သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

သံဖြူဇရပ် မေ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် သံဖြူဇရပ်မြို့နယ် အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန ခရမ့်ရော်ဘာစက်ရုံ (သံဖြူဇရပ်)သို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှု၊ သုံးစွဲမှု အခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း ငါးသိန်းကျော် စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပမှရော်ဘာ အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှုနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာထုတ်လုပ်မှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
MDN

ရန်ကုန် မေ ၂၅
“ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေးနှင့် ယွမ်ငွေကြေး အသုံးပြု၍ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံ အခြေစိုက် တရုတ်စီးပွားရေး လုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် “ယွမ်” ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန် လာစေရန် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ကိုလည်းကောင်း၊ ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ (One Stop Service – OSS) ၏ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

မေ ၂၅
ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုဝင်ငွေသည် ယခုနှစ် ပထမငါးလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇ ဘီလီယံကျော်လွန်ခဲ့ပြီး ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
တရုတ်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု အများဆုံးနိုင်ငံများအဖြစ် ဆက်လက်တည်ရှိလျက် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယ်သာလန်၊ ဂျာမနီနှင့် မလေးရှားနိုင်ငံတို့အပါအဝင် ဈေးကွက်များသို့ တင်ပို့မှုများတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရှေ့လများတွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

ဗန်ကောက် မေ ၂၅
ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုနှုန်းမှာ ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။
အီရန်စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ပို့ကုန်လုပ်ငန်းများ ထိခိုက်ပျက်စီးမှုနှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၏ ယခုနှစ် ဧပြီလ ကားထုတ်လုပ်မှုနှုန်းမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကား ၁၀၃၇၉၄ စီးသာ ထုတ်လုပ်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံ၏ ယခုနှစ်မတ်လ ကားထုတ်လုပ်မှုနှုန်းသည် ယမန်နှစ် မတ်လကထက် ၂ ဒသမ ၆၉ ရာခိုင်နှုန်းပိုမြင့်မားခဲ့သည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးကားထုတ်လုပ်မှုဗဟိုချက်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ တိုယိုတာ၊ ဟွန်ဒါ၊ ဘီဝိုင်ဒီ၊ ဂရိတ်ဝေါလ်ကဲ့သို့ ထိပ်တန်းကားထုတ်လုပ်မှုကုမ္ပဏီကြီးများက ထုတ်လုပ်ရေးစက်ရုံများ ဖွင့်လှစ်ထားကြကြောင်း သိရသည်။
ရတနာပုံ

လပွတ္တာ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ် က ပြောပြ၍ သိရသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"လပွတ္တာမြို့နယ်ကနေ ပြီးခဲ့တဲ့ဧပြီလအတွင်း ကကတစ်ငါးပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့အားတက်ခဲ့တာပါ။ ကကတစ်ငါးတင်ပို့ရောင်းချအားတက်လာတော့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ပွဲရုံပိုင်ရှင်တွေနဲ့ ရေလုပ်သားတွေ အလုပ်အကိုင်အဆင်ပြေနေပါတယ်"ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်နွယ်က ပြောပြသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ကကတစ်ငါးအပါအဝင် ရေထွက်ကုန်ပစ္စည်း အများအပြား တင်ပို့ရောင်းချနေရခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ပွဲရုံပိုင်ရှင်များ၊ ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း

နေပြည်တော် မေ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မြန်မာ့လက်မှုအနုပညာစင်တာ (ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။
ဆွေးနွေးမှာကြား
ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့လက်မှုအနုပညာ စင်တာ ဖွင့်လှစ်ရောင်းချမှုကို နိုင်ငံခြားသားဧည့်သည်များနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး မီဒီယာအသုံးပြု စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များဈေးကွက်ရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏အကူအညီဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင် အသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ခရိုင်သုံးခုရှိ ဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ် အစုအဖွဲ့ပုံစံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME )လုပ်ငန်းများ အောင်မြင်ရေး၊ အစုအဖွဲ့ပုံစံ စည်းရုံးပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေကြည် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သီဟိုဠ်စေ့ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင် က ပြောပြသည်။
ရေကြည်မြို့နယ်မှ ရန်ကုန်မြို့သို့ လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သော မတ်လအတွင်းက သီဟိုဠ်စေ့ပိဿာချိန် ၃၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း သီဟိုဠ်စေ့ပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို သီဟိုဠ်စေ့တွေ တင်ပို့ရောင်းချအားတက်လာပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တဲ့ သီဟိုဠ်စေ့တွေက အသစ်တွေပါ။ ဒေသထွက် သီဟိုဠ်စေ့တွေကို ရေကြည်မြို့ကနေတဆင့် ရန်ကုန်မြို့ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ ဝယ်ယူတာများနေပါတယ်''ဟု ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင်က ပြောပြသည်။
ရေကြည်မြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၇၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက် သီဟိုဠ်စေ့များကို ပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ သန်လျင်ခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် ခရမ်းမြို့နယ်ဦးစီးမှူးတို့သည် ယမန်နေ့က ခမတ်ကျေးရွာ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။
ဆွေးနွေးပြောကြား
ယင်းသို့တွေ့ဆုံရာတွင် တိုင်းမြေအသုံးချရေးတာဝန်ခံက စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်မူဝါဒများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် နည်းပညာများကို အဓိကထားဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းနည်းပညာများ၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရေးနည်းပညာများ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက စပါးသီးနှံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲခြင်းတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲနည်းကို တောင်သူများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)

ဇမ္ဗူသီရိ မေ ၂၄
နေပြည်တော်ရှိ တောင်သူများအား စိုက်ပျိုးစရိတ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ Kubota-GBS ရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နေပြည်တော် တိုင်းမန်နေဂျာ ဒေါ်ယဉ်နွဲ့က လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ချေးရေး ဆောင်ရွက်မည့်အစီအစဉ်သစ်အနေဖြင့် တောင်သူလယ်သမားများနှင့် လယ်ယာထုတ်ကုန်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများကို ငွေကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ၊ ကျပ်သိန်း ၅၀၁ မှ ၁၀၀၀ အထိ၊ ကျပ်သိန်း ၁၀၀၁ မှ ၃၀၀၀ အထိနှင့် ကျပ်သိန်း ၃၀၀၁ မှ ၅၀၀၀ အထိစသည်ဖြင့် ကဏ္ဍအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)