ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မာဂါဒန်မြို့ရှိ "အယ်လ်စစ်ဘ် သူရဲကောင်းများ" အထိမ်းအမှတ်ကျောက်တိုင်တွင် ပန်းစည်းချ ဂုဏ်ပြု

News Image

  • ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မာဂါဒန်မြို့ရှိ "အယ်လ်စစ်ဘ် သူရဲကောင်းများ" အထိမ်းအမှတ်ကျောက်တိုင်တွင် ပန်းစည်းချ ဂုဏ်ပြု

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မိုးရေထဲ၌ မာဂါဒန်မြို့ရှိ "အယ်လ်စစ်ဘ် သူရဲကောင်းများ" အထိမ်းအမှတ်ကျောက်တိုင်သို့ ပန်းစည်းချ ဂုဏ်ပြုခဲ့ပါသည်။ 

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးပေါင်း ဆောင်ရွက်မှု ကို ကိုယ်စားပြုပါသည်။

သမ္မတသည် ဆိုဗီယက်နှင့် အမေရိကန် လေသူရဲများကို ဂုဏ်ပြုခဲ့ပြီး စစ်ပွဲကာလအတွင်း ၎င်းတို့သည် "အယ်လ်စစ်ဘ်" လေကြောင်း လမ်းကြောင်းမှတစ်ဆင့် လေယာဉ်ပေါင်း ၈,၀၀၀ နီးပါးကို ပျံသန်း ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်သည် "ကိုလီမာ" ဖက်ဒရယ် အဝေးပြေး လမ်းမကြီး၏ ၁၃ ကီလိုမီတာတွင်ရှိသော လေဆိပ်အဆောက်အအုံ အနီး၌ တည်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

News Video