အရိုးကျီးပေါင်းတက်ခြင်းကို သက်သာစေနိုင်သောနည်းလမ်းများ

Posted_Date

Image

အရိုးကျီးပေါင်းတက်ခြင်းကို သက်သာစေနိုင်သောနည်းလမ်းများ

Body

အရိုးကျီးပေါင်းတက်ခြင်းသည် အဆစ် များရောင်ရမ်းခြင်းနှင့် တောင့်တင်းခြင်း ကိုဖြစ်စေသည်။ နာကျင်ပြီး ထိခိုက်မှုဖြစ် စေသောရောဂါများအနက် အဖြစ်အများ ဆုံးမှာ အရိုးကျီးပေါင်းတက်ခြင်းဖြစ်သည် ဟုဆိုကြသည်။  ခန္ဓာကိုယ်ရှိ မည်သည့်အဆစ်ကိုမဆို ထိခိုက်စေနိုင်သည်။ ပေါင် ရိုး၊    ဒူးနှင့်လက်ချောင်းများတွင်ရှိသည့် အဆစ်ငယ်များကို အများဆုံးထိခိုက်စေသည်။

အရိုးကျီးပေါင်းတက်ခြင်းသည် ထိခိုက် နေသောအဆစ်များနှင့်     အဆိုပါအနီးတစ်ဝိုက်ရှိ တစ်သျှူးများကို  ပျက်စီးစေ သည်။ အသက် ၄၅ နှစ်နှင့်အထက်တွင် အရိုးကျီးပေါင်းတက်ခြင်းကို   အများဆုံး ခံစားရနိုင်ပြီး လူငယ်များတွင်လည်း ထို ကဲ့သို့ခံစားရနိုင်သည်။        မတော်တဆ တစ်ခုခုကြောင့် သို့မဟုတ်  အားကစားပြု လုပ်ရာမှ အဆစ်ဒဏ်ရာရခြင်းကလည်း  အရိုးကျီးပေါင်းတက်ခြင်းကို ဖြစ်စေနိုင်သည်။ အဝလွန်သူများလည်း  အရိုးကျီး ပေါင်းတက်ခြင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော်    မိမိ၏အဆစ်များက     ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားရပြီး   အထူးသဖြင့် ပေါင်ရိုး၊ ဒူးရိုးကဲ့သို့ အလေး ချိန်ကို  ထမ်းပိုးထားရသည့်အဆစ်များ တွင် ဖိအားပိုများခြင်းကြောင့်ဖြစ်သည်။

အရိုးကျီးပေါင်းတက်ခြင်း၏    အဓိကလက္ခဏာမှာ  ထိခိုက်နေသည့်အဆစ်များ ရောင်းရမ်းခြင်းဖြစ်သည်။  ရောဂါအတန် အသင့်ရှိသူများ၏ လက္ခဏာများမှာ   ပေါ်လိုက် ၊    ပျောက်လိုက်ရှိသည်။     သို့သော် ပြင်းထန်သော အခြေအနေများတွင် ရောဂါလက္ခဏာ ဆက်တိုက်ဖြစ်ပေါ်တတ်သည်။

အရိုးကျီးပေါင်းတက်နေသည့် အဆစ်များက ရောင်ရမ်းနေတတ်ပြီး အဖုအကျိတ် မျိုးဖြစ်နေတတ်သည်။ နောက်ထပ်အဖြစ် များသောလက္ခဏာမှာ     အထူးသဖြင့် လက်ချောင်းများရှိ   အဆစ်ငယ်များကို ထိခိုက်နေပါက  ပိုသိသာသည်။  အဆစ် များ    တောင့်တင်းခြင်းနှင့်နာကျင်ခြင်းသည်အဆစ်ကို  ကြာရှည်စွာမလှုပ်ရှားမိ သည့်အခါမျိုး (ဥပမာ-အိပ်ရာထချိန်မျိုး)  တွင်ပိုဆိုးတတ်သည်။  ထိခိုက်နေသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းကို လှုပ်ရှားသည့်အခါတိုင်း  အဆစ်အတွင်း ကြိတ်ဝါးသကဲ့ သို့ခံစားရခြင်း   သို့မဟုတ်   အရိုးကြိတ် သံကြားရတတ်သည်။

အရိုးကျီးပေါင်းတက်ခြင်းကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးမတွေ့ ရှိသေးသော်လည်း        ရောဂါလက္ခဏာ သက်သာစေရန်     အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်သည်။  သို့သော် အလွန်အကျွံသောက်သုံးရန် မသင့်ပေ။

အကိုက်အခဲပျောက်ဆေးများက  မလို လားအပ်သောဆိုးကျိုးများကို    ဖြစ်စေတတ်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ သောက်သုံးပါက ရောဂါလက္ခဏာပိုဆိုး  တတ်သည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးပေါင်ချိန်တက်ခြင်း၊ အစာမကြေခြင်းနှင့် အစာအိမ်အနာဖြစ်ခြင်းတို့    ဖြစ်တတ်သည်။    နောက်ဆုံးနည်းလမ်းအနေဖြင့်   ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည်။    ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်က    ပျက်စီးနေ

သောအဆစ်များကို   ပြန်လည်ခိုင်မာစေ ရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိခိုက် နေသောအဆစ်များကို      အစားထိုးရန် ခွဲစိတ်ကုသမှုများ ပြုလုပ်ကြသည်။

အဆစ်ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် တောင့်တင်းခြင်းမှ  သက်သာရာရစေရန် အိမ်တွင်းကုထုံးများစွာရှိသည်။       အရိုး ကျီးပေါင်းတက်ခြင်းအတွက်   နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းက အထိရောက်ဆုံး ဖြစ်သည်။

သင့်တင့်သောလေ့ကျင့်ခန်း    ပြုလုပ်သင့်ရောဂါဖြစ်ပွားမှုကို    လျော့ကျစေရန်နှင့် တစ်သျှူးနှင့် ကြွက်သားများကို သန်မာ စေရန် သင့်တင့်သောလေ့ကျင့်ခန်းပြုလုပ် ခြင်းက       အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ကိုယ်အလေးချိန်ထိန်းသင့် အရိုးကျီးပေါင်းတက်ခြင်းသည် ပေါင်ရိုး၊ နံရိုးကဲ့သို့  ကိုယ်အလေးချိန်ကို ထမ်း ပိုးထားရသည့် အဆစ်များအား  အများဆုံး ထိခိုက်စေသောကြောင့်   မလိုလားအပ်သော ကိုယ်အလေးချိန် တိုးခြင်းမျိုးမဖြစ်စေရေး ကိုယ်အလေးချိန်ထိန်းသိမ်းထားရန် အရေးကြီးသည်။ 

ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ်ကပ်ပေးသင့်

ရေနွေးအိတ်ကပ်ပေးခြင်းက      သွေးလည်ပတ်မှုကို  ကောင်းမွန်စေပြီး    ကြွက်သားများကို ပြေလျော့စေ၍     နာကျင်မှု ကိုသက်သာစေသည်။  သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းကလည်း    သွေးကြော များကို ကျုံ့စေသောကြောင့်  ရောင်ရမ်းမှု ကို လျော့ကျစေသည်။ အဆစ်နာကျင်မှု သက်သာစေရန်အတွက်လည်း  ရေခဲအိတ် ကပ်နိုင်သည်။

ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်သည့်အစားအစာများ စားသုံးသင့်

အရိုးကျီးပေါင်းတက်ခြင်းမှ သက်သာစေရန်   ရောင်ရမ်းမှုကို   တိုက်ဖျက်နိုင်စွမ်းရှိသည့်အစားအစာများကို ပုံမှန်စားသုံးခြင်းသည်  ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သည်။ ကြက်သွန်ဖြူ၊  ကြက်သွန်နီ၊ မုန်ညင်း၊  ပင်စိမ်း၊ တရုတ်နံနံ၊   ချဉ်ဖတ် နှင့်သံပရာသီးများက      ရောင်ရမ်းမှုကို တားဆီးပေးနိုင်သည်။   ငါး၊  အခွံမာသီး နှင့်အသီးအနှံများကိုလည်း လုံလောက် စွာစားသုံးသင့်သည်။ ထိုအစားအစာများ က Omega-3  အဆီ    ကြွယ်ဝစွာပါဝင်သောကြောင့် ရောင်းရမ်းမှုကို တိုက်ဖျက်နိုင်သည်။

အရိုးကျီးပေါင်းရောဂါသည် မူရင်း(OA)အဖြစ်လည်းကောင်း၊ တခြားအဆစ်ရောင် ရောဂါ၊ အာရုံကြောရောဂါ၊ ထိခိုက်ဒဏ်ရာ တို့၏နောက်ဆက်တွဲအဖြစ်လည်းကောင်း ဖြစ်ပေါ်တတ်သည်။ ဒူးနာခြင်းဖြင့် အများ ဆုံးဒုက္ခပေးတတ်ပြီး ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းများဖြင့် ရောဂါလက္ခဏာပေါ် လာတတ်သည်။ အသက် ၄၀ ကျော်လျှင် လှုပ်ရှားမှုအများဆုံး၊     အလေးဒဏ်အခံရဆုံး အရိုးအဆစ်များတွင်  ပွန်းပဲ့သွားပြီး အရိုးအတက်ထွက်ကာ  အဆစ်နာခြင်း၊ ရောင်ခြင်းဖြစ်တတ်သည်။ အသက် ၆၅ နှစ်ကျော်လျှင် ဒူး၊ လည်ပင်း၊ ခါးဆစ်တို့ ကို ဓာတ်မှန်ရိုက်ကြည့်ပါက ၈၀ ရာခိုင်နှုန်း အရိုးကျီးပေါင်းတက်သူကို တွေ့ရသည်။ ရောဂါရှိသူ၏ ၂၅  ရာခိုင်နှုန်းသာ နာကျင် ကိုက်ခဲမှုဒဏ်ကို ခံစားကြရသည်။ ဝသော သူ၊ သွေးဆုံးပြီးအမျိုးသမီး၊ သွေးဆုံးစော သောအမျိုးသမီးများတွင်   အရိုးကျီးပေါင်းတက်ခြင်း ပိုဖြစ်တတ်သည်။

အရိုးကျီးပေါင်းတက်ခြင်းမှာ အမျိုးသမီး များ သွေးဆုံးခါနီး၊ သွေးဆုံးပြီးကာလတွင် အတွေ့ရများပြီး အရက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင်  စောစီးစွာတွေ့ရသည်။ ကုသမှုနည်းလမ်းများအနေဖြင့်   အကိုက် အခဲပျောက်ဆေး သောက်ခြင်း၊    ရောဂါ ဟန့်တားဆေးသောက်ခြင်း၊       ခွဲစိတ် ကုသခြင်းများ အထောက်အကူပြု ပစ္စည်းသုံးခြင်းနှင့် ဒူးလေ့ကျင့်ခန်းတို့ ပြုလုပ်နိုင် သည်။

အကိုက်အခဲပျောက်ဆေးသောက်ခြင်း

အကိုက်အခဲပျောက်ဆေးများသည် အလွယ်တကူ ဝယ်သောက်နိုင်ကာ လတ်တလော    ရောဂါပျောက် နိုင်သော်လည်း အစာအိမ်ရောဂါရှိသူ၊ အစာအိမ်သွေးယိုစိမ့်ဖူးသူများအနေဖြင့် ဆရာဝန်၏ခွင့်ပြု ချက်ရှိမှသာ သောက်သင့်သည်။ ယခုအခါ  အစာအိမ်ကို ထိခိုက်မှုနည်းသော အကိုက် အခဲပျောက်ဆေးများ ရှိနေပြီဖြစ်သည်။

ရောဂါဟန့်တားဆေးသောက်ခြင်း

အဓိကပြဿနာမှာ အရိုးနုပါးပြီး အဆစ်ရိုးတွင် အက်ကြောင်းထင်ကာ ကျီးပေါင်း ပြန်တက်ရာမှ မျက်နှာပြင်မညီမညာဖြစ်ပြီး အရိုးချင်းပွတ်ကာ နာကျင်ခြင်းဖြစ်သည်။ ယခုအခါ အရိုးနုကိုပြန်ထူစေသောဆေးပေါ်လာပြီဖြစ်သဖြင့် ရောဂါဟန့်တားနိုင် ပြီး       အကိုက်အခဲပျောက်ဆေးများ ရေရှည်သုံးစွဲနေရမှုကို  ကာကွယ်နိုင်ပြီဖြစ် သည်။ ဥပမာ  -  ဇီဝကုထုံးသောက်ဆေး သောက်နိုင်သည်။

ခွဲစိတ်ကုသခြင်း

အရိုးကိုပြန်ထည့်ပေးခြင်း၊    အဆစ်အစားထိုးခြင်းတို့အပြင် အိပ်ရာထဲလဲနေ သူများ လမ်းပြန်လျှောက်နိုင်ရန် ခွဲစိတ် ကုသခြင်းပြုလုပ်ပေးနိုင်သည်။

အထောက်အကူပြုပစ္စည်းသုံးခြင်း

တုတ်ကောက်၊ လည်ပင်းကော်လံ၊ ဖိနပ် အောက်ခံတို့ကို စနစ်တကျသုံးနိုင်သည်။

ဒူးလေ့ကျင့်ခန်း

ဒူးများတွင်   အဖြစ်အများဆုံးဖြစ်နိုင်သဖြင့် ဒူးလေ့ကျင့်ခန်းပြုလုပ်သင့်သည်။စားပွဲခြေထောက်တစ်ချောင်းကို အမာခံအဖြစ် သုံးသင့်သည်။  ထိုင်ခုံပေါ်ထိုင်ပြီးခြေဖျားနှင့်တိုင်ကို   အားစိုက်တွန်းသင့်သည်။ ခြေထောက် အတွင်းဘောင်နှင့်တိုင် ကိုချိတ်၍ဆွဲသင့်သည်။ ဖနောင့်နှင့်တိုင်ကို ချိတ်၍ဆွဲသင့်သည်။ ခြေထောက်အပြင် ဘောင်နှင့်တိုင်ကိုတွန်းသင့်သည်။ ၅ ပေါင် အလေးချိန်ရှိသည့်သဲအိတ်ကို ခြေချင်း ဝတ်ပေါ်တင်ကာ  ဒူးကိုဆန့်တန်းခြင်းမျိုး တစ်ကြိမ်ပြုလုပ်လျှင်  ၁၀  ခါဖြင့် တစ် ရက်လျှင်သုံးကြိမ် ပြုလုပ်သင့်သည်။ 

လေ့ကျင့်ခန်းပြုလုပ်ခြင်း 

လူတိုင်း  နေ့စဉ် နာရီဝက်မှ   တစ်နာရီ ကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး၊ လမ်းလျှောက်ပြုလုပ်သင့်သည်။    အနေအထိုင်ဆင်ခြင်သင့်သည်။   ကျီးပေါင်းတက် ခြင်းသည်  နာတာရှည်ဖြစ်သဖြင့်  ရောဂါ ပို၍တိုးမလာရန်    လေ့ကျင့်ခန်းပြုလုပ် သင့်သည်။

အဝလွန်ခြင်းကိုထိန်းခြင်း

 လူတိုင်း ခန္ဓာကိုယ်အချိုးအစား (BMI) (၁၈ ဒသမ ၉-၂၄ ဒသမ ၉)အတွင်း ရှိသင့် သည်။ BMI ဆိုသည်မှာ ကိုယ်အလေးချိန် (ကီလိုဂရမ်)ကို အရပ်အမြင့် မီတာ(နှစ်ထပ် ကိန်း)ဖြင့်       စား၍ရသည့်ရလဒ်ဖြစ် သည်။

နေ့စဉ်    လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ လေ့ကျင့်ခန်းပြုလုပ်စဉ်     ထွက်ရှိသောချွေးက  နေ့စဉ်စားသုံးသော အစားအစာမှ   ကယ်လိုရီကို အဆီအဖြစ်မစုဆောင်းနိုင်အောင်   ပြုလုပ်ပေးသဖြင့်  အဆီစုခြင်း၊ အဝလွန်ခြင်း၊  ဆီးချို၊ သွေးချိုရောဂါနှင့်   အရိုးကျီးပေါင်းတက်ခြင်းမှ   ကင်းဝေးစေ မည်ဖြစ်ပါကြောင်း        ရေးသား လိုက်ရပါသည်။     

MWD