နီပေါနိုင်ငံရှိ အစိုးရုံးစိုက်ရာ နန်းတော်သည် လုံးဝ မီးလောင်ကျွမ်းသွား ခဲ့ပြီး မည်သူမျှ မီးငြှိမ်းသတ်ရန်ပင် မကြိုးစားခဲ့ကြပေ
နီပေါနိုင်ငံရှိ အစိုးရုံးစိုက်ရာ နန်းတော်သည် လုံးဝမီးလောင်ကျွမ်းသွား ခဲ့ပြီး မည်သူမျှ မီးငြှိမ်းသတ်ရန်ပင် မကြိုးစားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အဆောက်အအုံတွင် ဝန်ကြီးချုပ်ရုံးများ အပါအဝင် အဓိက ရုံး များနှင့်ဌာနဆိုင်ရာများကို ထားရှိခဲ့သည်။ အရေးကြီးစာရွက်စာတမ်းများ အားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
Singha Durbar သည် အာရှတွင် အကြီးဆုံးနန်းတော်အဖြစ် သတ်မှတ် ခံထားရပြီး အခန်းပေါင်း ၁,၇၀၀ ရှိပြီး ဝန်ကြီးချုပ်၏နေအိမ်အဖြစ် ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။
နီပေါစစ်တပ်သည် လုယက်မှု၊ မီးရှို့မှုနှင့် လုယက်ဖျက်ဆီးမှုများ မရပ်တန့် ပါက လမ်းမများပေါ်သို့ ထွက်၍ နှိမ်နင်းမည်ဟု ပြောဆိုထားသည်။
ကိုးကား- ဒေသတွင်းမီဒီယာ
News Video
MM-News-Category
