင် - B1 ဓာတ်များ ပါဝင်သဖြင့် ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး တွေးခေါ်နိုင်သည့်လုပ်ငန်းများကို တိုးတက်စေကာ မှတ်ဉာဏ်စွမ်းအားကို ရရှိစေသည်။ အယ်လ်ဇိုင်းမားရောဂါဖြစ် နိုင်ခြေကို နည်းပါးစေသည်။ ပြောင်းဖူး သည် ကောက်ပဲသီးနှံများတွင် ကယ်လိုရီဓာတ် အမြင့်မားဆုံး ပါဝင်သောကြောင့် ခွန်အားဖြစ်စေသည်။
အမြင်အာရုံကောင်းစေပြီးကျောက်ကပ်ရောဂါကို ကုသပေးနိုင်
အမြင်အာရုံနှင့်ပတ်သက်သည့် မျက်စိရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ ခန္ဓာကိုယ်ထဲရှိ ဂလူးကို့စ်ကို ပုံမှန်ဖြစ်စေကာ သွေးထဲရှိသကြားဓာတ်ကို လျော့ကျစေသည်။ ပြောင်းဖူးကို မကြာခဏစားသုံးသော အမျိုးသမီးများသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သော ရောဂါအမျိုးမျိုးကို ကုသပေးနိုင်စွမ်းရှိသည်။ ပြောင်းဖူးဆီ လက်ဖက်ရည်တစ်ဇွန်းခန့်သည် ကျန်းမာသန်စွမ်းသောကလေး၊ အရွယ်ရောက်သူတစ်ဦးအတွက် လုံလောက်သော မရှိမဖြစ်လိုအပ်သည့် ပမာဏဖြစ်သည်။
ပြောင်းဖူးမွေး၊ ပြောင်းဖူးမြစ်၊ ပြောင်းဖူးရွက်၊ ပြောင်းအတွင်းရိုးတို့ကိုပြုတ်၍ အရည်ကိုသောက်ခြင်းဖြင့် ဆီးအိမ်ပြဿနာများ၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစာအိမ်နာခြင်းတို့ကို သက်သာစေသည်။ ထို့ပြင် ရူးသွပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်း ခြင်းနှင့် ဇရာအကြိုရောဂါကိုလည်း ကာကွယ်နိုင်သည်။ အလွန်အကျွံစား သုံးပါက အစာမကြေ၊ လေထိုးလေအောင့် ခြင်းနှင့် ဝမ်းလျှောခြင်းတို့ဖြစ်စေနိုင် သည်။
ကျန်းမာရေးနှင့်ညီညွတ်သော ပြောင်းဖူးစားနည်း
ပြောင်းဖူးကို ပြုတ်ပြီးစားသုံးနိုင်သကဲ့သို့ ပြောင်းဖူးပါသည့်စားဖွယ်မျိုးစုံကို စီမံပြုလုပ်၍လည်း စားသုံးကြသည်။ ပြောင်းဖူးကို Corn Flakes (လှော်ထားသော ပြောင်းဖူးအလွှာပါး)ပုံစံပြုလုပ်၍ နံနက်စာစားဖွယ်အဖြစ် စားသုံးကြသည်။ ပြောင်းဆီ၊ ပြောင်းဖူးဟင်းချို၊ ပြောင်းဖူး ပြုတ်၊ ပြောင်းမှုန့် စသည်ဖြင့်ပြုလုပ် ရောင်းချကြသည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ် စားသုံးကြသည်။ ချက်ပြုတ်စားသောက်သည်ထက် သုပ်၍သော်လည်းကောင်း၊ စွပ်ပြုတ်ပြုတ်၍သော်လည်းကောင်း စားသုံးခြင်းသည် ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေသည်။
အကျိုးကျေးဇူးများ
ပြောင်းဖူးကို ကလေးငယ်များလည်းစားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက်လည်း အထူးကောင်းမွန်စေသည်။ ပြောင်းဖူးပုံမှန်စားသုံးခြင်းဖြင့် သက်ကြီးရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သက်လုံကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်းရှိမကောင်းသော ကိုလက်စထရောများကို လျှော့ချပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်း၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကျန်းမာရေးကိုအကျိုးပြု စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ထို့ပြင် ပြောင်းဖူးငချိပ်သည် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ပြောင်းဖူးပင် သည် လေထဲမှ ဖော်မယ်ဒီဟိုက် (Forma-ldehyde) ကဲ့သို့ အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး သန့်စင်နိုင်သည့် ဂုဏ်သတ္တိရှိသော အပင်တစ်မျိုးဖြစ်သည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသော ဘဝများအဖြစ် ရေရှည်ရပ်တည်နိုင်ရေး အတွက် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို များစွာကူညီပံ့ပိုးပေး နိုင်သောကြောင့် ပြောင်းဖူးကို လူတိုင်း စားသုံးသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
MWD
