ယနေ့ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် မြို့ပြများတွင် အခြေချနေထိုင်လာကြပြီး မြို့ပြအသွင်ကူးပြောင်းမှုက အရှိန်အဟုန်ဖြင့် မြင့်မားလာနေပါသည်။ မြို့ပြလူဦးရေ ထူထပ်လာသည်နှင့်အမျှ ရေပေးဝေရေး၊ အမှိုက်သိမ်းဆည်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည်လည်း ကြီးမားလာပါသည်။ ထိုစိန်ခေါ်မှုများကို ရိုးရာစီမံခန့်ခွဲမှုပုံစံများဖြင့်သာ ဖြေရှင်းရန်မလုံလောက်တော့ဘဲ စမတ်စီးတီး (Smart City) ခေါ် နည်းပညာအခြေပြု မြို့ပြစီမံခန့်ခွဲမှုစနစ်ကိုဖော်ဆောင်ရန်မှာ ခေတ်ကာလ၏ တောင်းဆိုချက်တစ်ခု ဖြစ်လာပါသည်။
စမတ်စီးတီးဆိုသည်မှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြု၍ မြို့ပြဝန်ဆောင်မှုများ၏ အရည်အသွေးကိုမြှင့်တင်ခြင်း၊ ကုန်ကျစရိတ်နှင့် သယံဇာတသုံးစွဲမှုကိုလျှော့ချခြင်းနှင့် ပြည်သူလူထုနှင့်အစိုးရကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းစေခြင်းပင် ဖြစ်ပါသည်။
စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် နည်းပညာကိုကဏ္ဍအသီးသီးတွင် အသုံးချနိုင်ပါသည်။ ယနေ့ခေတ်ကာလတွင် နည်းပညာသည် လူသားတို့၏နေ့စဉ်ဘဝထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဖြစ်ပါသည်။ မြို့ပြစီမံခန့်ခွဲမှုကဏ္ဍတွင်လည်း ရိုးရာရုံးလုပ်ငန်းစနစ်များမှသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုသို့ ပြောင်းလဲခြင်းဖြင့် ပြည်သူလူထုအတွက် ပိုမိုမြန်ဆန်ပြီး ပွင့်လင်းမြင်သာသည့် ဝန်ဆောင်မှုများကိုပေးအပ်နိုင်ပြီ ဖြစ်ပါသည်။
စာရွက်စာတမ်းရှုပ်ထွေးမှုများကို လျှော့ချပေးနိုင်
စည်ပင်နှင့်ပတ်သက်သည့် အိမ်ခွန်၊ မြေခွန် စသည့် အခွန်အခများ ပေးဆောင်ရန်သော်လည်းကောင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားရန်သော်လည်းကောင်း စည်ပင်ရုံးများသို့ ကိုယ်တိုင်သွားရောက်ကာ တန်းစီစောင့်ဆိုင်းရသည့် အလေ့အထရှိခဲ့ပါသည်။ E-Governance စနစ်အရ Mobile Application သို့မဟုတ် Website များမှတစ်ဆင့် အခွန်အခများကို Mobile Banking များဖြင့် မိနစ်ပိုင်းအတွင်း ပေးဆောင်လာနိုင်ပါသည်။ လုပ်ငန်းလိုင်စင်အသစ်လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကိုလည်း ရုံးသို့သွားရန်မလိုဘဲ အွန်လိုင်းမှဖောင်ဖြည့်တင်သွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအတွက် သွားလာစရိတ်နှင့် အချိန်ကုန်သက်သာစေနိုင်ပြီး စည်ပင်ဝန်ထမ်းများအတွက်လည်း စာရွက်စာတမ်းရှုပ်ထွေးမှုများကို လျှော့ချပေးနိုင်ပါသည်။
စမတ်စည်ပင်စနစ်တွင် ပြည်သူများက မြို့ပြ၏မျက်စိနှင့်နား ဖြစ်လာကြပါသည်။ လမ်းမီးမလင်းခြင်း၊ ရေပိုက်ပေါက်ခြင်း သို့မဟုတ် အမှိုက်မသိမ်းခြင်း စသည့်ပြဿနာများကို တွေ့ရှိပါက ဖုန်းဖြင့်ဓာတ်ပုံရိုက်ကာတည်နေရာ (GPS Location) နှင့်တကွ Mobile App မှတစ်ဆင့် ချက်ချင်းတိုင်ကြားနိုင်ပါသည်။ တိုင်ကြားထားသည့်ကိစ္စ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ၊ မည်သည့်ဌာနက တာဝန်ယူဖြေရှင်းနေသလဲဆိုသည်ကို ပြည်သူက မိမိဖုန်းထဲမှတစ်ဆင့် စောင့်ကြည့်နိုင်သဖြင့် ပွင့်လင်းမြင်သာမှုရှိစေပါသည်။ သတ်မှတ်ချိန်အတွင်းဖြေရှင်းပေးနိုင်မှု ရှိ/မရှိကို စနစ်က မှတ်တမ်းတင်ထားသဖြင့် ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
ဒီဂျစ်တယ်စနစ်သည် လူနှင့်လူ တိုက်ရိုက်ထိတွေ့ရမှုကို လျှော့ချပေးခြင်းဖြင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများကို အလိုအလျောက် ဟန့်တားပေးပါသည်။ လုပ်ငန်းစဉ်များအားလုံးကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားခြင်းကြောင့် စာရင်းဇယားအမှားအယွင်းများကို လျှော့ချနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့အပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို အမြင့်ဆုံးအထိ တိုးတက်စေပါသည်။ ဒီဂျစ်တယ်စနစ်သည် နည်းပညာကို အသုံးချခြင်းထက် ပိုမိုနက်ရှိုင်းပါသည်။ ‘‘အုပ်ချုပ်သူ’’ နှင့် ‘‘အုပ်ချုပ်ခံ’’ဟူသည့် ဆက်ဆံရေးထက် ‘‘ဝန်ဆောင်မှု ပေးသူ’’ နှင့် ‘‘ဝန်ဆောင်မှုရယူသူ’’ ဆိုသည့် မိတ်ဖက်စိတ်ဓာတ်ကို ပုံဖော်ပေးနိုင်ပါသည်။
မြို့ပြလူဦးရေ တစ်နေ့တည်း တိုးပွားလာသည်နှင့်အမျှ စည်ပင်သာယာရေးအဖွဲ့များအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ‘‘အမှိုက်’’ ပင် ဖြစ်ပါသည်။ ရိုးရာအမှိုက်သိမ်းစနစ်တွင် အမှိုက်ကားများသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း နေ့စဉ်လှည့်လည်ရသဖြင့် အမှိုက်မပြည့်သေးသော အမှိုက်ပုံးများကို သွားရောက်စစ်ဆေးရခြင်း၊ အမှိုက်လျှံနေသောနေရာများကို မရောက်ရှိနိုင်ခြင်း စသည့် အားနည်းချက်များ ရှိနေပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် စမတ်အမှိုက်စီမံခန့်ခွဲမှုစနစ် (Smart Waste Management) သည် အထိရောက်ဆုံးသော လက်နက်တစ်ခု ဖြစ်လာပါသည်။
စမတ်အမှိုက်စီမံခန့်ခွဲမှု၏ အဓိကသော့ချက်
စမတ်အမှိုက်စီမံခန့်ခွဲမှု၏ အဓိကသော့ချက်မှာ အမှိုက်ပုံးများတွင် တပ်ဆင်ထားသော အဆင့်မြင့် အာရုံခံကိရိယာ (IoT Sensors) များ ဖြစ်ပါသည်။ ၎င်း Sensors များက အမှိုက်ပုံးအတွင်းရှိ အမှိုက်ပမာဏကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာနေမည်ဖြစ်ပါသည်။ အမှိုက်ပုံးအတွင်း အမှိုက်များ ပြည့်ခါနီးဖြစ်စေ၊ အမှိုက်ပုံးအတွင်း အပူချိန်လွန်ကဲ၍ မီးလောင်နိုင်ခြေရှိလျှင်ဖြစ်စေ ဗဟိုထိန်းချုပ်ရေးစနစ်သို့ အလိုအလျောက် သတင်းပို့ပေးပါသည်။
ယခင်က အမှိုက်ကားတစ်စီးသည် လမ်းကြောင်းတစ်ခုလုံးရှိ အမှိုက်ပုံးတိုင်းဆီသို့ ပြည့်ပြည့်/မပြည့်ပြည့် သွားရောက်ရသဖြင့် ဆီဖိုးနှင့်အချိန် များစွာကုန်ဆုံးစေပါသည်။ စမတ်စနစ်တွင်မူ အမှိုက်အမှန်တကယ်ပြည့်နေသော အမှိုက်ပုံးများဆီသို့သာ သွားရောက်ရန်အတွက် AI စနစ်က အတိုဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းကို တွက်ချက်ပေး ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လောင်စာဆီချွေတာနိုင်ပြီး မလိုအပ်ဘဲကားမောင်းနှင်ရမှုကို လျှော့ချနိုင်သဖြင့် ဘတ်ဂျက်ကုန်ကျစရိတ်သက်သာစေပါသည်။ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချခြင်းသည် အမှိုက်သိမ်းယာဉ်များ လမ်းပေါ်တွင် ကြာမြင့်စွာရှိနေမှုကို လျှော့ချပေးသဖြင့် မြို့ပြယာဉ်ကြောကို သက်သာစေပါသည်။ အမှိုက်ကားများ သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်စေပါသည်။
အမှိုက်ပုံးများ လျှံကျခြင်းသည် မြို့ပြအင်္ဂါရပ်ကို ထိခိုက်စေရုံသာမက ကြွက်၊ ယင်ကောင်နှင့် ပိုးမွှားများပေါက်ပွားရာနေရာ ဖြစ်စေပါသည်။ စမတ်စနစ်သည် အမှိုက်မလျှံမီ ကြိုတင်သိရှိ သိမ်းဆည်းနိုင်သဖြင့် အနံ့အသက်ဆိုးများကို ဟန့်တားပေးပြီး ရောဂါဘယများ ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ မည်သည့်ရပ်ကွက်သည် အမှိုက်အထွက်ဆုံးလဲ၊ မည်သည့်နေ့ရက်များတွင် အမှိုက်ပမာဏပိုများသလဲ စသည့် Data များကို စုဆောင်းထားခြင်းဖြင့် နောင်နှစ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ အမှိုက်ပုံးအသစ်များ တိုးချဲ့ချထားခြင်းနှင့် လူအင်အားခွဲဝေခြင်းတို့ကို တိကျစွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စမတ်အမှိုက်စီမံခန့်ခွဲမှုစနစ်သည် ငွေကုန်ကြေးကျများသော နည်းပညာရင်းနှီးမြှုပ်နှံမှုဟု ထင်ရသော်လည်း ရေရှည်တွင် စည်ပင်သာယာရေးအဖွဲ့များအတွက် စရိတ်စကသက်သာစေပြီး မြို့နေပြည်သူများအတွက် ပိုမိုသန့်ရှင်းလုံခြုံပြီး ကျန်းမာသောပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်က မြန်မာနိုင်ငံ၏ မြို့ပြစည်ပင်သာယာရေးမှာ ပြည်သူနှင့် အနီးကပ်ဆုံး၊ အရင်းနှီးဆုံးစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြို့ပြစီမံခန့်ခွဲမှုသမိုင်းတွင် ‘‘ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်’’ သည် ပြည်သူလူထုနှင့် စည်ပင်သာယာရေးအဖွဲ့များ အကြား ခိုင်မာသောဆက်သွယ်ရေး အလေ့အထတစ်ခုအဖြစ် တည်ရှိနေပါသည်။ ဤစနစ်သည် ရိုးရှင်းသော်လည်း မြို့ပြသန့်ရှင်းရေးနှင့် ရောဂါဘယကာကွယ်ရေးတို့တွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ခေတ်မီလာသည်နှင့်အမျှ ရိုးရာခေါင်းလောင်းတီးသံကို နားစွင့်နေရသည့်စနစ်မှ နည်းပညာသုံး ဒီဂျစ်တယ်ခေါင်းလောင်း (Digital Bell/ Notifi-cation System) သို့ ကူးပြောင်းနိုင်ပါသည်။ GPS ဖြင့် စောင့်ကြည့်ခြင်းသည် အမှိုက်သိမ်းယာဉ်တွင် GPS တပ်ဆင်ထားခြင်းဖြင့် မိမိတို့လမ်းထဲသို့ အမှိုက်ကားမည်သည့်အချိန်တွင် ရောက်ရှိမည်ကို Mobile Application မှတစ်ဆင့် ပြည်သူများက ကြိုတင်သိရှိနိုင်ပါသည်။ အမှိုက်ကားသည် မိမိအိမ်နှင့် ကိုက် ၅၀၀ အကွာသို့ရောက်ရှိပါက ဖုန်းထဲသို့အချက်ပေးသံ (Notification) ပေးပို့ခြင်းဖြင့် ပြည်သူများအနေဖြင့် အချိန်မရွေး ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။
ခေါင်းလောင်းတီးစနစ် အောင်မြင်ရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးဆုံးဖြစ်ပါသည်။ အမှိုက်ကားလာချိန်တွင် အမှိုက်ကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း (Dry and Wet Waste Separation) သည် စည်ပင်သာယာရေးအဖွဲ့၏ နောက်ဆက်တွဲ အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို များစွာအထောက်အကူပြုစေပါသည်။ ‘‘ခေါင်းလောင်းသံကြားမှ အမှိုက်စွန့်ပါ’’ ဆိုသည့် စည်းကမ်းကိုလိုက်နာခြင်းဖြင့် စနစ်မဲ့ အမှိုက်စွန့်ပစ်မှုကို အမြစ်ပြတ်ချေဖျက်နိုင်မည် ဖြစ်ပါသည်။
စမတ်စီးတီး (Smart City) တစ်ခု၏အောင်မြင်မှု
စမတ်စီးတီး (Smart City) တစ်ခု၏ အောင်မြင်မှုသည် နည်းပညာပစ္စည်းများ တပ်ဆင်ထားရုံမျှဖြင့် မပြည့်စုံဘဲ ထိုနည်းပညာများမှ ထွက်ပေါ်လာသော အချက်အလက်များကို မည်သို့ခွဲခြမ်းစိတ်ဖြာပြီး အကျိုးရှိရှိအသုံးချသနည်းဆိုသည့် အချက်ပေါ်တွင် မူတည်နေပါသည်။ မြို့ပြ၏ နေ့စဉ်လှုပ်ရှားမှုများဖြစ်သော ယာဉ်စီးဆင်းမှု၊ ရေသုံးစွဲမှု၊ အမှိုက်ထွက်ရှိမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုတို့မှ ဒေတာပေါင်းသန်းချီကို စက္ကန့်နှင့်အမျှ ရရှိနေပါသည်။ Big Data များကို AI နှင့် Data Analytics နည်းပညာများဖြင့် ပေါင်းစပ်လိုက်သောအခါ စည်ပင်စီမံခန့်ခွဲသူများအတွက် မမြင်ရသောပြဿနာများကို မြင်သာလာစေပါသည်။
ကြိုတင်ခန့်မှန်းနိုင်စွမ်းအားဖြင့် လွန်ခဲ့သော ငါးနှစ်စာ ရေပိုက်လိုင်းပေါက်သည့် မှတ်တမ်းများကို ဆန်းစစ်ခြင်းဖြင့် မည်သည့်ရပ်ကွက်ရှိ ပိုက်လိုင်းများသည် မကြာမီပျက်စီးနိုင်ခြေရှိသည်ကို ကြိုတင်ခန့်မှန်းပြီး ကြိုတင်လဲလှယ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။ စည်ပင်သာယာရေးအဖွဲ့ များတွင် ဘတ်ဂျက်နှင့်လူအင်အားမှာ အကန့်အသတ်ရှိပါသည်။ အချက်အလက်အခြေပြုစနစ်သည် မည်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံမှု အလိုအပ်ဆုံးလည်းဆိုသည်ကို တိကျစွာလမ်းညွှန်ပေးနိုင်ပါသည်။ တိုင်ကြားစာအများဆုံးတက်သည့်နေရာ သို့မဟုတ် ရောဂါဖြစ်ပွားမှု အများဆုံးနယ်မြေများကို Data အရ သိရှိနိုင်သဖြင့် ရန်ပုံငွေကို လေလွင့်မှုမရှိဘဲ အထိရောက်ဆုံးနေရာများတွင် အသုံးပြုနိုင်ပါသည်။ ထို့ပြင် အမှိုက်သိမ်းဝန်ထမ်း သို့မဟုတ် လုံခြုံရေးဝန်ထမ်းများကို အလုပ်အများဆုံးအချိန်နှင့် နေရာများသို့ အချိန်ကိုက်တာဝန်ချထားနိုင်ပါသည်။
Data အသုံးချမှုသည် မြို့ပြ၏ဘေးကင်းလုံခြုံမှုကိုလည်း မြှင့်တင်ပေးပါသည်။ ရေပေးဝေ ရေးတွင်လည်း ရေမီတာဒေတာများကို စောင့်ကြည့်ခြင်းဖြင့် ရေအလေအလွင့်ဖြစ်နေသည့် နေရာများကိုရှာဖွေနိုင်ပြီး ရေပြတ်လပ်မှုဒဏ်ကို လျှော့ချနိုင်ပါသည်။ ထို့ပြင် မိုးလေဝသဒေတာနှင့် မြောင်းများ၏ ရေမျက်နှာပြင်အမြင့်ကို ချိတ်ဆက်ဆန်းစစ်ခြင်းဖြင့် မည်သည့်ရပ်ကွက်တွင် ရေကြီးနိုင်ခြေရှိသည်ကို နာရီပိုင်းအလိုကတည်းက ကြိုတင်သတိပေးနိုင်ပါသည်။
အချက်အလက်အခြေပြု ဆုံးဖြတ်ချက်များသည် ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများမှကင်းဝေးစေပါသည်။ ဆုံးဖြတ်ချက်တိုင်းတွင် ခိုင်လုံသော Data ရှိနေသဖြင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြရာတွင် ပိုမိုခိုင်မာစေနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းကိုလည်း မှတ်တမ်းတင်ထားနိုင်သဖြင့် ဝန်ထမ်းများ၏ လုပ်ဆောင်ရည်ကို တိကျစွာတိုင်းတာနိုင်ပါသည်။ အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြို့ပြစီမံခန့်ခွဲသူများကို မှန်းဆချက်များမှ ရုန်းထွက်စေပြီး ‘‘သေချာရေရာမှု’’ ဆီသို့ ပို့ဆောင်ပေးပါသည်။ ဤစနစ်ကို ကျင့်သုံးခြင်းဖြင့် စည်ပင်သာယာရေးလုပ်ငန်းများသည် ပိုမိုမြန်ဆန်ထိရောက်ပြီး ပြည်သူများ၏ လိုအပ်ချက်ကို အစစ်အမှန်ဖြည့်ဆည်းပေးနိုင်သော စမတ်ကျသည့် အစိုးရယန္တရားတစ်ခုဖြစ်လာမည် ဖြစ်ပါသည်။
မြို့ပြတစ်ခုစနစ်ကျရန်မှာ စည်းကမ်းရှိမှုနှင့် စောင့်ကြည့်ထိန်းကျောင်းမှုသည် အဓိကကျပါသည်။ ယခင်က မြို့ပြပြဿနာများကို လူကိုယ်တိုင်လိုက်လံစစ်ဆေး ဖြေရှင်းခဲ့ကြသော်လည်း ယနေ့ ခေတ်တွင်မူ ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍ ပိုမိုတိကျမြန်ဆန်သော မြို့ပြစောင့်ကြည့်ရေး စနစ်များကို တည်ဆောက်လာကြပြီဖြစ်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုသည် မြို့ကြီးများ၏ စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေသည့် အဓိကအချက် ဖြစ်ပါသည်။ AI စနစ်သုံး မီးပွိုင့်များသည် CCTV ကင်မရာများမှတစ်ဆင့် လမ်းဆုံလမ်းခွတစ်ခုချင်းစီ၏ ယာဉ်စီးဆင်းမှုပမာဏကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးပါသည်။ ယာဉ်အစီးရေ များပြားနေသောလမ်းဘက်ကို စိမ်းရောင်ပြချိန်ပိုပေးပြီး ကားရှင်းနေသောလမ်းဘက်ကို အလိုအလျောက် အချိန်လျှော့ချပေးခြင်းဖြင့် ပိတ်ဆို့မှုကိုဖြေရှင်းပေးပါသည်။ Emergency Priority အနေဖြင့် လူနာတင်ယာဉ် သို့မဟုတ် မီးသတ်ကားများလာပါက AI စနစ်သည် ဦးစားပေးလမ်းကြောင်း ဖွင့်ပေးခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။
မြို့ပြအလှအပကို ဖျက်ဆီးနေသည့် လမ်းဘေးကျူးကျော်ဈေးသည်များ၊ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများနှင့်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများပုံထားခြင်းများကို လူကိုယ်တိုင် လိုက်လံဖမ်းဆီးရန်ခက်ခဲပါသည်။ AI Monitoring စနစ်သည် သတ်မှတ်ထားသော နေရာမဟုတ်ဘဲ အမှိုက်ထုတ်လာချခြင်း သို့မဟုတ် လူသွားလမ်းပေါ် ကျူးကျော်ခြင်းတို့ကို ကင်မရာမှတစ်ဆင့် အလိုအလျောက်မှတ်သားထားပါသည်။ စည်းကမ်းဖောက်ဖျက်မှု တွေ့ရှိသည်နှင့် သက်ဆိုင်ရာစည်ပင်နယ်မြေအဖွဲ့ထံသို့ အချက်ပေးချက်ပို့ပေးခြင်းဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ပါသည်။
AI နည်းပညာသည် စည်ပင်သာယာရေးအတွက်သာမက မြို့ပြလုံခြုံရေးအတွက်ပါ အရေးပါပါသည်။ မျက်နှာမှတ်မိခြင်းနှင့် ယာဉ်နံပါတ်ပြားဖတ်ခြင်းစနစ်များကြောင့် ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာဖော်ထုတ်နိုင်ခြင်း၊ ညဘက်တွင် လမ်းမီးမလင်းသောနေရာများ သို့မဟုတ် လူပြတ်သောနေရာများတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုရှိပါက ကြိုတင်သတိပေးနိုင်ခြင်းတို့ကြောင့် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မည် ဖြစ်ပါသည်။
AI စနစ်သည် မြို့ပြ၏ ပျက်စီးယိုယွင်းမှုများကိုလည်း စောင့်ကြည့်ပေးနိုင်ပါသည်။ ဥပမာအားဖြင့် လမ်းမများပေါ်တွင် ကျင်းများဖြစ်ပေါ်နေခြင်း၊ ရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်း သို့မဟုတ် ပန်းခြံအတွင်းရှိ ပစ္စည်းများပျက်စီးနေခြင်းတို့ကို AI က ခွဲခြားသိရှိနိုင်သဖြင့် ပျက်စီးမှုများကို အချိန်မီပြုပြင်နိုင်သည့်စနစ်ကို ဖော်ဆောင်နိုင်ပါသည်။ ဉာဏ်ရည်တုဆိုသည်မှာ လူသားတို့၏ နေရာတွင် အစားထိုးရန်မဟုတ်ဘဲ လူသားတို့၏စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေရန် ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ နည်းပညာဖြင့် စောင့်ကြည့်ထိန်းကျောင်းသော မြို့ပြစနစ်သည် ပိုမိုသေသပ်ရုံသာမက တရားဥပဒေစိုးမိုးမှုနှင့် တန်းတူညီမျှမှုရှိသော လူနေမှုဝန်းကျင်ကိုပါ ပုံဖော်ပေးနိုင်မည်ဖြစ်ပါသည်။
စမတ်စီးတီးသို့ ကူးပြောင်းခြင်းသည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြောင်းလဲနိုင်သည့်ကိစ္စရပ် မဟုတ်ဘဲ စနစ်တကျပြင်ဆင်ရမည့် ခရီးရှည်တစ်ခုဖြစ်ပါသည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာရှိနေပါသည်။ နည်းပညာအခြေပြု မြို့ပြတစ်ခုဖြစ်ရန်အတွက် မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်၊ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားနှင့် အဆင့်မြင့် ကင်မရာ/အာရုံခံကိရိယာများ လိုအပ်ပါသည်။ ဤအရာများသည် ကနဦးရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မြင့်မားသဖြင့် နိုင်ငံတော်ဘတ်ဂျက် တစ်ခုတည်းအပေါ် အားကိုးခြင်းထက် Public Private Partnership (PPP) အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအခက်အခဲကို ကျော်လွှားနိုင်ပါသည်။
စမတ်စီးတီးသို့ ကူးပြောင်းရာတွင် တစ်မြို့လုံးကို တစ်ပြိုင်နက်ပြောင်းလဲရန် ကြိုးစားမည့်အစား အချက်အချာကျသောနယ်မြေများကို အရင်စတင်ပြီးမှ တိုးချဲ့ဆောင်ရွက်သင့်ပါသည်။ နည်းပညာများ မည်မျှပင်ကောင်းမွန်စေကာမူ ယင်းကိုကိုင်တွယ်မည့်ဝန်ထမ်းများ၏ အရည်အသွေးမှာ အရေးကြီးဆုံးဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ခေတ်မီ Software များ၊ Data ဆန်းစစ်မှုနည်းလမ်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့် သင်တန်းပေးရမည်ဖြစ်ပါသည်။ ရိုးရာစနစ်မှ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရာတွင် ကြုံတွေ့ရလေ့ရှိသော အပြောင်းအလဲအပေါ်ကြောက်ရွံ့ခြင်း သို့မဟုတ် ငြင်းဆန်ခြင်းများကို စနစ်တကျစီမံခန့်ခွဲပြီးဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ မြှင့်တင်ပေးရန်လိုအပ်ပါသည်။
ပြည်သူများ၏ အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းသောအခါ Cyber Security ခေါ် ဆိုင်ဘာလုံခြုံရေးသည် အထူးအရေးကြီးလာပါသည်။ ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစေရန် ခိုင်မာသောဥပဒေနှင့် နည်းပညာဆိုင်ရာ တားမြစ်ချက်များ ရှိရပါမည်။ နည်းပညာအပေါ် ယုံကြည်မှုရှိလာစေရန် အချက်အလက်များကို မည်သို့အသုံးချသည်ကို ပွင့်လင်းမြင်သာစွာချပြရပါမည်။ စမတ်စီးတီး၏ အောင်မြင်မှုသည် လူနည်းစုအတွက်သာ မဖြစ်သင့်ဘဲ အလွှာစုံမှပြည်သူများ လက်လှမ်းမီနိုင်သော ဝန်ဆောင်မှုဖြစ်ရပါမည်။ နည်းပညာကို နားမလည်သေးသော သက်ကြီးရွယ်အိုများနှင့် အခြေခံ လူတန်းစားများအတွက်လည်း လွယ်ကူရိုးရှင်းသော အသုံးပြုမှုပုံစံများ ဖန်တီးပေးရန် လိုအပ်ပါသည်။
စမတ်စီးတီးဖော်ဆောင်ခြင်းသည် စည်ပင်သာယာရေးအဖွဲ့များအတွက် ခေတ်မီခြင်းတစ်ခု တည်းကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ ပြည်သူများ၏လူနေမှုဘဝကို အရည်အသွေးမြှင့်တင်ပေးခြင်းပင် ဖြစ်ပါသည်။ စည်ပင်သာယာရေးအဖွဲ့များ၏ ရည်မှန်းချက်မှာ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးပင်ဖြစ်ပါသည်။ နည်းပညာကို စနစ်တကျအသုံးချခြင်းဖြင့် ပိုမိုသန့်ရှင်းလုံခြုံပြီး နေချင့်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “စမတ်စီးတီး” သို့ ဦးတည်တက်လှမ်းရာတွင် စည်ပင်သာယာရေးအဖွဲ့များ၏ တက်ကြွစွာဆောင်ရွက်မှု၊ ပြည်သူလူထုပါဝင်မှုနှင့် ခေတ်မီ နည်းပညာပေါင်းစပ်မှုသည် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မှီငြမ်းကိုးကားစာရင်း
1. United Nations (UN-Habitat): World Cities Report 2024 - မြို့ပြအသွင်ကူးပြောင်းမှုနှင့် စမတ်စီးတီးဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များ။
2. ASEAN Smart Cities Network (ASCN): အာဆီယံနိုင်ငံများအတွင်း စမတ်စီးတီး ဖော်ဆောင်ရေး မူဘောင်နှင့် နည်းဗျူဟာများ။
3. ITU (International Telecommunication Union): Smart Sustainable Cities Indicators - စမတ်စီးတီးများအတွက် သတ်မှတ်ထားသော စံနှုန်းများနှင့် နည်းပညာဆိုင်ရာ အညွှန်းကိန်း များ။
4. World Bank: Digital Transformation in Urban Governance - ဒီဂျစ်တယ်စနစ်ဖြင့် မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ လေ့လာမှုများ။
5. Myanmar Municipal Governance Reports: မြန်မာနိုင်ငံ၏ စည်ပင်သာယာရေးဥပဒေများနှင့် မြို့ပြဖွံ့ဖြိုးရေး မျှော်မှန်းချက်များ။
moi

Climate Action မှ ရရှိလာမည့် ပူးတွဲအကျိုး ကျေးဇူးများ
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းနှင့် လေထုညစ်ညမ်းမှုများကို ပိုမိုတွေ့ကြုံလာရသည်။ တစ်ချိန်က “ရာသီဥတုပြောင်းလဲမှု”သည် ဝေးလံသော အနာဂတ်ပြဿနာတစ်ခုလို ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ရောက်ရှိလာပြီဖြစ်သည်။
ပူပြင်းလာသော ရာသီဥတု၊ အသက်ရှူရခက်စေသော မီးခိုးမြူများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်သတိပေးနေသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “A Global Call for Climate Action - ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းပူးပေါင်းတိုက်ဖျက်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် ဆောင်ရွက်သော လုပ်ငန်းများသည် Climate Action ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲခြင်း၊ အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်း၊ အမှိုက်မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းတို့သည် Climte Action ၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။ ထို့ပြင် ရေကိုချွေတာသုံးစွဲခြင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းတို့သည်လည်း Climate Action တွင်ပါဝင်သည်။
Climate Action ၏ အရေးကြီးသောအချက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရုံသာမက လူသားတို့၏ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်ရရှိစေခြင်းဖြစ်သည်။ ထိုအကျိုးကျေးဇူးများကို “ပူးတွဲ အကျိုးကျေးဇူးများ”ဟု ခေါ်ဆိုသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများ (Short-Lived Climate Pollutants – SLCPs) ၏ အခန်းကဏ္ဍနှင့် လေထုညစ်ညမ်းမှုလေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခုနီးကပ် စွာဆက်နွှယ်နေသည်။ မော်တော်ကားမီးခိုး၊ စက်ရုံမီးခိုး၊ အမှိုက်မီးရှို့ခြင်းနှင့် ထင်း၊ မီးသွေးအသုံးပြုခြင်းတို့မှထွက်ရှိသော ညစ်ညမ်းပစ္စည်းများသည် လေထုအရည်အသွေးကို ထိခိုက်စေရုံသာမက ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။
အထူးသဖြင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများသည် ယနေ့ကမ္ဘာတွင် ပိုမိုအာရုံစိုက်လာရသော လေထုညစ်ညမ်းပစ္စည်းများဖြစ်သည်။ ၎င်းတို့သည် လေထုထဲတွင် CO2 ထက် သက်တမ်းတိုသော်လည်း ရာသီဥတုပူနွေးမှုအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနိုင်သည်။ အဓိက SLCPs များမှာ အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ၊ မီသိန်း၊ မြေပြင်အနီးရှိ အိုဇုန်းနှင့် ဟိုက်ဒရိုဖလိုရိုကာဗွန်တို့ဖြစ်သည်။
SLCPs များ၏ ထူးခြားသောအချက်မှာ ၎င်းတို့သည် လေထုထဲတွင် CO2 ကဲ့သို့ နှစ်ရာချီမတည်ရှိဘဲ အချိန်တိုအတွင်းသာ တည်ရှိနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် Black Carbon သည် လေထုထဲတွင် ရက်သတ္တပတ်အနည်းငယ်သာတည်ရှိနိုင်ပြီး Tropospheric Ozone သည် နာရီပိုင်းမှ ရက်ပိုင်းအထိသာ တည်ရှိနိုင်သည်။
Methane သည် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်ပြီး HFCs အချို့မှာ ၁၅ နှစ်ခန့်အထိ တည်ရှိနိုင်သည်။ ထို့ကြောင့် SLCPs များကို လျှော့ချနိုင်ပါက လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်သည်။
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ (Black Carbon - BC)
Black Carbon - BC သည် ထင်း၊ မီးသွေး၊ ဒီဇယ်အင်ဂျင်၊ အမှိုက်မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကဲ့သို့ လောင်စာများမပြည့်စုံစွာ လောင်ကျွမ်းရာမှထွက်ရှိသော အလွန်သေးငယ်သည့် မီးခိုးအမှုန်များဖြစ်သည်။ ၎င်းသည် Particulate Matter 2.5 (PM2.5) ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းပိုင်းအထိ အလွယ်တကူဝင်ရောက်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် နေရောင်ခြည်အပူကို စုပ်ယူနိုင်သောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။
မီသိန်း(Methane - CH4 )
မီသိန်းသည် အမှိုက်ပုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိပြီး လေထုထဲတွင် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်သည်။ ၎င်းသည် နှစ် ၁၀၀ ကာလအတွင်း CO2 ထက် အပူဖမ်းယူနိုင်စွမ်း ၂၈ ဆခန့် ပိုမိုမြင့်မားပြီး နှစ် ၂၀ ကာလတိုအတွင်းတွင်မူ အဆ ၈၀ ကျော်အထိ ပိုမိုပြင်းထန်သော အပူဖမ်းယူနိုင်စွမ်းရှိသည်။ ထို့ပြင် မီသိန်းသည် မြေပြင်အနီးရှိ အိုဇုန်းဖြစ်ပေါ်လာစေရန်လည်း အထောက်အကူပြုသောကြောင့် လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှု နှစ်ခုစလုံးအတွက် အရေးကြီးသော ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်သည်။
မြေပြင်အနီးရှိ အိုဇုန်း (Tropospheric Ozone - O3)
မြေပြင်အနီးရှိ အိုဇုန်းသည် ယာဉ်မီးခိုးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ဓာတ်ငွေ့များ နေရောင်ခြည်နှင့်ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းပစ္စည်းဖြစ်သည်။ ၎င်းသည် လေထုအတွင်း နာရီပိုင်းမှရက်ပိုင်းအထိတည်ရှိနိုင်ပြီး နေပူပြင်း၍ လေထုငြိမ်သက်သော အခြေအနေများတွင် သီတင်းပတ်အနည်းငယ်အထိ ဆက်လက်တည်ရှိနိုင်သည်။ လေထုအတွင်း အချိန်တိုသာတည်ရှိသော်လည်း လူသားတို့၏ ကျန်းမာရေး၊ သဘာဝအပင်များနှင့် သီးနှံအထွက်နှုန်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်သည်။
ဟိုက်ဒရိုဖလိုရိုကာဗွန်များ (Hydrofluorocarbons -HFCs)
ဟိုက်ဒရိုဖလိုရိုကာဗွန်များသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် အအေးပေးစနစ်များတွင် အသုံးပြုသောဓာတ်ငွေ့များဖြစ်သည်။ ၎င်းတို့သည် လေထုထဲတွင် ၁၅ နှစ်ခန့်တည်ရှိနိုင်ပြီး CO2 ထက် ကမ္ဘာ့ပူနွေးမှုအလားအလာ (GWP) အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုမြင့်မားသော အစွမ်းထက်မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည်။
SLCPs များသည် လေထုထဲတွင် သက်တမ်းတိုသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုအပေါ် တစ်ပြိုင်နက်သက်ရောက်မှုရှိသော အရေးကြီးသည့် ညစ်ညမ်းပစ္စည်းများဖြစ်သည်။ အထူးသဖြင့် Black Carbon သည် WHO Global Air Quality Guidelines တွင်ပါဝင်သော အရေးကြီးသည့် လေထုအရည်အသွေး Parameter တစ်ခုဖြစ်သည့် PM2.5 ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မီသိန်းသည် လေထုထဲတွင် ဓာတုတုံ့ပြန်မှုများမှတစ်ဆင့် Ground-level Ozone (O3) ဖြစ်ပေါ်မှုကို အားပေးသော အကြိုဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အမှိုက်မီးရှို့ခြင်းနှင့် လောင်စာမပြည့်စုံစွာ လောင်ကျွမ်းမှုတို့မှထွက်ရှိသော SLCPs များကို လျှော့ချခြင်းသည် PM2.5 နှင့် O3 ကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော အရေးကြီးသည့် လေထုညစ်ညမ်းပစ္စည်းများကို လျော့နည်းစေပြီး မိမိတို့နိုင်ငံ၏ အခြေခံလေထုအရည်အသွေးကောင်းမွန်လာစေရန် တိုက်ရိုက်အထောက်အကူပြုနိုင်သည်။
ထိုသို့ လျှော့ချနိုင်ခြင်းကြောင့် လေထုအတွင်း PM2.5 နှင့် မြေပြင်အနီးရှိ အိုဇုန်းပမာဏများ လျော့နည်းလာကာ ၎င်းတို့ကြောင့် ဖြစ်ပွားနိုင်သော ပန်းနာ ရင်ကျပ်ရောဂါ၊ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပြင်လေဖြတ်နိုင်ခြေကိုပါ တိုက်ရိုက်လျှော့ချပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ SLCPs များကို ထိရောက်စွာလျှော့ချခြင်းသည် လေထုအရည်အသွေးကို မြှင့်တင်ပေးရုံသာမက လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းတို့အတွက်ပါ တစ်ပြိုင်နက် အကျိုးရှိစေသော Climate Action တစ်ရပ်ဖြစ်သည်။
Climate Action မှ ရရှိလာမည့် အဓိက ပူးတွဲအကျိုးကျေးဇူးများ
(က) လေထုအရည်အသွေး ပိုမို ကောင်းမွန်လာခြင်း- PM2.5၊ Black Carbon နှင့် မြေပြင်အနီးရှိ အိုဇုန်းတို့ကို လျှော့ချခြင်းဖြင့် မီးခိုးမြူငွေ့များလျော့နည်းလာကာ လေထုသည် ပိုမိုသန့်ရှင်းလာသည်။ ထို့ကြောင့် မြို့ပြ ဒေသများတွင် အမြင်အာရုံကြည်လင်ရှင်းလင်းမှု ကောင်းမွန်လာပြီး လူသားများ၏ လူမှုဘဝအရည်အသွေးလည်း တိုးတက်လာနိုင်သည်။
(ခ) လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ- သန့်ရှင်းသောလေထုသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးသည်။ Climate Action များကို အကောင်အထည်ဖော်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်နိုင်ခြေများ လျော့ကျစေနိုင်ပြီး ကျန်းမာရေး စရိတ်များကိုလည်း သက်သာစေနိုင်သည်။ ထို့ပြင် မီးခိုးနည်းမီးဖိုများနှင့် သန့်ရှင်းသော ချက်ပြုတ်မှုနည်းပညာများကို အသုံးပြုခြင်းဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးကို ပိုမိုကာကွယ်ပေးနိုင်သည်။
(ဂ) စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အကျိုးကျေးဇူးများ- Climate Action သည် စီးပွားရေးနှင့် စိုက်ပျိုး ရေးကဏ္ဍများအတွက်လည်း အရေးကြီးသော အကျိုးကျေးဇူးများရရှိစေသည်။ လူသားများကျန်းမာလာသောကြောင့် အလုပ်ပျက်ကွက်မှုလျော့နည်းလာပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းများ တိုးတက်လာနိုင်သည်။ ထို့ပြင် မြေပြင်အနီးရှိ အိုဇုန်းလျော့နည်းလာပါက သီးနှံများ ပျက်စီးမှုလျော့နည်းလာပြီး စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုသည်။ Climate Action များကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းဖြစ်ပေါ်မှုများကို လျှော့ချနိုင်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်သည်။
လူတစ်ဦးချင်းစီမှ စတင်ဆောင်ရွက်နိုင်သော Climate Action များ
Climate Action သည် ကြီးမားသော စီမံကိန်းများမှသာ စတင်ရမည့်အရာမဟုတ်ပါ။ မိမိအိမ်၊ မိမိရုံးနှင့် မိမိရပ်ကွက်အတွင်းမှ စတင်နိုင်သော လုပ်ဆောင်ချက်များစွာရှိသည်။
• အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။
• စွမ်းအင်ချွေတာပြီး LED မီးနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများ အသုံးပြုပါ။
• လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံးယာဉ်များအသုံးပြုပါ။
• သစ်ပင်စိုက်ပျိုးပြီး သစ်တောများ ထိန်းသိမ်းပါ။
• အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ပြီး 3R စနစ်ဖြစ်သော လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်အသုံးချခြင်းတို့ကို ကျင့်သုံးပါ။
• ထင်းနှင့်မီးသွေးအစားသန့်ရှင်းသော ချက်ပြုတ်နည်းပညာများ အသုံးပြုပါ။
• ရေကို ချွေတာသုံးစွဲပါ။
• လေထုအရည်အသွေးစောင့်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ။
• Climate Action အကြောင်း အသိပညာများ မျှဝေပါ။
ထိုသို့သော သေးငယ်သည့် လုပ်ဆောင် ချက်တစ်ခုချင်းစီသည် လူအများစုပူးပေါင်းပါဝင်လာသောအခါ လေထုအရည်အသွေးကောင်းမွန်ရေး၊ လူသားတို့၏ ကျန်းမာရေးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်သည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု (Climate Action) သည် အစိုးရများနှင့် အဖွဲ့အစည်းများ၏ တာဝန်သာမက
လူတိုင်း၏ နေ့စဉ်ဘဝတွင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးအတွက်သာမက ကျွန်ုပ်တို့၏ကျန်းမာရေး၊ မိသားစုဘဝ၊ စီးပွားရေးနှင့်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
သန့်ရှင်းသောလေထုရရှိရေးအတွက် လုပ်ဆောင်မှုတိုင်းသည် ရာသီဥတုကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်သည်။
ယနေ့ ကျွန်ုပ်တို့ရှူရှိုက်နေသော လေထုအရည်အသွေးကောင်းမွန်အောင်လုပ်ဆောင်ခြင်းသည် မနက်ဖြန်၏ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုသည့် စိတ်ဓာတ်ဖြင့် လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော် တင်ပြအပ်ပါသည်။ ။
MWD

အဖေရေးခဲ့သော ကဗျာလေးတစ်ပုဒ်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ ကလေးများ၏ ပညာရေးကိစ္စ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ စသည်တို့ကို စဉ်းစားတွေးတောရင်း ကျွန်တော်၏ ဖခင်လည်းဖြစ် ထိုစဉ်အချိန်ကာလ၌ လေးမျက်နှာမြို့နယ် စိန်တောင်ကျေးရွာ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးလည်းဖြစ်သူ ဆရာကြီးဦးသာခင်ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်ကို သတိရနေမိသည်။ ကဗျာခေါင်းစဉ်ကိုတော့ ဘယ်လိုပေးထားသလဲမမှတ်မိတော့၊ စာသားအချို့မှာမူ အောက်ပါအတိုင်း ဖြစ်ပါသည်-
ရှေးရှေးတုန်းက တို့တောရွာ
ကျောင်းနေနည်းလှတာ
လယ်ကွင်းပြင်မှာ တို့တစ်သိုက်
ငါးနှင့်ပုစွန်နှိုက်
မရိုက်မနှက်တို့အမေ
ပြုံးလို့ကြိုဆိုပေ
ငါတို့အဖေ ဆိုစကား
မှန်းဟဲ့ နင်တို့ငါး
ထမင်းစားပြီး ဆော့လှောင်ကာ
အိပ်လိုက် တစ်နေ့တာ
စာပေဆိုတာ ထည့်မတွေး
ကကြီး ပုတ်လောက်ရေး
ကလေးကြီးတော့ လူကြီးပါ
ရပ်ရေးရွာရေးမှာ
ပါဝင်စရာမှုကိစ္စ မြားမြောင်လှပေစွ
ရှေ့မှသွားလို့ နောက်ကပါ
တန်းတန်းလိုက်ရတာ
သူများပြောတာ နားထောင်ရ
လက်ထောင် ခေါင်းညိတ်ပြ။
ကျွန်တော်အမှတ်မမှားဘူးဆိုပါက အဖေသည် ကဗျာကိုရေးခဲ့သည်မှာ ကျွန်တော်သုံးတန်း၊ လေးတန်းအရွယ် ၁၉၆၈-၆၉ ခုနှစ်အချိန်ကာလခန့်က ဖြစ်ပါလိမ့်မည်။ ထိုအချိန် ထိုကာလသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဗကပတို့ ကြီးစိုးနေဆဲအချိန်ဖြစ်သည်။ ၁၉၇၁ ခုနှစ်မှစ၍ ရွှေလင်းယုန်၊ မိုးဟိန်း၊ တိုင်းလုံးအောင်၊ ဧရာမင်းစစ်ဆင်ရေးများဖြင့် ဖြတ်(၄)ဖြတ် စစ်နည်းဗျူဟာ ကိုကျင့်သုံးကာ ဗကပအမြစ်ပြတ်သည်အထိ ချေမှုန်းခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် တိုင်းတစ်တိုင်းလုံး အဖြူရောင်နယ်မြေဖြစ်လာခဲ့သည်။
ဖြတ် (၄) ဖြတ်ကာလအတွင်း ကျွန်တော်တို့ ကိုယ်တိုင်တစ်နေ့တာစားဖို့ဆန် ကိုယ်တိုင်သွား ထုတ်၊ ရွာလုံခြုံရေးအတွက် ခြံစည်းရိုးကာခြင်း၊ ညှောင့်ချွန်ဝါးချွန်ခြင်းများ လုပ်ခဲ့ရသည်။ ၁၉၇၀ ပြည့်နှစ်မှာ လှော်ကထားအလယ်တန်းကျောင်းကို ရောက်ပြီ။ အနောက်ရိုးမ တောင်ခြေတစ်ဝိုက်မှာတော့ တိုက်ပွဲများဖြစ်နေဆဲ။
ကျွန်တော့်အဖေရေးခဲ့သော ကဗျာလေးက ထိုအချိန်ကာလများကို ရည်ညွှန်းသလား၊ ထိုထက်စောပြီး ၁၉၅၆ ခုနှစ်ကာလ ဗကပနှင့် KNU ပူးပေါင်း၍ မဒညတဖွဲ့စည်းလှုပ်ရှားသည့် အချိန်ကာလဖြစ်နေမလား၊ ၁၉၆၈ ခုနှစ် ဗကပတို့၏ မြစ်ဝကျွန်းတိုင်းတည်ဆောက်ရေးစီမံချက် ချမှတ်ဖော်ဆောင်နေသော အချိန်ကာလဖြစ်နေမလား၊ မည်သို့ဆိုစေကာမူ ကျောင်းဆရာလည်းဖြစ်၊ ဒေသက ကလေးများ၏ ပညာရေးအခြေအနေကိုလည်း သိရှိထားသူလည်းဖြစ်နေသောကြောင့် ငယ်စဉ်မှာ ပညာမသင်ယူခဲ့လျှင် သူများ၏ နောက်လိုက်ပဲဖြစ်မှာ၊ သူများပြောသမျှခေါင်းညိတ်ရမှာ၊ လက်ညှိုးထောင်ခေါင်းညိတ်ဘဝကနေ မကျွတ်မလွတ်မှာကို စိုးရိမ်ပူပန်စိတ်ဖြင့် ရေးသားခဲ့ကြောင်း၊ ကျွန်တော်တို့ ကျောင်းသားတွေကို အာဂုံဆောင်ကျက်မှတ်စေခဲ့ကြောင်း နားလည်သဘောပေါက်ခဲ့ရသည်။
ခေါင်လန်ဖူးက မှာတမ်းစာ
ကျောင်းဆရာ၏ သားလည်းဖြစ်၊ တောသားလည်းဖြစ်၊ လေးမျက်နှာပရဟိတကျောင်းထွက်လည်းဖြစ်ခဲ့သည့် ကျွန်တော့်အနေဖြင့် တပ်မတော်သားဘဝမှာ တပ်မတော်တာဝန်ကို ထမ်းဆောင်ခဲ့ သော်လည်း နယ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းဘဝမှာတော့ မိမိမွေးရပ်မြေက ကလေးများ၏ ပညာရေးကိစ္စအဝဝအပြင် ရောက်လေရာဒေသက ကလေးများ၏ ပညာရေးကိုပါ စိတ်ဝင်စားခဲ့သည်။ လက်လှမ်းတမီကူညီနိုင်တာကို ကူညီခဲ့သည်။
ကျွန်တော်နတလမှာ တာဝန်ထမ်းဆောင်စဉ် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ ကားလမ်းဖောက်လုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်ကြီးကြပ်ခဲ့ရသည်။ မဂွေဇ-ခေါင်လန်ဖူးကားလမ်းကို လွယ်လွယ်နှင့်မဖောက်နိုင်ခဲ့ပါ။ ကြားထဲမှာ ပေပေါင်း ၇၇၀၀ ကျော်မြင့်သည့် ဆန်းလွတ်ချက် ကျောက်တောင်ကြီးလည်းရှိနေ၍ လေး/ ငါးနှစ်မက အချိန်ယူခဲ့ရသည်။
ဆန်းလွတ်ချက်တောင်ထိပ်ထိ ၃၃ မိုင် ၄ ဖာလုံ လမ်းတစ်ဝက်ပေါက်ပြီးနောက် မေခမြစ်နားအထိ ရောက်လာသောအခါ ကျန်ခရီးကို ဆိုင်ကယ်များစီး၍ ခေါင်လန်ဖူးအထိ ခရီးနှင်ခဲ့ကြသည်။ တစ်သက်မှာ တစ်ခါရောက်ဖို့ရာ ခက်ခဲလှသော မြို့ရွာများထဲမှာ ခေါင်လန်ဖူးလည်း ပါပေလိမ့်မည်။ ကျွန်တော်၏အဇ္ဈတ္တ သန္တာန်မှာကိုက ခဲရာခဲဆစ်သွားရသောနေရာဒေသများကို ပို၍ခင်တွယ်တတ်၊ သံယောဇဉ်ကြီးတတ်တာမျိုးရှိခဲ့သည်။ သည့်အတွက် ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ မက်မန်း၊ ဟိုမိန်း ဒေသတွေလိုနေရာမျိုးတွေကို အခေါက်ခေါက် အခါခါ ရောက်ဖူးခဲ့ရသည်။
ဆိုရသော်…..ခေါင်လန်ဖူးဒေသကိုရောက်ချိန်မှာ ကလေးများ၏ ပညာရေးအခြေအနေကို စေ့ငု လေ့လာမိသည်။ ရော်…….သည်ဒေသမှာ ခေါင်လန်ဖူး၊ ဇန်ယော့၊ ရှိန်းခေါင် အထကကျောင်းတွေရှိသည်။ ဤသို့ရှိနေလင့်ကစား အနှီကျောင်းသုံးကျောင်းထဲမှ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်ယောက်တလေမှ မအောင်မြင်ခဲ့တာ၊ ဘဲဥမကွဲခဲ့တာ ရှစ်နှစ်ခန့်ရှိနေ ပြီဆိုပဲ။ ဘာကြောင့်ပါလိမ့်၊ ဘာတွေလိုအပ်နေပါလိမ့်။
နီးစပ်ရာမြို့မိမြို့ဖတွေ၊ ကျောင်းသား ကျောင်းသူတွေကို မေးကြည့်၊ လေ့လာကြည့်တော့ စာမေးပွဲမအောင်မြင်ရခြင်း အချက်ငါးချက်လောက်ကို သွားတွေ့ရသည်။ နံပါတ်(၁)က လမ်းပန်း ဆက်သွယ်ရေးမကောင်းသောကြောင့် ပြဋ္ဌာန်းစာအုပ်၊ ပုံနှိပ်စာအုပ်တွေ အချိန်မီမရောက်။ လား၊ မြင်းများနှင့် အဆင့်ဆင့်သယ်ယူရသောကြောင့် သူများကျောင်းများထက် သုံးလလောက်နောက်ကျသည်။ နံပါတ် (၂) က လျှပ်စစ်မီးမရှိ၍ ညဘက်စာကြည့်ဖို့ခက်ခဲသည်။ ရေနံဆီ၊ ဖယောင်းတိုင်ဈေးကြီးသည်။ နံပါတ် (၃) က ရာသီဥတုက ရေခဲသောအရပ်ဒေသဖြစ်သည်။ အနွေးထည်ထူထူထဲထဲ မရှိလျှင် စာထဲကိုစိတ်မရောက်နိုင်အောင် အေးလွန်းလှသည်။ နံပါတ် (၄) အချက်က ပို၍အရေးကြီးဆုံးဖြစ်သည်။ ကလေးတိုင်းသည် မြို့ပေါ်က ကလေးများမဟုတ်ကြပါ၊ အဝေးရွာတွေကနေတောင် နှစ်လုံး၊ သုံးလုံးကျော်၍ လာတက်ကြရသည်။ ရှိသည့်နေရာ၊ လွတ်သည့်အိမ်မှာ တည်းခိုကြပြီး ချက်ပြုတ်စားသောက်ရင်း ကျောင်းတက်ကြရသည်။ တစ်ပတ်စာ သယ်လာသည့် ဆန်လေးတွေကုန်တော့ ရွာသို့ပြန်ပြီး ဆန်သယ်ကြရသည်။ ဆန်ပြန်သယ်ဖို့ရာ တစ်ပတ်မှာ အနည်းဆုံးတစ်ရက်ကျောင်းပျက်သည်။ နံပါတ် (၅) အချက်က ဆရာ ဆရာမများသည်လည်း ကိုယ့်ဒုက္ခနှင့်ကိုယ်စားရေးသောက်ရေး၊ ကျန်းမာရေး၊ သွားရေးလာရေးကိစ္စများ ခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရသဖြင့် သင်ထောက်ကူမလုပ်ပေးနိုင်ခဲ့ပါ။ အပိုချိန်တွေ မခေါ်နိုင်ခဲ့ပါ။ သူတို့ကိုလည်း အပြစ်တင်စရာမရှိ။
သည်အချက် ငါးချက်ထဲကအပေါ်က လေးချက်ကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီဖြေရှင်းမပေးနိုင်တော့ပြီလော၊ ဖြည့်ဆည်းမပေးနိုင်တော့ပြီလော။ ကျောင်းသုံးကျောင်းပေါင်းမှ ၁၀ တန်း ကျောင်းသား ၅၀ မပြည့်ပါ။ သူတို့အတွက် ဆိုလာမီး၊ စားစရာ၊ အနွေးထည်များ ထောက်ပံ့ပေးခြင်း၊ ပုံနှိပ်စာအုပ်တွေကို ကြိုတင်ပေးပို့ခြင်း မပြုနိုင်တော့ပြီလော။ သည်အချက်တွေကို အကြံပြုလို၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့သည်။ “ခေါင်လန်ဖူးကမှာတမ်းစာ”ဟူ၍…။ သည့်နောက်မှာတော့ တာဝန်ရှိသူတွေက ကျောင်းသုံးကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၆ ဦးကို ပူတာအိုမြို့သို့ ခေါ်ယူစုစည်းပြီး Camp သွင်း သင်ကြားပေးခဲ့ရာ ထိုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို သုံးယောက် အောင်မြင်ခဲ့ပါသည်။ နောင်နှစ်တွေလည်းဆက်၍ အောင်မြင်ကြကြောင်း သိရသည်။ ကျွန်တော်တတ်နိုင်သလိုပြုမိခဲ့သော ပညာဒါနတစ်ခု။
ပညာရေးထိခိုက်ခဲ့သော တိုင်းဧရာ
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အနောက်ခြမ်းဒေသများ၊ ရေကြည်မြို့နယ်နှင့် အင်္ဂပူမြို့နယ်အစွန် အဖျားနေရာများသို့ AA အကြမ်းဖက်သောင်းကျန်း သူများနှင့် PDF အချို့ ပူးပေါင်းဝင်ရောက်လာသောကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားခဲ့သလို ပညာသင်ကြားရေးဘက်မှာလည်း အားလုံးကမောက်ကမ ဖြစ်သွားခဲ့ရသည်။ လေးမျက်နှာမြို့နယ်အတွင်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၇၇ ကျောင်းရှိသည့်အနက် အနောက်ဘက်ခြမ်း ဒေသက ၆၈ ကျောင်းမှာ မဖွင့်နိုင်တော့ပါ။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသား စုစုပေါင်း ၁၉၅၈၇ ဦးရှိသည့်အနက် ၁၄၈၄၃ ဦးသာ ကျောင်းအပ်ခဲ့ပြီး အပ်နှံရန်ပျက်ကွက်သူ ၄၇၄၄ ဦး ထဲတွင် အနောက်ဘက်ခြမ်း ၁၉ အုပ်စုမှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၆၀၀ ခန့် ပါဝင်ပါသည်။ လေးမျက်နှာမြို့ပေါ်နှင့် အခြားဒေသများသို့ ပြောင်းရွှေ့သင်ယူခွင့်ရရှိသွားသော ကျောင်းသား ဦးရေမှာ ခန့်မှန်း ၁၉၈၉ ဦးခန့်သာရှိသဖြင့် ကျန်ကလေးများသည် ပညာသင်ယူခွင့်ဆုံးရှုံးသွားသည့်သဘောဖြစ်သည်။ တချို့က မိဘများ ယာယီစစ်ဘေးရှောင်ရာ၊ အလုပ်လုပ်ရာသို့ ပါသွားကြပေလိမ့်မည်။ ထားနိုင်သူများက ဆက်၍ထားကြမည်ဖြစ်သော်လည်း တော်တော်များများမှာ စာသင်ကျောင်းနှင့် ကင်းကွာသွားကြမည်မှာ မလွဲဧကန်ဖြစ် သည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။
ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိက
ဒေသတည်ငြိမ်အေးချမ်းဖို့လိုသည်။ ဒေသတည်ငြိမ်အေးချမ်းပါမှ စိုက်ပျိုးမွေးမြူရေး၊ ဒေသဝမ်းစာဖူလုံရေးတွေ အလေးပေးဆောင်ရွက်နိုင်မည်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မည်။ အထူးသဖြင့် ပညာရေးသည် နိုင်ငံတော်အတွက် တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သဖြင့် ပညာတတ်လူငယ်လူရွယ်များ ဆုံးရှုံးမသွားဖို့လိုအပ်ပါသည်။ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်။ ပြုစုပျိုးထောင်ပေးရမည်။ သည်အတွက် အားလုံးမှာ တာဝန်ရှိပါ သည်။
အနောက်ရိုးမတောင်ခြေနားမှာ ခိုအောင်းလှုပ်ရှားနေကြသော လက်နက်ကိုင်အဖွဲ့များအနေ ဖြင့်လည်း အမှောင်ခွင်းအလင်းဆောင်ကာ မှန်ကန်သော အသိအမြင်အတွေးအခေါ်တို့ဖြင့် လက်နက် ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်၊ ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ကြဖို့ တိုက်တွန်းလိုပါသည်။ နှစ်ပေါင်းများစွာ အေးချမ်းသာယာရှိခဲ့သော တိုင်းဧရာဝတီ၏ အလှတရားတို့ကို မဖျက်ဆီးမိစေဖို့ လိုပါသည်။ နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုအပေါ် အကြွင်းမဲ့ယုံကြည်အားထားပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကို လက်တွဲကူညီဆောင်ရွက်ကြရင်း ငြိမ်းချမ်းရေးပန်းခင်းထဲမှာ ပညာအလင်းရောင် ထွန်းညှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့။ ။

သန့်ရှင်းသောလေထုမှ စတင်သော ရာသီဥတုကာကွယ်ရေးဆီသို့ (ရာသီဥတုဆိုင်ရာလှုပ်ရှားမှုမှ ရရှိလာမည့် ပူးတွဲအကျိုးကျေးဇူးများ)
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းနှင့် လေထုညစ်ညမ်းမှုများကို ပိုမိုတွေ့ကြုံလာရပါသည်။ တစ်ချိန်က “ရာသီဥတု ပြောင်းလဲမှု”သည် ဝေးလံသော အနာဂတ်ပြဿနာတစ်ခုလို ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ပူပြင်းလာသော ရာသီဥတု၊ အသက်ရှူရခက်စေသော မီးခိုးမြူများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်သတိပေးနေပါသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “A Global Call for Climate Action - ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်း ပူးပေါင်းတိုက်ဖျက်ရန် နှိုးဆော်ထားခြင်းဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် ဆောင်ရွက်သောလုပ်ငန်းများသည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှု (Climate Action)ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲခြင်း၊ အများပြည်သူသုံးယာဉ်များအသုံးပြုခြင်း၊ အမှိုက်မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် လေထုညစ်ညမ်းမှု လျှော့ချခြင်းတို့သည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှု၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်ပါသည်။ ထို့အပြင် ရေကိုချွေတာသုံးစွဲခြင်း၊ ပလတ်စတစ် အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်း၊ သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းတို့သည်လည်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှုတွင် ပါဝင်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှု၏ အရေးကြီးသောအချက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရုံသာမက လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်ရရှိစေခြင်းဖြစ်ပါသည်။ ထိုအကျိုးကျေးဇူးများကို “ပူးတွဲအကျိုးကျေးဇူးများ (Co-benefits)”ဟု ခေါ်ဆိုပါသည်။
သက်တမ်းတို ရာသီဥတု ညစ်ညမ်းပစ္စည်းများ၏ အခန်းကဏ္ဍနှင့် လေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခု နီးကပ်စွာဆက်နွှယ်နေပါသည်။ ကားမီးခိုး၊ စက်ရုံမီးခိုး၊ အမှိုက်မီးရှို့ခြင်းနှင့် ထင်း၊ မီးသွေးအသုံးပြုခြင်းတို့မှ ထွက်ရှိသော ညစ်ညမ်းပစ္စည်းများသည် လေထုအရည်အသွေးကို ထိခိုက်စေရုံသာမက ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေပါသည်။
အထူးသဖြင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများ (Short-Lived Climate Pollutants – SLCPs) သည် ယနေ့ကမ္ဘာတွင် ပိုမိုအာရုံစိုက်လာရသော လေထုညစ်ညမ်းပစ္စည်းများဖြစ်ပါသည်။ ယင်းတို့သည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထက် သက်တမ်းတိုသော်လည်း ရာသီဥတုပူနွေးမှုအပေါ် ပြင်းထန်သောသက်ရောက်မှုများ ရှိနိုင်ပါသည်။ အဓိက သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများမှာ အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ (Black Carbon – BC)၊ မီသိန်း (Methane – CH4)၊ မြေပြင်အနီးရှိ အိုဇုန်း (Tropospheric Ozone – O3)နှင့် ဟိုက်ဒရိုဖလိုရိုကာဗွန်များ (Hydrofluoro-carbons – HFCs) တို့ ဖြစ်ပါသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများ၏ ထူးခြားသောအချက်မှာ ယင်းတို့သည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ နှစ်ရာချီမတည်ရှိဘဲ အချိန်တိုအတွင်းသာ တည်ရှိနေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အနက်ရောင် ကာဗွန်မီးခိုးအမှုန်များသည် လေထုထဲတွင် ရက်သတ္တပတ် အနည်းငယ်သာတည်ရှိနိုင်ပြီး အိုဇုန်းသည် နာရီပိုင်းမှ ရက်ပိုင်းအထိသာ တည်ရှိနိုင်ပါသည်။ မီသိန်းသည် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့် တည်ရှိနိုင်ပြီး ဟိုက်ဒရိုဖလိုရိုကာဗွန်အချို့ မှာ ၁၅ နှစ်ခန့်အထိ တည်ရှိနိုင်ပါသည်။ ထို့ကြောင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများကို လျှော့ချနိုင်ပါက လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ပါသည်။
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များသည် ထင်း၊ မီးသွေး၊ ဒီဇယ်အင်ဂျင်၊ အမှိုက်မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကဲ့သို့ လောင်စာများ မပြည့်စုံစွာ လောင်ကျွမ်းရာမှ ထွက်ရှိသော အလွန်သေးငယ်သည့် မီးခိုးအမှုန်များ ဖြစ်ပါသည်။ ယင်းသည် Particulate Matte 2.5 (PM2.5)၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းပိုင်းအထိ အလွယ်တကူဝင်ရောက်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် နေရောင်ခြည်အပူကို စုပ်ယူနိုင်သောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေပါသည်။
မီသိန်း
မီသိန်းသည် အမှိုက်ပုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိပြီး လေထုထဲတွင် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့် တည်ရှိနိုင်ပါသည်။ ယင်းသည် နှစ် ၁၀၀ ကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထက် အပူဖမ်းယူနိုင်စွမ်း (Global Warming Potential - GWP) ၂၈ ဆခန့် ပိုမိုမြင့်မားပြီး နှစ် ၂၀ ကာလတိုအတွင်းတွင်မူ အဆ ၈၀ ကျော်အထိ ပိုမိုပြင်းထန်သော အပူဖမ်းယူနိုင်စွမ်းရှိပါသည်။ ထို့အပြင် မီသိန်းသည် မြေပြင်အနီးရှိ အိုဇုန်းဖြစ်ပေါ်လာစေရန်လည်း အထောက်အကူပြုသောကြောင့် လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှု နှစ်ခုစလုံးအတွက် အရေးကြီးသော ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်ပါသည်။
မြေပြင်အနီးရှိ အိုဇုန်း
မြေပြင်အနီးရှိ အိုဇုန်းသည် ယာဉ်မီးခိုးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသောဓာတ်ငွေ့များ နေရောင်ခြည်နှင့် ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းပစ္စည်းဖြစ်ပါသည်။ ယင်းသည် လေထုအတွင်း နာရီပိုင်းမှ ရက်ပိုင်းအထိ တည်ရှိနိုင်ပြီး နေပူပြင်း၍ လေထုငြိမ်သက်သော အခြေအနေများတွင် သီတင်းပတ်အနည်းငယ်အထိ ဆက်လက်တည်ရှိနိုင်ပါသည်။ လေထုအတွင်း အချိန်တိုသာ တည်ရှိသော်လည်း လူသားတို့၏ ကျန်းမာရေး၊ သဘာဝအပင်များနှင့် သီးနှံအထွက်နှုန်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါသည်။
ဟိုက်ဒရိုဖလိုရိုကာဗွန်များ
ဟိုက်ဒရိုဖလိုရိုကာဗွန်များသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် အအေးပေးစနစ်များတွင် အသုံးပြုသော ဓာတ်ငွေ့များဖြစ်ပါသည်။ ယင်းတို့သည် လေထုထဲတွင် ၁၅ နှစ်ခန့် တည်ရှိနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထက် ကမ္ဘာ့ပူနွေးမှုအလားအလာ (GWP) အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုမြင့်မားသောအစွမ်းထက် မှန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ပါသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများသည် လေထုထဲတွင် သက်တမ်းတိုသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုအပေါ် တစ်ပြိုင်နက် သက်ရောက်မှုရှိသော အရေးကြီးသည့် ညစ်ညမ်းပစ္စည်းများဖြစ်ပါသည်။ အထူးသဖြင့် အနက်ရောင် ကာဗွန်မီးခိုးအမှုန်များသည် WHO Global Air Quality Guidelines တွင် ပါဝင်သော အရေးကြီးသည့် လေထုအရည်အသွေး Parameter တစ်ခုဖြစ်သည့် PM2.5 ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Methane သည် လေထုထဲတွင် ဓာတုတုံ့ပြန်မှုများမှတစ်ဆင့် အိုဇုန်းဖြစ်ပေါ်မှုကို အားပေးသော အကြိုဓာတ်ပစ္စည်း (Precursor) တစ်ခုဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အမှိုက်မီးရှို့ခြင်းနှင့် လောင်စာမပြည့်စုံစွာ လောင်ကျွမ်းမှုတို့မှ ထွက်ရှိသော သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများကို လျှော့ချခြင်းသည် PM2.5 နှင့် အိုဇုန်းကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော အရေးကြီးသည့် လေထုညစ်ညမ်းပစ္စည်းများကို လျော့နည်းစေပြီး မိမိတို့နိုင်ငံ၏ အခြေခံလေထု အရည်အသွေးကောင်းမွန်လာစေရန် တိုက်ရိုက်အထောက်အကူပြုနိုင်ပါသည်။
ထိုသို့ လျှော့ချနိုင်ခြင်းကြောင့် လေထုအတွင်း PM2.5 နှင့် မြေပြင်အနီးရှိ အိုဇုန်း (O3) ပမာဏများ လျော့နည်းလာကာ ၎င်းတို့ကြောင့် ဖြစ်ပွားနိုင်သော ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပြင် လေဖြတ်နိုင်ခြေကိုပါ တိုက်ရိုက်လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများကို ထိရောက်စွာလျှော့ချခြင်းသည် လေထုအရည်အသွေးကို မြှင့်တင်ပေးရုံသာမက လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းတို့အတွက်ပါ တစ်ပြိုင်နက် အကျိုးရှိစေသော ရာသီဥတုဆိုင်ရာလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုမှ ရရှိလာမည့် အဓိက ပူးတွဲအကျိုးကျေးဇူးများ
(က) လေထုအရည်အသွေး ပိုမိုကောင်းမွန်လာခြင်း- PM2.5၊ အနက်ရောင်ကာဗွန် မီးခိုးအမှုန်များနှင့် မြေပြင်အနီးရှိ အိုဇုန်း (O3) တို့ကို လျှော့ချခြင်းဖြင့် မီးခိုးမြူငွေ့များ လျော့နည်းလာကာ လေထုသည် ပိုမိုသန့်ရှင်းလာပါသည်။ ထို့ကြောင့် မြို့ပြဒေသများတွင် အမြင်အာရုံကြည်လင် ရှင်းလင်းမှုကောင်းမွန်လာပြီး လူသားများ၏ လူမှုဘဝအရည်အသွေးလည်း တိုးတက်လာနိုင်ပါသည်။
(ခ) လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ - သန့်ရှင်းသောလေထုသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးပါသည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကို အကောင်အထည်ဖော်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်နိုင်ခြေများ လျော့ကျစေနိုင်ပြီး ကျန်းမာရေးစရိတ်များကိုလည်း သက်သာစေနိုင်ပါသည်။ ထို့အပြင် မီးခိုးနည်းမီးဖိုများနှင့် သန့်ရှင်းသော ချက်ပြုတ်မှုနည်းပညာများကို အသုံးပြုခြင်းဖြင့် အိမ်တွင်း လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ပါသည်။
(ဂ) စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အကျိုးကျေးဇူးများ - ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများသည် စီးပွားရေးနှင့် စိုက်ပျိုးရေးကဏ္ဍများအတွက်လည်း အရေးကြီးသော အကျိုးကျေးဇူးများရရှိစေပါသည်။ လူသားများ ကျန်းမာလာသောကြောင့် အလုပ်ပျက်ကွက်မှုလျော့နည်းလာပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းများ တိုးတက်လာနိုင်ပါသည်။ ထို့အပြင် မြေပြင်အနီးရှိ အိုဇုန်းလျော့နည်းလာပါက သီးနှံများ ပျက်စီးမှုလျော့နည်းလာပြီး စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုပါသည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းဖြစ်ပေါ်မှုများကို လျှော့ချနိုင်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်ပါသည်။
လူတစ်ဦးချင်းစီမှ စတင်ဆောင်ရွက်နိုင်သော ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများ
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုသည် ကြီးမားသော စီမံကိန်းများမှသာ စတင်ရမည့်အရာမဟုတ်ပါ။ မိမိအိမ်၊ မိမိရုံးနှင့် မိမိရပ်ကွက်အတွင်းမှ စတင်နိုင်သော လုပ်ဆောင်ချက်များစွာရှိပါသည်။
- အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။
- စွမ်းအင်ချွေတာပြီး LED မီးနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများ အသုံးပြုပါ။
- လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံးယာဉ်များ အသုံးပြုပါ။
- သစ်ပင်စိုက်ပျိုးပြီး သစ်တောများ ထိန်းသိမ်းပါ။
- အမှိုက်များကို စနစ်တကျ ခွဲခြား စွန့်ပစ်ပြီး 3R စနစ်ဖြစ်သော လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်အသုံးချခြင်းတို့ကို ကျင့်သုံးပါ။
- ထင်းနှင့် မီးသွေးအစား သန့်ရှင်းသော ချက်ပြုတ်နည်းပညာများ အသုံးပြုပါ။
- ရေကို ချွေတာသုံးစွဲပါ။
- လေထုအရည်အသွေး စောင့်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ။
- ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုအကြောင်း အသိပညာများ မျှဝေပါ။
ထိုသို့သော သေးငယ်သည့် လုပ်ဆောင်ချက်တစ်ခုချင်းစီသည် လူအများစု ပူးပေါင်းပါဝင်လာသောအခါ လေထုအရည်အသွေးကောင်းမွန်ရေး၊ လူသားတို့၏ ကျန်းမာရေးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် ကြီးမားသောအကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုသည် အစိုးရများနှင့် အဖွဲ့အစည်းများ၏ တာဝန်သာမက လူတိုင်း၏ နေ့စဉ်ဘဝတွင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်းဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးအတွက်သာမက ကျွန်ုပ်တို့၏ ကျန်းမာရေး၊ မိသားစုဘဝ၊ စီးပွားရေးနှင့် အနာဂတ်မျိုးဆက်များအတွက်ပါ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါသည်။ သန့်ရှင်းသော လေထုရရှိရေးအတွက် လုပ်ဆောင်မှုတိုင်းသည် ရာသီဥတုကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာသောလူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်ပါသည်။
ယနေ့ ကျွန်ုပ်တို့ ရှူရှိုက်နေသော လေထုအရည်အသွေးကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် မနက်ဖြန်၏ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုသည့် စိတ်ဓာတ်ဖြင့် လူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော်တင်ပြပါသည်။
“သန့်ရှင်းသောလေထုမှ စတင်သော ရာသီဥတုဆိုင်ရာလှုပ်ရှားမှု တိုင်းသည် ကျန်းမာသော လူ့အသိုင်းအဝိုင်းနှင့် သာယာလှပသော ကမ္ဘာကြီးကို ဖန်တီးပေးနိုင်ပါသည်။”
ကျမ်းကိုးစာရင်း
World Health Organization (WHO) – Air Pollution and Health, Black Carbon and Health Effects
Climate and Clean Air Coalition (CCAC) – Short-Lived Climate Po-llutants (SLCPs)
Climate and Clean Air Coalition (CCAC) – Black Carbon Sources and Impacts
UNEP/CCAC Global Methane Assess-ment (2021)
United States Environmental Pro-tection Agency (U.S. EPA) – Ground-level Ozone Pollution
World Meteorological Organization (WMO) – Greenhouse Gases and Climate Change
IPCC (2023). AR6 Synthesis Report: Climate Change 2023. Intergovern-mental Panel on Climate Change.

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး အကျိုးဆက်အနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှံးမှုများ ဖြစ်ပေါ်ကာ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်း ကျဆင်းလာပါသည်။ ယနေ့ခေတ်တွင် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ဓာတ်မြေဩဇာအပေါ် အလွန်အကျွံမှီခိုအသုံးပြုမှုကို လျှော့ချရန် သဘာဝမြေဩဇာကို အစားထိုးအသုံးပြုလာကြပါသည်။
သဘာဝမြေဩဇာအထူးသဖြင့် သစ်စိမ်းမြေဩဇာက မြေဆီလွာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများကို ကောင်းမွန်စေပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုကိုလည်း တိုးတက်လာစေပါသည်။ ထို့အပြင် အပင်အတွက် လိုအပ်သောအာဟာရဓာတ်များကို သဘာဝနည်းလမ်းဖြင့် ဖြည်းဖြည်းချင်း ထောက်ပံ့ပေးနိုင်သောကြောင့် ရေရှည်စိုက်ပျိုးရေးအတွက် အကျိုးရှိစေပါသည်။
သစ်စိမ်းမြေဩဇာဆိုသည်မှာ အပင်ကြီးထွားဆဲအခြေအနေတွင် ရိတ်သိမ်းပြီး စိုက်ပျိုးမြေအတွင်းသို့ ထည့်သွင်းပေးခြင်း သို့မဟုတ် အစိမ်းရောင်ရှိနေဆဲအပင်များကို စိုက်ပျိုးမြေအတွင်း ထယ်ထိုးမြှုပ်နှံ၍ ထည့်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါနည်းကို တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ၁၉၇၀ ပြည့်လွန်နှစ် ကာလများက ဧက ၁၀ သန်းအထိ စိုက်ပျိုးဆောင်ရွက်ခဲ့ပါသည်။
သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုသောအပင်များသည် အမြစ်နက်နက်ဆင်းရန် လိုအပ်သည်။ သို့မှသာ မြေဆီလွှာ၏အောက်ပိုင်းတွင်ရှိနေသော အာဟာရဓာတ်များကို စုပ်ယူနိုင်မည်ဖြစ်ပြီး အစာနှင့် ရေလိုအပ်မှုလည်း နည်းရမည်။ အပင်လျင်မြန်စွာကြီးထွားပြီး ပင်ပိုင်းအလေးချိန်များများရရှိရမည်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သော သီးနှံပင်အမျိုးအစားများတွင် ချေဖျက်ရန်ခက်ခဲသော အမျှင်ဓာတ်များ ပါဝင်မှုနည်းမှသာလျှင် လျင်မြန်စွာဆွေးမြည့်နိုင်မည်။ လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်မှုမြင့်ရမည်။ အဓိက အရေး အကြီးဆုံးမှာ မိမိရေမြေဒေသနှင့် သင့်တော်သော၊ ပေါက်ရောက်နိုင်သော အပင်ဖြစ်ရန် လိုအပ်ပါသည်။
နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်သော ဗက်တီးရီးယားများက သစ်စိမ်းမြေသြဇာပင်များ၏ ပင်စည်နှင့်အမြစ်များတွင် ပါရှိနေတတ်ပြီး သစ်စိမ်းမြေသြဇာကို အသုံးပြုမည်ဆိုပါက သီးနှံပင်လိုအပ်သော နိုက်ထရိုဂျင်ပမာဏကို ကာလတိုအတွင်း ရရှိစေနိုင်သည်။ အဓိကအားဖြင့် သစ်စိမ်းမြေဩဇာကို မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်းဖြင့် မြေဆီဩဇာထက်သန်စေနိုင်သော အာဟာရပြည့်ဝသော သစ်ဆွေး ဓာတ်ကိုရရှိနိုင်ပြီး စိုက်ပျိုးသီးနှံပင်များအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးနိုင်ခြင်းပင်ဖြစ်သည်။ သစ်စိမ်း မြေဩဇာများအဖြစ် ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲအမျိုးမျိုး၊ ပိုက်ဆံလျှော်၊ ညံပင်၊ မြေပြန့်ချယ်ရီ၊ ဘောစကိုင်း၊ ဒန့်ကျွဲ စသည်တို့ကို အသုံးပြုနိုင်သည်။
ပိုက်ဆံလျှော်ပင်
ပိုက်ဆံလျှော်ပင်သည် ဆွေးမြည့်လွယ်ခြင်း၊ သက်တမ်းတိုခြင်း၊ စိုက်ပျိုးရာတွင် အထူးတလည် မြေပြင်ရန် မလိုအပ်ခြင်း၊ ပေါင်းနှိမ်နင်း နိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုကို သက်သာစေခြင်း၊ မြစ်ဖုရောဂါ ဖြစ်စေသော နီမတုတ်များကို နှိမ်နင်းပေးခြင်း စသည့်အကျိုးများရရှိ စေသည့်အတွက် တောင်သူများ အများအပြား စိုက်ပျိုးလျက်ရှိသည်။
နေကြာရိုင်း
နေကြာရိုင်းသည် ချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပေါက်ရောက်လွယ်သော အပင်ဖြစ်သည်။ မြေအမျိုးအစား အများအပြားတွင် ပေါက်ရောက်နိုင်သည်။ အမြင့် (၅၅၀-၁၉၅၀) မီတာ၊ ပျမ်းမျှအပူချိန် ၁၅-၃၁ စင်တီဂရိတ်၊ ပျမ်းမျှမိုးရေချိန် ၁၀၀ -၂၀၀၀ မီလီမီတာအတွင်း စိုက်ပျိုးနိုင်သည်။ အပင်ကြီးထွားမှုလျင်မြန်ခြင်း၊ နေရာဒေသမရွေး ပေါက်ရောက်နိုင်ခြင်း၊ ပင်ပိုင်းအလေးချိန် ပမာဏများခြင်းတို့ကြောင့် မြေဆီလွှာအာဟာရ ထက်သန်စေရေးအတွက် အသုံးပြုသည်။ အစေ့သို့မဟုတ် ကိုင်းဖြတ်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။
ဘောစကိုင်း
ဘောစကိုင်းကို ၁၉ ရာစု အလယ်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံတွင် အများအပြားစိုက်ပျိုးခဲ့သည်။ ကြီးထွားမှုလျင်မြန်ခြင်းကြောင့် လက်ဖက်၊ ကော်ဖီနှင့် ကိုကိုးသီးနှံများ စိုက်ပျိုးရာတွင် အရိပ်ရအပင်နှင့် သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးကြသည်။ ဘောစကိုင်းပင်၏အရိပ်သည် စိုက်ပျိုးထားသောသီးနှံ၏ ကြီးထွားမှုကို ထိခိုက်နိုင်ခြင်းမရှိပါ။ ထို့အပြင် တိရစ္ဆာန်အစာအဖြစ်အသုံးပြုမည်ဆိုပါက အာဟာရဓာတ်များစွာပါဝင်သည်။ အကိုင်းအခက်များအား စွမ်းအင်ရရှိရေးအတွက်လည်း အသုံးပြုနိုင်သည်။
ဘောစကိုင်းပင်သည် မြေဆီသြဇာထက်သန်မှုကိုဖြစ်စေသည်။ တောင်စောင်းဒေသများတွင် မြေဆီလွှာရေတိုက်စားခံရမှု သက်သာစေရန် သော်လည်းကောင်း၊ အပူပိုင်းဒေသများတွင် လေတိုက်စားခြင်းမှ ကာကွယ်ရန်သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ခြောက်သွေ့ခြင်းကို ခံနိုင်ရည်ရှိသည်။ အမြစ်ရှည်လျားစွာဆင်းနိုင်သဖြင့် မြေအောက်လွှာတွင်ရှိသော အစာနှင့်ရေကို စုပ်ယူနိုင်စွမ်းရှိသည်။ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။
မြေပြန့်ချယ်ရီ
မြေပြန့်ချယ်ရီသည် ပဲမျိုးနွယ်ဖြစ်ပြီး အပင်အမြင့်မှာ ၁၀ မီတာ အထိရောက်ရှိနိုင်ကာ အရွယ်အစားမှာ စိုက်ပျိုးသည့်ပတ်ဝန်းကျင် ရာသီဥတုအရ ပုံမှန်ကိုင်းဖြတ်ပေးသည့် အခြေအနေပေါ်မူတည်၍ ၁၅ မီတာထိ ကြီးထွားနိုင်ပါသည်။ နိုက်ထရိုဂျင် ဖမ်းယူနိုင်မှုကောင်းပြီး ပုံမှန်အားဖြင့် စိုက်ပြီး သုံးလအတွင်း ရိုက်ဇိုဘီယမ်အဖုများ ဖြစ်ပွားသည်ကို တွေ့ရပါသည်။ မူရင်းဒေသဖြစ်သော မက္ကဆီကိုနှင့် အမေရိကအလယ်ပိုင်းတို့တွင် ကော်ဖီနှင့်ကိုကိုးပင်များအတွက် အရိပ်ရပင်အဖြစ် စိုက်ပျိုးခဲ့ကြသည်။ အာရှနိုင်ငံများသို့ ၁၆၀၀ ပြည့်နှစ်ခန့်မှစ၍ ကော်ဖီနှင့် လက်ဖက်အရိပ်ရပင်အဖြစ် စိုက်ပျိုးရန်တင်သွင်းလာခဲ့သည်။ အပူပိုင်းဒေသတွင် စိုက်ပျိုးနိုင်ပြီး ကြီးထွားမှုလျင်မြန်သော အပင်ကြီးမျိုး ဖြစ်သည်။
အမြစ်များတွင် မြစ်ဖုများ ဖြစ်ပေါ်မှုရှိပြီး လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သည်။ မြေချဉ်ငန်ကိန်း (pH) (၄.၅ မှ ၆.၅) အတွင်း စိုက်ပျိုးနိုင်သည်။ မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀ မီတာ မြင့်သောဒေသများတွင် အရွက်အထွက်နှုန်းကောင်းကိုရရှိသည်။ အစေ့မှသော်လည်းကောင်း၊ အကိုင်းဖြတ်၍သော်လည်းကောင်း မျိုးပွားနိုင်သည်။ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက အပိုင်းအစသေးများအဖြစ်သို့ ဖြတ်တောက်ပေးရမည်။
သစ်စိမ်းမြေသြဇာများကို ထည့်သွင်းပြီးနောက် ဆွေးမြည့်စေရန် သီးနှံမစိုက်ပျိုးမီ ထားရသောအချိန်သည် ထည့်သွင်းသော သစ်စိမ်းမြေသြဇာအမျိုးအစားနှင့် ရာသီဥတုအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ ပူနွေးစိုစွတ်သောရာသီဥတုတွင် ဆွေးမြည့်မှုလျင်မြန်မည်ဖြစ်သည်။ အချို့သော စိမ်းစိုနူးညံ့သည့်အပင်များအတွက်မူ ထည့်သွင်း၍ ထယ်မွှေပြီးသည်နှင့်တစ်ပြိုင်နက် သီးနှံများကို စိုက်ပျိုးနိုင်သည်။ အတော်အတန်မာသော အပင်များအတွက်မူ ဆွေးမြည့်စေရန် လုံလောက်သောအချိန် လိုအပ်ပါသည်။ ထို့အပြင် စပါးကဲ့သို့ ရေလွှမ်းစိုက်ပျိုးရသော အပင်များအတွက် စောင့်ဆိုင်းရချိန်သည် ပြောင်းနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ ရေလွှမ်းခြင်းမရှိဘဲ စိုက်ပျိုးသောသီးနှံများအတွက် စောင့်ဆိုင်းရချိန် ကွာခြားမှုရှိနိုင်ပါသည်။
သစ်စိမ်းမြေသြဇာများက သီးနှံပင်များအတွက်လိုအပ်သော နိုက်ထရိုဂျင်ကို အချိန်တိုအတွင်း ရရှိစေနိုင်ခြင်း၊ မြေယာပြုပြင်ရန် အထူးတလည်မလိုအပ်ခြင်းစသည့် အားသာချက်များရှိပါသည်။ သို့သော် စိုက်ပျိုးရန်အတွက် လုံလောက်သော အချိန်လိုအပ်ခြင်း၊ မြေ၊ ရေစသည့် အရင်းအမြစ်များကို အသုံးပြုရခြင်း၊ အထူးသဖြင့် မျိုးအလွယ် တကူဝယ်ယူ၍ မရရှိနိုင်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းစသည့် အခက်အခဲများရှိနေသည်။ ထို့အပြင် အပင်ကောင်းစွာပေါက်ရောက်ရန်နှင့် ဆွေးမြည့်စေရန်အတွက် အစိုဓာတ်လိုအပ်သည်။ ရေသွင်းစိုက်ပျိုးနိုင် သောနေရာများ၊ ဓာတ်မြေသြဇာ အလွယ်တကူဝယ်ယူထည့်သွင်းပေးနိုင်သော နေရာများတွင်မူ သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်းက စီးပွားရေးတွက်ခြေမကိုက်ဘဲရှိနိုင်သည်။ အချို့သောအင်းဆက်ပိုးမွှားများနှင့် နီမတုတ်များအတွက် ခိုအောင်းရာနေရာ ဖြစ်စေနိုင်ပါသည်။
သစ်စိမ်းမြေသြဇာများထည့်သွင်းခြင်းဖြင့် အာဟာရများရေနှင့်အတူ ဆုံးရှုံးမှုများကိုကာကွယ်နိုင်ပြီး နိုက်ထရိုဂျင်အား တဖြည်းဖြည်းထုတ်လွှတ်ပေးသဖြင့် သီးနှံပင်၏ လိုအပ်ချက်နှင့်ကိုက်ညီစေသည်။ အမြစ်နက်နက်ဆင်းနိုင်သဖြင့် မြေအောက်လွှာတွင်ရှိသော အာဟာရများကိုစုပ်ယူပြီး အပေါ်ယံလွှာသို့ ရောက်ရှိစေသည်။ သီးနှံပင်အတွက် ထည့်သွင်းပေးလိုက်သော အာဟာရများကို စုပ်ယူထားသဖြင့် ရေနှင့် စီးဆင်းပျောက်ဆုံးခြင်းမှ ကာကွယ်နိုင်သည်။
မြေသားတည်ဆောက်မှုကောင်းမွန်စေသည်။ ရေထိန်းစွမ်းအားကောင်းမွန်စေသည်။ ရေစိမ့်ဝင်မှု အားကောင်းစေသည်။ တိုက်စားမှုကို လျှော့ချပေးနိုင်သည်။ သစ်စိမ်းမြေဩဇာအပင်များကို စိုက်ပျိုးအသုံးပြုခြင်းသည် စိုက်ပျိုးမြေများ၏ အရည်အသွေးကို ရေရှည်ထိန်းသိမ်း၍ ထုတ်လုပ်နိုင်စွမ်းအား တည်တံ့စေမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။

၂၀၂၆ ခုနှစ်တွင် El Nino (အယ်လ်နီညို) ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းနေကြပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်ထက် ပိုမိုပူနွေးလာခြင်းဖြစ်ပါသည်။ ထိုအပူတိုးလာမှုကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံများ ပြောင်းလဲသွားပါသည်။ အယ်လ်နီညိုဖြစ်လာသောအခါ တချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ တချို့ဒေသများတွင် ရေကြီးခြင်း၊ အပူလှိုင်းများဖြစ်ခြင်း၊ စိုက်ပျိုးရေးထိခိုက်ခြင်း၊ မြေဆီလွှာအတွင်း ရေအရင်းအမြစ်လျော့နည်းလာနိုင်ခြင်း၊ အပင်ဖျက်ပိုးမွှားနှင့် ရောဂါများတိုးပွားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
၂၀၂၆–၂၀၂၇ ခုနှစ်တွင် ဖြစ်နိုင်သော အယ်လ်နီညိုအကျိုးသက်ရောက်မှုများ
(က) အပူချိန်မြင့်တက်လာခြင်း
ဒေသအများစုတွင် နွေရာသီပိုပူလာခြင်း၊ စိုက်ပျိုးသီးနှံများ အပူဒဏ်ခံရခြင်း၊ တိရစ္ဆာန်များအပူဖိအား၊ ပြင်းအားပိုမိုခံရနိုင်ခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုမြင့်တက်လာနိုင်ခြင်း၊ ပင်ငွေ့ရေငွေ့ပြန်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ၂၀၂၆ သို့မဟုတ် ၂၀၂၇ သည် သမိုင်းတစ်လျှောက်အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါသည်။
(ခ) မိုးခေါင်ရေရှားမှု
အယ်လ်နီညိုဖြစ်သောအခါ အများအားဖြင့် အရှေ့တောင်အာရှ၊ သြစတြေးလျ၊ အိန္ဒိယအချို့ဒေသ၊ အာဖရိကတောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ပါသည်။ ထို့ကြောင့် သီးနှံအထွက် လျော့နည်းနိုင်ခြင်း၊ ရေရှားပါးနိုင်ခြင်း၊ သဘာဝမြက်ခင်းပြင်များ ပျက်စီးနိုင်ခြင်း၊ သိုလှောင်ရေနည်း၍ ရေအားလျှပ်စစ်ထုတ်လုပ်မှုထိခိုက်နိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
(ဂ) ရေကြီးခြင်းနှင့်မြေပြိုခြင်း
တချို့ဒေသများတွင် မိုးအလွန်အကျွံရွာနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။
(ဃ) စိုက်ပျိုးရေးအပေါ် သက်ရောက်နိုင်မှု
အယ်လ်နီညိုကြောင့် မြေဆီလွှာအစိုဓာတ်လျော့နည်းလာနိုင်ခြင်း၊ ရေသွင်းစိုက်ပျိုးရေးစနစ် ခက်ခဲလာနိုင်ခြင်း၊ မျိုးစေ့အပင်ပေါက်နှုန်းကျဆင်းလာနိုင်ခြင်း၊ ပန်းပွင့်နှင့် အသီး၊ အစေ့များပြားမှု ထိခိုက်လာနိုင်ခြင်း၊ သီးနှံအရည်အသွေးကျဆင်းလာနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ အပူချိန်မြင့်လာမှုကြောင့် ပိုးမွှားများပိုများလာနိုင်ခြင်း၊ မိုးမမှန်မှုကြောင့် အပင်မှိုရောဂါများ ပိုဖြစ်လာနိုင်ခြင်း၊ နို့စားနွားများနို့ထွက်နှုန်းနှင့် မွေးဖွားနှုန်း ကျဆင်းလာနိုင်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။
စိုက်ပျိုးရေးအတွက် အရေးကြီးသော ကြိုတင်ပြင်ဆင်မှုများ
၁။ ရေစီမံခန့်ခွဲမှု
ရေကိုချွေတာ၍ သိုလှောင်ထားခြင်း၊ ရေသွင်းမြောင်းများပြုပြင်ထားခြင်း၊ အစက်ချရေသွင်းစနစ်ကဲ့သို့ ရေချွေတာနည်းများအသုံးပြုခြင်း၊ လယ်ကန်သင်းများ တည်ဆောက်ထားခြင်း၊ ရွာသွန်းသော မိုးရေစုဆောင်းထားခြင်း။
၂။ သီးနှံရွေးချယ်ခြင်း
ရွေးချယ်သင့်သော သီးနှံများမှာ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများ၊ သက်တမ်းတိုမျိုးများ၊ အပူဒဏ်ခံ နိုင်သောမျိုးများ စသည်တို့ဖြစ်ပါသည်။ ရှောင်ရှားသင့်သော သီးနှံများမှာ ရေလိုအပ်ချက် အလွန်များသော သီးနှံများဖြစ်ပါသည်။
၃။ စိုက်ချိန်ပြောင်းလဲခြင်း
မိုးမခေါင်မီ ပထမမိုးနှင့် စောစီးစွာစိုက်ပျိုးထားခြင်း (နောက်မိုးလိုက်မလာက ဘာဆက်လုပ်မလဲ စသည့် စွန့်စားရမှုတော့ရှိပါသည်)၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုမီဒီယာများထံမှ ရာသီဥတုခန့်မှန်းချက်များကို အမြဲစောင့်ကြည့်နေခြင်းတို့ဖြစ်ပါသည်။
၄။ မြေဆီလွှာထိန်းသိမ်းခြင်း
မြေဖုံးခြင်းနှင့် ယင်းပစ္စည်းများအသုံးပြုခြင်း၊ မြေဖုံးသီးနှံများစိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှု သက်သာစေသော ထွန်ယက်စနစ်၊ မထွန်ယက်ဘဲစိုက်ပျိုးခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ထည့်သွင်းခြင်းတို့က မြေတွင်းအစိုဓာတ်ကို ထိန်းထားပေးနိုင်ပါသည်။
၅။ မွေးမြူရေးအတွက် ပြင်ဆင်မှု
အစာခြောက်များ ကြိုတင်သိုလှောင်ထားခြင်း၊ အရိပ်နှင့်အေးမြသောနေရာများ စီစဉ်ထားခြင်း၊ သောက်ရေစနစ် သေချာစွာပြင်ဆင်ထားခြင်း တို့ပြုလုပ်ပေးပါ။
၆။ ပိုးမွှားနှင့် ရောဂါစောင့်ကြည့်ခြင်း
အပူချိန်မြင့်လာသောအခါ သီးနှံပင်များတွင် ငမြှောင်တောင် (Armyworm)၊ ပျ (Aphid)၊ ယင်ဖြူ (Whitefly) ကဲ့သို့ ပိုးမွှားများ ပိုများလာနိုင်ပါသည်။ ထို့ကြောင့် ဖျက်ပိုးများကျရောက်မှုကြိုတင်ခန့်မှန်း နည်းစနစ်များ (Early Warning System Forecast) များ အလွန်အရေးကြီးလာပါသည်။
စာရေးသူ၏အတွေး
အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲမှုဆိုသည် ပါဝင်သော မိုးလေဝသပညာ (Meteorology) ၊ ရာသီဥတုပညာ (Climatology) စသည်တို့မှာကမ္ဘာ့နိုင်ငံများအားလုံး စိုက်ပျိုး၊ မွေးမြူရေးသာမက ကုန်း၊ ရေ၊ လေ၊ ပင်လယ်ပြင်ပါမကျန် ခရီးသွားလာမှု၊ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ အားလုံးနှင့်သက်ဆိုင်သော၊ အရေးကြီးသော ပညာရပ်ကြီးဖြစ်နေ၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းများတွင် ခေတ်နှင့်အညီ လေ့လာ၊ သင်ယူ၊ သုတေသနပြုလုပ်ရမည့် ဘာသာရပ်ကြီးဖြစ်နေပါသည်။
ထိုဘာသာရပ်ကြီးအောက်မှာမှ စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology) ကို နိုင်ငံတိုင်းတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်ကြား၊ သင်ယူ၊ သုတေသနပြုပညာရပ်များ ဖြန့်ဝေပေးလျက်ရှိနေပါသည်။
စံနမူနာတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံသည် တက္ကသိုလ်၊ ကောလိပ်၊ ပိုလီနည်းပညာ ကျောင်းများရှိ သင်ရိုးညွှန်းတမ်းများကို နှစ်စဉ်မဟုတ်တောင်မှ ၂-၃ နှစ်တစ်ကြိမ် သူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပြောင်းလဲလာသော နည်းပညာအသစ်များကို လွတ်လပ်စွာ၊ လွယ်ကူစွာပြောင်းလဲ၊ သင်ကြားသုတေသနပြုလျက်ရှိနေပါသည်၊
ယခုကြားသိရသည့် သတင်းအရ ၂၀၂၇ ခုနှစ်မှစတင်၍ အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များအားလုံး ဉာဏ်ရည်တုနည်းပညာ (AI – Artificial Intelligence) ဘာသာရပ်ကို သင်ကြား၊ သင်ယူ၊ သုတေသနပြုရမည်ဟူ၍ ကြိုတင်ကြေညာထားပါသည်။ တစ်နည်းအားဖြင့် အဆင့်မြင့်ပညာကို သင်ကြား၊ သင်ယူရင်းဘွဲ့လွန်(မဟာသိပ္ပံ၊ ပါရဂူ) သုတေသနများ (MSc/ PhD Postgraduate Research)ပါ တွဲလုပ်ပြီးဖြစ်နေပါသည်။
စင်ကာပူတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၂၀၂၇ ခုနှစ်တွင် ဉာဏ်ရည်တုပညာ လေ့လာ၊ သင်ယူရမည့်ကြေညာချက်
စိုက်ပျိုးရေးအတွက် အချို့နည်းပညာအသစ်များ ဥပမာ - ရေကိုချွေတာပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများ အပင်မျိုးမွေးမြူထုတ်လုပ်ပြီး တောင်သူစိုက်ကွင်းများတွင် လက်တွေ့စမ်းသပ်ဖြန့်ဝေပေးခြင်း (စိုက်ပျိုးရေးတက္ကသိုလ်၊ သုတေသနဌာနများတွင် လက်တွေ့ဘွဲ့လွန်သုတေသနများ လုပ်နေသည်ထင်ပါသည်)၊ ခေတ်မီရေသွင်းနည်း စနစ်များဖြစ်သည့် ရေပန်းစနစ်ရေပေးနည်း၊ အစက်ချစနစ်ဖြင့် ရေပေးနည်းများ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော အရေးကြီးသီးနှံများကို စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဘာသာရပ်များ သင်ကြား၊ သုတေသနပြုပေးနေသောတက္ကသိုလ်၊ သုတေသနဌာနများတွင် ကြိုတင်စမ်းသပ်သုတေသန စတင်ပြုလုပ်လျှင် ကောင်းမလားဟူ၍ အတွေးဝင်နေမိပါသည်။
ဩစတြေးလျနိုင်ငံ၏ ပြည်နယ်တိုင်းတွင် ဘာသာရပ်စုံသင်ကြားနေသောနာမည်ကြီး ကမ္ဘာကျော် တက္ကသိုလ်များတွင် စိုက်ပျိုးရေးပညာ၊ အင်ဂျင်နီယာပညာများက တက္ကသိုလ်တစ်ကျောင်းတည်းတွင် တည်ရှိနေခြင်း၊ ခရက်ဒစ်ယူနစ်စနစ် (Credit-Unit System) ဖြင့် စိတ်ဝင်စားရာဘာသာရပ်ပေါင်းစုံလေ့လာ၊ ဘွဲ့ရရှိရန်အတွက် ကြိုက်ရာဘာသာတွဲဖက်သင်ယူ (Cross-enrollment)၊ သုတေသနပြုနိုင်ခြင်း၊ ကြီးကြပ်ဆရာများကလည်း တွဲဖက်ကြီးကြပ်နိုင်ခြင်း စသည့်အားသာချက်များစွာရှိပါသည်၊ အလားတူ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင် စသည့် နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း ထိုကဲ့သို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက္ကသိုလ်ကျောင်းတစ်ကျောင်းတွင် ဥပမာ - မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေ၊ ဟားခါး၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့ရှိ တက္ကသိုလ်တစ်ကျောင်းတည်း စိုက်ပျိုးမွေးမြူရေး ကောလိပ်/အဆင့်မြင့်ကျောင်းနှင့် မဟာဌာနအဆင့်- အင်ဂျင်နီယာမဟာဌာနများ (ကျောင်းသား ကျောင်းသူ ၃၀ ခန့် လက်တွေ့တစ်ခန်းစာ၊ လေ့လာရေးသွားလျှင် ကားတစ်စီးစာ) စိုက်ပျိုးရေး၊ အင်ဂျင်နီယာပညာများ တွဲဖက်သင်ကြား၊ သုတေသနပြုခွင့်ရပါက ထိုဒေသရှိ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီနေသော သီးနှံများ၊ ရေသွင်းနည်းစနစ်များ၊ စက်ဖြင့် ထွန်ယက်၊ စိုက်ပျိုးရိတ်သိမ်း၊ ခြွေလှေ့နည်းများပါမကျန် လက်တွေ့စိုက်ပျိုးနေသော တောင်သူ၊ လယ်သမား၊ ယာသမားဦးကြီးများအတွက် တိုက်ရိုက် အထောက်အကူများ ဖြစ်လာမည်လားဟူ၍ ထပ်မံတွေးတောနေမိပါသည်။ ။

မြန်မာနိုင်ငံသည် မုန်တိုင်းများဖြတ်ကျော်ဝင်ရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် မိုးခေါင်ခြင်း စသောသဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူမှုစီးပွားကို များစွာထိခိုက်မှုများဖြစ်စေသည်သာမက လူတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာကို သေကျေပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လေ့ရှိသဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများမှာ လွန်စွာအရေးကြီးလှသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် သဘာဝဘေး အန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များအား လူမှုစီးပွားရေးနယ်ပယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ လျှော့ချရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် အထောက်အကူပြုစေရန် ဆောင်ရွက်လျက်ရှိသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နေ့စဉ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်၊ နေ့စဉ်ပင်လယ်ပြင်ခရီးနှင့် လေကြောင်းမိုးလေဝသ ခန့်မှန်းချက်များ၊ ထူးခြားမိုးလေဝသ အခြေအနေများ၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်သတိပေးချက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ခြင်း၊ ၁၀ ရက်ပတ်နှင့် လပတ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များ၊ မိုးရာသီကာလ ယေဘုယျခန့်မှန်းချက်၊ မိုးဦး/ မိုးလယ်/ မိုးနှောင်းကာလခန့်မှန်းချက်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်၊ အယ်လ်နီညို/ လာနီညာအခြေအနေသတင်း၊ မြေငလျင်သတင်းနှင့် ဆူနာမီသတင်းထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခန့်မှန်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်မှပေးပို့လာသော အိမ်နီးချင်းနိုင်ငံများ၏မြေပြင်မိုးလေဝသ အချက်အလက်များနှင့် အထက်လေကြောင်း တိုင်းထွာချက်များ၊ မြန်မာနိုင်ငံအတွင်း မိုးလေဝသတိုင်းတာရေး စခန်းများနှင့် အလိုအလျောက် မိုးလေဝသတိုင်းတာရေးစခန်းမှ အချိန်နှင့်တစ်ပြေးညီ တိုင်းထွာရရှိသည့် တိကျသောမြေပြင် မိုးလေဝသ အချက်အလက်များ၊ အထက်လေကြောင်း တိုင်းထွာချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသော ဒေသတွင်းမိုးလေဝသ အထူးပြုစင်တာကြီးများမှ ခန့်မှန်းချက်များကို အသုံးပြု၍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသအချက်အလက်များကို အသုံးပြုထားသော သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် အင်္ဂလန်နိုင်ငံရှိ European Centre for Medium-Range Weather Forecasts (ECMWF) မော်ဒယ်၊ အမေရိကန်နိုင်ငံရှိ National Hurricane Center မှ Global Forecasting Model (GFS) များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဌာနပိုင် Weather Research and Forecasting (WRF) မော်ဒယ်များဖြင့် တွက်ထုတ်ရရှိလာသော မုန်တိုင်းလမ်းကြောင်းအသီးသီးတို့ကို အသုံးပြု၍ မြန်မာ့ကမ်းရိုးတန်းဒေသ အပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေး စခန်းများမှ တိုင်းတာရရှိသော ခိုင်မာသော မှတ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်၊၊
ထို့ပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့၌ မုန်တိုင်းပြရေဒါများ တပ်ဆင်ထားရှိကာ မုန်တိုင်းခန့်မှန်းခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များဖြင့် တိမ်ပုံများဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် လေ့လာဆန်းစစ်ခြင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိုးလေဝသတိုင်းထွာရေး စခန်းများမှလည်း တစ်နာရီလျှင် တစ်ကြိမ်နှုန်းဖြင့် မြေပြင်မိုးလေဝသအခြေအနေများအားတိုင်းတာ၍ နေပြည်တော် (ရုံးချုပ်)သို့ အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ အိန္ဒိယ နိုင်ငံရှိ ဒေသဆိုင်ရာ အထူးမိုးလေဝသ ခန့်မှန်းရေးဗဟိုဌာနမှလည်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်သည့် ၎င်းတို့ထုတ်ပြန်ထားသော ထူးခြားသည့်အခြေအနေနှင့် မုန်တိုင်းသတင်းများကို Gmail ဖြင့်လည်းကောင်း၊ Whatsapp ဖြင့်လည်းကောင်း ပေးပို့ခြင်းများကိုအခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်နိုင်ရန်အတွက် နေပြည်တော် (ရုံးချုပ်)၌ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန တည်ထောင်ကာ ၂၄ နာရီအချိန်ပြည့်စောင့်ကြည့်၍ ခန့်မှန်းချက်၊ သတင်းနှင့်သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ပြင် သဘာဝဘေးလျော့ပါးစေရန်အတွက် မုန်တိုင်း၏ အရှိန်ကြောင့် မိုးရွာသွန်းနိုင်မှုအခြေအနေ၊ မုန်တိုင်း၏ လက်ရှိလမ်းကြောင်းနှင့် ခန့်မှန်းချက်လမ်းကြောင်းကိုပါ ထည့်သွင်းဖော်ပြပေးကာ မုန်တိုင်းသတိပေးချက်၊ သတိပေးနှိုးဆော်ချက်များနှင့် အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်၊၊ ထိုသို့ခန့်မှန်းရာတွင် သင်္ချာပုံစံပြုမော်ဒယ်များသည် လက်ရှိပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော ရာသီဥတု၊ မိုးလေဝသအခြေအနေကို အခြေခံ၍ တွက်ချက်ထားသည်။ လေထု၊ ရေထုအခြေအနေများမှာအချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခန့်မှန်းချက်များသည် ရက်ဝေးလွန်းပါက မသေချာ၊ မရေရာမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသုံးပြုသော သင်္ချာပုံစံပြုမော်ဒယ်၊ တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် မှတ်တမ်းအချက်အလက်များအပေါ် မူတည်ပြီး အချိန်နှင့်အလိုက် မုန်တိုင်းလမ်းကြောင်းအမျိုးမျိုး ပြောင်းလဲနိုင်ကြောင်းကိုလည်း သိရှိထားရန် လိုအပ်သည်။
ယခုအချိန်ကာလသည် သတင်းအချက်အလက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလဖြစ်သည့်အတွက် မုန်တိုင်းကာလများတွင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာအချက်အလက်များ၊ ခန့်မှန်းချက်များအား ဆိုရှယ်မီဒီယာ၊ Web Page များမှတစ်ဆင့် လွယ်ကူစွာရယူပြီး တိကျမှန်ကန်မှုမရှိသော ခန့်မှန်းချက်များကို ပြည်သူများထံသို့ လွယ်ကူစွာရေးသားဖော်ပြခြင်း၊ လွယ်ကူစွာဖျက်သိမ်းပစ်ခြင်းတို့ကို တွေ့ရှိနေရသည်။ ပြည်သူများ စိုးရိမ်ထိတ်လန့်စေမည့် ကောလာဟလသတင်းများ၊ နိုင်ငံတကာမှ မုန်တိုင်းနှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ မှားယွင်းယူဆချက်များဖြင့် ရေးသားမှုများကိုလည်း တွေ့ရှိနေရသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားခြင်းမရှိသော လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်သည့် ဆိုရှယ်မီဒီယာ၊ Web Page များမှ အချက်အလက်များဖြင့်သာ အလွတ်သဘောရေးသား ဖော်ပြနေခြင်းမှာ ပြည်သူလူထုအတွက် “ဆေးမဖြစ်စေဘဲ ဘေးဖြစ်စေနိုင်” သည်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်မည်ဖြစ်သည်။
ခိုင်မာမှန်ကန်သေချာသော ခန့်မှန်းချက်များဖြစ်ပါက ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည်ဖြစ်သော်လည်း မှန်ကန်သေချာမှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံရောက်ရှိသွားမည်ဆိုပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ကာ အစားအသောက်၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲအနေဖြင့် မလိုလားအပ်သော ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ငွေကုန်ကျမှုများစွာ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထုတ်ပြန်ချက်၊ သတိပေးချက်များနှင့် ဆက်စပ်၍ ဆိုရှယ်မီဒီယာများမှ အလွတ်သဘောထုတ်ပြန်ချက်များကို အပြည့်အဝယုံကြည်မှုမပြုကြဘဲနိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များကိုသာ ယုံကြည်စွာစောင့်ကြည့်သင့်သည်။ ထို့ပြင် ပြည်သူများအနေဖြင့် တိကျမှန်ကန်သေချာစွာ ထုတ်ပြန်ပေးနေသည့် နိုင်ငံတော်မှတရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရယူပြီး လိုက်နာဆောင်ရွက်သင့်သည်။ သို့မှသာ တရားမဝင် ကောလာဟလများကို ရှောင်ရှားနိုင်ပြီး မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူလျက် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိ ပေးချက်များ၊ ခန့်မှန်းချက်/အခြေအနေ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။
ထို့ပြင် သက်ဆိုင်ရာလုပ်ငန်း/ဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ပြည်သူလူထုကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် ဌာန၏တရားဝင် ဝက်ဘ်ဆိုက်နှင့်ဖေ့ဘွတ်များမှ ထုတ်လွှင့်ခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ MRTV-4 ရေဒီယို၊ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြဝတီသတင်းစာ၊ ရတနာပုံသတင်းစာ၊ New Light of Myanmar တို့မှတစ်ဆင့် ပြည်သူလူထုထံသို့ အချိန်မီရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သတိပေးချက်/ခန့်မှန်းချက်များကို အလိုအလျောက်ဖြေကြားသည့် စနစ်နှင့် လက်ကိုင်ဖုန်းများသို့ သတင်းတိုပေးပို့ခြင်းစနစ် (Short Message Service - SMS) တို့ဖြင့် ပေးပို့ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံ၏ တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသော မိုးလေဝသအထူးပြု ဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာစောင့်ကြည့်သင့်သည်။ ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအလိုက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းနိုင်စေရေး အထူးသတိပြုဂရုစိုက်ဆောင်ရွက်ရန်လိုအပ်သည်။ သို့မှသာ တရားမဝင်ကောလာဟလများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တားဆီး၍မရနိုင်သော်လည်း ကြိုတင်သတိပြုခြင်း၊ ခန့်မှန်းချက်၊ သတိပေးချက်နှင့် အကြံပြုချက်များကို လိုက်နာခြင်းနှင့် အချိန်မီတုံ့ပြန်ဆောင်ရွက်ခြင်းတို့သည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် အဓိကကျသောအချက်များဖြစ်သည်။ ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးအတွက် ခန့်မှန်းချက်များ၊ ကြိုတင်သတိပေးချက်များနှင့် အကြံပြုချက်များကို သိရှိနားလည်ကြပြီး ကြိုတင်သတိပြုစောင့်ကြည့်၍ ဘေးကင်းနိုင်စေဖို့ကို အထူးသတိပြု ဂရုစိုက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ကြိုတင်သတိပြုဆင်ခြင်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။

လူသားတို့၏ လူနေမှုစနစ်သည် ကျေးလက်မှသည် မြို့ပြသို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့ကြရာ ယနေ့ကမ္ဘာတွင် မြို့ပြများသည် နိုင်ငံတစ်ခု၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဗဟိုချက်များ ဖြစ်လာခဲ့သည်။ မြို့ပြတစ်ခု၏ ဂုဏ်သိက္ခာကို တိုင်းတာရာတွင် ခန့်ညားထည်ဝါသော အဆောက်အအုံများ၊ ကျယ်ပြောသော လမ်းမကြီးများဖြင့်သာမက ထိုမြို့ပြ၏ သန့်ရှင်းသပ်ရပ်မှု၊ လတ်ဆတ်သောလေထုနှင့် စနစ်ကျသော အမှိုက်သိမ်းဆည်းမှုစနစ်တို့အပေါ်တွင်လည်း များစွာမူတည်နေပါသည်။ “မြို့သာယာမှ လူကျန်းမာမည်” ဆိုသည့်အတိုင်း မြို့ပြအလှနှင့် မြို့ပြရနံ့ကို ထိန်းသိမ်းခြင်းသည် မြို့နေပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။
မြို့ပြအလှဆိုသည်မှာ ပန်းခြံများ၊ လမ်းဘေးဝဲယာရှိ သစ်ပင်ပန်းမန်များ သာယာလှပနေရုံမျှမကဘဲ မြို့ပြ၏အင်္ဂါရပ်များကို အမှိုက်သရိုက်များက ဖုံးလွှမ်းမနေစေရန် တားဆီးခြင်းလည်းဖြစ်ပါသည်။ စနစ်မဲ့စွန့်ပစ်ထားသော အမှိုက်များသည် မြို့ပြ၏အလှအပကို ဖျက်ဆီးရုံသာမက လမ်းသွားလမ်းလာ ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် လမ်းမကြီးများပေါ်တွင် အမှိုက်များကင်းစင်နေစေရန် နေ့စဉ်လှည်းကျင်းခြင်း၊ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များကို ဖယ်ရှားခြင်းတို့ဖြင့် မြို့ပြ၏ ရုပ်ပိုင်းဆိုင်ရာအလှအပကို ထိန်းသိမ်းပေးနေရပါသည်။
ရနံ့ကောင်းသောမြို့ပြ
မြို့ပြရနံ့ဆိုသည်မှာ မြို့ပြအတွင်းရှိ လေထုအရည်အသွေးကို ဆိုလိုခြင်းဖြစ်ပါသည်။ အမှိုက်များ အချိန်မီမသိမ်းဆည်းနိုင်ခြင်း၊ ပုပ်သိုးအမှိုက်များ လမ်းဘေးတွင်ပုံနေခြင်းတို့သည် အနံ့ဆိုးများကိုဖြစ်ပေါ်စေပြီး မြို့ပြ၏ဂုဏ်သိက္ခာကို ကျဆင်းစေပါသည်။ ထိုအနံ့ဆိုးများက စိတ်ပိုင်းဆိုင်ရာ မကြည်လင်မှုကို ဖြစ်စေရုံသာမက ရောဂါပိုးမွှားများပြန့်ပွားရာ အရင်းအမြစ်လည်းဖြစ်လာပါသည်။ ထို့ကြောင့် “ရနံ့ကောင်းသောမြို့ပြ” တစ်ခုဖြစ်ရန်အတွက် အမှိုက်များကိုစုပုံမထားဘဲ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားနိုင်သည့်စနစ်တစ်ခုသည် မရှိမဖြစ်လိုအပ်ပါသည်။
ယနေ့ခေတ်တွင် လူဦးရေထူထပ်လာမှုနှင့်အတူ အမှိုက်ထွက်ရှိမှုပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါသည်။ ပလတ်စတစ်သုံးစွဲမှု များပြားလာခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်မှုအားနည်းခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းတို့သည် အဓိကစိန်ခေါ်မှုများဖြစ်ပါသည်။ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ထွက်ရှိသောအမှိုက်များကို စနစ်တကျမစီမံနိုင်ပါက မြို့ပြ၏ ရေစီးရေလာစနစ်ကိုပါ ထိခိုက်စေပြီး မိုးရာသီတွင် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
အမှိုက်ကင်းစင်သော မြို့ပြတစ်ခုဖြစ်ရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမှိုက်ကိုစနစ်တကျထုပ်ပိုး၍ သတ်မှတ်ချိန်၊ သတ်မှတ်နေရာတွင် စွန့်ပစ်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့များက ခေါင်းလောင်းတီးစနစ် သို့မဟုတ် အမှိုက်ပုံးစနစ်ဖြင့် အချိန်မီသိမ်းဆည်းခြင်းနှင့် သိမ်းဆည်းရမိသော အမှိုက်များကို သတ်မှတ်ထားသော အမှိုက်ကန်ကြီးများသို့ပို့ဆောင်၍ မြေမြှုပ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းတို့ကို ပတ်ဝန်းကျင်မထိခိုက်အောင် ဆောင်ရွက်ရပါသည်။
ဒေသတွင်းနိုင်ငံများ၏ မြို့ပြသန့်ရှင်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဖြစ်ရပ်များကို လေ့လာရာတွင် ဗန်ကောက်စည်ပင် (BMA) သည် အမှိုက်သိမ်းယာဉ်များတွင် GPS စနစ် တပ်ဆင်ရုံတင်မကဘဲ အမှိုက်ပုံကြီးများတွင် Sensors များတပ်ဆင်ကာ အမှိုက်ပြည့်/မပြည့်ကို စောင့်ကြည့်ပြီး ပြည်သူများအတွက် "BKK Connect" Mobile App ကို အသုံးပြုစေပြီး မိမိတို့ရပ်ကွက်အတွင်း အမှိုက်မသိမ်းရသေးပါက ဓာတ်ပုံရိုက်၍ တိုင်ကြားနိုင်သည့်စနစ်ကို ကျင့်သုံးပါသည်။ ထိုသို့နည်းပညာကို အသုံးပြု၍ ပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းကြား တိုက်ရိုက်ထိတွေ့မှု ဖန်တီးခြင်းသည် မြို့ပြသန့်ရှင်းရေးကို ပိုမိုမြန်ဆန်စေကြောင်း တွေ့ရှိရပါသည်။
မျိုးဆက်သစ်လူငယ်များ၏ အလေ့အထကို ပြောင်းလဲပေးခြင်း
ဗီယက်နမ်နိုင်ငံ၏ အသန့်ရှင်းဆုံးမြို့ဟု တင်စားရသော ဒါနန်း (Da Nang) မြို့သည် အမှိုက်ကင်းစင်ရေးတွင် ပြည်သူ့အားကို ထိရောက်စွာအသုံးချပါသည်။ ဒါနန်းမြို့သည် "Environmental City" မူဝါဒကိုချမှတ်ကာ အိမ်ထောင်စုတိုင်းကို အမှိုက်ခွဲခြားစွန့်ပစ်ရန် တင်းကျပ်သောစည်းကမ်းများ ထုတ်ပြန်ထားပါသည်။ ထူးခြားချက်မှာ ကျောင်းနေကလေးငယ်များကို “အမှိုက်မှငွေဖော်ခြင်း” အစီအစဉ်များဖြင့် ငယ်စဉ်ကတည်းက အမှိုက်ခွဲခြားတတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ အိမ်တွင်းထွက် ပုပ်သိုးအမှိုက်များကို သဘာဝမြေသြဇာပြုလုပ်ရန် စည်ပင်က နည်းပညာနှင့်ကိရိယာများ ထောက်ပံ့ပေးပါသည်။ ထို့ကြောင့် မြို့ပြအလှကိုထိန်းသိမ်းရာတွင် အုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုသာမက မျိုးဆက်သစ်လူငယ်များ၏ အလေ့အထကိုပြောင်းလဲပေးခြင်းက ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိစေပါသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းမြို့သည် ၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာ့အဆင့်မီ တင်းကျပ်သော အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စတင်ခဲ့ပါသည်။ အမှိုက်ကို အမျိုးအစားလေးမျိုး မီးဖိုချောင်အမှိုက်၊ အကြွင်းကျန်အမှိုက်၊ ပြန်လည်အသုံးပြုနိုင်သောအမှိုက်နှင့် အန္တရာယ်ရှိအမှိုက်ဟူ၍ မဖြစ်မနေခွဲခြားရပါသည်။ အကယ်၍ စနစ်တကျမခွဲခြားဘဲစွန့်ပစ်ပါက လူပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ ကြီးလေးသော ဒဏ်ငွေများချမှတ်ပါသည်။ ထို့ပြင် AI နည်းပညာသုံးကင်မရာများကိုအသုံးပြု၍ စည်းကမ်းမဲ့အမှိုက်ပစ်သူများကို စောင့်ကြည့်အရေးယူပါသည်။ ထို့ကြောင့် မြို့ပြတစ်ခု အမှိုက်ကင်းစင်ရန်အတွက် ပညာပေးရုံတင်မကဘဲ ထိရောက်ပြီး တင်းကျပ်သော ဥပဒေစိုးမိုးမှုသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း သင်ခန်းစာရရှိစေပါသည်။
“အမှိုက်သည်ရတနာ” ဟူသော ဆောင်ပုဒ်အတိုင်း အမှိုက်အားလုံးကို စွန့်ပစ်စရာအဖြစ် မမြင်ဘဲ ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများကို ဖော်ဆောင်သင့်ပါသည်။ Recycle အနေဖြင့် ပလတ်စတစ်၊ စက္ကူနှင့် သံတိုသံစများကို ပြန်လည်အသုံးချခြင်း၊ Composting အနေဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးခွံများကဲ့သို့ ပုပ်သိုးလွယ်သော အမှိုက်များကို သဘာဝမြေသြဇာအဖြစ် ပြောင်းလဲခြင်းတို့ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အမှိုက်ပုံကြီးများတွင် စွန့်ပစ်ရမည့်ပမာဏကို လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်ပါ သည်။
မြို့ပြသန့်ရှင်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုကဏ္ဍတွင် အရှေ့ဥရောပနိုင်ငံများဖြစ်ကြသည့် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် ၎င်းတို့၏ ထူးခြားသောနည်းလမ်းများဖြင့် အောင်မြင်မှုရရှိနေသည်ကို တွေ့ရပါသည်။ သူတို့၏အတွေ့အကြုံများက ကျွန်တော်တို့မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများအတွက် များစွာအထောက်အကူပြုနိုင်ပါသည်။ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် မြို့ပြအမှိုက်ပြဿနာကို ဖြေရှင်းရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အမှိုက်များကို မြေမြှုပ်စွန့်ပစ်မည့်အစား ခေတ်မီအပူပေးစက်ရုံကြီးများတွင် လောင်စာအဖြစ်အသုံးပြုကာ တစ်မြို့လုံးအတွက် လိုအပ်သောအပူစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပါသည်။ ဤစနစ်ကြောင့် မြို့ပြအနီးတစ်ဝိုက်တွင် အမှိုက်ပုံကြီးများ ဖြစ်ပေါ်လာမှုကို ထိရောက်စွာတားဆီးနိုင်ခဲ့ပါသည်။
ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ် အမှိုက်သိမ်းယာဉ်များတွင် အဆင့်မြင့်အာရုံခံကိရိယာများနှင့် ကင်မရာများတပ်ဆင်ထားပြီး ဗဟိုထိန်းချုပ်ရေးခန်းမှနေ၍ အမှိုက်သိမ်းဆည်းမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပါသည်။ အကယ်၍ အမှိုက်ပုံးတစ်ခုပြည့်နေသော်လည်း လာရောက်သိမ်းဆည်းခြင်းမရှိပါက တာဝန်ရှိသူကို ချက်ချင်းအရေးယူသည့်စနစ် ကျင့်သုံးပါသည်။ ထို့ကြောင့် အမှိုက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ်မမြင်ဘဲ “စွမ်းအင်အရင်းအမြစ်” အဖြစ် ပြောင်းလဲနိုင်ခြင်းနှင့် နည်းပညာဖြင့် တိကျစွာထိန်းချုပ်ခြင်းသည် မြို့ပြအလှကို ရေရှည်တည်တံ့စေကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ဘယ်လာရုစ်နိုင်ငံသည် အမှိုက်ပြန်လည်အသုံးပြုခြင်းကဏ္ဍတွင် အလွန်စနစ်ကျသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ဘယ်လာရုစ်တွင် အိမ်ထောင်စုတိုင်းသည် အမှိုက်ကို မခွဲခြားဘဲ စွန့်ပစ်ခွင့်မရှိပါ။ အထူးသဖြင့် ဖန်ပုလင်း၊ စက္ကူနှင့် ပလတ်စတစ်များကို သီးခြားစီခွဲထုတ်ရန်အတွက် ရပ်ကွက်တိုင်းတွင် အရောင်ခွဲထားသော အမှိုက်ပုံးများကို ထားရှိပေးပါသည်။ အစိုးရကလည်း ထိုသို့ခွဲခြားစွန့်ပစ်ခြင်းအတွက် အခွန်အခလျှော့ပေါ့ပေးခြင်း သို့မဟုတ် အကျိုးခံစားခွင့်များ ပြန်လည်ပေးအပ်ခြင်းဖြင့် ပြည်သူ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ သိမ်းဆည်းရမိသော ပြန်လည်အသုံးပြုနိုင်သည့် အမှိုက်များကို ပြည်တွင်းရှိ စက်ရုံများသို့ တိုက်ရိုက်ပို့ဆောင်ကာ ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုပါသည်။ ဤသို့ဖြင့် သဘာဝသယံဇာတထုတ်ယူမှုကို လျှော့ချရုံသာမက အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုပါ ဖန်တီးပေးပါသည်။ ထို့ကြောင့် အမှိုက်ကင်းစင်ရေးသည် စည်ပင်သာယာ၏တာဝန်သာမက စက်မှုလုပ်ငန်းရှင်များနှင့် ပြည်သူလူထုပါ ပါဝင်သည့် "Circular Economy" (အလေအလွင့်မရှိ သယံဇာတပတ်လမ်းစီးပွားရေး) တစ်ခုဖြစ်ရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။
အစိမ်းရောင်မြို့ပြ
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ နမူနာများအတိုင်း ကျွန်တော်တို့နိုင်ငံတွင်လည်း အမှိုက်အားလုံးကို စွန့်ပစ်စရာအဖြစ်မမြင်ဘဲ ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများကို ဖော်ဆောင်ရပါမည်။ ရုရှားနှင့် ဘယ်လာရုစ်တို့ကဲ့သို့သော ခေတ်မီနည်းပညာများကို လေ့လာအတုယူကာ ကျွန်တော်တို့၏ မြို့ပြအင်္ဂါရပ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် သာယာလှပကာ အနံ့အသက်ကင်းစင်သော “အစိမ်းရောင်မြို့ပြ” (Green City) ကြီးများကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ အနံ့အသက်ကင်းစင်သော မြို့ပြဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
အမှိုက်ကင်းစင်သော ဝန်းကျင်ဖန်တီးရေးတွင် စည်ပင်သာယာရေးအဖွဲ့များ၏ ကြိုးပမ်းမှုထက်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုအရေးကြီးပါသည်။
“မိမိအိမ်ရှေ့၊ မိမိလမ်းသန့်ရှင်းရေး” ကို ကိုယ်စီတာဝန်ယူတတ်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ပါသည်။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အမှိုက်ကို အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်းတို့သည် မြို့ပြအလှကို ထိန်းသိမ်းရာတွင် အခြေခံအကျဆုံး လုပ်ရပ်များဖြစ်ပါသည်။
ခေတ်မီလာသော ကမ္ဘာကြီးတွင် Smart Waste Management စနစ်များကို အသုံးပြုလာကြပြီဖြစ်ပါသည်။ အမှိုက်ပုံးများတွင် အာရုံခံကိရိယာများ တပ်ဆင်ခြင်း၊ GPS စနစ်ဖြင့် အမှိုက်ကားများကို စောင့်ကြည့်ခြင်းနှင့် Mobile App များမှတစ်ဆင့် တိုင်ကြားစာများကို ဖြေရှင်းခြင်းတို့သည် မြို့ပြသန့်ရှင်းရေးကို ပိုမိုမြန်ဆန်ထိရောက်စေပါသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများတွင်လည်း ဤကဲ့သို့သော နည်းပညာများကို တဖြည်းဖြည်းမိတ်ဆက်အသုံးချခြင်းဖြင့် “စမတ်စီးတီး (Smart City)” ဆီသို့ လှမ်းတက်နိုင်မည်ဖြစ်ပါသည်။
မြို့ပြအလှ၊ မြို့ပြရနံ့နှင့် အမှိုက်ကင်းစင်သော ပတ်ဝန်းကျင်သည် ကျွန်တော်တို့အားလုံး၏လက်ထဲတွင် ရှိပါသည်။ သန့်ရှင်းသပ်ရပ်သော မြို့ပြတစ်ခုကို တည်ဆောက်ခြင်းသည် ဂုဏ်သိက္ခာရှိသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ မြို့ပြသန့်ရှင်းရေးသည် ဝန်ထမ်းများ၏အလုပ်သက်သက်မဟုတ်ဘဲ မြို့နေလူတန်းစားအားလုံး၏ ယဉ်ကျေးမှုစံနှုန်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ထိရောက်သောဝန်ဆောင်မှုပေးရန်၊ ပြည်သူများအနေဖြင့် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများကို စနစ်တကျ အသုံးချရန်ဟူသော အချက်သုံးချက်ကို ဟန်ချက်ညီညီဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သားများအတွက် သာယာလှပကာ အနံ့အသက်ကင်းစင်သော “အစိမ်းရောင်မြို့ပြ” (Green City) ကြီးများကို လက်ဆင့်ကမ်းအမွေပေးနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ Bangkok (BMA)၊ Bangkok Smart City Action Plan (2020-2025) - အမှိုက်သိမ်းစနစ်တွင် GPS နှင့် IOT (Internet of Things) အသုံးပြုမှုအကြောင်း။
၂။ Vietnam (Da Nang)၊ Da Nang Environmental City Project - "Environmental City" မူဝါဒနှင့် ပြည်သူလူထုပါဝင်မှု စံပြပုံစံ။
၃။ Shanghai: Shanghai Municipal Solid Waste Management Regulation (2019) - အမှိုက် (၄) မျိုးခွဲခြားခြင်းနှင့် တင်းကျပ်သော ဒဏ်ကြေးစနစ်။
၄။ Russia (Moscow)၊ Ecological Strategy of Moscow to 2030 - အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း (Waste-to-Energy) နှင့် Smart Monitoring စနစ်။
၅။ Belarus: National Strategy for Sustainable Development of the Republic of Belarus - Circular Economy နှင့် ပြန်လည်အသုံးပြုခြင်း (Recycling) မူဝါဒ။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်းပါး
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည် သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်စေရန်ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့” (Acting Locally for Global Impact)” ဖြစ်သည်။ “ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှစတင်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၏ အသေးစား လုပ်ဆောင်မှုများသည် ကမ္ဘာလုံးဆိုင်ရာဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်” ဟူ၍ ဆိုလိုခြင်းဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ
ကမ္ဘာပေါ်ရှိ သစ်တောများ၊ ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ အပင်မျိုးစုံနှင့် မျိုးရိုးဗီဇအရ အမျိုးမျိုးကွဲပြားသော သက်ရှိများအားလုံးကို “ဇီဝမျိုးစုံမျိုးကွဲ” (Biodiversity) ဟုခေါ်ဆိုသည်။ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲပေါင်း (အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း) ၈ ဒသမ ၇ သန်းခန့်ရှိပြီး ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ်များ၏ ၈၀ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၇၅ ရာခိုင်နှုန်းနှင့် နို့တိုက်သတ္တဝါမျိုးစိတ်များ၏ ၆၈ ရာခိုင်နှုန်းသည် သစ်တောများအတွင်း ရှင်သန်နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ဟိမဝန္တာတောင်စဉ်တောင်တန်းဒေသများတွင် ပါဝင်နေသည်သာမက အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်ဒေသတို့အတွင်း ထိစပ်ပါဝင်နေသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများစွာကြွယ်ဝပြီး သဘာဝအပင်မျိုးစိတ်များနှင့် သတ္တဝါမျိုးစိတ်များစွာတို့ကို တွေ့ရှိနိုင်သည်။ ၂၀၂၅ ခုနှစ်အထိ သုတေသနပြုလေ့လာမှုများအရ မြန်မာနိုင်ငံတွင် အပင်မျိုးစိတ် ၁၄၀၀၀ ကျော်၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၆၅ မျိုး၊ ငှက်မျိုးစိတ် ၁၁၀၀ ကျော်၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၁ မျိုး၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၁၂၀ ခန့်၊ ရေချိုနှင့်အဏ္ဏဝါငါးမျိုးစိတ် ၁၁၀၀ ခန့်၊ သန္တာမျိုးစိတ် ၂၈၇ မျိုး၊ ပင်လယ်မြက်မျိုးစိတ် ၁၂ မျိုး၊ ပင်လယ်ရေညှိ ၃၈ မျိုးတို့ကို မှတ်တမ်းတင်ထားရှိပြီးဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများက ပံ့ပိုးသောအကျိုးကျေးဇူးများ
ဇီဝမျိုးစုံမျိုးကွဲများသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ ရေကောင်းရေသန့်၊ လေကောင်းလေသန့်များ ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အတွက်လည်း အခြေခံအရင်းအမြစ်များဖြစ်သည်။ Intergovern-mental Science-Policy Platform on Biodiversity and Ecosystem Services IPBES မှထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်အစီရင်ခံစာ (Global Assessment Report on Biodiversity and Ecosystem Services) အရ ဇီဝမျိုးစုံမျိုးကွဲတို့က ပံ့ပိုးသောအကျိုးကျေးဇူးများကို အောက်ပါအတိုင်းတွေ့နိုင်သည် -
စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး။
ဇီဝမျိုးစုံမျိုးကွဲများသည် စိုက်ပျိုးရေး၏အခြေခံအုတ်မြစ်ဖြစ်ပြီး သီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် လိုအပ်သော မျိုးရိုးဗီဇအမျိုးမျိုးကို ပံ့ပိုးပေးသည်။
စားသုံးရန်အတွက် အပင်မျိုးစိတ် ၇၀၀၀ ခန့်ကို စိုက်ပျိုးကြသည်။ ပျားများနှင့် အင်းဆက်ပိုးမွှားများကဲ့သို့သော ဝတ်မှုန်ကူးပေးသည့်သတ္တဝါများသည် ကမ္ဘာ့ထိပ်တန်းအစားအစာသီးနှံများ၏ ၇၅ ရာခိုင်နှုန်းကျော်အတွက် မရှိမဖြစ်လိုအပ်ပြီး သဘာဝမှရရှိသည့် ငါးများသည် လူဦးရေ ၃ ဘီလီယံခန့်အတွက် အဓိကပရိုတင်းအရင်းအမြစ်ကို ပံ့ပိုးပေးသည်။
ကျန်းမာရေး။ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုသကဲ့သို့ အစွမ်းထက်သော ဆေးဝါးများကို သစ်ပင်အမျိုးမျိုးမှရရှိနိုင်သည်။ ယနေ့ခေတ်တွင် အသုံးပြုနေသော ကင်ဆာဆေးဝါးအားလုံး၏ ၇၀ ရာခိုင်နှုန်းကို သဘာဝတရားက ပံ့ပိုးပေးပြီး ဆေးဝါးများ၏ ရာခိုင်နှုန်းအများစုကို အပင်များ၊ မှိုများနှင့် ဗက်တီးရီးယားများအပါအဝင် သဘာဝအရင်းအမြစ်များမှ ရရှိသည်ဟု သိရှိရသည်။ ၄ ဘီလီယံခန့်ရှိသော လူသားတို့သည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သဘာဝဆေးဝါးများကို အဓိကအားကိုးကြရလျက်ရှိသည်။ ပင်နီဆီလင် (Penicillin)သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ပဋိဇီဝဆေးများထဲမှတစ်ခုဖြစ်ပြီး မှို(Penicillium moulds)မှထုတ်လုပ်သည်။ သဘာဝဓာတုပစ္စည်းဖြစ်သည့် ပက်လီတဆဲလ်(Paclitaxel)သည် ကင်ဆာကုသဆေးတစ်မျိုးဖြစ်ပြီး ကျောက်ထင်းရှူးပင် (Yew Tree) (Taxus brevifolia) အပင်၏အခေါက်မှ ထုတ်လုပ်ခြင်းဖြစ်သည်။ မိုးမခပင်(Willow) ၏ သစ်ပင်အခေါက်တွင်ပါဝင်သော သဘာဝဓာတုဒြပ်ပေါင်း ဆလီစင်(Salicin)သည် ယနေ့ အက်စပရင်(Aspirin) ဆေးဖွံ့ဖြိုးလာစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ဖျားနာခြင်း၊ အဆစ်ရောင်ရမ်းခြင်း စသည့်ရောဂါများအတွက် အသုံးပြုလျက်ရှိသည်။ ပဋိဇီဝဆေးအများစုသည် မြေဆီလွှာမှ ဗက်တီးရီးယားများနှင့်မှိုများကိုအခြေခံကာ ပြုလုပ်ထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှု။ ကမ္ဘာ့ဂျီဒီပီ၏ ထက်ဝက်ကျော် (အမေရိကန်ဒေါ်လာ ၄၄ ထရီလီယံ) သည် သဘာဝတရားအပေါ် များစွာမှီခိုနေရသည်။ အစိမ်းရောင်စီးပွားရေး (Green Economy)နှင့် ဇီဝစီးပွားရေး (Bioeconomy) လုပ်ငန်းနယ်ပယ်တို့သည် ဇီဝမျိုးစုံမျိုးကွဲများပေါ် တွင် အခြေခံထားခြင်းဖြစ်သည်။ သဘာဝ သစ်တောကြီးများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများသည် အလုပ်အကိုင်သန်းပေါင်းများစွာကို ပံ့ပိုးပေးသည်။ ရေဝေရေလဲဒေသရှိ သစ်တော၊ သစ်ပင်များသည် မြေပေါ်၊ မြေအောက်ရေများကို သဘာဝအလျောက် စစ်ထုတ်သန့်စင်ပေးခြင်းသည် စက်ကိရိယာများဖြင့် စစ်ထုတ်ခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်များကို ဘီလီယံနှင့်ချီ၍ သက်သာစေသည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝခြင်းဖြင့် လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အပန်းဖြေရန်နှင့် စိတ်ဖိစီးမှုကိုလျှော့ချရန် အခွင့်အလမ်းများနှင့် ကောင်းကျိုးချမ်းသာများရရှိစေသည်။
ဂေဟစနစ်ဝန်ဆောင်မှုများ။ ဇီဝမျိုးစုံမျိုးကွဲများသည် လေနှင့်ရေကို သန့်စင်ပေးခြင်း၊ ရေတွင်ပါဝင်နေသည့် အဆိပ်အတောက်နှင့် အညစ်အကြေးများဖယ်ရှားခြင်းနှင့် မြေဆီလွှာပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးသည်။ သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းများကိုကာကွယ်ရန် လှိုင်းရိုက်ခတ်မှုကို ၉၇ ရာခိုင်နှုန်းလျှော့ချပေးနိုင်သည်။ ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် သစ်တောများသည် လေမုန်တိုင်းတိုက်ခတ်မှု၊ ကမ်းရိုးတန်းရေကြီးမှု၊ ဒီရေလှိုင်းများ၊ မြေပြိုခြင်း၊ ရေကြီးရေလျှံဖြစ်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကို လျော့ပါးသက်သာစေရန်တားဆီးကာကွယ်ပေးသည်။ ပင်လယ်နှင့်ကုန်းမြေဂေဟစနစ်များသည် လူသားများပယောဂကြောင့် ထုတ်လွှတ်သည့် ကာဗွန်ထုတ်လွှတ်မှု၏ ၅၀ ရာခိုင်နှုန်းကို စုပ်ယူဖယ်ရှားပြီး လေထုပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးသည်။ မြို့ပြသစ်ပင်များ၊ သစ်တောများသည် အရိပ်ရစေပြီး ဒေသတွင်း လေထုအပူချိန်ကို ၈ ဒီဂရီဆဲလ်စီးယက်အထိ လျှော့ချပေးပြီး ရာသီဥတုမျှတသာယာစေသည်။
ဇီဝမျိုးစုံမျိုးကွဲများလျော့ပါးပျောက်ကွယ်ခြင်းနှင့် အကျိုးဆက်များ
သက်ရှိလောကအတွက် မရှိမဖြစ်အရေးပါသော ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးခြင်း၊ အပင်နှင့်တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများလျော့ပါးပျက်စီးခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့လာခြင်း၊ သစ်တောမြေမှ အခြားမြေသို့ အသုံးချမှုများပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူအသုံးချခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့်အတူ လျော့ပါးဆုံးရှုံး ပျောက်ကွယ်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းမျိုးစိတ်ပေါင်း ၁ သန်းခန့်သည် မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရပြီး ကမ္ဘာ့ရေဝပ်ဒေသများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရာစုနှစ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုများသည် သဘာဝတရားက ဖြည့်ဆည်းပေးစွမ်းနိုင်သော ပမာဏ၊ အကန့်အသတ်ထက် ပိုမိုများပြားလာပါက ကျန်းမာရေးနှင့် အစားအစာစနစ်များ ပျက်စီးဆုံးရှုံးနိုင်ပြီး လူသားများအပေါ် ပြင်းထန်သောဆိုးကျိုးသက်ရောက်မှုများ ကျရောက်လာနိုင်သည်။ ဇီဝမျိုးစုံမျိုးကွဲစနစ်နှင့် ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးခြင်းကြောင့် လူသားများ၏ သဘာဝအတိုင်း တုံ့ပြန်နိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပြန်လည်နိုးထကောင်းမွန်လာစေမှုဆိုင်ရာ စွမ်းဆောင်ရည်များပါ လျော့နည်းဆုံးရှုံးလာပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြရသည်။
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ
သစ်တောဂေဟစနစ်များသည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ကမ်းရိုးတန်းဒီရေတောဂေဟစနစ်များ၊ တောင်ကုန်းတောင်ထိပ် တောကျဲပါးသော နေရာများနှင့်လမ်းဘေးဝဲယာ အရိပ်ရစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအပါအဝင် သစ်တောစိုက်ခင်းအမျိုးမျိုးကို နိုင်ငံတစ်ဝန်းအရှိန်အဟုန်ဖြင့် တိုးမြှင့်တည်ထောင်စိုက်ပျိုးလျက်ရှိသည်။ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်ထိ ကြိုးဝိုင်းတော ဧက၂၉ ဒသမ ၆၈ သန်း၊ ကြိုးပြင်ကာကွယ်တော ဧက ၁၃ ဒသမ ၉၈ သန်း စုစုပေါင်း ဧက ၄၃ ဒသမ ၆၆ သန်း (၂၆ ဒသမ ၁၁ ရာခိုင်နှုန်း)ဖွဲ့စည်းပြီးဖြစ်သကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ ဧရိယာ ဧက ၁၁ ဒသမ ၀၂ သန်း (၆ ဒသမ ၅၉ ရာခိုင်နှုန်း) ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၉-၂၀၂၉)ကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများ အပေါ် ခြိမ်းခြောက်မှုများကို စောင့်ကြည့်အစီရင်ခံတင်ပြနိုင်မည့် ဒေသခံပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ် (Community Monitoring and Reporting Systems - CMRS) ကို စနစ်တကျအကောင်အထည်ဖော် ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများကို ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း (United Nations Convention on Biological Diversity-UNCBD)နှင့်၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သော ကူမင်း-မွန်ထရီယယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲမူဘောင် (Kunming-Montreal Global Biodiversity Framework-KMGBF) ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်အညီ လူတိုင်း၏ နေ့စဉ်ဘဝ၊ အိမ်ထောင်စုတစ်စုချင်းစီမှစတင်ပြီး မိမိတို့ရပ်ရွာ၊ ဒေသတွင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက်သာမက ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်တည်ငြိမ်မှု၊ ရာသီဥတုမျှတမှု၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် ကြီးမားသောအကျိုးသက်ရောက်မှုများဖြစ်စေမည်ဖြစ်သည်။ ဥပမာ မိသားစုအလိုက် သစ်ပင်တစ်အုပ်တစ်မစိုက်ပျိုးထိန်းသိမ်းခြင်း၊ အရိပ်ရလေကာပင်များစိုက်ပျိုးခြင်း၊ ကျေးငှက်များ၏ နားခိုရာ၊ အစာရှာရာ စားပင်သီးပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသအလိုက်ရှားပါးအဖိုးတန်သည့် ဆေးဖက်ဝင်ပင်အမျိုးမျိုး၊ သစ်ခွအမျိုးမျိုး၊ ဒေသမျိုးရင်းပန်းပင်အမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသမျိုးရင်းကောက်ပဲသီးနှံများနှင့် သီးပင်စားပင်မျိုးစိတ်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာအလိုက် သစ်တောများထိန်းသိမ်းခြင်း၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ငါး၊ ပုစွန်၊ ကဏန်းတို့၏ နေရင်းဒေသဖြစ်သော ရေဝပ်ဒေသများထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။ တစ်ဦးတစ်ယောက်ချင်းစီက မိမိတို့၏ ရပ်ရွာအဆင့်၊ ဒေသအဆင့် ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတွင် ပါဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လျက် “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့” ကို ဂုဏ်ပြုအပ်ပါသည်။

မြူနီစီပယ်စနစ် (စည်ပင်သာယာရေး) ဆိုသည်မှာ ပြည်သူတို့၏နေ့စဉ်ဘဝ သာယာချောမွေ့စေရန် လိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းပေးရသည့် အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ လူသားတို့သည် ကမ္ဘာဦးကာလမှစ၍ တစ်ဦးချင်း သီးခြားနေထိုင်ခြင်းထက် အုပ်စုအလိုက် စုပေါင်းနေထိုင်ခြင်းကိုသာ ရွေးချယ်ခဲ့ကြပါသည်။ ထိုသို့စုပေါင်းနေထိုင်ခြင်းမှတစ်ဆင့် ကျေးရွာ၊ မြို့ပြနှင့် နိုင်ငံများ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးချင်း မဖြေရှင်းနိုင်သော အများနှင့်ဆိုင်သည့် လိုအပ်ချက်များပေါ်ပေါက်လာပါသည်။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ ရေ၊ မြေနှင့် လမ်းမကြီးများကဲ့သို့သော အများပိုင်အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်လာပါသည်။
လူတိုင်းအတွက် သန့်ရှင်းသောရေကို လိုအပ်သော်လည်း တစ်ဦးချင်းစီ ရေတွင်းတူးရန် (သို့မဟုတ်) မြစ်မှ ရေသွယ်ရန်မှာ ငွေကြေးနှင့် နည်းပညာအရ မဖြစ်နိုင်ပေ။ ထို့ကြောင့် ရေပေးဝေရေးစနစ်ကို တည်ဆောက်ရန်နှင့် ထိန်းသိမ်းရန် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခု လိုအပ်လာပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကုန်သွယ်မှုနှင့် သွားလာမှုအတွက် လမ်းများသည် မရှိမဖြစ်လိုအပ်ပါသည်။ ထိုလမ်းများကို ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် လမ်းပေါ်ရှိ စည်းကမ်းများကို ထိန်းသိမ်းခြင်းသည် တစ်ဦးချင်းလုပ်ဆောင်၍ မရနိုင်သော Public Duty ဖြစ်လာပါသည်။
လူသားများ တစ်နေရာတည်းတွင် စုပြုံနေထိုင်လာသောအခါ အကြီးမားဆုံးသောစိန်ခေါ်မှုမှာ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းပြဿနာဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် အမှိုက်စွန့်ပစ်မှုသည် ပြဿနာမဟုတ်သော်လည်း မြို့ပြတွင် စနစ်တကျစွန့်ပစ်ခြင်းမရှိပါက ရောဂါဘယများ (ဥပမာ - ကာလဝမ်း၊ ပလိပ်) ကူးစက်ပြန့်ပွားတတ်ပါသည်။ ဤနေရာတွင် မြူနီစီပယ်စနစ်၏ အခြေခံအကျဆုံးတာဝန်ဖြစ်သော အမှိုက်သိမ်းခြင်းနှင့် ရေဆိုးထုတ်ခြင်းလုပ်ငန်းများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ စျေးနှင့်ကုန်သွယ်မှုအတွက် စျေးအတွင်း အလေးတင်းတောင်း မှန်ကန်စေရန်နှင့် စားသောက်ကုန်များ ဘေးကင်းစေရန် စောင့်ကြည့်ထိန်းညှိပေးသည့် ယန္တရားလိုအပ်ပါသည်။ ထိုလူမှုဘဝလိုအပ် ချက်များကြောင့် မြူနီစီပယ် (စည်ပင်သာယာရေး) အဖွဲ့များ ပေါ်ပေါက်လာပြီး မြူနီစီပယ်စနစ် ခိုင်မာခြင်းသည် မြို့ပြ၏ အခြေခံအဆောက်အအုံနှင့် ပြည်သူ့ကျန်းမာရေးခိုင်မာခြင်းပင် ဖြစ်ပါသည်။
မြူနီစီပယ်စနစ်၏ အနှစ်သာရကိုသိရှိရန်မှာ ကမ္ဘာ့အုပ်ချုပ်ရေးသမိုင်းတွင် အစောဆုံးနှင့် အအောင်မြင်ဆုံး မြို့ပြယန္တရားများကို တည်ဆောက်ခဲ့သည့် ရှေးဟောင်းဂရိနှင့် ရောမခေတ်ကိုလေ့လာရန် လိုအပ်ပါသည်။ ဤခေတ်ကာလများသည် ယနေ့ခေတ် မြို့တော်ဝန်၊ မြို့ပြကောင်စီနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ၏ မူလဘူတာပင် ဖြစ်ပါသည်။ ရှေးဟောင်းဂရိနိုင်ငံတွင် Polis ဟုခေါ်သော မြို့ပြနိုင်ငံငယ်လေးများသည် သီးခြားစီအုပ်ချုပ်ခွင့် ကျင့်သုံးခဲ့ကြပါသည်။
ပြည်သူဗဟိုပြုစီမံခန့်ခွဲမှုသည် မြို့ပြနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို Agora ဟု ခေါ်သော မြို့လယ်ရင်ပြင်တွင် မြို့သူမြို့သားများ စုဝေးတိုင်ပင်၍ ဆုံးဖြတ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ခေတ် မြူနီစီပယ်ကောင်စီများ၏ အစောဆုံးပုံစံဖြစ်ပါသည်။ မြို့ပြအင်္ဂါရပ်များအနေဖြင့် ဂရိလူမျိုးများသည် မြို့တစ်မြို့တွင် အားကစားကွင်း၊ ကဇာတ်ရုံနှင့် အများပြည်သူအပန်းဖြေရာနေရာများကို စနစ်တကျ ထည့်သွင်းတည်ဆောက် ခဲ့ကြပါသည်။ ထို့ကြောင့် မြူနီစီပယ်တစ်ခု၏တာဝန်မှာ ပြည်သူ့ဘဝအရည်အသွေး မြှင့်တင်ရန်ဖြစ်ကြောင်း စတင်ပြသခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့ သုံးနှုန်းနေသော Municipal ဆိုသည့် စကားလုံးသည် လက်တင်ဘာသာ Municipium မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ တာဝန်ခွဲဝေယူသူများ Munus (တာဝန်) နှင့် Capere (လက်ခံယူခြင်း) ဟု အဓိပ္ပာယ်ရပါသည်။ ဆိုလိုသည်မှာ ရောမဗဟိုအစိုးရထံမှ တာဝန်ကို လက်ခံရယူထားပြီး မိမိဒေသအတွင်း အခွန်ကောက်ခြင်း၊ လမ်းခင်းခြင်းနှင့် တရားစီရင်ခြင်း တာဝန်များကို ခွဲဝေယူခြင်းဖြစ်ပါသည်။ Lex Julia Municipalis (ဂျူးလိယပ်ဆီဇာ၏ မြူနီစီပယ်ဥပဒေ) သည် ခရစ်တော်မပေါ်မီ ၄၅ ခုနှစ်ဝန်းကျင်တွင် ဂျူးလိယပ်ဆီဇာသည် မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို စနစ်တကျ ရေးဆွဲခဲ့ပါသည်။ ထိုဥပဒေတွင် လမ်းပေါ်၌ လှည်းများသွားလာမှု စနစ်တကျရှိစေရန် (ယာဉ်ကြောထိန်းသိမ်းမှု)၊ လမ်းများသန့်ရှင်းစေရန်နှင့် စျေးကွက်များ စနစ်တကျရှိစေရန် စသည့်အချက်များ ပါဝင်ပါသည်။
ရောမမြူနီစီပယ်များ၏ အထင်ရှားဆုံး အောင်မြင်မှုမှာ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖြစ်ပါသည်။ Aqueducts (ရေသွယ်တံတားများ) သည် မြို့နေလူထုအတွက် သန့်ရှင်းသောရေကို မိုင်ပေါင်းများစွာဝေးသောနေရာမှ မြို့တွင်းသို့ အရောက်သွယ်ယူခဲ့ပါသည်။ Sewage Systems (ရေဆိုးထုတ်စနစ်) ဖြစ်သော Cloaca Maxima သည် ရောမမြို့၏ အကြီးဆုံးရေဆိုးထုတ်မြောင်းကြီးဖြစ်ပြီး ယနေ့အထိ သမိုင်းတွင်နေဆဲဖြစ်ပါသည်။ မြို့ပြကျန်းမာရေးအတွက် ရေဆိုးထုတ်စနစ်သည် မရှိမဖြစ်လိုအပ်ကြောင်း ရောမလူမျိုးများက စတင်သက်သေပြခဲ့ခြင်းဖြစ်ပါသည်။ ကျန်းမာရေးနှင့် လူမှုရေးအတွက် အရေးပါသော အများသုံးရေချိုးဆောင်များကို မြူနီစီပယ်က စနစ်တကျတည်ဆောက်ထိန်းသိမ်းခဲ့ပါသည်။
ရှေးခေတ်ဂရိနှင့် ရောမတို့၏သင်ခန်းစာအရ မြူနီစီပယ်လုပ်ငန်းဆိုသည်မှာ ပြည်သူ့အကျိုးပြု လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် ကျန်းမာရေးအတွက် ရေရှည်စီမံကိန်းများ ရေးဆွဲခြင်းနှင့် မြို့နေလူထု စနစ်တကျနေထိုင်နိုင်ရန် တိကျသောဥပဒေ စိုးမိုးမှုရှိခြင်းတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၁၉ ရာစု အစောပိုင်းတွင် ပေါ်ပေါက်ခဲ့သော စက်မှုတော်လှန်ရေးသည် လူသားတို့၏ နေထိုင်မှုပုံစံကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့ပါသည်။ ထိုပြောင်းလဲမှုသည် ယနေ့ ကျွန်ုပ်တို့ မြင်တွေ့နေရသော ခေတ်သစ်မြူနီစီပယ်စနစ်တွင် စက်ရုံများ ပေါ်ပေါက်လာခြင်းကြောင့် ကျေးလက်ဒေသရှိ လူအများအပြားသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် မြို့ကြီးများသို့ တိုးဝှေ့ဝင်ရောက်လာကြပါသည်။ မြို့ကြီးများသည် ထိုမျှလောက် များပြားသောလူဦးရေကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။ အိမ်ခြေများပြည့်သိပ်လာခြင်း၊ စနစ်တကျ အိမ်ရာစီမံကိန်းများမရှိခြင်းတို့ကြောင့် မြို့ပြစနစ်သည် အမှောင်ဖုံးလာခဲ့ပါသည်။ သန့်ရှင်းရေး ချို့ယွင်းမှုသည် ရေဆိုးထုတ်မြောင်းများမရှိခြင်း၊ သန့်ရှင်းသောရေ မရရှိခြင်းတို့ကြောင့် မြို့ပြသည် အမှိုက်ပုံကြီးသဖွယ်ဖြစ်လာပြီး ရောဂါဘယများ၏ အသိုက်အမြုံ ဖြစ်လာခဲ့ပါသည်။
၁၈၃၀ နှင့် ၁၈၄၀ ပြည့်နှစ်များအတွင်း ဥရောပမြို့ကြီးများတွင် ကာလဝမ်းရောဂါ (Cholera) ဆိုးရွားစွာ ဖြစ်ပွားခဲ့ပါသည်။ ထိုရောဂါကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရခြင်းသည် အုပ်ချုပ်သူများအတွက် နှိုးစက်တစ်ခု ဖြစ်လာခဲ့ပါသည်။ Edwin Chadwick ၏ အစီရင်ခံစာ ၁၈၄၂ ခုနှစ်အရ ဗြိတိန်လူမျိုး Chadwick က မြို့ပြ၏ သန့်ရှင်းရေးချို့ယွင်းမှုသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားကို ကျဆင်းစေပြီး အလုပ်သမားထု၏ ကျန်းမာရေးအတွက် အစိုးရ (မြူနီစီပယ်) က တာဝန်ယူရမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။ ၁၈၄၈ ခုနှစ် The Public Health Act ဥပဒေသည် ကမ္ဘာ့ပထမဆုံးသော ပြည့်စုံသည့် မြူနီစီပယ်ဥပဒေ ဖြစ်လာခဲ့ပါသည်။ ထို့ပြင် မြူနီစီပယ်အဖွဲ့များသည် ရေပေးဝေရေး၊ အမှိုက်သိမ်းခြင်းနှင့် ရေဆိုးထုတ်ခြင်းတို့ကို ဥပဒေအရ တာဝန်ယူခဲ့ကြရပါသည်။
ဤကာလတွင် မြူနီစီပယ်အဖွဲ့များ၏ တာဝန်သည် အခွန်ကောက်ရုံမျှသာ မဟုတ်တော့ဘဲ ပြည်သူ့ဝန်ဆောင်မှုပေးသည်အထိ ကျယ်ပြန့်လာပါသည်။ မြို့ပြကုန်သွယ်မှုမြန်ဆန်စေရန် ရွှံ့နွံထူထပ်သောလမ်းများကို ကျောက်ခင်းလမ်း၊ ကတ္တရာလမ်းများအဖြစ် ပြောင်းလဲခဲ့ပါသည်။ လမ်းမီးတိုင်များ ထွန်းညှိခြင်းဖြင့် လုံခြုံရေးနှင့် ညဘက်သွားလာမှု အဆင်ပြေစေရန် ဓာတ်ငွေ့မီးတိုင်များကို မြူနီစီပယ်က စနစ်တကျတပ်ဆင်ပေးခဲ့ပါသည်။ မြို့ပြစီမံကိန်းအနေဖြင့် လူနေရပ်ကွက်နှင့် စက်ရုံများကို ခွဲခြားသတ်မှတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုနှင့် ဆူညံသံများကို ထိန်းချုပ်ရန် ကြိုးပမ်းလာကြပါသည်။
စက်မှုတော်လှန်ရေးခေတ် မြူနီစီပယ်စနစ်၏ သင်ခန်းစာမှာ ရောဂါဘယနှင့် ကျန်းမာရေး အကျပ်အတည်းကြောင့် ခေတ်မီစည်ပင်သာယာရေးစနစ်များ ပေါ်ပေါက်လာရခြင်း၊ ဗဟိုအစိုးရကမူဝါဒချမှတ်ပြီး ဒေသန္တရမြူနီစီပယ်အဖွဲ့များက လက်တွေ့အကောင်အထည်ဖော်ရသည့် ဗဟိုနှင့်ဒေသန္တရချိတ်ဆက်မှုယန္တရား ခိုင်မာလာခြင်း၊ အင်ဂျင်နီယာနှင့် ကျန်းမာရေးပညာရပ်များကိုအခြေခံ၍ မြို့ပြကို စနစ်တကျတည်ဆောက်လာခြင်း ဖြစ်ပါသည်။ ထိုစနစ်သည် ဥရောပမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားခဲ့ပြီး ယနေ့ကျွန်ုပ်တို့ မြင်တွေ့နေရသည့် ခေတ်သစ်စည်ပင်သာယာ ရေး အဖွဲ့အစည်းများ၏ စံပြနမူနာ ဖြစ်လာခဲ့ပါသည်။
မြူနီစီပယ်အဖွဲ့များသည် နိုင်ငံတော်၏ အခြေခံအကျဆုံးနှင့် ပြည်သူနှင့်အနီးကပ်ဆုံး ယန္တရား ဖြစ်ပါသည်။ သမိုင်းကြောင်းအရ ပြည်သူ့ကျန်းမာရေး လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့သော်လည်း ယနေ့ခေတ်တွင် စီးပွားရေး၊ နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍစုံကို လွှမ်းခြုံကိုင်တွယ်ရသည့် အဖွဲ့အစည်းများ ဖြစ်လာပါသည်။ ထို့ပြင် ထိရောက်သော မြူနီစီပယ်စနစ်ရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ သာယာဝပြောမှုကို တိုက်ရိုက်အဆုံးအဖြတ်ပေးပါသည်။ သမိုင်းဦးကာလ ရောမအင်ပါယာ၏ အုပ်ချုပ်ရေးအုတ်မြစ်များမှသည် ယနေ့ခေတ် ဒစ်ဂျစ်တယ်စနစ်သုံး စမတ်စီးတီးများအထိ မြူနီစီပယ် (သို့မဟုတ်) စည်ပင်သာယာရေး အဖွဲ့များ၏ ခရီးစဉ်သည် အလွန်ရှည်လျားခဲ့ပြီဖြစ်ပါသည်။
ခေတ်သစ်ကမ္ဘာတွင် မြူနီစီပယ်ကို အာဏာပိုင်အဖွဲ့ထက် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းအဖြစ် ပိုမိုမြင်တွေ့လာရပါသည်။ ပြည်သူပေးဆောင်သော အခွန်အခများသည် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံလိုက်သော ရှယ်ယာများဖြစ်ပါသည်။ ထို ရင်းနှီးမြှုပ်နှံမှု၏ အကျိုးအမြတ်မှာ သန့်ရှင်းသော လေထု၊ ဘေးကင်းသော အစားအသောက်၊ ချောမွေ့သော လမ်းပန်းဆက်သွယ်ရေးနှင့် စနစ်ကျသော မြို့ပြပတ်ဝန်းကျင်တို့ပင် ဖြစ်ပါသည်။
ပြည်သူကအခွန်ဆောင်ရခြင်းသည် မြူနီစီပယ်ဝန်ဆောင်မှုကို ဝယ်ယူခြင်း (ဥပမာ- အမှိုက်သိမ်းခပေးခြင်းသည် သန့်ရှင်းသောပတ်ဝန်းကျင်ကို ဝယ်ယူခြင်း)ဖြစ်ပြီး ပြည်သူ့ တာဝန်သည် စည်းကမ်းမဲ့အမှိုက်မပစ်ခြင်း၊ လမ်းဘေးကျူးကျော်မှုမလုပ်ခြင်း စသည့်ပြည်သူ့ဘက်မှ လိုက်နာရမည့် တာဝန်များဖြစ်ပါသည်။ မြို့ပြဆိုသည်မှာ အဆောက်အအုံများနှင့် လမ်းမများ စုစည်းထားသည့်နေရာမျှသာမဟုတ်ဘဲ လူသားတို့၏ အနာဂတ်အိပ်မက်များကို ပျိုးထောင်ရာနေရာဖြစ်ပါသည်။ မြူနီစီပယ်စနစ် ခိုင်မာအားကောင်းခြင်းသည် ထိုအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန် အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ “ကျွန်ုပ်တို့အားလုံးသည် မိမိတို့နေထိုင်ရာမြို့ပြကို ပိုမိုကောင်းမွန်သော၊ ပိုမိုသာယာသော နေရာတစ်ခုဖြစ်စေရန် အတူတကွ ဝိုင်းဝန်းတည်ဆောက်ကြပါစို့” ဟု ရေးသားတင်ပြအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
1. The History of Cities: From Ancient Civilisations to the Smart ... (n.d.). Re-trieved from
https://dinisguarda.medium.com/the-history-of-cities-from-ancient-civilisa-tions-to-the-smart-cities-of-today-5c185fc5496b.
2. History of cities. (n.d.). Retrieved from https://en.wikipedia.org/wiki/History_of_cities.
3. The Evolution of the Modern City: From Ancient Times to ... (n.d.). Retrieved from https://gosharpener.com/blogs/550784/The-Evolution-of-the-Modern-City-From-Ancient-Times-to.
4. Municipal Governance in Myanmar - NCDD Library. (n.d.). Retrieved from https://lib.ncdd.gov.kh/storage/app/public/library_backend/ CAT_ 11645_ 1/2015-Municipal Governancein Myan-mar-en.pdf