ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ သတင်းမီဒီယာများအပေါ် ကိုင်တွယ်နိုင်မှု

News Image

  • ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ သတင်းမီဒီယာများအပေါ် ကိုင်တွယ်နိုင်မှု

အမေရိကန်နှင့် ရုရှားသမ္မတတို့၏ သမိုင်းဝင်တွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် သတင်းမီဒီယာများ၏ အလွန်အမင်း စည်ကား ရှုပ်ထွေးသည့် အခြေအနေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပုံကို တွေ့ရှိရပါသည်။ သမ္မတ ပူတင်၏ တုံ့ပြန်ပုံသည် အလွန်အေးဆေးတည်ငြိမ်ပြီး ပရော်ဖက်ရှင်နယ်ဆန်သည်ဟု သတင်းထောက်များနှင့် လေ့လာသူများက မှတ်ချက်ပြုကြသည်။

သမ္မတနှစ်ဦးသည် သတင်းထောက်အများအပြား၏ မေးခွန်းထုတ်မှုများ၊ အော်ဟစ်မေးမြန်းမှုများနှင့် အလွန်ရှုပ်ထွေးနေသည့် အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သမ္မတပူတင်သည် ထိုဖိအားများကြားမှပင် အနည်းငယ်မျှပင် မတုန်လှုပ်ဘဲ သတင်းထောက်များကို တည်ငြိမ်စွာ မျက်နှာမူပြီး ပုံမှန်အတိုင်း တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ ထိုသို့ ကိုင်တွယ်မှုပုံစံသည် ခေါင်းဆောင်တစ်ဦး၏ အတွေ့အကြုံနှင့် စိတ်ပိုင်း ဆိုင်ရာ တည်ငြိမ်မှုကို ထင်ရှားစွာ ပြသနေပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

News Video