နိုဘယ်ငြိမ်းချမ်းရေးဆုမှ ချန်လှပ်ထားခြင်းခံရသည့် ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ရုရှားသမ္မတ ပူတင် ချီးကျူး

News Image

  • နိုဘယ်ငြိမ်းချမ်းရေးဆုမှ ချန်လှပ်ထားခြင်းခံရသည့် ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ရုရှားသမ္မတ ပူတင် ချီးကျူး

ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ချန်လှပ်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းအားထုတ်မှု များကို ချီးကျူးထောမနာပြု ပြောဆိုခဲ့ ပါသည်။

ရုရှားသမ္မတ ပူတင်သည် တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘေး (Dushanbe) ၌ ကျင်းပသော ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးတစ်ခုတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြား ခဲ့ရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 

သမ္မတ ပူတင်က ထိုဆုပေးအပ်ရေးကို မိမိက ဆုံးဖြတ်ရမည် မဟုတ် သော်လည်း ထရမ့်၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူး ပြောဆို ခဲ့သည်။ "လက်ရှိ အမေရိကန်သမ္မတသည် အဆိုပါဆုနှင့် ထိုက်တန်သည်၊ မထိုက်တန်ပါ ဆိုသည်ကို မိမိ မသိသော်လည်း ၎င်းအနေဖြင့် နှစ်ပေါင်း များစွာ၊ ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ယနေ့ခေတ်မှာ ရှုပ်ထွေး လှသည့် ပြဿနာများ၊ တည်ရှိနေသော ခက်ခဲသည့် အကျပ်အတည်း များကို ဖြေရှင်းရန်အတွက် အမှန်ပင် အားကြိုးမာန်တက် ဆောင်ရွက် လျက်ရှိပါသည်။ ယူကရိန်း အကျပ်အတည်းမှာလည်း ထိုနည်းအတိုင်း ပါပဲ။ ၎င်းအနေဖြင့် အဖြေတစ်ခုရှာတွေ့ရန်အတွက် စိတ်ရင်းမှန်ဖြင့် ကြိုးစားနေပါသည်။ အရှေ့အလယ်ပိုင်းက အခြေအနေကတော့ ထင်ရှား သည့် ဥပမာတစ်ခု ဖြစ်ပါသည်။ အကယ်၍ လက်ရှိ အစပျိုးဆောင်ရွက်မှု အောင်မြင်ပြီးဆုံးသွားမည်၊ ဒေါ်နယ်ထရမ့် ကြိုးပမ်းနေသည့် အရာ အားလုံး အမှန်တကယ် ပေါ်ထွက်လာမည်ဆိုပါက ယင်းက သမိုင်းဝင် အောင်မြင်မှုတစ်ခု တကယ်ပဲ ဖြစ်လာပါလိမ့်မည်။" ဟု သမ္မတ ဗလာ ဒီမီယာ ပူတင် က ပြောကြားခဲ့ပါသည်။ 

သမ္မတ ပူတင်က နိုဘယ်ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးအတွက် မည်သည့် အရာမျှ ဆောင်ရွက်ခဲ့ဖူးခြင်းမရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ ဖူးသည့်ကိစ္စများ ရှိခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ၎င်း၏ မှတ်ချက်ပြုမှုများသည် နိုဘယ်ငြိမ်းချမ်းရေးဆုအပေါ် အများ ပြည်သူကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာစေခဲ့ပြီး သမ္မတ ထရမ့်ကို ထောက်ခံသူများ အကြား ဝမ်းသာအားတက်စရာ ဖြစ်ခဲ့ပါသည်။

ကိုးကား - ကရင်မလင်

News Video