တနင်္သာရီတိုင်းဒေသကြီး၌ လာမည့် ငါးဖမ်းရာသီတွင် စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ရေငန်ထွက်ကုန်များ လက်ရှိ ထက်ထက်ဝက်ခန့် လျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။လက်ရှိတွင် ငါးဖမ်းရာသီကို ဧပြီလမှ ဇွန်လအထိ (၃) လပိတ်ထားပြီး ဇူလိုင်လတွင် ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်ကာ စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက လုပ်ငန်းရှင်များအနေဖြင့် ငါးဖမ်းထွက်ရန် အခက် အခဲရှိနိုင်ကြောင်း သိရသည်။" အခုကလေ ဧပြီ၊ မေ၊ ဇွန် (၃) လ ငါးဖမ်း ရာသီပိတ်ထားတယ်။ ပိတ်ထားတော့ ရေငန်ထွက် ကုန်က တိုးဖို့တော့မရှိဘူးပေါ့နော်။ အဲဒါကြောင့် ထွက်ကုန်ကျမှာပေါ့။ ငါးဖမ်းရာသီလည်း ပိတ်ထားတယ်။ ပြီးတော့ စက်သုံးဆီဈေးမြင့်တော့ ပိတ်ထား တဲ့အချိန်မှာတော့ တိုးဖို့မရှိဘူးပေါ့။ ဇူလိုင်မှ ပြန်ဖွင့်မယ်။ ပြန်ဖွင့်တာတောင်မှ စက်သုံးဆီဈေးက တကယ်ကြီးတက်နေမယ်ဆိုရင်တော့ လုပ်လို့မနိုင် ဘူးပေါ့။ ငါးဖမ်းလို့မနိုင်ဘူး။ စက်သုံးဆီဈေးကျမှပဲ ငါးဖမ်းလို့နိုင်မယ်။ (၇) လပိုင်း လုပ်ငန်းတွေပြန်စတဲ့ အချိန်မှာ စက်သုံးဆီဈေးသာတက်နေမယ်ဆိုရင် ရေငန်ထွက်ကုန်တွေ ကျဆင်းသွားနိုင်တယ်။ မကိုက်တော့ဘူး"ဟု ၎င်းက ပြောသည်။စက်သုံးဆီဈေးမြင့်မားမှုကြောင့် ငါးဖမ်းလှေများ၏ ငါးဖမ်းထွက်မှု လျော့နည်းလာပါက ငါးရရှိမှုနှုန်းလျော့ကျလာနိုင်ကြောင်း ၎င်းက ပြောသည်။" တနင်္သာရီတိုင်းကတော့ တစ်နှစ်မှာတော့ တန် (၂၀ဝ) ကျော် တန် (၂၈၀) ကျော် (၃၀ဝ) နီးပါးတင် နေတာပဲ။ အကယ်၍ ဥပမာ ငါးဖမ်းလှေ အစင်း (၁၀ဝဝ) ကျော်ရှိတယ်။ (၅၀ဝ) ပဲထွက်မယ်ဆိုရင်တော့ တန် (၁၀ဝ) ကျော်လောက်ပဲရနိုင်တာပေါ့။ ငါးဖမ်းလို့ရှုံးရင်လည်း မထွက်နိုင်ဘူးဆိုတဲ့သူရှိတော့ တန် (၁၀ဝ) လောက်ရချင်မှရမှာပေါ့နော်။ တစ်ဝက် လောက်ကို လျော့နိုင်တယ်။ ဘာဖြစ်လို့လဲဆို မကိုက်ရင်သူတို့မထွက်တော့ဘူးလေ။ ကိုက်တဲ့လှေပဲ ငါးဖမ်းထွက်မယ်" ဟု ၎င်းက ပြောသည်။ထို့ပြင် ခေတ်မီမွေးမြူရေးဇုန်များ ပေါ် ထွက်လာပါက ပြည်ပတင်ပို့မှုတိုးတက်လာနိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတွင် Generator များကို ဒီဇယ်ဖြင့်မောင်းနှင်ရသဖြင့် စက်သုံးဆီဈေးများ ဆက်လက်မြင့်တက်နေပါက ရေထွက်ကုန်များ လျော့ကျနိုင်ကြောင်း သိရသည်။" ခေတ်မီမွေးမြူရေးဇုန်တွေပေါ်ထွက် လာရင်တော့ Export တင်ပို့မှုများလာမှာပေါ့။ နိုင်ငံတော်က လွယ်လွယ်ကူကူနဲ့ မြေကိစ္စတွေချပေးမယ်ဆို တော့ မွေးမြူရေးဇုန်တွေ ပေါ်ထွက်လာမှာပေါ့။ ပေါ် ထွက်လာရင် နိုင်ငံခြားတင်ပို့မှုလည်း ရလာနိုင်တာ ပေါ့။ မွေးမြူရေးဆိုလည်း သူက Generator တွေက ဒီဇယ်နဲ့လည်ရတာကိုး။ တကယ်လို့ ဒီဇယ်ဈေး တက်မယ်ဆို သူလည်း မမွေးနိုင်ဘူး။ မကိုက်တော့ ဘူး။ ပင်လယ်ထဲကပဲဖမ်းဖမ်း မွေးမြူရေးပဲလုပ်လုပ် ဆီဈေးသာတက်နေမယ်ဆိုရင် ဆက်လုပ်ဖို့က အဆင်မပြေနိုင်ဘူး"ဟု ၎င်းကပြောသည်။ထို့ပြင် ငါးဖမ်းလုပ်ငန်းအတွက် လုပ်သား အင်အားပိုင်းတွင် အခက်အခဲမရှိသော်လည်း စက်သုံးဆီရရှိမှုအပိုင်းတွင် အခက်အခဲများဖြစ်နေ ကြောင်း သိရသည်။" လုပ်သားကတော့ သူ့ဟာနဲ့သူရှိတယ်။ တခြားအခက်အခဲတော့ မရှိပါဘူး။ အဓိကတော့ ဒီဇယ်ဈေးနှုန်းပဲ။ ဒီဇယ်ဈေးနှုန်းမြင့်မားနေရင်တော့ အခက်အခဲဖြစ်ကြမှာပေါ့ ရေလုပ်ငန်းအကုန်လုံးက။ အဲဒါကလည်း တစ်ကမ္ဘာလုံးကဖြစ်နေတော့ ဘယ် တတ်နိုင်မှာလဲ"ဟု ၎င်းက ပြောသည်။ကင်းမွန်ရရှိမှုသည်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းလာကာ ရာသီဥတုပူပြင်းခြင်းနှင့် ရေစီးကြောင်းပြောင်းလဲမှု များကြောင့် ရှားပါးလာခြင်းဖြစ်ကြောင်း သိရသည်။" ကင်းမွန်လည်း အခုက ငါးဖမ်းရာသီနား ထားတယ်ဆိုတော့ မဖမ်းဘူးပေါ့။ ဖမ်းတုန်းကတော့ ရှေ့နှစ်ကထက် နည်းနည်းတော့ရှားတယ်။ ဘယ် လောက်ထိလျော့နည်းသွားလဲတော့ မသိဘူး။ ဒါပေမဲ့ သူတို့ဖမ်းတဲ့သူတွေကတော့ ပြောတယ်။ ပထမစ ထွက်မှာ သူတို့ရှုံးကြတယ်။ နောက်တော့နည်းနည်း အရင်းပြန်ကျေကြတာပေါ့။ လူတိုင်းတော့ မဟုတ်ဘူး ပေါ့။ ရှုံးတဲ့လူလည်းရှုံးတာရှိသလို ရတဲ့လူလည်းရကြ တာပေါ့။ မညီတော့မညီဘူး။ ရှုံးတော့မရှုံးဘူး။ လုပ် တော့လုပ်နိုင်တဲ့ အခြေအနေတော့ရှိတယ်။ ရှားလာ တာကတော့ ရာသီဥတုကြောင့်ပါမှာပေါ့လေ။ တအားပူလို့လည်းပါမယ်။ ရေစီးကြောင်းပြောင်းတယ်။ ရေထွက်ကုန်ကတော့ ဒီလိုပဲ။ ဒီနှစ်ရှားရင် နောက်တစ်နှစ် ပေါချင်ပေါမယ်။ အမြဲတမ်းတော့ ပုံမှန်မရှိဘူး"ဟု ၎င်းက ပြောသည်။Np News
Fri, 29-May-2026