တရုတ်နိုင်ငံ၏ အောင်မြင်မှု သော့ချက်
Posted_Date
Image
Body
မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းချမှတ်ခြင်းဆိုင်ရာ အကြံပြုချက်" ကို သုံးသပ်အတည်ပြုခဲ့ပါသည်။ ၁၉၅၃ ခုနှစ်မှ ယနေ့အထိ တရုတ်နိုင်ငံသည် ငါးနှစ်စီမံကိန်း ၁၄ ခု ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်တိုက်ကြိုးပမ်းမှုဖြင့် ကမ္ဘာပေါ်တွင်ရှားပါးသော စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးရေရှည်တည်ငြိမ်မှု၏ အံ့ဩဖွယ်ရာများကို ဖန်တီးခဲ့ပါသည်။ မြန်မာမိတ်ဆွေများက တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးမှု၏ အောင်မြင်မှုလျှို့ဝှက်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံအုပ်ချုပ်မှုအတွေ့အကြုံအကြောင်းကို ကျွန်မအားမေးမြန်းခဲ့ကြသည်။ ကျွန်မကတရုတ်လမ်းကြောင်း၊ တရုတ်စီမံခန့်ခွဲမှု၊ တရုတ်အယူအဆဟူသော ရှုထောင့်သုံးရပ်မှ ကိုယ်ပိုင်အမြင်များကိုမျှဝေလိုပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုသည် တရုတ်နိုင်ငံကို အင်အားကြီးမားသော နိုင်ငံအဖြစ် တည်ဆောက်ရေး၊ တိုင်းရင်းသားများပြန်လည်ထွန်းကားရေး စသည့်ကိစ္စရပ်များကို အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် အရေးအကြီးဆုံးသော အောင်မြင်မှုလျှို့ဝှက်ချက်ဖြစ်ပါသည်။
တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်အချိန်အထိ အချိန်ကာလအများစုတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အင်အားသည် ၎င်း၏ပြိုင်ဘက်များထက် အလွန်နည်းပါးခဲ့ပါသည်။ ဒါပေမဲ့ ဘာကြောင့်ဒီလိုပါတီတစ်ခုက ၂၈ နှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးကို အနိုင်ရခဲ့ပါသလဲ။ ဘာကြောင့် ဒီလိုပါတီတစ်ခုက တည်ထောင်စက ပါတီဝင် ၅၀ ကျော်မှ ယနေ့ ပါတီဝင် သိန်း ၁၀၀၀ ကျော်အထိ ကြီးထွားလာနိုင်ခဲ့သလဲ။ ဘာကြောင့် ဒီလိုပါတီတစ်ခုက တရုတ်နိုင်ငံတည်ထောင်ပြီးနောက် နှစ် ၇၀ ကျော်ခရီးတွင် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံးကို ညီညွတ်စွာဦးဆောင်ကာ ကမ္ဘာကနှစ်သက်ပြီး ထင်ရှားသောအောင်မြင်မှုများ ရရှိနိုင်ခဲ့သလဲ။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီတွင် မည်သည့် ကိုယ်ကျိုးစီးပွားမျှမရှိသောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထုအများစု၏အခြေခံအကျိုးစီးပွားကို အမြဲတမ်းကိုယ်စားပြုပြီး ပြည်သူများနှင့် ဝမ်းနည်းဝမ်းသာမှုကို အတူခံစား၍ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အတူရင်ဆိုင်ကာ မိမိတို့၏အထူးအကျိုးစီးပွားများမရှိဘဲ မည်သည့်အကျိုးစီးပွားအုပ်စု၊ အာဏာအုပ်စု၊ အခွင့်ထူးလွှာများ၏ အကျိုးစီးပွားကို မည်သည့်အခါမှ ကိုယ်စားပြုခြင်းမပြုပါ။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထု၏ရပ်တည်ချက်ကို အမြဲတမ်းခိုင်မာစွာစောင့်ထိန်းထားသည့်အတွက် ရှုံးနိမ့်ခြင်းမရှိသော အခြေအနေတွင်တည်ရှိနေနိုင်ခြင်းဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် ယုံကြည်ချက်ကို စောင့်ထိန်းသောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ကိုယ်ကျိုးစီးပွား အတွက် ပေါင်းစည်းထားသော နိုင်ငံရေးပါတီမဟုတ်ဘဲ မာ့က်စ်ဝါဒ ယုံကြည်ချက်၊ ကွန်မြူနစ်ဝါဒ၏ ကြီးမားသောရည်မှန်းချက်၊ တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒ၏ ဘုံရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်ပါသည်။ တရုတ်နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်သောလမ်းခရီးတွင် လူထောင်ပေါင်းများစွာက ရည်မှန်းချက်နှင့် ယုံကြည်ချက်တို့အတွက် အသက်ကိုလျစ်လျူရှု၍ မည်သည့်အခက်အခဲကိုမျှ လက်မလျှော့ဘဲ သွေးနှင့်အသက်ဖြင့် ယုံကြည်ချက်၏ အင်အားကိုပြသခဲ့ကြပါသည်။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် မိမိကိုယ်ကို ရဲဝံ့စွာတော်လှန်ပြုပြင်သောကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အမှားများ ကျူးလွန်ခဲ့ဖူးသော်လည်း မိမိတို့ရှိနေသော ပြဿနာများကို ရဲဝံ့စွာရင်ဆိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီက အလုပ်စတိုင်တိုးတက်ကောင်းမွန်ရေး၊ ပြည်သူလူထုနှင့် ရင်းနှီးစွာ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်း ၈ ချက်ကို ရေးဆွဲခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ဆက်လက်လိုက်နာကျင့်သုံးကာ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရဲသော ရဲဝံ့မှုနှင့် ဆုံးဖြတ်ချက်ဖြင့် ပါတီ၏အလုပ်စတိုင်နှင့် အစိုးရ၏ ပုံစံကို လုံးလုံးလျားလျားအသစ်ပြောင်းလဲစေခဲ့ပြီး လူမှုရေးနှင့် ပြည်သူရေးရာ ထုံးတမ်းစဉ်လာများကို ဆက်တိုက်တိုးတက်ကောင်းမွန်စေကာ တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမျက်နှာသွင်ပြင်ကို နက်နဲစွာ ပြောင်းလဲစေခဲ့ပါသည်။
တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် တရုတ်စီမံခန့်ခွဲမှု၏ အားကောင်းသော အသက်ရှင်စွမ်းအားနှင့် အင်အားကြီးမားသော တီထွင်စွမ်းရည်ကို ဖန်တီးပေးခဲ့ပါသည်။
တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် အင်အားစုစည်းကာ ကြီးမားသောအလုပ်များကို လုပ်ဆောင်နိုင်ပါသည်။ နိုင်ငံတည်ထောင်စက ကန့်သတ်ထားသော လူအင်အား၊ ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာရေးကို တိုတောင်းသောအချိန်အတွင်း စုစည်းကာ လွတ်လပ်သောစက်မှုစနစ်နှင့် အမျိုးသားစီးပွားရေးစနစ်ကို ဖွဲ့စည်းခြင်းမှသည် ကြီးမားသောသဘာဝ ဘေးအန္တရာယ်များ ကျရောက်လာသောအခါ အရင်းအမြစ်များကိုစုစည်းကာ ထိရောက်စွာကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းအထိ ဤစနစ်သည် အခြေအနေတစ်ခုလုံးကို ချုပ်ကိုင်၍ ဘက်ပေါင်းစုံနှင့် ညှိနှိုင်းကာ အတူတကွရင်ဆိုင်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် တိုတောင်းသော မူဝါဒများမချမှတ်ဘဲ နောက်ကြောင်းပြန်ခြင်းများ မပြုလုပ်ဘဲ အစီအစဉ်တစ်ခုတည်းကို နောက်ဆုံးအထိ အကောင်အထည်ဖော်ကာ ငါးနှစ်စီမံကိန်းများကို ဆက်တိုက်ရေးဆွဲ အကောင်အထည်ဖော်ခြင်းကို စောင့်ထိန်း၍ ပန်းတိုင်ကိုလက်မလျှော့ဘဲ တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးမှု၏အခြေအနေသစ်ကို ဖွင့်လှစ်ခဲ့ပါသည်။
စီးပွားရေး၏အခြေအနေကို ကိုယ်စားပြုသော လျှပ်စစ်မီတာ အချက်အလက်များကို အရင်ကြည့်ကြပါစို့။ ၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂၈၂ ဘီလီယံကီလိုဝပ်နာရီသာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၉ ထရီလီယံကီလိုဝပ်နာရီအထိ တိုးတက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ သုံးပုံတစ်ပုံရှိပြီး ဒုတိယအဆင့်နေရာရှိ အမေရိကန်၏ ၂ ဒသမ ၅ ဆ၊ တတိယအဆင့်ရှိ အိန္ဒိယ၏ ၅ ဆ၊ စတုတ္ထအဆင့်ရှိ ရုရှား၏ ၉ ဆ နှင့် ညီမျှပါသည်။ ယခုနှစ် ဇူလိုင်လတွင် တရုတ်လူ့အဖွဲ့အစည်းတစ်ခုလုံး၏ လျှပ်စစ်သုံးစွဲမှုသည် ၁၀၂၂ ဒသမ ၆ ဘီလီယံ ကီလိုဝပ်နာရီရရှိခဲ့ပြီး ယင်းသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခု၏ လစဉ်လျှပ်စစ်သုံးစွဲမှုသည် ထရီလီယံ ကီလိုဝပ်နာရီကျော်လွန်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အာဆီယံနိုင်ငံအားလုံး၏ တစ်နှစ်တာ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းနှင့်ညီမျှပါသည်။
အထက်ဖော်ပြပါ လျှပ်စစ်အချက်အလက်များသည် တရုတ်စီးပွားရေး ရေရှည်တည်ငြိမ်၍ တိုးတက်လာသောအခြေခံအခြေအနေကို ထင်ဟပ်စေပါသည်။
၁၉၇၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်စီးပွားရေး နှစ်စဉ် ပျမ်းမျှ ၈ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း ပျမ်းမျှ ၃ ရာခိုင်နှုန်းထက် များစွာမြင့်မားကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ နှစ်စဉ်ပျမ်းမျှပံ့ပိုးကူညီမှုနှုန်းထားသည် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရရှိကာ ကမ္ဘာ၏ပထမဆုံးနေရာတွင် ရပ်တည်နေပါသည်။ တရုတ်ကုန်သွယ်မှုသည် နှစ်ပေါင်းများစွာ ကမ္ဘာ့ပထမဆုံးနေရာတွင် တည်ငြိမ်စွာရှိနေပြီး ပို့ကုန်သွင်းကုန်စုစုပေါင်း ပမာဏသည် အပြည်ပြည်ဆိုင်ရာ စျေးကွက်ဝေစု ၁၉၇၈ ခုနှစ် ၁ ရာခိုင်နှုန်းအောက်မှ ၂၀၂၃ ခုနှစ်တွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။ ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် အလွန်ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်ခုမှ လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်သည့် နိုင်ငံတစ်ခုအဖြစ် တက်လှမ်းလာခဲ့ပြီး ယင်းသည် လူ့သမိုင်းတွင် ဘယ်တော့မှမတွေ့ဖူးသော ဖွံ့ဖြိုးတိုးတက်မှု အံ့ဩဖွယ်ရာဖြစ်ပါသည်။
တရုတ်ကုန်ထုတ်လုပ်မှုနယ်ပယ်အတိုင်းအတာသည် ၁၅ နှစ် ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ စက်မှုအမျိုးအစားခွဲခြားမှုတွင် စက်မှုနယ်ပယ်အားလုံးကို လုံးလုံးပိုင်ဆိုင်ထားသည့်တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”ကာလတွင် တရုတ်၏ ခေတ်မီကုန်ထုတ်လုပ်မှုသည် အရှိန်အဟုန်မြင့် ကြီးထွားလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်မှု သိန်း ၁၃၀ စီးကျော်ရှိကာ ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုသည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင်ရှိနေပါသည်။
၂၀၂၄ ခုနှစ်တွင် သင်္ဘောတည်ဆောက်မှုပြီးစီးမှု ပမာဏ၊ အော်ဒါအသစ်လက်ခံမှုပမာဏ၊ လက်ရှိ အော်ဒါပမာဏသုံးခုစလုံးသည် ကမ္ဘာ့စျေးကွက်ဝေစု ၅၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၇၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်း သီးခြားစီရရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုအင်အားသစ် ဆက်တိုက်ကြီးထွားလာကာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု အရည်အသွေး အရှိန်အဟုန်မြင့်လာခဲ့ပြီး ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအားပေးစက်ရုံသည် စီးပွားရေးအရလည်ပတ်လာခဲ့ပြီး တရုတ်၏ ပထမဆုံး အာကာသစခန်း "Tiangong Space Station" သည် လုံးလုံးလျားလျား တည်ဆောက်ပြီး လည်ပတ်လာခဲ့ကာ Chang'e ၆ စူးစမ်းလေ့လာရေးယာဉ်သည် ကမ္ဘာ့ပထမဆုံးလ၏ နောက်ကျောဘက်မှနမူနာများကို ယူဆောင်ကာ အောင်မြင်စွာပြန်လာခဲ့ပါသည်။
ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်ကိန်းအစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အဆင့် ၃၄ နေရာမှ ၂၀၂၅ ခုနှစ်တွင် အဆင့် ၁၀ နေရာသို့ တက်လှမ်းခဲ့ပါသည်။
တရုတ်အယူအဆ၊ တရုတ်အဆိုပြုချက်များ၊ တရုတ်လုပ်ဆောင်ချက်များသည် ကမ္ဘာ့ပြည်သူများ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တိုးတက်မှု လိုလားချက်တူညီခြင်းတို့ကို ထင်ဟပ်စေပါသည်။
