ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်
-
လူသားတို့တွင် အရွယ်သုံးပါးရှိပေရာ လူငယ်အရွယ်သည် အဓိကကျလှသည့်အရွယ်ဖြစ်သည်။ မိမိတို့စိတ်ဆန္ဒရှိရာကို အောင်မြင်စွာလုပ်ဆောင်နိုင်သော အရွယ်ဖြစ်သည်။ လူငယ်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် အပင်ပန်းအဆင်းရဲခံကာကြိုးစားခြင်းဖြင့် ပထမအရွယ်မှ ဒုတိယအရွယ်သို့ ဖြတ်သန်းကြရမည်ဖြစ်သည်။ လူငယ်ဆိုသည်မှာ တက်ကြွ၍လန်းဆန်းနေရမည်။ ပညာကို တတ်အောင်သင်ယူရမည့်အရွယ်ဖြစ်သည်။ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာမှန်သမျှတို့သည် လူငယ်တို့အတွက်ဖြစ်သည်။ လူကြီးအရွယ်ရောက်ကာမှ အတန်းပညာများကိုသင်ယူ၍ရနိုင်သည်မဟုတ်တော့ပေ။လူငယ်သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည်။ သင်လျှင်အတတ်မြန်သည်။ စမ်းသပ်ချက်များအရ အလယ်တန်းတွင်မိမိနှစ်သက်သောကဗျာကို အလွတ်ကျက်ထားမည်ဆိုလျှင် အသက်အရွယ်ကြီးရင့်သည်အထိ မမေ့နိုင်ပေ။ ဆိုလိုသည်မှာ လူငယ်ဘဝက စိတ်ပါလက်ပါဖြည့်ဆည်းထားသော အရာမှန်သမျှ အသက်အရွယ်ကြီးရင့်သည်အထိ မေ့ပျောက်မသွားခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသားသည့် လူချွန်လူကောင်းသီချင်းသည် ခေတ်အဆက်ဆက် မရိုးနိုင်သော သီချင်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးခေါင်းစဉ်သည် အဆိုပါသီချင်းထဲတွင် ပါဝင်သောစာသားဖြစ်သည်။ လူငယ်များကို လူချွန်လူကောင်းများ ဖြစ်အောင် လက်ဦးဆရာဖြစ်သော မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရသည်။ ထို့အတူ နိုင်ငံတော်အစိုးရကလည်း ထူးခြားစွာအားပေးကြရသည်။ နိုင်ငံတော်အစိုးရ၏ အားပေးမှုသည် လူငယ်တို့၏အနာဂတ်ကို တောက်ပြောင်စေသည်။ နိုင်ငံတော်၏အနာဂတ်ကို လင်းလက်စေသည်။ “ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ် ဝေဖန်မြော်လို့မြင် ငါတို့ပြည်ထောင်စုတွင်…ကမ္ဘာ့ရေကြောင်းသ င်္ဘောမောင်းနှင်မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်းအထုတွင် ပါဝင်တစ်ယောက်ဆိုတအားပင်”ဆိုသည့် လူချွန်လူကောင်းသီချင်းစာသားမှာ ယနေ့ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းသားများကို ညွှန်းဆိုရေးခဲ့သလားဟု ထင်မြင်မိသည်။လူငယ်မှန်သမျှသည် အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သူတို့ကိုကောင်းမွန်စွာ မြေတောင်မြှောက်ပေးရမည်မှာ လက်ရှိလူကြီးများ၏တာဝန်ဖြစ်သည်။ လူကြီးများ၏ စီမံဆောင်ရွက်မှုအတိုင်း ကောင်းမွန်စွာလိုက်ပါ လုပ်ဆောင်ရမည်မှာလည်း လူငယ်များ၏တာဝန်ဖြစ်သည်။ အရည်အသွေးပြည့်ဝ၍ စိတ်ဓာတ်ကောင်းမွန်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှလည်း နိုင်ငံတော်၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်သည်။ ယခုအခါ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းများတွင် တပ်မတော်က နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည့် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများလည်းပါဝင်သည်။ အဆိုပါသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများတိုးပွားစေသည်။ မိမိတို့၏ ကျောင်းအားလပ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။ မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေသည်။ နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့်လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များပေါ်ပေါက်စေသည်။ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲများကို ဧပြီလ ၂၇ ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့်ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့်ကျွန်းစုမြို့၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့်ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦး တက်ရောက်လျက်ရှိသည်။ အဆိုပါရေကြောင်းလူငယ် သင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးနေပြီဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလို ထူးချွန်သူများအား ပေါ်ထွန်းလာမည်ဖြစ်သည်။ မြန်မာ့အားကစားမြှင့်တင်ရေးအတွက်လည်း ရေကြောင်းလူငယ်သင်တန်းများမှ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးလျက်ရှိသည်မှာလည်း နိုင်ငံနှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသည်နှင့်တစ်ချိန်တည်းမှာပင် လေကြောင်းလူငယ် သင်တန်းများနှင့်ပတ်သက်၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို နေပြည်တော်သင်တန်း စခန်းအပါအဝင် သင်တန်းစခန်း ၂၀ ၌ ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ ခု သင်တန်းသား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ဧပြီလ၂၇ ရက်မှစတင်ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ် သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံဗဟုသုတ၊ Airfield Procedure၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲများကို မေလ ၂၂ ရက်နေ့တွင် သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ အားကစားခန်းမ၌ လည်းကောင်း၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ရေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့်စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။ထို့အတူ လေကြောင်းလူငယ်သင်တန်းသားများအား သင်တန်းတွင်ပို့ချသည့်ဘာသာရပ်များအပြင် လေယာဉ်/ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်အတွက် RCလေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများ အလိုက် လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများကျင်းပကာ ထူးချွန်ဆုရသင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။သင်တန်းသားများအားလုံး ဒေသန္တရဗဟုသုတများရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့သို့ လည်းကောင်း လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေမည်ဖြစ်သည်။ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေမည်။ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိသည်။ လူငယ်များ၏ဝါသနာပါရာ ပညာရပ်ကို မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။လူဆိုသည်မှာအသက်အရွယ်အလိုက်ပြောင်းလဲလာကြခြင်းဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်အရွယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းမှာအထူးပင်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည်။ လူငယ်သည်တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ နာခံမှုကောင်းသည်။ ဖြူစင်သောကျောင်းသား၊ ကျောင်းသူလူငယ် မျိုးဆက်သစ်များကို နိုင်ငံတော်နှင့်တပ်မတော်က ယခုကဲ့သို့ ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူတို့၏အနာဂတ်ကို သူတို့လှပအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ တပ်မတော်တွင် အခြေခံဖြစ်သည့် စစ်ရေးပြဘာသာရပ်ကို သင်ကြားတတ်မြောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု ရရှိစေမည်ဖြစ်သည်။ စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတတ်ခြင်းမှာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အလိုအပ်ဆုံးသော အရာဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသော စကားသည်လွဲမှားမှုမရှိသော အမှန်တရားဖြစ်သည်။စည်းကမ်းမကောင်းသူကို မည်သူကမျှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။ မိဘဖြစ်သူကိုယ်တိုင်ပင် မိမိ၏ သားသမီး စည်းမရှိ၊ ကမ်းမရှိနေထိုင်သွားလာနေသည်ကို ကြိုက်နှစ်သက်မည်မဟုတ်ပါ။ယခုမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များမှာ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ တက်ရောက်ထားခြင်းအားဖြင့် သူတို့သည် အဖိုးတန်သောလူချွန်လူကောင်းကလေးများဖြစ်လာပေမည်။ လူချွန်လူကောင်းကလေးများဖြစ်အောင်လည်း တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)တို့မှ နည်းပြများက အကောင်းဆုံးသင်၊ အကောင်းဆုံးပြင်ပေးခဲ့ကြပြီးဖြစ်သည်။ လူတိုင်း၏ဘဝတွင် လူငယ်ဘဝသည် အားကျဖွယ်အကောင်းဆုံးဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလောက် ခရီးပေါက်နိုင်သည်။ အထက်သို့တက်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်တို့ဖြင့် နည်းပြများ၏သင်ကြားပို့ချမှုမှန်သမျှကို ပြည့်ပြည့်ဝဝရရှိအောင် စိတ်ဝင်တစား သင်ယူခဲ့ကြပြီးလည်းဖြစ်သည်။အချိန်နှင့်ဒီရေသည် လူကိုမစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်ဟူသော စကားပုံများကို စွဲမြဲမှတ်သားကာ ကြိုးစားခြင်းဖြင့် မိမိတို့တစ်ဦးချင်းစီ၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင်၊တော်သည်ထက်တော်အောင် စီမံဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ ဤပညာရပ်များသည် လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းထောက်မ၍ သင်ကြားခွင့်ရရှိခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း သင်ယူခွင့်ရရှိနိုင်သည်မဟုတ်ပေ။ စိတ်ရင်းစေတနာကောင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် အခွင့်အရေးကောင်းများကို ရရှိအောင်၊ အိတ်သွန်ဖာမှောက်ရရှိအောင်၊ တတ်မြောက်အောင် သင်ယူကြပြီး နိုင်ငံတော်ကို အကျိုးပြုကြရမည်ဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မေလ ၂၅ ရက်နံနက်ပိုင်းတွင်၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိကအရေးပါမှုကိုသိရှိထားရန် လိုအပ်ကြောင်း၊၊လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံးသိရှိထားကြရန်မှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်းယှဉ်ပြိုင်နေကြရသည်။ မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားသည့်နိုင်ငံနှင့် ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။ လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများသင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက် တတ်မြောက်အောင် သင်ယူကြရာတွင် ပညာရှာပမာ သူဖုန်းစားဆိုသကဲ့သို့ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး စိတ်ဓာတ်ဖြင့် သင်ယူကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သောအရာဖြစ်သည်။ ရေကြောင်းပညာ၊လေကြောင်းပညာ ဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သော ပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် ကောင်းမွန်သော အစီအမံ(ရင်းနှီးမြှုပ်နှံမှု)များဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေ ပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကောပပျောက် သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုခြင်းနှင့်အတူ မိမိအတွက်၊ မိမိ၏နိုင်ငံတော်အတွက် အကောင်းဆုံးသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေရာသီကျောင်းပိတ်ရက်အတွင်း ငွေကုန်ကြေးကျခံကာ ရေကြောင်းလူငယ်သင်တန်းများ၊ လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းမှာ လူငယ်များအနေဖြင့် အနာဂတ်တွင် မိမိနိုင်ငံအတွက် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။လူငယ်ရေးရာဝန်ကြီးဌာနအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ရေကြောင်းပညာများ၊ လေကြောင်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြသောလူငယ်များ အရေအတွက်သည် များပြားစွာ ရှိနေမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရမည်။ ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝရေးအတွက် သင်ကြားပေးနေခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်က လူငယ်မောင်မယ်တို့ကို “လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်” နေခြင်းကို အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။MWD

           လူသားတို့တွင် အရွယ်သုံးပါးရှိပေရာ လူငယ်အရွယ်သည် အဓိကကျလှသည့်အရွယ်ဖြစ်သည်။ မိမိတို့စိတ်ဆန္ဒရှိရာကို အောင်မြင်စွာလုပ်ဆောင်နိုင်သော အရွယ်ဖြစ်သည်။ လူငယ်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် အပင်ပန်းအဆင်းရဲခံကာကြိုးစားခြင်းဖြင့် ပထမအရွယ်မှ ဒုတိယအရွယ်သို့ ဖြတ်သန်းကြရမည်ဖြစ်သည်။ 

လူငယ်ဆိုသည်မှာ တက်ကြွ၍လန်းဆန်းနေရမည်။ ပညာကို တတ်အောင်သင်ယူရမည့်အရွယ်ဖြစ်သည်။  အတန်းပညာ၊ အသိပညာ၊ အတတ်ပညာမှန်သမျှတို့သည် လူငယ်တို့အတွက်ဖြစ်သည်။    လူကြီးအရွယ်ရောက်ကာမှ အတန်းပညာများကိုသင်ယူ၍ရနိုင်သည်မဟုတ်တော့ပေ။

လူငယ်သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည်။ သင်လျှင်အတတ်မြန်သည်။ စမ်းသပ်ချက်များအရ အလယ်တန်းတွင်မိမိနှစ်သက်သောကဗျာကို အလွတ်ကျက်ထားမည်ဆိုလျှင် အသက်အရွယ်ကြီးရင့်သည်အထိ  မမေ့နိုင်ပေ။ 

ဆိုလိုသည်မှာ လူငယ်ဘဝက စိတ်ပါလက်ပါဖြည့်ဆည်းထားသော   အရာမှန်သမျှ အသက်အရွယ်ကြီးရင့်သည်အထိ မေ့ပျောက်မသွားခြင်းကို  ညွှန်းဆိုခြင်းဖြစ်သည်။ အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသားသည့် လူချွန်လူကောင်းသီချင်းသည် ခေတ်အဆက်ဆက် မရိုးနိုင်သော သီချင်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးခေါင်းစဉ်သည် အဆိုပါသီချင်းထဲတွင် ပါဝင်သောစာသားဖြစ်သည်။ 

လူငယ်များကို လူချွန်လူကောင်းများ ဖြစ်အောင် လက်ဦးဆရာဖြစ်သော မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရသည်။ ထို့အတူ နိုင်ငံတော်အစိုးရကလည်း  ထူးခြားစွာအားပေးကြရသည်။ နိုင်ငံတော်အစိုးရ၏ အားပေးမှုသည် လူငယ်တို့၏အနာဂတ်ကို တောက်ပြောင်စေသည်။ 

နိုင်ငံတော်၏အနာဂတ်ကို  လင်းလက်စေသည်။ ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ် ဝေဖန်မြော်လို့မြင်  ငါတို့ပြည်ထောင်စုတွင်ကမ္ဘာ့ရေကြောင်းသ င်္ဘောမောင်းနှင်မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်းအထုတွင် ပါဝင်တစ်ယောက်ဆိုတအားပင်ဆိုသည့် လူချွန်လူကောင်းသီချင်းစာသားမှာ  ယနေ့ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းသားများကို  ညွှန်းဆိုရေးခဲ့သလားဟု ထင်မြင်မိသည်။

လူငယ်မှန်သမျှသည်    အနာဂတ်နိုင်ငံတော်ကို  လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြရမည့်သူများ   ဖြစ်ကြသည်။ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သူတို့ကိုကောင်းမွန်စွာ  မြေတောင်မြှောက်ပေးရမည်မှာ လက်ရှိလူကြီးများ၏တာဝန်ဖြစ်သည်။ လူကြီးများ၏ စီမံဆောင်ရွက်မှု

အတိုင်း ကောင်းမွန်စွာလိုက်ပါ လုပ်ဆောင်ရမည်မှာလည်း လူငယ်များ၏တာဝန်ဖြစ်သည်။ အရည်အသွေးပြည့်ဝ၍ စိတ်ဓာတ်ကောင်းမွန်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှလည်း  နိုင်ငံတော်၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်သည်။ 

ယခုအခါ  နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။    အဆိုပါသင်တန်းများတွင် တပ်မတော်က နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည့်   ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများလည်းပါဝင်သည်။ အဆိုပါသင်တန်းများကို  ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို  နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများတိုးပွားစေသည်။ မိမိတို့၏ ကျောင်းအားလပ်ရက်ကို  အကျိုးရှိစွာ အသုံးပြုနိုင်သည်။ မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေသည်။   နိုင်ငံတော်အတွက်  ရေကြောင်းပညာနှင့်လေကြောင်းပညာကျွမ်းကျင်သော   အနာဂတ်မျိုးဆက်သစ်များပေါ်ပေါက်စေသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲများကို  ဧပြီလ ၂၇ ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့်ပုသိမ်မြို့၊ မွန်ပြည်နယ်တွင်    မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊  မြိတ်မြို့နှင့်ကျွန်းစုမြို့၊   ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့်ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ ဖွင့်လှစ်ခဲ့သည်။  အဆိုပါသင်တန်းများသို့  သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦး  တက်ရောက်လျက်ရှိသည်။ 

အဆိုပါရေကြောင်းလူငယ် သင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်   တပ်မတော်သမိုင်းဘာသာရပ်၊အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊  အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးနေပြီဖြစ်သည်။   ကြိုးစားလျှင်ကြိုးစားသလို ထူးချွန်သူများအား ပေါ်ထွန်းလာမည်ဖြစ်သည်။   မြန်မာ့အားကစားမြှင့်တင်ရေးအတွက်လည်း   ရေကြောင်းလူငယ်သင်တန်းများမှ   လှေလှော်အားကစားနည်း၊  ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးလျက်ရှိသည်မှာလည်း နိုင်ငံနှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။

ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသည်နှင့်တစ်ချိန်တည်းမှာပင် လေကြောင်းလူငယ် သင်တန်းများနှင့်ပတ်သက်၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို  နေပြည်တော်သင်တန်း စခန်းအပါအဝင်   သင်တန်းစခန်း ၂၀ ၌ ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ ခု သင်တန်းသား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ဧပြီလ၂၇ ရက်မှစတင်ဖွင့်လှစ်ပေးခဲ့သည်။ 

အခြေခံလေကြောင်းလူငယ်သင်တန်းတွင်   လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊  လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊    RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့်  အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ်  သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံဗဟုသုတ၊ Airfield ProcedureRC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊    အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲများကို မေလ ၂၂ ရက်နေ့တွင်  သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။   ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ အားကစားခန်းမ၌ လည်းကောင်း၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ရေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်   လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊  ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊   ရေယာဉ်ခုတ်မောင်းရာတွင်   လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့်စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက်    စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။

ထို့အတူ လေကြောင်းလူငယ်သင်တန်းသားများအား သင်တန်းတွင်ပို့ချသည့်ဘာသာရပ်များအပြင် လေယာဉ်/ရဟတ်ယာဉ်များ၏  ပျံသန်းမှုအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်အတွက် RCလေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများ အလိုက်  လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများကျင်းပကာ ထူးချွန်ဆုရသင်တန်းသားများအား  နည်းပြလေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ    အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

သင်တန်းသားများအားလုံး  ဒေသန္တရဗဟုသုတများရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့်  နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့သို့ လည်းကောင်း  လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်   အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု   တိုးပွားလာစေမည်ဖြစ်သည်။ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေမည်။ 

စိတ်ဓာတ်၊ စည်းကမ်းနှင့်  ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိသည်။ လူငယ်များ၏ဝါသနာပါရာ ပညာရပ်ကို  မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာ  မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

လူဆိုသည်မှာအသက်အရွယ်အလိုက်ပြောင်းလဲလာကြခြင်းဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်အရွယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းမှာအထူးပင်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည်။ လူငယ်သည်တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ နာခံမှုကောင်းသည်။ ဖြူစင်သောကျောင်းသား၊ ကျောင်းသူလူငယ် မျိုးဆက်သစ်များကို နိုင်ငံတော်နှင့်တပ်မတော်က   ယခုကဲ့သို့  ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူတို့၏အနာဂတ်ကို သူတို့လှပအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။  တပ်မတော်တွင် အခြေခံဖြစ်သည့် စစ်ရေးပြဘာသာရပ်ကို   သင်ကြားတတ်မြောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်မှုနှင့်  အမိန့်နာခံတတ်မှု ရရှိစေမည်ဖြစ်သည်။ စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတတ်ခြင်းမှာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အလိုအပ်ဆုံးသော အရာဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသော  စကားသည်လွဲမှားမှုမရှိသော အမှန်တရားဖြစ်သည်။

စည်းကမ်းမကောင်းသူကို  မည်သူကမျှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။   မိဘဖြစ်သူကိုယ်တိုင်ပင်   မိမိ၏ သားသမီး စည်းမရှိ၊ ကမ်းမရှိနေထိုင်သွားလာနေသည်ကို  ကြိုက်နှစ်သက်မည်မဟုတ်ပါ။

ယခုမျိုးဆက်သစ်   ကျောင်းသား၊   ကျောင်းသူလူငယ်မောင်မယ်များမှာ   ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ  တက်ရောက်ထားခြင်းအားဖြင့် သူတို့သည် အဖိုးတန်သောလူချွန်လူကောင်းကလေးများဖြစ်လာပေမည်။   

လူချွန်လူကောင်းကလေးများဖြစ်အောင်လည်း တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)တို့မှ  နည်းပြများက  အကောင်းဆုံးသင်၊ အကောင်းဆုံးပြင်ပေးခဲ့ကြပြီးဖြစ်သည်။ လူတိုင်း၏ဘဝတွင် လူငယ်ဘဝသည် အားကျဖွယ်အကောင်းဆုံးဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလောက် ခရီးပေါက်နိုင်သည်။ အထက်သို့တက်နိုင်အောင်   ကြိုးစားကြရမည်ဖြစ်သည်။

လှေခွက်ချည်းကျန်  အလံမလှဲသည့်စိတ်ဓာတ်၊    ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်တို့ဖြင့် နည်းပြများ၏သင်ကြားပို့ချမှုမှန်သမျှကို ပြည့်ပြည့်ဝဝရရှိအောင် စိတ်ဝင်တစား သင်ယူခဲ့ကြပြီးလည်းဖြစ်သည်။

အချိန်နှင့်ဒီရေသည်  လူကိုမစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်ဟူသော စကားပုံများကို စွဲမြဲမှတ်သားကာ ကြိုးစားခြင်းဖြင့် မိမိတို့တစ်ဦးချင်းစီ၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင်၊တော်သည်ထက်တော်အောင် စီမံဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ ဤပညာရပ်များသည် လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းထောက်မ၍ သင်ကြားခွင့်ရရှိခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း သင်ယူခွင့်ရရှိနိုင်သည်မဟုတ်ပေ။ စိတ်ရင်းစေတနာကောင်းဖြင့်   နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် အခွင့်အရေးကောင်းများကို    ရရှိအောင်၊  အိတ်သွန်ဖာမှောက်ရရှိအောင်၊ တတ်မြောက်အောင်    သင်ယူကြပြီး နိုင်ငံတော်ကို အကျိုးပြုကြရမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မေလ ၂၅ ရက်နံနက်ပိုင်းတွင်၂၀၂၆ ခုနှစ် ရေကြောင်းနှင့်   လေကြောင်းလူငယ်မောင်မယ်များအား  တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့်  လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊  ရေပြင်နှင့်   ဝေဟင်တို့၏ အဓိကအရေးပါမှုကိုသိရှိထားရန် လိုအပ်ကြောင်း၊၊

လူငယ်များသည်   ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက်  ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံးသိရှိထားကြရန်မှာကြားလိုကြောင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။  ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်းယှဉ်ပြိုင်နေကြရသည်။   မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ   အင်အားကြီးမားသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားသည့်နိုင်ငံနှင့် ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို  အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင်  ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။ 

လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများသင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက် တတ်မြောက်အောင် သင်ယူကြရာတွင် ပညာရှာပမာ သူဖုန်းစားဆိုသကဲ့သို့ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး စိတ်ဓာတ်ဖြင့်   သင်ယူကြရမည်ဖြစ်သည်။   ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သောအရာဖြစ်သည်။   ရေကြောင်းပညာ၊လေကြောင်းပညာ ဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သော  ပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက်  ကောင်းမွန်သော အစီအမံ(ရင်းနှီးမြှုပ်နှံမှု)များဖြစ်သည်။ 

မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေ ပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကောပပျောက် သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာများအဖြစ်  သိရှိကြပြီးဖြစ်သည်။  ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုခြင်းနှင့်အတူ မိမိအတွက်၊ မိမိ၏နိုင်ငံတော်အတွက် အကောင်းဆုံးသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်က  နွေရာသီကျောင်းပိတ်ရက်အတွင်း ငွေကုန်ကြေးကျခံကာ   ရေကြောင်းလူငယ်သင်တန်းများ၊  လေကြောင်းလူငယ်သင်တန်းများကို  ဖွင့်လှစ်ပေးခြင်းမှာ လူငယ်များအနေဖြင့်   အနာဂတ်တွင် မိမိနိုင်ငံအတွက်  ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။

လူငယ်ရေးရာဝန်ကြီးဌာနအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ရေကြောင်းပညာများ၊ လေကြောင်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြသောလူငယ်များ အရေအတွက်သည်   များပြားစွာ ရှိနေမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို  ချစ်ခင်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရမည်။   ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊  ပညာပြည့်ဝရေးအတွက်   သင်ကြားပေးနေခြင်းဖြစ်သည်။   တစ်နည်းဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်က လူငယ်မောင်မယ်တို့ကို    လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင် နေခြင်းကို အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။    ။

MWD

ဘုန်းမောင်ဝင်း(ဖျာပုံ)

ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့ရောဂါက စိုးရိမ်ရမလား
-
ကမ္ဘာမှာပျံ့နှံ့မှုအများဆုံးနဲ့ လူအများဆုံး ခံစားနေရတဲ့ရောဂါက ဘာလဲဆိုရင် အီဘိုလာဗိုင်းရပ်လို သေစေနိုင်တဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ဘဲ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်လာနေပြီလို့ နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ရဲ့ လေ့လာမှုစာတမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံကျော်အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုတဲ့ အချက်က လူအများအပြားကို စိုးရိမ်စေခဲ့ပါတယ်။၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁ ဒသမ ၂ ဘီလီယံနီးပါးဟာ စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပြီး ဒီပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေက စိတ်ရောဂါ ၁၂ မျိုးကို လေ့လာခဲ့ရာမှာ စိုးရိမ်ပူပန်မှုရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အမြန်ဆုံးတိုးလာတဲ့ရောဂါတွေဖြစ်ကြောင်း တွေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုရောဂါက ၁၅၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါက ၁၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရှိရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနေပါတယ်။သုတေသနပညာရှင်တွေလေ့လာခဲ့တဲ့ စိတ်ရောဂါတွေထဲမှာ စိုးရိမ်ပူပန်မှုရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်မှုမရှိတဲ့ရေရှည်စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်မရှည်ရန်လိုရောဂါ၊ ADHD ရောဂါ၊ အစား အသောက်အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါ၊ ဉာဏ်ရည်အားနည်းသည့်ရောဂါနဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။ ဒီရောဂါတွေထဲမှာ ADHD နဲ့ ဉာဏ်ရည်အားနည်းသည့် ရောဂါတွေဖြစ်ပွားမှုသာအနည်းငယ်လျော့ကျလာပြီး ကျန်ရှိတဲ့ရောဂါအများစုကတော့ ပိုမိုတိုးမြင့်လာနေပါတယ်။ သို့ပေမယ့်လည်း လူတိုင်းအပေါ် တူညီစွာ သက်ရောက်တာတော့မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျစိတ်ကြွရောဂါ၊ အစားအသောက် အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါတို့ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ADHD၊ အော်တစ်ဇင်ရောဂါနဲ့ စိတ်မရှည်ရန်လိုရောဂါတို့ကတော့ အမျိုးသားတွေမှာ ပိုများနေပါတယ်။အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင် အသက်၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေမှာ စိတ်ရောဂါဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ လေ့လာမှုကဖော်ပြထားပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အုပ်စုက စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးအများဆုံး ခံနေရတဲ့ အုပ်စုဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို နိုင်ငံနဲ့ဒေသ၂၀၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုက ပိုမိုပြင်းထန်နေပါတယ်။ ဥပမာ နယ်သာလန်နိုင်ငံမှာဆိုရင် လူဦးရေတစ်သိန်းမှာ စိတ်ရောဂါဖြစ်ပွားသူ ၃၅၅၅ ဦးအထိရှိနေပြီး ဗီယက်နမ်မှာတော့ ၁၃၀၂ ဦးခန့်သာရှိပါတယ်။ အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့လူတစ်သိန်းမှာ ၁၈၅၃ ဦးဝန်းကျင်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၂၁၈၄ ဦးခန့်ရှိနေပါတယ်။ဘာကြောင့် စိတ်ရောဂါတွေ ဒီလောက်တိုးလာတာလဲဆိုတဲ့ မေးခွန်းကတော့ လူအများစိတ်ဝင်စားနေတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဦးဆောင်သူ ဒေါက်တာဒါမီယန်ဆန်တိုမော်ရိုက စိတ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းအတွက် အကြောင်းရင်းတွေ များစွာရှိနေပြီး တစ်ခုချင်းစီခွဲထုတ်ဖို့ခက်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာရောဘတ်ထရက်စမန်းကတော့ အဓိကအကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ပါတယ်။ အဲဒါကလူ့အဖွဲ့အစည်းအနေနဲ့ စိတ်ရောဂါဖြစ်ပွားမှုအပေါ် အမြင်ဆိုးတွေလျော့နည်းလာတာကြောင့် လူတွေက အခုဆို ပိုမိုပွင့်လင်းလာကြပြီး တိတ်တဆိတ်ခံစားနေမယ့်အစား ဆေးကုသမှုရှာဖွေ လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ လူတိုင်းက ဒီအမြင်ကို သဘောတူကြတာတော့မဟုတ်ပါဘူး။ တချို့ပညာရှင်တွေကတော့ စိတ်ရောဂါတွေကို လိုအပ်တာထက်ပိုပြီး ရောဂါအမည်တပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးလူနာ ၄ သန်းနီးပါးသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ၉ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကရောဂါအမည်တပ်တာကို အလွန်အကျူးလုပ်နေတာကြောင့်ဖြစ်တယ်လို့ပြောနေရတာပါ။ ဗြိတိန်ဆရာဝန် ၇၅၀ ကို မေးမြန်းခဲ့ရာမှာ ၄၄၂ ယောက်က ဒီအမြင်ကို သဘောတူကြပြီး ၈၁ ယောက်ကသာ စိတ်ရောဂါတွေကို လုံလောက်အောင် ရောဂါအမည်မတပ်နိုင်သေးဘူး လို့ပြောကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဩစတြေးလျသုတေသီများက “concept creep” ဆိုတဲ့ အယူအဆကို ထောက်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ရောဂါတချို့ရဲ့ သတ်မှတ်ချက်တွေကို ပိုမိုချဲ့ထွင်ပြောင်းလဲလာတာကြောင့် ယခင်က ပုံမှန်လို့ယူဆတဲ့အပြုအမူတွေကို အခုတော့ ရောဂါအဖြစ် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဥပမာ ကျောင်းမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ၁၉၉၀ ခုနှစ်ကထက် ယနေ့ခေတ်မှာ ADHD လို့ ရောဂါအမည် တပ်နိုင်ခြေပိုများလာတာမျိုးပါ။တစ်ဖက်မှာလည်း ဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီအခြေအနေကနေ အကျိုးအမြတ်များစွာ ရရှိနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်များကစပြီး ဆေးဝါးကုမ္ပဏီတွေဟာ အမေရိကန်စိတ်ကျန်းမာရေး အဖွဲ့အစည်းကိုဖိအားပေးကာ စိတ်ကျရောဂါကိုယာယီဖြစ်ပွားတဲ့ အခြေအနေမဟုတ်ဘဲ ရေရှည်ဆေးသောက်ရမယ့် ရောဂါတစ်ခုအဖြစ် ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထုတ်တဲ့ SSRI ဆေးတွေ အလုပ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ သုတေသနတွေကို ငွေကြေးထောက်ပံ့ပြီး ဆရာဝန်တွေကိုလည်း ဆေးညွှန်းပိုရေးပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ နောက်ပိုင်းသုတေသနတွေကတော့ အစောပိုင်း SSRI စမ်းသပ်မှုတချို့ကို ကုမ္ပဏီတွေကကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။GlaxoSmithKline၊Forest Laboratories နဲ့ Takeda တို့လို ကုမ္ပဏီတွေကဆရာဝန်တွေကို လက်ဆောင်ပေးပြီး လူနာတွေကို စိတ်ကျဆေးပိုပေးဖို့ ဆေးညွှန်းရေးခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။ဒါပေမဲ့ စိတ်ရောဂါတွေတိုးလာတာကို ဆေးဝါးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရောဂါအမည်ပိုတပ်တာတို့နဲ့ချည်း မရှင်းပြနိုင်ဘူးလို့ တချို့ပညာရှင်များက ယူဆကြပါတယ်။ သူတို့အမြင်အရ ယနေ့ခေတ်လူနေမှုပုံစံကိုက လူတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် အဲလက်ကာမီက “လူသားတွေဟာ အစကတည်းက အုပ်စုလိုက်နေထိုင်ဖို့ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာရေးထုံးတမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေထဲမှာ အသက်ရှင်ဖို့ အဆင်ပြေတာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေကမြို့ပြဘဝမှာအထီးကျန်ဆန်ဆန်နေထိုင်လာကြပြီး လှုပ်ရှားမှုနည်းလာတယ်၊ ဓာတုပစ္စည်းပါတဲ့ အစားအစာတွေစားလာတယ်၊ သတင်းဆိုးတွေ၊ အကြမ်းဖက်သတင်းတွေကို နေ့တိုင်းကြည့်နေရတယ်”လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က"Depression as a disease of modernity" ဆိုတဲ့လေ့လာမှုမှာလည်း ယနေ့ခေတ်လူတွေဟာ အစာပိုစားပေမယ့် အာဟာရချို့တဲ့နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ နေရောင်မရဘူး၊ အိပ်ရေးပျက်နေတယ်၊ လူမှုဆက်ဆံရေး ကင်းကွာလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ GDP မြင့်လေလေ စိတ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့လည်း ဆိုပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လော့ဒေါင်း၊အထီးကျန်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောဂါဖြစ်မှုနှုန်းတွေ အလွန်မြင့်တက်လာခဲ့တယ်လို့ The Lancet ရဲ့လေ့လာမှုကဖော်ပြထားပါတယ်။ ဒါ့အပြင် social media အသုံးပြုမှုဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ မူမမှန်တဲ့အစာစားခြင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတဲ့ သုတေသန၁၄၃ ခုကျော်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ အကျိုးသက်ရောက်မှုကြီးမားတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ သုတေသနတစ်ခုအရတစ်ရက်ကို social media သုံးနာရီကျော်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေနှစ်ဆအထိ မြင့်တက်လာပါတယ်။ အမေရိကန်ဆယ်ကျော်သက်ထက်ဝက်နီးပါးက socialmedia ဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကို အများအားဖြင့် မကောင်းတဲ့သက်ရောက်မှုပေးတယ်လို့ ယူဆကြ ပါတယ်။ဒါဆို ဒီအခြေအနေတွေအပေါ်မှာ လူတွေစိုးရိမ်သင့်လားဆိုတဲ့မေးခွန်းတစ်ခုက နောက်ဆုံးကျန်နေပါတယ်။ အဖြေကတော့ “အခြေအနေပေါ်မူတည်တယ်” ဆိုတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေပေမယ့် အဲဒီနိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေအတွက် အကြီးမားဆုံးဈေးကွက်တွေဖြစ်တာကြောင့် ရောဂါအမည်ပိုတပ်ခံရနိုင်တာ ရှိသလိုဆေးလွန်ကဲ သုံးစွဲရနိုင်ခြေလည်းရှိပါတယ်။ ဒါပေမဲ့တချို့ဖြေရှင်းနည်းတွေကတော့ ရှင်းပါတယ်။ ဖုန်းနဲ့ social media အသုံးပြုချိန်ကို ကန့်သတ်လိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ လူမှုဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တာ၊ တရားထိုင်တာ၊ ဆုတောင်းမေတ္တာပို့တာတွေဟာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ သိပ္ပံနည်းကျအရသာမက လက်တွေ့မှာလည်း လက်သင့်ခံထားတဲ့အရာတွေဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။MWD

     ကမ္ဘာမှာပျံ့နှံ့မှုအများဆုံးနဲ့ လူအများဆုံး ခံစားနေရတဲ့ရောဂါက ဘာလဲဆိုရင် အီဘိုလာဗိုင်းရပ်လို သေစေနိုင်တဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ဘဲ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်လာနေပြီလို့ နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ရဲ့ လေ့လာမှုစာတမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံကျော်အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုတဲ့ အချက်က လူအများအပြားကို စိုးရိမ်စေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း  ကမ္ဘာတစ်ဝန်းရှိ   လူပေါင်း ၁ ဒသမ ၂ ဘီလီယံနီးပါးဟာ စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပြီး ဒီပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေက စိတ်ရောဂါ ၁၂ မျိုးကို လေ့လာခဲ့ရာမှာ စိုးရိမ်ပူပန်မှုရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အမြန်ဆုံးတိုးလာတဲ့ရောဂါတွေဖြစ်ကြောင်း တွေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုရောဂါက ၁၅၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါက ၁၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရှိရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနေပါတယ်။

သုတေသနပညာရှင်တွေလေ့လာခဲ့တဲ့ စိတ်ရောဂါတွေထဲမှာ စိုးရိမ်ပူပန်မှုရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်မှုမရှိတဲ့ရေရှည်စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်မရှည်ရန်လိုရောဂါ၊ ADHD ရောဂါ၊ အစား အသောက်အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါ၊ ဉာဏ်ရည်အားနည်းသည့်ရောဂါနဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။ ဒီရောဂါတွေထဲမှာ ADHD နဲ့ ဉာဏ်ရည်အားနည်းသည့် ရောဂါတွေဖြစ်ပွားမှုသာအနည်းငယ်လျော့ကျလာပြီး ကျန်ရှိတဲ့ရောဂါအများစုကတော့ ပိုမိုတိုးမြင့်လာနေပါတယ်။ သို့ပေမယ့်လည်း လူတိုင်းအပေါ် တူညီစွာ သက်ရောက်တာတော့မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျစိတ်ကြွရောဂါ၊ အစားအသောက် အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါတို့ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ADHD၊ အော်တစ်ဇင်ရောဂါနဲ့ စိတ်မရှည်ရန်လိုရောဂါတို့ကတော့ အမျိုးသားတွေမှာ ပိုများနေပါတယ်။

အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင် အသက်၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေမှာ စိတ်ရောဂါဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ လေ့လာမှုကဖော်ပြထားပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အုပ်စုက စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးအများဆုံး ခံနေရတဲ့ အုပ်စုဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို နိုင်ငံနဲ့ဒေသ၂၀၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုက ပိုမိုပြင်းထန်နေပါတယ်။ ဥပမာ နယ်သာလန်နိုင်ငံမှာဆိုရင် လူဦးရေတစ်သိန်းမှာ စိတ်ရောဂါဖြစ်ပွားသူ ၃၅၅၅ ဦးအထိရှိနေပြီး ဗီယက်နမ်မှာတော့ ၁၃၀၂ ဦးခန့်သာရှိပါတယ်။ အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့လူတစ်သိန်းမှာ ၁၈၅၃ ဦးဝန်းကျင်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၂၁၈၄ ဦးခန့်ရှိနေပါတယ်။

ဘာကြောင့် စိတ်ရောဂါတွေ ဒီလောက်တိုးလာတာလဲဆိုတဲ့ မေးခွန်းကတော့ လူအများစိတ်ဝင်စားနေတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဦးဆောင်သူ ဒေါက်တာဒါမီယန်ဆန်တိုမော်ရိုက  စိတ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းအတွက် အကြောင်းရင်းတွေ များစွာရှိနေပြီး တစ်ခုချင်းစီခွဲထုတ်ဖို့ခက်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာရောဘတ်ထရက်စမန်းကတော့ အဓိကအကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ပါတယ်။ အဲဒါကလူ့အဖွဲ့အစည်းအနေနဲ့ စိတ်ရောဂါဖြစ်ပွားမှုအပေါ် အမြင်ဆိုးတွေလျော့နည်းလာတာကြောင့် လူတွေက အခုဆို ပိုမိုပွင့်လင်းလာကြပြီး တိတ်တဆိတ်ခံစားနေမယ့်အစား ဆေးကုသမှုရှာဖွေ လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူတိုင်းက ဒီအမြင်ကို သဘောတူကြတာတော့မဟုတ်ပါဘူး။ တချို့ပညာရှင်တွေကတော့ စိတ်ရောဂါတွေကို လိုအပ်တာထက်ပိုပြီး ရောဂါအမည်တပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးလူနာ ၄ သန်းနီးပါးသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ၉ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကရောဂါအမည်တပ်တာကို အလွန်အကျူးလုပ်နေတာကြောင့်ဖြစ်တယ်လို့ပြောနေရတာပါ။ ဗြိတိန်ဆရာဝန် ၇၅၀ ကို မေးမြန်းခဲ့ရာမှာ ၄၄၂ ယောက်က ဒီအမြင်ကို သဘောတူကြပြီး ၈၁ ယောက်ကသာ စိတ်ရောဂါတွေကို လုံလောက်အောင် ရောဂါအမည်မတပ်နိုင်သေးဘူး လို့ပြောကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဩစတြေးလျသုတေသီများက “concept creep” ဆိုတဲ့ အယူအဆကို ထောက်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ရောဂါတချို့ရဲ့ သတ်မှတ်ချက်တွေကို ပိုမိုချဲ့ထွင်ပြောင်းလဲလာတာကြောင့် ယခင်က ပုံမှန်လို့ယူဆတဲ့အပြုအမူတွေကို အခုတော့ ရောဂါအဖြစ် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဥပမာ ကျောင်းမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ၁၉၉၀ ခုနှစ်ကထက် ယနေ့ခေတ်မှာ ADHD လို့ ရောဂါအမည် တပ်နိုင်ခြေပိုများလာတာမျိုးပါ။

တစ်ဖက်မှာလည်း ဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီအခြေအနေကနေ အကျိုးအမြတ်များစွာ ရရှိနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်များကစပြီး ဆေးဝါးကုမ္ပဏီတွေဟာ အမေရိကန်စိတ်ကျန်းမာရေး အဖွဲ့အစည်းကိုဖိအားပေးကာ စိတ်ကျရောဂါကိုယာယီဖြစ်ပွားတဲ့ အခြေအနေမဟုတ်ဘဲ ရေရှည်ဆေးသောက်ရမယ့် ရောဂါတစ်ခုအဖြစ် ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထုတ်တဲ့ SSRI ဆေးတွေ အလုပ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ သုတေသနတွေကို ငွေကြေးထောက်ပံ့ပြီး ဆရာဝန်တွေကိုလည်း ဆေးညွှန်းပိုရေးပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ နောက်ပိုင်းသုတေသနတွေကတော့ အစောပိုင်း SSRI စမ်းသပ်မှုတချို့ကို ကုမ္ပဏီတွေကကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။GlaxoSmithKlineForest Laboratories နဲ့ Takeda တို့လို ကုမ္ပဏီတွေကဆရာဝန်တွေကို လက်ဆောင်ပေးပြီး လူနာတွေကို စိတ်ကျဆေးပိုပေးဖို့ ဆေးညွှန်းရေးခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။

ဒါပေမဲ့ စိတ်ရောဂါတွေတိုးလာတာကို ဆေးဝါးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရောဂါအမည်ပိုတပ်တာတို့နဲ့ချည်း မရှင်းပြနိုင်ဘူးလို့ တချို့ပညာရှင်များက ယူဆကြပါတယ်။ သူတို့အမြင်အရ ယနေ့ခေတ်လူနေမှုပုံစံကိုက လူတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် အဲလက်ကာမီက လူသားတွေဟာ အစကတည်းက အုပ်စုလိုက်နေထိုင်ဖို့ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာရေးထုံးတမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေထဲမှာ အသက်ရှင်ဖို့ အဆင်ပြေတာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေကမြို့ပြဘဝမှာအထီးကျန်ဆန်ဆန်နေထိုင်လာကြပြီး လှုပ်ရှားမှုနည်းလာတယ်၊ ဓာတုပစ္စည်းပါတဲ့ အစားအစာတွေစားလာတယ်၊ သတင်းဆိုးတွေ၊ အကြမ်းဖက်သတင်းတွေကို နေ့တိုင်းကြည့်နေရတယ်လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က"Depression as a disease of modernity" ဆိုတဲ့လေ့လာမှုမှာလည်း ယနေ့ခေတ်လူတွေဟာ အစာပိုစားပေမယ့် အာဟာရချို့တဲ့နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ နေရောင်မရဘူး၊ အိပ်ရေးပျက်နေတယ်၊ လူမှုဆက်ဆံရေး ကင်းကွာလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ GDP မြင့်လေလေ စိတ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့လည်း ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လော့ဒေါင်း၊အထီးကျန်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောဂါဖြစ်မှုနှုန်းတွေ အလွန်မြင့်တက်လာခဲ့တယ်လို့ The Lancet ရဲ့လေ့လာမှုကဖော်ပြထားပါတယ်။ ဒါ့အပြင် social media အသုံးပြုမှုဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ မူမမှန်တဲ့အစာစားခြင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတဲ့ သုတေသန၁၄၃ ခုကျော်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ အကျိုးသက်ရောက်မှုကြီးမားတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ သုတေသနတစ်ခုအရတစ်ရက်ကို social media သုံးနာရီကျော်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေနှစ်ဆအထိ   မြင့်တက်လာပါတယ်။ 

အမေရိကန်ဆယ်ကျော်သက်ထက်ဝက်နီးပါးက socialmedia ဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကို အများအားဖြင့် မကောင်းတဲ့သက်ရောက်မှုပေးတယ်လို့ ယူဆကြ ပါတယ်။

ဒါဆို ဒီအခြေအနေတွေအပေါ်မှာ လူတွေစိုးရိမ်သင့်လားဆိုတဲ့မေးခွန်းတစ်ခုက နောက်ဆုံးကျန်နေပါတယ်။ အဖြေကတော့ အခြေအနေပေါ်မူတည်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေပေမယ့် အဲဒီနိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေအတွက် အကြီးမားဆုံးဈေးကွက်တွေဖြစ်တာကြောင့် ရောဂါအမည်ပိုတပ်ခံရနိုင်တာ ရှိသလိုဆေးလွန်ကဲ သုံးစွဲရနိုင်ခြေလည်းရှိပါတယ်။ ဒါပေမဲ့တချို့ဖြေရှင်းနည်းတွေကတော့ ရှင်းပါတယ်။ ဖုန်းနဲ့ social media အသုံးပြုချိန်ကို ကန့်သတ်လိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ လူမှုဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တာ၊ တရားထိုင်တာ၊ ဆုတောင်းမေတ္တာပို့တာတွေဟာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ သိပ္ပံနည်းကျအရသာမက လက်တွေ့မှာလည်း လက်သင့်ခံထားတဲ့အရာတွေဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။        ။

MWD

ထက်မြတ်

ကျောက်ကပ်မပျက်စီးစေရန် သိထားသင့်သောအချက်များ
-
ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး သွေးပေါင်ချိန်၊ ပိုတက်ဆီယမ်နှင့် pH အဆင့်များကိုထိန်းညှိပေးသည့် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျောက်ကပ်မပျက်စီးစေရန် အောက်ပါအချက်များကို သိထားသင့် သည်။ရေလုံလောက်စွာသောက်သင့်ပုံမှန်လူတစ်ယောက်အနေဖြင့် တစ်ရက် လျှင် ရေ(၈-၁၀)ဖန်ခွက်၊ သောက်ရေသန့် (၂-၃)လီတာသောက်ပေးခြင်းဖြင့် ကျောက် ကပ်ကို ကျန်းမာစေသည်။အငန်လျှော့စားသင့်အငန်များများစားခြင်းက သွေးဖိအား တက်စေပြီး ကျောက်ကပ်ကိုထိခိုက်စေ နိုင်သည်။ဆီးချိုနှင့်သွေးတိုးထိန်းချုပ်သင့် ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်သည်။ ထို့ကြောင့် ကျောက် ကပ်မပျက်စီးရန် ဆီးချိုနှင့်သွေးတိုးကို ထိန်းသင့်သည်။ဆေးဝါးများသတိပြုသင့်အကိုက်အခဲပျောက်ဆေးများကို ရေရှည်စွဲသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။ကျန်းမာရေးပုံမှန်စစ်ဆေးသင့်ကျောက်ကပ်ရောဂါ မျိုးရိုးရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ပုံမှန် စစ်ဆေးသင့်သည်။အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ကျောက် ကပ်ပျက်စီးစေနိုင်သည်။ ကျောက်ကပ် ကောင်းမွန်စွာ အလုပ်မလုပ်ပါက ခန္ဓာ ကိုယ်တွင်းအဆိပ်အတောက်များ စုပုံလာနိုင်သဖြင့် အောက်ပါအချက်များကိုသတိပြုသင့်သည်။- ရေသောက်နည်းခြင်းက ကျောက်ကပ်ကို အမြန်ဆုံးဒုက္ခပေးနိုင်သောကြောင့် ရေများများသောက်သင့်သည်။- သွေးတိုးရောဂါနှင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးမှု ဖြစ်နိုင်သော အကြောင်းရင်းများဖြစ်သောကြောင့် သတိ ပြုသင့်သည်။- အကိုက်အခဲ ပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းက ကျောက်ကပ် ကို ဖြည်းဖြည်းချင်းအဆိပ်ဖြစ်စေသည့် အတွက် ရှောင်ကြဉ်သင့်သည်။- ဆီးအမြှုပ်ထခြင်း၊ ခြေထောက်ဖော ရောင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေ ခြင်းမှာ စောစောသတိပေးသောလက္ခဏာများဖြစ်သည်။- အငန်(ဆား)စားသုံးမှု များလွန်း၍ ကျောက်ကပ်အလုပ်ဒဏ်ပိနိုင်သည်။- ဆီးသွားချင်သည်ကို အောင့်ထား၍ အချိန်ကြာမြင့်သောအခါ ကျောက်ကပ်လုပ်ငန်း အားနည်းနိုင်သည်။- တိုင်းရင်းဆေး သို့မဟုတ် တချို့ဆေး ဝါးများကို အသုံးပြုနည်းမမှန်ကန်သောကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။- ဆီးစစ်ခြင်းနှင့် ခရီတီနင်းကိုပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ကျောက်ကပ် ရောဂါဖြစ်ပွားမှုကို စောစီးစွာကာကွယ် နိုင်သည်။ကျောက်ကပ်၏တာဝန်ကျောက်ကပ်က အရွယ်အစားသေး ငယ်သော်လည်း ခန္ဓာကိုယ်၏အရေး ပါသော လုပ်ငန်းဆောင်တာ အများစုကိုတာဝန်ယူထားသည်။ ကျောက်ကပ်က စားသုံးလိုက်သော အစားအစာများထဲမှပါဝင်သောအဆိပ်အတောက်နှင့် အကျိုး မပြုသည့်ပစ္စည်းများကို စွန့်ထုတ်ပေး သည်။သွေးပေါင်ချိန်ထိန်းညှိရန်လိုအပ်သောဟော်မုန်းကိုထုတ်ပေးသည်။ ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးသည်။ ဆီးသွားစေသည်။ ထို့ပြင် တခြားသော ခန္ဓာ ကိုယ်အတွက် အရေးပါသောလုပ်ငန်း ဆောင်တာများကိုလည်း လုပ်ဆောင်ပေးသည်။ကျောက်ကပ်ထိခိုက်စေနိုင်သော အချက်များကျောက်ကပ်ထိခိုက်စေနိုင်သောအချက် များစွာရှိသည်။ ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါဖြစ်သည်။ မျိုးရိုးလိုက်ခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာခြားခြင်း၊ အသက်အရွယ်ကြောင့် လည်း ကျောက်ကပ်ထိခိုက်နိုင်သည်။သွေးချိုကို သေချာမထိန်းခြင်း၊ သွေးတိုးကိုသေချာထိန်းညှိမှုမရှိခြင်း တို့ကြောင့် ကျောက်ကပ်အတွင်း သွေးကြောများ ထိခိုက်လာပြီး ကျောက်ကပ်ပျက်စီးနိုင်သည်။ ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်တော့သည့်အခါ သွေးအတွင်း အနည်အနှစ်များလာပြီး ခန္ဓာကိုယ်တွင် ရောဂါများဝင်လာနိုင်သည်။ကျောက်ကပ်ကျန်းမာနေစေရန် အဓိကလိုက်နာရမည့်အချက်များနေ့စဉ်စားသုံးသည့်အစားအစာများကကျောက်ကပ်ကျန်းမာရေးအပေါ် သက် ရောက်မှုရှိသည်။ ကျောက်ကပ်ကျန်းမာ နေစေရန် အောက်ပါအချက်များကို သတိပြုဆင်ခြင်သင့်သည်။အငန်လျှော့စားသင့်သည်။ အငန်ဓာတ်က ကျောက်ကပ်ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ အငန်စားသုံးမှုများခြင်းက ကျောက်ကပ် ကို ထိခိုက်စေနိုင်သည်။ ကျောက်ကပ် ထိခိုက်သွားသောအခါ ကိုယ်တွင်းဆိုဒီယမ် များ မစစ်ထုတ်နိုင်တော့ဘဲ သွေးတိုးရောဂါ ထပ်ဝင်လာနိုင်သည်။ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွက်အရေးပါသောဓာတ်တစ်ခုဖြစ်သည်။ သို့သော် ကျောက်ကပ်ရောဂါရှိသူများအနေ ဖြင့် ပိုတက်ဆီယမ်ကို အကန့်အသတ်သာလိုအပ်သည်။ ထို့ကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်သာ စားသုံးသင့်သည်။ ပိုတက်ဆီယမ်ကြွယ်ဝ သော အစားအစာမှာ ဖီးကြမ်းငှက်ပျော သီးဖြစ်သည်။ကျောက်ကပ် ထိခိုက်ထားသူသည် ကိုယ်တွင်းပိုလျှံနေသော ဖော့စဖရပ်များကိုမစစ်ထုတ်နိုင်တော့ပါ။ ဖော့စဖရပ်ဓာတ်ကလည်း နေ့စဉ်စားသုံးသည့်အစားအစာများထဲ၌ပါဝင်သော ဓာတ်တစ်ခုဖြစ် သည်။ ဖော့စဖရပ်များပြားမှုက ခန္ဓာကိုယ် ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖော့ စဖရပ်ကိုလည်း တတ်နိုင်သမျှလျှော့သင့် သည်။ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့် နောက်ထပ် သတိထားရမည့်အချက်မှာ ပရိုတင်းများစွာ မစားမိစေရန်နှင့် ကယ်လ် စီယမ်ကိုလျှော့စားသင့်သည်။ ကျောက် ကပ်ရောဂါရှိသူများ စားသုံးသင့်သော အစားအစာများစွာရှိသည်။ပန်းဂေါ်ဖီတွင် ဗီတာမင်- C၊ ဗီတာမင်-K၊ ဗီတာမင်- E တို့အပါအဝင် အာဟာရ ဓာတ်များစွာပါဝင်နေသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သကဲ့သို့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် ဒြပ်ပေါင်းများလည်း ပါဝင်သည့်အတွက် စားသင့်သည်။စပျစ်သီးက အရသာရှိရုံသာမကအာဟာရလည်းကြွယ်ဝသည်။ ဗီတာမင်- C နှင့်ရောင်ရမ်းမှုကို သက်သာစေနိုင်သောဖလေဗိုနွိုက်ကဲ့သို့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သည်။ နှလုံးကျန်းမာစေ နိုင်သကဲ့သို့ ဆီးချိုရောဂါကာကွယ်ပေးပြီးတည်ငြိမ်မှုစွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်သည့်အတွက် စားသင့်သည်။ ကြက်ဥအနှစ်က အာဟာရဓာတ် ကြွယ်ဝသော်လည်း ဖော့စဖရပ်ပါဝင်မှုများ သောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကြက်ဥအကာက အကောင်းဆုံး ဖြစ်သည်။ ပရိုတင်းဓာတ်ရနိုင်သော်လည်း ကျောက်ကပ်ကို မထိခိုက်စေနိုင်သောအဆာပြေစားစရာတစ်ခုအဖြစ် စားနိုင်သည်။ကြက်သွန်ဖြူက ဟင်းလျာများနှင့် အရသာကိုပိုကောင်းနိုင်သည်။ အာဟာရ ကြွယ်ဝသကဲ့သို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်- C နှင့် ဗီတာမင်- B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ကျစေနိုင် သော ဆာလဖာဒြပ်ပေါင်းပါဝင်နေသည်။ကျောက်ကပ်ကောင်းလိုလျှင် တစ်ရက်ကို အနည်းဆုံး ကြက်သွန်ဖြူသုံးမြွှာခန့် စားသင့်သည်။ဂေါ်ဖီထုပ်တွင် မီတာမင်- K၊ ဗီတာမင်- C နှင့် ဗီတာမင်- B တို့အများအပြားပါဝင် နေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုက အစာ ခြေစနစ်ကိုကျန်းမာစေသကဲ့သို့ ဝမ်းမှန် စေနိုင်သည်။ ပိုတက်ဆီယမ်၊ ဖော့စဖရပ် နှင့်ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် သင့်လျော်သော ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ပရိုတင်းလျှော့စားရမည်ဆိုသော်လည်း ခန္ဓာကိုယ်ကျန်းမာရန် လိုအပ်သောပရိုတင်း ဓာတ်ကိုပြည့်ဝစွာစားသင့်သည်။ ထို့ ကြောင့် ကျောက်ကပ်သမားများရှောင်ရ မည့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ပါဝင်မှုနည်း သည့်အရေခွံမပါသော ကြက်ရင်ပုံသားကို စားသုံးပေးသင့်သည်။ငရုတ်ပွသည် အာဟာရကြွယ်ဝသော်လည်း တခြားဟင်းသီးဟင်းရွက်နှင့်မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ ငရုတ်ပွအရောင်တောက်တောက်က ဗီတာမင်- K၊ ဗီတာမင်-C ကြွယ်ဝစွာပါဝင်ပြီး ကျောက် ကပ်ရောဂါရှိသူများစားသုံးပေးသင့်သည့် အစားအစာဖြစ်သည်။ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် အနီရောင်အသား၊ ဘဲသား၊ ငါးခြောက်၊ နို့ထွက်ပစ္စည်း၊ ငါးပိ၊ ပဲအမျိုးမျိုး၊ ဆီသွတ် ဘူး၊ သစ်သီးခြောက်၊ အာလူး၊ ခရမ်းချဉ် သီး၊ ကြက်ဥအနှစ်၊ လိမ္မော်သီး၊ ငှက်ပျော သီး၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဆော်ဒါနှင့် ပေါင်မုန့်တို့စားသုံးခြင်းမှ ရှောင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။MWD

    ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး သွေးပေါင်ချိန်၊    ပိုတက်ဆီယမ်နှင့်   pH အဆင့်များကိုထိန်းညှိပေးသည့်    အရေးကြီးသော   အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။     ကျောက်ကပ်မပျက်စီးစေရန် အောက်ပါအချက်များကို  သိထားသင့် သည်။

ရေလုံလောက်စွာသောက်သင့်

ပုံမှန်လူတစ်ယောက်အနေဖြင့် တစ်ရက် လျှင် ရေ(၈-၁၀)ဖန်ခွက်၊ သောက်ရေသန့် (၂-၃)လီတာသောက်ပေးခြင်းဖြင့် ကျောက် ကပ်ကို ကျန်းမာစေသည်။

အငန်လျှော့စားသင့်

အငန်များများစားခြင်းက သွေးဖိအား တက်စေပြီး    ကျောက်ကပ်ကိုထိခိုက်စေ နိုင်သည်။

ဆီးချိုနှင့်သွေးတိုးထိန်းချုပ်သင့် 

ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ    ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်သည်။ ထို့ကြောင့် ကျောက် ကပ်မပျက်စီးရန်   ဆီးချိုနှင့်သွေးတိုးကို ထိန်းသင့်သည်။

ဆေးဝါးများသတိပြုသင့်

အကိုက်အခဲပျောက်ဆေးများကို  ရေရှည်စွဲသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။

ကျန်းမာရေးပုံမှန်စစ်ဆေးသင့်

ကျောက်ကပ်ရောဂါ    မျိုးရိုးရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့်   ကျောက်ကပ်လုပ်ဆောင်ချက်ကို    ပုံမှန် စစ်ဆေးသင့်သည်။

အဝလွန်ခြင်း၊  ဆေးလိပ်နှင့်  အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ကျောက် ကပ်ပျက်စီးစေနိုင်သည်။  ကျောက်ကပ် ကောင်းမွန်စွာ    အလုပ်မလုပ်ပါက   ခန္ဓာ ကိုယ်တွင်းအဆိပ်အတောက်များ   စုပုံလာနိုင်သဖြင့်   အောက်ပါအချက်များကိုသတိပြုသင့်သည်။

ရေသောက်နည်းခြင်းက ကျောက်ကပ်ကို   အမြန်ဆုံးဒုက္ခပေးနိုင်သောကြောင့်   ရေများများသောက်သင့်သည်။

သွေးတိုးရောဂါနှင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးမှု        ဖြစ်နိုင်သော အကြောင်းရင်းများဖြစ်သောကြောင့်  သတိ ပြုသင့်သည်။

အကိုက်အခဲ   ပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းက  ကျောက်ကပ် ကို   ဖြည်းဖြည်းချင်းအဆိပ်ဖြစ်စေသည့် အတွက် ရှောင်ကြဉ်သင့်သည်။

ဆီးအမြှုပ်ထခြင်း၊ ခြေထောက်ဖော ရောင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေ ခြင်းမှာ စောစောသတိပေးသောလက္ခဏာများဖြစ်သည်။

အငန်(ဆား)စားသုံးမှု   များလွန်း၍ ကျောက်ကပ်အလုပ်ဒဏ်ပိနိုင်သည်။

ဆီးသွားချင်သည်ကို   အောင့်ထား၍ အချိန်ကြာမြင့်သောအခါ  ကျောက်ကပ်လုပ်ငန်း အားနည်းနိုင်သည်။

တိုင်းရင်းဆေး  သို့မဟုတ် တချို့ဆေး ဝါးများကို   အသုံးပြုနည်းမမှန်ကန်သောကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။

ဆီးစစ်ခြင်းနှင့်    ခရီတီနင်းကိုပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့်    ကျောက်ကပ် ရောဂါဖြစ်ပွားမှုကို   စောစီးစွာကာကွယ် နိုင်သည်။

ကျောက်ကပ်၏တာဝန်

ကျောက်ကပ်က   အရွယ်အစားသေး ငယ်သော်လည်း  ခန္ဓာကိုယ်၏အရေး ပါသော     လုပ်ငန်းဆောင်တာ အများစုကိုတာဝန်ယူထားသည်။   ကျောက်ကပ်က စားသုံးလိုက်သော  အစားအစာများထဲမှပါဝင်သောအဆိပ်အတောက်နှင့် အကျိုး မပြုသည့်ပစ္စည်းများကို    စွန့်ထုတ်ပေး သည်။

သွေးပေါင်ချိန်ထိန်းညှိရန်လိုအပ်သောဟော်မုန်းကိုထုတ်ပေးသည်။ ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးသည်။ ဆီးသွားစေသည်။ ထို့ပြင် တခြားသော ခန္ဓာ ကိုယ်အတွက်     အရေးပါသောလုပ်ငန်း ဆောင်တာများကိုလည်း လုပ်ဆောင်ပေးသည်။

ကျောက်ကပ်ထိခိုက်စေနိုင်သော အချက်များ

ကျောက်ကပ်ထိခိုက်စေနိုင်သောအချက် များစွာရှိသည်။ ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါဖြစ်သည်။ မျိုးရိုးလိုက်ခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာခြားခြင်း၊      အသက်အရွယ်ကြောင့် လည်း ကျောက်ကပ်ထိခိုက်နိုင်သည်။

သွေးချိုကို သေချာမထိန်းခြင်း၊  သွေးတိုးကိုသေချာထိန်းညှိမှုမရှိခြင်း တို့ကြောင့် ကျောက်ကပ်အတွင်း    သွေးကြောများ ထိခိုက်လာပြီး   ကျောက်ကပ်ပျက်စီးနိုင်သည်။    ကျောက်ကပ်က    ကောင်းစွာအလုပ်မလုပ်နိုင်တော့သည့်အခါ   သွေးအတွင်း  အနည်အနှစ်များလာပြီး    ခန္ဓာကိုယ်တွင် ရောဂါများဝင်လာနိုင်သည်။

ကျောက်ကပ်ကျန်းမာနေစေရန် အဓိကလိုက်နာရမည့်အချက်များ

နေ့စဉ်စားသုံးသည့်အစားအစာများကကျောက်ကပ်ကျန်းမာရေးအပေါ်  သက် ရောက်မှုရှိသည်။ ကျောက်ကပ်ကျန်းမာ နေစေရန် အောက်ပါအချက်များကို သတိပြုဆင်ခြင်သင့်သည်။

အငန်လျှော့စားသင့်သည်။ အငန်ဓာတ်က    ကျောက်ကပ်ပျက်စီးရခြင်း၏  အဓိက  အကြောင်းရင်းတစ်ခုဖြစ်သည်။    အငန်စားသုံးမှုများခြင်းက ကျောက်ကပ် ကို   ထိခိုက်စေနိုင်သည်။   ကျောက်ကပ် ထိခိုက်သွားသောအခါ ကိုယ်တွင်းဆိုဒီယမ် များ မစစ်ထုတ်နိုင်တော့ဘဲ သွေးတိုးရောဂါ ထပ်ဝင်လာနိုင်သည်။

ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွက်အရေးပါသောဓာတ်တစ်ခုဖြစ်သည်။ သို့သော် ကျောက်ကပ်ရောဂါရှိသူများအနေ ဖြင့် ပိုတက်ဆီယမ်ကို အကန့်အသတ်သာလိုအပ်သည်။ ထို့ကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ်   ၂၀၀၀  မီလီဂရမ်သာ စားသုံးသင့်သည်။ ပိုတက်ဆီယမ်ကြွယ်ဝ သော  အစားအစာမှာ ဖီးကြမ်းငှက်ပျော သီးဖြစ်သည်။

ကျောက်ကပ်    ထိခိုက်ထားသူသည် ကိုယ်တွင်းပိုလျှံနေသော ဖော့စဖရပ်များကိုမစစ်ထုတ်နိုင်တော့ပါ။   ဖော့စဖရပ်ဓာတ်ကလည်း နေ့စဉ်စားသုံးသည့်အစားအစာများထဲ၌ပါဝင်သော ဓာတ်တစ်ခုဖြစ် သည်။ ဖော့စဖရပ်များပြားမှုက ခန္ဓာကိုယ် ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖော့ စဖရပ်ကိုလည်း တတ်နိုင်သမျှလျှော့သင့် သည်။

ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်  နောက်ထပ်  သတိထားရမည့်အချက်မှာ ပရိုတင်းများစွာ မစားမိစေရန်နှင့် ကယ်လ် စီယမ်ကိုလျှော့စားသင့်သည်။   ကျောက် ကပ်ရောဂါရှိသူများ      စားသုံးသင့်သော အစားအစာများစွာရှိသည်။

ပန်းဂေါ်ဖီတွင် ဗီတာမင်- C၊ ဗီတာမင်-K၊ ဗီတာမင်- တို့အပါအဝင် အာဟာရ ဓာတ်များစွာပါဝင်နေသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သကဲ့သို့  ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် ဒြပ်ပေါင်းများလည်း ပါဝင်သည့်အတွက် စားသင့်သည်။

စပျစ်သီးက      အရသာရှိရုံသာမကအာဟာရလည်းကြွယ်ဝသည်။ ဗီတာမင်- နှင့်ရောင်ရမ်းမှုကို သက်သာစေနိုင်သောဖလေဗိုနွိုက်ကဲ့သို့    ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သည်။ နှလုံးကျန်းမာစေ နိုင်သကဲ့သို့    ဆီးချိုရောဂါကာကွယ်ပေးပြီးတည်ငြိမ်မှုစွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်သည့်အတွက်  စားသင့်သည်။

 ကြက်ဥအနှစ်က    အာဟာရဓာတ် ကြွယ်ဝသော်လည်း ဖော့စဖရပ်ပါဝင်မှုများ သောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကြက်ဥအကာက အကောင်းဆုံး ဖြစ်သည်။ ပရိုတင်းဓာတ်ရနိုင်သော်လည်း ကျောက်ကပ်ကို    မထိခိုက်စေနိုင်သောအဆာပြေစားစရာတစ်ခုအဖြစ်    စားနိုင်သည်။

ကြက်သွန်ဖြူက ဟင်းလျာများနှင့် အရသာကိုပိုကောင်းနိုင်သည်။ အာဟာရ ကြွယ်ဝသကဲ့သို့  မဂ္ဂနီဆီယမ်၊ ဗီတာမင်- နှင့်  ဗီတာမင်- B6   တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကို     လျော့ကျစေနိုင် သော ဆာလဖာဒြပ်ပေါင်းပါဝင်နေသည်။

ကျောက်ကပ်ကောင်းလိုလျှင် တစ်ရက်ကို အနည်းဆုံး     ကြက်သွန်ဖြူသုံးမြွှာခန့် စားသင့်သည်။

ဂေါ်ဖီထုပ်တွင် မီတာမင်- K၊ ဗီတာမင်- နှင့် ဗီတာမင်- တို့အများအပြားပါဝင် နေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုက အစာ ခြေစနစ်ကိုကျန်းမာစေသကဲ့သို့   ဝမ်းမှန် စေနိုင်သည်။ ပိုတက်ဆီယမ်၊ ဖော့စဖရပ် နှင့်ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် သင့်လျော်သော  ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။

ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ပရိုတင်းလျှော့စားရမည်ဆိုသော်လည်း ခန္ဓာကိုယ်ကျန်းမာရန် လိုအပ်သောပရိုတင်း ဓာတ်ကိုပြည့်ဝစွာစားသင့်သည်။     ထို့ ကြောင့် ကျောက်ကပ်သမားများရှောင်ရ မည့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ပါဝင်မှုနည်း သည့်အရေခွံမပါသော ကြက်ရင်ပုံသားကို စားသုံးပေးသင့်သည်။

ငရုတ်ပွသည် အာဟာရကြွယ်ဝသော်လည်း တခြားဟင်းသီးဟင်းရွက်နှင့်မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ ငရုတ်ပွအရောင်တောက်တောက်က ဗီတာမင်- K၊ ဗီတာမင်-ကြွယ်ဝစွာပါဝင်ပြီး ကျောက် ကပ်ရောဂါရှိသူများစားသုံးပေးသင့်သည့် အစားအစာဖြစ်သည်။

ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် အနီရောင်အသား၊ ဘဲသား၊ ငါးခြောက်၊ နို့ထွက်ပစ္စည်း၊ ငါးပိ၊ ပဲအမျိုးမျိုး၊ ဆီသွတ် ဘူး၊ သစ်သီးခြောက်၊ အာလူး၊ ခရမ်းချဉ် သီး၊ ကြက်ဥအနှစ်၊  လိမ္မော်သီး၊ ငှက်ပျော သီး၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဆော်ဒါနှင့်  ပေါင်မုန့်တို့စားသုံးခြင်းမှ   ရှောင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

MWD

ဒေါက်တာလွင်သန့်

ပွင့်သောပန်းတိုင်း လန်းဆန်းဝေစည် အားလုံးစုံစုံညီညီ ပညာသင်ကြားမည်
-
နွေရာသီကျောင်းပိတ်ရက် သုံးလတာကာလသည် ကျောင်းတော်ကြီးနှင့်ဝေးကွာပြီး ပျင်းရိငြီးငွေ့ဖွယ်ဟု ဆိုနိုင်သည်။ ကျောင်းပိတ်ရာသီ၌ ပျော်ရာပျော်ရာ ဌာနများနှင့် သန်ရာ သန်ရာတို့တွင် ကျင်လည်ကြသည်ဆိုသော်လည်း အပေါင်းအသင်းသူငယ်ချင်းများနှင့် တစုတဝေးတည်း ပေါင်းစုံရာ စာသင်ကျောင်းများ၏ ပျော်ရွှင်မှုကို လိုက်မမီဟုထင်သည်။ နုပျိုသစ်လွင်နေပြီး အဖူးအငုံပန်းလေးများ အသွင်ဆောင်သည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလေးများ၏ ကျက်သရေမင်္ဂလာအဖြာဖြာက ညွှန်းဖွဲ့မကုန်ဖြစ်သည်။ ငယ်ဂုဏ်ဟုဆိုသည့် နုပျိုသစ်လွင်မှုများနှင့် တက်ကြွလန်းဆန်းနေသည့် မျိုးဆက်သစ်ပန်းကလေးများ အစဉ်လန်းဆန်း နေရအောင် ပျိုးထောင်ကြရမည်မှာ မိဘ၊ ဆရာများ၏တာဝန်ဖြစ်သည်။ ကျောင်းသား ကျောင်းသူလေးများ ရှင်သန်ပွင့်လန်းဖွံ့ဖြိုးလာအောင် ထိန်းသိမ်းစောင့်ရှောက် မြေတောင်မြှောက် ပေးကြရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။ ပန်းပင်ပျိုးပင် အဖူးအငုံလေးများနှင့် တူသည့် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်တောက်ပြောင်လာအောင်၊ မျှော်လင့်ချက်များ ဝေစည်လာအောင် ပညာသင်ကြားရေးကို အားပေးရမည်ဖြစ်သည်။ ပညာရေးကို မြှင့်တင်ရမည် ဖြစ်သည်။ ပညာအသီးသီး တည်ထွန်းရာ ဘူမိနက်သန်အောင်မြေသည် နိုင်ငံတစ်ဝန်းရှိ စာသင် ကျောင်းများပင်ဖြစ်သည်။ မေလ နောက်ဆုံးပတ်တွင် ကျောင်းအပ်နှံကြမည်။ ဇွန်လဆန်းတွင် ကိုယ်စီကိုယ်စီ စာသင်ကျောင်း အသီးသီးတွင် ပညာရည်နို့ သောက်စို့ကြတော့မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒအရင်းခံမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများအားလုံး ဖွင့်လှစ်စေချင်သည့်ဆန္ဒဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူလေးများအားလုံး တူတူညီညီ ရယ်ရယ်ပြုံးပြုံး၊ ပျော်ပျော်ရွှင်ရွှင်၊ တစုတရုံး ကျောင်းတက်ကြစေလိုသည်။ သို့သော်အခြေအနေအရ ကျောင်းမဖွင့်နိုင်သည့် ဒေသအချို့လည်း ရှိမည်ဖြစ်သည်။ အဖျက်သမားသောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ကျောင်းမဖွင့်နိုင်သည့် ဒေသများလည်းရှိသည်။ မကြာသောကာလတွင် တစ်နိုင်ငံလုံးရှိ ကျောင်းများ အားလုံး ဖွင့်လှစ်၍ ကလေးသူငယ်အားလုံး ကျောင်းတက်ခွင့်ရနိုင်တော့မည်ဟု ယုံကြည်ထားသည်။ ဘက်စုံပညာရေးစနစ်လက်ရှိတွင် တည်ငြိမ်အေးချမ်းသော မြို့ရွာများ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် အသင့် ဖြစ်နေကြပြီ။ အကြောင်းအမျိုးမျိုးပြ၍ ပညာရေးကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် မညီမမျှဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်ရသည်။ ပညာရေးတွင် အနှောင့်အယှက်များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု အတတ်ပညာရှင်များ ထွန်းကားရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်နေသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အခမဲ့ပညာသင်ကြားရေးကို နိုင်ငံအနှံ့တွင် ‌ဖော်ဆောင်နေသည်။ အလေးထားသတိပြုယခု နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပညာရေးကဏ္ဍအနာဂတ်အတွက် အားတက်ဖွယ်ရာ အခြေအနေများကို ကြားသိနေရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့က နိုင်ငံတော် သမ္မတ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင် သင်ကြားကြစေဖို့ လိုအပ်ပါတယ်။ ပညာနိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း နိမ့်ကျ နေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်အထိ အားလုံးသင်ယူနိုင်ကြဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကို မိဘများ၊ ဆရာများအပါအဝင် တာဝန်ရှိသူများနဲ့ နိုင်ငံသားအားလုံးက သဘောပေါက်လက်ခံပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့” တိုက်တွန်းပြောကြားချက်က ပညာရေးကဏ္ဍအတွက် အလေးထားသတိပြု လိုက်နာဆောင်ရွက် ရမည့် အရေးကြီးကိစ္စဖြစ်သည်။ ပညာရေးကဏ္ဍနိမ့်ကျနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသော လူဦးရေသည် စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကြကာ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်သူများတက်ရောက်ကြသည့် နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူများသည် တစ်နိုင်ငံလုံးတွင် သုံးသိန်း ခန့်သာရှိသည်။ သုံးသိန်းဆိုသည့် အရေအတွက်က အသက် ၁၅ နှစ်အထက် လူဦးရေ၏ တစ်ရာခိုင်နှုန်း ကျော်သာရှိနေသည်ဖြစ်ရာ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်သည်။ ပညာရေးကဏ္ဍ နိမ့်ကျနေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ထို့ကြောင့် လေ့လာတွေ့ရှိချက်များအရ လုပ်ကိုင်စားသောက်နိုင်သည့် အခြေအနေဖြစ်အောင် အနည်းဆုံးအနေဖြင့် KG+9 ဟုခေါ်သည့် အလယ်တန်းအဆင့်ပညာရေးကို ပြီးမြောက်အောင် သင်ကြားသင့်သည်။ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူ နိုင်ငံသား အားလုံးအနေဖြင့် တိုင်းပြည်နှင့် မျိုးဆက်များ၏ အနာဂတ်ကိုမြော်တွေး၍ ခိုင်မာသည့်ပညာရေး ကဏ္ဍတွင် လျှောက်လှမ်းနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်သည်။ အားလုံးစုစည်း ညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရခဲ့သည့် သာဓကများစွာလည်းရှိသည်။ ထို့ကြောင့် ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ကြရေးနှင့် အနာဂတ်ပညာရေးကို ပိုမိုကောင်းမွန် လာစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ပါက တိုင်းပြည် အနာဂတ်အတွက် စိတ်အေးဖွယ်ဖြစ်သည်။ ကျောင်းနေရေးထောက်ကူသုတေသနပြုချက်များအရ ကလေးသူငယ်များအား ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများကို ပညာတန်ဖိုးနားလည်သဘောပေါက်လာအောင် စည်းရုံးပြီး နိုင်ငံတော်နှင့် လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ကို ယုံကြည်လာအောင် စွမ်းဆောင်ပေးနိုင်ကြပါက မိမိတို့၏ရင်သွေး ကလေးသူငယ်များ ကျောင်းပရဝဏ်အသီးသီးသို့ စုံစုံညီညီ ရောက်ရှိလာမည်မှာ သေချာသည်။ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ်များကိုလိုအပ်သည့် ကျောင်းသားများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်း နေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကျောင်းသားမိဘများအနေဖြင့်လည်း မိမိသားသမီးများကို အမှန်တကယ် စာတတ်မြောက်စေရန် အရည်အသွေးရှိသည့် ပညာများသင်ကြားမှုကိုလိုလားကြသည်။ ထို့ကြောင့်လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့် ဘာသာရပ်ကိုက်ညီရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်း များမွမ်းမံရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးကြရေးတို့သည် အလွန်အရေး ကြီးသဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသည်။ အလယ်တန်းဆင့်ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုး မွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးလျက်ရှိသည်။ ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေ သည့်အကြောင်းရင်းများကို အဖြေရှာပြီး ဖြေရှင်း ပေးကြရမည်ဖြစ်သည်။ ရင်ပေါင်တန်းလာနိုင်ရေးနိုင်ငံတော်က ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည် ဖော်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကလေးသူငယ် လူငယ်လူရွယ်အားလုံး ကျောင်းနေနိုင်ရေး ဖြစ်သည်။ ရည်မှန်းချက်သို့ ရောက်သည်အထိ စဉ်ဆက်မပြတ် ပညာသင်နိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ပညာတတ်သူများ ပေါများလာရေးဖြစ်သည်။ ပေါများကြွယ်ဝသည့် ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံကိုတည်ဆောက်ကြရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်လာရန် ကြိုးစားကြရမည်ဖြစ်သည်။ ကျောင်းအပ်နှံကြပါစို့နိုင်ငံ၏အနာဂတ်က မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်နေသည်။ အဓိကကျသည့် ပညာရေး နိမ့်ကျနေမှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်မှန်းချက်ကြီးကြီး ထားရှိဆောင်ရွက်နေသည်။ ယနေ့ ကျောင်းသား ကျောင်းသူ၊ မိဘအုပ်ထိန်းသူ၊ ဆရာ ဆရာမများက တောက်ပလာတော့မည့် ပညာရေးခရီးလမ်းတွင် စဉ်ဆက်မပြတ် ဖြတ်သန်းနိုင်ရန်အတွက် ပညာရေးနှိုးဆော်ချက်တစ်ခု ဖြစ်သည့် “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် အားလုံး စုံစုံညီညီ ကျောင်းတက်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များဘဝရှေ့ရေး၊ နိုင်ငံတော်အနာဂတ် တောက်ပြောင် လာရေးအတွက် လက်ငင်းအရေးကြီးသည့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း စဉ်ဆက်မပြတ် ကျောင်းတက်နိုင်ရေး၊ ထူးချွန် ထက်မြက်သူများဖြစ်လာစေရေး နိုင်ငံတော်၏ ပညာရေးအစီအမံများနှင့်အတူ လိုက်ပါဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။MDN

နွေရာသီကျောင်းပိတ်ရက် သုံးလတာကာလသည် ကျောင်းတော်ကြီးနှင့်ဝေးကွာပြီး ပျင်းရိငြီးငွေ့ဖွယ်ဟု ဆိုနိုင်သည်။ ကျောင်းပိတ်ရာသီ၌ ပျော်ရာပျော်ရာ ဌာနများနှင့် သန်ရာ သန်ရာတို့တွင် ကျင်လည်ကြသည်ဆိုသော်လည်း အပေါင်းအသင်းသူငယ်ချင်းများနှင့် တစုတဝေးတည်း ပေါင်းစုံရာ စာသင်ကျောင်းများ၏ ပျော်ရွှင်မှုကို လိုက်မမီဟုထင်သည်။

နုပျိုသစ်လွင်နေပြီး အဖူးအငုံပန်းလေးများ အသွင်ဆောင်သည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလေးများ၏ ကျက်သရေမင်္ဂလာအဖြာဖြာက ညွှန်းဖွဲ့မကုန်ဖြစ်သည်။ ငယ်ဂုဏ်ဟုဆိုသည့် နုပျိုသစ်လွင်မှုများနှင့် တက်ကြွလန်းဆန်းနေသည့် မျိုးဆက်သစ်ပန်းကလေးများ အစဉ်လန်းဆန်း နေရအောင် ပျိုးထောင်ကြရမည်မှာ မိဘ၊ ဆရာများ၏တာဝန်ဖြစ်သည်။ ကျောင်းသား ကျောင်းသူလေးများ ရှင်သန်ပွင့်လန်းဖွံ့ဖြိုးလာအောင် ထိန်းသိမ်းစောင့်ရှောက် မြေတောင်မြှောက် ပေးကြရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။ ပန်းပင်ပျိုးပင် အဖူးအငုံလေးများနှင့် တူသည့် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်တောက်ပြောင်လာအောင်၊ မျှော်လင့်ချက်များ ဝေစည်လာအောင် ပညာသင်ကြားရေးကို အားပေးရမည်ဖြစ်သည်။ ပညာရေးကို မြှင့်တင်ရမည် ဖြစ်သည်။ ပညာအသီးသီး တည်ထွန်းရာ ဘူမိနက်သန်အောင်မြေသည် နိုင်ငံတစ်ဝန်းရှိ စာသင် ကျောင်းများပင်ဖြစ်သည်။

မေလ နောက်ဆုံးပတ်တွင် ကျောင်းအပ်နှံကြမည်။ ဇွန်လဆန်းတွင် ကိုယ်စီကိုယ်စီ စာသင်ကျောင်း အသီးသီးတွင် ပညာရည်နို့ သောက်စို့ကြတော့မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒအရင်းခံမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများအားလုံး ဖွင့်လှစ်စေချင်သည့်ဆန္ဒဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူလေးများအားလုံး တူတူညီညီ ရယ်ရယ်ပြုံးပြုံး၊ ပျော်ပျော်ရွှင်ရွှင်၊ တစုတရုံး ကျောင်းတက်ကြစေလိုသည်။ သို့သော်အခြေအနေအရ ကျောင်းမဖွင့်နိုင်သည့် ဒေသအချို့လည်း ရှိမည်ဖြစ်သည်။ အဖျက်သမားသောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ကျောင်းမဖွင့်နိုင်သည့် ဒေသများလည်းရှိသည်။ မကြာသောကာလတွင် တစ်နိုင်ငံလုံးရှိ ကျောင်းများ အားလုံး ဖွင့်လှစ်၍ ကလေးသူငယ်အားလုံး ကျောင်းတက်ခွင့်ရနိုင်တော့မည်ဟု ယုံကြည်ထားသည်။

ဘက်စုံပညာရေးစနစ်

လက်ရှိတွင် တည်ငြိမ်အေးချမ်းသော မြို့ရွာများ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် အသင့် ဖြစ်နေကြပြီ။ အကြောင်းအမျိုးမျိုးပြ၍ ပညာရေးကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် မညီမမျှဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်ရသည်။ ပညာရေးတွင် အနှောင့်အယှက်များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု အတတ်ပညာရှင်များ ထွန်းကားရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်နေသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အခမဲ့ပညာသင်ကြားရေးကို နိုင်ငံအနှံ့တွင် ‌ဖော်ဆောင်နေသည်။

အလေးထားသတိပြု

ယခု နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပညာရေးကဏ္ဍအနာဂတ်အတွက် အားတက်ဖွယ်ရာ အခြေအနေများကို ကြားသိနေရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့က နိုင်ငံတော် သမ္မတ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင် သင်ကြားကြစေဖို့ လိုအပ်ပါတယ်။ ပညာနိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း နိမ့်ကျ နေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်အထိ အားလုံးသင်ယူနိုင်ကြဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကို မိဘများ၊ ဆရာများအပါအဝင် တာဝန်ရှိသူများနဲ့ နိုင်ငံသားအားလုံးက သဘောပေါက်လက်ခံပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့” တိုက်တွန်းပြောကြားချက်က ပညာရေးကဏ္ဍအတွက် အလေးထားသတိပြု လိုက်နာဆောင်ရွက် ရမည့် အရေးကြီးကိစ္စဖြစ်သည်။

ပညာရေးကဏ္ဍနိမ့်ကျ

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသော လူဦးရေသည် စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကြကာ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်သူများတက်ရောက်ကြသည့် နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူများသည် တစ်နိုင်ငံလုံးတွင် သုံးသိန်း ခန့်သာရှိသည်။ သုံးသိန်းဆိုသည့် အရေအတွက်က အသက် ၁၅ နှစ်အထက် လူဦးရေ၏ တစ်ရာခိုင်နှုန်း ကျော်သာရှိနေသည်ဖြစ်ရာ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်သည်။ ပညာရေးကဏ္ဍ နိမ့်ကျနေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

ထို့ကြောင့် လေ့လာတွေ့ရှိချက်များအရ လုပ်ကိုင်စားသောက်နိုင်သည့် အခြေအနေဖြစ်အောင် အနည်းဆုံးအနေဖြင့် KG+9 ဟုခေါ်သည့် အလယ်တန်းအဆင့်ပညာရေးကို ပြီးမြောက်အောင် သင်ကြားသင့်သည်။ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူ နိုင်ငံသား အားလုံးအနေဖြင့် တိုင်းပြည်နှင့် မျိုးဆက်များ၏ အနာဂတ်ကိုမြော်တွေး၍ ခိုင်မာသည့်ပညာရေး ကဏ္ဍတွင် လျှောက်လှမ်းနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်သည်။ အားလုံးစုစည်း ညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရခဲ့သည့် သာဓကများစွာလည်းရှိသည်။ ထို့ကြောင့် ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ကြရေးနှင့် အနာဂတ်ပညာရေးကို ပိုမိုကောင်းမွန် လာစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ပါက တိုင်းပြည် အနာဂတ်အတွက် စိတ်အေးဖွယ်ဖြစ်သည်။

ကျောင်းနေရေးထောက်ကူ

သုတေသနပြုချက်များအရ ကလေးသူငယ်များအား ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများကို ပညာတန်ဖိုးနားလည်သဘောပေါက်လာအောင် စည်းရုံးပြီး နိုင်ငံတော်နှင့် လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ကို ယုံကြည်လာအောင် စွမ်းဆောင်ပေးနိုင်ကြပါက မိမိတို့၏ရင်သွေး ကလေးသူငယ်များ ကျောင်းပရဝဏ်အသီးသီးသို့ စုံစုံညီညီ ရောက်ရှိလာမည်မှာ သေချာသည်။ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ်များကိုလိုအပ်သည့် ကျောင်းသားများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်း နေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကျောင်းသားမိဘများအနေဖြင့်လည်း မိမိသားသမီးများကို အမှန်တကယ် စာတတ်မြောက်စေရန် အရည်အသွေးရှိသည့် ပညာများသင်ကြားမှုကိုလိုလားကြသည်။ ထို့ကြောင့်လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့် ဘာသာရပ်ကိုက်ညီရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်း များမွမ်းမံရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးကြရေးတို့သည် အလွန်အရေး ကြီးသဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသည်။ အလယ်တန်းဆင့်ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုး မွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးလျက်ရှိသည်။ ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေ သည့်အကြောင်းရင်းများကို အဖြေရှာပြီး ဖြေရှင်း ပေးကြရမည်ဖြစ်သည်။

ရင်ပေါင်တန်းလာနိုင်ရေး

နိုင်ငံတော်က ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည် ဖော်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကလေးသူငယ် လူငယ်လူရွယ်အားလုံး ကျောင်းနေနိုင်ရေး ဖြစ်သည်။ ရည်မှန်းချက်သို့ ရောက်သည်အထိ စဉ်ဆက်မပြတ် ပညာသင်နိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ပညာတတ်သူများ ပေါများလာရေးဖြစ်သည်။ ပေါများကြွယ်ဝသည့် ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံကိုတည်ဆောက်ကြရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်လာရန် ကြိုးစားကြရမည်ဖြစ်သည်။

ကျောင်းအပ်နှံကြပါစို့

နိုင်ငံ၏အနာဂတ်က မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်နေသည်။ အဓိကကျသည့် ပညာရေး နိမ့်ကျနေမှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်မှန်းချက်ကြီးကြီး ထားရှိဆောင်ရွက်နေသည်။ ယနေ့ ကျောင်းသား ကျောင်းသူ၊ မိဘအုပ်ထိန်းသူ၊ ဆရာ ဆရာမများက တောက်ပလာတော့မည့် ပညာရေးခရီးလမ်းတွင် စဉ်ဆက်မပြတ် ဖြတ်သန်းနိုင်ရန်အတွက် ပညာရေးနှိုးဆော်ချက်တစ်ခု ဖြစ်သည့် “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် အားလုံး စုံစုံညီညီ ကျောင်းတက်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များဘဝရှေ့ရေး၊ နိုင်ငံတော်အနာဂတ် တောက်ပြောင် လာရေးအတွက် လက်ငင်းအရေးကြီးသည့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း စဉ်ဆက်မပြတ် ကျောင်းတက်နိုင်ရေး၊ ထူးချွန် ထက်မြက်သူများဖြစ်လာစေရေး နိုင်ငံတော်၏ ပညာရေးအစီအမံများနှင့်အတူ လိုက်ပါဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

MDN

မောင်ငြိမ်းအေး

ရင်သွေးငယ်များ အနာဂတ်ဘဝလှပဖို့ ကျောင်းအပ်နှံကြစို့
-
လေအဝှေ့တွင် ပိတောက်ရနံ့တို့က သင်းပျံ့ချိုအီနေသည်။ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက် ရွာသွန်းဖြိုးသည်နှင့် ပန်းပိတောက်တို့သည် ပင်လုံးကျွတ်မျှ ဝေဆာပွင့်ဖူးလာသည်။ မကြာမီ မိုးဖြိုင်ဖြိုင်ရွာတော့မည်။ ပန်းကလေးများပွင့်တော့မည်။ ကျောင်းဖွင့်ရာသီရောက်တော့မည်။ အဖြူနှင့်အစိမ်း တူညီကျောင်းဝတ်စုံဝတ်ဆင်၍ ကျောင်းတက်လာကြသော ရင်သွေးငယ်များကို ကြည်နူးဖွယ်ရာ မြင်တွေ့ကြရတော့မည်။ မြန်မာတို့သည် ပညာရေးနှင့်ပတ်သက်လျှင် ရှေးယခင်ကတည်းက ပညာရေချိန် နိမ့်ပါးသူများ မဟုတ်ကြပါ။ ပညာဉာဏ်စွမ်းအား ထက်မြက်သူများဖြစ်ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်အပါအဝင် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များစွာသည် ကမ္ဘာ့အလယ်တွင် ပညာရဲရင့် ပွဲလယ်တင်ခဲ့ကြပေသည်။ သို့ရာတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးရာပြဿနာများကြောင့် ပြည်သူများ ပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များ ရှိခဲ့လေသည်။ အထူးသဖြင့် ပညာရေးလောကအတွင်းသို့ နိုင်ငံရေးပယောဂများ မကြာခဏပူးကပ်လာမှုများကြောင့် ပညာရေးကဏ္ဍတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းသည် ပညာကိုအလေးအနက်တန်ဖိုးထားလေ့ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ အသိပညာကိုမြတ်နိုးဖွယ်ရာ ရတနာအဖြစ် တင်စားပမာပြုလေ့ရှိကြသည်။ ပညာတတ်မြောက်ပါမှ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ ပညာမတတ်သူသည် မျက်မမြင်နှင့်အလားတူပြီး သူကန်းစမ်းတဝါးဝါးစခန်းသွားလျှင် လိုရာဌာနမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရသကဲ့သို့ ပညာမတတ်လျှင် အရာရာတွင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် အမှားမှားအယွင်းယွင်းဖြင့် နောက်ဆုံးဒုက္ခတွင်း၌သာ နစ်မြုပ်ရသည်။ ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိတတ်သောပညာကို ရရှိရန်လိုအပ်ပါသည်။ လောကီလူသားများတွင် ပဋိသန္ဓေမွေးရာပါ ပညာဉာဏ်ထက်မြက်သူနှင့် အဆင့်ဆင့်သင်ယူ ကြိုးစားလေ့ကျင့်၍ ပညာဉာဏ်ထက်မြက်လာသူဟူ၍ နှစ်မျိုးနှစ်စားရှိသည့်အနက် ပဋိသန္ဓေမွေးရာပါ ပညာဉာဏ်ထက်မြက်သူက အလွန်နည်းပါးပြီး အဆင့်ဆင့်သင်ယူကြိုးစားလေ့ကျင့်၍ ဉာဏ်ပညာထက်မြက်လာသူက အများစုဖြစ်ရကား အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာရေးအတွက် ကမ္ဘာ့နိုင်ငံများသည် ပညာရေးကဏ္ဍကိုမြှင့်တင်၍ အဆင့်ဆင့်လေ့ကျင့်ပျိုးထောင်ပြီး မွေးထုတ်ပေးနေကြခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေးရင်းနှီးမြှုပ်နှံမှုက နိုင်ငံ့အတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖြစ်ရှုမြင်ကာ ပညာရေးအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်အဖြစ် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာ မူလတန်းတက်ရောက်သင်ကြားမှုမရှိခဲ့၍ မျက်မှောက်ကာလတွင် KG+9 မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းတက်နိုင်ရေးနှင့် KG+9 ပြီးမြောက်ရေး၊ အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူများကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ၌ တက်ရောက်သင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းမှု အခြေခံများရရှိနိုင်ရန် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြားနိုင်ရေး၊ အဆင့်မီသူများကို သိပ္ပံ၊ ကောလိပ်နှင့် တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးအစီအမံများကို ကွင်းဆက်ကျကျ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်က နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ အရည်အသွေးကို မြှင့်တင်ပေးခဲ့ပြီး နေပြည်တော်တွင် Napyitaw State Academy နှင့် Napyitaw State Polytechnic တို့ကို ဖွင့်လှစ်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့၌လည်း Polytechnic University တို့ကိုဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျိုးဆက်သစ်လူငယ်မောင်မယ်များ ပညာရည်မြင့်မားရေး၊ ဗလငါးတန်ပြည့်ဝစေရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ စီမံဆောင်ရွက်လျက်ရှိသည့်နည်းတူ မိဘ၊ ဆရာများကလည်း အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည်။ မိဘဟူသည်ကား သားသမီးတို့၏ ပုဗ္ဗာစရိယ လက်ဦးဆရာများဖြစ်ပါသည်။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ စသည့် မိဘတို့၏ဝတ္တရားနှင့်အညီ သားငယ်၊ သမီးငယ်များ အတတ်ပညာတတ်မြောက်ကာ လိမ္မာရေးခြားရှိကြစေရန် ဆရာထံ အပ်နှံပေးကြရသည်။ မြတ်ဆရာတို့ကလည်း တပည့်တို့အပေါ် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ဖို့” ဟူသော ဆရာ့ဝတ္တရား ငါးပါးနှင့်အညီ - ၁။ ဝိဇ္ဇာ၊ သိပ္ပံအတတ်ပညာတို့ကို သင်ကြားပေးရခြင်း၊ ၂။ ဘဝလမ်းကြောင်း မတိမ်းမစောင်းရလေအောင် ထိန်းကျောင်းပဲ့ပြင်ရခြင်း၊ ၃။ ဆရာစားမချန် အိတ်သွန်ဖာမှောက် အတတ်ပညာသင်ကြားပေးရခြင်း၊ ၄။ အန္တရာယ်ရန်စွယ်အဝဝ မကျရောက်ရအောင် ကာကွယ်ပေးရခြင်း၊ ၅။ အခြေခံမှ အထက်တန်းအဆင့်မြင့်ပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားစေရ ခြင်းတို့ကို ဆရာ့ဝတ္တရားအတိုင်း လိုက်နာဆောင်ရွက်ကြရပါမည်။ ထို့အတူ “ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင် သို့ဖတ်၊ သို့မှတ် သို့ရေး၊ သို့မေး သို့ဖြေ၊ သို့နေ သို့ထိုင်၊ သို့ကိုင် သို့ကြွ၊ သို့ကွ သို့ကုန်း၊ သို့သုံး သို့စွဲ၊ သို့လဲ သို့ထား၊ သို့စား သို့သောက်၊ သို့လျှောက် သို့ဆို၊ သို့ကို သို့ကျင့်၊ သို့နှင့် သို့လျှိုး၊ သို့ရှိခိုး” ဟူ၍ ကန့်ကူ လက်လှည့်လက်ဆုပ် လက်ကိုင် ဂဃနဏ တိတိကျကျသင်ပြပေးကြရသည်။ မကြာမီကျောင်းအပ်နှံရေး ရက်သတ္တပတ်အစီအစဉ်များ စတင်တော့မည်။ တစ်ဆက်တည်းမှာပင် ကျောင်းခေါင်းလောင်းသံချိုမြမြနှင့် ရင်သွေးငယ်များ၏ စာအံသံတစာစာကို ကြားကြရပါတော့မည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစတွင် ပျော်ရွှင်စွာ ကျောင်းတက်လာကြမည့် ရင်သွေးငယ်များကို ကြည်နူးဖွယ်ရာ မြင်တွေ့ကြရပါတော့မည်။ နိုင်ငံတော်အပိုင်းက ပညာရေးကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်နေသကဲ့သို့ မိဘများကလည်း ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေဖို့ ငယ်စဉ်အခါမှာ ပညာသင်ကြားရန် မပျက်မကွက် ကျောင်းအပ်နှံပေးကြရပါမည်။ ပန်းပုသမား၊ ကျောက်သွေးသမား၊ ဥယျာဉ်မှူး၊ မာလိန်မှူးတို့နှင့် ပမာပြုရသည့် ဆရာသမားတို့ကလည်း လူမမည်သူငယ်ရင်သွေးငယ်များကို ပန်းပုရုပ်အသွင် အနုစိတ်ထုဆစ်ခြယ်မှုန်းသကဲ့သို့၊ ကျောက်အရိုင်းတုံးကလေးများကို အကွက်ပေါ်၍ အရောင်အသွေး တလက်လက်တောက်ပလာအောင် သွေးယူသကဲ့သို့၊ သစ်သီးဝလံ ပန်းမန်များကို စနစ်တကျ ပြုစုယုယစိုက်ပျိုးသကဲ့သို့၊ လိုရာခရီးကို ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ ပညာသင်ကြား စောင့်ရှောက်ကြရပါမည်။ ပညာဖြင့်တည်ဆောက်ထားသောဝန်းကျင်သည် ပျော်ရွှင်ချမ်းမြေ့ သာယာလှပပါသည်။ ပညာဖြင့် တည်ဆောက်ထားသော နိုင်ငံသည် ငြိမ်းချမ်းသာယာဝပြောပါသည်။ ပညာဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်းသည် ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”၊ “စာသင်ကျောင်းတစ်ခု ဖွင့်လိုက်ခြင်းသည် အကျဉ်းထောင်ဆယ်ခုပိတ်လိုက်ခြင်းနှင့် တူညီသည် ”ဟူသော ပညာရေးအဆိုအမိန့်များ လည်းရှိခဲ့သည် မဟုတ်ပါလား။ ။MDN (မြန်မာ့အလင်း)

လေအဝှေ့တွင် ပိတောက်ရနံ့တို့က သင်းပျံ့ချိုအီနေသည်။ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက် ရွာသွန်းဖြိုးသည်နှင့် ပန်းပိတောက်တို့သည် ပင်လုံးကျွတ်မျှ ဝေဆာပွင့်ဖူးလာသည်။ မကြာမီ မိုးဖြိုင်ဖြိုင်ရွာတော့မည်။ ပန်းကလေးများပွင့်တော့မည်။ ကျောင်းဖွင့်ရာသီရောက်တော့မည်။ အဖြူနှင့်အစိမ်း တူညီကျောင်းဝတ်စုံဝတ်ဆင်၍ ကျောင်းတက်လာကြသော ရင်သွေးငယ်များကို ကြည်နူးဖွယ်ရာ မြင်တွေ့ကြရတော့မည်။

မြန်မာတို့သည် ပညာရေးနှင့်ပတ်သက်လျှင် ရှေးယခင်ကတည်းက ပညာရေချိန် နိမ့်ပါးသူများ မဟုတ်ကြပါ။ ပညာဉာဏ်စွမ်းအား ထက်မြက်သူများဖြစ်ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်အပါအဝင် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များစွာသည် ကမ္ဘာ့အလယ်တွင် ပညာရဲရင့် ပွဲလယ်တင်ခဲ့ကြပေသည်။

သို့ရာတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးရာပြဿနာများကြောင့် ပြည်သူများ ပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များ ရှိခဲ့လေသည်။ အထူးသဖြင့် ပညာရေးလောကအတွင်းသို့ နိုင်ငံရေးပယောဂများ မကြာခဏပူးကပ်လာမှုများကြောင့် ပညာရေးကဏ္ဍတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းသည် ပညာကိုအလေးအနက်တန်ဖိုးထားလေ့ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ အသိပညာကိုမြတ်နိုးဖွယ်ရာ ရတနာအဖြစ် တင်စားပမာပြုလေ့ရှိကြသည်။ ပညာတတ်မြောက်ပါမှ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ ပညာမတတ်သူသည် မျက်မမြင်နှင့်အလားတူပြီး သူကန်းစမ်းတဝါးဝါးစခန်းသွားလျှင် လိုရာဌာနမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရသကဲ့သို့ ပညာမတတ်လျှင် အရာရာတွင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် အမှားမှားအယွင်းယွင်းဖြင့် နောက်ဆုံးဒုက္ခတွင်း၌သာ နစ်မြုပ်ရသည်။ ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိတတ်သောပညာကို ရရှိရန်လိုအပ်ပါသည်။

လောကီလူသားများတွင် ပဋိသန္ဓေမွေးရာပါ ပညာဉာဏ်ထက်မြက်သူနှင့် အဆင့်ဆင့်သင်ယူ ကြိုးစားလေ့ကျင့်၍ ပညာဉာဏ်ထက်မြက်လာသူဟူ၍ နှစ်မျိုးနှစ်စားရှိသည့်အနက် ပဋိသန္ဓေမွေးရာပါ ပညာဉာဏ်ထက်မြက်သူက အလွန်နည်းပါးပြီး အဆင့်ဆင့်သင်ယူကြိုးစားလေ့ကျင့်၍ ဉာဏ်ပညာထက်မြက်လာသူက အများစုဖြစ်ရကား အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာရေးအတွက် ကမ္ဘာ့နိုင်ငံများသည် ပညာရေးကဏ္ဍကိုမြှင့်တင်၍ အဆင့်ဆင့်လေ့ကျင့်ပျိုးထောင်ပြီး မွေးထုတ်ပေးနေကြခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေးရင်းနှီးမြှုပ်နှံမှုက နိုင်ငံ့အတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖြစ်ရှုမြင်ကာ ပညာရေးအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်အဖြစ် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာ မူလတန်းတက်ရောက်သင်ကြားမှုမရှိခဲ့၍ မျက်မှောက်ကာလတွင် KG+9 မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။

ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းတက်နိုင်ရေးနှင့် KG+9 ပြီးမြောက်ရေး၊ အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူများကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ၌ တက်ရောက်သင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းမှု အခြေခံများရရှိနိုင်ရန် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြားနိုင်ရေး၊ အဆင့်မီသူများကို သိပ္ပံ၊ ကောလိပ်နှင့် တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးအစီအမံများကို ကွင်းဆက်ကျကျ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်က နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ အရည်အသွေးကို မြှင့်တင်ပေးခဲ့ပြီး နေပြည်တော်တွင် Napyitaw State Academy နှင့် Napyitaw State Polytechnic တို့ကို ဖွင့်လှစ်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့၌လည်း Polytechnic University တို့ကိုဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်မောင်မယ်များ ပညာရည်မြင့်မားရေး၊ ဗလငါးတန်ပြည့်ဝစေရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ စီမံဆောင်ရွက်လျက်ရှိသည့်နည်းတူ မိဘ၊ ဆရာများကလည်း အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည်။

မိဘဟူသည်ကား သားသမီးတို့၏ ပုဗ္ဗာစရိယ လက်ဦးဆရာများဖြစ်ပါသည်။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ စသည့် မိဘတို့၏ဝတ္တရားနှင့်အညီ သားငယ်၊ သမီးငယ်များ အတတ်ပညာတတ်မြောက်ကာ လိမ္မာရေးခြားရှိကြစေရန် ဆရာထံ အပ်နှံပေးကြရသည်။

မြတ်ဆရာတို့ကလည်း တပည့်တို့အပေါ် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ဖို့” ဟူသော ဆရာ့ဝတ္တရား ငါးပါးနှင့်အညီ -

၁။ ဝိဇ္ဇာ၊ သိပ္ပံအတတ်ပညာတို့ကို သင်ကြားပေးရခြင်း၊

၂။ ဘဝလမ်းကြောင်း မတိမ်းမစောင်းရလေအောင် ထိန်းကျောင်းပဲ့ပြင်ရခြင်း၊

၃။ ဆရာစားမချန် အိတ်သွန်ဖာမှောက် အတတ်ပညာသင်ကြားပေးရခြင်း၊

၄။ အန္တရာယ်ရန်စွယ်အဝဝ မကျရောက်ရအောင် ကာကွယ်ပေးရခြင်း၊

၅။ အခြေခံမှ အထက်တန်းအဆင့်မြင့်ပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားစေရ ခြင်းတို့ကို ဆရာ့ဝတ္တရားအတိုင်း လိုက်နာဆောင်ရွက်ကြရပါမည်။

ထို့အတူ “ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင် သို့ဖတ်၊ သို့မှတ် သို့ရေး၊ သို့မေး သို့ဖြေ၊ သို့နေ သို့ထိုင်၊ သို့ကိုင် သို့ကြွ၊ သို့ကွ သို့ကုန်း၊ သို့သုံး သို့စွဲ၊ သို့လဲ သို့ထား၊ သို့စား သို့သောက်၊ သို့လျှောက် သို့ဆို၊ သို့ကို သို့ကျင့်၊ သို့နှင့် သို့လျှိုး၊ သို့ရှိခိုး” ဟူ၍ ကန့်ကူ လက်လှည့်လက်ဆုပ် လက်ကိုင် ဂဃနဏ တိတိကျကျသင်ပြပေးကြရသည်။

မကြာမီကျောင်းအပ်နှံရေး ရက်သတ္တပတ်အစီအစဉ်များ စတင်တော့မည်။ တစ်ဆက်တည်းမှာပင် ကျောင်းခေါင်းလောင်းသံချိုမြမြနှင့် ရင်သွေးငယ်များ၏ စာအံသံတစာစာကို ကြားကြရပါတော့မည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစတွင် ပျော်ရွှင်စွာ ကျောင်းတက်လာကြမည့် ရင်သွေးငယ်များကို ကြည်နူးဖွယ်ရာ မြင်တွေ့ကြရပါတော့မည်။

နိုင်ငံတော်အပိုင်းက ပညာရေးကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်နေသကဲ့သို့ မိဘများကလည်း ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေဖို့ ငယ်စဉ်အခါမှာ ပညာသင်ကြားရန် မပျက်မကွက် ကျောင်းအပ်နှံပေးကြရပါမည်။

ပန်းပုသမား၊ ကျောက်သွေးသမား၊ ဥယျာဉ်မှူး၊ မာလိန်မှူးတို့နှင့် ပမာပြုရသည့် ဆရာသမားတို့ကလည်း လူမမည်သူငယ်ရင်သွေးငယ်များကို ပန်းပုရုပ်အသွင် အနုစိတ်ထုဆစ်ခြယ်မှုန်းသကဲ့သို့၊ ကျောက်အရိုင်းတုံးကလေးများကို အကွက်ပေါ်၍ အရောင်အသွေး တလက်လက်တောက်ပလာအောင် သွေးယူသကဲ့သို့၊ သစ်သီးဝလံ ပန်းမန်များကို စနစ်တကျ ပြုစုယုယစိုက်ပျိုးသကဲ့သို့၊ လိုရာခရီးကို ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ ပညာသင်ကြား စောင့်ရှောက်ကြရပါမည်။

ပညာဖြင့်တည်ဆောက်ထားသောဝန်းကျင်သည် ပျော်ရွှင်ချမ်းမြေ့ သာယာလှပပါသည်။ ပညာဖြင့် တည်ဆောက်ထားသော နိုင်ငံသည် ငြိမ်းချမ်းသာယာဝပြောပါသည်။ ပညာဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်းသည် ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”၊ “စာသင်ကျောင်းတစ်ခု ဖွင့်လိုက်ခြင်းသည် အကျဉ်းထောင်ဆယ်ခုပိတ်လိုက်ခြင်းနှင့် တူညီသည် ”ဟူသော ပညာရေးအဆိုအမိန့်များ လည်းရှိခဲ့သည် မဟုတ်ပါလား။     ။

MDN (မြန်မာ့အလင်း)

ဇာနည်ဘွား

အခြေခံပညာဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေး
-
ကျွန်တော်သည် ပညာရေးဝန်ကြီးဌာနတွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တက္ကသိုလ်ဆရာ ဘဝမှစတင်ပြီး စစ်တက္ကသိုလ်၊ မုံရွာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပညာရေးသုတေသနဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန စသည်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် သက်ပြည့် အငြိမ်းစားယူခဲ့ပါသည်။KG + 12 ပညာရေးစတင်နိုင်ရန် ပညာရေးသုတေသနဦးစီးဌာနတွင် Task Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျွန်တော်၏မိခင်ဖြစ်သူမှာ မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး ဦးကြီး၊ ဦးလေး၊ အဒေါ်များမှာလည်း အခြေခံပညာဝန်ထမ်းများဖြစ်ပါသည်။ အခြေခံပညာရေးကို များစွာ စိတ်ဝင်စားမိပါသည်။၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် သူငယ်တန်း+ ၁၂ နှစ် ( KG + 12)သင်ရိုးသည် သူငယ်တန်းအပါအဝင် စုစုပေါင်းစာသင်နှစ် ၁၃ နှစ်ရှိသော စနစ်ဖြစ်ပါသည် ။ သူငယ်တန်း + ၁၂ နှစ်သင်ရိုးတွင် အသက် ငါးနှစ်ပြည့်ပြီးသော ကလေးတစ်ဦးသည် သူငယ်တန်း (KG) တွင် စတင်တက်ရောက်ပြီး တန်းစဉ် အောင်မြင်ပါက အသက် ၁၇ နှစ်ပြည့်သောအခါ ဒွါဒသမ ၁၂ တန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုအတန်းကိုအောင်မြင်ပါက တက္ကသိုလ်သို့ရောက်ရှိမည့် နိုင်ငံတကာနှင့် တန်းညှိထားသောစနစ်ဖြစ်ပါ သည်။မူလတန်းအဆင့်ပညာရေးတွင် (ပထမတန်းမှ ပဉ္စမတန်းအထိ) ငါးနှစ်၊ အလယ်တန်းအဆင့်ပညာ ရေးတွင် (ဆဋ္ဌမတန်းမှ နဝမတန်းအထိ) လေးနှစ်၊ အထက်တန်းအဆင့်တွင် (ဒသမတန်းမှ ဒွါဒသမ တန်းအထိ) သုံးနှစ်ဟူ၍ (၅ : ၄ : ၃) ပုံစံဖြစ်ပါသည်။ အခြေခံပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ၌ “အခြေခံပညာရေးဆိုသည်မှာ နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော အခြေခံပညာကို သင်ယူတတ် မြောက်စေရန်နှင့် နည်းပညာနှင့် သက်မွေးပညာ တစ်ခုခုကိုဖြစ်စေ၊ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်ပေးသည့် ပညာရေးကိုဆိုလိုသည်”ဟု ဖော်ပြထားပါ သည်။စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ထည့်သွင်းသင်ကြားမည်ယခုအခါ နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် နိုင်ငံတော်၏ဘတ်ဂျက်ငွေကို များစွာအသုံးပြု ကာ အလေးထား မြှင့်တင်ပေးလျက်ရှိပါသည်။ ပညာရေး၏အရေးကြီးပုံနှင့် ပညာရေးကဏ္ဍမြှင့်တင် ရေးကို ဦးစားပေးဆောင်ရွက်နေပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး အခြေခံပညာ (KG + 9)အထိ သင်ကြားတတ်မြောက်စေရန် ဆောင်ရွက်နေပါသည်။ အခြေခံပညာသင်ရိုးများတွင် လက်တွေ့အသုံးကျသော စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများကို ထည့်သွင်းသင်ကြားမည်ဖြစ်ပါသည်။မကြာမီတွင် Smart School နှင့် Football for School Program တို့ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ရှိသော အခြေခံပညာကျောင်းများတွင် Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်မြန်မာနိုင်ငံ၏ ဘောလုံးအားကစားသည် တစ်ခါက အာရှနှင့် အရှေ့တောင်အာရှတွင် နာမည်ကြီး ထင်ရှားခဲ့ပါသည်။ ယခုအခါ အခြေခံပညာ ကျောင်းများမှ မျိုးဆက်သစ်လူငယ်များကို ပြုစု ပျိုးထောင်လေ့ကျင့်ကာ အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးသည်ကို ကြိုဆိုရပါ သည်။ ဘောလုံးအားကစားသည် လူအများ စုပေါင်းကစားရသည့်အားကစားဖြစ်ပြီး တစ်ဦးကောင်း တစ်ယောက်ကောင်းအပြင် စုပေါင်းဆောင်ရွက်မှ အောင်မြင်မှုရနိုင်သည့် အားကစားဖြစ်ပါသည်။ အပေးအယူမျှတရမည်ဖြစ်ပြီး အချိန်တိုအတွင်း ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချ၍ တစ်ဖက်အသင်း ကို အနိုင်ဂိုးများသွင်းကာ ကစားရသည့်နည်းဖြစ်ပါသည်။ သက်လုံကောင်းမှု၊ ညီညွတ်မှု၊ သည်းခံစိတ်ရှိ မှု၊ အချင်းချင်းနားလည်မှုရှိမှုတို့ကို သင်ကြားပေးသည့် အားကစားနည်းဖြစ်၍ လူငယ်များအတွက် အထူးသင့်လျော်ပါသည်။စာရေးသူသည် ပညာရေးဝန်ထမ်းဘဝတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သို့ ပညာရေးလေ့လာရေးခရီး မကြာခဏရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် အခြေခံပညာမှစ၍ ကျောင်းသား ကျောင်းသူများကိုယ်တိုင် အားထားသင်ယူသည့်စနစ်ကို လေ့ကျင့်ပေးပါသည်။ ကျောင်းသို့လာရာတွင် အတန်းကြီးကျောင်းသားများက အတန်းငယ်ကျောင်းသားများကို ဂရုတစိုက် ခေါ်ဆောင်ပြီး ကျောင်းစာသင်ခန်း၊ အိမ်သာ၊ ထမင်းစားခန်း၊ ကျောင်းတွင်းသန့်ရှင်းရေးများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြရပါသည်။နေ့လယ်စာကျွေးသည့် တချို့ကျောင်းများ၌ ကျောင်းသား ကျောင်းသူများကိုယ်တိုင် ထမင်းစား ခန်းမှ ထမင်းဟင်းများကို အလှည့်ကျသွားယူကာ ထမင်း၊ ဟင်းနှင့် နွားနို့ပုလင်းတို့ကို မိမိကုန်နိုင် သလောက်သာ စားသုံးတတ်စေရန်၊ ထမင်းစားပြီး ပုံစံပန်းကန်ခွက်များကို သက်ဆိုင်ရာနေရာသို့ စနစ်တကျပြန်ထားရန် စသည်တို့ကို လေ့ကျင့်ပေးထားပါသည်။ သန့်စင်ခန်းများကိုလည်း ကျောင်းသား ကျောင်းသူများ အလှည့်ကျ နေ့စဉ်သန့်ရှင်းရေး လုပ်ရပါသည်။ အားကစားကဏ္ဍအပြင် မိမိတို့ ကိုယ်တိုင် ကျောင်းအတွင်း သစ်ပင်ပန်းပင်များကို စိုက်ပျိုးရပါသည်။ စာသင်ကြားရာတွင် ဆရာနှင့်တပည့် အမေး၊ အဖြေစနစ်နှင့်အတူ ကျောင်းသား ကျောင်းသူအုပ်စုများ အလျဉ်းသင့်သလိုဖွဲ့၍ ဆရာ၏မေးခွန်းများကို စုပေါင်းဖြေဆိုကြပါသည်။ ဆရာနှင့် ကျောင်းသားအချိုးမှာလည်း ၁ : ၂၀ ခန့် သာရှိပါသည်။Smart School ကို လေ့လာမိသည်မှာ ကျောင်းသားများ၏ သင်ယူမှုနှင့် သင်ကြားမှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုထားသော ကျောင်းကိုဆိုလိုပါသည်။ ယင်းသည် ရိုးရာသင်ကြားမှုပုံစံမှ ခေတ်မီဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းသင်ကြားခြင်းကို အခြေခံပါသည်။Smart School ၏ အဓိကအချက်များSmart School ၏ အဓိကအချက်များမှာ-၁။ ကျောက်သင်ပုန်းများအစား အပြန်အလှန် ထိတွေ့အသုံးပြုနိုင်သော Smart Board များ၊ တက်ဘလက်များနှင့် ကွန်ပျူတာများ အသုံးပြုခြင်း။၂။ ကျောင်းသားတစ်ဦးချင်းစီ၏ ပညာအရည်အချင်းအလိုက် ဉာဏ်ရည်တု (AI) နည်းပညာ သုံးသင်ခန်းစာများဖြင့် သင်ကြားပေးခြင်း၊၃။ e Book စာအုပ်များ၊ ဗီဒီယိုသင်ခန်းစာများနှင့် အွန်လိုင်းမှတစ်ဆင့် မည်သည့်နေရာတွင်မဆို လေ့လာသင်ကြားနိုင်ခြင်း၊၄။ ကျောင်းသား၊ ဆရာနှင့် မိဘများအကြား အွန်လိုင်းမှတစ်ဆင့် ကျောင်းသား၏တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊၅။ အားကစား၊ သိပ္ပံလက်တွေ့၊ လူမှုရေး၊ ပြည်သူ့နီတိတို့တွင် ကျောင်းသား ကျောင်းသူတိုင်း စိတ်ပါဝင်စားစွာ သင်ယူနိုင်ခြင်း၊ မိမိတို့၏ Mindset များကို အစဉ်မြှင့်တင်ပေးနေခြင်း စသည်တို့ဖြစ်ကြောင်း လေ့လာမိပါသည်။သင်ယူမှုပုံစံပညာရေးလောကတွင် ကျောင်းသားများကို အမျိုးအစားခွဲခြားရာ၌ သင်ယူမှုပုံစံ (Learning Styles) ပေါ်မူတည်၍ ခွဲခြားနိုင်ပါသည် -(၁) အမြင်ဖြင့် သင်ယူသူများ။ ရုပ်ပုံများ၊ ပုံကြမ်း များဖြင့် ဗီဒီယိုများကိုကြည့်ရှုကာ အကောင်း ဆုံး သင်ယူနိုင်သူများဖြစ်ပါသည်။ ၎င်းတို့သည် စာဖတ်ခြင်းထက် မြေပုံများ၊ ဂရပ်ပုံစံများကို ပိုမိုနှစ်သက်ကြပါသည်။(၂) အကြားဖြင့် သင်ယူသူများ။ ဆရာ၏ဟောပြော ပို့ချချက်များကို နားထောင်ခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းမှတစ်ဆင့် အကောင်းဆုံးမှတ်မိသူများဖြစ်ပါသည်။ ၎င်းတို့သည် စာကိုအသံ ထွက်ဖတ်ခြင်း၊ အသံဖိုင်များကို နားထောင်ခြင်းဖြင့် ပိုမိုထိရောက်စွာ လေ့လာနိုင်ပါသည်။(၃) စာဖတ်ခြင်း၊ စာရေးခြင်းဖြင့် သင်ယူသူများ။ စာအုပ်ဖတ်ခြင်း၊ မှတ်စုရေးခြင်း၊ စာစီစာကုံး ရေးသားခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် အချက်အလက်များကို စာသားအဖြစ်ဖော်ပြထားမှသာ ပိုမိုနားလည် လွယ်ပါသည်။(၄) လက်တွေ့လုပ်ဆောင်မှုဖြင့် သင်ယူသူများ။ လက်တွေ့စမ်းသပ်ခန်းများတွင် လုပ်ဆောင်ရ ခြင်း၊ ပြင်ပသို့ ကိုယ်တိုင်ထွက်၍ လက်တွေ့သင်ယူရခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ်တိုင်လက်တွေ့မလုပ်ရပါက အာရုံစူးစိုက်ရန် ခက်ခဲသူများဖြစ်ပါသည်။ထို့အပြင် ကျောင်းသားတစ်ယောက် အောင်မြင်နိုင်ရန် အမှတ်ကောင်းရေးသာမကဘဲ အမူအကျင့် ကောင်းမွေးမြူပေးနိုင်ရပါမည်။ (၁) စည်းကမ်း ရှိရပါမည်၊ (၂) အချိန်ကို စီမံခန့်ခွဲတတ်ရပါမည်၊ (၃) သိလိုစိတ်ရှိရပါမည်၊ (၄) ဇွဲရှိရပါမည်၊ (၅) စာသင်ကြားရာတွင် ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်ရပါမည်၊ (၆) ရည်မှန်းချက် ပန်းတိုင်ရှိရပါမည်။ အဓိကအားဖြင့် ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ ဇွဲရှိမှု စသည့် ကျောင်းသား ကျောင်းသူများဖြစ်ရပါမည်။အရည်အသွေးရှိပညာရေးသို့ ဦးတည်ရာတွင် ဆရာ၏လစာ၊ ဆရာ၏လူမှုစီးပွားရေးဘဝ၊ ဆရာ၏ ဂုဏ်သိက္ခာနှင့် ဆရာ၏ကျင့်ဝတ်များ ကောင်းမွန်ခိုင်မာရေးသည်လည်း အဓိကကျပါသည်။ စွမ်းဆောင် ရည်မြင့်မားသည့် ပညာရေးစနစ်တည်ဆောက်ရာတွင် ဆရာ ဆရာမများအတွက် ထိုက်တန်လျော်ကန်သော ကူညီပံ့ပိုး ချီးမြှင့်မှုအစီအစဉ်များ လိုအပ်ပါသည်။ ထို့အတူ ဆရာ ဆရာမများကလည်း မိမိ၏ စွမ်းဆောင်ရည်နှင့် သင်ကြားရေးအရည်အသွေးများကို အစဉ်အမြဲ မြှင့်တင်နေရပါမည်။ထို့အပြင် မိဘ ဆရာအသင်းများကိုလည်း သေချာကျနစွာ ဖွဲ့စည်းထားပြီး မိဘများ၏ ကျောင်းတွင်းလှုပ်ရှားမှုများ၊ ပညာရေးဆောင်ရွက် ချက်များ၊ လူမှုရေးဆောင်ရွက်ချက်များတွင် ပါဝင် လာနိုင်ရန် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါသည်။ မိဘများသည် မိမိတို့ကလေးကို ကျောင်းအပ်ပြီးပါက မိမိတို့တာဝန်ကျေပွန်ပြီဟု မသတ်မှတ်ဘဲ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ မိမိတို့သားသမီးများ၏ ပညာရေးကို လေ့လာမေးမြန်း ကူညီဆောင်ရွက်ပေးရပါမည်။နိုင်ငံတော်က ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်ရန် အားထုတ်ကြိုးပမ်းနေပါသည်။ ကျောင်းသား၊ မိဘ၊ ဆရာများ၊ ပြည်သူများပူးပေါင်းပြီး ကျွန်တော်တို့နိုင်ငံ၏ အခြေခံပညာကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။ကိုးကား ။ ။ အခြေခံပညာ သိကောင်းစရာများ (မောင်မြကျော်၊ ကျောင်းအုပ်ကြီး- ငြိမ်း၊ ရန်ကင်းပညာရေးကောလိပ်)- ပညာရေးသိကောင်းစရာများ (အင်တာနက်)MDN (ကြေးမုံ)

ကျွန်တော်သည် ပညာရေးဝန်ကြီးဌာနတွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တက္ကသိုလ်ဆရာ ဘဝမှစတင်ပြီး စစ်တက္ကသိုလ်၊ မုံရွာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပညာရေးသုတေသနဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန စသည်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် သက်ပြည့် အငြိမ်းစားယူခဲ့ပါသည်။

KG + 12 ပညာရေးစတင်နိုင်ရန် ပညာရေးသုတေသနဦးစီးဌာနတွင် Task Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျွန်တော်၏မိခင်ဖြစ်သူမှာ မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး ဦးကြီး၊ ဦးလေး၊ အဒေါ်များမှာလည်း အခြေခံပညာဝန်ထမ်းများဖြစ်ပါသည်။ အခြေခံပညာရေးကို များစွာ စိတ်ဝင်စားမိပါသည်။

၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် သူငယ်တန်း+ ၁၂ နှစ် ( KG + 12)သင်ရိုးသည် သူငယ်တန်းအပါအဝင် စုစုပေါင်းစာသင်နှစ် ၁၃ နှစ်ရှိသော စနစ်ဖြစ်ပါသည် ။ သူငယ်တန်း + ၁၂ နှစ်သင်ရိုးတွင် အသက် ငါးနှစ်ပြည့်ပြီးသော ကလေးတစ်ဦးသည် သူငယ်တန်း (KG) တွင် စတင်တက်ရောက်ပြီး တန်းစဉ် အောင်မြင်ပါက အသက် ၁၇ နှစ်ပြည့်သောအခါ ဒွါဒသမ ၁၂ တန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုအတန်းကိုအောင်မြင်ပါက တက္ကသိုလ်သို့ရောက်ရှိမည့် နိုင်ငံတကာနှင့် တန်းညှိထားသောစနစ်ဖြစ်ပါ သည်။

မူလတန်းအဆင့်ပညာရေးတွင် (ပထမတန်းမှ ပဉ္စမတန်းအထိ) ငါးနှစ်၊ အလယ်တန်းအဆင့်ပညာ ရေးတွင် (ဆဋ္ဌမတန်းမှ နဝမတန်းအထိ) လေးနှစ်၊ အထက်တန်းအဆင့်တွင် (ဒသမတန်းမှ ဒွါဒသမ တန်းအထိ) သုံးနှစ်ဟူ၍ (၅ : ၄ : ၃) ပုံစံဖြစ်ပါသည်။ အခြေခံပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ၌ “အခြေခံပညာရေးဆိုသည်မှာ နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော အခြေခံပညာကို သင်ယူတတ် မြောက်စေရန်နှင့် နည်းပညာနှင့် သက်မွေးပညာ တစ်ခုခုကိုဖြစ်စေ၊ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်ပေးသည့် ပညာရေးကိုဆိုလိုသည်”ဟု ဖော်ပြထားပါ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ထည့်သွင်းသင်ကြားမည်

ယခုအခါ နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် နိုင်ငံတော်၏ဘတ်ဂျက်ငွေကို များစွာအသုံးပြု ကာ အလေးထား မြှင့်တင်ပေးလျက်ရှိပါသည်။ ပညာရေး၏အရေးကြီးပုံနှင့် ပညာရေးကဏ္ဍမြှင့်တင် ရေးကို ဦးစားပေးဆောင်ရွက်နေပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး အခြေခံပညာ (KG + 9)အထိ သင်ကြားတတ်မြောက်စေရန် ဆောင်ရွက်နေပါသည်။ အခြေခံပညာသင်ရိုးများတွင် လက်တွေ့အသုံးကျသော စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများကို ထည့်သွင်းသင်ကြားမည်ဖြစ်ပါသည်။

မကြာမီတွင် Smart School နှင့် Football for School Program တို့ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ရှိသော အခြေခံပညာကျောင်းများတွင် Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်

မြန်မာနိုင်ငံ၏ ဘောလုံးအားကစားသည် တစ်ခါက အာရှနှင့် အရှေ့တောင်အာရှတွင် နာမည်ကြီး ထင်ရှားခဲ့ပါသည်။ ယခုအခါ အခြေခံပညာ ကျောင်းများမှ မျိုးဆက်သစ်လူငယ်များကို ပြုစု ပျိုးထောင်လေ့ကျင့်ကာ အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးသည်ကို ကြိုဆိုရပါ သည်။ ဘောလုံးအားကစားသည် လူအများ စုပေါင်းကစားရသည့်အားကစားဖြစ်ပြီး တစ်ဦးကောင်း တစ်ယောက်ကောင်းအပြင် စုပေါင်းဆောင်ရွက်မှ အောင်မြင်မှုရနိုင်သည့် အားကစားဖြစ်ပါသည်။ အပေးအယူမျှတရမည်ဖြစ်ပြီး အချိန်တိုအတွင်း ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချ၍ တစ်ဖက်အသင်း ကို အနိုင်ဂိုးများသွင်းကာ ကစားရသည့်နည်းဖြစ်ပါသည်။ သက်လုံကောင်းမှု၊ ညီညွတ်မှု၊ သည်းခံစိတ်ရှိ မှု၊ အချင်းချင်းနားလည်မှုရှိမှုတို့ကို သင်ကြားပေးသည့် အားကစားနည်းဖြစ်၍ လူငယ်များအတွက် အထူးသင့်လျော်ပါသည်။

စာရေးသူသည် ပညာရေးဝန်ထမ်းဘဝတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သို့ ပညာရေးလေ့လာရေးခရီး မကြာခဏရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် အခြေခံပညာမှစ၍ ကျောင်းသား ကျောင်းသူများကိုယ်တိုင် အားထားသင်ယူသည့်စနစ်ကို လေ့ကျင့်ပေးပါသည်။ ကျောင်းသို့လာရာတွင် အတန်းကြီးကျောင်းသားများက အတန်းငယ်ကျောင်းသားများကို ဂရုတစိုက် ခေါ်ဆောင်ပြီး ကျောင်းစာသင်ခန်း၊ အိမ်သာ၊ ထမင်းစားခန်း၊ ကျောင်းတွင်းသန့်ရှင်းရေးများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြရပါသည်။

နေ့လယ်စာကျွေးသည့် တချို့ကျောင်းများ၌ ကျောင်းသား ကျောင်းသူများကိုယ်တိုင် ထမင်းစား ခန်းမှ ထမင်းဟင်းများကို အလှည့်ကျသွားယူကာ ထမင်း၊ ဟင်းနှင့် နွားနို့ပုလင်းတို့ကို မိမိကုန်နိုင် သလောက်သာ စားသုံးတတ်စေရန်၊ ထမင်းစားပြီး ပုံစံပန်းကန်ခွက်များကို သက်ဆိုင်ရာနေရာသို့ စနစ်တကျပြန်ထားရန် စသည်တို့ကို လေ့ကျင့်ပေးထားပါသည်။ သန့်စင်ခန်းများကိုလည်း ကျောင်းသား ကျောင်းသူများ အလှည့်ကျ နေ့စဉ်သန့်ရှင်းရေး လုပ်ရပါသည်။ အားကစားကဏ္ဍအပြင် မိမိတို့ ကိုယ်တိုင် ကျောင်းအတွင်း သစ်ပင်ပန်းပင်များကို စိုက်ပျိုးရပါသည်။ စာသင်ကြားရာတွင် ဆရာနှင့်တပည့် အမေး၊ အဖြေစနစ်နှင့်အတူ ကျောင်းသား ကျောင်းသူအုပ်စုများ အလျဉ်းသင့်သလိုဖွဲ့၍ ဆရာ၏မေးခွန်းများကို စုပေါင်းဖြေဆိုကြပါသည်။ ဆရာနှင့် ကျောင်းသားအချိုးမှာလည်း ၁ : ၂၀ ခန့် သာရှိပါသည်။

Smart School ကို လေ့လာမိသည်မှာ ကျောင်းသားများ၏ သင်ယူမှုနှင့် သင်ကြားမှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုထားသော ကျောင်းကိုဆိုလိုပါသည်။ ယင်းသည် ရိုးရာသင်ကြားမှုပုံစံမှ ခေတ်မီဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းသင်ကြားခြင်းကို အခြေခံပါသည်။

Smart School ၏ အဓိကအချက်များ

Smart School ၏ အဓိကအချက်များမှာ-

၁။      ကျောက်သင်ပုန်းများအစား အပြန်အလှန် ထိတွေ့အသုံးပြုနိုင်သော Smart Board များ၊ တက်ဘလက်များနှင့် ကွန်ပျူတာများ အသုံးပြုခြင်း။

၂။       ကျောင်းသားတစ်ဦးချင်းစီ၏ ပညာအရည်အချင်းအလိုက် ဉာဏ်ရည်တု (AI) နည်းပညာ သုံးသင်ခန်းစာများဖြင့် သင်ကြားပေးခြင်း၊

၃။      e Book စာအုပ်များ၊ ဗီဒီယိုသင်ခန်းစာများနှင့် အွန်လိုင်းမှတစ်ဆင့် မည်သည့်နေရာတွင်မဆို လေ့လာသင်ကြားနိုင်ခြင်း၊

၄။      ကျောင်းသား၊ ဆရာနှင့် မိဘများအကြား အွန်လိုင်းမှတစ်ဆင့် ကျောင်းသား၏တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊

၅။      အားကစား၊ သိပ္ပံလက်တွေ့၊ လူမှုရေး၊ ပြည်သူ့နီတိတို့တွင် ကျောင်းသား ကျောင်းသူတိုင်း စိတ်ပါဝင်စားစွာ သင်ယူနိုင်ခြင်း၊ မိမိတို့၏ Mindset များကို အစဉ်မြှင့်တင်ပေးနေခြင်း စသည်တို့ဖြစ်ကြောင်း လေ့လာမိပါသည်။

သင်ယူမှုပုံစံ

ပညာရေးလောကတွင် ကျောင်းသားများကို အမျိုးအစားခွဲခြားရာ၌ သင်ယူမှုပုံစံ (Learning Styles) ပေါ်မူတည်၍ ခွဲခြားနိုင်ပါသည် -

(၁)     အမြင်ဖြင့် သင်ယူသူများ။ ရုပ်ပုံများ၊ ပုံကြမ်း များဖြင့် ဗီဒီယိုများကိုကြည့်ရှုကာ အကောင်း ဆုံး သင်ယူနိုင်သူများဖြစ်ပါသည်။ ၎င်းတို့သည် စာဖတ်ခြင်းထက် မြေပုံများ၊ ဂရပ်ပုံစံများကို ပိုမိုနှစ်သက်ကြပါသည်။

(၂)      အကြားဖြင့် သင်ယူသူများ။ ဆရာ၏ဟောပြော ပို့ချချက်များကို နားထောင်ခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းမှတစ်ဆင့် အကောင်းဆုံးမှတ်မိသူများဖြစ်ပါသည်။ ၎င်းတို့သည် စာကိုအသံ ထွက်ဖတ်ခြင်း၊ အသံဖိုင်များကို နားထောင်ခြင်းဖြင့် ပိုမိုထိရောက်စွာ လေ့လာနိုင်ပါသည်။

(၃)     စာဖတ်ခြင်း၊ စာရေးခြင်းဖြင့် သင်ယူသူများ။ စာအုပ်ဖတ်ခြင်း၊ မှတ်စုရေးခြင်း၊ စာစီစာကုံး ရေးသားခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် အချက်အလက်များကို စာသားအဖြစ်ဖော်ပြထားမှသာ ပိုမိုနားလည် လွယ်ပါသည်။

(၄)     လက်တွေ့လုပ်ဆောင်မှုဖြင့် သင်ယူသူများ။ လက်တွေ့စမ်းသပ်ခန်းများတွင် လုပ်ဆောင်ရ ခြင်း၊ ပြင်ပသို့ ကိုယ်တိုင်ထွက်၍ လက်တွေ့သင်ယူရခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ်တိုင်လက်တွေ့မလုပ်ရပါက အာရုံစူးစိုက်ရန် ခက်ခဲသူများဖြစ်ပါသည်။

ထို့အပြင် ကျောင်းသားတစ်ယောက်အောင်မြင်နိုင်ရန် အမှတ်ကောင်းရေးသာမကဘဲ အမူအကျင့် ကောင်းမွေးမြူပေးနိုင်ရပါမည်။ (၁) စည်းကမ်း ရှိရပါမည်၊ (၂) အချိန်ကို စီမံခန့်ခွဲတတ်ရပါမည်၊ (၃) သိလိုစိတ်ရှိရပါမည်၊ (၄) ဇွဲရှိရပါမည်၊ (၅) စာသင်ကြားရာတွင် ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်ရပါမည်၊ (၆) ရည်မှန်းချက် ပန်းတိုင်ရှိရပါမည်။ အဓိကအားဖြင့် ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ ဇွဲရှိမှု စသည့် ကျောင်းသား ကျောင်းသူများဖြစ်ရပါမည်။

အရည်အသွေးရှိပညာရေးသို့ ဦးတည်ရာတွင် ဆရာ၏လစာ၊ ဆရာ၏လူမှုစီးပွားရေးဘဝ၊ ဆရာ၏ ဂုဏ်သိက္ခာနှင့် ဆရာ၏ကျင့်ဝတ်များ ကောင်းမွန်ခိုင်မာရေးသည်လည်း အဓိကကျပါသည်။ စွမ်းဆောင် ရည်မြင့်မားသည့် ပညာရေးစနစ်တည်ဆောက်ရာတွင် ဆရာ ဆရာမများအတွက် ထိုက်တန်လျော်ကန်သော ကူညီပံ့ပိုး ချီးမြှင့်မှုအစီအစဉ်များ လိုအပ်ပါသည်။ ထို့အတူ ဆရာ ဆရာမများကလည်း မိမိ၏ စွမ်းဆောင်ရည်နှင့် သင်ကြားရေးအရည်အသွေးများကို အစဉ်အမြဲ မြှင့်တင်နေရပါမည်။

ထို့အပြင် မိဘ ဆရာအသင်းများကိုလည်း သေချာကျနစွာ ဖွဲ့စည်းထားပြီး မိဘများ၏ ကျောင်းတွင်းလှုပ်ရှားမှုများ၊ ပညာရေးဆောင်ရွက် ချက်များ၊ လူမှုရေးဆောင်ရွက်ချက်များတွင် ပါဝင် လာနိုင်ရန် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါသည်။ မိဘများသည် မိမိတို့ကလေးကို ကျောင်းအပ်ပြီးပါက မိမိတို့တာဝန်ကျေပွန်ပြီဟု မသတ်မှတ်ဘဲ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ မိမိတို့သားသမီးများ၏ ပညာရေးကို လေ့လာမေးမြန်း ကူညီဆောင်ရွက်ပေးရပါမည်။

နိုင်ငံတော်က ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်ရန် အားထုတ်ကြိုးပမ်းနေပါသည်။ ကျောင်းသား၊ မိဘ၊ ဆရာများ၊ ပြည်သူများပူးပေါင်းပြီး ကျွန်တော်တို့နိုင်ငံ၏ အခြေခံပညာကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကိုးကား ။ ။    အခြေခံပညာ သိကောင်းစရာများ (မောင်မြကျော်၊ ကျောင်းအုပ်ကြီး- ငြိမ်း၊ ရန်ကင်းပညာရေးကောလိပ်)

- ပညာရေးသိကောင်းစရာများ (အင်တာနက်)

MDN  (ကြေးမုံ)

ဒေါက်တာသန့်စင် (ရူပဗေဒ)

သွေးချိုဆီးချိုရောဂါအတွက် အကျိုးကျေးဇူးများ ပေးနိုင်သော ကန်စွန်းဥ
-
ကမ္ဘာတစ်ဝန်းတွင် သွေးချိုဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ်ပြဿနာများ မြင့်တက်လာ နေသည့်အချိန်၌ ကျန်းမာရေးနှင့်ညီညွတ်သော ဂလူးကို့စ်ထိန်းချုပ်မှုကိုပံ့ပိုးပေးသည့် ရိုးရှင်းပြီး ဈေးသက်သာသော အစားအစာများကို ရှာဖွေနေကြသည်။ ထူးခြားသော ဟင်းသီးဟင်းရွက်အဖြစ် သတ်မှတ်ခံထားရသည့် ကန်စွန်းဥများသည် မကြာ သေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့ပြီး သုတေသနနှင့် အာဟာရဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ အရ Smart ကာဗိုဟိုက်ဒရိတ်ရွေးချယ်မှု ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ကန်စွန်းဥ၏သဘာဝအချို ဓာတ်ကြောင့် အစာစားချင်စိတ်ကိုထိန်းပေးပြီး အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်ဝသကဲ့သို့ခံစားရစေ သည့်အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို နှေးကွေးစေသော အကျိုးကျေးဇူးကြောင့် သွေးချို ဆီးချိုရောဂါရှိသူများသည် ကန်စွန်းဥကို အတန် အသင့် စားသုံးနိုင်သည်။ကန်စွန်းဥ၏သဘာဝအချိုဓာတ်ကြောင့် သွေးတွင်း ဂလူးကို့စ်ပမာဏကို မြင့်တက်စေမည့်အစားအစာ တစ်ခုကဲ့သို့ ထင်ရနိုင်သည်။ သို့သော်လည်း အာဟာရ ဆိုင်ရာ သုတေသနပြုချက်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Beta-Carotene၊ ဗီတာမင်-C)၊ ဗီတာမင်နှင့် နှေးကွေးသော ကစီဓာတ်များကြွယ်ဝသော သာမန်၊ အမြစ် ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းဥသည် ဈေးသက်သာပြီး အရသာရှိသည်။ မှန်ကန်သောနည်းလမ်းဖြင့်ပြင်ဆင်ပြီး အသင့်အတင့်စားသုံးသော အခါတွင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် အင်ဆူလင်အာရုံခံနိုင်စွမ်းနှင့် ရေရှည်ဇီဝဖြစ်စဉ် ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး အရေးကြီးသော ဗီတာမင်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်။သွေးချိုဆီးချိုရောဂါရှိသူများ သို့မဟုတ် တည်ငြိမ် သောစွမ်းအင်နှင့် ပိုမိုကောင်းမွန်သော ဇီဝဖြစ်စဉ် ကျန်းမာရေးကို ရှာဖွေနေသူများအတွက် ကန်စွန်းဥ ကို မည်ကဲ့သို့ရွေးချယ် ချက်ပြုတ်စားသုံးရမည်ကို သိရှိခြင်းက အစားအသောက်အတွက် အထောက်အကူဖြစ်စေနိုင်သည်။ကန်စွန်းဥ၏ အကျိုးကျေးဇူးများကန်စွန်းဥသည် Beta-Carotene ကြွယ်ဝစွာပါဝင် သောကြောင့် ကိုယ်ခံအားစနစ်နှင့် အသားအရေကို ကျန်းမာသန်စွမ်းစေပြီး အမြင်အာရုံကောင်းမွန်စေပါ သည်။ အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C၊ ဗီတာမင်-B6 နှင့် မဂ္ဂနိစ်ပါဝင်သောကြောင့် သွေးချို ဆီးချိုရောဂါအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းများပါဝင်သောကြောင့် အင်ဆူလင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ ဗီတာမင်-A သည် အင်ဆူလင်ထုတ်သည့် ပန်ကရိယဘီတာဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပြီး ဗီတာမင်-C သည် ကြွက်သားများ၊ ကော်လာဂျင်နှင့် သွေးကြောများ ဖွဲ့စည်းခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးကြီးပါသည်။ ဗီတာမင် B6 သည် ယိုယွင်းလာသောရောဂါများနှင့် ဆက်စပ်နေသည့် ဓာတုဒြပ်ပေါင်း Homocysteine ကို လျှော့ချရာတွင် ကူညီပေးသည်။ မဂ္ဂနိစ်ပါဝင် သောကြောင့် အင်ဆူလင်ခံနိုင်ရည်ကိုလျှော့ချပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေသဖြင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သည်။ ကန်စွန်းဥသည် ပိုတက်ဆီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။ကန်စွန်းဥတွင် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း များကြွယ်ဝသည်။ ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်များ လွန်ကဲပါက ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ် မတိုင်မီ အိုမင်းရင့်ရော်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများဖြစ်လာနိုင်သည်။ ကန်စွန်းဥကဲ့သို့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာ ကို စားသုံးခြင်းက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု အန္တရာယ်နှင့် နာတာရှည်ရောဂါများကို လျှော့ချပေး နိုင်ပါသည်။ သုတေသနပြုချက်တချို့ဖြင့် မတူညီသော ကန်စွန်းဥများ (ခရမ်းရောင်၊ အဖြူရောင်) နှင့် တချို့ သော အမျိုးအစားများသည် ထူးခြားသောဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်ဟု National Institutes of Health မှ မှတ်ချက်ပြုသည်။ ခရမ်းရောင် ကန်စွန်းဥများသည် နက်မှောင်သော ခရမ်းရောင် အရောင်ခြယ်ပစ္စည်း Anthocyanins ကိုပေးစွမ်းနိုင် သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အူလမ်း ကြောင်း ဗက်တီးရီးယားများကို ထောက်ပံ့ပေးနိုင် ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာတွင် ကူညီပေးကြောင်းပြသထားသည်။ Anthocyanins သည် ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး နှလုံးရောဂါကို လည်း ကာကွယ်ပေးနိုင်သည်။ ကန်စွန်းဥသည် တခြားအမျှင်ဓာတ်များသော အစားအစာများကဲ့သို့ အစာခြေစနစ်ကို အထောက် အကူပြုပြီး ဝမ်းမှန်စေရန် ကူညီပေးသည်။ ထို့ပြင် ကန်စွန်းဥသည် အူလမ်းကြောင်းအတွင်း ဗက်တီးရီး ယားပိုးမွှားများကို ထိန်းညှိပေးကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ရောင်ရမ်းမှု ကိုလျှော့ချခြင်းနှင့်အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း သုတေ သနပြုချက်များအရ သိရသည်။အမျှင်ဓာတ်သည် အစားအစာများမှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကန်စွန်းဥစားခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။ အမျှင်ဓာတ်များသော အစားအစာများသည် အမျိုးအစား- ၂ သွေးချိုဆီးချိုရောဂါမဖြစ်ပွားစေရန် ကူညီပေးပါသည်။ ကန်စွန်းဥသည် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအသောက်များတွင် အရသာရှိသော အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး တစ်ခွက်လျှင် ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ် ပါဝင်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေရန်အတွက် ကြက်သား သို့မဟုတ် ပင်လယ်စာကဲ့သို့သော ပရိုတင်း အရင်းအမြစ်များနှင့် တွဲစားနိုင်ပါသည်။ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှုကန်စွန်းဥကိုကျန်းမာရေးနှင့်ညီညွတ်သောအစားအစာဟု သတ်မှတ်ကြသော်လည်း ကန်စွန်းဥ၏ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သွေးတွင်းသကြားဓာတ် ကို မြင့်တက်စေနိုင်သည်။ သို့သော်လည်း အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း ကိုလည်း သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်ကန်စွန်းဥကို မျှတအောင်စားသုံးပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျော့နည်းစေမည့်နည်း လမ်းများဖြင့် ချက်ပြုတ်ရန်လိုအပ်ပါသည်။ သွေးချို ဆီးချိုရောဂါရှိသူများ ကန်စွန်းဥစားသောအခါ အရွယ် အစားပမာဏကို သတိထားရပါမည်။ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ခြင်းကန်စွန်းဥတွင် Glycemic Index (GI) သကြားဓာတ် အညွှန်းကိန်းနိမ့်ပြီး ရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် နှင့် အမျှင်ဓာတ်များပါဝင်သောကြောင့် သကြားနှင့် ကစီဓာတ်များ ချေဖျက်မှုကို နှေးကွေးစေရန် ကူညီ ပေးသည်။ ထို့ကြောင့် အစားစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်သည်။ကစီဓာတ်ကို များသောအားဖြင့် ကောင်းမွန်မှုမရှိဟု ယူဆသော်လည်း တချို့သောကစီဓာတ်များသည် ပိုကောင်းသည်။ ခရမ်းရောင်ကန်စွန်းဥကဲ့သို့သောကန်စွန်းမျိုးကွဲတချို့တွင် ခံနိုင်ရည်ရှိသောကစီဓာတ် ရှိသည်။ ခံနိုင်ရည်ရှိသော ကစီဓာတ်သည် ခန္ဓာကိုယ် အတွင်း တစ်စိတ်တစ်ပိုင်းမျှသာကွဲထွက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေး သည်။ သို့သော်လည်း ကင်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်း၊ မိုက်ခရိုဝေ့ဖြင့် ကြော်ခြင်းကဲ့သို့သော ချက်ပြုတ်နည်း တချို့သည် ကစီဓာတ်မော်လီကျူးများကို ဖြိုခွဲသော ကြောင့် အစာကြေလွယ်ပြီး ကန်စွန်းဥ၏ သကြား ဓာတ်အညွှန်းကိန်းကို မြှင့်တင်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်လာနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် ကန်စွန်းဥများကို အခွံခွာထားလျှင် အမျှင်ဓာတ်ပါဝင်မှုကို လျော့နည်းစေသောကြောင့် သကြားဓာတ် အညွှန်းကိန်းများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် ဖုတ်မည့် အစား ကန်စွန်းဥကို ပြုတ် သို့မဟုတ် ရေနွေးငွေ့ဖြင့် ပေါင်းပါ။ ကန်စွန်းဥကို အစိမ်းစားခြင်း သို့မဟုတ် ပြုတ်စားခြင်းသည် သကြားဓာတ်အညွှန်းကိန်းအနိမ့် ဆုံးဖြစ်သည်။ ထို့ပြင် လေ့လာမှုတစ်ခုအရ ခရမ်းရောင် ကန်စွန်းဥများကို ခေါက်ဆွဲအဖြစ်ပြုလုပ်သောအခါ တွင် သကြားဓာတ်အညွှန်းကိန်း အနိမ့်ဆုံးရှိကြောင်း တွေ့ရှိခဲ့သည်။ ဤနည်းလမ်းများသည် ခံနိုင်ရည်ရှိ သော ကစီဓာတ်ကို ပိုမိုထိန်းသိမ်းထားရန် အထောက် အကူဖြစ်စေပြီး အစာခြေခြင်းကို နှေးကွေးစေကာ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို လျော့နည်းစေသည်ဟု ယူဆကြသည်။ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ရန် ကန်စွန်းဥ စားသုံးမှုပမာဏကို ကန့်သတ်ထိန်းညှိပါ။ ကန်စွန်းဥကို ပရိုတင်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများနှင့်အတူ တွဲ၍စားသောအခါ အစာခြေနှေးပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်ကို သက်သာစေနိုင်သည်။အချုပ်အားဖြင့်ဆိုသော် ကန်စွန်းဥသည် အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပြီး သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကျန်းမာ ရေးနှင့်ညီညွတ်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ပြင်ဆင်ချက်ပြုတ်သည့်ပုံစံနှင့် အရွယ်အစားပမာဏ မည်မျှစားသည်ကိုအာရုံစိုက်၍ စားသုံးသောအခါတွင် အကျိုးကျေးဇူးများပေးစွမ်း နိုင်သောအစားအစာတစ်မျိုးဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။MWD

ကမ္ဘာတစ်ဝန်းတွင်   သွေးချိုဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ်ပြဿနာများ မြင့်တက်လာ နေသည့်အချိန်၌  ကျန်းမာရေးနှင့်ညီညွတ်သော ဂလူးကို့စ်ထိန်းချုပ်မှုကိုပံ့ပိုးပေးသည့်   ရိုးရှင်းပြီး ဈေးသက်သာသော အစားအစာများကို ရှာဖွေနေကြသည်။ ထူးခြားသော ဟင်းသီးဟင်းရွက်အဖြစ် သတ်မှတ်ခံထားရသည့် ကန်စွန်းဥများသည် မကြာ သေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့ပြီး သုတေသနနှင့် အာဟာရဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ အရ Smart ကာဗိုဟိုက်ဒရိတ်ရွေးချယ်မှု ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ကန်စွန်းဥ၏သဘာဝအချို ဓာတ်ကြောင့်  အစာစားချင်စိတ်ကိုထိန်းပေးပြီး အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်ဝသကဲ့သို့ခံစားရစေ သည့်အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို နှေးကွေးစေသော အကျိုးကျေးဇူးကြောင့် သွေးချို ဆီးချိုရောဂါရှိသူများသည်   ကန်စွန်းဥကို အတန် အသင့် စားသုံးနိုင်သည်။

ကန်စွန်းဥ၏သဘာဝအချိုဓာတ်ကြောင့် သွေးတွင်း ဂလူးကို့စ်ပမာဏကို မြင့်တက်စေမည့်အစားအစာ တစ်ခုကဲ့သို့ ထင်ရနိုင်သည်။ သို့သော်လည်း အာဟာရ ဆိုင်ရာ သုတေသနပြုချက်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။    အမျှင်ဓာတ်၊   ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Beta-Carotene၊ ဗီတာမင်-C)၊ ဗီတာမင်နှင့် နှေးကွေးသော ကစီဓာတ်များကြွယ်ဝသော သာမန်၊  အမြစ် ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းဥသည် ဈေးသက်သာပြီး   အရသာရှိသည်။  မှန်ကန်သောနည်းလမ်းဖြင့်ပြင်ဆင်ပြီး အသင့်အတင့်စားသုံးသော အခါတွင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် အင်ဆူလင်အာရုံခံနိုင်စွမ်းနှင့် ရေရှည်ဇီဝဖြစ်စဉ် ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး အရေးကြီးသော ဗီတာမင်များနှင့်   ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများ သို့မဟုတ် တည်ငြိမ် သောစွမ်းအင်နှင့် ပိုမိုကောင်းမွန်သော ဇီဝဖြစ်စဉ် ကျန်းမာရေးကို ရှာဖွေနေသူများအတွက် ကန်စွန်းဥ ကို မည်ကဲ့သို့ရွေးချယ် ချက်ပြုတ်စားသုံးရမည်ကို သိရှိခြင်းက အစားအသောက်အတွက် အထောက်အကူဖြစ်စေနိုင်သည်။

ကန်စွန်းဥ၏ အကျိုးကျေးဇူးများ

ကန်စွန်းဥသည် Beta-Carotene ကြွယ်ဝစွာပါဝင် သောကြောင့် ကိုယ်ခံအားစနစ်နှင့် အသားအရေကို ကျန်းမာသန်စွမ်းစေပြီး အမြင်အာရုံကောင်းမွန်စေပါ သည်။ အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C၊ ဗီတာမင်-B6 နှင့်   မဂ္ဂနိစ်ပါဝင်သောကြောင့်  သွေးချို ဆီးချိုရောဂါအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းများပါဝင်သောကြောင့် အင်ဆူလင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ ဗီတာမင်-သည် အင်ဆူလင်ထုတ်သည့် ပန်ကရိယဘီတာဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန်  ကူညီပေးပြီး ဗီတာမင်-သည် ကြွက်သားများ၊ ကော်လာဂျင်နှင့် သွေးကြောများ ဖွဲ့စည်းခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးကြီးပါသည်။  ဗီတာမင် B6 သည် ယိုယွင်းလာသောရောဂါများနှင့် ဆက်စပ်နေသည့်  ဓာတုဒြပ်ပေါင်း  Homocysteine ကို  လျှော့ချရာတွင်  ကူညီပေးသည်။  မဂ္ဂနိစ်ပါဝင် သောကြောင့်  အင်ဆူလင်ခံနိုင်ရည်ကိုလျှော့ချပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေသဖြင့် အမျိုးအစား-၂   သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေရန်  အထောက်အပံ့ပေးနိုင်သည်။  ကန်စွန်းဥသည် ပိုတက်ဆီယမ်   အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။

ကန်စွန်းဥတွင် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း များကြွယ်ဝသည်။ ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်များ လွန်ကဲပါက ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ် မတိုင်မီ  အိုမင်းရင့်ရော်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများဖြစ်လာနိုင်သည်။ ကန်စွန်းဥကဲ့သို့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာ ကို   စားသုံးခြင်းက   ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု အန္တရာယ်နှင့် နာတာရှည်ရောဂါများကို လျှော့ချပေး နိုင်ပါသည်။ သုတေသနပြုချက်တချို့ဖြင့် မတူညီသော ကန်စွန်းဥများ (ခရမ်းရောင်၊ အဖြူရောင်) နှင့် တချို့ သော အမျိုးအစားများသည် ထူးခြားသောဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို ပေးစွမ်းနိုင်သည်ဟု National Institutes of Health မှ မှတ်ချက်ပြုသည်။ ခရမ်းရောင် ကန်စွန်းဥများသည်   နက်မှောင်သော   ခရမ်းရောင် အရောင်ခြယ်ပစ္စည်း Anthocyanins ကိုပေးစွမ်းနိုင် သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အူလမ်း ကြောင်း ဗက်တီးရီးယားများကို ထောက်ပံ့ပေးနိုင် ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာတွင် ကူညီပေးကြောင်းပြသထားသည်။ Anthocyanins သည်   ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး   နှလုံးရောဂါကို လည်း ကာကွယ်ပေးနိုင်သည်။ 

ကန်စွန်းဥသည် တခြားအမျှင်ဓာတ်များသော အစားအစာများကဲ့သို့ အစာခြေစနစ်ကို အထောက် အကူပြုပြီး ဝမ်းမှန်စေရန် ကူညီပေးသည်။ ထို့ပြင် ကန်စွန်းဥသည် အူလမ်းကြောင်းအတွင်း ဗက်တီးရီး ယားပိုးမွှားများကို ထိန်းညှိပေးကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ရောင်ရမ်းမှု ကိုလျှော့ချခြင်းနှင့်အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း သုတေ သနပြုချက်များအရ သိရသည်။

အမျှင်ဓာတ်သည်   အစားအစာများမှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကန်စွန်းဥစားခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။ အမျှင်ဓာတ်များသော အစားအစာများသည် အမျိုးအစား- ၂ သွေးချိုဆီးချိုရောဂါမဖြစ်ပွားစေရန် ကူညီပေးပါသည်။ ကန်စွန်းဥသည် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအသောက်များတွင် အရသာရှိသော အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး   တစ်ခွက်လျှင်   ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ် ပါဝင်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေရန်အတွက် ကြက်သား သို့မဟုတ် ပင်လယ်စာကဲ့သို့သော ပရိုတင်း အရင်းအမြစ်များနှင့် တွဲစားနိုင်ပါသည်။

ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု

ကန်စွန်းဥကိုကျန်းမာရေးနှင့်ညီညွတ်သောအစားအစာဟု  သတ်မှတ်ကြသော်လည်း   ကန်စွန်းဥ၏ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက သွေးတွင်းသကြားဓာတ် ကို မြင့်တက်စေနိုင်သည်။ သို့သော်လည်း အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း ကိုလည်း  သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်ကန်စွန်းဥကို   မျှတအောင်စားသုံးပြီး   သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျော့နည်းစေမည့်နည်း လမ်းများဖြင့် ချက်ပြုတ်ရန်လိုအပ်ပါသည်။ သွေးချို ဆီးချိုရောဂါရှိသူများ ကန်စွန်းဥစားသောအခါ အရွယ် အစားပမာဏကို သတိထားရပါမည်။

ကန်စွန်းဥ၏ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ခြင်း

ကန်စွန်းဥတွင် Glycemic Index (GI) သကြားဓာတ် အညွှန်းကိန်းနိမ့်ပြီး ရှုပ်ထွေးသော ကာဗိုဟိုက်ဒရိတ် နှင့် အမျှင်ဓာတ်များပါဝင်သောကြောင့် သကြားနှင့် ကစီဓာတ်များ ချေဖျက်မှုကို နှေးကွေးစေရန်  ကူညီ ပေးသည်။ ထို့ကြောင့် အစားစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

ကစီဓာတ်ကို များသောအားဖြင့် ကောင်းမွန်မှုမရှိဟု ယူဆသော်လည်း   တချို့သောကစီဓာတ်များသည် ပိုကောင်းသည်။ ခရမ်းရောင်ကန်စွန်းဥကဲ့သို့သောကန်စွန်းမျိုးကွဲတချို့တွင် ခံနိုင်ရည်ရှိသောကစီဓာတ် ရှိသည်။ ခံနိုင်ရည်ရှိသော ကစီဓာတ်သည် ခန္ဓာကိုယ် အတွင်း   တစ်စိတ်တစ်ပိုင်းမျှသာကွဲထွက်ပြီး  သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေး သည်။ သို့သော်လည်း ကင်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်း၊ မိုက်ခရိုဝေ့ဖြင့် ကြော်ခြင်းကဲ့သို့သော ချက်ပြုတ်နည်း တချို့သည် ကစီဓာတ်မော်လီကျူးများကို ဖြိုခွဲသော ကြောင့် အစာကြေလွယ်ပြီး ကန်စွန်းဥ၏ သကြား ဓာတ်အညွှန်းကိန်းကို မြှင့်တင်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်များ     မြင့်တက်လာနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။   အထူးသဖြင့် ကန်စွန်းဥများကို   အခွံခွာထားလျှင်   အမျှင်ဓာတ်ပါဝင်မှုကို လျော့နည်းစေသောကြောင့်  သကြားဓာတ် အညွှန်းကိန်းများ မြင့်တက်လာနိုင်သည်။ ထို့ကြောင့် ဖုတ်မည့် အစား ကန်စွန်းဥကို ပြုတ် သို့မဟုတ် ရေနွေးငွေ့ဖြင့် ပေါင်းပါ။ ကန်စွန်းဥကို အစိမ်းစားခြင်း သို့မဟုတ် ပြုတ်စားခြင်းသည် သကြားဓာတ်အညွှန်းကိန်းအနိမ့် ဆုံးဖြစ်သည်။ ထို့ပြင် လေ့လာမှုတစ်ခုအရ ခရမ်းရောင် ကန်စွန်းဥများကို ခေါက်ဆွဲအဖြစ်ပြုလုပ်သောအခါ တွင် သကြားဓာတ်အညွှန်းကိန်း အနိမ့်ဆုံးရှိကြောင်း တွေ့ရှိခဲ့သည်။ ဤနည်းလမ်းများသည် ခံနိုင်ရည်ရှိ သော ကစီဓာတ်ကို ပိုမိုထိန်းသိမ်းထားရန် အထောက် အကူဖြစ်စေပြီး အစာခြေခြင်းကို နှေးကွေးစေကာ သွေးတွင်းသကြားဓာတ်အပေါ်   သက်ရောက်မှုကို လျော့နည်းစေသည်ဟု ယူဆကြသည်။ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ထိန်းချုပ်ရန် ကန်စွန်းဥ စားသုံးမှုပမာဏကို ကန့်သတ်ထိန်းညှိပါ။ ကန်စွန်းဥကို ပရိုတင်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများနှင့်အတူ တွဲ၍စားသောအခါ အစာခြေနှေးပြီး   သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်ကို သက်သာစေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ကန်စွန်းဥသည် အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပြီး သွေးချိုဆီးချိုရောဂါရှိသူများအတွက် ကျန်းမာ ရေးနှင့်ညီညွတ်သော  ရွေးချယ်မှုတစ်ခုဖြစ်သည်။ 

သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုကို ထိန်းချုပ်ရန်အတွက် ပြင်ဆင်ချက်ပြုတ်သည့်ပုံစံနှင့် အရွယ်အစားပမာဏ မည်မျှစားသည်ကိုအာရုံစိုက်၍ စားသုံးသောအခါတွင် အကျိုးကျေးဇူးများပေးစွမ်း နိုင်သောအစားအစာတစ်မျိုးဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

MWD

ဒေါက်တာသိင်္ဂီကျော်

ရေကြောင်းလူငယ် စွမ်းအားကြွယ် နောင်တစ်ခေတ်အတွက် ရည်ရွယ်
-
မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်း ယှဉ်ပြိုင်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်မားသည့် နိုင်ငံနှင့်ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင် ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။မြန်မာနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို တပ်မတော်ဟုခေါ်ဆိုထားသည်။ တပ်မတော်(ရေ)သည် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ခေတ်မီတပ်မတော်(ရေ)အဖြစ် အစဉ်တစိုက် ရပ်တည်နိုင်ရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်က တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားများအား သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ရေကြောင်း အကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ရေတပ်(တပ်မတော်-ရေ)ကို စွမ်းရည်ပြည့်ဝအောင်တည်ထောင်ထားခြင်းဖြစ်သည်။ အနာဂတ်တပ်မတော်(ရေ)အတွက်လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင် တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင် ရေယာဉ်ကြီးများ တည်ဆောက်/ ပြုပြင်နိုင်သည်အထိ ရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါသတင်းကောင်းသည် ပြည်သူများအတွက် အမှန်တကယ် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှသည်။ ကြည်းတပ်အင်အား၊ ရေတပ်အင်အား၊ လေတပ်အင်အား တောင့်တင်းနေမှသာ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တပ်မတော်(ရေ)၏အောင်မြင်မှုသည် နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်။ အဆိုပါမင်္ဂလာသတင်းမှာ တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ စွမ်းဆောင်ရည်အရ လည်းကောင်း၊ အရွယ်အစားအရ လည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စင်းတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။ဤသို့ကြီးမားသော အောင်မြင်မှုများဖြစ်ပေါ်လာစေရန်အတွက် တပ်မတော်(ရေ)မှ အရာရှိနှင့် စစ်သည်များ၏ မြင့်မားသော ဉာဏ်ပညာ၊ သင်ယူတတ်မြောက်ထားသော မြတ်ပညာ၊ အတွေ့အကြုံကောင်းတို့မှပေါ်ထွက်လာသော ရလဒ်ကောင်းများဖြစ်သည်။လူသားတို့ဆိုသည်မှာ မြစ်တစ်စင်းအတွင်း စီးဆင်းနေသော ရေအလျဉ်နှင့်ပမာတူသည်။ လူငယ်များမှလူကြီးအဖြစ်သို့ရောက်ရှိကြပြီး နောင်တစ်နေ့တွင် အငြိမ်းစားဘဝသို့ကူးပြောင်းကြရမည်မှာ ဓမ္မတာဖြစ်သည်။ ထိုသို့လူရေစီးကြောင်းကြီးတွင် ပညာအမွေလက်ဆင့် ကမ်းခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ လူကြီးများက မိမိတို့တတ်မြောက်ထားသော ပညာရပ်များကို လူငယ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းဖြင့် ပညာအမွေကိုမျှဝေပေးကြရမည်ဖြစ်သည်။လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများ သင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက်တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။ပညာသင်ယူကြရာတွင် ပညာရှာပမာသူတောင်းစား ဆိုသကဲ့သို့ ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးစိတ်ဓာတ်ဖြင့် သင်ယူကြရမည်ဖြစ်သည်။ တပ်မတော်တွင် ပညာရပ်မှန်သမျှ လက်ဆင့်ကမ်း သင်ယူတတ်မြောက်ကြ၍သာ ယခုကဲ့သို့ ကြီးကျယ်လှသောသင်္ဘောများ တည်ဆောက်နိုင်ခြင်း၊ နိုင်ငံတော် ပိုင်နက်ရေပြင်ကို ကာကွယ်နိုင်ခြင်းဖြစ်သည်။ ပညာရပ်၏ တန်ဖိုးကွင်းဆက် မပြတ်စေရေးအတွက် ယနေ့အရွယ်ရောက်လာပြီဖြစ်သည့် လူငယ်မောင်မယ်တို့တွင် တာဝန်ရှိလာပြီဖြစ်သည်။ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သော အရာဖြစ်သည်။ ရေကြောင်းပညာဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သောပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော်ကာကွယ်ရေးအတွက် ကောင်းမွန်သောအစီအမံများဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကော ပပျောက်သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင်သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးပြုခြင်းနှင့် အတူ ရေကြောင်းဆိုင်ရာပညာရပ်များကို သင်ယူနေကြသည်မှာ ကောင်းမွန်သော စွမ်းဆောင်ချက်ဖြစ်သည်။၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများမွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။အဆိုပါရေကြောင်းလူငယ်သင်တန်းများသို့ တက်ရောက်လျက်ရှိသည့် လူငယ်မောင်မယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် အသုံးပြုနေခြင်းမှာ ကောင်းသောအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်၍ ဂုဏ်ယူဖွယ်ကောင်းလှသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၈ တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။”ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် စစ်ပညာသင်ယူရခြင်းမှာနိုင်ငံသားတာဝန်ကို ကျေပွန်စွာလုပ်ဆောင်ခြင်းဖြစ်သည်။လူငယ်ဆိုသည်မှာ နိုင်ငံတော်၏အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ အရည်အချင်း၊ အရည်အသွေးပြည့်ဝသောလူငယ်များ များပြားစွာရှိနေမှသာ နိုင်ငံတော်၏အနာဂတ်သည် အထက်ပါနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်းဖြစ်လာပေမည်။ ယနေ့လူငယ်များ အထူးသဖြင့် ရေကြောင်းပညာရပ်ကို စွန့်စွန့်စားစားသင်ယူကြသည့် လူငယ်များသည် အနာဂတ်အတွက် မျိုးဆက်ကောင်းများဖြစ်သည်။ တပ်မတော်(ရေ)မှပညာရှင်များ၏ သင်ကြားပို့ချပေးမှုများကို တစ်သဝေမတိမ်း မှတ်သားနာယူလိုက်နာ လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကိုတန်ဖိုးရှိသော လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။အခွင့်အရေးနှင့်အချိန်အခါကို ကောင်းမွန်စွာအသုံးချနိုင်သော လူငယ်တိုင်းသည် မလွဲမသွေကြီးပွား တိုးတက်မည်ဖြစ်သည်။ တပ်မတော်(ရေ)မှသင်ကြားပို့ချမည့် ပညာရပ်များမှာ ထူးခြားသောပညာရပ်များဖြစ်သည်။ မိုးရွာတုန်းရေခံဆိုသကဲ့သို့ မိမိတို့၏ နာခံမှတ်သားလေ့လာ စုဆောင်းမှုအပေါ်တွင် မိမိတို့အရည်အချင်း ပိုမိုမြင့်မားလာမည်ဖြစ်ပေရာ လူငယ်မောင်မယ်တို့ ကြိုးစားသင်ယူကြရန်သာ ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ငွေကြေးမြောက်မြားစွာ တတ်နိုင်သော်လည်း ရေကြောင်းပညာရပ် ဆိုသည်မှာ ပြင်ပတွင်သင်ယူရန်လွယ်ကူသည် မဟုတ်သော တန်ဖိုးကြီးမားသည့် ပညာရပ်များဖြစ်သည်။မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုး စီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွား ရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို လူငယ်မောင်မယ်များ သိရှိကြမည်ဖြစ်သည်။တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါကအရွယ်အစား ကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးမှုအတွက် လုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့သည်။ တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများ ရှိပြီးဖြစ်သည်။ ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေးနည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိသည်။အဆိုပါပညာရပ်များကို အခြေခံမှစတင်၍ ရေကြောင်းလူငယ်သင်တန်းသားများအား သင်ကြားပို့ချပေးမည်ဖြစ်ပေရာ လူငယ်မောင်မယ်များအနေဖြင့် သင်တန်းတွင် အကောင်းဆုံးကြိုးစားကြရန်ဖြစ်သည်။ တပ်မတော် (ရေ) ရေကြောင်းဆိုင်ရာပညာရပ်များကို လူငယ်မောင်မယ်များအနေဖြင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်နှင့်အညီ တက်ကြွရွှင်လန်းစွာ ပျော်ပျော်ရွှင်ရွှင်သင်ယူကြရမည်ဖြစ်သည်။ ပညာသင်ကြားနေစဉ်အတွင်း အထက်ကပေးအပ်သည့်အမိန့်နှင့်တာဝန်များကို လေးစားစွာ လိုက်နာလုပ်ဆောင်ကြလျက် အချင်းချင်းစည်းလုံးညီညွတ်ခြင်းဖြင့် စိတ်ဓာတ်ကောင်းသူများ၊ စည်းကမ်းကောင်းသူများ၊ နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာစောင့်သိသူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုစကားနှင့်အညီ အခြေခံမှအစ အဆင့်မြင့်အထိတတ်မြောက် ကျွမ်းကျင်အောင်သင်ယူကြရမည်။ ထို့ပြင် ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် “လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်” ကိုမွေးမြူခြင်းဖြင့် မိမိအတွက်၊ မိဘများအတွက်၊ တပ်မတော်(ရေ)အတွက်၊ နိုင်ငံတော်အတွက် အနာဂတ်တွင် “မြန်မာ့ပင်လယ် တို့ကာကွယ်” နိုင်သော သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။MWD

မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်း ယှဉ်ပြိုင်နေကြသည်။  မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်မားသည့် နိုင်ငံနှင့်ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင်  ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို တပ်မတော်ဟုခေါ်ဆိုထားသည်။  တပ်မတော်(ရေ)သည် တပ်မတော်၏  အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ခေတ်မီတပ်မတော်(ရေ)အဖြစ်  အစဉ်တစိုက် ရပ်တည်နိုင်ရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ 

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်က တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်  တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊   ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားများအား သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပခဲ့သည်။ 

မြန်မာနိုင်ငံ၏ရေကြောင်း အကျိုးစီးပွားများဖြစ်သည့်  ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့်  ရေနက်ဆိပ်ကမ်းကြီးများအား  အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍  အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန်    လိုအပ်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ရေတပ်(တပ်မတော်-ရေ)ကို စွမ်းရည်ပြည့်ဝအောင်တည်ထောင်ထားခြင်းဖြစ်သည်။ အနာဂတ်တပ်မတော်(ရေ)အတွက်လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင် တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်   အရပ်ဘက်ကုန်တင် ရေယာဉ်ကြီးများ တည်ဆောက်/ ပြုပြင်နိုင်သည်အထိ ရည်သန်၍  ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး  စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါသတင်းကောင်းသည် ပြည်သူများအတွက် အမှန်တကယ် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှသည်။   ကြည်းတပ်အင်အား၊   ရေတပ်အင်အား၊ လေတပ်အင်အား တောင့်တင်းနေမှသာ နိုင်ငံတော်၏   အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တပ်မတော်(ရေ)၏အောင်မြင်မှုသည်   နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်။        

အဆိုပါမင်္ဂလာသတင်းမှာ  တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ စွမ်းဆောင်ရည်အရ လည်းကောင်း၊ အရွယ်အစားအရ လည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့်   ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စင်းတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။

ဤသို့ကြီးမားသော အောင်မြင်မှုများဖြစ်ပေါ်လာစေရန်အတွက် တပ်မတော်(ရေ)မှ အရာရှိနှင့် စစ်သည်များ၏ မြင့်မားသော ဉာဏ်ပညာ၊ သင်ယူတတ်မြောက်ထားသော မြတ်ပညာ၊ အတွေ့အကြုံကောင်းတို့မှပေါ်ထွက်လာသော  ရလဒ်ကောင်းများဖြစ်သည်။

လူသားတို့ဆိုသည်မှာ မြစ်တစ်စင်းအတွင်း စီးဆင်းနေသော ရေအလျဉ်နှင့်ပမာတူသည်။ လူငယ်များမှလူကြီးအဖြစ်သို့ရောက်ရှိကြပြီး နောင်တစ်နေ့တွင် အငြိမ်းစားဘဝသို့ကူးပြောင်းကြရမည်မှာ ဓမ္မတာဖြစ်သည်။ ထိုသို့လူရေစီးကြောင်းကြီးတွင် ပညာအမွေလက်ဆင့် ကမ်းခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ လူကြီးများက မိမိတို့တတ်မြောက်ထားသော ပညာရပ်များကို လူငယ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းဖြင့် ပညာအမွေကိုမျှဝေပေးကြရမည်ဖြစ်သည်။

လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများ သင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက်တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။

ပညာသင်ယူကြရာတွင် ပညာရှာပမာသူတောင်းစား ဆိုသကဲ့သို့ ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးစိတ်ဓာတ်ဖြင့်    သင်ယူကြရမည်ဖြစ်သည်။ 

တပ်မတော်တွင်  ပညာရပ်မှန်သမျှ လက်ဆင့်ကမ်း သင်ယူတတ်မြောက်ကြ၍သာ ယခုကဲ့သို့ ကြီးကျယ်လှသောသင်္ဘောများ တည်ဆောက်နိုင်ခြင်း၊ နိုင်ငံတော် ပိုင်နက်ရေပြင်ကို ကာကွယ်နိုင်ခြင်းဖြစ်သည်။ ပညာရပ်၏ တန်ဖိုးကွင်းဆက် မပြတ်စေရေးအတွက် ယနေ့အရွယ်ရောက်လာပြီဖြစ်သည့် လူငယ်မောင်မယ်တို့တွင် တာဝန်ရှိလာပြီဖြစ်သည်။

ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သော အရာဖြစ်သည်။  ရေကြောင်းပညာဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သောပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏  တစ်စိတ်တစ်ပိုင်းကို  နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော်ကာကွယ်ရေးအတွက်  ကောင်းမွန်သောအစီအမံများဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကော ပပျောက်သွားလေ့ရှိသည်ကို   မြန်မာ့သမိုင်းတွင်သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးပြုခြင်းနှင့် အတူ ရေကြောင်းဆိုင်ရာပညာရပ်များကို သင်ယူနေကြသည်မှာ  ကောင်းမွန်သော စွမ်းဆောင်ချက်ဖြစ်သည်။

၂၀၂၆  ခုနှစ်  နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊  အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်  နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ပင်လယ်ရေကြောင်းပညာများကို  စိတ်ပါဝင်စားပြီး  နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်

စေရန်၊   လှေလှော်အားကစားနည်း၊   ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများမွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

အဆိုပါရေကြောင်းလူငယ်သင်တန်းများသို့ တက်ရောက်လျက်ရှိသည့်   လူငယ်မောင်မယ်များအနေဖြင့်  အချိန်ကိုအကျိုးရှိစွာ  မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် အသုံးပြုနေခြင်းမှာ ကောင်းသောအလုပ်ကို  လုပ်ဆောင်နေခြင်းဖြစ်၍  ဂုဏ်ယူဖွယ်ကောင်းလှသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၈ တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။

နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် စစ်ပညာသင်ယူရခြင်းမှာနိုင်ငံသားတာဝန်ကို ကျေပွန်စွာလုပ်ဆောင်ခြင်းဖြစ်သည်။လူငယ်ဆိုသည်မှာ နိုင်ငံတော်၏အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ အရည်အချင်း၊ အရည်အသွေးပြည့်ဝသောလူငယ်များ များပြားစွာရှိနေမှသာ  နိုင်ငံတော်၏အနာဂတ်သည် အထက်ပါနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်းဖြစ်လာပေမည်။ ယနေ့လူငယ်များ အထူးသဖြင့် ရေကြောင်းပညာရပ်ကို စွန့်စွန့်စားစားသင်ယူကြသည့် လူငယ်များသည် အနာဂတ်အတွက် မျိုးဆက်ကောင်းများဖြစ်သည်။ တပ်မတော်(ရေ)မှပညာရှင်များ၏  သင်ကြားပို့ချပေးမှုများကို   တစ်သဝေမတိမ်း မှတ်သားနာယူလိုက်နာ လုပ်ဆောင်ခြင်းဖြင့်   မိမိကိုယ်ကိုတန်ဖိုးရှိသော  လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

အခွင့်အရေးနှင့်အချိန်အခါကို  ကောင်းမွန်စွာအသုံးချနိုင်သော လူငယ်တိုင်းသည် မလွဲမသွေကြီးပွား တိုးတက်မည်ဖြစ်သည်။ တပ်မတော်(ရေ)မှသင်ကြားပို့ချမည့် ပညာရပ်များမှာ ထူးခြားသောပညာရပ်များဖြစ်သည်။ မိုးရွာတုန်းရေခံဆိုသကဲ့သို့ မိမိတို့၏ နာခံမှတ်သားလေ့လာ စုဆောင်းမှုအပေါ်တွင် မိမိတို့အရည်အချင်း ပိုမိုမြင့်မားလာမည်ဖြစ်ပေရာ လူငယ်မောင်မယ်တို့ ကြိုးစားသင်ယူကြရန်သာ ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ငွေကြေးမြောက်မြားစွာ တတ်နိုင်သော်လည်း ရေကြောင်းပညာရပ် ဆိုသည်မှာ ပြင်ပတွင်သင်ယူရန်လွယ်ကူသည် မဟုတ်သော တန်ဖိုးကြီးမားသည့် ပညာရပ်များဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုး စီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွား ရေးဇုန်ဖြစ်သည့်     ကမ်းလွန်ပင်လယ်ပြင်အထိ  ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက်  တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့်  ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့်    နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို       လူငယ်မောင်မယ်များ သိရှိကြမည်ဖြစ်သည်။

တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို   ကြည့်မည်ဆိုပါကအရွယ်အစား ကြီးမားသည့်  ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးမှုအတွက် လုံခြုံရေးကိုလည်း  ပိုမိုခိုင်မာကောင်းမွန်စေခဲ့သည်။  တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများ ရှိပြီးဖြစ်သည်။ ယနေ့ခေတ်နှင့်အညီ  ဖွံ့ဖြိုးတိုးတက်နေသည့်  ရေယာဉ်တည်ဆောက်ရေးနည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး   အသုံးချနိုင်ရေး  တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိသည်။

အဆိုပါပညာရပ်များကို   အခြေခံမှစတင်၍ ရေကြောင်းလူငယ်သင်တန်းသားများအား သင်ကြားပို့ချပေးမည်ဖြစ်ပေရာ     လူငယ်မောင်မယ်များအနေဖြင့် သင်တန်းတွင် အကောင်းဆုံးကြိုးစားကြရန်ဖြစ်သည်။ တပ်မတော် (ရေ)  ရေကြောင်းဆိုင်ရာပညာရပ်များကို လူငယ်မောင်မယ်များအနေဖြင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆောင်ပုဒ်နှင့်အညီ တက်ကြွရွှင်လန်းစွာ ပျော်ပျော်ရွှင်ရွှင်သင်ယူကြရမည်ဖြစ်သည်။  ပညာသင်ကြားနေစဉ်အတွင်း အထက်ကပေးအပ်သည့်အမိန့်နှင့်တာဝန်များကို လေးစားစွာ လိုက်နာလုပ်ဆောင်ကြလျက် အချင်းချင်းစည်းလုံးညီညွတ်ခြင်းဖြင့် စိတ်ဓာတ်ကောင်းသူများ၊ စည်းကမ်းကောင်းသူများ၊   နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာစောင့်သိသူများဖြစ်အောင်   ကြိုးစားကြရမည်ဖြစ်သည်။

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုစကားနှင့်အညီ အခြေခံမှအစ အဆင့်မြင့်အထိတတ်မြောက် ကျွမ်းကျင်အောင်သင်ယူကြရမည်။ ထို့ပြင် ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့်   လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်  ကိုမွေးမြူခြင်းဖြင့် မိမိအတွက်၊ မိဘများအတွက်၊ တပ်မတော်(ရေ)အတွက်၊ နိုင်ငံတော်အတွက် အနာဂတ်တွင် မြန်မာ့ပင်လယ်   တို့ကာကွယ်  နိုင်သော သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။        ။

ဆီးချိုနှင့် အင်ဆူလင်
-
မိမိ၏ဆီးချိုကိုထိန်းနိုင်ရန် အင်ဆူလင်ထိုးနေရချိန်တွင် အင်ဆူလင် ၏ဘေးထွက်ဆိုးကျိုးများကို စိတ်ပူစရာမလိုဟု ထင်နေနိုင်သည်။ အများစုက အင်ဆူလင်ထိုးနေချိန်တွင် အဆိုပါဆိုးကျိုးများ မတွေ့ကြုံ ရဟုဆိုသော်လည်း ဖြစ်နိုင်ခြေပြဿနာများရှိသည်။အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်း လူနည်းစုတွင် အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်းကြုံရသည်။ အင် ဆူလင်ထိုးချိန်တွင် အရေပြားရောင်လာပါက ဆေးကုသမှုချက်ချင်းခံယူ သင့်သည်။ ဥပမာ- လျှာရောင်လာပြီး ရင်ကျပ်လာလျှင်၊ အသက်ရှူရခက် ပြီး မူးဝေလာလျှင်၊ သတိလစ်သွားလျှင် တစ်စုံတစ်ယောက်က ချက်ချင်း အကူအညီပေးနိုင်သည့်နေရာဖြစ်ရန်လိုသည်။သွေးတွင်းဂလူးကို့စ်နည်းခြင်း သွေးတွင်းဂလူးကို့စ်နည်းခြင်းသည် အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံးအင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး အမျိုးအစား-၁ ဆီးချိုရောဂါ ၏ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား-၂ ဆီးချိုရောဂါ၏ ၁၀ ရာခိုင်နှုန်းရှိသည်။ပြင်းထန်သည့်အစပိုင်းတွင် အသိစိတ်ရှုပ်ထွေးခြင်း၊ ချွေးထွက်များခြင်း၊ နှလုံးခုန်မြန်ခြင်းများဖြစ်နိုင်ပြီး နောက်ပိုင်းတွင် ကြာရှည်စွာ သတိ လစ်ခြင်း၊တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်းတို့ဖြစ်နိုင်သည်။မိမိတွင် အချိုဓာတ်နည်းခြင်းဖြစ်ရန် အလားအလာရှိပြီး အချိုဓာတ် နည်းခြင်း၏လက္ခဏာများကို မမှတ်မိပါက သွေးတွင်း သို့မဟုတ် ဆီးတွင်း ဂလူးကို့စ်ဓာတ်ကို စစ်ဆေးရန်လိုအပ်သည်။မိမိသည် အင်ဆူလင်ဆေးသွင်းကုသမှုကို ဆက်တိုက်ခံယူနေရပြီဆိုပါက အချိုဓာတ်နည်းခြင်း ဖြစ်နိုင်ခြေမြင့်မားသည်။ ဆီးချိုရောဂါကုထုံး အများအပြားသည် မိမိ၏သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးသည်။ မိမိအနေဖြင့် ဂလူးကို့စ်ဓာတ်အလွန်နည်းမသွားရန် သို့မဟုတ် အလွန်တက်မလာရန် အမြဲသတိထားနေရသည်။အင်ဆူလင်သုံးပြီးချိန်တွင် အချိုဓာတ်နည်းခြင်းဖြစ်လာနိုင်သည်။အင်ဆူလင်သည် သွေးတွင်းဂလူးကို့စ်ကို လျှော့ချရာတွင် လျှော့ချခြင်း လွန်သွားပြီး သကြားဓာတ်အလွန်အမင်း ကျဆင်းသွားတတ်သည်။ အချို နည်းခြင်း၏လက္ခဏာများကို မှတ်သားလေ့လာရန်အရေးကြီးသည်။ အချိုနည်းခြင်း၊ အချိုဓာတ်လျော့၊ မလျော့ကို ဆီးချိုတိုင်းစက်ဖြင့် စစ်နိုင်ပြီး ကစီဓာတ်များသော အစာများစားခြင်းဖြင့် ကုသနိုင်သည်။အင်ဆူလင်၏ တခြားဖြစ်နိုင်ခြေ ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်ခြင်း၊ တခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။အင်ဆူလင်ဖြင့်ကုသနေချိန်တွင် ကယ်လိုရီများပြီး ကိုယ်အလေးချိန် တက်နိုင်ခြေရှိသဖြင့် အစားအစာ၊ ကိုယ်လက်လေ့ကျင့်ခန်းပြု လုပ်ခြင်း တို့ဖြင့်ထိန်းသိမ်းရန်လိုအပ်သည်။ အင်ဆူလင်အလွန်အမင်း သုံးစွဲသူ များတွင် ကိုယ်အလေးချိန် ပိုတက်လာနိုင်သည်။ထို့ပြင် အင်ဆူလင်အမျိုးအစားပေါ် မူတည်ပြီး ဆိုးကျိုးဖြစ်နိုင်ခြေရှိ သည်။မိမိအနေဖြင့် အင်ဆူလင်ဆေးအသစ်ကို သုံးမည်ဆိုလျှင် အမျိုးအစားအလိုက်ဖြစ်သော ဆိုးကျိုးကိုဖတ်ရှုသင့်သည်။ အင်ဆူလင်အပေါ် တုံ့ပြန်ခြင်းသည် တွေ့လေ့တွေ့ထမရှိလျှင် မိမိအနေဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေများကို သတိပြုရန်လိုသည်။ ဓာတ်မတည့်ဖြစ်ပွားခြင်း သို့မဟုတ် မိမိအနေဖြင့် သိရှိခြင်းသည် မိမိကျန်းမာရေးအတွက်သာမက ဆီးချိုရောဂါနှင့် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်သွားလာနိုင်ရေး အတွက် အရေးကြီးသည်။ဆီးချို၊ သွေးချိုလူနာများကိုကုသသည့်အခါ ပထမအချက်အနေဖြင့် အစာအာဟာရ၊ လေ့ကျင့်ခန်းဖြင့်ကုသသည်။ ဒုတိယအချက်အနေဖြင့် သောက်ဆေး (မက်ဖော်မင်)ဖြင့်ကုသသည်။ တတိယအချက်အနေဖြင့် အင်ဆူလင်ထိုးဆေးဖြင့် ကုသသည်။အင်ဆူလင်ထိုးပြီးလျှင် အစာစားရသည်။ ထိုးရမည့်အချိန် အချက် နှစ်ချက်ရှိသည်။ အမျိုးအစား-၁ ဆီးချို သို့မဟုတ် ကလေးဆီးချိုများတွင် ရောဂါစတင်သည့်အချိန်မှစပြီး ထိုးနှံသည်။ ၎င်းတို့ကိုယ်ထဲတွင် အင်ဆူလင်ဟော်မုန်း ၉၀ ရာခိုင်နှုန်းမရှိပါ။ အမျိုးအစား-၂ ဆီးချိုက ခံစားရသည့်ဝေဒနာပေါ်မူတည်ကာ ဆေးထိုးရသည့်အခါ အချက်သုံးချက် ရှိသည်။ပထမအချက်က ဆေးသုံးမျိုးပေးသည်၊ သောက်ဆေးဖြင့်ထိန်းမရသည့်အခါ အင်ဆူလင်ထိုးရခြင်းရှိသည်။ ထိုလူနာများအနေဖြင့် အင်ဆူ လင် အမြဲထိုးရန်လိုအပ်သည်။ဒုတိယအချက်က အမျိုးအစား-၂ ဖြစ်သည်။ ဆေးများသောက်နေသော်လည်း အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရသည်။ လေဖြတ်၍ဖြစ်စေ၊ နှလုံးသွေးကြောကျဉ်း၍ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ၊ ခွဲစိတ်ရန်ဖြစ်စေ အကြောင်းအရာတစ်ခုခုဖြင့် ဆေးရုံတက်ရသည်။ ထိုအခြေအနေမျိုးတွင် ဆီးချို၊ သွေးချိုသမားများကို သောက်ဆေးခဏ ဖြတ်ကာ အင်ဆူလင်ထိုးသည်။ ပြန်ကောင်းသွားပြီး အိမ်ပြန်ရောက်လျှင် ဆီးချိုသောက်ဆေးကိုပြန်ပြောင်းသည်။ အမျိုးအစား-၁ ဆီးချိုသမား များ အမြဲထိုးရသည်။ အမျိုးအစား-၂ ဆီးချိုက သောက်ဆေးသုံးမျိုးဖြင့် မရဟုထင်လျှင် တစ်နေ့လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အမြဲထိုးရ သည်။ သို့မဟုတ် ဆေးရုံရောက်သွားသည့်အခါ ထိုးမည်။ အိမ်ပြန် ရောက်သော် ဆီးချိုဆေးပြန်သောက်မည်။ ယင်းမှာ ဆီးချိုလူနာများ အင်ဆူလင်ထိုးရမည့်အချက်များဖြစ်သည်။ဆီးချို၊ သွေးချိုရောဂါက ခန္ဓာကိုယ်ထဲတွင် အင်ဆူလင်က အာနိသင် မပြည့်ဝ၍ဖြစ်သည်။ တကယ်တမ်း လိုနေသည့်အင်ဆူလင်ကို ပြန်ဖြည့် ပေးခြင်းက သဘာဝအကျဆုံးဖြစ်သည်။အကြမ်းအားဖြင့်ဆိုလျှင် လူတို့၏ခန္ဓာကိုယ်ထဲတွင် အင်ဆူလင် ထုတ်သည့်စက်ရုံရှိသည်။ ယင်းက ပန်ကရိယ(မုန့်ချိုအိတ်)ဖြစ်သည်။ လူတို့ထမင်းစားလျှင် သွေးထဲတွင် သကြားဓာတ် မြင့်တက်လာသည့်အခါ လိုအပ်သော ပမာဏ ၂၀၀ ထက် ထပ်မတက်ရန်ထိန်းရသည်။ မည်သို့ ထိန်းရမည်နည်းဆိုသော် အင်ဆူလင်စက်ရုံမှ အင်ဆူလင်ထွက်လာသည်၊ ပိုနေသည့် သကြားဓာတ်များကို ဆဲလ်များထဲ ရောက်သွားသည်။ ဆဲလ်များက စွမ်းအင်အနေဖြင့်သုံးသည်။ လူတစ်ကိုယ်လုံးအတွက် အသုံးပြု ရန် စွမ်းအင်ပိုလာသည်။ ပိုနေသည့်သကြားဓာတ်ကို အသည်းထဲ ရောက်သွားပြီး သိမ်းလိုက်သည်။ ညဘက် အိပ်ပျော်နေချိန် အသည်းဆဲလ်မှ ဂလူးကို့စ်ပြန်ထွက်လာသည်။ ယင်းမှာ ပုံမှန်အလုပ်လုပ်ခြင်း ဖြစ်သည်။ပုံမှန်ထမင်းစားလိုက်သည့်အခါ အင်ဆူလင် ၁၀၀ ရှိသည်ဆိုလျှင် ၁၀၀ ထွက်သည်။ သွေးထဲတွင် သကြားဓာတ်က ၂၀၀ ထက်ကျော် မတက်ပါ။ အကယ်၍ ကလေးများတွင်ဖြစ်သော အမျိုးအစား-၁ ဆီးချို တွင် စကတည်းက အင်ဆူလင် ၉၀ ရာခိုင်နှုန်းမရှိပါ။ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။မည်သည့်နည်းနှင့်မျှ ကျန်သည့်သကြားဓာတ်ကို ဆဲလ်ထဲမပို့နိုင်ပါ၊ အသည်းထဲတွင် မသိမ်းနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်ကို အပြင်မှဖြည့် ပေးရသည်။အမျိုးအစား-၂ ဆီးချိုတွင် တစ်ဦးနှင့်တစ်ဦးမတူညီပါ။ တချို့က အင်ဆူလင် ၅၀ ရာခိုင်နှုန်းထက် မရှိတတ်ပါ။ တချို့က ၅၀ ရာခိုင်နှုန်းသာ ကျန်သည်။ ထိုအခါ ပုံမှန်အတိုင်းစားမည်ဆိုလျှင် အင်ဆူလင်က နှစ်ဆ အလုပ်လုပ်ရမည်။ ဆီးချိုထိန်းမရလျှင် သုံး- လေးဆပိုအလုပ်လုပ်ရသည်။ အသက်ကြီးလာလျှင် အင်ဆူလင်ထုတ်သည့်ဆဲလ်များ ၂၆ ရာခိုင်နှုန်း ခန့်ပျက်စီးနေပြီဖြစ်သည်။ ဆီးချိုလူနာတစ်ဦး အနေဖြင့် တစ်နှစ်လျှင် အင်ဆူလင်ထုတ်သည့်နှုန်း ၂ ရာခိုင်နှုန်းပျက်သည်ဆိုပါက နှစ် ၂၀ ကြာပါက ၃၀ ရာခိုင်နှုန်းပျက်နေပြီး စကတည်းက ၅၀ ရာခိုင်နှုန်းသာရှိ လျှင် ဆရာဝန်ထံရောက်လာပါက ၁၀ ရာခိုင်နှုန်းသာရှိသည်။ ထိုအချိန် တွင် သောက်ဆေးဖြင့် မည်သို့မျှထိန်းနိုင်မည်မဟုတ်ပါ။ အင်ဆူလင် ထိုးဆေးထိုးရသည်။ ၎င်းတွင် သကြားဓာတ်မထိန်းနိုင်လျှင် နောက် ဆက်တွဲဆိုးကျိုး များစွာဖြစ်နိုင်သည်။ ထို့ကြောင့် လိုအပ်ပါက အင်ဆူလင် ထိုးဆေးထိုးသင့်သည်။အင်ဆူလင်ထိုးဆေးကို ရောဂါနှင့်ညှိ၍ပေးသည်။ လူနာများကို အင်ဆူလင်ထိုးခြင်းသည် တစ်နေ့လျှင်တစ်ကြိမ်၊ နှစ်ကြိမ် ထမင်းမစားမီ ဖြစ်သည်။ ထိုးပြီး ၅-၁၀ မိနစ်တွင် ထမင်း သို့မဟုတ် အစာစားသည်။တစ်နေ့လေးကြိမ်ကို ဆေးရုံ၌ထိုးသည်။ ယင်းအင်ဆူလင်အမျိုးအစား ကို သက်ဆိုင်ရာဆရာဝန်က ရှင်းပြမည်ဖြစ်သည်။ အင်ဆူလင်ထိုးရသည့် အခါ လူနာအနေဖြင့်(N) သို့မဟုတ် (G)ထိုးနေရပါက တစ်နေ့လျှင်တစ်ကြိမ် ထိုးရသည့်ဆေးကို ညဘက် ၉-၁၀ နာရီတွင် ထိုးခြင်းများသည် ထိုးပြီးသွားလျှင် အစာမစားလည်းရသည်။ ဆေးသုံးမျိုးသောက်သော်လည်း ဆီးချိုအမှတ် ၈၀-၁၃၀ အမြဲကျော်နေလျှင် အင်ဆူလင်ထိုးသင့်သည်။ဆရာဝန်ကဆေးထိုးခိုင်းသဖြင့်ထိုးသည်။ သို့သော် ဆီးချိုမကျပါ၊ ဆီးချိုနှင့်ဆေးကိုညှိပေးပါ စသည်ဖြင့် တောင်းဆိုတတ်သည်။ ညကို ၁၀ ယူနစ်ထိုးမည်။ နံနက်ကို သွေးဖောက်စစ်မည်။ဆီးချိုအမှတ် ၈၀-၁၃၀ ကြားရှိရသည်။ မရလျှင် ၂ ယူနစ်တိုး၍ ထိုးသည်။ ဆီးချို အလွန်ကျသော် ၁ ယူနစ်လျှော့၍ထိုးသည်။ ထိုအခါ ဆေးကိုထိုးမည်ဆို လျှင် ၃ ဂရမ်မှ တစ်ခါထိုးသင့်သည်။ ၁၀ ယူနစ်ဖြင့် နေ့စဉ်သုံးရက်ထိုးကြည့် သင့်သည်။ ကျသွားလျှင် သို့မဟုတ် ပုံမှန်ထိန်းနိုင်ပြီဆိုလျှင် ၁၀ ယူနစ် ထိုးသည်။ဆီးချိုအမှတ် ၈၀-၁၃၀ မရောက်လျှင်၊ မကျလျှင် ၁၂ ယူနစ်ဖြင့် သုံးရက်ထိုးသည်။ မနက်ဆီးချိုစစ်မည်။ ကိုယ်ပိုင်ဆီးချိုစက်နှင့် အင်ဆူလင်ထိုးဆေးအပ် ဝယ်ယူထားသင့်သည်။ မကျသေးလျှင် ၁၄ ယူနစ်နှင့် သုံးရက်ထပ်ထိုးမည်။ ၅၀ ယူနစ်ထိုး၍မှ ဆီးချိုမကျလျှင် ဆရာဝန်က တစ်နေ့လျှင် နှစ်ကြိမ်ပြောင်းလိုက်သည်။ ဥပမာ- နံနက်စာ မစားမီ အင်ဆူလင် ၁၀ ယူနစ်၊ ညစာမစားမီ ၁၀ ယူနစ် စုစုပေါင်း ၂၀ ယူနစ် နေ့စဉ်ထိုးနှံကာဆီးချိုထိန်းနိုင်ပြီး လူ့သက်တမ်းစေ့နေနိုင် ကြောင်း ရေးသားလိုက်ရပါသည်။ MWD

    မိမိ၏ဆီးချိုကိုထိန်းနိုင်ရန် အင်ဆူလင်ထိုးနေရချိန်တွင် အင်ဆူလင် ၏ဘေးထွက်ဆိုးကျိုးများကို   စိတ်ပူစရာမလိုဟု    ထင်နေနိုင်သည်။ အများစုက အင်ဆူလင်ထိုးနေချိန်တွင် အဆိုပါဆိုးကျိုးများ မတွေ့ကြုံ ရဟုဆိုသော်လည်း ဖြစ်နိုင်ခြေပြဿနာများရှိသည်။

အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်း

     လူနည်းစုတွင်  အင်ဆူလင်နှင့်ဓာတ်မတည့်ခြင်းကြုံရသည်။ အင် ဆူလင်ထိုးချိန်တွင် အရေပြားရောင်လာပါက ဆေးကုသမှုချက်ချင်းခံယူ သင့်သည်။ ဥပမာ- လျှာရောင်လာပြီး ရင်ကျပ်လာလျှင်၊ အသက်ရှူရခက် ပြီး မူးဝေလာလျှင်၊ သတိလစ်သွားလျှင် တစ်စုံတစ်ယောက်က ချက်ချင်း အကူအညီပေးနိုင်သည့်နေရာဖြစ်ရန်လိုသည်။

သွေးတွင်းဂလူးကို့စ်နည်းခြင်း

    သွေးတွင်းဂလူးကို့စ်နည်းခြင်းသည် အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံးအင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး အမျိုးအစား-၁ ဆီးချိုရောဂါ ၏ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား-၂ ဆီးချိုရောဂါ၏ ၁၀ ရာခိုင်နှုန်းရှိသည်။

ပြင်းထန်သည့်အစပိုင်းတွင် အသိစိတ်ရှုပ်ထွေးခြင်း၊ ချွေးထွက်များခြင်း၊ နှလုံးခုန်မြန်ခြင်းများဖြစ်နိုင်ပြီး  နောက်ပိုင်းတွင်  ကြာရှည်စွာ သတိ လစ်ခြင်း၊တက်ခြင်း၊  နှလုံးခုန်မမှန်ခြင်း၊  အာရုံကြောချို့ယွင်းခြင်းတို့ဖြစ်နိုင်သည်။

မိမိတွင် အချိုဓာတ်နည်းခြင်းဖြစ်ရန် အလားအလာရှိပြီး အချိုဓာတ် နည်းခြင်း၏လက္ခဏာများကို မမှတ်မိပါက သွေးတွင်း သို့မဟုတ် ဆီးတွင်း ဂလူးကို့စ်ဓာတ်ကို စစ်ဆေးရန်လိုအပ်သည်။

မိမိသည် အင်ဆူလင်ဆေးသွင်းကုသမှုကို  ဆက်တိုက်ခံယူနေရပြီဆိုပါက အချိုဓာတ်နည်းခြင်း ဖြစ်နိုင်ခြေမြင့်မားသည်။  ဆီးချိုရောဂါကုထုံး အများအပြားသည်  မိမိ၏သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးသည်။ မိမိအနေဖြင့် ဂလူးကို့စ်ဓာတ်အလွန်နည်းမသွားရန် သို့မဟုတ် အလွန်တက်မလာရန် အမြဲသတိထားနေရသည်။

အင်ဆူလင်သုံးပြီးချိန်တွင် အချိုဓာတ်နည်းခြင်းဖြစ်လာနိုင်သည်။အင်ဆူလင်သည် သွေးတွင်းဂလူးကို့စ်ကို လျှော့ချရာတွင်  လျှော့ချခြင်း လွန်သွားပြီး သကြားဓာတ်အလွန်အမင်း ကျဆင်းသွားတတ်သည်။ အချို နည်းခြင်း၏လက္ခဏာများကို မှတ်သားလေ့လာရန်အရေးကြီးသည်။ အချိုနည်းခြင်း၊ အချိုဓာတ်လျော့၊  မလျော့ကို   ဆီးချိုတိုင်းစက်ဖြင့် စစ်နိုင်ပြီး ကစီဓာတ်များသော အစာများစားခြင်းဖြင့် ကုသနိုင်သည်။

အင်ဆူလင်၏ တခြားဖြစ်နိုင်ခြေ ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်ခြင်း၊ တခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။

အင်ဆူလင်ဖြင့်ကုသနေချိန်တွင် ကယ်လိုရီများပြီး ကိုယ်အလေးချိန် တက်နိုင်ခြေရှိသဖြင့် အစားအစာ၊ ကိုယ်လက်လေ့ကျင့်ခန်းပြု လုပ်ခြင်း တို့ဖြင့်ထိန်းသိမ်းရန်လိုအပ်သည်။    အင်ဆူလင်အလွန်အမင်း သုံးစွဲသူ များတွင် ကိုယ်အလေးချိန် ပိုတက်လာနိုင်သည်။

ထို့ပြင် အင်ဆူလင်အမျိုးအစားပေါ် မူတည်ပြီး ဆိုးကျိုးဖြစ်နိုင်ခြေရှိ သည်။မိမိအနေဖြင့် အင်ဆူလင်ဆေးအသစ်ကို သုံးမည်ဆိုလျှင် အမျိုးအစားအလိုက်ဖြစ်သော ဆိုးကျိုးကိုဖတ်ရှုသင့်သည်။ အင်ဆူလင်အပေါ် တုံ့ပြန်ခြင်းသည် တွေ့လေ့တွေ့ထမရှိလျှင် မိမိအနေဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေများကို သတိပြုရန်လိုသည်။     ဓာတ်မတည့်ဖြစ်ပွားခြင်း သို့မဟုတ် မိမိအနေဖြင့် သိရှိခြင်းသည် မိမိကျန်းမာရေးအတွက်သာမက ဆီးချိုရောဂါနှင့်   သက်တမ်းစေ့  ကျန်းမာစွာနေထိုင်သွားလာနိုင်ရေး အတွက် အရေးကြီးသည်။

ဆီးချို၊ သွေးချိုလူနာများကိုကုသသည့်အခါ ပထမအချက်အနေဖြင့် အစာအာဟာရ၊ လေ့ကျင့်ခန်းဖြင့်ကုသသည်။    ဒုတိယအချက်အနေဖြင့် သောက်ဆေး (မက်ဖော်မင်)ဖြင့်ကုသသည်။ တတိယအချက်အနေဖြင့် အင်ဆူလင်ထိုးဆေးဖြင့် ကုသသည်။

အင်ဆူလင်ထိုးပြီးလျှင် အစာစားရသည်။ ထိုးရမည့်အချိန် အချက် နှစ်ချက်ရှိသည်။ အမျိုးအစား-၁ ဆီးချို သို့မဟုတ် ကလေးဆီးချိုများတွင် ရောဂါစတင်သည့်အချိန်မှစပြီး   ထိုးနှံသည်။    ၎င်းတို့ကိုယ်ထဲတွင် အင်ဆူလင်ဟော်မုန်း ၉၀ ရာခိုင်နှုန်းမရှိပါ။ အမျိုးအစား-၂ ဆီးချိုက ခံစားရသည့်ဝေဒနာပေါ်မူတည်ကာ  ဆေးထိုးရသည့်အခါ  အချက်သုံးချက် ရှိသည်။

ပထမအချက်က ဆေးသုံးမျိုးပေးသည်၊ သောက်ဆေးဖြင့်ထိန်းမရသည့်အခါ အင်ဆူလင်ထိုးရခြင်းရှိသည်။ ထိုလူနာများအနေဖြင့် အင်ဆူ လင် အမြဲထိုးရန်လိုအပ်သည်။

ဒုတိယအချက်က အမျိုးအစား-၂ ဖြစ်သည်။ ဆေးများသောက်နေသော်လည်း   အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရသည်။  လေဖြတ်၍ဖြစ်စေ၊ နှလုံးသွေးကြောကျဉ်း၍ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ၊  ခွဲစိတ်ရန်ဖြစ်စေ  အကြောင်းအရာတစ်ခုခုဖြင့်  ဆေးရုံတက်ရသည်။ ထိုအခြေအနေမျိုးတွင် ဆီးချို၊ သွေးချိုသမားများကို သောက်ဆေးခဏ ဖြတ်ကာ အင်ဆူလင်ထိုးသည်။ ပြန်ကောင်းသွားပြီး အိမ်ပြန်ရောက်လျှင်  ဆီးချိုသောက်ဆေးကိုပြန်ပြောင်းသည်။ အမျိုးအစား-၁ ဆီးချိုသမား များ အမြဲထိုးရသည်။ အမျိုးအစား-၂ ဆီးချိုက သောက်ဆေးသုံးမျိုးဖြင့် မရဟုထင်လျှင် တစ်နေ့လျှင်တစ်ကြိမ် သို့မဟုတ်   နှစ်ကြိမ်အမြဲထိုးရ သည်။  သို့မဟုတ် ဆေးရုံရောက်သွားသည့်အခါ ထိုးမည်။   အိမ်ပြန် ရောက်သော်  ဆီးချိုဆေးပြန်သောက်မည်။ ယင်းမှာ ဆီးချိုလူနာများ အင်ဆူလင်ထိုးရမည့်အချက်များဖြစ်သည်။

ဆီးချို၊ သွေးချိုရောဂါက ခန္ဓာကိုယ်ထဲတွင် အင်ဆူလင်က အာနိသင် မပြည့်ဝ၍ဖြစ်သည်။ တကယ်တမ်း လိုနေသည့်အင်ဆူလင်ကို ပြန်ဖြည့် ပေးခြင်းက သဘာဝအကျဆုံးဖြစ်သည်။

အကြမ်းအားဖြင့်ဆိုလျှင်  လူတို့၏ခန္ဓာကိုယ်ထဲတွင်   အင်ဆူလင် ထုတ်သည့်စက်ရုံရှိသည်။  ယင်းက  ပန်ကရိယ(မုန့်ချိုအိတ်)ဖြစ်သည်။  လူတို့ထမင်းစားလျှင် သွေးထဲတွင် သကြားဓာတ် မြင့်တက်လာသည့်အခါ  လိုအပ်သော ပမာဏ ၂၀၀ ထက် ထပ်မတက်ရန်ထိန်းရသည်။ မည်သို့ ထိန်းရမည်နည်းဆိုသော်  အင်ဆူလင်စက်ရုံမှ အင်ဆူလင်ထွက်လာသည်၊ ပိုနေသည့် သကြားဓာတ်များကို  ဆဲလ်များထဲ  ရောက်သွားသည်။ ဆဲလ်များက   စွမ်းအင်အနေဖြင့်သုံးသည်။   လူတစ်ကိုယ်လုံးအတွက်  အသုံးပြု ရန် စွမ်းအင်ပိုလာသည်။  ပိုနေသည့်သကြားဓာတ်ကို   အသည်းထဲ ရောက်သွားပြီး  သိမ်းလိုက်သည်။   ညဘက်  အိပ်ပျော်နေချိန် အသည်းဆဲလ်မှ ဂလူးကို့စ်ပြန်ထွက်လာသည်။ ယင်းမှာ ပုံမှန်အလုပ်လုပ်ခြင်း ဖြစ်သည်။

ပုံမှန်ထမင်းစားလိုက်သည့်အခါ အင်ဆူလင် ၁၀၀ ရှိသည်ဆိုလျှင် ၁၀၀  ထွက်သည်။ သွေးထဲတွင် သကြားဓာတ်က  ၂၀၀ ထက်ကျော် မတက်ပါ။ အကယ်၍ ကလေးများတွင်ဖြစ်သော အမျိုးအစား-၁ ဆီးချို တွင် စကတည်းက အင်ဆူလင် ၉၀ ရာခိုင်နှုန်းမရှိပါ။ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။

မည်သည့်နည်းနှင့်မျှ ကျန်သည့်သကြားဓာတ်ကို ဆဲလ်ထဲမပို့နိုင်ပါ၊ အသည်းထဲတွင် မသိမ်းနိုင်ပါ။ ထို့ကြောင့်  အင်ဆူလင်ကို အပြင်မှဖြည့် ပေးရသည်။

အမျိုးအစား-၂ ဆီးချိုတွင် တစ်ဦးနှင့်တစ်ဦးမတူညီပါ။ တချို့က အင်ဆူလင် ၅၀ ရာခိုင်နှုန်းထက် မရှိတတ်ပါ။ တချို့က ၅၀ ရာခိုင်နှုန်းသာ ကျန်သည်။ ထိုအခါ ပုံမှန်အတိုင်းစားမည်ဆိုလျှင် အင်ဆူလင်က နှစ်ဆ အလုပ်လုပ်ရမည်။ ဆီးချိုထိန်းမရလျှင် သုံး- လေးဆပိုအလုပ်လုပ်ရသည်။  အသက်ကြီးလာလျှင် အင်ဆူလင်ထုတ်သည့်ဆဲလ်များ ၂၆   ရာခိုင်နှုန်း ခန့်ပျက်စီးနေပြီဖြစ်သည်။   ဆီးချိုလူနာတစ်ဦး အနေဖြင့်   တစ်နှစ်လျှင် အင်ဆူလင်ထုတ်သည့်နှုန်း   ၂  ရာခိုင်နှုန်းပျက်သည်ဆိုပါက နှစ် ၂၀ ကြာပါက ၃၀ ရာခိုင်နှုန်းပျက်နေပြီး စကတည်းက ၅၀ ရာခိုင်နှုန်းသာရှိ လျှင် ဆရာဝန်ထံရောက်လာပါက ၁၀  ရာခိုင်နှုန်းသာရှိသည်။  ထိုအချိန် တွင် သောက်ဆေးဖြင့် မည်သို့မျှထိန်းနိုင်မည်မဟုတ်ပါ။  အင်ဆူလင် ထိုးဆေးထိုးရသည်။  ၎င်းတွင် သကြားဓာတ်မထိန်းနိုင်လျှင်  နောက် ဆက်တွဲဆိုးကျိုး များစွာဖြစ်နိုင်သည်။ ထို့ကြောင့် လိုအပ်ပါက အင်ဆူလင် ထိုးဆေးထိုးသင့်သည်။

အင်ဆူလင်ထိုးဆေးကို ရောဂါနှင့်ညှိ၍ပေးသည်။  လူနာများကို အင်ဆူလင်ထိုးခြင်းသည် တစ်နေ့လျှင်တစ်ကြိမ်၊ နှစ်ကြိမ် ထမင်းမစားမီ ဖြစ်သည်။ ထိုးပြီး ၅-၁၀ မိနစ်တွင် ထမင်း သို့မဟုတ် အစာစားသည်။

တစ်နေ့လေးကြိမ်ကို ဆေးရုံ၌ထိုးသည်။  ယင်းအင်ဆူလင်အမျိုးအစား ကို သက်ဆိုင်ရာဆရာဝန်က ရှင်းပြမည်ဖြစ်သည်။ အင်ဆူလင်ထိုးရသည့် အခါ လူနာအနေဖြင့်(N) သို့မဟုတ် (G)ထိုးနေရပါက တစ်နေ့လျှင်တစ်ကြိမ် ထိုးရသည့်ဆေးကို ညဘက် ၉-၁၀ နာရီတွင်  ထိုးခြင်းများသည်   ထိုးပြီးသွားလျှင် အစာမစားလည်းရသည်။ ဆေးသုံးမျိုးသောက်သော်လည်း ဆီးချိုအမှတ် ၈၀-၁၃၀ အမြဲကျော်နေလျှင် အင်ဆူလင်ထိုးသင့်သည်။

ဆရာဝန်ကဆေးထိုးခိုင်းသဖြင့်ထိုးသည်။ သို့သော်  ဆီးချိုမကျပါ၊ ဆီးချိုနှင့်ဆေးကိုညှိပေးပါ  စသည်ဖြင့် တောင်းဆိုတတ်သည်။  ညကို ၁၀ ယူနစ်ထိုးမည်။  နံနက်ကို သွေးဖောက်စစ်မည်။ဆီးချိုအမှတ် ၈၀-၁၃၀ ကြားရှိရသည်။ မရလျှင်  ၂ ယူနစ်တိုး၍ ထိုးသည်။  ဆီးချို အလွန်ကျသော် ၁ ယူနစ်လျှော့၍ထိုးသည်။  ထိုအခါ ဆေးကိုထိုးမည်ဆို လျှင် ၃ ဂရမ်မှ တစ်ခါထိုးသင့်သည်။  ၁၀ ယူနစ်ဖြင့် နေ့စဉ်သုံးရက်ထိုးကြည့် သင့်သည်။ ကျသွားလျှင် သို့မဟုတ် ပုံမှန်ထိန်းနိုင်ပြီဆိုလျှင် ၁၀ ယူနစ် ထိုးသည်။

ဆီးချိုအမှတ် ၈၀-၁၃၀ မရောက်လျှင်၊ မကျလျှင် ၁၂ ယူနစ်ဖြင့် သုံးရက်ထိုးသည်။  မနက်ဆီးချိုစစ်မည်။ ကိုယ်ပိုင်ဆီးချိုစက်နှင့် အင်ဆူလင်ထိုးဆေးအပ် ဝယ်ယူထားသင့်သည်။ မကျသေးလျှင်  ၁၄ ယူနစ်နှင့် သုံးရက်ထပ်ထိုးမည်။ ၅၀ ယူနစ်ထိုး၍မှ ဆီးချိုမကျလျှင် ဆရာဝန်က တစ်နေ့လျှင် နှစ်ကြိမ်ပြောင်းလိုက်သည်။ ဥပမာ- နံနက်စာ မစားမီ အင်ဆူလင်  ၁၀ ယူနစ်၊  ညစာမစားမီ ၁၀ ယူနစ်  စုစုပေါင်း ၂၀ ယူနစ်    နေ့စဉ်ထိုးနှံကာဆီးချိုထိန်းနိုင်ပြီး    လူ့သက်တမ်းစေ့နေနိုင် ကြောင်း  ရေးသားလိုက်ရပါသည်။ 

အနာဂတ်တွေ ပိုမိုတောက်ပအောင် ပညာရေးကဏ္ဍနဲ့ စတင်ကြရအောင်
-
ပညာရေးက ကလေးတစ်ယောက်ရဲ့ သိမြင်မှုကိုမြှင့်တင်ပေးသလို အကျင့်စာရိတ္တ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဘဝမှာအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ပညာရေးက လူတစ်ယောက်ရဲ့ဘဝ ဒါကြောင့် ကလေးတစ်ယောက်ကို လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုဆစ်ပုံဖော်ချင်တယ်ဆိုရင် ပညာရေးနဲ့ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ပညာရေးက လူတစ်ယောက်ရဲ့ဘဝ၊ နိုင်ငံတစ်ခုကိုသာမက ကမ္ဘာကြီးကိုပါ ပြောင်းလဲပေးနိုင်တဲ့ အရေးကြီးဆုံးအခြေခံစွမ်းအားတစ်ခု ဖြစ်လာပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတ နယ်ဆင်မင်ဒဲလားက “ပညာရေးက ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးမားဆုံးသောလက်နက်ဖြစ်တယ်” လို့ ဆိုမိန့်ခဲ့ဖူးပါတယ်။ ပညာရေးက လူတစ်ယောက်ကို အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေပါတယ်။ ပညာကိုအသုံးချပြီး မိမိဘဝကို ပိုမိုတန်ဖိုးရှိအောင်ဖန်တီးနိုင်သလို လူအများကို ဦးဆောင်နိုင်ပြီး အနာဂတ်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ပညာရေးက သာမန်အသိပညာထက်ပိုပြီး လူ့တန်ဖိုး၊ စည်းကမ်းနဲ့ တာဝန်ယူမှုတို့ကိုပါ တွဲပြီးသင်ကြားပေးနိုင်တဲ့အတွက် လူ့အဖွဲ့အစည်းကို ပိုမိုတည်ငြိမ်ခိုင်မာအားကောင်းစေပါတယ်။ ဒါကြောင့် ပညာရေးကို အလေးထားမြှင့်တင်ခြင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကိုသာမက နိုင်ငံနဲ့ကမ္ဘာ့အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရေးကြီးဆုံးအခြေခံအင်အားတစ်ခုဖြစ်လို့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက ပညာရေးကဏ္ဍအပေါ် တည်မှီနေပါတယ်။ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ဖို့ဆိုရင် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ ပညာရည်နိမ့်သူတွေ၊ ပညာမဲ့သူတွေ၊ အသိပညာနိမ့်ကျသူတွေနဲ့ နိုင်ငံကိုတည်ဆောက်လို့မရနိုင်ပါဘူး။ ခေတ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကိုလေ့လာကြည့်ရင် ပညာရေးက အဆုံးအဖြတ်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားတဲ့ တိုင်းပြည်က နိုင်ငံကြီးတာ၊ ငယ်တာ၊ သယံဇာတကြွယ်ဝတာ၊ မကြွယ်ဝတာထက် နိုင်ငံမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ်မူတည်ပြီး အကျိုးရှိရှိစီမံခန့်ခွဲနိုင်တဲ့အတွက် တိုးတက်ကြတာတွေ့ရပါတယ်။ တိုးတက်ကြတဲ့အတွက်လည်း နိုင်ငံတိုင်းက နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်လာကြပါတယ်။ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်မှာ ပညာရေးကဏ္ဍကို နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း၊ လာမယ့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမှာဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ယူနေတဲ့ ငါးနှစ်တာကာလအတွင်း ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြန်မာတွေဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာ့ပညာရေးက မညံ့ခဲ့သလို သင်ရိုးတွေကလည်း နိုင်ငံတကာအဆင့်မီခဲ့တယ်လို့ ပြောလို့ရပါတယ်။ သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေများစွာ ပေါ်ထွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်တွေဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ “ပညာ”ဆိုတဲ့စကားလုံးက အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနဲ့ ကိုယ်တိုင်သင်ယူပညာရေးစသဖြင့် ပညာရယူနည်းတွေရှိရာမှာ စာသင်ခန်းတွေက ပညာသင်ကြားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ နှစ်စဉ် မေလနောက်ဆုံးပတ်နဲ့ ဇွန်လပထမပတ်က မြန်မာနိုင်ငံရဲ့ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ကြဖို့လိုပါတယ်။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဟာ ကျောင်းသားတိုင်းအတွက် ပညာရေးခရီးစဉ် အသစ်တစ်ခုစတင်ရာ အရေးကြီးဆုံးအချိန်အခါဖြစ်ပါတယ်။ ကျောင်းအပ်ခြင်းက ကျောင်းနေအရွယ်ကလေးအားလုံးအတွက် ပညာသင်ယူဖို့စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ကျောင်းအပ်နှံပေးခြင်းဆိုတာ စာသင်ခန်းထဲကို ပို့ဆောင်ပေးတာတစ်ခုတည်းမဟုတ်ပါဘူး။ စာသင်ကျောင်းတံခါးဖွင့်လိုက်ခြင်းက ထောင်တံခါးပိတ်လိုက်ခြင်းလည်းဖြစ်သလို အနာဂတ်ကိုပုံဖော်ပေးနိုင်ဖို့ ဘဝလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်ခြင်းအထိ အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ စာသင်ခန်းတိုင်းရဲ့ ထိုင်ခုံတိုင်းမှာ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ အစပြုရာနေရာတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းနေအရွယ်တိုင်းမသင်မနေရ အခမဲ့မူလတန်းပညာရေးကို ဖော်ဆောင်ပြီး နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို စွမ်းဆောင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ကျောင်းအပ်နှံရာမှာ အခကြေးငွေပေးစရာ မလိုအပ်တဲ့အပြင် သူငယ်တန်း (KG) ကနေ ဒွါဒသမတန်း (Grade - 12) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာတွေ ထောက်ပံ့ပေးနေသလို သူငယ်တန်း (KG) ကနေ ပဉ္စမတန်း (Grade - 5) အထိကို ကျောင်းဝတ်စုံတစ်စုံစီလည်း ထောက်ပံ့ပေးပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုအနေနဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ရှစ်သန်းကျော်နဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ၇ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့ပါတယ်။ ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင်သင်ကြားနိုင်ဖို့ လိုအပ်ပါတယ်။ ပညာရေးအားနည်းရင် တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာလည်း အားနည်းလာတာ ဖြစ်ပါတယ်။ ပညာရည်နိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေလည်း နိမ့်ကျနေမှာဖြစ်ပါတယ်။ ဘဝမှာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့က အနိမ့်ဆုံး KG + 9 အခြေခံပညာလောက်တော့ တတ်ကြရမှာဖြစ်ပါတယ်။ KG + 9 အထိပြီးမြောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေ တက်ရောက်နိုင်ပြီး ကျွမ်းကျင်လုပ်သားတွေ၊ နည်းပညာကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေအဖြစ် ပျိုးထောင်ပေးလျက်ရှိပါတယ်။ ကျောင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတဲ့ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပညာသင်ကြားရုံသာမက အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေတိုးတက်လာအောင်၊ လိမ္မာယဉ်ကျေးလာအောင် ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့အသိဉာဏ်ကို မြှင့်တင်ပေး ဒါ့အပြင် လူတစ်ယောက်ရဲ့ အသိဉာဏ်ကိုမြှင့်တင်ပေးပြီး စိတ်ဓာတ်ပိုင်းကိုလည်း တည်ငြိမ်ကောင်းမွန်လာအောင် ပြုပြင်ပေးပါတယ်။ ကျောင်းက စာပေသာမက စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာတွေက ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ လူအချင်းချင်းတန်ဖိုးထားလေးစားတတ်လာပြီး စာနာနားလည်စိတ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ရိုင်းပင်းကူညီတတ်တဲ့စိတ်တွေ ပိုမိုဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ကျောင်းတွေကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်ပြီး တာဝန်ယူတတ်တဲ့ နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ အခြေခံနေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ကလေးတိုင်း ကျောင်းနေနိုင်ဖို့၊ ပညာသင်ယူခွင့်ရရှိဖို့လည်း လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းအားပေးဖို့လိုအပ်ပါတယ်။ ပညာရေးအဆင့်အတန်းမြင့်မားအောင်၊ လူတွေရဲ့ပညာဉာဏ်၊ ဗဟုသုတတွေဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့က ပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ထမ်းတွေနဲ့ အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။ မိမိတို့ရင်သွေးသားသမီးလေးတွေ ပညာတတ်ဖို့၊ မိမိတို့ ပညာတတ်ဖို့က မိမိတို့တာဝန်သာဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ရှောင်လွှဲနေလို့မရပါဘူး။ ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အသိပညာတွေကလည်း အချိန်တိုအတွင်း လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ကမ္ဘာမှာ နောက်ကျမကျန်ဖို့ဆိုရင် အမြဲတမ်းသင်ယူနေဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို ပညာရေးအတွက် အားပေးမှုနဲ့ လမ်းညွှန်မှုတွေပေးနိုင်ဖို့ အရေးကြီးပါတယ်။ တချို့ကလေးတွေဟာ ဆင်းရဲနွမ်းပါးမှု၊ မိသားစုအခက်အခဲကြောင့် ကျောင်းထွက်ရတာ၊ ပညာရေးကို လက်လှမ်းမမီတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေကို လျစ်လျူရှုထားမယ်ဆိုရင် လူ့စွမ်းအားရင်းအမြစ်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။ ပညာရေးဆိုတာ လူတိုင်းအတွက် အခွင့်အရေးတစ်ခုဆိုတဲ့အမြင်နဲ့ ကလေးတိုင်းကို ပညာသင်ယူခွင့်ရရှိနိုင်ရေး အားပေးကူညီဖို့လိုပါတယ်။ ပညာရေးတိုးတက်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေ၊ ယဉ်ကျေးမှုတန်ဖိုးမြင့်မားမှုတွေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအထိပါ တစ်ပြိုင်နက်တည်း အထောက်အကူပြုလာနိုင်ပါတယ်။ ပညာတတ်လူငယ်တွေ များပြားလာခြင်းက နိုင်ငံအတွက် အဖိုးတန်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာစေတဲ့အတွက် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကလေးတိုင်းပညာသင်ယူခွင့်ရရှိဖို့၊ အရည်အသွေးရှိတဲ့ ပညာရေးရရှိဖို့ မကြာမီရောက်ရှိလာတော့မယ့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို ကျောင်းအပ်နှံကြဖို့နဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံးကလည်း ပညာရေးကဏ္ဍကို ဝိုင်းဝန်းပံ့ပိုးကူညီကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပိုမိုတောက်ပအောင် ဖန်တီးလိုက်ကြရအောင်လို့ ပြောကြားလိုပါတယ်။ ။MDN (ကြေးမုံ)

ပညာရေးက ကလေးတစ်ယောက်ရဲ့ သိမြင်မှုကိုမြှင့်တင်ပေးသလို အကျင့်စာရိတ္တ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဘဝမှာအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

ပညာရေးက လူတစ်ယောက်ရဲ့ဘဝ

ဒါကြောင့် ကလေးတစ်ယောက်ကို လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုဆစ်ပုံဖော်ချင်တယ်ဆိုရင် ပညာရေးနဲ့ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ပညာရေးက လူတစ်ယောက်ရဲ့ဘဝ၊ နိုင်ငံတစ်ခုကိုသာမက ကမ္ဘာကြီးကိုပါ ပြောင်းလဲပေးနိုင်တဲ့ အရေးကြီးဆုံးအခြေခံစွမ်းအားတစ်ခု ဖြစ်လာပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတ နယ်ဆင်မင်ဒဲလားက “ပညာရေးက ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးမားဆုံးသောလက်နက်ဖြစ်တယ်” လို့ ဆိုမိန့်ခဲ့ဖူးပါတယ်။

ပညာရေးက လူတစ်ယောက်ကို အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေပါတယ်။ ပညာကိုအသုံးချပြီး မိမိဘဝကို ပိုမိုတန်ဖိုးရှိအောင်ဖန်တီးနိုင်သလို လူအများကို ဦးဆောင်နိုင်ပြီး အနာဂတ်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ပညာရေးက သာမန်အသိပညာထက်ပိုပြီး လူ့တန်ဖိုး၊ စည်းကမ်းနဲ့ တာဝန်ယူမှုတို့ကိုပါ တွဲပြီးသင်ကြားပေးနိုင်တဲ့အတွက် လူ့အဖွဲ့အစည်းကို ပိုမိုတည်ငြိမ်ခိုင်မာအားကောင်းစေပါတယ်။

ဒါကြောင့် ပညာရေးကို အလေးထားမြှင့်တင်ခြင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကိုသာမက နိုင်ငံနဲ့ကမ္ဘာ့အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရေးကြီးဆုံးအခြေခံအင်အားတစ်ခုဖြစ်လို့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက ပညာရေးကဏ္ဍအပေါ် တည်မှီနေပါတယ်။

ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ဖို့ဆိုရင် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ ပညာရည်နိမ့်သူတွေ၊ ပညာမဲ့သူတွေ၊ အသိပညာနိမ့်ကျသူတွေနဲ့ နိုင်ငံကိုတည်ဆောက်လို့မရနိုင်ပါဘူး။

ခေတ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကိုလေ့လာကြည့်ရင် ပညာရေးက အဆုံးအဖြတ်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားတဲ့ တိုင်းပြည်က နိုင်ငံကြီးတာ၊ ငယ်တာ၊ သယံဇာတကြွယ်ဝတာ၊ မကြွယ်ဝတာထက် နိုင်ငံမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ်မူတည်ပြီး အကျိုးရှိရှိစီမံခန့်ခွဲနိုင်တဲ့အတွက် တိုးတက်ကြတာတွေ့ရပါတယ်။ တိုးတက်ကြတဲ့အတွက်လည်း နိုင်ငံတိုင်းက နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်လာကြပါတယ်။

ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်မှာ ပညာရေးကဏ္ဍကို နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း၊ လာမယ့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမှာဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ယူနေတဲ့ ငါးနှစ်တာကာလအတွင်း ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာတွေဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာ့ပညာရေးက မညံ့ခဲ့သလို သင်ရိုးတွေကလည်း နိုင်ငံတကာအဆင့်မီခဲ့တယ်လို့ ပြောလို့ရပါတယ်။ သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေများစွာ ပေါ်ထွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်တွေဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့

“ပညာ”ဆိုတဲ့စကားလုံးက အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနဲ့ ကိုယ်တိုင်သင်ယူပညာရေးစသဖြင့် ပညာရယူနည်းတွေရှိရာမှာ စာသင်ခန်းတွေက ပညာသင်ကြားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

နှစ်စဉ် မေလနောက်ဆုံးပတ်နဲ့ ဇွန်လပထမပတ်က မြန်မာနိုင်ငံရဲ့ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ကြဖို့လိုပါတယ်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဟာ ကျောင်းသားတိုင်းအတွက် ပညာရေးခရီးစဉ် အသစ်တစ်ခုစတင်ရာ အရေးကြီးဆုံးအချိန်အခါဖြစ်ပါတယ်။ ကျောင်းအပ်ခြင်းက ကျောင်းနေအရွယ်ကလေးအားလုံးအတွက် ပညာသင်ယူဖို့စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို ကျောင်းအပ်နှံပေးခြင်းဆိုတာ စာသင်ခန်းထဲကို ပို့ဆောင်ပေးတာတစ်ခုတည်းမဟုတ်ပါဘူး။ စာသင်ကျောင်းတံခါးဖွင့်လိုက်ခြင်းက ထောင်တံခါးပိတ်လိုက်ခြင်းလည်းဖြစ်သလို အနာဂတ်ကိုပုံဖော်ပေးနိုင်ဖို့ ဘဝလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်ခြင်းအထိ အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ စာသင်ခန်းတိုင်းရဲ့ ထိုင်ခုံတိုင်းမှာ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ အစပြုရာနေရာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းနေအရွယ်တိုင်းမသင်မနေရ အခမဲ့မူလတန်းပညာရေးကို ဖော်ဆောင်ပြီး နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို စွမ်းဆောင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ကျောင်းအပ်နှံရာမှာ အခကြေးငွေပေးစရာ မလိုအပ်တဲ့အပြင် သူငယ်တန်း (KG) ကနေ ဒွါဒသမတန်း (Grade - 12) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာတွေ ထောက်ပံ့ပေးနေသလို သူငယ်တန်း (KG) ကနေ ပဉ္စမတန်း (Grade - 5) အထိကို ကျောင်းဝတ်စုံတစ်စုံစီလည်း ထောက်ပံ့ပေးပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုအနေနဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ရှစ်သန်းကျော်နဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ၇ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့ပါတယ်။

ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင်သင်ကြားနိုင်ဖို့ လိုအပ်ပါတယ်။ ပညာရေးအားနည်းရင် တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာလည်း အားနည်းလာတာ ဖြစ်ပါတယ်။ ပညာရည်နိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေလည်း နိမ့်ကျနေမှာဖြစ်ပါတယ်။ ဘဝမှာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့က အနိမ့်ဆုံး KG + 9 အခြေခံပညာလောက်တော့ တတ်ကြရမှာဖြစ်ပါတယ်။

KG + 9 အထိပြီးမြောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေ တက်ရောက်နိုင်ပြီး ကျွမ်းကျင်လုပ်သားတွေ၊ နည်းပညာကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေအဖြစ် ပျိုးထောင်ပေးလျက်ရှိပါတယ်။

ကျောင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတဲ့ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပညာသင်ကြားရုံသာမက အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေတိုးတက်လာအောင်၊ လိမ္မာယဉ်ကျေးလာအောင် ကူညီပေးနိုင်ပါတယ်။

လူတစ်ယောက်ရဲ့အသိဉာဏ်ကို မြှင့်တင်ပေး

ဒါ့အပြင် လူတစ်ယောက်ရဲ့ အသိဉာဏ်ကိုမြှင့်တင်ပေးပြီး စိတ်ဓာတ်ပိုင်းကိုလည်း တည်ငြိမ်ကောင်းမွန်လာအောင် ပြုပြင်ပေးပါတယ်။ ကျောင်းက စာပေသာမက စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာတွေက ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ လူအချင်းချင်းတန်ဖိုးထားလေးစားတတ်လာပြီး စာနာနားလည်စိတ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ရိုင်းပင်းကူညီတတ်တဲ့စိတ်တွေ ပိုမိုဖြစ်ပေါ်လာစေပါတယ်။

ဒါကြောင့် ကျောင်းတွေကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်ပြီး တာဝန်ယူတတ်တဲ့ နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ အခြေခံနေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ကလေးတိုင်း ကျောင်းနေနိုင်ဖို့၊ ပညာသင်ယူခွင့်ရရှိဖို့လည်း လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းအားပေးဖို့လိုအပ်ပါတယ်။

ပညာရေးအဆင့်အတန်းမြင့်မားအောင်၊ လူတွေရဲ့ပညာဉာဏ်၊ ဗဟုသုတတွေဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့က ပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ထမ်းတွေနဲ့ အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။

မိမိတို့ရင်သွေးသားသမီးလေးတွေ ပညာတတ်ဖို့၊ မိမိတို့ ပညာတတ်ဖို့က မိမိတို့တာဝန်သာဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ရှောင်လွှဲနေလို့မရပါဘူး။ ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အသိပညာတွေကလည်း အချိန်တိုအတွင်း လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ကမ္ဘာမှာ နောက်ကျမကျန်ဖို့ဆိုရင် အမြဲတမ်းသင်ယူနေဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို ပညာရေးအတွက် အားပေးမှုနဲ့ လမ်းညွှန်မှုတွေပေးနိုင်ဖို့ အရေးကြီးပါတယ်။

တချို့ကလေးတွေဟာ ဆင်းရဲနွမ်းပါးမှု၊ မိသားစုအခက်အခဲကြောင့် ကျောင်းထွက်ရတာ၊ ပညာရေးကို လက်လှမ်းမမီတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေကို လျစ်လျူရှုထားမယ်ဆိုရင် လူ့စွမ်းအားရင်းအမြစ်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။

ပညာရေးဆိုတာ လူတိုင်းအတွက် အခွင့်အရေးတစ်ခုဆိုတဲ့အမြင်နဲ့ ကလေးတိုင်းကို ပညာသင်ယူခွင့်ရရှိနိုင်ရေး အားပေးကူညီဖို့လိုပါတယ်။ ပညာရေးတိုးတက်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေ၊ ယဉ်ကျေးမှုတန်ဖိုးမြင့်မားမှုတွေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအထိပါ တစ်ပြိုင်နက်တည်း အထောက်အကူပြုလာနိုင်ပါတယ်။

ပညာတတ်လူငယ်တွေ များပြားလာခြင်းက နိုင်ငံအတွက် အဖိုးတန်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာစေတဲ့အတွက် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကလေးတိုင်းပညာသင်ယူခွင့်ရရှိဖို့၊ အရည်အသွေးရှိတဲ့ ပညာရေးရရှိဖို့ မကြာမီရောက်ရှိလာတော့မယ့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို ကျောင်းအပ်နှံကြဖို့နဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံးကလည်း ပညာရေးကဏ္ဍကို ဝိုင်းဝန်းပံ့ပိုးကူညီကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပိုမိုတောက်ပအောင် ဖန်တီးလိုက်ကြရအောင်လို့ ပြောကြားလိုပါတယ်။ ။

MDN (ကြေးမုံ)

တာရာ