ဥရောပသမဂ္ဂအဖွဲ့သည် ယူကရိန်းနိုင်ငံသို့ ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) တန်ဖိုးရှိ ချေးငွေများပေးအပ်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော့စတာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ဥရောပသမဂ္ဂအဖွဲ့သည် အဆိုပါချေးငွေများကို ယူကရိန်းသို့ပေးအပ်နိုင်ရန်အတွက် ဟန်ဂေရီနိုင်ငံနှင့် လပေါင်းများစွာ အချေအတင်ဖြစ်ပွားပြီးနောက် ဧပြီ ၂၂ ရက်တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ဟန်ဂေရီနိုင်ငံတွင် ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူမည့် ပီတာ မေဂျာက တောင်းဆိုထားသည့်အတိုင်း ဆိုဗီယက်ခေတ်အတွင်းက တည်ဆောက်ခဲ့သော ဒရူဇဘာ ရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံပြန်လည်ပေးပို့မှုကို ယူကရိန်းနိုင်ငံဘက်က ပြန်လည်စတင်လိုက်ပြီးနောက်တွင် ယခုကဲ့သို့ ချေးငွေအတွက် ဟန်ဂေရီနိုင်ငံက သဘောတူညီလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့သည် ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့နှင့်အတူ ရုရှားနိုင်ငံအပေါ် အကြိမ် ၂၀ မြောက် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်လျက်ရှိသည်။Ref: RTMWD
Fri, 24-Apr-2026