သဘောတူညီချက် ရရှိမှု မရှိသေးပါ

News Image

  • သဘောတူညီချက် ရရှိမှု မရှိသေးပါ

ဩဂုတ်လ ၁၅ ၊ အလက်စကာပြည်နယ် Anchorge တွင် ကျင်းပခဲ့သည့် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပွဲ၌ ထရမ့် က “မိမိတို့အနေဖြင့် အလွန် အကျိုးဖြစ်ထွန်းသော တွေ့ဆုံမှု တစ်ခုပြုလုပ် ခဲ့ပြီး ပြဿနာများစွာကို ဆွေးနွေးခဲ့ကြပြီး သိသာထင်ရှားသော တိုးတက်မှု ကို ပြုလုပ်ခဲ့ပါသည်။ မိမိနှင့် သမ္မတပူတင်သည် အလွန်ကောင်းမွန်သည့် ဆက်ဆံရေး ရှိပါသည်” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Trump က Zelensky၊ NATO နှင့် အခြားသော အနောက် နိုင်ငံများအား သမ္မတပူတင်နှင့် တွေ့ဆုံမှုရလဒ်များကို မျှဝေရန် ကတိပြု ခဲ့သည်။

ယူကရိန်းနှင့်ပတ်သက်သည့် အချက်များစွာကို သဘောတူညီထားပြီး ကျန်အချက်များမှာလည်း သဘောတူညီမှုရရှိရန် အခွင့်အလမ်းကောင်း များ ရှိနေပါသည်။

ယူကရိန်းနှင့် ပတ်သက်သည့် နားလည်မှုသည် ပူတင်နှင့် သဘောတူညီမှု ရထားသည့် အမေရိကန်တင်မကဘဲ သက်ဆိုင်ရာအဖွဲ့အားလုံးက သဘော တူရန်လိုမည်ဟု မှတ်ချက်ချခဲ့ပါသည်။

မော်စကို၌ နောက်ထပ်တစ်ကြိမ် အစည်းအဝေးကျင်းပရန် ပူတင်၏ အဆိုပြုချက်အပေါ် ထရမ့် က “စိတ်ဝင်စားဖို့ကောင်းပါသည်” ဟု ပြောကြား ခဲ့ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

News Video